အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

By authorblove14

726 19 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... More

part (1)
part (2)
part (3)
part (4)
part (6)
part (7)
part (8)
part (9)
part (10)

part (5)

52 2 0
By authorblove14

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (5)
-----------------

ကြောက်လန့်နေတဲ့ကောင်လေးကို အားပေးနှစ်သိပ်လိုစိတ်နဲ့ ဖက်ထားမိပေမယ့်
စိုထိုင်ထိုင်းဆံပင်ကရတဲ့ ရှန်ပူနံ့သင်းသင်းလေးနဲ့ ပါးလျလျခန္ဓာကိုယ်ရဲ့ နွေးထွေးပျော့ပျောင်းမှုက လွှတ်ပေးလိုက်ဖို့ မေ့လျော့စေတဲ့အထိ

"ဟို..ရပြီထင်တယ်..ဦး"

ချစ်မြတ်နိုးရသူရဲ့ရင်ခွင်ထဲမှာ ရှိန်းမြမြအငွေ့သက်ကိုခံစားပြီး ဒိထက်ကြာကြာလေး နေချင်သေးပေမယ့်
ကြောက်တာကိုဗန်းပြပြီး အခွင့်ရေးယူတယ်လို့ ဦးဘက်ကတွေးနေမှာလည်း စိုးရိမ်မိတာကြောင့် လှိုင်း ပြောလိုက်တော့

."အော်. အင်း"

ကောင်လေးပြောလိုက်မှ သတိဝင်လာရသည့် သိုက်မှာ ကိုယ့်အအဖြစ်ကိုယ် ရှက်မိပြီး

"ရရင်လည်း..အဝတ်မြန်မြန်သွားလဲလေ
အအေးမိမယ်"

အောင့်သီးအောင့်သက်ပြန်ပြောလိုက်တာက အပြစ်တင်သံလိုလို

"ဟုတ်...ဦးလည်း စားတော့လေ"

ပြောပြီး ကောင်လေး ထမင်းစားခန်းထဲက ထွက်သွားမှ သိုက်လည်း ခုံမှာဝင်ထိုင်လိုက်ကာ တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားလိုက်တဲ့ ထမင်းလုတ်တွေက သိသိသာသာ လစ်ဟာသွားသော ရင်ဘတ်ကြီးကိုတော့ ဖြည့်လို့ပြည့်နိုင်ပါ့မလားဆိုတာ

----------------------------

"ဦး.."

အသံတိုးတိုးလေးနဲ့ခေါ်ပြီး တခါးခေါက်သံခပ်ဖွဖွကြောင့် သိုက် တခါးဖွင့်ကြည့်လိုက်တော့ ခေါင်းအုံးလေးပိုက်ကာ ရို့ရို့လေးရပ်နေသော ကာင်လေးကိုတွေ့လိုက်ရတာကြောင့်

"ဘာ...ဖြစ်လို့လဲ."

"ဟို...လျှပ်စီးက အရမ်းလက်နေလို့"

ကိုယ့်အမေးကို မရဲတရဲပြန်ဖြေလာသော ကောင်လေးကို

"မအိပ်ရဲလို့လား"

ခေါင်းအုံးပိုက်လာတာကို မြင်လိုက်ရကတည်းက ရှင်းနေပြီးသားအဖြေကို ထပ်မေးလိုက်ပြီးမှ

"ဝင်ခဲ့လေ"

"ဟုတ်...ကျေးဇူးပါ"

ခွင့်ပြုလိုက်သည်နှင့် အခန်းထဲဝင်လာတာက အခန်းပိုင်ရှင်ဖြစ်တဲ့ သိုက်ကို တွန်းတိုက်မိမတတ်
ကြမ်းပြင်ပေါ် အိပ်ယာကပြာကယာခင်းကာ စိတ်ချလက်ချ လှဲအိပ်လိုက်တဲ့ကောင်လေးကို သိုက် အစအဆုံးလိုက်ကြည့်နေမိပြီးမှ
ကိုယ့်ကုတင်ပေါ် ပြန်တက်ကာ အိပ်ဖို့ပြင်လိုက်ပြန်တော့

"လှိုင်း...ဘာလို့...လျှပ်စီးလက်တာကို ကြောက်လဲဆိုတာ ဦးသိချင်လား ဟင်"

တစ်ခုခုကို ပြောပြချင်နေသလို ကောင်လေးစကားကြောင့်

"အင်း...မင်း ပြောချင်ရင်ပေါ့"

ကောင်လေးဘက်ကို လှည့်မကြည့်ဘဲ သိုက်ပြန်ဖြေလိုက်တော့

"လှိုင်း..အချစ်ဆုံးလူက... လျှပ်စီးတွေတဖျပ်ဖျပ်လက်နေတဲ့အချိန်မှာ လှိုင်းဆီကနေ အပြီးတိုင်ထွက်ခွာသွားခဲ့တာ"

အတိတ်ကိုမြင်ယောင်နေသလို ပြောလာသော ကောင်လေးစကားကြောင့် သိုက်အံ့ဩသွားရပြီး

"မင်းလည်း...ထားခဲ့ခံရပုံပဲ"

ကိုယ့်အဖြစ်နဲ့နှိုင်းစာကာ မချိတရိပြောလိုက်မိပေမယ့်

"ဖေဖေက လှိုင်းကို ထားခဲ့တာမဟုတ်ပါဘူး
ဆိုးရွားလွန်းတဲ့ ကံကြမ္မာက ဖေဖေ့ကို လှိုင်းဆီကနေ လုယူသွားခဲ့တာ
ဖေဖေလည်းလှိုင်းကို တစ်ယောက်တည်းထားခဲ့ချင်မှာမဟုတ်တာ လှိုင်းသိတယ်"

ပြောရင်းရှိုက်သံစွက်လာတဲ့ ကောင်လေးဘက်ကို သိုက် လှည့်ကြည့်မိရင်း

"ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ချစ်ရတဲ့လူတွေ အနားကထွက်သွားတဲ့ နာကျင်မှုကို ငါလည်းသိပါတယ်
ဒါပေမယ့်...မင်းအဖေက မင်းကိုမထားခဲ့ချင်တာသေချာသိနေတယ်ဆိုရင်
မင်း နှလုံးသားထဲမှာ သူကအမြဲရှင်သန်နေလို့ရပါတယ်
စွန့်ပစ်ခံလိုက်ရသလို နာကျင်နေဖို့ မလိုဘူးပေါ့"

လှိုင်းကို နှစ်သိပ်လိုက်တာလား သူကိုယ်တိုင်ညည်းတွားလိုက်တာလား မသဲကွဲတဲ့ ဦးစကားကြောင့် ကုတင်ပေါ်မှာတစောင်းလှဲတဲ့ ဦးမျက်နှာကို လှိုင်း မော့ကြည့်လိုက်ပြီး

"ဦးက ထားခဲ့ခံရလို့ နာကျင်နေတာလားဟင်"

မေးနေရင်းနဲ့ပင် ဦးပါးကို ခပ်ဖွဖွပွတ်သပ်ပေးနေမိသည့် ကိုယ့်အဖြစ်ကိုယ် လှိုင်း သတိမထားမိခဲ့

"ထားခဲ့ခံရလို့ နာကျင်ရတာထက်
ကိုယ့်စိတ်ကို ဖွင့်ပေးလိုက်တဲ့အထိ ယုံကြည်မိပြီးမှ အဲ့ဒီ့လူဆီက သစ္စာဖောက်ခံလိုက်ရလို့ နာကျင်ရတာဆိုရင် ပိုမှန်ပါလိမ့်မယ်"

နာကျင်စွာပြောလာတဲ့ ဦးက သွေးမတိတ်သေးတဲ့ ဒဏ်ရာတစ်ခုကို ရင်ဝယ်ပိုက်ထားတဲ့ လူလို

"အဲ့ဒီ့လူက ဦးချစ်သူလား"

လှိုင်းမသိရသေးတဲ့ ဦးအတိတ်ကို နားလည်ပေးချင်စိတ်နဲ့ မေးလိုက်မိတော့
ဦးက သူ့ပါးထက်က လှိုင်းလက်ဖဝါးပေါ် ပြန်လည်အုပ်ကိုင်လိုက်ရင်း

"မဟုတ်ပါဘူး...ကိုယ့်မွေးစားအဖေပါ
ကိုယ့်ကို.ဒီအိမ်ပိုင်ရှင်လင်မယားက မွေးစားခဲ့ကြတာ
ကိုယ် နှစ်နှစ်သားလောက်ကတည်း မိဘတွေဆုံးသွားလို့ မိဘမဲ့ဂေဟာကိုရောက်ခဲ့ပေမယ့်
ကိုယ်နဲ့အတူကြီးပြင်းလာတဲ့ တခြားကလေးတွေသာ တစ်ယောက်ပြီးတစ်ယောက်မွေးစားခံလိုက်ရတယ်
ကိုယ်ကတော့ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကြောင့် ဆယ့်လေးနှစ်သားအထိ မွေးစားမယ့်လူတစ်ယောက်မှမရှိခဲ့ဘူး"

"ဦးကိုယ်ရည်ကိုယ်သွေးက ဘာဖြစ်နေလို့လဲ
ဦးက ဒီလောက်တော်တာ"

ဦးပြောလာတဲ့ စကားကို မယုံကြည်လို့မဟုတ်ဘဲ ဧည့်ခန်းမှာရှိနေသည့် ဦးရဲ့ ဆုတံဆိပ်ပေါင်းစုံကို မြင်ထားရတာကြောင့် လက်မခံနိုင်တဲ့စိတ်နဲ့ လှိုင်း ပြန်ငြင်းလိုက်မိတော့

"ကိုယ်က အစကတည်းက တခြားကလေးတွေထက် စကားနည်းတယ်လေ
ကိုယ့်ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက်မွေးစားခံလိုက်ရတိုင်း
ကျန်ခဲ့ရတဲ့ကိုယ်က တဖြေးဖြေး ပိုခက်ခဲလာခဲ့တယ်
အဲ့လိုနဲ့ အသက်ကြီးလာလေ မွေးစားမယ့်လူမရှိတော့ဘဲ ကိုယ့်အခြေနေက အဆိုးဆုံးထိရောက်သွားတော့တာပဲ လူတွေနဲ့ဆက်ဆံရခက်တဲ့ကလေးဖြစ်လာတာပေါ့
ဒါပေမယ့် အဲ့လိုမျိုးဖြစ်နေတဲ့ ကိုယ့်ကိုမှ လိုလိုလားလားလိုချင်တဲ့လူတစ်ယောက်ရှိလာခဲ့တယ်"

ပြောပြနေရင်း ဒီနေရာအရောက်မှ တဖျပ်ဖျပ်လက်လာတဲ့ ဦးမျက်လုံးတွေကြောင့် ဦးရဲ့မွေးစားအဖေဟာ ဦးအတွက် ဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာ လှိုင်း နားလည်သွားရသည်

"အဲ့ဒီ့လူက နွေးထွေးကြင်နာမှုဟာ လူတိုင်းနဲ့ထိုက်တန်တဲ့အကြောင်း ကိုယ့်ကို လက်တွေ့ပြပေးခဲ့တယ်
အဲ့ဒီ့နောက်မှာ ကိုယ်ဒီအိမ်ကိုရောက်လာခဲ့တယ်
တစ်နှစ်လောက်ပါပဲ ကိုယ့်မှာမိသားစုလေးရှိလာပြီဆိုပြီး ပျော်နေရတုန်းမှာပဲ
ကိုယ့်မွေးစာအဖေက သူ့ဇနီးနဲ့ကွားရှင်းပြတ်ဆဲပြီး ကိုယ့်ကို ဒီအိမ်မှာထားခဲ့တယ်
သူ့ဇနီးကလည်း အဲ့ဒီ့လူ ကိုယ့်ကိုလာခေါ်လိမ့်မယ်လို့ပြောပြီး ထားရစ်ခဲ့တာ ဒီချိန်ထိပဲ
တကယ်တမ်းကျ ကိုယ့်ဆီကို ဘယ်သူမှပြန်မလာခဲ့ဘူးလေ....ဟား"

ပြောပြီး ရယ်ချလိုက်တဲ့ ဦးရယ်သံက နာကျင်မှုတွေကို အရွဲ့တိုက်ပစ်လိုက်သလိုပင်

"အဲ့ဒီ့လူဘယ်မှာရှိနေလဲဆိုတာ ဦး အခုထိမသိရဘူးလား"

"မစုံစမ်းတော့တာပါ ပြန်မလာချင်လို့ မလာခဲ့တာဘဲ
ကိုယ့်စုံးစမ်းတော့လည်း... သူ့အတွက်အနှောက်ယှက်ဖြစ်ရုံပဲပေါ့"

လှိုင်း သိချင်နေခဲ့တဲ့ အကြောင်းအရာအားလုံကို သိလိုက်ရပြီး ဦးရဲ့ ခံစားချက်ကိုသေချာနားလည်သွားရတော့လည်း ပို၍ ကြင်နာရခြင်းတွေကသာ ရင်ထဲတိုးဝှေ့လာရင်း

"အံ့ဩဖို့ကောင်းတဲ့ အဖြစ်အပျက်တိုင်းမှာ အချိန်ကိုက်ဆိုတဲ့ စကားတစ်လုံးရှိတာ ဦးသိလား
ကောင်းတဲ့အရာပဲဖြစ်ဖြစ်
ဆိုးတဲ့အရာပဲဖြစ်ဖြစ် သူ့တို့ရဲ့လက်ရှိအနေအထားနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပျက်လာရင်
အံ့ဖွယ်ကံကောင်းခြင်း ဒါမှမဟုတ် အံ့ဖွယ်ကံဆိုးခြင်းအဖြစ် လူတွေကယူဆကြတယ်
အခုကစပြီး ဦး သိထားရမှာက ဦးရဲ့နောက်ထပ် အချိန်ကိုက်ဖြစ်ပျက်ခြင်းတွေက အံ့ဖွယ်ကံဆိုးခြင်းတွေ လုံးဝမရှိတော့ဘူးဆိုတာပဲ
အဲ့လိုဖြစ်လာအောင်လည်း လှိုင်းက လုပ်ပေးပါ့မယ်"

စိတ်အားထက်သန်စွာပြောလာတဲ့ လှိုင်းမျက်ဝန်းတွေက ဝန်ခံကတိပေးနေသလို ကြည်စင်လေးနက်လွန်းတာကြောင့်
အုပ်ကိုင်ထားမိတဲ့ လက်ဖမိုးလေးကို သိုက် ခပ်ဖွဖွဖိကပ်နမ်းလိုက်ပြီး

"ကျေးဇူးပါ ကလေးရယ်"

နှုတ်ဖျားက ထွက်ကျလာတဲ့ ကျေးဇူးတင်စကားက တောင်းဆုတစ်ခုအလား တူညီစွာ

----------------------------

"ချောလိုက်တာ.."

နှုတ်ခမ်းလေးလှုပ်ရုံ ပြောလိုက်တဲ့ လှိုင်း စကားအဓိပ်ပါယျကို နားလည်နေတာကြောင့် သိုက် ပြုံးမိသွားပြီး

"ကိုယ့်ကို အဲ့လောက်တောင် ကြွေသွားတာလား"

စနောက်ချင်စိတ်နဲ့ မေးလိုက်ပေမယ့်

"မဟုတ်ပါဘူးနော်...အမွှေးအမျှင်တွေမရှိတော့လို့ ကြည့်ကောင်းသွားရုံပါ"

ရှက်ကိုးရှက်ကန်း ဘူးကွယ်နေပုံလေးကအစ ချစ်စရာကောင်းနေပြန်တာကြောင့်

"အဲ့ဒါဆိုရင်တော့... ဝမ်းနည်းစရာပဲ
ကိုယ်က...ကလေးကို ကြွေမိတာက
တဖက်သတ်ဖြစ်နေပုံပဲ"

ပြုံးစစပြောလာတဲ့ ဦးစကားက ဒီတိုင်းစနောက်နေခြင်းပဲလား ဖွင့်ဟဝန်ခံလိုက်ခြင်းလားဆိုတာ မခွဲခြားနိုင်ပေမယ့်

"အဲ့လိုမဟုတ်ပါဘူး...အခုမှ ကြွေတာမဟုတ်ဘူးလို့ ပြောချင်တာ"

ဦးဆီက တဖက်သတ်ဆိုတဲ့စကားကို မကြိုက်လှတာကြောင့် အတိအလင်းဝန်ခံလိုက်သူက လှိုင်း ဖြစ်သွားရတော့

"ဒါဆို...ဘယ်အချိန်လောက်ကတည်းကလဲ"

ပြန်မေးလာတဲ့ ဦးစကားက အနိုင်ပိုင်းနေပုံမျိုးမို့

"မပြောပြနိုင်ပါဘူး.... လှိုင်းဘက်ကပဲ ခံစားချက်တွေထုတ်ပြနေမိတာ အရမ်းများနေပြီ မဟုတ်လား"

ဆူပွပွ ပြောနေတာက တစ်ခုခုကို သေသေချာချာကြီး မကျေလည်ပုံမျိုးပေါ်နေတာကြောင့်
သိုက် လှိုင်းကိုယ်လုံးလေးကို ခါးကနေပွေ့ဖက်ထားလိုက်ပြီး

"အချိန်ကိုက် ကံဆိုးခြင်းမရှိစေရတော့ဘူးဆို
ကိုယ်အခု လိုချင်နေတာမျိုးရှိတယ်ဆိုပါတော့ အဲ့ဒါကိုသာ မရနိုင်ရင် အချိန်ကိုက် ကံဆိုးခြင်းလို့ ခေါ်မယ်ထင်တယ်"

ညှို့နိုင်လွန်းတဲ့ ဦးအကြည့်တွေကြောင့် မရနိုင်တာမရှိပါဘူးလို့ ပြောလိုက်ချင်ပေမယ့်

"ကိုယ်လိုရာ ဆွဲတွေးနေတာမဟုတ်ဘူးလား"

အညံ့မခံချင်စိတ်နဲ့ ပြန်ပြောလိုက်တော့လည်း

"ကလေးက... ငြင်းမှာလား"

မငြင်းနိုင်တာသိရက်နဲ့ ငြင်းမှာလားလို့ မေးလာတဲ့ဦးကို ခေါင်းခါပြမိရင်း
နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တဲ့ ဦးကြောင့် မျက်လုံးတွေ မှိတ်လိုက်မိတဲ့အခါ
အဲ့ဒီ့အနမ်းတွေအောက်မှာ အခါခါကျဆုံးချင်စိတ်နဲ့ ရူးနေမိတာအမှန်

-------------------------

"ဦး.."

အနောက်ကသိုင်းဖက်ရင်း ခေါ်လာတဲ့ ကလေးကြောင့် သိုက် လှည့်ကြည့်လိုက်တော့

"လှိုင်း... နယ်ကို ခနပြန်ချင်လို့"

"ကိစ္စရှိလို့လား"

ပြန်မယ်ဆိုတဲ့အသံကြားရုံနဲ့ မျက်နှာပျက်နေရှာသည့် ဦးကို

"ဖေဖေ့နှစ်ပတ်လည်ရှိလို့ပါ
ပုံမှန်ဆို လှိုင်းက နှစ်ပတ်လည်နေ့တိုင်း ဖေဖေ့အုတ်ဂူကို သန့်ရှင်းရေးလုပ်ပေးပြီး ဆေးလည်းအသစ်ပြန်သုတ်ပေးနေကျလေ"

"ဒါဆို...ကိုယ်လိုက်ခဲ့လို့ရမလား"

ကလေးသူ့ကို မညာဘူးဆိုတာသိပေမယ့် မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ စိတ်ကြောင့် သိုက် မေးလိုက်မိတော့

"ဦးအလုပ်ပျက်နေမှာပေါ့"

"ကလေးကိုယ့်နားမရှိရင်လည်း
စိတ်နှစ်လို့မရမယ့်အတူတူ လိုက်ခဲ့ချင်တယ်."

တစ်သက်လုံးမြတ်နိုးတန်ဖိုးထားခဲ့ရတဲ့အလုပ်ကို သစ္စာဖောက်ပြီး ပြောလိုက်တဲ့ သိုက်ရဲ့ တောင်းဆိုမှုကို

"ဦးလိုက်မယ်ဆို... လှိုင်းက ပိုပျော်တာပေါ့"

ခွင့်ပြုလာတဲ့ စကားလေးမှာတင် နှစ်မျောပျော်ဝင် ရင်ခုန်နေရတဲ့အဖြစ်

အရိုးသားဆုံး ဖွင့်ဟဝန်ခံမှုဟာ အကြီးမားဆုံး ညှို့ယူနိုင်စွမ်းလေလား

-----------------------

ရန်ကုန်ပရဝုဏ်က ထွက်လာပြီဆိုကတည်းက ဟိုင်းဝေးလမ်းမတစ်လျှောက်မြင်နေရတဲ့ လမ်းကွင်းစိမ်းစိမ်းတွေကို တမေ့တမောငေးကြည့်နေမိရင်း
ဒီလမ်းခရီးကိုဖြတ်သွားရတိုင်းမမေ့နိုင်တဲ့ပုံရိပ်တွေက ခြောက်လှန့်လာပြန်သည်

"ဦး..."

ရုတ်တရက် အသံဖျော့ဖျော့လေးနဲ့ ခေါ်လိုက်တဲ့ကလေးကို သိုက် ကားမောင်းနေရာမှ လှည့်ကြည့်လိုက်တော့

"ဖေဖေ အက်စီးဒန့်ဖြစ်ခဲ့တာ ဟိုနေရာလေ"

လက်ညှိုးထိုးပြီးလှမ်းပြလိုက်တဲ့နေရာက လမ်းတဖက်ခြမ်းမနီးမဝေးမှာတင် ဖြစ်နေသောကြောင့် သိုက် ကားကို အရှိန်တင်လိုက်တော့

"ဘာလို့လဲ"

အရှိန်မြင့်သွားသောကားကြောင့် နားမလည်နိုင်သလို လှည့်မေးလာသော ကလေးကို ပြန်မဖြေဖြစ်ဘဲ ကလေးပြတဲ့နေရာကို ကျော်လာကာ ကွေ့တစ်ကွေ့ကို ချိုးချလိုက်ပြီးမှာ ကားကိုလမ်းဘေးချရပ်လိုက်သည်

"ကလေး အဆင်ပြေရဲ့လား"

စိုးရိမ်တကြီးမေးလာသော ဦးကို လှိုင်း ခေါင်းရမ်းပြမိရင်း

"ဒီခရီးကို လာတိုင်း အဆင်မပြေဘူး."

မျက်ရည်ကြည်လေးတွေဝေ့ပြီး ဖြေနေတဲ့ကလေးက တကယ့်ကို နာကျင်နေပုံမျိုး
သိုက် ကလေးကို ရင်ခွင်ထဲဆွဲသွင်းထားလိုက်ပြီး

"ကိုယ့်ကို ဘာလို့ကြိုမပြောရတာလဲကွာ"

"ဦးအိမ်ကို လာတဲ့နေ့က ပထမဆုံးအနေနဲ့ ဒီလမ်းကို ပြန်လာဖြစ်ခဲ့တာ
ရင်ဆိုင်ရမယ့်အရာကို ရှောင်နေလို့မရနိုင်ဘူးလို့ တွေးခဲ့ပေမယ့်
အဲ့နေရာကို မြင်လိုက်တိုင်း နာကျင်ရတုန်းပဲ"

ပြောရင်း ဝေ့နေတဲ့မျက်ရည်တွေက မျက်ရည်စီးကြောင်းဖြစ်သွားရပြီး သိုက်ပခုံးစွန်းမှာစိုနေခဲ့ပြီ

"ကလေးရယ်..."

"အဲ့ဒီ့နေ့က လှိုင်း အရမ်းပျော်နေခဲ့တာ..
လူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုတဲ့
မျှော်လင့်ချက်ကြောင့်ထင်တယ်
ဖေဖေရယ် ဖေဖေ့ချစ်သူရယ် လှိုင်းရယ်
အတူတူလာခဲ့ကြတာ
ရုတ်တရက်ဖြစ်သွားတဲ့ အက်စီးဒန့်က
သူတို့နှစ်ယောက်လုံးကိုခေါ်သွားပြီး
လှိုင်းကိုကျ ထားရစ်ခဲ့တယ်
တကယ်ဆို လှိုင်းလည်း အတူသေသွားသင့်တာ."

တအိအိငိုရှိုက်ရင်းပြောနေတဲ့ ကလေးအသံက တချက်တချက်တိမ်ဝင်သွားပြီး လတ်လတ်ဆတ်ဆတ် ပြန်မြင်နေရသလို မရပ်နားဘဲပြောနေဆဲ

"တော်ပါတော့...ကလေးရယ်."

သိုက် စိတ်ထိခိုက်ခြင်းကြီးစွာ တားလိုက်မိပေမယ့်

"ဒါပေမယ့် အရွယ်ရောက်လာတော့ လှိုင်းတွေးမိတာရှိတယ်
ဖေဖေတို့နှစ်ယောက်က လှိုင်းကို ခရီးဆုံးအောင် သွားစေချင်ခဲ့တာဖြစ်မယ်လို့"

ကလေးဆက်ပြောလာတဲ့ စကားကို သိုက် နားမလည်တော့တာကြောင့်

"ကလေးတို့က အကြောင်းကိစ္စရှိလို့ခရီးထွက်ခဲ့တာမျိုးလား"

ရှင်းလင်းအောင် ပြန်မေးလိုက်တော့ ကလေးက သိုက်ကို ခေါင်းညိတ်ပြပြီး

"ဖေဖေ့ချစ်သူရဲ့ သားကို ခေါ်ဖို့သွားခဲ့တာ
သူ့သားက ရန်ကုန်မှာကျန်ခဲ့တာလေ
ဒါပေမယ့် ကိစ္စတွေက အဲ့လိုဖြစ်ကုန်တော့ မရောက်ဖြစ်ခဲ့ဘူး
လှိုင်းအရမ်းတွေ့ချင်နေခဲ့တဲ့ အစ်ကို့ကိုလည်း မတွေ့လိုက်ရဘူး"

"အဲ့ဒီ့ကလေးလည်း အရမ်းကိုမျှော်နေခဲ့မှာပဲ."

လှိုင်း မတွေးမိခဲ့တဲ့တစ်ဖက်ခြမ်းကို တွေးပြီးပြောလာသော ဦးကြောင့်
လှိုင်း တွေဝေသွားရပြီး

"အဲ့လိုဖြစ်လောက်တာပဲ...လှိုင်း ဘာလို့မတွေးမိခဲ့ပါလိမ့်"

နာကျင်ခြင်းတွေနဲ့ပဲ ရှင်သန်လာခဲ့ရင်း မေ့ပျောက်လုလုဖြစ်နေတဲ့ အပြုံးတစ်ခုကို ပြန်အမှတ်ရသွားမိတာက ဦးစကားကြောင့် ဖြစ်နေပြီး

"လှိုင်းလည်း...တွေ့ချင်တယ်"

"အဲ့ကလေးကိုလား"

တွေတွေဝေဝေလေးပြောလာတဲ့ ကလေးကို ပြန်မေးလိုက်မိတော့

"ဟုတ်တယ်....လှိုင်းတို့သွားခဲ့တာက အဲ့အစ်ကိုကိုခေါ်ပြီး..မိသားစုတစ်ခုတည်ဆောက်ဖို့ အတွေးတွေနဲ့လေ
ဒါပေမယ့် ဖေဖေချစ်သူက သူသိပ်ချစ်ရတဲ့သားကို မခေါ်နိုင်ခဲ့သလို
လှိုင်းလည်း အစ်ကိုတစ်ယောက်ကို ဆုံးရှုံးသွားခဲ့တာပဲလေ"

"ကလေး လိုက်မရှာခဲ့ဘူးလား"

နားမလည်သလိုပြန်မေးလိုက်တဲ့ သိုက်စကားကို ကလေးက

"အဲ့ဒီ့အချိန်တုန်းက လှိုင်းက အရမ်းငယ်သေးတယ်လေ
နာရေးကိစ္စတွေကိုတောင် အမျိုးတွေကပဲ စီစဉ်ပေးခဲ့ရတာ
ပြီးတော့ ဖေဖေ့ချစ်သူနဲ့ပက်သက်ပြီး လှိုင်းတို့သိထားတာလည်း များများစားစားမရှိတော့
သူ့အမျိုးတွေကိုတောင် မဆက်သွယ်နိုင်ခဲ့ဘူး
သတင်းစားထဲထည့်ခဲ့ပေမယ့် ဘယ်သူမှ ဆက်သွယ်လာတာမျိုးလည်း မရှိတော့ သူ့သားကို ရှာပေးဖို့လည်း မဖြစ်နိုင်ခဲ့ဘူးလေ
အဲ့လိုနဲ့ပဲ အားလုံးရပ်တန့်သွားပြီး လှိုင်းလည်း ကိုယ့်နာကျင်မှုနဲ့ကိုယ်ပဲ မနည်းရပ်တည်ဖို့ကြိုးစားခဲ့ရတော့ မေ့မေ့လျော့လျော့ဖြစ်သွားခဲ့တာ
အခုချိန်မှာတော့ ရှာဖွေဖို့ လမ်းစတောင် မရှိတော့ဘူးထင်ပါတယ်"

"ကိုယ် စုံစမ်းပေးရမလား
ကလေးသိသလောက် အဲ့လူအကြောင်းကိုပြောပြလေ"

စိတ်ပျက်အားလျော့နေပုံပေါ်တဲ့ကလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်နဲ့ သိုက်ပြောလိုက်ပြီး

"ရန်ကုန်ပြန်ရောက်တာနဲ့ ကလေးတွေ့ချင်တဲ့လူကို ကိုယ်အတတ်နိုင်ဆုံး ရှာပေးပါ့မယ်
အခုတော့ ကလေး ဖေဖေနဲ့အရင်ဆုံးသွားတွေ့ရအောင်နော်"

ကတိပေးမိရင်း ခရီးဆက်ဖို့ပြောလိုက်တဲ့ သိုက်စကားကို

"ဟုတ်ကဲ့..ဦး"

ကလေးက ပြန်လည်တည်ငြိမ်သွားသလို ခေါင်းညိတ်ပြတာကြောင့် သိုက်လည်း ကားကို ဆက်မောင်းလာခဲ့လိုက်သည်

------------------------------

ဘလော့ဖ် (blove)
7.8.23/9:08pm

to part 6

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (5)
-----------------unicode/zawgyi

----------------------

Continue Reading

You'll Also Like

4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
682K 36K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
167K 13K 34
Her marriage was fixed which was an arrange marriage but she moved to London for pursuing her career and dreams and after that she would marry. But i...
1.4M 123K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...