Let me Love you

hhi_hein tarafından

7.4K 1K 147

You can run away from me as much as you like, But in the end you have to come back to me , love ♡ Daha Fazla

LMLY (1)
LMLY (2)
LMLY (3)
LMLY (4)
LMLY (5)
LMLY (6)
LMLY (8)
LMLY ( 9 )

LMLY (7)

810 103 22
hhi_hein tarafından


Unicode

ပိတ်ရက်ဖြစ်တာကြောင့်
သူမ တစ်ပတ်စာအတွက်
အတွက် ဈေးဝယ်ထွက်ရသည် ။
ပုံမှန်ရက်တွေဆို ဈေးဝယ်ထွက်ဖို့
သူမ အချိန်မပေးနိုင် ။

မနက်ပိုင်းကစပြီး
ညနေပိုင်းအထိ College မှာ
နေနေရသည့်အပြင် ညပိုင်းကျရင်
လည်း Yujin ကို စာသွားပြ
ပေးရသည် မဟုတ်လား ။

မနေ့ကတည်းက အတူတူ
ဈေးဝယ်ထွက်ဖို့ပြင်ဆင်ထားတယ့်
Joohyun က မိုးလင်းကတည်းက
သူ့ရည်းစားနဲ့ပါသွားတာ
ဘယ်ကိုရောက်လို့ ရောက်မှန်းမသိပေ ။

ကုန်တိုက်ထဲပတ်ရင်း
Ice cream ဆိုင်တစ်ခုရှေ့ရောက်တော့
စိတ်ထဲက အလိုလို Jisoo ကို
တွေးမိသွားသည် ။ အစောက
Ice cream စားချင်တယ့်
ဆန္ဒမရှိပေမယ့်
ရုတ်တရက်ကြီး ဆန္ဒပေါ်လာမို့
သူမ တစ်ချက်ပြုံးမိရင်း
ဆိုင်ထဲဝင်လာခဲ့လိုက်သည်...။

ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာကြောင့်
လားမသိ ။ ဆိုင်ထဲ ခုံလွတ်မရှိတော့
လောက်အောင် လူတွေပြည့်နေသည် ။
အများစုကတော့ ကလေးတွေပါတယ့်
မိသားစုတွေပေါ့။ 

ဒီတိုင်းပဲဝယ်သွားတော့မယ်လို့
တွေးရင်း မှာထားသည့် Ice creamကို
ရပ်စောင့်နေလိုက်သည်။

စောင့်နေရင်း ဆိုင်ထဲမျက်လုံး
ဝေ့မိရင်း ရေခဲမုန့်စားရင်း ပြုံးပျော်နေ
တယ့် ကလေးတွေ ကြည့်ရင်း
ပြုံးမိသွားသည် ။ 

ထိုသို့ဝေ့လည်ကြည့်နေရင်း
ထောင့်နားက စားပွဲတစ်ခုမှာ
သူမ အကြည့်တွေ အဆုံးသတ်သွားသည်။

Hoodie အနီရောင်ရင့်ရင့်
ဝတ်ထားပြီး ဦးထုပ်အဖြူရောင်
စောင်းပြီး ထိုင်နေတယ့် လူက
Jisoo ဆိုတာ Jennie တန်းသိ
လိုက်သည် ။

ပြီးတော့ Jisoo ရှေ့တွင်
မိန်းကလေးတစ်ဦးလည်းရှိနေသည် ။
Jisoo က ခေါင်းတငြိမ့်ငြိမ့်နဲ့နေပြီး
အရှေ့က မိန်းကလေးက
ရယ်မောကာ စကားပြောနေသည် ။

Jisoo က Ice creamဆိုင်ကို
အဲ့မိန်းကလေးနဲ့ ဘာလာလုပ်တာပါ
လိမ့် ။ Jisoo က သူငယ်ချင်းများ"စား
မရှိဘူးလို့တော့ သူမ ကြားဖူးတယ် ။

မဟုတ်မှ Blind date  များလား ။
ဟိုတစ်နေ့က Yujin က Jisoo ကို
တစ်ယောက်ယောက်နဲ့ Date စေချင်
တယ့်အကြောင်း Jennie ကို
ပြောပြဖူးသည် ။ ဒီအတိုင်း Blind date ပဲ
စီစဉ်ပေးလိုက်ရင် ကောင်းမလားဆိုပြီး
စစနောက်နောက် ပြောခဲ့လို့
သူမပါ ရယ်ခဲ့မိသေးသည် ။

အဲ့တုန်းက စနောက်တယ်ပဲထင်နေတာ
တကယ်ကြီး Yujin က Jisoo ကို
Blind dateလုပ်ခိုင်း
ခဲ့တာလား ။

ဘယ်လိုပဲလုပ်ခိုင်းပါစေလေ
သူကလည်း လုပ်ချင်မှ ဖြစ်အုံးမှာ ။
ဒါပေမယ့် Kim Jisoo က
တော်တော်လေးကို စိတ်ပါနေတယ်
တူပါတယ်။   နှစ်ယောက်သား
ရယ်ရယ်မောမောနဲ့ စကားပြောနေကြတာ
ဆိုင်ထဲမှာ အချိုဓာတ်တွေ
ပျံလွင့်နေတယ့် အတိုင်းပဲ ။

ဒီကိစ္စက သူမနဲ့
ဘာမှမဆိုင်တာသိပေမယ့်
ရုတ်တရက်ကြီး စိတ်ထဲ
အလိုမကျသလိုလို ၊ ဒေါသထွက်လာ
သလိုလို ဖြစ်လာသည် ။
ဆိုင်ဝန်ထမ်းကောင်လေး
ကမ်းပေးနေတယ့် Ice cream ကို
ယူပြီး သူမ အမြန် ဆိုင်ထဲက
ထွက်လာခဲ့လိုက်သည် ။

ဆိုင်ပြင်ကနေ ထောင့်စွန်းက
တစ်နေရာကို တစ်ချက်လှမ်းကြည့်
လိုက်သည် ။ ပြီးမှ ဆိုင်ရှေ့က
ထွက်လာခဲ့ပြီး အရေးမပါစွာ
ဝယ်ခဲ့လိုက်မိတယ့် Mint ice cream
နှစ်ဗူးထည့်ထားတယ့်အိတ်ကို
အနီးနားက အမှိုက်ပုံးထဲ ပစ်ထည့်
လိုက်သည် ။

သူ့ဟာသူလည်း ဝယ်စားနိုင်နေတာပဲကို
Jennie ဘာလို့ အရေးမပါတာတွေ
လုပ်နေမိတာလဲ ။

ချက်ချင်းဖုန်းဖွင့်ပြီး
Jisoo နဲ့ အပြန်အလှန်ပို့ထားတယ့်
Goodmorning တွေ Goodnightတွေ
ချည်းသာ ပလူပျံနေတယ့်
Conservation ကို ဖျက်ပစ်လိုက်သည် ။

တခြားစကားအပိုတွေ
မပြောဖြစ်ပေမယ့် သူမ မူးပြီး
စာမှားပို့မိတယ့်အချိန်ကစပြီး
Goodmorningနဲ့ Goodnight က
တော့ ပုံမှန်ပို့ဖြစ်ကြသည် ။

သူမတို့ဆက်ဆံရေးအတွက်
ဒါဟာမလိုအပ်တယ့် အပိုအလုပ်
သက်သက်ဆိုတာ သိပေမယ့်လည်း...။

အခုနောက်ပိုင်း သူမနဲ့Jisoo
ပိုရင်းနှီးလာပြီထင်ခဲ့မိသည် ။
ဒါပေမယ့် Blind dateသွားလုပ်တာတောင်
သူမ မသိခဲ့ရဘူး ။

သူမစိတ်ကို ဖြေလျော့ဖို့
ကြိုးစားလိုက်သည် ။  ဒါက
Jennie သိစရာလိုတယ့်ကိစ္စ
မဟုတ်သလို ၊ Jisoo ကလည်း
မပြောမနေ အသိပေးရမယ့်
ကိစ္စမှ မဟုတ်တာ။ 

သူမတို့က တစ်ယောက်နဲ့တစ်ယောက်ကိစ္စတိုင်း ဝင်ပါနေရမယ့် ဆက်ဆံရေး
မျိုးလည်း မဟုတ်ဘူးလေ ။


_

ညနေပိုင်းရောက်တော့
သူမ Joohyun ရဲ့ အခန်းကို
သွားလည်သည် ။ ‌စောနကမှ
ရည်းစားနဲ့လည်ရာက ပြန်လာသည့်
Joohyun အဝတ်လဲနေတာကို
ဧည့်ခန်းထဲထိုင်စောင့်နေရသည် ။

ဆိုဖာပေါ်ထိုင်ရင်း Joohyun ချပေးသွားတယ့်
ရေခဲစားရင်းကနေ Kim Jisoo ရဲ့
Blind Date နဲ့တိုးခဲ့တာကို သတိရပြီး
မျက်မှောင်ကြုံ့သွားမိသည် ။
စားလက်စ ရေခဲမုန့်ဗူးကို စားပွဲပေါ်
ဆောင့်ချလိုက်မိသည် ။


မတွေးချင်လည်း ခဏခဏကို
ပြန်တွေးမိနေပြီး ပြန်တွေးမိတိုင်းလည်း
နှုတ်ခေါင်းထဲက အငွေ့တွေ
ထွက်လာသလိုလို မူးမူးရှူးရှူး
ဖြစ်နေတယ့် ကိုယ့်ကိုကိုယ်လည်း
Jennie မထိန်းချုပ်နိုင် ။

Jisoo ဘာသာ ဘယ်သူနဲ့ Date..Date
သူမနဲ့ဆိုင်တာမှ မဟုတ်တာ ။
အဲ့တာကို ဘာလို့ မကျေနပ်ဖြစ်နေမိရတာလဲ ။

သူမ ခံစားရနေရတာ ရည်းစားကပဲ
ဖောက်ပြန်သွားသလိုလို ၊ Crush ကပဲ
Gf ရသွားသလိုလို ။

' ခေါင်းထဲက ထွက်သွားစမ်းပါ '

စိတ်ထဲကနေ ရေရွက်လိုက်သည်။

ခဏနေတော့ ပုရွက်ဆိတ်တက်နေသလို
မျက်နှာနဲ့ ထွက်လာတယ့် Joohyun  ကို
ကြည့်ပြီး မျက်စောင်းထိုးလိုက်မိသည် ။

" ‌ဟယ် ဘလိုင်းကြီး ဂျိုကြည့်လာကြည့်နေတယ် "

" ပြုံးဖီးဖီးနဲ့ ရုပ်ကိုက မပြောလိုက်ချင်ဘူး "

သူမပြောတော့ Joohyun ရယ်ချပြီး

" ရည်းစားနဲ့ Date ပြီးပြန်လာတာကို
ငါက ပြုံးမနေလို့ ထိုင်ငိုနေရမှာလားဟင် ။
အပြုံးတွေရပ်မရတယ့်အထိ ရိုခဲ့ကြလို့
နားလည်ပေးစမ်းပါ "

" မနားလည်ပေးဘူး "

သူမရဲ့ဆူပုတ်ပုတ်မျက်နှာပေးနဲ့အဖြေကို
Joohyun က သဘောတကျကို ရယ်နေသည် ။
တကယ်ပဲ...ရည်းစားရှိတယ့်လူတွေကို
စိတ်ကုန်လိုက်တာ ။

" ဘယ်သူနဲ့ပြသာနာတက်လာလို့လဲ "

" ငါ့ကို ပြသာနာအိုးများမှတ်နေလား "

" သိဘူးလေ ။ မျက်နှာက ဆူပုတ်နေလို့
ဘာများဖြစ်ခဲ့လဲလို့...။ အမ်...."

တစ်ခုခုကို စဉ်းစားဟန်ပြုနေတယ့်
Joohyun ကို သူမ မျက်မှောင်တွေ တွန့်ချိုးကာ
ကြည့်နေမိသည် ။

" မဟုတ်မှ... Jisoo နဲ့ ရန်ဖြစ်ကြတာလား "

" ရူးနေလား ။ သူနဲ့ငါနဲ့က ဘာပတ်သတ်လို့
ရန်ဖြစ်ရမှာလဲ ။ ရန်ဖြစ်ရလောက်အောင်
ဘာဆက်ဆံရေးမှလည်း မရှိဘူး ။
ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ဘူး ။
အဟက်...သူ့ကြောင့်နဲ့ အခုလို ဖြစ်နေစရာ
ဘာအကြောင်းမှလည်း မရှိဘူး! "

စကားကို တရစပ် နဲ့ မကျေမနပ်ပြောရင်း
နှုတ်ခမ်းဆူထွက်လာပြန်တယ့်
Jennie ကြောင့် Joohyun မှာ ဘာမှ
ပင်မပြောနိုင်ဘဲ အူတူတူလေး ဖြစ်နေရသည် ။

Jisoo နဲ့ ရန်ဖြစ်ခဲ့လားဆိုတာ
စလိုက်ရုံပါ ။ ဒါပေမယ့် တကယ် သူတို့
နှစ်ယောက် တစ်ခုခု ဖြစ်ခဲ့ပြီ
ဆိုတာ Joohyun သဘောပေါက်သွားသည် ။

" နားလည်လား...ငါနဲ့သူနဲ့
ဘာအကန့်မှ မရှိတာမို့ သူနဲ့ရန်ဖြစ်စရာလည်း
မရှိဘူး ။ စိတ်ဆိုးစရာလည်း မရှိဘူး ။ စိတ်ကောက်စရာလည်း မရှိဘူး ။ သူဘယ်သူနဲ့
တွေ့တွေ့ စိတ်လည်း မဝင်စားဘူး ။
သူ့အကြောင်းကို ခေါင်းထဲကို မထည့်တာ ! "

" သူက ဘယ်သူနဲ့တွေ့နေလို့ဘဲ "

" ကောင်မလေးတစ်ယောက်နဲ့ !!! "

" တကယ်ကြီးလား "

" ဟုတ်တယ် ! "

ပြောပြီး ဘေးနားက ခေါင်းအုံးနဲ့
Joohyun ကို ပစ်ပေါက်ပြီး တဆောင့်ဆောင့်
နဲ့ ပြန်သွားတယ့် Jennie ။

Joohyun တစ်ချက်ရယ်လိုက်မိသည် ။
ကျေးဇူးရှင်က Jisoo ကို စိတ်ဆိုးနေတာကိုး ။
သူ့ဟာသူကော ဘာတွေပြောသွားတယ်ဆိုတာ
Jennie နားလည်ရဲ့လားမသိ ။
ရှူးရှူးမူးမူးနဲ့ ဒေါသငယ်ထိပ်ရောက်
သွားတယ့် ပုံစံပဲ ။

" အမ်...ခဏလေး နေပါအုံး ။  သူတို့က
ဘာတွေမို့ စိတ်ဆိုးနေကြတာလဲ "

_

ညတုန်းက Goodnight လို့
ပို့လိုက်တယ့် Message ကို စာမပြန်ထားတော့
စောစောအိပ်ပျော်သွားလို့ နေမှာပါလို့
တွေ့လိုက်မိပေမယ့် မနက်က ပို့ထားတယ့်
Goodmorning ဆိုတယ့် message ကိုပါ
စာမပြန်လာပေ ။

Jennie ဖုန်းတွေဘာတွေများ
ကျပျောက်ခဲ့တာလား တွေးမိသည် ။
ဒါ‌မှမဟုတ် နေမကောင်းဖြစ်နေတာလား ။
မဟုတ်သေးပါဘူး စောနက Seulgi သူ့
Company နားလာတုန်း အတူနေ့လည်စာ
ထွက်စားကြတုန်းက Seulgi ပြောသေးတယ် ။

Joohyun နဲ့စားမို့တွေးထားတာကို
Joohyun က Jennie နဲ့ ထွက်စားပြီးပြီမို့တယ့် ။ အဲ့ဆို နေတော့ ကောင်းလောက်ပါတယ် ။

ဘာများဖြစ်တာပါလိမ့် ။

အတွေးထဲနစ်မြောနေရင်းမှ ဘေးနားက
အတွင်းရေးမှူးရဲ့ အသံကို ကြားပြီး
သတိဝင်သည် ။ သတိလက်လွတ်ဖြစ်နေ
လိုက်တာ အစည်း‌အဝေးခန်းထဲ
ရောက်နေသည်ကိုပင် မေ့နေတယ့်အထိပါပဲ ။

" အမ်...အဲ့ဆို အစည်းအဝေးက
ဒီအထိပါပဲ..."

ပြောပြီးတာနဲ့ အရှေ့က သူ့ Laptop နဲ့ ဖုန်း
ကောက်ဆွဲကာ ရုံးခန်းထဲက ထွက်သွားတယ့်
Jisoo ကို Gaming program ရေးဆွဲတယ့်
အဖွဲ့သားတွေကတော့ ကြောင်စီစီနဲ့
လိုက်ကြည့်နေကြသည် ။

အစည်းအဝေးက စတောင်မစရသေးဘူး
မဟုတ်ဘူးလား...။

_

ဒီနေ့ Jisoo အိမ်အစော ပြန်ရောက်နေသည် ။
အခုတလော Online Game အသစ်အတွက်
Program ရေးဆွဲနေတာကြောင့်
အလုပ်တွေစိပ်နေလို့  အိမ်ပြန်နောက်ကျတတ်ပေမယ့် ဒီနေ့တော့ သူ နောက်မကျပါ ။

ဒီ‌ည Yujin ကို Jennie စာလာသင်မယ့်
ရက်ဖြစ်သည် ။ လောလောဆယ်တော့
Yujin ‌လည်း ပြန်မရောက်လာသေးသလို
Jennie လည်း မလာသေးပါ ။ အချိန်ကတော့
7 နာရီထိုးနေပြီ ။

Jisoo ဖုန်းက နာရီကို တစ်ချက်ကြည့်ပြီး
မီးဖိုချောင်တုန်းသွားမို့လုပ်တုန်း ရှိသေး
ခြံရှေ့က လူခေါ်ဘဲလ်သံကြောင့်
ပြုံးမိသွားရင်း အိမ်ထဲက ထွက်လာခဲ့
လိုက်သည် ။

ခြံတံခါး Password သိနေတယ့်
Yujin က လူခေါ်ဘဲလ် နှိပ်စရာ ဘာအကြောင်း
မှ မရှိတာ ။

သူခြံတံခါးအသာဖွင့်မိလိုက်တော့
ထင်သည့်အတိုင်း Jennie ဟာ
ဘေးအိတ်လေးဆွဲ၍ ရပ်နေသည် ။ သူကို
မြင်ပေမယ့် ပြုံးလည်းမပြုံးပြသလို
ဘာစကားမှလည်းမပြောဘဲ ခေါင်းတစ်ချက်
ငုံပြကာ ခြံထဲ ဝင်သွားတယ့်
Jennie ကြောင့် Jisoo အူတူတူဖြစ်သွားရသည်။

ဒါပေမယ့်လည်း Jennie နဲ့မှီအောင်
ခြေလှမ်းအမြန်လျှောက်၍ ဘေးနားရောက်
အောင် လိုက်သွားမိသည် ။ Jennie က
သူ့ကို တစ်ချက်လှည့်ကြည့်လာပေမယ့်
ဘာမှမပြောဘဲ ပြန်လှည့်သွားသည် ။

" Jennie....ဟို နေကောင်းရဲ့လား "

သူ့မေးခွန်းအဆုံး အိမ်ထဲဝင်ဖို့
ဦးတည်နေတယ့် Jennie ရဲ့ ခြေလှမ်းတွေဟာ
ရပ်တန့်သွားသည် ။ ပြီးတော့ သူ့ဘက်လှည့်
လာပြီး

" ကျွန်မက နေမကောင်းတယ့်
ပုံပေါက်နေလို့လား..."

" အမ်...အဲ့လိုမဟုတ်ပါဘူး ။ နည်းနည်း
တစ်မျိုးဖြစ်နေသလို ခံစားရလို့ပါ "

" ဘာမှမဖြစ်ပါဘူး..."

ပြောပြီး Jennie နေရာကနေ
ထွက်လာခဲ့ပြီး အိမ်ထဲဝင်လာလိုက်သည် ။
အိမ်ထဲရောက်တော့ Yujin က
ပြန်ရောက်ဟန်မရှိသေးတာကြောင့်
ဧည့်ခန်းထဲပဲ ထိုင်နေလိုက်သည် ။

ဘာမှမသိသလို အူတူတူဖြစ်နေတယ့်
Kim Jisoo ကို ထုရိုက်ပစ်လိုက်ချင်တယ် ။
မနေ့က မိုးမမြင်လေမမြင် Blind date
သွားလုပ်နေတယ့် လူက အခုမှ
လာပြီး နေမကောင်းဘူးလား ဘာလားနဲ့ ။

" သူနဲ့ဘာဆိုင်တာကျနေတာပဲ "

ခပ်တိုးတိုးနဲ့ မကျေနပ်စွာနေရရွက်လိုက်မိသည် ။

တကယ်ပါပဲ ။ Kim Jisoo ကို
ဒေါသထွက်လိုက်တာ ။

ခဏနေတော့ မျက်စိရှေ့ရောက်လာတယ့်
Strawberry ice creamနဲ့အတူ Jisoo ရဲ့
အပြုံး ။

' ‌ ရော်...ဒီလူတော့ ဘာဖြစ်ချင်နေတာလဲ '

" မနေ့က Ice cream ဆိုင်ရောက်သွားတော့
Jennie ကို သတိရတာနဲ့ ဝယ်လာခဲ့တာ "

" ဟုတ် ကျေးဇူးပါ "

ဒါပေမယ့် သူမ Ice cream ကိုတော့
မထိပါ ။ သူ Blind date လုပ်ရင်း
ဝယ်လာတာကို စားစရာလား ။

" မစားဘူးလား Jennie...။ ဒီဆိုင်က
အရသာ တော်တော်လေးကောင်းတယ် "

" အော် ဟုတ်ကဲ့ ။ Date လို့လည်း
ကောင်းမှာပဲနော် "

" အင်း...။ ဆိုင်လေးက မဆိုးပါဘူး ။
အတွဲတွေအတွက်လည်း အဆင်ပြေလောက်ပါတယ် "

" Jisoo လည်း အဆင်ပြေခဲ့မှာပေါ့နော် "

Jennie ‌မေးခွန်းကြောင့် သူအူကြောင်ကြောင်
ဖြစ်သွားသည် ။ Jennie က ပြုံးရင်း
မေးနေတာပေမယ့် နည်းနည်း ကြက်သီးထစရာလည်း ကောင်းတယ် ။

" အော် Yujin ပြန်လာပြီလား ။ အစ်မတို့
သွားကြစို့လေ "


Yujin နဲ့အတူ စာသင်ဖို့အခန်းထဲ
ဝင်သွားတယ့် Jennie ကို မျက်စိတစ်ဆုံး
လိုက်ကြည့်နေမိသည် ။  တကယ်ပဲ
နေမကောင်းတာလားမသိ ။

_

" Jisoo တော့ ယောင်းမ ချောချောလေး
ရတော့မှာပဲ..."

" ရှင် ? "

စာသင်ပြီးလို့ စာအုပ်တွေသိမ်းနေတုန်း
Jennie ရဲ့ အမေးတော့ Yujin တစ်ယောက်
အူတူတူဖြစ်သွားရသည် ။ သူက
ဘယ်က ယောင်းမချောချောကို ရမှာလဲ ။

" အော် မနေ့က တွေ့လိုက်လို့ပါ ။
Jisoo ဆိုင်မှာ Blind date လုပ်နေတာလေ "

" Blind date ? "

ဘာမှမသိသလို အူတူတူလုပ်နေတယ့်
Yujin ကြောင့် Jennie မျက်ခုံးတွေ
မသိမသာ တွန့်ချိုးမိသွားသည် ။
Yujin ပဲ  အဲ့တာကို စီစဉ်ပေးထားတာ
မဟုတ်ဘူးလား...။

" အင်းလေ ။ Yujin ပဲ တွေ့ပေးမယ်ဆို "

" အမ်...အဲ့တာက စကားအဖြစ်
ပြောတာပါ ။ ဘယ်ကသာ စီစဉ်ပေးရမှာလဲ ။
ဒီတိုင်း သူငယ်ချင်းနဲ့တွေ့တာ နေမှာပါ
အစ်မရဲ့...."

" အဲ့လိုပြော‌ဖို့က သူတို့က အဲ့လောက်လည်း
ရင်းနှီးတယ့် ပုံမပေါ်ဘူးလေ..."

ပုံမှန်ဆို စာသင်တာအပြင်
သိပ်စိတ်မဝင်စားတယ့် ဒီအစ်မက
ဘာလို့ ဒီကိစ္စကို သိချင်စိတ် ပြင်းပြနေသလို
ခံစားနေရတာပါလိမ့်လို့ Yujin တွေးမိသွားသည်။ 

Jisoo အပြင်မှာ တခြားမိန်းကလေးနဲ့
တွေ့တာ အထူးအဆန်းမှ မဟုတ်တာ ။
အပေါင်းအသင်းလည်း ဖြစ်နိုင်တာပဲလေ ။
Yujin က သူ့ညီမပါ ။ Kim Jisoo အဲ့လောက်
မြန်မြန် စွံဖို့အထိ အရိပ်အကဲမသိတာ
Yujin အသိဆုံး ။

သူ့ရှေ့က Jennie ကို ကြည့်ရတာ
ဒီကိစ္စကို  နည်းနည်းမကျေနပ်သလိုလို ၊
သဝန်တိုနေသလိုလို ။

Yujin သဘောပေါက်သွားပြီး တဖက်လှည့်၍
မသိမသာ ပြုံးလိုက်မိသည် ။

ဒါကြောင့်မို့ စောနက သူအိမ်ထဲဝင်လာ
တုန်းက Jisoo နဲ့ Jennie ကြား
ခြောက်ကပ်ကပ်နိုင်နေတာကိုး...။

Yujin အရှေ့က မျက်နှာတည်ကြီးနဲ့
အစ်မကိုလည်း စချင် ၊ ဟို Kim Jisoo ကို
လည်း စချင်သည်နှင့်

" အဟမ်း....ညီမကတော့ စီစဉ်ပေးထား
တာမျိုး လုံးဝမရှိပါဘူးလေ ။ သူ့ဟာသူ
တွေ့ပြီး Date နေတယ်ဆိုရင်တော့
မပြောတတ်ဘူးရယ်...."

ပြောပြီးတာနဲ့ ရယ်ချင်နေတယ့်
စိတ်ကိုထိန်းကာ အခန်းထဲက
ထွက်လာပြီး အိမ်နောက်ဘက်ထဲ
ထွက်လာခဲ့လိုက်သည် ။

ကျန်တာက သူတို့ကိစ္စလေ
သူတို့ဘာသာ ရှင်းပါစေ ။

To be continued

Long time no see :') ♡

Zawgi




ပိတ္ရက္ျဖစ္တာေၾကာင့္
သူမ တစ္ပတ္စာအတြက္
အတြက္ ေဈးဝယ္ထြက္ရသည္ ။
ပုံမွန္ရက္ေတြဆို ေဈးဝယ္ထြက္ဖို႔
သူမ အခ်ိန္မေပးႏိုင္ ။

မနက္ပိုင္းကစၿပီး
ညေနပိုင္းအထိ College မွာ
ေနေနရသည့္အျပင္ ညပိုင္းက်ရင္
လည္း Yujin ကို စာသြားျပ
ေပးရသည္ မဟုတ္လား ။

မေန႔ကတည္းက အတူတူ
ေဈးဝယ္ထြက္ဖို႔ျပင္ဆင္ထားတယ့္
Joohyun က မိုးလင္းကတည္းက
သူ႔ရည္းစားနဲ႔ပါသြားတာ
ဘယ္ကိုေရာက္လို႔ ေရာက္မွန္းမသိေပ ။

ကုန္တိုက္ထဲပတ္ရင္း
Ice cream ဆိုင္တစ္ခုေရွ႕ေရာက္ေတာ့
စိတ္ထဲက အလိုလို Jisoo ကို
ေတြးမိသြားသည္ ။ အေစာက
Ice cream စားခ်င္တယ့္
ဆႏၵမရွိေပမယ့္
႐ုတ္တရက္ႀကီး ဆႏၵေပၚလာမို႔
သူမ တစ္ခ်က္ၿပဳံးမိရင္း
ဆိုင္ထဲဝင္လာခဲ့လိုက္သည္...။

ဒီေန႔က ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္
လားမသိ ။ ဆိုင္ထဲ ခုံလြတ္မရွိေတာ့
ေလာက္ေအာင္ လူေတြျပည့္ေနသည္ ။
အမ်ားစုကေတာ့ ကေလးေတြပါတယ့္
မိသားစုေတြေပါ့။ 

ဒီတိုင္းပဲဝယ္သြားေတာ့မယ္လို႔
ေတြးရင္း မွာထားသည့္ Ice creamကို
ရပ္ေစာင့္ေနလိုက္သည္။

ေစာင့္ေနရင္း ဆိုင္ထဲမ်က္လုံး
ေဝ့မိရင္း ေရခဲမုန႔္စားရင္း ၿပဳံးေပ်ာ္ေန
တယ့္ ကေလးေတြ ၾကည့္ရင္း
ၿပဳံးမိသြားသည္ ။ 

ထိုသို႔ေဝ့လည္ၾကည့္ေနရင္း
ေထာင့္နားက စားပြဲတစ္ခုမွာ
သူမ အၾကည့္ေတြ အဆုံးသတ္သြားသည္။

Hoodie အနီေရာင္ရင့္ရင့္
ဝတ္ထားၿပီး ဦးထုပ္အျဖဴေရာင္
ေစာင္းၿပီး ထိုင္ေနတယ့္ လူက
Jisoo ဆိုတာ Jennie တန္းသိ
လိုက္သည္ ။

ၿပီးေတာ့ Jisoo ေရွ႕တြင္
မိန္းကေလးတစ္ဦးလည္းရွိေနသည္ ။
Jisoo က ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ေနၿပီး
အေရွ႕က မိန္းကေလးက
ရယ္ေမာကာ စကားေျပာေနသည္ ။

Jisoo က Ice creamဆိုင္ကို
အဲ့မိန္းကေလးနဲ႔ ဘာလာလုပ္တာပါ
လိမ့္ ။ Jisoo က သူငယ္ခ်င္းမ်ား"စား
မရွိဘူးလို႔ေတာ့ သူမ ၾကားဖူးတယ္ ။

မဟုတ္မွ Blind date  မ်ားလား ။
ဟိုတစ္ေန႔က Yujin က Jisoo ကို
တစ္ေယာက္ေယာက္နဲ႔ Date ေစခ်င္
တယ့္အေၾကာင္း Jennie ကို
ေျပာျပဖူးသည္ ။ ဒီအတိုင္း Blind date ပဲ
စီစဥ္ေပးလိုက္ရင္ ေကာင္းမလားဆိုၿပီး
စစေနာက္ေနာက္ ေျပာခဲ့လို႔
သူမပါ ရယ္ခဲ့မိေသးသည္ ။

အဲ့တုန္းက စေနာက္တယ္ပဲထင္ေနတာ
တကယ္ႀကီး Yujin က Jisoo ကို
Blind dateလုပ္ခိုင္း
ခဲ့တာလား ။

ဘယ္လိုပဲလုပ္ခိုင္းပါေစေလ
သူကလည္း လုပ္ခ်င္မွ ျဖစ္အုံးမွာ ။
ဒါေပမယ့္ Kim Jisoo က
ေတာ္ေတာ္ေလးကို စိတ္ပါေနတယ္
တူပါတယ္။   ႏွစ္ေယာက္သား
ရယ္ရယ္ေမာေမာနဲ႔ စကားေျပာေနၾကတာ
ဆိုင္ထဲမွာ အခ်ိဳဓာတ္ေတြ
ပ်ံလြင့္ေနတယ့္ အတိုင္းပဲ ။

ဒီကိစၥက သူမနဲ႔
ဘာမွမဆိုင္တာသိေပမယ့္
႐ုတ္တရက္ႀကီး စိတ္ထဲ
အလိုမက်သလိုလို ၊ ေဒါသထြက္လာ
သလိုလို ျဖစ္လာသည္ ။
ဆိုင္ဝန္ထမ္းေကာင္ေလး
ကမ္းေပးေနတယ့္ Ice cream ကို
ယူၿပီး သူမ အျမန္ ဆိုင္ထဲက
ထြက္လာခဲ့လိုက္သည္ ။

ဆိုင္ျပင္ကေန ေထာင့္စြန္းက
တစ္ေနရာကို တစ္ခ်က္လွမ္းၾကည့္
လိုက္သည္ ။ ၿပီးမွ ဆိုင္ေရွ႕က
ထြက္လာခဲ့ၿပီး အေရးမပါစြာ
ဝယ္ခဲ့လိုက္မိတယ့္ Mint ice cream
ႏွစ္ဗူးထည့္ထားတယ့္အိတ္ကို
အနီးနားက အမႈိက္ပုံးထဲ ပစ္ထည့္
လိုက္သည္ ။

သူ႔ဟာသူလည္း ဝယ္စားႏိုင္ေနတာပဲကို
Jennie ဘာလို႔ အေရးမပါတာေတြ
လုပ္ေနမိတာလဲ ။

ခ်က္ခ်င္းဖုန္းဖြင့္ၿပီး
Jisoo နဲ႔ အျပန္အလွန္ပို႔ထားတယ့္
Goodmorning ေတြ Goodnightေတြ
ခ်ည္းသာ ပလူပ်ံေနတယ့္
Conservation ကို ဖ်က္ပစ္လိုက္သည္ ။

တျခားစကားအပိုေတြ
မေျပာျဖစ္ေပမယ့္ သူမ မူးၿပီး
စာမွားပို႔မိတယ့္အခ်ိန္ကစၿပီး
Goodmorningနဲ႔ Goodnight က
ေတာ့ ပုံမွန္ပို႔ျဖစ္ၾကသည္ ။

သူမတို႔ဆက္ဆံေရးအတြက္
ဒါဟာမလိုအပ္တယ့္ အပိုအလုပ္
သက္သက္ဆိုတာ သိေပမယ့္လည္း...။

အခုေနာက္ပိုင္း သူမနဲ႔Jisoo
ပိုရင္းႏွီးလာၿပီထင္ခဲ့မိသည္ ။
ဒါေပမယ့္ Blind dateသြားလုပ္တာေတာင္
သူမ မသိခဲ့ရဘူး ။

သူမစိတ္ကို ေျဖေလ်ာ့ဖို႔
ႀကိဳးစားလိုက္သည္ ။  ဒါက
Jennie သိစရာလိုတယ့္ကိစၥ
မဟုတ္သလို ၊ Jisoo ကလည္း
မေျပာမေန အသိေပးရမယ့္
ကိစၥမွ မဟုတ္တာ။ 

သူမတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ကိစၥတိုင္း ဝင္ပါေနရမယ့္ ဆက္ဆံေရး
မ်ိဳးလည္း မဟုတ္ဘူးေလ ။


_

ညေနပိုင္းေရာက္ေတာ့
သူမ Joohyun ရဲ႕ အခန္းကို
သြားလည္သည္ ။ ‌ေစာနကမွ
ရည္းစားနဲ႔လည္ရာက ျပန္လာသည့္
Joohyun အဝတ္လဲေနတာကို
ဧည့္ခန္းထဲထိုင္ေစာင့္ေနရသည္ ။

ဆိုဖာေပၚထိုင္ရင္း Joohyun ခ်ေပးသြားတယ့္
ေရခဲစားရင္းကေန Kim Jisoo ရဲ႕
Blind Date နဲ႔တိုးခဲ့တာကို သတိရၿပီး
မ်က္ေမွာင္ႀကဳံ႔သြားမိသည္ ။
စားလက္စ ေရခဲမုန႔္ဗူးကို စားပြဲေပၚ
ေဆာင့္ခ်လိုက္မိသည္ ။


မေတြးခ်င္လည္း ခဏခဏကို
ျပန္ေတြးမိေနၿပီး ျပန္ေတြးမိတိုင္းလည္း
ႏႈတ္ေခါင္းထဲက အေငြ႕ေတြ
ထြက္လာသလိုလို မူးမူးရွဴးရွဴး
ျဖစ္ေနတယ့္ ကိုယ့္ကိုကိုယ္လည္း
Jennie မထိန္းခ်ဳပ္ႏိုင္ ။

Jisoo ဘာသာ ဘယ္သူနဲ႔ Date..Date
သူမနဲ႔ဆိုင္တာမွ မဟုတ္တာ ။
အဲ့တာကို ဘာလို႔ မေက်နပ္ျဖစ္ေနမိရတာလဲ ။

သူမ ခံစားရေနရတာ ရည္းစားကပဲ
ေဖာက္ျပန္သြားသလိုလို ၊ Crush ကပဲ
Gf ရသြားသလိုလို ။

' ေခါင္းထဲက ထြက္သြားစမ္းပါ '

စိတ္ထဲကေန ေရ႐ြက္လိုက္သည္။

ခဏေနေတာ့ ပု႐ြက္ဆိတ္တက္ေနသလို
မ်က္ႏွာနဲ႔ ထြက္လာတယ့္ Joohyun  ကို
ၾကည့္ၿပီး မ်က္ေစာင္းထိုးလိုက္မိသည္ ။

" ‌ဟယ္ ဘလိုင္းႀကီး ဂ်ိဳၾကည့္လာၾကည့္ေနတယ္ "

" ၿပဳံးဖီးဖီးနဲ႔ ႐ုပ္ကိုက မေျပာလိုက္ခ်င္ဘူး "

သူမေျပာေတာ့ Joohyun ရယ္ခ်ၿပီး

" ရည္းစားနဲ႔ Date ၿပီးျပန္လာတာကို
ငါက ၿပဳံးမေနလို႔ ထိုင္ငိုေနရမွာလားဟင္ ။
အၿပဳံးေတြရပ္မရတယ့္အထိ ႐ိုခဲ့ၾကလို႔
နားလည္ေပးစမ္းပါ "

" မနားလည္ေပးဘူး "

သူမရဲ႕ဆူပုတ္ပုတ္မ်က္ႏွာေပးနဲ႔အေျဖကို
Joohyun က သေဘာတက်ကို ရယ္ေနသည္ ။
တကယ္ပဲ...ရည္းစားရွိတယ့္လူေတြကို
စိတ္ကုန္လိုက္တာ ။

" ဘယ္သူနဲ႔ျပသာနာတက္လာလို႔လဲ "

" ငါ့ကို ျပသာနာအိုးမ်ားမွတ္ေနလား "

" သိဘူးေလ ။ မ်က္ႏွာက ဆူပုတ္ေနလို႔
ဘာမ်ားျဖစ္ခဲ့လဲလို႔...။ အမ္...."

တစ္ခုခုကို စဥ္းစားဟန္ျပဳေနတယ့္
Joohyun ကို သူမ မ်က္ေမွာင္ေတြ တြန႔္ခ်ိဳးကာ
ၾကည့္ေနမိသည္ ။

" မဟုတ္မွ... Jisoo နဲ႔ ရန္ျဖစ္ၾကတာလား "

" ႐ူးေနလား ။ သူနဲ႔ငါနဲ႔က ဘာပတ္သတ္လို႔
ရန္ျဖစ္ရမွာလဲ ။ ရန္ျဖစ္ရေလာက္ေအာင္
ဘာဆက္ဆံေရးမွလည္း မရွိဘူး ။
ဘယ္ေတာ့မွလည္း ရွိလာမွာမဟုတ္ဘူး ။
အဟက္...သူ႔ေၾကာင့္နဲ႔ အခုလို ျဖစ္ေနစရာ
ဘာအေၾကာင္းမွလည္း မရွိဘူး! "

စကားကို တရစပ္ နဲ႔ မေက်မနပ္ေျပာရင္း
ႏႈတ္ခမ္းဆူထြက္လာျပန္တယ့္
Jennie ေၾကာင့္ Joohyun မွာ ဘာမွ
ပင္မေျပာႏိုင္ဘဲ အူတူတူေလး ျဖစ္ေနရသည္ ။

Jisoo နဲ႔ ရန္ျဖစ္ခဲ့လားဆိုတာ
စလိုက္႐ုံပါ ။ ဒါေပမယ့္ တကယ္ သူတို႔
ႏွစ္ေယာက္ တစ္ခုခု ျဖစ္ခဲ့ၿပီ
ဆိုတာ Joohyun သေဘာေပါက္သြားသည္ ။

" နားလည္လား...ငါနဲ႔သူနဲ႔
ဘာအကန႔္မွ မရွိတာမို႔ သူနဲ႔ရန္ျဖစ္စရာလည္း
မရွိဘူး ။ စိတ္ဆိုးစရာလည္း မရွိဘူး ။ စိတ္ေကာက္စရာလည္း မရွိဘူး ။ သူဘယ္သူနဲ႔
ေတြ႕ေတြ႕ စိတ္လည္း မဝင္စားဘူး ။
သူ႔အေၾကာင္းကို ေခါင္းထဲကို မထည့္တာ ! "

" သူက ဘယ္သူနဲ႔ေတြ႕ေနလို႔ဘဲ "

" ေကာင္မေလးတစ္ေယာက္နဲ႔ !!! "

" တကယ္ႀကီးလား "

" ဟုတ္တယ္ ! "

ေျပာၿပီး ေဘးနားက ေခါင္းအုံးနဲ႔
Joohyun ကို ပစ္ေပါက္ၿပီး တေဆာင့္ေဆာင့္
နဲ႔ ျပန္သြားတယ့္ Jennie ။

Joohyun တစ္ခ်က္ရယ္လိုက္မိသည္ ။
ေက်းဇူးရွင္က Jisoo ကို စိတ္ဆိုးေနတာကိုး ။
သူ႔ဟာသူေကာ ဘာေတြေျပာသြားတယ္ဆိုတာ
Jennie နားလည္ရဲ႕လားမသိ ။
ရွဴးရွဴးမူးမူးနဲ႔ ေဒါသငယ္ထိပ္ေရာက္
သြားတယ့္ ပုံစံပဲ ။

" အမ္...ခဏေလး ေနပါအုံး ။  သူတို႔က
ဘာေတြမို႔ စိတ္ဆိုးေနၾကတာလဲ "

_

ညတုန္းက Goodnight လို႔
ပို႔လိုက္တယ့္ Message ကို စာမျပန္ထားေတာ့
ေစာေစာအိပ္ေပ်ာ္သြားလို႔ ေနမွာပါလို႔
ေတြ႕လိုက္မိေပမယ့္ မနက္က ပို႔ထားတယ့္
Goodmorning ဆိုတယ့္ message ကိုပါ
စာမျပန္လာေပ ။

Jennie ဖုန္းေတြဘာေတြမ်ား
က်ေပ်ာက္ခဲ့တာလား ေတြးမိသည္ ။
ဒါ‌မွမဟုတ္ ေနမေကာင္းျဖစ္ေနတာလား ။
မဟုတ္ေသးပါဘူး ေစာနက Seulgi သူ႔
Company နားလာတုန္း အတူေန႔လည္စာ
ထြက္စားၾကတုန္းက Seulgi ေျပာေသးတယ္ ။

Joohyun နဲ႔စားမို႔ေတြးထားတာကို
Joohyun က Jennie နဲ႔ ထြက္စားၿပီးၿပီမို႔တယ့္ ။ အဲ့ဆို ေနေတာ့ ေကာင္းေလာက္ပါတယ္ ။

ဘာမ်ားျဖစ္တာပါလိမ့္ ။

အေတြးထဲနစ္ေျမာေနရင္းမွ ေဘးနားက
အတြင္းေရးမႉးရဲ႕ အသံကို ၾကားၿပီး
သတိဝင္သည္ ။ သတိလက္လြတ္ျဖစ္ေန
လိုက္တာ အစည္း‌အေဝးခန္းထဲ
ေရာက္ေနသည္ကိုပင္ ေမ့ေနတယ့္အထိပါပဲ ။

" အမ္...အဲ့ဆို အစည္းအေဝးက
ဒီအထိပါပဲ..."

ေျပာၿပီးတာနဲ႔ အေရွ႕က သူ႔ Laptop နဲ႔ ဖုန္း
ေကာက္ဆြဲကာ ႐ုံးခန္းထဲက ထြက္သြားတယ့္
Jisoo ကို Gaming program ေရးဆြဲတယ့္
အဖြဲ႕သားေတြကေတာ့ ေၾကာင္စီစီနဲ႔
လိုက္ၾကည့္ေနၾကသည္ ။

အစည္းအေဝးက စေတာင္မစရေသးဘူး
မဟုတ္ဘူးလား...။

_

ဒီေန႔ Jisoo အိမ္အေစာ ျပန္ေရာက္ေနသည္ ။
အခုတေလာ Online Game အသစ္အတြက္
Program ေရးဆြဲေနတာေၾကာင့္
အလုပ္ေတြစိပ္ေနလို႔  အိမ္ျပန္ေနာက္က်တတ္ေပမယ့္ ဒီေန႔ေတာ့ သူ ေနာက္မက်ပါ ။

ဒီ‌ည Yujin ကို Jennie စာလာသင္မယ့္
ရက္ျဖစ္သည္ ။ ေလာေလာဆယ္ေတာ့
Yujin ‌လည္း ျပန္မေရာက္လာေသးသလို
Jennie လည္း မလာေသးပါ ။ အခ်ိန္ကေတာ့
7 နာရီထိုးေနၿပီ ။

Jisoo ဖုန္းက နာရီကို တစ္ခ်က္ၾကည့္ၿပီး
မီးဖိုေခ်ာင္တုန္းသြားမို႔လုပ္တုန္း ရွိေသး
ၿခံေရွ႕က လူေခၚဘဲလ္သံေၾကာင့္
ၿပဳံးမိသြားရင္း အိမ္ထဲက ထြက္လာခဲ့
လိုက္သည္ ။

ၿခံတံခါး Password သိေနတယ့္
Yujin က လူေခၚဘဲလ္ ႏွိပ္စရာ ဘာအေၾကာင္း
မွ မရွိတာ ။

သူၿခံတံခါးအသာဖြင့္မိလိုက္ေတာ့
ထင္သည့္အတိုင္း Jennie ဟာ
ေဘးအိတ္ေလးဆြဲ၍ ရပ္ေနသည္ ။ သူကို
ျမင္ေပမယ့္ ၿပဳံးလည္းမၿပဳံးျပသလို
ဘာစကားမွလည္းမေျပာဘဲ ေခါင္းတစ္ခ်က္
ငုံျပကာ ၿခံထဲ ဝင္သြားတယ့္
Jennie ေၾကာင့္ Jisoo အူတူတူျဖစ္သြားရသည္။

ဒါေပမယ့္လည္း Jennie နဲ႔မွီေအာင္
ေျခလွမ္းအျမန္ေလွ်ာက္၍ ေဘးနားေရာက္
ေအာင္ လိုက္သြားမိသည္ ။ Jennie က
သူ႔ကို တစ္ခ်က္လွည့္ၾကည့္လာေပမယ့္
ဘာမွမေျပာဘဲ ျပန္လွည့္သြားသည္ ။

" Jennie....ဟို ေနေကာင္းရဲ႕လား "

သူ႔ေမးခြန္းအဆုံး အိမ္ထဲဝင္ဖို႔
ဦးတည္ေနတယ့္ Jennie ရဲ႕ ေျခလွမ္းေတြဟာ
ရပ္တန႔္သြားသည္ ။ ၿပီးေတာ့ သူ႔ဘက္လွည့္
လာၿပီး

" ကြၽန္မက ေနမေကာင္းတယ့္
ပုံေပါက္ေနလို႔လား..."

" အမ္...အဲ့လိုမဟုတ္ပါဘူး ။ နည္းနည္း
တစ္မ်ိဳးျဖစ္ေနသလို ခံစားရလို႔ပါ "

" ဘာမွမျဖစ္ပါဘူး..."

ေျပာၿပီး Jennie ေနရာကေန
ထြက္လာခဲ့ၿပီး အိမ္ထဲဝင္လာလိုက္သည္ ။
အိမ္ထဲေရာက္ေတာ့ Yujin က
ျပန္ေရာက္ဟန္မရွိေသးတာေၾကာင့္
ဧည့္ခန္းထဲပဲ ထိုင္ေနလိုက္သည္ ။

ဘာမွမသိသလို အူတူတူျဖစ္ေနတယ့္
Kim Jisoo ကို ထု႐ိုက္ပစ္လိုက္ခ်င္တယ္ ။
မေန႔က မိုးမျမင္ေလမျမင္ Blind date
သြားလုပ္ေနတယ့္ လူက အခုမွ
လာၿပီး ေနမေကာင္းဘူးလား ဘာလားနဲ႔ ။

" သူနဲ႔ဘာဆိုင္တာက်ေနတာပဲ "

ခပ္တိုးတိုးနဲ႔ မေက်နပ္စြာေနရ႐ြက္လိုက္မိသည္ ။

တကယ္ပါပဲ ။ Kim Jisoo ကို
ေဒါသထြက္လိုက္တာ ။

ခဏေနေတာ့ မ်က္စိေရွ႕ေရာက္လာတယ့္
Strawberry ice creamနဲ႔အတူ Jisoo ရဲ႕
အၿပဳံး ။

' ‌ ေရာ္...ဒီလူေတာ့ ဘာျဖစ္ခ်င္ေနတာလဲ '

" မေန႔က Ice cream ဆိုင္ေရာက္သြားေတာ့
Jennie ကို သတိရတာနဲ႔ ဝယ္လာခဲ့တာ "

" ဟုတ္ ေက်းဇူးပါ "

ဒါေပမယ့္ သူမ Ice cream ကိုေတာ့
မထိပါ ။ သူ Blind date လုပ္ရင္း
ဝယ္လာတာကို စားစရာလား ။

" မစားဘူးလား Jennie...။ ဒီဆိုင္က
အရသာ ေတာ္ေတာ္ေလးေကာင္းတယ္ "

" ေအာ္ ဟုတ္ကဲ့ ။ Date လို႔လည္း
ေကာင္းမွာပဲေနာ္ "

" အင္း...။ ဆိုင္ေလးက မဆိုးပါဘူး ။
အတြဲေတြအတြက္လည္း အဆင္ေျပေလာက္ပါတယ္ "

" Jisoo လည္း အဆင္ေျပခဲ့မွာေပါ့ေနာ္ "

Jennie ‌ေမးခြန္းေၾကာင့္ သူအူေၾကာင္ေၾကာင္
ျဖစ္သြားသည္ ။ Jennie က ၿပဳံးရင္း
ေမးေနတာေပမယ့္ နည္းနည္း ၾကက္သီးထစရာလည္း ေကာင္းတယ္ ။

" ေအာ္ Yujin ျပန္လာၿပီလား ။ အစ္မတို႔
သြားၾကစို႔ေလ "


Yujin နဲ႔အတူ စာသင္ဖို႔အခန္းထဲ
ဝင္သြားတယ့္ Jennie ကို မ်က္စိတစ္ဆုံး
လိုက္ၾကည့္ေနမိသည္ ။  တကယ္ပဲ
ေနမေကာင္းတာလားမသိ ။

_

" Jisoo ေတာ့ ေယာင္းမ ေခ်ာေခ်ာေလး
ရေတာ့မွာပဲ..."

" ရွင္ ? "

စာသင္ၿပီးလို႔ စာအုပ္ေတြသိမ္းေနတုန္း
Jennie ရဲ႕ အေမးေတာ့ Yujin တစ္ေယာက္
အူတူတူျဖစ္သြားရသည္ ။ သူက
ဘယ္က ေယာင္းမေခ်ာေခ်ာကို ရမွာလဲ ။

" ေအာ္ မေန႔က ေတြ႕လိုက္လို႔ပါ ။
Jisoo ဆိုင္မွာ Blind date လုပ္ေနတာေလ "

" Blind date ? "

ဘာမွမသိသလို အူတူတူလုပ္ေနတယ့္
Yujin ေၾကာင့္ Jennie မ်က္ခုံးေတြ
မသိမသာ တြန႔္ခ်ိဳးမိသြားသည္ ။
Yujin ပဲ  အဲ့တာကို စီစဥ္ေပးထားတာ
မဟုတ္ဘူးလား...။

" အင္းေလ ။ Yujin ပဲ ေတြ႕ေပးမယ္ဆို "

" အမ္...အဲ့တာက စကားအျဖစ္
ေျပာတာပါ ။ ဘယ္ကသာ စီစဥ္ေပးရမွာလဲ ။
ဒီတိုင္း သူငယ္ခ်င္းနဲ႔ေတြ႕တာ ေနမွာပါ
အစ္မရဲ႕...."

" အဲ့လိုေျပာ‌ဖို႔က သူတို႔က အဲ့ေလာက္လည္း
ရင္းႏွီးတယ့္ ပုံမေပၚဘူးေလ..."

ပုံမွန္ဆို စာသင္တာအျပင္
သိပ္စိတ္မဝင္စားတယ့္ ဒီအစ္မက
ဘာလို႔ ဒီကိစၥကို သိခ်င္စိတ္ ျပင္းျပေနသလို
ခံစားေနရတာပါလိမ့္လို႔ Yujin ေတြးမိသြားသည္။ 

Jisoo အျပင္မွာ တျခားမိန္းကေလးနဲ႔
ေတြ႕တာ အထူးအဆန္းမွ မဟုတ္တာ ။
အေပါင္းအသင္းလည္း ျဖစ္ႏိုင္တာပဲေလ ။
Yujin က သူ႔ညီမပါ ။ Kim Jisoo အဲ့ေလာက္
ျမန္ျမန္ စြံဖို႔အထိ အရိပ္အကဲမသိတာ
Yujin အသိဆုံး ။

သူ႔ေရွ႕က Jennie ကို ၾကည့္ရတာ
ဒီကိစၥကို  နည္းနည္းမေက်နပ္သလိုလို ၊
သဝန္တိုေနသလိုလို ။

Yujin သေဘာေပါက္သြားၿပီး တဖက္လွည့္၍
မသိမသာ ၿပဳံးလိုက္မိသည္ ။

ဒါေၾကာင့္မို႔ ေစာနက သူအိမ္ထဲဝင္လာ
တုန္းက Jisoo နဲ႔ Jennie ၾကား
ေျခာက္ကပ္ကပ္ႏိုင္ေနတာကိုး...။

Yujin အေရွ႕က မ်က္ႏွာတည္ႀကီးနဲ႔
အစ္မကိုလည္း စခ်င္ ၊ ဟို Kim Jisoo ကို
လည္း စခ်င္သည္ႏွင့္

" အဟမ္း....ညီမကေတာ့ စီစဥ္ေပးထား
တာမ်ိဳး လုံးဝမရွိပါဘူးေလ ။ သူ႔ဟာသူ
ေတြ႕ၿပီး Date ေနတယ္ဆိုရင္ေတာ့
မေျပာတတ္ဘူးရယ္...."

ေျပာၿပီးတာနဲ႔ ရယ္ခ်င္ေနတယ့္
စိတ္ကိုထိန္းကာ အခန္းထဲက
ထြက္လာၿပီး အိမ္ေနာက္ဘက္ထဲ
ထြက္လာခဲ့လိုက္သည္ ။

က်န္တာက သူတို႔ကိစၥေလ
သူတို႔ဘာသာ ရွင္းပါေစ ။

To be continued

Long time no see :') ♡

Okumaya devam et

Bunları da Beğeneceksin

3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
682K 26.5K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
188K 14.5K 22
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...