Unicode
တစ်ချို့အရာတွေက ဟန်ဆောင်ပြီး မျိုသိပ်ထားရင် မကောင်းဘူးတဲ့။ တစ်ချို့ကျတော့လည်း ဟန်ဆောင်တာမဟုတ်ပဲ ကိုယ့်ကိုယ်ကိုလိမ်နေကြတယ်။
ဒါဆိုသူကရော..?
ဟန်ဆောင်နေတာလား..? ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုလိမ်နေတာလား..?
ဒါမှမဟုတ် နှစ်ခုလုံးလား..?ယွန်းဂီ စိတ်ရှုပ်စွာနဲ့ပဲ ခေါင်းအသာခါယမ်းရင်း ရှေ့မှ ပျော်ရွှင်နေသောပုံရိပ်လေးအား ငေးကြည့်နေမိသည်။
မဖိတ်ခေါ်ပါဘဲ ဘဝထဲကို အတင်းဝင်ရောက်လာတဲ့သူက အခုလည်း သူ့မျက်စိရှေ့ကို နောက်တစ်ခေါက်ပြန်ရောက်လာပြန်ပြီ။
တောအုပ်ကြီးကို နောက်ခံထားပြီး Brownie နဲ့အတူ ခြံထဲတွင် ပြေးလွှားဆော့ကစားနေသောသူကိုကြည့်ရင်း ဆယ်ကျော်သက်ကောင်လေးဟုတောင် ထင်မှတ်မိသယောင်ယောင်။
အခုလိုကျတော့လည်း အတိတ်က Brownie ပေါက်စလေးကို ကူထိန်းပေးခဲ့သည့် ထယ်ယောင်းလေးကို ပြန်မြင်ယောင်လာသလို။
အတွေးများနှင့်အတူ ယွန်းဂီ၏နှုတ်ခမ်းပါးတွေဟာ အနည်းငယ်ကွေးညွန့်သွားရသည်။
သို့သော် ထိုအပြုံးဟာ မကြာလိုက်သေးခင်မှာပင် ချက်ချင်းရပ်တန့်သွားရသည်။အကြောင်းကတော့ ထယ်ယောင်းမှာ ပြေးလွှားဆော့နေရာမှ ရုတ်တရက် အရုပ်ကြိုးပျက်သကဲ့သို့ ဒူးထောက်ထိုင်ချလိုက်သောကြောင့်ဖြစ်သည်။
ယွန်းဂီချက်ချင်းပင် ခြေလှမ်းကျဲများဖြင့်ထယ်ယောင်းရှိရာသို့ပြေးသွားလိုက်ပြီး ထယ်ယောင်းနှင့်နည်းတူ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ..
"ဘာဖြစ်တာလဲ ထယ်ယောင်း!? အဆင်ပြေရဲ့လား..? ဟမ်!?".
ယွန်းဂီမှာ စိတ်ပူရိပ်သန်းနေသော မျက်ဝန်းများဖြင့်ကြည့်ရင်း ထယ်ယောင်း၏ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ မေးသည်။
ထယ်ယောင်းမှာတော့ ယွန်းဂီ၏အမေးကိုတောင် ပြန်မဖြေနိုင်ပဲ အသက်ရှူကြပ်နေသောလူတစ်ယောက်ကဲ့သို့ နှလုံးနေရာကို အသာဖိထားပြီး ရင်ဘတ်မှာလည်း နိမ့်ချည် မြင့်ချည် ဖြစ်ကာ အသက်ကိုလုရှူနေရသည်။
KAMU SEDANG MEMBACA
Come Back (Complete)
Fiksi PenggemarMin Yoongi & Kim Taehyung Top-Yoongi Bottom-Taehyung မင်းကို စောင့်မျှော်နေရတဲ့ အချိန်ကာလတွေက ငါ့ရဲ့ဘဝကို အဓိပ္ပါယ်မဲ့စေတယ်။ Start date. 12.5.2023 End date. 2.10.2023