ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-6)
'' အိမ်မှာ အလုပ်ပေးထားတဲ့အပြင် အိမ်ရုင်တွေအကြောင်းကို အလုပ်သမားတွေက မကောင်းပြောတာကို ဒီတိုင်း ငြိမ်နားထောင်ရလား၊ နောက်တစ်ခါ ဒီလိုတွေ ကြားရရင် ကိုယ့်ကိုတိုင် ထွက်ဖြေရှင်း ကြားလား''
''ဟုတ်ကဲ့''
'' ကိုယ့်မိန်းမရဲ့ ရာထူးက အလုပ်သမားအဆင့်က စော်ကားတာကို ကြိတ်ခံစားနေလို့ မရဘူး၊ အဲဒီပြောတဲ့ ပါးစပ်ကို အရေခွံခွာပြစ်ရမှာ''
''ဟုတ်ကဲ့''
''ဘာလဲ မင်းက သူတို့ကို သနားနေတာလား''
ကြွေ မျက်နှာလေး မကောင်းတာကို ဦးဓနက အကဲခတ်ပြီး မေးလာသည်။ အမှန်အတိုင်းပြောရရင် ကြွေရုပ် သူတို့သုံးယောက်ကို ဘာအပြစ်မှ မပေးစေချင်။ ကြွေရုပ်ကို မကောင်းပြောကြပေမဲ့ ပြောတဲ့စကားတွေက အားလုံး အမှန်တွေချည်းပဲလေ။
ဖြစ်နိုင်ရင် ဒီကိစ္စကို လျစ်လျူရှုစေချင်တာ။ သို့ပေမဲ့ ဦးဓနကတော့ သူတို့သုံးယောက်ကို တော်တော်လေး ဒေါသထွက်နေသည်။
''အရာရာတိုင်း လိုက်ခံစားနေလို့ မရဘူး ကြွေရုပ်၊ မင်း လျှောက်ခဲ့တဲ့ ဘဝက ကျဉ်းကျဉ်းလေး၊ ဒီလိုစိတ်ထားမျိုးနဲ့ အသက်ရှင်မယ်ဆို မင်းကို ကျော်ခွနင်းသွားကြမဲ့ သူတွေချည်းပဲ၊ အဲဒါတောင်မှ ကိုယ့်အိမ်မှာ နေပြီး ကိုယ်မွေးထား ကျွေးထားရတဲ့ အလုပ်သမားက ကိုယ့်ကို လာဟောင်တာနော်၊ တခြားလောကမှာဆို မင်းက ခေါင်းတောင်ဖော်နိုင်မှာ မဟုတ်ဘူး၊ ကိုယ် ပြောတာ သဘောပေါက်လား''
''ဟုတ်ကဲ့ ပေါက်ပါတယ်''
''အရာရာတိုင်း တုံးအမနေဘဲ အမြင်ကျယ်ကျယ် ထားပြီး ဆုံးဖြတ်၊ ကိုယ်က မနင်းချေရင် ကိုယ့်ကိုနင်းချေသွားကြမဲ့ လူတွေက အများကြီးပဲ၊ နောက်ပြီး ကိုယ့်အိမ်ထောင်ပြုလိုက်တဲ့ အကြောင်း မနက်ဖြန် သတင်းတွေမှာ ပါလာလိမ့်မယ်၊ မင်းအကြောင်းတွေ အားလုံးကို ကိုယ် တတ်နိုင်သလောက် ဖုံးဖိထားပေမယ့် အားလုံးကိုတော့ မဖုံးနိုင်ဘူး၊ ချို့ယွင်းချက်တွေတော့ ရှိမှာပဲ၊ ဒါကြောင့် တစ်ယောက်ယောက်က မင်းအကြောင်းကို သိလာရင် မင်းအနားကို နည်းမျိုးစုံနဲ့ ချဥ်းကပ်လာလိမ့်မယ်၊ ဒါကြောင့် ဦးနှောက်သုံးပြီး ဘယ်သူက အစစ်အမှန်လဲ၊ ဘယ်သူ့ကအတုအယောင်လဲဆိုတာ စဉ်းစားဆုံးဖြတ် ကြားလား''
''ဟုတ်ကဲ့''
ဘယ်အရာမဆို လွယ်လွယ်ခံစားတတ်တဲ သူမကို ဓနမော်ကွန်းအနေနဲ့ ပြုပြင်စေချင်သည်။ အလုပ်သမားတွေ ပြောတာနဲ့ပဲ စကားလုံးတိုင်း လိုက်ခံစားနေတဲ့ သူမကို ကြည့်ပြီး မချင့်မရဲ ဖြစ်ရသည်။ ကြွေရုပ်လွှာရဲ့ အရာအားလုံးကို သူ တော်တော်လေး ပြုပြင်ပေးဖို့ လိုမှန်း သဘောပေါက်လိုက်ရသည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
''အဲ့တာ ဓနစံအိမ်က မိန်ကလေးလေ''
စျေးထဲ တီးတိုးပြောဆိုနေသော စကားတွေကို ကြွေရုပ် သိပ်အာရုံမစိုက်ဘဲ ဝယ်စရာရှိတာ ဝယ်နေလိုက်သည်။ ဦးဓန ကြိုက်တတ်တဲ့ ဟင်းတွေကို ကြီးမော်ဆီက သိထားတာကြောင့် ကိုယ်တိုင်ကိုယ်ကျ ဟင်းချက်ကျွေးချင်လာတဲ့ ဆန္ဒကြောင့် စျေးသို့ ထွက်လာခဲ့သည်။ ကြီးမော်ကိုတော့ အသိပေးလာပြီး ဦးကိုတော့ တကူးတက အသိမပေးတော့ပါ။
''အမရေ ကြက်သား၁ပိဿာ ဘယ်လောက်လဲဟင်''
စျေးမေးလိုက်တာနဲ့ ကြက်သားသည်က ကြွေကို ကြည့်ပြီး အစွမ်းကုန် ပြုံးရယ်ပြလာသည်။ ဆိုင်ရှင်က အားရပါးရ ပြုံးပြတော့ ကြွေလည်း ပြန်ပြုံးပြမိရာ..
''အမလေး ဖြူဖြူဝင်းဝင်းလေးနဲ့ ချစ်စရာလေး၊ သမီးက ဓနစံအိမ်ကဆို''
''ဟုတ်ပါတယ်''
''ကတော်လေးလားဟင် ရုပ်က ကတော်ရုပ်လေး ဖြစ်နေလို့ ''
''ဟို.. ဟို..''
စပ်စပ်စုစု မေးလာသော ဆိုင်ရှင်ကို ကြွေ ဘယ်လို ပြန်ဖြေရမှန်းမသိ။
''အမက ချစ်ဖို့ကောင်းလို့ ကြည့်နေတာ ကြာပြီ၊ ကဲ ၅ထောင်ပေးပြီး ယူသွား''
ကြက်သား၁ပိဿာကို ၅ထောင်နဲ့ ရတာ ဘယ်မှာရှိမှာလဲ..။
''ဟင် အားနာစရာ ''
ကြွေလက်ထဲမှာ သုံးဖို့ ငွေ လုံလုံလောက်လောက် ပါလာသည်။ ဦးက ပိုက်ဆံတွေကို ဘီဒိုထဲ အပြည့်ထည့်ပေးထားပြီး လိုချင်တာ သုံးချင်တာရှိရင် လက်မတွန့်ဘဲ သုံးဖို့ မှာထားသည်။
''အမက ချစ်ဖို့ကောင်းဖို့ နေ့တိုင်း ဘယ်အချိန် စျေးလာဝယ်မလဲ အမြဲကြည့်နေတာ ယူသာသွား နောက်လည်း လာဝယ်နော်''
''ဟုတ် ဟုတ်ကဲ့ ကျေးဇူးပါရှင့်''
''အမလေး အသံလေးကလည်း ချိုလိုက်တာ ''
ကြွေလည်း ပြုံး၍ ကျေးဇူးတင်ကြောင်း ပြောပြီး လှည့်ထွက်လာရသည်။ အနောက်နားက အသံတွေ ခပ်သဲ့သဲ့လေး ကြားနေရသည်။
''အသားလေးက ဖြူနုနေလိုက်တာ ငါတို့ အသားကြမ်းတွေနဲ့များ ကွာပါ့၊ နေပါအုံး နာမည်သိပါတယ် ကြွေရုပ်လွှာဆိုလားပဲ၊ နာမည်နဲ့ လိုက်ဖက်ချက်ကကွယ်''
''ဟုတ်တယ် ကြည့်နေ ငါထင်တာ မမှားဘူး၊ ကုန်သွယ်ရေးသူဌေးကြီး ဦးဓနမော်ကွန်းရဲ့ အိမ်မှာ ဒီလို မိန်းကလေးချောချောလှလှလေး ဘယ်နှခါ တွေ့ဖူးလဲ၊ အခု ဦးဓနက ရုတ်တရက် ကောက်လက်ထပ်သွားပြီး ကြွေရုပ်လွှာကလည်း အိမ်ပေါ် တက်လာတာ၊ ဦးဓနရဲ့ ဇနီးက ဒီကောင်မလေးပဲ ဖြစ်ရမယ် ''
''ဟုတ်မယ် ဟုတ်မယ် လူပျိုကြီးဦးဓနအနားမှာ မိန်းကလေးတွေ ဝိုင်းနေတာကို ဒီမိန်းကလေးကိုပဲ ကောက်ကာငင်ကာ လက်ထပ်ယူသွားတယ်ဆိုတော့ အဟင်းဟင်း ဦးဓန ချစ်လည်း ချစ်ချင်စရာလေးကို ကြည့်ပါအုံး ပါးကလေးတွေမှာဆို သွေးကြောစိမ်းလေးတောင် ပေါ်လို့၊ ငါဖြင့်လေ အဲ့ဒီ ပါးလေးကို ကုတ်ပစ်လိုက်ချင်တာမှ တအား''
မိန်းမကြမ်းကြီးတွေက ကြွေရုပ်ကို အသည်းတယားယား အူယားဖားယား ပြောနေကြသည်။ လိုက်ဖက်တယ်ဆိုတာက ပါသေး။ အမယ်လေး သူတို့ ဦးဓနအကြောင်း မသိသေးလို့ရယ်..။ ကြွေက ဦးဓနဒဏ် ခံနေရတဲ့သူ ဆိုတော့ ပြန်တောင်အမ်းလိုက်ချင်သေး..။
အရင်ကဆို ကြီးမော်နဲ့အတူတူ စျေးလာဖြစ်သည်။ ဒီနေ့ကျတော့ တစ်ယောက်တည်း လာချင်တာနဲ့ အဖော်မပါဘဲ စျေးခြင်းတောင်းလေးဆွဲပြီး လာခဲ့လိုက်သည်။
ဒီရပ်ကွက်ထဲ ကြွေ ရောက်လာတာ တော်တော်လေး ကြာပြီမလား..။
အိမ်ပြန်ရောက်လာတော့ ဦးမင်းထင်မော်ကွန်းက အိမ်ကို ရောက်နေသည်။ ဧည့်ခန်းထဲ မိန့်မိန့်ကြီး ထိုင်နေတဲ့ ဦးမင်းထင်ကို ကြည့်ပြီး ကြွေ ဇောချွေးပြန်လာရသည်။ အခန်းထဲမှာလည်း ဦးဓနက ရှိနေပြီး ကြွေကို ကြည့်နေသည်။
ဦးမင်းထင်က ကြွေနဲ့ စျေးခြင်းတောင်းကို ကြည့်ပြီး စိတ်ပျက်သလို ဆိုလာသည်။
''အရင်ဘဝက အကျင့်တွေလည်း နည်းနည်းပါးပါး ပြင်အုံး ၊ အခု သူဌေးကတော် ဖြစ်နေပြီ၊ လူကဲ့ရဲ့ခံရမဲ့ အချိုးတွေ ပြင်''
အိမ်ထဲ ဝင်တာနဲ့ ဦးမင်းထင်ရဲ့ မာန်မဲတာကို ခံလိုက်ရသည်။ စျေးခြင်းတောင်းလေးဆွဲကာ ခပ်ကုတ်ကုတ်လေး ထမင်းစားခန်းထဲ ဝင်မလို ခေါင်းလေးငုံ့ကာ သွားဖို့ ပြင်စဥ်..
''အဟက် လူကြီးတစ်ယောက်လုံး စကားပြောနေတာ မခန့်ပုံများ''
ကြွေ လုပ်ရပ်က ဦးမင်းထင်ကို အမြင်မကြည်စေချင်ဘူးနဲ့ တူပါတယ် ။
''ဒီမှာ ခဏ လာထိုင်''
ဦးဓနက ကြွေကို လှမ်းခေါ်တော့ ကြီးမော်က ကြွေလက်ထဲက ခြင်းတောင်းကို အလိုက်သင့်လေး ယူပေးသွားသည်။ ကြွေလည်း ဦးဓနနံဘေးမှာ ခပ်ယို့ယို့လေး ဝင်ထိုင်ပြီး..
''ဓနမော်ကွန်း မင်း သူ့ကို တကယ် လက်ခံလိုက်ပြီပေါ့''
အဆုံးထိ ဦးမင်းထင်မော်ကွန်းက ဓနမော်ကွန်းနဲ့ ကြွေရုပ်လွှာကို လက်မခံချင်သေးပါ။ ဦးဓနက ခေါင်းညိတ်ပြသည်။ သက်ပြင်းချသံ ကြားပြီးနောက် ဦးမင်းထင်က စကားပြန်ဆက်လာသည်။
''ကောင်းပြီလေ မင်းကိုယ်တိုင် ရွေးတော့လည်း စောင့်ကြည့်ပေးရတော့မှာပေါ့၊ ဒီမှာ မိန်းကလေး..''
''ဟုတ်ကဲ့ ''
''ငါတို့ မိသားစုထဲ ဝင်ရင် အဆင့်မတန်းမရှိတဲ့ အကျင့်ဟောင်းတွေ အရင်စွန့်ပစ်''
ချမ်းသာသလို မောက်မာတတ်တဲ့ ဦးမင်းထင်ကို ကြွေ ဘာတစ်ခုမှ ပြန်မပြောရဲပါ။
''အဘိုး ကျုပ့်မိန်းမကို ကျုပ့်ဘာသာ ပြောမယ်''
''မင်း ချုပ်ကိုင်နိုင်ရင် ငါ ဝင်မပါဘူး ၊ နေအုံး အရေးကြီးတာ အရင် ပြောမယ်''
ဦးမင်းထင်မော်ကွန်းက ဓနမော်ကွန်းနဲ့ ကြွေရုပ်လွှာကို တည့်တည့် စိုက်ကြည့်၍..
''ငါတို့မှာ မျိုးဆက် လိုတယ်၊ ပထမဆုံး ဓနမော်ကွန်းက အိမ်ထောင်မယူတော့ဘူးလို့ ထင်ပြီး မျိုးဆက်ပြတ်မှာ သေမလောက် စိုးရိမ်ခဲ့ရတာ၊ အခုတော့ တစ်မျိုးတော့ ကောင်းပါတယ်လေ၊ ဒီမှာ ကြွေရုပ်လွှာ..''
''ဟုတ်ကဲ့ ပြောပါ''
''မင်း ချက်ချင်း ဓနမော်ကွန်းရဲ့ မျိုးဆက်ကို ယူရမယ်၊ ငါတို့အိမ်ရဲ့ အရေးကြီးဆုံးက မျိုးဆက်သစ်ပဲ၊ ဓနရဲ့ ကလေးကို မင်း ယူရမယ်''
တချက်တည်း အမိန့်ပေးတာနဲ့ ဦးမင်းထင်ကို ကြောက်လို့သာ ကြွေ ခေါင်းတွေ အဆက်မပြတ် ညိတ်ပြမိသည်။ တကယ်တမ်း အသက်ပြည့်တာ သိပ်မကြာသေးတဲ့ သူမအဖို့ အိမ်ထောင်ကျနေတာတောင် တော်တော်လေး ဝန်လေးနေရသည်။ နောက်ထပ် ကလေးပါ ယူဖို့က ကြွေအတွက် အဆင်သင့်မဖြစ်သေး။ ဦးမင်းထင်မော်ကွန်းနဲ့ ဦးဓနမော်ကွန်း အရှေ့မှာတော့ ကြွေ ဘယ်လို သတ္တိမျိုးနဲ့ ငြင်းရဲမှာလဲ။
ဦးဓနကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ထမပြောလာတာကြောင့် သူကိုယ်တိုင် အလိုပါနေမှန်း သိလိုက်သည်။
''စိတ်ချပါ ကျွန်တော်တို့လည်း ကလေးချက်ချင်း ယူနေတာပါ''
''ကောင်းပြီလေ ကလေးအမြန်ယူကြ ကလေးယူခိုင်းလို့ ငါ အဲ့ဒီမိန်းမကို လက်ခံလိုက်တာ မဟုတ်ဘူးနော်၊ ငါ စောင့်ကြည့်အုံးမှာ''
''နားလည်ပါပြီ ''
ပြောစရာရှိတာ ပြောပြီး ထွက်သွားတဲ့ ဦးမင်းထင်မော်ကွန်းရဲ့ နောက်ကျောကို ကြည့်ကာ ကြွေ သက်ပြင်းလေး အသာချမိသည်။
''အဘိုးက အဲ့လိုပဲ မင်းကပဲ နားလည်ပေးလိုက်''
''ဟုတ်ကဲ့ ကြွေ ဘာမှ စိတ်ထဲ မထူးပါဘူး''
''စျေးသွားတာလား''
''ဟုတ် ''
''တစ်ယောက်တည်းလား''
''ဟုတ် ''
''နောက်တခေါက် အဖော်ခေါ်သွား အဖော်မပါရင် ဘယ်မှ မသွားနဲ့ ''
..
သူ့ကိုသာ စျေးသွားမယ်လို့ လာခွင့်တောင်းကြည့်ပါလား။ ဒီလို တစ်ယောက်တည်း လွှတ်မလားလို့။ မနက် သူ အိပ်ရာမထခင် တစ်ယောက်တည်း လုပ်ချင်တာတွေ လုပ်နေတာ။ ပြောလိုက်ရင် ကြွေက ကြီးမော်ကို အသိပေးပြီးမှ လုပ်တာပါလို့ ပြန်ခံငြင်းသေး။ မသိရင် အုပ်ထိန်းသူက ကြီးမော်လား သူလား..။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အိပ်ရာထတာနဲ့ အင်္ကျီကြယ်သီးလေးတွေ ပြန်ပြန်တပ်ရတာက အလုပ်တခုလို ဖြစ်လာသည်။ ညနက်တွေမှသာ အလုပ်ပြီးတတ်တဲ့ ဦးဓနကို ကြွေက မစောင့်တော့ဘဲ အရင်အိပ်နေရင် အလုပ်ပြီးမှ လာအိပ်တဲ့ ဦးဓနက ကြွေ ကြယ်သီးတွေ လှမ်းဖြုတ်ကာ နို့လေးတွေကို စို့နေတတ်သည်။ မနက်ရောက်ရင် ကြယ်သီးတွေက ဟာလာဟင်းလင်းဖြစ်နေတတ်သလို တစ်ခါတစ်ရံ သူ့အာခံတွင်းထဲက အသီးလေးတွေကို ယူထုတ်ရသည်။ အမြဲတမ်း ကြွေရင်ခွင်ထဲကိုသာ ဦးဓနက ရောက်နေတတ်ပြီး ညတိုင်း နို့ငုံအိပ်တတ်တဲ့ အကျင့်က ပိုလာသည်။
အမိနို့ကိုများ မစို့ဖူးဘူးလားလို့ ပြန်မေးချင်သော်လည်း ကြောက်တော့ တခွန်းမှ မဟရဲပေ။ အခုလည်း နို့သီးလေးကို သူ့ပါးစပ်ထဲက ချွတ်ယူပြီး နောက်တဖက်ကိုလည်း လက်နဲ့ ကိုင်ထားတာကြောင့် အသာလေး ဖယ်ရသေးသည်။ တနေ့နေ့ ဆုပ်နယ်ရတာနဲ့ စို့ရတာနဲ့ ကြွေ ရင်သားတွေဟာ အရင်ကထက် လက်ယောင်လိုက်ပြီး ကြီးလာသလားတောင် မှတ်ရပါသည်။
လက်တွေ ချက်ချင်း ဖယ်ပြီး အိပ်ရာက ထမလို ပြင်လိုက်စဥ် အနောက်ကနေ ပြန်ဆွဲချလိုက်တာကြောင့် ကြွေ အိပ်ရာပေါ် ပြန်လဲအိပ်သွားရပြီး ဦးဓနရဲ့ ရင်ခွင်အောက် ပြန်ရောက်သွားရသည်။ ဦးဓန မနိုးသေးရင် ကြွေ အလုပ်စောစော ထလုပ်ဖို့ အချိန်ရပြီး ဒီလို ဂျစ်ရစ်တော့မဲ့ နေ့တွေဆို လူလည်း ရစရာမရှိတော့တဲ့အပြင် အလုပ်လည်း ဘာတစ်ခုမှ မပြီးတော့ပေ။
''ဦးရေ ကြွေ ထချင်နေပြီ''
''အင်း နို့တိုက်..''
မနက်စောစော အရှက်မရှိတဲ့ စကားတွေဆို ဒီလူကြီး ပါးစပ်က ထွက်လာသည်။ ဒီလို စကားတွေ အပြောခံရတိုင်း ကြွေ ကိုယ့်ကိုကိုယ် လိပ်လေးသာ ဖြစ်လိုက်ချင်သည်။ ရှက်ရင် အခွံလေးထဲ ဝင်ပုန်းရအောင်လို့..။
''ဟေ့အေးနော် ဦး ညကပဲ ခိုးစို့ထားပြီးတော့..''
မကျေနပ်သလို ဆူဆူပူပူ ပြောမိတော့ မျက်လုံးမှိတ်ထားတဲ့ ဦးဓနမော်ကွန်းက အိပ်မှုံစုံမွှားနဲ့ ထလာပြီး..
''ဟာ ကိုယ့်မိန်းမနို့ပဲ ခိုးစို့တယ် ရှိမလား၊ တိုက်မလား မတိုက်ဘူးလား၊ မတိုက်ရင် အတင်းလုပ်ပစ်မှာနော်၊ အေးအေးဆေးဆေး ပြောနေတုန်း လက်ခံလိုက် ''
ခြိမ်းခြောက်သလို အသံကြီးနဲ့ ပြောလာတော့ ကြွေ မျက်လုံးအပြူးသား ဖြစ်ရသည်။ ဦးဓနမော်ကွန်းလို လူက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တာ အရှေ့မှာ သာဓကတွေက အများကြီးပဲမလား။
''ဟို.. ဟိုလေ ကြွေ ဆွမ်းချက်ရအုံးမယ် မထလို့ မရတော့လို့နော် ဟို ည..ညမှလေ''
ချော့ချော့မော့မော့ ပြောကြည့်တော့ ဦးဓနက မျက်မောင်းတွေ ကြုတ်လာပြီး..
''မလိုချင်ဘူး အားနည်းနေတယ် ကိုယ့်ကို နို့တိုက်စမ်းပါ''
အမယ်လေး ပြောပုံကနော် ကြွေလည်း စိတ်ထဲက အော်ရယ်ချင်သလို ဖြစ်လာသည်။ သတ္တိမွေးပြီး တရက်တော့ ပြန်ပြောအုံးမှပါ။
မထွက်တဲ့နို့က အားရှိလို့လားလို့..။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
To Be Continue
ရှင်မွှေးလွန်း