Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1.1M 57.6K 6.3K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️
Chibi Art ❤️
📌 Book Details 📌

Chapter - 62

8.2K 520 34
By MikkyLay1

ရှန်ဖန်းဂူ M နိုင်ငံကိုရောက်ရှိလာတဲ့သတင်းက တောမီးလိုတစ်စတစ်စပြန့်နှံ့လာပြီး သတင်းတွေထဲထိပါလာသည် ။ လူတွေကလဲ ထင်ကျေးအမျိုးမျိုးပေးလာကြသည် ။ နိုင်ငံရေးသမားတွေက သူတို့ကိုအကြောင်းမကြားပဲရောက်ရှိလာခြင်းကြောင့်  မြေအောက်လောကနဲ့ပတ်သပ်ပြီး ပဋိပက္ခတစ်စုံတစ်ရာဖြစ်ပေါ်၍များလားဟုထင်မိကြကာ ကြောက်လန့်နေကြသည် ။ ရှန်ဖန်းဂူလိုလူမျိုးနဲ့သွားရှုတ်မိလျှင် ထိခိုက်မှာက ဒီလိုနိုင်ငံငယ်လေးသာဖြစ်လိမ့်မည် ။

စီးပွားရေးသမားတွေကတော့ ရှန်ဟွှာက ဒီလိုနိုင်ငံငယ်လေးမှာ စီးပွားရေးအခြေချဖို့ လာရောက်သည်ဟုထင်ကြေးပေးကြပြီး မိမိအကျိုးအမြတ်ရဖို့ အင်အားကြီးတဲ့အဖွဲ့အစည်းနဲ့ဆက်သွယ်နိုင်ဖို့ ကြိုးစားကြသည် ။ သို့ပေမဲ့ မုဒြာတို့ရဲ့အိမ်တော်မှာရောက်ရှိနေတာကိုတော့ သတင်းထောက်တွေအပါအဝင် ဘယ်သူမှမသိကြပေ ။ ရှန်ဖန်းဂူကလဲ သူ့လူတွေနဲ့ ကာကွယ်ထားတာကြောင့် သူတို့ရဲ့တည်နေရာကို ဘယ်သူမှရှာမတွေ့ကြပေ ။
သတင်းတွေထဲထိပါလာတာမြင်တော့ မင်းယွီက ဖန်းဂူကိုကြည့်ကာ ဆိုလိုက်သည် ။

" ကြည့် ခုတော့အားလုံးသိကုန်ပြီ … ဘယ်သူမှသတိမထားမိအောင်ခိုးချောင်ခိုးဝှက်လာပါတယ်ဆို ခုတော့အားလုံးကိုကြေငြာလိုက်သလိုဖြစ်သွားပြီ "

ဖန်းဂူက ဘာမှဂရုမစိုက်သည့်ဟန်ဖြင့် သူ့ပေါင်ပေါ်တင်ထားတဲ့ မင်းယွီခြေထောက်တွေကို နှိပ်နယ်ပေးနေရင်း …

" ဘာဂရုစိုက်စရာလိုလို့လဲ … ကိုယ်ရှိနေသ၍ မင်းကိုဘယ်သူမှမထိခိုက်စေရဘူး … မင်းသွားချင်တဲ့ ကမ္ဘာရဲ့ဘယ်နေရာမဆို ကိုယ်လိုက်ပို့နိုင်တယ် … ဒါမှမဟုတ် လကမ္ဘာဆီသွားမလား ကြယ်တွေကိုလိုချင်လား ကိုယ်အကုန်လုပ်ပေးမယ် "

" အပိုတွေ "

ဖန်းဂူက မင်းယွီရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး အီစီကလီလုပ်ကာ ချစ်ကြည်နူးတစ်တီတူးနေသည် ။ အနားမှာရှိနေတဲ့ရှုယွမ်ကိုပင် ဂရုမစိုက်တော့ပေ ။

" အဟမ်း … မင်းတို့ငါနဲ့ဝေးဝေးမှာ သွားပြီးချစ်ကြည်နူးလို့မရဘူးလား … ငါအလုပ်ကို အာရုံစိုက်ဖို့လိုတယ် "

ကွန်ပြူတာတစ်လုံးနဲ့အလုပ်ရှုတ်နေတဲ့အရာရှိကျန်းက သည်းမခံနိုင်၍ ပြောလာသည် ။ ဇွဲကသူတို့အနားမှာရှိနေပေမဲ့ ကျောက်ရုပ်လိုငြိမ်ငြိမ်လေး ထိုင်နေသည် ။ အင်အားကြီးခေါင်းဆောင်ကြီးတွေရဲ့ ကလေးဆန်တဲ့တိုက်ပွဲတွေကို မြင်ရပါများတော့ သူ့အတွက် အဆန်းကြီးတော့မဟုတ်တော့ပေ ။
ရှန်ဖန်းဂူကလဲ ဂရုမစိုက်စွာ ပြန်ပြောသည် ။

" မမြင်ချင်ရင် မင်းတို့ထွက်သွားလို့ရတယ် … ငါကတော့ ငါ့အချစ်ကလေးနဲ့ ဒီမှာပဲထိုင်ပြီးအနာယူမှာ "

သူတို့ လေးယောက်က လသာဆောင်မှာထိုင်နေခြင်းဖြစ်သည် ။ ထိုနေရာက လေကောင်းလေသန့်ရသလို သဘာဝရှုခင်းတွေကိုလဲ တစ်ဝကြီးမြင်နိုင်သည် ။ အရှေ့ကစားပွဲပေါ်မှာလဲ မုဒြာက စားစရာသောက်စရာအပြည့်ချပေးထား၍ ပြီးပြည့်စုံသည်ထက်ကိုပိုသည် ။ ဘယ်သူမှထမသွားချင်ကြ၍ စကားနိုင်လုရင်း ကိုယ့်အလုပ်ကိုလုပ်ကာ ဆက်ထိုင်နေကြသည် ။

ဒီလိုနဲ့သူတို့ရဲ့အနားယူချိန်က ကုန်ဆုံးလာခဲ့သည် ။ အားလုံးကအောင်မြင်ကျော်ကြားသည့်ပုဂ္ဂိုလ်များဖြစ်၍ အနားယူချိန်က သာမန်လူတွေထက်နည်းပါးသည် ။ ဒီအချိန်တိုခနလေးအတွင်းမှာ သူတို့စိတ်ကိုပျော်ရွှင်အောင်ထားပေးတဲ့ဧကရာဇ်မောင်နဲ့ကုမုဒြာတို့ကို ကျေးဇူးဆပ်ချင်ကြသည် ။

ဇွဲက ပန်းခင်းထဲကခုံပေါ်မှာထိုင်ပြီး သားလေးကိုအသီးနွှာကြွေးနေတဲ့ မုဒြာအနားလျှောက်လာခဲ့သည် ။ သူဒီရောက်စကတည်းက ဧည့်သည်တွေများတာရယ် မုဒြာနေမကောင်းဖြစ်နေတာရယ်ကြောင့် စကားပင်အေးဆေးပြောခွင့်မရသေးပေ ။ ခုဧကရာဇ်မောင်က ဧည့်ခန်းထဲမှာ သခင်မင်းယွီတို့နဲ့ စီးပွားရေးအကြောင်း ဆွေးနွေးထိုင်ပင်နေခြင်းကြောင့် သူက ထွက်လာပေးခြင်းဖြစ်သည် ။

" မုဒြာ "

ဇွဲခေါ်သံကြောင့် မုဒြာလှည့်ကြည့်လာသည် ။ မုဒြာရဲ့မျက်နှာလေးက အရင်ကထက်ပိုဝင်းလပ်လာပြီး အပြုံးတွေကတောက်ပနေသည် ။ သူ့ရဲ့ပျော်ရွှင်ဖွယ်ရာမိသားစုအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားခြင်းက သူ့နှလုံးသားလေးအပါအဝင်မျက်နှာပါရွှင်လန်းနေစေသည် ။ ဇွဲကလဲမုဒြာပျော်ရွှင်နေတာကိုသာ မြင်တွေ့ချင်သူမို့ ကျေနပ်စွာပြုံးလိုက်မိသည် ။

" ကိုဇွဲ လာထိုင်လေ "

ဇွဲက မုဒြာနဲ့ကုကုလေးဘေး ဝင်ထိုင်လိုက်သည် ။

" မုဒြာ မင်းတို့ပြန်ပြီးပေါင်းဖက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် … ဧကရာဇ်မောင်ကလဲ အများကြီးပြောင်းလဲသွားပြီး သူ့မှာမင်းနဲ့သားလေးကိုအပြည့်အဝကာကွယ်ပေးနိုင်မဲ့ခွန်အားတွေရှိနေပြီ "

မုဒြာကလဲ ပြန်ပြုံးပြလာပြီး …

" ကိုဇွဲကိုလဲ ကျေးဇူးတင်ပါတယ် … မုဒြာကိုဟိုးအရင်ကရော ခုအချိန်ထိဂရုစိုက်ပေးပြီး မုဒြာဘက်မှာရှိနေပေးခဲ့လို့ "

" ကိုယ်တို့ကြားမှာ ဒါတွေကပြောစရာမလိုပါဘူးကွာ …  ကိုယ်တို့ကအရင်းနီးဆုံးမိတ်ဆွေတွေပဲလေ … မုဒြာလိုအပ်တဲ့အချိန်တိုင်း အကိုအမြဲရှိနေပေးမယ် "

လူကြီးတွေစကားပြောနေတာကို ကုကုလေးကပန်းသီးစိတ်လေးကိုက်စားရင်းကြည့်နေသည် ။ ဇွဲက ကုကုလေးထံအကြည့်ရောက်သွားပြီး အသဲယားစွာပါးလေးကိုဖစ်လိုက်တော့ ကလေးလေးကသွားလေးတွေပေါ်အောင်ပြုံးပြလာသည် ။ ဇွဲကကုကုလေးကိုကြည့်ရင်း သတိရသွားကာ မေးလာသည် ။

" ဒါနဲ့ မင်းတို့အကြောင်းကို သားလေးကိုရောပြောပြပြီးပြီးလား  "

" မပြောရသေးဘူး … သားလေးကလဲတစ်ခါမှမေးခွန်းမထုတ်ဖူးဘူး … ဘယ်လိုစပြီးပြောပြရမလဲ စဉ်းစားနေတာ "

ကုကုလေးက မုဒြာနဲ့သာအတူနေလာပြီး ဖခင်တစ်ယောက်ထည်းရဲ့ ထိန်းကြောင်းမှုကိုသာခံလာရပေမဲ့ တစ်ခြားကလေးတွေလို သူ့မှာနောက်ထပ်မိဘရှိမရှိမေးမြန်းခြင်းမရှိပေ ။ မုဒြာတစ်ယောက်ထည်းကိုသာခင်သွယ်ပြီး မုဒြာတစ်ယောက်ထည်းနဲ့သာပြီးပြည့်စုံနေသည် ။ တစ်ခါတစ်လေ အမဒါလီကစနောက်သည့်အနေနဲ့ ကုကုလေးရဲ့မာမားကဘယ်သူလဲမေးရင် မုဒြာကိုသာထိုးပြသည် ။ သားလေးရဲ့စိတ်ထဲမှာ ပါပါးရောမာမားရောက မုဒြာတစ်ယောက်ထည်းဟုသာ မှတ်ယူထားလေသည် ။

ဇွဲက မုဒြာရဲ့ပခုံးကိုအသာအယာပုတ်ပေးလာပြီး …

" သားလေးကအမြန်ဆုံးလက်ခံလာမှာပါ "

" ကျွန်တော်လဲ အဲ့လိုထင်တာပဲ "

မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက် စကားတွေအများကြီးပြောဖြစ်ကြသည် ။ ကုကုလေးကလဲတစ်ချိန်လုံး လူကြီးတွေကိုမော့ကြည့်လိုက် အသီးလေးတွေကိုယူစားလိုက်နဲ့အလုပ်ရှုတ်နေသည် ။ ကြာလာတော့ကလေးသဘာဝပျင်းသွားတဲ့အခါ ထပြီးပန်းခြံထဲပြေးလွှားနေသည် ။

ဧကရာဇ်တစ်ယောက် မင်းယွီတို့နဲ့စီးပွားရေးကိစ္စဆွေးနွေးတိုင်ပင်ပြီးနောက် နာရီပိုင်းလောက်သူ့မျက်စိရှေ့ကနေပျောက်​နေတဲ့မုဒြာကို စတင်ရှာဖွေလေသည် ။ ပန်းခြံထဲမှာပြေးလွှားနေတဲ့သားလေးကိုတွေ့သွားတော့ သားလေးကလဲသူ့ကိုမြင်ပြီးပြေးလာသည် ။

" ဦးဦး ကုကုနဲ့ကစားရအောင် "

" သား တစ်ယောက်ထည်းကစားနေတာလား "

" အင်း "

ဧကရာဇ်က သူ့ထံပြေးလာတဲ့သားလေးကိုပွေ့ချီလိုက်သည် ။ သားလေးက ၅ နှစ်ကျော်လာပြီမို့လူကောင်လဲထွားလာပြီး ပိုလေးလာသည် ။ ဒါပေမဲ့သန်မာတဲ့ဧကရာဇ်မောင်အတွက်တော့ လက်မောင်းတစ်ဖက်ထဲနဲ့တောင်ပွေ့ချီနိုင်သည် ။

" သား ပါပါးကဘယ်မှာလဲ … သားကိုအဖော်ပြုမပေးဘူးလား "

" ပါပါးလား "

ပြောရင်းကုကုကခုံတန်းလေးဘက်ကိုလှည့်ကြည့်ကာ လက်ညှိုးညွှန်ပြပြီးပြောလာသည် ။

" ပါပါးကဟိုမှာထိုင်နေတာ … ခန့်ညားတဲ့ဦးဦးကြီးနဲ့ "

ဧကရာဇ်မောင်အစကပြုံးနေပေမဲ့ သားလေးရဲ့နောက်ဆုံးစကားကြောင့် မျက်နှာကမဲမှောင်သွားပြီး မုဒြာတို့ဘက်လှည့်ကြည့်လာသည် ။ ထင်သည့်အတိုင်း ထိုလူက ဇွဲဖြစ်နေသည် ။ ဧကရာဇ်မောင်က သားလေးကိုမကျေမနပ်ဖြင့်မေးလာသည် ။

" သားလေး ဦးနဲ့အဲ့ဒိဦးဦးနဲ့ ဘယ်သူကပိုခန့်ညားလဲ "

ကုကုလေးက ဇွဲကိုတစ်လှည့်သူ့ကိုပွေ့ချီထားတဲ့ဧကရာဇ်ကိုတစ်လှည့်ကြည့်နေပြီးနောက် မျက်နှာကြီးရာဟင်းဖက်ပါဆိုသည့်အတိုင်း သူ့ကိုပွေ့ချီပေးတဲ့သူကိုသာ ဦးစားပေးလေသည် ။

" ဒီဦးဦးကအခန့်ညားဆုံးပဲ "

" အဟား … ငါ့သားကတော်လိုက်တာကွာ "

သားအဖနှစ်ယောက်ရယ်မောနေကြသည် ။ တစ်ဖက်တွင်တော့ဇွဲနဲ့မုဒြာက စကားကောင်းနေတုန်းဖြစ်သည် ။

" ဒါနဲ့ ကိုဇွဲကရော မိတ်ဖက်ရှာဖို့အစီစဉ်မရှိဘူးလား "

" ကိုယ့်အသက်က ၃၀ ကျော်နေပြီ … ဒီအရွယ်ကစီးပွားရေးကိုဦးစားပေးလုပ်ကိုင်ရမဲ့အရွယ် … မိတ်ဖက်ရှာဖို့အချိန်လွန်သွားပြီ … ရှာမတွေ့နိုင်တော့ပါဘူး "

"  ကိုဇွဲလိုလူကြိုက်များတဲ့လူက ရှာဖို့ခက်တယ်ဆိုတာမဖြစ်နိုင်ဘူး "

" တကယ်တော့ ကိုယ်ကလဲမရှာချင်တော့တာပါ … ကိုယ်အခုအကိုဝမ်းကွဲရဲ့ကလေးကိုပဲ အမွေဆက်ခံဖို့မွေးစားလိုက်ပြီ … ခုကိုယ့်မှာသားလေးတစ်ယောက်ရှိပြီမို့ မိတ်ဖက်ရှာဖို့မလိုတော့ဘူး "

" ဒါပေမဲ့ ကိုဇွဲမှာမိတ်ဖက်မရှိရင်ကြာလာရင်အခက်ကြုံရလိမ့်မယ် … ဆေးပေးမီးယူတစ်ယောက်လောက်တော့ရှာသင့်တယ် … ကျွန်တော်လဲ ကိုဇွဲကိုနွေးထွေးတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာကို မြင်ချင်မိတယ် "

မုဒြာကဝမ်းနည်းတဲ့လေသံလေးဖြင့်ပြောလာသည် ။ ငယ်စဉ်က ကိုဇွဲဟာအတန်းထဲမှာလူကြိုက်အများဆုံးဖြစ်ခဲ့သလို အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်တော့လဲ မိတ်ဖက်ဖို့ကမ်းလှမ်းလာသည့်ဆွေကြီးမျိုးကြီးထဲက အိုမီဂါတွေများစွာရှိခဲ့သည် ။ ဒါပေမဲ့အားလုံးကိုငြင်းပယ်ကာ ခုချိန်ထိ တစ်ယောက်ထည်းရှင်သန်နေထိုင်သည် ။

မိဘချင်းသဘောတူထားသည့် သူတို့ရဲ့ပေါင်းဖက်မှုကိုမုဒြာကဖျက်သိမ်းခဲ့ပြီး မောင့်ကိုသာရွေးချယ်ခဲ့သည် ။ ဇွဲက မုဒြာမောင်နဲ့မသင့်မြတ်ခင်တုန်းကလဲကူညီပေးခဲ့သလို သင့်မြတ်တဲ့ထိအနားမှာရှိနေပေးသည် ။ မုဒြာသူ့ကြောင့်များ ဇွဲကနောက်ထပ်အဖော်ကိုရှာဖို့ခက်ခဲနေသလားဟုထင်မိကာ အပြစ်ရှိသလိုခံစားနေရသည် ။

သိနေတဲ့ဇွဲက မုဒြာကျောကိုဖွဖွလေးပုတ်ပေးလာပြီး …

" ကိုယ်အိမ်ထောင်မပြုချင်တာက မင်းနဲ့ဘာမှမဆိုင်ပါဘူး … အပြစ်ရှိသလိုမခံစားပါနဲ့ …  အမှန်တိုင်းပြောရရင် ဟိုအရင်ကကိုယ်မင်းအပေါ် ခံစားချက်ရှိခဲ့ပေမဲ့ ခုကိုယ့်ခံစားချက်တွေအားလုံးကိုစွန့်လွှတ်လိုက်ပြီ … မင်းကကိုယ့်အတွက် ညီငယ်လေးတစ်ယောက်လိုပဲ … မင်းလိုအပ်တဲ့အချိန်တိုင်း အကိုကြီးတစ်ယောက်လို မင်းကိုကာကွယ်စောင့်ရှောက်ပေးမယ် "

" ဘယ်သူကမင်းကို လိုအပ်နေလို့လဲ … ဝေးဝေးမှာသာနေစမ်းပါ "

အနောက်ကအသံထွက်ပေါ်လာပြီး မုဒြာကျောပေါ်က ဇွဲရဲ့လက်ကိုပုတ်ထုတ်ကာ အနောက်ကနေပွေ့ဖက်လာသည် ။ ဧကရာဇ်မောင် မျက်နှာကရှစ်ခေါက်ချိုးနဲ့ ဇွဲကိုကြည့်လိုက်ပြီး …

" ဒီညီလေးက မင်းလိုအကိုကြီးကိုမလိုအပ်ဘူး … သူ့ယောက်ျားငါတစ်ယောက်လုံးရှိတယ် "

ဇွဲက ဧကရာဇ်မောင်ရဲ့အူတိုနေပုံကိုကြည့်ကာ ရယ်လိုက်ပြီး …

" ပြောထားအုံးပေါ့ ဧကရာဇ်မောင်ရာ … ငါ့ညီလေးကိုမင်းစိတ်ဆင်းရဲအောင်လုပ်ရင် အဲ့ခါကြမင်းနဲ့ငါတစ်ပွဲတစ်လမ်းနွှဲကြတာပေါ့ "

" မုဒြာကငါ့ကြောင့်ဘယ်တော့မှစိတ်ဆင်းရဲရမှာမဟုတ်တော့ဘူး … မင်းစိတ်ချလက်ချသာထွက်သွားလိုက်တော့ "

မုဒြာကသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ ဧကရာဇ်လက်ကို ဖွဖွလေးရိုက်လိုက်ပြီး …

" တော်တော့  …ကိုဇွဲကိုပြဿနာမရှာနဲ့တော့ … ပြီးတော့ လက်ကိုလဲလွှတ်အုံး အသက်ရှူကြပ်နေပြီ "
ထိုအခါမှ ဧကရာဇ်မောင် လွှတ်ပေးလာပြီး မုဒြာနဲ့ဇွဲကြားကိုအတင်းတိုးထိုင်ကာ မုဒြာကိုဖက်ထားလေသည် ။ ထိုအခါဘေးမှာရှိနေတဲ့ကုကုလေးကလဲ အားကျမခံ မုဒြာနဲ့ဧကရာဇ်မောင်ပေါင်ပေါ်တက်ထိုင်လိုက်သည် ။ သားအဖ ၃ ယောက်ပြုံးရယ်နေတာကိုကြည့်ပြီး ဇွဲလဲအနှောက်အယှက်ဖြစ်မှာဆိုးကာ ထပြီးထွက်သွားဖို့ပြင်သည် ။ မပြန်ခင် မုဒြာကိုနှုတ်ဆက်လိုက်သည် ။

" မုဒြာ တကယ်တော့ကိုယ်မင်းဆီလာတာက ကိုယ်ပြန်ရတော့မဲ့အကြောင်းပြောမလို့ "

" ကိုဇွဲက ရန်ကုန်ပြန်တော့မှာလား "

"  ခုကိုယ်နဲ့အရာရှိကျန်းလိုက်နေတဲ့အမှူကပြီးပြီ … အမေလဲကျန်းမာရေးပြန်ကောင်းလာပြီဆိုတော့ ကိုယ်တို့အဖေရဲ့နေရာကိုပြောင်းကြတော့မှာ "

" ဒါဆိုကိုဇွဲက ဂျပန်ကိုပြန်တော့မှာပေါ့ "

" ဟုတ်တယ် … အမေကအငြိမ်းစားယူပြီးတော့ ဒီမှာပဲဆက်နေချင်ပေမဲ့ ခုလိုတွေဖြစ်သွားတော့ ကိုယ်စိတ်မချတော့ဘူး … ဒါကြောင့်အဖေ့ရဲ့နေရာကိုပြောင်းနေဖို့ပြင်ဆင်နေတာ … ပြီးတော့ ဒီမှာရှိတဲ့ကိုယ့်လုပ်ငန်းတွေကို တစ်ခြားသူကိုဦးစည်းဖို့လွှဲပြောင်းပေးမှာမို့ ကိုယ်ပြန်လာဖြစ်ဖို့မသေချာတော့ဘူး "

" ဒါဆိုအကိုကျန်းကျန်းမာမာနဲ့ပျော်ရွှင်အောင်နေပါ … ဒေါ်လေးကိုလဲပိုပြီးဂရုစိုက်ပေးပါ "

" အင်း … ဒါဆိုကိုယ်သွားတော့မယ် … နှုတ်ဆက်ခဲ့ပါတယ် … မင်းတို့ကိုလဲ ဂုဏ်ပြုပေးပါတယ်ကွာ … ပျော်ရွှင်အောင်နေကြ "

ထိုအခါ တစ်ချိန်လုံးကြည့်မရနေခဲ့တဲ့ ဧကရာဇ်မောင်က ဇွဲအားကြည့်ကာ လေးနက်စွာဖြင့်ပြောလာသည် ။

" ကျေးဇူးတင်ပါတယ် ဇွဲ … မုဒြာကို စောင့်ရှောက်ပေးခဲ့လို့ "

ဧကရာဇ်ထံက ကျေးဇူးတင်စကားကြားရလိမ့်မယ်ထင်မထား၍ ခနမျှကြောင်အမ်းသွားပေမဲ့ ဇွဲပြုံးလိုက်သည် ။

" ရပါတယ်ကွ … မင်းကိုကျေးဇူးမသိတတ်တဲ့သူလို့ထင်ခဲ့တာ … ခုလိုကြားရတော့လဲ နားထောင်ရတာတစ်မျိုးကြီးပဲ … ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး … မုဒြာတို့မိသားစုကိုသာ ပိုပြီးဂရုစိုက်ပေးပါ "

" မင်းပြောဖို့မလိုပါဘူး … ငါတစ်ဘဝလုံးနဲ့ရင်းပြီး ဂရုစိုက်စောင့်ရှောက်သွားမှာ "

" ဒါဆို ငါလဲစိတ်ချပြီ … သွားတော့မယ် အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် ပျော်ရွှင်ပါစေ "

ဇွဲက လက်ပြနှုတ်ဆက်ရင်း ပြင်ဆင်ထားတဲ့အထုတ်အပိုးတွေကို ကားထဲထည့်ပြီး ယံယံနဲ့အတူ ဦးစွာထွက်ခွာသွားသည် ။ ဧည့်သည်တွေက လာပြီးပြန်ကြရိုးမှန်ပေမဲ့ ခုလိုလက်ပြနှုတ်ဆက်ပြီး ထွက်သွားတာမြင်တော့ ရင်ဘက်ထဲမှာ ဟာသာသာဖြစ်နေသည် ။ ဧကရာဇ်က မုဒြာရဲ့နှဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီး …

" ဝမ်းနည်းနေတာလား "

" လူတွေအများကြီးနဲ့ခနသာနေပြီး သူတို့ထွက်သွားကြတော့လဲ ရင်ထဲမှာဟာသွားသလိုပဲ … ကိုဇွဲနဲ့ယံယံကကျွန်တော့အပေါ်အကောင်းဆုံးမိတ်ဆွေကောင်းတွေ … သူတို့ရဲ့ကျေးဇူးတွေကိုအမြဲအမှတ်ရနေမှာ  "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued ……

ရွန္ဖန္းဂူ M နိုင္ငံကိုေရာက္ရွိလာတဲ့သတင္းက ေတာမီးလိုတစ္စတစ္စျပန႔္ႏွံ႕လာၿပီး သတင္းေတြထဲထိပါလာသည္ ။ လူေတြကလဲ ထင္ေက်းအမ်ိဳးမ်ိဳးေပးလာၾကသည္ ။ နိုင္ငံေရးသမားေတြက သူတို႔ကိုအေၾကာင္းမၾကားပဲေရာက္ရွိလာျခင္းေၾကာင့္  ေျမေအာက္ေလာကနဲ႕ပတ္သပ္ၿပီး ပဋိပကၡတစ္စုံတစ္ရာျဖစ္ေပၚ၍မ်ားလားဟုထင္မိၾကကာ ေၾကာက္လန႔္ေနၾကသည္ ။ ရွန္ဖန္းဂူလိုလူမ်ိဳးနဲ႕သြားရႈတ္မိလွ်င္ ထိခိုက္မွာက ဒီလိုနိုင္ငံငယ္ေလးသာျဖစ္လိမ့္မည္ ။

စီးပြားေရးသမားေတြကေတာ့ ရွန္ဟႊာက ဒီလိုနိုင္ငံငယ္ေလးမွာ စီးပြားေရးအေျခခ်ဖိဳ႕ လာေရာက္သည္ဟုထင္ေၾကးေပးၾကၿပီး မိမိအက်ိဳးအျမတ္ရဖို႔ အင္အားႀကီးတဲ့အဖြဲ႕အစည္းနဲ႕ဆက္သြယ္နိုင္ဖို႔ ႀကိဳးစားၾကသည္ ။ သို႔ေပမဲ့ မုျဒာတို႔ရဲ႕အိမ္ေတာ္မွာေရာက္ရွိေနတာကိုေတာ့ သတင္းေထာက္ေတြအပါအဝင္ ဘယ္သူမွမသိၾကေပ ။ ရွန္ဖန္းဂူကလဲ သူ႕လူေတြနဲ႕ ကာကြယ္ထားတာေၾကာင့္ သူတို႔ရဲ႕တည္ေနရာကို ဘယ္သူမွရွာမေတြ႕ၾကေပ ။
သတင္းေတြထဲထိပါလာတာျမင္ေတာ့ မင္းယြီက ဖန္းဂူကိုၾကည့္ကာ ဆိုလိုက္သည္ ။

" ၾကည့္ ခုေတာ့အားလုံးသိကုန္ၿပီ … ဘယ္သူမွသတိမထားမိေအာင္ခိုးေခ်ာင္ခိုးဝွက္လာပါတယ္ဆို ခုေတာ့အားလုံးကိုေၾကျငာလိုက္သလိုျဖစ္သြားၿပီ "

ဖန္းဂူက ဘာမွဂ႐ုမစိုက္သည့္ဟန္ျဖင့္ သူ႕ေပါင္ေပၚတင္ထားတဲ့ မင္းယြီေျခေထာက္ေတြကို ႏွိပ္နယ္ေပးေနရင္း …

" ဘာဂ႐ုစိုက္စရာလိုလို႔လဲ … ကိုယ္ရွိေနသ၍ မင္းကိုဘယ္သူမွမထိခိုက္ေစရဘူး … မင္းသြားခ်င္တဲ့ ကမာၻရဲ႕ဘယ္ေနရာမဆို ကိုယ္လိုက္ပို႔နိုင္တယ္ … ဒါမွမဟုတ္ လကမာၻဆီသြားမလား ၾကယ္ေတြကိုလိုခ်င္လား ကိုယ္အကုန္လုပ္ေပးမယ္ "

" အပိုေတြ "

ဖန္းဂူက မင္းယြီရဲ႕ကိုယ္ေလးကို သူ႕ရင္ခြင္ထဲဆြဲေပြ႕လိုက္ၿပီး အီစီကလီလုပ္ကာ ခ်စ္ၾကည္ႏူးတစ္တီတူးေနသည္ ။ အနားမွာရွိေနတဲ့ရႈယြမ္ကိုပင္ ဂ႐ုမစိုက္ေတာ့ေပ ။

" အဟမ္း … မင္းတို႔ငါနဲ႕ေဝးေဝးမွာ သြားၿပီးခ်စ္ၾကည္ႏူးလို႔မရဘူးလား … ငါအလုပ္ကို အာ႐ုံစိုက္ဖို႔လိုတယ္ "

ကြန္ျပဴတာတစ္လုံးနဲ႕အလုပ္ရႈတ္ေနတဲ့အရာရွိက်န္းက သည္းမခံနိုင္၍ ေျပာလာသည္ ။ ဇြဲကသူတို႔အနားမွာရွိေနေပမဲ့ ေက်ာက္႐ုပ္လိုၿငိမ္ၿငိမ္ေလး ထိုင္ေနသည္ ။ အင္အားႀကီးေခါင္းေဆာင္ႀကီးေတြရဲ႕ ကေလးဆန္တဲ့တိုက္ပြဲေတြကို ျမင္ရပါမ်ားေတာ့ သူ႕အတြက္ အဆန္းႀကီးေတာ့မဟုတ္ေတာ့ေပ ။
ရွန္ဖန္းဂူကလဲ ဂ႐ုမစိုက္စြာ ျပန္ေျပာသည္ ။

" မျမင္ခ်င္ရင္ မင္းတို႔ထြက္သြားလို႔ရတယ္ … ငါကေတာ့ ငါ့အခ်စ္ကေလးနဲ႕ ဒီမွာပဲထိုင္ၿပီးအနာယူမွာ "

သူတို႔ ေလးေယာက္က လသာေဆာင္မွာထိုင္ေနျခင္းျဖစ္သည္ ။ ထိုေနရာက ေလေကာင္းေလသန႔္ရသလို သဘာဝရႈခင္းေတြကိုလဲ တစ္ဝႀကီးျမင္နိုင္သည္ ။ အေရွ႕ကစားပြဲေပၚမွာလဲ မုျဒာက စားစရာေသာက္စရာအျပည့္ခ်ေပးထား၍ ၿပီးျပည့္စုံသည္ထက္ကိုပိုသည္ ။ ဘယ္သူမွထမသြားခ်င္ၾက၍ စကားနိုင္လုရင္း ကိုယ့္အလုပ္ကိုလုပ္ကာ ဆက္ထိုင္ေနၾကသည္ ။

ဒီလိုနဲ႕သူတို႔ရဲ႕အနားယူခ်ိန္က ကုန္ဆုံးလာခဲ့သည္ ။ အားလုံးကေအာင္ျမင္ေက်ာ္ၾကားသည့္ပုဂၢိဳလ္မ်ားျဖစ္၍ အနားယူခ်ိန္က သာမန္လူေတြထက္နည္းပါးသည္ ။ ဒီအခ်ိန္တိုခနေလးအတြင္းမွာ သူတို႔စိတ္ကိုေပ်ာ္႐ႊင္ေအာင္ထားေပးတဲ့ဧကရာဇ္ေမာင္နဲ႕ကုမုျဒာတို႔ကို ေက်းဇူးဆပ္ခ်င္ၾကသည္ ။

ဇြဲက ပန္းခင္းထဲကခုံေပၚမွာထိုင္ၿပီး သားေလးကိုအသီးႏႊာေႂကြးေနတဲ့ မုျဒာအနားေလွ်ာက္လာခဲ့သည္ ။ သူဒီေရာက္စကတည္းက ဧည့္သည္ေတြမ်ားတာရယ္ မုျဒာေနမေကာင္းျဖစ္ေနတာရယ္ေၾကာင့္ စကားပင္ေအးေဆးေျပာခြင့္မရေသးေပ ။ ခုဧကရာဇ္ေမာင္က ဧည့္ခန္းထဲမွာ သခင္မင္းယြီတို႔နဲ႕ စီးပြားေရးအေၾကာင္း ေဆြးေႏြးထိုင္ပင္ေနျခင္းေၾကာင့္ သူက ထြက္လာေပးျခင္းျဖစ္သည္ ။

" မုျဒာ "

ဇြဲေခၚသံေၾကာင့္ မုျဒာလွည့္ၾကည့္လာသည္ ။ မုျဒာရဲ႕မ်က္ႏွာေလးက အရင္ကထက္ပိုဝင္းလပ္လာၿပီး အၿပဳံးေတြကေတာက္ပေနသည္ ။ သူ႕ရဲ႕ေပ်ာ္႐ႊင္ဖြယ္ရာမိသားစုအစစ္အမွန္ကို ရွာေဖြေတြ႕ရွိသြားျခင္းက သူ႕ႏွလုံးသားေလးအပါအဝင္မ်က္ႏွာပါ႐ႊင္လန္းေနေစသည္ ။ ဇြဲကလဲမုျဒာေပ်ာ္႐ႊင္ေနတာကိုသာ ျမင္ေတြ႕ခ်င္သူမို႔ ေက်နပ္စြာၿပဳံးလိုက္မိသည္ ။

" ကိုဇြဲ လာထိုင္ေလ "

ဇြဲက မုျဒာနဲ႕ကုကုေလးေဘး ဝင္ထိုင္လိုက္သည္ ။

" မုျဒာ မင္းတို႔ျပန္ၿပီးေပါင္းဖက္နိုင္ခဲ့လို႔ ဂုဏ္ယူပါတယ္ … ဧကရာဇ္ေမာင္ကလဲ အမ်ားႀကီးေျပာင္းလဲသြားၿပီး သူ႕မွာမင္းနဲ႕သားေလးကိုအျပည့္အဝကာကြယ္ေပးနိုင္မဲ့ခြန္အားေတြရွိေနၿပီ "

မုျဒာကလဲ ျပန္ၿပဳံးျပလာၿပီး …

" ကိုဇြဲကိုလဲ ေက်းဇူးတင္ပါတယ္ … မုျဒာကိုဟိုးအရင္ကေရာ ခုအခ်ိန္ထိဂ႐ုစိုက္ေပးၿပီး မုျဒာဘက္မွာရွိေနေပးခဲ့လို႔ "

" ကိုယ္တို႔ၾကားမွာ ဒါေတြကေျပာစရာမလိုပါဘူးကြာ …  ကိုယ္တို႔ကအရင္းနီးဆုံးမိတ္ေဆြေတြပဲေလ … မုျဒာလိုအပ္တဲ့အခ်ိန္တိုင္း အကိုအၿမဲရွိေနေပးမယ္ "

လူႀကီးေတြစကားေျပာေနတာကို ကုကုေလးကပန္းသီးစိတ္ေလးကိုက္စားရင္းၾကည့္ေနသည္ ။ ဇြဲက ကုကုေလးထံအၾကည့္ေရာက္သြားၿပီး အသဲယားစြာပါးေလးကိုဖစ္လိုက္ေတာ့ ကေလးေလးကသြားေလးေတြေပၚေအာင္ၿပဳံးျပလာသည္ ။ ဇြဲကကုကုေလးကိုၾကည့္ရင္း သတိရသြားကာ ေမးလာသည္ ။

" ဒါနဲ႕ မင္းတို႔အေၾကာင္းကို သားေလးကိုေရာေျပာျပၿပီးၿပီးလား  "

" မေျပာရေသးဘူး … သားေလးကလဲတစ္ခါမွေမးခြန္းမထုတ္ဖူးဘူး … ဘယ္လိုစၿပီးေျပာျပရမလဲ စဥ္းစားေနတာ "

ကုကုေလးက မုျဒာနဲ႕သာအတူေနလာၿပီး ဖခင္တစ္ေယာက္ထည္းရဲ႕ ထိန္းေၾကာင္းမႈကိုသာခံလာရေပမဲ့ တစ္ျခားကေလးေတြလို သူ႕မွာေနာက္ထပ္မိဘရွိမရွိေမးျမန္းျခင္းမရွိေပ ။ မုျဒာတစ္ေယာက္ထည္းကိုသာခင္သြယ္ၿပီး မုျဒာတစ္ေယာက္ထည္းနဲ႕သာၿပီးျပည့္စုံေနသည္ ။ တစ္ခါတစ္ေလ အမဒါလီကစေနာက္သည့္အေနနဲ႕ ကုကုေလးရဲ႕မာမားကဘယ္သူလဲေမးရင္ မုျဒာကိုသာထိုးျပသည္ ။ သားေလးရဲ႕စိတ္ထဲမွာ ပါပါးေရာမာမားေရာက မုျဒာတစ္ေယာက္ထည္းဟုသာ မွတ္ယူထားေလသည္ ။

ဇြဲက မုျဒာရဲ႕ပခုံးကိုအသာအယာပုတ္ေပးလာၿပီး …

" သားေလးကအျမန္ဆုံးလက္ခံလာမွာပါ "

" ကြၽန္ေတာ္လဲ အဲ့လိုထင္တာပဲ "

မေတြ႕ျဖစ္တာၾကာၿပီျဖစ္တဲ့ သူတို႔ႏွစ္ေယာက္ စကားေတြအမ်ားႀကီးေျပာျဖစ္ၾကသည္ ။ ကုကုေလးကလဲတစ္ခ်ိန္လုံး လူႀကီးေတြကိုေမာ့ၾကည့္လိုက္ အသီးေလးေတြကိုယူစားလိုက္နဲ႕အလုပ္ရႈတ္ေနသည္ ။ ၾကာလာေတာ့ကေလးသဘာဝပ်င္းသြားတဲ့အခါ ထၿပီးပန္းၿခံထဲေျပးလႊားေနသည္ ။

ဧကရာဇ္တစ္ေယာက္ မင္းယြီတို႔နဲ႕စီးပြားေရးကိစၥေဆြးေႏြးတိုင္ပင္ၿပီးေနာက္ နာရီပိုင္းေလာက္သူ႕မ်က္စိေရွ႕ကေနေပ်ာက္​ေနတဲ့မုျဒာကို စတင္ရွာေဖြေလသည္ ။ ပန္းၿခံထဲမွာေျပးလႊားေနတဲ့သားေလးကိုေတြ႕သြားေတာ့ သားေလးကလဲသူ႕ကိုျမင္ၿပီးေျပးလာသည္ ။

" ဦးဦး ကုကုနဲ႕ကစားရေအာင္ "

" သား တစ္ေယာက္ထည္းကစားေနတာလား "

" အင္း "

ဧကရာဇ္က သူ႕ထံေျပးလာတဲ့သားေလးကိုေပြ႕ခ်ီလိုက္သည္ ။ သားေလးက ၅ ႏွစ္ေက်ာ္လာၿပီမို႔လူေကာင္လဲထြားလာၿပီး ပိုေလးလာသည္ ။ ဒါေပမဲ့သန္မာတဲ့ဧကရာဇ္ေမာင္အတြက္ေတာ့ လက္ေမာင္းတစ္ဖက္ထဲနဲ႕ေတာင္ေပြ႕ခ်ီနိုင္သည္ ။

" သား ပါပါးကဘယ္မွာလဲ … သားကိုအေဖာ္ျပဳမေပးဘူးလား "

" ပါပါးလား "

ေျပာရင္းကုကုကခုံတန္းေလးဘက္ကိုလွည့္ၾကည့္ကာ လက္ညွိုးၫႊန္ျပၿပီးေျပာလာသည္ ။

" ပါပါးကဟိုမွာထိုင္ေနတာ … ခန႔္ညားတဲ့ဦးဦးႀကီးနဲ႕ "

ဧကရာဇ္ေမာင္အစကၿပဳံးေနေပမဲ့ သားေလးရဲ႕ေနာက္ဆုံးစကားေၾကာင့္ မ်က္ႏွာကမဲေမွာင္သြားၿပီး မုျဒာတို႔ဘက္လွည့္ၾကည့္လာသည္ ။ ထင္သည့္အတိုင္း ထိုလူက ဇြဲျဖစ္ေနသည္ ။ ဧကရာဇ္ေမာင္က သားေလးကိုမေက်မနပ္ျဖင့္ေမးလာသည္ ။

" သားေလး ဦးနဲ႕အဲ့ဒိဦးဦးနဲ႕ ဘယ္သူကပိုခန႔္ညားလဲ "

ကုကုေလးက ဇြဲကိုတစ္လွည့္သူ႕ကိုေပြ႕ခ်ီထားတဲ့ဧကရာဇ္ကိုတစ္လွည့္ၾကည့္ေနၿပီးေနာက္ မ်က္ႏွာႀကီးရာဟင္းဖက္ပါဆိုသည့္အတိုင္း သူ႕ကိုေပြ႕ခ်ီေပးတဲ့သူကိုသာ ဦးစားေပးေလသည္ ။

" ဒီဦးဦးကအခန႔္ညားဆုံးပဲ "

" အဟား … ငါ့သားကေတာ္လိုက္တာကြာ "

သားအဖႏွစ္ေယာက္ရယ္ေမာေနၾကသည္ ။ တစ္ဖက္တြင္ေတာ့ဇြဲနဲ႕မုျဒာက စကားေကာင္းေနတုန္းျဖစ္သည္ ။

" ဒါနဲ႕ ကိုဇြဲကေရာ မိတ္ဖက္ရွာဖို႔အစီစဥ္မရွိဘူးလား "

" ကိုယ့္အသက္က ၃၀ ေက်ာ္ေနၿပီ … ဒီအ႐ြယ္ကစီးပြားေရးကိုဦးစားေပးလုပ္ကိုင္ရမဲ့အ႐ြယ္ … မိတ္ဖက္ရွာဖို႔အခ်ိန္လြန္သြားၿပီ … ရွာမေတြ႕နိုင္ေတာ့ပါဘူး "

"  ကိုဇြဲလိုလူႀကိဳက္မ်ားတဲ့လူက ရွာဖို႔ခက္တယ္ဆိုတာမျဖစ္နိုင္ဘူး "

" တကယ္ေတာ့ ကိုယ္ကလဲမရွာခ်င္ေတာ့တာပါ … ကိုယ္အခုအကိုဝမ္းကြဲရဲ႕ကေလးကိုပဲ အေမြဆက္ခံဖို႔ေမြးစားလိုက္ၿပီ … ခုကိုယ့္မွာသားေလးတစ္ေယာက္ရွိၿပီမို႔ မိတ္ဖက္ရွာဖို႔မလိုေတာ့ဘူး "

" ဒါေပမဲ့ ကိုဇြဲမွာမိတ္ဖက္မရွိရင္ၾကာလာရင္အခက္ႀကဳံရလိမ့္မယ္ … ေဆးေပးမီးယူတစ္ေယာက္ေလာက္ေတာ့ရွာသင့္တယ္ … ကြၽန္ေတာ္လဲ ကိုဇြဲကိုေႏြးေထြးတဲ့မိသားစုဘဝေလးနဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေနတာကို ျမင္ခ်င္မိတယ္ "

မုျဒာကဝမ္းနည္းတဲ့ေလသံေလးျဖင့္ေျပာလာသည္ ။ ငယ္စဥ္က ကိုဇြဲဟာအတန္းထဲမွာလူႀကိဳက္အမ်ားဆုံးျဖစ္ခဲ့သလို အ႐ြယ္ေရာက္လို႔ လုပ္ငန္းခြင္ဝင္ေတာ့လဲ မိတ္ဖက္ဖို႔ကမ္းလွမ္းလာသည့္ေဆြႀကီးမ်ိဳးႀကီးထဲက အိုမီဂါေတြမ်ားစြာရွိခဲ့သည္ ။ ဒါေပမဲ့အားလုံးကိုျငင္းပယ္ကာ ခုခ်ိန္ထိ တစ္ေယာက္ထည္းရွင္သန္ေနထိုင္သည္ ။

မိဘခ်င္းသေဘာတူထားသည့္ သူတို႔ရဲ႕ေပါင္းဖက္မႈကိုမုျဒာကဖ်က္သိမ္းခဲ့ၿပီး ေမာင့္ကိုသာေ႐ြးခ်ယ္ခဲ့သည္ ။ ဇြဲက မုျဒာေမာင္နဲ႕မသင့္ျမတ္ခင္တုန္းကလဲကူညီေပးခဲ့သလို သင့္ျမတ္တဲ့ထိအနားမွာရွိေနေပးသည္ ။ မုျဒာသူ႕ေၾကာင့္မ်ား ဇြဲကေနာက္ထပ္အေဖာ္ကိုရွာဖို႔ခက္ခဲေနသလားဟုထင္မိကာ အျပစ္ရွိသလိုခံစားေနရသည္ ။

သိေနတဲ့ဇြဲက မုျဒာေက်ာကိုဖြဖြေလးပုတ္ေပးလာၿပီး …

" ကိုယ္အိမ္ေထာင္မျပဳခ်င္တာက မင္းနဲ႕ဘာမွမဆိုင္ပါဘူး … အျပစ္ရွိသလိုမခံစားပါနဲ႕ …  အမွန္တိုင္းေျပာရရင္ ဟိုအရင္ကကိုယ္မင္းအေပၚ ခံစားခ်က္ရွိခဲ့ေပမဲ့ ခုကိုယ့္ခံစားခ်က္ေတြအားလုံးကိုစြန႔္လႊတ္လိုက္ၿပီ … မင္းကကိုယ့္အတြက္ ညီငယ္ေလးတစ္ေယာက္လိုပဲ … မင္းလိုအပ္တဲ့အခ်ိန္တိုင္း အကိုႀကီးတစ္ေယာက္လို မင္းကိုကာကြယ္ေစာင့္ေရွာက္ေပးမယ္ "

" ဘယ္သူကမင္းကို လိုအပ္ေနလို႔လဲ … ေဝးေဝးမွာသာေနစမ္းပါ "

အေနာက္ကအသံထြက္ေပၚလာၿပီး မုျဒာေက်ာေပၚက ဇြဲရဲ႕လက္ကိုပုတ္ထုတ္ကာ အေနာက္ကေနေပြ႕ဖက္လာသည္ ။ ဧကရာဇ္ေမာင္ မ်က္ႏွာကရွစ္ေခါက္ခ်ိဳးနဲ႕ ဇြဲကိုၾကည့္လိုက္ၿပီး …

" ဒီညီေလးက မင္းလိုအကိုႀကီးကိုမလိုအပ္ဘူး … သူ႕ေယာက္်ားငါတစ္ေယာက္လုံးရွိတယ္ "

ဇြဲက ဧကရာဇ္ေမာင္ရဲ႕အူတိုေနပုံကိုၾကည့္ကာ ရယ္လိုက္ၿပီး …

" ေျပာထားအုံးေပါ့ ဧကရာဇ္ေမာင္ရာ … ငါ့ညီေလးကိုမင္းစိတ္ဆင္းရဲေအာင္လုပ္ရင္ အဲ့ခါၾကမင္းနဲ႕ငါတစ္ပြဲတစ္လမ္းႏႊဲၾကတာေပါ့ "

" မုျဒာကငါ့ေၾကာင့္ဘယ္ေတာ့မွစိတ္ဆင္းရဲရမွာမဟုတ္ေတာ့ဘူး … မင္းစိတ္ခ်လက္ခ်သာထြက္သြားလိုက္ေတာ့ "

မုျဒာကသူ႕ကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားတဲ့ ဧကရာဇ္လက္ကို ဖြဖြေလးရိုက္လိုက္ၿပီး …

" ေတာ္ေတာ့  …ကိုဇြဲကိုျပႆနာမရွာနဲ႕ေတာ့ … ၿပီးေတာ့ လက္ကိုလဲလႊတ္အုံး အသက္ရႉၾကပ္ေနၿပီ "
ထိုအခါမွ ဧကရာဇ္ေမာင္ လႊတ္ေပးလာၿပီး မုျဒာနဲ႕ဇြဲၾကားကိုအတင္းတိုးထိုင္ကာ မုျဒာကိုဖက္ထားေလသည္ ။ ထိုအခါေဘးမွာရွိေနတဲ့ကုကုေလးကလဲ အားက်မခံ မုျဒာနဲ႕ဧကရာဇ္ေမာင္ေပါင္ေပၚတက္ထိုင္လိုက္သည္ ။ သားအဖ ၃ ေယာက္ၿပဳံးရယ္ေနတာကိုၾကည့္ၿပီး ဇြဲလဲအေႏွာက္အယွက္ျဖစ္မွာဆိုးကာ ထၿပီးထြက္သြားဖို႔ျပင္သည္ ။ မျပန္ခင္ မုျဒာကိုႏႈတ္ဆက္လိုက္သည္ ။

" မုျဒာ တကယ္ေတာ့ကိုယ္မင္းဆီလာတာက ကိုယ္ျပန္ရေတာ့မဲ့အေၾကာင္းေျပာမလို႔ "

" ကိုဇြဲက ရန္ကုန္ျပန္ေတာ့မွာလား "

"  ခုကိုယ္နဲ႕အရာရွိက်န္းလိုက္ေနတဲ့အမႉကၿပီးၿပီ … အေမလဲက်န္းမာေရးျပန္ေကာင္းလာၿပီဆိုေတာ့ ကိုယ္တို႔အေဖရဲ႕ေနရာကိုေျပာင္းၾကေတာ့မွာ "

" ဒါဆိုကိုဇြဲက ဂ်ပန္ကိုျပန္ေတာ့မွာေပါ့ "

" ဟုတ္တယ္ … အေမကအၿငိမ္းစားယူၿပီးေတာ့ ဒီမွာပဲဆက္ေနခ်င္ေပမဲ့ ခုလိုေတြျဖစ္သြားေတာ့ ကိုယ္စိတ္မခ်ေတာ့ဘူး … ဒါေၾကာင့္အေဖ့ရဲ႕ေနရာကိုေျပာင္းေနဖို႔ျပင္ဆင္ေနတာ … ၿပီးေတာ့ ဒီမွာရွိတဲ့ကိုယ့္လုပ္ငန္းေတြကို တစ္ျခားသူကိုဦးစည္းဖို႔လႊဲေျပာင္းေပးမွာမို႔ ကိုယ္ျပန္လာျဖစ္ဖို႔မေသခ်ာေတာ့ဘူး "

" ဒါဆိုအကိုက်န္းက်န္းမာမာနဲ႕ေပ်ာ္႐ႊင္ေအာင္ေနပါ … ေဒၚေလးကိုလဲပိုၿပီးဂ႐ုစိုက္ေပးပါ "

" အင္း … ဒါဆိုကိုယ္သြားေတာ့မယ္ … ႏႈတ္ဆက္ခဲ့ပါတယ္ … မင္းတို႔ကိုလဲ ဂုဏ္ျပဳေပးပါတယ္ကြာ … ေပ်ာ္႐ႊင္ေအာင္ေနၾက "

ထိုအခါ တစ္ခ်ိန္လုံးၾကည့္မရေနခဲ့တဲ့ ဧကရာဇ္ေမာင္က ဇြဲအားၾကည့္ကာ ေလးနက္စြာျဖင့္ေျပာလာသည္ ။

" ေက်းဇူးတင္ပါတယ္ ဇြဲ … မုျဒာကို ေစာင့္ေရွာက္ေပးခဲ့လို႔ "

ဧကရာဇ္ထံက ေက်းဇူးတင္စကားၾကားရလိမ့္မယ္ထင္မထား၍ ခနမွ်ေၾကာင္အမ္းသြားေပမဲ့ ဇြဲၿပဳံးလိုက္သည္ ။

" ရပါတယ္ကြ … မင္းကိုေက်းဇူးမသိတတ္တဲ့သူလို႔ထင္ခဲ့တာ … ခုလိုၾကားရေတာ့လဲ နားေထာင္ရတာတစ္မ်ိဳးႀကီးပဲ … ငါ့ကိုေက်းဇူးတင္ဖို႔မလိုပါဘူး … မုျဒာတို႔မိသားစုကိုသာ ပိုၿပီးဂ႐ုစိုက္ေပးပါ "

" မင္းေျပာဖို႔မလိုပါဘူး … ငါတစ္ဘဝလုံးနဲ႕ရင္းၿပီး ဂ႐ုစိုက္ေစာင့္ေရွာက္သြားမွာ "

" ဒါဆို ငါလဲစိတ္ခ်ၿပီ … သြားေတာ့မယ္ အားလုံးကိုႏႈတ္ဆက္ခဲ့ပါတယ္ ေပ်ာ္႐ႊင္ပါေစ "

ဇြဲက လက္ျပႏႈတ္ဆက္ရင္း ျပင္ဆင္ထားတဲ့အထုတ္အပိုးေတြကို ကားထဲထည့္ၿပီး ယံယံနဲ႕အတူ ဦးစြာထြက္ခြာသြားသည္ ။ ဧည့္သည္ေတြက လာၿပီးျပန္ၾကရိုးမွန္ေပမဲ့ ခုလိုလက္ျပႏႈတ္ဆက္ၿပီး ထြက္သြားတာျမင္ေတာ့ ရင္ဘက္ထဲမွာ ဟာသာသာျဖစ္ေနသည္ ။ ဧကရာဇ္က မုျဒာရဲ႕ႏွဖူးေလးကို ဖြဖြေလးနမ္းလိုက္ၿပီး …

" ဝမ္းနည္းေနတာလား "

" လူေတြအမ်ားႀကီးနဲ႕ခနသာေနၿပီး သူတို႔ထြက္သြားၾကေတာ့လဲ ရင္ထဲမွာဟာသြားသလိုပဲ … ကိုဇြဲနဲ႕ယံယံကကြၽန္ေတာ့အေပၚအေကာင္းဆုံးမိတ္ေဆြေကာင္းေတြ … သူတို႔ရဲ႕ေက်းဇူးေတြကိုအၿမဲအမွတ္ရေနမွာ  "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued ……

Continue Reading

You'll Also Like

28.2K 839 11
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
40.7K 1K 24
You made me fall in love with you in the most captivating and delicate way. With you by my side, I felt loved and free. You gave me a taste of heaven...
1.1K 59 2
❢ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 . . . (M/n) is the proxy of Trenderman and when they both went to Slender Mansion, he gained a lot of attention.
1.6M 107K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...