HAN(ဟန်)

By KerKorel26

16.4K 535 56

ကိုကို့ရဲ့ တစ်ဦးတည်းသော...ဟန်။ More

Story Description
Part(1)
Part(3)
Part(4)
Part(5)
Part(6)
Part (7)

Part(2)

1.4K 77 15
By KerKorel26


ဒီနေ့ ဟန်ရဲ့ ဆေးရုံရက်ချိန်းမို့ မိုးည ရုံးမသွားဖြစ်ပေ၊ ဘယ်လောက်ပဲ အလုပ်တွေ စုပုံနေပါစေ ဟန်ရဲ့ ကျန်းမာရေးကိစ်စကိုတော့ အလေးစိုက်သူမို့ ထိုအရာနဲ့ ပတ်သတ်၍ ပျက်ကွက်ခဲ့တယ် ဆိုတာ မရှိခဲ့ပေ။

သူ ရေမိုးချိုးကာ ပြင်ဆင်ပြီးတဲ့ထိတိုင်အောင် ဟန်က မနှိုးသေးတာမို့ အောက်ထပ်ခဏ ဆင်းဖို့လုပ်လိုက်သည်။
အိမ်အကူအန်တီချိုက အစောကြီး ဟင်းပွဲတွေ ပြင်ဆင် အပြီးသတ်နေတာကြောင့် အန်တီချိုအနား သွားလိုက်ကာ...

"အန်တီချို အခုမှ ၇နာရီပဲ ရှိသေးတာကို အားလုံးပြီးနှင့်နေပြီလား၊ နောက်တခါ အိမ်မကြီးထဲ အစောမလာလည်း ရပါတယ်၊ မနက်စာလောက်ကတော့ ကျွန်တော်တို့ ကိုယ့်ဘာကိုယ် ပြင်ဆင်စားလည်း အဆင်ပြေပါတယ်"

"အဲ့လိုတော့ ဘယ်ဟုတ်မလဲ သားရယ်
အဒေါ် မနက်အစောထတာ အကျင့်ပါနေလို့ပါ၊ ဒါနဲ့ ဟန်လေးရော မထသေးဘူးလား ၊ အဒေါ် ဒီနေ့ သူကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲလေး လုပ်ပေးထားတယ်..."

"အုန်းနို့ခေါက်ဆွဲ? အငံရော လျှော့..."

"လျှော့ထားပါတယ် မိုးည လေးရယ်..."
ဒေါ်ချိုလည်း ဟန်လေးကို ဂရုစိုက်လွန်းတဲ့ မိုးညလေး အကြောင်း သိနေပြီးသားမို့ ထိုကောင်လေး စကားမဆုံးခင် ပြုံးကာ ဖြေလိုက်တော့သည်။

"အာ ဟုတ်ဟုတ်..."

"အဲ....ဟန်လေး နိုးလာပြီလား..."

အန်တီချို စကားကြောင့် မိုးည အပေါက်ဝကို ကြည့်လိုက်တော့ မီးဖိုချောင်ထဲ ဝင်လာနေတဲ့ ဟန်...
လူကိုကြည့်လိုက်တော့လည်း ညအိပ်ဝတ်စုံ ဆံပင်စုတ်ဖွားနဲ့ မျက်နှာတောင် သစ်ထားတဲ့ပုံ မပေါ်...

"အစောကြီး နိုးနေတာလား ဒီနေ့..."

"ဖက်စရာ ကိုကိုမှ မရှိတော့တာ နိုးလာတာပေ့ါ...ကိုကို ဘာလို့ အစောကြီးထတာလဲ ၊ ညတုန်းက ပင်ပန်း"

"အဟမ်း!! အဟမ်း!..."
အန်တီချို ရှိနေတာတောင် ပြောချင်ရာ ပြောနေတော့ ကောင်လေးကြောင့် ချောင်းအကျယ်ကြီး ဟန့်ကာ ချိုးပြလိုက်တော့ အူလည်လည်လေး လုပ်ပြပြီး နောက်မှ သဘောပေါက်သွားဟန် သွားဖြီးကာ ရယ်ပြလာပြန်သည်....

"ကဲ ကဲ နှစ်ယောက်သား မနက်စာစားလိုက်ကြအုံး
အန်တီ အိမ်ဘက် ခဏ ပြန်‌အုံးမယ်..."

"ဟုတ် အန်တီ"

"ဟုတ်ကဲ့ အန်တီ ကောင်းကောင်းသွားပါ..."

အန်တီချိုက အရင်ကတည်းက ခြံဝင်းထဲရှိ သီးသန့်အိမ်ရာလေးထဲ နေသူမို့ သူတို့ကို နှုတ်ဆက်ပြီးနောက် ထိုအိမ်ဘက်ပြန်သွားတော့သည်။

" မျက်နှာရော သစ်ပြီးပြီလား.."

" သစ်ပြီးပါပြီ ကိုကိုကလည်း.."

"အဲ့ဒါဆိုလည်း မြန်မြန်စား၊ ဒီနေ့ medical check upလုပ်ရမှာ သိတယ်မလား..."

"အွန်း..."

"တကယ်လို့ ဆေးရုံမှာ စစ်တာဆေးတာ စောစောပြီးရင်လည်း ကိုယ် နေ့လည်ကျ ရုံး ခဏသွားမလို့ ၊ အခုတလော အလုပ်တွေ တအားရှုပ်နေတယ်..."

"ကိုကို ဒီနေ့ ဆေးရုံမလိုက်ပေးလည်း ရပါတယ်၊
ဟန် တစ်ယောက်တည်းလည်း အဆင်ပြေတယ်..."
ဆေးရုံမှာ ကိုဝေဟင်တည် ရှိတာကြောင့် ကိုကို့ကို အတူတူမလိုက်စေချင်ပါ၊ ဟန်လည်း အဲ့လိုဆို စိတ်ရှုပ်ရတယ်လေ... ဝေဟင်လည်း အနေရခက်နေမှာ...

"ရတယ် ကိုယ် အစကတည်းက ဒီနေ့ကို ခွင့်ယူပြီးသား..."

"အဲ့တာဆိုလည်း ကိုကို့သဘောပါဗျာ..."

ဟူး...ကိုကိုက လိုက်ချင်တယ်ဆိုတော့လည်း ဘယ်တတ်နိုငိပါ့မလဲ...ကိုကို လုပ်ချင်ပြီဆို ငယ်ငယ်ကတည်းက ဘယ်သူမှ တားလို့မရ ၊ ကိုကို့စိတ် ငြီးငြူသွားမှာလည်း စိုးတာကြောင့် ကိုကို့သဘောအတိုင်း လက်ခံလိုက်ရတော့သည်၊ ဝေဟင်ကိုတော့ ကြိုပြောထားမှ ဖြစ်တော့မှာပဲ...

တကယ်တော့ ဝေဟင်နဲ့ သူနဲ့ ရည်းစားဖြစ်ကြတာ မကြာသေးပေ၊ တလ လောက်သာ ရှိသေးတယ်။ ထိုနေ့က မှတ်မှတ်ရရ ကိုကိုက အလုပ်ကိစ်စနဲ့ လားရှိုးဘက် သွားတဲ့အချိန် သူ Club ကို ခိုးသွားရာကနေ တစုံတစ်ယောက် လက်ချက်ကြောင့် ဆေးမိခဲ့သည်။
ဆေးမိတာကို သိပြီးနောက် သန့်စင်ခန်းထဲ ဝင်ကာ တစ်ကိုယ်ရည် ဖြေရှင်းဖို့ လုပ်သော်လည်း သန့်စင်ခန်း အဝင်မှာတင် ဆေးရုံက သူ့ရောဂါကို ကြီးကြပ်ပေးနေတဲ့ ဒေါက်တာ ‌ကိုဝေဟင်တည်နဲ့ဆုံခဲ့သည်။ ထို့‌နောက် ဆေးအရှိန်က ပိုမို ပြင်းထန်လာပြီး လူက မောဟိုက်လာကာ တုန်တုန်ယင်ယင် ဖြစ်လာနေချိန် ကိုဝေဟင်တည်က သူ့ကို ဟိုတယ် အခန်းတစ်ခုထဲ ခေါ်သွား‌ပေးခဲ့သည်။

လိုအပ်တဲ့ ဆေးတချို့ကို တိုက်ပေးပြီး ပြန်ဖို့လုပ်နေတဲ့ ဒေါက်တာ့ကို ဆေးဓာတ်မပြယ်သေးတဲ့ဟန်ဟာ ဒေါက်တာ့ကို ကိုကိုနဲ့ အမြင်ချင်း လွဲမှားကာ အိပ်ယာပေါ် ပြိုလဲကျသည့်အထိ ဆွဲကာ ဖက်ပြီးနောက်တွင် ဘာတွေ ဆက်ဖြစ်လည်း သူမသိတော့။
နိုးလာတော့ ‌နှစ်ယောက်လုံးကိုယ်မှာ အဝတ်တွေ မရှိတော့ပေ။
အခြေအနေကို ကြည့်ကာ သဘောပေါက်လိုက်ပြီမို့၊ ဟန်သည် ကိုဝေဟင်တည်အား ယောင်္ကျားလေးအချင်းချင်းမို့ ဘာမှ မဖြစ်သည့်အတွက် ထိုအကြောင်းနဲ့ ပတ်သတ်ပြီး ဂရုမထားဖို့ ပြော‌သောအခါ ကိုဝေဟင်တည်လည်း အသာတကြည်လက်ခံခဲ့သည်။ သို့သော် ပြောင်းလဲလာတဲ့ ကိုဝေဟင်တည်ရဲ့ဂရုစိုက်ပေးမှု့တွေ ၊ ကြင်နာပေးမှု့တွေကြောင့် ဟန် တောင် မသိလိုက်ပါပဲ ကိုဝေဟင်တည်ဟာ သူ့စိတ်ကို လွှမ်းမိုးလာခဲ့သည်။
ထို့ကြောင့်ပင် ကိုကို့ အပေါ် မတရားမှန်းသိသော်လည်း သူ့တပ်မက်စိတ်ကို ဦးစားပေးကာ ‌ကိုဝေဟင်တည်နဲ့ တိတ်တိတ်ပုန်း သဘောတူ တွဲမိခဲ့ကြသည်။
ကိုကို နောက်ကျ သိသွားမှာ ကြောက်တော့လည်း သူအရမ်းတော့ စိတ်မပူပါ၊ ကိုဝေဟင်တည်ကို စိတ်ပါတဲ့အထိ တွဲပြီးတာနဲ့ ဖြတ်ပစ်ပြီး သူ့ကိုကိုဆီသာ ပြန်သွားဖို့ကို စိတ်ကူးပြီးသားလေ၊ ဒီကြားထဲ ကိုကို မသိအောင် သူ နေနိုင်ရင် ရတာပဲမလား....

ဆေးရုံတွင်....

"ဟန် ဒေါက်တာ့စကား သေချာနားထောင်ပြီး သေချာ စစ်ခဲ့နော်
ဒေါက်တာ ၊ ဒေါက်တာလည်း သူ့ကို သေချာ ဂရုစိုက်ပေးပါအုံး..."

"ကိုကိုကလည်း မပူစရာ ရှိတာ ပူနေပြန်ပြီ ၊ ကိုကို့ အလုပ်တွေ တကယ် စိတ်ချလို့ရပြီလား ကျွန်တော် ဒီအထိတောင် ရောကိနေပြီးပြီကို ပြန်လို့ရပြီလို့ ကိုကို..."

"မင်း တိတ်တိတ်နေ ဟန်!..
ဒေါက်တာ အကူအညီတောင်းပါတယ်..."

ဝေဟင်တည် ပြုံးပြလိုက်ကာ
"စိတ်ချပါ ကျွန်တော့်ရဲ့ လူနာပဲ
သေချာ ဂရုစိုက်ပေးပါ့မယ်..."

ဒေါက်တာ့ ပြန်ဖြေတဲ့ စကားကြောင့် မိုးည ဒေါက်တာ့ကို စကားဆက်ဖို့ ကြည့်လိုက်တော့ ဒေါက်တာဟာ ဟန်နဲ့အကြည့်ချင်းဆုံလျက် ရှိနေ‌ပြီး မျက်လုံးတွေဟာလည်း နှစ်ဦးနှစ်ဖက် စူးရှနေလေသည်။
ထိုခံစားချက်ကြီးကထူးဆန်းနေသော်လည်း အတွေးလွန်တာပါလို့ သတ်မှတ်ကာ...

"ဒါဆို ကျွန်တော်အပြင်ကနေ စောင့်နေပါ့မယ်...
ပြန်တာကတော့ မပြန်သေးပါဘူး သူနဲ့မှ အတူတူ ပြန်မှာမို့..."

"ကောင်းပါပြီ၊ ဒါဆို ဆက်ဟန်ရှင်း ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ..."

ပိတ်သွားတဲ့ တံခါးလေးကို ကြည့်ကာ မိုးည သက်ပျင်း ညင်းညင်းသာ ချလိုက်မိသည်။
သူ့ကို အတင်းပြန်လွှတ်နေတဲ့ ဟန့် အ‌ကြောင်း စဉ်းစားမိတော့....
အခုတလော ဟန်သည်လည်း ဘာဖြစ်ချင်နေမှန်းမသိ...
တခါတလေ သူ့ကို တွန်းထုတ်ချင်နေပုံပေါ်ပြီး
တခါတလေ ဘာကို အားနာမှန်းမသိအားနာနေပုံပေါ်နေသည်။
'ဟန် ကိုယ့်အပေါ် ဖုံးကွယ်ထားတာမျိုး အပြစ်လုပ်ထားတာမျိုးတော့ မရှိဘူး မလား?......'

"စမ်းသပ်တာကလေ အဝတ်အစားတွေ ချွတ်ဖို့လိုသေးလား...ဒေါက်တာ"

"အဟက် မောင်...မင်းလေးက တော်တော်ဆိုးဆိုးပဲ
ယောင်္ကျားဖြစ်သူကိုလည်း ဆေးရုံခေါ်လာတယ်...ဒီမှာလည်း တစ်ယောက်နဲ့ လာအီနေ‌ သေးတယ်‌..."

"ဒါဆို လူကို ချစ်မိသွားအောင် ပြုစားနိုင်တဲ့ ဟော့ဒီက ဒေါက်တာလေးကရော အပြစ်မရှိဘူးလားပြော..."

ဟန် ဝေဟင့်ရဲ့ မေးဖျားလေးကို ဆွဲကာ ပြောလိုက်တော့...
"မောင် ငါ မင်းထက် လေးနှစ်တောင် ကြီးတယ်နော်..."

"ဟုတ်ပါပြီ သည်းငယ်ရဲ့..."

"ဟာ မောင်နော်....!.."

"မွ..."

"မောင် မနမ်းနဲ့လို့!...."

"မောင်!.."
မျက်နှာကို ကိုင်ကာ ဟိုနမ်းဒီနမ်းလုပ်နေတဲ့ ကောင်ကလေးကြောင့် ဝေဟင် ရယ်ရင်း အတင်း ရှောင်ရတော့သည်။

တကယ်တော့ သူ မောင့်ကို ချစ်နေခဲ့တာ တော်တော်ကြာပြီပင်၊ မောင်ကတော့ သူ့ကို အာရုံမစိုက်ခဲ့သလို ဆရာဝန်ဆိုတာထက် ပိုမဆက်ဆံခဲ့ပေ၊ မောင့်ဘေးနားမှာ ဟို မိုးညစေညွှန်ဆိုတဲ့ လူလည်း ရှိနေတာကြောင့် သူ အချိန်တခုထိ ချဉ်းကပ်ဖို့ မလွယ်ကူခဲ့သော်လည်း နောက်ဆုံးတော့ ဝေဟင့်ဆီကို အခွင့်အရေး တခုက ဆိုက်ရောက်လာခဲ့သည်။
အဲ့ဒီနေ့က အရက်မူးနေတဲ့ မောင့်ကို ဆေးခတ်ခဲ့တာလည်း သူပင် ဖြစ်ပြီး၊ ‌ဖြေဆေးပေးမယ်ဆိုကာ ပိုဆိုးရွားစေတဲ့ စိတ်ကြွဆေး ပေးခဲ့တာလည်း သူပင်ဖြစ်သည်၊ ဆေးက ပြင်းလွန်းတာကြောင့် ထင်၊ ဘာမှတောင် မဖြစ်လိုက်ရ‌သေးခင် မောင်က အိပ်ပျော်သွားတာကြောင့် အဝတ်အစားတွေ အကုန် ချွတ်ကာ မထူးဇာတ်ခင်းပြီး မှားခဲ့သယောင် သူ ဖန်တီးခဲ့သည်၊ ဒါတွေကို မောင်ကတော့ ဘယ်တော့မှ သိမည် မဟုတ်ပေ၊ ထို့နောက်တွင်တော့ မောင် ကိုယ်တိုင်လည်း သူ့မာနတွေ အောက်မှာ ကျရှုံးခဲ့သည် ဆိုပါတော့...

"ဝေဟင်၊ ပြီးပြီလား ..အကုန်စစ်လို့ မောင် ပြန်တော့မယ် အပြင်မှာ ကိုကိုတစ်ယောက်တည်း..."

"အင်းပါ...ပြန်လို့ရပြီ
ချိန်းထားတာ မမေ့နဲ့အုံးနော် သောကြာနေ့ ည၁၀နာရီ၊ Sky clubမှာ..."

"အိုခေ၊ ဒါဆို မောင် သွားပြီနော်..."

ဟန် , check upအခန်းထဲက‌နေ ထွက်လာတော့ ကိုကို ထို‌င်စောင့်နေတဲ့ နေရာဆီ သွားလိုက်သည်။

"ပြီးပြီ ကိုကို..."

"အွန်း အားလုံး အဆင်ပြေတယ်မလား.."

"ပြေပါတယ်...တကယ်ဆို ငယ်ငယ်က ရောဂါပါ
အခုလည်း ဘာမှ ဖြစ်မနေဘူး စစ်ဖို့တောင် မလိုတာကို..."

"မွေးရာပါရောဂါ ဆိုတာ အချိန်တိုင်း ဂရုစိုက်နေမှ...မပေါ့သင့်တဲ့ဟာကျမှ ပေါ့မနေနဲ့"

"...."

"ကဲ ပြီးပြီဆိုလည်း ပြန်ကြစို့ လမ်းမှာ နေ့လည်စာ ဝင်စားပြီး ကိုယ်က အလုပ်ခဏဝင်မို့ ၊ အတူတူလိုက်မလား၊ နားချင်လား အိမ်ပြန်ပို့ပေးရမလား...."

"ဟင့်အင်း၊ အတူတူလိုက်ခဲ့မယ်...
ဒါနဲ့ ကိုကို့သူငယ်ချင်း ဟို ဉာဏ်‌အလင်း ဆိုတဲ့ တစ်ယောက် ကိုကို့အလုပ်မှာ ဝင်လုပ်နေတယ် ကြားတယ်..."

"ဟုတ်တယ်၊ နိုင်ငံခြားက ပြန်ရောက်ပြီး သူ့ အဖေ အလုပ်ကို မဉီးစီးခင် ကိုယ့်အလုပ်မှာ သင်တန်းလာဆင်းတာ..ဘာလို့လဲ. .."

"ဘာမှ မဖြစ်ပါဘူး...ဒီတိုင်း.."
တကယ်ဆို အဲ့တစ်ယောက်ကို ဟန် ငယ်ငယ်ကတည်းက သိပ်ကြည့်ရတာ မဟုတ်ပေ။
အမြဲတမ်း ကိုကို့အိမ်ကို လာလည်ကာ သူ့နဲ့ကိုကို ဆော့မေချိန်ဆို ကိုကို့ကို လု လုသွားတတ်‌သည်။
ကြီးလာတော့ နိုင်ငံခြားရောက်သွားလို့ ခဏ နားအေးသွားပေမဲ့ အခုလို ပြန်ပေါ်လာတော့လည်း ကိုကို့အနား တောက်တဲ့ကြီးလို ကပ်နေပြန်သည်။ ကိုကို့မှာ သူရှိနေတာ သိသိရက်နဲ့ အထာတွေဖမ်းတာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါ။
ထို့ကြောင့် ဒီနေ့ သူ ထိုလူနဲ့ ထိပ်တိုက်‌တွေ့ ဖို့ ဆုံးဖြတ်လိုက်သည်။

" အစားနည်းလှချည်လား ဟန်
ဘာတွေ တွေးနေတာလဲ..."

ထမင်းကို မစားဘဲ မွှေပဲ မွှေနေကာ အတွေးများနေပုံရတဲ့ ဟန်ကြောင့် မိုးည မေးလိုက်တော့...

"ဘာမှ မတွေးပါဘူး..."
ကိုကို့အနား တောက်တဲ့လို့ ကပ်နေတဲ့ ကောင်အကြောင်း တွေးနေတာလို့ ပြောရင် ကိုကို စိတ်ဆိုးမလား?

"အဲ့ဒါဆိုလည်း အာရုံစိုက်ပြီး အစားစားအုံးး ..."

"ဟင့်၊ ဆူဖို့ချည်းပဲ ကိုကိုကတော့...
...စားပါပြီ စားပါပြီလို့..."

ခန္ဓာကိုယ် ကြီးနဲ့မှ မလိုက်မဖက် ချွဲပစ်နေအောင် ပြောနေတဲ့ ဟန့်ကို ကြည့်ကာ မိုးည ခပ်ဟဟသာ ရီလိုက်သည်။
'ကလေးစိတ် မပျောက်သေးတဲ့ ခွေးဆိုးလေးပါလား ဟန်'

။။

Zawgyi

ဒီေန႕ ဟန္ရဲ႕ ေဆး႐ုံရက္ခ်ိန္းမို႔ မိုးည ႐ုံးမသြားျဖစ္ေပ၊ ဘယ္ေလာက္ပဲ အလုပ္ေတြ စုပုံေနပါေစ ဟန္ရဲ႕ က်န္းမာေရးကိစ္စကိုေတာ့ အေလးစိုက္သူမို႔ ထိုအရာနဲ႕ ပတ္သတ္၍ ပ်က္ကြက္ခဲ့တယ္ ဆိုတာ မရွိခဲ့ေပ။

သူ ေရမိုးခ်ိဳးကာ ျပင္ဆင္ၿပီးတဲ့ထိတိုင္ေအာင္ ဟန္က မႏွိုးေသးတာမို႔ ေအာက္ထပ္ခဏ ဆင္းဖို႔လုပ္လိုက္သည္။
အိမ္အကူအန္တီခ်ိဳက အေစာႀကီး ဟင္းပြဲေတြ ျပင္ဆင္ အၿပီးသတ္ေနတာေၾကာင့္ အန္တီခ်ိဳအနား သြားလိုက္ကာ...

"အန္တီခ်ိဳ အခုမွ ၇နာရီပဲ ရွိေသးတာကို အားလုံးၿပီးႏွင့္ေနၿပီလား၊ ေနာက္တခါ အိမ္မႀကီးထဲ အေစာမလာလည္း ရပါတယ္၊ မနက္စာေလာက္ကေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ဘာကိုယ္ ျပင္ဆင္စားလည္း အဆင္ေျပပါတယ္"

"အဲ့လိုေတာ့ ဘယ္ဟုတ္မလဲ သားရယ္
အေဒၚ မနက္အေစာထတာ အက်င့္ပါေနလို႔ပါ၊ ဒါနဲ႕ ဟန္ေလးေရာ မထေသးဘူးလား ၊ အေဒၚ ဒီေန႕ သူႀကိဳက္တဲ့ အုန္းနို႔ေခါက္ဆြဲေလး လုပ္ေပးထားတယ္..."

"အုန္းနို႔ေခါက္ဆြဲ? အငံေရာ ေလွ်ာ့..."

"ေလွ်ာ့ထားပါတယ္ မိုးည ေလးရယ္..."
ေဒၚခ်ိဳလည္း ဟန္ေလးကို ဂ႐ုစိုက္လြန္းတဲ့ မိုးညေလး အေၾကာင္း သိေနၿပီးသားမို႔ ထိုေကာင္ေလး စကားမဆုံးခင္ ၿပဳံးကာ ေျဖလိုက္ေတာ့သည္။

"အာ ဟုတ္ဟုတ္..."

"အဲ....ဟန္ေလး နိုးလာၿပီလား..."

အန္တီခ်ိဳ စကားေၾကာင့္ မိုးည အေပါက္ဝကို ၾကည့္လိုက္ေတာ့ မီးဖိုေခ်ာင္ထဲ ဝင္လာေနတဲ့ ဟန္...
လူကိုၾကည့္လိုက္ေတာ့လည္း ညအိပ္ဝတ္စုံ ဆံပင္စုတ္ဖြားနဲ႕ မ်က္ႏွာေတာင္ သစ္ထားတဲ့ပုံ မေပၚ...

"အေစာႀကီး နိုးေနတာလား ဒီေန႕..."

"ဖက္စရာ ကိုကိုမွ မရွိေတာ့တာ နိုးလာတာေပ့ါ...ကိုကို ဘာလို႔ အေစာႀကီးထတာလဲ ၊ ညတုန္းက ပင္ပန္း"

"အဟမ္း!! အဟမ္း!..."
အန္တီခ်ိဳ ရွိေနတာေတာင္ ေျပာခ်င္ရာ ေျပာေနေတာ့ ေကာင္ေလးေၾကာင့္ ေခ်ာင္းအက်ယ္ႀကီး ဟန႔္ကာ ခ်ိဳးျပလိုက္ေတာ့ အူလည္လည္ေလး လုပ္ျပၿပီး ေနာက္မွ သေဘာေပါက္သြားဟန္ သြားၿဖီးကာ ရယ္ျပလာျပန္သည္....

"ကဲ ကဲ ႏွစ္ေယာက္သား မနက္စာစားလိုက္ၾကအုံး
အန္တီ အိမ္ဘက္ ခဏ ျပန္‌အုံးမယ္..."

"ဟုတ္ အန္တီ"

"ဟုတ္ကဲ့ အန္တီ ေကာင္းေကာင္းသြားပါ..."

အန္တီခ်ိဳက အရင္ကတည္းက ၿခံဝင္းထဲရွိ သီးသန႔္အိမ္ရာေလးထဲ ေနသူမို႔ သူတို႔ကို ႏႈတ္ဆက္ၿပီးေနာက္ ထိုအိမ္ဘက္ျပန္သြားေတာ့သည္။

" မ်က္ႏွာေရာ သစ္ၿပီးၿပီလား.."

" သစ္ၿပီးပါၿပီ ကိုကိုကလည္း.."

"အဲ့ဒါဆိုလည္း ျမန္ျမန္စား၊ ဒီေန႕ medical check upလုပ္ရမွာ သိတယ္မလား..."

"အြန္း..."

"တကယ္လို႔ ေဆး႐ုံမွာ စစ္တာေဆးတာ ေစာေစာၿပီးရင္လည္း ကိုယ္ ေန႕လည္က် ႐ုံး ခဏသြားမလို႔ ၊ အခုတေလာ အလုပ္ေတြ တအားရႈပ္ေနတယ္..."

"ကိုကို ဒီေန႕ ေဆး႐ုံမလိုက္ေပးလည္း ရပါတယ္၊
ဟန္ တစ္ေယာက္တည္းလည္း အဆင္ေျပတယ္..."
ေဆး႐ုံမွာ ကိုေဝဟင္တည္ ရွိတာေၾကာင့္ ကိုကို႔ကို အတူတူမလိုက္ေစခ်င္ပါ၊ ဟန္လည္း အဲ့လိုဆို စိတ္ရႈပ္ရတယ္ေလ... ေဝဟင္လည္း အေနရခက္ေနမွာ...

"ရတယ္ ကိုယ္ အစကတည္းက ဒီေန႕ကို ခြင့္ယူၿပီးသား..."

"အဲ့တာဆိုလည္း ကိုကို႔သေဘာပါဗ်ာ..."

ဟူး...ကိုကိုက လိုက္ခ်င္တယ္ဆိုေတာ့လည္း ဘယ္တတ္နိုငိပါ့မလဲ...ကိုကို လုပ္ခ်င္ၿပီဆို ငယ္ငယ္ကတည္းက ဘယ္သူမွ တားလို႔မရ ၊ ကိုကို႔စိတ္ ၿငီးျငဴသြားမွာလည္း စိုးတာေၾကာင့္ ကိုကို႔သေဘာအတိုင္း လက္ခံလိုက္ရေတာ့သည္၊ ေဝဟင္ကိုေတာ့ ႀကိဳေျပာထားမွ ျဖစ္ေတာ့မွာပဲ...

တကယ္ေတာ့ ေဝဟင္နဲ႕ သူနဲ႕ ရည္းစားျဖစ္ၾကတာ မၾကာေသးေပ၊ တလ ေလာက္သာ ရွိေသးတယ္။ ထိုေန႕က မွတ္မွတ္ရရ ကိုကိုက အလုပ္ကိစ္စနဲ႕ လားရွိုးဘက္ သြားတဲ့အခ်ိန္ သူ Club ကို ခိုးသြားရာကေန တစုံတစ္ေယာက္ လက္ခ်က္ေၾကာင့္ ေဆးမိခဲ့သည္။
ေဆးမိတာကို သိၿပီးေနာက္ သန႔္စင္ခန္းထဲ ဝင္ကာ တစ္ကိုယ္ရည္ ေျဖရွင္းဖို႔ လုပ္ေသာ္လည္း သန႔္စင္ခန္း အဝင္မွာတင္ ေဆး႐ုံက သူ႕ေရာဂါကို ႀကီးၾကပ္ေပးေနတဲ့ ေဒါက္တာ ‌ကိုေဝဟင္တည္နဲ႕ဆုံခဲ့သည္။ ထို႔‌ေနာက္ ေဆးအရွိန္က ပိုမို ျပင္းထန္လာၿပီး လူက ေမာဟိုက္လာကာ တုန္တုန္ယင္ယင္ ျဖစ္လာေနခ်ိန္ ကိုေဝဟင္တည္က သူ႕ကို ဟိုတယ္ အခန္းတစ္ခုထဲ ေခၚသြား‌ေပးခဲ့သည္။

လိုအပ္တဲ့ ေဆးတခ်ိဳ႕ကို တိုက္ေပးၿပီး ျပန္ဖို႔လုပ္ေနတဲ့ ေဒါက္တာ့ကို ေဆးဓာတ္မျပယ္ေသးတဲ့ဟန္ဟာ ေဒါက္တာ့ကို ကိုကိုနဲ႕ အျမင္ခ်င္း လြဲမွားကာ အိပ္ယာေပၚ ၿပိဳလဲက်သည့္အထိ ဆြဲကာ ဖက္ၿပီးေနာက္တြင္ ဘာေတြ ဆက္ျဖစ္လည္း သူမသိေတာ့။
နိုးလာေတာ့ ‌ႏွစ္ေယာက္လုံးကိုယ္မွာ အဝတ္ေတြ မရွိေတာ့ေပ။
အေျခအေနကို ၾကည့္ကာ သေဘာေပါက္လိုက္ၿပီမို႔၊ ဟန္သည္ ကိုေဝဟင္တည္အား ေယာကၤ်ားေလးအခ်င္းခ်င္းမို႔ ဘာမွ မျဖစ္သည့္အတြက္ ထိုအေၾကာင္းနဲ႕ ပတ္သတ္ၿပီး ဂ႐ုမထားဖို႔ ေျပာ‌ေသာအခါ ကိုေဝဟင္တည္လည္း အသာတၾကည္လက္ခံခဲ့သည္။ သို႔ေသာ္ ေျပာင္းလဲလာတဲ့ ကိုေဝဟင္တည္ရဲ႕ဂ႐ုစိုက္ေပးမႈ႕ေတြ ၊ ၾကင္နာေပးမႈ႕ေတြေၾကာင့္ ဟန္ ေတာင္ မသိလိုက္ပါပဲ ကိုေဝဟင္တည္ဟာ သူ႕စိတ္ကို လႊမ္းမိုးလာခဲ့သည္။
ထို႔ေၾကာင့္ပင္ ကိုကို႔ အေပၚ မတရားမွန္းသိေသာ္လည္း သူ႕တပ္မက္စိတ္ကို ဦးစားေပးကာ ‌ကိုေဝဟင္တည္နဲ႕ တိတ္တိတ္ပုန္း သေဘာတူ တြဲမိခဲ့ၾကသည္။
ကိုကို ေနာက္က် သိသြားမွာ ေၾကာက္ေတာ့လည္း သူအရမ္းေတာ့ စိတ္မပူပါ၊ ကိုေဝဟင္တည္ကို စိတ္ပါတဲ့အထိ တြဲၿပီးတာနဲ႕ ျဖတ္ပစ္ၿပီး သူ႕ကိုကိုဆီသာ ျပန္သြားဖို႔ကို စိတ္ကူးၿပီးသားေလ၊ ဒီၾကားထဲ ကိုကို မသိေအာင္ သူ ေနနိုင္ရင္ ရတာပဲမလား....

ေဆး႐ုံတြင္....

"ဟန္ ေဒါက္တာ့စကား ေသခ်ာနားေထာင္ၿပီး ေသခ်ာ စစ္ခဲ့ေနာ္
ေဒါက္တာ ၊ ေဒါက္တာလည္း သူ႕ကို ေသခ်ာ ဂ႐ုစိုက္ေပးပါအုံး..."

"ကိုကိုကလည္း မပူစရာ ရွိတာ ပူေနျပန္ၿပီ ၊ ကိုကို႔ အလုပ္ေတြ တကယ္ စိတ္ခ်လိဳ႕ရၿပီလား ကြၽန္ေတာ္ ဒီအထိေတာင္ ေရာကိေနၿပီးၿပီကို ျပန္လို႔ရၿပီလို႔ ကိုကို..."

"မင္း တိတ္တိတ္ေန ဟန္!..
ေဒါက္တာ အကူအညီေတာင္းပါတယ္..."

ေဝဟင္တည္ ၿပဳံးျပလိုက္ကာ
"စိတ္ခ်ပါ ကြၽန္ေတာ့္ရဲ႕ လူနာပဲ
ေသခ်ာ ဂ႐ုစိုက္ေပးပါ့မယ္..."

ေဒါက္တာ့ ျပန္ေျဖတဲ့ စကားေၾကာင့္ မိုးည ေဒါက္တာ့ကို စကားဆက္ဖို႔ ၾကည့္လိုက္ေတာ့ ေဒါက္တာဟာ ဟန္နဲ႕အၾကည့္ခ်င္းဆုံလ်က္ ရွိေန‌ၿပီး မ်က္လုံးေတြဟာလည္း ႏွစ္ဦးႏွစ္ဖက္ စူးရွေနေလသည္။
ထိုခံစားခ်က္ႀကီးကထူးဆန္းေနေသာ္လည္း အေတြးလြန္တာပါလို႔ သတ္မွတ္ကာ...

"ဒါဆို ကြၽန္ေတာ္အျပင္ကေန ေစာင့္ေနပါ့မယ္...
ျပန္တာကေတာ့ မျပန္ေသးပါဘူး သူနဲ႕မွ အတူတူ ျပန္မွာမို႔..."

"ေကာင္းပါၿပီ၊ ဒါဆို ဆက္ဟန္ရွင္း ကြၽန္ေတာ့္ေနာက္ လိုက္ခဲ့ေပးပါ..."

ပိတ္သြားတဲ့ တံခါးေလးကို ၾကည့္ကာ မိုးည သက္ပ်င္း ညင္းညင္းသာ ခ်လိဳက္မိသည္။
သူ႕ကို အတင္းျပန္လႊတ္ေနတဲ့ ဟန႔္ အ‌ေၾကာင္း စဥ္းစားမိေတာ့....
အခုတေလာ ဟန္သည္လည္း ဘာျဖစ္ခ်င္ေနမွန္းမသိ...
တခါတေလ သူ႕ကို တြန္းထုတ္ခ်င္ေနပုံေပၚၿပီး
တခါတေလ ဘာကို အားနာမွန္းမသိအားနာေနပုံေပၚေနသည္။
'ဟန္ ကိုယ့္အေပၚ ဖုံးကြယ္ထားတာမ်ိဳး အျပစ္လုပ္ထားတာမ်ိဳးေတာ့ မရွိဘူး မလား?......'

"စမ္းသပ္တာကေလ အဝတ္အစားေတြ ခြၽတ္ဖို႔လိုေသးလား...ေဒါက္တာ"

"အဟက္ ေမာင္...မင္းေလးက ေတာ္ေတာ္ဆိုးဆိုးပဲ
ေယာကၤ်ားျဖစ္သူကိုလည္း ေဆး႐ုံေခၚလာတယ္...ဒီမွာလည္း တစ္ေယာက္နဲ႕ လာအီေန‌ ေသးတယ္‌..."

"ဒါဆို လူကို ခ်စ္မိသြားေအာင္ ျပဳစားနိုင္တဲ့ ေဟာ့ဒီက ေဒါက္တာေလးကေရာ အျပစ္မရွိဘူးလားေျပာ..."

ဟန္ ေဝဟင့္ရဲ႕ ေမးဖ်ားေလးကို ဆြဲကာ ေျပာလိုက္ေတာ့...
"ေမာင္ ငါ မင္းထက္ ေလးႏွစ္ေတာင္ ႀကီးတယ္ေနာ္..."

"ဟုတ္ပါၿပီ သည္းငယ္ရဲ႕..."

"ဟာ ေမာင္ေနာ္....!.."

"မြ..."

"ေမာင္ မနမ္းနဲ႕လို႔!...."

"ေမာင္!.."
မ်က္ႏွာကို ကိုင္ကာ ဟိုနမ္းဒီနမ္းလုပ္ေနတဲ့ ေကာင္ကေလးေၾကာင့္ ေဝဟင္ ရယ္ရင္း အတင္း ေရွာင္ရေတာ့သည္။

တကယ္ေတာ့ သူ ေမာင့္ကို ခ်စ္ေနခဲ့တာ ေတာ္ေတာ္ၾကာၿပီပင္၊ ေမာင္ကေတာ့ သူ႕ကို အာ႐ုံမစိုက္ခဲ့သလို ဆရာဝန္ဆိုတာထက္ ပိုမဆက္ဆံခဲ့ေပ၊ ေမာင့္ေဘးနားမွာ ဟို မိုးညေစၫႊန္ဆိုတဲ့ လူလည္း ရွိေနတာေၾကာင့္ သူ အခ်ိန္တခုထိ ခ်ဥ္းကပ္ဖို႔ မလြယ္ကူခဲ့ေသာ္လည္း ေနာက္ဆုံးေတာ့ ေဝဟင့္ဆီကို အခြင့္အေရး တခုက ဆိုက္ေရာက္လာခဲ့သည္။
အဲ့ဒီေန႕က အရက္မူးေနတဲ့ ေမာင့္ကို ေဆးခတ္ခဲ့တာလည္း သူပင္ ျဖစ္ၿပီး၊ ‌ေျဖေဆးေပးမယ္ဆိုကာ ပိုဆိုး႐ြားေစတဲ့ စိတ္ႂကြေဆး ေပးခဲ့တာလည္း သူပင္ျဖစ္သည္၊ ေဆးက ျပင္းလြန္းတာေၾကာင့္ ထင္၊ ဘာမွေတာင္ မျဖစ္လိုက္ရ‌ေသးခင္ ေမာင္က အိပ္ေပ်ာ္သြားတာေၾကာင့္ အဝတ္အစားေတြ အကုန္ ခြၽတ္ကာ မထူးဇာတ္ခင္းၿပီး မွားခဲ့သေယာင္ သူ ဖန္တီးခဲ့သည္၊ ဒါေတြကို ေမာင္ကေတာ့ ဘယ္ေတာ့မွ သိမည္ မဟုတ္ေပ၊ ထို႔ေနာက္တြင္ေတာ့ ေမာင္ ကိုယ္တိုင္လည္း သူ႕မာနေတြ ေအာက္မွာ က်ရႈံးခဲ့သည္ ဆိုပါေတာ့...

"ေဝဟင္၊ ၿပီးၿပီလား ..အကုန္စစ္လို႔ ေမာင္ ျပန္ေတာ့မယ္ အျပင္မွာ ကိုကိုတစ္ေယာက္တည္း..."

"အင္းပါ...ျပန္လို႔ရၿပီ
ခ်ိန္းထားတာ မေမ့နဲ႕အုံးေနာ္ ေသာၾကာေန႕ ည၁၀နာရီ၊ Sky clubမွာ..."

"အိုေခ၊ ဒါဆို ေမာင္ သြားၿပီေနာ္..."

ဟန္ , check upအခန္းထဲက‌ေန ထြက္လာေတာ့ ကိုကို ထို‌င္ေစာင့္ေနတဲ့ ေနရာဆီ သြားလိုက္သည္။

"ၿပီးၿပီ ကိုကို..."

"အြန္း အားလုံး အဆင္ေျပတယ္မလား.."

"ေျပပါတယ္...တကယ္ဆို ငယ္ငယ္က ေရာဂါပါ
အခုလည္း ဘာမွ ျဖစ္မေနဘူး စစ္ဖို႔ေတာင္ မလိုတာကို..."

"ေမြးရာပါေရာဂါ ဆိုတာ အခ်ိန္တိုင္း ဂ႐ုစိုက္ေနမွ...မေပါ့သင့္တဲ့ဟာက်မွ ေပါ့မေနနဲ႕"

"...."

"ကဲ ၿပီးၿပီဆိုလည္း ျပန္ၾကစို႔ လမ္းမွာ ေန႕လည္စာ ဝင္စားၿပီး ကိုယ္က အလုပ္ခဏဝင္မို႔ ၊ အတူတူလိုက္မလား၊ နားခ်င္လား အိမ္ျပန္ပို႔ေပးရမလား...."

"ဟင့္အင္း၊ အတူတူလိုက္ခဲ့မယ္...
ဒါနဲ႕ ကိုကို႔သူငယ္ခ်င္း ဟို ဉာဏ္‌အလင္း ဆိုတဲ့ တစ္ေယာက္ ကိုကို႔အလုပ္မွာ ဝင္လုပ္ေနတယ္ ၾကားတယ္..."

"ဟုတ္တယ္၊ နိုင္ငံျခားက ျပန္ေရာက္ၿပီး သူ႕ အေဖ အလုပ္ကို မဉီးစီးခင္ ကိုယ့္အလုပ္မွာ သင္တန္းလာဆင္းတာ..ဘာလို႔လဲ. .."

"ဘာမွ မျဖစ္ပါဘူး...ဒီတိုင္း.."
တကယ္ဆို အဲ့တစ္ေယာက္ကို ဟန္ ငယ္ငယ္ကတည္းက သိပ္ၾကည့္ရတာ မဟုတ္ေပ။
အၿမဲတမ္း ကိုကို႔အိမ္ကို လာလည္ကာ သူ႕နဲ႕ကိုကို ေဆာ့ေမခ်ိန္ဆို ကိုကို႔ကို လု လုသြားတတ္‌သည္။
ႀကီးလာေတာ့ နိုင္ငံျခားေရာက္သြားလို႔ ခဏ နားေအးသြားေပမဲ့ အခုလို ျပန္ေပၚလာေတာ့လည္း ကိုကို႔အနား ေတာက္တဲ့ႀကီးလို ကပ္ေနျပန္သည္။ ကိုကို႔မွာ သူရွိေနတာ သိသိရက္နဲ႕ အထာေတြဖမ္းတာေလာက္ စိတ္ပ်က္စရာေကာင္းတာ မရွိပါ။
ထို႔ေၾကာင့္ ဒီေန႕ သူ ထိုလူနဲ႕ ထိပ္တိုက္‌ေတြ႕ ဖို႔ ဆုံးျဖတ္လိုက္သည္။

" အစားနည္းလွခ်ည္လား ဟန္
ဘာေတြ ေတြးေနတာလဲ..."

ထမင္းကို မစားဘဲ ေမႊပဲ ေမႊေနကာ အေတြးမ်ားေနပုံရတဲ့ ဟန္ေၾကာင့္ မိုးည ေမးလိုက္ေတာ့...

"ဘာမွ မေတြးပါဘူး..."
ကိုကို႔အနား ေတာက္တဲ့လို႔ ကပ္ေနတဲ့ ေကာင္အေၾကာင္း ေတြးေနတာလို႔ ေျပာရင္ ကိုကို စိတ္ဆိုးမလား?

"အဲ့ဒါဆိုလည္း အာ႐ုံစိုက္ၿပီး အစားစားအုံးး ..."

"ဟင့္၊ ဆူဖို႔ခ်ည္းပဲ ကိုကိုကေတာ့...
...စားပါၿပီ စားပါၿပီလို႔..."

ခႏၶာကိုယ္ ႀကီးနဲ႕မွ မလိုက္မဖက္ ခြၽဲပစ္ေနေအာင္ ေျပာေနတဲ့ ဟန႔္ကို ၾကည့္ကာ မိုးည ခပ္ဟဟသာ ရီလိုက္သည္။
'ကေလးစိတ္ မေပ်ာက္ေသးတဲ့ ေခြးဆိုးေလးပါလား ဟန္'

။။


Continue Reading

You'll Also Like

232K 7.3K 55
ရိပ်ချေ ကိုကြီးကိုချစ်တယ် ။ ကိုကြီးလည်း ရိပ်ချေကိုချစ်လာရင် ဖွင့်ပြောပေးနော် ။ နွေဦးရိပ်ချေ 🍀 နေမခန်း & နွေဦးရိပ်ခ...
298K 596 23
Enjoy the smuts...and if you get horny😏...help yourself💀💦
227K 17.2K 24
"ما هِي رَغباتُك المُظلمة ..دكتور جيُون؟" "لَدي غَرائز تايهيُونغ ..لا رَغبات، وَ هُناك فَرق" آدت أفكار تايهيُونغ وَ فضوله حَول رَغبات الأنسان المُظلم...
5.5M 229K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...