Unicode
ကျွီ...
ယွန်းဂီ အလျင်အမြန်ပင် ကားထိုးရပ်လိုက်ရင်း ကားပေါ်မှဆင်းလိုက်သည်။ ထို့နောက် ထုံးစံအတိုင်း mask နဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းလိုက်သည်။
နေရာအနေအထားကတော့ ကျယ်ဝန်းလှသည့်လယ်ကွင်းအလယ်က နှစ်ထပ်အိမ်လေးတစ်လုံး။
ထိုအိမ်လေးမှာ သူသိရသလောက်
ထယ်ယောင်း၏အဖွားနေထိုင်ရာ အိမ်ပင်ဖြစ်သည်။
ယွန်းဂီ ခြေလှမ်းကျဲကြီးများဖြင့် ထိုခြံထဲသို့ဝင်လာခဲ့သည်။ ခြံက အထူးတည် သော့မပိတ်ထားသည်ကြောင့် ယွန်းဂီ အလွယ်တကူဝင်လို့ရခြင်းပင်။
သူ ထယ်ယောင်းကိုတွေ့လို့ကတော့ 'စာလေးတစ်စောင်နဲ့ပဲ နှုတ်ဆက်ခဲ့ရသလား' ဆိုပြီး အပီအပြင်ပြောဖို့ရာ ဦးနှောက်ထဲ၌ စကားလုံးများကို ကြိုစီနေမိသည်။
သို့သော် မထင်မှတ်ထားသော အရာတစ်ခုကြောင့် ယွန်းဂီ၏ခြေလှမ်းတွေမှာ တုံ့ကနဲ။
ခြံအတွင်းရှိ အိမ်လေး၏ရှေ့တွင် ယွန်းဂီရပ်နေရင်း လူမနေသည်မှာ ကြာပုံရ၍ တံခါး၌ခတ်ထားသည့် သော့တွဲလေးကို ငူငူကြီးစိုက်ကြည့်နေမိသည်။
"တစ်ယောက်ယောက်ကို လာရှာတာလား ကောင်လေး..?"
ထိုစဥ် သူ့အနားရောက်လာသည့် လူတစ်ယောက်ကြောင့် ယွန်းဂီအသိပြန်ဝင်ကာ ယောင်နနဖြင့် ပြန်ဖြေလိုက်မိသည်။
"ဟုတ်..ဟုတ်ပါတယ်ဗျ.."
"ဧကန္တ အဖွားကင်မ်ကို လာရှာတာတော့ မဟုတ်ဘူးမလား.."
"ဗျာ.."
"ဒါဆို ကောင်လေးမသိသေးဘူးထင်တယ်.. အဖွားကင်မ်ဆုံးသွားတာ ခြောက်လလောက်ရှိပြီကွဲ့.."
"......"
ယွန်းဂီ အံဩမှုနှင့်အတူ နှုတ်ဆိတ်နေမိသည်။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ ဆိုတာကို သူ့ဦးနှောက်က အမှန်တကယ်ပင် လိုက်မမှီတော့။
"ဦးလေးကိုတောင်မှ သူ့မြေးလေးက ဒီမှာ တစ်ပတ်တစ်ခါလောက် ခြံသန့်ရှင်းရေးလာလုပ်ခိုင်းလို့ အခုလိုတွေ့ရတာ.."
"ဟို.. ဒါဆို အခုသူရော.."
ထွက်လာသည့် မေးခွန်းတွေက အစီအစဥ်မကျ။
သူအခု ဒါကိုလည်း စိတ်မဝင်စားနိုင်ပါ။ သူသိတာ ထယ်ယောင်း။
"ဘယ်သူလဲ..? အဖွားကင်မ်ရဲ့ မြေးလေးကိုပြောတာလား..?"
"ဟုတ်ပါတယ်... သူက ကင်မ်ထယ်ယောင်းမလား..?"
"အော်... အေး ဟုတ်တယ် ဟုတ်တယ်..၊ အဲ့ကလေးပဲ.. မင်းက သူ့အသိလား..?"
" ဟုတ်..ဟုတ်ပါတယ်.. သူအခုဘယ်မှာလဲဆိုတာ ဦးလေးသိလားဗျ.."
"ဟေ.. သူမနက်အစောကြီးကတောင် ဒီလာသွားသေးတယ်။ သူ ဆိုးလ်ကိုပြန်တော့မှာမို့
အဖွားကင်မ်ကို လာနှုတ်ဆက်တာတဲ့..၊ ဟိုသစ်ပင်အောက်လေးမှာ အကြာကြီးထိုင်သွားပြီးမှ သူပြန်သွားတာ..၊ အဲ့ဒီသစ်ပင်က အဖွားကင်မ်နဲ့ ထယ်ယောင်းလေးကိုယ်တိုင် စိုက်ထားခဲ့တဲ့ သစ်ပင်လေ.."
ထိုဦးလေးညွှန်ပြသောနေရာကို လှမ်းကြည့်တော့ အရိပ်ခပ်ကျကျ သစ်ပင်လေးတစ်ပင်။
"အခုလောက်ဆို.. သူ ဆိုးလ်ကို ပြန်ရောက်နေလောက်ပြီပေါ့.."
ထိုဦးလေးက ခပ်ဆွေးဆွေးပြောရင်း သူ့အနားမှထွက်ခွာသွားတော့ ယွန်းဂီတစ်ယောက်တည်း ငူငိုင်လျက် ကျန်ခဲ့ရသည်။
"အင်းးး. သွားပြီဆိုတော့လည်း..သွားပြီပေါ့.."
ယွန်းဂီ၏ တိုးလျလျရေရွတ်သံနှင့်အတူ သူ့ခြေလှမ်းများကလည်း ထိုသစ်ပင်အောက်သို့ တစ်ရွေ့ရွေ့ချဥ်းကပ်မိသည်။
ထိုစဥ် ဘယ်အချိန်ကတည်းက သူနဲ့ပါလာမှန်းမသိတဲ့ လက်ထဲကကင်မရာလေးကိုတွေ့မှ သေချာသတိကပ်သည်။
ဟက်.. ဘာလဲ.. ဒါကရော သူ့အတွက် နှုတ်ဆက်လက်ဆောင်လား..?
ထို့နောက် ထိုကင်မရာလေးကိုဖွင့်ကြည့်မိတော့..
အနည်းငယ်လှုပ်ရှားမိသွားသည့် သူ့မျက်ဆံတွေ။
ကားမောင်းနေသော ယွန်းဂီ၊ Market တွင် ခြင်းတောင်းကိုတွန်းလျက် ဈေးဝယ်နေသောယွန်းဂီ၊ လမ်းလျှောက်နေသောယွန်းဂီ၊ ခေါက်ဆွဲစားနေသော ယွန်းဂီ၊ လှေလှော်နေသော ယွန်းဂီ။
ထိုကင်မရာတစ်ခုလုံးတွင် ယွန်းဂီ၏ပုံရိပ်များသာ ပြည့်နေခဲ့သည်။ ထို့အတူ ယွန်းဂီမသိလိုက်ခင်မှာပဲ သူ့မျက်လုံးထဲတွင် မျက်ရည်စများလည်း ရစ်သိုင်းပြည့်နှက်နေခဲ့သည်။
မြင်နေရသော ပုံရိပ်များက မှုန်ဝါးဝါးအနေအထားဖြစ်တော့မှ ယွန်းဂီသိလိုက်တာက... သူငိုနေမိတာပဲ။
ထယ်ယောင်း... အခုချိန်မှာ ထယ်ယောင်းက သူ့အနားမှာမရှိဘူး။ နောက်ပြီး ထိုခံစားချက်ကလည်း တကယ်ကိုမကောင်းဘူး။
တွေ့ချင်မိသည်။ ပွေ့ဖက်ချင်မိသည်။ နှုတ်မဆက်ပဲထွက်သွားလို့ အများကြီးဆူပစ်လိုက်ချင်သည်။
ထိုအချိန် ယွန်းဂီဆုံးဖြတ်ချက်ချလိုက်တာကတော့
သူ ဆိုးလ်ကိုသွားမယ်။
.
.
.
.
Come Back..
"သိမ်းလို့ပြီးပြီလား.. ယောင်းလေး.."
"....."
"ယောင်းလေး..?"
"ဟုတ်.. သား..ပြီးတော့မယ်..၊ အဟွတ်..အဟွတ်"
ထယ်ယောင်း၏ချောင်းဆိုးသံကြောင့် ကင်မ်သခင်မကြီးမှာ အမြန်ပင် ပစ္စည်းများအားသိမ်းဆည်းနေသော သူမ၏သားငယ် နံဘေးသို့သွား၍ နှဖူးပြေပြေလေးအား လက်ဖြင့်အသာစမ်းမိသည်။
ပူကျစ်နေသော ကိုယ်ပူချိန်ကြောင့် သူမမှာ ထိုကလေးအား စိတ်ပူနေရုံမှလွဲ လောလောဆယ် ဘာမှမလုပ်ပေးနိုင်။
သို့ပေမယ့် မလိမ္မာသည့် ယောင်းလေးကို သူမ အပြစ်တင်စကားလေးတော့ ပြောချင်သေးသည်။
"ဘာလို့ မေမေ့စကားကို နားမထောင်တာလဲ ယောင်းလေးရယ်..၊ ပြောတော့ ခဏလေးပဲတွေ့ပြီး ချက်ချင်းပြန်လာမှာပါဆို.."
ကင်မ်သခင်မကြီး၏ ကရုဏာသက်သည့် အပြစ်တင်စကားလေးအား ထယ်ယောင်းအပြုံးလေးတစ်ချက်ဖြင့် တုံ့ပြန်လိုက်ရင်း..
"ကျွန်တော်က.. အဟွတ်.. နောက်ဆုံး..အနေနဲ့..သူ့ကို.. တွေ့သွားချင်လို့ပါ.."
သူမ ထိုကလေးအား ချစ်ခင်ယုယစွာ ပွေ့ဖက်လိုက်မိသည်။ ကင်မ်ထယ်ယောင်းဟူသော ကလေးငယ်သည် ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ၊ သူမမျက်လုံးထဲမှာတော့ ဖြူစင်သည့် ကလေးလေးတစ်ယောက်သာ။
"ဟိုရောက်ရင်လေ.. ယောင်းလေးက အစ်ကိုကြီးဆော့ဂျင်ရဲ့စကားကို သေချာနားထောင်ပြီး နေမြန်မြန်ပြန်ကောင်းလာအောင်နေရမယ်နော်၊ မေမေပြောတာ ကြားလား.."
တုန်နေသည့်အသံကို အတတ်နိုင်ဆုံး ငိုသံမပေါက်အောင်ထိန်းရင်း ယောင်းလေးအား မှာတမ်းခြွေနေသည့် ကင်မ်သခင်မကြီး။
"စိတ်ချပါ မေမေ..၊ ကျွန်တော်. မေမေ့စကားကိုနားထောင်ပြီး လိမ္မာအောင်နေပါ့မယ်.."
ကင်မ်သားအမိနှစ်ယောက် ပွေ့ဖက်နေစဥ် အိမ်ရှေ့သို့ ကားတစ်စီးထိုးရပ်လာသည်။ ထိုကားပေါ်မှဆင်းလာသူကတော့ ထယ်ယောင်း၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကင်မ်ဆော့ဂျင်။
"အဆင်သင့်ဖြစ်ပြီလား ထယ်ယောင်းလေး..?"
"Nae...hyung.."
ဘယ်လောက်ပဲ နေမကောင်းဖြစ်နေပါစေ၊ ထယ်ယောင်းလေးသည် သူချစ်ခင်တဲ့သူတွေ၊ သူ့ကိုချစ်တဲ့သူတွေကို သူ့ကြောင့်နဲ့ စိတ်မဆင်းရဲစေချင်ပါ။ ထို့ကြောင့် အပြုံးလှလှလေးအား အစဥ်အမြဲ ဆင်မြန်းထားလေ့ရှိသည်။
ဒါပေမယ့် ဒီတစ်ခေါက်တွင်တော့
ထယ်ယောင်း၏အပြုံးတွေဟာ ခန္ဓာကိုယ်တွင်းမှနာကျင်မှုကြောင့် မပီပြင်ဘဲ အနည်းငယ်ဖျော့တော့လျက်ရှိနေသည်။
"ယောင်းလေးကို ဂရုစိုက်ပါနော်.. သားဆော့ဂျင်.."
ကင်မ်သခင်မကြီးဟာ ဘယ်လောက်ပဲဝမ်းနည်းနေပါစေ၊ သူ့သားငယ်၏ရှေ့မှာတော့ အပြုံးမပျက်။
"စိတ်ချပါ ဒေါ်လေး..၊ ထယ်ယောင်းလေးကို ကျွန်တော်က သေချာဂရုစိုက်မှာမို့ ဒေါ်လေးက အများကြီး စိတ်မပူပါနဲ့နော်.."
နှုတ်ဆက်ခြင်းတွေ ပြီးဆုံးပြီးနောက် ခြံအပြင်သို့ မောင်းထွက်သွားသည့် ကားနောက်ကျောလေးအား မြင်ကွင်းမှပျောက်သည်အထိသာ ရပ်ကြည့်နေခဲ့မိပါသည်။
......
မိနစ်အနည်းငယ်ကြာတော့ အိမ်ရှေ့သို့ထိုးရပ်လာသည့် နောက်ထပ်ကားတစ်စီး။
ထိုကားပေါ်မှ ကပျာကယာဆင်းလာသူကတော့..
ယွန်းဂီ..။
ကင်မ်သခင်မကြီးသည် ယွန်းဂီကိုတွေ့သည်နှင့်
အံဩရိပ်များဖြတ်ပြေးကာ..
"သား.ယွန်းဂီ..! ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ..?"
"ကျွန်တော်.. ချက်ချင်းကြီးလိုက်လာခဲ့ရတာ အားနာပေမယ့် ထယ်ယောင်းကိုတွေ့ချင်လို့ပါ။ သူနဲ့ စကားပြောချင်တယ်။
သူ အထဲမှာ ရှိတယ်မလား..?"
ယွန်းဂီ၏စိတ်အစုံသည် ထယ်ယောင်းကိုတွေ့ရဖို့အရေးသာ ရှေးရှုလျက် သူပြောချင်သည်များကိုသာ ဆက်တိုက်ပြောနေမိသည်။
ထိုအခါ ကင်မ်သခင်မကြီးသည် အနည်းငယ်မျက်နှာ ပျက်ယွင်းသွားကာ..
"ယောင်းလေးက.. ဒီမှာမရှိဘူး သားရဲ့.."
"ဗျာ..! ဒါ...ဒါဆို. သူအခုဘယ်မှာလဲ..!?"
.
.
.
.
.
Airport သို့ရောက်နေသော ထယ်ယောင်းနှင့် ဆော့ဂျင်တို့ ညီအစ်ကိုသည် ထွက်ခွာရန်အချိန်နီးကပ်လာသည့်လေယာဥ်အား စောင့်ဆိုင်းနေကြဆဲပင်။
"အချိန်တော့လိုသေးပေမယ့် hyung တို့ လေယာဥ်ပေါ် အရင်တက်နှင့်ကြမလား.. ထယ်ယောင်းလေး..?"
နေမကောင်းသည့်ကလေးမို့ သက်သောင့်သက်သာ နေစေလိုသည်ကြောင့် ဆော့ဂျင်အကြံပေးလိုက်ခြင်းပင်။ ဒီကလေးကြည့်ရတာ US ကိုသွားရတာနဲ့ ပတ်သက်ပြီး စိတ်အခြေအနေမကောင်းသလိုပင်။
"ကောင်းပါပြီ.. hyung.."
ထို့နောက် ဆော့ဂျင်သည် အနည်းငယ်ယိုင်နဲ့နေသည့် ခြေလှမ်းများနှင့်ထယ်ယောင်းအား ကူတွဲပေးကာ ထိုင်နေသည့်နေရာမှ ထွက်ခွာမည်အလုပ်..
"ထယ်ယောင်း..."
ခေါ်သံသဲ့သဲ့အား ထယ်ယောင်းကြားမိသော်လည်း သူလှည့်မကြည့်မိ။ ယွန်းဂီသည် သူ့စိတ်အစုံကို အမှန်ပင် စိုးမိုးနေသည်ပဲ။
"ကင်မ်ထယ်ယောင်း..!"
ဒီတစ်ကြိမ်တော့ ပိုပြီးပြတ်သားသည့် အသံလှိုင်းကြောင့် ထယ်ယောင်း၏ခြေလှမ်းတွေဟာ တုံ့ကနဲ။
မဖြစ်နိုင်တာ...
ယွန်းဂီသည် အမောတကောပြေးလာသည်ကြောင့် ရင်ဘတ်အစုံသည် နိမ့်ချည်မြင့်ချည်ဖြစ်ကာ အမောပင်မဖြေနိုင်ဘဲ မြတ်နိုးရသည့် ခွေးကောင်လေးအား တွေ့လိုတွေ့ငြား ဝေ့ဝဲရှာနေမိသည်။
ထိုအချိန်.. ခပ်လှမ်းလှမ်းတွင် လှမ်းမြင်လိုက်ရသည့်ကျောပြင်ငယ်လေးကြောင့် ယွန်းဂီ ဝမ်းသာလုံးဆို့သွားမိကာ..
"ထယ်ယောင်း.."
သူ့နာမည်အား အော်ခေါ်မိသော်လည်း
ယွန်းဂီ၏အသံမှာ အနည်းငယ်မောပန်းနေသောကြောင့် ထင်သလောက်မကျယ်သွားခဲ့။
"ကင်မ်ထယ်ယောင်း..!"
ယွန်းဂီ၏ လည်ချောင်းကွဲမတတ် အော်ခေါ်သံအား ဒီတစ်ကြိမ်တော့ ထိုခွေးကောင်လေး တကယ်ကို ကြားတန်ကောင်းပါရဲ့။
လှည့်ကြည့်လာသည့် မျက်ဝန်းညိုတွေကြောင့် ယွန်းဂီ၏ကမ္ဘာကြီးမှာ ရပ်တန့်သွားသယောင်။
"ထယ်ယောင်း.."
နှုတ်ဖျားမှ ထိုအမည်နာမလေးအား ခပ်တိုးတိုးရွတ်ဆိုလျက် ယွန်းဂီခြေလှမ်းတွေမှာ ထိုတစ်ယောက်သောသူဆီသို့။
မဆိုစလောက်လေးသာ ကွာခြားသည့် အကွာအဝေးဖြစ်သည့်တိုင် ယွန်းဂီအဖို့တော့
ထယ်ယောင်းဆီရောက်ဖို့ရာ အလွန်ကြာညောင်းနေသလိုပင်။
ထို့ကြောင့် ခြေလှမ်းများအား အရှိန်တင်မိတော့ ထိုခွေးကောင်လေးကလည်း သူ့ရှိရာဦးတည်လျက် ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်ကို တွေ့ရသည်။
အနားရောက်သည်နှင့် ထိုကောင်လေးအား ယွန်းဂီဆွေ့ကနဲပင် ရင်ခွင်ထဲသို့ ထည့်ဖက်လိုက်တော့ အနှီလူသားလေးက အင့်ကနဲ အသံပြုလာသည်။
"ခွေးကောင်လေး.. ဘာလို့ နှုတ်မဆက်ပဲ ထွက်သွားတာလဲ.. ဟမ်..?
မင်းက ငါ့ကို ရူးစေချင်တာလား..?"
ယွန်းဂီ ဖျော့တော့နေသည့် ထယ်ယောင်း၏ကိုယ်ငယ်လေးကိုပွေ့ဖက်ရင်း ရင်ထဲ၌တစ်ဆို့နေခဲ့သော စကားလုံးအချို့အား ဖွင့်ဟမိသည်။
"တောင်း..ပန်ပါတယ်... ယွန်းဂီ.."
ထိုသို့ပြောရင်း သူ့၏လက်ချောင်းသွယ်သွယ်လေးများက ယွန်းဂီ၏ကျောပြင်ထက် ခပ်ဖွဖွလေး
ဖက်တွယ်လာခဲ့သည်။
"တောင်းပန်ရုံနဲ့ ရမလား..၊ မင်းငါ့ကို ဖုံးကွယ်ထားခဲ့တာတွေ.. လာချင်တိုင်းလာပြီး ထွက်ချင်တိုင်း ထွက်သွားခဲ့တာတွေ...၊ မင်း..ငါ့ကို ကစားစရာလို့များ ထင်နေခဲ့သလား?"
ယွန်းဂီသည် တုန်ယင်နေသော အသံကို ထိန်းကာပြောရင်း ထယ်ယောင်းကိုလည်း မလွတ်တမ်း ဖက်တွယ်ထားခဲ့သည်။
"မင်း... အရမ်း ပိရိလွန်းတယ်. ထယ်ယောင်းရာ.."
ယွန်းဂီ၏ မျက်ရည်တစ်စဟာ မနေနိုင်စွာ ပါးပြင် ထက်သို့ လိမ့်ဆင်းရင်း အနည်းငယ်ယူကြုံးမရ ဖြစ်နေမိသည်။
ဘာလို့ ဒီကောင်လေးကိုမှလဲ..?
ထယ်ယောင်းက ဖက်တွယ်ထားရင်းမှ ကိုယ်ချင်းခွာလိုက်ပြီး ယွန်းဂီ၏မျက်ဝန်းများကို တည့်တည့်စေ့ကြည့်သည်။
ထို့နောက် ယွန်းဂီ၏ပါးပြင်ကို လက်ဖဝါးလေးဖြင့်အုပ်ကိုင်ရင်း..
"အိုက်ဂူး.. ဘာလို့ငိုနေတာတုန်း..၊ မသိရင် ငါတို့က မတွေ့ရတော့မှာကျလို့.."
ထယ်ယောင်းက ထိုသို့ပြောလာသည့်တိုင် ဟန်ဆောင်နိုင်ခြင်းမရှိသည့် မျက်ရည်စများကတော့ အလိုက်မသိစွာ ယွန်းဂီ၏မျက်ခမ်းစပ်များတစ်ဝိုက်တွင် စိုစွတ်နေဆဲ။
"ငါ.. ငါ.. မင်းကို ပြောစရာရှိတယ်.."
ယွန်းဂီ တွန့်ဆုတ်စွာ ဖွင့်ပြောမိသည်။ သူ ဒီစကားကိုမြိုသိပ်ထားခဲ့တာ ကြာပြီ။ ယခုတော့ သူဆက်ပြီး မမြိုသိပ်နိုင်တော့။ သူ့နှလုံးသား၏ ဆန္ဒကိုလည်း အတပ်သေချာစွာ သိခဲ့ပြီ။
"ငါ.. မင်းကို.."
"shu..."
ထယ်ယောင်းက ဆက်မပြောစေချင်သည့်ဟန် ယွန်းဂီ၏နှုတ်ခမ်းပါးပေါ်သို့ သူ၏လက်ချောင်းသွယ်သွယ်လေးဖြင့် လာထိကပ်သည်။
"မင်း ဘာပြောမလဲဆိုတာကို.. ငါသိတယ်ဆိုရင်ရော.."
"......."
ယွန်းဂီဟာ မျက်ရည်စများဖြင့်သာ ကြောင်အနေဆဲ။ ထိုအခိုက် ထယ်ယောင်းက သူ့ပါးပြင်ထက်မှမျက်ရည်များကို ခပ်ဖွဖွဖိသုတ်ပေးလာသည်။
ခံစားရသည့် လက်အထိအတွေ့လေးက သာမာန်ထက် ပူကျစ်နေသည်မို့ ယွန်းဂီ၏မျက်ရည်စများမှာ သုတ်ပေးနေသည့်တိုင် အတောမသတ်နိုင်ခဲ့။
"မင်းပြောမယ့်စကားကို သိတာမို့.. အခုတော့
မပြောပါနဲ့ဦး။ ငါတို့က နောက်တစ်ကြိမ်ပြန်တွေ့ကြမှာပဲလေ။
ဒါကြောင့် အခု 'bye' လို့ မနှုတ်ဆက်ပဲ.. 'hello' လို့ပဲ နှုတ်ဆက်ကြရအောင်..
ငါက .. မင်းဆီကို.. ကျိန်းသေပေါက် ပြန်လာခဲ့မှာပါ.."
"......"
ယွန်းဂီ ဘာစကားမှ မပြောနိုင်သေးခင်မှာဘဲ မကြာခင်ထွက်ခွာတော့မည်ဖြစ်၍ ခရီးသည်များအား လေယာဥ်ပေါ်၌နေရာယူရန် ကြေငြာသံများထွက်ပေါ်လာသည်။
"ထယ်ယောင်းလေး.. hyung တို့ သွားကြတော့မလား.."
တစ်ချိန်လုံး ဘေးနားမှ အလိုက်တသိတိတ်ဆိတ်စွာ နေပေးခဲ့သည့် ထယ်ယောင်း၏အစ်ကိုကလည်း စကားစလာခဲ့သည်။
"Nae..hyung.. သွားကြတာပေါ့..
ယွန်းဂီ.. ငါသွားတော့မယ်နော်.."
"ခဏလေး!"
လှည့်ထွက်ခါနီး ယွန်းဂီ၏အသံကြောင့်
ထယ်ယောင်းက မျက်လုံးအပြူးသားလေးဖြင့် ယွန်းဂီအား ပြန်ကြည့်လာသည်။
"မင်း သေချာပေါက် နေမြန်မြန်ပြန်ကောင်းအောင်လုပ်ပြီး ငါ့ဆီကိုပြန်လာခဲ့ရမယ်နော်.."
ထိုအခါ ထယ်ယောင်းကပြုံးလျက်..
"ဒါပေါ့.. ငါ မင်းဆီပြန်လာခဲ့မှာပါ.."
"ကတိပေး.."
"ကတိပေးတယ်။
မင်းလည်း ငါ့ကိုကတိပြန်ပေး.."
"......"
ထယ်ယောင်းက ယွန်းဂီ၏မျက်ဝန်းများကို
စိုက်ကြည့်လျက်..
"ငါ့ကို မမေ့ဘဲ စောင့်နေပါ့မယ်လို့.."
"omm... ကတိပေးတယ်.."
ယွန်းဂီ မျက်ရည်များကြားကပင် အစွမ်းကုန်ပြုံးလျက် ထယ်ယောင်း၏လက်သန်းလေးအား ချိတ်တွယ်လိုက်သည်။
လက်သန်းလေးများအား အချင်းချင်းချိတ်တွယ်လျက် ကတိများကို ပြုခဲ့ပြီးနောက်မှာတော့ ယွန်းဂီဆုပ်ကိုင်ထားခဲ့သည့် ထယ်ယောင်း၏လက်ကလေးမှာ ဝေးကွာသွားလျက် ထယ်ယောင်း၏ ကျောပြင်လေးမှာလည်း မှုန်ပျပျသာမြင်နေရရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားပါတော့သည်။
ဘယ်သူကသိမှာလဲ..? မနှုတ်ဆက်ခင်
ထယ်ယောင်းက ယွန်းဂီ၏ပါးပြင်ထက်အား
အနမ်းတစ်ပွင့်ခြွေသွားသည် ဆိုသည်ကို။
🍁🍁
အငိုသန်လေးနဲ့ ခွေးကောင်လေး ><
Song recommend - Life goes on (Agust D)
If you love it, you can give me a star 🌟
2638 words
Love you all 💜
TBC
15.8.2023
.
.
.
Zawgi
ကြၽီ...
ယြန္းဂီ အလ်င္အျမန္ပင္ ကားထိုးရပ္လိုက္ရင္း ကားေပၚမွဆင္းလိုက္သည္။ ထို႔ေနာက္ ထုံးစံအတိုင္း mask နဲ႕ ဦးထုပ္ကို ခပ္ငိုက္ငိုက္ေစာင္းလိုက္သည္။
ေနရာအေနအထားကေတာ့ က်ယ္ဝန္းလွသည့္လယ္ကြင္းအလယ္က ႏွစ္ထပ္အိမ္ေလးတစ္လုံး။
ထိုအိမ္ေလးမွာ သူသိရသေလာက္
ထယ္ေယာင္း၏အဖြားေနထိုင္ရာ အိမ္ပင္ျဖစ္သည္။
ယြန္းဂီ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ထိုၿခံထဲသို႔ဝင္လာခဲ့သည္။ ၿခံက အထူးတည္ ေသာ့မပိတ္ထားသည္ေၾကာင့္ ယြန္းဂီ အလြယ္တကူဝင္လို႔ရျခင္းပင္။
သူ ထယ္ေယာင္းကိုေတြ႕လို႔ကေတာ့ 'စာေလးတစ္ေစာင္နဲ႕ပဲ ႏႈတ္ဆက္ခဲ့ရသလား' ဆိုၿပီး အပီအျပင္ေျပာဖို႔ရာ ဦးႏွောက္ထဲ၌ စကားလုံးမ်ားကို ႀကိဳစီေနမိသည္။
သို႔ေသာ္ မထင္မွတ္ထားေသာ အရာတစ္ခုေၾကာင့္ ယြန္းဂီ၏ေျခလွမ္းေတြမွာ တုံ႕ကနဲ။
ၿခံအတြင္းရွိ အိမ္ေလး၏ေရွ႕တြင္ ယြန္းဂီရပ္ေနရင္း လူမေနသည္မွာ ၾကာပုံရ၍ တံခါး၌ခတ္ထားသည့္ ေသာ့တြဲေလးကို ငူငူႀကီးစိုက္ၾကည့္ေနမိသည္။
"တစ္ေယာက္ေယာက္ကို လာရွာတာလား ေကာင္ေလး..?"
ထိုစဥ္ သူ႕အနားေရာက္လာသည့္ လူတစ္ေယာက္ေၾကာင့္ ယြန္းဂီအသိျပန္ဝင္ကာ ေယာင္နနျဖင့္ ျပန္ေျဖလိုက္မိသည္။
"ဟုတ္..ဟုတ္ပါတယ္ဗ်.."
"ဧကႏၱ အဖြားကင္မ္ကို လာရွာတာေတာ့ မဟုတ္ဘူးမလား.."
"ဗ်ာ.."
"ဒါဆို ေကာင္ေလးမသိေသးဘူးထင္တယ္.. အဖြားကင္မ္ဆုံးသြားတာ ေျခာက္လေလာက္ရွိၿပီကြဲ႕.."
"......"
ယြန္းဂီ အံဩမႈႏွင့္အတူ ႏႈတ္ဆိတ္ေနမိသည္။ ဘာေတြ ဘယ္လိုျဖစ္ကုန္တာလဲ ဆိုတာကို သူ႕ဦးႏွောက္က အမွန္တကယ္ပင္ လိုက္မမွီေတာ့။
"ဦးေလးကိုေတာင္မွ သူ႕ေျမးေလးက ဒီမွာ တစ္ပတ္တစ္ခါေလာက္ ၿခံသန့္ရွင္းေရးလာလုပ္ခိုင္းလို႔ အခုလိုေတြ႕ရတာ.."
"ဟို.. ဒါဆို အခုသူေရာ.."
ထြက္လာသည့္ ေမးခြန္းေတြက အစီအစဥ္မက်။
သူအခု ဒါကိုလည္း စိတ္မဝင္စားနိုင္ပါ။ သူသိတာ ထယ္ေယာင္း။
"ဘယ္သူလဲ..? အဖြားကင္မ္ရဲ႕ ေျမးေလးကိုေျပာတာလား..?"
"ဟုတ္ပါတယ္... သူက ကင္မ္ထယ္ေယာင္းမလား..?"
"ေအာ္... ေအး ဟုတ္တယ္ ဟုတ္တယ္..၊ အဲ့ကေလးပဲ.. မင္းက သူ႕အသိလား..?"
" ဟုတ္..ဟုတ္ပါတယ္.. သူအခုဘယ္မွာလဲဆိုတာ ဦးေလးသိလားဗ်.."
"ေဟ.. သူမနက္အေစာႀကီးကေတာင္ ဒီလာသြားေသးတယ္။ သူ ဆိုးလ္ကိုျပန္ေတာ့မွာမို႔
အဖြားကင္မ္ကို လာႏႈတ္ဆက္တာတဲ့..၊ ဟိုသစ္ပင္ေအာက္ေလးမွာ အၾကာႀကီးထိုင္သြားၿပီးမွ သူျပန္သြားတာ..၊ အဲ့ဒီသစ္ပင္က အဖြားကင္မ္နဲ႕ ထယ္ေယာင္းေလးကိုယ္တိုင္ စိုက္ထားခဲ့တဲ့ သစ္ပင္ေလ.."
ထိုဦးေလးၫႊန္ျပေသာေနရာကို လွမ္းၾကည့္ေတာ့ အရိပ္ခပ္က်က် သစ္ပင္ေလးတစ္ပင္။
"အခုေလာက္ဆို.. သူ ဆိုးလ္ကို ျပန္ေရာက္ေနေလာက္ၿပီေပါ့.."
ထိုဦးေလးက ခပ္ေဆြးေဆြးေျပာရင္း သူ႕အနားမွထြက္ခြာသြားေတာ့ ယြန္းဂီတစ္ေယာက္တည္း ငူငိုင္လ်က္ က်န္ခဲ့ရသည္။
"အင္းးး. သြားၿပီဆိုေတာ့လည္း..သြားၿပီေပါ့.."
ယြန္းဂီ၏ တိုးလ်လ်ေရ႐ြတ္သံႏွင့္အတူ သူ႕ေျခလွမ္းမ်ားကလည္း ထိုသစ္ပင္ေအာက္သို႔ တစ္ေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္မိသည္။
ထိုစဥ္ ဘယ္အခ်ိန္ကတည္းက သူနဲ႕ပါလာမွန္းမသိတဲ့ လက္ထဲကကင္မရာေလးကိုေတြ႕မွ ေသခ်ာသတိကပ္သည္။
ဟက္.. ဘာလဲ.. ဒါကေရာ သူ႕အတြက္ ႏႈတ္ဆက္လက္ေဆာင္လား..?
ထို႔ေနာက္ ထိုကင္မရာေလးကိုဖြင့္ၾကည့္မိေတာ့..
အနည္းငယ္လႈပ္ရွားမိသြားသည့္ သူ႕မ်က္ဆံေတြ။
ကားေမာင္းေနေသာ ယြန္းဂီ၊ Market တြင္ ျခင္းေတာင္းကိုတြန္းလ်က္ ေဈးဝယ္ေနေသာယြန္းဂီ၊ လမ္းေလွ်ာက္ေနေသာယြန္းဂီ၊ ေခါက္ဆြဲစားေနေသာ ယြန္းဂီ၊ ေလွေလွာ္ေနေသာ ယြန္းဂီ။
ထိုကင္မရာတစ္ခုလုံးတြင္ ယြန္းဂီ၏ပုံရိပ္မ်ားသာ ျပည့္ေနခဲ့သည္။ ထို႔အတူ ယြန္းဂီမသိလိုက္ခင္မွာပဲ သူ႕မ်က္လုံးထဲတြင္ မ်က္ရည္စမ်ားလည္း ရစ္သိုင္းျပည့္ႏွက္ေနခဲ့သည္။
ျမင္ေနရေသာ ပုံရိပ္မ်ားက မႈန္ဝါးဝါးအေနအထားျဖစ္ေတာ့မွ ယြန္းဂီသိလိုက္တာက... သူငိုေနမိတာပဲ။
ထယ္ေယာင္း... အခုခ်ိန္မွာ ထယ္ေယာင္းက သူ႕အနားမွာမရွိဘူး။ ေနာက္ၿပီး ထိုခံစားခ်က္ကလည္း တကယ္ကိုမေကာင္းဘူး။
ေတြ႕ခ်င္မိသည္။ ေပြ႕ဖက္ခ်င္မိသည္။ ႏႈတ္မဆက္ပဲထြက္သြားလို႔ အမ်ားႀကီးဆူပစ္လိုက္ခ်င္သည္။
ထိုအခ်ိန္ ယြန္းဂီဆုံးျဖတ္ခ်က္ခ်လိဳက္တာကေတာ့
သူ ဆိုးလ္ကိုသြားမယ္။
.
.
.
.
Come Back..
"သိမ္းလို႔ၿပီးၿပီလား.. ေယာင္းေလး.."
"....."
"ေယာင္းေလး..?"
"ဟုတ္.. သား..ၿပီးေတာ့မယ္..၊ အဟြတ္..အဟြတ္"
ထယ္ေယာင္း၏ေခ်ာင္းဆိုးသံေၾကာင့္ ကင္မ္သခင္မႀကီးမွာ အျမန္ပင္ ပစၥည္းမ်ားအားသိမ္းဆည္းေနေသာ သူမ၏သားငယ္ နံေဘးသို႔သြား၍ ႏွဖူးေျပေျပေလးအား လက္ျဖင့္အသာစမ္းမိသည္။
ပူက်စ္ေနေသာ ကိုယ္ပူခ်ိန္ေၾကာင့္ သူမမွာ ထိုကေလးအား စိတ္ပူေန႐ုံမွလြဲ ေလာေလာဆယ္ ဘာမွမလုပ္ေပးနိုင္။
သို႔ေပမယ့္ မလိမၼာသည့္ ေယာင္းေလးကို သူမ အျပစ္တင္စကားေလးေတာ့ ေျပာခ်င္ေသးသည္။
"ဘာလို႔ ေမေမ့စကားကို နားမေထာင္တာလဲ ေယာင္းေလးရယ္..၊ ေျပာေတာ့ ခဏေလးပဲေတြ႕ၿပီး ခ်က္ခ်င္းျပန္လာမွာပါဆို.."
ကင္မ္သခင္မႀကီး၏ က႐ုဏာသက္သည့္ အျပစ္တင္စကားေလးအား ထယ္ေယာင္းအၿပဳံးေလးတစ္ခ်က္ျဖင့္ တုံ႕ျပန္လိုက္ရင္း..
"ကြၽန္ေတာ္က.. အဟြတ္.. ေနာက္ဆုံး..အေနနဲ႕..သူ႕ကို.. ေတြ႕သြားခ်င္လို႔ပါ.."
သူမ ထိုကေလးအား ခ်စ္ခင္ယုယစြာ ေပြ႕ဖက္လိုက္မိသည္။ ကင္မ္ထယ္ေယာင္းဟူေသာ ကေလးငယ္သည္ ဘယ္ေလာက္ပဲ အ႐ြယ္ေရာက္ေနပါေစ၊ သူမမ်က္လုံးထဲမွာေတာ့ ျဖဴစင္သည့္ ကေလးေလးတစ္ေယာက္သာ။
"ဟိုေရာက္ရင္ေလ.. ေယာင္းေလးက အစ္ကိုႀကီးေဆာ့ဂ်င္ရဲ႕စကားကို ေသခ်ာနားေထာင္ၿပီး ေနျမန္ျမန္ျပန္ေကာင္းလာေအာင္ေနရမယ္ေနာ္၊ ေမေမေျပာတာ ၾကားလား.."
တုန္ေနသည့္အသံကို အတတ္နိုင္ဆုံး ငိုသံမေပါက္ေအာင္ထိန္းရင္း ေယာင္းေလးအား မွာတမ္းေႁခြေနသည့္ ကင္မ္သခင္မႀကီး။
"စိတ္ခ်ပါ ေမေမ..၊ ကြၽန္ေတာ္. ေမေမ့စကားကိုနားေထာင္ၿပီး လိမၼာေအာင္ေနပါ့မယ္.."
ကင္မ္သားအမိႏွစ္ေယာက္ ေပြ႕ဖက္ေနစဥ္ အိမ္ေရွ႕သို႔ ကားတစ္စီးထိုးရပ္လာသည္။ ထိုကားေပၚမွဆင္းလာသူကေတာ့ ထယ္ေယာင္း၏ အစ္ကိုဝမ္းကြဲျဖစ္သူ ကင္မ္ေဆာ့ဂ်င္။
"အဆင္သင့္ျဖစ္ၿပီလား ထယ္ေယာင္းေလး..?"
"Nae...hyung.."
ဘယ္ေလာက္ပဲ ေနမေကာင္းျဖစ္ေနပါေစ၊ ထယ္ေယာင္းေလးသည္ သူခ်စ္ခင္တဲ့သူေတြ၊ သူ႕ကိုခ်စ္တဲ့သူေတြကို သူ႕ေၾကာင့္နဲ႕ စိတ္မဆင္းရဲေစခ်င္ပါ။ ထို႔ေၾကာင့္ အၿပဳံးလွလွေလးအား အစဥ္အၿမဲ ဆင္ျမန္းထားေလ့ရွိသည္။
ဒါေပမယ့္ ဒီတစ္ေခါက္တြင္ေတာ့
ထယ္ေယာင္း၏အၿပဳံးေတြဟာ ခႏၶာကိုယ္တြင္းမွနာက်င္မႈေၾကာင့္ မပီျပင္ဘဲ အနည္းငယ္ေဖ်ာ့ေတာ့လ်က္ရွိေနသည္။
"ေယာင္းေလးကို ဂ႐ုစိုက္ပါေနာ္.. သားေဆာ့ဂ်င္.."
ကင္မ္သခင္မႀကီးဟာ ဘယ္ေလာက္ပဲဝမ္းနည္းေနပါေစ၊ သူ႕သားငယ္၏ေရွ႕မွာေတာ့ အၿပဳံးမပ်က္။
"စိတ္ခ်ပါ ေဒၚေလး..၊ ထယ္ေယာင္းေလးကို ကြၽန္ေတာ္က ေသခ်ာဂ႐ုစိုက္မွာမို႔ ေဒၚေလးက အမ်ားႀကီး စိတ္မပူပါနဲ႕ေနာ္.."
ႏႈတ္ဆက္ျခင္းေတြ ၿပီးဆုံးၿပီးေနာက္ ၿခံအျပင္သို႔ ေမာင္းထြက္သြားသည့္ ကားေနာက္ေက်ာေလးအား ျမင္ကြင္းမွေပ်ာက္သည္အထိသာ ရပ္ၾကည့္ေနခဲ့မိပါသည္။
......
မိနစ္အနည္းငယ္ၾကာေတာ့ အိမ္ေရွ႕သို႔ထိုးရပ္လာသည့္ ေနာက္ထပ္ကားတစ္စီး။
ထိုကားေပၚမွ ကပ်ာကယာဆင္းလာသူကေတာ့..
ယြန္းဂီ..။
ကင္မ္သခင္မႀကီးသည္ ယြန္းဂီကိုေတြ႕သည္ႏွင့္
အံဩရိပ္မ်ားျဖတ္ေျပးကာ..
"သား.ယြန္းဂီ..! ဘယ္လိုလုပ္ ဒီကိုေရာက္လာတာလဲ..?"
"ကြၽန္ေတာ္.. ခ်က္ခ်င္းႀကီးလိုက္လာခဲ့ရတာ အားနာေပမယ့္ ထယ္ေယာင္းကိုေတြ႕ခ်င္လို႔ပါ။ သူနဲ႕ စကားေျပာခ်င္တယ္။
သူ အထဲမွာ ရွိတယ္မလား..?"
ယြန္းဂီ၏စိတ္အစုံသည္ ထယ္ေယာင္းကိုေတြ႕ရဖို႔အေရးသာ ေရွးရႈလ်က္ သူေျပာခ်င္သည္မ်ားကိုသာ ဆက္တိုက္ေျပာေနမိသည္။
ထိုအခါ ကင္မ္သခင္မႀကီးသည္ အနည္းငယ္မ်က္ႏွာ ပ်က္ယြင္းသြားကာ..
"ေယာင္းေလးက.. ဒီမွာမရွိဘူး သားရဲ႕.."
"ဗ်ာ..! ဒါ...ဒါဆို. သူအခုဘယ္မွာလဲ..!?"
.
.
.
.
.
Airport သို႔ေရာက္ေနေသာ ထယ္ေယာင္းႏွင့္ ေဆာ့ဂ်င္တို႔ ညီအစ္ကိုသည္ ထြက္ခြာရန္အခ်ိန္နီးကပ္လာသည့္ေလယာဥ္အား ေစာင့္ဆိုင္းေနၾကဆဲပင္။
"အခ်ိန္ေတာ့လိုေသးေပမယ့္ hyung တို႔ ေလယာဥ္ေပၚ အရင္တက္ႏွင့္ၾကမလား.. ထယ္ေယာင္းေလး..?"
ေနမေကာင္းသည့္ကေလးမို႔ သက္ေသာင့္သက္သာ ေနေစလိုသည္ေၾကာင့္ ေဆာ့ဂ်င္အႀကံေပးလိုက္ျခင္းပင္။ ဒီကေလးၾကည့္ရတာ US ကိုသြားရတာနဲ႕ ပတ္သက္ၿပီး စိတ္အေျခအေနမေကာင္းသလိုပင္။
"ေကာင္းပါၿပီ.. hyung.."
ထို႔ေနာက္ ေဆာ့ဂ်င္သည္ အနည္းငယ္ယိုင္နဲ႕ေနသည့္ ေျခလွမ္းမ်ားႏွင့္ထယ္ေယာင္းအား ကူတြဲေပးကာ ထိုင္ေနသည့္ေနရာမွ ထြက္ခြာမည္အလုပ္..
"ထယ္ေယာင္း..."
ေခၚသံသဲ့သဲ့အား ထယ္ေယာင္းၾကားမိေသာ္လည္း သူလွည့္မၾကည့္မိ။ ယြန္းဂီသည္ သူ႕စိတ္အစုံကို အမွန္ပင္ စိုးမိုးေနသည္ပဲ။
"ကင္မ္ထယ္ေယာင္း..!"
ဒီတစ္ႀကိမ္ေတာ့ ပိုၿပီးျပတ္သားသည့္ အသံလွိုင္းေၾကာင့္ ထယ္ေယာင္း၏ေျခလွမ္းေတြဟာ တုံ႕ကနဲ။
မျဖစ္နိုင္တာ...
ယြန္းဂီသည္ အေမာတေကာေျပးလာသည္ေၾကာင့္ ရင္ဘတ္အစုံသည္ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ကာ အေမာပင္မေျဖနိုင္ဘဲ ျမတ္နိုးရသည့္ ေခြးေကာင္ေလးအား ေတြ႕လိုေတြ႕ျငား ေဝ့ဝဲရွာေနမိသည္။
ထိုအခ်ိန္.. ခပ္လွမ္းလွမ္းတြင္ လွမ္းျမင္လိုက္ရသည့္ေက်ာျပင္ငယ္ေလးေၾကာင့္ ယြန္းဂီ ဝမ္းသာလုံးဆို႔သြားမိကာ..
"ထယ္ေယာင္း.."
သူ႕နာမည္အား ေအာ္ေခၚမိေသာ္လည္း
ယြန္းဂီ၏အသံမွာ အနည္းငယ္ေမာပန္းေနေသာေၾကာင့္ ထင္သေလာက္မက်ယ္သြားခဲ့။
"ကင္မ္ထယ္ေယာင္း..!"
ယြန္းဂီ၏ လည္ေခ်ာင္းကြဲမတတ္ ေအာ္ေခၚသံအား ဒီတစ္ႀကိမ္ေတာ့ ထိုေခြးေကာင္ေလး တကယ္ကို ၾကားတန္ေကာင္းပါရဲ႕။
လွည့္ၾကည့္လာသည့္ မ်က္ဝန္းညိုေတြေၾကာင့္ ယြန္းဂီ၏ကမၻာႀကီးမွာ ရပ္တန့္သြားသေယာင္။
"ထယ္ေယာင္း.."
ႏႈတ္ဖ်ားမွ ထိုအမည္နာမေလးအား ခပ္တိုးတိုး႐ြတ္ဆိုလ်က္ ယြန္းဂီေျခလွမ္းေတြမွာ ထိုတစ္ေယာက္ေသာသူဆီသို႔။
မဆိုစေလာက္ေလးသာ ကြာျခားသည့္ အကြာအေဝးျဖစ္သည့္တိုင္ ယြန္းဂီအဖို႔ေတာ့
ထယ္ေယာင္းဆီေရာက္ဖို႔ရာ အလြန္ၾကာေညာင္းေနသလိုပင္။
ထို႔ေၾကာင့္ ေျခလွမ္းမ်ားအား အရွိန္တင္မိေတာ့ ထိုေခြးေကာင္ေလးကလည္း သူ႕ရွိရာဦးတည္လ်က္ ျဖည္းညွင္းစြာေလွ်ာက္လွမ္းလာသည္ကို ေတြ႕ရသည္။
အနားေရာက္သည္ႏွင့္ ထိုေကာင္ေလးအား ယြန္းဂီေဆြ႕ကနဲပင္ ရင္ခြင္ထဲသို႔ ထည့္ဖက္လိုက္ေတာ့ အႏွီလူသားေလးက အင့္ကနဲ အသံျပဳလာသည္။
"ေခြးေကာင္ေလး.. ဘာလို႔ ႏႈတ္မဆက္ပဲ ထြက္သြားတာလဲ.. ဟမ္..?
မင္းက ငါ့ကို ႐ူးေစခ်င္တာလား..?"
ယြန္းဂီ ေဖ်ာ့ေတာ့ေနသည့္ ထယ္ေယာင္း၏ကိုယ္ငယ္ေလးကိုေပြ႕ဖက္ရင္း ရင္ထဲ၌တစ္ဆို႔ေနခဲ့ေသာ စကားလုံးအခ်ိဳ႕အား ဖြင့္ဟမိသည္။
"ေတာင္း..ပန္ပါတယ္... ယြန္းဂီ.."
ထိုသို႔ေျပာရင္း သူ႕၏လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက ယြန္းဂီ၏ေက်ာျပင္ထက္ ခပ္ဖြဖြေလး
ဖက္တြယ္လာခဲ့သည္။
"ေတာင္းပန္႐ုံနဲ႕ ရမလား..၊ မင္းငါ့ကို ဖုံးကြယ္ထားခဲ့တာေတြ.. လာခ်င္တိုင္းလာၿပီး ထြက္ခ်င္တိုင္း ထြက္သြားခဲ့တာေတြ...၊ မင္း..ငါ့ကို ကစားစရာလို႔မ်ား ထင္ေနခဲ့သလား?"
ယြန္းဂီသည္ တုန္ယင္ေနေသာ အသံကို ထိန္းကာေျပာရင္း ထယ္ေယာင္းကိုလည္း မလြတ္တမ္း ဖက္တြယ္ထားခဲ့သည္။
"မင္း... အရမ္း ပိရိလြန္းတယ္. ထယ္ေယာင္းရာ.."
ယြန္းဂီ၏ မ်က္ရည္တစ္စဟာ မေနနိုင္စြာ ပါးျပင္ ထက္သို႔ လိမ့္ဆင္းရင္း အနည္းငယ္ယူႀကဳံးမရ ျဖစ္ေနမိသည္။
ဘာလို႔ ဒီေကာင္ေလးကိုမွလဲ..?
ထယ္ေယာင္းက ဖက္တြယ္ထားရင္းမွ ကိုယ္ခ်င္းခြာလိုက္ၿပီး ယြန္းဂီ၏မ်က္ဝန္းမ်ားကို တည့္တည့္ေစ့ၾကည့္သည္။
ထို႔ေနာက္ ယြန္းဂီ၏ပါးျပင္ကို လက္ဖဝါးေလးျဖင့္အုပ္ကိုင္ရင္း..
"အိုက္ဂူး.. ဘာလို႔ငိုေနတာတုန္း..၊ မသိရင္ ငါတို႔က မေတြ႕ရေတာ့မွာက်လိဳ႕.."
ထယ္ေယာင္းက ထိုသို႔ေျပာလာသည့္တိုင္ ဟန္ေဆာင္နိုင္ျခင္းမရွိသည့္ မ်က္ရည္စမ်ားကေတာ့ အလိုက္မသိစြာ ယြန္းဂီ၏မ်က္ခမ္းစပ္မ်ားတစ္ဝိုက္တြင္ စိုစြတ္ေနဆဲ။
"ငါ.. ငါ.. မင္းကို ေျပာစရာရွိတယ္.."
ယြန္းဂီ တြန့္ဆုတ္စြာ ဖြင့္ေျပာမိသည္။ သူ ဒီစကားကိုၿမိဳသိပ္ထားခဲ့တာ ၾကာၿပီ။ ယခုေတာ့ သူဆက္ၿပီး မၿမိဳသိပ္နိုင္ေတာ့။ သူ႕ႏွလုံးသား၏ ဆႏၵကိုလည္း အတပ္ေသခ်ာစြာ သိခဲ့ၿပီ။
"ငါ.. မင္းကို.."
"shu..."
ထယ္ေယာင္းက ဆက္မေျပာေစခ်င္သည့္ဟန္ ယြန္းဂီ၏ႏႈတ္ခမ္းပါးေပၚသို႔ သူ၏လက္ေခ်ာင္းသြယ္သြယ္ေလးျဖင့္ လာထိကပ္သည္။
"မင္း ဘာေျပာမလဲဆိုတာကို.. ငါသိတယ္ဆိုရင္ေရာ.."
"......."
ယြန္းဂီဟာ မ်က္ရည္စမ်ားျဖင့္သာ ေၾကာင္အေနဆဲ။ ထိုအခိုက္ ထယ္ေယာင္းက သူ႕ပါးျပင္ထက္မွမ်က္ရည္မ်ားကို ခပ္ဖြဖြဖိသုတ္ေပးလာသည္။
ခံစားရသည့္ လက္အထိအေတြ႕ေလးက သာမာန္ထက္ ပူက်စ္ေနသည္မို႔ ယြန္းဂီ၏မ်က္ရည္စမ်ားမွာ သုတ္ေပးေနသည့္တိုင္ အေတာမသတ္နိုင္ခဲ့။
"မင္းေျပာမယ့္စကားကို သိတာမို႔.. အခုေတာ့
မေျပာပါနဲ႕ဦး။ ငါတို႔က ေနာက္တစ္ႀကိမ္ျပန္ေတြ႕ၾကမွာပဲေလ။
ဒါေၾကာင့္ အခု 'bye' လို႔ မႏႈတ္ဆက္ပဲ.. 'hello' လို႔ပဲ ႏႈတ္ဆက္ၾကရေအာင္..
ငါက .. မင္းဆီကို.. က်ိန္းေသေပါက္ ျပန္လာခဲ့မွာပါ.."
"......"
ယြန္းဂီ ဘာစကားမွ မေျပာနိုင္ေသးခင္မွာဘဲ မၾကာခင္ထြက္ခြာေတာ့မည္ျဖစ္၍ ခရီးသည္မ်ားအား ေလယာဥ္ေပၚ၌ေနရာယူရန္ ေၾကျငာသံမ်ားထြက္ေပၚလာသည္။
"ထယ္ေယာင္းေလး.. hyung တို႔ သြားၾကေတာ့မလား.."
တစ္ခ်ိန္လုံး ေဘးနားမွ အလိုက္တသိတိတ္ဆိတ္စြာ ေနေပးခဲ့သည့္ ထယ္ေယာင္း၏အစ္ကိုကလည္း စကားစလာခဲ့သည္။
"Nae..hyung.. သြားၾကတာေပါ့..
ယြန္းဂီ.. ငါသြားေတာ့မယ္ေနာ္.."
"ခဏေလး!"
လွည့္ထြက္ခါနီး ယြန္းဂီ၏အသံေၾကာင့္
ထယ္ေယာင္းက မ်က္လုံးအျပဴးသားေလးျဖင့္ ယြန္းဂီအား ျပန္ၾကည့္လာသည္။
"မင္း ေသခ်ာေပါက္ ေနျမန္ျမန္ျပန္ေကာင္းေအာင္လုပ္ၿပီး ငါ့ဆီကိုျပန္လာခဲ့ရမယ္ေနာ္.."
ထိုအခါ ထယ္ေယာင္းကၿပဳံးလ်က္..
"ဒါေပါ့.. ငါ မင္းဆီျပန္လာခဲ့မွာပါ.."
"ကတိေပး.."
"ကတိေပးတယ္။
မင္းလည္း ငါ့ကိုကတိျပန္ေပး.."
"......"
ထယ္ေယာင္းက ယြန္းဂီ၏မ်က္ဝန္းမ်ားကို
စိုက္ၾကည့္လ်က္..
"ငါ့ကို မေမ့ဘဲ ေစာင့္ေနပါ့မယ္လို႔.."
"omm... ကတိေပးတယ္.."
ယြန္းဂီ မ်က္ရည္မ်ားၾကားကပင္ အစြမ္းကုန္ၿပဳံးလ်က္ ထယ္ေယာင္း၏လက္သန္းေလးအား ခ်ိတ္တြယ္လိုက္သည္။
လက္သန္းေလးမ်ားအား အခ်င္းခ်င္းခ်ိတ္တြယ္လ်က္ ကတိမ်ားကို ျပဳခဲ့ၿပီးေနာက္မွာေတာ့ ယြန္းဂီဆုပ္ကိုင္ထားခဲ့သည့္ ထယ္ေယာင္း၏လက္ကေလးမွာ ေဝးကြာသြားလ်က္ ထယ္ေယာင္း၏ ေက်ာျပင္ေလးမွာလည္း မႈန္ပ်ပ်သာျမင္ေနရရင္း ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားပါေတာ့သည္။
ဘယ္သူကသိမွာလဲ..? မႏႈတ္ဆက္ခင္
ထယ္ေယာင္းက ယြန္းဂီ၏ပါးျပင္ထက္အား
အနမ္းတစ္ပြင့္ေႁခြသြားသည္ ဆိုသည္ကို။
🍁🍁
အငိုသန္ေလးနဲ႕ ေခြးေကာင္ေလး ><
Song recommend - Life goes on (Agust D)
If you love it, you can give me a star 🌟
2638 words
Love you all 💜
TBC
15.8.2023