Can You Love Me Like That?

By Brownie_Huang

5.2K 719 100

Kim Gyuvinဆိုတဲ့စီနီယာကသွက်သွက်ခါအောင်ရူးနေတာပဲ။ More

1.
2.
3.
4.
5.

6.

722 99 32
By Brownie_Huang

"ထပ်ပြီးဘာဖြစ်ပြန်တာလဲ ကျနော့်ကိုတစ်ရက်လေးတောင် လွတ်မထားပေးနိုင်ဘူးလား"

"ဘာမှန်တာလုပ်ထားလို့ငါ့ကိုလာအော်နေတာလဲ ဟမ်"

ဂယူဘင်းသူဆွဲထားတဲ့လက်ကိုအားနဲ့ဖိညှစ်ပြီးအံကြိတ်ကာပြောလိုက်တော့ ထိုကောင်လေးကမျက်ထောင့်နီနီတွေနဲ့ပြန်စိုက်ကြည့်လာတယ်။

တကယ့်အကြောတင်း။

ဘယ်လောက်တောင်ခေါင်းမာတဲ့အမျိုးလဲဆိုတာ သူ့ကိုမထေ့တထေ့ပြန်ကြည့်နေတဲ့မျက်နှာအမှုအရာနဲ့တင်သိနိုင်တာမျိုးပဲ။

ဂယူဘင်းစိတ်ထဲက ကလိကလိနဲ့ရိုက်ပုတ်ပစ်ချင်လိုက်တာမှအသည်းတယားယား ၊ လက်တယားယားနဲ့။

အဲ့စူပုတ်နေတဲ့မျက်နှာချောချောလှလှလေးကိုပဲစိတ်ရှိလက်ရှိကုပ်ဖဲ့ပစ်လိုက်ရရင် ရစရာမရှိအောင်စုတ်ပြတ်သတ်သွားဦးမယ်။

"ခများလက်ကိုလွှတ်!"

ဂယူဘင်းထိန်းထားရတာတွေများလွန်းလို့ မနေနိုင်ဘဲ စိတ်ထဲကလို အဲ့ဒီမျက်နှာလေးကိုမကုပ်ဆွဲမိခင် ပါးမို့မို့လေးနှစ်ဖက်ကို လက်ညိုးလက်မ သုံးပြီး အားနဲ့ဆွဲညှစ်ထားလိုက်မိတော့တယ်။

"မလွှတ်တော့ဘာဖြစ်ချင်လဲ ဟမ်။ ငါမဟုတ်တဲ့လူတိုင်းကိုလိုက်ပြုံးပြနေရတာသိပ်ပျော်နေတယ်ပေါ့ ဟုတ်လား။ နောက်တစ်ခါမပြုံးပြရဲတော့အောင် မင်းရဲ့ဒီနှုတ်ခမ်းတွေကိုအပ်နဲ့ချုပ်ပစ်လိုက်ရမလား"

လက်တစ်ဖက်က ခွေးကောင်လေးရဲ့ပါးကိုမနာနာအောင်ဆွဲညှစ်ထားပြီး နောက်လက်တစ်ဖက်က ထိုကောင်လေးရဲ့အသည်းပုံနှုတ်ခမ်းလေးကိုတို့ထိရင်း ကြောက်စရာကောင်းအောင်ပြောလိုက်တော့...

"အရူး ၊ ရူးနေတာခများက"

"အေး ရူးနေတာသိရင် သိသလိုနေလိုက်"

ဂယူဘင်းမျက်နှာကိုရှေ့တိုးပြီး နီးနီးကပ်ကပ်ပြန်ပြောမိတော့ ခွေးလေးက သူ့လက်ကိုကုပ်ဆွဲလာတာမို့နာကျင်မှုကစူးခနဲ။

သူတစ်ခုခုလုပ်တိုင်းပြန်လုပ်ရဲတာဆို ဒီအကြောတင်းပဲရှိတယ်။

အခုလည်းကြည့် သူမလွတ်ပေးမချင်းကုပ်ဆွဲထားတာများသူ့အရေပြားကိုဆွဲဖြဲတော့မယ့်အတိုင်းပဲ။

"ဟက်"

ဂယူဘင်းလှောင်ရယ်လိုက်မိတော့တယ်။ သူကအသားနာရုံလောက်နဲ့လွတ်ပေးလိုက်မယ်လို့ထင်နေတာလား။ သူ့ကိုအထင်သေးလွန်းတာတွေများနေပြီ ခွေးကောင်လေးရဲ့။

ဂယူဘင်းထိုကောင်လေးခေါင်းကိုကျော်ပြီးအနောက်ကနံရံကိုလှမ်းကြည့်လိုက်တယ်။
အင်း...သိပ်မဝေးဘူးပဲ..။

မကောင်းတဲ့အငွေ့အသက်တွေရနေတဲ့တစ်ဖက်စောင်းအပြုံးကိုချိတ်ဆွဲလိုက်တဲ့ဂယူဘင်းက သူ့လက်ထဲကခွေးပေါက်လေးကိုပြန်ကြည့်လိုက်တယ်။

ပြီးတာနဲ့ အနောက်ကနံရံဆီတွန်းပို့လိုက်ကာ ထွက်ပြေးလို့မရတော့အောင် ချောင်ပိတ်ပြီးသူ့ကိုယ်လုံးနဲ့အုပ်မိုးထားလိုက်မိတော့တယ်။

မျက်ခုံးတစ်ဖက်ကိုလည်းအလိုလိုပင့်ပြရင်း...။
ထွက်ပြေးနိုင်မယ်ထင်ရင် လုပ်ကြည့်လေလို့ စိန်ခေါ်သလိုမျိုးအမှုအရာမျိုးကိုလည်းလုပ်ပြလိုက်သည်။

သူ့ရင်ဘတ်ကိုလက်နှစ်ဖက်လုံးသုံးပြီး အားနဲ့တွန်းနေတဲ့ခွေးပေါက်လေးကိုချောင်ပိတ်ပြီးကြည့်နေရတဲ့အရသာကအရမ်းကို စိတ်လှုပ်ရှားစရာပဲ..။

ဂယူဘင်း နှုတ်ခမ်းထောင့်စွန်းတွေဟာကွေးညွှန့်လို့။

နံရံကိုထောက်ထားတဲ့သူ့လက်တစ်ဖက်ကို ထိုကောင်လေးရဲ့လည်ပင်းနောက်ဆီလျှိုသွင်းပြီးဂုတ်ပိုးကိုဆုပ်ကိုင်လိုက်တော့ ခပ်စူးစူးမော့ကြည့်လာတဲ့မျက်လုံးတွေက သူ့ကိုကိုက်ဖြတ်တော့မယ့်ခွေးဆိုးလေးလို..။

ဂယူဘင်းသဘောတကျနဲ့ရယ်လိုက်မိတော့တယ်။

ပြီးတာနဲ့ ပိုတိုးသွားမိတယ်။ သူ့ခြေထောက်တွေနဲ့ခွေးပေါက်လေးရဲ့ခြေထောက်တွေကိုချုပ်ထားလိုက်ပြီး သူ့အပေါ်ပိုင်းကိုလည်းထိုကောင်လေးပေါ်ပိုပြီးဖိကပ်ထားလိုက်တယ်။

ဘယ်လောက်တောင်နီးကပ်သွားလဲဆိုရင်.. သူခန့်မှန်းရသလောက်တော့ သူ့ဝင်သက်ထွက်သက်တွေကအဲ့ခွေးပေါက်လေးရဲ့မျက်နှာကို ခပ်နွေးနွေးသွားရိုက်ခတ်နေမယ့်အထိပဲ။

ဂယူဘင်းသူ့မျက်နှာနဲ့ နီးနီးကပ်ကပ်ကမျက်နှာလေးကိုပိုပြီးစူးစူးနင့်နင့်စိုက်ကြည့်ပေးလိုက်သည်။

အဲ့ကောင်လေးသူ့အကြည့်တွေကိုရှောင်ဖယ်ပြီးတစ်ဖက်လှည့်သွားရတဲ့အထိ စိုက်ကြည့်ပေးလိုက်တာ။

သူတွေးထားတဲ့အတိုင်းပြုမှုပေးနေတာမလို့ ဂယူဘင်းမသိမသာပြုံးလိုက်ပြီး တစ်ဖက်လှည့်နေတဲ့မျက်နှာလေးကို သူဆုပ်ကိုင်ထားတဲ့လည်ပင်းနောက်ကနေပြန်ထိန်းကိုင်ပြီးသူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်။

သူ့ကိုအယုတ်ယွဆုံးအမှိုက်သရကိုကြည့်သလိုကြည့်လာတဲ့ အကြည့်တွေကြောင့်ဂယူဘင်းခပ်ထေ့ထေ့ရယ်လိုက်မိတယ်ပြီးတာနဲ့ ပါးစောင်းကိုလျှာနဲ့ထိုးလိုက်မိသည်။

သူ့စိတ်ကိုဘယ်လိုဆွရမလဲကောင်းကောင်းသိတဲ့ကောင်လေးပဲ။

ဂယူဘင်း သူ့လက်ထဲကလည်ဂုတ်လေးကို အားနဲ့ရှေ့တိုးလိုက်ကာ ခွေးကောင်လေးရဲ့နှုတ်ခမ်းတွေကိုဖိကပ်နမ်းလိုက်မိသည်။

သူအခုလိုလုပ်လိုက်မယ်လို့မခန့်မှန်းထားတဲ့ကောင်လေးကမျက်ဝန်းတွေပြူးကျယ်သွားပြီး တစ်ကိုယ်လုံးကအားတွေနဲ့အတင်းရုန်းကန်လာတော့တာမို့
ဂယူဘင်းနှုတ်ခမ်းချင်းဖိကပ်ထားရင်းနဲ့တောင်မသိမသာပြုံးလိုက်မိတဲ့အထိပဲ။

အဲ့လောက်တောင် မကြိုက်တာလား။ ဒီလိုလုပ်တာကိုလေ..။

ဂယူဘင်းသူ့တစ်ကိုယ်လုံးနဲ့အောက်ကကိုယ်လေးကိုပိုဖိချုပ်လိုက်ပြီး သူ့ရင်ဘတ်တွေကိုထုရိုက်နေတဲ့လက်နှစ်ဖက်လုံးကိုလည်းဆုပ်ကိုင်ကာအပေါ်မြောက်ပြီးလက်တစ်ဖက်နဲ့ချုပ်ထားလိုက်မိသည်။

ကျန်တဲ့သူ့လက်တစ်ဖက်ကတော့ ခွေးပေါက်လေးရဲ့လည်ပင်းနောက်မှာ။

မျက်နှာကိုဟိုလှည့်ဒီလှည့်လုပ်ပြီးရုန်းနေတဲ့ကောင်လေးကြောင့်အားမရဖြစ်လာတဲ့ဂယူဘင်းမှာ နှုတ်ခမ်းချင်းဖိကပ်ထားတာကိုချက်ချင်းပြန်ခွာလိုက်ရတယ်။

သူအားနဲ့ဖိနမ်းတာခံထားရတဲ့နှုတ်ခမ်းထူထူလေးကတော့ အရောင်ရင့်လို့။

ခွေးပေါက်လေးရဲ့တစ်မျက်နှာလုံးဟာလည်းဒေါသကြောင့်ပေါက်ကွဲထွက်တော့မလိုနီရဲနေတော့သည်။

အဟက် သိပ်ကို..ကျေနပ်စရာပဲ။

ဂယူဘင်းထိုကောင်လေးရဲ့လည်ပင်းနောက်ကသူ့လက်ကိုပြန်ထုတ်လိုက်ပြီး သူနမ်းထားတဲ့နှုတ်ခမ်းလေးရဲ့အလယ်တည့်တည့်ကွဲကြောင်းရာလေးဆီလက်ညိုးထိပ်ဖြင့်အသာထိတွေ့ကာ ခပ်ဖွဖွဖိချပြီးနှုတ်ခမ်းနှစ်ခုအားအသာဟစေလိုက်တယ် ...

ထို့နောက် သူ့မျက်နှာကိုပြန်ပြီးငုံ့ချလိုက်ကာ ခပ်ကျဥ်းကျဥ်းဟနေတဲ့နှုတ်ခမ်းပေါက်လေးထဲသူ့လျှာကိုတိုးဝင်စေလိုက်မိ၏။

​ဒီလောက်ဆိုသေချာနေပြီ သူတော့ သူအနိုင်ကျင့်ရမယ့်ကောင်လေးတစ်ယောက်ကို  နမ်းနေမိပြီဆိုတာ။

အစကတော့မာနထိခိုက်သွားရုံလောက် နှုတ်ခမ်းချင်းထိရုံထိပေးလိုက်မလို့ပဲ..ဒါပေမယ့် ..... မသိတော့ဘူး။
အဲ့ထပ်ပိုလုပ်ချင်လာလို့လည်းဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သူမှားတာမရှိဘူးလေ။

မှားချင်မှား သူ့စိတ်ကိုလာလာဆွတဲ့ကောင်စုတ်လေးရဲ့အမှားပဲဖြစ်မှာ။

သူကတော့ဘယ်တော့မှမမှားဘူး။











မိနစ်ဝက်လောက်နမ်းပြီးတော့ ဂယူဘင်းနှုတ်ခမ်းချင်းခွာလိုက်ကာ ဟန်ယူဂျင်းမျက်နှာကိုသေချာစေ့စေ့ကြည့်မိသည်။

အင်း...ဘယ်လိုပြောရမလဲ ရှက်တာ ၊ ဒေါသထွက်တာ ၊ ခံပြင်းတာ ၊ မာနထိခိုက်တာ... အကုန်လုံးထိလို့ရသမျှအကုန်ရိုက်ချိုးပစ်လိုက်နိုင်တဲ့သူ့ကို အဲ့လိုခံစားချက်တွေ ရောပြွန်နေတဲ့မျက်လုံးတွေနဲ့ကြည့်လို့နေတာ။

ကျေနပ်တယ်။ အရမ်းကိုမှ ကျေနပ်တယ်။

ဂယူဘင်းသူချုပ်ထားမိတဲ့နေရာတိုင်းကိုလွတ်ပေးလိုက်ပြီးနောက် ခပ်ထေ့ထေ့ပြုံးပြကာ ထားခဲ့လိုက်ဖို့ လှည့်ထွက်လာလိုက်တော့..

"စောက်ရူး!"

အော်ဆဲသံနဲ့အတူ သူ့ပခုံးကိုကိုင်ပြီးဆွဲလှည့်လိုက်ပစ်တဲ့ ကောင်လေးက သူ့မျက်နှာကိုလက်သီးတစ်ချက်ထိုးသွင်းလာတာမို့ ဂယူဘင်းရှောင်ချိန်တောင်မရလိုက်။

နှာရိုးတစ်လျှောက်ဆစ်ခနဲအောင့်တက်ပြီးကျဥ်တက်လာတဲ့နာကျင်မှုကြောင့် သူတစ်ချက်ယိုင်သွားတုန်းရှိသေးတယ် ထပ်ပြီးသူ့ဘယ်ဘက်ပါးကိုထိုးလာပြန်တဲ့ကောင်လေးကြောင့် ဂယူဘင်းမှာ ဘေးကိုလှဲကျသွားတော့မတက်။

အားလားလား...
ခွေးပေါက်လေးကဘယ်ကနေစွမ်းအားတွေရလာလို့ သူ့ကိုအီစလန်ဝေသွားအောင် အထိထိုးနိုင်ရတာလဲ။
မဟုတ်မှ သူနမ်းလိုက်လို့ သူ့ဆီကနေများစွမ်းအားတွေရသွားတာလား !?

"အာ့"

သူကြောင်နေတုန်း သူ့ခြေသလုံးတွေကိုစိတ်ရှိလက်ရှိကန်ကျောက်လာတဲ့ကောင်လေးကြောင့် ဂယူဘင်းတစ်ချက်တော့အော်သံထွက်သွားရသည်။

တကယ်ကြီးဒေါသတွေထွက်နေတာပဲ။

ဂယူဘင်း အကန်ခံလိုက်ရသည့်သူ့ခြေထောက်လေးအားကုန်းကုန်းကွကွနှင့်ဖိကိုင်ကာ ခွေးကောင်လေးကိုခပ်စူးစူးစိုက်ကြည့်လိုက်တော့ မျက်ရည်အဝိုင်းသားနှင့် နှုတ်ခမ်းစွန်းတွေကတလှုပ်လှုပ်နဲ့မဲ့ကျတော့မလိုဖြစ်နေတဲ့ကောင်လေးကြောင့် သူ့အကြည့်စူးစူးတွေဟာတစ်စက္ကန့်အတွင်းပျောက်ရှလို့။

ကြောင်အမ်းအမ်းမျက်လုံးဝိုင်းတွေဖြစ်သွားသလားတောင်မသိတော့ပါ။

ဂယူဘင်းဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်သွားရတာတော့အမှန်ပဲ။

ခွေးပေါက်လေးက ငို ငိုတော့မှာလား...သူနမ်းလိုက်လို့လေ?

ဂယူဘင်းမှာချက်ချင်းလက်ငင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရ၏။

လက်သီးဆုပ်လေးနှစ်ခုကိုကြည့်မိတော့ ကျစ်ကျစ်ပါအောင်ဖိဆုပ်နေပြီး ၊ အံကိုလည်းကြိတ်ကာ မျက်နှာတစ်ခုလုံးနီရဲနေတဲ့ကောင်လေးက အကြည့်တွေကိုလည်းအောက်ပို့ထားတာမို့ ဒီလိုအခြေအနေမျိုးနဲ့တစ်ခါမှမကြုံဖူးတဲ့ဂယူဘင်းမှာ ရေခဲရိုက်ထားသလို အေးခဲနေလျက်။

"အရမ်း..အရမ်းမုန်းဖို့ကောင်းတယ်...၊
ပျော်လား ကျနော့်ကိုအဲ့လိုလုပ်ရတာပျော်လားလို့!"

ကျလုဆဲဆဲမျက်ရည်ကြည်တွေဝေ့သီးနေတဲ့မျက်လုံးလေးက သူ့ကိုလှမ်းကြည့်လာပြီး ၊ တုန်ရီနေတဲ့နှုတ်ခမ်းတွေနဲ့ဒေါသကိုချုပ်တည်းပြီးအသံအက်အက်နဲ့ပြောလာတာမို့ ဂယူဘင်း သူ့နှာခေါင်းထဲ ငရုတ်ကောင်းမှုန့်တွေဝင်လာသလိုခံစားလိုက်ရတယ်။

မွှန်ပြီးစပ်စပ်နဲ့ နှာချေချင်သလိုပဲဖြစ်လာသလိုလို ၊ ခွေးကောင်လေးကိုကြည့်ပြီး သူ့မှာအားနာစိတ်ဝင်လာသလိုလိုနဲ့။

သေချာတာကတော့ ဟန်ယူဂျင်းငိုတာသူတစ်ခါမှမမြင်ဖူးတာ ဟုတ်တယ်မလား။
အဲ့တာကြောင့်ပဲ စိတ်ထဲတစ်မျိုးဖြစ်ပြီး ခိုလို့ခုလို့ဖြစ်နေတာ။

ဘာပြန်ပြောရမလဲလည်းမသိ ကြောင်စီစီနဲ့သာသူ့မှာ ရှက်ရှက်နဲ့ငိုချတော့မယ့်ကောင်လေးကိုကြည့်ပြီး ချော့မော့ချင်သလိုလိုဖြစ်လာရသည်။

ခက်တာက သူမှမမှားဘဲ။ သူက ဘယ်လိုပြောပြီးချော့ရမလဲ။ သူ့ဘဝမှာ သူ့ကြောင့်ငိုနေတဲ့လူတစ်ယောက်ကိုချော့ဖို့နေနေသာသာ သူ့ကြောင့်ဆေးရုံရောက်နေတဲ့လူတွေကိုတောင် မတောင်းပန်ဖူးတာကို... ပြသာနာပဲ။

ဂယူဘင်းမျက်ခုံးတစ်ဖက်ပေါ်ကို စိတ်ရှုပ်ရှုပ်နဲ့ကုပ်ခြစ်လိုက်မိတယ်။

သူတစ်ယောက်တည်းဝေ့လည်ကြောင်ပတ်နဲ့ တစ်ခုခုပြောရမလား ဘာလုပ်ရမလဲဆိုပြီး ပတ်ချာရိုက်နေတုန်း ဟန်ယူဂျင်းကတော့ သူခေါ်လာတဲ့ဟောဒီအခန်းထဲကနေထွက်လို့တောင်သွားပြီ။

ဝုန်းခနဲဆောင့်ပိတ်သွားတဲ့တံခါးသံနောက် ဂယူဘင်း ဟူးခနဲလေပူတွေကိုမှုတ်ထုတ်လိုက်မိပါရဲ့။

တော်သေးတာပေါ့ သူဘာမှလုပ်စရာမလိုဘဲ သူ့ဟာသူထွက်သွားလို့ တကယ်တော်သေးတယ် မဟုတ်ရင်သူ့မှာဘာလုပ်ရမလဲစဥ်းစားနေရင်းပဲတစ်နေကုန်သွားတော့မှာ။

နောက် မဆုံချင်လည်း ဆုံနေရဦးမှာမို့ အဲ့အခါကျရင်တော့ပြန်ပြေသွားလောက်ပါပြီ ဟုတ်တယ်မလား ခွေးပေါက်လေးကအမှတ်သည်းချေကြီးတယ်ဆိုပေမယ့် သူ့လိုနေ့တိုင်းဒုက္ခမပေးရမနေနိုင်တဲ့လူကိုတော့ ပစ်ပစ်ခါခါကြီးလုပ်ပြီးကျောင်းပြောင်းသွားမှာတော့မဟုတ်ဘူးမလား။

ကျောင်းပြောင်းသွားတော့လည်း ဘာကဘာဖြစ်စရာရှိမှာလဲ သူလည်းလိုက်ပြောင်းရုံပေါ့။ ခက်ခက်ခဲခဲရှာတွေ့ထားတဲ့အကြောတင်းလေးကိုသူကလွယ်လွယ်နဲ့လက်လွတ်ပေးစရာလားလို့။

သူဒုက္ခပေးလို့ငြီးငွေ့သွားတဲ့အချိန်ကျမှ အသစ်လဲရမှာပေါ့။

အခုတော့ ခွေးပေါက်လေးကအရမ်းကိုကစားလို့ကောင်းနေသေးတယ် လယ်ဗယ်တစ်ခုနဲ့ပြောရရင် နောက်ဆုံးဖိုင်နယ်လ်မရောက်သေးခင် coin တွေစစုနေတဲ့အောက်ခြေလယ်ဗယ်လောက်ပေါ့။ အရမ်းကြီးကြိုးစားစရာမလိုသေးဘဲ ပုံမှန်လေးအတိုင်းဆက်ပြီးကစားသွားရမှာ။

အစောကြီးရှိသေးတယ် သူစီစဥ်ထားတဲ့ဖိုင်နယ်လ်ကိုရောက်ဖို့က တော်တော်ကြီးကိုအလှမ်းဝေးနေသေးတာမို့ ဟန်ယူဂျင်းတော့သိရင် သူ့ကိုကျိန်ဆဲနေတော့မှာပဲ..။










to be continue.

Continue Reading

You'll Also Like

874K 19.9K 48
In wich a one night stand turns out to be a lot more than that.
458K 13.7K 97
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
119K 14K 21
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
694K 25.4K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...