ဒီနေ့သည် မိုးညစေညွှန်ရဲ့ မွေးနေ့ဖြစ်ပေသည်။
မိုးည ကိုယ့်မွေးနေ့မှာ ဟန်နဲ့ အတူတူ အချိန်ကုန်ဆုံးချင်တာမို့ ရုံးကနေ စောစောပြန်ခဲ့ပေမဲ့
ထင်တဲ့အတိုင်းပင် ဟန်တစ်ယောက် အိမ်မှာ မရှိခဲ့ပေ၊
ဘာကိုမှ အလေးအနက်မထားတဲ့ ဟန်တစ်ယောက်အကြောင်း သိနေပြီးသားဖြစ်ပေမဲ့၊ ယခင်နှစ်တွေကလိုဒီနှစ်တွင်လည်း မိုးညမွေးနေ့ကို မမှတ်မိတာမို့ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။
သို့ပေမယ့် ထိုစိတ်သည် ခဏသည်သာ....
ဟန် မမှတ်မိလည်း ဘာဖြစ်လည်း
ဟန်ပြန်လာရင်လည်း မွေးနေ့ကို အတူတူကျင်းပလို့ ရတာပဲ ဆိုတဲ့ စိတ်နဲ့ မိုးည မီးဖိုချောင်ထဲ ဝင်ကာ ဟင်းချက်ခြင်း အလုပ်ကို စတင်ခဲ့သည်။
2နာရီလောက် ဟင်းတွေ ချက်ပြုတ်ပြီး ရေသွားချိုးကာ ဆင်းလာသည်အထိ ဟန် မရောက်သေးပါ၊
အချိန်ကြည့်တော့ ညနေ 6နာရီတိတိ.....
မိုးည ဧည့်ခန်းမှာ စောင့်နေရင်း ငိုက်လာသည်မို့ ခဏ အိပ်ပျော်သွားစဉ်၊ အိမ်ရှေ့မှာ ကြားလိုက်ရတဲ့ ကားစက်သံကြောင့် ဆတ်ခနဲ လန့်နိုးသွားသည်။
ထို့နောက် မရှေးမနှောင်း ဧည့်ခန်းထဲသို့ မှုန်ကုတ်ကုတ်နဲ့ ဝင်လာသည့် ဟန်....
"ကိုကို ပြန်တောင်ရောက်နေပြီလား
ဟန် ဒီနေ့ နည်းနည်းနောက်ကျသွားတယ်..."
"ရောက်တာ မကြာသေးဘူး
ဗိုက်ဆာနေပြီမလား ညစာစားကြရအောင်..."
"တော်ပြီ ကိုကို ဟန်စားခဲ့ပြီ..."
"မင်းကို အပြင်စာတွေ မစားနဲ့လို့ ကိုယ် ဘယ်နှခါ ပြောရမှာလဲ..."
"သူငယ်ချင်းတွေ အတင်းခေါ်သွားလို့ပါ၊
ဟန် ပင်ပန်းနေလို့ ရေအရင်ချိုးလိုက်အုံးမယ်နော် ကိုကို..."
ပြောပြီးတာနဲ့ လှေကားပေါ် တက်မလို လုပ်နေတဲ့ ဟန်ရှင်းကို...
"ဆက်ဟန်ရှင်း ဒီနေ့ ဘာနေ့လဲ သိလား..."
"ဒီနေ့က July 8ရက်နေ့လေ ကိုကို ၊ အရေးကြီးတာ ရှိလို့လား ...."
မိုးည ထင်တဲ့အတိုင်းပဲ ဟန် သူ့မွေးနေ့ကို မမှတ်မိဘူး....
"မရှိဘူး၊ သွားလို့ရပြီ..
ရေချိုးပြီးရင် ပြန်ဆင်းခဲ့ ညစာ အစောစားခဲ့လည်း ပြန်စားရမယ်၊ ဒီနေ့ ကိုယ် ကိုယ်တိုင် ချက်ထားတာ..."
"အာ ဟုတ်ပါပြီ ကိုကို့ သဘောပါဗျ..."
ခပ်နောက်နောက်ပြောပြီး တက်သွားတဲ့ဟန့်ကို သူ ငေးကြည့်ရင်း နောက်မှာ ရယ်လိုက်မိသည်။ အပြစ်တွေလုပ်၊ အမှားတွေ ရှိနေလည်း အပြစ်မတင်ရက်တဲ့ မျက်နှာလေးလေ.....
သူမချစ်ပဲဘယ်နေနိုင်ပါ့မလဲ.....။
ဆက်ဟန်ရှင်း ရေချိုးပြီး အောက်ထပ်ဆင်းရန် ပြင်နေချိန် ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ 'Dr.ကိုဝေဟင်တည်' တဲ့....
ဖုန်းကို အမြန်လှမ်းကိုင်လိုက်ရင်း...
"Hello.."
"...."
"လွမ်းတာပေါ့ အရမ်းပဲ....မတွေ့ရတာ 1နာရီလောက်က တစ်ကမ်ဘာလောက် ကြာသလိုပဲ...."
"..."
"အိမ်ပြန်ရောက်ရောက်ချင်း ခေါ်မလို့ပါဘဲ ကိုကိုက စကားပြောနေတာနဲ့ နည်းနည်းကြာသွားတာ..."
"......"
"မနက်ဖြန်က မောင်မအားဘူး ၊ ဒီနေ့ ကိုကို့ မွေးနေ့ကို မမှတ်မိခဲ့လို့ မနက်ဖြန် အစား မောင် အချိန်ပေးမှ ရမယ် ဝေဟင်၊ ကိုကို စိတ်မကောင်းဖြစ်သွားရင် မောင် မနေတတ်ဘူး..."
"......"
"ဟာ! Hello !..."
စိတ်ဆိုးကာ ချသွားပြီ ဖြစ်တဲ့ ဝေဟင့် ဖုန်းကိုကြည့်ရင်း ဆက်ဟန်ရှင်း ခေါင်းသာ တဗြန်းဗြန်း ကုတ်မိတော့သည်၊ စိတ်ဆိုးသွားလည်း မတတ်နိုင် ကိုကို့မွေးနေ့ကို အထပ်ထပ်အခါခါမေ့နေတာနဲ့တင် သူ့အပြစ်က ကြီးနေလေပြီ၊ ရေချိုးရင်း ကိုကို့မေးခွန်းကို ပြန်စဉ်းစားကာမှ သတိရတဲ့ သူ့အဖြစ်ဟာ သူ့ကိုသူတောင် စိတ်တိုချင်စရာပင်.....
ဧည့်ခန်းမှာ ဟန့်ကို စောင့်နေရင်း အတိတ်ကအကြောင်းတွေ တွေးနေမိသည်။ ဟန်က သူ့အမေရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်တီချိုရဲ့ သားပင်....
အန်တီချိုတို့က ကားအက်စီးဒင့် ဖြစ်လို့ ဆုံးသွားပြီးနောက်တွင် ကျန်ရှိ အမွေတွေကို မောင်နှမတွေက အသည်းအသန် ခွဲယူကြသော်လည်း ၁၀နှစ်သား ဟန်ကတော့ လက်ရှိနေထိုင်တဲ့အိမ်မှလွဲ ဘာမှ မရခဲ့သည့်အပြင် စောင့်ရှောက်မည့်သူလည်း မရှိခဲ့ပေ၊ ထိုအဖြစ်ကို မကြည့်နိုင်တဲ့ သူ့မေမေက ဟန့်ကို သူတို့အိမ်ဆီ ခေါ်ကာ စောင့်ရှောက်ခဲ့သည်။ ဟန်နဲ့ သူသည် ထိုအချိန်မှ စ၍ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စောင့်ရှောက်ခဲ့ကြသည်။ မွေးရာပါ နှလုံးရောဂါ ရှိသူ ဟန့်ကို ငယ်ငယ်လေးကတည်းက မေမေနဲ့သူဟာ ပိုးမွေးသလို မွေးခဲ့သည်။ ဟန် အသက့်၁၈နှစ် သူ့အသက် ၂၅နှစ်မှာ လူကြီးရောဂါနဲ့ မေမေ ဆုံးသွားခဲ့ပြီးနောက်၊ နှစ်ယောက်တစ်ဘဝ ဖြစ်လာခဲ့ရပြီး ဟန့်အသက် ၂၂နှစ်တွင် သူတို့ လက်ထပ်ခဲ့ကြသည်။ အခုတွင်တော့ အိမ် ထောင်သက် ၁နှစ်ကျော် ၂နှစ်ထဲ ဝင်နေလေပြီ ဖြစ်သည်။
လှေကားပေါ်က ဆင်းလာတဲ့ ခြေသံကြားတာကြောင့် မိုးည အတွေးစတွေ ဖြတ်လိုက်ပြီး ဟန်နဲ့အတူတူ ထမင်းစားခန်းထဲ ဝင်သွားခဲ့သည်။။။
ထမင်းစားရင်း သူ့ကို မဝံ့မရဲ ခိုးခိုးကြည့်နေတဲ့ ဟန်ကြောင့်...
"ပြောစရာရှိလို့လား ဟန်..."
"ဟန် ကိုကို့မွေးနေ့ကို မေ့သွားတာ တောင်းပန်ပါတယ်နော်...မနက်ဖြန် ဟန် အားတာမို့ ကိုကို့ ကို တနေကုန် အချိန်ပေးပါ့မယ်..."
"ဟက်! ကိုယ် မနက်ဖြန် မအားဘူး ဟန်
မနက်ဖြန် ဧည့်သည်နဲ့ ချိန်းထားတာ ရှိတယ်.."
ဟန် မင်းပေးချင်မှ ပေးတဲ့ အချိန်တွေကို ကိုယ်က လက်ခံရအောင် ကိုယ့်အချိန်တွေလည်း အဲ့လောက် မအားနေဘူး ဟန် ......
"ကိုကိုက ဟန့်လို အလုပ်မရှိ မကိုင်မရှိလောက် အချိန်မပေါတာ ဟန် သိပါတယ်၊ ဒါဆို ညနေလေးရော ဟန့်ကို အချိန် ပေးမလားဟင်..."
" ကောင်းပြီလေ၊ ညနေ ၅နာရီ အိမ်မှာ တွေ့ကြမယ်..."
"ဟန် မနက်ဖြန် အိမ်မှာပဲ ရှိနေပြီး ကိုကို့ကို မျှော်နေပါ့မယ်..."
"ကဲပါ စကားတွေ မများနဲ့တော့ ထမင်းလည်း စားအုံး အခုထိ တဝက်မကျိုးသေးဘူး၊ ဆေးလည်း သောက်ရအုံးမှာကို..."
"အခုတလော ရင်ဘတ်တွေ အောင့်နေတာ..."
"ဟင် တကယ်လား..အခုရော အောင့်နေတာလား..."
"ကိုကိုက အချိန်မပေးဘဲ ပစ်ထားလို့လေ ဟဲဟဲ
ကိုကို ဂရုစိုက်ပေးရင် ဘာမှ မဖြစ်တော့ဘူး..."
"ဟန် ကွာ ...ကိုယ် တကယ်စိတ်ပူသွားတာကို..."
"ချစ်လို့ စတာ အူးးးမွ ကိုကို့ပါးလေးက မွှေးလိုက်တာ..."
ရုတ်တရက် ထမင်းစားနေရင်းကနေ စားပွဲခုံကို ကျော် ပြီး၊ ဟန် တဖက်က သူ့ကို လှမ်းနမ်းလိုက်တာကြောင့် မိုးညလည်း ရင်တွေ လှပ်ခနဲအခုန်မြန်သွားကာ ရှက်ကိုးရှက်ကန်းနဲ့ တွန်းပစ်လိုက်ပြီး...
"ထမင်းစားရင်း မနမ်းရဘူးလေ
ကိုယ့်မျက်နှာ ညစ်ပတ်သွားမှာပေါ့..."
"ဟားဟား အဲ့တာဆို ခဏနေမှ အိပ်ယာပေါ်မှာ ဆက်ကြမယ်နော် ကိုကို...."
"ဟန်!!!"
"ဟားဟားးး"
ထို့နေ့က တိုက်အိမ်လေးရဲ့ ထမင်းစားခန်းတခုအတွင်း တစ်ဦးရဲ့ ရယ်သံလေးတွေနဲ့အတူ တစ်ဦးသောသူနဲ့ ရင်ခုန်သံလေးတွေဟာ တေးသွားလေး တဖွယ် သာယာကြည်နူးဖွယ်ကောင်းနေခဲ့သည်။
Zawgyi
ဒီေန႕သည္ မိုးညေစၫႊန္ရဲ႕ ေမြးေန႕ျဖစ္ေပသည္။
မိုးည ကိုယ့္ေမြးေန႕မွာ ဟန္နဲ႕ အတူတူ အခ်ိန္ကုန္ဆုံးခ်င္တာမို႔ ႐ုံးကေန ေစာေစာျပန္ခဲ့ေပမဲ့
ထင္တဲ့အတိုင္းပင္ ဟန္တစ္ေယာက္ အိမ္မွာ မရွိခဲ့ေပ၊
ဘာကိုမွ အေလးအနက္မထားတဲ့ ဟန္တစ္ေယာက္အေၾကာင္း သိေနၿပီးသားျဖစ္ေပမဲ့၊ ယခင္ႏွစ္ေတြကလိုဒီႏွစ္တြင္လည္း မိုးညေမြးေန႕ကို မမွတ္မိတာမို႔ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္မိသည္။
သို႔ေပမယ့္ ထိုစိတ္သည္ ခဏသည္သာ....
ဟန္ မမွတ္မိလည္း ဘာျဖစ္လည္း
ဟန္ျပန္လာရင္လည္း ေမြးေန႕ကို အတူတူက်င္းပလို႔ ရတာပဲ ဆိုတဲ့ စိတ္နဲ႕ မိုးည မီးဖိုေခ်ာင္ထဲ ဝင္ကာ ဟင္းခ်က္ျခင္း အလုပ္ကို စတင္ခဲ့သည္။
2နာရီေလာက္ ဟင္းေတြ ခ်က္ျပဳတ္ၿပီး ေရသြားခ်ိဳးကာ ဆင္းလာသည္အထိ ဟန္ မေရာက္ေသးပါ၊
အခ်ိန္ၾကည့္ေတာ့ ညေန 6နာရီတိတိ.....
မိုးည ဧည့္ခန္းမွာ ေစာင့္ေနရင္း ငိုက္လာသည္မို႔ ခဏ အိပ္ေပ်ာ္သြားစဥ္၊ အိမ္ေရွ႕မွာ ၾကားလိုက္ရတဲ့ ကားစက္သံေၾကာင့္ ဆတ္ခနဲ လန႔္နိုးသြားသည္။
ထို႔ေနာက္ မေရွးမႏွောင္း ဧည့္ခန္းထဲသို႔ မႈန္ကုတ္ကုတ္နဲ႕ ဝင္လာသည့္ ဟန္....
"ကိုကို ျပန္ေတာင္ေရာက္ေနၿပီလား
ဟန္ ဒီေန႕ နည္းနည္းေနာက္က်သြားတယ္..."
"ေရာက္တာ မၾကာေသးဘူး
ဗိုက္ဆာေနၿပီမလား ညစာစားၾကရေအာင္..."
"ေတာ္ၿပီ ကိုကို ဟန္စားခဲ့ၿပီ..."
"မင္းကို အျပင္စာေတြ မစားနဲ႕လို႔ ကိုယ္ ဘယ္ႏွခါ ေျပာရမွာလဲ..."
"သူငယ္ခ်င္းေတြ အတင္းေခၚသြားလို႔ပါ၊
ဟန္ ပင္ပန္းေနလို႔ ေရအရင္ခ်ိဳးလိုက္အုံးမယ္ေနာ္ ကိုကို..."
ေျပာၿပီးတာနဲ႕ ေလွကားေပၚ တက္မလို လုပ္ေနတဲ့ ဟန္ရွင္းကို...
"ဆက္ဟန္ရွင္း ဒီေန႕ ဘာေန႕လဲ သိလား..."
"ဒီေန႕က July 8ရက္ေန႕ေလ ကိုကို ၊ အေရးႀကီးတာ ရွိလို႔လား ...."
မိုးည ထင္တဲ့အတိုင္းပဲ ဟန္ သူ႕ေမြးေန႕ကို မမွတ္မိဘူး....
"မရွိဘူး၊ သြားလို႔ရၿပီ..
ေရခ်ိဳးၿပီးရင္ ျပန္ဆင္းခဲ့ ညစာ အေစာစားခဲ့လည္း ျပန္စားရမယ္၊ ဒီေန႕ ကိုယ္ ကိုယ္တိုင္ ခ်က္ထားတာ..."
"အာ ဟုတ္ပါၿပီ ကိုကို႔ သေဘာပါဗ်..."
ခပ္ေနာက္ေနာက္ေျပာၿပီး တက္သြားတဲ့ဟန႔္ကို သူ ေငးၾကည့္ရင္း ေနာက္မွာ ရယ္လိုက္မိသည္။ အျပစ္ေတြလုပ္၊ အမွားေတြ ရွိေနလည္း အျပစ္မတင္ရက္တဲ့ မ်က္ႏွာေလးေလ.....
သူမခ်စ္ပဲဘယ္ေနနိုင္ပါ့မလဲ.....။
ဆက္ဟန္ရွင္း ေရခ်ိဳးၿပီး ေအာက္ထပ္ဆင္းရန္ ျပင္ေနခ်ိန္ ဖုန္းဝင္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ 'Dr.ကိုေဝဟင္တည္' တဲ့....
ဖုန္းကို အျမန္လွမ္းကိုင္လိုက္ရင္း...
"Hello.."
"...."
"လြမ္းတာေပါ့ အရမ္းပဲ....မေတြ႕ရတာ 1နာရီေလာက္က တစ္ကမ္ဘာေလာက္ ၾကာသလိုပဲ...."
"..."
"အိမ္ျပန္ေရာက္ေရာက္ခ်င္း ေခၚမလို႔ပါဘဲ ကိုကိုက စကားေျပာေနတာနဲ႕ နည္းနည္းၾကာသြားတာ..."
"......"
"မနက္ျဖန္က ေမာင္မအားဘူး ၊ ဒီေန႕ ကိုကို႔ ေမြးေန႕ကို မမွတ္မိခဲ့လို႔ မနက္ျဖန္ အစား ေမာင္ အခ်ိန္ေပးမွ ရမယ္ ေဝဟင္၊ ကိုကို စိတ္မေကာင္းျဖစ္သြားရင္ ေမာင္ မေနတတ္ဘူး..."
"......"
"ဟာ! Hello !..."
စိတ္ဆိုးကာ ခ်သြားၿပီ ျဖစ္တဲ့ ေဝဟင့္ ဖုန္းကိုၾကည့္ရင္း ဆက္ဟန္ရွင္း ေခါင္းသာ တျဗန္းျဗန္း ကုတ္မိေတာ့သည္၊ စိတ္ဆိုးသြားလည္း မတတ္နိုင္ ကိုကို႔ေမြးေန႕ကို အထပ္ထပ္အခါခါေမ့ေနတာနဲ႕တင္ သူ႕အျပစ္က ႀကီးေနေလၿပီ၊ ေရခ်ိဳးရင္း ကိုကို႔ေမးခြန္းကို ျပန္စဥ္းစားကာမွ သတိရတဲ့ သူ႕အျဖစ္ဟာ သူ႕ကိုသူေတာင္ စိတ္တိုခ်င္စရာပင္.....
ဧည့္ခန္းမွာ ဟန႔္ကို ေစာင့္ေနရင္း အတိတ္ကအေၾကာင္းေတြ ေတြးေနမိသည္။ ဟန္က သူ႕အေမရဲ႕ အခ်စ္ဆုံး ငယ္သူငယ္ခ်င္း အန္တီခ်ိဳရဲ႕ သားပင္....
အန္တီခ်ိဳတို႔က ကားအက္စီးဒင့္ ျဖစ္လို႔ ဆုံးသြားၿပီးေနာက္တြင္ က်န္ရွိ အေမြေတြကို ေမာင္ႏွမေတြက အသည္းအသန္ ခြဲယူၾကေသာ္လည္း ၁၀ႏွစ္သား ဟန္ကေတာ့ လက္ရွိေနထိုင္တဲ့အိမ္မွလြဲ ဘာမွ မရခဲ့သည့္အျပင္ ေစာင့္ေရွာက္မည့္သူလည္း မရွိခဲ့ေပ၊ ထိုအျဖစ္ကို မၾကည့္နိုင္တဲ့ သူ႕ေမေမက ဟန႔္ကို သူတို႔အိမ္ဆီ ေခၚကာ ေစာင့္ေရွာက္ခဲ့သည္။ ဟန္နဲ႕ သူသည္ ထိုအခ်ိန္မွ စ၍ တစ္ဦးနဲ႕ တစ္ဦး ခ်စ္ခင္ေစာင့္ေရွာက္ခဲ့ၾကသည္။ ေမြးရာပါ ႏွလုံးေရာဂါ ရွိသူ ဟန႔္ကို ငယ္ငယ္ေလးကတည္းက ေမေမနဲ႕သူဟာ ပိုးေမြးသလို ေမြးခဲ့သည္။ ဟန္ အသက့္၁၈ႏွစ္ သူ႕အသက္ ၂၅ႏွစ္မွာ လူႀကီးေရာဂါနဲ႕ ေမေမ ဆုံးသြားခဲ့ၿပီးေနာက္၊ ႏွစ္ေယာက္တစ္ဘဝ ျဖစ္လာခဲ့ရၿပီး ဟန႔္အသက္ ၂၂ႏွစ္တြင္ သူတို႔ လက္ထပ္ခဲ့ၾကသည္။ အခုတြင္ေတာ့ အိမ္ ေထာင္သက္ ၁ႏွစ္ေက်ာ္ ၂ႏွစ္ထဲ ဝင္ေနေလၿပီ ျဖစ္သည္။
ေလွကားေပၚက ဆင္းလာတဲ့ ေျခသံၾကားတာေၾကာင့္ မိုးည အေတြးစေတြ ျဖတ္လိုက္ၿပီး ဟန္နဲ႕အတူတူ ထမင္းစားခန္းထဲ ဝင္သြားခဲ့သည္။။။
ထမင္းစားရင္း သူ႕ကို မဝံ့မရဲ ခိုးခိုးၾကည့္ေနတဲ့ ဟန္ေၾကာင့္...
"ေျပာစရာရွိလို႔လား ဟန္..."
"ဟန္ ကိုကို႔ေမြးေန႕ကို ေမ့သြားတာ ေတာင္းပန္ပါတယ္ေနာ္...မနက္ျဖန္ ဟန္ အားတာမို႔ ကိုကို႔ ကို တေနကုန္ အခ်ိန္ေပးပါ့မယ္..."
"ဟက္! ကိုယ္ မနက္ျဖန္ မအားဘူး ဟန္
မနက္ျဖန္ ဧည့္သည္နဲ႕ ခ်ိန္းထားတာ ရွိတယ္.."
ဟန္ မင္းေပးခ်င္မွ ေပးတဲ့ အခ်ိန္ေတြကို ကိုယ္က လက္ခံရေအာင္ ကိုယ့္အခ်ိန္ေတြလည္း အဲ့ေလာက္ မအားေနဘူး ဟန္ ......
"ကိုကိုက ဟန႔္လို အလုပ္မရွိ မကိုင္မရွိေလာက္ အခ်ိန္မေပါတာ ဟန္ သိပါတယ္၊ ဒါဆို ညေနေလးေရာ ဟန႔္ကို အခ်ိန္ ေပးမလားဟင္..."
" ေကာင္းၿပီေလ၊ ညေန ၅နာရီ အိမ္မွာ ေတြ႕ၾကမယ္..."
"ဟန္ မနက္ျဖန္ အိမ္မွာပဲ ရွိေနၿပီး ကိုကို႔ကို ေမွ်ာ္ေနပါ့မယ္..."
"ကဲပါ စကားေတြ မမ်ားနဲ႕ေတာ့ ထမင္းလည္း စားအုံး အခုထိ တဝက္မက်ိဳးေသးဘူး၊ ေဆးလည္း ေသာက္ရအုံးမွာကို..."
"အခုတေလာ ရင္ဘတ္ေတြ ေအာင့္ေနတာ..."
"ဟင္ တကယ္လား..အခုေရာ ေအာင့္ေနတာလား..."
"ကိုကိုက အခ်ိန္မေပးဘဲ ပစ္ထားလို႔ေလ ဟဲဟဲ
ကိုကို ဂ႐ုစိုက္ေပးရင္ ဘာမွ မျဖစ္ေတာ့ဘူး..."
"ဟန္ ကြာ ...ကိုယ္ တကယ္စိတ္ပူသြားတာကို..."
"ခ်စ္လို႔ စတာ အူးးးမြ ကိုကို႔ပါးေလးက ေမႊးလိုက္တာ..."
႐ုတ္တရက္ ထမင္းစားေနရင္းကေန စားပြဲခုံကို ေက်ာ္ ၿပီး၊ ဟန္ တဖက္က သူ႕ကို လွမ္းနမ္းလိုက္တာေၾကာင့္ မိုးညလည္း ရင္ေတြ လွပ္ခနဲအခုန္ျမန္သြားကာ ရွက္ကိုးရွက္ကန္းနဲ႕ တြန္းပစ္လိုက္ၿပီး...
"ထမင္းစားရင္း မနမ္းရဘူးေလ
ကိုယ့္မ်က္ႏွာ ညစ္ပတ္သြားမွာေပါ့..."
"ဟားဟား အဲ့တာဆို ခဏေနမွ အိပ္ယာေပၚမွာ ဆက္ၾကမယ္ေနာ္ ကိုကို...."
"ဟန္!!!"
"ဟားဟားးး"
ထို႔ေန႕က တိုက္အိမ္ေလးရဲ႕ ထမင္းစားခန္းတခုအတြင္း တစ္ဦးရဲ႕ ရယ္သံေလးေတြနဲ႕အတူ တစ္ဦးေသာသူနဲ႕ ရင္ခုန္သံေလးေတြဟာ ေတးသြားေလး တဖြယ္ သာယာၾကည္ႏူးဖြယ္ေကာင္းေနခဲ့သည္။