ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-4)
မနက်မိုးလင်းတော့ အိပ်ရာလေးပေါ် ကြွေရုပ်လွှာက မရှိတော့ပေ။ ဘယ်များ ထွက်သွားတာလဲ နေများ ကောင်းသွားပြီလား..သက်ရော သက်သာရဲ့လား..။ ဟုတ်သားပဲ သူ ဆေးထွက်ဝယ်ပေးရဦးမှာပဲ ။
လူပျိုကြီး မိန်းမရတော့ နွားသိုးကြိုးပြတ်ဆိုတဲ့စကားက ဓနမော်ကွန်းအတွက်များလား သွေးထွက်အောင် မှန်နေသည် ။
အောက်ထပ်ကို ဆင်းလာတော့ မီးဖိုခန်းလေးထဲ အသံစာစာလေးကို အစ ကြားလိုက်ရသည်။ ဘာလဲ ထမင်းဟင်းချက်နေတာလား။ မီးဖိုခန်းထဲ ဝင်ကြည့်လိုက်တော့ အိမ်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားခေါင်းဆောင်နဲ့တောင် ရင်းနှီးကျွမ်းဝင်နေပြီး ရယ်မောပြောဆိုနေသည်။
ကိုယ်ကတော့ ဒီအိမ်ကြီးရဲ့ သခင်မတစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မလုပ်စေချင်။ သူမကတော့ ဟင်းချက်နေလို့ ပျော်နေတဲ့ မျက်နှာလေးကို ကြည့်ရုံနဲ့ သိသာသည်။
'' ကြွေရုပ်လွှာ''
အနောက်ကနေ ခေါ်သံကြောင့် ကြွေရုပ်လွှာ ဆတ်ခနဲ ဖြစ်သွားသည်။ ဒီအသံကြီးက ဦးဓနမော်ကွန်းမလား..။ သူ.. အိပ်ရာက နိုးပြီလား ။
''သူဌေးကြီး သမီးကို ခေါ်နေတယ် သွားလိုက်လေ''
''ဟုတ် ဟုတ်ကဲ့''
မီးဖိုချောင်ကနေ ခပ်ကုတ်ကုတ်လေး ထွက်သွားပြီး ဦးဓနအနား သွားရပ်လိုက်သည်။
''ဘာလုပ်နေတာလဲ''
''ကြီးမော်တို့နဲ့ ဟင်းချက်ကူနေတာပါ''
'' ဘယ်အချိန်ထလဲ''
''နည်းနည်းလေးတော့ ကြာပါပြီ''
''ဘယ်နှစ်နာရီလဲ အတိအကျပြော ''
''ငါးနာရီခွဲပါ''
''ဘာ!.. ဘယ်လို ငါးနာရီခွဲဟုတ်လား''
''ဟုတ်..ဟုတ်''
ညကလည်း ညနက်မှ အိပ်ရတာ မနက်စောစော ငါးနာရီခွဲတောင် ထလိုက်သေးတယ်တဲ့။ အိပ်ချိန်အပြည့်အဝတောင် ရလိုက်ရဲ့လားမသိ။
'' နောက်တစ်ခါ အဲလို အစောထစရာမလိုဘူး ကြားလား''
''ဟုတ် ကြွေက အကျင့်ပါနေလို့ပါ''
''ဘယ်လိုပဲ အကျင့်ပါတယ်ပြောပြော ဒီလောက်အစောကြီးထစရာမလိုဘူး၊ အလုပ်သမားတွေ အဆင်သင့်ရှိတယ်၊ ဖြစ်ချင်တာ စားချင်တာ လုပ်ချင်တာ ပြောလိုက်၊ သူတို့ အဆင်သင့် လုပ်ပေးလိမ့်မယ်''
''ဟုတ် ကြွေ ဟို မနေတတ်လို့ပါ''
ဦးဓနမော်ကွန်း ရှင်သန်လာတဲ့ ကမ္ဘာနဲ့ ကြွေရုပ်လွှာရဲ့ ရှင်သန်ခဲ့ရတဲ့ဘဝက တော်တော်လေး ခြားနားနေသည်။ ဦးဓနမော်ကွန်း ခံယူထားတဲ့ ခံယူချက်နဲ့ ကြွေရုပ်ရဲ့ခံယူချက်က လုံးလုံးမတူ။ ကြွေရုပ်တို့က ငယ်ငယ်ကတည်းက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဘဝ။ ဦးဓနမော်ကွန်းတို့က သူကိုယ်တိုင် အလုပ်မလုပ်ရင်တောင် သူ့အဖိုးရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ဆယ်သက်တောင် စားမကုန်။ လိုချင်တာ ဖြစ်ချင်တာ လုပ်ချင်တာ ရှိရင် လက်ညှိုးထိုးပြီး ပါးစပ်က ဟလိုက်ရုံနဲ့ အဆင်သင့်ဖြစ်တဲ့ အခြေအနေနဲ့ ကြွေတို့လို တစ်နေ့လုံး ပင်ပင်ပန်းပန်းလုပ်မှ ပိုက်ဆံလေး အနည်းငယ်သာ ရတဲ့ဘဝနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရပါ့မလဲ။
နေ့ချင်းညချင်း ဦးဓနမော်ကွန်းရဲ့ မိန်းမဖြစ်သွားပေမဲ့ အိမ်ကြီးရှင်သခင်မနေရာက ကြွေရုပ်လွှာက အသားမကျသေး။
'' မင်းဟင်းချက်ဝါသနာ ပါတယ်မလား''
''ဟုတ်..ဟုတ်ကဲ့''
ဦးဓန ဘယ်လိုသိတာလဲမသိဘူး။ ကြွေက ငယ်ငယ်လေးထဲက ဟင်းချက်ရတာ ဝါသနာပါသည်။ ကြွေ ချက်ထားတဲ့ ဟင်းကို တခြားသူက အားရပါးရ စားပေးတာကို သဘောကျသည် ဒါလေးပါပဲ ..။
''ဝါသနာပါတာကိုသိပေမဲ့ အဲလောက်ကြီး အသေးစိတ်ထိ လိုက်မလုပ်နဲ့၊ မင်းလုပ်ရမှာက ကိုယ်ရဲ့ ဝေယျာဝစ္စတစ်ခုတည်း၊ ကိုယ် ပြောတာကြားလား ''
''ဟုတ်ကဲ့''
''အခန်းထဲလိုက်ခဲ့''
''ရှင်!..''
ကြွေရုပ်လွှာကို သတိထားမိနေတာ ကြာပြီ။ အိပ်ခန်းထဲကို လိုက်ခဲ့တို့ အနောက်ကလိုက်ခဲ့တို့ မဟုတ်ဘူး သူနဲ့အတူတူ ရှိနေတဲ့အချိန်တွေဆို မျက်လုံးအပြူးသားနဲ့ တစ်ခုခုကို ထိတ်လန့်နေသလို ဖြစ်နေသည်။ အခုလည်း အိပ်ခန်းကို လိုက်ခဲ့လို့ ပြောတာနဲ့ မျက်နှာလေးက ထိတ်လန့်သလို သူ့ကို ကြည့်နေသည်။ သူကလည်း မသိချင်ယောင်ဆောင်ကာ ရှေ့ကနေ ထွက်သွားတော့ အနောက်က ကြွေက ကုတ်ကုတ်လေး လိုက်လာရသည်။
''သက်သာရဲ့လား''
''ရှင် !..''
''ကိုယ် မေးတာကို တကယ်မကြားတာလား၊ နှစ်ခါ ပြန်မေးစေချင်လို့ ပြောနေတာလား''
ကြွေရုပ်က ခေါင်းတစ်ခါခါနဲ့..
''မဟုတ်ပါဘူး ဟို သက်သာပါတယ်၊ ကြွေ ဘယ်လိုဖြေရမှန်းမသိလို့ပါ''
'' ကိုယ် ဆေးမှာထားပြီးပြီ၊ ခဏနေကျရင် လာပို့လိမ့်မယ်''
ဟင် ညက ဟိုဆရာဝန် ပြောတဲ့ဆေးလား။ အခု ဦးဓနက ဘယ်သူ့ကို မှာလိုက်တာလဲ။ ဦးဓန သွားမှာလိုက်တဲ့လူက ကြွေ ဘာဖြစ်နေတယ်ဆိုတာ သိသွားပြီလား..။ ရှက်လွန်းလို့ မျက်နှာလေးက တဖြည်းဖြည််း နီမြန်းလာသည်။
သူမမျက်နှာကို အမြဲလိုလို အရိပ်အကဲဖမ်းနေတဲ့ ဦးဓနကလည်း ကြွေ ရှက်နေပြီဆိုတာ သိသည်။ ထို့ကြောင့် ..
''ဘာမှရှက်စရာ မလိုဘူး၊ သူတို့က ကိုယ်နဲ့ နှစ်တွေ အကြာကြီး ရှိလာခဲ့တာ၊ ယုံရတယ် ဘာမှမဖြစ်ဘူး၊ ပြီးတော့ ကိုယ့်အိမ်မှာ အလုပ်လုပ်နေတဲ့သူအားလုံးက စကားလုံတဲ့လူတွေချည်းပဲ၊ ဘယ်သူမှ ပါးစပ်ဖွာတဲ့သူ မပါဘူး၊ အေး ပါးစပ်ဖွာရင်လည်း အလုပ်ထုတ်ပစ်ဖို့ ဝန်မလေးဘူး၊ ကိုယ် ပြောတာ သဘောပေါက်လား''
''ဟုတ်..ဟုတ်ကဲ့''
''ကိုယ် ရေချိုးတော့မယ်''
''ဟုတ်''
ရေချိုးမယ်ဆိုပြီး အသိပေးလိုက်တော့လည်း အခန်းဒေါင့်လေးနားမှ ကုတ်ကုတ်ကလေး ရပ်နေသေးသည်။ သူ့အနောက်ကို လာပြီး ပြင်ဆင်ပေးရမှာ မဟုတ်ဘူးလား။ အဲဒါတွေက အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေမှန်း သူမ မသိလို့လား။
အရိပ်အကဲပြလည်း မသိတော့ သူဘဲ ပါးစပ်က ထုတ်ပြောရပြန်သည်။
''အင်္ကျီလာချွတ်ပေး''
''ရှင်!..''
ပြောလိုက်တော့လည်း မျက်လုံးအပြူးသားနဲ့ သူ့ကို ပြန်ကြည့်လာသည်။
''ဘာလဲ မင်းက ကိုယ့်ရဲ့ဝေယျာဝစ္စတွေကို မလုပ်ပေးချင်တာလား''
''မဟုတ်ပါဘူး''
ပြောတော့မှ အနားသို့ အမြန်ရောက်လာပြီး ညဝတ်အင်္ကျီလေးကီု လာထိကိုင်လာသည်။ နောက်ပြီး လက်သေးသေးလေးတွေက ကြယ်သီးလေးကို ဖြုတ်ပေးလာသည်။
ထိကပ်နေသော မျက်နှာနှစ်ခုကြောင့် ကြွေမျက်နှာလေးဟာ လုံးဝ နေမတတ်ဖြစ်နေရသည်။ သူမ ရှက်နေတာကို သိလေ ဓနမော်ကွန်းက အသည်းအသန် လိုက်ကြည့်လေပင်..။
''ဟို..ဟို..''
''ဘာဖြစ်ပြန်တာလဲ''
ကြယ်သီးပေါ် တင်ထားတဲ့ လက်တွေက တဆတ်ဆတ် တုန်ရီလာသည်။ ကြယ်သီးလေး ဖြုတ်ခိုင်းတာနဲ့ ဒီလောက်အထိ ဖြစ်စရာလိုလို့လား။ တော်တော်လေးကို အူရိုင်းလေးပဲ ..။
''မနက်စာ မစားရသေးဘူးလား လက်တွေခြေတွေ တုန်နေတာ''
''မဟုတ်ပါဘူး ''
ကြွေရုပ် ရင်ခုန်လွန်းလို့ ဦးဓနရဲ့ အကြည့်တွေ စူးရှလွန်းလို့ ကြွေရှက်နေတာ..။ ကြယ်သီး ငါးလုံးသာ ရှိတာတောင် ကြွေရုပ်က အဆုံးထိ မဖြုတ်ပေးနိုင်တော့ ဓနပဲ သူမလက်တွေကို ဆွဲကာ ကုတင်ပေါ် ထိုင်ခိုင်းလိုက်ရသည်။
'' နေမကောင်းဘူးလား ဟင်..''
အနောက်က ဟင်ဆိုတဲ့အသံက အတော်လေး ဆွဲဆောင်မှုရှိနေသည်။ နူးညံ့လွန်းနေတာမျိုး မဟုတ်ဘဲ ကြွေကို ချောမောနေသလို ဖြစ်နေသည်။ ထိပ်တန်းသူဌေးစာရင်းဝင် ဦးဓနမော်ကွန်းက ကြွေရုပ်လွှာဆိုတဲ့ သာမန်မိန်းမ မဟုတ်ဘူး သာမာန်ထက်တောင် အဆပေါင်းများစွာ နှိမ့်ကျတဲ့ သူမကို နူးနူးညံ့ညံ့ ပြောပေးနေတာကိုက ကြွေရုပ် က ကံအကောင်းဆုံး ဖြစ်နေပြီမလား။
''လာ ဒီလိုနဲ့ မင်း ဒူးတွေ ခွေယိုင်တော့မယ်''
အနီးရှိ ကုတင်ပေါ် အသာလေးတင်ပေးပြီး သူကလည်း နံဘေးကနေ ပူးပူးကပ်ကပ် ဝင်ထိုင်လာသည်။ ဒီအနေအထားကို ကြွေ အသားမကျသေးတာကြောင့် မသိလိုက်မသိဘာသာ တဖြည်းဖြည်း ဆုတ်ခွာပေမဲ့ ကြွေဆုတ်ခွာလေ ဦးဓနက ပိုပိုတိုးလာလေပင်။
''ဘာဖြစ်လို့ အဝေးကို သွားနေတာလဲ၊ မင်းယောက်ျားအနားမှာ ကပ်နေရမှာ မဟုတ်ဘူးလား''
မကြိုက်သလို ပြောလာတဲ့ ဦးဓနရဲ့ အသံအောက်မှာ ကြွေဟာ ကျောက်ရုပ်လေးလို ငြိမ်သက်သွားရသည်။
ကြွေငြိမ်ကျသွားတော့မှ လက်ဖဝါးလေးတစ်ဖက်က ကြွေရဲ့ မေးလေးကို မော့ယူစေပြီး ..
''ကြွေရုပ်လွှာ ''
''ရှင်..''
''မင်းနဲ့ကိုယ်က အသက်တွေ အရမ်းကွာတယ်ဆိုတာ သိတယ်မလား''
''ဟုတ် ''
''အသက်က နှစ်ဆယ်ကျော်ကွာတာ မဟုတ်ဘူး၊ ဒီထက် ပိုများနေအုံးမှာ၊ မင်းက အခုမှ အသက်ပြည့်ကာစ မဟုတ်ဘူးလား''
''ဟုတ်ကဲ့''
''ဒီတော့ မင်းနဲ့ကိုယ်ကြားမှာ ကွာခြားချက်တွေ အများကြီးပဲ၊ မင်းနဲ့ကိုယ်ကြားမှာ အရမ်းကို ညှိယူရဦးမှာ အများကြီးပဲ ရှိသေးတယ်၊ ပြီးတော့ ဘယ်လိုပဲပြောပြော မင်းနဲ့ကိုယ်က လင်မယားတွေဖြစ်သွားပြီ၊ ကိုယ် ပြောတာ သဘောပေါက်လား''
''ဟုတ်ကဲ့ ''
''ဒီတော့ ကိုယ့်ကို အရမ်းကြီး မကြောက်မနေစေချင်ဘူး၊ ကိုယ် ဆိုလိုတာ သဘောပေါက်တယ်မလား၊ မင်း ကိုယ့်ကို ကြောက်လန့်နေမယ်ဆိုတာကို နားလည်တယ်၊ ဒါပေမဲ့ ကိုယ်နဲ့မင်းက နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် တွေ့နေမြင်နေရမယ့် ဆက်ဆံရေးတွေမလား၊ ဒီတော့ မင်း ကြောက်တာကို နားလည်ပေမဲ့ အရမ်းတော့ မကြောက်နဲ့ပေါ့၊ ကိုယ်လည်း မင်းကို တချို့အရာတွေဆို အလွတ်ပေးပြီး တချို့အရာတွေဆို မင်းကို ကိုယ်က ပြောဆိုကိုင်တွယ်မှာပဲ၊ ဒီတော့ အိမ်ထောင်ရေးတစ်ခုမှာ မင်းရော ကိုယ်ပါ ဒီအိမ်ထောင်ရေးအတွက် အစစအရာရာ ဖေးမမှပဲ ဒီအိမ်ထောင်ရေးက အဓွန့်ရှည်မှာ''
မသံသာ ပြောသလို ဦးဓနမော်ကွန်းက ကြွေအပေါ်မှာ ပေါ့ပေါ့သေးသေး သဘောထားတာ မဟုတ်မှန်း သိလာသည်။
''ဟုတ်ကဲ့ပါ''
ဦးဓနရဲ့ အပြောတွေကို ကြည့်ခြင်းဖြင့် ကြွေအပေါ်မှာ ထားတဲ့ စိတ်က လေးနက်နေမှန်း သိရသည်။ အခုလည်း ကြည့်ပါလား.. ကြွေ တွေးထင်ထားတာက ဦးဓနသာ ကြွေကို ငြီးငွေ့သွားရင် အဝေးကို မောင်းထုတ်ပြီး မငြီးငွေ့ခင်တော့ ဒီတိုင်း ကြွေကို သူ့အနားမှာ ခေါ်ထားရုံပဲလို့ ထင်ခဲ့တာ။ လိုချင်တာယူ အသုံးတော်ခံဘဝနဲ့ သူ့အနားမှာ ခံစားရမယ် ထင်ခဲ့တာ။ ပေးတာယူ ကျွေးတာစား လုပ်ရင်ခံဆို အနေအထားမျိုးနဲ့ပဲ ကြွေကိုဆက်ဆံမယ်လို့ တွေးထင်ထားခဲ့တာ။
ဒါပေမဲ့ ဦးဓန ကြွေအပေါ် ထားတဲ့ ခံယူချက်တွ လုံးဝကို ပြောင်းလဲနေသည်။ ဓနမော်ကွန်းက အိမ်ထောင်ရေးမပျက်စီးစေချင်တဲ့အပြင် တည်မြဲသွားဖို့ပါ တစ်ယောက်နဲ့တစ်ယောက်က ဖေးမကူညီမှုတွေ အများကြီးလိုနေတယ်ဆိုတာကို ပါးပါးလေး ပြောပြသွားသည်။
အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးတဲ့ ကြွေရုပ်လွှာနဲ့ အသက်လေးဆယ်ကျော် ဦးဓန..။
ဆင်းရဲတဲ့ဘဝမှာ နေပြီး ထမင်းစားရဖို့ အလုပ်တွေ အများကြီး ကြိုးစားလုပ်ကိုင်ရတဲ့သူမနဲ့ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာကာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးရှင်တစ်ယောက်...
သူတို့နှစ်ယောက်ရဲ့ကြားမှာ တော်တော်လေးကိုအဆင့်အတန်းတွေက မိုးနဲ့မြေလို ကွာခြားနေသည်..။
''ပြောတာ နားလည်တယ်မလား''
''ဟုတ်ကဲ့ဦး..''
ကြည်ကြည်သာသာလေး ပြန်ပြောလာတော့ ဓနမော်ကွန်း ပြုံးမိသည်။ တကယ်တမ်း ဒီမိန်းကလေးက ဦးထွန်းမြိုင်နဲ့ ဒေါ်ကလျာတို့ရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် သားကောင်ဖြစ်ခဲ့ရတာမလား။ သူကြောင့်ပဲ ပန်းကောင်းလေးတစ်ပွင့်ဟာ အရွယ်မတိုင်ခင် ကြွေလွှင့်ခဲ့ရသည်။
သူက တာဝန်ခံမှုအပြည့်အဝနဲ့ သူမကို လက်ထပ်ပေါင်းသင်းခဲ့တယ်ဆိုပေမဲ့ သူမနဲ့ ပတ်သက်ခဲ့တဲ့ ညလေး တစ်ညဟာ သူ့အတွက် လုံးဝ အဖိုးမဖြတ်နိုင်အောင် ဖြစ်ရသည်။ အမှန်အတိုင်းပြောရရင် အဲဒီညက သူမကို လုံးဝ တမ်းတမ်းစွဲသွားခဲ့တာ။ ဒါကြောင့်ပဲ အနားမှာ ခေါ်ထားပြီး သူ့ရဲ့ အိမ်သူသက်ထားဆိုတဲ့ ရာထူးကို ပေးခဲ့တာမလား..။
''အဲဒီတော့ ယောကျ်ားရဲ့ ဝေယျာဝစ္စအားလုံး မင်းကပဲ လုပ်ပေးပါဦး''
''ဟုတ်''
''အခုတော့ ကိုယ့်အင်္ကျီလေး အရင်ချွတ်ပေး ''
ဇာတ်လမ်းက ပြန်စလာပြန်သည်..။ လက်တွေကတော့ အရင်ကလောက် မတုန်ရီနေတော့ပေမဲ သုံးလုံးသာ ကျန်တော့တဲ့ ကြယ်သီးလေးတွေကို ချွတ်လိုက်တော့ ကျစ်လျစ်သန်မာတုတ်ခိုင်လှတဲ့ ကြွက်သားတွေကို မြင်လိုက်ရတာနဲ့ မျက်နှာလေးက အလိုလို လွှဲသွားလိုက်သည်။ အဝတ်အစားမပါတဲ့ ဦးဓနမော်ကွန်းရဲ့ ပုံကို ကြွေမြင်ဖူးပါသည်။ သို့ပေမဲ့ ရှက်နေတာကတစ်ကြောင်း နာကျင်နေတာကတစ်ကြောင်းနဲ့ ကြွေ ဒီအရာအပေါ် အလုံးစုံ အာရုံမစိုက်နိုင်ခဲ့။ အခုတော့ နီးနီးကပ်ကပ် အနေအထားဖြစ်နေတဲ့အပြင် ကြွက်သားတွေကကြွေမျက်လုံးရှေ့ တန်းခနဲ ဖြစ်နေသည်။
အင်္ကျီအဖြူရောင်လေးပေါ်က မို့မို့မောက်မောက် ဖြစ်နေသော အရာလေးနှစ်ခုက ဓနမော်ကွန်းရဲ့ မျက်လုံးထဲ အလိုလိုဝင်လာသည်။ နဂိုကမှ အဲလိုလုံးဝန်းအိစက်နေတဲ့ ကြွေရုပ်လွှာရဲ့ ရင်သားလေးတွေကိုဆို ပိုသဘောကျနေတတ်တာ ညကမှ သိလိုက်ရသည်။
''ဟင် ဦး ဘာလုပ်..ဟို ရေ..ရေချိုးတော့မှာဆို''
''အင်းလေ ရေချိုးမှာ အခုမချိုးရလည်း ရတယ် နောက်မှချိုလည်း ဘာမှမဖြစ်ဘူး ''
ပြောရင်း ဦးရဲ့ လက်တွေက အင်္ကျီပေါ်ကနေ ကြွေရဲ့ ရင်သားတွေကို နယ်ဆုတ်လာသည်။
''အ့..''
''ကိုယ်.. ကိုယ် ခဏ ချွတ်မယ် ''
အဖြူရောင်ရှပ်အင်္ကျီတွေကို အလျင်အမြန် ဆွဲချွတ်လာတဲ့ ဓနမော်ကွန်းကြောင့် ကြွေရုပ်လွှာ တားဆီးနေတာတောင် မမီတော့ပေ။
အသိပေးရုံမျှ ပြောလာပြီး လက်တွေကလည်းအင်္ကျီမပါဘဲ အသားချင်း တိုက်ရိုက်ထိတွေ့သွားသလို ဓနမော်ကွန်းရဲ့ မျက်နှာကလည်း အခုမှ လိုချင်တာ ရသွားသလို ကျေနပ်နေတဲ့ အပြုံးကြီးနဲ့ နို့လုံးတွေကို စိတ်တိုင်းကျ ဖျစ်ညစ်ဆုပ်နယ်နေတော့သည်။
ကြွေကတော့ သူ့ရင်ခွင်ထဲကနေ မနေတတ်သလို ရုန်းနေပေမဲ့ သူကတော့ အာရုံမစိုက်ဘဲ ကြွေရင်သားပေါ်မှာပဲ စူးစိုက်နေတော့သည်။
နို့သီးထိပ်လေးတွေကို ဖွဖွလေး အသာတို့ထိနေတာက ကြွေကို ပိုခံစားရခက်စေသည်။ နို့သီးဘေးပတ်လည်လေးကို လက်နဲ့ ပွတ်ဆွဲသွားလိုက် တအုံလုံးကို ဆွဲနယ်လိုက်နဲ့ လုပ်ချင်တိုင်း လုပ်နေတော့သည်။
ဓနမော်ကွန်း နှိပ်စက်လေ ကြွေရုပ်လွှာရဲ့ ညီးညူသံတွေဟာလည်း ရှက်စရာကောင်းအောင် ထွက်ကျလာတော့သည်။
''အ့ အဟာ့ အရမ်းမညှစ်ပါနဲ့ ဦး.. အ့ နာတယ်လို့ ''
💙💙💙💙💙💙💙💙💙💙
To be Continue
ရှင်မွှေးလွန်း