Ex Became My Hubby { Complete...

By kimpoony

25.4K 2.1K 321

ငါးနှစ်ကျော်ကြာ relationship တစ်ခုက ရုတ်တရက် ပျက်စီးသွားသောအခါ လမ်းခွဲသွားသူနဲ့ ထားရစ်ခံရသူ ဘာတွေဆက်ဖြစ်ကြမလဲ... More

Hope to read this note 💌
Intro
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22 {End}
ကျေးဇူးတင်လွှာ💐
Extra 1 💕
Extra 2 💕
Welcome to 2024☘️

Part 1

1.5K 107 9
By kimpoony

"ငါတို့ လမ်းခွဲကြရအောင် ဂျောင်ဂု"

အရေးတကြီးပြောစရာစကားရှိတယ်ဆိုတာ April fool လုပ်ဖို့လားဟု Jungkook တွေးမိလိုက်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။မနက်ဖြန် 4 လပိုင်း 1 ရက်နေ့ဆိုတာကို သူမေ့နေသည်ဟု ကိုကို ကထင်နေပုံရသည်။ထို့ကြောင့် အရင်ဦးအောင် ဧပရယ်ဖူးလိုက်ခြင်းဖြစ်လိမ့်မည်။

"ကိုကိုက မောင့်ကို ကိုကို့လိုမေ့တတ်တဲ့ ငတုံးလေးများမှတ်နေတာလားဗျ"

"မင်း ဘာတွေပြောနေတာလဲ..ငါပြောတာ မင်းကို လမ်းခွဲကြရအောင်လို့ပြောနေတာ"

"မောင် ကြားတယ်လေ ဒါပေမယ့် စိတ်မကောင်းလိုက်တာဗျာ ဧပရယ်ဖူးလုပ်နေတာကို မောင်က သိနေတယ်လေဗျ"

"တော်စမ်း ဂျွန်ဂျောင်ဂု..ဒါနောက်နေရမယ့်အချိန်မဟုတ်ဘူး ငါအတည်ပြောတာ မင်းနဲ့လမ်းခွဲမယ်လို့"

"ကိုကိုကလည်းဗျာ စမှန်းသိနေပါတယ်ဆို အဲ့လောက်ပီပြင်အောင်သရုပ်ဆောင်စရာမလိုပါဘူး..ခွဲရမယ့်အကြောင်းတွေဆို မောင်က ယောင်လို့တောင်ကြားချင်တဲ့သူမျိုးမဟုတ်မှန်းသိရဲ့သားနဲ့"

"မင်းမကြားချင်လည်း ငါပြောတာကို မင်းလက်ခံရမယ်..ငါတို့နှစ်ယောက်ဘယ်လိုမှရှေ့ဆက်လို့ အဆင်မပြေနိုင်တော့ဘူး..အဲ့တာကြောင့် လမ်းခွဲကြရအောင်လို့"

Seokjin ရဲ့ စိတ်မရှည်တော့ဟန် ဖြင့် အော်လိုက်သောစကားကြောင့် Jungkook တုန်လှုပ်သွားသည်။ချစ်သူသက်တမ်း 5 နှစ်အကြာမှာ စကားများစိတ်ကောက်ဖြစ်ကြတာကလွဲရင် ပြတ်ဆဲကြသည်အထိ တခါမှမဖြစ်ဖူးသေး။စိတ်ကောက်ကြရင်တောင် တရက်တောင်မခြား မခေါ်မပြောပဲ မနေနိုင်လို့ ချော့သင့်တဲ့လူက ချော့လိုက်ကြသဖြင့် ပြန်အဆင်ပြေသွားကြတာချည်းသာ။

အခုက ဘာပြဿနာမှလည်း မဖြစ်ထားပါပဲနဲ့။ဧပရယ်ဖူးလုပ်နေတာဟုထင်ရအောင်လည်း အခု ကိုကို့ပုံစံက တကယ်ကို အတည်ပြောနေတာဖြစ်ရမည်။ကိုကိုက အချစ်ရေးနဲ့ပတ်သတ်ပြီး စကားကို လက်လွယ်စပယ်မပြောတတ်တာ သူသာအသိဆုံး!!

"ကိုကို ဘာဖြစ်လို့လဲဟင်..စိတ်ညစ်စရာကိစ္စတွေရှိလို့လား..မောင့်ကိုပြောပြလေ"

"ငါ့ပုံစံက စိတ်ညစ်စရာကိစ္စရှိတာနဲ့ လမ်းခွဲမယ်စိတ်ကူးတဲ့ ပေါ့ပျက်ပျက်ချာတိတ်တွေနဲ့ တူနေလို့လား"

"မဟုတ်ပါဘူး ကိုကိုရာ..လမ်းခွဲကြတဲ့ အဓိကပြဿနာကိုပြောပြမှ မောင်ရှင်းပြပေးလို့ ရမှာပေါ့..အကြောင်းအရင်းက ဘာလဲ ကိုကို"

"ဒီတိုင်းပဲ ငါတို့ရှေ့ဆက်လို့ အဆင်မပြေနိုင်တော့လို့"

"ဟာ ကိုကိုရာ အကြောင်းအရင်းသေချာမရှိပဲ မောင်က ဘာလို့ ကိုကို့ကို လမ်းခွဲပေးရမှာလဲ အဓိပ္ပာယ်မရှိတာတွေ"

"မင်း လမ်းမခွဲပေးနိုင်လည်း ငါကပြတ်မှာပဲ..မင်းဆီက လမ်းခွဲခွင့်ကို လာတောင်းတာလည်းမဟုတ်ဘူး..အသိလာပေးတာ ဒါပဲ ငါပြန်ပြီ"

ဆိုင်ထဲကနေ ထထွက်တော့မည်ဟန်ပြင်နေသောသူကို Jungkook ချက်ချင်းပင် လက်လှမ်းဆွဲထားလိုက်သည်။မနက်ခင်းစောစောမလို့ တော့ပိုကီဆိုင်ထဲတွင် ဧည့်သည်သိပ်မရှိ‌ပေမယ့် ရှိသည့်တချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေသော်လည်း Jungkook ဂရုမစိုက်နိုင်အားပါ။သူအခု တကယ် ကမ္ဘာပျက်နေသလိုပင် ခံစားနေရသည်မို့ ကိုကိုကလွဲရင် ဘာကိုမှ ခေါင်းထဲမရှိတော့။

"အဲ့လိုကြီးတော့ မလုပ်ပါနဲ့ ကိုကိုရာ..ဘာကိစ္စမှန်းမသိပေမယ့်, ကိုကို ဘာတွေမကျေနပ်နေလည်းမသိပေမယ့် မောင်တောင်းပန်ပါတယ်..မောင့်ကို အခုလိုမျိုးကြီး မဆက်ဆံပါနဲ့"

"ငါ့လက်ကို လွှတ်, သူများတွေကြည့်နေကြပြီ မင်းမှာ အရှက်မရှိဘူးလား"

"ကိုကို ဘယ်တုန်းက ပတ်၀န်းကျင်ကို ဂရုစိုက်တတ်သွားရတာလဲ!!! "

Jungkook စိတ်ပေါက်ပေါက်နှင့် အော်မိလိုက်သည်။ဒီမှာ ကမ္ဘာပျက်မတတ်ဖြစ်နေသူကိုကျ နည်းနည်းတောင် မစာနာပဲ စောက်ရေးမပါတဲ့ ပတ်၀န်းကျင်ကိုကျ ဘောင်သွင်းနေသည်။နဂိုကဆို ကိုကိုဆိုတဲ့ လူက ပတ်၀န်းကျင်ကို ဘောင်မ၀င်တဲ့အရာလို သတ်မှတ်ထားနေကြ။အခုမှ ဘာဖြစ်တာလဲ။ဟားးကိုကိုက သူ့ကိုရူးချင်အောင်လုပ်‌နေတာပဲ....။

"မင်းကို ငါငြီးငွေ့နေလို့ , မင်းကို ငါစိတ်ကုန်နေလို့ , မင်းအချစ်တွေနဲ့နေထိုင်ရတာ မွန်းကြပ်လာလို့ , ငါးနှစ်လုံးလုံး မင်းနဲ့ နေလာရတာ လုံလောက်သွားပြီမလို့ အခုမပျော်နိုင်တော့လို့ မင်းနဲ့လမ်းခွဲဖို့ပြောတာလေ..ဒါကို မင်း အခုထိ နားမလည်နိုင်သေးဘူးလား"

ကိုကိုပြောနေသည့် စကားတွေက နားထဲတွင် ပီပီသသ ကြားနေရသော်လည်း ဦးနှောက်က လုံး၀ လက်မခံနိုင်။ကိုကို ဘာတွေပြောနေတာလဲ သူသေချာမသိတော့ပါ။သူသိတာက ကိုကို သူ့ကို မမုန်းသွားဖို့။ကိုကိုဆက်ပြောနေရင် မုန်းတဲ့စကားတွေပါ ပါလာတော့မှာ သိနေသည်။

"တော်ပါတော့ဗျာ တော်ပါတော့ ဆက်မပြောပါနဲ့တော့"

မျက်ရည်များက တစက်ချင်းကျဆင်းလာကာ နှလုံးသားထဲတွင်လည်း သွေးများစိမ့်ထွက်နေလောက်သည်။နာလိုက်တာ ရင်ဘတ်ကြီးထဲက နာလိုက်တာ။ဒီလို‌နေ့မျိုးရောက်လာမယ်လို့ သူ တခါလေးတောင် မတွေးမိခဲ့ဘူး။

"သေချာလား ကိုကို... မောင်နဲ့ပြတ်နိုင်တာ သေချာပြီလား"

"သေချာတယ်"

"မောင်နဲ့လမ်းခွဲပြီးရင် ကိုကိုပျော်နိုင်သွားမှာလား"

"စိတ်ရှုပ်စရာတွေမရှိတော့ ပျော်နိုင်မှာပေါ့"

ဒါဆို ကိုကိုက သူ့ကို စိတ်ရှုပ်စရာလို့ သတ်မှတ်ထားလိုက်တာပေါ့ အဲ့လိုလား။Jungkook စိတ်ကို ချက်ချင်း အဆုံးထိ လျှော့ချလိုက်ကာ ခေါင်းအေးအေးနှင့် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။အခုနေ ကိုကိုက သွေးပူနေတုန်းဆိုရင် စကားကညှိလို့ဘယ်လိုမှအဆင်ပြေမှာမဟုတ်။ကိုကို့စိတ်တိုင်းကျ တယောက်တည်းလွှတ်ပေးထားလိုက်ပြီး ညနေကျမှ သွားပြန်ချော့လိုက်မည်။

လွယ်လွယ်နဲ့လက်လျှော့ရအောင် ဒီ relationship က 1နှစ်2နှစ်ဆက်ဆံရေးလည်းမဟုတ်။လက်လွှတ်ဖို့ဆိုတာ ကိုကိုက သူ ဘယ်လောက်တောင်ချစ်ခဲ့ရတဲ့ အဖိုးတန်လေးလည်းဆိုတာ မသိတာလည်းမဟုတ်။ကိုကို့ကို သူဘယ်လောက်ချစ်တယ်ဆိုတာ ဘူဆန်မြို့တမြို့လုံးအသိ။ကိုကိုကလည်း သူ့ကို ဘယ်လောက်တောင်ချစ်လဲဆိုတာ လမ်းထဲက ခွေးများကအစအသိ။

"ဒါဆိုလည်း ကိုကို့ သဘောအတိုင်းပဲပေါ့..မောင့်အတွက် ကိုကိုပျော်ဖို့ အဓိကပဲ"

"ကျေးဇူးပဲ"

ဆိုင်ထဲကထွက်သွားသည့် ကိုကို့ကို ကြည့်ပြီး ရင်ဘတ်ကြီးတခုလုံး အောင့်တက်လာသည်။အခုနေ ဆက်ညှိနေရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်လို့ ကိုကိုစိတ်ပြေတဲ့အထိ ခနလွှတ်ထားပေးခြင်းဖြစ်သည်။ညနေကျရင် သွားချော့ပြီး ပြဿနာကိုဖြေရှင်းလိုက်ရင် အဆင်ပြေသွားလောက်မယ်ဆိုပေမယ့် မသေချာမှာကို သူတအားကြောက်ပါသည်။

အကယ်၍များ အဆင်မပြေနိုင်ခဲ့ရင်,အကယ်၍များ ကိုကိုသာသူ့ကို ထားသွားခဲ့လျှင်ဟူသော အတွေးများနဲ့တင် သူ့မှာ ရူးတော့မလိုဖြစ်ရသည်။ထို့သို့ ဘယ်တော့မှအဖြစ်ခံမှာမဟုတ်ပါ။ကိုကိုက သူ့တ‌ယောက်တည်းအပိုင်သာ ဖြစ်သည့်အတွက် ဘယ်နည်းနဲ့မှ ကိုကို့ကို အဆုံးရှုံးခံနိုင်မှာမဟုတ်ပါ !!

>>>>>>>>>>>

ညနေ 4 နာရီတွင် Jungkook ရေချိုးဖြီးလိမ်းကာ အကျအန ရွှိုင်း၍ Seokjin အိမ်သို့ သွားရန်ပြင်လိုက်သည်။အပေါ်ထပ်ကနေဆင်းလာတုန်း လှေကားမှာ မာမားနှင့်တွေ့၏။

"ဟော မာမားသားလေးက အစောကြီးရေမိုးချိုးပြီးလို့ပါလား..ဘယ်သွားစရာရှိလို့လဲ"

"ကိုကိုတို့အိမ်လေ မာမား , ကိုကိုစိတ်ဆိုးနေတာ သွားချော့မလို့"

"သားသားနဲ့ စကားများထားကြပြန်ပြီလား,သင့်သင့်မြတ်မြတ်နေကြပါဆို.. သားက ကိုယ့်ထက်အကြီးကို အရမ်းအနိုင်မကျင့်ရဘူးနော် ကိုယ့်ဘက်ကလည်း လျှော့သင့်တာအလျှော့ပေး"

"ဟုတ်ကဲ့ပါ မာမားရ , အဲ့တာကြောင့်လည်း သားက အခု သွားပြန်ချော့မလို့ပါ"

"အေး ကောင်းကောင်းသွား"

"ဟုတ် မာမား"

Jungkook နှင့် Seokjin ဆက်ဆံရေးကို Jungkook မိဘများက သိထားကြပြီးဖြစ်သည်။Seokjin ကလည်း ပြောစရာမလိုသည့် ကောင်လေးဖြစ်သည့်အပြင် သူတို့သားကလည်း သိပ်ချစ်သည်မလို့ သဘောတူထားခြင်းဖြစ်သည်။ဂျွန်မိသားစုတစုလုံးမှာ အငယ်ဆုံးလေးပျော်ဖို့ကသာလျှင် အဓိကကျသည်မလို့ အငယ်ဆုံးသားလေးကို မိဘတွေရော အစ်မတွေရော တအိမ်လုံးက အလိုလိုက်သဲသဲလှုပ်ကြသည်။

Seokjin တို့အိမ်သည် Jungkook တို့အိမ်နှင့် တလမ်းထဲတွင်ဖြစ်ပြီး အလယ်မှာ သုံးအိမ်လောက်သာ ခြားသည်။ခြံထဲက ထွက်သည်နှင့် Seokjin တို့အိမ်ရှေ့တွင် limit edition luxurious ကားတစ်စီးရပ်ထားသည်ကို မြင်လိုက်ရသဖြင့် Jungkook ခြေလှမ်းများတုံ့ဆိုင်းသွား၏။ဒီလိုကားမျိုးကို စီးနိုင်တာ ကမ္ဘာပေါ်တွင် ဆယ်ဦးပဲရှိသည်။အကန့်အသတ်နဲ့ထုတ်တာဖြစ်ပြီး ဟိုတလောကပင် fb တခွင်ပြဲပြဲစင် ဒီကားအကြောင်းက နာမည်ကြီးနေသည်မို့ limit edition ဆိုတာ Jungkook မျက်မှန်းတန်းမိနေခြင်း။

ရပ်ကြည့်မိနေတုန်းမှာပဲ Seokjin တို့အိမ်ထဲကနေ Seokjin ရယ် သူစိမ်းယောကျာ်းတယောက်ရယ် လက်ချင်းချိတ်ပြီး ထွက်လာသည်ကို မြင်လိုက်ရသောအခါ Jungkook မှာ တွေးတောဆင်ခြင်နိုင်စွမ်းများမရှိတော့ပါ။သူတယောက်တည်းသာလျှင် ကိုကို့ကိုပိုင်ဆိုင်ရမည်ဆိုတဲ့ အတ္တတွေက နှလုံးသားကို ချက်ချင်းမီးမြှိုက်ပစ်သည်။

"ဒါ ဘာအချိုးချိုးတာလဲ ကင်မ်ဆော့ဂျင်"

အနားသို့အပြေးသွားပြီး နာမည်အရင်းလိုက်ကို ခေါ်ချလိုက်သည်။နာမ်စားများလည်း မသုံးနိုင်တော့။လေပြေများလည်း မချိုသာနိုင်တော့။လန့်ဖျတ်သွားသည့်မျက်နှာနုနုလေးကို ကြည့်ပြီး အရင်တုန်းကလိုမျိုး အော်ချင်ရာအော်ပြီးမှ 'ငါအော်လိုက်တာများ မှားသွားပြီလား' ဆိုတဲ့ အတွေးမျိုးလည်း မတွေးနိုင်တော့။

ကိုကို့ဘေးနားက ကောင်ကို စူးခနဲစိုက်ကြည့်တော့ သ၀န်တိုချင်စရာကောင်းလောက်အောင် ပါးချိုင့်ရာများထင်းနေသဖြင့် ဒေါသစိတ်က ထောင်းခနဲ။ကိုကိုက ပါးချိုင့်လေးတွေဆိုရင် သိပ်သဘောကျတတ်သည်လေ။

"ကျွန်တော့်မှာတော့ တမနက်လုံး တနေ့ခင်းလုံး ဘာအပြစ်များ လုပ်မိလို့လဲဆိုတဲ့စိတ်နဲ့ ပူပင်သောကတွေရောက်နေလိုက်ရတာဗျာ,ကိုကို လမ်းခွဲချင်တဲ့ အကြောင်းရင်းက အသစ်တွေ့သွားလို့တဲ့လား"

"ငါ့အိမ်ရှေ့မှာ စကားကို အော်ကြီးဟစ်ကျယ်ပြောနေစရာမလိုဘူး ဂျွန်ဂျောင်ဂု, မင်းနဲ့ ငါ ဘာမှမဆိုင်တော့တာ မနက်....."

"အဲ့ဒီမဆိုင်တော့ဘူးဆိုတဲ့ စကားကို ထပ်ပြောရဲရင် ပြောကြည့်လိုက်..ဒီကောင့်မျက်ခွက် ရစရာမရှိဖြစ်သွားလိမ့်မယ်..ဂျွန်ဂျောင်ဂုအကြောင်း ခင်ဗျားအသိဆုံးပါ ကင်မ်ဆော့ဂျင်"

"မင်း...မဆိုင်တဲ့လူကို ထိစရာမလိုဘူးနော်"

"အော်..ကိုကို့လူကိုကျ အပြောလေးနဲ့တင် နာပေးတတ်လိုက်တာ..ကျွန်တော်ကျတော့ရော..ကျွန်တော့်နှလုံးသားတခုလုံး ရစရာမရှိ စုတ်ပြတ်သတ်သွားမှာကိုကျ မနာပေးနိုင်တော့ဘူးလား ကိုကိုရယ်"

"......"

"ဘာလို့လဲ ကိုကိုက ချမ်းသာတဲ့လူမလို့ မျက်နှာလိုက်တာလား..ကိုကိုက ငွေမက်တတ်နေပြီလား.. ဟင် ပြောပါဦး ကျွန်တော့်ကိုပြောပါဦးလို့"

""အကျိုးတိုင်းမှာ အကြောင်းဆိုတာရှိတယ်..မင်းပြောသလို ငွေမက်တာလားဆိုရင် အေးဟုတ်တယ် ငါငွေမက်တယ်..အဲ့ဒီအတွက် ငါ့ကို ထိခိုက်စေတာကလွဲရင် ငါလုပ်သင့်တာ လုပ်ရမှာပဲ..မင်းကိုစွန့်ပစ်လိုက်ဖို့လည်း ၀န်မလေးဘူး..ဆယ်ကျော်သက်တုန်းကအချစ်လို အခုချိန်ထိ မင်းကိုအမြဲ ကပ်တွယ်နေရတာမျိုးတွေကို အရမ်းစိတ်ကုန်နေပြီ..ငါ့ကို ‌တယောက်တည်းရှင်သန်လွတ်လပ်ခွင့်ပေးပါတော့" 

ကြားနေရတဲ့စကားတွေက နားပါလို့သာ ကြားနေရသည်။ကိုကိုက သူသိဖူးတဲ့ကိုကိုနဲ့ လုံး၀ကွဲထွက်နေ၏။မနေ့ကတင် အဆင်ပြေပြေရှိနေခဲ့ကြသေးသည့် သူတို့ဆက်ဆံရေးက အခုဘယ်လိုတွေဖြစ်ကုန်တာလဲ။အိမ်မက်ဆိုရင်လည်း ချက်ချင်း နိုးထလိုက်ပါတော့!!

"ဟား... ပြောစရာစကားတောင်မရှိတော့ပါဘူး..ထားခဲ့မယ်အစား အသေသာသတ်သွားလိုက်ပါတော့လားဗျာ"

ခြေထောက်များလည်း မတ်မတ်ရပ်နိုင်စွမ်းမရှိတော့သည်မလို့ တုန်ချည့်စွာနဲ့ပဲ လမ်းပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။Jungkook ထိုင်ကျသွားတာနဲ့ သူတို့စကားများနေတဲ့တောက်လျှောက်လုံး ဘာတခွန်းမှ၀င်မပြောပဲ ရပ်ကြည့်နေသူက Seokjin ကို ကားထဲ၀င်ခိုင်းလိုက်ပြီး မောင်းထွက်သွားကြသည်။

မောင်းထွက်သွားသည့် ကားအကောင်းစားကြီးနောက်တွင် ကိုကိုသည် သူ့ကိုတယောက်တည်း ထားခဲ့ရက်နိုင်သည်။သူဒီလိုနာကျင်နေရတာကို မြင်နေရတာတောင်မှ ကိုကိုက နည်းနည်းမှမတုန်လှုပ်သွားပါ။

လူတ‌ယောက်က တရက်တောင်မပြည့်သည့် အချိန်လေးအတွင်းကို ဒီလောက်တောင် ပြောင်းလဲသွားနိုင်တာတဲ့လား။ဒါမှမဟုတ် အရင်တည်းကပြောင်းလဲနေပြီး အခုမှ ဖွင့်ချပြတာလား...

သူ ဒီလိုတွေးမိတော့ ၀မ်းနည်းစိတ်က ရင်ထဲ လှိုက်ခနဲတက်လာသည်။လက်မခံနိုင်တာထက် မယုံကြည်နိုင်တဲ့စိတ်က ပိုသည်။ဒီလိုနေ့မျိုးကို ရောက်လာလိမ့်မယ်လို့ Jungkook စိတ်ကူးဖြင့်တောင် မတွေးမိပါ..တကယ်တမ်းကြုံလိုက်ရတော့ သွေးပျက်စရာကောင်းတဲ့အခြေအနေထက် ပိုဆိုးနေ၏။

>>>>>>>>>>>>

"ဟေ့ကောင် တော်ပြီ‌လို့ မင်းများနေပြီ"

"ငါ့ကို လာမတားနဲ့ မူးသွားမှ ငါဘာမှမသိတော့မှာ..အဲ့တာမှ ငါ့နှလုံးသားက မနာတော့မှာကွ"

အားတဲ့ဘုရား Taehyung ကိုဆင်းကယ်ပါလို့သာ အော်ပြောလိုက်မိချင်သည်။7နာရီတည်းက ဟန်မြစ်ဘေးက သောက်နေကြဆိုင်ကို လာဖို့ ဖုန်းလှမ်းဆက်လို့ အဲ့အချိန်တည်းက ဒီရောက်နေတာ အခုဆိုရင် ည 1 နာရီထိုးတော့မည်။ဘာဖြစ်လို့ ဖြစ်လာမှန်းလည်းမသိ။ဒီ‌ကောင်ကကြွက်တွင်းဘုရင်မလို့ တော်ရုံရေချိန်လောက်နဲ့ ရုပ်ပျက်ဆင်းပျက် မမူး။သူအရမ်းမူးပြီး အသိပျောက်မှသာ ထိန်းလို့သိမ်းလို့နိုင်မှာဖြစ်၏။

Seokjin hyung ကို ဖုန်းလှမ်းဆက်တော့လည်း စက်ပိတ်ထားသည်။ဒီကောင်တွေ ဘာဖြစ်ကြပြန်ပြီလဲမသိ။Jungkook ကို Taehyung မေးကြည့်တော့လည်း သေသေချာချာမဖြေ။ကိုကိုက အသစ်တွေ့သွားပြီတဲ့လေ။

ဟွန်းး..မူးမူးရူးရူးနဲ့ သ၀န်ကြောင်ပြီး သူ့ဘာသာသူပဲ ဆွဲစိနေတာဖြစ်လိမ့်မည်။အကိုဆော့ဂျင်လိုလူမျိုးက ဂျောင်ကွတ်ကို ပစ်ပြီး နောက်တယောက်ရဖို့ဆိုတာ ဆင်ကို ခွေးမျိုတယ် ဆိုတာကမှ ယုတ္တိရှိရင်ရှိဦးမယ်။ဘယ်လိုမှမဖြစ်နိုင်ပါ။ဘယ်လောက်ချစ်ကြလည်းဆိုတာ ပြောနေစရာမလို အားလုံးအသိ။အဆင်မပြေရင်လည်း ခနပဲကို ဘာလို့ အခု‌လောက်သောက်နေရတာလဲကိုတော့ Taehyung နားမလည်နိုင်တော့ပါ။

"မင်း ငါ့ကို ပြောပြချင်တာမရှိဘူးလား ဂျောင်ဂု..မင်းတို့ပြဿနာကိုပြောပြလေ ငါလည်း အကြံဉာဏ်ဝိုင်းပေးလို့ရတာပေါ့"

"ငါက ဘာကိုပြန်ပြောပြရမှာလဲ..ဖြစ်နိုင်ရင် ငါကြားခဲ့တဲ့စကားတွေကိုတောင် မရှိခဲ့ဘူး မကြားခဲ့ဘူး ကိုကိုမပြောခဲ့ဘူးလို့ သတ်မှတ်ထားချင်တာပါကွာ ဖြစ်ခဲ့တဲ့ပြဿနာက ငါ့ပါးစပ်ကနေ ပြောလို့တောင် မထွက်ဘူး"

ဘရန်ဒီပုလင်းကို ပုလင်းလိုက် မော့ချလိုက် ငိုလိုက်နဲ့ လုပ်နေသော သူငယ်ချင်းအား Taehyung ကြည့်ပြီး တဖြည်းဖြည်းနဲ့ စိတ်ထဲမကောင်းဖြစ်လာသည်။Taehyung လည်း နည်းနည်းထွေနေပြီမလို့ Jungkook ငိုတာမြင်ပြီး ‌၀မ်းနည်းစိတ်များ၀င်လာ၏။

"မင်းသိလား ထယ်ယောင်း"

"အင်းသိတယ် ပြော"

"ကိုကိုကလေ ငါ့ကို ပိုက်ဆံအတွက်သာဆိုရင် စွန့်ပစ်ဖို့အတွက် ၀န်မလေးဘူးတဲ့ အဲ့တာ မင်းသိလား အေ့"

"တကယ် အဲ့လိုပြောခဲ့တာလား ဒါဆိုရင်တော့ သူလွန်တာပေါ့ကွာ..လုပ် မင်းဆက်ပြော"

"ငါ သူ့ကို ဘယ်လောက်တောင်ချစ်လဲ သူသိရဲ့သားနဲ့ကွာ..သူမို့လို့ လုပ်ရက်တယ်ကွာ"

"...."

"ထယ်ယောင်း"

"အေး ငါနားထောင်နေတယ်"

"မင်းအသိတွေထဲမှာ ပါးချိုင့်ရာထင်းနေအောင် လုပ်ပေးတတ်တဲ့လူတွေရှိရင် ငါ့ကို ချိတ်ပေးစမ်းပါ သားကြီးရာ"

"ဟ မင်းက ဘာလုပ်မလို့"

"မင်းသိလား အခုကိုကို အသစ်ရသွားတဲ့ကောင်ကလေ မပြုံးပဲနဲ့တောင် ပါးချိုင့်တွေထင်းနေတာပဲ..အဲ့တာကြောင့် ကိုကိုကြိုက်သွားတာလားမသိဘူးနော်"

"မင်းဟာကလည်းကွာ အကိုဆော့ဂျင်ရည်းစားဆိုတာရော သေချာလို့လားကွ..စွပ်စွပ်စွဲစွဲတွေသိပ်မလုပ်ပါနဲ့ဆိုတာကို"

"လုပ်ပါကွာ..ငါ့မှာလည်း ပါးချိုင့်တွေအရမ်းထင်းနေရင် ကိုကိုက ငါ့ကို အရင်လိုပြန်ချစ်မှာ သေချာတယ်..ဟုတ်တယ်မလား ဟုတ်တယ်မလားဟင် ထယ်ယောင်း"

"အသိစိတ်လေးကပ်စမ်းပါဦး ဂျောင်ဂုရာ..တော်ပြီ မင်းခွက်ကို ချထားလိုက်တော့"

"ဟင့်အင်း ဟင့်အင်း ငါမမူးသေးဘူး..ငါမူးအောင်သောက်မှာ"

"မင်းမူးနေပြီလို့"

"မမူးသေးပါဘူးဆို"

Taehyung လည်းပြောမရသည့်အဆုံး ကုန်းပိုးခေါ်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ဘယ်ဘ၀က အကုသိုလ်များကြောင့် ဒီလို ဒုက္ခပေးနိုင်လွန်းတဲ့လူကို သူငယ်ချင်းတော်ရနေမှန်းမသိတော့ပါ။မနက်ကျရင်တော့ 'ကိုကိုနဲ့ငါ အခုချစ်နေကြပြီ သားကြီးရေ' ဆိုပြီး ဖုန်းလှမ်းဆက်ဦးမှာ မြင်ယောင်ပါသေးသည်...။

~~~~💔💔💔~~~~

«««  ဖတ်ရတာ အဆင်ပြေကြရဲ့လားဗျ။
Seokjin pov ကို လောလောဆယ်ဆယ်ချမပြသေးဘူးမလို့ လမ်းခွဲရတဲ့အကြောင်းရင်းက ဘာဖြစ်မယ်ဆိုတာကို ဟိုးနောက်ပိုင်းတွေကျမှ သိကြရအောင်နော်။ဒီလိုပုံစံမျိုး ဖတ်ဖူးတာ ရှိရင် လာပြောပြလှည့်ပါနော်။ဖတ်‌ပေးတဲ့လူတစ်ယောက်ချင်းစီတိုင်းကို လပ်ဖ်ယူဆိုးမတ်ခ်ျပါ♡⁠(⁠>⁠ ⁠ਊ⁠ ⁠<⁠)⁠♡   »»»

Continue Reading

You'll Also Like

Only By Mine

Romance

8.4K 663 18
v:ဖြူဝင်းပြီးချစ်စရာကောင်းနေတဲ့လမင်းလေးကကိုယ့်အတွက်သာနေတာမဟုတ်ဖူးဆိုတာသိရတာသိပ်ဝမ်းနည်းရတယ် jk:ဒါကငါတို့သူငယ်ချင်းသံယောဇဉ်ကိုထိခိုက်မယ်ဆိုတာသိပေမဲ့လည...
21.1K 3.4K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
13K 2.9K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~