အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

By authorblove14

728 19 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... More

part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)

part (1)

192 4 0
By authorblove14

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (1)
--------------------

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မြင်ဖူးနေကျ ဧည့်ခန်းပုံစံမျိုးပေမယ့် ထိုင်နေရက်နဲ့ပင် လှိုင်း ရင်တွေတဒိတ်ဒိတ်တုန်နေရသည်
ကိုယ်ရောက်နေသည့် ဧည့်ခန်းအတွင်းက အပြင်အဆင်တွေထက် ကိုယ့်ရှေ့မှာထိုင်နေသော ပသိုင်းမွှေးထူလဗျစ်နဲ့ ညှင်းသိုးသိုးပုံစံပေါ်နေသော လူ ကြောင့်သာ ရင်တုန်နေရခြင်းဖြစ်သည်
ခန့်မှန်းရသလောက် အသက်သုံးဆယ်ကျော်လောက်ပဲရှိမှာသေချာသည့် ထိုလူက
ရိုးရိုးရှင်းရှင်း ရှပ်အက်ျီနဲ့ ချည်ပုဆိုးအကွက်မှိုင်းမှိုင်းကို ဝတ်ထားသော်လည်း မှုန်မှိုင်းမှိုင်း ညှင်းသိုးသိုးကြားကပင် ဘယ်ကထွက်လာမှန်းမသိသော အရှိန်အဝါတစ်မျိုးကတော့ လှိုင်း ရင်တုန်ရသည်အထိ ထည်ဝါနေပြန်သည်

"ဒီကောင်လေးကို အိမ်မှာခေါ်ထားမယ်လို့ ပြောတာလား."

လှိုင်း မျက်တောင်မခတ်စတမ်း ငေးနေမိတုန်းမှာပင် ခေါက်ရိုးကျိုးနေသလို မျက်ခုံးအတွန့်မပြေဘဲ အစ်မနှင်းဆီ ဘက်ကို လှည့်မေးလိုက်တော့

"ဟုတ်တယ် ကိုကြီး
ကိုကြီးသဘောမကျလို့ အိမ်အကူလည်း မခေါ်ရတော့
ကူဖော်လောင်ဘက် ရအောင် လှိုင်းကို ခေါ်ထားလိုက်မလားလို့
လှိုင်းက နှင်းဆီနဲ့ နှစ်ဝမ်းကွဲတော်တယ်
ယောက်ျားလေးပေမယ့် အိမ်မှုကိစ္စလည်း နိုင်တယ်
ပုံစံကလည်း ကိုကြီးမြင်တဲ့အတိုင်းပဲလေ"

ကြည့်ရုံနဲ့ပင် နုနွဲ့နေပုံအထင်သားပေါ်နေသည့် ကိုယ့်ရှေ့က ကောင်ချောလေးကို တစ်ချက်ကြည့်ကာ သိုက် မျက်နှာလွှဲလိုက်ပြီး

"အင်း...မင်း အဆင်ပြေရင် ပြီးတာပါပဲ
ငါ့အလုပ်ခန်းဘက်ကိုတော့ မလာဖို့ ပြောထားပေါ့"

"ဟုတ်ကဲ့ပါ ကိုကြီးရဲ့
လုံးဝ မလာစေရပါဘူး"

ရာဇသိုက် ဆီက ခွင့်ပြုချက်ရသည်နှင့် နှင်းဆီ ဝမ်းသာသွားပြီး အမြန်ကတိပေးလိုက်သည်
ဒီအိမ်အကြီးကြီးထဲမှာ ဝေယျာဝစ္စဆို၍ သိပ်များများစားစားမရှိပေမယ့်
နှင်းဆီ ဆိုသည်ကလည်း မများလှသည့် အိမ်အလုပ်လေးကိုပင် လုပ်ချင်စိတ်ရှိသူ မဟုတ်
ဒါကြောင့်လည်း အိမ်မှုကိစ္စနိုင်နင်းလှသည့် လှိုင်းကို ခေါ်ခဲ့ခြင်းဖြစ်သည်

"လာခဲ့ လှိုင်း
နေရမယ့် အခန်းကို လိုက်ပြပေးမယ်"

အစ်မနှင်းဆီ စကားကြောင့် ပါလာတဲ့ ကျောပိုးအိတ်လေးကို ကောက်လွယ်ပြီး လှိုင်း ထရပ်လိုက်ကာ

"ခွင့်ပြုပါဦး...ဦး"

"အင်း..ကောင်းပါပြီ"

သူတို့နှစ်ယောက်ကို ဂရုပြုခြင်းမရှိတော့ဘဲ စားပွဲပေါ်က ကက်တလောက်တစ်ခုကို ဖွင့်ကြည့်နေသည့် ဦးရာဇသိုက်ကို အစ်မနှင်းဆီခေါ်သည့်အတိုင်း ကိုကြီးလို့ လိုက်မခေါ်ရဲသဖြင့် ဦး ဟုသာ နာမ်စားသုံးပြီး ခါးညွှတ်ကာ နှုတ်ဆက်လိုက်ပေမယ့်
ထိုလူကြီးကတော့ လှိုင်းကို တချက်သာ မော့ကြည့်ကာ ပြန်ဖြေပြီး သူ့ကတ်တလောက်ပေါ်သာ ပြန်အာရုံစိုက်နေသည်

--------------------------

"ဒီအခန်းမှာနေလိုက် လှိုင်း
ကားအကြာကြီးစီးလာရတော့
နားလိုက်အုံး"

လှိုင်းနေရမယ့် အခန်းရှေ့ကို လိုက်ပို့ပေးပြီး နားဖို့ပြောနေသည့် အစ်မနှင်းဆီ စကားကြောင့်

"လှိုင်း မပင်ပန်းပါဘူး မနှင်း
အထုပ်ထားခဲ့ပြီး အောက်ဆင်းလာခဲ့ပါမယ်
ညနေစာအတွက် ကြိုပြင်ထားလို့ရတာပေါ့"

ခရီးရောက်မဆိုက် အလုပ်လုပ်ဖို့ပြောနေသည့် လှိုင်းစကားကြောင့် နှင်းဆီ ကျေနပ်သွားရသည်
မိဘနှစ်ပါးစလုံးမရှိတော့သည့် ဒီကောင်လေးဟာ ပင်ဂိုဗီဇအရ မိန်းမဆန်သလို
ဟိုအမျိုး ဒီအမျိုးတွေအိမ်မှာ တလှည့်စီကပ်နေရင်း အောက်သက်ကြေလှတာကြောင့်လည်း ဘယ်အမျိုးဆီကမှ ငြိုငြင်ခံရတာမရှိတဲ့အထိ အိမ်မှုကိစ္စနိုင်နင်းလှသည်
လှိုင်းကိုသာဆိုရင် ဘယ်အိမ်ကဖြစ်ဖြစ် ခေါ်ထားချင်ကြသည်ချည်းပင်
ဒါကြောင့်လည်း နှင်းဆီက လှိုင်းကို လစာပါပေးပြီး ခေါ်ခဲ့ခြင်းဖြစ်သည်

"ဒီနေ့တော့ နားလိုက်ပါ ချက်တာပြုတ်တာက မနက်ဖြန်မှ စလုပ်ပေါ့
လှိုင်းမလာခင်က ချိုင့်ဆွဲစားနေ့ကြတာဆိုတော့ ဒီနေ့အတွက်က မှာပြီးသားဖြစ်နေပြီ နားလိုက်လို့ရတယ်
ပြီးတော့ မီးဖိုချောင်ထဲလည်း ဘာပစ္စည်းမှမရှိသေးတော့
လှိုင်းပဲ လိုတာတွေကြည့်ကျက်ဝယ်လိုက်ပါ အားလုံးပြင်ဆင်ပြီးမှ ချက်ပြုတ်တာက စလုပ်လို့ရမှာလေ
မနက်ကျ စျေးကို ကိုယ်လိုက်ပို့ပေးမယ် လှိုင်းလိုအပ်တာတွေဝယ်ပေါ့"

အိမ်ထောင်ကျတာ ငါးနှစ်လောက်ရှိနေပေမယ့် နေ့တိုင်းချိုင့်ဆွဲစားနေပြီး မီးဖိုချောင်အသုံးအဆောင်တောင် ဘာမှမရှိဘူးဆိုသည့် အစ်မနှင်းဆီ စကားကြောင့် လှိုင်း အံ့သြသွားရတာကတော့ အမှန်ပင်
လှိုင်းအမြင်မှာ ကြောက်စရာကောင်းလှသည့် ဦးရာဇသိုက် ကရော သူ့အိမ်သူသက်ထားက ဒီလိုနေနေသည်ကို ဘာမှမပြောဘူးတဲ့လား
လှိုင်း အတွေးများသွားရပေမယ့် ကြီးမားလှသည့် အိမ်ကြီးကို ကြည့်ပြီး အနည်းငယ်တော့ သဘောပေါက်သွားရကာ

"မနှင်း..မချက်ပြုတ်နိုင်တာလည်း မဆန်းပါဘူး
ဒီလောက်ကြီးတဲ့ အိမ်ကို သန့်ရှင်းရေးလုပ်ရတာနဲ့တင် တနေကုန်မှာပဲကို"

အိမ်ကိုဝေ့ကြည့်ပြီး ပြောလာသော လှိုင်း စကားကြောင့် နှင်းဆီ ဟက်ဟက်ပက်ပက်ရယ်ချလိုက်မိပြီး

"ဘယ်ကလာ လှိုင်းရယ်
ဒီအိမ်ကြီးကိုသာ ငါကိုယ်တိုင်သန့်ရှင်းရေးလုပ်ရရင်
သေလိမ့်မှာပေါ့
အိမ်သန့်ရှင်းရေးလုပ်တဲ့ အချိန်းပိုင်းဝန်ဆောင်မှုကို သုံးရက်တစ်ခါခေါ်ထားတယ်
အဝတ်တွေကိုလည်း ဒိုဘီပို့တာဆိုတော့
လှိုင်းလည်း အဲ့ဒါတွေလုပ်ဖို့မလိုဘူး
လှိုင်းလုပ်ရမှာက ချက်ပြုတ်ဖို့သက်သက်ပဲ
ငါးနှစ်တောင် ချိုင့်ဆွဲပဲစားနေရတော့
မစားချင်တော့လို့လေ"

အိမ်မှုကိစ္စတွေကို ဘာတစ်ခုမှမလုပ်ကြောင်း ပြောပြလာသည့် အစ်မနှင်းဆီ စကားကြောင့် လှိုင်း အံ့ဩသွားရတာက အတိုင်းအဆမရှိတော့
လှိုင်း သိသလောက်ဆို အစ်မနှင်းဆီက အပြင်စီးပွားရေးလည်း လုပ်နေတာမရှိတာကြောင့်
ဘာမှမလုပ်ဘဲ ဒီအိမ်ကြီးထဲမှာပင် တစ်ရက်တစ်ရက်ဘယ်လို နေနေတာလဲဆိုတာ ခန့်မှန်းကြည့်လို့ပင်မရ
ဘာတစ်ခုမှ မယ်မယ်ရရလုပ်တာမရှိသည့် အစ်မနှင်းဆီကို နားလည်မှုပေးထားနိုင်သည့် သူ့အမျိုးသားကိုလည်း အံ့ဩရတာကြောင့်

"မနှင်းက အိမ်ထောင်ကျ ကံကောင်းလိုက်တာ"

ဒီလိုလူမျိုးကိုရထားသည့် အစ်မနှင်းဆီကို ချီးကျူးစကားပြောလိုက်မိတော့

"ငါတို့နှစ်ယောက်က တရားဝင် လက်ထပ်ထားတာမှမဟုတ်တာ လှိုင်းရဲ့
အတူနေကြရုံပဲကို သူ့ဝေယျာဝစ္စအထိတော့ လိုက်မလုပ်ပေးနိုင်ဘူးလေ"

အစ်မနှင်းဆီပြန်ပြောလာသော စကားကိုတော့ လှိုင်း နားရှုပ်သွားရသည်
အစ်မနှင်းဆီတစ်ယောက် မဂ်လာဆောင်သည့်သတင်းကို မကြားမိပေမယ်
အမျိုးတွေကြားထဲမှာတော့ ရန်ကုန်က သူဌေးတစ်ယောက်နဲ့အိမ်ထောင်ကျသွားတဲ့အကြောင်းကို ပြောနေကြတာပင်
အဲ့လိုကြားထားပြီး အစ်မနှင်းဆီကိုယ်တိုင်လည်း ငါးနှစ်လောက်အတူနေသည်လို့ ပြောနေပြီးမှ လက်ထပ်ထားတဲ့ အိမ်ထောင်ရေးမျိုး မဟုတ်ပြန်ဘူးဆိုတော့ အစ်မနှင်းဆီနဲ့ ဦးရာဇသိုက်ရဲ့ ဆက်ဆံရေးကို လှိုင်း နားမလည်နိုင်တော့ပေ

"အဲ့လိုပြောလို့ ငါက ကိုကြီးရဲ့အငယ်အနှောင်းတော့လည်း မဟုတ်ဘူး လှိုင်းရဲ့
အခုအချိန်မှာ နားရှုပ်နေမယ်ဆိုပေမယ့်
နောက်တော့ နင် နားလည်သွားမှာပါ"

နားလည်သွားမှာပါလို့ ပြောလာသည့် အစ်မနှင်းဆီကိုသာ လှိုင်း ကြောင်ကြည့်နေမိပြီးမှ

"ဟုတ်ကဲ့ပါ မနှင်း
ဒါဆို လှိုင်း နားလိုက်ပါအုံးမယ်"

ကားအကြာကြီးစီးခဲ့တုန်းက မမူးခဲ့သည့်ခေါင်းက
အစ်မနှင်းဆီတို့နှစ်ယောက်ရဲ့ ပက်သက်မှုကိုကြားလိုက်ရမှ မူးချင်ချင်ဖြစ်လာတာကြောင့်
အနားယူဖို့ကိုပဲ ပြောလိုက်မိတော့သည်

-------------------------

"ကော်ဖီတစ်ခွက်လောက်ရမလား"

မီးဖိုခန်းထဲ ညနေစာပြင်နေသည့် လှိုင်းမှာ အသံကြားရာဘက်လှည့်ကြည့်လိုက်တော့
အခန်းဝမှာရပ်နေသည့် ဦးရာဇသိုက်ကို မြင်လိုက်ရတော့ လန့်သွားပြီး လက်ထဲက ဟင်းမွှေနေသည့် ဇွန်းက လွတ်ကျသွားရတာကြောင့် ကပြာကယာ ပြန်ကောက်လိုက်ရင်း

"ဟုတ်...ရပါတယ် ဦး
လှိုင်း..... လှိုင်း ဖျော်ပြီးရင် လာပို့ပေးပါ့မယ်"

အမြန်ပြန်ဖြေလိုက်မိသည်

ကိုယ့်ကိုမြင်ရုံနဲ့ ကိုင်ထားတဲ့ဇွန်းပါ လွတ်ကျလောက်အောင် လန့်နေပုံရသည့် အူကြောင်ကြောင် ပုံစံနဲ့ ကောင်လေးကြောင့် သိုက် မျက်မှောင်ပိုတွန့်သွားရပြီး

"အဲ့ဒါဆို...ခြံထဲကို လာပို့လိုက်ပါ"

လှည့်ထွက်သွားသော ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေမိပြီးမှ လှိုင်း ရင်တုန်မပြေသေးဘဲ ကော်ဖီဖျော်ဖို့ ပြင်ဆင်လိုက်ရသည်
ဦးရာဇသိုက်ကို တွေ့ရင် ကြောက်စိတ်အလိုလိုဝင်နေသည့် ကိုယ့်ကိုယ်လည်း နားမလည်နိုင်တော့
ကော်ဖီဖျော်နေရင်းနဲ့မှ ဘယ်လိုကော်ဖီမျိုးကြိုက်တတ်မှန်းမသိတာကြောင့် ကော်ဖီအရသာကို အနေတော်လောက်ရအောင်ဖျော်လိုက်ပြီး နောက်ဆို မေးထားမှပါလို့ တွေးနေမိပြန်သည်
လှိုင်းရောက်ပြီးသည့် နှစ်ရက်အတွင်းမှာ အရိပ်အယောင်မျှပင်မမြင်ခဲ့ရသည့် ဦးရာဇသိုက်ရဲ့ မနက်စာ နေ့လည်စာတွေကို အစ်မနှင်းဆီကသာ ယူသွားပေးတတ်ပြီး

"သူက အလုပ်ခန်းထဲဝင်သွားရင် တော်တော်နဲ့ပြန်ထွက်မလာတတ်ဘူး
သွားနှောက်ယှက်ရင်လည်း မကြိုက်တတ်လို့ ငါပဲ သွားပို့ပေးလိုက်မယ်"

အစ်မနှင်းဆီအမှာစကားကြောင့် ခြံထဲရှိတစ်ထပ်တိုက်ပုလေးဖြစ်သည့် အလုပ်ခန်းဆိုသော နေရာသို့ လှိုင်း မရောက်ဖူးသလို ဦးရာဇသိုက် ဘာအလုပ်လုပ်သည်ကိုလည်း မသိခဲ့ရ
ခုနကတော့ ဆေးရောင်စုံပေကျံနေသည့်ခါးစည်းကိုဝတ်ထားသည့် ဦးရာဇသိုက် ပုံစံကြောင့် ပန်းချီဆရာဖြစ်မည်ဟု ခန့်မှန်းလိုက်မိပြီး

"အင်းပေါ့...ပန်းချီဆွဲနေတုန်းအနှောက်ယှက်ဖြစ်မှာစိုးလို့ မလာခိုင်းတာဖြစ်မယ်"

ဖျော်ပြီးသွားသော ကော်ဖီနဲ့အတူ အတွေးတွေကို လတ်စသတ်လိုက်ပြီး တစ်ယောက်တည်း မှတ်ချက်ချနေမိသည်

------------------------

ခြံထဲရှိ မြက်ခင်းပေါ်က စားပွဲဝိုင်းလေးမှာ ထိုင်နေသည့် ဦးရာဇသိုက်ရှေ့ကို ကော်ဖီခွက်ချပေးပြီး ထွက်မသွားသေးသည့် လှိုင်းကို

"ထားခဲ့လိုက်ပါ..ပြီးမှလာသိမ်းလိုက်"

သူကော်ဖီသောက်အပြီးကို စောင့်နေသည်ထင်ပြီး ဦးရာဇသိုက်က ပြောလာတာကြောင့်

"ဟို..ဟိုလေ"

တစ်ခုခုပြောစရာရှိနေပုံရသည့် ကောင်လေးကို သေချာပြန်ကြည့်လိုက်ပြီး

"ဘာပြောစရာရှိလို့လဲ... ပြောလေ"

အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတာကြောင့် သိုက် စကားထောက်ပေးလိုက်မှ

"ဦးက ဘယ်လိုကော်ဖီမျိုးကြိုက်တတ်လဲ သိထားချင်လို့ပါ"

ဒါလေးမေးမှာကိုတောင် ကြောက်နေပုံပေါ်သော ကောင်လေးကြောင့်

"မင်းငါ့ကို ကြောက်နေတာလား"

သိုက် မေးကြည့်လိုက်တော့

"ဟုတ်..မဟုတ်..."

ဖြေရခက်နေသလို စကားထစ်နေပြန်သော ကောင်လေးကို

"ငါ့ကို ကြောက်နေဖို့မလိုပါဘူး
ငါ့အလုပ်ခန်းဘက်ကို မလာရင်ရပြီ
ကော်ဖီကတော့ ဘလက်ခ်ကော်ဖီဆို
ပိုအဆင်ပြေတယ်"

"ဟုတ်"

ထိုင်နေရာကနေ လှိုင်းကို မော့ကြည့်ပြီးပြောနေပုံက နွေးထွေးဟန်လည်းမရှိဘဲ အမြဲတမ်းမှုန်ကုပ်နေသည့်မျက်နှာထားနဲ့ပင်ဖြစ်နေတာကြောင့် မကြောက်နဲ့ပြောနေတာတောင် လှိုင်းကတော့ ကြောက်နေမိဆဲဖြစ်ရကာ ဟုတ် တစ်လုံးသာ ပြန်ဖြေနိုင်ပြီး

"ဒါဆို လှိုင်းကို ခွင့်ပြုပါအုံး ဦး"

တခါတည်း ခါးညွှတ်နှုတ်ဆက်ရင်း လှည့်ထွက်လိုက်မိတော့

"ခဏ"

တားလိုက်ပြန်သည့် ဦးရာဇသိုက်ကြောင့် လှိုင်း ပြန်လှည့်လာရပြန်သည်

""မင်း...ငါရှေ့မှာ အရမ်းတရိုတသေဖြစ်နေဖို့ မလိုဘူး
ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားပါ"

ကိုယ့်ရှေ့ရောက်တိုင်း စက်ရုပ်တစ်ရုပ်လို သတိအနေအထားဖြစ်နေတတ်တဲ့ လှိုင်း ဆိုသော ကောင်လေးကို သိုက် ပြောလိုက်တော့

"ဟုတ်ကဲ့ပါ"

နာခံတတ်တဲ့ကလေးတစ်ယောက်လိုအမူအယာနဲ့ပြန်ဖြေနေပြန်တာကြောင့် သိုက် ခေါင်းသာ ရမ်းလိုက်မိပြီး

"အင်း..သွားတော့လေ... ရပြီ"

သွားခွင့်ပေးလိုက်တော့မှ

"ဟုတ်..ဦး"

လှိုင်း ခါးညွှတ်လိုက်ပြီးမှ သတိပြန်ရကာ ခါးကို ပြန်ဆန့်လိုက်ပြီး

"သွား...သွား လိုက်ပါအုံးမယ်"

ခွင့်တောင်းလိုက်ကာ အမြန်လှည့်ထွက်လာခဲ့မိသည် အလွဲလွဲအချော်ချော်ဖြစ်နေသည့် လှိုင်းကို ဦးရာဇသိုက် စိတ်ပျက်သွားတော့မှာလားလို့ စိတ်ပူမိတာကြောင့် ပိုလို့သာ ကြောက်နေရပြန်သည်

ကိုယ့်ကို ဘာတွေကြောက်နေမှန်းမသိသည့် ကောင်လေးရဲ့ ကျောပြင်ကိုကြည့်ပြီး သိုက် လည်း ခေါင်းတခါခါနဲ့သာ ကျန်ခဲ့ရတော့သည်

----------------------------

"အင်းပါ မောင်ရဲ့..လာခဲ့မှာပေါ့...အိမ်ကဘဲကြီးက ပြဿနာမရှိပါဘူး
မ ဘာလုပ်လုပ် စိတ်ဝင်စားတာမှ မဟုတ်တာ
ဒါပဲနော်...မနက်ဖြန်မှတွေ့မယ်
အာဘှား မှမှ"

ဝရံတာမှာဖုန်းပြောနေသော မနှင်းအသံကြောင့် ညနေစာကို ဘာစားချင်လဲလို့လာမေးသည့် လှိုင်းမှာ ခြေလှမ်းတုံ့သွားရပြီး
ကြားလိုက်ရသည့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘဲဖြစ်နေရသည်
မနှင်းပြောပုံအရဆို ဦးရာဇသိုက်က မနှင်းနဲ့တရားဝင်လက်ထပ်ထားခြင်းမဟုတ်ဘဲ
ငွေကြေးထောက်ပံ့ပေးပြီး အတူနေနေကြသည့် သဘောသာဖြစ်ပေမယ့် မနှင်းတို့တစ်မိသားစုလုံးကို အပြည့်အဝထောက်ပံ့နေသည့် ဦးရာဇသိုက်အပေါ် မနှင်းအနေနဲ့ သစ္စာမဖောက်သင့်ဘူးလို့ လှိုင်းထင်မိတာကြောင့် မနှင်းရဲ့အရှုပ်ဇာတ်ကို အံ့ဩနေရသည်ပင်

"အော်..လှိုင်း..
ကြားသွားတာလား"

အတွေးများကာမင်သက်နေမိသည့် လှိုင်းမှာ ဝရံတာကနေပြန်ဝင်လာသည့် မနှင်းမေးလိုက်မှ သတိဝင်လာပြီး

"လှိုင်း မကြားသလိုနေလိုက်ပါ့မယ် မနှင်း."

သူများအိမ်မှာသာ တစ်သက်လုံးကပ်နေခဲ့ရသည့် လှိုင်းက ဘဝအတွေ့အကြုံအရ ပြောသင့်သည့်စကားကို ပြောလိုက်တော့မှ မနှင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး

"ငါ လှိုင်းကိုယုံပါတယ်
ဒါကြောင့်လည်း အိမ်ထဲခေါ်သွင်းခဲ့တာပေါ့
ငါ့ဆီလာတာမဟုတ်လား ဘာပြောမလို့လဲ ပြောလေ"

မနှင်းမေးလာမှ လာရင်းကိစ္စကို လှိုင်းသတိရသွားကာ

"ညနေစာ ဘာစားချင်လည်းမေးမလို့ပါ မနှင်း"

ပြန်ဖြေလိုက်တော့

"ထူးထူးခြားခြားစားချင်တာ မရှိပါဘူး
ချက်ချင်တာသာ ချက်
လှိုင်းလက်ရာဆို အကုန်ကြိုက်တယ်
ကိုကြီးကတောင် ပြောနေသေးတယ်
လှိုင်း ရောက်လာတာ အဆင်ပြေတယ်တဲ့"

မနှင်းပြောလာသော စကားကြောင့် လှိုင်းကျေနပ်သွားရတာတော့ အမှန်ပင်
အခုချိန်ထိ ထမင်းစားခန်းထဲမှာ တစ်ခါမှဝင်မစားခဲ့ပေမယ့် လှိုင်းရောက်လာတာကို အသိအမှတ်ပြုဖော်ရတာကြောင့်
ဦးရာဇသိုက် ကိုယ့်ကိုသဘောမကျမှာစိုးရိမ်နေမိသည့်အဖြစ်က အနည်းငယ်တော့ သက်သာသွားရသလိုပင်

"ဒါဆိုတော်ပါသေးတယ် မနှင်းရယ်
လှိုင်းက သူသဘောကျမှာစိုးရိမ်နေတာ"

"ဖြစ်ရမယ်လှိုင်းရယ်"

လှိုင်းရဲ့ အလေးထားတတ်မှုကြီးကို မနှင်းကတော့ ပေါ့ပျက်ပျက် ရယ်နေခဲ့ပေမယ့်

မနှင်းနဲ့စကားပြောပြီး ထွက်လာခဲ့တဲ့ လှိုင်းမှာတော့ ဟင်းချက်နေရင်းနဲ့ပင် ပျော်နေရသည်
ဦး ဘာစားချင်မှာပါလိမ့်လို့တွေးပြီး ညနေစာပြင်ဆင်နေရတာကပင် အဓိပ်ပါယျရှိလာရသလို
မနှင်းလုပ်ရပ်ကြောင့် ဦးကို ပိုဂရုစိုက်ပေးဖို့လည်းတွေးထားမိသည်
ထမင်းတစ်လုတ်အတွက်တောင် လူတကာကိုကျေးဇူးတင်တတ်ခဲ့သည့် လှိုင်းအတွက်တော့ နေဖို့ စားဖို့အတွက်မပူပင်ရသလို လစာပါပေးထားခဲ့သေးသည့် ဦးက မဟာကျေးဇူးရှင်လိုပဲဖြစ်သည်

-------------------------

မနက်ကတည်းက ထွက်သွားပြီး နေ့လည်စာစားချိန်အထိ ပြန်မလာသေးသော မနှင်းကြောင့် လှိုင်း ဘာလုပ်ရမှန်းမသိဖြစ်နေရသည်
ဦးကို ထမင်းပို့ပေးနေကျအချိန်ကို ကျော်လွန်နေပြီဖြစ်ပေမယ့် သူ့အလုပ်ခန်းကို မလာဖို့ပြောထားသော ဦးစကားကြောင့် ကိုယ်တိုင်လည်းသွားမပို့ရဲပေ
အကြာကြီးချီတုံချတုံဖြစ်နေခဲ့ပြီးမှ မတတ်သာသည့်အဆုံးမှာတော့ အသင့်ပြင်ထားတဲ့ အစားအသောက်လင်ပန်းလေးကိုယူကာ ဦးရဲ့ အလုပ်ခန်းရှိရာသို့ လှိုင်းထွက်လာခဲ့တော့သည်

ဦးရဲ့အလုပ်ခန်းရှေ့ရောက်ပြန်တော့လည်း တခါးခေါက်လိုက်ရမလားလို့တွေးလိုက်မိပေမယ့်
အနှောက်ယှက်ဖြစ်သွားမှာစိုးရိမ်မိကာ
တခါးလော့ခ်ကို စမ်းလှည့်ကြည့်လိုက်တော့ လော့ခ်ချထားခြင်းမရှိတာကြောင့် အသာလေးတွန်းဖွင့်လိုက်ပြီး အထဲက မြင်ကွင်းကို မြင်လိုက်ရမှ

"ခွမ်...ခွမ်...ချလွမ်"

လှိုင်းလက်ထဲက ထမင်းပွဲပြင်ထားသည့် လင်ပန်းတစ်ခုလုံးလွတ်ကျသွားရသည်အထိ အံ့ဩသွားရတော့သည်

------------------------
ဘလော့ဖ်(blove)
2.8.23/8:16pm

to part 2

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (1)
---------------------unicode/zawgyi

Continue Reading

You'll Also Like

4.4M 280K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
570K 46.8K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
684K 35.8K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...