ကလေးပေါက်စလေးကို ချီထားသလိုမျိုး Louis သူ့ရင်ခွင်ကျယ်ကြီးဆီ မျက်နှာအပ်ပြီး ငြိမ်ကုပ်လျှက်လိုက်ပါလာခဲ့၏။
အရှင်က မျက်နှာတည်နေတာမို့ ဘာမှလဲထပ်မပြောရဲ၊ ပန်းနန်းဆောင်ထဲသို့ရောက်တော့လည်း ရေချိုးကန်ဆီသို့ တန်းသွားလိုက်ပြန်သည်။ ရေချိုးကန်က ရေအပြည့်ရှိနေပြီး ရေနွေးငွေ့လေးများပါထွက်နေ၏။
အရှင်က သူ့ကို ရေချိုးကန်ထဲ ထိုင်ရက်လေးချပေးလိုက်တာမို့ Louis မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်ပြီး ဘာမှတော့မပြောမိ။
အပေါ်ဝတ်ရုံရှည်ကိုချွတ်ချပစ်လိုက်ပြီး အရှင်ကပါ ရေချိုးကန်ထဲဝင်လာသည်၊ ရေစိုနေပြီဖြစ်သော အဝတ်အစားတို့ကို ချွတ်ယူရင်း သူ့ခန္ဓာကိုယ်လေးကို အရှင်က ဆွဲလှည့်ပစ်လိုက်တာမို့ Louis ကျောလေးက အရှင့်ရှေ့မှာ ကပ်ရပ်သားဖြစ်သွားသည်။
သူ့ကိုယ်ကိုဆွဲဖက်ထားရင်း ပုခုံးသားတွေထက် အရှင်ကမှေးတင်လာ၏။ ဘာမှမပြောပဲ အတန်ကြာသည်အထိတိတ်ဆိတ်နေတာမို့ Louis မနေတတ်တော့ပေ၊
"အရှင်....."
"အင်း"
"စိတ်ဆိုးနေတာလားဟင်.."
"အင်း"
"စိတ်မဆိုးပါနဲ့တော့နော်.... ကျွန်တော်က ဂရုမစိုက်မိလိုက်ဘူးဖြစ်သွားတယ်... နောက်ကို ဒါမျိုးထပ်မလုပ်တော့ပါဘူး"
"အင်း"
"အရှင်... လို့"
Louis သူ့ပုခုံးမှာမှေးတင်ထားသော အရှင့်မျက်နှာချောချောအား လက်ဖြင့်ခပ်ဖွဖွထိတွေ့လိုက်သည်။ နောက်ပြန်အနေအထားဖြင့် လှည့်ကြည့်နေရင်းမှ အရှင့်ပါးပြင်အား သူ့နှုတ်ခမ်းဖြင့်ထိကပ်လိုက်၏။
"ကျွန်တော့်ကို စကားမပြောချင်တော့ဘူးလားဟင်... အရှင်စိတ်ဆိုးပြေအောင် ဘာလုပ်ပေးရမလဲ..."
"ကိုယ်က... ကိုယ်က မင်းကိုစိတ်ဆိုးနေတာမဟုတ်ပါဘူး... မင်းကို မကူညီပေးနိုင်လို့ ကိုယ့်ကိုယ်ကို စိတ်တိုနေတာ"
"အရှင်ရယ်... အခုတောင် အရမ်းချစ်နေပြီးသားပါ.. ဒါမျိုးတွေပြောနေရင် ကျွန်တော်အရှင့်ကိုထပ်ချစ်ရပြန်အုံးမယ်.... ကျွန်တော့်စိတ်နဲ့ခန္ဓာနှစ်ခုလုံး အရှင့်ကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်နေပြီးပါပြီ...."
"စကားတွေအရမ်းမတတ်ပြပါနဲ့၊ ကြင်ယာတော်လေး ပင်ပန်းနေတာ ကိုယ်သဘောမကျဘူး"
"တကယ်တော့ အရှင့်ကိုအရမ်းလွမ်းနေခဲ့တာပါ... အရမ်းပင်ပန်းလို့ ဖက်ထားပေးစေချင်နေပေမယ့် သုတေသနခန်းထဲကနေလည်း ထွက်မလာနိုင်ဘူးဖြစ်နေတာ"
"ညောင်းကိုက်နေမှာပေါ့ ကိုယ်နှိပ်ပေးမယ်"
အရှင်က သူ့ပုခုံးလေးများကို ဖွဖွညင်သာနှိပ်နှယ်ပေးလာသည်။ လက်မောင်းနှစ်ဖက်ကိုလည်း ဆွဲယူပွတ်သပ်ပေးရင်း သူ့ဂုတ်ပိုးလေးကို နမ်းရှိုက်လာပြန်၏။
"အညောင်းတွေပြေသွားတာပဲ.... အရှင် ကျွန်တော်အိပ်ချင်နေပြီ သိလား..."
"အင်း... အိပ်လိုက်လေ... ကိုယ်ပွေ့ချီပြီးခေါ်သွားပေးမယ်"
အရှင့်ရဲ့ ရင်ခွင်ကျယ်ကြီးကို ကျောမှီချလိုက်ရင်း ခပ်လေးလေးဖြစ်နေသော မျက်လုံးတို့ကို မှေးမှိတ်ထားလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ပွတ်သပ်ပေးကာ အတန်ကြာရေစိမ်ပြီးမှ အရှင်က သူ့ကိုပွေ့ယူချီမရင်း တဘတ်ဖြင့်လုံးထွေးလိုက်သည်။
အိပ်မောကျခါနီးမို့ ရေသုတ်ပေးတာကိုရော၊ အဝတ်အစားလဲပေးတာကိုရော အရှင့်ကိုမှီတွယ်ရင်းသာ ခံယူနေလိုက်သည်။
အားလုံးပြီးသွားဝောာ့မှ ရွှေရောင်အိပ်ယာထက်အသာချပေးလာသည်။
အိပ်ချင်မူးတူးဖြစ်နေသော်လည်း Louis မမေ့မလျော့ပင်
"အရှင် ကျွန်တော့်ကို နွေးအောင်လုပ်ပေးပါနော်"
"အင်း"
နဖူးစပ်မှ ခပ်ဖွဖွအထိအတွေ့နှင့်အတူ သူ့တစ်ကိုယ်လုံး အရှင့်ရင်ခွင်ထဲ နွေးထွေးသွားရသည်။ အရှင့်လက်မောင်းပေါ် ခေါင်းအုံးထားရင်းမှ ပိုတိုး၍ ဖက်လိုက်သည်။
'ကျွန်တော့်ရဲ့ အရှင်က သိပ်နွေးတာ'
***
"အားလုံး အဆိုးဖက်ပြနေပါပြီ အရှင်မင်းကြီး... ကောက်ပဲသီးနှံတွေကိုလည်းအချိန်မှီမရိတ်သိမ်းနိုင်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုက အရမ်းကြီးမားပါတယ်၊ ဒီနှစ်က မိုးများလွန်းတော့ ပြည်သူတွေအတွက် ဆန်လုံလောက်မှုရှိမှာမဟုတ်ပါဘူး"
"နန်းတော် ရိက္ခာတွေထဲက ထုတ်ယူပြီး အိမ်တိုင်းစေ့ဝေငှပါ၊ နန်းတော်ထဲမှာလည်း နာမကျန်းဖြစ်တဲ့သူတွေ အရမ်းများနေပြီ၊ နောက်ဆုံးအထိ တတ်နိုင်သလောက် တောင့်ခံထားရမယ်၊ ရိက္ခာပြတ်ခါနီးဖြစ်တာကို အတတ်နိုင်ဆုံး မြို့တော်မှာ မပေါက်ကြားစေနဲ့"
"အမိန့်အတိုင်းပါ အရှင်မင်းကြီး"
အခြေအနေတွေက ပိုဆိုးဝါးနေပြီဖြစ်တာမို့ နောက်ဆုံးအစီအစဉ်များကိုပါ ချမှတ်နေရပြီး၊ ကူးစက်ရောဂါပျံ့နှံ့မှုမှာ နှစ်တစ်ဝက်ခန့်ပင်ကျိုးလာပြီဖြစ်ရာ နိုင်ငံစီးပွားရေးအင်အားက ကျဆင်းသွားခဲ့ပြီဖြစ်သည်။
အနီးဆုံး အိမ်နီးချင်းနိုင်ငံ Fleur Empire မှ ရိက္ခာဆန်တို့မပြတ်ထောက်ပံ့နေခဲ့သော်လည်း ကောက်ပဲသီးနှံများက အထွက်နည်းသည့်အပြင် ရိတ်သိမ်းရခက်ခဲတာကြောင့် ဒီလတွင်တော့ အလုံအလောက်မပေးနိုင်တော့။
ပြောရရင် သူကိုယ်တိုင်လည်း နေထိုင်မကောင်းဖြစ်နေပြီမို့ စိတ်သွားတိုင်းကိုယ်မပါတော့ပါချေ။
"ခမည်းတော် နေမကောင်းဘူးဆို"
"နည်းနည်းပါးပါးပါ သားတော်"
Harry သူ့ခမည်းတော်ကို စိတ်ပူစွာဖြင့်ကြည့်နေမိသည်၊ စိတ်ဖိစီးမှုများကြောင့် ခမည်းတော်က အလွန်ပိန်သွားတာဖြစ်သည်။
"ခမည်းတော် အနားယူပါအုံးလား... လိုအပ်တဲ့စီစဉ်ညွှန်ကြားချက်တွေအားလုံး သားတော်ကနေတစ်ဆင့် ဆောင်ရွက်ပေးနေတာဆိုတော့ ကျန်းမာရေးပိုဆိုးမလာခင် အအိပ်အစား ပုံမှန်လုပ်တာပေါ့ ခမည်းတော်"
"Harry သားတော်... အရိုက်အရာအတွက် ပြင်ဆင်နေတုံး ဒီကပ်ဆိုးကြီးဖြစ်လာတာ ခမည်းတော် စိတ်မကောင်းပါဘူးကွယ်"
"သားတော်က အဆင်ပြေတာမို့ ခမည်းတော်ကသာ ကျန်းမာအောင်နေပေးပါ.... "
အကောင်းဆုံး ထိန်းသိမ်းနေထိုင်ရုံကလွဲပြီးရောဂါကပ်ဘေးကို မည်သူမှရှောင်လွဲနိုင်မည်မဟုတ်ပါလား....
"မျိုးနွယ်အရှင် ကြင်ယာတော်က ကူးစက်ရောဂါ ကုသဖို့ဆေးဝါးဖော်စပ်နိုင်ပါပြီတဲ့"
"ဟုတ်လား... ကြင်ယာတော်က သုတေသနဌာနမှာပဲလား"
"ဟုတ်ပါတယ်မျိုးနွယ်အရှင်"
Roy ချက်ချင်းပင် သုတေသနဌာနဖက်ကိုရောက်ရှိလာသည်။
စမ်းသပ်ခန်းဖက်မှာ ဆူညံဆူညံဖြစ်နေကြတာမို့ သူမျက်မှောင်ကြုံ့သွားရ၏။
သူ့အားမြင်သည်နှင့် ကြင်ယာတော်၏ မိတ်ဆွေဖြစ်သူ Bella က ကြင်ယာတော်လေးအား တီးတိုးကပ်ပြောလိုက်သည်။ ချက်ချင်းလှည့်ကြည့်လာပြီး မျက်လုံးလေးများက တစ်လဲ့လဲ့ဖြင့် ပြုံးရိပ်သန်းနေပြန်၏။
သူ့အနားသို့လျှောက်လှမ်းလာရင်းမှ
"အရှင်.... ကျွန်တော်တို့လေ... နောက်ဆုံးတော့ ဆေးဖော်ထုတ်နိုင်ခဲ့ပြီ... ကူးစက်ရောဂါခံထားရတဲ့ အမှုထမ်းတစ်ဦးက ဆေးအတွက် စမ်းသပ်ခံခဲ့တာ... ကျွန်တော် အရမ်းကြောက်နေခဲ့တာ ဆေးက တစ်ခုခုဖြစ်သွားမှာစိုးပြီး ဒါပေမယ့် သူက အခု သက်သာနေပြီ အရှင်ရဲ့..."
ကြင်ယာတော်လေးက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အသံတို့က တုန်ယင်နေသည်။
လက်ဖဝါးနုနုကို ဆုပ်ကိုင်ရင်း အားပေးလိုက်သည်။
"တော်လိုက်တာ ကိုယ့်ကြင်ယာတော်လေးက"
"အရှင်ရေ... ကျွန်တော်အရမ်းပျော်နေသလို အရမ်းလည်းစိတ်ပူနေမိပြီ"
"ဘာဖြစ်လို့လဲဟင်"
"ဆေးဖော်စပ်နည်းရှိလာပြီဆိုပေမယ့် ပါဝင်ပစ္စည်းတွေက လောက်မှာမဟုတ်ဖူးလေ၊ ကူးစက်ရောဂါကို နိုင်ငံတိုင်းကခံစားနေရတာဆိုတော့ လိုအပ်တဲ့ဆေးဝါးပမာဏကလည်းအရမ်းကို များတယ်"
"လိုအပ်တာမှန်သမျှကို အစ်မ Lily ရော၊ ဦးလေး Luvi ရော ကူညီပေးကြမှာပါ၊ ဘယ်လောက်လိုအပ်လဲ... ဘာတွေလိုချင်လဲသာ ပြောပြလိုက်ပါ"
"ဟုတ်ကဲ့ပါအရှင်"
ကြည်လဲ့လဲ့ မျက်ဝန်းပြာလေးများကို အမြတ်တနိုးငုံ့မိုးကြည့်လိုက်သည်။ ၆ လလုံး စိတ်ရောကိုယ်ပါနစ်မြုတ်ကာ ဤသုတေသနအတွက် ပေးဆပ်ခဲ့တာမို့ ကြင်ယာတော်လေး၏ အပြုံးတို့က အလွန်အသက်ဝင်နေတော့တာ။
"ကြင်ယာတော်လေးကို ဂုဏ်ပြုပါတယ်!!!"
"အများကြီးကြိုးစားပေးခဲ့တဲ့အတွက် ကြင်ယာတော်လေးကို ကျေးဇူးတင်ပါတယ်"
လက်ခုပ်သံများထွက်ပေါ်လာတော့
"ကျွန်တော်တစ်ယောက်တည်းဆို ဒီရလဒ်က ထွက်လာမှာမဟုတ်ပါဘူး.... ဒီကသူတွေအယောက်စီတိုင်းက စိတ်ရောကိုယ်ပါ ပေးဆပ် ရင်းနှီးပေးခဲ့ကြလို့သာ ဆေးကဖြစ်လာရတာ... ကျွန်တော့်ကို ယုံကြည်ပေးခဲ့ကြလို့ အရမ်းကျေးဇူးတင်မိပါတယ်..."
"ကြင်ယာတော်လေးက အရမ်းကိုနှိမ့်ချနေတာပါပဲ... ကြင်ယာတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုတွေနောက် လိုက်ခွင့်ရလို့ ကိုယ့်ကိုယ်ကို တစ်သက်လုံး ဂုဏ်ယူနေမိတော့မှာပါ"
Bella က ဒီစကားကို ကြည်နူးဝမ်းမြောက်စွာပြောနေခြင်းဖြစ်သည်။
အုပ်ချုပ်သူများဖြစ်ကြသော မသေမျိုးနွယ်စုတို့မှာလဲ ထိုသတင်းကိုကြားပြီးနောက် ကြင်ယာတော်အပေါ် အသိအမှတ်ပြုသည့်စကားတို့ပြောလာကြ၏။
"ဒါဆို ဆေးဝါးအတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေစုဆောင်းဖို့ သပ်သပ်တစ်ဖွဲ့အမြန်ဆုံး ဖွဲ့စည်းလိုက်ရအောင်..."
"ကြင်ယာတော်လေးရဲ့ သဘောအတိုင်းဖြစ်စေရပါမယ်.."
အရှင် Roy ၏ အပြောကြောင့် အားလုံးပြုံးစိစိဖြစ်သွားကြတော့၏။
'Roy ကအရမ်းကိုပျော်နေတာပဲ.. ဒီလိုမြင်တွေ့ရတာ အစ်မ Lily စိတ်ချမ်းသာမိတယ်'
အရှင် Roy နှင့် သူ့ကြင်ယာတော်လေးကိုကြည့်ပြီး Lily ကြည်နူးဝမ်းမြောက်နေမိတော့သည်။
၂ ပါတ်အတွင်းမနားမနေဆေးဝါးထုတ်လုပ်မှုတို့ပြီးသည်နှင့် နိုင်ငံတကာသို့ ကူးစက်ရောဂါအတွက်ဆေးဝါးတို့တင်ပို့စေခဲ့သည်။ ကာကွယ်ကုသဖို့ဆေးဝါးကို Zion ပြည်ထောင်စု၏ ကြင်ယာတော် Louis မှ ဖော်ထုတ်နိုင်ခဲ့ပြီဟူသောသတင်းကြောင့် အားလုံးက မျှော်လင့်ချက်အပြည့်တို့ဖြင့် တင်းခံရင်း စောင့်နေခဲ့ကြတာဖြစ်သည်။
အယုတ်၊အလတ်၊အမြတ်မရွေး ပြည်သူပြည်သားတိုင်း ဆေးကုသခွင့်ရရှိကြပြီး ကူးစက်ရောဂါကို တားဆီးကာကွယ်နိုင်ခဲ့သည် ရောဂါပြင်းထန်သူများကလည်း ဆေးဝါးကုသပြီး အမြန်ပင်သက်သာပျောက်ကင်းလာကြပြီး ကြင်ယာတော် Louis ကိုကျေးဇူးတင်ကြ၍ ဆုတောင်းမေတ္တာတို့ပေးခဲ့ကြသည်။
Fleur Empire မှပြည်သူများကလည်း ထိုအခါကျမှပင် အရည်အချင်းတို့နှင့်ပြည့်စုံလှသော သူတို့၏မင်းသား Alexander Louis အား နှမြောတသဖြစ်နေကြရတော့သည်။ တိုင်းပြည်၏ဂုဏ်အားမြှင့်တင်ပေးနိုင်သော မင်းသားလေးကို သူတို့ မှားယွင်းစွာခွဲခြားဆက်ဆံခဲ့ကြဖူးသည်မဟုတ်လား။
မည်သို့ပင်ဆိုစေကာမူ ရောဂါကပ်ဘေးကြီးအား ထိန်းချုပ်ကာ ရပ်တံ့စေနိုင်ခဲ့ပြီမို့ Louis လေးကတော့ ပျော်ရွှင်နေပါတော့သည်။
***
သာယာအေးချမ်းနေသော ကမ္ဘာကြီးနှင့် မလိုက်ဖက်စွာ အကျည်းတန်သော အကြံအစည်တို့အပြည့်ဖြင့် မှော်ဆရာကြီး Devina ကတော့ ကောက်ကျစ်စွာပြုံးလိုက်သည်။
"ဆိုတော့ မျိုးနွယ်အရှင်ရဲ့ကြင်ယာတော်က အဆင်းရော အချင်းပါရှိတဲ့ အမျိုးသား Omega တစ်ယောက်တဲ့လား..."
"ဟားဟား မထင်မှတ်ထားပဲ ရတနာသိုက်ကိုရှာတွေ့လိုက်သလိုပဲ... ဒီကမ္ဘာမှာ Omega တစ်ယောက်ရှင်သန်ဖို့ ခက်ခဲလွန်းတာမဟုတ်ဖူးလား... မျိုးနွယ်အရှင်ရဲ့ အားနည်းချက်လေးက ငါ့အတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတော့မှာပဲ... ဟားဟားဟား!!!"
ကောက်ကျစ်သည့်အကြံအစည်တို့ဖြင့် Devina ကြီးကတော့ လျှို့ဝှက်အစီအရင်များကို အပူတပြင်းစီရင်ရင်း သူ့အထောက်တော် ကျီးငှက်ကြီးအား စုံစမ်းရန်စေလွှတ်လိုက်တော့သည်။
***
Fleur နန်းတော်ထဲမှာလည်း မင်းသားLouis အား ချီးကျူးမှုများသာကြားနေရတော့သည်။ အားလုံးက ပျော်ရွှင်ကြည်နူးနေကြသော်လည်း မိဖုရား Forina ကတော့ မနာလိုစိတ်တို့ဖြင့် ပူလောင်နေသောသူဖြစ်နေခဲ့သည်။
မင်းသား Louis ၏ ဆေးဝါးကြောင့်အားလုံးက ကျန်းမာလာခဲ့ကြပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးတို့ကို ပြန်လည်စီမံလာနိုင်ကြပြီဖြစ်သည်။
"အရှင် ခဏနားပါအုံးလားဟင်.... နေကောင်းတာက မကြာသေးပဲနဲ့ အလုပ်တွေမနားမနေဆက်တိုက်လုပ်နေတော့ ကျွန်မစိုးရိမ်မိတယ်ရှင့်.."
"ကိုယ် နေကောင်းနေပါပြီ မိဖုရားရေ.. Louis က ဒီဆေးအတွက် ၆ လလုံးလုံး တစ်ရက်မှ ကောင်းကောင်းအနားမယူခဲ့ရဘူးတဲ့လေ... သူတို့တောင် ဒီလောက်ပေးဆပ်ခဲ့ရတာ ကိုယ်တို့က ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ ဘယ်လောက်များ ပင်ပန်းမှာမို့လဲကွာ... ဟုတ်တယ်မဟုတ်လား"
"ဟုတ်တာပေါ့အရှင်... ကျွန်မလည်း အစ်ကိုတော် Louis ကို အရမ်းကျေးဇူးတင်နေတာပါ... သူအရမ်းပင်ပန်းသွားရပြီလေ"
Forina အရှင့်ကြောင့်သာ ချီးကျူးစကားတို့ဆိုလိုက်ရသော်လည်း စိတ်ထဲတွင်တော့ အလွန်လောင်မြိုက်နေပြီဖြစ်သည်။
'တောက်! လာပြန်ပြီ ဆေးလေးဖော်နိုင်တာနဲ့ပဲ အရှင်ကစပြီး အားလုံးက Louis ကိုပဲ တဖွဖွပြောနေကြတယ်... မုန်းလိုက်တာ....'
Fleur နန်းတော်တစ်ခုလုံး အမှုထမ်းတွေအားလုံးနီးပါး မိဖုရားForina အကြောင်း သိနေကြပြီဖြစ်သည်။ စိတ်မထင်ရင်မထင်သလို ရံရွေတော်လေးများကို အပြစ်ပေးကြမ်းတတ်ပြီး အပြောအဆိုကလည်း အလွန်မောက်မာသည်မို့ သူမအား နောက်ကွယ်တွင် အတင်းပြောနေကြပြီဖြစ်သည်။
'ဒါတွေကို ဂရုစိုက်မယ်လို့ထင်နေတာလား...
ဝေးသေး... '
အခြေအမြစ်မရှိတဲ့ လူတစ်ယောက်ကို အလေးပေးလွန်းနေကြသည့်လူတွေကိုလည်း သူမတော်တော် အံ့ဩမိသည်။ အရှင်က သူမနှင့်ပြေလည်ပြီး ရင်းနှီးနေပေးတာမှ မကြာသေး၊ အခုကျတော့ Louis နာမည်တွေပဲကြားနေရတော့တာ။
ဆေးဖော်စပ်နိုင်တယ်ဆိုတာကလဲ ကံကောင်းသွားလို့ပဲဖြစ်မှာ။
***
ကူးစက်ရောဂါကိုထိန်းချုပ်နိုင်ပြီးသွားတော့ နိုင်ငံတကာမှ ရပ်တန့်နေသော စီးပွားရေး၊လူမှုရေးများ၊ပညာရေးစနစ်များကို ကြပ်ကြပ်မတ်မတ်ပြင်ဆင်ကာ အုပ်ချုပ်ရေးကို တည့်မတ်လာကြသည်။
တစ်ချို့နိုင်ငံများတွင် အုပ်ချုပ်ရေးရာမှ လူကြီးတစ်ချို့ ရောဂါကြောင့်သေဆုံးခဲ့ကြတာဖြစ်၍ ပြန်လည်နေရာချထားရေးတို့ကိုပြင်ဆင်နေရသည်။ Oakland national မှာလည်း ပြန်လည်ထူထောင်ရေးကာလတွင် Zion နိုင်ငံသို့ သံတမန်ဆက်ဆံရေးအတွက်ပထမဆုံးလာရောက်ခွင့်ရသည့်နိုင်ငံဖြစ်သည်။
"အရှင် ဧည့်သည်တော်တွေရောက်နေတာဆိုတော့ စာကြည့်ဆောင်ဖက်မလာတော့ဘူးနော်.."
"ဘာလို့လဲ... ကိုယ်ကဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်သေးတာကို.."
"ညစာစားပွဲမှာ တွေ့ရအုံးမယ်လေ... ကျွန်တော် လူစိမ်းတွေနဲ့ သိပ်မတွေ့ချင်လို့ပါ"
"လူကြီးတောင်ဖြစ်နေပြီကို ဘာလို့ ဧည့်သည်နဲ့မတွေ့ချင်နေတာလဲဟင်... ပြောပါအုံး..."
"မသိဘူး... "
"ကိုယ့်အနားခဏလာပါအုံး..."
အရှင့်အနားတိုးကပ်သွားတော့ သူ့လက်လေးကိုဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်သည်။
"ဘာလို့လဲဟင်..."
"နမ်းချင်လို့.."
"ဟာ ... အရှင်နော်...."
စိတ်ထဲကမပါသော ရုန်းကန်မှုလေးများကို နူးညံ့သော အနမ်းတို့ဖြင့် ရပ်တန့်စေလိုက်သည်။ ဒီ ကာလတစ်လျှောက်လုံး ကြင်ယာတော်လေးနှင့်သူ အချိန်ကုန်ဆုံးဖြစ်တာ နည်းသည်။ နှစ်ဦးသား အလုပ်ကိုယ်စီဖြင့် အချိန်ယူကာ ယုယကြင်နာမှုတို့မလုပ်ဖြစ်တာအတော်လေးကြာပီပင်။
မွတ်သိပ်သော အနမ်းများကို အပြန်အလှန်ပေးအပ်နေကြရင်းမှ အဝတ်အောက်မှ ကြင်ယာတော်၏ ကျောပြင်နုနုလေးအား ကိုင်တွယ်ပွတ်သပ်လိုက်သည်။
"အရှင်....အွန်း...ဟင့်"
တားဆီးသံလေး မပီမသထွက်လာသလို သူ့ရင်ဘတ်ကိုထောက်ကာထားသော လက်လေးကြောင့် Roy နမ်းနေရာမှ ရပ်ပြီးကြည့်လိုက်သည်။
"မောတယ် မနမ်းနဲ့တော့... ခဏနေရင် ဧည့်သည်တွေနဲ့ အစည်းအဝေးရှိတာကို.. ဒီတစ်ခါက်ဧည့်သည်က မင်းသမီးကိုယ်တိုင် လာတာဆို"
"ဟုတ်တယ်... Oakland national က သီးသန့်နိုင်ငံတစ်ခုဖြစ်နေခဲ့တော့ အရင်ကသိပ်အဆက်အဆံမရှိဖူးဘူး... ဒီတစ်ခေါက်တော့ Oakland ကနေမြောက်ဖက်ဒေသတွေဆီ ဆက်သွယ်ဖို့အခွင့်အရေးယူထားလိုက်တော့မလားလို့"
"ကောင်းသားပဲ... နေရာသစ် လူမျိုးအသစ်တွေနဲ့ ပြောဆိုဆက်ဆံကြရတာ ပျော်ဖို့ကောင်းမယ်ထင်တယ်"
"ကြင်ယာတော်လေးက စူးစမ်းလေ့လာရတာ သဘောကျလို့လား"
"အင်း.... တကယ်တော့ ခရီးတွေသွားနေရတာ ပိုကြိုက်တာ"
"သွားချင်တဲ့နေရာရှိလား..."
"အင်း"
"ကိုယ့်ကိုပြောပြလေ..."
"အရှင်နဲ့အတူသွားချင်တာ.... ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့"
"ကိုယ်နဲ့အတူသွားချင်တာလား... ကိုယ့်ကြင်ယာတော်လေးက"
"ဟုတ်တယ်..."
ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို ဖိကပ်နမ်းရှိုက်လိုက်တော့
"အရှင်မနက်ထဲက ကျွန်တော်နေလို့သိပ်မကောင်းဘူး သိလား"
"ကိုယ်ဘာလုပ်ပေးရမလဲ... နှိပ်ပေးရမလားဟင်"
"ဟင့်အင်း အရှင်က ဧည့်သည်တွေနဲ့တွေ့ရအုံးမယ်လေ... ကျွန်တော် ခဏနားလိုက်ရင်သက်သာသွားမှာပါ"
"ညစာစားပွဲကို တက်ပေးလို့ရောရလား... တကယ်လို့မသက်သာရင်လည်း နားလို့ရတယ်နော်"
"သက်သာသွားမှာပါ... အရှင် ခဏလောက်လေး ဖက်ထားပေးပါနော်"
ဧည့်သည်တော်များနှင့် ဆွေးနွေးပွဲမတိုင်ခင်အထိ ကြင်ယာတော်လေးအလိုကျ ပိုက်ထွေးပေးခဲ့ရသည်။ ဒီလတွေမှာ ပင်ပန်းခဲ့ရတာမို့ မျက်နှာလေးတောင် ချောင်ကျနေသလိုပဲ... မဖြစ်သေးပါဘူး သေချာပြန်ဂရုစိုက်ပေးရမယ်။
တစ်နေ့လုံး အစည်းအဝေးတို့တောက်လျှောက်လုပ်နေခဲ့ပြီး ညနေပိုင်းရောက်တော့ ညစာပွဲကျင်းပရန် အသင့်ဖြစ်နေပြီမို့ Roy သူ့ကြင်ယာတော်လေးအား ခန်းမထဲတွင်ရှာဖွေလိုက်သည်။
'မရောက်သေးဘူးထင်တယ်... မသက်သာဘူးလားမသိဘူး'
"အရှင် Roy.... "
"မင်းသမီး Sofia "
"Sofia လို့ပဲ ခေါ်ပါရှင်....မအားလပ်တဲ့ကြားက အချိန်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်... ဖခမည်းတော်ကလည်း ငြိမ်းချမ်းရေးညီလာခံမှာထဲက အရှင် Roy နဲ့ ရင်းနှီးချင်နေတာ... ဒီဆွေးနွေးပွဲပြီးသွားရင်လည်း Oakland ကို လာရောက်လည်ပတ်ဖို့ တစ်ခါတည်းဖိတ်ကြားခိုင်းလိုက်ပါတယ်"
"ကျွန်ုပ် လာနိုင်အောင် ကြိုးစားပါမယ် Sofia "
"Aww ဒါနဲ့ အရှင့်ဝတ်ရုံမှာ တစ်ခုခုကပ်နေတယ်... ကျွန်မဖယ်ပေးမယ်နော်"
"အာ.. ရပါတယ်... "
Louis ညစာစားပွဲကျင်းပရာ ခန်းမသို့ရောက်လာတော့ အရှင်က အမျိုးသမီးတစ်ဦးနှင့်စကားပြောနေတာမြင်ရသည်။ ထိုအမျိုးသမီးက အလွန်ချောမောပြီး အရှင့်ပုခုံးကိုလည်းထိကိုင်လိုက်သည်။
'အရှင်နဲ့ ရင်းနှီးပြီးသားလားမသိဘူး.... ပထမဆုံးတွေ့ဆုံမှုလို့အရှင်ကပြောလိုက်တာမဟုတ်ဖူးလား'
Louis ရှေ့ဆက်သွားရန် ခက်နေစဉ် အစ်မ Lily ရောက်လာခဲ့ပြီး
"Louis လေး... အရမ်းကြည့်ကောင်းနေတာပဲနော်... အစ်မ Lily တို့ကြည့်ကောင်းဖို့လဲ ချန်ထားပါအုံး"
"ကျွန်တော့်မျက်လုံးထဲ အစ်မ Lily ပဲအလှဆုံး"
"ပြောတတ်လိုက်တာ.... လာသွားမယ်လေ ဟိုမှာ Roy တောင်ရောက်နေပြီ"
"ဟုတ် အစ်မLily"
ညစာပွဲခင်းကျင်းထားသည့် စားပွဲရှည်၏ ထိပ်ဆုံးတွင်တော့ မျိုးနွယ်အရှင်က နေရာယူထားပြီး ညာဖက်တွင် ကြင်ယာတော်နှင့်အစ်မ Lily တို့ထိုင်လိုက်ကြသည်။ ထိုအခါ ဘယ်ဖက်ခြမ်းတွင် မင်းသမီး Sofia နှင့် Oakland ၏ကုန်သွယ်ရေးဝန်ကြီးတို့အသီးသီးနေရာယူလိုက်ကြသည်။
"ကြင်ယာတော်လေး ဒါက Oakland national ရဲ့မင်းသမီး Sofia ပါ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် Ms.Sofia, ကျွန်တော်က Alexander Louis ပါ"
"ကျမကလည်း တွေ့ရတာဝမ်းသာမိပါတယ် ကြင်ယာတော်.... ဒီတစ်ခေါက်ဆေးဝါးဖော်စပ်တဲ့ကိစ္စမှာ ကြင်ယာတော်သာမရှိရင် မဖြစ်နိုင်ဘူးလို့ကြားမိပါတယ်.. အတော်လေးပင်ပန်းခဲ့ရတာမဟုတ်လား"
"အာ ... ကျွန်တော်တစ်ယောက်တည်း လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး... သုတေသနအတွက် လူတိုင်းက အားသွန်ခွန်စိုက် ကြိုးစားပေးကြတာပါ၊ အကြိမ်ကြိမ်စမ်းသပ်မှုတွေ ကျရှုံးပြီးမှ အောင်မြင်နိုင်ခဲ့တာ အားလုံးရဲ့ခွန်အားတွေပါပဲ"
"အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်... ဒီဆေးကြောင့်သာ ပျော်ရွှင်ရတဲ့အခြေအနေမျိုးပြန်ရောက်လာနိုင်တာ"
မင်းသမီး Sofia က စကားပြောတတ်ဆိုတတ်ပြီး ရုပ်ဆင်းရူပကာကလည်း လှပသူဖြစ်သည်။ Louis တိတ်တဆိတ်ထမင်းစားနေရင်းမှ တစ်ခုခုအပေါ်အလိုမကျသလိုဖြစ်လာရ၏။
"ကြင်ယာတော်လေးက အရမ်းလှပတာပဲနော်.... အရှင် Roy ကအရမ်းချစ်မှာပဲ"
"အာ... ဟုတ် ကျေးဇူးပါပဲ... "
"အရှင် Roy .... ကြင်ယာတော်နဲ့ ဘယ်လိုတွေ့ဆုံတာလဲ ပြောပြပေးလို့ရမလား"
"ရပါတယ်..."
'အရှင်က ဘယ်လိုဖြေမှာလဲမသိဘူး ရင်ခုန်နေသလိုပဲ'
Louis အရှင့်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေသလိုခံစားရသည်။ ဒီနေ့မှစိတ်ကလည်း ခံစားလွယ်ထိခိုက်လွယ်နေသည်။
"ကျွန်ုပ်မယ်တော်နဲ့တူလို့ ကြင်ယာတော်ကိုစပြီးစိတ်ဝင်စားခဲ့တာ... ရွှေရောင်ဆံပင်တွေနဲ့မျက်လုံးပြာလေးတွေပေါ့...သူ့ကိုအရမ်းသဘောကျတယ်....ကြင်ယာတော်က သူနဲ့စတွေ့ထဲက အခုချိန်ထိ ပထမဆုံးဆုံတွေ့ဖူးသလိုခံစားချက်မျိုးပေးနေတုံးပါပဲ... "
"ကြင်ယာတော်ကကံကောင်းလိုက်တာ... အရှင် Roy ရဲ့သဘောကျတာခံရပြီး ကံအကောင်းဆုံးလူသားပါပဲ...ကျမခမည်းတော်က ကြင်ယာဖက်ရွေးချယ်ခိုင်းဖို့ပြောနေပြီ....ကျမကလည်း သဘောကျတဲ့သူကိုပဲ လက်ဆက်ချင်တာဆိုတော့လေ...အရှင်Royရဲ့ ကြင်ယာတော်ကိုတော့ အားကျမိပါတယ်ရှင် "
"တော်ဝင်ရင်သွေးရဖို့က အရှင်မင်းကြီးရဲ့ အိပ်မက်ပဲလေ... အရှင်မင်းကြီးက မြေးတော်လေးချီချင်နေပြီမို့ မင်းသမီးလေးကို အမြန်တိုက်တွန်းနေတာ"
ကုန်သွယ်ရေးဝန်ကြီးကပါ ဝင်ပြောလိုက်တာမို့ Louis စိတ်ထဲ အနည်းငယ် မကောင်းဖြစ်သွားရ၏။ မင်းသမီး Sofia က အရှင့်အပေါ် တော်တော်လေးသဘောကျနေပုံရသည်။ ပြီးတော့လည်း သူဆိုသည်မှာက အရှင့်အတွက် တော်ဝင်ရင်သွေးလွယ်ပေးနိုင်တာမှ မဟုတ်ပဲ။
'ငါမနေသင့်တဲ့နေရာကို မက်မောနေမိပြီပဲ.. ရေရှည်အတွက်စဉ်းစားလိုက်ရင် ဘာကောင်းတာကိုမှပေးနိုင်မှာမဟုတ်ဘူး၊ အမျိုးသားကြင်ယာတော်ဖြစ်နေတော့ ငါ........'
Louis အတွေးတို့လွန်ပြီး ဝမ်းနည်းမှုတို့လှိုက်တက်လာတာမို့ ရနံ့ထုတ်လွှင့်မှုတို့ဖြစ်လာ၏။ အာ သူဟိုအချိန်ဖြစ်တော့မှာပဲ၊ ချက်ချင်းပဲ ပြန်ထိန်းလိုက်ရသည်၊ အရှင် အနှောက်အယှက်ဖြစ်သွားမှာ သူသိပ်စိုးရိမ်ပါသည်။
Roy ကြင်ယာတော်မျက်နှာလေးအား သေချာကြည့်လိုက်၏။ တော်တော်လေးနွမ်းနေပြီး သိပ်သက်သာပုံမရ။
"ကြင်ယာတော်လေး အဆင်ပြေရဲ့လား... မျက်နှာသိပ်မလန်းဘူး"
"အာ အဆင်ပြေပါတယ်အရှင်... "
"အင်း နေရတာမသက်သာသလိုပဲ...ခဏလောက်ပြန်သွားနားနေလိုက်ပါအုံး... နန်းရင်းဝန်ကြီး ကြင်ယာတော်လေးကို အိပ်ဆောင်ပြန်ပို့ပေးပါလား"
"ကောင်းပါပြီ အရှင်"
အရှင့်၏တိုက်တွန်းမှုကြောင့် Louis အစ်မ Lily,နှင့်အတူ လိုက်ပါသွားရ၏။
မျက်နှာသိပ်မကောင်းသူလေးက ယုဇနပန်းရနံ့တို့အတော်များများထုတ်လိုက်တာမို့ Roy စိုးရိမ်သွားရတာပင်။
***
Roy ကြင်ယာတော်၏အိပ်ဆောင်တွင်းသို့ဝင်လာလိုက်တော့ တိတ်ဆိတ်ငြိမ်သက်နေ၏။ ခပ်သင်းသင်းရနေသော ရနံ့တို့က အဆောင်တစ်ခုလုံးပျံ့နေတော့သည်။ အိပ်ယာထက်တွင်တော့ ကျောပေးလျက်အနေအထားဖြင့် ကြင်ယာတော်လေးကလဲလျောင်းနေခဲ့သည်။
"ကိုယ့်ရဲ့ကြင်ယာတော်လေး.... အိပ်နေပြီလားဟင်... နေလို့ရော သက်သာရဲ့လား"
Roy အိပ်ယာထက်တွင်တင်ပလွဲဝင်ထိုင်လိုက်ရင်း ကြင်ယာတော်လေး၏ နဖူးလေးထက်ဝဲကျနေသော ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။ မျက်နှာလေးကိုအကဲခတ်လိုက်တော့ Roy အထိတ်တလန့်ဖြစ်သွားရတော့သည်။
"ဟင်!!! ဘာလို့ငိုနေတာလဲကွာ ... ကိုယ့်ကိုပြောပါအုံး"
Roy သူ့မျက်နှာလေးကို ဒီဖက်လှည့်ဖို့ကြိုးစားတော့ စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကွယ်ပစ်လိုက်သည်။
"အဲ့လိုမလုပ်ပါနဲ့လား... ကိုယ်ဘာလုပ်ပေးလို့ရမလဲဟင်... ဝမ်းနည်းနေရတဲ့အကြောင်းလေး ပြောပြပေးလေနော်.... ကိုယ့်ကြောင့်လား... ကိုယ်က စိတ်ဆိုးအောင်လုပ်မိလို့လားပြောပါအုံး"
"ဟင့်အင်း... အင့် အရှင့်ကြောင့်မဟုတ်တာမို့ ဟင့်.... ဒီတိုင်းဝမ်းနည်းလို့ပါ........"
"အင်း အဲ့ဒါဆိုမျက်နှာလေး ပြပါအုံး..."
စောင်တွေအောက်မှာကွယ်ထားသောမျက်နှာလေးက နီမြန်းနေပြီး မျက်ဝန်းလေးများထံ၌လည်း မျက်ရည်စတို့တွဲခိုနေတာမို့ အတော်လေးငိုထားမှန်း သိသာနေတာ။
ကိုယ်လေးကို ဆွဲပွေ့ယူလိုက်ပြီး သူ့ရင်ခွင်ထဲထွေးပွေ့ထားလိုက်ရင်းမှ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
"ကိုယ့်ရဲ့ဧကရီလေး စိတ်အလိုမကျတာရှိရင်ပြောပြလေနော်... ကိုယ်က တစ်ခုခုလုပ်ပေးလို့ရအောင်... တစ်ခုခုဆိုဖုံးကွယ်မထားရဘူးလေ"
"အင့်.. ကျွန်တော် အရှင့်ရဲ့ ဧကရီမလုပ်ချင်ဘူး"
Roy မျက်နှာတော်တော်ကြီးပျက်ကျသွားရင်းမှ
"ဘာလို့လဲဟင်.... ကြင်ယာတော်လေးက ကိုယ့်ကိုမချစ်လို့လား ..... ဟုတ်လားဟင်...."
အရှင့်အသံတို့က အဖျားခတ်၍တုန်ယင်နေတာမို့ Louis ရင်ခွင်ထဲမှနေ၍မော့ကြည့်လိုက်သည်။ အရှင့်မျက်လုံးတို့က နာကြင်ကြေကွဲနေဟန်။
"ဟင့်အင်း... အရမ်းချစ်တာ... အရှင့်ကိုအရမ်းချစ်တာမို့ အကောင်းဆုံးတွေပဲပေးချင်တယ်... ကျွန်တော်က အင့် ကျွန်တော်က ဧကရီဖြစ်ဖို့ မထိုက်တန်ဘူး အင့်..... အဟင့်"
ပြောပြီး ဝမ်းပန်းတနည်း ရှိုက်ငိုပြန်သည်။ Roy မှာ စိုးရိမ်ပူပန်နေရင်းမှ ရင်ထဲတစ်ဆစ်ဆစ်နာရသည်။ သူငိုရင် ကိုယ့်ကမ္ဘာပျက်သလိုပဲ။
ယုဇနပန်းရနံ့တို့က တစ်စထက်တစ်စသိပ်သည်းလာတော့သည်။ ပိုင်ရှင်လေးက ဝမ်းနည်းနေ၍ သူတို့ကလည်း ဝမ်းနည်းနေကြသည့်အလား။
"ကိုယ့်ရဲ့ကြင်ယာတော်လေး Omega တွေရဲ့ အပိုင်းအခြားကာလရောက်နေပြီပဲ... တခြားဟာတွေသိပ်မတွေးနဲ့ကွာ၊ ပင်ပန်းတယ်.... ကိုယ်က မင်းကိုပဲလိုအပ်တာ တခြားဘာမှမလိုအပ်ဘူး၊ ကိုယ်ရဲ့ဧကရီကလည်း မင်းပဲဖြစ်ရမယ်... အဲ့ဒါကကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ၊ မင်းလေးကလည်း အဲ့ဒါကိုလက်ခံပေးရင် သိပ်ကောင်းမှာ"
Louis အရှင့်စကားကြောင့် မျက်ရည်စများရစ်သိုင်းသော မျက်လုံးတို့ဖြင့် ကြည့်လာသည်။
"ဒါပေမယ့် ကျွန်တော်က အမျိုးသားတစ်ယောက်လေ၊ အရှင့်အတွက် တော်ဝင်ရင်သွေးမလွယ်ပေးနိုင်တာကို အင့် အဟင့်...ပြီးတော့ ကျွန်တော်က Omegaဆိုတာဘယ်လိုသိတာလဲ... ဟင့်"
ရှိုက်သံတို့စွက်နေသော လူသားငယ်အား မျက်နှာလေးပင့်မော့လိုက်ရင်း
"မင်းနဲ့ပတ်သက်တာအားလုံး ကိုယ်သိတာမို့ဘာမှ စိုးရိမ်ပူပန်နေစရာမလိုဘူး... ကိုယ်အားလုံးလက်ခံနိုင်တယ် Omega လေး....
ကိုယ်မင်းကိုသိပ်ချစ်တာ၊ ဒါကြောင့်ကိုယ့်ရဲ့ဧကရီဖြစ်ပေးပါ"
"အင့် အရှင်....."
စိတ်နှလုံးတို့ အေးချမ်းကာ ကြည်နူးသွားရသည်အထိ အရှင်က ကျွန်တော့်ကိုချစ်သည်တဲ့လား....
"ကျွန်တော်လည်းအရှင့်ကို ချစ်တယ် အများကြီး"
"အင်း.... ကိုယ့်ကိုချစ်ပေးနေရင်ရပြီ တခြားဘာမှမတွေးနဲ့.... ပြီးတော့ ရနံ့တွေနည်းနည်းလောက်လျှော့ပေးလို့ရလား၊ ကိုယ်စိတ်တွေ ကမောက်ကမဖြစ်ကုန်တော့မယ်ထင်တယ်"
Louis စိတ်လှုပ်ရှားမှုများကြောင့် ရနံ့တို့ကို အလွန်အမင်းထုတ်လွှတ်မိနေတာပင်။ စိတ်ထဲစနောက်ချင်လာတာမို့
"မလျှော့ပေးနိုင်ဘူး.... အဲ့တော့ဘယ်လိုလုပ်မလဲ"
"အဲ့လိုဆိုရင်လည်း ကိုယ်သည်းခံထားမှာပါ.... ငြိမ်ငြိမ်လေးတော့နေပေးပေါ့"
သူ့လက်ဖမိုးလေးကို နှုတ်ခမ်းဖြင့်ဖိကပ်ရင်း ခပ်ရှရှပြောလာသည့်အရှင့်မျက်လုံးတို့က ရီဝေနေသည်။
သူသိပါသည်၊ အရှင်က သူ့ရနံ့တို့ကို အလွန်သဘောကျမှန်း၊ ပိုမိုသိပ်သည်းလာသော ရနံ့တို့ကြောင့် အရှင့်မျက်ဆံတို့နီရဲစပြုလာသည်။
အရှင့်လည်ပင်းဆီတိုးကပ်သွားကာ နှုတ်ခမ်းဖြင့်တောက်လျှောက်ထိတွေ့ပြီး ရင်ဘတ်အထိပွတ်ဆွဲသွားလိုက်သည်။ အရှင့်အရာပေါ်ခွထိုင်ပြီး သူရှေ့တိုးနောက်ငင်လှုပ်ရှားလိုက်တော့ အရှင့်ကိုယ်မှပြောင်းလဲလာမှုတို့ကြောင့် သူကြိတ်ပြုံးလိုက်သည်။
"ဟင်း....... ကြင်ယာတော်လေး"
******
📢Next part is Warning ⚠️⚠️
.
.
.
.
.
.
.
.
.
.
.
. just kidding 😅
[Zawgyi]
ကေလးေပါက္စေလးကို ခ်ီထားသလိုမ်ိဳး Louis သူ႔ရင္ခြင္က်ယ္ႀကီးဆီ မ်က္ႏွာအပ္ၿပီး ၿငိမ္ကုပ္လွ်က္လိုက္ပါလာခဲ့၏။
အရွင္က မ်က္ႏွာတည္ေနတာမို႔ ဘာမွလဲထပ္မေျပာရဲ၊ ပန္းနန္းေဆာင္ထဲသို႔ေရာက္ေတာ့လည္း ေရခ်ိဳးကန္ဆီသို႔ တန္းသြားလိုက္ျပန္သည္။ ေရခ်ိဳးကန္က ေရအျပည့္ရွိေနၿပီး ေရေႏြးေငြ႕ေလးမ်ားပါထြက္ေန၏။
အရွင္က သူ႔ကို ေရခ်ိဳးကန္ထဲ ထိုင္ရက္ေလးခ်ေပးလိုက္တာမို႔ Louis မ်က္လုံးဝိုင္းေလးမ်ားျဖင့္ေမာ့ၾကည့္ၿပီး ဘာမွေတာ့မေျပာမိ။
အေပၚဝတ္႐ုံရွည္ကိုခြၽတ္ခ်ပစ္လိုက္ၿပီး အရွင္ကပါ ေရခ်ိဳးကန္ထဲဝင္လာသည္၊ ေရစိုေနၿပီျဖစ္ေသာ အဝတ္အစားတို႔ကို ခြၽတ္ယူရင္း သူ႔ခႏၶာကိုယ္ေလးကို အရွင္က ဆြဲလွည့္ပစ္လိုက္တာမို႔ Louis ေက်ာေလးက အရွင့္ေရွ႕မွာ ကပ္ရပ္သားျဖစ္သြားသည္။
သူ႔ကိုယ္ကိုဆြဲဖက္ထားရင္း ပုခုံးသားေတြထက္ အရွင္ကေမွးတင္လာ၏။ ဘာမွမေျပာပဲ အတန္ၾကာသည္အထိတိတ္ဆိတ္ေနတာမို႔ Louis မေနတတ္ေတာ့ေပ၊
"အရွင္....."
"အင္း"
"စိတ္ဆိုးေနတာလားဟင္.."
"အင္း"
"စိတ္မဆိုးပါနဲ႔ေတာ့ေနာ္.... ကြၽန္ေတာ္က ဂ႐ုမစိုက္မိလိုက္ဘူးျဖစ္သြားတယ္... ေနာက္ကို ဒါမ်ိဳးထပ္မလုပ္ေတာ့ပါဘူး"
"အင္း"
"အရွင္... လို႔"
Louis သူ႔ပုခုံးမွာေမွးတင္ထားေသာ အရွင့္မ်က္ႏွာေခ်ာေခ်ာအား လက္ျဖင့္ခပ္ဖြဖြထိေတြ႕လိုက္သည္။ ေနာက္ျပန္အေနအထားျဖင့္ လွည့္ၾကည့္ေနရင္းမွ အရွင့္ပါးျပင္အား သူ႔ႏႈတ္ခမ္းျဖင့္ထိကပ္လိုက္၏။
"ကြၽန္ေတာ့္ကို စကားမေျပာခ်င္ေတာ့ဘူးလားဟင္... အရွင္စိတ္ဆိုးေျပေအာင္ ဘာလုပ္ေပးရမလဲ..."
"ကိုယ္က... ကိုယ္က မင္းကိုစိတ္ဆိုးေနတာမဟုတ္ပါဘူး... မင္းကို မကူညီေပးႏိုင္လို႔ ကိုယ့္ကိုယ္ကို စိတ္တိုေနတာ"
"အရွင္ရယ္... အခုေတာင္ အရမ္းခ်စ္ေနၿပီးသားပါ.. ဒါမ်ိဳးေတြေျပာေနရင္ ကြၽန္ေတာ္အရွင့္ကိုထပ္ခ်စ္ရျပန္အုံးမယ္.... ကြၽန္ေတာ့္စိတ္နဲ႔ခႏၶာႏွစ္ခုလုံး အရွင့္ကိုခ်စ္တဲ့အခ်စ္ေတြနဲ႔ ျပည့္ေနၿပီးပါၿပီ...."
"စကားေတြအရမ္းမတတ္ျပပါနဲ႔၊ ၾကင္ယာေတာ္ေလး ပင္ပန္းေနတာ ကိုယ္သေဘာမက်ဘူး"
"တကယ္ေတာ့ အရွင့္ကိုအရမ္းလြမ္းေနခဲ့တာပါ... အရမ္းပင္ပန္းလို႔ ဖက္ထားေပးေစခ်င္ေနေပမယ့္ သုေတသနခန္းထဲကေနလည္း ထြက္မလာႏိုင္ဘူးျဖစ္ေနတာ"
"ေညာင္းကိုက္ေနမွာေပါ့ ကိုယ္ႏွိပ္ေပးမယ္"
အရွင္က သူ႔ပုခုံးေလးမ်ားကို ဖြဖြညင္သာႏွိပ္ႏွယ္ေပးလာသည္။ လက္ေမာင္းႏွစ္ဖက္ကိုလည္း ဆြဲယူပြတ္သပ္ေပးရင္း သူ႔ဂုတ္ပိုးေလးကို နမ္းရႈိက္လာျပန္၏။
"အေညာင္းေတြေျပသြားတာပဲ.... အရွင္ ကြၽန္ေတာ္အိပ္ခ်င္ေနၿပီ သိလား..."
"အင္း... အိပ္လိုက္ေလ... ကိုယ္ေပြ႕ခ်ီၿပီးေခၚသြားေပးမယ္"
အရွင့္ရဲ႕ ရင္ခြင္က်ယ္ႀကီးကို ေက်ာမွီခ်လိုက္ရင္း ခပ္ေလးေလးျဖစ္ေနေသာ မ်က္လုံးတို႔ကို ေမွးမွိတ္ထားလိုက္သည္။ သူ႔တစ္ကိုယ္လုံးကို ပြတ္သပ္ေပးကာ အတန္ၾကာေရစိမ္ၿပီးမွ အရွင္က သူ႔ကိုေပြ႕ယူခ်ီမရင္း တဘတ္ျဖင့္လုံးေထြးလိုက္သည္။
အိပ္ေမာက်ခါနီးမို႔ ေရသုတ္ေပးတာကိုေရာ၊ အဝတ္အစားလဲေပးတာကိုေရာ အရွင့္ကိုမွီတြယ္ရင္းသာ ခံယူေနလိုက္သည္။
အားလုံးၿပီးသြားေဝာာ့မွ ေ႐ႊေရာင္အိပ္ယာထက္အသာခ်ေပးလာသည္။
အိပ္ခ်င္မူးတူးျဖစ္ေနေသာ္လည္း Louis မေမ့မေလ်ာ့ပင္
"အရွင္ ကြၽန္ေတာ့္ကို ေႏြးေအာင္လုပ္ေပးပါေနာ္"
"အင္း"
နဖူးစပ္မွ ခပ္ဖြဖြအထိအေတြ႕ႏွင့္အတူ သူ႔တစ္ကိုယ္လုံး အရွင့္ရင္ခြင္ထဲ ေႏြးေထြးသြားရသည္။ အရွင့္လက္ေမာင္းေပၚ ေခါင္းအုံးထားရင္းမွ ပိုတိုး၍ ဖက္လိုက္သည္။
'ကြၽန္ေတာ့္ရဲ႕ အရွင္က သိပ္ေႏြးတာ'
***
"အားလုံး အဆိုးဖက္ျပေနပါၿပီ အရွင္မင္းႀကီး... ေကာက္ပဲသီးႏွံေတြကိုလည္းအခ်ိန္မွီမရိတ္သိမ္းႏိုင္တဲ့အတြက္ ပ်က္စီးဆုံးရႈံးမႈက အရမ္းႀကီးမားပါတယ္၊ ဒီႏွစ္က မိုးမ်ားလြန္းေတာ့ ျပည္သူေတြအတြက္ ဆန္လုံေလာက္မႈရွိမွာမဟုတ္ပါဘူး"
"နန္းေတာ္ ရိကၡာေတြထဲက ထုတ္ယူၿပီး အိမ္တိုင္းေစ့ေဝငွပါ၊ နန္းေတာ္ထဲမွာလည္း နာမက်န္းျဖစ္တဲ့သူေတြ အရမ္းမ်ားေနၿပီ၊ ေနာက္ဆုံးအထိ တတ္ႏိုင္သေလာက္ ေတာင့္ခံထားရမယ္၊ ရိကၡာျပတ္ခါနီးျဖစ္တာကို အတတ္ႏိုင္ဆုံး ၿမိဳ႕ေတာ္မွာ မေပါက္ၾကားေစနဲ႔"
"အမိန႔္အတိုင္းပါ အရွင္မင္းႀကီး"
အေျခအေနေတြက ပိုဆိုးဝါးေနၿပီျဖစ္တာမို႔ ေနာက္ဆုံးအစီအစဥ္မ်ားကိုပါ ခ်မွတ္ေနရၿပီး၊ ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈမွာ ႏွစ္တစ္ဝက္ခန႔္ပင္က်ိဳးလာၿပီျဖစ္ရာ ႏိုင္ငံစီးပြားေရးအင္အားက က်ဆင္းသြားခဲ့ၿပီျဖစ္သည္။
အနီးဆုံး အိမ္နီးခ်င္းႏိုင္ငံ Fleur Empire မွ ရိကၡာဆန္တို႔မျပတ္ေထာက္ပံ့ေနခဲ့ေသာ္လည္း ေကာက္ပဲသီးႏွံမ်ားက အထြက္နည္းသည့္အျပင္ ရိတ္သိမ္းရခက္ခဲတာေၾကာင့္ ဒီလတြင္ေတာ့ အလုံအေလာက္မေပးႏိုင္ေတာ့။
ေျပာရရင္ သူကိုယ္တိုင္လည္း ေနထိုင္မေကာင္းျဖစ္ေနၿပီမို႔ စိတ္သြားတိုင္းကိုယ္မပါေတာ့ပါေခ်။
"ခမည္းေတာ္ ေနမေကာင္းဘူးဆို"
"နည္းနည္းပါးပါးပါ သားေတာ္"
Harry သူ႔ခမည္းေတာ္ကို စိတ္ပူစြာျဖင့္ၾကည့္ေနမိသည္၊ စိတ္ဖိစီးမႈမ်ားေၾကာင့္ ခမည္းေတာ္က အလြန္ပိန္သြားတာျဖစ္သည္။
"ခမည္းေတာ္ အနားယူပါအုံးလား... လိုအပ္တဲ့စီစဥ္ၫႊန္ၾကားခ်က္ေတြအားလုံး သားေတာ္ကေနတစ္ဆင့္ ေဆာင္႐ြက္ေပးေနတာဆိုေတာ့ က်န္းမာေရးပိုဆိုးမလာခင္ အအိပ္အစား ပုံမွန္လုပ္တာေပါ့ ခမည္းေတာ္"
"Harry သားေတာ္... အ႐ိုက္အရာအတြက္ ျပင္ဆင္ေနတုံး ဒီကပ္ဆိုးႀကီးျဖစ္လာတာ ခမည္းေတာ္ စိတ္မေကာင္းပါဘူးကြယ္"
"သားေတာ္က အဆင္ေျပတာမို႔ ခမည္းေတာ္ကသာ က်န္းမာေအာင္ေနေပးပါ.... "
အေကာင္းဆုံး ထိန္းသိမ္းေနထိုင္႐ုံကလြဲၿပီးေရာဂါကပ္ေဘးကို မည္သူမွေရွာင္လြဲႏိုင္မည္မဟုတ္ပါလား....
"မ်ိဳးႏြယ္အရွင္ ၾကင္ယာေတာ္က ကူးစက္ေရာဂါ ကုသဖို႔ေဆးဝါးေဖာ္စပ္ႏိုင္ပါၿပီတဲ့"
"ဟုတ္လား... ၾကင္ယာေတာ္က သုေတသနဌာနမွာပဲလား"
"ဟုတ္ပါတယ္မ်ိဳးႏြယ္အရွင္"
Roy ခ်က္ခ်င္းပင္ သုေတသနဌာနဖက္ကိုေရာက္ရွိလာသည္။
စမ္းသပ္ခန္းဖက္မွာ ဆူညံဆူညံျဖစ္ေနၾကတာမို႔ သူမ်က္ေမွာင္ႀကဳံ႕သြားရ၏။
သူ႔အားျမင္သည္ႏွင့္ ၾကင္ယာေတာ္၏ မိတ္ေဆြျဖစ္သူ Bella က ၾကင္ယာေတာ္ေလးအား တီးတိုးကပ္ေျပာလိုက္သည္။ ခ်က္ခ်င္းလွည့္ၾကည့္လာၿပီး မ်က္လုံးေလးမ်ားက တစ္လဲ့လဲ့ျဖင့္ ၿပဳံးရိပ္သန္းေနျပန္၏။
သူ႔အနားသို႔ေလွ်ာက္လွမ္းလာရင္းမွ
"အရွင္.... ကြၽန္ေတာ္တို႔ေလ... ေနာက္ဆုံးေတာ့ ေဆးေဖာ္ထုတ္ႏိုင္ခဲ့ၿပီ... ကူးစက္ေရာဂါခံထားရတဲ့ အမႈထမ္းတစ္ဦးက ေဆးအတြက္ စမ္းသပ္ခံခဲ့တာ... ကြၽန္ေတာ္ အရမ္းေၾကာက္ေနခဲ့တာ ေဆးက တစ္ခုခုျဖစ္သြားမွာစိုးၿပီး ဒါေပမယ့္ သူက အခု သက္သာေနၿပီ အရွင္ရဲ႕..."
ၾကင္ယာေတာ္ေလးက အလြန္စိတ္လႈပ္ရွားေနခဲ့ၿပီး အသံတို႔က တုန္ယင္ေနသည္။
လက္ဖဝါးႏုႏုကို ဆုပ္ကိုင္ရင္း အားေပးလိုက္သည္။
"ေတာ္လိုက္တာ ကိုယ့္ၾကင္ယာေတာ္ေလးက"
"အရွင္ေရ... ကြၽန္ေတာ္အရမ္းေပ်ာ္ေနသလို အရမ္းလည္းစိတ္ပူေနမိၿပီ"
"ဘာျဖစ္လို႔လဲဟင္"
"ေဆးေဖာ္စပ္နည္းရွိလာၿပီဆိုေပမယ့္ ပါဝင္ပစၥည္းေတြက ေလာက္မွာမဟုတ္ဖူးေလ၊ ကူးစက္ေရာဂါကို ႏိုင္ငံတိုင္းကခံစားေနရတာဆိုေတာ့ လိုအပ္တဲ့ေဆးဝါးပမာဏကလည္းအရမ္းကို မ်ားတယ္"
"လိုအပ္တာမွန္သမွ်ကို အစ္မ Lily ေရာ၊ ဦးေလး Luvi ေရာ ကူညီေပးၾကမွာပါ၊ ဘယ္ေလာက္လိုအပ္လဲ... ဘာေတြလိုခ်င္လဲသာ ေျပာျပလိုက္ပါ"
"ဟုတ္ကဲ့ပါအရွင္"
ၾကည္လဲ့လဲ့ မ်က္ဝန္းျပာေလးမ်ားကို အျမတ္တႏိုးငုံ႔မိုးၾကည့္လိုက္သည္။ ၆ လလုံး စိတ္ေရာကိုယ္ပါနစ္ျမဳတ္ကာ ဤသုေတသနအတြက္ ေပးဆပ္ခဲ့တာမို႔ ၾကင္ယာေတာ္ေလး၏ အၿပဳံးတို႔က အလြန္အသက္ဝင္ေနေတာ့တာ။
"ၾကင္ယာေတာ္ေလးကို ဂုဏ္ျပဳပါတယ္!!!"
"အမ်ားႀကီးႀကိဳးစားေပးခဲ့တဲ့အတြက္ ၾကင္ယာေတာ္ေလးကို ေက်းဇူးတင္ပါတယ္"
လက္ခုပ္သံမ်ားထြက္ေပၚလာေတာ့
"ကြၽန္ေတာ္တစ္ေယာက္တည္းဆို ဒီရလဒ္က ထြက္လာမွာမဟုတ္ပါဘူး.... ဒီကသူေတြအေယာက္စီတိုင္းက စိတ္ေရာကိုယ္ပါ ေပးဆပ္ ရင္းႏွီးေပးခဲ့ၾကလို႔သာ ေဆးကျဖစ္လာရတာ... ကြၽန္ေတာ့္ကို ယုံၾကည္ေပးခဲ့ၾကလို႔ အရမ္းေက်းဇူးတင္မိပါတယ္..."
"ၾကင္ယာေတာ္ေလးက အရမ္းကိုႏွိမ့္ခ်ေနတာပါပဲ... ၾကင္ယာေတာ္ရဲ႕ ဦးေဆာင္လမ္းၫႊန္မႈေတြေနာက္ လိုက္ခြင့္ရလို႔ ကိုယ့္ကိုယ္ကို တစ္သက္လုံး ဂုဏ္ယူေနမိေတာ့မွာပါ"
Bella က ဒီစကားကို ၾကည္ႏူးဝမ္းေျမာက္စြာေျပာေနျခင္းျဖစ္သည္။
အုပ္ခ်ဳပ္သူမ်ားျဖစ္ၾကေသာ မေသမ်ိဳးႏြယ္စုတို႔မွာလဲ ထိုသတင္းကိုၾကားၿပီးေနာက္ ၾကင္ယာေတာ္အေပၚ အသိအမွတ္ျပဳသည့္စကားတို႔ေျပာလာၾက၏။
"ဒါဆို ေဆးဝါးအတြက္လိုအပ္တဲ့ကုန္ၾကမ္းပစၥည္းေတြစုေဆာင္းဖို႔ သပ္သပ္တစ္ဖြဲ႕အျမန္ဆုံး ဖြဲ႕စည္းလိုက္ရေအာင္..."
"ၾကင္ယာေတာ္ေလးရဲ႕ သေဘာအတိုင္းျဖစ္ေစရပါမယ္.."
အရွင္ Roy ၏ အေျပာေၾကာင့္ အားလုံးၿပဳံးစိစိျဖစ္သြားၾကေတာ့၏။
'Roy ကအရမ္းကိုေပ်ာ္ေနတာပဲ.. ဒီလိုျမင္ေတြ႕ရတာ အစ္မ Lily စိတ္ခ်မ္းသာမိတယ္'
အရွင္ Roy ႏွင့္ သူ႔ၾကင္ယာေတာ္ေလးကိုၾကည့္ၿပီး Lily ၾကည္ႏူးဝမ္းေျမာက္ေနမိေတာ့သည္။
၂ ပါတ္အတြင္းမနားမေနေဆးဝါးထုတ္လုပ္မႈတို႔ၿပီးသည္ႏွင့္ ႏိုင္ငံတကာသို႔ ကူးစက္ေရာဂါအတြက္ေဆးဝါးတို႔တင္ပို႔ေစခဲ့သည္။ ကာကြယ္ကုသဖို႔ေဆးဝါးကို Zion ျပည္ေထာင္စု၏ ၾကင္ယာေတာ္ Louis မွ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီဟူေသာသတင္းေၾကာင့္ အားလုံးက ေမွ်ာ္လင့္ခ်က္အျပည့္တို႔ျဖင့္ တင္းခံရင္း ေစာင့္ေနခဲ့ၾကတာျဖစ္သည္။
အယုတ္၊အလတ္၊အျမတ္မေ႐ြး ျပည္သူျပည္သားတိုင္း ေဆးကုသခြင့္ရရွိၾကၿပီး ကူးစက္ေရာဂါကို တားဆီးကာကြယ္ႏိုင္ခဲ့သည္ ေရာဂါျပင္းထန္သူမ်ားကလည္း ေဆးဝါးကုသၿပီး အျမန္ပင္သက္သာေပ်ာက္ကင္းလာၾကၿပီး ၾကင္ယာေတာ္ Louis ကိုေက်းဇူးတင္ၾက၍ ဆုေတာင္းေမတၱာတို႔ေပးခဲ့ၾကသည္။
Fleur Empire မွျပည္သူမ်ားကလည္း ထိုအခါက်မွပင္ အရည္အခ်င္းတို႔ႏွင့္ျပည့္စုံလွေသာ သူတို႔၏မင္းသား Alexander Louis အား ႏွေျမာတသျဖစ္ေနၾကရေတာ့သည္။ တိုင္းျပည္၏ဂုဏ္အားျမႇင့္တင္ေပးႏိုင္ေသာ မင္းသားေလးကို သူတို႔ မွားယြင္းစြာခြဲျခားဆက္ဆံခဲ့ၾကဖူးသည္မဟုတ္လား။
မည္သို႔ပင္ဆိုေစကာမူ ေရာဂါကပ္ေဘးႀကီးအား ထိန္းခ်ဳပ္ကာ ရပ္တံ့ေစႏိုင္ခဲ့ၿပီမို႔ Louis ေလးကေတာ့ ေပ်ာ္႐ႊင္ေနပါေတာ့သည္။
***
သာယာေအးခ်မ္းေနေသာ ကမာၻႀကီးႏွင့္ မလိုက္ဖက္စြာ အက်ည္းတန္ေသာ အႀကံအစည္တို႔အျပည့္ျဖင့္ ေမွာ္ဆရာႀကီး Devina ကေတာ့ ေကာက္က်စ္စြာၿပဳံးလိုက္သည္။
"ဆိုေတာ့ မ်ိဳးႏြယ္အရွင္ရဲ႕ၾကင္ယာေတာ္က အဆင္းေရာ အခ်င္းပါရွိတဲ့ အမ်ိဳးသား Omega တစ္ေယာက္တဲ့လား..."
"ဟားဟား မထင္မွတ္ထားပဲ ရတနာသိုက္ကိုရွာေတြ႕လိုက္သလိုပဲ... ဒီကမာၻမွာ Omega တစ္ေယာက္ရွင္သန္ဖို႔ ခက္ခဲလြန္းတာမဟုတ္ဖူးလား... မ်ိဳးႏြယ္အရွင္ရဲ႕ အားနည္းခ်က္ေလးက ငါ့အတြက္ ကံေကာင္းျခင္းေတြကို ယူေဆာင္လာေပးေတာ့မွာပဲ... ဟားဟားဟား!!!"
ေကာက္က်စ္သည့္အႀကံအစည္တို႔ျဖင့္ Devina ႀကီးကေတာ့ လွ်ိဳ႕ဝွက္အစီအရင္မ်ားကို အပူတျပင္းစီရင္ရင္း သူ႔အေထာက္ေတာ္ က်ီးငွက္ႀကီးအား စုံစမ္းရန္ေစလႊတ္လိုက္ေတာ့သည္။
***
Fleur နန္းေတာ္ထဲမွာလည္း မင္းသားLouis အား ခ်ီးက်ဴးမႈမ်ားသာၾကားေနရေတာ့သည္။ အားလုံးက ေပ်ာ္႐ႊင္ၾကည္ႏူးေနၾကေသာ္လည္း မိဖုရား Forina ကေတာ့ မနာလိုစိတ္တို႔ျဖင့္ ပူေလာင္ေနေသာသူျဖစ္ေနခဲ့သည္။
မင္းသား Louis ၏ ေဆးဝါးေၾကာင့္အားလုံးက က်န္းမာလာခဲ့ၾကၿပီး ႏိုင္ငံေရး စီးပြားေရး လူမႈေရးတို႔ကို ျပန္လည္စီမံလာႏိုင္ၾကၿပီျဖစ္သည္။
"အရွင္ ခဏနားပါအုံးလားဟင္.... ေနေကာင္းတာက မၾကာေသးပဲနဲ႔ အလုပ္ေတြမနားမေနဆက္တိုက္လုပ္ေနေတာ့ ကြၽန္မစိုးရိမ္မိတယ္ရွင့္.."
"ကိုယ္ ေနေကာင္းေနပါၿပီ မိဖုရားေရ.. Louis က ဒီေဆးအတြက္ ၆ လလုံးလုံး တစ္ရက္မွ ေကာင္းေကာင္းအနားမယူခဲ့ရဘူးတဲ့ေလ... သူတို႔ေတာင္ ဒီေလာက္ေပးဆပ္ခဲ့ရတာ ကိုယ္တို႔က ျပန္လည္ထူေထာင္ေရးေတြလုပ္ဖို႔ ဘယ္ေလာက္မ်ား ပင္ပန္းမွာမို႔လဲကြာ... ဟုတ္တယ္မဟုတ္လား"
"ဟုတ္တာေပါ့အရွင္... ကြၽန္မလည္း အစ္ကိုေတာ္ Louis ကို အရမ္းေက်းဇူးတင္ေနတာပါ... သူအရမ္းပင္ပန္းသြားရၿပီေလ"
Forina အရွင့္ေၾကာင့္သာ ခ်ီးက်ဴးစကားတို႔ဆိုလိုက္ရေသာ္လည္း စိတ္ထဲတြင္ေတာ့ အလြန္ေလာင္ၿမိဳက္ေနၿပီျဖစ္သည္။
'ေတာက္! လာျပန္ၿပီ ေဆးေလးေဖာ္ႏိုင္တာနဲ႔ပဲ အရွင္ကစၿပီး အားလုံးက Louis ကိုပဲ တဖြဖြေျပာေနၾကတယ္... မုန္းလိုက္တာ....'
Fleur နန္းေတာ္တစ္ခုလုံး အမႈထမ္းေတြအားလုံးနီးပါး မိဖုရားForina အေၾကာင္း သိေနၾကၿပီျဖစ္သည္။ စိတ္မထင္ရင္မထင္သလို ရံေ႐ြေတာ္ေလးမ်ားကို အျပစ္ေပးၾကမ္းတတ္ၿပီး အေျပာအဆိုကလည္း အလြန္ေမာက္မာသည္မို႔ သူမအား ေနာက္ကြယ္တြင္ အတင္းေျပာေနၾကၿပီျဖစ္သည္။
'ဒါေတြကို ဂ႐ုစိုက္မယ္လို႔ထင္ေနတာလား...
ေဝးေသး... '
အေျခအျမစ္မရွိတဲ့ လူတစ္ေယာက္ကို အေလးေပးလြန္းေနၾကသည့္လူေတြကိုလည္း သူမေတာ္ေတာ္ အံ့ဩမိသည္။ အရွင္က သူမႏွင့္ေျပလည္ၿပီး ရင္းႏွီးေနေပးတာမွ မၾကာေသး၊ အခုက်ေတာ့ Louis နာမည္ေတြပဲၾကားေနရေတာ့တာ။
ေဆးေဖာ္စပ္ႏိုင္တယ္ဆိုတာကလဲ ကံေကာင္းသြားလို႔ပဲျဖစ္မွာ။
***
ကူးစက္ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ၿပီးသြားေတာ့ ႏိုင္ငံတကာမွ ရပ္တန႔္ေနေသာ စီးပြားေရး၊လူမႈေရးမ်ား၊ပညာေရးစနစ္မ်ားကို ၾကပ္ၾကပ္မတ္မတ္ျပင္ဆင္ကာ အုပ္ခ်ဳပ္ေရးကို တည့္မတ္လာၾကသည္။
တစ္ခ်ိဳ႕ႏိုင္ငံမ်ားတြင္ အုပ္ခ်ဳပ္ေရးရာမွ လူႀကီးတစ္ခ်ိဳ႕ ေရာဂါေၾကာင့္ေသဆုံးခဲ့ၾကတာျဖစ္၍ ျပန္လည္ေနရာခ်ထားေရးတို႔ကိုျပင္ဆင္ေနရသည္။ Oakland national မွာလည္း ျပန္လည္ထူေထာင္ေရးကာလတြင္ Zion ႏိုင္ငံသို႔ သံတမန္ဆက္ဆံေရးအတြက္ပထမဆုံးလာေရာက္ခြင့္ရသည့္ႏိုင္ငံျဖစ္သည္။
"အရွင္ ဧည့္သည္ေတာ္ေတြေရာက္ေနတာဆိုေတာ့ စာၾကည့္ေဆာင္ဖက္မလာေတာ့ဘူးေနာ္.."
"ဘာလို႔လဲ... ကိုယ္ကဧည့္သည္ေတြနဲ႔မိတ္ဆက္ေပးခ်င္ေသးတာကို.."
"ညစာစားပြဲမွာ ေတြ႕ရအုံးမယ္ေလ... ကြၽန္ေတာ္ လူစိမ္းေတြနဲ႔ သိပ္မေတြ႕ခ်င္လို႔ပါ"
"လူႀကီးေတာင္ျဖစ္ေနၿပီကို ဘာလို႔ ဧည့္သည္နဲ႔မေတြ႕ခ်င္ေနတာလဲဟင္... ေျပာပါအုံး..."
"မသိဘူး... "
"ကိုယ့္အနားခဏလာပါအုံး..."
အရွင့္အနားတိုးကပ္သြားေတာ့ သူ႔လက္ေလးကိုဆြဲကာ ေပါင္ေပၚထိုင္ေစလိုက္သည္။
"ဘာလို႔လဲဟင္..."
"နမ္းခ်င္လို႔.."
"ဟာ ... အရွင္ေနာ္...."
စိတ္ထဲကမပါေသာ ႐ုန္းကန္မႈေလးမ်ားကို ႏူးညံ့ေသာ အနမ္းတို႔ျဖင့္ ရပ္တန႔္ေစလိုက္သည္။ ဒီ ကာလတစ္ေလွ်ာက္လုံး ၾကင္ယာေတာ္ေလးႏွင့္သူ အခ်ိန္ကုန္ဆုံးျဖစ္တာ နည္းသည္။ ႏွစ္ဦးသား အလုပ္ကိုယ္စီျဖင့္ အခ်ိန္ယူကာ ယုယၾကင္နာမႈတို႔မလုပ္ျဖစ္တာအေတာ္ေလးၾကာပီပင္။
မြတ္သိပ္ေသာ အနမ္းမ်ားကို အျပန္အလွန္ေပးအပ္ေနၾကရင္းမွ အဝတ္ေအာက္မွ ၾကင္ယာေတာ္၏ ေက်ာျပင္ႏုႏုေလးအား ကိုင္တြယ္ပြတ္သပ္လိုက္သည္။
"အရွင္....အြန္း...ဟင့္"
တားဆီးသံေလး မပီမသထြက္လာသလို သူ႔ရင္ဘတ္ကိုေထာက္ကာထားေသာ လက္ေလးေၾကာင့္ Roy နမ္းေနရာမွ ရပ္ၿပီးၾကည့္လိုက္သည္။
"ေမာတယ္ မနမ္းနဲ႔ေတာ့... ခဏေနရင္ ဧည့္သည္ေတြနဲ႔ အစည္းအေဝးရွိတာကို.. ဒီတစ္ခါက္ဧည့္သည္က မင္းသမီးကိုယ္တိုင္ လာတာဆို"
"ဟုတ္တယ္... Oakland national က သီးသန႔္ႏိုင္ငံတစ္ခုျဖစ္ေနခဲ့ေတာ့ အရင္ကသိပ္အဆက္အဆံမရွိဖူးဘူး... ဒီတစ္ေခါက္ေတာ့ Oakland ကေနေျမာက္ဖက္ေဒသေတြဆီ ဆက္သြယ္ဖို႔အခြင့္အေရးယူထားလိုက္ေတာ့မလားလို႔"
"ေကာင္းသားပဲ... ေနရာသစ္ လူမ်ိဳးအသစ္ေတြနဲ႔ ေျပာဆိုဆက္ဆံၾကရတာ ေပ်ာ္ဖို႔ေကာင္းမယ္ထင္တယ္"
"ၾကင္ယာေတာ္ေလးက စူးစမ္းေလ့လာရတာ သေဘာက်လို႔လား"
"အင္း.... တကယ္ေတာ့ ခရီးေတြသြားေနရတာ ပိုႀကိဳက္တာ"
"သြားခ်င္တဲ့ေနရာရွိလား..."
"အင္း"
"ကိုယ့္ကိုေျပာျပေလ..."
"အရွင္နဲ႔အတူသြားခ်င္တာ.... ဘယ္ေနရာပဲျဖစ္ျဖစ္ေပါ့"
"ကိုယ္နဲ႔အတူသြားခ်င္တာလား... ကိုယ့္ၾကင္ယာေတာ္ေလးက"
"ဟုတ္တယ္..."
ရင္ခြင္ထဲက ေခါင္းလုံးလုံးေလးကို ဖိကပ္နမ္းရႈိက္လိုက္ေတာ့
"အရွင္မနက္ထဲက ကြၽန္ေတာ္ေနလို႔သိပ္မေကာင္းဘူး သိလား"
"ကိုယ္ဘာလုပ္ေပးရမလဲ... ႏွိပ္ေပးရမလားဟင္"
"ဟင့္အင္း အရွင္က ဧည့္သည္ေတြနဲ႔ေတြ႕ရအုံးမယ္ေလ... ကြၽန္ေတာ္ ခဏနားလိုက္ရင္သက္သာသြားမွာပါ"
"ညစာစားပြဲကို တက္ေပးလို႔ေရာရလား... တကယ္လို႔မသက္သာရင္လည္း နားလို႔ရတယ္ေနာ္"
"သက္သာသြားမွာပါ... အရွင္ ခဏေလာက္ေလး ဖက္ထားေပးပါေနာ္"
ဧည့္သည္ေတာ္မ်ားႏွင့္ ေဆြးေႏြးပြဲမတိုင္ခင္အထိ ၾကင္ယာေတာ္ေလးအလိုက် ပိုက္ေထြးေပးခဲ့ရသည္။ ဒီလေတြမွာ ပင္ပန္းခဲ့ရတာမို႔ မ်က္ႏွာေလးေတာင္ ေခ်ာင္က်ေနသလိုပဲ... မျဖစ္ေသးပါဘူး ေသခ်ာျပန္ဂ႐ုစိုက္ေပးရမယ္။
တစ္ေန႔လုံး အစည္းအေဝးတို႔ေတာက္ေလွ်ာက္လုပ္ေနခဲ့ၿပီး ညေနပိုင္းေရာက္ေတာ့ ညစာပြဲက်င္းပရန္ အသင့္ျဖစ္ေနၿပီမို႔ Roy သူ႔ၾကင္ယာေတာ္ေလးအား ခန္းမထဲတြင္ရွာေဖြလိုက္သည္။
'မေရာက္ေသးဘူးထင္တယ္... မသက္သာဘူးလားမသိဘူး'
"အရွင္ Roy.... "
"မင္းသမီး Sofia "
"Sofia လို႔ပဲ ေခၚပါရွင္....မအားလပ္တဲ့ၾကားက အခ်ိန္ေပးလို႔ေက်းဇူးတင္ပါတယ္ရွင္... ဖခမည္းေတာ္ကလည္း ၿငိမ္းခ်မ္းေရးညီလာခံမွာထဲက အရွင္ Roy နဲ႔ ရင္းႏွီးခ်င္ေနတာ... ဒီေဆြးေႏြးပြဲၿပီးသြားရင္လည္း Oakland ကို လာေရာက္လည္ပတ္ဖို႔ တစ္ခါတည္းဖိတ္ၾကားခိုင္းလိုက္ပါတယ္"
"ကြၽႏ္ုပ္ လာႏိုင္ေအာင္ ႀကိဳးစားပါမယ္ Sofia "
"Aww ဒါနဲ႔ အရွင့္ဝတ္႐ုံမွာ တစ္ခုခုကပ္ေနတယ္... ကြၽန္မဖယ္ေပးမယ္ေနာ္"
"အာ.. ရပါတယ္... "
Louis ညစာစားပြဲက်င္းပရာ ခန္းမသို႔ေရာက္လာေတာ့ အရွင္က အမ်ိဳးသမီးတစ္ဦးႏွင့္စကားေျပာေနတာျမင္ရသည္။ ထိုအမ်ိဳးသမီးက အလြန္ေခ်ာေမာၿပီး အရွင့္ပုခုံးကိုလည္းထိကိုင္လိုက္သည္။
'အရွင္နဲ႔ ရင္းႏွီးၿပီးသားလားမသိဘူး.... ပထမဆုံးေတြ႕ဆုံမႈလို႔အရွင္ကေျပာလိုက္တာမဟုတ္ဖူးလား'
Louis ေရွ႕ဆက္သြားရန္ ခက္ေနစဥ္ အစ္မ Lily ေရာက္လာခဲ့ၿပီး
"Louis ေလး... အရမ္းၾကည့္ေကာင္းေနတာပဲေနာ္... အစ္မ Lily တို႔ၾကည့္ေကာင္းဖို႔လဲ ခ်န္ထားပါအုံး"
"ကြၽန္ေတာ့္မ်က္လုံးထဲ အစ္မ Lily ပဲအလွဆုံး"
"ေျပာတတ္လိုက္တာ.... လာသြားမယ္ေလ ဟိုမွာ Roy ေတာင္ေရာက္ေနၿပီ"
"ဟုတ္ အစ္မLily"
ညစာပြဲခင္းက်င္းထားသည့္ စားပြဲရွည္၏ ထိပ္ဆုံးတြင္ေတာ့ မ်ိဳးႏြယ္အရွင္က ေနရာယူထားၿပီး ညာဖက္တြင္ ၾကင္ယာေတာ္ႏွင့္အစ္မ Lily တို႔ထိုင္လိုက္ၾကသည္။ ထိုအခါ ဘယ္ဖက္ျခမ္းတြင္ မင္းသမီး Sofia ႏွင့္ Oakland ၏ကုန္သြယ္ေရးဝန္ႀကီးတို႔အသီးသီးေနရာယူလိုက္ၾကသည္။
"ၾကင္ယာေတာ္ေလး ဒါက Oakland national ရဲ႕မင္းသမီး Sofia ပါ"
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ Ms.Sofia, ကြၽန္ေတာ္က Alexander Louis ပါ"
"က်မကလည္း ေတြ႕ရတာဝမ္းသာမိပါတယ္ ၾကင္ယာေတာ္.... ဒီတစ္ေခါက္ေဆးဝါးေဖာ္စပ္တဲ့ကိစၥမွာ ၾကင္ယာေတာ္သာမရွိရင္ မျဖစ္ႏိုင္ဘူးလို႔ၾကားမိပါတယ္.. အေတာ္ေလးပင္ပန္းခဲ့ရတာမဟုတ္လား"
"အာ ... ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္ေဆာင္ခဲ့တာမဟုတ္ပါဘူး... သုေတသနအတြက္ လူတိုင္းက အားသြန္ခြန္စိုက္ ႀကိဳးစားေပးၾကတာပါ၊ အႀကိမ္ႀကိမ္စမ္းသပ္မႈေတြ က်ရႈံးၿပီးမွ ေအာင္ျမင္ႏိုင္ခဲ့တာ အားလုံးရဲ႕ခြန္အားေတြပါပဲ"
"အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္... ဒီေဆးေၾကာင့္သာ ေပ်ာ္႐ႊင္ရတဲ့အေျခအေနမ်ိဳးျပန္ေရာက္လာႏိုင္တာ"
မင္းသမီး Sofia က စကားေျပာတတ္ဆိုတတ္ၿပီး ႐ုပ္ဆင္း႐ူပကာကလည္း လွပသူျဖစ္သည္။ Louis တိတ္တဆိတ္ထမင္းစားေနရင္းမွ တစ္ခုခုအေပၚအလိုမက်သလိုျဖစ္လာရ၏။
"ၾကင္ယာေတာ္ေလးက အရမ္းလွပတာပဲေနာ္.... အရွင္ Roy ကအရမ္းခ်စ္မွာပဲ"
"အာ... ဟုတ္ ေက်းဇူးပါပဲ... "
"အရွင္ Roy .... ၾကင္ယာေတာ္နဲ႔ ဘယ္လိုေတြ႕ဆုံတာလဲ ေျပာျပေပးလို႔ရမလား"
"ရပါတယ္..."
'အရွင္က ဘယ္လိုေျဖမွာလဲမသိဘူး ရင္ခုန္ေနသလိုပဲ'
Louis အရွင့္ကိုၾကည့္ရင္း စိတ္လႈပ္ရွားေနသလိုခံစားရသည္။ ဒီေန႔မွစိတ္ကလည္း ခံစားလြယ္ထိခိုက္လြယ္ေနသည္။
"ကြၽႏ္ုပ္မယ္ေတာ္နဲ႔တူလို႔ ၾကင္ယာေတာ္ကိုစၿပီးစိတ္ဝင္စားခဲ့တာ... ေ႐ႊေရာင္ဆံပင္ေတြနဲ႔မ်က္လုံးျပာေလးေတြေပါ့...သူ႔ကိုအရမ္းသေဘာက်တယ္....ၾကင္ယာေတာ္က သူနဲ႔စေတြ႕ထဲက အခုခ်ိန္ထိ ပထမဆုံးဆုံေတြ႕ဖူးသလိုခံစားခ်က္မ်ိဳးေပးေနတုံးပါပဲ... "
"ၾကင္ယာေတာ္ကကံေကာင္းလိုက္တာ... အရွင္ Roy ရဲ႕သေဘာက်တာခံရၿပီး ကံအေကာင္းဆုံးလူသားပါပဲ...က်မခမည္းေတာ္က ၾကင္ယာဖက္ေ႐ြးခ်ယ္ခိုင္းဖို႔ေျပာေနၿပီ....က်မကလည္း သေဘာက်တဲ့သူကိုပဲ လက္ဆက္ခ်င္တာဆိုေတာ့ေလ...အရွင္Royရဲ႕ ၾကင္ယာေတာ္ကိုေတာ့ အားက်မိပါတယ္ရွင္ "
"ေတာ္ဝင္ရင္ေသြးရဖို႔က အရွင္မင္းႀကီးရဲ႕ အိပ္မက္ပဲေလ... အရွင္မင္းႀကီးက ေျမးေတာ္ေလးခ်ီခ်င္ေနၿပီမို႔ မင္းသမီးေလးကို အျမန္တိုက္တြန္းေနတာ"
ကုန္သြယ္ေရးဝန္ႀကီးကပါ ဝင္ေျပာလိုက္တာမို႔ Louis စိတ္ထဲ အနည္းငယ္ မေကာင္းျဖစ္သြားရ၏။ မင္းသမီး Sofia က အရွင့္အေပၚ ေတာ္ေတာ္ေလးသေဘာက်ေနပုံရသည္။ ၿပီးေတာ့လည္း သူဆိုသည္မွာက အရွင့္အတြက္ ေတာ္ဝင္ရင္ေသြးလြယ္ေပးႏိုင္တာမွ မဟုတ္ပဲ။
'ငါမေနသင့္တဲ့ေနရာကို မက္ေမာေနမိၿပီပဲ.. ေရရွည္အတြက္စဥ္းစားလိုက္ရင္ ဘာေကာင္းတာကိုမွေပးႏိုင္မွာမဟုတ္ဘူး၊ အမ်ိဳးသားၾကင္ယာေတာ္ျဖစ္ေနေတာ့ ငါ........'
Louis အေတြးတို႔လြန္ၿပီး ဝမ္းနည္းမႈတို႔လႈိက္တက္လာတာမို႔ ရနံ႔ထုတ္လႊင့္မႈတို႔ျဖစ္လာ၏။ အာ သူဟိုအခ်ိန္ျဖစ္ေတာ့မွာပဲ၊ ခ်က္ခ်င္းပဲ ျပန္ထိန္းလိုက္ရသည္၊ အရွင္ အေႏွာက္အယွက္ျဖစ္သြားမွာ သူသိပ္စိုးရိမ္ပါသည္။
Roy ၾကင္ယာေတာ္မ်က္ႏွာေလးအား ေသခ်ာၾကည့္လိုက္၏။ ေတာ္ေတာ္ေလးႏြမ္းေနၿပီး သိပ္သက္သာပုံမရ။
"ၾကင္ယာေတာ္ေလး အဆင္ေျပရဲ႕လား... မ်က္ႏွာသိပ္မလန္းဘူး"
"အာ အဆင္ေျပပါတယ္အရွင္... "
"အင္း ေနရတာမသက္သာသလိုပဲ...ခဏေလာက္ျပန္သြားနားေနလိုက္ပါအုံး... နန္းရင္းဝန္ႀကီး ၾကင္ယာေတာ္ေလးကို အိပ္ေဆာင္ျပန္ပို႔ေပးပါလား"
"ေကာင္းပါၿပီ အရွင္"
အရွင့္၏တိုက္တြန္းမႈေၾကာင့္ Louis အစ္မ Lily,ႏွင့္အတူ လိုက္ပါသြားရ၏။
မ်က္ႏွာသိပ္မေကာင္းသူေလးက ယုဇနပန္းရနံ႔တို႔အေတာ္မ်ားမ်ားထုတ္လိုက္တာမို႔ Roy စိုးရိမ္သြားရတာပင္။
***
Roy ၾကင္ယာေတာ္၏အိပ္ေဆာင္တြင္းသို႔ဝင္လာလိုက္ေတာ့ တိတ္ဆိတ္ၿငိမ္သက္ေန၏။ ခပ္သင္းသင္းရေနေသာ ရနံ႔တို႔က အေဆာင္တစ္ခုလုံးပ်ံ႕ေနေတာ့သည္။ အိပ္ယာထက္တြင္ေတာ့ ေက်ာေပးလ်က္အေနအထားျဖင့္ ၾကင္ယာေတာ္ေလးကလဲေလ်ာင္းေနခဲ့သည္။
"ကိုယ့္ရဲ႕ၾကင္ယာေတာ္ေလး.... အိပ္ေနၿပီလားဟင္... ေနလို႔ေရာ သက္သာရဲ႕လား"
Roy အိပ္ယာထက္တြင္တင္ပလြဲဝင္ထိုင္လိုက္ရင္း ၾကင္ယာေတာ္ေလး၏ နဖူးေလးထက္ဝဲက်ေနေသာ ဆံပင္ေလးမ်ားကို သပ္တင္ေပးလိုက္သည္။ မ်က္ႏွာေလးကိုအကဲခတ္လိုက္ေတာ့ Roy အထိတ္တလန႔္ျဖစ္သြားရေတာ့သည္။
"ဟင္!!! ဘာလို႔ငိုေနတာလဲကြာ ... ကိုယ့္ကိုေျပာပါအုံး"
Roy သူ႔မ်က္ႏွာေလးကို ဒီဖက္လွည့္ဖို႔ႀကိဳးစားေတာ့ ေစာင္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ကာ ကြယ္ပစ္လိုက္သည္။
"အဲ့လိုမလုပ္ပါနဲ႔လား... ကိုယ္ဘာလုပ္ေပးလို႔ရမလဲဟင္... ဝမ္းနည္းေနရတဲ့အေၾကာင္းေလး ေျပာျပေပးေလေနာ္.... ကိုယ့္ေၾကာင့္လား... ကိုယ္က စိတ္ဆိုးေအာင္လုပ္မိလို႔လားေျပာပါအုံး"
"ဟင့္အင္း... အင့္ အရွင့္ေၾကာင့္မဟုတ္တာမို႔ ဟင့္.... ဒီတိုင္းဝမ္းနည္းလို႔ပါ........"
"အင္း အဲ့ဒါဆိုမ်က္ႏွာေလး ျပပါအုံး..."
ေစာင္ေတြေအာက္မွာကြယ္ထားေသာမ်က္ႏွာေလးက နီျမန္းေနၿပီး မ်က္ဝန္းေလးမ်ားထံ၌လည္း မ်က္ရည္စတို႔တြဲခိုေနတာမို႔ အေတာ္ေလးငိုထားမွန္း သိသာေနတာ။
ကိုယ္ေလးကို ဆြဲေပြ႕ယူလိုက္ၿပီး သူ႔ရင္ခြင္ထဲေထြးေပြ႕ထားလိုက္ရင္းမွ ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။
"ကိုယ့္ရဲ႕ဧကရီေလး စိတ္အလိုမက်တာရွိရင္ေျပာျပေလေနာ္... ကိုယ္က တစ္ခုခုလုပ္ေပးလို႔ရေအာင္... တစ္ခုခုဆိုဖုံးကြယ္မထားရဘူးေလ"
"အင့္.. ကြၽန္ေတာ္ အရွင့္ရဲ႕ ဧကရီမလုပ္ခ်င္ဘူး"
Roy မ်က္ႏွာေတာ္ေတာ္ႀကီးပ်က္က်သြားရင္းမွ
"ဘာလို႔လဲဟင္.... ၾကင္ယာေတာ္ေလးက ကိုယ့္ကိုမခ်စ္လို႔လား ..... ဟုတ္လားဟင္...."
အရွင့္အသံတို႔က အဖ်ားခတ္၍တုန္ယင္ေနတာမို႔ Louis ရင္ခြင္ထဲမွေန၍ေမာ့ၾကည့္လိုက္သည္။ အရွင့္မ်က္လုံးတို႔က နာၾကင္ေၾကကြဲေနဟန္။
"ဟင့္အင္း... အရမ္းခ်စ္တာ... အရွင့္ကိုအရမ္းခ်စ္တာမို႔ အေကာင္းဆုံးေတြပဲေပးခ်င္တယ္... ကြၽန္ေတာ္က အင့္ ကြၽန္ေတာ္က ဧကရီျဖစ္ဖို႔ မထိုက္တန္ဘူး အင့္..... အဟင့္"
ေျပာၿပီး ဝမ္းပန္းတနည္း ရႈိက္ငိုျပန္သည္။ Roy မွာ စိုးရိမ္ပူပန္ေနရင္းမွ ရင္ထဲတစ္ဆစ္ဆစ္နာရသည္။ သူငိုရင္ ကိုယ့္ကမာၻပ်က္သလိုပဲ။
ယုဇနပန္းရနံ႔တို႔က တစ္စထက္တစ္စသိပ္သည္းလာေတာ့သည္။ ပိုင္ရွင္ေလးက ဝမ္းနည္းေန၍ သူတို႔ကလည္း ဝမ္းနည္းေနၾကသည့္အလား။
"ကိုယ့္ရဲ႕ၾကင္ယာေတာ္ေလး Omega ေတြရဲ႕ အပိုင္းအျခားကာလေရာက္ေနၿပီပဲ... တျခားဟာေတြသိပ္မေတြးနဲ႔ကြာ၊ ပင္ပန္းတယ္.... ကိုယ္က မင္းကိုပဲလိုအပ္တာ တျခားဘာမွမလိုအပ္ဘူး၊ ကိုယ္ရဲ႕ဧကရီကလည္း မင္းပဲျဖစ္ရမယ္... အဲ့ဒါကကိုယ့္ရဲ႕ဆုံးျဖတ္ခ်က္ပဲ၊ မင္းေလးကလည္း အဲ့ဒါကိုလက္ခံေပးရင္ သိပ္ေကာင္းမွာ"
Louis အရွင့္စကားေၾကာင့္ မ်က္ရည္စမ်ားရစ္သိုင္းေသာ မ်က္လုံးတို႔ျဖင့္ ၾကည့္လာသည္။
"ဒါေပမယ့္ ကြၽန္ေတာ္က အမ်ိဳးသားတစ္ေယာက္ေလ၊ အရွင့္အတြက္ ေတာ္ဝင္ရင္ေသြးမလြယ္ေပးႏိုင္တာကို အင့္ အဟင့္...ၿပီးေတာ့ ကြၽန္ေတာ္က Omegaဆိုတာဘယ္လိုသိတာလဲ... ဟင့္"
ရႈိက္သံတို႔စြက္ေနေသာ လူသားငယ္အား မ်က္ႏွာေလးပင့္ေမာ့လိုက္ရင္း
"မင္းနဲ႔ပတ္သက္တာအားလုံး ကိုယ္သိတာမို႔ဘာမွ စိုးရိမ္ပူပန္ေနစရာမလိုဘူး... ကိုယ္အားလုံးလက္ခံႏိုင္တယ္ Omega ေလး....
ကိုယ္မင္းကိုသိပ္ခ်စ္တာ၊ ဒါေၾကာင့္ကိုယ့္ရဲ႕ဧကရီျဖစ္ေပးပါ"
"အင့္ အရွင္....."
စိတ္ႏွလုံးတို႔ ေအးခ်မ္းကာ ၾကည္ႏူးသြားရသည္အထိ အရွင္က ကြၽန္ေတာ့္ကိုခ်စ္သည္တဲ့လား....
"ကြၽန္ေတာ္လည္းအရွင့္ကို ခ်စ္တယ္ အမ်ားႀကီး"
"အင္း.... ကိုယ့္ကိုခ်စ္ေပးေနရင္ရၿပီ တျခားဘာမွမေတြးနဲ႔.... ၿပီးေတာ့ ရနံ႔ေတြနည္းနည္းေလာက္ေလွ်ာ့ေပးလို႔ရလား၊ ကိုယ္စိတ္ေတြ ကေမာက္ကမျဖစ္ကုန္ေတာ့မယ္ထင္တယ္"
Louis စိတ္လႈပ္ရွားမႈမ်ားေၾကာင့္ ရနံ႔တို႔ကို အလြန္အမင္းထုတ္လႊတ္မိေနတာပင္။ စိတ္ထဲစေနာက္ခ်င္လာတာမို႔
"မေလွ်ာ့ေပးႏိုင္ဘူး.... အဲ့ေတာ့ဘယ္လိုလုပ္မလဲ"
"အဲ့လိုဆိုရင္လည္း ကိုယ္သည္းခံထားမွာပါ.... ၿငိမ္ၿငိမ္ေလးေတာ့ေနေပးေပါ့"
သူ႔လက္ဖမိုးေလးကို ႏႈတ္ခမ္းျဖင့္ဖိကပ္ရင္း ခပ္ရွရွေျပာလာသည့္အရွင့္မ်က္လုံးတို႔က ရီေဝေနသည္။
သူသိပါသည္၊ အရွင္က သူ႔ရနံ႔တို႔ကို အလြန္သေဘာက်မွန္း၊ ပိုမိုသိပ္သည္းလာေသာ ရနံ႔တို႔ေၾကာင့္ အရွင့္မ်က္ဆံတို႔နီရဲစျပဳလာသည္။
အရွင့္လည္ပင္းဆီတိုးကပ္သြားကာ ႏႈတ္ခမ္းျဖင့္ေတာက္ေလွ်ာက္ထိေတြ႕ၿပီး ရင္ဘတ္အထိပြတ္ဆြဲသြားလိုက္သည္။ အရွင့္အရာေပၚခြထိုင္ၿပီး သူေရွ႕တိုးေနာက္ငင္လႈပ္ရွားလိုက္ေတာ့ အရွင့္ကိုယ္မွေျပာင္းလဲလာမႈတို႔ေၾကာင့္ သူႀကိတ္ၿပဳံးလိုက္သည္။
"ဟင္း....... ၾကင္ယာေတာ္ေလး"
******
📢 Next part is Warning ⚠️⚠️
.
.
.
.
.
.
.
.
.
.
.
.just kidding 😅