အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

De authorblove14

728 19 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... Mais

part (1)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)

part (2)

73 3 0
De authorblove14

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (2)
-------------------

ရုတ်တရက်ထွက်လာသော ကွဲရှသံကြောင့် ကိုယ်ဟန်ပြမော်ဒယ်ကို အနေအထားပြင်ပေးနေရာမှ သိုက် လှည့်ကြည့်လိုက်တော့
မြင်မကောင်းအောင်ကွဲကြေနေတဲ့ ပန်းကန်အပိုင်းအစတွေကြားမှာ မျက်လုံးအဝိုင်းသားနဲ့ ရပ်နေသည့် လှိုင်းကို တွေ့လိုက်ရတာကြောင့်

"ဘာလို့ ဝင်လာတာလဲ."

မလာနဲ့ပြောထားရက်နဲ့ တခါးတောင် ကိုယ်တိုင်ဖွင့်ပြီးဝင်လာသည့် လှိုင်းကို သိုက် မေးလိုက်တော့

"ဟို..ဟို.."

ကွဲနေသည့် ပန်းကန်အပိုင်းအစတွေနဲ့ ပြန့်ကျဲနေသော စားစရာတွေကို လက်ညှိုးထိုးပြီး တဟိုဟို လုပ်နေပြန်သည့် လှိုင်းကို သိုက် အားမရနိုင်တော့ဘဲ

"နေ့လည်စာ လာပို့တာလား
အဲ့ဒါဆိုလည်း တခါးခေါက်မှပေါ့"

ဒေါသထွက်နေဟန်မရှိပေမယ့် သူ့ပုံစံအတိုင်း မျက်မှောင်တွန့်လျက်ပြောလာသော ဦးကြောင့် လှိုင်း နေစရာမရှိတော့ဘဲ အခန်းထဲက ကိုယ်လုံးတီး မိန်းမထံသို့လည်း နောက်ထပ်အကြည့်မရောက်မိအောင် ထိန်းနေရကာ

"အနှောက်ယှက်ဖြစ်မယ်ထင်လို့ပါ
လှိုင်း ဒါတွေသိမ်းလိုက်ပြီး
ပြန်ယူလာခဲ့ပါ့မယ်"

မျက်ရည်အဝိုင်းသားနဲ့ ပြောနေသည့် ကောင်လေးကိုကြည့်ပြီး သိုက် စိတ်မချမ်းသာနိုင်တော့ဘဲ

"မယူခဲ့နဲ့တော့ ငါ လာစားမယ်
ထမင်းစားခန်းထဲမှာပဲ ပြင်ထားလိုက်

မယ်ရီလည်း နားလိုက်တော့နော်
မနက်ဖြန်မှ ပြန်စလိုက်မယ်"

ကောင်လေးကို ပြောပြီး ကိုယ်ဟန်ပြဖို့ ခေါ်ထားသော မယ်ရီကိုပါ တဆက်တည်း ပြန်ချိန်းလိုက်ရတော့သည့်
သူ့အနုပညာအလုပ်ကို နားလည်နိုင်မှာမဟုတ်သည့် ကောင်လေးကို အလုပ်ခန်းဘက်မလာဖို့ သေချာမှာထားရက်နဲ့ အခုတော့ အကုန်ပျက်စီးသွားရပြီပဲ
သိုက် သက်ပြင်းသာ ချလိုက်မိပြီး
ပုံစံလေးက နုနုနယ်နယ်နဲ့ လူကပါဂေးနေသေးသည့်အပြင် သူ့ရှေ့ရောက်ရင် ကြောက်အားပိုနေသည့် ကောင်လေးကိုလည်း မဆူရက်နိုင်ပြန်
စိတ်ထဲကတော့

"ဒါတွေကြောင့် အိမ်မှာလူပိုမထားချင်တာ" လို့သာ

-----------------------------

သိုက် ထမင်းစားနေသည့်အနားမှာ တောက်လျှောက်ရပ်နေပြီး လိုအပ်သမျှကို လုပ်ကိုင်ပေးနေပေမယ့် အသံသဲ့သဲ့လေးတောင် ထွက်မလာသော ကောင်လေးကို

"မင်း..ခုနက လန့်သွားတာလား"

ပန်းကန်တွေကျကွဲရသည်အထိ ဖြစ်ခဲ့တာကြောင့် မေးလိုက်မိတော့

"ဗျာ..ဟုတ်..အ"

ရုတ်တရက် ထမေးလိုက်သော ဦးကြောင့် ဟင်းချိုထပ်ဖြည့်ပေးနေသည့် လှိုင်းမှာ ပန်းကန်ကိုင်ထားသည့် ကိုယ့်လက်ပေါ်ကိုယ် ဟင်းချိုအပူတွေဖြင့်လောင်းမိလျှက်သား ဖြစ်သွားရသည်

"ဟာ.. ပူသွားတာလားပြစမ်း"

အပူလောင်သွားတာတောင် ဟင်းချိုပန်းကန်လုံးကို စားပွဲပေါ်ရအောင်ပြန်တင်နေသေးသော ကောင်လေးကို သိုက် စိုးရိမ်တကြီး မေးလိုက်ပေမယ့်

"နဲနဲပါ ဘာမှမဖြစ်ပါဘူး"

အပူလောင်ပြီး နာကျင်နေတာကို မြိုသိပ်နေပုံနဲ့ ပြန်ဖြေနေပြန်တာကြောင့်

"ပေးပါ..ရေသေချာဆေးပြီး ဆေးလိမ်းမှပေါ့"

ကောင်လေး လက်ကိုဆွဲယူကာ ဘေစင်ကို ခေါ်သွားပြီး ရေဆေးမလို့ ကြည့်လိုက်မှ လက်မတစ်ချောင်းလုံးက ရဲမှည့်နေလေပြီ

"ဘာကိုနဲနဲလဲ မင်းလက်က အရေခွံကွာခါနီးပဲ"

ပြောလည်းပြော သူကိုယ်တိုင် လှိုင်းလက်ကို ရေဆေးပေးနေပြန်သည့် ဦးကို ကြည့်ပြီး
ဒီလူက ဒီလောက်လည်း မဆိုးပါဘူးလို့ တွေးလိုက်မိပေမယ့်
သူ့ရှေ့ဆို အမှားတွေချည်းပဲ ဆက်တိုက်လုပ်နေမိသည့် ကိုယ့်အဖြစ်ကြောင့် ကြောက်စိတ်ကတော့ လျော့မသွားခဲ့ပေ

-----------------------------

"ရပြီ...ဒီလောက်ဆို အရည်ကြည်တော့တည်မှာ မဟုတ်ဘူး မင်းအရေပြားတော့ အနာဖြစ်မယ်ထင်တယ် ဆေးကို သေချာလိမ်းပေါ့"

ဆေးလိမ်းပေးနေသည့် ဦးရဲ့ အနုပညာရှင်ပီသသည့်လက်ချောင်းသွယ်သွယ်တွေကို ငေးနေမိသည့် လှိုင်းမှာ သိုက် ပြောလိုက်မှပင် သတိဝင်လာရပြီး

"ဟုတ်"

ထုံးစံအတိုင်း ဟုတ် တစ်လုံးသာ ပြန်ပြောနိုင်ပြန်သည်

"မင်း hyper realism ဆိုတာ ကြားဖူးလား"

အဆက်အစပ်မရှိမေးလာသော ဦးရဲ့ မေးခွန်းထဲက ကြားဖူးနားဝမရှိတဲ့ စကားလုံးကြောင့်

"မကြားဖူးပါဘူး"

သူဆွဲနေသော ပန်းချီအမျိုးအစားအကြောင်းကို ကောင်လေးနားလည်အောင် ရှင်းပြဖို့ ကြံရွယ်လိုက်ပေမယ့် ပထမဆုံးမေးခွန်းမှာတင် ကျရှုံးသွားရတာကြောင့် သိုက် ပြုံးလိုက်မိတော့

"ဦး ပြုံးလိုက်တာပဲ"

တအံ့တဩလေးပြောနေပြန်သည့် ကောင်လေးကို သိုက် နားမလည်နိုင်တော့ဘဲ

"ငါ ပြုံးတာထူးဆန်းနေလို့လား"

မေးခွန်းသာ ပြန်ထုတ်မိပြန်ပြီး စကားက လိုရင်းမရောက်နိုင်ပြန်

"မဟုတ်ပါဘူး လှိုင်း မမြင်ဖူးလို့ပါ"

ကောင်လေးပြောလာမှပင် သူဟာ ဒီလောက်ထိ ပြုံးရယ်ခဲတာလားလို့ သိုက် ပြန်စဉ်းစားနေမိရင်း

"အဲ့ဒါအရေးမကြီးပါဘူး.. ငါ့အလုပ်နဲ့ပက်သက်ပြီး မင်းကို ရှင်းပြထားရမယ်ထင်တယ်"

ကောင်လေးနားလည်အောင် ရှင်းပြဖို့ စကားစလိုက်ပေမယ့်

"ရှင်းပြဖို့မလိုပါဘူး ဦး..
ဦး..အလုပ် လုပ်နေတယ်ဆိုတာ
လှိုင်းသိပါတယ်
ဘာ ပန်းချီအမျိုးအစားမှန်းမသိပေမယ့်
အဲ့လို ပန်းချီတွေကိုတော့ လှိုင်း မြင်ဖူးပါတယ်"

"မြင်ဖူးရက်နဲ့တောင် ဒီလောက်လန့်ရလားကွ"

သူ့ကိုနားလည်ပေးသလို ပြောလာသော ကောင်လေးစကားကြောင့် သိုက် ပြန်မေးလိုက်မှပင်

"ဒါကတော့...ရုတ်တရက် အဲ့လိုပုံစံကြီး တွေ့လိုက်ရတော့.. အံ့ဩသွားလို့ပါ "

ခေါင်းငုံ့သွားပြီး ရှက်ကိုးရှက်ကန်းပြန်ဖြေနေပုံက လုံးဝအတွေ့အကြုံမရှိတဲ့ ကလေးတစ်ယောက်လို

"မင်း..အသက်ဘယ်လောက်လဲ"

"နှစ်ဆယ့်နှစ်ပါ ဦး "

"ဆယ်ကျော်သက်လည်းမဟုတ်ဘဲ မိန်းမတစ်ယောက်အဝတ်အစားမပါတာကို မြင်ရုံနဲ့ ပန်းကန်တွေပါ ကျကွဲရတယ်လို့ကွာ"

ကောင်လေးဖြစ်ပျက်သွားပုံကို မျက်လုံးထဲပြန်မြင်ယောင်ရင်း ရယ်ချင်လာကာ သိုက် ပြောလိုက်တော့

"အဲ့မိန်းမကလည်း... အဲ့မိန်းမ ပေမယ့်
ဦးကြောင့်လည်း ပါတယ်လေ"

လှိုင်းအဖြစ်ကို လှောင်ချင်နေတဲ့ ဦးကြောင့် ကြောက်စိတ်ကိုမေ့သွားပြီး ခပ်စွာစွာပြန်ပြောမိသည်

"ငါ့ကြောင့်..ဟုတ်လား
ငါက ဘာဖြစ်နေလို့လဲ"

သူ့ကိုယ်သူပြန်ငုံ့ကြည့်ပြီးမှ လှိုင်းကို ပြန်မေးနေပြန်သည့် ဦးကို

"အဝတ်စားမပါတာကို ပြောတာမဟုတ်ပါဘူး
အဝတ်မပါတဲ့မိန်းမရှေ့မှာ ဦးက ဒူးထောက်ထိုင်နေတော့
ဟိုလေ...ရုတ်တရက်ဆိုတော့.. "

ပြောပြနေရင်းပင် မျက်လုံးဝိုင်းသွားပြန်သည့် ကောင်လေးကြောင့် ဘာကိုအထင်မှားခဲ့တာလဲဆိုတာ သိုက် သိသွားရပြီး

"ဖြစ်ရမယ်ကွာ...မဟုတ်တာတွေတန်းတွေးမိတော့တာပဲလား"

ဦးပြောလိုက်တဲ့ စကားကြောင့် လှိုင်း တွန့်ခနဲဖြစ်သွားရကာ

"လှိုင်းက.. အဲ့အတွေးတွေချည်းရှိတာမဟုတ်ပါဘူး
မနှင်းလည်း အဲ့လိုဆိုပေမယ့်
ဦးကိုပါ အဲ့လိုကြီးမြင်လိုက်ရတော့....."

မနှင်းက ဦးမဟုတ်တဲ့အခြားတစ်ယောက်နဲ့ ပက်သက်နေတာကို သိထားရချိန်မှာမှ
ဦးကိုပါ မိန်းမတစ်ယောက်နဲ့ ရုတ်တရက်တွေ့လိုက်ရပြီး
မြင်ကွင်းကလည်း ဆန်းဆန်းပြားပြားကြီးဖြစ်နေတာကြောင့် မဟုတ်မဟပ်တွေးလိုက်မိတဲ့အကြောင်းကို ရှင်းပြချင်ဇောနဲ့ ကိုယ့်စကားအရှိန်လွန်သွားပြီဆိုတာ လှိုင်းသိလိုက်ပေမယ့် နောက်ကျသွားခဲ့ရပြီ

"နှင်းဆီက ဘာဖြစ်လို့လဲ"

မျက်မှောင်တွန့်ကာ ချက်ချင်းပြန်မေးလာသည့် ဦးကို လှိုင်း ဘာဖြေရမှန်းမသိတော့ဘဲ ကြောက်လန့်စိတ်ကြောင့် မျက်ရည်တွေသာ ဝဲတက်လာရကာ

"မဟုတ်ပါဘူး...လှိုင်း စကားပြော လောသွားလို့."

"ဟက်"

လှိုင်း တုန်တုန်ယင်ယင် ပြန်ဖြေလိုက်ပေမယ့် ထီမထင်သလို ရယ်ချလိုက်သည့် ဦးကြောင့် နားမလည်သလိုသာ မော့ငေးနေမိသည်

"နှင်းဆီဘာတွေလုပ်နေလည်းဆိုတာ ငါသိပါတယ်
ဒါပေမယ့်...မင်းက ဖုံးကွယ်ပေးဖို့ကြိုးစားနေတာတွေ့တော့ ရယ်ချင်သွားတယ်
သူ့လူပီသသားပဲ...ဒါကြောင့်လည်း အိမ်ထဲခေါ်သွင်းခဲ့တာဖြစ်မယ်"

"မဟုတ်ပါဘူး..."

မခံချိမခံသာ ပြောနေသည့် ဦးကို လှိုင်း ရှင်းပြဖို့ ကြိုးစားလိုက်ပေမယ့်
ဦးကတော့ ဂရုမစိုက်စွာ ကျောခိုင်းထွက်သွားခဲ့ပြီပဲ
ဦးဆီက အကောင်းမြင်ခံချင်နေသည့် လှိုင်းမှာ
အထင်မြင်လွဲမှားသွားပြီဖြစ်သော ဦးကြောင့် ဝဲနေတဲ့မျက်ရည်တွေက မျက်ရည်စီးကြောင်းအဖြစ်တသွင်သွင် စီးဆင်းလာခဲ့ရင်း

"ငါကိုက.. လျှာရှည်တာပါ"

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်က နောင်တတွေအဖြစ်သာ

--------------------------

မနက်စာကို အေးအေးလူလူစားနေသည့် မနှင်းကို ကြည့်နေမိရင်း

"မနှင်း မနေ့က ဘယ်အချိန်ပြန်ရောက်လဲ"

မနှင်းရဲ့ကိုယ်ရေးကိုယ်တာဖြစ်၍ ဝင်မစွက်ဖက်လိုသော်လည်း မနေ့က ဦးပြောသောစကားက မနှင်းလုပ်သမျှကို သိနေတာ သေချာတာကြောင့် သတိပေးချင်စိတ်နဲ့ လှိုင်း မေးလိုက်မိတော့

"နဲနဲတော့နောက်ကျသွားတယ်
ကိုကြီးနဲ့လှိုင်း အဆင်မပြေတာမျိုးရှိသေးလား
ကိုကြီးမျက်နှာပျက်နေလို့"

ကိုယ်တိုင် အရှုပ်တွေလုပ်ထားပေမယ့် ဦးမျက်နှာပျက်နေခြင်းကို သူ့ကြောင့်လို့ လုံးဝမတွေးဘဲ လှိုင်းကြောင့်ရယ်လို့ တပ်အပ်သိနေသလိုမေးလာသော မနှင်းစကားကြောင့်

"မနှင်းပြန်လာတာနောက်ကျလို့ မျက်နှာပျက်တာမဖြစ်နိုင်ဘူးလား"

လှိုင်း အရိပ်အမြွက်ပေးကာ မေးလိုက်ပေမယ့်

"အဲ့လိုတော့ လုံးဝမဖြစ်နိုင်ဘူး
ကိုကြီးက ငါ့ကိုဂရုစိုက်တာမှမဟုတ်တာ
ငါ့ကိုမှမဟုတ်ပါဘူး သူက ဘယ်သူ့ကိုမှ ဂရုစိုက်တာမဟုတ်ဘူး လှိုင်းရဲ့
သူမျက်နှာ ပျက်နေရင်
သူ့အတွက်အဆင်မပြေတာ တစ်ခုခုရှိနေလို့ပဲ
သူက သူ့ကိုယ်သူပဲချစ်တတ်တဲ့လူမျိုးလေ"

မနှင်းက မြင်နေကျလိုမဟုတ်ဘဲ နာကျင်မှုစွက်တဲ့မျက်ဝန်းတွေနဲ့ ပြန်ပြောလာတာကြောင့်

"မဖြစ်နိုင်ပါဘူး မနှင်းရယ်
မနှင်းနဲ့ဦးနဲ့ကြားမှာ အဆင်မပြေတာတွေရှိနေလားတော့ လှိုင်း မသိပေမယ့်
မနှင်းကို ဦးက တကယ်ဂရုမစိုက်ရင် အတူတူနေနေပါ့မလား"

ဦးရဲ့စရိုက်အမှန်ကို မသိပေမယ့် လှိုင်းတွေးမိသည့်အတိုင်း မနှင်းကို အားပေးစကားပြောလိုက်မိတော့

"အတူနေဖြစ်တယ်ဆိုတာက ငါ့ကြောင့်ပါလှိုင်းရယ်
ငါသာ တွယ်ကပ်မနေခဲ့ရင် သူနဲ့ငါက ဒီအခြေအနေထိတောင် ရောက်လာမှာမဟုတ်ဘူး
ငါ့မှာရှိတဲ့ မိန်းမ မာနအားလုံးကိုခဝါချပြီး သူ့နားမှာနေဖို့ကြိုးစားခဲ့တာက ငါပါ"

မျက်ရည်အဝဲသားနဲ့ အသံတွေပါအဖျားခတ်တုန်ယင်လာတဲ့ မနှင်းစကားကြောင့် လှိုင်း ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရသည်
ဦးကမနှင်းကို သဘောကျနှစ်သက်၍သာ အရာအားလုံးအလိုလိုက်ပြီး ငွေကြေးထောက်ပံ့မှုပါ အပြည့်အဝပေးထားသည်လို့ လှိုင်း ထင်နေခဲ့သော်လည်း
မနှင်းပြောလာသောစကားကြောင့် ကိုယ့်အထင်အမြင်က ဘယ်နေရာမှာ လွဲချော်နေတာလဲဆိုတာ နားမလည်နိုင်တော့ဘဲ

"ဦးက မနှင်းကို ပြည့်စုံအောင် ထောက်ပံ့ပေးနေတာပဲ မဟုတ်ဘူးလား"

လှိုင်း မေးလိုက်မိတော့

"ငွေကြေးထောက်ပံ့တယ်ဆိုတာက သူပေးနိုင်တဲ့တစ်ခုတည်းသောအရာက ပိုက်ဆံပဲဖြစ်နေလို့လေ
သူ့မှာကိုယ့်ကိုပေးစရာ အချစ်မရှိတော့ လိပ်ပြာမလုံလို့နေမှာပေါ့"

မဲ့ခနဲပြောလာတဲ့ မနှင်းစကားက ဦးဆီကမရဖူးတဲ့ ချစ်ခြင်းမေတ္တာကြောင့် ခါးသက်စွာ
ဦးကို ချစ်နေတာသေချာပေမယ့် သစ္စာထားဖို့လည်း မကြိုးစားတဲ့မနှင်းကို လှိုင်း အားမလိုအားမရဖြစ်သွားရပြီး

"မနှင်း ဦးကို ချစ်တယ်မဟုတ်လား
ဒါဆို ဘာလို့ တခြားလူနဲ့ပက်သက်နေရတာလဲ
ဦးက သူ့ခံစားချက်ကို ထုတ်မပြတတ်တာလည်းဖြစ်နေနိုင်တယ်လေ
အဆင်ပြေအောင် ကြိုးစားကြည့်ပါလား မနှင်းရယ်"

ချစ်ခြင်းတရားနဲ့ပက်သက်ပြီး လှိုင်း ခံယူထားတဲ့အတိုင်း ပြောလိုက်မိပေမယ့်

"ငါလည်း မောင်နဲ့ ပက်သက်ချင်ခဲ့တာမဟုတ်ဘူးလှိုင်း
ငါနဲ့အတူနေတာ အချိန်တွေကြာတဲ့အထိတောင် ငါ့အပေါ် ခံစားချက်ထုတ်မပြတဲ့ ကိုကြီးကိုအရွဲ့တိုက်ပြီး ပက်သက်ပြခဲ့မိတာ
ဒါပေမယ့် အလကားပါပဲ
ကိုကြီးက ခံစားချက်ကို ထုတ်မပြတတ်တဲ့လူ မဟုတ်ဘူး
ထုတ်ပြစရာ ခံစားချက်ကိုမရှိတဲ့ လူမျိုးပဲ"

နာကျင်ခါးသီးစွာ မဲ့ပြုံးတွေနဲ့ပြောလာတဲ့ မနှင်းကို လှိုင်း မဖြေသိမ့်တတ်တော့ဘဲ
မနှင်းဖြေသာသလိုသာ နေပါစေတော့လို့ နားလည်ပေးဖို့ ကြိုးစားလိုက်မိတဲ့အထိ
ဦးဟာ ဘယ်လိုလူမျိုးလဲဆိုတာတော့ ပိုပြီးသိချင်လာမိသည်

-------------------------

"လှိုင်းရေ..လှိုင်း"

ခေါ်သံကြောင့် လုပ်လက်စအလုပ်ကိုချထားခဲ့ပြီး မနှင်းအခန်းဆီ လှိုင်း အပြေးသွားလိုက်တော့

"ဒီဂါဝန်လေး လျှော်ပေးစမ်းပါဟယ် ငါ ဒိုဘီပို့တဲ့ထဲ ထည့်ပေးလိုက်ဖို့ မေ့နေလို့
ဒီညနေ ခြောက်အောင်လုပ်ပေးနော်"

မနှင်းက ဂါဝန်တစ်ထည်ကိုကမ်းပေးပြီး အရေးတကြီးဝတ်ဖို့လိုနေသလို ပြောလာတာကြောင့်

"ဟုတ်..မနှင်း...လှိုင်း အခုပဲလျှော်လိုက်မယ်"

လှိုင်း လှမ်းယူလိုက်ပြီး ပြောလိုက်တော့

"မင်းမှာ ဝတ်စရာတွေ ဒီလောက်အများကြီးရှိတာ
လှိုင်းကို ဘာလို့လျှော်ခိုင်းနေရတာလဲ"

ရေချိုးခန်းထဲကထွက်လာတဲ့ ဦးက ဝင်ပြောလိုက်တာကြောင့်

"ဒီညနေ ဒီဂါဝန်ကို ဝတ်ရမယ့် အကြောင်းရှိနေလို့ပေါ့
ဒါနဲ့ နေပါအုံး ကိုကြီးက နှင်းဆီကိစ္စကို ဘယ်တုန်းက စိတ်ဝင်စားတတ်သွားတာလဲ"

မနှင်းကလည်း ခနဲ့တဲ့တဲ့ပြန်ပြောလိုက်ပြန်သည်

"လှိုင်းက မင်းရဲ့မောင်ဆိုပေမယ့်
ယောက်ျားလေးတစ်ယောက်ကို
မိန်းမအဝတ်တွေလျှော်ခိုင်းတာတော့
မဖြစ်သင့်လို့လေ"

ဦးက အမြင်မတော်ဘူးလို့ပြောလိုက်သလိုရှိတာကြောင့် မနှင်း နှုတ်ခမ်းက မဲ့ခနဲဖြစ်သွားပြီးမှ ဦးကိုတော့ ဘာမှပြန်မပြောဘဲ

"ထားခဲ့လိုက်တော့လှိုင်း
ငါ့ဖာသာ ဒိုဘီပဲ ပို့လိုက်တော့မယ်"

မနှင်းက ထားခဲ့ဖို့ပြောပေမယ့် လှိုင်းက စိတ်ထဲဘာမှမထားဘဲ လျှော်ပေးဖို့ လုပ်ထားပြီးသားဖြစ်တာကြောင့်
နှစ်ယောက်သားကို စကားမများစေချင်တဲ့စိတ်နဲ့

"လှိုင်းအတွက် အပမ်းမကြီးပါဘူး
လျှော်ပေးလို့ရပါတယ်"

"မင်း..."

ထပ်တွန့်တက်လိုက်မိသည့် လှိုင်းစကားကို ဦးက ကျားဟိန်းသံလို အော်ချလိုက်တာကြောင့်
လှိုင်းတုန်သွားရပြီး

"ဂေးလည်း..ဂေးပေါ့ကွ
တန်ဖိုးမဲ့တဲ့အထိ ဂေးနေတာမျိုးတော့ မဖြစ်သင့်ဘူး
မင်း ဘယ်လိုပဲ မိန်းမစိတ်ဝင်ဝင် ယောက်ျားက ယောက်ျားပဲ
အခုတော့ မင်းပုံစံက ထမိန်လျှော်ရရင်တောင် မမှုပုံမျိုးပဲ"

လှိုင်း ဘယ်လိုနေထိုင်ရပ်တည်လာခဲ့ရလဲဆိုတာ မသိဘဲ အလွယ်တကူ ကောက်ချက်ချပြီးပြောလိုက်တဲ့ ဦးစကားကြောင့်
ထမင်းတစ်လုတ်ကိုအငြိုအငြင်မခံဘဲစားရဖို့ တန်ဖိုးကို ထည့်တွက်နေလို့မရဘူးဆိုတာ ဦးသိမှာမဟုတ်ပါဘူးလို့ တွေးလိုက်မိပြီး
အမျိုးတွေအိမ်မှာ လှည့်ပတ်နေရင်း တစ်အိမ်သားလုံးရဲ့ အဝတ်ကိုတောင်လျှော်ပေးခဲ့ဖူးတဲ့ လှိုင်းအတွက် ထမိန်လျှော်ရတာလောက်က ဘာထူးဆန်းလို့လဲလို့ ပြန်မေးလိုက်ချင်ပေမယ့်
ဦးဒေါသကို ကြောက်နေမိသည့်စိတ်က ငိုချလိုက်ဖို့ပဲ တတ်နိုင်ခဲ့သည်

ဘဝတွေမတူကြတဲ့အခါ
တန်ဖိုးထားမှုတွေလည်းမတူညီကြဘူး
နာမည်ကြီး စားသောက်ဆိုင်ထဲက
စားကျွင်းစားကျန်တွေဟာ
ဆာလောင်နေတဲ့ကလေးတစ်ယောက်အတွက်
နတ်သုဒ္ဓါလို ညစာလည်း ဖြစ်နေနိုင်တယ်

----------------------------------
ဘလော့ဖ်(blove)
3.8.23/3:30pm

to part 3

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (2)
-------------------unicode/zawgyi

ဦးဒေါကကို ကြောက်နေမိသည့်စိတ်က ငိုချလိုက်ဖို့ပဲ တတ်နိုင်ခဲ့သည်

ဘဝတွေမတူကြတဲ့အခါ
တန်ဖိုးထားမှုတွေလည်းမတူညီကြဘူး
နာမည်ကြီး စားသောက်ဆိုင်ထဲက
စားကျွင်းစားကျန်တွေဟာ
ဆာလောင်နေတဲ့ကလေးတစ်ယောက်အတွက်
နတျသုဒ်ဓါလို ညစာလည်း ဖြစ်နေနိုင်တယ်

----------------------------------
ဘလော့ဖ်(blove)
3.8.23/3:30pm

to part 3

Continue lendo

Você também vai gostar

4.4M 279K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
915K 54.6K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
1.4M 34.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...