အပိုင်း ၁၂၈
ထိုသို့သော ဆွဲဆောင်မှုမှ လွတ်မြောက်သူဟူ၍မရှိချေ။ လူတိုင်း၏မျက်ဝန်းက အလယ်ဗဟိုနေရာတွင် ကခုန်နေသော ဖျော့တော့သေးသွယ်သည့် မိန်းကလေးထံတွင်သာ ရောက်နေကြသည်။ သူမ၏လှုပ်ရှားမှုများ၊ သူမ၏ ညင်သာပျော့ပြောင်းမှု၊ သူမ၏ဆွဲဆောင်မှု...သူမ၏တင်ပါးများကို စည်းချက်ကျကျ လှုပ်ခါလိုက်ချိန်တိုင်း၏ ဆွဲဆောင်မှုများအတွင်း အားလုံးက နစ်မြောသွားကြသည်။ မျက်တောင်ပင် မခတ်ကြတော့သလို တစ်ချက်ခတ်လိုက်သည်နှင့် တစ်စုံတစ်ရာကို လွတ်သွားမည်အလား စိုးရိမ်နေကြလေသည်။
မော့ယွန်ကျန်းသည်လည်း ခြေဖြားထောက်ကာ ပေါ့ပါးစွာ တစ်ပတ်လှည့်လိုက်သောမိန်းကလေး၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
သူမကို စိုက်ကြည့်နေရင်းဖြင့် ဖော်ပြ၍မရသော လောင်ကျွမ်းမှုတစ်ရပ်က သူ၏ရင်အတွင်း ဖြစ်တည်လာသည်။ သူ၏စိတ်က ရေပူစမ်းအတွင်းမှ မြင်ကွင်းများအဖြစ် ရုတ်တရက်ပြောင်းလဲကာ တိုးဝင်လာသည်။ လရောင်အောက်တွင် ထိုမိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ လှပနေသော အသားအရေများက တလက်လက်တောက်ပနေပုံ အားလုံးကို သူက မှတ်မိနေရာ သူ၏မျက်ဝန်းက မည်းမှောင်သထက် မည်းမှောင်လာသည်။
သူ၏အနားတွင်ရှိသော လုလင်ကျစ်ကမူ ခြောက်ခြားနေပြီဖြစ်သည်။ သူ၏နှလုံးခုန်သံက ဝရုန်းသုန်းကား ဖြစ်နေလျက် သူက ဘေးဘက်မှ ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည်လည်း အမျိုးသားတစ်ယောက်ဖြစ်သည့်အလျောက် မော့ယွန်ကျန်း၏မျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းတွင် ထင်ဟပ်နေသောအရာက အဆုံးအစမဲ့သည့် စိတ်ဝင်စားမှု ချောက်ကမ်းပါးတစ် ခုဖြစ်ကြောင်း နားလည်နေသည်။ ဖော်ပြ၍မရသော ခံစားချက်တစ်မျိုးက သူ့ကို ထိတ်လန့်လာစေသည်။
သူက အရူးပဲ။
သူကသူ့ကိုယ်သူ နှာခေါင်းရှုံ့လိုက်သည်။ သူ့တွင်အချိန်ရှိသေးချိန်က ယဲ့ကျန်းစာမေးပွဲဖြေမည့်အရေးမှ တာဆီးခဲ့သင့်သည်။ သူက သူမကို စံအိမ်အတွင်းတွင်သာ လှောင်ပိတ်ထားပြီး ဧကရာဇ်၏မျက်ဝန်းအဝေးမှ ဖယ်ခွာထားသင့်သည်။ နောက်ပိုင်းမှ သူမအား သင့်လျော်သော ကျေနပ်ဖွယ်လက်ထပ်ကြောင်းလမ်းမှုမျိုး ပေးလိုက်လျှင်လည်း အဆင်ပြေလေသည်။
"ပြောင်မြောက်တယ်"
ရုတ်တရက် အော်ဟစ်သံက လုလင်ကျစ်၏စိုးရိမ်မှုများကိုဖျက်ဆီးလိုက်သည်။ ထိုအခါမှသာ လူများကလည်း မြင့်မြတ်သောပုဂ္ဂိုလ်ပင် ရောက်နေကြောင်း သိလိုက်ရသည်။ အမျိုးသမီးများက မော့ယွန်ကျန်း၊ ထျန်းကျန့်နှင့် လုလင်ကျစ်တို့ကိုမြင်ချိန်တွင် ရှက်ရွံ့သွားသလို မျက်နှာက နီရဲသွားကြချိန်တွင် အမျိုးသားများကမူ ကျောမတ်သွားကြသည်။
မော့ယွန်ကျန်းကလည်း သူလာသည့်ကိစ္စအား မည်သူ့ကိုမှ မသိစေချင်သည့်အတွက် တိတ်ဆိတ်စွာသာ နောက်လှည့်ပြီးထွက်သွားသည်။ လုလင်ကျစ်ကလည်း သူထွက်သွားသည်ကို မြင်သည်နှင့် အလျင်စလိုနောက်မှ လိုက်ရသည်။
"လုယောင်ယောင်က ဒီတစ်ကြိမ် တတိယမြောက်အေရတော့မှာပဲ မဟုတ်လား"
မော့ရုံရီက အမတ်ကိုမေးသည်။
ထျန်းကျန့်ကလည်း ထွက်ခွာသွားသော မော့ယွန်ကျန်း၏ပုံရိပ်ကို ကြည့်ပြီးနောက်တွင် မင်းသားငယ်ရှိရာဘက်သို့ လှည့်ကာပြုံးလိုက်သည်။
"ဒီအမတ်ရဲ့အမြင်အရ တတိယသခင်မလေးက သေချာပေါက် အေရသင့်ပါတယ်"
မော့ရုံရီကလည်း ခေါင်းကို တစ်ချက်ပင့်မော့ပြီး ကျေနပ်စွာ ခေါင်းပြန်လှည့်သည်။
"သေချာတာပေါ့ မိန်းကလေးလုက တတိယမြောက်အေရပြီး အကယ်ဒမီကို ဝင်ခွင့်ရလိမ့်မယ်"
မင်းသမီး လျှိုဟွားက မျက်မှောင်ကို ကြုတ်ပြီး လက်သီးကို တင်းကျပ်စွာဆုပ်ကာ မသာမယာ ပြောသည်။
"ဒါကိုဘယ်ဘယ်လိုထည့်တွက်လို့ရမှာလဲ သေချာပေါက် သူကဗုံတီးပြပြီး ကခုန်သွားတာပဲ။ ဒါကို တူရိယာတစ်မျိုးလို့ ဘယ်လိုများ သတ်မှတ်လို့ရမှာတဲ့လဲ။ ဒါကိုထည့်မတွက်ဘူး"
"ဒါက မင်းဆုံးဖြတ်တာနဲ့ ဘာသက်ဆိုင်သလဲ"
ထျန်းကျန့်ကလည်း သူစိတ်ရှုပ်မှုကို သည်းမခံနိုင်တော့ချေ။
လျန်ကျန်းကလည်း မင်းသမီး လျှိုဟွား၏စကားများကို ကြားချိန်တွင် လှည့်ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မဆိုချေ။ သူမ၏အကြည့်က အကဲဖြတ်သူသို့ရောက်သွားချိန်တွင် သူမ၏အဆင့်ကိုသာ မျှော်လင့်စောင့်စားနေတော့သည်
"ဗုံကို တူရိယာတစ်ခုလို့ သတ်မှတ်လို့မရဘူး၊ လုယောင်ယောင် မင်းအခြားတူရိယာကို ရွေးချယ်ချင်သေးလား"
ဆရာမတစ်ယောက်က ပြောလိုက်သည်။ သူမက အပြာရောင်ဝတ်စုံဝတ်ထားသည်။
"မရှိပါဘူး"
လျန်ကျန်း၏နှုတ်ခမ်းများက ကော့တက်လာသည်။
"ဆရာမ ဘာလို့ဗုံကို ဂီတတူရိယာအဖြစ် မသတ်မှတ်နိုင်တာလဲ"
စစ်ဆေးအကဲဖြတ်သူ၏အကြည့်က သူမထံရောက်လာပြီးနောက် တည်တင်းသွားသည်။
"ဗုံက သဘာဝအလျောက် ဂီတတူရိယာပါ။ ဒါပေမဲ့ မင်းက ဒီနေ့ကခုန်ဖို့ စွမ်းရည်ကို ဖျော်ဖြေတာဖြစ်တယ်။ ဒါကြောင့် တူရိယာ တီးခတ်တဲ့စစ်ဆေးပွဲလို့ သတ်မှတ်လို့ဘယ်ရပါ့မလဲ"
"အမျိုးသမီးတွေအနေနဲ့ ရွေးချယ်နိုင်တဲ့ တူရိယာအလှမ်းက ကျယ်လွန်းပါတယ် ကျွန်မက ကိုယ်တိုင်ကိုယ်ကျ ဗုံကိုရွေးတာက လူအသုံးနည်းလို့ပဲ"
ယဲ့ကျန်းက ပြောသည်။
"အဲဒီလိုဆိုရင်တောင်မှ သတ်မှတ်လို့မရသေးဘူး"
ထိုအမျိုးသမီးက ခပ်ပြတ်ပြတ်ပြောသည်။
ယဲ့ကျန်းက ထိုဆရာမကို ကြည့်သောအကြည့်ကတစ်စုံတစ်ရာကို တွက်ချက်နေဟန်ရသည်။ သူမက ထိုဆရာမကို မမြင်ခဲ့ဖူးချေ။ ထို့နောက် မင်းသမီးလျှိုဟွားကို မကြာခဏကြည့်နေခြင်းကို သတိထားမိလိုက်သောအခါ မည်သည့်အတွက်ကြောင့် သူမကို ခက်ခဲအောင် လာလုပ်နေကြောင်း နားလည်သွားသည်။
ဂီတတူရိယာဖြစ်ခြင်းမဖြစ်ခြင်းထက် သူမစတင်ဖျော်ဖြေခြင်းမတိုင်မီကတည်းက သူမ၏အနာဂတ်က စုတ်ပြတ်ထားပြီးသားဖြစ်သည်။
အခြေအနေက ထိုသို့ပြောင်းလဲသွားသည့် ဖြစ်စဉ်ကို သဘောမကျသော မော့ရုံရီက ထိုဆရာမကို လက်ညှိုးထိုးပြီးမေးသည်။
"မင်းက သူ့နည်းလမ်းကမှားတယ်လို့ပြောတယ်။ ဒါဆိုရင် မင်းရှေ့ထွက်လာပြီး ဗုံပေါ် တက်ကပြစမ်းပါ ဒီမင်းသားကြည့်မယ်"
ထိုသို့တိုက်ရိုက်အမေးခံလိုက်ရသဖြင့် ဆရာမ၏ မျက်နှာက နီရဲသွားသည်။ သူမကလည်း ဗုံတီးမကျွမ်းသလို ထိုသို့လည်းလှပအောင် မကနိုင်ပါချေ။ မော့ရုံရီ၏စကားများက သူမကို အရှက်ခွဲချင်နေမှန်း သိသာသည်။ ထိုအချိန်တွင် မင်းသမီးလျှိုဟွားက ထိုဆရာမကို လာရောက်ကယ်ဆယ်ကာ မော့ရုံရီအားဖြေပေးသည်။
...
Zawgyi
အပိုင္း ၁၂၈
ထိုသို႔ေသာ ဆြဲေဆာင္မႈမွ လြတ္ေျမာက္သူဟူ၍မရွိေခ်။ လူတိုင္း၏မ်က္ဝန္းက အလယ္ဗဟိုေနရာတြင္ ကခုန္ေနေသာ ေဖ်ာ့ေတာ့ေသးသြယ္သည့္ မိန္းကေလးထံတြင္သာ ေရာက္ေနၾကသည္။ သူမ၏လႈပ္ရွားမႈမ်ား၊ သူမ၏ ညင္သာေပ်ာ့ေျပာင္းမႈ၊ သူမ၏ဆြဲေဆာင္မႈ...သူမ၏တင္ပါးမ်ားကို စည္းခ်က္က်က် လႈပ္ခါလိုက္ခ်ိန္တိုင္း၏ ဆြဲေဆာင္မႈမ်ားအတြင္း အားလုံးက နစ္ေျမာသြားၾကသည္။ မ်က္ေတာင္ပင္ မခတ္ၾကေတာ့သလို တစ္ခ်က္ခတ္လိုက္သည္ႏွင့္ တစ္စုံတစ္ရာကို လြတ္သြားမည္အလား စိုးရိမ္ေနၾကေလသည္။
ေမာ့ယြန္က်န္းသည္လည္း ေျချဖားေထာက္ကာ ေပါ့ပါးစြာ တစ္ပတ္လွည့္လိုက္ေသာမိန္းကေလး၏ ဆြဲေဆာင္ျခင္းကို ခံလိုက္ရသည္။
သူမကို စိုက္ၾကည့္ေနရင္းျဖင့္ ေဖာ္ျပ၍မရေသာ ေလာင္ကြၽမ္းမႈတစ္ရပ္က သူ၏ရင္အတြင္း ျဖစ္တည္လာသည္။ သူ၏စိတ္က ေရပူစမ္းအတြင္းမွ ျမင္ကြင္းမ်ားအျဖစ္ ႐ုတ္တရက္ေျပာင္းလဲကာ တိုးဝင္လာသည္။ လေရာင္ေအာက္တြင္ ထိုမိန္းကေလး၏ ေက်ာက္စိမ္းကဲ့သို႔ လွပေနေသာ အသားအေရမ်ားက တလက္လက္ေတာက္ပေနပုံ အားလုံးကို သူက မွတ္မိေနရာ သူ၏မ်က္ဝန္းက မည္းေမွာင္သထက္ မည္းေမွာင္လာသည္။
သူ၏အနားတြင္ရွိေသာ လုလင္က်စ္ကမူ ေျခာက္ျခားေနၿပီျဖစ္သည္။ သူ၏ႏွလုံးခုန္သံက ဝ႐ုန္းသုန္းကား ျဖစ္ေနလ်က္ သူက ေဘးဘက္မွ ဧကရာဇ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူသည္လည္း အမ်ိဳးသားတစ္ေယာက္ျဖစ္သည့္အေလ်ာက္ ေမာ့ယြန္က်န္း၏မ်က္ဝန္း အနက္ရႈိင္းဆုံးအပိုင္းတြင္ ထင္ဟပ္ေနေသာအရာက အဆုံးအစမဲ့သည့္ စိတ္ဝင္စားမႈ ေခ်ာက္ကမ္းပါးတစ္ ခုျဖစ္ေၾကာင္း နားလည္ေနသည္။ ေဖာ္ျပ၍မရေသာ ခံစားခ်က္တစ္မ်ိဳးက သူ႔ကို ထိတ္လန႔္လာေစသည္။
သူက အ႐ူးပဲ။
သူကသူ႔ကိုယ္သူ ႏွာေခါင္းရႈံ႕လိုက္သည္။ သူ႔တြင္အခ်ိန္ရွိေသးခ်ိန္က ယဲ့က်န္းစာေမးပြဲေျဖမည့္အေရးမွ တာဆီးခဲ့သင့္သည္။ သူက သူမကို စံအိမ္အတြင္းတြင္သာ ေလွာင္ပိတ္ထားၿပီး ဧကရာဇ္၏မ်က္ဝန္းအေဝးမွ ဖယ္ခြာထားသင့္သည္။ ေနာက္ပိုင္းမွ သူမအား သင့္ေလ်ာ္ေသာ ေက်နပ္ဖြယ္လက္ထပ္ေၾကာင္းလမ္းမႈမ်ိဳး ေပးလိုက္လွ်င္လည္း အဆင္ေျပေလသည္။
"ေျပာင္ေျမာက္တယ္"
႐ုတ္တရက္ ေအာ္ဟစ္သံက လုလင္က်စ္၏စိုးရိမ္မႈမ်ားကိုဖ်က္ဆီးလိုက္သည္။ ထိုအခါမွသာ လူမ်ားကလည္း ျမင့္ျမတ္ေသာပုဂၢိဳလ္ပင္ ေရာက္ေနေၾကာင္း သိလိုက္ရသည္။ အမ်ိဳးသမီးမ်ားက ေမာ့ယြန္က်န္း၊ ထ်န္းက်န႔္ႏွင့္ လုလင္က်စ္တို႔ကိုျမင္ခ်ိန္တြင္ ရွက္႐ြံ႕သြားသလို မ်က္ႏွာက နီရဲသြားၾကခ်ိန္တြင္ အမ်ိဳးသားမ်ားကမူ ေက်ာမတ္သြားၾကသည္။
ေမာ့ယြန္က်န္းကလည္း သူလာသည့္ကိစၥအား မည္သူ႔ကိုမွ မသိေစခ်င္သည့္အတြက္ တိတ္ဆိတ္စြာသာ ေနာက္လွည့္ၿပီးထြက္သြားသည္။ လုလင္က်စ္ကလည္း သူထြက္သြားသည္ကို ျမင္သည္ႏွင့္ အလ်င္စလိုေနာက္မွ လိုက္ရသည္။
"လုေယာင္ေယာင္က ဒီတစ္ႀကိမ္ တတိယေျမာက္ေအရေတာ့မွာပဲ မဟုတ္လား"
ေမာ့႐ုံရီက အမတ္ကိုေမးသည္။
ထ်န္းက်န႔္ကလည္း ထြက္ခြာသြားေသာ ေမာ့ယြန္က်န္း၏ပုံရိပ္ကို ၾကည့္ၿပီးေနာက္တြင္ မင္းသားငယ္ရွိရာဘက္သို႔ လွည့္ကာၿပဳံးလိုက္သည္။
"ဒီအမတ္ရဲ႕အျမင္အရ တတိယသခင္မေလးက ေသခ်ာေပါက္ ေအရသင့္ပါတယ္"
ေမာ့႐ုံရီကလည္း ေခါင္းကို တစ္ခ်က္ပင့္ေမာ့ၿပီး ေက်နပ္စြာ ေခါင္းျပန္လွည့္သည္။
"ေသခ်ာတာေပါ့ မိန္းကေလးလုက တတိယေျမာက္ေအရၿပီး အကယ္ဒမီကို ဝင္ခြင့္ရလိမ့္မယ္"
မင္းသမီး လွ်ိဳဟြားက မ်က္ေမွာင္ကို ၾကဳတ္ၿပီး လက္သီးကို တင္းက်ပ္စြာဆုပ္ကာ မသာမယာ ေျပာသည္။
"ဒါကိုဘယ္ဘယ္လိုထည့္တြက္လို႔ရမွာလဲ ေသခ်ာေပါက္ သူကဗုံတီးျပၿပီး ကခုန္သြားတာပဲ။ ဒါကို တူရိယာတစ္မ်ိဳးလို႔ ဘယ္လိုမ်ား သတ္မွတ္လို႔ရမွာတဲ့လဲ။ ဒါကိုထည့္မတြက္ဘူး"
"ဒါက မင္းဆုံးျဖတ္တာနဲ႔ ဘာသက္ဆိုင္သလဲ"
ထ်န္းက်န႔္ကလည္း သူစိတ္ရႈပ္မႈကို သည္းမခံႏိုင္ေတာ့ေခ်။
လ်န္က်န္းကလည္း မင္းသမီး လွ်ိဳဟြား၏စကားမ်ားကို ၾကားခ်ိန္တြင္ လွည့္ၾကည့္လိုက္ေသာ္လည္း မည္သည့္စကားမွ မဆိုေခ်။ သူမ၏အၾကည့္က အကဲျဖတ္သူသို႔ေရာက္သြားခ်ိန္တြင္ သူမ၏အဆင့္ကိုသာ ေမွ်ာ္လင့္ေစာင့္စားေနေတာ့သည္
"ဗုံကို တူရိယာတစ္ခုလို႔ သတ္မွတ္လို႔မရဘူး၊ လုေယာင္ေယာင္ မင္းအျခားတူရိယာကို ေ႐ြးခ်ယ္ခ်င္ေသးလား"
ဆရာမတစ္ေယာက္က ေျပာလိုက္သည္။ သူမက အျပာေရာင္ဝတ္စုံဝတ္ထားသည္။
"မရွိပါဘူး"
လ်န္က်န္း၏ႏႈတ္ခမ္းမ်ားက ေကာ့တက္လာသည္။
"ဆရာမ ဘာလို႔ဗုံကို ဂီတတူရိယာအျဖစ္ မသတ္မွတ္ႏိုင္တာလဲ"
စစ္ေဆးအကဲျဖတ္သူ၏အၾကည့္က သူမထံေရာက္လာၿပီးေနာက္ တည္တင္းသြားသည္။
"ဗုံက သဘာဝအေလ်ာက္ ဂီတတူရိယာပါ။ ဒါေပမဲ့ မင္းက ဒီေန႔ကခုန္ဖို႔ စြမ္းရည္ကို ေဖ်ာ္ေျဖတာျဖစ္တယ္။ ဒါေၾကာင့္ တူရိယာ တီးခတ္တဲ့စစ္ေဆးပြဲလို႔ သတ္မွတ္လို႔ဘယ္ရပါ့မလဲ"
"အမ်ိဳးသမီးေတြအေနနဲ႔ ေ႐ြးခ်ယ္ႏိုင္တဲ့ တူရိယာအလွမ္းက က်ယ္လြန္းပါတယ္ ကြၽန္မက ကိုယ္တိုင္ကိုယ္က် ဗုံကိုေ႐ြးတာက လူအသုံးနည္းလို႔ပဲ"
ယဲ့က်န္းက ေျပာသည္။
"အဲဒီလိုဆိုရင္ေတာင္မွ သတ္မွတ္လို႔မရေသးဘူး"
ထိုအမ်ိဳးသမီးက ခပ္ျပတ္ျပတ္ေျပာသည္။
ယဲ့က်န္းက ထိုဆရာမကို ၾကည့္ေသာအၾကည့္ကတစ္စုံတစ္ရာကို တြက္ခ်က္ေနဟန္ရသည္။ သူမက ထိုဆရာမကို မျမင္ခဲ့ဖူးေခ်။ ထို႔ေနာက္ မင္းသမီးလွ်ိဳဟြားကို မၾကာခဏၾကည့္ေနျခင္းကို သတိထားမိလိုက္ေသာအခါ မည္သည့္အတြက္ေၾကာင့္ သူမကို ခက္ခဲေအာင္ လာလုပ္ေနေၾကာင္း နားလည္သြားသည္။
ဂီတတူရိယာျဖစ္ျခင္းမျဖစ္ျခင္းထက္ သူမစတင္ေဖ်ာ္ေျဖျခင္းမတိုင္မီကတည္းက သူမ၏အနာဂတ္က စုတ္ျပတ္ထားၿပီးသားျဖစ္သည္။
အေျခအေနက ထိုသို႔ေျပာင္းလဲသြားသည့္ ျဖစ္စဥ္ကို သေဘာမက်ေသာ ေမာ့႐ုံရီက ထိုဆရာမကို လက္ညႇိဳးထိုးၿပီးေမးသည္။
"မင္းက သူ႔နည္းလမ္းကမွားတယ္လို႔ေျပာတယ္။ ဒါဆိုရင္ မင္းေရွ႕ထြက္လာၿပီး ဗုံေပၚ တက္ကျပစမ္းပါ ဒီမင္းသားၾကည့္မယ္"
ထိုသို႔တိုက္႐ိုက္အေမးခံလိုက္ရသျဖင့္ ဆရာမ၏ မ်က္ႏွာက နီရဲသြားသည္။ သူမကလည္း ဗုံတီးမကြၽမ္းသလို ထိုသို႔လည္းလွပေအာင္ မကႏိုင္ပါေခ်။ ေမာ့႐ုံရီ၏စကားမ်ားက သူမကို အရွက္ခြဲခ်င္ေနမွန္း သိသာသည္။ ထိုအခ်ိန္တြင္ မင္းသမီးလွ်ိဳဟြားက ထိုဆရာမကို လာေရာက္ကယ္ဆယ္ကာ ေမာ့႐ုံရီအားေျဖေပးသည္။
...