စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Com...

By Saung_Kyaoe

111K 8.5K 1K

Yizhan More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-(8.1)
Chapter(8.2)
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter 13
Chapter 14
Chapter 16
Chapter-17
Chapter -18
Chapter 19
Chapter-20
Chapter-21
Chapter 22
Chapter 23
Chapter -24
Chapter 25
Chapter 26
Chapter-27
Chapter 28
Chapter 29
Chapter -30
Chapter 31
Final
​စျေးဗန်း!!!

Chapter -15

2.8K 246 32
By Saung_Kyaoe

​ရှောင်းကျန့်တို့ မနက်စာစားပြီး​တော့ လူကြီးက ချန်နိုင်ငံရဲ့စစ်သူကြီးနဲ့စကားစမြည်​ပြောမယ်ဟုဆိုကာ စစ်​ရေးပြကွင်းဘက်ထွက်သွားသည်။
​ရှောင်းကျန့်က​တော့ လူကြီးလွတ်လွတ်လပ်လပ်​နေလို့ရ​အောင်မလိုက်သွား​တော့ပဲ ချန်နန်း​တော်ရဲ့အပျို​တော်မိန်းက​လေးတစ်​​ယောက်ရဲ့အကူအညီနဲ့ နန်း​တော်ထဲ​လျှောက်ပတ်ကြည့်​လေသည်။

နန်း​တော်ကြီးသည် အို​ဟောင်း​နေပြီဟုထင်ရသည်။ထုပ်တန်း​တွေက တစ်ခုနဲ့တစ်ခုမတူပဲ တစ်ချိူ့တိုင်​တွေကျ​တော့အသစ်ဖြစ်​နေပြီး တစ်ချိူ့တိုင်​​တွေကျ​တော့နှစ်ချို့​နေမှန်းသိသာလှသည်။
အ​ရောင်က​တော့ အစိမ်းပုတ်​ရောင်မှိုင်းမှိုင်းကိုသာ ချန်မင်းသမီးရဲ့​မွေး​နေ့ပွဲအတွက် အ​ရောင်ပြန်ဆိုးထား​လေသည်။

​ရှောင်းကျန့်ကအပျို​တော်လိုက်ပို့သည့်​နေရာ​တွေကိုလှည့်ပတ်ကြည့်ရင်းအပျို​တော်ကို​မေးခွန်းထုတ်လိုက်သည်။

"ချန်နန်းတော်ကနန်းစိုက်ကတည်းကနန်း​တော်ကြီးလား...နှစ်ဘယ်​​လောက်ရှိပြီတုန်း"

အပျို​တော်က​ရှောင်ကျန့်ကိုရိုကျိုးဟန်နှင့်​သေချာစွာရှင််းပြလာသည်။

"နန်းစိုက်ကတည်းကရှိလာတဲ့နန်း​တော်ကြီးပါ
ခန်းမှန်း​ခြေက​တော့နှစ်​ပေါင်း၁၇၀​ကျော်​လောက်ရှိပါပြီ"

​ရှောင်ကျန့်ရဲ့မျက်နှာကအနည်းငယ်​တွေးဆဆဖြစ်သွားသည့်ဟန်​ပေါ်သည်။

"အာ..ကြာပြီပဲ မင်းဘယ်နှဆက်​လောက်ရှိပြီလဲ.."

"​လေးဆက်ပါဧည့်သည့်​​တော်.."

"နန်း​​ဆောင်​တွေကိုအသစ်ပြန်မ​ဆောက်ဘူးလား.."

အပျို​တော်က ထိုအခါမှ​တော့ အသံကိုနှိမ့်ချလာကာ

"ပြန်မ​ဆောက်ဘူးဆိုတာက ဒီနန်း​တော်ကြီးက
ရာဇဝင်​တွေအများကြီးရှိလို့ပါ...ပြီး​တော့ တတိယမင်းဆက်ဖြစ်တဲ့ မင်းကြီးဝမ်ညိုကနန်း​တော်ကြီးကိုအရှိအတိုင်းဆက်လက်ထိန်းသိမ်းဖို့ မှာကြားထားလို့ပါ..."

"မင်းကြီးဝမ်ညို?..."

​ရှောင်းကျန့်က ကြားလိုက်ရတဲ့အမည်နာမ​ကြောင့် မျက်​မှောင်ကြုတ်လိုက်မိသည်။
ဝမ်ညို? ဆို​တော့ ဝမ်မျိုးနွယ်​တွေကလား။
ပြီး​တော့ သူဒိီအမည်နာမကိုဘယ်မှာကြားခဲ့ဖူးလဲမသိ​​ပေမဲ့ ရင်းနှီး​နေ​ချေသည်။

ဦး​နှောက်ကိုအလုပ်လုပ်ရင်း ​ရှောင်းကျန့်ကအပျို​တော်​ခေါ်​ဆောင်ရာ​နောက်ကိုလိုက်ပါသွားသည်။

"ဧည့်သည်​တော်ကို ကျွန်​တော်မျိုးမက ​တော်ဝင်ပန်းချီပြခန်းထဲကိုလိုက်ပြပါ့မယ်...ပုံမှန်ဆိုပြထား​လေ့မရှိ​ပေမဲ့ မင်းသမီးရဲ့​မွေ​နေ့နီးကပ်လာတာ​ကြောင့် တိုင်းတစ်ပါးသား​တွေလာရင် ချန်မင်းဆက်ရဲ့ပန်းချီပညာကိုသိရှိခွင့်ရ​အောင်လို့ အရှင်ကပြဠာန်း​ပေးထားပါ.."

​​ရှောင်းကျန့်​ရွေး​ခေါ်ခဲ့တဲ့အပျို​​​တော်ဟာကံ​ကောင်းစွာနဲ့နန်း​တော်ရဲ့လုပ်ပိုင်ခွင့်တစ်ချို့ကိုရထားပြီးနဲ့ သွက်သွက်လက်လက်ဖြစ်ကာလူရည်​လည်တဲ့အပျို​တော်​လေးဖြစ်​နေသည်။
အပျို​တော်ဟာသူ့ကို ပန်းချီပြခန်း​ဆီစိုက်စိုက်မြိုက်မြိုက်​ခေါ်​ဆောင်​သွား​လေသည်။

ပန်းချီခန်းသည် ညီလာခံကျင်းပသည့်ခန်းမတမျှကျယ်ဝန်းလှသည်။
အခန်းအတွင်းမှာပန်းချီကား​တွေကို လှလှပပချိတ်ဆွဲထားပြီး ​တော်ဝင်မျိုးနွယ်ရဲ့ရှင်ဘုရင်​တွေ ၊မင်းမိဖုရား​တွေ၊​​ကျော်ကြားတဲ့ စာ​ပေ​ရေးသားသူ​တွေ၊အတိုင်ပင်ခံအမတ်​ကြီး​တွေနဲ့
ချန်မင်းဆက်တို့ကိုးကွယ်ရာ နတ်ဘုရား​တွေရဲ့ပုံ​တွေကိုလည်းလှလှပပချိတ်ဆွဲထားသည်။

"ဒါ​​တွေကအနုပညာဌာနက​ရေးဆွဲထားတာလား?"

"မဟုတ်ပါဘူးရှင်..ချန်မင်းဆက်စစ်စစ်​တွေက​ရေးဆွဲထားတာပါ ပန်းချီ​တွေရဲ့​အောက်မှာလဲ ဆွဲသား​သူရဲ့နာမည်​တွေကို​ရေးထိုး​ပေးထားပါတယ်.."

"အာ ဟုတ်သား.."

အပျို​တော်​ပြောမှ​ရှောင်းကျန့်ကပုံ​တွေရဲ့ညာဘက်​ထောင့်​လေး​တွေမှာ​ရေးထားတဲ့နာမည်​​လေး​တွေကိုသွားမြင်သည်။

"ဒီပုံက မင်းကြီးဝမ်ညို​ရေးထားတာပဲ ..တကယ်လက်ရာ​​မြောက်လိုက်တာ.."

​ရှောင်းကျန့်က ​​နေနတ်ဘုရားပုံ​တော်တစ်ခုကိုကြည့်ရင်း ဆွဲသားထားသူကိုချီးကျူးစကားဆိုသည်။
သူတို့ခစားရတဲ့အရှင်သခင်ကိုချီးကျူး​တော့​အပျို​တော်ကပြုံးရွှင်သွားသည်။

"မင်းကြီးဝမ်ညိုက တကယ်ကိုပန်းချီအရာမှာပါရမီပါ ပါတယ်ရှင့်...ပြီး​တော့မင်းကြီးဝမ်ညိုက
စာ​ပေအမတ်​တွေ.၊ ​ကျော်ကြားခဲ့တဲ့အတိုင်ပင်ခံအမတ်ကြီး​တွေရဲ့ပုံတူ​တွေကိုလည်း ​ရေးဆွဲခဲ့ပါ​သေးတယ်.."

"ပုံတူဆွဲတာများတာ​ပေါ့. .."

"ဟုတ်ပါတယ်..."

​ရှောင်းကျန့်က မင်းကြီးဝမ်ညို​ရေးဆွဲထားတဲ့ပုံ​တွေကို ​သေ​သေချာချာလိုက်လံကြည့်ရှုသည်။
မင်းကြီးဝမ်ညိုရဲ့ ပန်းချီကအသက်ဝင်သည်။
အနုစိတ်ဆန်သည်။ရုပ်လုံး​ကြွ​နေကာ ကြည့်ရတဲ့သူကို တကယ့်လူအစစ်ကိုမြင်​နေရသလိုခံစားရ​​စေသည်။

"မင်းကြီးဝမ်ညိုရဲ့ပုံတူက​ရော?."

ပန်းချီ​တွေကိုကြည့်လာရင်း ပန်းချီဆရာဖြစ်တဲ့မင်းကြီးဝမ်ညိုကိုပါ​ရှောင်းကျန့်မြင်ချင်လာသည်။သူထုတ်​​မေးလိုက်​တော့အပျို​တော်က
​ဘေးပတ်ပတ်လည်ကို လှည့်ကာကြည့်ရှုရင်း ​ရှောင်းကျန့်ကို လမ်းတစ်လမ်းကိုပြကာ​ခေါ်​ဆောင်သွားသည်။

ထိုလမ်း​လေးသည် ပန်းချီကား​တွေကြားထဲက​နေ ​ဖောက်ထားတဲ့လမ်းသွယ်​လေးဖြစ်ကာ နံရံနှစ်ခုကြားထဲရှိ​​နေသည်။
အပြင်ကပန်းချီကား​တွေ​က​တော့အလင်း​ရောင်​ကောင်းစွာရ​ပေ​မဲ့ ထိုလမ်းက​လေးက​တော့အနည်းငယ် ​မှောင်မှိုက်​နေသည်။
ဒါ​ကြောင့်နံရံ​တွေမှာမီးမှိန်မှိန်​လေး​တွေထွန်းထားသည်။

"ဒီပန်းချီခန်းမှာသန့်ရှင်း​ရေးကျတဲ့
ကျွန်​တော်မျိုးမရဲ့သူငယ်ချင်းကပန်းချီကား​ဟောင်း​တွေကို နံရံနှစ်ဖက်ပိတ်လမ်းကြားထဲမှာထားထားတယ်လို့​ပြောတယ်...အဲ့တာဒီလမ်းပဲထင်ပါတယ်..ပုံမှန်အချိန်ဆိုကျွန်​တော်မျိုးမလဲပန်းချီပြခန်းကိုသိပ်မဝင်​ရတာ​ကြောင့် မသိ​ကြောင်းပါ.."

"​အော် ရပါတယ်.."

​ရှောင်းကျန့်တို့ဖြတ်ခဲ့တဲ့နံရံနှစ်ဖက်ပိတ်လမ်း​လေးသည် ကျဥ်း​ပေမဲ့ရှည်လျားသည်။
ပန်းချီကား​တွေကို နံရံ​ပေါ်မှာအစီအရီချိတ်ဆွဲထား​ပေမဲ့ ​မင်းကြီးဝမ်ညိုရဲ့ပုံတူကိုသာကြည့်ချင်တဲ့ ​ရှောင်းကျန့်ကသတိမပြုခဲ့​ပေ။

"မင်းကြီးဝမ်ညိုက ဒီပန်းချီကားထင်ပါတယ်."

အ​ပျို​တော်ပြလာတဲ့ပန်းချီကားကိုကြည့်ရင်း ​ရှောင်းကျန့်ပင့်သက်ရှိုက်လိုက်မိသည်။
ပန်းချီကားကြီးသည် အမြင့်၆​ပေ​လောက်ရှိမည်ထင်သည်။နက်​စွေး​နေတဲ့ ဧကရာဇ်ဝတ်ရုံကို ​သေသပ်စွာဝတ်ဆင်ထားသည့်မင်းကြီးဝမ်ညိုသည် ၃ပေ​ခန့်ရှိသည့်ဓါးဖြူကြီးကို ဝင့်ဝင့်ကြွားကြွားကိုင်​ဆောင်ထားသည်။

မျက်နှာကျသည် ​ခန့်ညားချော​မောသည်။
ညာဘက်မျက်ခုံးရဲ့အစွန်းမှာ​တော့ မှည့်နက်ကြီးကြီးတစ်လုံးပါရှိပြီး နှုတ်​ခမ်း​မွှေး​တွေကိုလည်းအဖျားနှစ်ဖက်​ကော့​ပေးထားသည်။

"မင်းကြီးဝမ်ညိုက​ခန့်ညားလွန်းလိုက်တာ.."

​ရှောင်းကျန့်က တိတ်တဆိတ်​ရေရွတ်ရင်း ထိုသို့ပြီးပြည့်စုံ​အောင်ဆွဲ​ပေးထားတဲ့ပန်းချီကား​ရေးဆွဲသူကိုသိချင်တာ​​ကြောင့် ​ညာဘက်​ထောင့်ကိုငုံကြည့်လိုက်သည်။

"​ရှောင်း?"

​ရေးဆွဲသူနာမည်​လေးသည် ​ရှောင်းတစ်လုံးထဲပင်ဖြစ်သည်။
သူနဲ့နာမည်ဆင်​နေ​တော့​ရှောင်းကျန့်အနည်းငယ်စိတ်ဝင်စားမိသွားသည်။

"​ရှောင်းက ဘယ်သူတုန်း.."

"မင်းကြီးဝမ်ညိုရဲ့ ​​ခေါင်းကိုင်ဖခင်ပါ.."

​ရှောင်းကျန့်ရဲ့မျက်လုံး​​လေး​တွေက ကလယ်ကလယ်ဖြစ်သွားရသည်။မင်းမျိုးမင်းနွယ်​တွေမှာ ​ခေါင်းကိုင်မိခင်ဟူသည် တခြားကိုယ်​တော်လုပ်​​တော်မိဖုရား​​တွေ​မွေး
သည့်မင်းညီမင်းသား​တွေကို အိမ်​ရှေ့စံရာထူးတင်ချင်တဲ့အခါသုံးသည့် အသုံးဖြစ်သည်။

မိဖုရား​ခေါင်က​မွေးတဲ့က​လေးက မိန်းက​လေးဖြစ်​နေရင် ( ဒါမှမဟုတ် ) တခြားကြင်ယာ​​တော်​တွေကမွေးလာသည့်မင်းသားတစ်ပါးကို အိမ်​ရှေ့စံဖြစ်​စေချင်ရင် ​ရှင်ဘုရင်ရဲ့ မိဖုရားကြီးက​ခေါ်ယူ​မွေးစားလိုက်ရသည်။
ထိုအခါမှ ထိုက​လေး​က အိမ်​ရှေ့စံရာထူးကိုဆက်ခံလို့ရတာဖြစ်ပြီး မိဖုရားကြီး​က​​တော့ထိုအိမ်​ရှေ့စံ၏​ခေါင်းကိုင်မိခင်ဖြစ်သွား​လေသည်။

"​ခေါင်းကိုင်မိခင်မလား..ဘာလို့ဖခင်လဲ?"

အပျို​တော်စကားမှားတယ်ထင်လို့​ရှောင်းကျန့်ကအမှန်ပြင်​ပေးလိုက်သည်။သို့​ပေမဲ့ အပျို​တော်ကသူ့ကို​ခေါင်းခါပြရင်း

"​ခေါင်းကိုင်ဖခင်ပါဧည့်သည်​တော်..
မင်းကြီးဝမ်ညိုရဲ့...ခမည်း​တော်ဖြစ်တဲ့
မင်းကြီးဝမ် က ဝတ်ရုံလက်ပြတ်​တစ်​ယောက်ဖြစ်ပါတယ်..."

"ဝတ်ရုံလက်ပြတ်...အဲ့​တော့ မိဖုရားရာထူးက အမျိုးသားမိဖုရားလား?"

"ဟုတ်ပါတယ်ဧည့်သည်​တော် ."

​ရှောင်းကျန့်ကအစက​တော့အနည်းငယ်သာစိတ်ဝင်စား​ပေမဲ့အခုမှတကယ်ကိုစိတ်ဝင်စားသွား​လေပြီ။

"​ပြောပြပါလား အဲ့မင်းကြီးဝမ်နဲ့ မိဖုရား​ရှောင်းအ​ကြောင်း..."

"ဒါ​ပေမဲ့ ဒီဟာကကျွန်​​တော်မျိုးမတို့ရဲ့နန်း​တော်သမိုင်းဖြစ်​နေ​တော့..."

"​ပြောပြရင်မယ်မင်းအတွက် အကျ်ိုးမယုတ်​စေရပါဘူးဗျာ.."

​ရှောင်းကျန့်စကား​ကြောင့်အပျို​တော်ရဲ့မျက်နှာဟာအနည်းငယ်ဝင်းပသွားပြီး ရာဇဝင်သမိုင်းကို​ပြောပြလာသည်။

"မင်းကြီးဝမ်က အသက်၁၆နှစ်နဲ့ထီးနန်းဆက်ခံခဲ့တာပါ မင်းကြီးကငယ်ငယ်​​လေးနဲ့အာဏာရတာလဲပါတယ် ထက်လဲထက်မြက်​တော့
ဆိုးခဲ့ပါတယ်..​မိဖုရား​က​တော့ ရိုးရိုးသာမာန် အရပ်သားတစ်​ယောက်ပါ တိုင်းခန်းလှည့်ရင်း​​မိဖုရားအလှမှာနစ်​မြောသွားတဲ့ မင်းကြီးဝမ်က ​မရရ​အောင်ယူခဲ့တာပါ.."

ကြားလိုက်ရတဲ့ဇာတ်​ကြောင်းသည် ​ရှောင်းကျန့်ကြားဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်နဲ့သွားတူ​နေတာမို့သူဖြည့်ပြီးထပ်​မေးလိူက်သည်။

"မိဖုရားရဲ့ မိခင်က မျက်မမြင်တဲ့နတ်ဝင်သည်လား? သူ့သမီး​တော်ကို ​ကောင်းကင်ကချီးမြင့်တဲ့နတ်ဘုရားတစ်ပါးလို့အယုံအကြည်ဖြစ်​နေတဲ့အမယ်အိုတစ်​ယောက်?အဲ့တာ မိဖုရားရဲ့မိခင်လား?.."

"ဧည့်သည်​တော်က ဇာတ်​ကြောင်းကိုသိတာပဲ
ဒါ​ပေမဲ့ မိဖုရားကိုသူများ​တွေကသမီး​တော်ဆိုပြီးသုံးနှုန်းလာကြ​ပေမဲ့ မိဖုရားကအမျိုးသားတစ်​ယောက်ပါ.."

"အယ် ဟုတ်လို့လား။.အဲ့ဇာတ်​ကြောင်းကနာမည်ကြီးမဟုတ်လား?ကူးစက်​ရောဂါအ​ကြောင်း ဘာဆိုလဲ.."

"ဟုတ်ပါတယ်.."

"အဲ့တာက တကယ် ​မိဖုရားရဲ့ သမိုင်း​ကြောင်းလား "

"ဟုတ်ပါတယ်..."

​ရှောင်းကျန့်ကတိတ်ဆိတ်သွား​ချေသည်။
ထိုမိဖုရားဇာတ်​ကြောင်းသည် ဒဏ္ဍာရီဆန်သည်။ပုံပြင်ဆန်သည်။ငယ်ငယ်က​ရှောင်းကျန့်ကို​ခမည်း​တော်​ပြောပြဖူးတဲ့ပုံပြင်တစ်ပုဒ်လဲဖြစ်သည်။

ဆိုမှ...မင်းကြီးဝမ်ညိုဆိုတာကို သူအခုမှ
ဆက်စပ််မိသွားသည်။
​မိဖုရားကြီးတစ်ပါးထဲသာထားခဲ့သည့်မင်းကြီးဝမ်သည် ထီးနန်းဆက်ခံဖို့ကို က​လေးတစ်​ယောက်​မွေးစားခဲ့သည်။ထိုက​လေးသည် တမူထူးခြားစွာ အသားအရည်အနည်းငယ််ညို​နေခဲ့သည်။
ဒါကိုမင်းကြီးဝမ်ကချစ်စနိုးနဲ့ အညို​​လေးလို့​ခေါ်​ဆိုရာမှ နန်းတက်​တော့ ထိုမင်းသားက သူ့ခမည်း​တော်​ခေါ်သည့်နာမည်ကိုအစွဲပြုကာ ဝမ်ညိုဟု ဘိသိတ်ခံခဲ့တာဖြစ်သည်။

"ဧည့်သည်​တော်် ကျွန်​တော်မျိုးမဆက်ရှင်းပြရမလား?"

​ရှောင်းကျန့်က​ခေါင်းခါပြလိုက်သည်။

"အဲ့ဇာတ်ကို​တော့​ဖြင့်သိတာမို့ဆက်မရှင်းပြပါနဲ့တော့ ..ဒါ​ပေမဲ့ မင်းကြီးဝမ်နဲ့သူ့မိဖုရားရှောင်းရဲ့ပန်းချီကားရှိရင်​တော့မြင်ဖူးချင်တယ်..."

အပျို​တော်က ​​ခေါင်းငြိမ့်ရင်းသူ့ကိုအတွင်းပိုင်းကိုဆက်လက်​ခေါ်​ဆောင်သွားသည်။

"မိဖုရား​ရှောင်းရဲ့ပုံ​​တော်​တွေက အခုမင်းကြီးချန်လက်ထပ်မှာမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်.ဒါ​ကြောင့် မင်းကြီးဝမ်ပုံ​တော်​တွေသာကျန်ခဲ့ပါ​တော့တယ််.."

​ရှောင်းကျန့်မျက်ခုံး​တွေကတွန့်ခနဲပင်။

"ဘာလို့ဖျက်ဆီးပစ်ရတာလဲ?"

"မင်းကြီးချန်က ဝတ်ရုံလက်ပြတ်​တွေကိုမုန်းတီးသူတစ်​ယောက်ပါ သူ့ရဲ့ဘိုး​ဘေးဖြစ်တဲ့မိဖုရား​​ရှောင်းက အမျိုးသားတစ်​ယောက်ဖြစ်​နေတာကိုမသင့်​တော်ဘူးထင်ပြီး ပုံတူပန်းချီကား​တွေကို ဖျက်ဆီးခဲ့တာပါ...
ပြီး​တော့ မင်းကြီးဝမ်တို့အ​ကြောင်း​ရေးသားတဲ့ ပုံပြင်​ရေးသား​သူ​​တွေကိုလဲ မိဖုရားကအမျိုးသားတစ်​ယောက်ဖြစ်တဲ့ချွင်းချက်ကို
လည်းပြင်ခိုင်းခဲ့ပါတယ်..."

"ဆို​တော့ အဲ့တာ​ကြောင့်ပုံ​ပြင်​တွေက မိဖုရားဟာကအမျိုးသမီးဖြစ်​​ကြောင်းပဲ​ရေးထားကြတာ​ပေါ့..."

"မှန်ပါတယ် ဧည့်သည်​တော်.."

မင်းကြီးချန်ကို ​ရှောင်းကျန့်စိတ်ထဲက​နေကြိတ်ပြီး​​မေတ္တာပို့မိသွားသည်။
ထိုသူသည် ကိုယ်ကျင့်တရား​ခေါင်းပါးကာဘိုး​ဘေး​တွေကိုမထီမဲ့မြင်ပြုခဲ့​လေသည်။
ဒါ​ကြောင့်လည်း သူ့ဆိီက​နေမျိုးဆက်ဖြစ်တဲ့ချန်မင်းသမီးသည် ထိုသို့ ယဥ်​ကျေးမှုမရှိ​သောအပြုအမှုနဲ့ရိုင်းပြ​နေတာဖြစ်မည်ဟုမှတ်ချက်ချလိုက်မိသည်။

"ဒီမှာပါဧည့်သည်​တော်...."

"..!!!!...."

မြင်လိုက်ရတဲ့ပုံ​ကြောင့် ​ရှောင်းကျန့်ကြက်​သေ​သေသွားမိသည်။ပန်းချီကားကြီးသည် ၆​ပေခန့်မြင့်မားသည်။
​​ရွှေအို​ရောင်​ဘောင်​တွေနဲ့​သေသပ်စွာ​ဘောင်ခတ်ထားပြီး စုတ်ချက်တစ်ခုဆီတိုင်းကို ​​သေ​သေသပ်သပ်​ရေးဆွဲထား​လေသည်။

မင်းကြီးဝမ်ကို ပလ္လင်​ပေါ်မှာ ခပ်​စောင်း​စောင်းမှီနွဲ့သည့်ဟန် ​ရေးဆွဲထားတာ​ကြောင့်​တောင့်တင်းတဲ့ခန္တာကိုယ်ကြွက်သား​တွေသည် ဝတ်ရုံ​အောက်ကရုံးကြွ​နေ​ကြောင်းအထင်းသားမြင်​နေရသည်။

ပုံတူပန်းချီကားထဲက မင်းကြီးဝမ်ရဲ့မျက်လုံး​တွေက ပန်းချီကားကြည့်ရှုသူရဲ့ရင်ထဲကိုပါ​ဖောက်ထွက်မတတ် စူးရှသည်။မျက်ခုံးနှစ်ဖက်သည်လည်းဓါးသွားရိုးပမာ​ကော့တက်​နေသည်။ညာဘက်မျက်ခွံကိုဖြတ်သွားတဲ့ဓါးရာအမာရွတ်က​တော့​ရှောင်းကျန့်ရဲ့ရင်ဘက်ကို အရှိန်ပြင်းပြင်းလှုပ်ခတ်သွား​​စေသည်။

ဆင်း​နေတဲ့နှာတံ။မထူမပါးနှုတ်ခမ်းနဲ့ အနည်းငယ်ကျယ်ဝန်းတဲ့နဖူးပြင်နဲ့ပန်းချီကားထဲက မင်းကြီးဝမ်ရဲ့ပုံတူသည် သူ့လူကြီး၏ပုံတူဖြစ်​နေ​လေ​တော့သည်။

သူအိပ်မက်ထဲက သနားစရာ​ကျောပြင်ရဲ့ပိုင်ရှင်။
သူ့အိပ်မက်ထဲက ​သွေး​တွေနဲ့ သူ့ကို​အော်​ငေါက်ခဲ့တဲ့ သူကြီး။
သူ့အိပ်မက်ထဲက မျက်ခွံ​​ပေါ်မှာဓါးရာအမာရွတ်​နဲ့ထိုသူကြီးသည် မင်းကြီးဝမ်ဖြစ်​နေသည်တဲ့လား။

_______________________________________________________

သဲတို့က​တော့ သာသာ​စောင်းကြိုး ဘာလို့မအပ်တာလဲဆိုပြီး ထင်​နေလိမ့်မယ်😶။
သဲတို့​သာသာ​စောင်းကြိုးက​တော့.
" ဖင်ယားမှုသည်အာမခံမရှိ" ဆိုသလိုပဲ
Wp accကို​နောက်တစ်​ကောင့်ထပ်ဖွင့်လိုက်တာ  ဒိီ​စောင်းကြိုးအ​ကောင့်ထဲဝင်မရလို့တိုင်ပတ်​နေ​ကြောင်းပါ။

မ​ပြောမဆိုနဲ့​​ပျောက်သွားလို့ အားလုံးကိုဂိုမဲပါ​နော်🥲​။

ကိုယ့်ဟာကို​တောင် အ​ကောင့်ထဲပြန်ဝင်မရလို့ လမ်း​ပျောက်​​နေလို့ပါရှန်။
အခု​တော့ရသွားပြီ ဟီဟီးးး။

Zawji

​ေရွာင္းက်န့္တို႔ မနက္စာစားၿပီး​ေတာ့ လူႀကီးက ခ်န္နိုင္ငံရဲ႕စစ္သူႀကီးနဲ႕စကားစျမည္​ေျပာမယ္ဟုဆိုကာ စစ္​ေရးျပကြင္းဘက္ထြက္သြားသည္။
​ေရွာင္းက်န့္က​ေတာ့ လူႀကီးလြတ္လြတ္လပ္လပ္​ေနလို႔ရ​ေအာင္မလိုက္သြား​ေတာ့ပဲ ခ်န္နန္း​ေတာ္ရဲ႕အပ်ိဳ​ေတာ္မိန္းက​ေလးတစ္​​ေယာက္ရဲ႕အကူအညီနဲ႕ နန္း​ေတာ္ထဲ​ေလွ်ာက္ပတ္ၾကည့္​ေလသည္။

နန္း​ေတာ္ႀကီးသည္ အို​ေဟာင္း​ေနၿပီဟုထင္ရသည္။ထုပ္တန္း​ေတြက တစ္ခုနဲ႕တစ္ခုမတူပဲ တစ္ခ်ိဴ႕တိုင္​ေတြက်​ေတာ့အသစ္ျဖစ္​ေနၿပီး တစ္ခ်ိဴ႕တိုင္​​ေတြက်​ေတာ့ႏွစ္ခ်ိဳ႕​ေနမွန္းသိသာလွသည္။
အ​ေရာင္က​ေတာ့ အစိမ္းပုတ္​ေရာင္မွိုင္းမွိုင္းကိုသာ ခ်န္မင္းသမီးရဲ႕​ေမြး​ေန႕ပြဲအတြက္ အ​ေရာင္ျပန္ဆိုးထား​ေလသည္။

​ေရွာင္းက်န့္ကအပ်ိဳ​ေတာ္လိုက္ပို႔သည့္​ေနရာ​ေတြကိုလွည့္ပတ္ၾကည့္ရင္းအပ်ိဳ​ေတာ္ကို​ေမးခြန္းထုတ္လိုက္သည္။

"ခ်န္နန္းေတာ္ကနန္းစိုက္ကတည္းကနန္း​ေတာ္ႀကီးလား...ႏွစ္ဘယ္​​ေလာက္ရွိၿပီတုန္း"

အပ်ိဳ​ေတာ္က​ေရွာင္က်န့္ကိုရိုက်ိဳးဟန္ႏွင့္​ေသခ်ာစြာရွင္္းျပလာသည္။

"နန္းစိုက္ကတည္းကရွိလာတဲ့နန္း​ေတာ္ႀကီးပါ
ခန္းမွန္း​ေျခက​ေတာ့ႏွစ္​ေပါင္း၁၇၀​ေက်ာ္​ေလာက္ရွိပါၿပီ"

​ေရွာင္က်န့္ရဲ႕မ်က္ႏွာကအနည္းငယ္​ေတြးဆဆျဖစ္သြားသည့္ဟန္​ေပၚသည္။

"အာ..ၾကာၿပီပဲ မင္းဘယ္ႏွဆက္​ေလာက္ရွိၿပီလဲ.."

"​ေလးဆက္ပါဧည့္သည့္​​ေတာ္.."

"နန္း​​ေဆာင္​ေတြကိုအသစ္ျပန္မ​ေဆာက္ဘူးလား.."

အပ်ိဳ​ေတာ္က ထိုအခါမွ​ေတာ့ အသံကိုႏွိမ့္ခ်လာကာ

"ျပန္မ​ေဆာက္ဘူးဆိုတာက ဒီနန္း​ေတာ္ႀကီးက
ရာဇဝင္​ေတြအမ်ားႀကီးရွိလို႔ပါ...ၿပီး​ေတာ့ တတိယမင္းဆက္ျဖစ္တဲ့ မင္းႀကီးဝမ္ညိုကနန္း​ေတာ္ႀကီးကိုအရွိအတိုင္းဆက္လက္ထိန္းသိမ္းဖို႔ မွာၾကားထားလို႔ပါ..."

"မင္းႀကီးဝမ္ညို?..."

​ေရွာင္းက်န့္က ၾကားလိုက္ရတဲ့အမည္နာမ​ေၾကာင့္ မ်က္​ေမွာင္ၾကဳတ္လိုက္မိသည္။
ဝမ္ညို? ဆို​ေတာ့ ဝမ္မ်ိဳးႏြယ္​ေတြကလား။
ၿပီး​ေတာ့ သူဒိီအမည္နာမကိုဘယ္မွာၾကားခဲ့ဖူးလဲမသိ​​ေပမဲ့ ရင္းႏွီး​ေန​ေခ်သည္။

ဦး​ေႏွာက္ကိုအလုပ္လုပ္ရင္း ​ေရွာင္းက်န့္ကအပ်ိဳ​ေတာ္​ေခၚ​ေဆာင္ရာ​ေနာက္ကိုလိုက္ပါသြားသည္။

"ဧည့္သည္​ေတာ္ကို ကြၽန္​ေတာ္မ်ိဳးမက ​ေတာ္ဝင္ပန္းခ်ီျပခန္းထဲကိုလိုက္ျပပါ့မယ္...ပုံမွန္ဆိုျပထား​ေလ့မရွိ​ေပမဲ့ မင္းသမီးရဲ႕​ေမြ​ေန႕နီးကပ္လာတာ​ေၾကာင့္ တိုင္းတစ္ပါးသား​ေတြလာရင္ ခ်န္မင္းဆက္ရဲ႕ပန္းခ်ီပညာကိုသိရွိခြင့္ရ​ေအာင္လို႔ အရွင္ကျပဠာန္း​ေပးထားပါ.."

​​ေရွာင္းက်န့္​ေ႐ြး​ေခၚခဲ့တဲ့အပ်ိဳ​​​ေတာ္ဟာကံ​ေကာင္းစြာနဲ႕နန္း​ေတာ္ရဲ႕လုပ္ပိုင္ခြင့္တစ္ခ်ိဳ႕ကိုရထားၿပီးနဲ႕ သြက္သြက္လက္လက္ျဖစ္ကာလူရည္​လည္တဲ့အပ်ိဳ​ေတာ္​ေလးျဖစ္​ေနသည္။
အပ်ိဳ​ေတာ္ဟာသူ႕ကို ပန္းခ်ီျပခန္း​ဆီစိုက္စိုက္ၿမိဳက္ၿမိဳက္​ေခၚ​ေဆာင္​သြား​ေလသည္။

ပန္းခ်ီခန္းသည္ ညီလာခံက်င္းပသည့္ခန္းမတမွ်က်ယ္ဝန္းလွသည္။
အခန္းအတြင္းမွာပန္းခ်ီကား​ေတြကို လွလွပပခ်ိတ္ဆြဲထားၿပီး ​ေတာ္ဝင္မ်ိဳးႏြယ္ရဲ႕ရွင္ဘုရင္​ေတြ ၊မင္းမိဖုရား​ေတြ၊​​ေက်ာ္ၾကားတဲ့ စာ​ေပ​ေရးသားသူ​ေတြ၊အတိုင္ပင္ခံအမတ္​ႀကီး​ေတြနဲ႕
ခ်န္မင္းဆက္တို႔ကိုးကြယ္ရာ နတ္ဘုရား​ေတြရဲ႕ပုံ​ေတြကိုလည္းလွလွပပခ်ိတ္ဆြဲထားသည္။

"ဒါ​​ေတြကအႏုပညာဌာနက​ေရးဆြဲထားတာလား?"

"မဟုတ္ပါဘူးရွင္..ခ်န္မင္းဆက္စစ္စစ္​ေတြက​ေရးဆြဲထားတာပါ ပန္းခ်ီ​ေတြရဲ႕​ေအာက္မွာလဲ ဆြဲသား​သူရဲ႕နာမည္​ေတြကို​ေရးထိုး​ေပးထားပါတယ္.."

"အာ ဟုတ္သား.."

အပ်ိဳ​ေတာ္​ေျပာမွ​ေရွာင္းက်န့္ကပုံ​ေတြရဲ႕ညာဘက္​ေထာင့္​ေလး​ေတြမွာ​ေရးထားတဲ့နာမည္​​ေလး​ေတြကိုသြားျမင္သည္။

"ဒီပုံက မင္းႀကီးဝမ္ညို​ေရးထားတာပဲ ..တကယ္လက္ရာ​​ေျမာက္လိုက္တာ.."

​ေရွာင္းက်န့္က ​​ေနနတ္ဘုရားပုံ​ေတာ္တစ္ခုကိုၾကည့္ရင္း ဆြဲသားထားသူကိုခ်ီးက်ဴးစကားဆိုသည္။
သူတို႔ခစားရတဲ့အရွင္သခင္ကိုခ်ီးက်ဴး​ေတာ့​အပ်ိဳ​ေတာ္ကၿပဳံး႐ႊင္သြားသည္။

"မင္းႀကီးဝမ္ညိုက တကယ္ကိုပန္းခ်ီအရာမွာပါရမီပါ ပါတယ္ရွင့္...ၿပီး​ေတာ့မင္းႀကီးဝမ္ညိုက
စာ​ေပအမတ္​ေတြ.၊ ​ေက်ာ္ၾကားခဲ့တဲ့အတိုင္ပင္ခံအမတ္ႀကီး​ေတြရဲ႕ပုံတူ​ေတြကိုလည္း ​ေရးဆြဲခဲ့ပါ​ေသးတယ္.."

"ပုံတူဆြဲတာမ်ားတာ​ေပါ့. .."

"ဟုတ္ပါတယ္..."

​ေရွာင္းက်န့္က မင္းႀကီးဝမ္ညို​ေရးဆြဲထားတဲ့ပုံ​ေတြကို ​ေသ​ေသခ်ာခ်ာလိုက္လံၾကည့္ရႈသည္။
မင္းႀကီးဝမ္ညိုရဲ႕ ပန္းခ်ီကအသက္ဝင္သည္။
အႏုစိတ္ဆန္သည္။႐ုပ္လုံး​ႂကြ​ေနကာ ၾကည့္ရတဲ့သူကို တကယ့္လူအစစ္ကိုျမင္​ေနရသလိုခံစားရ​​ေစသည္။

"မင္းႀကီးဝမ္ညိုရဲ႕ပုံတူက​ေရာ?."

ပန္းခ်ီ​ေတြကိုၾကည့္လာရင္း ပန္းခ်ီဆရာျဖစ္တဲ့မင္းႀကီးဝမ္ညိုကိုပါ​ေရွာင္းက်န့္ျမင္ခ်င္လာသည္။သူထုတ္​​ေမးလိုက္​ေတာ့အပ်ိဳ​ေတာ္က
​ေဘးပတ္ပတ္လည္ကို လွည့္ကာၾကည့္ရႈရင္း ​ေရွာင္းက်န့္ကို လမ္းတစ္လမ္းကိုျပကာ​ေခၚ​ေဆာင္သြားသည္။

ထိုလမ္း​ေလးသည္ ပန္းခ်ီကား​ေတြၾကားထဲက​ေန ​ေဖာက္ထားတဲ့လမ္းသြယ္​ေလးျဖစ္ကာ နံရံႏွစ္ခုၾကားထဲရွိ​​ေနသည္။
အျပင္ကပန္းခ်ီကား​ေတြ​က​ေတာ့အလင္း​ေရာင္​ေကာင္းစြာရ​ေပ​မဲ့ ထိုလမ္းက​ေလးက​ေတာ့အနည္းငယ္ ​ေမွာင္မွိုက္​ေနသည္။
ဒါ​ေၾကာင့္နံရံ​ေတြမွာမီးမွိန္မွိန္​ေလး​ေတြထြန္းထားသည္။

"ဒီပန္းခ်ီခန္းမွာသန့္ရွင္း​ေရးက်တဲ့
ကြၽန္​ေတာ္မ်ိဳးမရဲ႕သူငယ္ခ်င္းကပန္းခ်ီကား​ေဟာင္း​ေတြကို နံရံႏွစ္ဖက္ပိတ္လမ္းၾကားထဲမွာထားထားတယ္လို႔​ေျပာတယ္...အဲ့တာဒီလမ္းပဲထင္ပါတယ္..ပုံမွန္အခ်ိန္ဆိုကြၽန္​ေတာ္မ်ိဳးမလဲပန္းခ်ီျပခန္းကိုသိပ္မဝင္​ရတာ​ေၾကာင့္ မသိ​ေၾကာင္းပါ.."

"​ေအာ္ ရပါတယ္.."

​ေရွာင္းက်န့္တို႔ျဖတ္ခဲ့တဲ့နံရံႏွစ္ဖက္ပိတ္လမ္း​ေလးသည္ က်ဥ္း​ေပမဲ့ရွည္လ်ားသည္။
ပန္းခ်ီကား​ေတြကို နံရံ​ေပၚမွာအစီအရီခ်ိတ္ဆြဲထား​ေပမဲ့ ​မင္းႀကီးဝမ္ညိုရဲ႕ပုံတူကိုသာၾကည့္ခ်င္တဲ့ ​ေရွာင္းက်န့္ကသတိမျပဳခဲ့​ေပ။

"မင္းႀကီးဝမ္ညိုက ဒီပန္းခ်ီကားထင္ပါတယ္."

အ​ပ်ိဳ​ေတာ္ျပလာတဲ့ပန္းခ်ီကားကိုၾကည့္ရင္း ​ေရွာင္းက်န့္ပင့္သက္ရွိုက္လိုက္မိသည္။
ပန္းခ်ီကားႀကီးသည္ အျမင့္၆​ေပ​ေလာက္ရွိမည္ထင္သည္။နက္​ေစြး​ေနတဲ့ ဧကရာဇ္ဝတ္႐ုံကို ​ေသသပ္စြာဝတ္ဆင္ထားသည့္မင္းႀကီးဝမ္ညိုသည္ ၃ေပ​ခန့္ရွိသည့္ဓါးျဖဴႀကီးကို ဝင့္ဝင့္ႂကြားႂကြားကိုင္​ေဆာင္ထားသည္။

မ်က္ႏွာက်သည္ ​ခန့္ညားေခ်ာ​ေမာသည္။
ညာဘက္မ်က္ခုံးရဲ႕အစြန္းမွာ​ေတာ့ မွည့္နက္ႀကီးႀကီးတစ္လုံးပါရွိၿပီး ႏႈတ္​ခမ္း​ေမႊး​ေတြကိုလည္းအဖ်ားႏွစ္ဖက္​ေကာ့​ေပးထားသည္။

"မင္းႀကီးဝမ္ညိုက​ခန့္ညားလြန္းလိုက္တာ.."

​ေရွာင္းက်န့္က တိတ္တဆိတ္​ေရ႐ြတ္ရင္း ထိုသို႔ၿပီးျပည့္စုံ​ေအာင္ဆြဲ​ေပးထားတဲ့ပန္းခ်ီကား​ေရးဆြဲသူကိုသိခ်င္တာ​​ေၾကာင့္ ​ညာဘက္​ေထာင့္ကိုငုံၾကည့္လိုက္သည္။

"​ေရွာင္း?"

​ေရးဆြဲသူနာမည္​ေလးသည္ ​ေရွာင္းတစ္လုံးထဲပင္ျဖစ္သည္။
သူနဲ႕နာမည္ဆင္​ေန​ေတာ့​ေရွာင္းက်န့္အနည္းငယ္စိတ္ဝင္စားမိသြားသည္။

"​ေရွာင္းက ဘယ္သူတုန္း.."

"မင္းႀကီးဝမ္ညိုရဲ႕ ​​ေခါင္းကိုင္ဖခင္ပါ.."

​ေရွာင္းက်န့္ရဲ႕မ်က္လုံး​​ေလး​ေတြက ကလယ္ကလယ္ျဖစ္သြားရသည္။မင္းမ်ိဳးမင္းႏြယ္​ေတြမွာ ​ေခါင္းကိုင္မိခင္ဟူသည္ တျခားကိုယ္​ေတာ္လုပ္​​ေတာ္မိဖုရား​​ေတြ​ေမြး
သည့္မင္းညီမင္းသား​ေတြကို အိမ္​ေရွ႕စံရာထူးတင္ခ်င္တဲ့အခါသုံးသည့္ အသုံးျဖစ္သည္။

မိဖုရား​ေခါင္က​ေမြးတဲ့က​ေလးက မိန္းက​ေလးျဖစ္​ေနရင္ ( ဒါမွမဟုတ္ ) တျခားၾကင္ယာ​​ေတာ္​ေတြကေမြးလာသည့္မင္းသားတစ္ပါးကို အိမ္​ေရွ႕စံျဖစ္​ေစခ်င္ရင္ ​ရွင္ဘုရင္ရဲ႕ မိဖုရားႀကီးက​ေခၚယူ​ေမြးစားလိုက္ရသည္။
ထိုအခါမွ ထိုက​ေလး​က အိမ္​ေရွ႕စံရာထူးကိုဆက္ခံလို႔ရတာျဖစ္ၿပီး မိဖုရားႀကီး​က​​ေတာ့ထိုအိမ္​ေရွ႕စံ၏​ေခါင္းကိုင္မိခင္ျဖစ္သြား​ေလသည္။

"​ေခါင္းကိုင္မိခင္မလား..ဘာလို႔ဖခင္လဲ?"

အပ်ိဳ​ေတာ္စကားမွားတယ္ထင္လို႔​ေရွာင္းက်န့္ကအမွန္ျပင္​ေပးလိုက္သည္။သို႔​ေပမဲ့ အပ်ိဳ​ေတာ္ကသူ႕ကို​ေခါင္းခါျပရင္း

"​ေခါင္းကိုင္ဖခင္ပါဧည့္သည္​ေတာ္..
မင္းႀကီးဝမ္ညိုရဲ႕...ခမည္း​ေတာ္ျဖစ္တဲ့
မင္းႀကီးဝမ္ က ဝတ္႐ုံလက္ျပတ္​တစ္​ေယာက္ျဖစ္ပါတယ္..."

"ဝတ္႐ုံလက္ျပတ္...အဲ့​ေတာ့ မိဖုရားရာထူးက အမ်ိဳးသားမိဖုရားလား?"

"ဟုတ္ပါတယ္ဧည့္သည္​ေတာ္ ."

​ေရွာင္းက်န့္ကအစက​ေတာ့အနည္းငယ္သာစိတ္ဝင္စား​ေပမဲ့အခုမွတကယ္ကိုစိတ္ဝင္စားသြား​ေလၿပီ။

"​ေျပာျပပါလား အဲ့မင္းႀကီးဝမ္နဲ႕ မိဖုရား​ေရွာင္းအ​ေၾကာင္း..."

"ဒါ​ေပမဲ့ ဒီဟာကကြၽန္​​ေတာ္မ်ိဳးမတို႔ရဲ႕နန္း​ေတာ္သမိုင္းျဖစ္​ေန​ေတာ့..."

"​ေျပာျပရင္မယ္မင္းအတြက္ အက်္ိုးမယုတ္​ေစရပါဘူးဗ်ာ.."

​ေရွာင္းက်န့္စကား​ေၾကာင့္အပ်ိဳ​ေတာ္ရဲ႕မ်က္ႏွာဟာအနည္းငယ္ဝင္းပသြားၿပီး ရာဇဝင္သမိုင္းကို​ေျပာျပလာသည္။

"မင္းႀကီးဝမ္က အသက္၁၆ႏွစ္နဲ႕ထီးနန္းဆက္ခံခဲ့တာပါ မင္းႀကီးကငယ္ငယ္​​ေလးနဲ႕အာဏာရတာလဲပါတယ္ ထက္လဲထက္ျမက္​ေတာ့
ဆိုးခဲ့ပါတယ္..​မိဖုရား​က​ေတာ့ ရိုးရိုးသာမာန္ အရပ္သားတစ္​ေယာက္ပါ တိုင္းခန္းလွည့္ရင္း​​မိဖုရားအလွမွာနစ္​ေျမာသြားတဲ့ မင္းႀကီးဝမ္က ​မရရ​ေအာင္ယူခဲ့တာပါ.."

ၾကားလိုက္ရတဲ့ဇာတ္​ေၾကာင္းသည္ ​ေရွာင္းက်န့္ၾကားဖူးတဲ့ဇာတ္လမ္းတစ္ပုဒ္နဲ႕သြားတူ​ေနတာမို႔သူျဖည့္ၿပီးထပ္​ေမးလိူက္သည္။

"မိဖုရားရဲ႕ မိခင္က မ်က္မျမင္တဲ့နတ္ဝင္သည္လား? သူ႕သမီး​ေတာ္ကို ​ေကာင္းကင္ကခ်ီးျမင့္တဲ့နတ္ဘုရားတစ္ပါးလို႔အယုံအၾကည္ျဖစ္​ေနတဲ့အမယ္အိုတစ္​ေယာက္?အဲ့တာ မိဖုရားရဲ႕မိခင္လား?.."

"ဧည့္သည္​ေတာ္က ဇာတ္​ေၾကာင္းကိုသိတာပဲ
ဒါ​ေပမဲ့ မိဖုရားကိုသူမ်ား​ေတြကသမီး​ေတာ္ဆိုၿပီးသုံးႏႈန္းလာၾက​ေပမဲ့ မိဖုရားကအမ်ိဳးသားတစ္​ေယာက္ပါ.."

"အယ္ ဟုတ္လို႔လား။.အဲ့ဇာတ္​ေၾကာင္းကနာမည္ႀကီးမဟုတ္လား?ကူးစက္​ေရာဂါအ​ေၾကာင္း ဘာဆိုလဲ.."

"ဟုတ္ပါတယ္.."

"အဲ့တာက တကယ္ ​မိဖုရားရဲ႕ သမိုင္း​ေၾကာင္းလား "

"ဟုတ္ပါတယ္..."

​ေရွာင္းက်န့္ကတိတ္ဆိတ္သြား​ေခ်သည္။
ထိုမိဖုရားဇာတ္​ေၾကာင္းသည္ ဒ႑ာရီဆန္သည္။ပုံျပင္ဆန္သည္။ငယ္ငယ္က​ေရွာင္းက်န့္ကို​ခမည္း​ေတာ္​ေျပာျပဖူးတဲ့ပုံျပင္တစ္ပုဒ္လဲျဖစ္သည္။

ဆိုမွ...မင္းႀကီးဝမ္ညိုဆိုတာကို သူအခုမွ
ဆက္စပ္္မိသြားသည္။
​မိဖုရားႀကီးတစ္ပါးထဲသာထားခဲ့သည့္မင္းႀကီးဝမ္သည္ ထီးနန္းဆက္ခံဖို႔ကို က​ေလးတစ္​ေယာက္​ေမြးစားခဲ့သည္။ထိုက​ေလးသည္ တမူထူးျခားစြာ အသားအရည္အနည္းငယ္္ညို​ေနခဲ့သည္။
ဒါကိုမင္းႀကီးဝမ္ကခ်စ္စနိုးနဲ႕ အညို​​ေလးလို႔​ေခၚ​ဆိုရာမွ နန္းတက္​ေတာ့ ထိုမင္းသားက သူ႕ခမည္း​ေတာ္​ေခၚသည့္နာမည္ကိုအစြဲျပဳကာ ဝမ္ညိုဟု ဘိသိတ္ခံခဲ့တာျဖစ္သည္။

"ဧည့္သည္​ေတာ္္ ကြၽန္​ေတာ္မ်ိဳးမဆက္ရွင္းျပရမလား?"

​ေရွာင္းက်န့္က​ေခါင္းခါျပလိုက္သည္။

"အဲ့ဇာတ္ကို​ေတာ့​ျဖင့္သိတာမို႔ဆက္မရွင္းျပပါနဲ႕ေတာ့ ..ဒါ​ေပမဲ့ မင္းႀကီးဝမ္နဲ႕သူ႕မိဖုရားေရွာင္းရဲ႕ပန္းခ်ီကားရွိရင္​ေတာ့ျမင္ဖူးခ်င္တယ္..."

အပ်ိဳ​ေတာ္က ​​ေခါင္းၿငိမ့္ရင္းသူ႕ကိုအတြင္းပိုင္းကိုဆက္လက္​ေခၚ​ေဆာင္သြားသည္။

"မိဖုရား​ေရွာင္းရဲ႕ပုံ​​ေတာ္​ေတြက အခုမင္းႀကီးခ်န္လက္ထပ္မွာမီးရွို႔ဖ်က္ဆီးခံခဲ့ရပါတယ္.ဒါ​ေၾကာင့္ မင္းႀကီးဝမ္ပုံ​ေတာ္​ေတြသာက်န္ခဲ့ပါ​ေတာ့တယ္္.."

​ေရွာင္းက်န့္မ်က္ခုံး​ေတြကတြန့္ခနဲပင္။

"ဘာလို႔ဖ်က္ဆီးပစ္ရတာလဲ?"

"မင္းႀကီးခ်န္က ဝတ္႐ုံလက္ျပတ္​ေတြကိုမုန္းတီးသူတစ္​ေယာက္ပါ သူ႕ရဲ႕ဘိုး​ေဘးျဖစ္တဲ့မိဖုရား​​ေရွာင္းက အမ်ိဳးသားတစ္​ေယာက္ျဖစ္​ေနတာကိုမသင့္​ေတာ္ဘူးထင္ၿပီး ပုံတူပန္းခ်ီကား​ေတြကို ဖ်က္ဆီးခဲ့တာပါ...
ၿပီး​ေတာ့ မင္းႀကီးဝမ္တို႔အ​ေၾကာင္း​ေရးသားတဲ့ ပုံျပင္​ေရးသား​သူ​​ေတြကိုလဲ မိဖုရားကအမ်ိဳးသားတစ္​ေယာက္ျဖစ္တဲ့ခြၽင္းခ်က္ကို
လည္းျပင္ခိုင္းခဲ့ပါတယ္..."

"ဆို​ေတာ့ အဲ့တာ​ေၾကာင့္ပုံ​ျပင္​ေတြက မိဖုရားဟာကအမ်ိဳးသမီးျဖစ္​​ေၾကာင္းပဲ​ေရးထားၾကတာ​ေပါ့..."

"မွန္ပါတယ္ ဧည့္သည္​ေတာ္.."

မင္းႀကီးခ်န္ကို ​ေရွာင္းက်န့္စိတ္ထဲက​ေနႀကိတ္ၿပီး​​ေမတၱာပို႔မိသြားသည္။
ထိုသူသည္ ကိုယ္က်င့္တရား​ေခါင္းပါးကာဘိုး​ေဘး​ေတြကိုမထီမဲ့ျမင္ျပဳခဲ့​ေလသည္။
ဒါ​ေၾကာင့္လည္း သူ႕ဆိီက​ေနမ်ိဳးဆက္ျဖစ္တဲ့ခ်န္မင္းသမီးသည္ ထိုသို႔ ယဥ္​ေက်းမႈမရွိ​ေသာအျပဳအမႈနဲ႕ရိုင္းျပ​ေနတာျဖစ္မည္ဟုမွတ္ခ်က္ခ်လိဳက္မိသည္။

"ဒီမွာပါဧည့္သည္​ေတာ္...."

"..!!!!...."

ျမင္လိုက္ရတဲ့ပုံ​ေၾကာင့္ ​ေရွာင္းက်န့္ၾကက္​ေသ​ေသသြားမိသည္။ပန္းခ်ီကားႀကီးသည္ ၆​ေပခန့္ျမင့္မားသည္။
​​ေ႐ႊအို​ေရာင္​ေဘာင္​ေတြနဲ႕​ေသသပ္စြာ​ေဘာင္ခတ္ထားၿပီး စုတ္ခ်က္တစ္ခုဆီတိုင္းကို ​​ေသ​ေသသပ္သပ္​ေရးဆြဲထား​ေလသည္။

မင္းႀကီးဝမ္ကို ပလႅင္​ေပၚမွာ ခပ္​ေစာင္း​ေစာင္းမွီႏြဲ႕သည့္ဟန္ ​ေရးဆြဲထားတာ​ေၾကာင့္​ေတာင့္တင္းတဲ့ခႏၲာကိုယ္ႂကြက္သား​ေတြသည္ ဝတ္႐ုံ​ေအာက္က႐ုံးႂကြ​ေန​ေၾကာင္းအထင္းသားျမင္​ေနရသည္။

ပုံတူပန္းခ်ီကားထဲက မင္းႀကီးဝမ္ရဲ႕မ်က္လုံး​ေတြက ပန္းခ်ီကားၾကည့္ရႈသူရဲ႕ရင္ထဲကိုပါ​ေဖာက္ထြက္မတတ္ စူးရွသည္။မ်က္ခုံးႏွစ္ဖက္သည္လည္းဓါးသြားရိုးပမာ​ေကာ့တက္​ေနသည္။ညာဘက္မ်က္ခြံကိုျဖတ္သြားတဲ့ဓါးရာအမာ႐ြတ္က​ေတာ့​ေရွာင္းက်န့္ရဲ႕ရင္ဘက္ကို အရွိန္ျပင္းျပင္းလႈပ္ခတ္သြား​​ေစသည္။

ဆင္း​ေနတဲ့ႏွာတံ။မထူမပါးႏႈတ္ခမ္းနဲ႕ အနည္းငယ္က်ယ္ဝန္းတဲ့နဖူးျပင္နဲ႕ပန္းခ်ီကားထဲက မင္းႀကီးဝမ္ရဲ႕ပုံတူသည္ သူ႕လူႀကီး၏ပုံတူျဖစ္​ေန​ေလ​ေတာ့သည္။

သူအိပ္မက္ထဲက သနားစရာ​ေက်ာျပင္ရဲ႕ပိုင္ရွင္။
သူ႕အိပ္မက္ထဲက ​ေသြး​ေတြနဲ႕ သူ႕ကို​ေအာ္​ေငါက္ခဲ့တဲ့ သူႀကီး။
သူ႕အိပ္မက္ထဲက မ်က္ခြံ​​ေပၚမွာဓါးရာအမာ႐ြတ္​နဲ႕ထိုသူႀကီးသည္ မင္းႀကီးဝမ္ျဖစ္​ေနသည္တဲ့လား။

_______________________________________________________

သဲတို႔က​ေတာ့ သာသာ​ေစာင္းႀကိဳး ဘာလို႔မအပ္တာလဲဆိုၿပီး ထင္​ေနလိမ့္မယ္😶။
သဲတို႔​သာသာ​ေစာင္းႀကိဳးက​ေတာ့.
" ဖင္ယားမႈသည္အာမခံမရွိ" ဆိုသလိုပဲ
Wp accကို​ေနာက္တစ္​ေကာင့္ထပ္ဖြင့္လိုက္တာ  ဒိီ​ေစာင္းႀကိဳးအ​ေကာင့္ထဲဝင္မရလို႔တိုင္ပတ္​ေန​ေၾကာင္းပါ။

မ​ေျပာမဆိုနဲ႕​​ေပ်ာက္သြားလို႔ အားလုံးကိုဂိုမဲပါ​ေနာ္🥲​။

ကိုယ့္ဟာကို​ေတာင္ အ​ေကာင့္ထဲျပန္ဝင္မရလို႔ လမ္း​ေပ်ာက္​​ေနလို႔ပါရွန္။
အခု​ေတာ့ရသြားၿပီ ဟီဟီးးး။

Continue Reading

You'll Also Like

806K 18.5K 106
Part of the blackpink x bts "Baby" portion
170K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
673K 24.5K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
869 96 10
အလျင်လိုနေတဲ့ host တစ်ယောက်က mission တွေကိုအလွယ်နည်းမည်သို့လုပ်မည်နည်း... Start date -8.6.2024 End date -8.6.2024 အလ်င္လိုေနတဲ့ host တစ္ေယာက္က missi...