ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨�...

נכתב על ידי ShinMweLoon

465K 2.9K 189

အခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်း... עוד

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ
part-1
Part2
Part-3
Part 4
Part 5
Part 6
Part 7
Part 8
Fb pageပါ
Part 10
Telegram acc

Part 9

40.9K 281 30
נכתב על ידי ShinMweLoon

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-9)

ရေချိုးခန်းထဲက ထွက်လာတာနဲ့ လက်လေးမြှောက်ကာ ယိုင်ယိုင်လေး ရပ်နေသော ကြွေရုပ်လွှာကို တချက်ကြည့်ပြီး အဝတ်အစားတွေ သွားယူဝတ်လိုက်သည်။

ကြွေရုပ်ကတော့ မျက်နှာလေး ရှုံမဲ့ကာ သူ့ကိုလည်း မကြည့်ရဲ ဒဏ်ရာကလည်း တစစ်စစ် ကိုက်ခဲနာကျင်နေတာကြောင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေသည်။

ဦးဓနမော်ကွန်းက ကြွေကို တချက်လေးတောင် ထပ်မကြည့်တော့ဘဲ ဖုန်းယူထုတ်၍ တစ်စုံတစ်ခု မှာလေသည်။ မကြာပါ အခန်းတံခါးခေါက်သံ ကြားလိုက်တော့ ဓနမော်ကွန်း ပစ္စည်းတွေ ထွက်ယူလိုက်သည်။

ဆေးပစ္စည်းတွေ လာပေးတဲ့ ကြီးမော် မျက်နှာကလည်းမကောင်း။ ကြည့်ရတာ ကြွေရုပ်လွှာကို သနားနေသလို..။

ဆေးပစ္စည်းတွေ ယူကာ အခန်းထဲ ပြန်ဝင်လာပြီး ..

''ဒီကို လာခဲ့''

..

တုန်တုန်မလှုပ်ဘဲ လက်မြှောက်၍ ရပ်မြဲတိုင်း ရပ်နေတာက သူ့ကို စိတ်ကောက်နေတာလား..။

''အေး ပြောစကား မနားထောင်ရင် နောက်ထပ် ကြိမ်တုတ် ထပ်မိမှာနော်''

ထပ်ခြောက်လိုက်တော့မှ လက်လေး ပြန်ချကာ သူ့ဆီကို ပေတေတေလေး ရောက်လာသည်။ မျက်လုံးကို လက်နဲ့ ဖိပွတ်၍ သူ့ကို မကျေနပ်သလို မှုန်တေတေနဲ့ နံဘေးမှာ လာရပ်နေသည်။ ရှိုက်သံလေးတွေက မစဲသေး..။

''ပြောစကားကျ နားမထောင်ဘူး လုပ်ရင်လည်း မကြိုက်ဘူး ပြောရင်လည်း မကြိုက်ဘူး ''

ပွစိပွစိနဲ့ ပြောနေတဲ့ ဦးဓနကို ကြွေ  အမြင်ကပ်လာရသည်။ လူကို ရက်ရက်စက်စက် ရိုက်ထားပြီးတော့မှ အဟွန့်..။

''လာခဲ့''

လက်ကနေ ဆွဲပြီး ကုတင်ပေါ် ထိုင်စေတော့..

''အ့..''

တင်ပါးပေါ်က ဒဏ်ရာကြောင့် လူက အော်ငိုမိမတတ်။ ကြည့်ရတာ တင်ပါးက ဒဏ်ရာကြောင့် ကြွေ ထိုင်လို့တောင် မရတော့တာလား။

''ကျစ် ပြကြည့်စမ်း''

သူပဲ ရိုက်ပြီး သူပဲ စိတ်တိုသလို လုပ်နေတဲ့ ဦးဓနမော်ကွန်းကို ကြွေ ကုတ်ပစ်လိုက်ချင်စိတ်ကတဖွားဖွား။

''ငြိမ်ငြိမ်နေ''

အနည်းငယ်မျှ ရုန်းကန်ချင်နေသော ကြွေကို လေသံမာမာနဲ့ ဖိဟောက်အော်လာပြန်သည်။

''ပြကြည့်စမ်း တော်တော်များ နာသွားတာလား''

သူပဲပြောပြီး ခြေသလုံးက ဒဏ်ရာတွေကို လှန်ကြည့်တော့ အရှိုးရာတွေက အထင်းသား။

''ဂါဝန်လှန်လိုက်''

''ဟင်..''

မဟုတ်.. မဟုတ်မှ ဦးဓနက သူမ တင်ပါးက ဒဏ်ရာတွေ ပေါင်ပေါ် ခြေသလုံးပေါ်က ဒဏ်ရာတွေကို ဆေးထည့်ပေးမလို့လား။

''ဆေးထည့်ရမယ် ဂါဝန်လှန်''

ဘာမှမဖြစ်သလို ဂါဝန်ကို အတင်းလှန်နေတာကြောင့် ကြွေ ရုန်းကာ..

''မလုပ်.. မလုပ်နဲ့ ကြွေဘာသာ လုပ်ပါ့မယ် ''

''ဘာကိုလုပ်မှာလဲ မင်းဖ-င်မှာ ဒီလောက် ဒဏ်ရာရထားတာ၊ မင်းဖ-င်ကို မင်းက ဆေးပြန်ထည့်မှာလား''

''အဟင့် ဦးပဲ ဒီလိုလုပ်ထားတာ မဟုတ်ဘူးလား''

ပက်ခနဲ ပြန်ပြောလာသော ကြွေကို ဓန တချက်ပြန်ကြည့်ရင်း..

''အပြစ်လုပ်ထားလို့ အပြစ်ပေးတာ ဘာမှ နာပြမနေနဲ့''

''ဟန်ဆောင်နေတာ မဟုတ်ပါဘူး အားကြီးနဲ့ လွှဲချထားပြီးတော့ အဟင့် အီးဟီး ''

ပြောရင်း ဝမ်းနည်းလာလို့ ထင်ပါရဲ့ အော်ကြီးဟစ်ကျယ် ငိုလာသည်။ ငိုယိုနေသော သူမကိုပဲ ဓန ပြန်ချော့ဖို့ ပြင်ရသည်။

''တော်ပြီ ငိုမနေနဲ့ ဆေးလိမ်းပေးမယ် နောက်တခါ ကိုယ် မကြိုက်တာ ထပ်မလုပ်နဲ့၊ ထပ်လုပ်ရင် အခုလိုပဲ အပြစ်ပေးခံရမှာ သဘောပေါက်လား''

ပြောတော့ အီခနဲ ရှိုက်ငိုလာပြန်သည်။ ဓနလည်း ဘာမှ ဆက်မပြောတော့ဘဲ ခြေသလုံးပေါ်က အရှိုးအရာကို အရင်ဆေးလေးထည့်ပေးတော့ စပ်လို့နဲ့ တူပါရဲ့။

''အ့ အဟင့် ''

''ပြီးတော့မယ် ခဏလေး ''

လေလေးမှုတ်ပေးလိုက် အနာလေးဆေးထည့်ပေးလိုက်နဲ့ ခြေသလုံးပေါ်က ဒဏ်ရာကတော့ ထည့်ပြီးသွားပြီ။

''အဟင့် မလှန်နဲ့တော့''

''ဆေး ဘယ်လို ထည့်မလဲ''

''နေပါစေ ကြွေဘာသာ ထည့်မယ်''

''ကျစ် တခွန်းတည်းနဲ့ ဘယ်တော့မှ မပြီးဘူး''

အတင်းကာထားတဲ့ သူမ လက်တွေကို ဖယ်ချကာ ဂါဝန်လေးကို တဖြည်းဖြည်း လှန်လိုက်တော့ ဖြူဝင်းအိစက်တဲ့ အသားဝင်းဝင်းလေးတွေက ပေါ်လာသည်။

ပေါင်ပေါ်က ဒဏ်ရာလေးတွေကို ဆေးထည့်ပြီး သူ့လက်တွေက သူမရဲ့ လုံးဝကျစ်လျစ်သော တင်ပါးနုနုလေးတွေပေါ် ရောက်လာသည်။

''အရှိုးအရာကြီးက ရဲနေတာပဲ''

ပြောလည်းပြော လက်ကလည်း တင်ပါးပေါ်က ဒဏ်ရာတွေက ဆေးလိမ်းပေးလေသည်။ အလှန်ခံထားရတဲ့ ဂါဝန်က ခါးပေါ်မှာ.. ။ သူအရှေ့ ဂါဝန်လှန်ပေးထားရတာကြောင့် ဘယ်လိုမှ အဆင်မပြေဘဲ အမြန်ပြီးဆုံးဖို့သာ ဆု​တောင်းနေရသည်။

ထို့နောက် ကြွေရုပ်လွှာရဲ့ အတွင်းခံကို ဆတ်ခနဲ ဆွဲချွတ်လိုက်တော့ ဦးဓနကြောင့် ကိုယ်လေး တုန်သွားရသလို..

''ဟင်.. ဘာ..ဘာလုပ်တာလဲ  ''

''ပက်လက်အိပ်လို့ ရမှာ မဟုတ်ဘူး ၊ မှောက်ပြီးပဲ အိပ်တော့၊ အတွင်းခံလည်း ချွတ်ထား၊ ပွန်းရာပဲ့ရာနဲ့ ရှကုန်ပြီး ပိုနာမယ်''

မလုံမလဲစိတ်နဲ့ ရှက်စိတ်ကြောင့် မျက်နှာလေး နီမြန်းလာတဲ့ ကြွေကို ဦးဓနက ကြည့်ပြီး သဘောပေါက်လာတော့..

''ဘာမှ ရှက်မနေနဲ့ ကိုယ်က ဒီလောက်တင် မဟုတ်ဘူး အကုန် မြင်ဖူးတယ် ဟုတ်ပြီလား ''

''ဦးနော်..အဟင့် ''

ရှက်စိတ်ကြောင့် ဝမ်းနည်းစိတ်လေး အတန်ငယ် မေ့နေရာကနေ ..

''နောက်တခါ ကိုယ် ဒေါသထွက်အောင် မလုပ်နဲ့ ကြွေ၊ မင်းအတွက် မကောင်းဘူး ပြီးတော့ ကိုယ်လည်း မင်းကို မဆုံးမချင်ဘူး ဟုတ်ပြီလား ''

ခေါင်းလေးကို ပုတ်သိပ်ပေး၍ ချော့ချော့မော့မော့ ပြောလာတော့ အငိုတိတ်နေတဲ့ ကြွေက ချော့လေပိုငိုလေဆိုမျိုး အားရပါးရ အော်ငိုလာသည်။ ခန္ဓာကိုယ်လေး တုန်လာအောင် ငိုယိုနေတဲ့ သူမကို ကြည့်ပြီး ဓနမော်ကွန်း မနေနိုင်တော့ဘဲ ကျောပြင်သေးသေးလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်မိသည်။ ရင်ခွင်ထဲက ကလေးမကတော့ ခုနက သူမကို ရိုက်ထားတာကို မကျေနပ်သလို ပွစိပွစိနဲ့ ပြောပြောရင်း ငိုနေတဲ့အပြင် သူ့ရင်ဘတ်ကိုလည်း ငိုရင်း ထုရိုက်လာသည်။

စိတ်ချမ်းသာပါစေလို့သာ ဘာမှ မပြောဘဲ လွှတ်ပေးထားလိုက်ရသည်။ တဒုန်းဒုန်း ထုရိုက်ရင်း ငိုလို့ မောသွားတော့မှ သူ့ရင်ခွင်ထဲ ခွေခွေလေး အိပ်မောကျသွားတော့သည်။

သူ ရိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် ပက်လက်အိပ်လို့ မရတော့တာမို့ သူ့ကိုယ်ပေါ် တင်ပြီး မှောက်လျက်သာ အိပ်စေရသည်။

ကိုယ် မသိအောင် အပြင်ကိုတောင် ခိုးထွက်တတ်နေပြီပေါ့ ကလေးမ..မင်းက ကိုယ့်ကို အထင်သေးတာကိုး..ကိုယ် မသိဘဲ ဘာတခုမှ လုပ်လို့ မရဘူး ကြွေရုပ်ရ..

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

ဦးဓနမော်ကွန်းကိုယ်တိုင် ပေးခဲ့တဲ့ ဒဏ်ရာတွေကို သူကိုယ်တိုင်ပဲ ပြန်ကုပေးသည်။ ဆေးလိမ်းပေးလည်း သူပဲ ဒဏ်ရာကြောင့် ဖျားသွားတဲ့ ကြွေရုပ်လွှာကို တယုတယ ပြုစုယုယပေးတာလည်း သူပါပဲ။ အနာပေးလိုက် ဆေးပေးလိုက်နဲ့ ဦးဓနမော်ကွန်းက စိတ်မမှန်တာများလား..။

ဆေးလိမ်းပေးတဲ့ အချိန်တွေမှာဆို ကြွေတစ်ယောက် ရှက်လွန်းလို့ မျက်နှာကို ဓားနဲ့သာ လှီးထုတ်ထားလိုက်ချင်သည်။ တင်ပါးပေါ်က ဒဏ်ရာတွေဆို ဆေးလိမ်းပေးပြီး လေနဲ့လည်း တဖူးဖူး မှုတ်ပေးနေတဲ့ အချိန်တွေဆို ကြွေ မျက်နှာလေးဟာ ခရမ်းချဥ်သီးမှည့်လေးလို ဖြစ်နေသည်။

ခုလည်း ဒဏ်ရာက အနည်းငယ် ပျောက်ကင်းနေတာကြောင့် အခန်းပြင်လေးကို ထွက်လာလိုက်သည်။ အခန်းထဲမှာ ၄ရက်လောက် ဆက်တိုက်နေလိုက်ရတာမို့ တော်တော်လေးကို ငြီးငွေ့နေသည် ။

ဟိုတနေ့ကတည်းက ကိစ္စတွေဖြစ်ပြီးတဲ့နောက် စည်သူကို မမြင်ရတော့ပါ။ ဦးကို မေး​ကြည့်တော့လည်း စည်သူနာမည်ကို ဟတာနဲ့ ဒေါသတကြီး အော်လာပြန်သည်။ ဦးကို ဆက်မမေးတော့ဘဲ ကြီးမော်ဆီကိုသာ မေးဖို့ လာခဲ့လိုက်သည်။

''ကြီးမော်''

''ကြွေရုပ် အဖျားပျောက်သွားပြီလား''

''အဖျားက ကောင်းနေပါပြီ၊ အခန်းထဲမှာ နေရလို့ ပျင်းနေရင် အိမ်ထဲ လျှောက်သွားဖို့ ဦးက မှာထားလို့လေ''

''အော် ဟုတ်ပါပြီ ဘာစားချင်လဲ ကြီးမော် ဘာလုပ်ပေးရမလဲ''

''ဘာမှမစားချင်သေးပါဘူး မနက်က ဦးဓနက ခေါက်ဆွဲလေး တိုက်ပြီးမှ အလုပ်သွားတယ်''

''ဩော်...''

လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိနေကြတာကို ကြီးမော်အနေနဲ့ ကြည်နူးရပါသည်။ သူဌေးကြီးကိုယ်တိုင် သိသိသာသာ တိမ်းညွှတ်လာတဲ့ အပြုအမူတွေကိုကြည့်ပြီး ဒီကလေးမပေါ်မှာ တစ်ခုခု ထူးထူးခြားခြား ခံစားနေပြီဆိုတာ သဘောပေါက်လိုက်သည်။ သို့ပေမဲ့ ခက်တာက သူမ အရှေ့မှာ ရပ်နေတဲ့ ကလေးမကတော့ သူမခံစားချက်က ဘာလဲဆိုတာ သူမကိုယ်တိုင်တောင် သတိထားမိမှာမဟုတ်။ သူဌေးကြီးပေါ်ကို ကြောက်ရွံပြီး လင်ယောက်ျားဆိုတဲ့ အသိသာရှိနေသည်။ ချစ်၏ မချစ်၏ဆိုတဲ့ ခံစားချက်တွေ နားလည်သေးမှာ မဟုတ်ခဲ့ ။ အသက်အရွယ်အရ အရမ်းငယ်သေးတာပဲ ဖြစ်မှာပါလေ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက် နှစ်ဆလောက် အသက်ကြီးတဲ့လူနဲ့ ရုတ်တရက် အိမ်ထောင်ကျသွားတော့ ပြင်ဆင်ချိန် မရတာလည်းဖြစ်မှာပေါ့လေ။

'' ဒါနဲ့ ကြီးမော် စည်သူကိုရော မတွေ့ပါလား၊ ဘယ်ရောက်သွားတာလဲ''

''စည်သူကို သူဌေးကြီးက သူ့အဖိုးရဲ့အိမ်ကို ပို့လိုက်ပြီ''

''ဘယ်လို ''

''ဟုတ်တယ် အပြစ်ပေးတဲ့အနေနဲ့ ဦးမင်းထင်မော်ကွန်းရဲ့အိမ်ကို သွားပို့လိုက်တာ၊ အရင်ကဆို သူဌေးကြီးက စည်သူကို အရမ်းအားကိုးတာ အရမ်းလည်း ယုံကြည်တယ်၊ လုပ်ခိုင်းသမျှအားလုံးကို သေသေချာချာ စေ့စေ့စပ်စပ် လုပ်လို့ အမှားတခုမှ မရှိဘူး၊ သူက သူဌေးကြီးရဲ့ လက်စွဲတော် ဖြစ်လာတာပဲ၊ ဒါပေမဲ့ အပြစ်ကျူးလွန်လိုက်တော့ သူဌေးကြီးက သူ့ကို ဒီအိမ်မှာ ဆက်မထားတော့ဘူး၊ ဒါကြောင့် အဘိုးအိမ်ကို ပို့လိုက်တာ''

''ဒါတွေအားလုံးက ကြွေကြောင့်ပါ ကြွေသာ မပူဆာရင် ဒီလိုဖြစ်မှာမဟုတ်ဘူး''

စိတ်မကောင်းသလို ပြောလာတဲ့ ကြွေရုပ်ကို ကြီးမော်က နှစ်သိမ့်လာသည်။

'' အားလုံးက သမီးရဲ့ အပြစ်တွေ မဟုတ်ပါဘူး''

''စည်သူကိုရော ဒဏ်ရာတွေနဲ့ တွေ့လိုက်လားဟင်''

ကြွေအမေlကြောင့် ကြီးမော်ရဲ့ မျက်နှာမကောင်းစွာနဲ့..

''အင်း''

ခေါင်းညိတ်ပြလာသည်။ သူ့မိန်းမကိုတောင် ဦးကိုယ်တိုင် ရိုက်ပြီး ဆုံးမထားတာပဲ။ ကိုယ့်အိမ်ကအလုပ်သမားကို မထိုးနှက်ပဲ ရှိပါ့မလား။

ဒါတွေအားလုံးက သူ့ကြောင့်ပဲလေ ကြွေသာ အပြင်သွားဖို့ မပူဆာခဲ့ရင် ဒီလိုအဖြစ်မျိုး ဖြစ်ခံရမှာမဟုတ်ဘူး။

ကြီးမော်နဲ့ စကားတွေ ပြောပြီး ထွက်လာခဲ့လိုက်သည်။ ကြွေ အပြင်ရောက်တော့ အလုပ်သမားတွေ အများကြီးက ကြွေကိုမြင်တာနဲ့ အလိုလိုခေါင်းငုပ်သွားကြသည်။ ဟိုနေ့က အဖြစ်အပျက်ကြောင့် ကြွေကို အကြည့်လေးနဲ့တောင် မစော်ကားလာခဲ့။ ဦးက ဘယ်လို ကိုင်တွယ်ထားခဲ့လဲတော့မသိ။ အစစအရာရာပေါ်မှာ ဦးဒနမော်ကွန်းက အမြင်ကျယ်ကျယ် စဥ်းစားတတ်ပြီးကြွေတော့ ဒီလိုမဟုတ်ဘဲ ခဏတာအတွက်ပဲတွေးပြီး လုပ်ချင်တာတွေ လုပ်သည်။

တကယ်ဆို ဒီကိစ္စတွေအားလုံးထဲမှာ ကြွေအမှားလည်း အများဆုံးပါတာပဲလေ..။

✅✅✅✅✅

To be continue

ရှင်မွှေးလွန်း

המשך קריאה

You'll Also Like

497K 16.2K 123
𝗧𝗛𝗜𝗦 𝗜𝗦𝗡'𝗧 𝗠𝗬 𝗡𝗢𝗩𝗘𝗟. 𝗜 𝗢𝗡𝗟𝗬 𝗣𝗢𝗦𝗧𝗘𝗗 𝗜𝗧 𝗙𝗢𝗥 𝗢𝗡𝗟𝗜𝗡𝗘 𝗥𝗘𝗔𝗗𝗜𝗡𝗚 𝗣𝗨𝗥𝗣𝗢𝗦𝗘. 𝗔𝗟𝗦𝗢 𝗡𝗢𝗧 𝗠𝗬 𝗧𝗥𝗔𝗡𝗦�...
78.8K 2.2K 25
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
555K 18K 161
Genre: Space, Doting, Farming, Time travel, Healing Synopsis: Xu Linyue from the 21st century crossing over with the heavenly space soul penetration...