အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

By authorblove14

854 24 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... More

part (1)
part (2)
part (3)
part (4)
part (5)
part (7)
part (8)
part (9)
part (10)

part (6)

61 2 0
By authorblove14

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (6)
----------------unicode/zawgyi

အမျိုးတွေအိမ်မှာမတည်းဖြစ်ဘဲ ဦး သက်တောင့်သက်သာဖြစ်အောင် ဟိုတယ်မှာပဲ တည်းဖို့စီစဉ်ဖြစ်တော့

"နှစ်ယောက်ခန်းပဲ ယူထားတယ်နော်ကလေး"

reception ကနေ အခန်းသော့ ယူလာတဲ့ဦးက living-room ထဲ ထိုင်စောင့်နေတဲ့ လှိုင်းကို ပြုံးစစပြောလာတာကြောင့်

"ကုတင်နှစ်လုံးပါရင် ပြီးတာပဲလေ"

လှိုင်း ဂရုမစိုက်သလို ရွဲ့ကပ်ကပ်ပြန်ပြောမိတော့

"ကိုယ်က အဲ့လောက် မိုက်ပါ့မလား"

လှိုင်းပခုံးကို ဖက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလာတဲ့ ဦးကြောင့် လှိုင်း ကိုယ်လုံးလေး ကျုံ့သွားမိပြီး

"လူတွေနဲ့လေ.. ဦး"

သတိပေးသလို ပြောလိုက်ပေမယ့်

"အဲ့တော့ဘာဖြစ်လဲ"

မသိချင်ယောင်ဆောင်ပြီးပြန်မေးလာတဲ့ ဦးပုံစံက ရယ်ဟဟနဲ့

"ဘာဖြစ်နေမှန်းကို မသိဘူး"

လှိုင်း မျက်စောင်းရွယ်မိပေမယ့် ပြန်လည်းမရုန်းဖြစ်တော့

----------------------------

"ဦး ရေ အရင်ချိုးမလား"

ကားမောင်းထားရတာကြောင့် ပင်ပန်းနေမလားရယ်လို့ ဦးစားပေး မေးမိပေမယ့်

"အတူတူချိုးမယ်လေ"

မျက်နှာပိုးမသေဘဲ ပြန်ပြောလာတဲ့ ဦးကြောင့်

"စိတ်တောင်မကူးနဲ့"

လှိုင်း မျက်စောင်းတွေသာ ရွယ်နေမိတော့

"အိမ်မှာတုန်းက... ဒီလိုပုံစံမဟုတ်ပါဘူး"

လှိုင်းကို ဆက်တိုက် စနောက်ဖို့ ကြံရွယ်ထားတဲ့ ဦးပုံစံက လွတ်လပ်ပေါ့ပါးနေပုံရတာကြောင့်

"နောက်ဆို... ခရီး ခဏခဏထွက်ရမယ်"

အဝတ်တွေထုတ်ယူနေရင်း လှိုင်းပြောလိုက်တော့

"တစ်ခန်းထဲ ခဏခဏနေချင်လို့လား"

"ဦး..."

စကားအတည်အတန့်ပြောမရတဲ့ ဦးကို လှိုင်း ခပ်ဆတ်ဆတ်ခေါ်လိုက်တော့

"ဗျာ"

လှိုင်းအနောက်က သိုင်းဖက်လာပြီး ထူးလိုက်တဲ့ ဦးကို ငဲ့ကြည့်မိရင်း

"ပျော်နေတာလား"

"အင်း..:
ကလေးနဲ့ ပထမဆုံးအတူခရီးထွက်ဖြစ်တာလေကွာ
ပျော်တာပေါ့"

လှိုင်းပခုံးပေါ်ခေါင်းဝှေ့ရင်းပြောလိုက်တဲ့ဦးကြောင့် လှိုင်း သဘောကျစွာ ပြုံးမိပြီး

"နောက်ဆို..ခရီး ခဏခဏထွက်မှပဲ"

ပြောပြီးသားစကားကိုသာ လှိုင်း ထပ်ပြောလိုက်တော့

"ရေနောက်မှချိုးရအောင်."

ပြောပြောဆိုဆို လှိုင်းကို ပွေ့ချီ လိုက်တာကြောင့်

"အာ..ဘာလုပ်မလို့လဲ
ဦးမချိုးလည်း...လှိုင်း ချိုးမှာလို့"

မျက်လုံးပြူးလေးနဲ့ ပြန်အော်နေတဲ့ ကလေးကို ကုတင်ပေါ်ချပေးလိုက်ကာ သိုက် ကိုယ်တိုင်လည်းဝင်လှဲလိုက်ပြီး

"ဒီတိုင်းလေး..ခဏနားချင်လို့ပါ"

လှိုင်းကို ဖက်ထားကာ မျက်လုံးတွေမှိတ်လိုက်တဲ့ ဦးပုံစံကြောင့် ပင်ပန်းနေတာဖြစ်မယ်လို့ တွေးမိပြီး ငြိမ်ငြိမ်လေးနေပေးမိရင်း အတူတူအိပ်ပျော်သွားကြတော့သည်

--------------------------

"ဦး..သုံးနာရီထိုးပြီးပြီ"

နား နားကပ်ကာ တိုးတိုးလေးနှိုးနေတာကို သိပေမယ့် သိုက် မျက်လုံးဖွင့်မကြည့်ဘဲ

"အာ"

နှုတ်ခမ်းကို လက်နဲ့ထိပြပြီး နမ်းခိုင်းနေသော ဦးကြောင့် လှိုင်း ရှက်သွားမိပေမယ့်
မငြင်းရက်နိုင်စွာ ဦးနှုတ်ခမ်းပေါ် ဖွဖွလေး အနမ်းပေးလိုက်တော့

"ချိုလိုက်တာကွာ"

မျက်လုံးဖွင့်ကြည့်လာပြီး လှိုင်းတစ်ကိုယ်လုံးကို သိုင်းဖက်လာပြန်တာကြောင့်

"ထတော့လေ..ပြောတော့ လျှောက်လည်ချင်တယ်ဆို"

မလာခင်ကတည်းက လှိူင်းတို့မြို့မှာ လျှောက်လည်ကြဖို့ အစီစဉ်ချထားခဲ့ပြီး ဖေဖေ့နှစ်ပတ်လည်မတိုင်ခင် တစ်ရက်ကြိုလာခဲ့ပေမယ့် တနေကုန်အိပ်နေတဲ့ ဦးကို အိပ်ယာထဖို့ပြောလိုက်တော့မှ

"ကလေးက.. ရေတောင်ချိုးပြီးပြီလား"

"အင်းပေါ့...ဦး အိပ်ရေးမဝမှာစိုးလို့ မနှိုးသေးဘဲ
အရင်ချိုးလိုက်တာ"

"ဒါဆို..ခနစောင့်နော်"

လန်းဆန်းနေပြီဖြစ်တဲ့ ကလေးကို ပြောပြီး သိုက်လည်း မြန်မြန်ဆန်ဆန် ရေချိုးဖို့ပြင်လိုက်ရသည်

အိမ်ထဲမှာပဲ အမြဲနေရသည့် နှစ်ယောက်သားအတွက် ဒီခရီးကတော့ ပထမဆုံးဒိတ်လည်း ဖြစ်သည်မဟုတ်လား

----------------------------

ဘုရားတွေစုံအောင်ဖူးပြီး လည်ပတ်စားသောက်ရင်း အချိန်က အကုန်မြန်လွန်းခဲ့သည်
မြို့ရဲ့အထင်ကရဖြစ်တဲ့ ရေကန်ကြီးဆီ ရောက်တဲ့အချိန်မှာတော့ ညရှစ်နာရီထိုးခါနီပင်ရှိပြီ
နှစ်ယောက်သား ငါးစာအတူကျွေးကြပြီး ကန်ဘောင်ဘေးက ခုံတန်းလေးမှာ ထိုင်နေကြရင်း

"ဟပ်..ဟပ်ချိုး"

"ဦး..ဖျားတော့မယ်ထင်တယ်"

ညနေစာ စားချိန်ကတည်းက နှာတချေချေဖြစ်နေသည့် ဦးနှဖူးကိုစမ်းပြီး လှိုင်း ပြောလိုက်တော့

"ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး"

"ကိုယ်ကနွေးနေပြီ...ပြန်ကြရအောင်"

ဘာမှမဖြစ်ဘူးပြောနေပေမယ့် မျက်နှာတွေရဲပြီး မျက်တောင်လေးတွေတောင် စင်းကျနေတဲ့ဦးကို ပြန်ဖို့ပြောလိုက်ပေမယ့်

"ခနလေးပဲ ထပ်နေရအောင်"

ထရပ်လိုက်တဲ့ လှိုင်းလက်ကိုဆွဲထားပြီး တောင်းဆိုနေပြန်တာကြောင့်

"တကယ်ခနပဲနော်"

လှိုင်း ကန့်သတ်ချက်ပေးပြီး ပြန်ထိုင်လိုက်ရသည်

"ဦးက.. ရေတွေကို သဘောကျတာလား"

မိုးရေစက်တွေကို သဘောကျတယ်လို့ပြောခဲ့ဖူးတဲ့ ဦးစကားကြောင့် လှိုင်း မေးလိုက်မိတော့

"သဘောကျတယ်ဆိုတာထက်
ကိုယ့်စိတ်ကို အေးချမ်းမှုပေးလို့ပါ
ကိုယ်က သံယောဇဉ်ဆိုတဲ့အရာကိုဆာလောင်ပြီး တစ်သက်လုံး ပူလောင်ခဲ့ရလို့ထင်တယ်
တည်ငြိမ်အေးချမ်းတဲ့ အငွေ့အသက်တွေကို
တခြားလူတွေထက် ပိုတောင့်တမိပုံပဲ"

ကန်ရေပြင်ထက်က တဖျပ်ဖျပ်လက်နေတဲ့  လှိုင်းကြက်ခွပ်တွေကိုငေးပြီးပြောနေတဲ့ ဦးမျက်နှာက တကယ်ပဲ တည်ငြိမ်အေးချမ်းနေတာကြောင့်

"လှိုင်းလည်း ဦးကို အေးချမ်းမှုပေးနိူင်တဲ့ လူမျိုးဖြစ်ချင်တယ်"

ပခုံကိုမှီပြီး ပြောလာတဲ့ ကလေးစကားကြောင့် သိုက် နှစ်နှစ်ကာကာ ပြုံးလိုက်မိပြီး

"ကလေးက ကိုယ့်အတွက် အဲ့လိုလူဖြစ်ပြီးသားပါ"

"တကယ်လား..ဦး"

သူ့မျက်နှာကိုမော့ကြည့်ပြီး ဝမ်းသာအားရမေးနေပုံလေးကြောင့် သိုက် ခေါင်းညိတ်ပြမိရင်း

"ကလေးကို စတွေ့ကတည်းက အဲ့လိုခံစားခဲ့ရတာပဲ
အဲ့ဒါကြောင့်လည်း ကိုယ့်ဘဝမှာ ဘယ်သူ့ကိုမှမပြောပြဖူးတဲ့အကြောင်းအရာတွေကိုတောင် ကလေးကိုပြောပြဖြစ်ခဲ့တာလေ
ကလေးက ကိုယ့်အတွက် ထူးခြားတဲ့လူပါ"

တကယ်တမ်း ကလေးနဲ့သူနဲ့ ဆုံတွေ့ခဲ့တဲ့အချိန်ကာလက တိုတောင်းသေးပေမယ့် အနက်ရှိုင်းဆုံး ယုံကြည်စွာငြိတွယ်နေမိတဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင်သိနေတာကြောင့် သိုက် ရဲဝံ့စွာ ပြောလိုက်မိတော့

"ဦးရဲ့စိတ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘယ်တော့မှနောင်တ မရစေရပါဘူး
လှိုင်းက ဦးကို ဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိပေးတယ်"

မတောင်းတဲ့ကတိကိုပေးမိရင်း တည်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေတဲ့အဖြစ်က ဦးကိုချစ်မိတဲ့ အချစ်တွေကြောင့်သာဖြစ်ပြီး

လှိုင်းကြက်ခွပ်လိုတောက်ပတဲ့ မျက်လုံးလေးတွေနဲ့ ကတိပေးနေပြန်သည့် ဒီကလေးလေးကို ကြွေဆင်း သွားရတဲ့ အခိုက်အတန့်မှာ အနမ်းတွေသာ ခြွေချမိရင်း

သူရယ်...ကိုယ်ရယ်...ကန်ရေပြင်ရယ်....အနမ်းတွေရယ်သာ ရှိတော့သလို

-------------------------------

"ဦးကိုမထားခဲ့ချင်ဘူး"

"ကလေးဒီကိုလာရတဲ့အကြောင်းအရင်းက
ကလေး ဖေဖေနဲ့တွေ့ဖို့လေကွာ
ကိုယ့်ကို စိတ်မချဖြစ်မနေပဲ သွားလိုက်ပါ
မဟုတ်ရင် ကိုယ်လည်းစိတ်မကောင်းဖြစ်နေရမှာ"

သူ့အဖေအုတ်ဂူဆီသွားရမယ့် ကလေးခမျာ ဖျားနေပြီဖြစ်တဲ့ သိုက်ကိုလည်း စိတ်မချနိုင်ဘဲ နောက်ဆံတင်းနေတာကြောင့် သွားဖြစ်အောင်သွားဖို့ သိုက် တိုက်တွန်းလိုက်မှသာ

"အင်းပါ...ဒါဆို နေ့လည်ဆေးကို သေချာသောက်နော်
ဦးနေ့လည်စာစားဖို့လည်း ကြိုမှာပေးခဲ့မယ်
အဖျားမကျမချင်း အပြင်လုံးဝမထွက်ရဘူး သိတယ်မဟုတ်လား"

တတွတ်တွတ်မှာထားခဲ့ပြီး သိုက်နှဖူးကိုနမ်းကာ

"မြန်မြန်ပြန်လာခဲ့မယ်"

ကလေး‌တစ်ယောက်လိုနှုတ်ဆက်နေပြန်တာကြောင့် ရင်ထဲနွေးသွားရပြီး

"ကိုယ်လည်း လိုက်နိုင်ရင်ကောင်းမှာကွာ."

ဒီအထိရောက်လာခဲ့ပြီးမှ ကလေးရဲ့ဖေဖေကို နှုတ်မဆက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရပြောလိုက်မိတော့

"စိတ်မကောင်းမဖြစ်ပါနဲ့ နောက်လည်းလာဖြစ်နေမှာပဲ အဲ့ကျတွေ့ရမှာပေါ့"

သူ့စိတ်ကိုနားလည်စွာ နှစ်သိပ်နေပြန်သည့်ကလေးကို

"အင်းပါ...ကလေးသွားတော့လေ... နောက်ကျနေမယ်"

"ဟုတ်...လှိုင်းမှာခဲ့တာတွေမေ့မနေနဲ့နော်"

စိတ်မချသလို ထပ်မှာနေပြန်သည့် ကလေးကို ခေါင်းညိတ်ပြမိပြီး
ကလေးထွက်သွားပြီးချင်းမှာပဲ အခန်းထဲတစ်ယောက်တည်း ကျန်ရစ်နေရတာကို အသားမကျစွာ လွမ်းနေမိတဲ့အဖြစ်က ပိုပဲပိုနေသလို
တကယ်ဆို ကလေးနဲ့အတူတူလိုက်သွားဖို့ တွေးထားခဲ့ပေမယ့် ဖျားနေသည့်ခန္ဓာကိုယ်ကြောင့် ဘာမှမတတ်နိုင်တော့

ချစ်မိပြီဆိုမှတော့
ကြားလေတိုးလည်း
ဝေးတယ်ထင်ပြီး
စက္ကန့်ခြားတောင်
လွမ်းနေရတဲ့အဖြစ်ကို
မချစ်ဖူးသူတွေ လှောင်ကြစမ်းပါစေ

-------------------------------
ကိုယ်တိုင်ဆေးအသစ်သုတ်ထားပေးသော ယှဉ်လျှက်ရှိတဲ့ အုတ်ဂူနှစ်လုံးရှေ့မှာ လှိုင်း ရပ်နေပြီး

"ဦးရဲ့သားကို မေ့ထားခဲ့မိလို့ လှိုင်းတောင်းပန်ပါတယ်"

ဦးချမ်းအိမ် ဆိုတဲ့အမည်နာမကို ငေးစိုက်ကြည်းရင်း တောင်းပန်မိသည်

"လှိုင်းကလေ လှိုင်းဘဝထဲကနေ ဖေဖေထွက်သွားတာကို ပြန်မတွေးချင်တာနဲ့ပဲ အရာအားလုံးကို မေ့ဖျောက်ပြီးတောင့်ခံဖို့ကြိုးစားခဲ့မိတာ
အဲ့အချိန်ကအဖြစ်အပျက် အကြောင်းအရာအားလုံးကိုလည်း ခေါင်းထဲဝင်မလာအောင် လှိုင်းကိုယ်တိုင်ပဲမောင်းထုတ်နေခဲ့တာပါ
ဒါပေမယ့် လှိုင်းလိုမျိုး နာကျင်နေမယ့် လူတစ်ယောက်ရှိနေတာကို မေ့ထားခဲ့မိတယ်"

ဆက်ပြောလိုက်မိတဲ့ လှိုင်းစကားတွေက နောင်တတွေနဲ့

"ဦးရဲ့သားက လှိုင်းထက်ပိုပြီး ခံစားနေရမယ်ထင်တယ်
လှိုင်း ကိုယ်ချင်းမစာတတ်ခဲ့ဘူး တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်
ဒါပေမယ့် အခုလှိုင်းဘေးမှာရှိနေတဲ့လူက လှိုင်းကို အားလုံးမြင်နိုင်အောင် ပြပေးခဲ့တယ်
သူ့ကြောင့် လှိုင်းက ကိုယ့်လိုပဲနာကျင်နေတဲ့လူတွေ ဒီကမ်ဘာပေါိမှာ ရှိနေသေးတာပါလားလို့ တွေးတတ်လာတယ်
နာကျင်နေရရင်တောင် တခြားတစ်ဖက်ရဲ့ခံစားချက်ကိုလည်း ထည့်စဉ်းစားပေးသင့်တာကို နားလည်လာရတယ်
အဲ့ဒီ့လူအကြောင်းကိုတော့ ဖေဖေ့ကိုလည်း ပြောပြရမယ်ထင်တယ်
တချိန်ချိန်မှာ အဲ့ဒီ့လူက ဖေဖေ့သမက်ဖြစ်လာနိုင်လို့လေ"

စကားတွေအများကြီးပြောဖြစ်ပြီး မျက်ရည်တွေနဲ့ပင် လှိုင်း ပြုံးနေမိကာ

"အဲ့ဒီ့လူက သူကိုယ်တိုင်နာကျင်မှုတွေကြားမှာရှင်သန်နေရပေမယ့် လှိုင်းကိုတော့ ဂရုစိုက်ပေးတယ်
အရင်က မလုပ်ဖူးတာတွေလည်း လှိုင်းရှေ့မှာလုပ်နေတတ်တယ်
ဖေဖေပြောခဲ့ဖူးတယ်မဟုတ်လား
ဖေဖေ ဦးကိုချစ်တယ်ဆိုတာ ဘယ်လိုသိလဲလို့ လှိုင်းမေးတုန်းကလေ
ဖေဖေက ဦးနဲ့ဆို တခြားလူတွေကိုမပြောပြဖူးတဲ့စကားတွေလည်း ပြောပြဖြစ်ပြီး တစ်ခါမှမလုပ်ဖူးတဲ့ ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုတောင် ထုတ်ပြမိတယ်ဆို
အဲ့ဒီလူလည်း အဲ့လိုပဲလေ ဒါကြောင့် ဖေဖေသဘောတူပေးမယ် မဟုတ်လား"

ချစ်ရတဲ့လူအကြောင်း ပြောပြမိရင်း ဖေဖေကြည်ဖြူပေးကိုဖို့လည်း အယူခံဝင်မိသေးသည်
ဖေဖေဟာ လှိုင်းနှလုံးသားထဲမှာတော့ ရှင်သန်နေဆဲပဲမို့

ငါတို့ချစ်ရတဲ့လူတွေရဲ့ မမေ့လျော့တတ်တဲ့အသိဉာဏ်နဲ့ လွမ်းဆွတ်တမ်းတဆဲနှလုံးသားထဲမှာ ရှာဖွေပါကြည့်ပါ....ထာဝရရှင်သန်မှုဆိုတာ တကယ်ရှိတယ်....

-----------------------------
အိပ်ပျော်နေတဲ့ ဦးမျက်နှာကို ကြည့်နေမိရင်း ဘဝမှာရရှိဖူးတဲ့ အရာအားလုံးကို ကျေနပ်စွာ လက်ခံပေးလိုက်ဖို့ လှိုင်း စဉ်းစားမိသည်
နာကျင်ရတဲ့အဖြစ်အပျက်တွေရဲ့ရှေ့မှာ ပျော်ရွှင်ဖူးတဲ့အမှတ်တရတွေလည်း ရှိခဲ့ဖူးသည်ပဲ
နာကျင်မှုတွေကိုပဲ ရွေးချယ်ခံစားနေသရွေ့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်းဆုလာဘ်တွေကို ဆုံးရှုံးနိုင်တာသိနေခဲ့ပြီဆိုတော့
ငိုစရာရှိချိန်ငိုလိုက်ပြီး ပျော်ရွှင်စရာအမှတ်တရတွေကိုတော့ တစ်သက်လုံးတန်ဖိုးထားသိမ်းဆည်းရင်းသာ လူ့ဘဝဆိုတာကြီးကို ဖြတ်သန်းပစ်ဖို့ အားအင်တွေနဲ့

"ကလေး..ပြန်လာပြီလား"

"ဟုတ်"

နိုးနိုးချင်းမြင်လိုက်ရတဲ့ မျက်နှာလေးက ကြည်လင်တဲ့အပြုံးတွေနဲ့မို့

"အိပ်နေတဲ့လူကိုကြည့်ပြီး...ဘာတွေတွေးနေတာလဲကွာ...အပြုံးက"

ကလေးပါးလေးကိုညှစ်ဆွဲပြီး သိုက်မေးလိုက်မိတော့

"ဒီတစ်ခေါက် ဖေဖေတို့ကိုတွေ့ပြီးပြန်လာရတာ..စိတ်ပေါ့ပါးနေလို့ပါ"

"ဒါဆိုတော်ပါသေးတယ်..ကိုယ်က ကလေးတစ်ယောက်တည်း ငိုနေမှာကိုတွေးပြီးစိတ်ပူနေခဲ့တာ"

သိုက် ထထိုင်ကာ ကလေးကို ဖက်ထားပြီးပြောမိသည်
တကယ်လည်း ဆေးအရှိန်ကြောင့်သာ အိပ်ပျော်သွားခဲ့ပေမယ့်
အိပ်မပျော်ခင်အချိန်ထိ စိုးရိမ်စွာတွေးနေမိသည်က ကလေးတစ်ယောင်တည်း ငိုနေမှာလားလို့သာ
အခုလို ကြည်ကြည်လင်လင်လေးမြင်လိုက်ရမှ ရင်ထဲကအပူလုံးက ငြိမ်းသွားရသည်ပဲ

"အရင်ကလိုစိတ်နဲ့ဆို..ဦးပြောသလို ငိုနေမိမှာအမှန်ပဲ...
အခုတော့ လှိုင်းလေ ခံစားချက်တွေကို အလကားမဖြုန်းတီးသင့်မှန်း သေချာနားလည်လာတယ်
ဖေဖေ့ကိုဆုံးရှုံးရလို့ နာကျင်ရတာမှန်ပေမယ့် ဖေဖေနဲ့ပက်သက်ပြီးပျော်ခဲ့ရတဲ့ အမှတ်ရစရာတွေလည်း အများကြီးရှိတယ်လေ
နောက်ဆို ဖေဖေ့ကိုလွမ်းတိုင်း မကောင်းတဲ့အဖြစ်အပျက်ထက် ပျော်စရာအမှတ်တရတွေကိုပဲ ပြန်တွေးနိုင်အောင်ကြိုးစားမယ်
အဲ့လိုဆို ဖေဖေလည်း ပိုကျေနပ်မှာသေချာတယ်"

ပြုံးပြီးပြောလာတဲ့ကလေးကိုကြည့်ရင်း သိုက် ခေါင်းညိတ်ထောက်ခံမိကာ

"ကလေးက အများကြီးရင့်ကျက်ပါတယ်
ဒီ့ထက်ပိုပြီး ကောင်းကောင်းဖြတ်သန်းနိုင်မယ်လို့ ကိုယ်ယုံတယ်"

ယုံကြည်စွာ ပြောလိုက်မိပေမယ့်

"ဒါတွေအားလုံးက ဦးကြောင့်ပါ
ဦးကြောင့်သာ လှိုင်းက ကောင်းကောင်းတွေးတတ်လာတာ"

ကလေးပြန်ပြောလာတဲ့ စကားကိုတော့ အံ့ဩနေမိရင်း

"ကိုယ့်ကြောင့်လား"

"ဟုတ်တယ်..ဦးက လှိုင်းတွေးမကြည့်ပေးဖူးတဲ့ တခြားတစ်ဖက်ပဲ
ဦးသိမှာပါ လူတိုင်းက ကိုယ့်နာကျင်မှုကိုပဲ အရေးပါဆုံးလို့ တွေးကြတယ်လေ
လှိုင်းလည်းအဲ့လိုပဲ ငါမှကံအဆိုးဆုံး ငါကအနာကျင်ရဆုံး ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ သနားစရာထင်ခဲ့မိတာ
ဦးကိုတွေ့တော့ လှိုင်းအတွေးတွေက မှားနေတာကို မြင်လိုက်ရတယ်
လှိုင်းလိုပဲ နာကျင်နေရတဲ့လူတွေ အများကြီးရှိနေနိုင်တာကိုတွေးမိပြီး
ပျော်ရွှင်မှုတွေကို ဘဝထဲဝင်ခွင့်မပေးတာကလည်း အမှားတစ်ခုပဲလို့မြင်လာရတယ်လေ
ကိုယ့်ကိုယ်ကိုယ် ထက် ဘေးကကြည့်တဲ့လူက ပိုမြင်သာတယ်ဆိုတာမျိုးပေါ့
လှိုင်းကိုယ်လှိုင်းအမှန်တိုင်းမမြင်နိုင်ပေမယ့်
ဦးကိုတော့ မြင်နိုင်တယ်လေ"

"ကိုယ်က ကလေးအမြင်မှာ သနားစရာကောင်းနေတာလား"

လှိုင်းစကားအဆုံးမှာ မေးလာသော ဦးပုံစံက ဝေခွဲမရဟန်နဲ့မို့

"နာကျင်မှုအနည်းနဲ့အများရှိကြတဲ့ လူတွေအားလုံးထဲမှာ ဦးကိုမှမြင်နိုင်ခဲ့တာက သနားစိတ်သက်သက်ကြောင့်မဟုတ်ပါဘူး
ဦးက လှိုင်းချစ်ရတဲ့လူဖြစ်နေလို့လေ"

သူ့မျက်နှာကို မော့ငေးရင်းပြောလာတဲ့ ကလေးရဲ့ စကားက ဝန်ခံမှုတစ်ခုဖြစ်နေတာကို ကလေးကိုယ်တိုင် သတိထားမိရဲ့လားမသိပေမယ့် သိုက်အတွက်တော့ ရင်ခုန်သံတွေက အမြင့်ဆုံးမြန်နှုန်းနဲ့

"ကိုယ်လည်း..ကလေးကို... သိပ်ချစ်တယ်"

ပြန်လည်ဝန်ခံမိခြင်းက အဆုံးသတ်မဲ့တဲ့ အနမ်းတွေနဲ့အတူ
အဲ့ဒီ့နောက်မှာတော့ ဖျားနာခြင်းတွေက အရှက်သည်းစွာ ပြေးထွက်သွားရတဲ့အထိ

---------------------

အပြန်လမ်းတစ်လျှောက် စိတ်ပေါ့ပါးနေပုံရတဲ့ကလေးကို အရိပ်တကြည့်ကြည့် လုပ်နေမိတာက သိုက်ပဲဖြစ်သည်
ကလေးဖေဖေ အက်စီးဒန့်ဖြစ်ခဲ့တဲ့နေရာကို ကျော်လွန်လာခဲ့တာတောင် အမူအရာမပျက်သော ကလေးကြောင့်

"တကယ်အဆင်ပြေသွားပုံပဲ"

စိတ်ထဲကသာ မှတ်ချက်ပြုမိပြီး ကလေးလက်တစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်တော့

"အန္တရာယ်များတယ်..ကားကို ဂရုစိုက်မောင်းပါ"

သိုက်လက်ကို steering wheelပေါ်ပြန်တင်ပေးနေပြန်တာမို့ ငြိမ်နေလိုက်ရပေမယ့်

"ဂျိမ်း"

ရုတ်တရက်မြည်ဟီးလိုက်သော မိုးခြိမ်းသံနဲ့အတူ လျှပ်စီးကြောင်းကြီးက ကားရှေ့ဖြတ်ပြေးသွားသလိုပင်

"ကလေး"

အလန်းတကြား ခေါင်းငုံ့ချလိုက်တဲ့ ကလေးကြောင့် သိုက် ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး

"ကိုယ်ရှိတယ်...ဘာမှမဖြစ်ဘူး"

ကလေးကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ နှစ်သိပ်ပေးနေမိသည်

"အဟင့်.ဟင့်"

တအိအိငိုနေတဲ့ ကလေးရဲ့ စီးကျလာတဲ့မျက်ရည်တွေက သိုက် ရင်ဘတ်ပေါ် ရွှဲနစ်လျှက်

ကလေး ဘယ်လိုပဲ ဟန်ဆောင်မာန်တင်းထားပါစေ သိုက် သိသည်ပေါ့
အမြစ်တွယ်နေတဲ့ အနာဆိုတာ ခနတွင်းချင်းပျောက်နိုင်တဲ့အရာမှမဟုတ်ဘဲ
အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ဘယ်လိုပဲလက်ခံနိုင်ပါစေ
နာကျင်မှုကတော့ သီးခြားတစ်ဖက်မှာကျန်ရစ်နေတဲ့အရာဆိုတာ
သိုက်လိုလူက မသိဘဲနေပါ့မလား

အနာသိရင် ဆေးရှိတယ်ဆိုတဲ့စကားဟာ
နှလုံးသားထဲက ဒဏ်ရာအတွက်မှ မဟုတ်တာ

------------------------

ဦးအခန်းကို ရှင်းပေးနေရင်း အံဆွဲထဲက ပိစိပေါက်စ ဓာတ်ပုံသေးသေးလေးတွေတွေ့တော့ တစ်ပုံချင်း သေချာကြည့်နေမိသည်

"ဆူပုတ်ပုတ်လေး"

ဦးလူပျိုပေါက်တုန်းက သူငယ်ချင်းတွေနဲ့စုရိုက်ထားတဲ့ ပုံကိုကြည့်ပြီး လှိုင်း သဘောကျနေမိသည်
ခြောက်ယောက်စုရိုက်ထားတဲ့ပုံမှာ မှုန်ကုပ်ကုပ်လေးနဲ့တစ်ယောက်က ဦးဆိုတာ သေချာသိနေပေမယ့်
အခုလက်ရှိပုံစံနဲ့တော့ အတော်လေးကွာခြားသည်ပင်
မပြောင်းလဲတာဆို၍ ထူထူခဲခဲမျက်ခုံးနက်တွေက ခေါက်ချိုးမပြေသလို မှုန်တည်တည် မျက်နှာထားလေး

"အဲ့အချိန်ကတည်းက ဖြစ်မယ်"

ဦးရဲ့မွေးစားအဖေထွက်သွားတဲ့ အချိန်လောက်ကဖြစ်မယ်လို့ ခန့်မှန်းမိပြီး လှိုင်း သက်ပြင်းချမိရင်း ဓာတ်ပုံတွေကို အံဆွဲထဲပြန်ထည့်ဖို့လုပ်လိုက်တော့
အံဆွဲရဲ့အောက်ဆုံးမှာရှိနေသည်က

"ဓာတ်ပုံလား"

မှောက်လျက်ရှိနေသည့် ဓာတ်ပုံဖရိန်တစ်ခုကို ထုတ်ကြည့်မိတော့

"အိုး..ဒါက ဦးလား
မဖြစ်နိုင်တာ"

လှိုင်း မျက်လုံးတွေ ပြူးကျယ်သွားရပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်

ကံကြမ္မာဆိုတဲ့အရာဟာ အံ့ဖွယ်မဖြစ်နိုင်တဲ့အခါ အမေ့လျော့ခံသက်သက်ပဲလေ
ဒါကြောင့်လည်း သူက ထူးခြားဆန်းကြယ်မှုတွေကို အမြဲယူဆောင်လာပေးတယ်

ငါက နင့်အတွက်ဖြစ်ပြီး
နင်က ငါ့အတွက်ရယ်လို့
ထပ်တူကျနေတဲ့
ရှင်သန်ခြင်းရည်ရွယ်ချက်ကို
ရေစက်လို့ ခေါ်တယ်

-------------------------
ဘလော့ဖ်(blove)
8.8.23/7:03pm

to part 7

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (6)
-----------------------unicode/zawgyi

အမျိုးတွေအိမ်မှာမတည်းဖြစ်ဘဲ ဦး သက်တောင့်သက်သာဖြစ်အောင် ဟိုတယ်မှာပဲ တည်းဖို့စီစဉ်ဖြစ်တော့

"နှစ်ယောက်ခန်းပဲ ယူထားတယ်နော်ကလေး"

reception ကနေ အခန်းသော့ ယူလာတဲ့ဦးက living-room ထဲ ထိုင်စောင့်နေတဲ့ လှိုင်းကို ပြုံးစစပြောလာတာကြောင့်

"ကုတင်နှစ်လုံးပါရင် ပြီးတာပဲလေ"

လှိုင်း ဂရုမစိုက်သလို ရွဲ့ကပ်ကပ်ပြန်ပြောမိတော့

"ကိုယ်က အဲ့လောက် မိုက်ပါ့မလား"

လှိုင်းပခုံးကို ဖက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလာတဲ့ ဦးကြောင့် လှိုင်း ကိုယ်လုံးလေး ကျုံ့သွားမိပြီး

"လူတွေနဲ့လေ.. ဦး"

သတိပေးသလို ပြောလိုက်ပေမယ့်

"အဲ့တော့ဘာဖြစ်လဲ"

မသိချင်ယောင်ဆောင်ပြီးပြန်မေးလာတဲ့ ဦးပုံစံက ရယ်ဟဟနဲ့

"ဘာဖြစ်နေမှန်းကို မသိဘူး"

လှိုင်း မျက်စောင်းရွယ်မိပေမယ့် ပြန်လည်းမရုန်းဖြစ်တော့

----------------------------

"ဦး ရေ အရင်ချိုးမလား"

ကားမောင်းထားရတာကြောင့် ပင်ပန်းနေမလားရယ်လို့ ဦးစားပေး မေးမိပေမယ့်

"အတူတူချိုးမယ်လေ"

မျက်နှာပိုးမသေဘဲ ပြန်ပြောလာတဲ့ ဦးကြောင့်

"စိတ်တောင်မကူးနဲ့"

လှိုင်း မျက်စောင်းတွေသာ ရွယ်နေမိတော့

"အိမ်မှာတုန်းက... ဒီလိုပုံစံမဟုတ်ပါဘူး"

လှိုင်းကို ဆက်တိုက် စနောက်ဖို့ ကြံရွယ်ထားတဲ့ ဦးပုံစံက လွတ်လပ်ပေါ့ပါးနေပုံရတာကြောင့်

"နောက်ဆို... ခရီး ခဏခဏထွက်ရမယ်"

အဝတ်တွေထုတ်ယူနေရင်း လှိုင်းပြောလိုက်တော့

"တစ်ခန်းထဲ ခဏခဏနေချင်လို့လား"

"ဦး..."

စကားအတည်အတန့်ပြောမရတဲ့ ဦးကို လှိုင်း ခပ်ဆတ်ဆတ်ခေါ်လိုက်တော့

"ဗျာ"

လှိုင်းအနောက်က သိုင်းဖက်လာပြီး ထူးလိုက်တဲ့ ဦးကို ငဲ့ကြည့်မိရင်း

"ပျော်နေတာလား"

"အင်း..:
ကလေးနဲ့ ပထမဆုံးအတူခရီးထွက်ဖြစ်တာလေကွာ
ပျော်တာပေါ့"

လှိုင်းပခုံးပေါ်ခေါင်းဝှေ့ရင်းပြောလိုက်တဲ့ဦးကြောင့် လှိုင်း သဘောကျစွာ ပြုံးမိပြီး

"နောက်ဆို..ခရီး ခဏခဏထွက်မှပဲ"

ပြောပြီးသားစကားကိုသာ လှိုင်း ထပ်ပြောလိုက်တော့

"ရေနောက်မှချိုးရအောင်."

ပြောပြောဆိုဆို လှိုင်းကို ပွေ့ချီ လိုက်တာကြောင့်

"အာ..ဘာလုပ်မလို့လဲ
ဦးမချိုးလည်း...လှိုင်း ချိုးမှာလို့"

မျက်လုံးပြူးလေးနဲ့ ပြန်အော်နေတဲ့ ကလေးကို ကုတင်ပေါ်ချပေးလိုက်ကာ သိုက် ကိုယ်တိုင်လည်းဝင်လှဲလိုက်ပြီး

"ဒီတိုင်းလေး..ခဏနားချင်လို့ပါ"

လှိုင်းကို ဖက်ထားကာ မျက်လုံးတွေမှိတ်လိုက်တဲ့ ဦးပုံစံကြောင့် ပင်ပန်းနေတာဖြစ်မယ်လို့ တွေးမိပြီး ငြိမ်ငြိမ်လေးနေပေးမိရင်း အတူတူအိပ်ပျော်သွားကြတော့သည်

--------------------------

"ဦး..သုံးနာရီထိုးပြီးပြီ"

နား နားကပ်ကာ တိုးတိုးလေးနှိုးနေတာကို သိပေမယ့် သိုက် မျက်လုံးဖွင့်မကြည့်ဘဲ

"အာ"

နှုတ်ခမ်းကို လက်နဲ့ထိပြပြီး နမ်းခိုင်းနေသော ဦးကြောင့် လှိုင်း ရှက်သွားမိပေမယ့်
မငြင်းရက်နိုင်စွာ ဦးနှုတ်ခမ်းပေါ် ဖွဖွလေး အနမ်းပေးလိုက်တော့

"ချိုလိုက်တာကွာ"

မျက်လုံးဖွင့်ကြည့်လာပြီး လှိုင်းတစ်ကိုယ်လုံးကို သိုင်းဖက်လာပြန်တာကြောင့်

"ထတော့လေ..ပြောတော့ လျှောက်လည်ချင်တယ်ဆို"

မလာခင်ကတည်းက လှိူင်းတို့မြို့မှာ လျှောက်လည်ကြဖို့ အစီစဉ်ချထားခဲ့ပြီး ဖေဖေ့နှစ်ပတ်လည်မတိုင်ခင် တစ်ရက်ကြိုလာခဲ့ပေမယ့် တနေကုန်အိပ်နေတဲ့ ဦးကို အိပ်ယာထဖို့ပြောလိုက်တော့မှ

"ကလေးက.. ရေတောင်ချိုးပြီးပြီလား"

"အင်းပေါ့...ဦး အိပ်ရေးမဝမှာစိုးလို့ မနှိုးသေးဘဲ
အရင်ချိုးလိုက်တာ"

"ဒါဆို..ခနစောင့်နော်"

လန်းဆန်းနေပြီဖြစ်တဲ့ ကလေးကို ပြောပြီး သိုက်လည်း မြန်မြန်ဆန်ဆန် ရေချိုးဖို့ပြင်လိုက်ရသည်

အိမ်ထဲမှာပဲ အမြဲနေရသည့် နှစ်ယောက်သားအတွက် ဒီခရီးကတော့ ပထမဆုံးဒိတ်လည်း ဖြစ်သည်မဟုတ်လား

----------------------------

ဘုရားတွေစုံအောင်ဖူးပြီး လည်ပတ်စားသောက်ရင်း အချိန်က အကုန်မြန်လွန်းခဲ့သည်
မြို့ရဲ့အထင်ကရဖြစ်တဲ့ ရေကန်ကြီးဆီ ရောက်တဲ့အချိန်မှာတော့ ညရှစ်နာရီထိုးခါနီပင်ရှိပြီ
နှစ်ယောက်သား ငါးစာအတူကျွေးကြပြီး ကန်ဘောင်ဘေးက ခုံတန်းလေးမှာ ထိုင်နေကြရင်း

"ဟပ်..ဟပ်ချိုး"

"ဦး..ဖျားတော့မယ်ထင်တယ်"

ညနေစာ စားချိန်ကတည်းက နှာတချေချေဖြစ်နေသည့် ဦးနှဖူးကိုစမ်းပြီး လှိုင်း ပြောလိုက်တော့

"ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး"

"ကိုယ်ကနွေးနေပြီ...ပြန်ကြရအောင်"

ဘာမှမဖြစ်ဘူးပြောနေပေမယ့် မျက်နှာတွေရဲပြီး မျက်တောင်လေးတွေတောင် စင်းကျနေတဲ့ဦးကို ပြန်ဖို့ပြောလိုက်ပေမယ့်

"ခနလေးပဲ ထပ်နေရအောင်"

ထရပ်လိုက်တဲ့ လှိုင်းလက်ကိုဆွဲထားပြီး တောင်းဆိုနေပြန်တာကြောင့်

"တကယ်ခနပဲနော်"

လှိုင်း ကန့်သတ်ချက်ပေးပြီး ပြန်ထိုင်လိုက်ရသည်

"ဦးက.. ရေတွေကို သဘောကျတာလား"

မိုးရေစက်တွေကို သဘောကျတယ်လို့ပြောခဲ့ဖူးတဲ့ ဦးစကားကြောင့် လှိုင်း မေးလိုက်မိတော့

"သဘောကျတယ်ဆိုတာထက်
ကိုယ့်စိတ်ကို အေးချမ်းမှုပေးလို့ပါ
ကိုယ်က သံယောဇဉ်ဆိုတဲ့အရာကိုဆာလောင်ပြီး တစ်သက်လုံး ပူလောင်ခဲ့ရလို့ထင်တယ်
တည်ငြိမ်အေးချမ်းတဲ့ အငွေ့အသက်တွေကို
တခြားလူတွေထက် ပိုတောင့်တမိပုံပဲ"

ကန်ရေပြင်ထက်က တဖျပ်ဖျပ်လက်နေတဲ့  လှိုင်းကြက်ခွပ်တွေကိုငေးပြီးပြောနေတဲ့ ဦးမျက်နှာက တကယ်ပဲ တည်ငြိမ်အေးချမ်းနေတာကြောင့်

"လှိုင်းလည်း ဦးကို အေးချမ်းမှုပေးနိူင်တဲ့ လူမျိုးဖြစ်ချင်တယ်"

ပခုံကိုမှီပြီး ပြောလာတဲ့ ကလေးစကားကြောင့် သိုက် နှစ်နှစ်ကာကာ ပြုံးလိုက်မိပြီး

"ကလေးက ကိုယ့်အတွက် အဲ့လိုလူဖြစ်ပြီးသားပါ"

"တကယ်လား..ဦး"

သူ့မျက်နှာကိုမော့ကြည့်ပြီး ဝမ်းသာအားရမေးနေပုံလေးကြောင့် သိုက် ခေါင်းညိတ်ပြမိရင်း

"ကလေးကို စတွေ့ကတည်းက အဲ့လိုခံစားခဲ့ရတာပဲ
အဲ့ဒါကြောင့်လည်း ကိုယ့်ဘဝမှာ ဘယ်သူ့ကိုမှမပြောပြဖူးတဲ့အကြောင်းအရာတွေကိုတောင် ကလေးကိုပြောပြဖြစ်ခဲ့တာလေ
ကလေးက ကိုယ့်အတွက် ထူးခြားတဲ့လူပါ"

တကယ်တမ်း ကလေးနဲ့သူနဲ့ ဆုံတွေ့ခဲ့တဲ့အချိန်ကာလက တိုတောင်းသေးပေမယ့် အနက်ရှိုင်းဆုံး ယုံကြည်စွာငြိတွယ်နေမိတဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင်သိနေတာကြောင့် သိုက် ရဲဝံ့စွာ ပြောလိုက်မိတော့

"ဦးရဲ့စိတ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘယ်တော့မှနောင်တ မရစေရဘူး
လှိုင်းက ဦးကို ဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိပေးတယ်"

မတောင်းတဲ့ကတိကိုပေးမိရင်း တည်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေတဲ့အဖြစ်က ဦးကိုချစ်မိတဲ့ အချစ်တွေကြောင့်သာဖြစ်ပြီး

လှိုင်းကြက်ခွပ်လိုတောက်ပတဲ့ မျက်လုံးလေးတွေနဲ့ ကတိပေးနေပြန်သည့် ဒီကလေးလေးကို ကြွေဆင်း သွားရတဲ့ အခိုက်အတန့်မှာ အနမ်းတွေသာ ခြွေချမိရင်း

သူရယ်...ကိုယ်ရယ်...ကန်ရေပြင်ရယ်....အနမ်းတွေရယ်သာ ရှိတော့သလို

-------------------------------

"ဦးကိုမထားခဲ့ချင်ဘူး"

"ကလေးဒီကိုလာရတဲ့အကြောင်းအရင်းက
ကလေး ဖေဖေနဲ့တွေ့ဖို့လေကွာ
ကိုယ့်ကို စိတ်မချဖြစ်မနေပဲ သွားလိုက်ပါ
မဟုတ်ရင် ကိုယ်လည်းစိတ်မကောင်းဖြစ်နေရမှာ"

သူ့အဖေအုတ်ဂူဆီသွားရမယ့် ကလေးခမျာ ဖျားနေပြီဖြစ်တဲ့ သိုက်ကိုလည်း စိတ်မချနိုင်ဘဲ နောက်ဆံတင်းနေတာကြောင့် သွားဖြစ်အောင်သွားဖို့ သိုက် တိုက်တွန်းလိုက်မှသာ

"အင်းပါ...ဒါဆို နေ့လည်ဆေးကို သေချာသောက်နော်
ဦးနေ့လည်စာစားဖို့လည်း ကြိုမှာပေးခဲ့မယ်
အဖျားမကျမချင်း အပြင်လုံးဝမထွက်ရဘူး သိတယ်မဟုတ်လား"

တတွတ်တွတ်မှာထားခဲ့ပြီး သိုက်နှဖူးကိုနမ်းကာ

"မြန်မြန်ပြန်လာခဲ့မယ်"

ကလေးတစ်လိုနှုတ်ဆက်နေပြန်တာကြောင့် ရင်ထဲနွေးသွားရပြီး

"ကိုယ်လည်း လိုက်နိုင်ရင်ကောင်းမှာကွာ."

ဒီအထိရောက်လာခဲ့ပြီးမှ ကလေးရဲ့ဖေဖေကို နှုတ်မဆက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရပြောလိုက်မိတော့

"စိတ်မကောင်းမဖြစ်ပါနဲ့ နောက်လည်းလာဖြစ်နေမှာပဲ အဲ့ကျတွေ့ရမှာပေါ့"

သူ့စိတ်ကိုနားလည်စွာ နှစ်သိပ်နေပြန်သည့်ကလေးကို

"အင်းပါ...ကလေးသွားတော့လေ... နောက်ကျနေမယ်"

"ဟုတ်...လှိုင်းမှာခဲ့တာတွေမေ့မနေနဲ့နော်"

စိတ်မချသလို ထပ်မှာနေပြန်သည့် ကလေးကို ခေါင်းညိတ်ပြမိပြီး
ကလေးထွက်သွားပြီးချင်းမှာပဲ အခန်းထဲတစ်ယောက်တည်း ကျန်ရစ်နေရတာကို အသားမကျစွာ လွမ်းနေမိတဲ့အဖြစ်က ပိုပဲပိုနေသလို
တကယ်ဆို ကလေးနဲ့အတူတူလိုက်သွားဖို့ တွေးထားခဲ့ပေမယ့် ဖျားနေသည့်ခန္ဓာကိုယ်ကြောင့် ဘာမှမတတ်နိုင်တော့

ချစ်မိပြီဆိုမှတော့
ကြားလေတိုးလည်း
ဝေးတယ်ထင်ပြီး
စက္ကန့်ခြားတောင်
လွမ်းနေရတဲ့အဖြစ်ကို
မချစ်ဖူးသူတွေ လှောင်ကြစမ်းပါစေ

-------------------------------
ကိုယ္တိုင္ေဆးအသစ္သုတ္ထားေပးေသာ ယွဥ္လွ်က္ရွိတဲ့ အုတ္ဂူႏွစ္လုံးေရွ႕မွာ လွိုင္း ရပ္ေနၿပီး

"ဦးရဲ႕သားကို ေမ့ထားခဲ့မိလို႔ လွိုင္းေတာင္းပန္ပါတယ္"

ဦးခ်မ္းအိမ္ ဆိုတဲ့အမည္နာမကို ေငးစိုက္ၾကည္းရင္း ေတာင္းပန္မိသည္

"လွိုင္းကေလ လွိုင္းဘဝထဲကေန ေဖေဖထြက္သြားတာကို ျပန္မေတြးခ်င္တာနဲ႕ပဲ အရာအားလုံးကို ေမ့ေဖ်ာက္ၿပီးေတာင့္ခံဖို႔ႀကိဳးစားခဲ့မိတာ
အဲ့အခ်ိန္ကအျဖစ္အပ်က္ အေၾကာင္းအရာအားလုံးကိုလည္း ေခါင္းထဲဝင္မလာေအာင္ လွိုင္းကိုယ္တိုင္ပဲေမာင္းထုတ္ေနခဲ့တာပါ
ဒါေပမယ့္ လွိုင္းလိုမ်ိဳး နာက်င္ေနမယ့္ လူတစ္ေယာက္ရွိေနတာကို ေမ့ထားခဲ့မိတယ္"

ဆက္ေျပာလိုက္မိတဲ့ လွိုင္းစကားေတြက ေနာင္တေတြနဲ႕

"ဦးရဲ႕သားက လွိုင္းထက္ပိုၿပီး ခံစားေနရမယ္ထင္တယ္
လွိုင္း ကိုယ္ခ်င္းမစာတတ္ခဲ့ဘူး တစ္ကိုယ္ေကာင္းဆန္ခဲ့မိတယ္
ဒါေပမယ့္ အခုလွိုင္းေဘးမွာရွိေနတဲ့လူက လွိုင္းကို အားလုံးျမင္နိုင္ေအာင္ ျပေပးခဲ့တယ္
သူ႕ေၾကာင့္ လွိုင္းက ကိုယ့္လိုပဲနာက်င္ေနတဲ့လူေတြ ဒီကမ္ဘာပေါိမှာ ရွိေနေသးတာပါလားလို႔ ေတြးတတ္လာတယ္
နာက်င္ေနရရင္ေတာင္ တျခားတစ္ဖက္ရဲ႕ခံစားခ်က္ကိုလည္း ထည့္စဥ္းစားေပးသင့္တာကို နားလည္လာရတယ္
အဲ့ဒီ့လူအေၾကာင္းကိုေတာ့ ေဖေဖ့ကိုလည္း ေျပာျပရမယ္ထင္တယ္
တခ်ိန္ခ်ိန္မွာ အဲ့ဒီ့လူက ေဖေဖ့သမက္ျဖစ္လာနိုင္လို႔ေလ"

စကားေတြအမ်ားႀကီးေျပာျဖစ္ၿပီး မ်က္ရည္ေတြနဲ႕ပင္ လွိုင္း ၿပဳံးေနမိကာ

"အဲ့ဒီ့လူက သူကိုယ္တိုင္နာက်င္မႈေတြၾကားမွာရွင္သန္ေနရေပမယ့္ လွိုင္းကိုေတာ့ ဂ႐ုစိုက္ေပးတယ္
အရင္က မလုပ္ဖူးတာေတြလည္း လွိုင္းေရွ႕မွာလုပ္ေနတတ္တယ္
ေဖေဖေျပာခဲ့ဖူးတယ္မဟုတ္လား
ေဖေဖ ဦးကိုခ်စ္တယ္ဆိုတာ ဘယ္လိုသိလဲလို႔ လွိုင္းေမးတုန္းကေလ
ေဖေဖက ဦးနဲ႕ဆို တျခားလူေတြကိုမေျပာျပဖူးတဲ့စကားေတြလည္း ေျပာျပျဖစ္ၿပီး တစ္ခါမွမလုပ္ဖူးတဲ့ ထူးဆန္းတဲ့အက်င့္စရိုက္ေတြကိုေတာင္ ထုတ္ျပမိတယ္ဆို
အဲ့ဒီလူလည္း အဲ့လိုပဲေလ ဒါေၾကာင့္ ေဖေဖသေဘာတူေပးမယ္ မဟုတ္လား"

ခ်စ္ရတဲ့လူအေၾကာင္း ေျပာျပမိရင္း ေဖေဖၾကည္ျဖဴေပးကိုဖို႔လည္း အယူခံဝင္မိေသးသည္
ေဖေဖဟာ လွိုင္းႏွလုံးသားထဲမွာေတာ့ ရွင္သန္ေနဆဲပဲမို႔

ငါတို႔ခ်စ္ရတဲ့လူေတြရဲ႕ မေမ့ေလ်ာ့တတ္တဲ့အသိဉာဏ္နဲ႕ လြမ္းဆြတ္တမ္းတဆဲႏွလုံးသားထဲမွာ ရွာေဖြပါၾကည့္ပါ....ထာဝရရွင္သန္မႈဆိုတာ တကယ္ရွိတယ္....

-----------------------------
အိပ္ေပ်ာ္ေနတဲ့ ဦးမ်က္ႏွာကို ၾကည့္ေနမိရင္း ဘဝမွာရရွိဖူးတဲ့ အရာအားလုံးကို ေက်နပ္စြာ လက္ခံေပးလိုက္ဖို႔ လွိုင္း စဥ္းစားမိသည္
နာက်င္ရတဲ့အျဖစ္အပ်က္ေတြရဲ႕ေရွ႕မွာ ေပ်ာ္႐ႊင္ဖူးတဲ့အမွတ္တရေတြလည္း ရွိခဲ့ဖူးသည္ပဲ
နာက်င္မႈေတြကိုပဲ ေ႐ြးခ်ယ္ခံစားေနသေ႐ြ႕ ပိုင္ဆိုင္ခဲ့ဖူးတဲ့ ေပ်ာ္႐ႊင္ျခင္းဆုလာဘ္ေတြကို ဆုံးရႈံးနိုင္တာသိေနခဲ့ၿပီဆိုေတာ့
ငိုစရာရွိခ်ိန္ငိုလိုက္ၿပီး ေပ်ာ္႐ႊင္စရာအမွတ္တရေတြကိုေတာ့ တစ္သက္လုံးတန္ဖိုးထားသိမ္းဆည္းရင္းသာ လူ႕ဘဝဆိုတာႀကီးကို ျဖတ္သန္းပစ္ဖို႔ အားအင္ေတြနဲ႕

"ကေလး..ျပန္လာၿပီလား"

"ဟုတ္"

နိုးနိုးခ်င္းျမင္လိုက္ရတဲ့ မ်က္ႏွာေလးက ၾကည္လင္တဲ့အၿပဳံးေတြနဲ႕မို႔

"အိပ္ေနတဲ့လူကိုၾကည့္ၿပီး...ဘာေတြေတြးေနတာလဲကြာ...အၿပဳံးက"

ကေလးပါးေလးကိုညွစ္ဆြဲၿပီး သိုက္ေမးလိုက္မိေတာ့

"ဒီတစ္ေခါက္ ေဖေဖတို႔ကိုေတြ႕ၿပီးျပန္လာရတာ..စိတ္ေပါ့ပါးေနလို႔ပါ"

"ဒါဆိုေတာ္ပါေသးတယ္..ကိုယ္က ကေလးတစ္ေယာက္တည္း ငိုေနမွာကိုေတြးၿပီးစိတ္ပူေနခဲ့တာ"

သိုက္ ထထိုင္ကာ ကေလးကို ဖက္ထားၿပီးေျပာမိသည္
တကယ္လည္း ေဆးအရွိန္ေၾကာင့္သာ အိပ္ေပ်ာ္သြားခဲ့ေပမယ့္
အိပ္မေပ်ာ္ခင္အခ်ိန္ထိ စိုးရိမ္စြာေတြးေနမိသည္က ကေလးတစ္ေယာင္တည္း ငိုေနမွာလားလို႔သာ
အခုလို ၾကည္ၾကည္လင္လင္ေလးျမင္လိုက္ရမွ ရင္ထဲကအပူလုံးက ၿငိမ္းသြားရသည္ပဲ

"အရင္ကလိုစိတ္နဲ႕ဆို..ဦးေျပာသလို ငိုေနမိမွာအမွန္ပဲ...
အခုေတာ့ လွိုင္းေလ ခံစားခ်က္ေတြကို အလကားမျဖဳန္းတီးသင့္မွန္း ေသခ်ာနားလည္လာတယ္
ေဖေဖ့ကိုဆုံးရႈံးရလို႔ နာက်င္ရတာမွန္ေပမယ့္ ေဖေဖနဲ႕ပက္သက္ၿပီးေပ်ာ္ခဲ့ရတဲ့ အမွတ္ရစရာေတြလည္း အမ်ားႀကီးရွိတယ္ေလ
ေနာက္ဆို ေဖေဖ့ကိုလြမ္းတိုင္း မေကာင္းတဲ့အျဖစ္အပ်က္ထက္ ေပ်ာ္စရာအမွတ္တရေတြကိုပဲ ျပန္ေတြးနိုင္ေအာင္ႀကိဳးစားမယ္
အဲ့လိုဆို ေဖေဖလည္း ပိုေက်နပ္မွာေသခ်ာတယ္"

ၿပဳံးၿပီးေျပာလာတဲ့ကေလးကိုၾကည့္ရင္း သိုက္ ေခါင္းညိတ္ေထာက္ခံမိကာ

"ကေလးက အမ်ားႀကီးရင့္က်က္ပါတယ္
ဒီ့ထက္ပိုၿပီး ေကာင္းေကာင္းျဖတ္သန္းနိုင္မယ္လို႔ ကိုယ္ယုံတယ္"

ယုံၾကည္စြာ ေျပာလိုက္မိေပမယ့္

"ဒါေတြအားလုံးက ဦးေၾကာင့္ပါ
ဦးေၾကာင့္သာ လွိုင္းက ေကာင္းေကာင္းေတြးတတ္လာတာ"

ကေလးျပန္ေျပာလာတဲ့ စကားကိုေတာ့ အံ့ဩေနမိရင္း

"ကိုယ့္ေၾကာင့္လား"

"ဟုတ္တယ္..ဦးက လွိုင္းေတြးမၾကည့္ေပးဖူးတဲ့ တျခားတစ္ဖက္ပဲ
ဦးသိမွာပါ လူတိုင္းက ကိုယ့္နာက်င္မႈကိုပဲ အေရးပါဆုံးလို႔ ေတြးၾကတယ္ေလ
လွိုင္းလည္းအဲ့လိုပဲ ငါမွကံအဆိုးဆုံး ငါကအနာက်င္ရဆုံး ဆိုတဲ့အေတြးနဲ႕ ကိုယ့္ကိုယ္ကိုယ္ပဲ သနားစရာထင္ခဲ့မိတာ
ဦးကိုေတြ႕ေတာ့ လွိုင္းအေတြးေတြက မွားေနတာကို ျမင္လိုက္ရတယ္
လွိုင္းလိုပဲ နာက်င္ေနရတဲ့လူေတြ အမ်ားႀကီးရွိေနနိုင္တာကိုေတြးမိၿပီး
ေပ်ာ္႐ႊင္မႈေတြကို ဘဝထဲဝင္ခြင့္မေပးတာကလည္း အမွားတစ္ခုပဲလို႔ျမင္လာရတယ္ေလ
ကိုယ့္ကိုယ္ကိုယ္ ထက္ ေဘးကၾကည့္တဲ့လူက ပိုျမင္သာတယ္ဆိုတာမ်ိဳးေပါ့
လွိုင္းကိုယ္လွိုင္းအမွန္တိုင္းမျမင္နိုင္ေပမယ့္
ဦးကိုေတာ့ ျမင္နိုင္တယ္ေလ"

"ကိုယ္က ကေလးအျမင္မွာ သနားစရာေကာင္းေနတာလား"

လွိုင္းစကားအဆုံးမွာ ေမးလာေသာ ဦးပုံစံက ေဝခြဲမရဟန္နဲ႕မို႔

"နာက်င္မႈအနည္းနဲ႕အမ်ားရွိၾကတဲ့ လူေတြအားလုံးထဲမွာ ဦးကိုမွျမင္နိုင္ခဲ့တာက သနားစိတ္သက္သက္ေၾကာင့္မဟုတ္ပါဘူး
ဦးက လွိုင္းခ်စ္ရတဲ့လူျဖစ္ေနလို႔ေလ"

သူ႕မ်က္ႏွာကို ေမာ့ေငးရင္းေျပာလာတဲ့ ကေလးရဲ႕ စကားက ဝန္ခံမႈတစ္ခုျဖစ္ေနတာကို ကေလးကိုယ္တိုင္ သတိထားမိရဲ႕လားမသိေပမယ့္ သိုက္အတြက္ေတာ့ ရင္ခုန္သံေတြက အျမင့္ဆုံးျမန္ႏႈန္းနဲ႕

"ကိုယ္လည္း..ကေလးကို... သိပ္ခ်စ္တယ္"

ျပန္လည္ဝန္ခံမိျခင္းက အဆုံးသတ္မဲ့တဲ့ အနမ္းေတြနဲ႕အတူ
အဲ့ဒီ့ေနာက္မွာေတာ့ ဖ်ားနာျခင္းေတြက အရွက္သည္းစြာ ေျပးထြက္သြားရတဲ့အထိ

---------------------

အျပန္လမ္းတစ္ေလွ်ာက္ စိတ္ေပါ့ပါးေနပုံရတဲ့ကေလးကို အရိပ္တၾကည့္ၾကည့္ လုပ္ေနမိတာက သိုက္ပဲျဖစ္သည္
ကေလးေဖေဖ အက္စီးဒန့္ျဖစ္ခဲ့တဲ့ေနရာကို ေက်ာ္လြန္လာခဲ့တာေတာင္ အမူအရာမပ်က္ေသာ ကေလးေၾကာင့္

"တကယ္အဆင္ေျပသြားပုံပဲ"

စိတ္ထဲကသာ မွတ္ခ်က္ျပဳမိၿပီး ကေလးလက္တစ္ဖက္ကို ဆုပ္ကိုင္ထားလိုက္ေတာ့

"အႏၱရာယ္မ်ားတယ္..ကားကို ဂ႐ုစိုက္ေမာင္းပါ"

သိုက္လက္ကို steering wheelေပၚျပန္တင္ေပးေနျပန္တာမို႔ ၿငိမ္ေနလိုက္ရေပမယ့္

"ဂ်ိမ္း"

႐ုတ္တရက္ျမည္ဟီးလိုက္ေသာ မိုးၿခိမ္းသံနဲ႕အတူ လွ်ပ္စီးေၾကာင္းႀကီးက ကားေရွ႕ျဖတ္ေျပးသြားသလိုပင္

"ကေလး"

အလန္းတၾကား ေခါင္းငုံ႕ခ်လိဳက္တဲ့ ကေလးေၾကာင့္ သိုက္ ကားကို လမ္းေဘးထိုးရပ္လိုက္ၿပီး

"ကိုယ္ရွိတယ္...ဘာမွမျဖစ္ဘူး"

ကေလးကိုယ္လုံးေလးကို ရင္ခြင္ထဲဆြဲသြင္းကာ ႏွစ္သိပ္ေပးေနမိသည္

"အဟင့္.ဟင့္"

တအိအိငိုေနတဲ့ ကေလးရဲ႕ စီးက်လာတဲ့မ်က္ရည္ေတြက သိုက္ ရင္ဘတ္ေပၚ ႐ႊဲနစ္လွ်က္

ကေလး ဘယ္လိုပဲ ဟန္ေဆာင္မာန္တင္းထားပါေစ သိုက္ သိသည္ေပါ့
အျမစ္တြယ္ေနတဲ့ အနာဆိုတာ ခနတြင္းခ်င္းေပ်ာက္နိုင္တဲ့အရာမွမဟုတ္ဘဲ
အရွိကိုအရွိအတိုင္း အမွန္ကိုအမွန္အတိုင္း ဘယ္လိုပဲလက္ခံနိုင္ပါေစ
နာက်င္မႈကေတာ့ သီးျခားတစ္ဖက္မွာက်န္ရစ္ေနတဲ့အရာဆိုတာ
သိုက္လိုလူက မသိဘဲေနပါ့မလား

အနာသိရင္ ေဆးရွိတယ္ဆိုတဲ့စကားဟာ
ႏွလုံးသားထဲက ဒဏ္ရာအတြက္မွ မဟုတ္တာ

------------------------

ဦးအခန္းကို ရွင္းေပးေနရင္း အံဆြဲထဲက ပိစိေပါက္စ ဓာတ္ပုံေသးေသးေလးေတြေတြ႕ေတာ့ တစ္ပုံခ်င္း ေသခ်ာၾကည့္ေနမိသည္

"ဆူပုတ္ပုတ္ေလး"

ဦးလူပ်ိဳေပါက္တုန္းက သူငယ္ခ်င္းေတြနဲ႕စုရိုက္ထားတဲ့ ပုံကိုၾကည့္ၿပီး လွိုင္း သေဘာက်ေနမိသည္
ေျခာက္ေယာက္စုရိုက္ထားတဲ့ပုံမွာ မႈန္ကုပ္ကုပ္ေလးနဲ႕တစ္ေယာက္က ဦးဆိုတာ ေသခ်ာသိေနေပမယ့္
အခုလက္ရွိပုံစံနဲ႕ေတာ့ အေတာ္ေလးကြာျခားသည္ပင္
မေျပာင္းလဲတာဆို၍ ထူထူခဲခဲမ်က္ခုံးနက္ေတြက ေခါက္ခ်ိဳးမေျပသလို မႈန္တည္တည္ မ်က္ႏွာထားေလး

"အဲ့အခ်ိန္ကတည္းက ျဖစ္မယ္"

ဦးရဲ႕ေမြးစားအေဖထြက္သြားတဲ့ အခ်ိန္ေလာက္ကျဖစ္မယ္လို႔ ခန့္မွန္းမိၿပီး လွိုင္း သက္ျပင္းခ်မိရင္း ဓာတ္ပုံေတြကို အံဆြဲထဲျပန္ထည့္ဖို႔လုပ္လိုက္ေတာ့
အံဆြဲရဲ႕ေအာက္ဆုံးမွာရွိေနသည္က

"ဓာတ္ပုံလား"

ေမွာက္လ်က္ရွိေနသည့္ ဓာတ္ပုံဖရိန္တစ္ခုကို ထုတ္ၾကည့္မိေတာ့

"အိုး..ဒါက ဦးလား
မျဖစ္နိုင္တာ"

လွိုင္း မ်က္လုံးေတြ ျပဴးက်ယ္သြားရၿပီး မယုံၾကည္နိုင္စြာ ေရ႐ြတ္လိုက္မိသည္

ကံၾကမၼာဆိုတဲ့အရာဟာ အံ့ဖြယ္မျဖစ္နိုင္တဲ့အခါ အေမ့ေလ်ာ့ခံသက္သက္ပဲေလ
ဒါေၾကာင့္လည္း သူက ထူးျခားဆန္းၾကယ္မႈေတြကို အၿမဲယူေဆာင္လာေပးတယ္

ငါက နင့္အတြက္ျဖစ္ၿပီး
နင္က ငါ့အတြက္ရယ္လို႔
ထပ္တူက်ေနတဲ့
ရွင္သန္ျခင္းရည္႐ြယ္ခ်က္ကို
ေရစက္လို႔ ေခၚတယ္

------------------------
ဘလော့ဖ်(blove)
8.8.23/7:03pm

to part 7

Continue Reading

You'll Also Like

148K 4.2K 40
I was taught from birth, through force, how to be perfect for him, how to obey everything he said, and how to be his devoted follower. I was being pr...
111K 14.8K 32
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
984K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
268K 18.6K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...