8

370 61 4
                                    

[Unicode]

Chapter-8 (အမဲလိုက်ကျောင်း အပိုင်းရှစ်)

ဖြစ်နိုင်တာက....

ဒူရိရှင်း တစ်ဖက်ကိုလှည့်ပြီး လှည့်အကြည့်တွင် ထိုဂျူတီကျဆရာဖြစ်သူက အခန်းဝင်ပေါက်မှာရပ်နေတာကိုမြင်လိုက်ရပြီး ထိုသူရဲ့ညစ်ပတ်နေတဲ့အားကစားဝတ်စုံနဲ့အတူ ပိန်လှီနေတဲ့လက်ထဲတွင် ဖရဲသီးလှီးဓားကိုကိုင်ဆောင်ထားဆဲဖြစ်တယ်။ထိုသူရဲ့ ကွဲကြေနေတဲ့ဦးခေါင်းက ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားတာလဲ။နစ်မြုပ်နေတဲ့မျက်လုံးတစ်စုံကလည်း မျက်လုံးအိမ်ထဲပြန်ရောက်ရှိနေတယ်။

အချက်ပေးသံက နောက်ဆုံးမှာရပ်သွားပြီဖြစ်တယ်။

ဒီမှာ ထွက်ပေါက်ဆိုလို့မရှိတဲ့အပြင် ပြတင်းပေါက်လည်း ရှိမနေပြန်ဘူး။ဝင်ပေါက်မှာ ထိုဂျူတီကျဆရာကရပ်နေတယ်။ ဘယ်ထွက်ပေါက်မှမရှိတဲ့ဒီနေရာကြီးမှာ သေချာပေါက်သေရတော့မှာလား..

မဟုတ်ဘူး... အဲ့လိုမဖြစ်စေရဘူး...

အဆုံးမှာတော့ ဒူရိရှင်း သူ့ကိုသူစိတ်ငြိမ်အောင်လုပ်လိုက်တယ်။အနည်းဆုံး ထိုဆရာကိုသတ်လို့ရနိုင်တယ်ဆိုတာကို သူသိထားတယ်။အချက်ပေးသံမြည်လာတာတဲ့တပြိုင်နက် ထိုဆရာက "ပြန်အသက်ဝင်"ပြီး အခန်းဆီပြန်ရောက်လာတယ်။

ပြီးတော့ ဒီလူက တောင့်တင်းနေပြီး အသိစိတ်မရှိတဲ့အရာကြီးဖြစ်တယ်။သူတို့ကနှစ်ယောက်ရှိတာကြောင့် ကျိန်းသေပေါက်တစ်ခုခုလုပ်နိုင်မှာပါ။

ယင်ရှန်း ထိုဆရာကိုသတ်တုန်းက နောက်ကနေခေါင်းကို အရင်ဆုံးကန်ပြီး ပေါက်ကွဲထွက်သွားအောင်တစ်ခုခုကျွေးလိုက်တာ။သူတို့နှစ်ယောက်အတွက်တော့ အဲ့လိုဒရမ်မာကျတဲ့ဇာက်ကွက်မျိုးလုပ်ဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သူတို့နှစ်ယောက် ထိုဆရာရဲ့လှုပ်ရှားမှုကိုအာရုံလွှဲပြီး တားထားမှဖြစ်လိမ့်မယ်။

အခု သူ့ခေါင်းထဲပေါ်လာတဲ့ အစီအစဥ်က တစ်ယောက်ကို  ငါးစာချမြှားခေါ်ပြီး နောက်တစ်ယောက်ကတိုက်ခိုက်ဖို့ဖြစ်တယ်။သူမြန်မြန်ပဲ သူ့နောက်က တုန်ယင်နေတဲ့ အိုက်လီ ကိုခေါ်လိုက်ပြီး

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now