ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 37

1.1K 142 0
By Swae_Nyoe

အပိုင်း (၃၇) စက္ကူရုပ်အသစ်။

မျှော်လင့်ထားသည့်အတိုင်း ထိုပြဇာတ်ရုံက တိတ်ဆိတ်ကာ မှောင်ပင်မှောင်နေသည်။

နင်မုန့်က အပြစ်မကင်းသလို ခံစားရသည့်အပြင် ကြောက်လည်းကြောက်နေမိသည်။ သူမက ခြေသံကိုပေါ့အောင် လုပ်ပြီးအထဲသို့ တစ်ဖြည်းဖြည်းချင်းစီ ဝင်သည်။

ဒီတစ်ကြိမ် သူမ လာရသော ရည်ရွယ်ချက်က စင်နောက်ဖက်သို့ ဦးတည်ရန် ဖြစ်သည်။ ဘယ်သူမှမရှိနေသော်လည်း ထိုနေရာတွင် မီးကလင်းနေသည်။

ထိုနေရာတွင်လည်း ခုံများပေါ်တွင် တင်ထားသော စက္ကူရုပ်များကို မြင်လိုက်ရသည်။ အားလုံးက ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။ နင်မုန့်က သူတို့ကို တစ်ချက် ကြည့်လိုက်သော်လည်း သူမကို ကြောက်စေသော တစ်ရုပ်ကိုမျှ မမြင်ရချေ။

ထိုနေရာရှိ စက္ကူအရုပ်များက မတူနေချေ။ အချို့က ရုပ်ဆိုးပြီး အချိုကမူ အထူးတလည် ဆွဲထာသလိုမျိုး အသက်ဝင်သယောင် ဖြစ်နေသည်။ ဒါကလုပ်သူ ကွာခြားသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် လက်ရာက မတူနေခြင်းလည်း ဖြစ်နိုင်လေသည်။

သူမက ခေါင်းအစခြေအဆုံး လေ့လာနေပြီး နောက်ဆုံးတွင် ထောင့်နားတွင် တိတ်ဆိတ်စွာ ထိုင်နေသလိုမျိုး အသက်ဝင်သည့် အရုပ်တစ်ရုပ်ကို ရှာတွေ့လိုက်သည်။

ထိုစက္ကူရုပ်က ပန်းပွင့်များပါသော ဝတ်စုံကိုဝတ်ထားပြီး အနည်းငယ် ချစ်စဖွယ်ကောင်းသည့် လှပသည့်ဖက်ကို သာသွားသည့်ရုပ်ရည် ကိုပိုင်သည်။ မျက်လုံးက အိပ်မောကျနေသူနှင့်တူသည်။

ထိုမျက်လုံးများက လှုပ်နိုင်ခြင်းရှိမရှိကိုမူ နင်မုန့်အနေနှင့် မသေချာချေ။ ထိုမျက်လုံးများက ပိတ်လျက်သာ ဆွဲထားခြင်းလော။ သို့မဟုတ် တမင်ပိတ်နေခြင်းလော ဆိုသည်။အားလည်း မသေချာပြန်ချေ။ သို့ရာတွင် ထိုအရုပ်က အတန်ငယ်ကြောက်စရာ ကောင်းသည်။ဟုသူမက ခံစားမိနေသည်။

နင်မုန့်က အရုပ်ကို သေချာကြည့်ပြီးနောက်တွင် အပြင်ဘက်မှ အသံကိုကြားလိုက်ရသည်။ သူမက လှည့်ကြည့်လိုက်ပြီး ထွက်ခွာမည့်အချိန်တွင် သူမ၏အနောက်မှ စက္ကူအရုပ်က ရုတ်တရက် မျက်လုံး ဖွင့်လာခြင်းကို သတိမထားမိချေ။

စနစ်က သတိပေးသည်။

"မင်းရဲ့အနောက်က အရုပ်က မျက်လုံး ပွင့်လာပြီ"

နင်မုန့်က ကြောင်သွားပြီး ခပ်မြန်မြန် ခေါင်းလှည့်ကြည့် လိုက်သော်လည်း အရုပ်က နဂိုပုံစံအတိုင်း ပြန်ဖြစ်နေပြန်ကာ စနစ်က သူမကို နောက်နေခြင်း ဟုတ်မဟုတ်ပင် သံသယဝင်သွားစေသည်။

သို့သော် သူမ၏ နှလုံးခုံသံကလည်း မြန်လာသည်။ သွေးကြောများကလည်း တင်းကြပ်လာပြီး ဒီထူးဆန်းသော နေရာမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

ဒီအရိပ်ပြဇာတ်အဖွဲ့က သေချာပေါက် သာမန်အဖွဲ့ မဟုတ်နိုင်တော့ချေ။ ယခင်က သူတို့ဖန်းတီးခဲ့သော စက္ကူအရုပ်က မျက်လုံထည့်လိုက်သည်။နှင့် အသက်ဝင်လာခဲ့ဖူးသည်။ ယခုမူနောက်ထပ် အရုပ်တစ်ရုပ်က မျက်လုံးဖွင့်နိုင်နေသည်။ တစ်ယောက်ယောက်က အတည်ပြုပေးစရာ မလိုလောက်အောင် သူမကစတင် ပြေးသွားပြီဖြစ်သည်။

သူမ၏စူးစိုက် ကြည့်နေသော အကြည့်အောက်တွင် သူမ၏အနောက်မှ စက္ကူအရုပ်က မည်သည့်လှုပ်ရှားမှုမှ လုပ်မနေခဲ့ချေ။

အဆုံးတွင် နင်မုန့်က နောက်ပြန်လှည့်ပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမက အသံ ကျယ်ကျယ်လောင်လောင် ထွက်သွားအောင် မလုပ်ရဲချေ။ သူမ၏အနည်းငယ် ပြေးမယောင် လမ်းလျှောက်နေခြင်းကပင် ကြမ်းပြင်တွင် ဆူညံသံကို ထွက်ပေါ်လာစေနေသည်။

သူမက နောက်လှည့်လိုက်သည့် အချိန်တွင်မူ စက္ကူအရုပ်က စ၍လှုပ်ရှားပြီ ဖြစ်သည်။

ပြားကပ်နေသော စက္ကူအပြားက ကြမ်းပြင်သို့ကျသွားပြီး ဖြေးညှင်းစွာပင် သူ၏လက်များ ခြေထောက်များကို သုံပြီးတွားသွား လာသည်။ အလွန်အမင်း သွက်လက်လွန်းနေသဖြင့် ထိုလူ၏အနောက်ဖက်သို့ ချက်ချင်းဆိုသလို‌ ရောက်သွားသည်။

စနစ်က အလောတကြီး တိုက်တွန်းသည်။

"မြန်မြန်ပြေး မြန်မြန်သွားတော့ စက္ကူရုပ်က နောက်ကလိုက်နေပြီ"

နင်မုန့်က အချိန်မှီ နောက်သို့ ခေါင်းပြန်မလှည့်နိုင်တော့ဘဲ စတင်ကာ ပြေးတော့သည်။ အဆုံးတွင် ပြဇာတ်ရုံဝင်ပေါက်၏ အရှေ့တွင် ရပ်မိသွားမည်ဟု သူမက မမျှော်လင့်ထားမိချေ။ အကြောင်းမူကာ စက္ကူရုပ်က တွားသွားလျက် သူမ၏အရှေ့တွင် ပေါ်လာသောကြောင့် ဖြစ်သည်။ သူ၏ပြားကပ်နေသော ကိုယ်က ကြမ်းပြင်တွင် ကပ်နေပြီး မျက်လုံးကမူ သူမကို တည့်တိုး စိုက်ကြည့်နေသည်။ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ပြောနေသလိုမျိုး ရွတ်နေသည့်တိုင်အောင် အသံက ထွက်မလာခဲ့ချေ။

"ဒါကလည်း ဖြစ်နိုင်ချေရှိတာဘဲ အသံလျှပ်စီး ကြိုးတပ်ထားတာမျိုး မဟုတ်ရင် ဘယ်လိုလုပ် အသံက ထွက်နိုင်မှာလဲ"

နင်မုန့်က စက္ကူရုပ်ကို သတိအနေအထားဖြင့် ကြည့်နေပြီးနောက် ကိုယ့်လက်ကိုယ်ပြန် ဆိတ်လိုက်မိသည်။ သူမက စက္ကူအရုပ်က အနီးကပ်လာနေချိန်တိုင်း နောက်သို့သာ ဆုတ်နိုင်လေသည်။

ဖြစ်နိုင်သည်မှာ သူမက သက်ရှိတစ်ယောက်ဟု ခံစားမိသောကြောင့် စက္ကူအရုပ်အတွင်းရှိ မျက်ဝန်းက လင်းလက်လာလေသည်။

တကယ်ကို တကယ့်အစစ် လူသားပဲ။

နင်မုန့်ကလည်း စက္ကူရုပ်က သူမကိုချည်းကပ် လာနေခြင်းကို သိသည်။ ချည်းကပ်လာနေသော အနေအထားက ရုပ်ရှင်များအတွင်းတွင် မြင်ဖူးသည့်အတိုင်း ဖြစ်နေသဖြင့် သူမကမျက်လုံးကို မှိတ်ကာအသားကုန် အော်လိုက်သည်။

"အရှင်သခင်ကြီး.. အရှင်သခင်ကြီး အလင်းရဲ့အရှိန်နှုန်းနှင့် ငါ့ကိုလာကယ်ပါ"

အချိန်အတန်ကြာ ကုန်းဆုံးသွားပြီးနောက်တွင် သူမကမျက်လုံကို ခပ်ဖြည်းဖြည်းချင်း ဟလျက် ကြည့်လိုက်ချိန်တွင် သူမကြောင့် လန့်သွားသော စက္ကူရုပ်က လှုပ်ရှားနေမှုမှ ရပ်တန့်သွားကြောင်းကို မြင်တွေ့လိုက်ရသည်။ သူမက မနေနိုင်တော့ဘဲ စနစ်နှင့်စကား ပြောလိုက်သည်။

"ငါ့မှာ ဒီလိုစွမ်းအင် ရှိမယ်လို့ တကယ် မထင်ထားဘူး"

စနစ်က ပြန်တုံ့ပြန်သည်။

"တကယ်တော့ မင်းရဲ့မြေးက အနောက်ကို ရောက်နေတာ"

နင်မုန့်ကခေါင်း လှည့်ကြည့်လိုက်သောအခါ သူမ၏အနောက်တွင် ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာထားနှင့် ရှီချီကို မြင်လိုက်ရသည်။ သူမကဲ့သို့သော လူမျိုးကို မမြင်ခဲ့ဖူးဟု သူက တွေးနေတာ ဖြစ်လောက်သည်ဟု သူမကလည်း တွေးလိုက်မိသည်။

သူမ၏ပြီးပြည့်စုံသော လျှို့ဝှက်ဆန်းကျယ်သည့် အဘွားတစ်ယောက်၏ ရုပ်အသွင်ကို ဖျက်ဆီးလိုက်မိလေသည်။

ပြဇာတ်ရုံအတွင်းတွင် မည်သည့်မီးမှလည်း မမှိတ်ထားသလို မည်သည့်တံခါးမှလည်း ခပ်တင်းတင်း မပိတ်ထားသဖြင့် အလင်းပေါက်ဖက်က ကျနေပြီး ရှီချီ၏ ကိုယ်ပေါ်ကျဆင်းနေသည်။ ရှီချီ၏အကြည့်က သူမထံရောက်နေပြီး သူမကို ကြင်နာစွာ သတိပေးသည်။

"မင်းမသွားသေးဘူးလား"

နင်မုန့်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီးနောက်တွင် သူမ၏လက်ကို ပြန်ရုတ်ကာ သဏ္ဌာန်ကို ပြန်မတ်လိုက်လျက် ပြောလိုက်သည်။

"ငါသွားတော့မှာ ဒါပေါ့ သွားတော့မှာ"

ရှီချီက ဒီနေရာတွင် ရောက်လာသဖြင့် သူမက စိတ်အေးစွာဖြင့် ထိုအရုပ်က မလှုပ်နိုင်တော့ခြင်းကို နားလည်လိုက်သည်။

သူမက တံခါးမှ ဖြတ်သွားပြီးနောက်တွင် နောက်သို့တစ်ဖန် ပြန်လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုစက္ကူအရုပ်၏ ကျောတွင် အဆောင်လက်ဖွဲ့တစ်ခုက ကပ်နေသည်။ ထို့ကြောင့် မလှုပ်တော့ခြင်းလည်း ဖြစ်နိုင်သည်။ အပြင်တွင် အတော်တန်ကြာအောင် စောင့်နေသည့်တိုင် ရှီချီကလိုက်မလာခဲချေ။ စနစ်ကပြောသည်။

"မင်းရဲ့မြေးက အဲဒီစက္ကူရုပ်ကို ကိုင်တွယ်နေတာ ဖြစ်လောက်တယ်"

နင်မုန့်က ခေါင်းညိတ်သည်။

"နင်ပြောတာ မှန်တယ်ဘာဘဲဖြစ်ဖြစ် သူကအခုအချိန်မှာ ဖြောင့်မတ်မှန်ကန်တဲ့ လူကောင်းတစ်ယောက်ဘဲ သူကောက်ကျစ်စွာနှင့် မကြီးပြင်းလာခဲ့ဘူး"

ပြဇာတ်ရုံအတွင်းတွင်မူ တိတ်ဆိတ်နေသည်။ ...

ရှီချီက စက္ကူရုပ်ကို လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာထားက လေးနက်သွားသည်။ သူက တည်ငြိမ်စွာ မေးသည်။

"သူမကို မခြောက်နဲ့ အဲ့ဒီကိစ္စက မကြာခင်ဖြေရှင်းလို့ ပြီးသွားလိမ့်မယ်"

သူက အဆောင်လက်ဖွဲ့ကို ဖြဲလိုက်သည့်အခါ စက္ကူရုပ်က တုန်ရင်သွားသည်။

အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် စက္ကူရုပ်က မြေပြင်သို့ ကျော်ဖြတ်သွားပြီး အပြင်ဖက်မှ ပျောက်ကွယ်သွားကာ ထောင့်တစ်နေရာသို့ ပြန်ရောက်သွားသည်။ သူကထိုနေရာမှ တစ်လက်မပင် မရွေ့ခဲ့ဖူးသည့်တိုင်း ထင်ရသည်။

...

ထိုညနေတွင် ချုံခယ့်ခယ့်က အိမ်သို့မပြန်ဘဲ ကန်တင်းတွင် နေသည်။ သူမက သူမ၏မိသားစုနှင့် ငြင်းခုံခဲ့ပြီး အိမ်သို့ မပြန်ချင်သဖြင့် ကန်တင်းတွင်သာ စားလိုက်ခြင်းဖြစ်သည်။

သူမနှင့်အတူ မေးခွန်းစာရွက်များကို ယူလာခဲ့သည်။ သူမကအခန်းသို့လည်း မပြန်ချင်ချေ။ အကြောင်းမူကာ ကျောင်းသားများ ပျောက်ရှမည်ကို ဆိုးကာအခန်းတံခါးများ ပိတ်ထားလေ့ရှိသောကြောင့် ဖြစ်သည်။

ကျောင်းသားများ၏ ပစ္စည်းများပျောက်မည်ကို စိုးရိမ်သောကြောင့် ပိတ်ထားလေ့ရှိသည်။

သူမက မေးခွန်းတစ်ဝက်ခန့်ကို လုပ်ပြီးသောအချိန်တွင် သူမ၏ခေါင်းကို မော့ကြည့်လိုက်သောအခါ ကန်တင်းတွင် သူမတစ်ယောက်တည်း ဖြစ်နေခြင်းမရှိဘဲ အခြားဆံပင်ရှည်သော မိန်းကလေးတစ်ယောက် ရှိနေကြောင်း မြင်လိုက်ရသည်။

ကျောင်းကန်တင်းက အိမ်ဝေးသော ကျောင်းသူများနှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသူများကသာ လာလေ့ရှိသည်။ ဒီနေရာရှိ အစားအစာများ၏ အရသာက အပြင်ဘက်ဆိုင်များလို မကောင်းကတည်းက ဒီနေရာသို့ လာသောကျောင်းသား ကျောင်းသူများက များပြားလေ့ မရှိချေ။ တစ်ယောက်စ နှစ်ယောက်စကသာ ဒီနေရာတွင် တစ်နေ့ခင်းလုံး နေနေလေ့ရှိသည်။

ထိုမိန်းကလေးက စားပွဲပေါ်မှ မှောက်လျက်နေပြီး အိပ်ပျော်နေသဖြင့် ချုံခယ့်ခယ့်ကလည်း သူမကိုအာရုံ မစိုက်တော့ချေ။

သူမ၏ မေးခွန်းစာရွက်ကို ဖြေပြီးနောက်တွင် ကျောင်းသူများ အတန်းသွားတက်ရန် အချိန်ကျနေလေပြီ ထိုမိန်းကလေးက နဂိုအတိုင်း ဆက်ရှိနေသေးကြောင်းကို မြင်သောအခါ သူမကသွားနှိုးရန် ဆုံးဖြတ်လိုက်သည်။ ချုံခယ့်ခယ့်က အနားသို့ ဂရုတစ်စိုက် လျှောက်သွားပြီးနောက်တွင် စားပွဲကိုခေါက်လိုက်သည်။ သို့သော် ကောင်မလေးက မတုံ့ပြန်လာချေ။

သူမက ခေါ်လိုက်သည်။

"အတန်းသူ.. အတန်းသူ အတန်းတွေစတော့မယ်"

လေးကြိမ်ငါးကြိမ်သည့်တိုင် ဆက်တိုက် ခေါ်ပေးနေသော်လည်း ကောင်မလေးက မလှုပ်လာသလို အသံပင်မပြုသဖြင့် အိပ်နေရင်း သေသွားပြီဟုပင် ခံစားလိုက်ရသည်။

ချုံခယ့်ခယ့်က နောက်ဆုံးတွင် လက်ဆန့်ထုတ်လိုက်ပြီး သူမကိုအသာယာ တို့ကြည့်လိုက်သည်။

"အတန်းဖော် အတန်းက စတော့မယ် နှောင့်ယှက်ရတာတော့ စိတ်မကောင်းပါဘူး"

သူမက မျှော်လင့်ထားသည်မှာ ထိုသို့အသာလေး တို့လိုက်ရုံမျှဖြင့် ကောင်မလေးက ဘေးသို့ ရောက်သွားစေပြီး ကွေ့ကောက်သော ပုံစံအတိုင်း လှဲလျက်တုံ့ပြန်မှု မရှိဘဲရှိနေခြင်း ဖြစ်သည်။

ချုံခယ့်ခယ့်က စိတ်ထဲတွင် အထိတ်တလန့် အော်လိုက်မိသည်။

"ငါတွန်းလိုက်မိလို့ လက်မောင်းကျိုးသွားတာတော့ မဟုတ်လောက်ပါဘူးနော်"

ခံစားချက်က မကောင်းတော့သဖြင့် သူမက အားနည်းနည်း ပိုသုံးလိုက်သည်။ သို့သော် ကောင်မလေးကမူ အသိစိတ်မဲ့နေသလို ဖြစ်နေလေသည်။ ချုံခယ့်ခယ့်က တစ်ကိုယ်တော်ပြပွဲ လုပ်နေသလိုမျိုး မည်သည့်တုံ့ပြန်မှု ကိုမျှပေးမလာခဲ့ချေ။ ချုံခယ့်ခယ့်က နောက်ဆုံးတွင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားလိုက်မိပြီး သူမ၏ခံမှန်းချက်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်က အသက်ရှူနေ သေးသော်လည်း မနိုးလာခြင်းသာ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမနှင့်အတူ ဖုန်းကိုယူလာခဲ့သည်။ ထို့ကြောင့် 120ကိုခေါ်လိုက်သည်။

အတန်း(၆)မှ လူများက ထိုမတော်တစ်ဆမှုအကြောင်း ပြောပြီးကတည်းက ထိုမိန်းကလေး၏ အခြေအနေက ဇာတ်လမ်းထဲမှ အခြေအနေနှင့် ကွားခြာခြင်းမရှိဟု ခံစားရသည်။ ဒါက အလွန်ပင် ခံစားရသည်။

120ကို ခေါ်ပြီး ရောက်လာမည့် အချိန်ကို စောင့်ရင်း သူမက ဆရာကို လျင်မြန်စွာ သွားရှာလိုက်သည်။

...

နင်မုန့်က ပြဇာတ်ရုံထဲမှ ထွက်လာသည့်အချိန်တွင် လူတစ်ယောက်နှင့် တိုက်မိပြီး လဲကျသွားသည်။ ထိုလူကလည်း အားယိုးဟု အော်ပြီးသူမ၏ ရှေ့တွင်လဲကျလာသည်။ ထိုသူက ချုံခယ့်ခယ့်ဖြစ်သည်။ သူမကလည်း မျက်နှာကအလွန် ထိတ်လန့်နေဟန်ရသည်။

"ခယ့်ခယ့်.."

နင်မုန့်က သူမကို သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ဘာလို့ အလောတကြီး ပြေးလာတာလဲ ဘာလို့လဲ"

ချုံခယ့်ခယ့်က ခြေထောက်ကို ပွတ်ပြီးနောက်တွင် သူမ၏ ထူပေးမှုအတိုင်း ထလာကာ ခပ်တိုးတိုးပြောသည်။

"ငါတို့အတန်းကို မြန်မြန်ပြန်ပြီး ရုံးခန်းထဲမှာ ဆရာရှိမရှိ သွားကြည့်ရမယ်"

နင်မုန့်က သူမကိုတွဲပေးရင်း ကျောင်းအဆောင်များထဲ လှည့်လာသည်။

"ဘာဖြစ်လို့လဲ"

"နောက်ထပ် မိန်းကလေးတစ်ယောက် သတိမေ့သွားပြန်ပြီ"

ချုံခယ့်ခယ့်၏ မျက်နှာထားက အလွန်လေးနက်သော်လည်း ထိတ်လန့်မှုကလည်း ပါနေသည်။

"ဒီတစ်ကြိမ်မှာ ငါ့ရဲ့ကိုယ်ပိုင် မျက်လုံးနဲ့ ငါကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတာ"

သူမက အဖြစ်အပျက်များကို ပြန်ပြောပြသည်။

နင်မုန့်၏အသက်ရှူသံက မြန်သွားပြီး တစ်စုံတစ်ရာကို တွေးမိကာပြောသည်။

"ခယ့်ခယ့် ရုံးခန်းကိုအရင်သွားပါလား ငါ ကန်တင်းကို သွားပြီးကြည့်လိုက်မယ် ဆရာဝန်က လာနေလောက်ပါပြီ"

ချုံခယ့်ခယ့်က ပြန်ပြောသည်။

"ကောင်းပြီလေ"

နှစ်ယောက်သားက လမ်းခွဲလိုက်ကြသည်။ အပြင်ဘက်တွင်လည်း ဆေရုံကားသံက ထွက်လာပြီး လုံခြုံရေးကလည်း ခပ်မြန်မြန်ပင် ကားကိုအထဲသို့ ဝင်ခိုင်းကာ ဦးဆောင်ခေါ်လာပေးသည်။

နင်မုန့်ကလည်း ထိုအခြေအနေကို မြင်သောအခါ ကန်တင်းဘက်သို့ လျင်မြန်စွာ ဦးတည်လိုက်သည်။

သူမရှိနေသော နေရာမှကန်တင်းသို့ အကွာအဝေးက မဝေးသည့်အတွက် သိပ်မကြာခင်မှာတင် ရောက်သွားသည်။ ချုံခက်ခဲ့က ထားခဲ့သောစာအုပ်က ဘေးဘက်တွင် ရှိနေပြီးကောင်မလေးကလည်း ထိုအတိုင်းသာ လည်းနေသည်။

နင်မုန့်က အရှိန်ကိုနှေး ချလိုက်ပြီး အနားသို့ကပ်သွား ရင်းတံတွေး မျိုချလိုက်သည်။ စနစ်ကသူမကို ပြောသည်။

"ဒီကောင်မလေးက စိတ်ဝိညာဉ်ပျောက်သွားပြီ"

နင်မုန့်ကမေးသည်။

"စိတ်ဝိညာဉ်ပျောက်သွားတယ် ဟုတ်လား"

စနစ်ကဖြေးညှင်းစွာ ရှင်းပြသည်။

"လူသားတွေမှာ ထာဝရစိတ်ဝိညာဉ်သုံးခုနဲ့ သေမျိုးပုံစံ(၇)ခုဆိုတာ ရှိတယ် သေမျိုးစိတ်ဝိညာဉ်က ယင်ဘက်ကို ရောက်ပြီး ထာဝရစိတ်ဝိညာဉ်က ယန်ဘက်ကို ရောက်တယ် ဒီတော့ လူတစ်ယောက်ရဲ့ ထာဝရစိတ်ဝိညာဉ်က ဆုံးရှုံးဖို့လွယ်ကူတယ် ဒါကြောင့် ထာဝရစိတ်ဝိညာဉ်ကို ဆုံးရှုံးစေတာက ပုံမှန်မဟုတ်ဘဲ ပေါ်ထွက်လာဖို့ ခက်ခဲပါတယ် ဒါပေမဲ့အခု သူမက ထာဝရစိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်တာဆိုတော့ အခုလိုအပေါ်ယံမှာတော့ သတိမေ့သွားသလို ပုံစံပေါ်နေတော့တာပဲ"

သူမက ဘာမှမလုပ်နိုင်ခင်မှာပင် ဆရာဝန်သူနာပြုများက ကန်တင်းထဲသို့ ဝင်လာကြပြီး ကောင်မလေးကို လျင်မြန်စွာဖြင့် တွန်းလှည်းပေါ်သို့ တင်ကြကာ သူမ၏အရှေ့မှ ပျောက်ကွယ်သွားသည်။

နောက်တွင်ကျန်နေရစ်ခဲ့သော သူနာပြုက သူမကိုပြောသည်။

"အတန်းဖော် ဘာတွေဖြစ်သွားလဲ ဆိုတာကို သိလား ဒီကောင်မလေးက အခုဘယ်လို သတိမေ့သွားတာလဲ"

နင်မုန့်က ခေါင်းခါသည်။

"ကျွန်မလည်း မသိပါဘူး ဖုန်းခေါ်လိုက်တဲ့ အတန်းဖော်က အတန်းပိုင်ဆရာမကို သွားရှာနေပါတယ် ကျွန်မက လာကြည့်ပေးရုံဘဲ"

သူမထံမှ ဘာအဖြေမှ မရနိုင်တာ သေချာသောအခါ ထိုသူနာပြုကလည်း အချိန်မဖြုန်းတော့ဘဲ ခပ်မြန်မြန်ဖြင့် အပြင်သို့ ပြေးထွက်သွားပြီး သူမ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလို သူမတစ်ယောက်ထဲကသာ ကန်တင်းတွင် ကျန်နေတော့သည်။

နင်မုန့်က စနစ်၏ယခုလေးတင် ပြောသွားသောစကားများကို တွေးတောနေပြီး သတိလက်လွတ် ဖြစ်နေသူဖြစ်သည်။

"ကျောင်းထဲမှနေရင်း ဘယ်လိုဖြစ်လို့ စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရတာလဲ ဒါကဘယ်လိုတောင် ပေါက်ကရ စကားလဲ"

"ကျောင်းထဲမှာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အရာမျိုးရှိနေလို့လား"

သူမ၏ခေါင်းထဲတွင် စက္ကူအရုပ်နှစ်ရုပ်၏ ပုံသဏ္ဌာန်များက ပေါ်လာပြီးနောက် သူမ၏အတွေး ဦးတည်ရာက ပြောင်းလဲသွားသည်။ ထိုအရုပ်များကြောင့် သူတို့ကကြောက်လွန်းသဖြင့် စိတ်ဝိညာဉ် လွင့်သွားခြင်းလားဟု တွေးမိသွားသည်။

နင်မုန့်ကမေးသည်။

"ဒါဆိုရင် ငါတို့ သူမရဲ့ စိတ်ဝိညာဉ်ကို ဘယ်လိုပြန်ရှာရမလဲ ပြန်ခေါ်လာလို့ ရနိုင်လား"

ကလေးများက ကြောက်လန့်နေသည့် အချိန်တွင် သူတို့၏စိတ်ဝိညာဉ်က ကိုယ်အတွင်းမှ ထွက်ခွာသည်။ဟု လူအသိတစ်ယောက်က ပြောတာကြားဖူးသည်။ ထိုအချိန်တွင် သူတို့၏စိတ်ဝိညာဉ်ကို ပြန်ခေါ်ရန်လိုအပ်သည်။ အသက်ပိုကြီးပြီး ကလေး၏စိတ်ဝိညာဉ် ပျောက်ဆုံးသွားသော နေရာမှကလေး၏ ကိုယ်ပိုင်ပစ္စည်းကိုယူကာ နေရာကျယ်ကျယ် သို့မဟုတ်ကွင်းပြင်လို နေရာမျိုးတွင် နာမည်ကိုအော်ခေါ်ရသည်။ဟု ကြားဖူးသည်။

အတိတ်တွင် သူမက ထိုကဲ့သို့သော အရာမျိုးကို မယုံကြည်ခဲ့ချေ။ သို့ရာတွင် ယခုမူသူမ၏ မျက်လုံးဖြင့်ပင် သရဲများတည်ရှိခြင်းကို မြင်ခဲ့ဖူးပြီလေရာ မယုံကြည်သော အရာဟူ၍ မရှိတော့ချေ။

စနစ်က သူမကို နောက်ထပ် တုံ့ပြန်လာသည်။

"ဒါက မဖြစ်နိုင်ဘူး ကြောက်လွန်းလို့ စိတ်ဝိညာဉ် လွှင့်သွားတာနဲ့ မတူဘူး သူမရဲ့စိတ်ဝိညာဉ်က သာမန်အခြေအနေမျိုးမှာ ပျောက်ဆုံးသွားတာ ဒီတော့ စိတ်ဝိညာဉ်ကို ခိုးသွားတဲ့လူကို လိုက်ရှာရမယ်"

နင်မုန့်ကဖြေသည်။

"ဒါဆိုရင် ငါ ဘယ်နေရာကနေ စရှာရမှာလဲ"

သူမ၏ယင်ယန် မျက်လုံးက စိတ်ဝိညာဉ်ကို မမြင်နိုင်ချေ။ သရဲများနှင့် ကြောင်တောင်တောင် အရာများကိုသာ မြင်နိုင်လေသည်။ သူမက သဘာဝလွန်သော ဖြစ်တည်မှုများကိုလည်း မမြင်နိုင်ပေ။

စနစ်ကတုံ့ပြန်သည်။

"မင်းရဲ့မြေးကို အရင်ရှာပါ"

နင်မုန့်က မျက်လုံးပြူးသွားပြီးနောက် အချိန်တန်ကြာမှ ပြန်ဖြေလာသည်။

"နင်ပြောတာလဲ ဟုတ်တာပဲ။ ဒါပေမဲ့ သူက ငါ့ကို အဘွားလို့မခေါ်တော့ဘူး ဟူး... ငါက အကြီးအကဲ ရာထူးကနေ ကျသွားပါပြီ"

သူမက ကန်တင်းတွင် ထိုင်နေပြီးနောက်တွင် ဝမ်းနည်းညှိုးငယ် နေခဲ့သည်။ အချိန်တစ်ခုကြာမှသာ အတန်းသို့ ပြန်လေသည်။

အတန်းထဲတွင် လူအများရောက်နေကြပြီ ဖြစ်သည်။ ချုံခယ့်ခယ့်ကလည်း သူမ၏နေရာတွင် ပြန်ရောက်နေပြီး မျက်နှာထားက မကောင်းချေ။

ချုံခယ့်ခယ့်က သူမကို မြင်သောအခါ မေးလာသည်။

"နင်နင် ဆေးရုံကို ပို့လိုက်ပြီလား"

နင်မုန့်က ခေါင်းညိတ်သည်။

"ဆရာဝန်တွေက ခေါ်သွားကြတယ်"

ထိုကဲ့သို့သောကိစ္စက ကျောင်းတွင် ဖြစ်လာလေသည်။ တစ်ကြိမ်ဖြစ်လာလျှင် ပြဿနာမရှိသော်လည်း နှစ်ကြိမ်ဖြစ်လာလေရာ လူအများက စတင်ကာ ကြောက်စရာ ကောင်းသည်များကို တွေးတောနေကြသည်။ သူမက ချုံခယ့်ခယ့်ကို နှစ်သိမ့်ပေးပြီး တစ်ခဏခန့်ကြာမှသာ ခေါင်းလောင်းမြည်သဖြင့် သူမ၏နေရာသို့ ပြန်သည်။ သို့သော် သူမ၏ မြေးဖြစ်သူက မရောက်သေးကြောင်း သိလိုက်ရသည်။

အတန်းစပြီး တစ်ဝက်ခန့်ကြာမှသာ ရှီချီက ပြန်ရောက်လာသည်။ မျက်နှာထားကမူ အတန်ငယ် ဖြူဖျော့နေပြီး ဖျားနာနေသော မင်းသားငယ် တစ်ပါးလား ထင်ရသည်။

ဆရာကလည်း သူ့ကို အကြောင်းပြချက် မမေးချေ။ ဒီအတိုင်း သူ့နေရာသို့ ပြန်ထိုင်ခိုင်းလိုက်သည်။

နင်မုန့်က သက်ပြင်းချသည်။ ကျောင်းသားကောင်းများက ကွဲပြားစွာ ဆက်ဆံခံရသည်ဟု တွေးလိုက်မိလိုက်သည်။ သို့ရာတွင် ရှီချီက ဒီနေ့လည်တွင် တွေ့ရသောမြင်ကွင်းကို ပြန်တွေးမိသော် သူမက မျက်နှာကို အုပ်ချင်သွားသည်။ သူမက ဖြောင့်မတ်ပြီး ဂုဏ်ယူဖွယ်ရာ မဟာအဘွား ဖြစ်ခဲ့သည်။

"ဒါတောင် သူ့ရဲ့ရှေ့မှာ ဘယ်လိုရူးကြောင်ကြောင် ပြုမှုလိုက်တာလဲ"

ကံကောင်းစွာဖြင့် ရှီချီက သူမကို လက်ပူးလက်ကြပ် မမိသွားခဲ့ချေ။

...

"ငါ မမျှော်လင့်ထားဘူး အဘွားက တာအိုပညာရှင်ဖြစ်နေတယ်"

"ဒါပေမဲ့ ဘာလို့ တာအိုပညာတွေက သူမကို လက်မခံကြတာလဲ"

ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ

####

Zawgyi

အပိုင္း (၃၇) စကၠဴ႐ုပ္အသစ္။

ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုျပဇာတ္႐ုံက တိတ္ဆိတ္ကာ ေမွာင္ပင္ေမွာင္ေနသည္။

နင္မုန႔္က အျပစ္မကင္းသလို ခံစားရသည့္အျပင္ ေၾကာက္လည္းေၾကာက္ေနမိသည္။ သူမက ေျခသံကိုေပါ့ေအာင္ လုပ္ၿပီးအထဲသို႔ တစ္ျဖည္းျဖည္းခ်င္းစီ ဝင္သည္။

ဒီတစ္ႀကိမ္ သူမ လာရေသာ ရည္႐ြယ္ခ်က္က စင္ေနာက္ဖက္သို႔ ဦးတည္ရန္ ျဖစ္သည္။ ဘယ္သူမွမရွိေနေသာ္လည္း ထိုေနရာတြင္ မီးကလင္းေနသည္။

ထိုေနရာတြင္လည္း ခုံမ်ားေပၚတြင္ တင္ထားေသာ စကၠဴ႐ုပ္မ်ားကို ျမင္လိုက္ရသည္။ အားလုံးက ၿပီးျပည့္စုံလုနီးပါး ျဖစ္ေနသည္။ နင္မုန႔္က သူတို႔ကို တစ္ခ်က္ ၾကည့္လိုက္ေသာ္လည္း သူမကို ေၾကာက္ေစေသာ တစ္႐ုပ္ကိုမွ် မျမင္ရေခ်။

ထိုေနရာရွိ စကၠဴအ႐ုပ္မ်ားက မတူေနေခ်။ အခ်ိဳ႕က ႐ုပ္ဆိုးၿပီး အခ်ိဳကမူ အထူးတလည္ ဆြဲထာသလိုမ်ိဳး အသက္ဝင္သေယာင္ ျဖစ္ေနသည္။ ဒါကလုပ္သူ ကြာျခားေသာေၾကာင့္ ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ လက္ရာက မတူေနျခင္းလည္း ျဖစ္ႏိုင္ေလသည္။

သူမက ေခါင္းအစေျခအဆုံး ေလ့လာေနၿပီး ေနာက္ဆုံးတြင္ ေထာင့္နားတြင္ တိတ္ဆိတ္စြာ ထိုင္ေနသလိုမ်ိဳး အသက္ဝင္သည့္ အ႐ုပ္တစ္႐ုပ္ကို ရွာေတြ႕လိုက္သည္။

ထိုစကၠဴ႐ုပ္က ပန္းပြင့္မ်ားပါေသာ ဝတ္စုံကိုဝတ္ထားၿပီး အနည္းငယ္ ခ်စ္စဖြယ္ေကာင္းသည့္ လွပသည့္ဖက္ကို သာသြားသည့္႐ုပ္ရည္ ကိုပိုင္သည္။ မ်က္လုံးက အိပ္ေမာက်ေနသူႏွင့္တူသည္။

ထိုမ်က္လုံးမ်ားက လႈပ္ႏိုင္ျခင္းရွိမရွိကိုမူ နင္မုန႔္အေနႏွင့္ မေသခ်ာေခ်။ ထိုမ်က္လုံးမ်ားက ပိတ္လ်က္သာ ဆြဲထားျခင္းေလာ။ သို႔မဟုတ္ တမင္ပိတ္ေနျခင္းေလာ ဆိုသည္။အားလည္း မေသခ်ာျပန္ေခ်။ သို႔ရာတြင္ ထိုအ႐ုပ္က အတန္ငယ္ေၾကာက္စရာ ေကာင္းသည္။ဟုသူမက ခံစားမိေနသည္။

နင္မုန႔္က အ႐ုပ္ကို ေသခ်ာၾကည့္ၿပီးေနာက္တြင္ အျပင္ဘက္မွ အသံကိုၾကားလိုက္ရသည္။ သူမက လွည့္ၾကည့္လိုက္ၿပီး ထြက္ခြာမည့္အခ်ိန္တြင္ သူမ၏အေနာက္မွ စကၠဴအ႐ုပ္က ႐ုတ္တရက္ မ်က္လုံး ဖြင့္လာျခင္းကို သတိမထားမိေခ်။

စနစ္က သတိေပးသည္။

"မင္းရဲ႕အေနာက္က အ႐ုပ္က မ်က္လုံး ပြင့္လာၿပီ"

နင္မုန႔္က ေၾကာင္သြားၿပီး ခပ္ျမန္ျမန္ ေခါင္းလွည့္ၾကည့္ လိုက္ေသာ္လည္း အ႐ုပ္က နဂိုပုံစံအတိုင္း ျပန္ျဖစ္ေနျပန္ကာ စနစ္က သူမကို ေနာက္ေနျခင္း ဟုတ္မဟုတ္ပင္ သံသယဝင္သြားေစသည္။

သို႔ေသာ္ သူမ၏ ႏွလုံးခုံသံကလည္း ျမန္လာသည္။ ေသြးေၾကာမ်ားကလည္း တင္းၾကပ္လာၿပီး ဒီထူးဆန္းေသာ ေနရာမွထြက္သြားရန္ ဆုံးျဖတ္လိုက္သည္။

ဒီအရိပ္ျပဇာတ္အဖြဲ႕က ေသခ်ာေပါက္ သာမန္အဖြဲ႕ မဟုတ္ႏိုင္ေတာ့ေခ်။ ယခင္က သူတို႔ဖန္းတီးခဲ့ေသာ စကၠဴအ႐ုပ္က မ်က္လုံထည့္လိုက္သည္။ႏွင့္ အသက္ဝင္လာခဲ့ဖူးသည္။ ယခုမူေနာက္ထပ္ အ႐ုပ္တစ္႐ုပ္က မ်က္လုံးဖြင့္ႏိုင္ေနသည္။ တစ္ေယာက္ေယာက္က အတည္ျပဳေပးစရာ မလိုေလာက္ေအာင္ သူမကစတင္ ေျပးသြားၿပီျဖစ္သည္။

သူမ၏စူးစိုက္ ၾကည့္ေနေသာ အၾကည့္ေအာက္တြင္ သူမ၏အေနာက္မွ စကၠဴအ႐ုပ္က မည္သည့္လႈပ္ရွားမႈမွ လုပ္မေနခဲ့ေခ်။

အဆုံးတြင္ နင္မုန႔္က ေနာက္ျပန္လွည့္ၿပီး ထြက္သြားရန္ ဆုံးျဖတ္လိုက္သည္။ သူမက အသံ က်ယ္က်ယ္ေလာင္ေလာင္ ထြက္သြားေအာင္ မလုပ္ရဲေခ်။ သူမ၏အနည္းငယ္ ေျပးမေယာင္ လမ္းေလွ်ာက္ေနျခင္းကပင္ ၾကမ္းျပင္တြင္ ဆူညံသံကို ထြက္ေပၚလာေစေနသည္။

သူမက ေနာက္လွည့္လိုက္သည့္ အခ်ိန္တြင္မူ စကၠဴအ႐ုပ္က စ၍လႈပ္ရွားၿပီ ျဖစ္သည္။

ျပားကပ္ေနေသာ စကၠဴအျပားက ၾကမ္းျပင္သို႔က်သြားၿပီး ေျဖးညႇင္းစြာပင္ သူ၏လက္မ်ား ေျခေထာက္မ်ားကို သုံၿပီးတြားသြား လာသည္။ အလြန္အမင္း သြက္လက္လြန္းေနသျဖင့္ ထိုလူ၏အေနာက္ဖက္သို႔ ခ်က္ခ်င္းဆိုသလို ေရာက္သြားသည္။

စနစ္က အေလာတႀကီး တိုက္တြန္းသည္။

"ျမန္ျမန္ေျပး ျမန္ျမန္သြားေတာ့ စကၠဴ႐ုပ္က ေနာက္ကလိုက္ေနၿပီ"

နင္မုန႔္က အခ်ိန္မွီ ေနာက္သို႔ ေခါင္းျပန္မလွည့္ႏိုင္ေတာ့ဘဲ စတင္ကာ ေျပးေတာ့သည္။ အဆုံးတြင္ ျပဇာတ္႐ုံဝင္ေပါက္၏ အေရွ႕တြင္ ရပ္မိသြားမည္ဟု သူမက မေမွ်ာ္လင့္ထားမိေခ်။ အေၾကာင္းမူကာ စကၠဴ႐ုပ္က တြားသြားလ်က္ သူမ၏အေရွ႕တြင္ ေပၚလာေသာေၾကာင့္ ျဖစ္သည္။ သူ၏ျပားကပ္ေနေသာ ကိုယ္က ၾကမ္းျပင္တြင္ ကပ္ေနၿပီး မ်က္လုံးကမူ သူမကို တည့္တိုး စိုက္ၾကည့္ေနသည္။ ပါးစပ္ကလည္း တစ္စုံတစ္ရာကို ေျပာေနသလိုမ်ိဳး ႐ြတ္ေနသည့္တိုင္ေအာင္ အသံက ထြက္မလာခဲ့ေခ်။

"ဒါကလည္း ျဖစ္ႏိုင္ေခ်ရွိတာဘဲ အသံလွ်ပ္စီး ႀကိဳးတပ္ထားတာမ်ိဳး မဟုတ္ရင္ ဘယ္လိုလုပ္ အသံက ထြက္ႏိုင္မွာလဲ"

နင္မုန႔္က စကၠဴ႐ုပ္ကို သတိအေနအထားျဖင့္ ၾကည့္ေနၿပီးေနာက္ ကိုယ့္လက္ကိုယ္ျပန္ ဆိတ္လိုက္မိသည္။ သူမက စကၠဴအ႐ုပ္က အနီးကပ္လာေနခ်ိန္တိုင္း ေနာက္သို႔သာ ဆုတ္ႏိုင္ေလသည္။

ျဖစ္ႏိုင္သည္မွာ သူမက သက္ရွိတစ္ေယာက္ဟု ခံစားမိေသာေၾကာင့္ စကၠဴအ႐ုပ္အတြင္းရွိ မ်က္ဝန္းက လင္းလက္လာေလသည္။

တကယ္ကို တကယ့္အစစ္ လူသားပဲ။

နင္မုန႔္ကလည္း စကၠဴ႐ုပ္က သူမကိုခ်ည္းကပ္ လာေနျခင္းကို သိသည္။ ခ်ည္းကပ္လာေနေသာ အေနအထားက ႐ုပ္ရွင္မ်ားအတြင္းတြင္ ျမင္ဖူးသည့္အတိုင္း ျဖစ္ေနသျဖင့္ သူမကမ်က္လုံးကို မွိတ္ကာအသားကုန္ ေအာ္လိုက္သည္။

"အရွင္သခင္ႀကီး.. အရွင္သခင္ႀကီး အလင္းရဲ႕အရွိန္ႏႈန္းႏွင့္ ငါ့ကိုလာကယ္ပါ"

အခ်ိန္အတန္ၾကာ ကုန္းဆုံးသြားၿပီးေနာက္တြင္ သူမကမ်က္လုံကို ခပ္ျဖည္းျဖည္းခ်င္း ဟလ်က္ ၾကည့္လိုက္ခ်ိန္တြင္ သူမေၾကာင့္ လန႔္သြားေသာ စကၠဴ႐ုပ္က လႈပ္ရွားေနမႈမွ ရပ္တန႔္သြားေၾကာင္းကို ျမင္ေတြ႕လိုက္ရသည္။ သူမက မေနႏိုင္ေတာ့ဘဲ စနစ္ႏွင့္စကား ေျပာလိုက္သည္။

"ငါ့မွာ ဒီလိုစြမ္းအင္ ရွိမယ္လို႔ တကယ္ မထင္ထားဘူး"

စနစ္က ျပန္တုံ႔ျပန္သည္။

"တကယ္ေတာ့ မင္းရဲ႕ေျမးက အေနာက္ကို ေရာက္ေနတာ"

နင္မုန႔္ကေခါင္း လွည့္ၾကည့္လိုက္ေသာအခါ သူမ၏အေနာက္တြင္ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေသာ မ်က္ႏွာထားႏွင့္ ရွီခ်ီကို ျမင္လိုက္ရသည္။ သူမကဲ့သို႔ေသာ လူမ်ိဳးကို မျမင္ခဲ့ဖူးဟု သူက ေတြးေနတာ ျဖစ္ေလာက္သည္ဟု သူမကလည္း ေတြးလိုက္မိသည္။

သူမ၏ၿပီးျပည့္စုံေသာ လွ်ိဳ႕ဝွက္ဆန္းက်ယ္သည့္ အဘြားတစ္ေယာက္၏ ႐ုပ္အသြင္ကို ဖ်က္ဆီးလိုက္မိေလသည္။

ျပဇာတ္႐ုံအတြင္းတြင္ မည္သည့္မီးမွလည္း မမွိတ္ထားသလို မည္သည့္တံခါးမွလည္း ခပ္တင္းတင္း မပိတ္ထားသျဖင့္ အလင္းေပါက္ဖက္က က်ေနၿပီး ရွီခ်ီ၏ ကိုယ္ေပၚက်ဆင္းေနသည္။ ရွီခ်ီ၏အၾကည့္က သူမထံေရာက္ေနၿပီး သူမကို ၾကင္နာစြာ သတိေပးသည္။

"မင္းမသြားေသးဘူးလား"

နင္မုန႔္က ႏွစ္ႀကိမ္ခန႔္ ေခ်ာင္းဟန႔္လိုက္ၿပီးေနာက္တြင္ သူမ၏လက္ကို ျပန္႐ုတ္ကာ သဏၭာန္ကို ျပန္မတ္လိုက္လ်က္ ေျပာလိုက္သည္။

"ငါသြားေတာ့မွာ ဒါေပါ့ သြားေတာ့မွာ"

ရွီခ်ီက ဒီေနရာတြင္ ေရာက္လာသျဖင့္ သူမက စိတ္ေအးစြာျဖင့္ ထိုအ႐ုပ္က မလႈပ္ႏိုင္ေတာ့ျခင္းကို နားလည္လိုက္သည္။

သူမက တံခါးမွ ျဖတ္သြားၿပီးေနာက္တြင္ ေနာက္သို႔တစ္ဖန္ ျပန္လွည့္ၾကည့္လိုက္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုစကၠဴအ႐ုပ္၏ ေက်ာတြင္ အေဆာင္လက္ဖြဲ႕တစ္ခုက ကပ္ေနသည္။ ထို႔ေၾကာင့္ မလႈပ္ေတာ့ျခင္းလည္း ျဖစ္ႏိုင္သည္။ အျပင္တြင္ အေတာ္တန္ၾကာေအာင္ ေစာင့္ေနသည့္တိုင္ ရွီခ်ီကလိုက္မလာခဲေခ်။ စနစ္ကေျပာသည္။

"မင္းရဲ႕ေျမးက အဲဒီစကၠဴ႐ုပ္ကို ကိုင္တြယ္ေနတာ ျဖစ္ေလာက္တယ္"

နင္မုန႔္က ေခါင္းညိတ္သည္။

"နင္ေျပာတာ မွန္တယ္ဘာဘဲျဖစ္ျဖစ္ သူကအခုအခ်ိန္မွာ ေျဖာင့္မတ္မွန္ကန္တဲ့ လူေကာင္းတစ္ေယာက္ဘဲ သူေကာက္က်စ္စြာႏွင့္ မႀကီးျပင္းလာခဲ့ဘူး"

ျပဇာတ္႐ုံအတြင္းတြင္မူ တိတ္ဆိတ္ေနသည္။ ...

ရွီခ်ီက စကၠဴ႐ုပ္ကို လွည့္ၾကည့္လိုက္ေသာအခါ သူ၏မ်က္ႏွာထားက ေလးနက္သြားသည္။ သူက တည္ၿငိမ္စြာ ေမးသည္။

"သူမကို မေျခာက္နဲ႔ အဲ့ဒီကိစၥက မၾကာခင္ေျဖရွင္းလို႔ ၿပီးသြားလိမ့္မယ္"

သူက အေဆာင္လက္ဖြဲ႕ကို ၿဖဲလိုက္သည့္အခါ စကၠဴ႐ုပ္က တုန္ရင္သြားသည္။

အလြန္လ်င္ျမန္ေသာ အရွိန္ႏႈန္းျဖင့္ စကၠဴ႐ုပ္က ေျမျပင္သို႔ ေက်ာ္ျဖတ္သြားၿပီး အျပင္ဖက္မွ ေပ်ာက္ကြယ္သြားကာ ေထာင့္တစ္ေနရာသို႔ ျပန္ေရာက္သြားသည္။ သူကထိုေနရာမွ တစ္လက္မပင္ မေ႐ြ႕ခဲ့ဖူးသည့္တိုင္း ထင္ရသည္။

...

ထိုညေနတြင္ ခ်ဳံခယ့္ခယ့္က အိမ္သို႔မျပန္ဘဲ ကန္တင္းတြင္ ေနသည္။ သူမက သူမ၏မိသားစုႏွင့္ ျငင္းခုံခဲ့ၿပီး အိမ္သို႔ မျပန္ခ်င္သျဖင့္ ကန္တင္းတြင္သာ စားလိုက္ျခင္းျဖစ္သည္။

သူမႏွင့္အတူ ေမးခြန္းစာ႐ြက္မ်ားကို ယူလာခဲ့သည္။ သူမကအခန္းသို႔လည္း မျပန္ခ်င္ေခ်။ အေၾကာင္းမူကာ ေက်ာင္းသားမ်ား ေပ်ာက္ရွမည္ကို ဆိုးကာအခန္းတံခါးမ်ား ပိတ္ထားေလ့ရွိေသာေၾကာင့္ ျဖစ္သည္။

ေက်ာင္းသားမ်ား၏ ပစၥည္းမ်ားေပ်ာက္မည္ကို စိုးရိမ္ေသာေၾကာင့္ ပိတ္ထားေလ့ရွိသည္။

သူမက ေမးခြန္းတစ္ဝက္ခန႔္ကို လုပ္ၿပီးေသာအခ်ိန္တြင္ သူမ၏ေခါင္းကို ေမာ့ၾကည့္လိုက္ေသာအခါ ကန္တင္းတြင္ သူမတစ္ေယာက္တည္း ျဖစ္ေနျခင္းမရွိဘဲ အျခားဆံပင္ရွည္ေသာ မိန္းကေလးတစ္ေယာက္ ရွိေနေၾကာင္း ျမင္လိုက္ရသည္။

ေက်ာင္းကန္တင္းက အိမ္ေဝးေသာ ေက်ာင္းသူမ်ားႏွင့္ ဆင္းရဲႏြမ္းပါးေသာ ေက်ာင္းသူမ်ားကသာ လာေလ့ရွိသည္။ ဒီေနရာရွိ အစားအစာမ်ား၏ အရသာက အျပင္ဘက္ဆိုင္မ်ားလို မေကာင္းကတည္းက ဒီေနရာသို႔ လာေသာေက်ာင္းသား ေက်ာင္းသူမ်ားက မ်ားျပားေလ့ မရွိေခ်။ တစ္ေယာက္စ ႏွစ္ေယာက္စကသာ ဒီေနရာတြင္ တစ္ေန႔ခင္းလုံး ေနေနေလ့ရွိသည္။

ထိုမိန္းကေလးက စားပြဲေပၚမွ ေမွာက္လ်က္ေနၿပီး အိပ္ေပ်ာ္ေနသျဖင့္ ခ်ဳံခယ့္ခယ့္ကလည္း သူမကိုအာ႐ုံ မစိုက္ေတာ့ေခ်။

သူမ၏ ေမးခြန္းစာ႐ြက္ကို ေျဖၿပီးေနာက္တြင္ ေက်ာင္းသူမ်ား အတန္းသြားတက္ရန္ အခ်ိန္က်ေနေလၿပီ ထိုမိန္းကေလးက နဂိုအတိုင္း ဆက္ရွိေနေသးေၾကာင္းကို ျမင္ေသာအခါ သူမကသြားႏႈိးရန္ ဆုံးျဖတ္လိုက္သည္။ ခ်ဳံခယ့္ခယ့္က အနားသို႔ ဂ႐ုတစ္စိုက္ ေလွ်ာက္သြားၿပီးေနာက္တြင္ စားပြဲကိုေခါက္လိုက္သည္။ သို႔ေသာ္ ေကာင္မေလးက မတုံ႔ျပန္လာေခ်။

သူမက ေခၚလိုက္သည္။

"အတန္းသူ.. အတန္းသူ အတန္းေတြစေတာ့မယ္"

ေလးႀကိမ္ငါးႀကိမ္သည့္တိုင္ ဆက္တိုက္ ေခၚေပးေနေသာ္လည္း ေကာင္မေလးက မလႈပ္လာသလို အသံပင္မျပဳသျဖင့္ အိပ္ေနရင္း ေသသြားၿပီဟုပင္ ခံစားလိုက္ရသည္။

ခ်ဳံခယ့္ခယ့္က ေနာက္ဆုံးတြင္ လက္ဆန႔္ထုတ္လိုက္ၿပီး သူမကိုအသာယာ တို႔ၾကည့္လိုက္သည္။

"အတန္းေဖာ္ အတန္းက စေတာ့မယ္ ေႏွာင့္ယွက္ရတာေတာ့ စိတ္မေကာင္းပါဘူး"

သူမက ေမွ်ာ္လင့္ထားသည္မွာ ထိုသို႔အသာေလး တို႔လိုက္႐ုံမွ်ျဖင့္ ေကာင္မေလးက ေဘးသို႔ ေရာက္သြားေစၿပီး ေကြ႕ေကာက္ေသာ ပုံစံအတိုင္း လွဲလ်က္တုံ႔ျပန္မႈ မရွိဘဲရွိေနျခင္း ျဖစ္သည္။

ခ်ဳံခယ့္ခယ့္က စိတ္ထဲတြင္ အထိတ္တလန႔္ ေအာ္လိုက္မိသည္။

"ငါတြန္းလိုက္မိလို႔ လက္ေမာင္းက်ိဳးသြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"

ခံစားခ်က္က မေကာင္းေတာ့သျဖင့္ သူမက အားနည္းနည္း ပိုသုံးလိုက္သည္။ သို႔ေသာ္ ေကာင္မေလးကမူ အသိစိတ္မဲ့ေနသလို ျဖစ္ေနေလသည္။ ခ်ဳံခယ့္ခယ့္က တစ္ကိုယ္ေတာ္ျပပြဲ လုပ္ေနသလိုမ်ိဳး မည္သည့္တုံ႔ျပန္မႈ ကိုမွ်ေပးမလာခဲ့ေခ်။ ခ်ဳံခယ့္ခယ့္က ေနာက္ဆုံးတြင္ တစ္စုံတစ္ရာက မွားယြင္းေနေၾကာင္း ခံစားလိုက္မိၿပီး သူမ၏ခံမွန္းခ်က္ကို စစ္ေဆးၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။ တစ္ဖက္က အသက္ရႉေန ေသးေသာ္လည္း မႏိုးလာျခင္းသာ ျဖစ္သည္။ ကံေကာင္းစြာျဖင့္ သူမႏွင့္အတူ ဖုန္းကိုယူလာခဲ့သည္။ ထို႔ေၾကာင့္ 120ကိုေခၚလိုက္သည္။

အတန္း(၆)မွ လူမ်ားက ထိုမေတာ္တစ္ဆမႈအေၾကာင္း ေျပာၿပီးကတည္းက ထိုမိန္းကေလး၏ အေျခအေနက ဇာတ္လမ္းထဲမွ အေျခအေနႏွင့္ ကြားျခာျခင္းမရွိဟု ခံစားရသည္။ ဒါက အလြန္ပင္ ခံစားရသည္။

120ကို ေခၚၿပီး ေရာက္လာမည့္ အခ်ိန္ကို ေစာင့္ရင္း သူမက ဆရာကို လ်င္ျမန္စြာ သြားရွာလိုက္သည္။

...

နင္မုန႔္က ျပဇာတ္႐ုံထဲမွ ထြက္လာသည့္အခ်ိန္တြင္ လူတစ္ေယာက္ႏွင့္ တိုက္မိၿပီး လဲက်သြားသည္။ ထိုလူကလည္း အားယိုးဟု ေအာ္ၿပီးသူမ၏ ေရွ႕တြင္လဲက်လာသည္။ ထိုသူက ခ်ဳံခယ့္ခယ့္ျဖစ္သည္။ သူမကလည္း မ်က္ႏွာကအလြန္ ထိတ္လန႔္ေနဟန္ရသည္။

"ခယ့္ခယ့္.."

နင္မုန႔္က သူမကို သိလိုစိတ္ ျပင္းျပစြာျဖင့္ ေမးလိုက္သည္။

"ဘာလို႔ အေလာတႀကီး ေျပးလာတာလဲ ဘာလို႔လဲ"

ခ်ဳံခယ့္ခယ့္က ေျခေထာက္ကို ပြတ္ၿပီးေနာက္တြင္ သူမ၏ ထူေပးမႈအတိုင္း ထလာကာ ခပ္တိုးတိုးေျပာသည္။

"ငါတို႔အတန္းကို ျမန္ျမန္ျပန္ၿပီး ႐ုံးခန္းထဲမွာ ဆရာရွိမရွိ သြားၾကည့္ရမယ္"

နင္မုန႔္က သူမကိုတြဲေပးရင္း ေက်ာင္းအေဆာင္မ်ားထဲ လွည့္လာသည္။

"ဘာျဖစ္လို႔လဲ"

"ေနာက္ထပ္ မိန္းကေလးတစ္ေယာက္ သတိေမ့သြားျပန္ၿပီ"

ခ်ဳံခယ့္ခယ့္၏ မ်က္ႏွာထားက အလြန္ေလးနက္ေသာ္လည္း ထိတ္လန႔္မႈကလည္း ပါေနသည္။

"ဒီတစ္ႀကိမ္မွာ ငါ့ရဲ႕ကိုယ္ပိုင္ မ်က္လုံးနဲ႔ ငါကိုယ္တိုင္ကိုယ္က် ျမင္လိုက္ရတာ"

သူမက အျဖစ္အပ်က္မ်ားကို ျပန္ေျပာျပသည္။

နင္မုန႔္၏အသက္ရႉသံက ျမန္သြားၿပီး တစ္စုံတစ္ရာကို ေတြးမိကာေျပာသည္။

"ခယ့္ခယ့္ ႐ုံးခန္းကိုအရင္သြားပါလား ငါ ကန္တင္းကို သြားၿပီးၾကည့္လိုက္မယ္ ဆရာဝန္က လာေနေလာက္ပါၿပီ"

ခ်ဳံခယ့္ခယ့္က ျပန္ေျပာသည္။

"ေကာင္းၿပီေလ"

ႏွစ္ေယာက္သားက လမ္းခြဲလိုက္ၾကသည္။ အျပင္ဘက္တြင္လည္း ေဆ႐ုံကားသံက ထြက္လာၿပီး လုံၿခဳံေရးကလည္း ခပ္ျမန္ျမန္ပင္ ကားကိုအထဲသို႔ ဝင္ခိုင္းကာ ဦးေဆာင္ေခၚလာေပးသည္။

နင္မုန႔္ကလည္း ထိုအေျခအေနကို ျမင္ေသာအခါ ကန္တင္းဘက္သို႔ လ်င္ျမန္စြာ ဦးတည္လိုက္သည္။

သူမရွိေနေသာ ေနရာမွကန္တင္းသို႔ အကြာအေဝးက မေဝးသည့္အတြက္ သိပ္မၾကာခင္မွာတင္ ေရာက္သြားသည္။ ခ်ဳံခက္ခဲ့က ထားခဲ့ေသာစာအုပ္က ေဘးဘက္တြင္ ရွိေနၿပီးေကာင္မေလးကလည္း ထိုအတိုင္းသာ လည္းေနသည္။

နင္မုန႔္က အရွိန္ကိုေႏွး ခ်လိုက္ၿပီး အနားသို႔ကပ္သြား ရင္းတံေတြး မ်ိဳခ်လိုက္သည္။ စနစ္ကသူမကို ေျပာသည္။

"ဒီေကာင္မေလးက စိတ္ဝိညာဥ္ေပ်ာက္သြားၿပီ"

နင္မုန႔္ကေမးသည္။

"စိတ္ဝိညာဥ္ေပ်ာက္သြားတယ္ ဟုတ္လား"

စနစ္ကေျဖးညႇင္းစြာ ရွင္းျပသည္။

"လူသားေတြမွာ ထာဝရစိတ္ဝိညာဥ္သုံးခုနဲ႔ ေသမ်ိဳးပုံစံ(၇)ခုဆိုတာ ရွိတယ္ ေသမ်ိဳးစိတ္ဝိညာဥ္က ယင္ဘက္ကို ေရာက္ၿပီး ထာဝရစိတ္ဝိညာဥ္က ယန္ဘက္ကို ေရာက္တယ္ ဒီေတာ့ လူတစ္ေယာက္ရဲ႕ ထာဝရစိတ္ဝိညာဥ္က ဆုံးရႈံးဖို႔လြယ္ကူတယ္ ဒါေၾကာင့္ ထာဝရစိတ္ဝိညာဥ္ကို ဆုံးရႈံးေစတာက ပုံမွန္မဟုတ္ဘဲ ေပၚထြက္လာဖို႔ ခက္ခဲပါတယ္ ဒါေပမဲ့အခု သူမက ထာဝရစိတ္ဝိညာဥ္ကို ဆုံးရႈံးလိုက္တာဆိုေတာ့ အခုလိုအေပၚယံမွာေတာ့ သတိေမ့သြားသလို ပုံစံေပၚေနေတာ့တာပဲ"

သူမက ဘာမွမလုပ္ႏိုင္ခင္မွာပင္ ဆရာဝန္သူနာျပဳမ်ားက ကန္တင္းထဲသို႔ ဝင္လာၾကၿပီး ေကာင္မေလးကို လ်င္ျမန္စြာျဖင့္ တြန္းလွည္းေပၚသို႔ တင္ၾကကာ သူမ၏အေရွ႕မွ ေပ်ာက္ကြယ္သြားသည္။

ေနာက္တြင္က်န္ေနရစ္ခဲ့ေသာ သူနာျပဳက သူမကိုေျပာသည္။

"အတန္းေဖာ္ ဘာေတြျဖစ္သြားလဲ ဆိုတာကို သိလား ဒီေကာင္မေလးက အခုဘယ္လို သတိေမ့သြားတာလဲ"

နင္မုန႔္က ေခါင္းခါသည္။

"ကြၽန္မလည္း မသိပါဘူး ဖုန္းေခၚလိုက္တဲ့ အတန္းေဖာ္က အတန္းပိုင္ဆရာမကို သြားရွာေနပါတယ္ ကြၽန္မက လာၾကည့္ေပး႐ုံဘဲ"

သူမထံမွ ဘာအေျဖမွ မရႏိုင္တာ ေသခ်ာေသာအခါ ထိုသူနာျပဳကလည္း အခ်ိန္မျဖဳန္းေတာ့ဘဲ ခပ္ျမန္ျမန္ျဖင့္ အျပင္သို႔ ေျပးထြက္သြားၿပီး သူမ၏မ်က္စိေရွ႕မွ ေပ်ာက္ကြယ္သြားသည္။ ခ်က္ခ်င္းဆိုသလို သူမတစ္ေယာက္ထဲကသာ ကန္တင္းတြင္ က်န္ေနေတာ့သည္။

နင္မုန႔္က စနစ္၏ယခုေလးတင္ ေျပာသြားေသာစကားမ်ားကို ေတြးေတာေနၿပီး သတိလက္လြတ္ ျဖစ္ေနသူျဖစ္သည္။

"ေက်ာင္းထဲမွေနရင္း ဘယ္လိုျဖစ္လို႔ စိတ္ဝိညာဥ္ကို ဆုံးရႈံးလိုက္ရတာလဲ ဒါကဘယ္လိုေတာင္ ေပါက္ကရ စကားလဲ"

"ေက်ာင္းထဲမွာ ဒီေလာက္ထိ ေၾကာက္စရာေကာင္းတဲ့ အရာမ်ိဳးရွိေနလို႔လား"

သူမ၏ေခါင္းထဲတြင္ စကၠဴအ႐ုပ္ႏွစ္႐ုပ္၏ ပုံသဏၭာန္မ်ားက ေပၚလာၿပီးေနာက္ သူမ၏အေတြး ဦးတည္ရာက ေျပာင္းလဲသြားသည္။ ထိုအ႐ုပ္မ်ားေၾကာင့္ သူတို႔ကေၾကာက္လြန္းသျဖင့္ စိတ္ဝိညာဥ္ လြင့္သြားျခင္းလားဟု ေတြးမိသြားသည္။

နင္မုန႔္ကေမးသည္။

"ဒါဆိုရင္ ငါတို႔ သူမရဲ႕ စိတ္ဝိညာဥ္ကို ဘယ္လိုျပန္ရွာရမလဲ ျပန္ေခၚလာလို႔ ရႏိုင္လား"

ကေလးမ်ားက ေၾကာက္လန႔္ေနသည့္ အခ်ိန္တြင္ သူတို႔၏စိတ္ဝိညာဥ္က ကိုယ္အတြင္းမွ ထြက္ခြာသည္။ဟု လူအသိတစ္ေယာက္က ေျပာတာၾကားဖူးသည္။ ထိုအခ်ိန္တြင္ သူတို႔၏စိတ္ဝိညာဥ္ကို ျပန္ေခၚရန္လိုအပ္သည္။ အသက္ပိုႀကီးၿပီး ကေလး၏စိတ္ဝိညာဥ္ ေပ်ာက္ဆုံးသြားေသာ ေနရာမွကေလး၏ ကိုယ္ပိုင္ပစၥည္းကိုယူကာ ေနရာက်ယ္က်ယ္ သို႔မဟုတ္ကြင္းျပင္လို ေနရာမ်ိဳးတြင္ နာမည္ကိုေအာ္ေခၚရသည္။ဟု ၾကားဖူးသည္။

အတိတ္တြင္ သူမက ထိုကဲ့သို႔ေသာ အရာမ်ိဳးကို မယုံၾကည္ခဲ့ေခ်။ သို႔ရာတြင္ ယခုမူသူမ၏ မ်က္လုံးျဖင့္ပင္ သရဲမ်ားတည္ရွိျခင္းကို ျမင္ခဲ့ဖူးၿပီေလရာ မယုံၾကည္ေသာ အရာဟူ၍ မရွိေတာ့ေခ်။

စနစ္က သူမကို ေနာက္ထပ္ တုံ႔ျပန္လာသည္။

"ဒါက မျဖစ္ႏိုင္ဘူး ေၾကာက္လြန္းလို႔ စိတ္ဝိညာဥ္ လႊင့္သြားတာနဲ႔ မတူဘူး သူမရဲ႕စိတ္ဝိညာဥ္က သာမန္အေျခအေနမ်ိဳးမွာ ေပ်ာက္ဆုံးသြားတာ ဒီေတာ့ စိတ္ဝိညာဥ္ကို ခိုးသြားတဲ့လူကို လိုက္ရွာရမယ္"

နင္မုန႔္ကေျဖသည္။

"ဒါဆိုရင္ ငါ ဘယ္ေနရာကေန စရွာရမွာလဲ"

သူမ၏ယင္ယန္ မ်က္လုံးက စိတ္ဝိညာဥ္ကို မျမင္ႏိုင္ေခ်။ သရဲမ်ားႏွင့္ ေၾကာင္ေတာင္ေတာင္ အရာမ်ားကိုသာ ျမင္ႏိုင္ေလသည္။ သူမက သဘာဝလြန္ေသာ ျဖစ္တည္မႈမ်ားကိုလည္း မျမင္ႏိုင္ေပ။

စနစ္ကတုံ႔ျပန္သည္။

"မင္းရဲ႕ေျမးကို အရင္ရွာပါ"

နင္မုန႔္က မ်က္လုံးျပဴးသြားၿပီးေနာက္ အခ်ိန္တန္ၾကာမွ ျပန္ေျဖလာသည္။

"နင္ေျပာတာလဲ ဟုတ္တာပဲ။ ဒါေပမဲ့ သူက ငါ့ကို အဘြားလို႔မေခၚေတာ့ဘူး ဟူး... ငါက အႀကီးအကဲ ရာထူးကေန က်သြားပါၿပီ"

သူမက ကန္တင္းတြင္ ထိုင္ေနၿပီးေနာက္တြင္ ဝမ္းနည္းညႇိဳးငယ္ ေနခဲ့သည္။ အခ်ိန္တစ္ခုၾကာမွသာ အတန္းသို႔ ျပန္ေလသည္။

အတန္းထဲတြင္ လူအမ်ားေရာက္ေနၾကၿပီ ျဖစ္သည္။ ခ်ဳံခယ့္ခယ့္ကလည္း သူမ၏ေနရာတြင္ ျပန္ေရာက္ေနၿပီး မ်က္ႏွာထားက မေကာင္းေခ်။

ခ်ဳံခယ့္ခယ့္က သူမကို ျမင္ေသာအခါ ေမးလာသည္။

"နင္နင္ ေဆး႐ုံကို ပို႔လိုက္ၿပီလား"

နင္မုန႔္က ေခါင္းညိတ္သည္။

"ဆရာဝန္ေတြက ေခၚသြားၾကတယ္"

ထိုကဲ့သို႔ေသာကိစၥက ေက်ာင္းတြင္ ျဖစ္လာေလသည္။ တစ္ႀကိမ္ျဖစ္လာလွ်င္ ျပႆနာမရွိေသာ္လည္း ႏွစ္ႀကိမ္ျဖစ္လာေလရာ လူအမ်ားက စတင္ကာ ေၾကာက္စရာ ေကာင္းသည္မ်ားကို ေတြးေတာေနၾကသည္။ သူမက ခ်ဳံခယ့္ခယ့္ကို ႏွစ္သိမ့္ေပးၿပီး တစ္ခဏခန႔္ၾကာမွသာ ေခါင္းေလာင္းျမည္သျဖင့္ သူမ၏ေနရာသို႔ ျပန္သည္။ သို႔ေသာ္ သူမ၏ ေျမးျဖစ္သူက မေရာက္ေသးေၾကာင္း သိလိုက္ရသည္။

အတန္းစၿပီး တစ္ဝက္ခန႔္ၾကာမွသာ ရွီခ်ီက ျပန္ေရာက္လာသည္။ မ်က္ႏွာထားကမူ အတန္ငယ္ ျဖဴေဖ်ာ့ေနၿပီး ဖ်ားနာေနေသာ မင္းသားငယ္ တစ္ပါးလား ထင္ရသည္။

ဆရာကလည္း သူ႔ကို အေၾကာင္းျပခ်က္ မေမးေခ်။ ဒီအတိုင္း သူ႔ေနရာသို႔ ျပန္ထိုင္ခိုင္းလိုက္သည္။

နင္မုန႔္က သက္ျပင္းခ်သည္။ ေက်ာင္းသားေကာင္းမ်ားက ကြဲျပားစြာ ဆက္ဆံခံရသည္ဟု ေတြးလိုက္မိလိုက္သည္။ သို႔ရာတြင္ ရွီခ်ီက ဒီေန႔လည္တြင္ ေတြ႕ရေသာျမင္ကြင္းကို ျပန္ေတြးမိေသာ္ သူမက မ်က္ႏွာကို အုပ္ခ်င္သြားသည္။ သူမက ေျဖာင့္မတ္ၿပီး ဂုဏ္ယူဖြယ္ရာ မဟာအဘြား ျဖစ္ခဲ့သည္။

"ဒါေတာင္ သူ႔ရဲ႕ေရွ႕မွာ ဘယ္လို႐ူးေၾကာင္ေၾကာင္ ျပဳမႈလိုက္တာလဲ"

ကံေကာင္းစြာျဖင့္ ရွီခ်ီက သူမကို လက္ပူးလက္ၾကပ္ မမိသြားခဲ့ေခ်။

...

"ငါ မေမွ်ာ္လင့္ထားဘူး အဘြားက တာအိုပညာရွင္ျဖစ္ေနတယ္"

"ဒါေပမဲ့ ဘာလို႔ တာအိုပညာေတြက သူမကို လက္မခံၾကတာလဲ"

ရွီခ်ီရဲ႕လွ်ိဳ႕ဝွက္ဒိုင္ယာရီ

####

Continue Reading

You'll Also Like

375K 61.7K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
60.9K 7.5K 74
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
191K 25.6K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
515K 75.6K 186
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...