စည်းချက်မညီသော ရင်ခုန်သံ
By Koe-Amara-Mg
17.7K 622 32
အသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။ More
စည်းချက်မညီသော ရင်ခုန်သံ Part 1
စည်းချက်မညီသော ရင်ခုန်သံ Part 2
စည်းချက်မညီသော ရင်ခုန်သံ Part 3
စည်းချက်မညီသော ရင်ခုန်သံ Part 4
စည်းချက်မညီသော ရင်ခုန်သံ Part 5
စည်းချက်မညီသော ရင်ခုန်သံ Part6
စည်းချက်မညီသော ရင်ခုန်သံ Part7
စည်းချက်မညီသော ရင်ခုန်သံ Part9
စည်းချက်မညီသော ရင်ခုန်သံ Part10
စည်းချက်မညီသော ရင်ခုန်သံ Part11
Part 12
Part 13
စည်းချက်မညီသော ရင်ခုန်သံ Part8
888 35 1
By Koe-Amara-Mg
စည်းချက်မညီသော ရင်ခုန်သံ
                             အခန်း (၈)
.
" Boss သူ့အတွင်းရေးမှူးနဲ့ အားချင်း ရန်ကုန်ကိုဆင်းသွားပါတယ် မိန်းကလေး "
" ဘာ...! ရန် ရန်ကုန် ကို ဟုတ်လား... "
" ဟုတ်ပါတယ် မိန်းကလေး "
ဒြာ,မှာ သူ့အိမ်ရဲ့ ခြံစောင့်ဦးလေးကြီး၏ စကားကြောင့် ခေါင်းထဲ သွေးများစောင့်တက်လာသလား
ထင်ရတဲ့ အထိ ဒေါသထွက်လာ၏။
" အဲ့လူနဲ့အတူ ကလေးတစ်ယောက်ရောပါသွားတယ်မလား ဦးလေး "
" Bossရဲ့သား ကလေးငယ်ငယ်လေးကိုပြောတာထင်တယ်။အဲ့ကလေးလေးဆိုရင်တော့ ပါသွားပါတယ် "
" အဲ့လူရဲ့သား မဟုတ်ဘူး။ အဲ့ကလေးလေးက ဒြာမွေးထားတဲ့ ဒြာ့ရဲ့သားပါ။အခုလို ပြောပြပေးလို့
ကျေးဇူးတင်ပါတယ်။ခွင့်ပြုပါဦး "
" ဟုတ်ကဲ့ မိန်းကလေး "
ဒြာ,ကားကို လက်တစ်ဖက်တည်းနဲ့ သူ့အိမ်ရှေ့ကနေ မောင်းထွက်ရင်း လက်တစ်ဖက်က သူ့ဆီဖုန်းခေါ်လိုက်သည်။
..
" တူ.. တူ.. တူ.. "
" အဟင်း သားသားရေ... မင်းမေမေ လူဆိုးမလေးတော့ ဖေဖေ့ကိုဆူပူဖို့ ဖုန်းဆက်လာပြီကွ "
မာန်,ပေါင်ပေါ်မှာ ပွေ့ချီလျက်သားလေး အိပ်ပျော်နေတဲ့ သားမျက်နှာလေး ချစ်မဝစွာနဲ့ကြည့်ကာ
စကားဆိုပြီး... မြည်နေတဲ့ ဖုန်းကိုကိုင်လိုက်သည်။
" ဟယ်လို "
" ဦးအဂ္ဂမာန်! ရှင် သေချင်နေတာလား! ဟမ် "
ဖုန်းကိုင်လိုက်တာနဲ့ နားထဲစူးပြီးဝင်လာတဲ့ အမြင့်ဆုံးအသံနှုန်းနဲ့စကားသံကြောင့် မာန့်,နားပင်အူသွားရသည်။
တကယ်ပါပဲ ဒေါသကြီးချက်က နုနုထွတ်ထွတ် ရုပ်ကလေးနဲ့မှမလိုက်။
" မင်း စကားကိုကောင်းကောင်းပြောလို့မရဘူးလား။ဘာလို့ အော်ဟစ်ပြောနေတာလဲ။မင်းကြောင့်
ငါ့နားကန်းတော့မယ် လင်းသုဒြာ "
" စကားအကောင်းပြောရအောင် ရှင်က လူကောင်းမို့လား။သူများသားကို ခိုးပြေးသွားတဲ့ ကလေးသူခိုး သားကို ပြန်မပေးရင် ရှင့်ကို ကလေးခိုးမှုနဲ့ အမှုဖွင့်တိုင်မယ် "
" ဘာကွ! ငါ့ကို ကလေး သူခိုး ဟုတ်လား "
ကလေးသူခိုး လို့ အပြောခံရတာကြောင့် မာန်, ဒေါသထွက်သွားရပြီး၊ စကားသံလည်း ကျယ်လောင်သွားရသည်။အဲ့ဒီအခါ ပေါင်ပေါ်မှာ အိပ်နေတဲ့ သားရဲ့ကိုယ်လေးကလူးလွန့်လာတာမို့... ကိုယ့်ဒေါသ ကိုယ်ပြန်ပြီး အရှိန်သတ်ရတယ်။
" ရှင် အခု ဘယ်နေရာမှာလဲ... အခု ရှင်ရောက်နေတဲ့နေရာမှာ ရပ်နေလိုက်။ဒြာ အခု သားကိုလာခေါ်မယ် "
" ငါ့သားကို ငါနဲ့အဝေးဆီခေါ်သွားဖို့ လုပ်နေတဲ့ မင်းဆီကို ပြန်ထည့်မပေးနိုင်ဘူး "
" ဒြာ က သားကိုဘယ်ကိုခေါ်သွားဖို့လုပ်နေလို့လဲ။ရှင် မဟုတ်တာတွေ ပြောမနေဘဲနဲ့ ... ရှင်ရောက်နေတဲ့နေရာကိုသာ ဒြာ့ကိုပြော "
" မင်းကသာ မဟုတ်တာကိုပြောနေတာ မဟုတ်ဘူးလား။ငါ့ဆီကနေ ထွက်ပြေးဖို့ ရှယ်ယာတွေပြန်ထုတ်နေတယ်ဆိုတာ ငါ မသိဘူးထင်နေတာလား လင်းသုဒြာ "
သူ့စကားကြောင့် ဒြာ,သားနဲ့အတူ သူ့ဆီကနေ ထွက်ပြေးဖို့ လုပ်နေတယ်ဆိုတာကို သိသွားပြီမှန်း သိလိုက်ရသည်။
" ရှင်သိသွားမှတော့ ဒြာ လိမ်စရာမလိုတော့ဘူးပေါ့။ဟုတ်တယ် ဒြာ ရှင့်နဲ့အဝေးဆုံးကို ထွက်သွားမလို့.. ဘာလို့လဲ မမေးနဲ့။သားက ရှင့်သား မဟုတ်လို့ဘဲ "
" လင်းသု ဒြာ... "
မာန်, ဒေါသကြောင့် သတိလက်လွတ် အော်မိတော့မလို့ကို သားကိုသတိရသွားတာမို့... အသံကိုလျှော့လိုက်ရသည်။
" မင်း အခုလိုမျိုး ​ငါ့ကို ဒေါသထွက်အောင်လုပ်လေ သားနဲ့မင်းဝေးလေပဲဆိုတာ မှတ်ထား။ငါ အခု ရန်ကုန်ကိုဆင်းနေတာ။သားကိုတွေ့ချင်တယ်၊သားနဲ့အတူနေချင်တယ်ဆိုရင် ရန်ကုန်ကိုလိုက်လာခဲ့ "
" ဘာ...! "
" တစ်ခုတော့ရှိတယ်။ရန်ကုန်ကို ဒီတိုင်းလိုက်လာရုံနဲ့တော့ မင်း သားကိုတွေ့ရမှာ မဟုတ်သလို၊သားနဲ့လည်းအတူနေရမှာ မဟုတ်ဘူး။ငါ့ရဲ့ဇနီးအဖြစ်နဲ့နေမယ်ဆိုမှ သားနဲ့တွေ့ခွင့်ရော၊နေခွင့်ရောရမယ် "
" ဦးအဂ္ဂမာန်! ရှင် သိပ်တရားမလွန်နဲ့! ဒြာ့ သားကိုအခု ပြန်ပေး! "
ဒြာ,စိတ်တိုတာရော ဒေါသထွက်တာရော နှစ်ခုပေါင်းပြီး စကားကိုအော်ဟစ်ပြောဆိုနေမိသည်။
တစ်ဖက်မှာလည်း ဒေါသထွက်နေတဲ့ ဇနီးဆိုးလေးအပေါ်မှာ အသာစီးရနေတာမို့... ကျေနပ်မှုပေါင်းတစ်သောင်းဖြင့်...
" ငါ့ဘက်က မင်းလုပ်ရမယ့်အရာကိုပြောပြီးပြီ။သားအိပ်နေတာမို့လို့... ဖုန်းကိုဒီလောက်နဲ့ချလိုက်တော့မယ်။ရန်ကုန်မှာ ငါတို့တွေ့ကြတာပေါ့ မိန်းမ "
" ဦးအဂ္ဂမာန်! "
" အား... ဒုန်း ဒုန်းဒုန်း... "
ဖုန်းကို အနိုင်ပိုင်းပြောပြီး ချသွားတာမို့...
ကားထဲမှာ ဒြာသည် အော်ဟစ်ပေါက်ကွဲနေမိသည်။
လူကိုလည်း မိန်းမ ဟု အကြောကြီးနဲ့ ပြောချသွားတာ မုန်းစရာကောင်းလိုက်တာ။အဲ့လူသာအနားရှိကြည့်ပါလား။မျက်နှာကို လက်သည်းနဲ့ကုတ်ဆွဲပစ်မှာ။
သူ့ကို စိတ်ဆိုးဒေါသထွက်ရသလို... သားကိုလည်း သူ့လက်ထဲထည့်မပေးနိုင်တာမို့... ဒြာ,ရန်ကုန်ကို လိုက်သွားရမည်။သားကိုသူနဲ့ထားထားတဲ့ အချိန်ကြာလေ၊သားက သူ့ကို ပိုပိုပြီး ရင်းနှီးခင်တွယ်သွားမှာ။ဒြာ,မလိုလားတာကလည်း အဲ့ဒီအချက်ပဲ။သားက အနေနီးပြီး သူ့ကိုခင်တွယ်သွားတာနဲ့ ဒြာ့,ကိုမချစ်တော့ရင်၊ဒြာနဲ့မနေတော့ရင် ဒြာပဲရင်ကျိုးရမှာ။
ဒြာ,သားကို ခက်ခက်ခဲခဲ မွေးထားတာက အခုလိုမျိုး လုယူခံရဖို့မှ မဟုတ်တာ။အေးချမ်းနေတဲ့ ဒြာ့ဘဝလေးကို လာနှောက်ယှက်နေတဲ့ သူ့ကိုလွန်စွာမုန်းတီးမိသည်။
ဒြာ,တစ်ယောက်တည်း ရန်ကုန်ကို ကိုယ်တိုင်ကားမောင်းပြီး သွားဖို့က အဆင်မပြေတာကြောင့်... ရန်ကုန်ကို ညဘက်ထွက်တဲ့ လိုင်းကားစီးပြီး လိုက်သွားဖို့လုပ်ရတော့သည်။
တစ်ခုပဲ စိတ်ပူမိတာ တစ်ခါမှ ဒြာနဲ့မခွဲဖူးတော့...
သားလေး ငိုနေမှာကိုပါ စိတ်ပူနေမိတာ။အိမ်ပြန်နေရင်း  မောင်လေး ရသော်ကိုလည်း ဖေဖေ့နဲ့လာနေပေးဖို့ မှာခဲ့ရအုံးမည်။
........
" ငါ အိမ်နဲ့ ဖေဖေ့ကိုစိတ်ချနေမယ်နော် ရသော် "
" အေးပါ... ငါ သေချာစောင့်ရှောက်ထားမှာမို့လို့...
အစ်မ ကိစ္စကိုသာ အဆင်ပြေအောင် လုပ်လာခဲ့ "
" ကားကထွက်တော့မှာ။ငါ ကားပေါ်တက်တော့မယ်။အိမ်မှာ ဖေဖေတစ်ယောက်တည်းရှိတာ နင်
ပြန်လိုက်တော့။ကားထွက်တဲ့အထိ စောင့်မနေနဲ့တော့ ရသော် "
" ဒါဆို ကျွန်တော် ပြန်နှင့်မယ် "
" အင်း ကားကို ဂရုစိုက်ပြီး မောင်းပြန်နော် "
" အင်း "
ရသော် ပြန်သွားပြီး မကြာပါဘူး၊ဒြာ,စီးတဲ့ ကားက
အောင်ပန်းကနေ ရန်ကုန်ကိုစတင်ခွာတော့လေသည်။ကားက လေအေးပေးစက်ကို အေးနေအောင်
ဖွင့်ထားတာမို့... ဒြာ,သည် အသင့်ထည့်ယူလာတဲ့
မာဖလာလေးကို လည်၌ပတ်ပြီး၊ကားပေါ်ကပေးတဲ့
စောင်လေးကို ကိုယ်တစ်ပိုင်းကို ခြုံပြီး၊မျက်လုံးကို
မှိတ်၍ နေလိုက်သည်။
စိတ်ထဲမှာ အတွေးတစ်ခုပဲရှိနေသည်။အဲ့ဒါက ရန်ကုန်ကို မြန်မြန် ရောက်သွားဖို့ပါ။
.........
" ရှင် နေတဲ့ရာ ဘယ်မှာလဲ "
" မင်း စီးလာတဲ့ ကားရပ်တာနဲ့ ကားပေါ်ကနေသာ
ဆင်းလာခဲ့လိုက်၊မင်းကို လာကြိုခိုင်းထားတဲ့ ငါ့လူတစ်ယောက် ကားဝန်းထဲမှာ အသင့်စောင့်နေတယ် "
" ဒြာ လိုင်းကားနဲ့လာတာ ရှင့်ကိုမပြောထားပါဘူး။ဘယ်သိနေတာလဲ "
ယောက္ခထီးနဲ့ ဖုန်းအဆက်အသွယ်ရှိတာကို မေ့နေပုံရတဲ့ သူမ၏မေးခွန်းကြောင့်... အလုပ်စားပွဲမှာ ထိုင်နေတဲ့ မာန့်နူတ်ခမ်းက တွန့်ကျိုးသွားလေ၏။
" မင်း လိုင်းကားနဲ့လာတာကိုတင် သိတာ မဟုတ်ဘူး။မင်းစိတ်ထဲမှာ ရှိနေတာအားလုံးကိုပါ သိတယ်။အဲ့ဒါကြောင့် သားကိုတွေ့ချင်ရင်၊ လာကြိုတဲ့ လူနဲ့ ကောင်းကောင်း လိုက်လာခဲ့ "
" တောက်! "
" အဟင်း "
တော်တော်လေး ဒေါသထွက်နေပုံရတဲ့ သူမ၏
တက်ခေါက်သံအဆုံးမှာတော့... မာန်သည် ရယ်မောရင်း ဖုန်းကိုချပစ်လိုက်သည်။
အဲ့နောက် အလုပ်စားပွဲကနေ ထရပ်လိုက်ပြီး... အလင်းရောင်ဖြာကျနေတဲ့ ပြတင်းတံခါးနားကို သွားရပ်လိုက်သည်။သားကတော့ ကုမ္ပဏီက ဝန်ထမ်းမိန်းကလေးတွေကြားမှာ စားစရာမျိုးစုံနှင့် ပျော်နေတာများ ဖအေကိုတောင် သတိရဖော်မရတဲ့ အထိပင်။
မာန့်ရဲ့ ဝန်ထမ်းတွေကလည်း လူလွတ်တွေနဲ့ လူပျိုကြီး၊အပျိုကြီးတွေများတာမို့... သားကိုတွေ့တာနဲ့
ဝိုင်းအုံးချစ်နေကြလေရဲ့။သားကလည်း စားစရာတွေကြောင့်ရော၊အလိုလိုက်မှုတွေကြောင့်ရော တော်တော်လေး ပျော်နေလေရဲ့။ကိုယ့်မှာသာ သားအမေလူဆိုးမလေးရောက်လာရင် ကုမ္ပဏီထဲမသောင်းကျန်းဖို့ ဆုတောင်းနေရသည်။
" တင်... "
ဒါရိုင်ဘာနဲ့အတူသွားကြိုတဲ့ အတွင်းရေးမှူးဆီကနေ ဖုန်းမက်ဆေ့ရောက်လာတာပဲ ဖြစ်သည်။" သူတို့ Boss အမျိုးသမီးလေးကို ကြိုလာပါပြီ " ဟု စာပို့လာတာပဲဖြစ်သည်။
မာန်,ခဏနေရင်ရောက်လာတော့မယ့် လူဆိုးမလေးရှေ့မှာ စမတ်ကျချင်မိတာကြောင့်... ပုံကျနေပြီးသား ကိုယ်ပေါ်က အဝတ်စားကို ထပ်ပြီး
ပုံကျအောင် ဟိုသပ်၊ဒီသပ်လုပ်မိပြန်တယ်။
ထိုသို့လုပ်နေမိချင်း၏ အဓိကကတော့... သုံးဆယ်ကျော်ပြီဖြစ်တဲ့ သူမယောက်ျားကိုယ်က အရင်လို စမတ်ကျပြီး ကြည့်ကောင်းနေစဲဆိုတဲ့ ပုံစံကိုပြချင်တာကြောင်ပင်။
ညကတစ်ညလုံးကားစီးပြီးလာရတဲ့ သူမကိုအိမ်မခေါ်ခိုင်းဘဲ... ကုမ္ပဏီကိုတန်းခေါ်လာခိုင်းတာကလည်း တခြားမဟုတ်၊အရင်ကထပ် အလုပ်တွေပိုလုပ်နေတဲ့ ကိုယ့်ရဲ့တိုးပွားလာတဲ့ ပိုင်ဆိုင်မှုတွေက
သူမနှင့်သားကို တင့်တောင်းတင့်တယ်နဲ့ ထားပေးနိုင်ပြီး၊သားရဲ့အနာဂတ်ကို အကောင်းဆုံး ဖန်တီးပေးနိုင်တဲ့ အနေအထားဆိုတာကို ပြချင်လို့ပင်။
အောင်ပန်းဘက်မှာ ဖွင့်ထားတဲ့ ကုမ္ပဏီဆိုတာက
မာန့်အတွက် အသေးအမွှားအဆင့်လောက်သာရှိသည်။ရန်ကုန်မှာ အခြေတည်ထားတဲ့ လေကြောင်းလိုင်းနဲ့ နိုင်ငံခြားမှာမိတ်ဆွေတစ်ယောက်နှင့်အတူ
နှစ်ဦးစပ်ဖွင့်ထားတဲ့ *LD*ဘရမ်း အဝတ်စားကုမ္ပဏီ၏ တစ်နှစ်ဝင်ငွေမှာ သိန်းနှစ်သောင်းအထက်မှာရှိသည်။တခြားလုပ်ငန်းတွေမှာလည်း
ရှယ်ယာများစွာဝင်ထားရှိသေးသည်။
မာန့်၏ ထိုပိုင်ဆိုင်မှုတွေက အကုန်သူမတို့သားမိအတွက်ချည်းပါပဲ။သူမတို့သားမိအကြောင်းကို သိရပြီးကတည်းက တချို့သောရင်းနှီးမြုပ်နှံမှုတွေဆိုရင် သူမနာမည်နဲ့တောင် လုပ်ထားခဲ့သည်။
သားတစ်သက် သူမနှင့်ဝေးနေတဲ့ တစ်လျောက်လုံး
အလုပ်ထဲသာ ခေါင်းနှစ်ထားခဲ့သည်။ထိုနှစ်တွေမှာ
ရှာဖွေစုဆောင်းလို့ရခဲ့တာတွေ အားလုံးက အခုချိန်မှာတော့ သူမအတွက်ပါပဲ။
" ဒေါက် ဒေါက် "
အခန်းပြင်က တံခါးခေါက်သံကြောင့် မာန့်အတွေးတွေလည်း ရပ်သွားရသည်။
" သူဌေးကတော် ကို ကြိုလာခဲ့ပါပြီ Boss "
" ဒီမှာ ဘယ်သူ့ကို သူဌေးကတော်ပြောနေတာလဲ။ဒြာ က သူ့အမျိုးသမိီး မဟုတ်ဘူး ရှင့် "
" ဗျာ... "
ခပ်စွာစွာလေး ရန်တွေ့ပြောဆိုမှုကြောင့်...
မာန့်,အတွင်းရေးမှူးလေးမှာ မျက်လုံးပြာကလက်
ပြာကလက်နဲ့ မာန့်ဆီအားကိုးတကြီး လှန့်ကြည့်လာတာမို့... ခေါင်းညိမ့်ကာ ပြုံးပြလိုက်ရသည်။
အရိပ်အကဲနားလည်လွယ်တဲ့ အတွင်းရေးမှူးလေးက ချက်ချင်းပင် သူမအားတောင်းပန်လေသည်။
" ဟို ဟိုလေ အစ်မ ကျွန်တော် စကားမှားသွားလို့ တောင်းပန်ပါတယ် "
" တောင်းပန်တာထက် နောက်တစ်ခါသာ ထပ်မခေါ်မိစေနဲ့ "
" ဟုတ်ကဲ့ Boss ကျွန်တော်... "
" မင်း သွားလို့ရပြီ မြတ်သူ "
" ဟုတ်ကဲ့ Boss "
ရန်တွေ့ခံရသော အတွင်းရေးမှူးလေးသည် မာန့်ဆီက ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းသာ ရုံးခန်းထဲကနေ ထွက်သွားတော့သည်။
" သား ဘယ်မှာလဲ "
" သားလား... ရှိပါတယ်။ အရင်ထိုင်ရအောင် "
" ဒြာ ထိုင်ဖို့လာတာ မဟုတ်ဘူး။သား ကို ခေါ်ဖို့လာတာ "
စွာရုံတင်မဟုတ် ခေါင်းကလည်းမာချက်။
သူမ,ခေါင်းမာသလို ကိုယ်လည်း အလျော့ပေးဖို့ အတွေးက သေးသေးတောင်မရှိ။
" ကောင်းပြီလေ... သားကိုလာခေါ်တာဆိုရင် မင်းခေါ်သွားလို့ရတယ်။ဒါပေမဲ့ ကလေးအဖေကိုတော့
သားကိုခေါ်မသွားခင် ငါ တွေ့ရမှဖြစ်မယ်။ငါ ပြောတာကို မင်းဘက်က လုပ်မပေးနိုင်ရင်တော့... သားကိုခေါ်သွားခွင့် ဘယ်တော့မှ ရမှာ မဟုတ်ဘူး "
တစ်ခါလာလည်း သားရဲ့အဖေ သားအဖေဆိုတဲ့
စကားနဲ့ အကြပ်ကိုင်နေတဲ့ သူ့ကို ဒြာ,တော်တော်ဒေါသထွက်မိသည်။
သူအကြပ်ကိုင်တိုင်း ဒြာကလည်း ကြောက်မယ့်သူ
မဟုတ်ပါဘူး။
" ဦးအဂ္ဂမာန် က သားရဲ့အဖေကို အသည်းအသန် တွေခြင်နေမှတော့... ဒြာ က တွေ့ပေးရမှာပေါ့ "
" ဘာ...! "
............ ကဲ နှစ်ယောက်သားရဲ့ ကြောင်နဲ့ကြွက် ဖြစ်နေမှုလေး😁
#ကိုးအမရာမောင်
                             အခန်း (၈)
.
" ဟုတ်ပါတယ် မိန်းကလေး "
ကျေးဇူးတင်ပါတယ်။ခွင့်ပြုပါဦး "
" ဟုတ်ကဲ့ မိန်းကလေး "
..
" တူ.. တူ.. တူ.. "
" ဟယ်လို "
" လင်းသု ဒြာ... "
" ဘာ...! "
" ဦးအဂ္ဂမာန်! "
" အား... ဒုန်း ဒုန်းဒုန်း... "
........
" အင်း "
မှိတ်၍ နေလိုက်သည်။
.........
" ရှင် နေတဲ့ရာ ဘယ်မှာလဲ "
" တောက်! "
" အဟင်း "
" တင်... "
" ဒေါက် ဒေါက် "
" ဗျာ... "
" ဟုတ်ကဲ့ Boss "
" သား ဘယ်မှာလဲ "
" သားလား... ရှိပါတယ်။ အရင်ထိုင်ရအောင် "
မဟုတ်ပါဘူး။
" ဘာ...! "
#ကိုးအမရာမောင်
Continue Reading
You'll Also Like
2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel