[Unicode]
Chapter-7 (အမဲကျောင်း အပိုင်းခုနစ်)
ဒူရိရှင်း လည်း စုယင်း ကိုတစ်ချက်ကြည့်လိုက်ပေမဲ့ ဘာတစ်ခွန်းမှပြန်မပြောဘဲ ဆေးခန်းအပြင်ဘက်ကိုသာ ဦးတည်ပြီးကြည့်နေတယ်။
"အော် နင်ကငါ့ကိုလျစ်လျူရှုထားတယ်ပေါ့။ နင်ကြောင့်ငါ့ကောင်လေးသေရတာ ငါအခုထိတောင်...."
စုယင်း စကားပြောနေရင်း ဒူရိရှင်း ကြည့်နေတဲ့ဘက်ကိုလှမ်းကြည့်မိချိန် သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စကားတောင်ပြီးအောင်မပြောနိုင်တော့ပဲ ရှော့ရသွားကာ ပါးစပ်ကိုလက်နဲ့အုပ်ထားမိတယ်။
တံခါးရဲ့အပြင်ဘက် မီတာအနည်းငယ်အကွာမှာ ဂျူတီကျဆရာက သေဆုံးနေပြီး ခေါင်းတစ်ခြမ်းပင်မရှိတော့။သွေးတွေ အစအနတွေက ကော်ရစ်ဒါတောက်လျှောက် ပြန့်ကျဲနေတယ်။အိုက်လီ လည်း ထိုမြင်ကွင်းကြောင့် အရမ်းခြောက်ခြားသွားကာ ရေရွတ်နေတယ်။
"ဘယ်လိုဖြစ်ပြီး..."
အဲ့နောက်မှာ သူတစ်ခုခုကို သွားသတိရလိုက်ပြီး
"ဒါဆို ကျွန်တော်တို့ခုနကကြားလိုက်ရတဲ့အသံက ဒါကြီးလား...သူ့ကို တစ်ယောက်ယောက်ကသတ်သွားတာလား"
ဒူရိရှင်း က ခေါင်းငြိမ့်ပြပြီး ထိုလူသေလောင်းဆရာဆီ လျှောက်သွားတယ်။အိုက်လီ လည်းပဲ ဒူရိရှင်း နောက်ကလိုက်သွားတယ်။ဒူရိရှင်း ကုပ်ကုပ်လေးထိုင်ကာ ဆရာအလောင်းကို စတင်ရှာဖွေနေလိုက်တယ်။
"အဲ့အလောင်းထဲမှာ တခုခုရှိလို့လား"
"သော့"
အနောက်အိတ်ကပ်ထဲကနေ ဒူရိရှင်း သော့တွဲတစုံလုံးရလိုက်တယ်။
အိုက်လီ သူ့စီနီယာကိုကြည့်ရင်း ကြည့်ရင်း ပိုထူးဆန်းလာတယ်လို့ခံစားလိုက်ရတယ်။ခုနကသူတို့ကုတင်အောက်မှာပုန်းနေကတည်းက စီနီယာရဲ့အမူအယာတွေက ထူးဆန်းနေတယ်။ခပ်လှမ်းလှမ်းနောက်ဘက်မှာရပ်နေတဲ့ စုယင်း က ထိုအရာကိုမြင်တော့မေးလာတယ်။
"ဒါဆို ငါတို့ထွက်လို့ရပြီမလား"
"သော့မှန် မမှန် စမ်းကြည့်မှပဲရမယ်"
ဒူရိရှင်း မတ်တပ်ရပ်လိုက်ပြီး ကြမ်းပြင်ကိုစစ်ဆေးလိုက်တယ်။သွေးတွေကနေရာတိုင်းပြန့်ကျဲနေပြီး ခြေရာတချို့က သွေးတွေ အဖြူအစအနတွေ ကြားမှာမြင်နေရတယ်။အဲ့အရူးကောင်က သူတို့လာခဲ့တဲ့ရှေ့ဘက်ကိုဦးတည်ပြီးထွက်သွားတာပဲ။
ကော်ရစ်ဒါ ပတ်လမ်းအတိုင်းဆိုရင် ဖြတ်သွားဖို့အချိန်တွေအများကြီးရှိတယ်ဆိုပေမဲ့လည်း သူတို့ပြေးပြီးထွက်သွားရင် ထိုလူကနောက်ကနေလမ်းလျှောက်လာမှာ အဲ့အချိန်ထိုခြေရာတွေကိုမြင်ပြီး ခန့်မှန်းရင်းရောက်ချလာနိုင်တယ်။
စုယင်း ကတော့ သူ့ကောင်လေးရဲ့ခေါင်းက ထိုဂျူတီကျဆရာခါးမှာရှိနေသေးတာကိုမြင်တော့ မျက်ရည်ကျလုဆဲဆဲအခြေအနေကိုထိန်းချုပ်ထားရတယ်။အဲ့ဒီနောက် ထိုနှစ်ယောက်ထွက်သွားဖို့ပြင်နေတာကိုမြင်တော့ သူမလှမ်းတားလိုက်ပြီး
"ငါ..ငါ...ဝန်ထမ်းရုံးခန်းကိုပြန်သွားချင်တယ်"
သူမသွားကိုတင်းတင်းစေ့ထားကာ ဆက်ပြောလာတယ်။
"အာ့ဝမ် ရဲ့ ခန္ဓာကိုယ်အဲ့မှာကျန်နေသေးတယ်။ ငါမထားခဲ့နိုင်ဘူး"
"ဒါဆိုသွားလေ"
" ဟမ်"
စုယင်း ပြောတာရပ်သွားပြီး ရှင်းအောင်ထပ်ပြောလာပြန်တယ်။
"ငါပြောတာက ...နင်တို့ပါငါနဲ့အတူလိုက်..."
ဒူရိရှင်း က သူမပြောတာကိုဖြတ်ပြောလိုက်ပြီး
"မင်းဘာသာဘယ်ပဲသွားသွား ငါစိတ်မဝင်စားဘူး။
ငါကတော့ မြန်မြန်ပဲထွက်သွားချင်တယ်"
"နင်.."
စုယင်း မျက်ခုံးတွေကြုံ့လာပြီး
"နင်ဘာလို့ ဒီလိုလူစားဖြစ်နေရတာလဲ။ငါ့ကောင်လေးကြောင့်သာမဟုတ်ရင် ငါတို့ပြေးလို့လွတ်မှာတဲ့လား။အခုနောက်ဆုံးအနေနဲ့ငါက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုစုစည်းပေးခဲ့ချင်တာ အဲ့လောက်လဲအချိန်ကြာတာမဟုတ်ဘူး။နင်တကယ်ပဲရက်စက်တဲ့လူစားပဲ အသည်းနှလုံးမရှိဘူးလား"
"ဟုတ်တယ် ။ မင်းဘာသာပြောချင်တာပြော"
သူတို့ဒီမှာ ကြာကြာရှိနေရင် ပိုပိုပြီးအန္တရာယ်များလာနိုင်တယ်။ဂျူတီကျဆရာက သေသွားပြီဆိုပေမဲ့ အာ့ရွှန်း ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူမှမသိဘူး။သူတို့သာ အာ့ရွှန်း ဆီမှာမိသွားရငိ ဟိုအရူးကောင်သတိထားမိသွားလိမ့်မယ်။
သူသေချာမမှတ်မိပေမဲ့ သူသေသွားတုန်းက ထွက်ပေါ်လာတဲ့ ထိုစကားပြောသံအရဆိုရင် "တစ်ခါသုံး" ဆိုတဲ့ သူ့ရဲ့နောက်တစ်ကြိမ်အသက်ပြန်ရှင်လာတဲ့
ဒီအခွင့်အရေးမှာတော့ သူထပ်ပြီး မလွဲချော်ချင်ဘူး။
အဲ့နောက် စုယင်း ကိုလျစ်လျူရှုလိုက်ပြီး ဟိုအရူးကောင်ထွက်သွားတဲ့လမ်းတစ်လျှောက်က ထွက်ပေါက်ဆီဦးတည်လိုက်တယ်။
စုယင်း ကတော့ သူမခြေထောက်ကိုအကြိမ်အနည်းငယ် ဆောင့်ချနေပြီး ဒေါသထွက်နေပေမဲ့လည်း သူမတစ်ယောက်တည်းလည်း မသွားရဲတာကြောင့် ထိုနှစ်ယောက်နောက်ကိုသာ လိုက်သွားရတော့တယ်။
ရွက်ကာဆီကိုရောက်တော့ ဒူရိရှင်း ဒူးထောက်ချလိုက်ပြီး သော့တွေကိုစမ်းကြည့်လိုက်ပေမဲ့ တစ်ချောင်းမှတောင် ကိုက်ညီမနေဘူး။
"ဘယ်လိုဖြစ်ပြီး.."
စုယင်း အသံကမချင့်မရဲဖြစ်နေပြီး
"နင် တစ်ခုခုကိုမေ့ပြီးမစမ်းမိတာသေချာရဲ့လား။နင်အရမ်းအလောတကြီးလုပ်နေတာလေ။ တစ်ချောင်းမှ သော့ဂလောက်နဲ့မကိုက်ဘူးဆိုတာဖြစ်နိုင်လို့လား"
အဲ့နောက် သူမဘာသာ သော့ကိုယူပြီးကြိုးစားပြီး သူမဘာသာ စမ်းကြည့်ချင်နေတယ်။
ဒူရိရှင်း မတ်တပ်ရပ်လိုက်ပြီး သူ့လက်မောင်းကိုမြှောက်လိုက်တာကြောင့် သူမဖမ်းလို့မမိလိုက်။ကောင်မလေးအရပ်က မတ်တပ်ရပ်ရင်ကို 1.5မီတာပဲရှိတာမို့ 1.8မီတာရှိတဲ့ လူတစ်ယောက်နဲ့မယှဥ်နိုင် သူမခုန်ပြီးယူပေမဲ့မရ။
အိုက်လီ ထိုမြင်ကွင်းကိုကြည့်နေရတာ ပျော်မနေပေ။ ဒါကြောင့်သူတို့ကြားထဲဝင်ရပ်လိုက်ပြီးမေးလိုက်တယ်။
"စီနီယာ ကျွန်တော်တို့နောက်ထပ်ဘာလုပ်ကြမလဲ"
"အဆောက်အဦးရဲ့ ဘေးမှာ တံခါးပေါက်တစ်ခုရှိတာမှတ်မိသေးလား ငါတို့ကြည့်ခဲ့တဲ့မြေပုံမှာလေ"
"လှေကားရဲ့ညာဘက်က လော့ခတ်ထားတဲ့တံခါးမလား"
"မင်းမှတ်မိသေးသားပဲ။ အဲ့ကိုသွားပြီးကြည့်ကြမယ်"
အဲ့လိုနဲ့ သုံးယောက်သား ထွက်ပေါက်ဂိတ်ကိုကျောခိုင်းကာ လှေကားကိုပြန်တက်ခဲ့ကြရာ နောက်ဆုံးမှာ လော့ခတ်ထားတဲ့ ဆင်တူတံခါးနှစ်ခုရှေ့မှာ ရပ်လိုက်ကြတယ်။ဒီတံခါးက သူတို့ပထမဆုံးလာခဲ့တုန်းက အတိုင်း လော့ခ်ခတ်ထားသေးဆဲဖြစ်တယ်။
ဒီတစ်ခေါက်မှာတော့ တစ်ချောင်းချင်းစီစမ်းဖွင့်ပြီးနောက် လေးချောင်းမြောက်သော့အလှည့်ရောက်မှာတော့ "ကလစ်"ဆိုတဲ့မြည်သံနဲ့အတူ လော့ခ်ကပွင့်သွားတယ်။ဒူရိရှင်း တံခါးကို တုန်ယင်နေတဲ့လက်နဲ့ ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်။လေသံတဝူးဝူးနဲ့အတူ စိုထိုင်းနေတဲ့လေအငွေ့အသက်က ကော်ရစ်ဒါတောက်လျှောက် ဝင်ရောက်လာတယ်။လေပြင်းကြောင့် အသက်ရှုကျပ်လာပြီး သေတော့မလိုပင်။
အပြင်ဘက်မှာ မုန်တိုင်းတိုက်နေပုံပေါ်တယ်။လေထုက စိုထိုင်းပြီး သူတို့နားထဲမှာ လှိုင်းရိုက်တံ ခေါင်မိုး ဝရန်တာတို့ကိုပြင်းထန်စွာရိုက်ခတ်နေပြီး တိတ်ဆိတ်နေတဲ့ ကော်ရစ်ဒါတောက်လျှောက်မှာ ငိုသံသဲ့သဲ့ကဲ့သိုပင်။
ဒီလိုမိုးသက်လေပြင်းကြားမှာ သူတို့ ဘာတစ်ခုကိုမှသေချာမကြားနိုင်။ဒူရိရှင်း လည်း သူတို့ရောက်ရှိနေတဲ့ဒီနေရာရဲ့ လက်ရှိအခြေအနေကိုပြန်သတိထားမိပြီး အပြင်ဘက်မြင်ကွင်းကိုစစ်ဆေးကြည့်လိုက်တယ်။မှောင်မဲနေပြီး ကျောင်းပြတင်းပေါက်မှာ မိုးစက်ဆိုလို့ တစ်စက်တောင်ရှိမနေဘူး။သူတို့သာ ပြတင်းပေါက်ကို သတိထားမကြည့်မိဘူးဆိုရင် ဒီလိုရာသီဥတုအပြောင်းအလဲရှိနေမှန်း သိမှာမဟုတ်။
"အဲ့တာ ငါတို့အပြင်ကိုရောက်လာတာလား"
စုယင်း မိန်မောနေရင်း စပြီးစိတ်လှုပ်ရှားလာတယ်။
သူတို့သာ လမ်းမှားထဲရောက်နေတာဆိုရင်တောင် ဒီမနှစ်မြို့စရာအဆောက်အဦး အမှောင်ထုထဲကထွက်မှဖြစ်လိမ့်မယ်။ဒီမှာကပိုပြီးအခြေအနေဆိုးနေပြီး အချိန်မရွေးပေါက်ကွဲထွက်လာနိုင်တဲ့အခြေအနေနဲ့တူနေတယ်။သူတို့ ထွက်ပေါက်ကိုမတွေ့ရင်လဲ ဒီဘက်ခြမ်းကို ပြန်လာခဲ့လို့ရတာပဲ။အခြေအနေတစ်ခုတော့ရှိတယ် သူတို့သာအထဲမှာလမ်းပျောက်သွားခဲ့ရင် ကျောင်းအဆောက်အဦးဆီပြန်မရောက်ရုံတင်မကပဲ ဒီတောအုပ်ထဲမှာပဲအချိန်မရွေး ပိတ်မိသွားနိုင်ပြီး ဒုက္ခရောက်နေနိုင်တယ်။
"ငါတို့ ဒီဘက်မှာပဲနေသင့်တယ်"
စုယင်း ကတော့လက်မခံပေ။ သစ်ပင်တွေရှိရာကိုလက်ညိုးထိုးပြပြီး
"အဲ့မှာတွေ့လား အဲ့နံရံကိုဖြတ်ကျော်နိုင်တာနဲ့ သေချာပေါက်ထွက်ပေါက်ပဲ။ဘာလို့ငါတို့ကဒီမှာပဲဆက်နေရမှာလဲ။ကျောင်းနောက်တစ်ကျောင်းဆီ ဖြတ်သွားနိုင်တာလဲဖြစ်နိုင်တာပဲ"
ဒီလမ်းက ထွက်ပေါက်မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်းသိတယ်။ဘာကြောင့်လဲဆိုတော့ တစ်လမ်းလုံးက အမိုးအကာတွေကြီးပဲရှိနေပြီး ဘယ်ကျောင်းကမှ ကျောင်းကော်ရစ်ဒါလမ်းထွက်ပေါက်ကို အမိုးအကာတွေကာရံပေးထားမှာမဟုတ်။
"ငါတို့အဲ့ကိုဖြတ်သွားလို့မဖြစ်နိုင်ဘူး။ လမ်းပျောက်သွားနိုင်တယ်"
"အခုချိန်မှာ ငါတို့ အနောက်ကိုပြန်လှည့်သင့်တယ်။ဒီကော်ရစ်ဒါက နောက်ထပ်အမဲလိုက်ကျောင်းတစ်ခုကိုချိတ်ထားလား မထားဘူးလားကိုဘယ်သူမှ မသိနိုင်ဘူး။ အဲ့ဟာသာမှန်နေမယ်ဆို မင်းကိုယ်တိုင်လည်း မသွားချင်ဘူးမလား"
ကံတရားအပေါ်ပုံအပ်မချဘဲ ဒူရိရှင်း သူ့စိတ်ထင်တာကိုပဲ ယုံဖို့ဆုံးဖြတ်လိုက်တယ်။
"ငါတို့ ဒီမှာပဲဆိုရင်အချိန်မရွေးနောက်ပြန်ဆုတ်လို့ရတယ်။ငါတို့ဒီသစ်ပင်ကိုကျော်တာနဲ့ ငါတို့ပြန်လှည့်လို့ရတော့မှာမဟုတ်ဘူး"
ပြောပြီးတော့ ဒူရိရှင်း နောက်ကိုလှည့်ကြည့်လိုက်တယ်။တံခါးက အပြင်ဘက်ကပဲဖွင့်လို့ရတာဖြစ်ပြီး သော့ပေါက်လဲရှိမနေ။ သူတို့နောက်ကို ဟိုအရူးကောင်လိုက်မလာဖို့ပဲဆုတောင်းရမှာပဲ။
အဲ့လိုနဲ့သူနောက်ကြောင်းပြန်လှည့်ဖို့ပြင်ပြီး
"သွားကြစို့ အိုက်လီ"
"အင်း"
အိုက်လီ နောက်ကနေချက်ချင်းလိုက်သွားတယ်။သူ့စီနီယာ ဘာပြောပြောသူနားထောင်မယ်။
စုယင်း ကတော့ သူမခြေထောက်တွေကို ထက်ဆောင့်အောင့်လာပြန်တယ်။ဘာလို့ယောကျာ်းတွေအကုန်လုံးက စကားနားမထောင်ကြရတာလဲ။သူတို့ မမြင်နိုင်တဲ့အရာတွေကို မလုပ်ကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ သံသယဖြစ်နေတာတွေကိုပဲ ထိုင်တွေးနေမှာလား။ရိဝမ် လည်း အဲ့လိုတွေလုပ်ခဲ့ပြီး အသက်ပေးလိုက်ရတာပဲ။
သူတို့တွေ ခြံစည်းရိုးတံခါးကနေထွက်ဖို့ဆို ထက်ကြိုးစားကြရဦးမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် ထွက်ရဖို့ကအဓိကပဲမလား။သူမကတော့ ဒီကျောင်းထဲမှာဆက်ကိုရှိမနေချင်တော့ဘူး။ စောင့်ကြည့်နေလိုက် !! သူမဒီကထွက်လို့ရသွားတာနဲ့ ရဲကိုဖုန်းဆက်ပြီး သူတို့ကိုကယ်ခိုင်းပြီးတာနဲ့ သူမသူတို့ကို လှောင်ရယ်ပြလိုက်ဦးမယ်။
အိုက်လီ လည်း သူ့နောက်ဘက်က ဆူညံသံကိုကြားတော့ လှည့်ကြည့်ချိန် ထိုမိန်းကလေးက ကော်ရစ်ဒါတစ်လျှောက် ဖြတ်သွားနေပြီဖြစ်ကာ မိုးရေတွေကိုကာဖို့ သူမမျက်လုံးတွေကိုလက်နဲ့အုပ်ကာ သစ်ပင်ရှိရာဆီပြေးသွားတော့တယ်။သိပ်မကြာလိုက် သူမအရိပ်က မိုးရေတွေထဲမှာပါ ပျောက်ကွယ်သွားတယ်။
သူမအထဲကို ပျောက်ကွယ်သွားတာကိုမြင်တော့ အိုက်လီ က
"စီနီယာ သူထွက်သွားပြီ သူအဆင်ပြေပါ့မလား"
ဒူရိရှင်း လည်း နောက်ကိုလှည့်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ
" ကိုယ်တို့လည်းသေချာမသိနိုင်ဘူး။ အဲ့အကြောင်းမတွေးပဲနေကြရအောင်"
ကော်ရစ်တာကနေဖြတ်သွားရတဲ့ ကျောင်းဝင်းကြီးက မထင်ထားလောက်အောင် ရှည်တယ် ရှုပ်ထွေးတယ်။ ကွေ့ပတ်ရတဲ့လမ်းလည်း ရှိသေးတယ်။ကံကောင်းတာက လမ်းကြောင်းကတစ်လမ်းထဲရှိတာကြောင့်သူတို့လမ်းပျောက်မှာကိုတော့ မစိုးရိမ်ရဘူး။
သိပ်မကြာခင်မှာပဲ သူတို့နောက်တံခါးတခုစီရောက်လာတယ်။
"ဒါ ကျောင်းအားကစားရုံပဲ"
တံခါးကိုတွန်းကာ အထဲကိုကြည့်ပြီးတော့ ဒူရိရှင်းပြောလိုက်တယ်။
သစ်သားကြမ်းခင်းက အရမ်းကိုဟောင်းနွမ်းနေပြီး နေရာတိုင်းက ဆွေးမြေ့နေကာ သူတို့ဖြတ်လျှောက်လာချိန်မှာလည်း ဆူညံသံတွေထွက်လာတယ်။ကွင်းထဲမှာ ဘေ့စ်ဘော ကွင်းနှစ်ခုရှိပေမဲ့ တစ်ခုမှာဆို ပိုက်ကွန်တောင် ရှိမနေတော့။နောက်တခုမှာတော့ ဘေ့စ်ဘောတစ်လုံးတည်းရှိပြီး ကြာလှနေပြီဖြစ်နေတာကြောင့် အရောင်တွေပါပြန့်နေတာဖြစ်ပြီး သံထည်ပိုက်ကွန်ဟာဆိုရင်လည်း သူတို့ဖြတ်ပြီးသွားချိန်မှာ သံချေးတွေပါတက်နေတာကိုမြင်လိုက်ရတယ်။
အရမ်းမှောင်မဲနေတယ်။ ကော်ရစ်ဒါကမှ အလင်းခပ်ဖျော့ဖျော့ရှိသေးတယ်။ ဒါပေမဲ့ ဒီမှာတော့ အလင်းရောင်ခပ်မှိန်မှိန်ကို တိမ်ကကွယ်နေပြီး မှောင်မဲနေတယ်။ဒူရိရှင်း လည်း သူ့ဖုန်းမီးကိုသာတစ်ချိန်လုံးဖွင့်ထားနေရပြီး ကော်ရစ်ဒါဆီသွားမှာသာ ဖုန်းမီးကိုပိတ်ထားတာဖြစ်တယ်။အခုဒီအားကစားရုံထဲရောက်တော့ သူ့ဖုန်းမီးကိုပြန်ဖွင့်လိုက်ချိန် အားက ကုန်လုဆဲဆဲဖြစ်နေပြီ။
တခြားအရာထက် ဝင်လမ်းပေါက်တံခါးဖြစ်တဲ့ အားကစားခန်းနဲ့တစ်ဆက်တည်းတံခါးအနည်းငယ်ရှိပြီး အခန်းတစ်ခုကိုဖွင့်ချင်ရင် သော့တွေပိုပြီးလိုကောင်းလိုနိုင်တယ်။
သူ ဘယ်ဘက်က အနီးဆုံးတံခါးဆီဦးတည်လိုက်တယ်။သူထိုတံခါးကိုဖွင့်ဖို့ကြိုးစားချိန် ဖုန်တွေကြောင့်အတော်လေး ခက်ခက်ခဲခဲဖွင့်ယူလိုက်ရတယ်။
"အဟွတ် အဟွတ်"
စတိုခန်းတစ်ခန်းဖြစ်ပြီး အကုန်လုံးရှုပ်ပွပြုတ်ကျနေပြီး ကျောင်းကစွန့်ပစ်ကျောင်းဖြစ်လာခဲ့တာကြောင့် ပုံမှန်မဟုတ်တဲ့ ဖုန်တွေနဲ့ပြည့်နှက်နေလာပုံပေါ်တယ်။သူတို့ ခြေတစ်လှမ်းလှမ်းတိုင်း ထိုဖုန်တွေအောက်မှာ ခြေရာတွေကျန်ရစ်ခဲ့တယ်။အလှမ်းဝေးတဲ့ထောင့်စွန်းတစ်နေရာမှာ အမြင့်ခုန်သမားတွေအတွက် အောက်ခင်းအချပ်အပြားရှိပြီး အဲ့နောက်မှာ ဘောလီဘောထည့်တဲ့ တွန်းလှည်းတစ်ခုလည်းရှိကာ တခြားဘောလုံးတွေကတော့ အဲ့ရှေ့မှာရှိတယ်။
တံခါးနဲ့အနီးဆုံးမှာ ကြိုးခုန်ရတဲ့ကြိုးတွေရှိတယ်။ဒါတွေအားလုံးက အားကစားခန်းမထဲမှာတွေ့နေကျအရာတွေကြီးပဲဖြစ်တယ်။
အဲ့အချိန် အခန်းအလယ်က ကျောက်သင်ပုန်းတစ်ခုရှိနေပြီး နာမည်ငါးခုရှိနေတယ်။
ယင်ရှန်း , ရိဝမ်, စုယင်း, ဒူရိရှင်း, အိုက်လီ
ဒါတွေက သူတို့စာသင်ခန်းထဲမှာမြင်ခဲ့ရတဲ့ နာမည်အတိုင်းပဲဖြစ်တယ်။မတူတာဆိုလို့ ရိဝမ် နဲ့စုယင်း နာမည်ကို အနီရောင်မှင်နဲ့ခပ်ကြီးကြီး ခြစ်ချထားတာပဲ။
အဲ့တော့ ဒီအဓိပ္ပာယ်က သေသွားတာကိုဆိုလိုတာလား...စုယင်း လည်းပဲ သေသွားပြီလား။ခုနကတင် သူတို့ကော်ရစ်ဒါကနေဖြတ်မသွားဖို့အတွက်
စကားပြောခဲ့ကြသေးတယ်လေ။ သူမအဲ့တော့အုပ်ထဲမှာတခုခုဖြစ်သွားတာလား။
ရုတ်တရက် အသံကျယ်တစ်ခုနဲ့အတူ သတိပေးသံထွက်ပေါ်လာတယ်။အဲ့နောက် ရင်းနှီးနေတဲ့ လူသံမဟုတ်တဲ့ မိန်းမသံထွက်ပေါ်လာတယ်။
[ကင်းလှည့်ချိန် ပြီးပါပြီ။ဂျူတီကျဆရာက သူ့အခန်းဆီအခုပဲပြန်သွားပါပြီ ထပ်ပြောပါ့မယ်...]
အေးစက်စက်နဲ့ လူသံမဟုတ်တဲ့မိန်းမရဲ့အသံက အားကစားခန်းတစ်ခန်းလုံးမှာ ထပ်တလဲလဲလာနေပြီး။ပဲ့တင်ထပ်နေသလိုပင်။
အဲ့ဆရာက သေသွားပြီမဟုတ်ဘူးလား။ဘယ်လိုလုပ်ပြီး သူ့အခန်းဆီပြန်လာနိုင်မှာလဲ။
ပြောခါမှ ထိုဂျူတီကျဆရာက အားကစားဝတ်စုံကိုဝတ်ထားခဲ့တာပဲ။ ကြည့်ရတာ သူ့အခန်းက ဒီအပြင်ဘက်က အခန်းတွေထဲကတစ်ခုဖြစ်လိမ့်မယ်။အဲ့မှာ သူတို့ရှာနေတဲ့သော့ရှိနေနိုင်တယ်။
"စီနီယာ ဘာတွေဖြစ်ကုန်တာလဲ"
"အဲ့ဒါပုံမှန် ကျောင်းချိန်ကြေညာနေကြတဲ့ဟာ ဖြစ်လိမ့်မယ်။ကြည့်ရတာ .... ကြေညာခန်းထဲကတစ်ယောက်ကလည်း လူမဟုတ်လောက်ဘူး"
ဟိုအရူးကောင်က ဒီကိုအချိန်မရွေးရောက်လာနိုင်တာကြောင့် သူတို့မြန်မြန်လုပ်မှဖြစ်မယ်။
စတိုခန်းထဲမှာ ဘာသံသယဖြစ်စရာမှမရှိတာကြောင့် နှစ်ယောက်သားခပ်မြန်မြန်ပဲနောက်တစ်ခန်းဆီ သွားလိုက်ကြတယ်။တံခါးကသော့ခတ်ထားတယ် ဒူရိရှင်းလည်း သော့တွဲတွေထဲကသော့နဲ့ တံခါးကိုစမ်းဖွင့်ကြည့်လိုက်တယ်။
တခြားအခန်းတွေထက်စာရင်သေးပြီး ပြတင်းပေါက်လည်းမရှိ။အခန်းက မီတာအနည်းငယ်ပဲရှိတဲ့ စတုရန်းအကျယ်ဖြစ်တယ်။အထဲကလေထုကလဲ မွန်းကျပ်စေတယ်။ဒူရိရှင်း လည်း တခြားအခန်းတွေထက်ပိုပကို သည်းမခံနိုင်ဖြစ်လာကာ သူတကယ်ပဲ အန်ထွက်ချင်လာတယ်။
သူ့ရဲ့အာရုံခံနိုင်စွမ်းထဲမှာ အထူးသဖြင့်အနံ့ခံအာရုံစူးရှတာမို့ ဒီအနံ့တွေကအတော်လေး မနှစ်မြို့စရာကောင်းတယ်။
ဒူရိရှင်း သည်းခံထားရတာကြောင့် မျက်ခုံးတွေကြုံ့ထားမိပြီး အခန်းထဲကိုတစ်လှမ်းဝင်ဖို့ပြင်တယ်။
...ကျွီ....သူတစ်ခုခုကိုတက်နင်းလိုက်မိတယ်။
[ကင်းလှည့်ချိန် ပြီးပါပြီ။ဂျူတီကျဆရာက သူ့အခန်းဆီအခုပဲပြန်သွားပါပြီ ထက်ပြောပါ့မယ်...]
ဒူရိရှင်း ဖုန်းကိုချလိုက်ပြီး ကြမ်းပြင်ကအရာကိုငုံ့ကြည့်တော့ ဘာမှန်းမသိတဲ့ အမည်းတွေ အနီရောင် အတုံးအခဲတွေကိုတွေ့လိုက်ရတယ်။သူဘာကိုတက်နင်းခဲ့မှန်း သူသေချာမသိပေမဲ့ အဖြူရောင်အစအနတွေက သူ့ဖိနပ်မှာကပ်ပါလာတာကြောင့် ဖယ်ချပေမဲ့ ဖယ်လို့မရ။
လက်လျော့လိုက်ပြီး အထဲကိုဆက်လျှောက်သွားတော့ လမ်းတစ်လျှောက်လုံးမှာ တစ်ခုပြီးတစ်ခုကိုတက်နင်းမိလာတယ်။သူ့ဖုန်းမီးကို နံရံကိုထိုးကြည့်ရင်းကြည့်မိတော့ ကြမ်းပြင်ထက်တော့အနည်းငယ်သန့်ရုံသာ။အပြင်ဘက်ခြမ်းက ပျက်စီးနေတဲ့အရာတွေ အက်ကွဲကြောင်းတွေ ဖွာလန်ကြဲနေတာတွေက တစ်ခုခုကြောင့် အဖျက်အဆီးခံလိုက်ရတဲ့အလားပင်။တချို့က လက်ရှိမှာဖြစ်ပျက်ထားတဲ့ ပျက်ဆီးရာတွေဖြစ်ပြီး တချို့ကတော့ ကျောင်းအတိုင်း ဟောင်းနွမ်းနေတဲ့အရာတွေဖြစ်တယ်။
ဒူရိရှင်း နောက်ဆုံးတော့ အထဲကိုလှမ်းဝင်သွားတယ်။
[ကင်းလှည့်ချိန် ပြီးပါပြီ။ဂျူတီကျဆရာက သူ့အခန်းဆီအခုပဲပြန်သွားပါပြီ ထပ်ပြောပါ့မယ်...]
သူတို့အစကကြားခဲ့တဲ့ သတိပေးချက်က ထပ်ပြီးတစ်ခေါက်ပဲကြေညာတာဖြစ်တယ်။အခုတစ်ခုခုချို့ယွင်းနေတဲ့အလား သတိပေးချက်က ဆက်ဆက်ပြီးထုတ်လွှင့်နေဆဲ။အခုအကြိမ်နဲ့ဆို လေးကြိမ်မြောက်ရှိနေပြီ။
ထိုဆရာဖြစ်သူပြန်မရောက်လာသေးလို့များလား...
"အာ..!"
အိုက်လီ ရုတ်တရက် အော်လာတယ်။
"ဘာဖြစ်လို့လဲ"
"စီ...စီနီယာ..."
အိုက်လီတစ်နေရာကို တုန်ယင်နေတဲ့လက်ချောင်းတွေနဲ့ထိုးပြလာတယ်။ဒူရိရှင်း လှမ်းကြည့်လိုက်တော့ သူ့ရဲ့မီးရောင်ကအခန်းထဲမှာလင်းနေပြီး အခန်းနဲ့ အလှမ်းဝေးတဲ့တစ်ဖက် သစ်သားစားပွဲခုံပေါ်မှာ ရိဝမ် ရဲ့ခေါင်းရှိနေတာကိုတွေ့လိုက်ရတယ်။
"...!"
အဲ့ဒါကဘာလို့ဒီကိုရောက်နေတာလဲ...
ထိုဂျူတီကျဆရာက မိန်းအဆောက်အဦးရဲ့ ကော်ရစ်ဒါမှာသေသွားပြီလေ။ထိုလူရဲ့ခေါင်းနဲ့ ပြန့်ကျဲနေတဲ့ခန္ဓာကိုယ်ကိုသူတို့ကိုယ်တိုင်မြင်ခဲ့တာ။ခုနက ဒီအခန်းတံခါးကလော့ခတ်ထားတာကို သူတွေ့ခဲ့တယ်လေ။ဒီမှာဘယ်သူမှလည်း ရှိမနေတာကို ဘယ်လိုလုပ်ပြီး ထိုအရာကြီးက စားပွဲပေါ်ရောက်နေရတာလဲ။
.......................................
Translate by One_One
[Zawgyi]
Chapter-7 (အမဲေက်ာင္း အပိုင္းခုနစ္)
ဒူရိရွင္း လည္း စုယင္း ကိုတစ္ခ်က္ၾကည့္လိုက္ေပမဲ့ ဘာတစ္ခြန္းမွျပန္မေျပာဘဲ ေဆးခန္းအျပင္ဘက္ကိုသာ ဦးတည္ၿပီးၾကည့္ေနတယ္။
"ေအာ္ နင္ကငါ့ကိုလ်စ္လ်ဴရႈထားတယ္ေပါ့။ နင္ေၾကာင့္ငါ့ေကာင္ေလးေသရတာ ငါအခုထိေတာင္...."
စုယင္း စကားေျပာေနရင္း ဒူရိရွင္း ၾကည့္ေနတဲ့ဘက္ကိုလွမ္းၾကည့္မိခ်ိန္ သူမျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ စကားေတာင္ၿပီးေအာင္မေျပာႏိုင္ေတာ့ပဲ ေရွာ့ရသြားကာ ပါးစပ္ကိုလက္နဲ႔အုပ္ထားမိတယ္။
တံခါးရဲ႕အျပင္ဘက္ မီတာအနည္းငယ္အကြာမွာ ဂ်ဴတီက်ဆရာက ေသဆုံးေနၿပီး ေခါင္းတစ္ျခမ္းပင္မရွိေတာ့။ေသြးေတြ အစအနေတြက ေကာ္ရစ္ဒါေတာက္ေလွ်ာက္ ျပန္႔က်ဲေနတယ္။အိုက္လီ လည္း ထိုျမင္ကြင္းေၾကာင့္ အရမ္းေျခာက္ျခားသြားကာ ေရ႐ြတ္ေနတယ္။
"ဘယ္လိုျဖစ္ၿပီး..."
အဲ့ေနာက္မွာ သူတစ္ခုခုကို သြားသတိရလိုက္ၿပီး
"ဒါဆို ကြၽန္ေတာ္တို႔ခုနကၾကားလိုက္ရတဲ့အသံက ဒါႀကီးလား...သူ႔ကို တစ္ေယာက္ေယာက္ကသတ္သြားတာလား"
ဒူရိရွင္း က ေခါင္းၿငိမ့္ျပၿပီး ထိုလူေသေလာင္းဆရာဆီ ေလွ်ာက္သြားတယ္။အိုက္လီ လည္းပဲ ဒူရိရွင္း ေနာက္ကလိုက္သြားတယ္။ဒူရိရွင္း ကုပ္ကုပ္ေလးထိုင္ကာ ဆရာအေလာင္းကို စတင္ရွာေဖြေနလိုက္တယ္။
"အဲ့အေလာင္းထဲမွာ တခုခုရွိလို႔လား"
"ေသာ့"
အေနာက္အိတ္ကပ္ထဲကေန ဒူရိရွင္း ေသာ့တြဲတစုံလုံးရလိုက္တယ္။
အိုက္လီ သူ႔စီနီယာကိုၾကည့္ရင္း ၾကည့္ရင္း ပိုထူးဆန္းလာတယ္လို႔ခံစားလိုက္ရတယ္။ခုနကသူတို႔ကုတင္ေအာက္မွာပုန္းေနကတည္းက စီနီယာရဲ႕အမူအယာေတြက ထူးဆန္းေနတယ္။ခပ္လွမ္းလွမ္းေနာက္ဘက္မွာရပ္ေနတဲ့ စုယင္း က ထိုအရာကိုျမင္ေတာ့ေမးလာတယ္။
"ဒါဆို ငါတို႔ထြက္လို႔ရၿပီမလား"
"ေသာ့မွန္ မမွန္ စမ္းၾကည့္မွပဲရမယ္"
ဒူရိရွင္း မတ္တပ္ရပ္လိုက္ၿပီး ၾကမ္းျပင္ကိုစစ္ေဆးလိုက္တယ္။ေသြးေတြကေနရာတိုင္းျပန္႔က်ဲေနၿပီး ေျခရာတခ်ိဳ႕က ေသြးေတြ အျဖဴအစအနေတြ ၾကားမွာျမင္ေနရတယ္။အဲ့အ႐ူးေကာင္က သူတို႔လာခဲ့တဲ့ေရွ႕ဘက္ကိုဦးတည္ၿပီးထြက္သြားတာပဲ။
ေကာ္ရစ္ဒါ ပတ္လမ္းအတိုင္းဆိုရင္ ျဖတ္သြားဖို႔အခ်ိန္ေတြအမ်ားႀကီးရွိတယ္ဆိုေပမဲ့လည္း သူတို႔ေျပးၿပီးထြက္သြားရင္ ထိုလူကေနာက္ကေနလမ္းေလွ်ာက္လာမွာ အဲ့အခ်ိန္ထိုေျခရာေတြကိုျမင္ၿပီး ခန္႔မွန္းရင္းေရာက္ခ်လာႏိုင္တယ္။
စုယင္း ကေတာ့ သူ႔ေကာင္ေလးရဲ႕ေခါင္းက ထိုဂ်ဴတီက်ဆရာခါးမွာရွိေနေသးတာကိုျမင္ေတာ့ မ်က္ရည္က်လုဆဲဆဲအေျခအေနကိုထိန္းခ်ဳပ္ထားရတယ္။အဲ့ဒီေနာက္ ထိုႏွစ္ေယာက္ထြက္သြားဖို႔ျပင္ေနတာကိုျမင္ေတာ့ သူမလွမ္းတားလိုက္ၿပီး
"ငါ..ငါ...ဝန္ထမ္း႐ုံးခန္းကိုျပန္သြားခ်င္တယ္"
သူမသြားကိုတင္းတင္းေစ့ထားကာ ဆက္ေျပာလာတယ္။
"အာ့ဝမ္ ရဲ႕ ခႏၶာကိုယ္အဲ့မွာက်န္ေနေသးတယ္။ ငါမထားခဲ့ႏိုင္ဘူး"
"ဒါဆိုသြားေလ"
" ဟမ္"
စုယင္း ေျပာတာရပ္သြားၿပီး ရွင္းေအာင္ထပ္ေျပာလာျပန္တယ္။
"ငါေျပာတာက ...နင္တို႔ပါငါနဲ႔အတူလိုက္..."
ဒူရိရွင္း က သူမေျပာတာကိုျဖတ္ေျပာလိုက္ၿပီး
"မင္းဘာသာဘယ္ပဲသြားသြား ငါစိတ္မဝင္စားဘူး။
ငါကေတာ့ ျမန္ျမန္ပဲထြက္သြားခ်င္တယ္"
"နင္.."
စုယင္း မ်က္ခုံးေတြႀကဳံ႕လာၿပီး
"နင္ဘာလို႔ ဒီလိုလူစားျဖစ္ေနရတာလဲ။ငါ့ေကာင္ေလးေၾကာင့္သာမဟုတ္ရင္ ငါတို႔ေျပးလို႔လြတ္မွာတဲ့လား။အခုေနာက္ဆုံးအေနနဲ႔ငါက သူ႔ခႏၶာကိုယ္အစိတ္အပိုင္းကိုစုစည္းေပးခဲ့ခ်င္တာ အဲ့ေလာက္လဲအခ်ိန္ၾကာတာမဟုတ္ဘူး။နင္တကယ္ပဲရက္စက္တဲ့လူစားပဲ အသည္းႏွလုံးမရွိဘူးလား"
"ဟုတ္တယ္ ။ မင္းဘာသာေျပာခ်င္တာေျပာ"
သူတို႔ဒီမွာ ၾကာၾကာရွိေနရင္ ပိုပိုၿပီးအႏၲရာယ္မ်ားလာႏိုင္တယ္။ဂ်ဴတီက်ဆရာက ေသသြားၿပီဆိုေပမဲ့ အာ့႐ႊန္း ဘယ္ေရာက္သြားသလဲဆိုတာ ဘယ္သူမွမသိဘူး။သူတို႔သာ အာ့႐ႊန္း ဆီမွာမိသြားရငိ ဟိုအ႐ူးေကာင္သတိထားမိသြားလိမ့္မယ္။
သူေသခ်ာမမွတ္မိေပမဲ့ သူေသသြားတုန္းက ထြက္ေပၚလာတဲ့ ထိုစကားေျပာသံအရဆိုရင္ "တစ္ခါသုံး" ဆိုတဲ့ သူ႔ရဲ႕ေနာက္တစ္ႀကိမ္အသက္ျပန္ရွင္လာတဲ့
ဒီအခြင့္အေရးမွာေတာ့ သူထပ္ၿပီး မလြဲေခ်ာ္ခ်င္ဘူး။
အဲ့ေနာက္ စုယင္း ကိုလ်စ္လ်ဴရႈလိုက္ၿပီး ဟိုအ႐ူးေကာင္ထြက္သြားတဲ့လမ္းတစ္ေလွ်ာက္က ထြက္ေပါက္ဆီဦးတည္လိုက္တယ္။
စုယင္း ကေတာ့ သူမေျခေထာက္ကိုအႀကိမ္အနည္းငယ္ ေဆာင့္ခ်ေနၿပီး ေဒါသထြက္ေနေပမဲ့လည္း သူမတစ္ေယာက္တည္းလည္း မသြားရဲတာေၾကာင့္ ထိုႏွစ္ေယာက္ေနာက္ကိုသာ လိုက္သြားရေတာ့တယ္။
႐ြက္ကာဆီကိုေရာက္ေတာ့ ဒူရိရွင္း ဒူးေထာက္ခ်လိုက္ၿပီး ေသာ့ေတြကိုစမ္းၾကည့္လိုက္ေပမဲ့ တစ္ေခ်ာင္းမွေတာင္ ကိုက္ညီမေနဘူး။
"ဘယ္လိုျဖစ္ၿပီး.."
စုယင္း အသံကမခ်င့္မရဲျဖစ္ေနၿပီး
"နင္ တစ္ခုခုကိုေမ့ၿပီးမစမ္းမိတာေသခ်ာရဲ႕လား။နင္အရမ္းအေလာတႀကီးလုပ္ေနတာေလ။ တစ္ေခ်ာင္းမွ ေသာ့ဂေလာက္နဲ႔မကိုက္ဘူးဆိုတာျဖစ္ႏိုင္လို႔လား"
အဲ့ေနာက္ သူမဘာသာ ေသာ့ကိုယူၿပီးႀကိဳးစားၿပီး သူမဘာသာ စမ္းၾကည့္ခ်င္ေနတယ္။
ဒူရိရွင္း မတ္တပ္ရပ္လိုက္ၿပီး သူ႔လက္ေမာင္းကိုေျမႇာက္လိုက္တာေၾကာင့္ သူမဖမ္းလို႔မမိလိုက္။ေကာင္မေလးအရပ္က မတ္တပ္ရပ္ရင္ကို 1.5မီတာပဲရွိတာမို႔ 1.8မီတာရွိတဲ့ လူတစ္ေယာက္နဲ႔မယွဥ္ႏိုင္ သူမခုန္ၿပီးယူေပမဲ့မရ။
အိုက္လီ ထိုျမင္ကြင္းကိုၾကည့္ေနရတာ ေပ်ာ္မေနေပ။ ဒါေၾကာင့္သူတို႔ၾကားထဲဝင္ရပ္လိုက္ၿပီးေမးလိုက္တယ္။
"စီနီယာ ကြၽန္ေတာ္တို႔ေနာက္ထပ္ဘာလုပ္ၾကမလဲ"
"အေဆာက္အဦးရဲ႕ ေဘးမွာ တံခါးေပါက္တစ္ခုရွိတာမွတ္မိေသးလား ငါတို႔ၾကည့္ခဲ့တဲ့ေျမပုံမွာေလ"
"ေလွကားရဲ႕ညာဘက္က ေလာ့ခတ္ထားတဲ့တံခါးမလား"
"မင္းမွတ္မိေသးသားပဲ။ အဲ့ကိုသြားၿပီးၾကည့္ၾကမယ္"
အဲ့လိုနဲ႔ သုံးေယာက္သား ထြက္ေပါက္ဂိတ္ကိုေက်ာခိုင္းကာ ေလွကားကိုျပန္တက္ခဲ့ၾကရာ ေနာက္ဆုံးမွာ ေလာ့ခတ္ထားတဲ့ ဆင္တူတံခါးႏွစ္ခုေရွ႕မွာ ရပ္လိုက္ၾကတယ္။ဒီတံခါးက သူတို႔ပထမဆုံးလာခဲ့တုန္းက အတိုင္း ေလာ့ခ္ခတ္ထားေသးဆဲျဖစ္တယ္။
ဒီတစ္ေခါက္မွာေတာ့ တစ္ေခ်ာင္းခ်င္းစီစမ္းဖြင့္ၿပီးေနာက္ ေလးေခ်ာင္းေျမာက္ေသာ့အလွည့္ေရာက္မွာေတာ့ "ကလစ္"ဆိုတဲ့ျမည္သံနဲ႔အတူ ေလာ့ခ္ကပြင့္သြားတယ္။ဒူရိရွင္း တံခါးကို တုန္ယင္ေနတဲ့လက္နဲ႔ ျဖည္းျဖည္းခ်င္းတြန္းဖြင့္လိုက္တယ္။ေလသံတဝူးဝူးနဲ႔အတူ စိုထိုင္းေနတဲ့ေလအေငြ႕အသက္က ေကာ္ရစ္ဒါေတာက္ေလွ်ာက္ ဝင္ေရာက္လာတယ္။ေလျပင္းေၾကာင့္ အသက္ရႈက်ပ္လာၿပီး ေသေတာ့မလိုပင္။
အျပင္ဘက္မွာ မုန္တိုင္းတိုက္ေနပုံေပၚတယ္။ေလထုက စိုထိုင္းၿပီး သူတို႔နားထဲမွာ လႈိင္း႐ိုက္တံ ေခါင္မိုး ဝရန္တာတို႔ကိုျပင္းထန္စြာ႐ိုက္ခတ္ေနၿပီး တိတ္ဆိတ္ေနတဲ့ ေကာ္ရစ္ဒါေတာက္ေလွ်ာက္မွာ ငိုသံသဲ့သဲ့ကဲ့သိုပင္။
ဒီလိုမိုးသက္ေလျပင္းၾကားမွာ သူတို႔ ဘာတစ္ခုကိုမွေသခ်ာမၾကားႏိုင္။ဒူရိရွင္း လည္း သူတို႔ေရာက္ရွိေနတဲ့ဒီေနရာရဲ႕ လက္ရွိအေျခအေနကိုျပန္သတိထားမိၿပီး အျပင္ဘက္ျမင္ကြင္းကိုစစ္ေဆးၾကည့္လိုက္တယ္။ေမွာင္မဲေနၿပီး ေက်ာင္းျပတင္းေပါက္မွာ မိုးစက္ဆိုလို႔ တစ္စက္ေတာင္ရွိမေနဘူး။သူတို႔သာ ျပတင္းေပါက္ကို သတိထားမၾကည့္မိဘူးဆိုရင္ ဒီလိုရာသီဥတုအေျပာင္းအလဲရွိေနမွန္း သိမွာမဟုတ္။
"အဲ့တာ ငါတို႔အျပင္ကိုေရာက္လာတာလား"
စုယင္း မိန္ေမာေနရင္း စၿပီးစိတ္လႈပ္ရွားလာတယ္။
သူတို႔သာ လမ္းမွားထဲေရာက္ေနတာဆိုရင္ေတာင္ ဒီမႏွစ္ၿမိဳ႕စရာအေဆာက္အဦး အေမွာင္ထုထဲကထြက္မွျဖစ္လိမ့္မယ္။ဒီမွာကပိုၿပီးအေျခအေနဆိုးေနၿပီး အခ်ိန္မေ႐ြးေပါက္ကြဲထြက္လာႏိုင္တဲ့အေျခအေနနဲ႔တူေနတယ္။သူတို႔ ထြက္ေပါက္ကိုမေတြ႕ရင္လဲ ဒီဘက္ျခမ္းကို ျပန္လာခဲ့လို႔ရတာပဲ။အေျခအေနတစ္ခုေတာ့ရွိတယ္ သူတို႔သာအထဲမွာလမ္းေပ်ာက္သြားခဲ့ရင္ ေက်ာင္းအေဆာက္အဦးဆီျပန္မေရာက္႐ုံတင္မကပဲ ဒီေတာအုပ္ထဲမွာပဲအခ်ိန္မေ႐ြး ပိတ္မိသြားႏိုင္ၿပီး ဒုကၡေရာက္ေနႏိုင္တယ္။
"ငါတို႔ ဒီဘက္မွာပဲေနသင့္တယ္"
စုယင္း ကေတာ့လက္မခံေပ။ သစ္ပင္ေတြရွိရာကိုလက္ညိဳးထိုးျပၿပီး
"အဲ့မွာေတြ႕လား အဲ့နံရံကိုျဖတ္ေက်ာ္ႏိုင္တာနဲ႔ ေသခ်ာေပါက္ထြက္ေပါက္ပဲ။ဘာလို႔ငါတို႔ကဒီမွာပဲဆက္ေနရမွာလဲ။ေက်ာင္းေနာက္တစ္ေက်ာင္းဆီ ျဖတ္သြားႏိုင္တာလဲျဖစ္ႏိုင္တာပဲ"
ဒီလမ္းက ထြက္ေပါက္မဟုတ္ဘူးဆိုတာ သူတို႔ကိုယ္တိုင္လည္းသိတယ္။ဘာေၾကာင့္လဲဆိုေတာ့ တစ္လမ္းလုံးက အမိုးအကာေတြႀကီးပဲရွိေနၿပီး ဘယ္ေက်ာင္းကမွ ေက်ာင္းေကာ္ရစ္ဒါလမ္းထြက္ေပါက္ကို အမိုးအကာေတြကာရံေပးထားမွာမဟုတ္။
"ငါတို႔အဲ့ကိုျဖတ္သြားလို႔မျဖစ္ႏိုင္ဘူး။ လမ္းေပ်ာက္သြားႏိုင္တယ္"
"အခုခ်ိန္မွာ ငါတို႔ အေနာက္ကိုျပန္လွည့္သင့္တယ္။ဒီေကာ္ရစ္ဒါက ေနာက္ထပ္အမဲလိုက္ေက်ာင္းတစ္ခုကိုခ်ိတ္ထားလား မထားဘူးလားကိုဘယ္သူမွ မသိႏိုင္ဘူး။ အဲ့ဟာသာမွန္ေနမယ္ဆို မင္းကိုယ္တိုင္လည္း မသြားခ်င္ဘူးမလား"
ကံတရားအေပၚပုံအပ္မခ်ဘဲ ဒူရိရွင္း သူ႔စိတ္ထင္တာကိုပဲ ယုံဖို႔ဆုံးျဖတ္လိုက္တယ္။
"ငါတို႔ ဒီမွာပဲဆိုရင္အခ်ိန္မေ႐ြးေနာက္ျပန္ဆုတ္လို႔ရတယ္။ငါတို႔ဒီသစ္ပင္ကိုေက်ာ္တာနဲ႔ ငါတို႔ျပန္လွည့္လို႔ရေတာ့မွာမဟုတ္ဘူး"
ေျပာၿပီးေတာ့ ဒူရိရွင္း ေနာက္ကိုလွည့္ၾကည့္လိုက္တယ္။တံခါးက အျပင္ဘက္ကပဲဖြင့္လို႔ရတာျဖစ္ၿပီး ေသာ့ေပါက္လဲရွိမေန။ သူတို႔ေနာက္ကို ဟိုအ႐ူးေကာင္လိုက္မလာဖို႔ပဲဆုေတာင္းရမွာပဲ။
အဲ့လိုနဲ႔သူေနာက္ေၾကာင္းျပန္လွည့္ဖို႔ျပင္ၿပီး
"သြားၾကစို႔ အိုက္လီ"
"အင္း"
အိုက္လီ ေနာက္ကေနခ်က္ခ်င္းလိုက္သြားတယ္။သူ႔စီနီယာ ဘာေျပာေျပာသူနားေထာင္မယ္။
စုယင္း ကေတာ့ သူမေျခေထာက္ေတြကို ထက္ေဆာင့္ေအာင့္လာျပန္တယ္။ဘာလို႔ေယာက်ာ္းေတြအကုန္လုံးက စကားနားမေထာင္ၾကရတာလဲ။သူတို႔ မျမင္ႏိုင္တဲ့အရာေတြကို မလုပ္ၾကည့္ဘဲနဲ႔ ဘယ္လိုလုပ္သိႏိုင္မွာလဲ သံသယျဖစ္ေနတာေတြကိုပဲ ထိုင္ေတြးေနမွာလား။ရိဝမ္ လည္း အဲ့လိုေတြလုပ္ခဲ့ၿပီး အသက္ေပးလိုက္ရတာပဲ။
သူတို႔ေတြ ၿခံစည္း႐ိုးတံခါးကေနထြက္ဖို႔ဆို ထက္ႀကိဳးစားၾကရဦးမွာပဲ။ဘယ္လိုပဲျဖစ္ျဖစ္ ထြက္ရဖို႔ကအဓိကပဲမလား။သူမကေတာ့ ဒီေက်ာင္းထဲမွာဆက္ကိုရွိမေနခ်င္ေတာ့ဘူး။ ေစာင့္ၾကည့္ေနလိုက္ !! သူမဒီကထြက္လို႔ရသြားတာနဲ႔ ရဲကိုဖုန္းဆက္ၿပီး သူတို႔ကိုကယ္ခိုင္းၿပီးတာနဲ႔ သူမသူတို႔ကို ေလွာင္ရယ္ျပလိုက္ဦးမယ္။
အိုက္လီ လည္း သူ႔ေနာက္ဘက္က ဆူညံသံကိုၾကားေတာ့ လွည့္ၾကည့္ခ်ိန္ ထိုမိန္းကေလးက ေကာ္ရစ္ဒါတစ္ေလွ်ာက္ ျဖတ္သြားေနၿပီျဖစ္ကာ မိုးေရေတြကိုကာဖို႔ သူမမ်က္လုံးေတြကိုလက္နဲ႔အုပ္ကာ သစ္ပင္ရွိရာဆီေျပးသြားေတာ့တယ္။သိပ္မၾကာလိုက္ သူမအရိပ္က မိုးေရေတြထဲမွာပါ ေပ်ာက္ကြယ္သြားတယ္။
သူမအထဲကို ေပ်ာက္ကြယ္သြားတာကိုျမင္ေတာ့ အိုက္လီ က
"စီနီယာ သူထြက္သြားၿပီ သူအဆင္ေျပပါ့မလား"
ဒူရိရွင္း လည္း ေနာက္ကိုလွည့္ၾကည့္လိုက္ၿပီး ေခါင္းခါလိုက္ကာ
" ကိုယ္တို႔လည္းေသခ်ာမသိႏိုင္ဘူး။ အဲ့အေၾကာင္းမေတြးပဲေနၾကရေအာင္"
ေကာ္ရစ္တာကေနျဖတ္သြားရတဲ့ ေက်ာင္းဝင္းႀကီးက မထင္ထားေလာက္ေအာင္ ရွည္တယ္ ရႈပ္ေထြးတယ္။ ေကြ႕ပတ္ရတဲ့လမ္းလည္း ရွိေသးတယ္။ကံေကာင္းတာက လမ္းေၾကာင္းကတစ္လမ္းထဲရွိတာေၾကာင့္သူတို႔လမ္းေပ်ာက္မွာကိုေတာ့ မစိုးရိမ္ရဘူး။
သိပ္မၾကာခင္မွာပဲ သူတို႔ေနာက္တံခါးတခုစီေရာက္လာတယ္။
"ဒါ ေက်ာင္းအားကစား႐ုံပဲ"
တံခါးကိုတြန္းကာ အထဲကိုၾကည့္ၿပီးေတာ့ ဒူရိရွင္းေျပာလိုက္တယ္။
သစ္သားၾကမ္းခင္းက အရမ္းကိုေဟာင္းႏြမ္းေနၿပီး ေနရာတိုင္းက ေဆြးေျမ့ေနကာ သူတို႔ျဖတ္ေလွ်ာက္လာခ်ိန္မွာလည္း ဆူညံသံေတြထြက္လာတယ္။ကြင္းထဲမွာ ေဘ့စ္ေဘာ ကြင္းႏွစ္ခုရွိေပမဲ့ တစ္ခုမွာဆို ပိုက္ကြန္ေတာင္ ရွိမေနေတာ့။ေနာက္တခုမွာေတာ့ ေဘ့စ္ေဘာတစ္လုံးတည္းရွိၿပီး ၾကာလွေနၿပီျဖစ္ေနတာေၾကာင့္ အေရာင္ေတြပါျပန္႔ေနတာျဖစ္ၿပီး သံထည္ပိုက္ကြန္ဟာဆိုရင္လည္း သူတို႔ျဖတ္ၿပီးသြားခ်ိန္မွာ သံေခ်းေတြပါတက္ေနတာကိုျမင္လိုက္ရတယ္။
အရမ္းေမွာင္မဲေနတယ္။ ေကာ္ရစ္ဒါကမွ အလင္းခပ္ေဖ်ာ့ေဖ်ာ့ရွိေသးတယ္။ ဒါေပမဲ့ ဒီမွာေတာ့ အလင္းေရာင္ခပ္မွိန္မွိန္ကို တိမ္ကကြယ္ေနၿပီး ေမွာင္မဲေနတယ္။ဒူရိရွင္း လည္း သူ႔ဖုန္းမီးကိုသာတစ္ခ်ိန္လုံးဖြင့္ထားေနရၿပီး ေကာ္ရစ္ဒါဆီသြားမွာသာ ဖုန္းမီးကိုပိတ္ထားတာျဖစ္တယ္။အခုဒီအားကစား႐ုံထဲေရာက္ေတာ့ သူ႔ဖုန္းမီးကိုျပန္ဖြင့္လိုက္ခ်ိန္ အားက ကုန္လုဆဲဆဲျဖစ္ေနၿပီ။
တျခားအရာထက္ ဝင္လမ္းေပါက္တံခါးျဖစ္တဲ့ အားကစားခန္းနဲ႔တစ္ဆက္တည္းတံခါးအနည္းငယ္ရွိၿပီး အခန္းတစ္ခုကိုဖြင့္ခ်င္ရင္ ေသာ့ေတြပိုၿပီးလိုေကာင္းလိုႏိုင္တယ္။
သူ ဘယ္ဘက္က အနီးဆုံးတံခါးဆီဦးတည္လိုက္တယ္။သူထိုတံခါးကိုဖြင့္ဖို႔ႀကိဳးစားခ်ိန္ ဖုန္ေတြေၾကာင့္အေတာ္ေလး ခက္ခက္ခဲခဲဖြင့္ယူလိုက္ရတယ္။
"အဟြတ္ အဟြတ္"
စတိုခန္းတစ္ခန္းျဖစ္ၿပီး အကုန္လုံးရႈပ္ပြျပဳတ္က်ေနၿပီး ေက်ာင္းကစြန္႔ပစ္ေက်ာင္းျဖစ္လာခဲ့တာေၾကာင့္ ပုံမွန္မဟုတ္တဲ့ ဖုန္ေတြနဲ႔ျပည့္ႏွက္ေနလာပုံေပၚတယ္။သူတို႔ ေျခတစ္လွမ္းလွမ္းတိုင္း ထိုဖုန္ေတြေအာက္မွာ ေျခရာေတြက်န္ရစ္ခဲ့တယ္။အလွမ္းေဝးတဲ့ေထာင့္စြန္းတစ္ေနရာမွာ အျမင့္ခုန္သမားေတြအတြက္ ေအာက္ခင္းအခ်ပ္အျပားရွိၿပီး အဲ့ေနာက္မွာ ေဘာလီေဘာထည့္တဲ့ တြန္းလွည္းတစ္ခုလည္းရွိကာ တျခားေဘာလုံးေတြကေတာ့ အဲ့ေရွ႕မွာရွိတယ္။
တံခါးနဲ႔အနီးဆုံးမွာ ႀကိဳးခုန္ရတဲ့ႀကိဳးေတြရွိတယ္။ဒါေတြအားလုံးက အားကစားခန္းမထဲမွာေတြ႕ေနက်အရာေတြႀကီးပဲျဖစ္တယ္။
အဲ့အခ်ိန္ အခန္းအလယ္က ေက်ာက္သင္ပုန္းတစ္ခုရွိေနၿပီး နာမည္ငါးခုရွိေနတယ္။
ယင္ရွန္း , ရိဝမ္, စုယင္း, ဒူရိရွင္း, အိုက္လီ
ဒါေတြက သူတို႔စာသင္ခန္းထဲမွာျမင္ခဲ့ရတဲ့ နာမည္အတိုင္းပဲျဖစ္တယ္။မတူတာဆိုလို႔ ရိဝမ္ နဲ႔စုယင္း နာမည္ကို အနီေရာင္မွင္နဲ႔ခပ္ႀကီးႀကီး ျခစ္ခ်ထားတာပဲ။
အဲ့ေတာ့ ဒီအဓိပၸာယ္က ေသသြားတာကိုဆိုလိုတာလား...စုယင္း လည္းပဲ ေသသြားၿပီလား။ခုနကတင္ သူတို႔ေကာ္ရစ္ဒါကေနျဖတ္မသြားဖို႔အတြက္
စကားေျပာခဲ့ၾကေသးတယ္ေလ။ သူမအဲ့ေတာ့အုပ္ထဲမွာတခုခုျဖစ္သြားတာလား။
႐ုတ္တရက္ အသံက်ယ္တစ္ခုနဲ႔အတူ သတိေပးသံထြက္ေပၚလာတယ္။အဲ့ေနာက္ ရင္းႏွီးေနတဲ့ လူသံမဟုတ္တဲ့ မိန္းမသံထြက္ေပၚလာတယ္။
[ကင္းလွည့္ခ်ိန္ ၿပီးပါၿပီ။ဂ်ဴတီက်ဆရာက သူ႔အခန္းဆီအခုပဲျပန္သြားပါၿပီ ထပ္ေျပာပါ့မယ္...]
ေအးစက္စက္နဲ႔ လူသံမဟုတ္တဲ့မိန္းမရဲ႕အသံက အားကစားခန္းတစ္ခန္းလုံးမွာ ထပ္တလဲလဲလာေနၿပီး။ပဲ့တင္ထပ္ေနသလိုပင္။
အဲ့ဆရာက ေသသြားၿပီမဟုတ္ဘူးလား။ဘယ္လိုလုပ္ၿပီး သူ႔အခန္းဆီျပန္လာႏိုင္မွာလဲ။
ေျပာခါမွ ထိုဂ်ဴတီက်ဆရာက အားကစားဝတ္စုံကိုဝတ္ထားခဲ့တာပဲ။ ၾကည့္ရတာ သူ႔အခန္းက ဒီအျပင္ဘက္က အခန္းေတြထဲကတစ္ခုျဖစ္လိမ့္မယ္။အဲ့မွာ သူတို႔ရွာေနတဲ့ေသာ့ရွိေနႏိုင္တယ္။
"စီနီယာ ဘာေတြျဖစ္ကုန္တာလဲ"
"အဲ့ဒါပုံမွန္ ေက်ာင္းခ်ိန္ေၾကညာေနၾကတဲ့ဟာ ျဖစ္လိမ့္မယ္။ၾကည့္ရတာ .... ေၾကညာခန္းထဲကတစ္ေယာက္ကလည္း လူမဟုတ္ေလာက္ဘူး"
ဟိုအ႐ူးေကာင္က ဒီကိုအခ်ိန္မေ႐ြးေရာက္လာႏိုင္တာေၾကာင့္ သူတို႔ျမန္ျမန္လုပ္မွျဖစ္မယ္။
စတိုခန္းထဲမွာ ဘာသံသယျဖစ္စရာမွမရွိတာေၾကာင့္ ႏွစ္ေယာက္သားခပ္ျမန္ျမန္ပဲေနာက္တစ္ခန္းဆီ သြားလိုက္ၾကတယ္။တံခါးကေသာ့ခတ္ထားတယ္ ဒူရိရွင္းလည္း ေသာ့တြဲေတြထဲကေသာ့နဲ႔ တံခါးကိုစမ္းဖြင့္ၾကည့္လိုက္တယ္။
တျခားအခန္းေတြထက္စာရင္ေသးၿပီး ျပတင္းေပါက္လည္းမရွိ။အခန္းက မီတာအနည္းငယ္ပဲရွိတဲ့ စတုရန္းအက်ယ္ျဖစ္တယ္။အထဲကေလထုကလဲ မြန္းက်ပ္ေစတယ္။ဒူရိရွင္း လည္း တျခားအခန္းေတြထက္ပိုပကို သည္းမခံႏိုင္ျဖစ္လာကာ သူတကယ္ပဲ အန္ထြက္ခ်င္လာတယ္။
သူ႔ရဲ႕အာ႐ုံခံႏိုင္စြမ္းထဲမွာ အထူးသျဖင့္အနံ႔ခံအာ႐ုံစူးရွတာမို႔ ဒီအနံ႔ေတြကအေတာ္ေလး မႏွစ္ၿမိဳ႕စရာေကာင္းတယ္။
ဒူရိရွင္း သည္းခံထားရတာေၾကာင့္ မ်က္ခုံးေတြႀကဳံ႕ထားမိၿပီး အခန္းထဲကိုတစ္လွမ္းဝင္ဖို႔ျပင္တယ္။
...ကြၽီ....သူတစ္ခုခုကိုတက္နင္းလိုက္မိတယ္။
[ကင္းလွည့္ခ်ိန္ ၿပီးပါၿပီ။ဂ်ဴတီက်ဆရာက သူ႔အခန္းဆီအခုပဲျပန္သြားပါၿပီ ထက္ေျပာပါ့မယ္...]
ဒူရိရွင္း ဖုန္းကိုခ်လိုက္ၿပီး ၾကမ္းျပင္ကအရာကိုငုံ႔ၾကည့္ေတာ့ ဘာမွန္းမသိတဲ့ အမည္းေတြ အနီေရာင္ အတုံးအခဲေတြကိုေတြ႕လိုက္ရတယ္။သူဘာကိုတက္နင္းခဲ့မွန္း သူေသခ်ာမသိေပမဲ့ အျဖဴေရာင္အစအနေတြက သူ႔ဖိနပ္မွာကပ္ပါလာတာေၾကာင့္ ဖယ္ခ်ေပမဲ့ ဖယ္လို႔မရ။
လက္ေလ်ာ့လိုက္ၿပီး အထဲကိုဆက္ေလွ်ာက္သြားေတာ့ လမ္းတစ္ေလွ်ာက္လုံးမွာ တစ္ခုၿပီးတစ္ခုကိုတက္နင္းမိလာတယ္။သူ႔ဖုန္းမီးကို နံရံကိုထိုးၾကည့္ရင္းၾကည့္မိေတာ့ ၾကမ္းျပင္ထက္ေတာ့အနည္းငယ္သန္႔႐ုံသာ။အျပင္ဘက္ျခမ္းက ပ်က္စီးေနတဲ့အရာေတြ အက္ကြဲေၾကာင္းေတြ ဖြာလန္ႀကဲေနတာေတြက တစ္ခုခုေၾကာင့္ အဖ်က္အဆီးခံလိုက္ရတဲ့အလားပင္။တခ်ိဳ႕က လက္ရွိမွာျဖစ္ပ်က္ထားတဲ့ ပ်က္ဆီးရာေတြျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ေက်ာင္းအတိုင္း ေဟာင္းႏြမ္းေနတဲ့အရာေတြျဖစ္တယ္။
ဒူရိရွင္း ေနာက္ဆုံးေတာ့ အထဲကိုလွမ္းဝင္သြားတယ္။
[ကင္းလွည့္ခ်ိန္ ၿပီးပါၿပီ။ဂ်ဴတီက်ဆရာက သူ႔အခန္းဆီအခုပဲျပန္သြားပါၿပီ ထပ္ေျပာပါ့မယ္...]
သူတို႔အစကၾကားခဲ့တဲ့ သတိေပးခ်က္က ထပ္ၿပီးတစ္ေခါက္ပဲေၾကညာတာျဖစ္တယ္။အခုတစ္ခုခုခ်ိဳ႕ယြင္းေနတဲ့အလား သတိေပးခ်က္က ဆက္ဆက္ၿပီးထုတ္လႊင့္ေနဆဲ။အခုအႀကိမ္နဲ႔ဆို ေလးႀကိမ္ေျမာက္ရွိေနၿပီ။
ထိုဆရာျဖစ္သူျပန္မေရာက္လာေသးလို႔မ်ားလား...
"အာ..!"
အိုက္လီ ႐ုတ္တရက္ ေအာ္လာတယ္။
"ဘာျဖစ္လို႔လဲ"
"စီ...စီနီယာ..."
အိုက္လီတစ္ေနရာကို တုန္ယင္ေနတဲ့လက္ေခ်ာင္းေတြနဲ႔ထိုးျပလာတယ္။ဒူရိရွင္း လွမ္းၾကည့္လိုက္ေတာ့ သူ႔ရဲ႕မီးေရာင္ကအခန္းထဲမွာလင္းေနၿပီး အခန္းနဲ႔ အလွမ္းေဝးတဲ့တစ္ဖက္ သစ္သားစားပြဲခုံေပၚမွာ ရိဝမ္ ရဲ႕ေခါင္းရွိေနတာကိုေတြ႕လိုက္ရတယ္။
"...!"
အဲ့ဒါကဘာလို႔ဒီကိုေရာက္ေနတာလဲ...
ထိုဂ်ဴတီက်ဆရာက မိန္းအေဆာက္အဦးရဲ႕ ေကာ္ရစ္ဒါမွာေသသြားၿပီေလ။ထိုလူရဲ႕ေခါင္းနဲ႔ ျပန္႔က်ဲေနတဲ့ခႏၶာကိုယ္ကိုသူတို႔ကိုယ္တိုင္ျမင္ခဲ့တာ။ခုနက ဒီအခန္းတံခါးကေလာ့ခတ္ထားတာကို သူေတြ႕ခဲ့တယ္ေလ။ဒီမွာဘယ္သူမွလည္း ရွိမေနတာကို ဘယ္လိုလုပ္ၿပီး ထိုအရာႀကီးက စားပြဲေပၚေရာက္ေနရတာလဲ။
.......................................
Translate by One_One