KOOKJIN ONE SHOT COLLECTION

By Chi_Loon

17.9K 1.4K 633

Jeon jungkook × Kim seokjin ( Kookjin only ) 18 + (The Warning ) Fictions ⚠️ More

• Blue Side • 🌀
• စိတ်မဆိုးနဲ့ ပြုံးတော်မူ • 𝙵𝚒𝚗𝚊𝚕
• ကိုကို့ကို ချစ်တယ် •
• ကိုကို့ကို ချစ်တယ် • 𝙵𝚒𝚗𝚊𝚕
• ယောက္ခမကြီး ပို့တဲ့ ဟန်းနီးမွန်း •
• ချစ်ခွင့်တောင်းမယ် •
• ချစ်ခွင့်တောင်းမယ် • 𝙵𝚒𝚗𝚊𝚕
Unholy ~ The Warning !⚠️

• စိတ်မဆိုးနဲ့ ပြုံးတော်မူ •

2.5K 205 110
By Chi_Loon

" လမ်းခွဲမယ် ဂျွန်ဂျောင်ဂု !!  မင်းလိုကောင်မျိုးနဲ့ဘာကိစ္စ၊ ဘာအကြောင်းနဲ့မှ ဆက်တွဲစရာ အကြောင်း မရှိတော့ဘူး ၊၊

စားသောက်ဆိုင် တစ်ခုတွင် ဖြစ်သည်၊၊
လေထု ပေါက်ကွဲသံ ကျယ်ကျယ်သည် အသည်း
ထိတ်ရင်ဖို ၊၊ လမ်းခွဲစကားအား ပြောလာသူ
သည် နှစ်ယောက် မရှိသည့် သူ့ချစ်သူ ၊၊

ဘေးပတ်ဝန်းကျင်လည်း သတိမထားတော့ပဲ ဟျောင်းသည် အသံကုန် သုံးကာ လမ်းခွဲစကားဆိုသည်၊၊

လေသံအား အဆုံးထိမာကာ ပြောလာသော
ဟျောင်းသည် ခါတိုင်း စိတ်ဆိုးသည်နှင့် မတူ၊၊
ထို့ကြောင့် သူအလျှင်အမြန် အယူခံဝင်ရန် ပြင်
ရတော့သည်၊၊

" ဟျောင်း ကျွန်တော် ပြောတာ ခဏလေး နားထောင်ပေးပါအုံး ၊၊ "

" ဘာ စောက် အဓိပ္ပာယ် မရှိတဲ့ စကားတွေကို
ငါကနားထောင်ရအုံးမှာလဲ  ၊ မင်း ပါးစပ်က ထွက်သမျှ အလိမ်အညာတွေပဲနေမှာ ၊၊ "

" ဟျောင်း စိတ်အေးအေးထားပြီး ကျွန်တော်
ရှင်းပြတာနားထောင်ပေးပါဗျာ .... နော် "

" ငါ လူစကား ပြောနေတာနော် ထပ်မပတ်သတ်နဲ့၊ ဒီနေ့ကစပြီး ငါနဲ့ ထပ်မပတ်သတ်နဲ့ ၊၊ "

အရှော့မပေးသော ဟျောင်းဟာ ဒီတစ်ခါ တကယ်ဆုံးဖြတ်ထားဟန် ၊၊ ဘယ်လိုနည်းနဲ့မ
ဆို သူ့ကို ရအောင် လမ်းခွဲတော့မယ်ပေါ့လေ ၊၊

" ဒီမှာ ဟျောင်း ၊ ကျွန်တော်က ဟျောင်း မပတ်သတ် ချင်ရင် လာမပတ်သတ်တော့နဲ့လို့ ပြောတိုင်းရတဲ့ အထဲမယ် မပါဘူးနော် ! ဟျောင်း
ကျွန်တော့်အကြောင်း သိပါတယ် ၊၊ ဂျွန်ဂျောင်ဂု ဘာကောင်လဲ ဟျောင်း သိပါတယ် ၊၊ "

ရိုးရိုး ပြောလို့ မရလို့ နည်းနည်း ခြိမ်းခြောက်လိုက်သည်၊၊ ကလေးများလို ချော့တစ်ခါ
ခြောက်တစ်လှည့် ....

" သိတယ်လေ မင်းက မကောင်းတဲ့ ကောင် !
မျက်နှာများတဲ့ ကောင် !!

" ကျစ် !! မဟုတ်ဘူးဗျာ ... ဟျောင်း ဘာကို
မကျေနပ်တာလဲ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း
ပြော ၊၊ "

" မင်းရဲ့ မသတီစရာ အကြောင်းတွေကို ငါ့ပါးစပ်
ထဲတောင် ထည့်မပြောချင်ဘူး ရွံလွန်းလို့ !

" မရဘူး ပြောရမယ် ၊၊ မဟုတ်ရင် ဒီကတစ်
ဖဝါးမှရွေ့ဖို့ မကြိုးစားနဲ့ ၊၊ "

ဟျောင်း ပြောပုံများအရ ဘာအမှားတွေ လုပ်ခဲ့သည်လဲ ဦးနှောက်အား အလုပ်ပေး စဥ်းစားခန်း
ဖွင့်နေရသည် ၊၊ တစ်ကယ်ကို ခေါင်းကိုက်ပါတယ်၊၊

ဒီနေ့ ဒိတ်က လှပမယ်ထင်ပြီး အပြန်သူဟျောင်း ကို ဟိုတယ်ကိုပါအပါခေါ်ဖို့ပင် ၊၊မဟုတ်တောင် သူရဲ့ကွန်ဒို ၊ ဟျောင်းရဲ့ အိပ်ခန်း တစ်ခုခုပေါ့ ...

အခုတော့ ဘယ်ကဘယ်လို မှားယွင်းသွားသည်လည်း မသိ လမ်းခွဲဖို့ပါဖြစ်လာခဲ့ပြီ ၊၊
မှိုတက်နေသော ဦးနှောက်ကိုလည်း
အလုပ်ပေးကာ စဥ်းစားရ ၊ ဟျောင်းကိုလည်း ထွက်မသွားအောင် တားရ ၊ လွတ်မသွားအောင် ဖမ်းရနဲ့ ၊၊

တော်တော်ကို တစ်ယောက်တည်းနဲ့ ဗြာများနေ
သည့်သူ .... ၊၊

တစ်ကယ်တော့ ကျွန်တော်ဟာ သနားစရာလေးပါ၊၊

" သိပ်သိချင်နေရင်လဲ ရော့ !! ကိုယ့်ဘာသာ
ကြည့် မင်းရဲ့ မသတီစရာ ပုံတွေ ၊၊ ဖြစ်ပျက်
နေလိုက်ကြတာများ နည်းနည်းလေးမှ စောက်ရှက်မရှိကြတော့ဘူးလား ၊၊ မင်းမှာ ငါတစ်ယောက်လုံးရှိသေးတယ် ဆိုတာရော သတိရ
သေးရဲ့လား ဂျွန်ဂျောင်ဂု !! "

ဟျောင်း ပြောတဲ့ စကားတွေက သူ့နားထဲ မဝင်
တစ်ချက် ဝင်တစ်ချက် ၊ စိတ်ထဲ ထွေလီ ရှုပ်
ထွေးသွားရသည် ၊၊ ရော့ ဆိုသော အသံမာနဲ့
အတူ မျက်နှာအရှေ့သို့ ထိုးပေးလာသော ဖုန်း!
ထိုအထဲမှ သူ့ရဲ့ အပေါ်ပိုင်း ဗလာကျင်း နေသော
ပုံများနှင့် အမျိုးသမီး သုံးယောက်ပုံ ၊၊
မဖွယ်မရာ ပြုနေသလို ပုံစံထွက်နေပေမယ့်လို့
သူလည်း ဘာမှ မလုပ်ခဲ့ရပါဘူး ၊၊ ဟုတ်ပါတယ်
မှတ်မိတယ် ၊၊

ကာလာအိုကေ အခန်း တစ်ခုနှင့် တူသည်၊၊
အပေါ်ပိုင်းက အင်္ကျီမရှိသည့် သူ့အား စော်သုံးဗွေ က ဝိုင်းဖက်ထားသည့်ပုံ ၊၊

ချီး !! သေစမ်း ၊၊ ဒီပုံကို ဘယ်ခွေးမသားက အာချောင်ပြီး သွားပြရသလဲ ၊၊ ဒီပုံကို
ကင်မ်ဆော့ဂျင် ကို သွားပြတော့ ဟိုက လမ်းခွဲစကားမပြောပဲ ရှိတော့မလားလို့  ၊၊

ရန်ဖြစ်ခြင်းသည် သူတို့ကြားသာမန်ပင်၊၊ အထူးအဆန်း လည်းမဟုတ်၊၊

တစ်နေ့မှာ နှစ်ဆယ့်လေးနာရီရှိရင် ဟိုဘက်ရက်ကတစ်နာရီချေးကာ နှစ်ဆယ့်ငါးနာရီ ပြည့်အောင် သတ်လေ့ ရှိသည်၊၊ ရန်ဖြစ်တိုင်း အရှုံးပေးရတာလည်း သူပါပဲ ၊၊ ပြန်ချော့ရတာလည်းသူ ၊၊

သူမှားလည်း ကိုယ်ချော့ ကိုယ်မှားလည်း ကိုယ်ပဲ
... အင်း လျှော့ရတာပဲ ၊၊ ချစ်တာကိုး ၊ မပြတ်နိုင်
တာကို ၊၊ ဒါကြောင့်လည်း အမြဲ ချော့ရတာပေါ့ ၊၊

ချစ်မှန်း သိလို့ လူပါးဝနေတဲ့ အရှေ့က လူကတော့မျက်ထောင့် အနီများဖြင့်  အကြည့်စူးစူးပေးကာကြည့်နေသည်၊၊ တစ်ကယ်ကို ချစ်မှန်း သိလို့  လူပါးဝနေတာ ...

" ဟျောင်း ဒါက ဒီပုံတွေက ဘယ်ကဘယ်လိုဖြစ်
ပြီး "

သူဘာမှ မသိသလို ဟျောင်းကို မေးလိုက်သည်၊၊
တစ်ကယ်လည်း မှတ်ညဏ်ထဲ သိပ်မရေရာ...
ဒါဘာများလဲ ၊၊

" မင်း သူငယ်ချင်း ပို့လာပေးတာ ဂျောင်ဂုက
ဟျောင်း နောက်ကွယ်မှာ ပတ်ရှုပ်နေတာ
ပုန်းစားနေတာတဲ့ ! တောက်ခ် ရှက်ဖို့ကောင်းလိုက်တာငါတစ်ယောက်တည်းနဲ့ မင်းမလုံလောက်ဘူးလားမတင်းတိမ်ဘူးလား ၊၊
ရွံစရာ ကောင်းတယ် ၊၊သိပ်ရွံစရာကောင်းတယ်၊၊ "

အာရှီးးး  ဘောပဲဟေ့  !! မအေဘေးတွေက
အချွန်နဲ့ မရုံတင်မဟုတ်ဘူး ထုတ်ချင်းပေါက်
အောင်ပါ ထိုးတာ !! နေနှင့်အုံး ငါ့ဟျောင်းကို
ချော့ပြီးရင်် မင်းတို့ကို လာသတ်မယ် ...

သူငယ်ချင်း ဖြစ်သူ နှမ မပေးတဲ့ ယောက်ဖ
တွေအား တွေ့ရင် အပီ လှော်ရန် ကြိမ်းလိုက်သည်၊၊

" မဟုတ်ရပါဘူး ဟျောင်းရယ် ကျွန်တော့်မှာ
ဟျောင်း တစ်ယောက်ပဲ ရှိတာပါဗျာ ..
ဟျောင်း တစ်ယောက်တည်းနဲ့တင်ပဲ လုံလောက်
တာထက်ကို ပိုနေပါပြီ  တစ်ကယ်ပါ ၊၊
မတင်းတိမ်ဘူး ဟုတ်တယ် ကျွန်တော်က
ဟျောင်းဆီက အသွေးအသား တွေကို စုပ်ယူ
နေရရင် ဘယ်သောအခါမှ မတိင်းတိမ်ဘူး ၊၊
နေ့တိုင်း နေ့တိုင်း ဗျာ ဟျောင်းကို ကျွန်တော့်
အောက်မှာပဲ ရှိစေချင်တာ ၊၊ အဲ့ပုံတွေအတွက်
လည်း ကျွန်တော် ရှင်းပြပေး _ ..  "

"  ဘာစကားမှ ထပ်မကြားချင်တော့ဘူး ၊၊
ဒီနေ့ကစပြီး  ငါနဲ့ လာမပတ်သတ်နဲ့ ၊၊ မင်းလို
ကောင်းမျိုးကို ရွံတယ်  !! "

" ဟျောင်း !! ဟျောင်း !! ကင်မ်ဆော့ဂျင် ! "

ဟျောင်းက သူ့စကားအား ဖြစ်သလို ဖြတ်ပြောကာဆိုင်အတွင်းက အလျှင်အမြန် ထရပ်ကာ ထွက်သွားတော့သည်မို့ သူလည်း အသံကျယ်ဖြင့် ဟျောင်းအား လှမ်းခေါ်မိသည်၊၊ သို့ပေမယ့် ဟျောင်းက  လှည့် မကြည့် ၊၊

ထို့ကြောင့် ပိုက်ဆံ အမြန်ရှင်းကာ အနောက်က
လိုက်ရန် ပြင်ရပြန်သည်၊၊ ပိုက်ဆံရှင်းဖို့
ဝိတ်တာကောင်လေးအား အသည်းအသန်
ခေါ်ပြီး အနားရောက်တော့ ပိုက်ဆံရှင်းရန်
စာရင်းကြည့်တော့ ဘာမှ မရှိ ၊၊ ဟုတ်သားပဲ
သူတို့ ရေပဲသောက်ရသေးတာ မေ့နေတာ ၊

ဒီဦးနှောက် ကိုတော့ တကယ်ပင် ရိုက်ခွဲပစ်
လိုက်ချင်သည့်အထိ စိတ်တိုနေပြီ ၊၊
ပြေးထွက်သွားသူရှိရာ လမ်းဘက်ကို ကြည့်
လိုက်တော့ အရိပ်အယောင် တောင်မတွေ့တော့ ၊၊
ကောင်းလိုက်တာ .... 

ထို့နောက် ဝိတ်တာလေးအား ရယ်ပြကာသာ
ထိုဆိုင်က နှုတ်ဆတ် ထွက်လာခဲ့တော့သည်၊၊

_______________

အိပ်ယာပေါ် မှောက်ခုံ အနေအထားဖြင့် အကြံတုံးည‌ဏ်တုံး ဖြစ်နေသည့်သူ ၊၊ မနေ့ညကအိမ်အပြန် လမ်းတစ်လမ်းလုံးလည်း စဥ်းစားပြီးပြီ ၊၊စဥ်းစားနေရင်းလည်း ဖုန်းခေါ်တော့ ဖုန်းက
လုံးဝ မကိုင် ၊၊

နောက်ဆို စက်ပါပိတ်ပစ်သည်၊၊ ဒီတစ်ခါသည်
အရင်က ရန်ဖြစ်သလို သဘောထား သေးသေးလေးကွဲလွဲကြသည် မဟုတ် ၊၊ တော်တော်ကို ပြင်း
ထန်သည်၊၊ သူက ကိုယ့်ကိုကို ယုံပေမယ့်
ဟျောင်းကသူ့ကို မယုံပေးနိုင်သေးဘူး ၊၊ သူထိုမိန်းကလေးတွေနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး သေချာပါတယ်၊၊ မိန်းကလေးနဲ့ တွဲမြင်နေ မကြတဲ့
ဟျောင်းအတွက် ဒါဟာ တုန်လှုပ်မှူ အကြီးကြီးပဲ
သိပါသည်၊၊

ထို့ကြောင့် ဟျောင်းကို သူ အပြစ်မတင်ရက်ပါ ၊၊

စိတ်ကောက်ပါ စေလေ ..  ချစ်လို့ပဲ ၊၊

" အား ကျစ် ... စဥ်းစားစမ်းပါ ဂျွန်ဂျောင်ဂုရဲ့
ညဏ်နီညဏ်နက် ညဏ်ရောင်စုံ ရှိနေတဲ့ ဒီခေါင်း
ကအရေးအကြောင်းဆို ဘာမှကိုထွက်မလာ
တော့ဘူး၊၊"

ဟျောင်း နဲ့ အတူနေဖို့ ဆိုရင်တောင် ဟျောင်း လိုက်လျောလာအောင် ဘယ်လို ကလိမ်ကကျစ်
တွေ ပြောရမလဲ သူကောင်းကောင်းသိသည်၊၊
ဟျောင်းကိုအောက်ပို့ဖို့ စည်းရုံးတဲ့နေရာမှာ
သူဆရာကြီး ၊၊

ဆက်ဆံတဲ့ အခါမှာလည်း သူဆရာကြီးပဲ ၊၊
အခုမှ ပြန်ချော့ ဖို့ကျ ၊ စိတ်ဆိုးပြေအောင်ဘယ်လို    ပြောပြရမလဲကျ  မသိ တော့တာ ၊၊

" အားး ...  စိတ်ညစ်တယ်ကွာ !! "

ခုတင်ပေါ်မှ ပက်လက်အနေအထားဖြင့် ခေါင်းတစ်လုံးစာပဲ အောက်သို့ ဇောက်ထိုးချထားပြီး မျက်စိ စုံမှိတ် အော်ညည်းနေသည်၊၊

လှဲနေ၍တော့ မဖြစ်တော့ ၊၊ သွေးနည်းနည်းအေးပါစေတော့ ဆိုပြီး လွှတ်ထားပြီးပြီ၊၊ အခုတော့ ပြန်ချော့ရန် ပြင်ရတော့မည်၊၊ ဟျောင်းနဲ့သူက ရန်ဖြစ်လည်း ဆယ့်ငါးမိနှစ်ရယ် ၊အခုက အရမ်းကြာနေပြီ၊၊ တစ်ညပြီးလို့ နောက်တစ်နေ့ ရောက်နေပြီ၊၊

ခါတိုင်း ရန်ဖြစ်ရင် ဟျောင်းက စိတ်ဆိုးပေမဲ့ သူ
ရှင်းပြ တာကို နားထောင်ပေးသည်၊၊သူသေသေ
ချာချာ ရှင်းပြရင် နားလည်ပေးတာချည်းပင်၊၊
အခုတစ်ခါကတော့ ခက်လိမ့်မည်၊၊ ဟျောင်းကအခုထိပင် ဖုန်းမကိုင်၊၊ အဆက်သွယ်လုံးဝ ဖြတ်ထားသည်၊၊ ဟျောင်း ဒီလောက်စိတ်ဆိုးတာ ဒီတစ်ခါသာ မြင်ဖူးသည်၊၊ ဒီတစ်ခါအမှားကလည်း
အကြီးကြီးကိုလေ ၊၊

" ဟူး ရင်တွေပူလိုက်တာ ၊၊ ဟျောင်း ....
ဟျောင်း ... လွမ်းလိုက်တာဗျာ  ၊၊ "

ဒီတိုင်း ထိုင်နေလို့တော့ မဖြစ်တော့ဘူး ၊၊ မနက်ဖြန်ကစပြီး ဟျောင်းကိုချော့ဖို့ အတွက် အစီအစဉ် တွေကို ချရတော့မယ် ၊၊

ဂျွန်ဂျောင်ဂု ဘဝမှာ မလုပ်နိုင်ဘူး ဆိုတဲ့ အရာမ
ရှိသေးဘူး ၊၊ ဂျောင်ဂု မလုပ်နိုင်တာ တစ်ခုပဲရှိတယ်အဲ့ဒါ က ကင်မ်ဆော့ဂျင် နဲ့ လမ်းခွဲရတာ... ၊၊

ကျွန်တော်က ဟျောင်း စိတ်ကောက်ပြေအောင်
ပြန်ချော့တော့မှာမို့ ဟျောင်းက ကျွန်တော် ရှင်းပြ
တာလေးပဲ နားထောင်ပေးပါ၊၊

___________________

ရုံးရှေ့က ကော်ဖီဆိုင်ရှေ့မှာ စောင့်နေတာ နေ့လည်ကတည်းက အခုထိပဲ ၊၊ အထဲဝင်ဖို့
ကြိုးစားနေတာ အခါ နှစ်ဆယ်လောက် ရှိပြီ ၊၊ အထက်လူကြီးရဲ့တားမြစ်ထားချက်အရ
အစောင့်တွေက ကျွန်တော့်အားပေးမဝင်ခဲ့ပါ ၊၊ ကျွန်တော် ကောင်းကောင်းမွန်မွန်လည်းတောင်းဆိုပြီးပြီ၊၊ ကျွန်တော့်ချစ်သူ ကိုက ကျွန်တော့် အား ဝင်မလာစေချင်တာ ဖြစ်သည်၊၊ ထို့ကြောင့် စိတ်ပျက်ပျက် ဖြင့် ရုံဆင်း ချိန်အထိသာ စောင့်နေမိတော့သည်  ၊၊

စောင့်နေတုန်း အချိန်လည်း စိတ်ဆိုးပြေလို ပြေငြားချော့ရမည်၊၊စက္ကန့် တိုင်းသည် အရေးကြီးသည် ၊၊အချိန်ကို အကျိုးရှိရှိ အသုံးချရမည်၊၊

သူဖုန်းအား ထုတ်ကာ ဟျောင်းကို စာပို့ပြီး ချော့ရန် ပြင်လိုက်သည်၊၊ထို့နောက် သူ၏ ဆက်သွယ်မှု စာရင်းထဲက " အနာဂတ် အမျိုးသား  " ဆိုပြီး သူမှတ်ထားတဲ့ ဟျောင်းရဲ့ နံပါတ်ကို နှိပ်ကာ 
conversation ထဲသို့ ဝင်လိုက်သည်၊၊

💬 ဟျောင်း စိတ်ဆိုးနေတုန်းလား  🥺

💬 ဟျောင်း ကျွန်တော့် ကို ဟျောင်းနဲ့
တွေ့ခွင့်ပေးပါနော်  အထဲ ဝင်ခွင့် ပြုပါလို့ 😭

💬 ဟျောင်း ကျွန်တော် တကယ် အများကြီး
လွမ်းနေတာ 🥺 စိတ်ဆိုးပြေပါတော့ နော် ..နော်

💬 ဟျောင်းလို့ ...  😭😭😭

သူထိုသို့ စာပို့ကာ ဖုန်းအား ပစ်ချထားလိုက်သည်၊၊ ကင်မ်ဆော့ဂျင် ကင်မ်ဆော့ဂျင် ဘာလို့ ချော့ရ ခက်နေတာလဲ ဒီတစ်ခါ !!

ပို့ထားသော စာများအား ခဏခဏ ဝင် ဝင် ကြည့်နေမိသည်၊၊ ဟိုက seen တောင် မပြပါ၊၊
သို့ပေမဲ့ လူလက်မလျော့ ဟျောင်း စာပြန်လာမဲ့ အချိန် ဆက်စောင့်နေလိုက်ပါသည်၊၊ ဒီလိုနဲ့ conservationထဲ ခေါက်တုံ့ခေါက်ပြန် သွားရင်း ဟျောင်းရဲ့ စာကိုမျှော်နေမိတာ နှစ်နာရီလောက်
ရှိပြီ ၊၊ ရုံးဆင်းချိန်ပင် ရောက်တော့မည် ထင်သည်၊၊ ဟျောင်း ဘက် ကတော့ ငြိမ်သက်
နေစဲ ... သူလက် မလျော့သေးပါဘူး ဒါဆိုလည်း

💬 ဟျောင်းလို့ ... စာပြန်ပါအုံး 🥺😭

💬 တောင်းပန်ပါတယ်နော် ဟျောင်းနော်

အခုထိ seen ပြ မလာသေးပေ ၊၊ ထို့ကြောင့်
ဟျောင်း မကြည့်ကြည့်အောင် သူလုပ်ရတော့မည်၊၊

💬  ဟျောင်းရေ  .... ကျွန်တော့် ရဲ့ အချစ်တုန်း
အသဲနှလုံးလေးရေးး ...😭

💬 😭😭😭😭

💬 😭😭😭😭😭

💬 😭😭😭😭😭😭😭 ......

သူ ထိုငိုသော အီမိုဂျီတွေအား အခု နှစ်ဆယ်လောက် ထပ်ပို့လိုက်သည်၊၊ ဘာတက်နိုင်သေးလဲ!!

သူ ဒူးနှန့် ပြီးသာ စောင့်နေလိုက်သည်၊၊ သေချာပေါက် ဟျောင်း သူ့ကို စာပြန်တော့မှာ ၊၊

ထို့နောက် မကြာလိုက် သူကြည့်နေးရင်းမှာပဲ
ဟျောင်းက seen ပြလာသည်၊၊  အိုစ့် ...
ပြောသားပဲ !

" ဟာ ဘာဖြစ်တာလဲ !! စာပို့ မရတော့ဘူး ၊၊"

ကြည့်နေရင်း ဘလော့ခံလိုက်ရသည့် သူ ! အား !!
ကင်မ်ဆော့ဂျင် ကို ကင်မ်ဆော့ဂျင် ကို ဒေါသ
တွေထွက်ပြီး အရမ်းတွေ အရမ်းတွေ
ချစ်နေမိပြီလို့ ....😭

သူ ချက်ချင်း ဖုန်းခေါ်လိုက်သည် ၊၊ ပထမ တစ်ခါ
ဝင်တော့ ချပစ်သည်၊၊ ထို့နောက် ဒုတိယ တစ်ခါပါ ထပ်ခေါ်တော့ စက်ပိတ်ထားလိုက်ပါပြီ ၊၊

" တောက်ခ် ကင်မ်ဆော့ဂျင် ခင်ဗျား ဘယ်လို အချိုးတွေ ချိုးနေတာလဲ !! ဘယ်လို အချိုး
ချိုး ချိုး ချစ်တယ် ဟျောင်း !! "

သူ စိတ်ရှိလက်ရှိသာ အော်ပစ်လိုက်ချင်ပါတော့သည်၊၊ လမ်းမခွဲပေးနိုင်ဘူး လုံးဝ ! !
ဟျောင်း က ပြောဖူးသည် ကျွန်တော့် ဘက်က
လက်မလျော့ သရွေ့ သူတို့ မဝေးပါဘူး တဲ့ ၊၊

" ဟျောင်း ....!! "

ကော်ဖီဆိုင်၏ မှန်တံခါးမှ မြင်လိုက်ရသော ထိုပုံလေး ၊၊ ဟျောင်း က သူ့၏ ကုမ္ပဏီ မှ ထွက်လာတာသူ ပြန်ပြီ ထင်လို့ ဖြစ်မည်၊၊ လမ်းတစ်ဖက်သို့
အေးအေးလူလူ လျှောက်နေသည်၊၊ သူဟျောင်း
အား လှမ်း မခေါ်လိုက်ပါ သူ့ဘဝက အခုမှ ခိုးကြောင်ခိုးဝှက် ဖြစ်နေပြီ ၊၊

သူထကာ ပိုက်ဆံ ရှင်းလိုက်သည်၊၊ ပြီးနောက်
ထိုဆိုင်က ထွက်လာ ဟျောင်းနောက် သူတိတ်တိတ်လေး ပြေးလိုက်လိုက်သည်၊၊ ပြီးနောက် လမ်းဘေးမှာ တွေ့သော ဆိုင်မှ နေကြာ ပန်းစည်း တစ်စည်းအား ထိုဆိုင်ရှင်အဘိုး စီမှ သူဆွဲယူလိုက်သည် ၊၊ လမ်းဘေးတွင် တွန်းလှည်းလေးနဲ့ တွန်းရောင်းနေသော အဘိုး အား သူ့အိတ်ကပ်ထဲက ပိုက်ဆံတစ်ရွက်အား ထုတ်ပေးကာ လျှင်လျှင်မြန်မြန် ပေးလိုက်သည်၊၊ အချိန်ဆွဲနေလို့  မဖြစ် ဟျောင်းကိုမမီနေမည်လေ၊၊ သူပေးလိုက်သည့် ပိုက်ဆံ သည်ပန်းတန်ဖိုးထက် မနည်းသည့် ပိုက််ဆံ ဖြစ်သည်၊၊

သူ ထိုအဘိုး အား ပြုံးပြကာ ပြန်မအမ်းရန်နှင့်
ကြည်ကြည်ဖြူဖြူ ယူရန် ပြောလိုက်သည်၊၊

ထို့နောက် ထိုနေကြာ ပန်းစည်းလေး သူကိုင်ကာ

ဟျောင်းနောက်သို့ နောက်တစ်ကြိမ် ပြေးလိုက်ရန်
ပြင်လိုက်သည်၊၊ အကွာအဝေးမှာ မတိမ်းမယိမ်းသာရှိတော့သည် ဖြစ်သည်၊၊

ထို့နောက် ထိုနေကြာ ပန်းစည်းလေး သူကိုင်ကာ

ဟျောင်းနောက်သို့ နောက်တစ်ကြိမ် ပြေးလိုက်ရန်ပြင်လိုက်သည်၊၊ အကွာအဝေးသည် မတိမ်းမယိမ်းသာရှိတော့သည် ဖြစ်သည်၊၊


" ဟျောင်း !!! "

သူ ပထမ တစ်ခါ ခေါ်လိုက်သည် ၊၊ ဟျောင်းက
လှည့်တောင် ကြည့်မလာပါ ၊၊ မကြားဘူး  ဟုပဲ
ထင်မိသည်၊၊ ထို့ကြောင့် ထပ်ခေါ်လိုက်သည်၊၊

" ဟျောင်း !!"

သူထိုသို့လည်း ခေါ် ဟျောင်းလက်ကိုလည်း ကိုင်ကာ ဆွဲလှည့်လိုက်သည်၊၊ အသည်းတွေ ယားနေပြီ ၊၊

" လွှတ်စမ်း ! မင်းကို မမြင်ချင်ဘူး ၊၊ "

"မလွှတ်ဘူးဗျာ ... !! ဘာလုပ်ချင်လဲ ခင်ဗျား !! "

ဟျောင်းကို သူကြမ်းမှ ရတော့မည် ၊၊ သူ့ အပေါ်
ဟျောင်း အရမ်း ဖောင်း (* လွန် *)  နေပြီ !!

" ဒီထက် ပိုပြီီ   စိတ်မပျက်ချင်ဘူး....

ဗြဲ !! ဟျောင်း သူ့အပေါ် အရမ်း ရက်စက်လွန်း
နေတာ မဟုတ်ဘူးလား

" ဟျောင်းတောင်းပန်ပါတယ် ၊၊ "

ထိုသို့ ပြောကာ မျက်နှာငယ်လေးဖြင့် ထိုးပေး
လာသော ပန်းစည်းလေး ၊၊



" ဝေးဝေးသွား ငါ့မျက်စိရှေ့ ထပ်ပေါ်မလာနဲ့မင်းကို မမြင်ချင်သေးဘူး ၊၊ "


" မြဝူး မြဝူး !! ဟျောင်း  ဟင့် !! "

သူ့သက်သက် ချွဲပြလိုက်သည်၊၊ဟျောင်းကို ဖက်ကာ ရင်ခွင်ထဲ ပြေးဝင်လိုက်သည်၊၊ သို့ပေမဲ့ အရေးလုပ်မှုသည် ဇဲရိုး (ဇီးရိုး) ပါ !ငိုချင်လာပြီ ၊၊

" ဖယ်စမ်း ! "

ဟျောင်းက သူ့အား ပြင်းပြင်း တွန်းဖယ်ကာ
ရင်ခွင်ထဲက ထုတ်သည်၊၊ သူ့မှာ မျက်ရည်များ
ပင် ဝဲသွားရသည် ၊၊ ဟျောင်းက သူ့အပေါ် အယုံ
အကြည် မရှိဘူးတဲ့လား သူတို့က ချစ်သူတွေပါ
ဒီလောက် စိမ်းကား စရာ လိုလား ၊၊

" ရပါတယ် ဟျောင်း စိတ်အနှောင့်အယှက် ဖြစ်ရင်ကျွန်တော် အတက်နိုင်ဆုံး ရှောင်ပေးပါ့မယ်၊၊"

သူ ခပ်ဆွေးဆွေးလေး ပြောလိုက်သည်၊၊
ဟျောင်းကတော့ ...

" ကောင်းတယ် !! ကျေးဇူး တင်ပါတယ်၊၊
ပေါ်မလာလေ ကောင်းလေပါပဲ ၊၊"

" အင်းပါ အခုတော့ ဒါလေး ... "

သူ့လက်ထဲက ပန်းစည်းလေးအား ဟျောင်းဘက် ထိုးပေးလိုက်သည်၊၊ ဟျောင်းက ယူသွားသည်၊၊

ဟီး ဟီး ကြာကြာ စိတ်ဆိုးနိုင်တာလည်း
မဟုတ်ပဲ ....

" ဟျောင်း !!!! "

သူ့ အသံလေး စူးကနဲ နေအောင် အော်ချလိုက်သည်၊၊ ဟျောင်းက သူပေးသည့် ပန်းစည်းအား
လမ်းဘေးက  အမှိုက်ပုန်းထဲ ဖြစ်သလို ပစ်ထည့်
သွားသည်၊၊ သေချာလေးတောင် မထည့်ခဲ့ပဲလေ!

     ~~~ TBC ~~~

One short နဲ့ ရန်ဖြစ်ထားတဲ့ ချည်လုံးပါ  أ‿أ
အတိုပြောရင်း ရှည်ပြန်ပါပြီ၊၊ အပိုင်းကတော့
ရေးချင်သလောက်ပါပဲ ဒါပါပဲ ၊၊

ဒါလေး ဖတ်ပြီး တစ်ခုခု ကို ပြေးမြင်မိသလား !
ဘာနဲ့ ဆင်တူတယ် ထင်လဲ !

ဟုတ်ပါတယ် Seven ပါ ၊၊ Seven MV လေး
ထွက်ကတည်းက KooJin ပုံစံလေး လိုချင်နေတာမို့ ကိုယ့်ဘာသာပဲ အကောင်အထည် ဖော်လိုက်ပါတယ် ၊၊

___ 7.8.2023 🤍✨



Continue Reading

You'll Also Like

71.5K 7.5K 40
အကြားအာရုံချို့တဲ့နေတဲ့ ကောင်လေးနဲ့ IDOl တစ်ယောက်ရဲ့ ချစ်ခြင်း
7.1K 1K 18
အဆိုးအပေလေးပြောခဲ့တာစကားလှလှလေးတစ်ခွန်းတည်းရယ်သာ "ချစ်နေယုံမှအပ ဘာများတတ်နိုင်အုန်းမှာလဲ" တဲ့ Author:seokjinkim1999 Start: June 21 2022 End:.....
642K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
463K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...