အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

By authorblove14

726 19 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... More

part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (8)
part (9)
part (10)

part (7)

48 1 0
By authorblove14

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (7)
---------------------unicode/zawgyi

မြင်နေရတဲ့ ဓာတ်ပုံကိုကြည့်ပြီး လှိုင်းအတွေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆီ ပြန်လည်ရောက်ရှိသွားရသည်.......................

"ဒါက လှိုင်းရဲ့ ကိုကိုပေါ့နော်."

ဓာတ်ပုံကိုကြည့်ပြီး စိတ်အားထက်သန်တဲ့ မျက်ဝန်းလေးတွေနဲ့ မေးလာတဲ့ ငါးနှစ်သား ကောင်လေးကို ချမ်းအိမ် ပြုံးပြလိုက်ရင်း

"ဟုတ်တယ် ဦးရဲ့သားဆိုတော့ လှိုင်းလေးရဲ့ ကိုကိုပဲပေါ့"

ကြည်းနူးမှုအပြည့်နဲ့ ဖြေလိုက်တော့

"ဒါဆို လှိုင်းက အဖေနှစ်ယောက်ရှိတဲ့အပြင်
အစ်ကိုတစ်ယောက်ပါရအုံးမှာပေါ့"

လက်သီးလက်မောင်းတန်းကာ ဝမ်းသာနေပုံလေးက ကလေးပီပီ ဖြူစင်မှုအပြည့်နဲ့

"လှိုင်းလေးကအသိအမှတ်ပြုပြီးပြီနော်
လင်းပဲ လက်ခံပေးဖို့ကျန်တော့တယ်"

မျက်နှာအပျက်သားနဲ့ တိတ်တဆိတ်ရပ်နေတဲ့ လင်းဘက်ကို ချမ်းအိမ်လှည့်ပြောလိုက်တော့ ရှက်တတ်တဲ့ လင်းက သူ့အကြည့်တွေကို ရှောင်လွှဲပြီး

"သားကိုကိုပုံကို သွားသိမ်းလိုက်အုံးလေ"

"ဟုတ်ကဲ့..ဖေဖေ"

ဓာတ်ပုံလေးကို တယုတယပွေ့ပိုက်ကာ လှိုင်းလေး ထွက်သွားတော့မှ ခုံမှာ ဝင်ထိုင်ကာ

"မင်းတို့အိမ်ထောင်ရေး ပြိုပျက်တဲ့အထိဖြစ်သွားရတော့ ငါတကယ်လိပ်ပြာမလုံဘူး ချမ်း
ယဥ်လဲ့ကိုလည်း ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး"

"မင်းပယောဂ မပါပါဘူး လင်းရာ
ယဉ်လဲ့က အစကတည်းက သူ့မိဘတွေဆီကို လိုက်သွားချင်နေတာ ငါကလည်း မလိုက်နိုင်တော့ အခြေအတင်ဖြစ်နေခဲ့တာကြာပြီ
အခုတော့ သူကိုယ်ဝန်မဆောင်နိုင်တာကိုသိသွားပြီး ထွက်သွားချင်တယ် ကွာရှင်းပေးပါလို့ သူကိုယ်တိုင်တောင်းဆိုလာတာကွ
ငါလည်း သူ့အားနည်းချက်ကြောင့် ကွာရှင်းရတာမျိုးမဖြစ်အောင် အမျိုးမျိုးတားပါသေးတယ်
သူ့အခြေအနေကြောင့် မိဘတွေနားမှာပဲနေချင်တယ်တဲ့ ငါ့ကိုတွေ့နေရတာ သူ့အတွက်ပိုအဆင်မပြေဖြစ်တယ်တဲ့လေ
ငါ..ဘာတတ်နိုင်မှာလဲ"

သူ့အိမ်ထောင်ရေးကို လင်းနားလည်အောင် ချမ်းအိမ်ရှင်းပြနေမိသည်
သူရယ် လင်းရယ် ယဉ်လဲ့ ရယ်က တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး
လင်းနဲ့သူ့ကြားမှာ ခံစားချက်တွေရှိခဲ့ကြပေမယ့် သတ္တိနည်းခဲ့တဲ့ သူက ယဉ်လဲ့ကိုရွေးချယ်ခဲ့မိသည်
သူနဲ့ယဥ်လဲ့တို့လက်ထပ်ပြီးအချိန်အတော်ကြာမှ လင်းက လှိုင်းလေးမေမေနဲ့ လက်ထပ်ခဲ့ပြီး
လှိုင်းလေးမေမေ မီးတွင်းထဲမှာပင် ဆုံးသွားခဲ့ရတော့ ချမ်းအိမ်က သူငယ်ချင်းသံယောဇဥ်နဲ့ လင်းကိုအားပေးရင်း ကလေးချစ်တတ်လွန်းတာကြောင့်လည်း လှိုင်းလေးကိုပါ ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့တဲ့အထိ ပြန်ပြီးနီးစပ်ခဲ့ပြန်သည်
မရိုးသားသောစိတ်နဲ့မဟုတ်တာကြောင့် လင်းရော သူပါနှစ်ယောက်လုံး လိပ်ပြာလုံခဲ့ကြပေမယ့်
အကြောင်းကြောင်းတွေနဲ့ သူ့အိမ်ထောင်ရေးပြတ်စဲသွားချိန်မှာတော့ လင်းကို ပြန်လည် ပိုင်ဆိုင်ခွင့်ရချင်သည်
အရင်လို သတ္တိနည်းမနေချင်တော့

"လပြည့် ရော...တစ်ယောက်တည်းကျန်ခဲ့တာလား"

"မဟုတ်ပါဘူး..ယဉ်လဲ့က နောက်တစ်ပတ်မှ သွားမှာ
အခုတော့ သူနဲ့ပဲထားခဲ့ရတာပေါ့"

လပြည့် အကြောင်းမေးလာတဲ့ လင်းကို ချမ်းအိမ်အဖြေပေးလိုက်မှပင်

"ယဉ်လဲ့က လပြည့် ကို သဘောမကျဘူးမဟုတ်လား
ဘာလို့အတူတူခေါ်မလာရတာလဲ"

လပြည့် ကို ချမ်းအိမ် မွေးစားခဲ့တာနဲ့ပက်သက်ပြီး မကြည်ဖြူနိုင်ခဲ့တဲ့ ယဉ်လဲ့အကြောင်းကို သိနေတဲ့ လင်းက စိုးရိမ်နေပြန်တာကြောင့်

"လပြည့် ကို ယဉ်လဲ့ သဘောမကျတာက သူ့ဘက်ကရမယ့်အမွေတွေကို မပေးချင်ရုံသက်သက်ပါပဲ တခြားခံစားချက်မရှိဘူး အခုလ​ပြည့် ရဲ့အုပ်ထိန်းသူက ငါတစ်ယောက်တည်းဆိုတော့ ငါဒီကိုလာတဲ့အချိန်လေးမှာတော့ သူစောင့်ရှောက်ပေးမှာပါ"

ယဉ်လဲ့ရဲ့ စိတ်သဘောထားကို လင်း နားလည်အောင် ပြောပြလိုက်ရသည်

"မင်းတို့အိမ်ထောင်ရေးအကြောင်းရော လပြည့် သိပြီးပြီလား."

"နားလည်နေတဲ့အရွယ်ဆိုတော့ ကွာရှင်းပြီးပြီဆိုတာကို သိမှာပါ ကျန်တာကိုတော့ ယဉ်လဲ့ထွက်သွားပြီး အခြေနေတွေတည်ငြိမ်သွားမှ ရှင်းပြဖို့ ကြိုးစားတော့မယ်
လပြည့် အတွက် အဓိက က ငါဆိုတော့ အဆင်ပြေလောက်မှာပါ"

လပြည့် ကို ခရီးထွက်မယ့်အကြောင်းသာ ပြောပြထားခဲ့ရ၍ နောက်ဆံတင်းမိပေမယ့် အချိန်တန်ရင် ပြေလည်သွားနိုင်တဲ့ ပြဿနာဖြစ်တာကြောင့် စိုးရိမ်စိတ်တော့ အများကြီးမဖြစ်မိ
ယဉ်လဲ့ နဲ့ သူ့ရဲ့ကွာရှင်းရခြင်း အဓိက အကြောင်းအရင်းမှာ လပြည့် ကြောင့်ဆိုတာ ဘယ်သူ့ကိုမှ ချမ်းအိမ် အသိမပေးချင်
သာမန်ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ဖို့တောင် အချိန်အကြာကြီး ယူခဲ့ရတဲ့ လပြည့်လေးကို သူ့အိမ်ထောင်ရေးကြောင့် စိတ်ဒဏ်ရာထပ်မပေးချင်တာလည်းပါသည်
ချမ်းအိမ် လပြည့်ကိုမွေးစားလိုက်ကတည်း ကလေးယူဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့ ယဉ်လဲ့ဟာ ကလေးလုံးဝမရနိုင်တာသိသွားပြီး သူမဘက်က ပိုင်ဆိုင်မှုတွေကို လပြည့် တစ်ယောက်တည်းဆက်ခံသွားမှာကို မလိုလားစိတ်ကြောင့်သာ ကွာရှင်းခဲ့ခြင်းပဲ ဖြစ်သည်
မေတ္တာငတ်နေရှာတဲ့ ကလေးတစ်ယောက်ကို နွေးထွေးပေးဖို့ထက် ရုပ်ဝတ္ထုတွေကိုသာ ဦးစားပေးရွေးချယ်ခဲ့တဲ့ ယဉ်လဲ့ကို သူကိုယ်တ်ိုင်လည်း မနှစ်မြို့နိုင်ခဲ့တာကြောင့် ကွာရှင်းပြတ်စဲမှုဟာ အလွယ်တကူပဲဖြစ်သွားခဲ့သည် မဟုတ်လား

"ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ ဒီအခြေအနေလေးကို ဆက်ထိန်းထားချင်တယ် ချမ်း
မင်းလည်း အလျင်စလို ဆုံးဖြတ်တာတွေမလုပ်ပါနဲ့"

လင်းနဲ့အတူ မိသားစုတစ်ခုဖန်တီးချင်တဲ့ သူ့စိတ်ကူးအိပ်မက်တွေကို တားဆီးပိတ်ပင်ဖို့ကြိုးစားနေတဲ့ လင်း စကားကိုတော့ ချမ်းအိမ် လက်မခံနိုင်စွာ

"ငါအခုလာခဲ့တဲ့ အကြောင်းအရင်းက မင်းကိုရွေးချယ်ခွင့်နှစ်ခုပေးဖို့ပဲ လင်း
မင်းတို့သားအဖ ငါနဲ့လိုက်နေမလား
ငါတို့သားအဖ ဒီမှာ လာနေရမလား"

ကမူးရှုးထိုးဆန်တဲ့ ချမ်းအိမ် စကားကို လင်း ခေါင်းရမ်းလိုက်မိပေမယ့်

"ဒါဆို လှိုင်းက ကိုကိုနဲ့အတူတူနေရမှာပေါ့.ပျော်စရာကြီးကွ.."

ဘယ်အချိန်ကတည်းက ချောင်းနားထောင်နေမှန်းမသိတဲ့ လှိုင်းလေးက အားရဝမ်းသာ ဝင်ပြောလာတာကြောင့်

"လှိုင်း...လူကြီးတွေစကားပြောရင် ဝင်မပါရဘူးလေ"

လင်း ဟန့်လိုက်ပေမယ့်

"လှိုင်းအကြောင်းလည်း ပါတယ်လေ ဖေဖေရဲ့
ဖေဖေတစ်ယောက်တည်း ပြောလို့မရဘူးလေ
လှိုင်းလည်း ပြောသင့်တာပေါ့"

အရွယ်နဲ့မလိုက်အောင် စကားတတ်လွန်းတဲ့ လှိုင်းလေးကို ချမ်းအိမ် သဘောကျစွာကြည့်နေမိပြီး

"လပြည့်သာ လှိုင်းလေးနဲ့ အတူတူနေရင် ပိုပြီးတက်ကြွလာမှာသေချာတယ် လင်း"

သူလိုရာဘက်ကိုသာ အတင်းတွေဆွဲပြောနေတော့သည့် ချမ်းအိမ်ကို လင်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း

"ငါတော့ မင်းအိမ်မှာ လိုက်မနေနိုင်ဘူး
ငါ့ဇာတိပဲ ငါပျော်တယ်"

ခွင့်ပြုစကားကို မကျေမနပ်ဆိုလိုက်ပေမယ့်

"ဒါဆို လပြည့်ကို သွားခေါ်ရတော့မှာပေါ့"

ကျေနပ်နေတဲ့လူကတော့ အစီအစဉ်အပြည့်နဲ့

"ဟေး...ကိုကိုနဲ့ အတူတူနေရတော့မယ်ကွ"

ဝမ်းသာအားရထအော်လိုက်တဲ့ လှိုင်းလေးကြောင့်လည်း

လူမိုက်က ချမ်းအိမ် အဖော်က လှိုင်းဆိုတဲ့ ကိုယ့်ရဲ့ သားဆိုးလေးပါလို့သာ လင်းမှာ တွေးမိတဲ့အထိ

-------------------------

"ဓာတ်ပုံကြီးက ယူလာသေးတာလား"

ကားနောက်ခန်းမှာထိုင်ပြီး လပြည့်ရဲ့ပုံကို ကြည့်မဝဖြစ်နေတဲ့ လှိုင်းလေးကို လင်း မေးလိုက်မိတော့

"လှိုင်းက ကိုကို့အပြုံးလေးကို ကြိုက်လို့ပါနော်"

အကြောင်းပြချက်အသင့်နဲ့ သားဖြစ်သူအဖြေစကားကြောင့် လင်း ခေါင်းသာရမ်းမိတော့သည်

"သားနှစ်ယောက်လည်း ကိုယ်တို့လိုဖြစ်ရင် ကောင်းမယ်နော် လင်း
မိသားစုလေး ဘယ်တော့မှမခွဲရတော့ဘူး"

အပြင်မှာတောင် မမြင်ဖူးကြသေးတဲ့ကလေးနှစ်ယောက်အပေါ် မျှော်လင့်ချက်ကြီးမားနေပြန်သည့် ချမ်းအိမ်စကားကြောင့် လင်း ပိုလို့ပင် ရယ်ချင်သွားရပြီး

"လှိုင်းက အခုမှငါးနှစ်ပဲရှိသေးတာနော် ချမ်း"

ပင်ကိုယ်ဗီဇအရနွဲ့နွဲ့နှောင်းနှောင်းလေး ဖြစ်နေပေမယ့် ကလေးပီပီစိတ်ထင်ရာပြောတတ်တာကို သတိပြုမိစေချင်တာကြောင့် ပြောလိုက်မိပေမယ့်

"ငယ်ငယ်ကတည်းက သံယောဇဉ်ရှိထားတော့ ပိုကောင်းတာပေါ့
ကိုယ်တို့လို အရွယ်ရောက်မှတွေ့ရင် စဉ်းစားချင့်ချိန်နေရတာနဲ့ အချိန်ကုန်တယ်မဟုတ်လား"

သူ့အတွေးနဲ့သူတော့ အကြောင်းပြချက်ခိုင်လုံနေတဲ့ ချမ်းအိမ်စကားကို လင်း ပြိုင်မငြင်းချင်တော့တာကြောင့်

"ယဉ်လဲ့က ငါတို့ မရောက်သေးခင်တော့ ထွက်မသွားလောက်ပါဘူးနော်"

လှိုင်းကျောင်းပိတ်တဲ့ရက်အထိ စောင့်နေရသေးတာကြောင့် ယဉ်လဲ့လေယာဉ်ပေါ်တက်မယ့်ရက်မှ ထွက်လာရတဲ့အဖြစ်ကို စိုးရိမ်စိတ်နဲ့ လင်း ပြောလိုက်မိတော့

"လပြည့်က တစ်ယောက်တည်းလည်း ကောင်းကောင်းနေတတ်တဲ့အရွယ်ရောက်နေပါပြီ
ငါခရီးထွက်လာရတဲ့ အကြောင်းရင်းကို သေချာမပြောပြခဲ့မိတဲ့အတွက်ပဲ စိတ်ထင့်နေတာ
ရောက်သွားမှ သေချာရှင်းပြရတော့မှာပဲ"

ပြောရင်းနဲ့ပင် ကားကိုအရှိန်မြှင့်လိုက်တဲ့ ချမ်းအိမ်ရဲ့ စိတ်လောနေမှုကို လင်း မတားဖြစ်ခဲ့
မိုးရွာဖို့ အစပျိုးနေတဲ့ လျှပ်ရောင်နဲ့ မိုးခြိမ်းသံတွေကြားမှာ ကားလေးက ဟိုင်းဝေးလမ်းမကြီးပေါ် တရိပ်ရိပ်ပြေးနေဆဲ
ကံကြမ္မာဆိုးတို့ ရောက်ရှိမလာခင်အထိ

-------------------------

"ဦး.."

ပြောဖို့သင့် မသင့် ချိန်ဆနေရသလို လှိုင်းရဲ့ ခေါ်သံက တွေဝေမှုတွေနဲ့

"ပြောလေ..ကလေး"

ဦးရဲ့ ဓာတ်ပုံကိုတွေ့ပြီးတာနဲ့ အလုပ်ခန်းဆီကို အပြေးလာခဲ့မိပေမယ့် ပကတိတည်ငြိမ်အေးချမ်းနေတဲ့ ဦး မျက်နှာကိုတွေ့လိုက်ရပြန်တော့ ဆိုးရွားလွန်းတဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ရာ နှုတ်က ဆွံ့အနေမိသည်
ဦးမျှော်နေခဲ့တဲ့ မွေးစားအဖေဟာ ဦးကို စွန့်ပစ်ခဲ့ခြင်းမဟုတ်တာကို ဦးသိသွားရင် နာကျည်းနေတဲ့စိတ်တွေ သက်သာသွားမှာမှန်ပေမယ့်
ဦးဘဝမှာ ပထမဆုံးသံယောဇဥ်ထားခဲ့မိတဲ့လူဟာ ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုတဲ့အဖြစ်ကို ဦး ခံနိုင်ရည်ရှိပါ့မလားဆိုတာ လှိုင်း မသိနိုင်တော့

"ဦးရဲ့ မွေးစားအဖေလေ... မရှိတော့တာရော မဖြစ်နိုင်ဘူးလား"

စမ်းတဝါးဝါးနဲ့သာ စကားအစပျိုးလိုက်မိတော့

"ဘယ်လို...မဖြစ်နိုင်တာကွာ"

လက်မခံနိုင်စွာ ငြင်းဆန်လိုက်တဲ့ ဦးမျက်နှာက သိသိသာသာ ပျက်ယွင်းသွားတာကို လှိုင်း မြင်လိုက်ရပေမယ့်

"ဦးကိုထားခဲ့တာမဟုတ်ဘဲ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်လေ"

မဖြစ်မှန်ကိုသိရရင် ဖြစ်လာနိုင်တဲ့ ဦးရဲ့ခံစားချက်ကို မှန်းဆချင်စိတ်နဲ့ ဆက်မေးလိုက်မိတော့လည်း

"ကိုယ်တစ်ခါမှ အဲ့လိုမတွေးခဲ့ဖူးဘူး
ကိုယ့်ကိုထားခဲ့လို့ နာကျည်းမိတာမှန်ပေမယ့်
သူက ကိုယ့်အတွက် ကောင်းတဲ့အမှတ်တရတွေလည်း အများကြီးထားခဲ့ပေးတာပဲ
အရမ်းမကြာခဲ့ဘူးဆိုပေမယ့် သူက ကိုယ့်ကိုပျော်ရွှင်မှုပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲလေ
သူ့ကိုလည်း လောကကြီးရဲ့ တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေ စေချင်တယ်
ပြီးတော့ ကလေးပြောသလိုလည်း မဖြစ်နိုင်ပါဘူး သူက ကျန်းမာရေးသိပ်ကောင်းတယ်လေ..ဟား"

နှစ်တွေကြာမြင့်ခဲ့တာတောင် သူတန်ဖိုးထားချစ်ခင်ရတဲ့လူအကြောင်းကို အသေးစိတ်ကအစမှတ်မိနေသလို ကြေကွဲမှုတစ်ဝက် အပြုံးတစ်ဝက်နဲ့ ပြောလာသော ဦး မျက်လုံးကအငွေ့အသက်တွေကို သေချာခံစားမိချိန်မှာတော့ တွေဝေနေတဲ့အဖြေကို ရသွားကာ လှိုင်း နှုတ်ဆိတ်သွားရတော့သည်
ကိုယ်ချစ်ရတဲ့လူကို အပြီးတိုင်ဆုံးရှုံးလိုက်ရတာထက် တနေရာရာမှာ ရှင်သန်နေနိုင်ပါလားလို့ တွေးခွင့်ရတဲ့ မျှော်လင့်ချက်လေးက ဘယ်လောက်လှပလဲဆိုတာကို
အချစ်ရဆုံးလူကို ဆုံးရှုံးခဲ့ဖူးတဲ့ လှိုင်းက အသိဆုံးဖြစ်နေတော့လည်း

ပြောပြဖို့မသင့်တဲ့ အမှန်တရားဆိုတာ  ရှိနိုင်ပါ့မလားမသိပေမယ့်
ခံစားချက်တွေပိုဆိုးရွားစေနိုင်တဲ့ အမှန်တရားမျိုးကိုတော့ ဖွင့်ဟမပြောပြချင်တော့တာကြောင့်

--------------------------

မိုးရာသီရဲ့ရှားရှားပါးပါးနေသာတဲ့ ညနေခင်းလေးမှာ နှစ်ယောက်သား ခြံထဲဆင်းထိုင်ဖြစ်ပြီး

"ကလေး.ဖေဖေရဲ့ ချစ်သူအကြောင်းကို ကလေးသိထားသလောက် ကိုယ့်ကိုပြောပြလေ
အဲ့အမျိုးသမီးရဲ့ သားနာမည်ပါသိရင်
စုံစမ်းရတာ ပိုလွယ်တာပေါ့"

အမှတ်မထင် ပြောလာတဲ့ ဦးစကားက မြိုသိပ်လျှို့ဝှက်ထားတဲ့ လှိုင်းကို ကြောင်အသွားစေသည်

"အမျိုးသမီး.. ဟုတ်လား"

"ဟုတ်တယ်လေ.. ကလေး ဖေဖေရဲ့ ချစ်သူကိုပြောတာလေ
သူ့သားအကြောင်း ကိုယ်စုံစမ်းပေးမယ်လို့ ပြောခဲ့သားပဲ
ဘာလဲ ကလေးက ကိုယ်မေ့နေတယ်ထင်လို့လား"

သူ့ယူဆချက်နဲ့သူ ကောက်ချက်ချပြောလာတဲ့ ဦးကို လှိုင်း စိတ်မသက်သာစွာ ပြုံးပြမိရင်း

"သူလည်း သူ့ဘဝနဲ့သူ တည်ငြိမ်နေလောက်ရောပေါ့
အခုချိန်မှ လှိုင်းက လိုက်ရှာပြီး သူ့အဖေအကြောင်း သွားပြောလို့ အဆင်ပြေပါ့မလား"

"ဒါကတော့ အဲ့ဒီ့လူအပေါ်မူတည်တာပဲလေ ကလေးရဲ့
ကလေးပဲ အစ်ကိုတစ်ယောက်ကိုဆုံးရှုံးခဲ့ရတယ်ဆို
အခုချိန်မှတွေ့ရရင် အဆင်မပြေမှာစိုးလို့လား"

လှိုင်းပြောခဲ့ဖူးတဲ့ စကားတွေကို အမှတ်တရရှိနေတဲ့ ဦးကြောင့်

"အဲ့အတွေးက လှိုင်းရဲ့ တစ်ဖက်သတ်အတွေးလေ
သူက လှိုင်းကို တွေ့ဖူးတာမှမဟုတ်တာ
လှိုင်းအ​ကြောင်း သိလောက်မှာမဟုတ်ဘူး နေပါစေတော့"

ဆင်ခြေပေးနေမိရင်း ဦးကို အမှန်တိုင်း မပြောပြဖြစ်တာကိုပါ နောင်တရနေမိသည်

"အဲ့အမျိုးသမီးနာမည်နဲ့ သူ့သားနာမည်လောက်တော့ ပြောပြထားလေ
ကိုယ်စုံစမ်းကြည့်လို့ အဆင်ပြေလောက်တဲ့ အနေအထားဆိုလည်း ကလေး သွားတွေ့လို့ရတာပေါ့"

လက်မလျော့တဲ့ ဦးစကားကြောင့် လှိုင်းမှာ ကျဉ်းထဲကျပ်ထဲရောက်သွားရကာ

"ဟို..အဲ့အမျိုးသမီး နာမည်က"

နာမည်အမှန်တွေလည်း ပြောမရတာကြောင့် ထစ်အနေမိပြီးမှ
ဖြာကျနေတဲ့ နေရောင်ခြည်အောက်က ပန်းတွေကို ကြည့်ကာ အကြံရသွားပြီး

"ဒေါ်ဝတ်ရည်တဲ့ သူ့သားနာမည်က နေရောင်ပါ"

ဖေဖေ့ချစ်သူကို အမျိုးသမီးတစ်ယောက်သာ ဖြစ်လိမ့်မယ်လို့ တပ်အပ်ယူဆထားတဲ့ ဦးကို
စိတ်ထဲပေါိလာတဲ့ နာမည်တွေ ပြောလိုက်မိရင်း ကိုယ့်လုပ်ရပ်ကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကိုတော့ မတွေးခဲ့မိတာအမှန်ပင်

"နေရောင်..ဟုတ်လား
အဲ့နာမည်ကို ရင်းနှီးနေသလိုပဲ
ကိုယ်သိတဲ့ထဲကများလား"

သားအမိနှစ်ယောက်လုံးရဲ့နာမည်တွေတစ်ထပ်တည်းကျအောင် တိုက်ဆိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်တာကြောင့် စဉ်းစဉ်းစားစားပြောလာတဲ့ ဦးစကားကိုတော့ အမှုမဲ့အမှတ်မဲ့သာ ထားလိုက်မိသည်

-----------------------

ဟန်ဆောင်မှုမရှိဘဲ အားရပါးရစားနေကြတဲ့ ကလေးတွေကို ကြည့်ပြီး လှိုင်း ကြည်နူးနေမိသည်
ဦးက သူနေခဲ့ဖူးတဲ့ မိဘမဲ့ ကလေးဂေဟာမှာ အဟာရလှူဒါန်းနေကျမို့ လှိုင်းပါအတူလိုက်လာဖြစ်ခဲ့သည်
အခုတော့ ကလေးတွေကိုမြင်ရပြီး ဦးဆီကကျေနပ်ပီတိတွေက လှိုင်းဆီကိုပါ ကူးစက်လာရသည်

"ကြည်နူးစရာပဲနော်.. ဦး"

"ဟုတ်တယ်ကလေးရဲ့..ကိုယ်လည်း ဒီမှာပဲကြီးပျင်းလာခဲ့တာဆိုတော့
အမြဲတမ်း လာလှူဖြစ်တယ်
ကိုယ့်ငယ်ဘဝကို ပြန်မြင်နေရသလိုပဲလေ ကလေးဘဝမှာ အပူပင်မဲ့ကြတယ်ဆိုပေမယ့် ဒီက ကလေးတွေကတော့မတူဘူး
သူတို့ရင်ထဲမှာ ကွက်လပ်တစ်ခုက အမြဲတမ်းရှိနေတယ်
သာမန်ကလေးတွေနဲ့ မတူနိုင်တဲ့အချက်ပေါ့
အဲ့ကွက်လပ်ကြောင့် အားငယ်မှုတွေဝင်မလာအောင် ဖေးကူပေးဖို့ကတော့ ကိုယ်တို့လို လူကြီးတွေမှာ တာဝန်ရှိတယ်
ဒါကြောင့်လည်း ဒီဂေဟာကို ကိုယ်တတ်နိုင်သလောက် ပံ့ပိုးနေခဲ့တာ
ကိုယ့်မိသားစုကို ထောက်ပံ့ပေးရသလို ခံစားချက်မျိုးလည်း ရလို့လေ"

ကြည်နူးစွာ ပြောလာတဲ့ ဦးရဲ့အပြုံးက ဓာတ်ပုံထဲမှာ မြင်ခဲ့ရတဲ့ အပြုံးနဲ့ တစ်ထပ်တည်းကျနေတာကြောင့် လှိုင်း ငေးကြည့်နေမိသည်

"ဦးသိုက် မေမေကြီးရှာနေတယ်ရှင့်"

"အင်း..လာခဲ့မယ်လို့ပြောလိုက်ပါ
ကလေး...လိုက်ခဲ့မလား"

အနားကိုရောက်လာပြီး ပြောလိုက်တဲ့ ကလေးမလေးစကားကြောင့် ဦးက လှိုင်းကိုလှည့်မေးလာတာကြောင့်

"မလိုက်တော့ဘူး ဦး
လှိုင်း..ကူပေးချင်လို့"

ကလေးတွေကို မုန့်နဲ့အအေးလှူမယ့် အခြားအလှူရှင် ထပ်ရောက်လာတာကြောင့် လှိုင်းပြောလိုက်တော့

"အင်း..ဒါဆို ကိုယ် သွားလိုက်အုံးမယ်"

ဂေဟာက ကလေးတွေ  ချစ်ခြင်းမေတ္တာအပြည့်နဲ့ခေါ်သော မေမေကြီးနဲ့ တွေ့ဖို့ သိုက်ထွက်လာခဲ့လိုက်သည်

-–--------------------------

"ကိုယ်တို့အဖွဲ့ကို ကူညီပေးလို့ ...ကျေးဇူးပါကွာ
မင်းက..ဒီဂေဟာက ဝန်ထမ်းတော့ မဟုတ်ဘူးထင်တယ်"

"မဟုတ်ပါဘူး.. လှိုင်းက အလှူရှင်တစ်ယောက်နဲ့လိုက်လာတာပါ"

မုန့်နဲ့အအေးလာလှူတဲ့ အလှူရှင်က လှိူင်းကို ကျေးဇူးတင်စကားပြောရင်း မေးလာတာကြောင့် ပြန်ဖြေလိုက်တော့

"လှိူင်းတဲ့လား...ကိုယ့်နာမည်က နေရောင်ပါ"

လက်ဆန့်တန်းပေးကာ မိတ်ဆက်လာတဲ့ တဖက်လူ စကားကြောင့် လှိုင်း မင်သက်နေချိန်မှာပဲ

"နေရောင်လည်း ရောက်နေတာပဲ ကိုယ်ခုနက မမြင်မိပါဘူး"

ရင်းရင်းနှီးနှီးပြောပြီး လှိုင်းတို့အနားရောက်လာသော ဦးကြောင့် လှိုင်းမှာ ပြောစရာစကားပင် မရှိတော့
တိုက်ဆိုင်မှုရှိခဲ့ရင်တောင် ဒီလောက်မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်သင့်ဘူးမဟုတ်လား

သူ့နှုတ်ဆက်မှုကို အသိအမှတ်မပြုဘဲ ကိုသိုက်နားသွားရပ်နေသည့် မျက်လုံးဝိုင်းနဲ့ ကောင်လေးကို နေရောင် သဘောကျစွာ ကြည့်နေမိပြီး

" ​ကိုသိုက် ညီလေးလား
ကျွန်တော်နဲ့လည်း မိတ်ဆက်ပေးအုံးလေ"

----------------------
ဘလော့ဖ်(blove)
10.8.23/7:57pm

to part 8

အခ်စ္ျဖင့္ ျခယ္မႈန္းေသာ (bl)
part (7)
---------------------unicode/zawgyi

ျမင္ေနရတဲ့ ဓာတ္ပုံကိုၾကည့္ၿပီး လွိုင္းအေတြးေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာဆီ ျပန္လည္ေရာက္ရွိသြားရသည္.......................

"ဒါက လွိုင္းရဲ႕ ကိုကိုေပါ့ေနာ္."

ဓာတ္ပုံကိုၾကည့္ၿပီး စိတ္အားထက္သန္တဲ့ မ်က္ဝန္းေလးေတြနဲ႕ ေမးလာတဲ့ ငါးႏွစ္သား ေကာင္ေလးကို ခ်မ္းအိမ္ ၿပဳံးျပလိုက္ရင္း

"ဟုတ္တယ္ ဦးရဲ႕သားဆိုေတာ့ လွိုင္းေလးရဲ႕ ကိုကိုပဲေပါ့"

ၾကည္းႏူးမႈအျပည့္နဲ႕ ေျဖလိုက္ေတာ့

"ဒါဆို လွိုင္းက အေဖႏွစ္ေယာက္ရွိတဲ့အျပင္
အစ္ကိုတစ္ေယာက္ပါရအုံးမွာေပါ့"

လက္သီးလက္ေမာင္းတန္းကာ ဝမ္းသာေနပုံေလးက ကေလးပီပီ ျဖဴစင္မႈအျပည့္နဲ႕

"လွိုင္းေလးကအသိအမွတ္ျပဳၿပီးၿပီေနာ္
လင္းပဲ လက္ခံေပးဖို႔က်န္ေတာ့တယ္"

မ်က္ႏွာအပ်က္သားနဲ႕ တိတ္တဆိတ္ရပ္ေနတဲ့ လင္းဘက္ကို ခ်မ္းအိမ္လွည့္ေျပာလိုက္ေတာ့ ရွက္တတ္တဲ့ လင္းက သူ႕အၾကည့္ေတြကို ေရွာင္လႊဲၿပီး

"သားကိုကိုပုံကို သြားသိမ္းလိုက္အုံးေလ"

"ဟုတ္ကဲ့..ေဖေဖ"

ဓာတ္ပုံေလးကို တယုတယေပြ႕ပိုက္ကာ လွိုင္းေလး ထြက္သြားေတာ့မွ ခုံမွာ ဝင္ထိုင္ကာ

"မင္းတို႔အိမ္ေထာင္ေရး ၿပိဳပ်က္တဲ့အထိျဖစ္သြားရေတာ့ ငါတကယ္လိပ္ျပာမလုံဘူး ခ်မ္း
ယဥ္လဲ့ကိုလည္း ဘယ္လိုမ်က္ႏွာျပရမွန္းေတာင္မသိေတာ့ဘူး"

"မင္းပေယာဂ မပါပါဘူး လင္းရာ
ယဥ္လဲ့က အစကတည္းက သူ႕မိဘေတြဆီကို လိုက္သြားခ်င္ေနတာ ငါကလည္း မလိုက္နိုင္ေတာ့ အေျခအတင္ျဖစ္ေနခဲ့တာၾကာၿပီ
အခုေတာ့ သူကိုယ္ဝန္မေဆာင္နိုင္တာကိုသိသြားၿပီး ထြက္သြားခ်င္တယ္ ကြာရွင္းေပးပါလို႔ သူကိုယ္တိုင္ေတာင္းဆိုလာတာကြ
ငါလည္း သူ႕အားနည္းခ်က္ေၾကာင့္ ကြာရွင္းရတာမ်ိဳးမျဖစ္ေအာင္ အမ်ိဳးမ်ိဳးတားပါေသးတယ္
သူ႕အေျခအေနေၾကာင့္ မိဘေတြနားမွာပဲေနခ်င္တယ္တဲ့ ငါ့ကိုေတြ႕ေနရတာ သူ႕အတြက္ပိုအဆင္မေျပျဖစ္တယ္တဲ့ေလ
ငါ..ဘာတတ္နိုင္မွာလဲ"

သူ႕အိမ္ေထာင္ေရးကို လင္းနားလည္ေအာင္ ခ်မ္းအိမ္ရွင္းျပေနမိသည္
သူရယ္ လင္းရယ္ ယဥ္လဲ့ ရယ္က တကၠသိုလ္တက္ကတည္းက သူငယ္ခ်င္းေတြျဖစ္ၿပီး
လင္းနဲ႕သူ႕ၾကားမွာ ခံစားခ်က္ေတြရွိခဲ့ၾကေပမယ့္ သတၱိနည္းခဲ့တဲ့ သူက ယဥ္လဲ့ကိုေ႐ြးခ်ယ္ခဲ့မိသည္
သူနဲ႕ယဥ္လဲ့တို႔လက္ထပ္ၿပီးအခ်ိန္အေတာ္ၾကာမွ လင္းက လွိုင္းေလးေမေမနဲ႕ လက္ထပ္ခဲ့ၿပီး
လွိုင္းေလးေမေမ မီးတြင္းထဲမွာပင္ ဆုံးသြားခဲ့ရေတာ့ ခ်မ္းအိမ္က သူငယ္ခ်င္းသံေယာဇဥ္နဲ႕ လင္းကိုအားေပးရင္း ကေလးခ်စ္တတ္လြန္းတာေၾကာင့္လည္း လွိုင္းေလးကိုပါ ဝိုင္းဝန္းေစာင့္ေရွာက္ေပးခဲ့တဲ့အထိ ျပန္ၿပီးနီးစပ္ခဲ့ျပန္သည္
မရိုးသားေသာစိတ္နဲ႕မဟုတ္တာေၾကာင့္ လင္းေရာ သူပါႏွစ္ေယာက္လုံး လိပ္ျပာလုံခဲ့ၾကေပမယ့္
အေၾကာင္းေၾကာင္းေတြနဲ႕ သူ႕အိမ္ေထာင္ေရးျပတ္စဲသြားခ်ိန္မွာေတာ့ လင္းကို ျပန္လည္ ပိုင္ဆိုင္ခြင့္ရခ်င္သည္
အရင္လို သတၱိနည္းမေနခ်င္ေတာ့

"လျပည့္ ေရာ...တစ္ေယာက္တည္းက်န္ခဲ့တာလား"

"မဟုတ္ပါဘူး..ယဥ္လဲ့က ေနာက္တစ္ပတ္မွ သြားမွာ
အခုေတာ့ သူနဲ႕ပဲထားခဲ့ရတာေပါ့"

လျပည့္ အေၾကာင္းေမးလာတဲ့ လင္းကို ခ်မ္းအိမ္အေျဖေပးလိုက္မွပင္

"ယဥ္လဲ့က လျပည့္ ကို သေဘာမက်ဘဴးမဟုတ္လား
ဘာလို႔အတူတူေခၚမလာရတာလဲ"

လျပည့္ ကို ခ်မ္းအိမ္ ေမြးစားခဲ့တာနဲ႕ပက္သက္ၿပီး မၾကည္ျဖဴနိုင္ခဲ့တဲ့ ယဥ္လဲ့အေၾကာင္းကို သိေနတဲ့ လင္းက စိုးရိမ္ေနျပန္တာေၾကာင့္

"လျပည့္ ကို ယဥ္လဲ့ သေဘာမက်တာက သူ႕ဘက္ကရမယ့္အေမြေတြကို မေပးခ်င္႐ုံသက္သက္ပါပဲ တျခားခံစားခ်က္မရွိဘူး အခုလျပည့္ ရဲ႕အုပ္ထိန္းသူက ငါတစ္ေယာက္တည္းဆိုေတာ့ ငါဒီကိုလာတဲ့အခ်ိန္ေလးမွာေတာ့ သူေစာင့္ေရွာက္ေပးမွာပါ"

ယဥ္လဲ့ရဲ႕ စိတ္သေဘာထားကို လင္း နားလည္ေအာင္ ေျပာျပလိုက္ရသည္

"မင္းတို႔အိမ္ေထာင္ေရးအေၾကာင္းေရာ လျပည့္ သိၿပီးၿပီလား."

"နားလည္ေနတဲ့အ႐ြယ္ဆိုေတာ့ ကြာရွင္းၿပီးၿပီဆိုတာကို သိမွာပါ က်န္တာကိုေတာ့ ယဥ္လဲ့ထြက္သြားၿပီး အေျခေနေတြတည္ၿငိမ္သြားမွ ရွင္းျပဖို႔ ႀကိဳးစားေတာ့မယ္
လျပည့္ အတြက္ အဓိက က ငါဆိုေတာ့ အဆင္ေျပေလာက္မွာပါ"

လျပည့္ ကို ခရီးထြက္မယ့္အေၾကာင္းသာ ေျပာျပထားခဲ့ရ၍ ေနာက္ဆံတင္းမိေပမယ့္ အခ်ိန္တန္ရင္ ေျပလည္သြားနိုင္တဲ့ ျပႆနာျဖစ္တာေၾကာင့္ စိုးရိမ္စိတ္ေတာ့ အမ်ားႀကီးမျဖစ္မိ
ယဥ္လဲ့ နဲ႕ သူ႕ရဲ႕ကြာရွင္းရျခင္း အဓိက အေၾကာင္းအရင္းမွာ လျပည့္ ေၾကာင့္ဆိုတာ ဘယ္သူ႕ကိုမွ ခ်မ္းအိမ္ အသိမေပးခ်င္
သာမန္ေပ်ာ္႐ႊင္မႈေလးေတြကို ခံစားတတ္ဖို႔ေတာင္ အခ်ိန္အၾကာႀကီး ယူခဲ့ရတဲ့ လျပည့္ေလးကို သူ႕အိမ္ေထာင္ေရးေၾကာင့္ စိတ္ဒဏ္ရာထပ္မေပးခ်င္တာလည္းပါသည္
ခ်မ္းအိမ္ လျပည့္ကိုေမြးစားလိုက္ကတည္း ကေလးယူဖို႔ အသည္းအသန္ႀကိဳးစားခဲ့တဲ့ ယဥ္လဲ့ဟာ ကေလးလုံးဝမရနိုင္တာသိသြားၿပီး သူမဘက္က ပိုင္ဆိုင္မႈေတြကို လျပည့္ တစ္ေယာက္တည္းဆက္ခံသြားမွာကို မလိုလားစိတ္ေၾကာင့္သာ ကြာရွင္းခဲ့ျခင္းပဲ ျဖစ္သည္
ေမတၱာငတ္ေနရွာတဲ့ ကေလးတစ္ေယာက္ကို ႏြေးေထြးေပးဖို႔ထက္ ႐ုပ္ဝတၳဳေတြကိုသာ ဦးစားေပးေ႐ြးခ်ယ္ခဲ့တဲ့ ယဥ္လဲ့ကို သူကိုယ်တ်ိုင်လည်း မႏွစ္ၿမိဳ႕နိုင္ခဲ့တာေၾကာင့္ ကြာရွင္းျပတ္စဲမႈဟာ အလြယ္တကူပဲျဖစ္သြားခဲ့သည္ မဟုတ္လား

"ဘယ္လိုပဲျဖစ္ျဖစ္ ငါေတာ့ ဒီအေျခအေနေလးကို ဆက္ထိန္းထားခ်င္တယ္ ခ်မ္း
မင္းလည္း အလ်င္စလို ဆုံးျဖတ္တာေတြမလုပ္ပါနဲ႕"

လင္းနဲ႕အတူ မိသားစုတစ္ခုဖန္တီးခ်င္တဲ့ သူ႕စိတ္ကူးအိပ္မက္ေတြကို တားဆီးပိတ္ပင္ဖို႔ႀကိဳးစားေနတဲ့ လင္း စကားကိုေတာ့ ခ်မ္းအိမ္ လက္မခံနိုင္စြာ

"ငါအခုလာခဲ့တဲ့ အေၾကာင္းအရင္းက မင္းကိုေ႐ြးခ်ယ္ခြင့္ႏွစ္ခုေပးဖို႔ပဲ လင္း
မင္းတို႔သားအဖ ငါနဲ႕လိုက္ေနမလား
ငါတို႔သားအဖ ဒီမွာ လာေနရမလား"

ကမူးရႈးထိုးဆန္တဲ့ ခ်မ္းအိမ္ စကားကို လင္း ေခါင္းရမ္းလိုက္မိေပမယ့္

"ဒါဆို လွိုင္းက ကိုကိုနဲ႕အတူတူေနရမွာေပါ့.ေပ်ာ္စရာႀကီးကြ.."

ဘယ္အခ်ိန္ကတည္းက ေခ်ာင္းနားေထာင္ေနမွန္းမသိတဲ့ လွိုင္းေလးက အားရဝမ္းသာ ဝင္ေျပာလာတာေၾကာင့္

"လွိုင္း...လူႀကီးေတြစကားေျပာရင္ ဝင္မပါရဘူးေလ"

လင္း ဟန့္လိုက္ေပမယ့္

"လွိုင္းအေၾကာင္းလည္း ပါတယ္ေလ ေဖေဖရဲ႕
ေဖေဖတစ္ေယာက္တည္း ေျပာလို႔မရဘူးေလ
လွိုင္းလည္း ေျပာသင့္တာေပါ့"

အ႐ြယ္နဲ႕မလိုက္ေအာင္ စကားတတ္လြန္းတဲ့ လွိုင္းေလးကို ခ်မ္းအိမ္ သေဘာက်စြာၾကည့္ေနမိၿပီး

"လျပည့္သာ လွိုင္းေလးနဲ႕ အတူတူေနရင္ ပိုၿပီးတက္ႂကြလာမွာေသခ်ာတယ္ လင္း"

သူလိုရာဘက္ကိုသာ အတင္းေတြဆြဲေျပာေနေတာ့သည့္ ခ်မ္းအိမ္ကို လင္း မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္ရင္း

"ငါေတာ့ မင္းအိမ္မွာ လိုက္မေနနိုင္ဘူး
ငါ့ဇာတိပဲ ငါေပ်ာ္တယ္"

ခြင့္ျပဳစကားကို မေက်မနပ္ဆိုလိုက္ေပမယ့္

"ဒါဆို လျပည့္ကို သြားေခၚရေတာ့မွာေပါ့"

ေက်နပ္ေနတဲ့လူကေတာ့ အစီအစဥ္အျပည့္နဲ႕

"ေဟး...ကိုကိုနဲ႕ အတူတူေနရေတာ့မယ္ကြ"

ဝမ္းသာအားရထေအာ္လိုက္တဲ့ လွိုင္းေလးေၾကာင့္လည္း

လူမိုက္က ခ်မ္းအိမ္ အေဖာ္က လွိုင္းဆိုတဲ့ ကိုယ့္ရဲ႕ သားဆိုးေလးပါလို႔သာ လင္းမွာ ေတြးမိတဲ့အထိ

-------------------------

"ဓာတ္ပုံႀကီးက ယူလာေသးတာလား"

ကားေနာက္ခန္းမွာထိုင္ၿပီး လျပည့္ရဲ႕ပုံကို ၾကည့္မဝျဖစ္ေနတဲ့ လွိုင္းေလးကို လင္း ေမးလိုက္မိေတာ့

"လွိုင္းက ကိုကို႔အၿပဳံးေလးကို ႀကိဳက္လို႔ပါေနာ္"

အေၾကာင္းျပခ်က္အသင့္နဲ႕ သားျဖစ္သူအေျဖစကားေၾကာင့္ လင္း ေခါင္းသာရမ္းမိေတာ့သည္

"သားႏွစ္ေယာက္လည္း ကိုယ္တို႔လိုျဖစ္ရင္ ေကာင္းမယ္ေနာ္ လင္း
မိသားစုေလး ဘယ္ေတာ့မွမခြဲရေတာ့ဘူး"

အျပင္မွာေတာင္ မျမင္ဖူးၾကေသးတဲ့ကေလးႏွစ္ေယာက္အေပၚ ေမွ်ာ္လင့္ခ်က္ႀကီးမားေနျပန္သည့္ ခ်မ္းအိမ္စကားေၾကာင့္ လင္း ပိုလို႔ပင္ ရယ္ခ်င္သြားရၿပီး

"လွိုင္းက အခုမွငါးႏွစ္ပဲရွိေသးတာေနာ္ ခ်မ္း"

ပင္ကိုယ္ဗီဇအရႏြဲ႕ႏြဲ႕ႏွောင္းႏွောင္းေလး ျဖစ္ေနေပမယ့္ ကေလးပီပီစိတ္ထင္ရာေျပာတတ္တာကို သတိျပဳမိေစခ်င္တာေၾကာင့္ ေျပာလိုက္မိေပမယ့္

"ငယ္ငယ္ကတည္းက သံေယာဇဥ္ရွိထားေတာ့ ပိုေကာင္းတာေပါ့
ကိုယ္တို႔လို အ႐ြယ္ေရာက္မွေတြ႕ရင္ စဥ္းစားခ်င့္ခ်ိန္ေနရတာနဲ႕ အခ်ိန္ကုန္တယ္မဟုတ္လား"

သူ႕အေတြးနဲ႕သူေတာ့ အေၾကာင္းျပခ်က္ခိုင္လုံေနတဲ့ ခ်မ္းအိမ္စကားကို လင္း ၿပိဳင္မျငင္းခ်င္ေတာ့တာေၾကာင့္

"ယဥ္လဲ့က ငါတို႔ မေရာက္ေသးခင္ေတာ့ ထြက္မသြားေလာက္ပါဘူးေနာ္"

လွိုင္းေက်ာင္းပိတ္တဲ့ရက္အထိ ေစာင့္ေနရေသးတာေၾကာင့္ ယဥ္လဲ့ေလယာဥ္ေပၚတက္မယ့္ရက္မွ ထြက္လာရတဲ့အျဖစ္ကို စိုးရိမ္စိတ္နဲ႕ လင္း ေျပာလိုက္မိေတာ့

"လျပည့္က တစ္ေယာက္တည္းလည္း ေကာင္းေကာင္းေနတတ္တဲ့အ႐ြယ္ေရာက္ေနပါၿပီ
ငါခရီးထြက္လာရတဲ့ အေၾကာင္းရင္းကို ေသခ်ာမေျပာျပခဲ့မိတဲ့အတြက္ပဲ စိတ္ထင့္ေနတာ
ေရာက္သြားမွ ေသခ်ာရွင္းျပရေတာ့မွာပဲ"

ေျပာရင္းနဲ႕ပင္ ကားကိုအရွိန္ျမႇင့္လိုက္တဲ့ ခ်မ္းအိမ္ရဲ႕ စိတ္ေလာေနမႈကို လင္း မတားျဖစ္ခဲ့
မိုး႐ြာဖို႔ အစပ်ိဳးေနတဲ့ လွ်ပ္ေရာင္နဲ႕ မိုးၿခိမ္းသံေတြၾကားမွာ ကားေလးက ဟိုင္းေဝးလမ္းမႀကီးေပၚ တရိပ္ရိပ္ေျပးေနဆဲ
ကံၾကမၼာဆိုးတို႔ ေရာက္ရွိမလာခင္အထိ

-------------------------

"ဦး.."

ေျပာဖို႔သင့္ မသင့္ ခ်ိန္ဆေနရသလို လွိုင္းရဲ႕ ေခၚသံက ေတြေဝမႈေတြနဲ႕

"ေျပာေလ..ကေလး"

ဦးရဲ႕ ဓာတ္ပုံကိုေတြ႕ၿပီးတာနဲ႕ အလုပ္ခန္းဆီကို အေျပးလာခဲ့မိေပမယ့္ ပကတိတည္ၿငိမ္ေအးခ်မ္းေနတဲ့ ဦး မ်က္ႏွာကိုေတြ႕လိုက္ရျပန္ေတာ့ ဆိုး႐ြားလြန္းတဲ့အျဖစ္အပ်က္ေတြကို ျပန္ေျပာျပဖို႔ရာ ႏႈတ္က ဆြံ႕အေနမိသည္
ဦးေမွ်ာ္ေနခဲ့တဲ့ ေမြးစားအေဖဟာ ဦးကို စြန့္ပစ္ခဲ့ျခင္းမဟုတ္တာကို ဦးသိသြားရင္ နာက်ည္းေနတဲ့စိတ္ေတြ သက္သာသြားမွာမွန္ေပမယ့္
ဦးဘဝမွာ ပထမဆုံးသံေယာဇဥ္ထားခဲ့မိတဲ့လူဟာ ဒီေလာကႀကီးထဲမွာ မရွိေတာ့ဘူးဆိုတဲ့အျဖစ္ကို ဦး ခံနိုင္ရည္ရွိပါ့မလားဆိုတာ လွိုင္း မသိနိုင္ေတာ့

"ဦးရဲ႕ ေမြးစားအေဖေလ... မရွိေတာ့တာေရာ မျဖစ္နိုင္ဘူးလား"

စမ္းတဝါးဝါးနဲ႕သာ စကားအစပ်ိဳးလိုက္မိေတာ့

"ဘယ္လို...မျဖစ္နိုင္တာကြာ"

လက္မခံနိုင္စြာ ျငင္းဆန္လိုက္တဲ့ ဦးမ်က္ႏွာက သိသိသာသာ ပ်က္ယြင္းသြားတာကို လွိုင္း ျမင္လိုက္ရေပမယ့္

"ဦးကိုထားခဲ့တာမဟုတ္ဘဲ ျပန္မလာနိုင္ေတာ့တာလည္း ျဖစ္နိုင္တယ္ေလ"

မျဖစ္မွန္ကိုသိရရင္ ျဖစ္လာနိုင္တဲ့ ဦးရဲ႕ခံစားခ်က္ကို မွန္းဆခ်င္စိတ္နဲ႕ ဆက္ေမးလိုက္မိေတာ့လည္း

"ကိုယ္တစ္ခါမွ အဲ့လိုမေတြးခဲ့ဖူးဘူး
ကိုယ့္ကိုထားခဲ့လို႔ နာက်ည္းမိတာမွန္ေပမယ့္
သူက ကိုယ့္အတြက္ ေကာင္းတဲ့အမွတ္တရေတြလည္း အမ်ားႀကီးထားခဲ့ေပးတာပဲ
အရမ္းမၾကာခဲ့ဘူးဆိုေပမယ့္ သူက ကိုယ့္ကိုေပ်ာ္႐ႊင္မႈေပးခဲ့တဲ့ တစ္ဦးတည္းေသာသူပဲေလ
သူ႕ကိုလည္း ေလာကႀကီးရဲ႕ တစ္ေနရာရာမွာ ေကာင္းေကာင္းမြန္မြန္နဲ႕ ရွင္သန္ေန ေစခ်င္တယ္
ၿပီးေတာ့ ကေလးေျပာသလိုလည္း မျဖစ္နိုင္ပါဘူး သူက က်န္းမာေရးသိပ္ေကာင္းတယ္ေလ..ဟား"

ႏွစ္ေတြၾကာျမင့္ခဲ့တာေတာင္ သူတန္ဖိုးထားခ်စ္ခင္ရတဲ့လူအေၾကာင္းကို အေသးစိတ္ကအစမွတ္မိေနသလို ေၾကကြဲမႈတစ္ဝက္ အၿပဳံးတစ္ဝက္နဲ႕ ေျပာလာေသာ ဦး မ်က္လုံးကအေငြ႕အသက္ေတြကို ေသခ်ာခံစားမိခ်ိန္မွာေတာ့ ေတြေဝေနတဲ့အေျဖကို ရသြားကာ လွိုင္း ႏႈတ္ဆိတ္သြားရေတာ့သည္
ကိုယ္ခ်စ္ရတဲ့လူကို အၿပီးတိုင္ဆုံးရႈံးလိုက္ရတာထက္ တေနရာရာမွာ ရွင္သန္ေနနိုင္ပါလားလို႔ ေတြးခြင့္ရတဲ့ ေမွ်ာ္လင့္ခ်က္ေလးက ဘယ္ေလာက္လွပလဲဆိုတာကို
အခ်စ္ရဆုံးလူကို ဆုံးရႈံးခဲ့ဖူးတဲ့ လွိုင္းက အသိဆုံးျဖစ္ေနေတာ့လည္း

ေျပာျပဖို႔မသင့္တဲ့ အမွန္တရားဆိုတာ ရွိနိုင္ပါ့မလားမသိေပမယ့္
ခံစားခ်က္ေတြပိုဆိုး႐ြားေစနိုင္တဲ့ အမွန္တရားမ်ိဳးကိုေတာ့ ဖြင့္ဟမေျပာျပခ်င္ေတာ့တာေၾကာင့္

--------------------------

မိုးရာသီရဲ႕ရွားရွားပါးပါးေနသာတဲ့ ညေနခင္းေလးမွာ ႏွစ္ေယာက္သား ၿခံထဲဆင္းထိုင္ျဖစ္ၿပီး

"ကေလး.ေဖေဖရဲ႕ ခ်စ္သူအေၾကာင္းကို ကေလးသိထားသေလာက္ ကိုယ့္ကိုေျပာျပေလ
အဲ့အမ်ိဳးသမီးရဲ႕ သားနာမည္ပါသိရင္
စုံစမ္းရတာ ပိုလြယ္တာေပါ့"

အမွတ္မထင္ ေျပာလာတဲ့ ဦးစကားက ၿမိဳသိပ္လွ်ို႔ဝွက္ထားတဲ့ လွိုင္းကို ေၾကာင္အသြားေစသည္

"အမ်ိဳးသမီး.. ဟုတ္လား"

"ဟုတ္တယ္ေလ.. ကေလး ေဖေဖရဲ႕ ခ်စ္သူကိုေျပာတာေလ
သူ႕သားအေၾကာင္း ကိုယ္စုံစမ္းေပးမယ္လို႔ ေျပာခဲ့သားပဲ
ဘာလဲ ကေလးက ကိုယ္ေမ့ေနတယ္ထင္လို႔လား"

သူ႕ယူဆခ်က္နဲ႕သူ ေကာက္ခ်က္ခ်ေျပာလာတဲ့ ဦးကို လွိုင္း စိတ္မသက္သာစြာ ၿပဳံးျပမိရင္း

"သူလည္း သူ႕ဘဝနဲ႕သူ တည္ၿငိမ္ေနေလာက္ေရာေပါ့
အခုခ်ိန္မွ လွိုင္းက လိုက္ရွာၿပီး သူ႕အေဖအေၾကာင္း သြားေျပာလို႔ အဆင္ေျပပါ့မလား"

"ဒါကေတာ့ အဲ့ဒီ့လူအေပၚမူတည္တာပဲေလ ကေလးရဲ႕
ကေလးပဲ အစ္ကိုတစ္ေယာက္ကိုဆုံးရႈံးခဲ့ရတယ္ဆို
အခုခ်ိန္မွေတြ႕ရရင္ အဆင္မေျပမွာစိုးလို႔လား"

လွိုင္းေျပာခဲ့ဖူးတဲ့ စကားေတြကို အမွတ္တရရွိေနတဲ့ ဦးေၾကာင့္

"အဲ့အေတြးက လွိုင္းရဲ႕ တစ္ဖက္သတ္အေတြးေလ
သူက လွိုင္းကို ေတြ႕ဖူးတာမွမဟုတ္တာ
လွိုင္းအေၾကာင္း သိေလာက္မွာမဟုတ္ဘူး ေနပါေစေတာ့"

ဆင္ေျခေပးေနမိရင္း ဦးကို အမွန္တိုင္း မေျပာျပျဖစ္တာကိုပါ ေနာင္တရေနမိသည္

"အဲ့အမ်ိဳးသမီးနာမည္နဲ႕ သူ႕သားနာမည္ေလာက္ေတာ့ ေျပာျပထားေလ
ကိုယ္စုံစမ္းၾကည့္လို႔ အဆင္ေျပေလာက္တဲ့ အေနအထားဆိုလည္း ကေလး သြားေတြ႕လို႔ရတာေပါ့"

လက္မေလ်ာ့တဲ့ ဦးစကားေၾကာင့္ လွိုင္းမွာ က်ဥ္းထဲက်ပ္ထဲေရာက္သြားရကာ

"ဟို..အဲ့အမ်ိဳးသမီး နာမည္က"

နာမည္အမွန္ေတြလည္း ေျပာမရတာေၾကာင့္ ထစ္အေနမိၿပီးမွ
ျဖာက်ေနတဲ့ ေနေရာင္ျခည္ေအာက္က ပန္းေတြကို ၾကည့္ကာ အႀကံရသြားၿပီး

"ေဒၚဝတ္ရည္တဲ့ သူ႕သားနာမည္က ေနေရာင္ပါ"

ေဖေဖ့ခ်စ္သူကို အမ်ိဳးသမီးတစ္ေယာက္သာ ျဖစ္လိမ့္မယ္လို႔ တပ္အပ္ယူဆထားတဲ့ ဦးကို
စိတ်ထဲပေါိလာတဲ့ နာမည္ေတြ ေျပာလိုက္မိရင္း ကိုယ့္လုပ္ရပ္ေၾကာင့္ ျဖစ္လာမယ့္အက်ိဳးဆက္ေတြကိုေတာ့ မေတြးခဲ့မိတာအမွန္ပင္

"ေနေရာင္..ဟုတ္လား
အဲ့နာမည္ကို ရင္းႏွီးေနသလိုပဲ
ကိုယ္သိတဲ့ထဲကမ်ားလား"

သားအမိႏွစ္ေယာက္လုံးရဲ႕နာမည္ေတြတစ္ထပ္တည္းက်ေအာင္ တိုက္ဆိုင္ဖို႔ဆိုတာေတာ့ မျဖစ္နိုင္တာေၾကာင့္ စဥ္းစဥ္းစားစားေျပာလာတဲ့ ဦးစကားကိုေတာ့ အမႈမဲ့အမွတ္မဲ့သာ ထားလိုက္မိသည္

-----------------------

ဟန္ေဆာင္မႈမရွိဘဲ အားရပါးရစားေနၾကတဲ့ ကေလးေတြကို ၾကည့္ၿပီး လွိုင္း ၾကည္ႏူးေနမိသည္
ဦးက သူေနခဲ့ဖူးတဲ့ မိဘမဲ့ ကေလးေဂဟာမွာ အဟာရလႉဒါန္းေနက်မိဳ႕ လွိုင္းပါအတူလိုက္လာျဖစ္ခဲ့သည္
အခုေတာ့ ကေလးေတြကိုျမင္ရၿပီး ဦးဆီကေက်နပ္ပီတိေတြက လွိုင္းဆီကိုပါ ကူးစက္လာရသည္

"ၾကည္ႏူးစရာပဲေနာ္.. ဦး"

"ဟုတ္တယ္ကေလးရဲ႕..ကိုယ္လည္း ဒီမွာပဲႀကီးပ်င္းလာခဲ့တာဆိုေတာ့
အၿမဲတမ္း လာလႉျဖစ္တယ္
ကိုယ့္ငယ္ဘဝကို ျပန္ျမင္ေနရသလိုပဲေလ ကေလးဘဝမွာ အပူပင္မဲ့ၾကတယ္ဆိုေပမယ့္ ဒီက ကေလးေတြကေတာ့မတူဘူး
သူတို႔ရင္ထဲမွာ ကြက္လပ္တစ္ခုက အၿမဲတမ္းရွိေနတယ္
သာမန္ကေလးေတြနဲ႕ မတူနိုင္တဲ့အခ်က္ေပါ့
အဲ့ကြက္လပ္ေၾကာင့္ အားငယ္မႈေတြဝင္မလာေအာင္ ေဖးကူေပးဖို႔ကေတာ့ ကိုယ္တို႔လို လူႀကီးေတြမွာ တာဝန္ရွိတယ္
ဒါေၾကာင့္လည္း ဒီေဂဟာကို ကိုယ္တတ္နိုင္သေလာက္ ပံ့ပိုးေနခဲ့တာ
ကိုယ့္မိသားစုကို ေထာက္ပံ့ေပးရသလို ခံစားခ်က္မ်ိဳးလည္း ရလို႔ေလ"

ၾကည္ႏူးစြာ ေျပာလာတဲ့ ဦးရဲ႕အၿပဳံးက ဓာတ္ပုံထဲမွာ ျမင္ခဲ့ရတဲ့ အၿပဳံးနဲ႕ တစ္ထပ္တည္းက်ေနတာေၾကာင့္ လွိုင္း ေငးၾကည့္ေနမိသည္

"ဦးသိုက္ ေမေမႀကီးရွာေနတယ္ရွင့္"

"အင္း..လာခဲ့မယ္လို႔ေျပာလိုက္ပါ
ကေလး...လိုက္ခဲ့မလား"

အနားကိုေရာက္လာၿပီး ေျပာလိုက္တဲ့ ကေလးမေလးစကားေၾကာင့္ ဦးက လွိုင္းကိုလွည့္ေမးလာတာေၾကာင့္

"မလိုက္ေတာ့ဘူး ဦး
လွိုင္း..ကူေပးခ်င္လို႔"

ကေလးေတြကို မုန့္နဲ႕အေအးလႉမယ့္ အျခားအလႉရွင္ ထပ္ေရာက္လာတာေၾကာင့္ လွိုင္းေျပာလိုက္ေတာ့

"အင္း..ဒါဆို ကိုယ္ သြားလိုက္အုံးမယ္"

ေဂဟာက ကေလးေတြ  ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ေခၚေသာ ေမေမႀကီးနဲ႕ ေတြ႕ဖို႔ သိုက္ထြက္လာခဲ့လိုက္သည္

---------------------------

"ကိုယ္တို႔အဖြဲ႕ကို ကူညီေပးလို႔ ...ေက်းဇူးပါကြာ
မင္းက..ဒီေဂဟာက ဝန္ထမ္းေတာ့ မဟုတ္ဘူးထင္တယ္"

"မဟုတ္ပါဘူး.. လွိုင္းက အလႉရွင္တစ္ေယာက္နဲ႕လိုက္လာတာပါ"

မုန့္နဲ႕အေအးလာလႉတဲ့ အလႉရွင္က လွိူင္းကို ေက်းဇူးတင္စကားေျပာရင္း ေမးလာတာေၾကာင့္ ျပန္ေျဖလိုက္ေတာ့

"လွိူင္းတဲ့လား...ကိုယ့္နာမည္က ေနေရာင္ပါ"

လက္ဆန့္တန္းေပးကာ မိတ္ဆက္လာတဲ့ တဖက္လူ စကားေၾကာင့္ လွိုင္း မင္သက္ေနခ်ိန္မွာပဲ

"ေနေရာင္လည္း ေရာက္ေနတာပဲ ကိုယ္ခုနက မျမင္မိပါဘူး"

ရင္းရင္းႏွီးႏွီးေျပာၿပီး လွိုင္းတို႔အနားေရာက္လာေသာ ဦးေၾကာင့္ လွိုင္းမွာ ေျပာစရာစကားပင္ မရွိေတာ့
တိုက္ဆိုင္မႈရွိခဲ့ရင္ေတာင္ ဒီေလာက္ျမန္ျမန္ဆန္ဆန္ႀကီးေတာ့ မျဖစ္သင့္ဘူးမဟုတ္လား

သူ႕ႏႈတ္ဆက္မႈကို အသိအမွတ္မျပဳဘဲ ကိုသိုက္နားသြားရပ္ေနသည့္ မ်က္လုံးဝိုင္းနဲ႕ ေကာင္ေလးကို ေနေရာင္ သေဘာက်စြာ ၾကည့္ေနမိၿပီး

" ကိုသိုက္ ညီေလးလား
ကြၽန္ေတာ္နဲ႕လည္း မိတ္ဆက္ေပးအုံးေလ"

----------------------
ဘေလာ့ဖ္(blove)
10.8.23/7:57pm

to part 8

















Continue Reading

You'll Also Like

4.1M 261K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
818K 68.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
530K 29K 48
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
3.1M 68.9K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...