ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-2)
''ဘယ်ကမိန်းမကို အိမ်ခေါ်လာတာလဲ ဓနမော်ကွန်း!..''
အဘိုးဖြစ်သူ ဦးမင်းထင်မော်ကွန်းက ဆိုဖာပေါ်က ကျုံကျုံလေး ထိုင်နေတဲ့ ကြွေရုပ်လွှာကို ကြည့်ပြီး မေးလာသည်။ အကြည့်တွေက လုံးဝအထင်သေးနေမှန်း သိသာလွန်းနေသည်။ ဓနမော်ကွန်းကတော့ ခပ်တည်တည်နဲ့ ကြွေရုပ်လက်ကို ဆတ်ခနဲ ဆွဲကာ.
''ကျုပ်ယူထားတဲ့ မိန်းမ''
''ဘာ!..မင်းမိန်းမ ဟုတ်လား၊ မင်း သူ့ကို ဘယ်လိုကြည့်ပြီး ရွေးချယ်လိုက်တာလဲ၊ ဘာလဲ ရုပ်လှလို့လား''
''တော်ပြီ ကျုပ် သူ့ကို ဘာလို့ ရွေးချယ်လိုက်ရလဲဆိုတာ သူနဲ့ကျုပ် နှစ်ယောက်တည်းပဲ သိတယ် ၊ ချောမှလှမှ ရွေးရမယ်ဆိုရင် ကျုပ်အသက်နှစ်ဆယ်ကတည်းက အိမ်ထောင်ကျပြီးပြီ''
''အေး အဲလိုအသက်လေးဆယ်ကျော်မှ ထဖောက်ရတဲ့ အကြောင်းကို ငါက မေးနေတာ၊ မင်းယူလိုက်တဲ့ မိန်းမကလည်း အသက်တောင် ပြည့်ရဲ့လားမသိဘူး''
သေးသွယ်ငယ်ရွယ်လွန်းတဲ့ ကြွေရုပ်လွှာကိုကြည့်ပြီး ဦးမင်းထင်မော်ကွန်းက ပြောလာသည်။ ရွှေရောင်မျက်မှန်ကိုင်းကို တကိုင်ကိုင်နဲ့ ကြွေကိုလည်း ခဏခဏ အကဲခတ်ကြည့်နေသည်။ သူတို့ရဲ့ အထင်သေးသလို အကြည့်စူးစူးတွေ ကြားမှာ ကြွေ နေမတတ်ဖြစ်ရသည်။
မနေ့ကတည်းက ကြွေရုပ်လွှာဟာ ဒီအိမ်ပေါ်သို့ ရောက်လာခဲ့သည်။ သူမ ရောက်လာတော့ ဦးဓန က အိမ်မှာမရှိ။ အခု မနက်စောစောမှ ဦးဓနကအိမ်ကို ပြန်ရောက်လာသည်။ ဦးဓနမော်ကွန်း အိမ်ပြန်ရလာတာနဲ့ အချိန်သိပ်မခြားဘဲ ဦးဓနမော်ကွန်းရဲ့ အဖိုး ဦးမင်းထင်မော်ကွန်းက ရောက်ချလာသည်။ မြေးဖြစ်သူရဲ့ သတင်းတွေကို ကြားကြားချင်း လိုက်လာတယ်နဲ့ တူပါတယ်။
''ဘာလို့ အဘိုးက အခုမှ လာပွားနေရတာလဲ၊ အဖိုးပဲ ခဏခဏ မိန်းမယူဖို့ ပြောနေတာမဟုတ်ဘူးလား''
''မိန်းမယူဖို့ ပြောနေတာက မင်းလို အဆင့်အတန်းရှိပြီး မင်းနဲ့ ရွယ်တူမိန်းမမျိုးကို ပြောတာ၊ အခုလို ဘယ်ကမှန်းမသိ ကိုယ့်သမီးအရွယ် ကလေးကိုယူဖို့ ပြောတာမဟုတ်ဘူး..၊ ဟေ့ ကောင်မလေး..''
ဦးမင်းထင်မော်ကွန်းက သူမြေးကို ကြိမ်းမောင်းရင်း ကြွေရုပ်လွှာကိုပါ တစ်ဆက်တည်း ခေါ်လာသည်။ သူမကို ခေါ်တာ သိတာနဲ့ သေးသွယ်သော ကိုယ်လုံးလေးက ဆတ်ခနဲ တုန်ရီသွားရသည် ။
''ဟုတ်ကဲ့''
''အသက်ရော ပြည့်ရဲ့လား''
''ဟုတ် ပြည့်ပါပြီ''
''ဒါနဲ့ ဓနမော်ကွန်းကို မင်းတကယ်ချစ်တာလား''
''ရှင့်!.. ဟို.. ဟို..''
ကြွေရုပ် ဘယ်လိုဖြေရမှန်းမသိ။ နံဘေးကနေ နဂါးမျက်စောင်းနဲ့ အကြည့်ခံနေရတာက တစ်မျိုး။ အရှေ့က သူ့အဖိုးကလည်း ကြွေဆီက ပြောလာမယ့်စကားကို သေသေချာချာ နားစိုက်နေသည်။
ကြွေဘယ်လိုဖြေလိုက်ရမလဲ..။ ကြွေမှာ အဖြေမရှိ။ ကြွေအနေနဲ့ ဦးဓနမင်းထင်ကို တစ်ခါနှစ်ခါမျှသာ တွေ့ခဲ့ဖူးသည်။ နှစ်ခါ သုံးခါမျှ တွေ့ဖူးတဲ့ ဦးဓနမော်ကွန်းကို ကြွေ ချစ်လည်းမချစ်သလို ဘယ်လိုခံစားချက်မျိုးမှ မရှိခဲ့။
မသံသာက ကြွေကို သူ့အိပ်ခန်းထဲ ခေါ်ပြီး ဒီအိပ်ခန်းမှာ တစ်ညလောက် အိပ်ပေးဖို့ တောင်းဆို လာသည်။ မခြူးသံသာရဲ့ ချစ်သူက ခေါ်လို့အပြင်ထွက်ရမှာကို ဦးထွန်းမြိုင်နဲ့ ဒေါ်ကလျာတို့ မရိပ်မိစေဖို့ မသံသာရဲ့ အခန်းမှာ ကြွေဟာ တစ်ညလောက် နေပေးရသည်။ ညသန်းခေါင်ကျော်တာနဲ့ ကြွေလည်း သံသာရဲ့ မွေ့ရာပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားရသည်။ ထိုသို့ အိစက်စက် မွေ့ရာကို ကြွေတစ်ခါမှ မမြင်ဖူးသလို မထိတွေ့ဖူးခဲ့ပါ။ မွေ့ရာအိအိလေးပေါ်မှာ ကြွေဟာ ထိုင်ကောင်းကောင်းနဲ့ ထိုင်ပြီး မကြာမီ အိပ်ပျော်သွားရသည်။ ဒီအချိန်မှာပဲ ဦးဓနမော်ကွန်းက အခန်းထဲဝင်ရောက်ပြီး သူမကို စော်ကားသွားခဲ့တာမဟုတ်လား။ အိမ်ကို တစ်ခါနှစ်ခါ လာခဲ့ဖူးပေမဲ့ ဦးဓနမော်ကွန်းရဲ့ နာမည်ကိုတော့ ကြွေ သိနေသည်။
''အဘိုးပြောစရာရှိတာ ပြောပြီးပြီဆိုလည်း သွားတော့၊ ကျုပ်နဲ့ ကြွေ ပြောစရာရှိသေးတယ်''
''ဘာကွ မင်းက ငါ့ကို နှင်ထုတ်နေတာလား၊ ငါက မင်းအဘိုးနော်''
''အဘိုးကလည်း အလိုက်မသိလို့ပေါ့၊ ကျုပ်တို့က ညားခါစဗျ၊ ညားခါစလင်မယားတွေက အချိန်ကို အကျိုးရှိရှိ အသုံးချရမှာမဟုတ်ဘူးလား''
''မင်း ကျစ်!..''
တစ်ဦးတည်းသော မြေးဖြစ်သူကို အဘိုးလုပ်သူက မပြောနိုင်တော့ ခေါင်းတစ်ခါအခါနဲ့ တပည့်တွေနဲ့အတူ အိမ်ပြန်သွားတော့သည်။
💙💙💙💙💙💙💙
လူတွေပြန်သွားတာနဲ့ အိမ်ထဲ ဦးဓနမော်ကွန်းနဲ့ ကြွေရုပ်လွှာ နှစ်ယောက်တည်းသာ ကျန်ခဲ့သည် ။ ဒီလူကြီးနဲ့ ကြွေနှစ်ယောက်တည်း မနေချင်။ ဖြစ်နိုင်ရင် သူ့အနားမှာ မနေချင်တာ ဖြစ်သည်။
အရှေ့မှာ ထိုင်နေတဲ့ ကြွေရုပ်လွှာဆိုတဲ့ မိန်းမကို အကြည့်စူးစူးနဲ့ ကြည်ပေးလိုက်သည်။ ဓနမော်ကွန်းက ခပ်စူးစူးကြည့်လေ ကြွေရုပ်ဆိုတဲ့မိန်းမက နေမတတ်လေပင်။ ထို့နောက် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူမက နံဘေးသို့ တဖြည်းဖြည်း သူနဲ့ဝေးရာကို ရွေ့သွားတော့သည်။
'' ဘာဖြစ်တာလဲ ငါက မင်းကို ကိုက်စားမလို့လား ''
''မဟုတ်..မဟုတ်ပါဘူး''
တကယ်က ကြွေရုပ်က သူ့ကိုကြောက်နေတာ။
ဘာမှ မလုပ်ရသေးဘဲ သူ့ကို ကြောက်လန့်နေတဲ့ ကြွေရုပ်လွှာကိုကြည့်ပြီး ဓနမော်ကွန်း အသည်းတယားယား ဖြစ်နေသည်။
ဦးထွန်းမြိုင်နဲ့ အလုပ်ကိစ္စ ပြောဖို့ သူတို့အိမ်ကို စရောက်ကတည်းက ဓနမော်ကွန်းရဲ့ မျက်လုံးထဲမှာကြွေရုပ်လွှာက ရောက်နေသည်။ အလိုလိုသတိထားမိတာမျိုးလည်း ဖြစ်သည်။ သတိမထားမိဘဲရိုး ရှိမလား။ သူမ ရုပ်ရည်က သူများအိမ်က အိိမ်ဖော်လို့တောင် မထင်ရ။ ဖြူတဲ့အသားအရေနဲ့ သွယ်လျပြီး ချပ်ကပ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် ရင်သားတွေကအစ မို့မို့လုံးလုံးလေး၊ တင်ပါးလေးကလည်း လုံးဝန်းအိစက်ပြီး တအားကို နူးညံ့လွန်းတာ ဟိုညကတည်းက သူ သိထားပြီးပြီ။
သူမ မျက်နှာကို တစ်ခေါက်ကြည့်ပြီးရင် မျက်နှာမလွှဲချင်စရာ ထပ်ခါထပ်ခါ ကြည့်ချင်ရသည်အထိ။ အဲဒီမိန်းမက အခုတော့ သူ့မိန်းမဖြစ်လာပြီ ။ သူ့လို ထိပ်တန်းသူဌေးစာရင်းဝင်တစ်ယောက်အနေနဲ့ အချောအလှတွေ မြောက်မြားစွာ အနားမှာ ခေါ်ထားလို့ ရပါလျက်နဲ့ ဒီမိန်းမကိုတော့ အနားမှာ ထူးထူးဆန်းဆန်း ခေါ်ထားချင်နေသည်။
'' ကြွေရုပ်လွှာ''
''ရှင့်..''
''မင်းက ..''
''ဟုတ် ဟုတ်ကဲ့..''
ကြောက်လွန်းလို့ တုန်ရီနေတဲ့ သူမကို ကြည့်ပြီး ဓန မချင့်မရဲ ဖြစ်လာသည်။ ဒီလောက်ကြောက်ကြောက်စရာလိုလို့လား..။
လင်မယားတောင် ဖြစ်နေပြီပဲ တစ်နေ့လုံး တစ်ညလုံး ဒီမျက်နှာကိုပဲ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကြည့်သွားရတော့မှာမလား။ အဲဒါကို ဒီမိန်းမက တော်တော်လေးကို ကြောက်ပြနေသည်။
'' မင်းကို ငါအနေနဲ့ တောင်းပန်စရာမရှိဘူးလို့ ထင်တယ်''
''ရှင့်!..''
မိန်းမတစ်ယောက်ကို ရစရာမရှိအောင် ဖျက်ဆီးခဲ့ပြီးမှ တောင်းပန်စရာမရှိဘူးဆိုတော့ ကြွေရုပ်လွှာ မျက်နှာလေး မဲ့သွားရသည်။ ကိုယ်က တောင်းပန်ခံချင်တာမျိုး မဟုတ်ပေမဲ့ အဲ့ဒီအပေါ်မှာ အနည်းငယ်မျှ အားနာပေးတာမျိုး စိတ်မကောင်းဖြစ်ပေးတာ အဲလိုလေးတော့ လိုချင်ပါသည်။
ဓနမော်ကွန်းရဲ့ မျက်နှာက ကြွေရုပ်လွှာကို တစ်စက်ကလေးမှ အားနာမှုမရှိတဲ့အပြင် ဒီအပေါ်မှာလည်း တောင်းပန်စရာ မရှိခဲ့သလို အေးတိအေးစက်ပင်။ အေးပေါ့လေ သူလိုလူတစ်ယောက်နဲ့ ကိုယ်ကလည်း တောင်းပန်ခံရတဲ့အထိ အဆင့်အတန်းက မိုးနဲ့မြေမလား။
''ဆေးကြောင့် အသိတရားမရှိတဲ့ အချိန်မှာ မင်းကို စော်ကားမိခဲ့လို့ ငါ့ကိုယ်ငါ ဒေါသထွက်နေတာအမှန်ပဲ၊ ဒါပေမဲ့ ဒါတွေအားလုံးက ငါ့အပြစ်မဟုတ်ဘူးလေ၊ ဆေးခပ်တဲ့ မင်းအလုပ်ရှင်ရဲ့အမှားတွေပဲ၊ အဲဒီတော့ မင်း အပြစ်တင်ချင်ရင် အဲဒီလင်မယားနှစ်ယောက်ကို တင်''
''ကြွေ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး..''
''ဒီအိမ်မှာ မင်းက နေမှာ ဆိုတော့ ငါမင်းကို ပြောမယ်၊ ဒီအိမ်ကြီးထဲမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိမယ်၊ ဒါပေမဲ့ မနက်ခြောက်နာရီ ညနေခြောက်နာရီထိတော့ ဒီအိမ်ကို အလုပ်သမားတွေ အများကြီး လာလိမ့်မယ်၊ ညဆိုရင် သူတို့အတွက် ပေးထားတဲ့ တစ်ဖက်ခြံက အလုပ်သမားတန်းလျားကို သွားကြလိမ့်မယ်''
'' ဟုတ်ကဲ့''
''မင်းကတော့ ဝါသနာပါရင် အိမ်မှုကိစ္စလုပ်လို့ရတယ် မတားဘူး ဒါပေမဲ့ မလုပ်ချင်ရင် သဘောပဲ၊ အတင်းအကြပ် ခိုင်းတာမျိုး မဟုတ်ဘူး နားလည်လား''
''ဟုတ်ကဲ့''
ဓနမော်ကွန်း ပြောသမျှ ကြွေရုပ်လွှာက တဟုတ်ဟုတ်နဲ့ နားထောင်နေသည်။
''ဒါပေမဲ့ ငါ့ရဲ့ဝေယျာဝစ္စကိုတော့ မင်းတစ်ယောက်တည်း လုပ်ရမယ်၊ ဘယ်လိုလဲ လုပ်နိုင်ရဲ့လား''
''လုပ်နိုင်ပါတယ် ကြွေက မမသံသာအိမ်မှာဆို တအိမ်လုံးရဲ့ အလုပ်ကို ကြွေတစ်ယောက်တည်းပဲ လုပ်ရတာပါ၊ ဦးဓနရဲ့ ဝေယျာဝစ္စကိုတော့ တစ်ယောက်တည်း လုပ်နိုင်ပါတယ်''
''ပြီးရောလေ ဒီနေ့တော့ တက်နားတော့၊ ညက ဘယ်မှာ နေလိုက်တာလဲ''
''ဟိုမှာ''
အောက်ထပ်က အခန်းသေးသေးလေးကို လက်ညိုးထိုးပြလာသည်။
''အပေါ်ထပ်မှာ ငါတို့နှစ်ယောက်ရဲ့ အိပ်ခန်းရှိတယ်''
''ရှင့်..''
အိပ်ခန်းဆိုတဲ့ ဝေါဟာရကို ပြောသွားတာကြောင့် ကြွေ မျက်နှာလေး သိသိသာသာ ပျက်သွားရသည်။
အဲဒီအခန်းထဲမှာ ဦးဓနမော်ကွန်းနဲ့ နှစ်ယောက်ထဲ မနေချင်ဘူး။ ကြွေကို တစ်ယောက်တည်း တသီးတသန့်ကြီး အခန်းပေးပါလို့ မတောင်းဆိုရဲပေ။
သူကိုယ်တိုင်တောင်မှ ကြွေကို ဇနီးမယားတစ်ယောက်နေရာက နေရာပေးသွားတာပဲမလား။ ရှင်နဲ့ အတူမနေနိုင်ဘူးဆိုပြီး ဘယ်လိုသတ္တိတွေနဲ့ ပြောရပါ့မလဲ။
'' ဒါနဲ့ မနက်ဖြန် မင်းအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ အဝတ်အစားတွေ အကုန်လုံး လာပို့လိမ့်မယ်၊ မင်းဆိုဒ်ကို ငါသိထားပြီးသား ဆိုတော့..''
''အာ..''
ရှင်းရှင်းလင်းလင်း ပြောလာတဲ့ ဦးဓနရဲ့ စကားတွေကြောင့် ကြွေမျက်နှာလေး နီမြန်းသွားရသည်။
''အရင်ဘဝဟောင်းက အဝတ်အစားတွေ ဘာတစ်ခုမှ မမြင်ချင်ဘူး''
''ဟုတ်ကဲ့''
''ငါ့ရဲ့ မိဖုရားနေရာမှာ နေရင် ငါချမှတ်တဲ့ စည်းကမ်းကို လိုက်နာ''
''ဟုတ်ကဲ့''
ကြွေ ဓနအရှေ့မှာသာ တဟုတ်ဟုတ်နဲ့ ခေါင်းညိတ်လက်ခံနေပေမဲ့ စိတ်ထဲမှာတော့ ဒီအိမ်ကနေ အမြန်ဆုံး ထွက်ပြေးလိုက်ချင်သည်။
ဒီအိမ်ကြီးမှာ ဒီလူကြီးနဲ့ နှစ်ယောက်တည်း မနေချင်လို့ တစ်ယောက်တစ်ယောက်များ ကယ်ပေးရင် သိပ်ကောင်းမှာပဲ..။
💙💙💙💙💙💙💙
တအိမ်တည်း အတူနေရသော ပထမဆုံးည..။
ကြွေရုပ်လွှာ လက်ဖျားတွေ သွေးမရှိသလို အေးစိမ့်နေသလို ရင်ဘတ်တွေကလည်း နိမ့်ချည်မြင့်ချည်း ဂဏှာမငြိမ်။
တံခါးအဝသို့သာ ကြည့်နေရပြီး တစ်စုံတစ်ယောက် ဝင်လာမှာကို အင်မတန်မှ စိုးထိတ်နေရသည်။ တအိမ်လုံးမှာမှ ဦးဓနမော်ကွန်းနဲ့ ကြွေရုပ်လွှာသာ ရှိတာမို့ တံခါးဖွင့် ဝင်လာမည့် သူကလည်း ဦးဓနတစ်ယောက်တည်းသာ ဖြစ်သည်။
ဟင့်အင်း မဝင်လာပါစေနဲ့.. အလုပ်တွေ တညလုံး ရှုပ်ပါစေ
ကြွေရုပ်ရဲ့ ဆုတောင်းဟာ မပြည့်ဝခဲ့ပါ။ တံခါးလေးက ပွင့်လာ၍ ညအိပ်ဝတ်စုံနဲ့ ဝင်လာသူက ဦးဓနမော်ကွန်း..။
အခန်းထဲ ဝင်လာတာနဲ့ သူမကို တချက်ကြည့်ပေမဲ့ အကြည့်စူးစူးတွေကတော့ တစ်ချိုးတည်း..။ သူ့အကြည့်တွေက ကြွေတကိုယ်လုံးကိုများ ဖောက်ထွင်းသွားမလားမသိ။
''ဘယ်လို ဝတ်ထားတာလဲ ''
''ဟင်..''
ဦးဓနက ကြွေ ဝတ်ထားတဲ့ ညအိပ်အဝတ်ကို ကြည့်ပြီး အလိုမကျသလို ပြောလာသည်။ ဘာများ ဖြစ်လို့ပါလိမ့်..။ ကြွေရုပ် ဝတ်နေကျအတိုင်း ရိုးရိုးအင်္ကျီနဲ့ ထမိန်လေးပါပဲ..။
''နောက်နေ့ မင်းအတွက် Night Dress ဝတ်စုံ လှလှလေးတွေ ဝယ်ပေးမယ် ''
''ဟင့်အင်း ကြွေ မဝတ်ချင်ဘူး ဒီတိုင်း.. ဒီအတိုင်းလည်း အဆင်ပြေပါတယ်''
''မင်းက ငါ့ကို ပြန်ပြောရဲလား''
အာ ကြွေရုပ် မေ့သွားတာ..။ အိမ်ကြီးရှင်အရှင်သခင်ကိုမှ ကြွေက မကြောက်မရွံ့ပြန်ခံငြင်းနေတာ..။
တိတ်သွားတဲ့ ကြွေရုပ်လွှာကို ဓနမော်ကွန်း တချက်စိုက်ကြည့်ပြီး အခန်းထဲက မီးဆိုင်းတွေကို အရင်ပိတ်လိုက်သည်။ ညအိပ်မီးလုံးလေးကို ပြောင်းဖွင့်၍ သူမ ထိုင်နေသော ကုတင်ပေါ် တဖြည်းဖြည်း တိုးကပ်လာသည်..။
ကြွေရုပ် အနားသို့ တိုးကပ်လာသော ဓနကို ကြည့်ပြီး ထွက်ပြေးချင်စိတ်က တဖွားဖွား။ သို့ပေမယ့် ခြေလှမ်းတွေကတော့ ကျောက်ချထားသယောင်..။
''အိပ်ကြရအောင် ''
အသံက နူးညံ့တာလည်းမဟုတ် မာကြောတာမျိုး မဟုတ်ဘဲ ယောကျ်ားပီသလွန်းနေသလို..။ ပခုံးပေါ် ချထားသော ဆံနွယ်လေးတွေက်ို တယုတယ ဆုပ်ကိုင်လာ၍ အကြည့်ချင်း ဆုံစေသည်။
ကြွေကတော့ နောက်ပိုင်း ဘာဆက်ဖြစ်လာမလဲဆိုတာ အနည်းငယ်မျှ ရိပ်စားမိတော့ သူ့ကို ကြောက်လန့်တကြားသာ ကြည့်နေမိသည်။ သူကတော့ ရဲတင်းစူးရှလွန်းတဲ့ အကြည့်တွေထဲဟာ ရမ္မက်ခိုးတွေ ငွေ့နေပြီ။
လက်တွေကလည်း လျင်မြန်စွာပဲ ကြွေရုပ်ရဲ့ အင်္ကျီတွေကို တလွှာချင်း ချွတ်ပစ်လိုက်ပြီး လုံးဝန်းအိစက်ချိုမြိန်မှန်း အရသာသိထားပြီးသော နို့လုံးလုံးလေးပေါ် အမြန်အခြေချလာသည်။
💙💙💙💙💙💙
To be continue
ရှင်မွှေးလွန်း