''အပူကအရမ်းကြီးနေတော့ ဂြိုလ်တု ထည့်မှရမယ်''
ဆရာဝန်ရဲ့အပြောကြောင့် အိပ်ယာပေါ် မှေးနေတဲ့ ကောင်လေးက
ကိုယ်လေးကျုံ့သွားသည်၊ ဒါကို ချာတိတ်ရဲ့ဘယ်ဘက်မှာ ထိုင်ရင်း
ချာတိတ့်ဘယ်လက်ကို ကိုင်ထားတဲ့ ဝသုဏ်ဟာ သတိထားမိပါသည်။
''ဆရာထည့်ပေးခဲ့မယ်''
''မရဘူး!''
ဆရာဝန်တောင် ဆေးအိတ်ကိုလက်လှမ်းတုန်း ဝသုဏ့်ကို လည်ပြန်
အလန့်တကြားကြည့်ရသည်။
''ကျွန်တော်ဘဲထည့်မယ်..ဆရာ''
''ကိုင်း..ဒါဆိုလည်း ဟုတ်ပီ ဆရာမနေ့ကပေးတဲ့ဆေးတွေကိုတော့
ဆက်တိုက်ထားပေး paraadiam 500 ကိုတော့ 4 နာရီခြား
တစ်ခါ သက်သာတဲ့အထိထည့်ပေး..''
''ဟုတ်ဆရာ..ကျွန်တော် ဆရာပြောတဲ့အတိုင်းလုပ်ပါမယ်''
.
.
.
.
ချာတိတ်ကို ဆူပြီရိုက်လိုက်မိတဲ့နေ့ရဲ့ ညဘက်စပြီး ချာတိတ်ဖျား
တာ နှစ်ရက်မြောက်ရှိပြီ...အဖျားဟာ ကျလိုက်၊တက်လိုက်နဲ့
နောက်ဆုံး ကိုယ်တွေကိုက်ခဲလာတာကြောင့် ဝသုဏ်မှာ
တော်တော် စိတ်ပူရပါသည်။ဒီနှစ်ရက်လုံးလည်း ဝသုဏ် ကိုယ့်ကိုယ်
ကို နောင်တလည်းရ အပြစ်လည်းတင်မိသည်၊ချာတိတ်ဟာ သူ့ကြောင့် နဲ့ လန့်ဖျား ဖျားရတာ။
ဆန်ပြုတ်အိုးချပြီး ခဏအအေးခံနေတုန်း ရေခဲသေတ္တာထဲက
ဂြိုလ်တု ကို ယူပြီး ချာတိတ်ဆီပြေးရသည်၊ ချာတိတ်ကိုမြန်မြန်
သက်သာစေချင်ပြီ။
''မှိုင်း''
''ဟင်~~''
''ကိုယ် အဖျားကျအောင်ဆေးထည့်မလို့...''
''ဟင်~~''
ဗိုက်လေးထွက်ကတည်းက ဘေးတစောင်းအိပ်နေကြမို့ ကောင်လေး
ကို အသိပေးပြီးတာနဲ့ ချည်ဘောင်းဘီလေးကို ချွတ်ကာ ထည့်စရာ
ရှိတာထည့်ရတော့သည်။
''အင့်!''
''ပြီးပြီ..ပြီးပြီးနော်''
''ဟင်း~~~''
အပူပြင်းတော့ ချာတိတ်ဟာ ည ည်းနေရသည်၊ ကိုယ် တွေပါ
ကိုက်ခဲတော့ ချာတိတ်တော်တော်ခံစားရသည်၊ ဝသုဏ် တကယ်ကိုမကြည့်ရက်ပါ။
''ပျောက်တော့မှာ..နေကောင်းတော့မှာနော်...ကြားလား ကိုယ့်မှိုင်း''
လှိုင်တက်လာတဲ့ ဝမ်းနည်းစိတ်နဲ့ မျက်ရည်များနဲ့အတူ သူ့ဆီသာ
ကူးစမ်း အဖျားတွေ လို့သာပြောရင်း ချာတိတ်နဖူးလေးကို
အနမ်းပေးမိသည်။
.
.
.
.
ဂြိုလ်တု နှစ်ခါမြောက်ထည့်အပြီးမှာတော့ ချာတိတ် သက်သာလာ
သည်၊အပူလည်းကျကာ ကိုယ်တွေလည်းမနာတော့ဘူးလို့ ချာတိတ်
ဆီက အသံကြားရတာနဲ့ ဝသုဏ် အသက်ပြင်းပြင်းရူရတော့သည်။
သူ့စိတ်ထဲမှာသာ အပူမီးတွေဖြစ်နေပေမဲ့ ချာတိတ်ကတော့ မြင်မည်
မဟုတ်၊ ဒါမှမဟုတ် သူကဘဲ မပြတတ်လို့များလား။
''ဆန်ပြုတ်သောက်ရအောင်''
ပြောလည်းပြောရင်း ကုတင်ပေါ် စားပွဲအသေးခင်းလို့ ဆန်ပြုတ်ပန်း
ကန်ပါတင်ပေးလိုက်သည်၊ ကုတင်ဘောင်မှီရင်း ထိုင်နေတဲ့ ကောင်
လေးက အဖျားပျောက်ခါစမို့ ဖြူဖက်ဖြူရော်၊ ဆရာဝန်ကလည်း
ကိုယ်ဝန်နဲ့မို့ ကိုယ်ခံအားကောင်းအောင် အစားများများစားပြီး
ဆေးတွေလည်းမှီဝှဲရမည်လို့ပြောသွားတာမို့ အစားနဲ့ပက်သက်ရင်
တော့ မှိုင်းအပေါ် အရင်လိုဘဲတင်းကျပ်မည်ဖြစ်သည်၊ သိုပေမဲ့
ဗိုက်ဗိုက်ကို အလန့်တကြားဖြစ်အောင် ကြမ်းကြမ်းတမ်းတမ်း
လုပ်တော့မည်တော့မဟုတ်..သူဆင်ခြင်ရမည်။
''သောက်လေဆန်ပြုတ်''
မျက်တောင်မခတ်တမ်း ဆနိပြုတ်ပန်းကန်ကို ကြည့်နေတဲ့ကောင်
လေး မသောက်ချင်ဘူးလို့လည်းမငြင်းဘဲ ဝသုဏ်ပြောတော့မှ
ဇွန်းကိုစကိုင်သည်။
''ဟင်း...~~~''
သုံးဇွန်းလောက်ဝင်ပြီးတော့ သက်ပြင်းချသံ သဲ့သဲ့လေးထွက်လာ
သည်၊ ဝသုဏ် အလုပ်စားပွဲမှာ စာရင်းတွေလုပ်နေရင်း မသိချင်ယောင်သာဆောင်ထားသည်၊ ချာတိတ် ဘက်က စကားစပြောလာမှာကို သူစောင့်နေသည်၊ ဘာလို့ဆို ချာတိတ်ကို
ဘောင်းဘီချွတ်ရိုက်ပြီးကတည်းက သူ့ဘက်က ကိုယ့်ကို
ကိုကိုလို့မခေါ်သေး..၊
''ကို~''
အသံက တိုးပြီးပျောက်သွားသည်၊ ဒါတောင် ဝသုဏ်က ဘယ်တော့
ခေါ်မလဲဆိုပြီး နားစိုက်ထောင်နေလို့သာ မဟုတ်ရင် ကြားမှာမဟုတ်၊
ဒါပေမဲ့ ဝသုဏ် မထူးပါ၊ မကြားသလိုသာနေသည်၊ ချာတိတ်
သေချာခေါ်မှ သူထူးမှာဖြစ်သည်။
''ကိုကို''
ဒီတခါလည်းတိုးသည်၊ နောက်ပြီး ခေါ်သာခေါ်တာ အကြည့်တွေက
ဝသုဏ်ဆီမှာမရှိ ဆန်ပြုတ်ပန်းကန်ကို သာ ကြည့်နေသည်၊
''ပြော''
ဝသုဏ် ထူးလိုက်ပါသည်၊ သူကြားချင်ရတဲ့အသံလေး ကြားလိုက်ဘီ
ပဲ။
''ဟို..ကုန်..ကုန်တော့ဘူး ''
ဝသုဏ် အလုပ်စားပွဲကထလို့ ကုတင်ဆီလျှောက်သွားလိုက်သည်၊
ဝသုဏ် လာနေမှန်းသိတော့ ကိုယ်ကိုကျုံ့ပြီး လက်ကိုပိုက်သည်၊
ခေါင်းကိုလည်းငုတ်ထားဆဲ၊ ဝသုဏ် တကယ် အသည်းယားသလို
စိတ်လည်းမကောင်းရသည်၊
''ဟ''
ချာတိတ်နဲ့မျက်လုံးချင်ဆုံအောင် ဝသုဏ် မရမက လိုက်ကြည့်တော့
နူတ်ခမ်းလေးခပ်ဟ ဟနဲ့ အသံထွက်လာသည်၊ သူနေရခက်ပါ
သည် ဆိုတဲ့အမူအရာ။
''ကဲ တော်တော့ မစားနဲ့တော့ ဒါပေမဲ့ ဆေးတော့သောက်ရမယ်''
ဆေးသောက်ရမယ်ဆိုတော့ မျက်လုံးအဝိုင်းသားနဲ့ မနေ့ကလည်း
ဆေးကို သူစားမဲ့ ဆန်ပြုတ်ထဲ ကြိတ်ထည့်ထားတာဖြစ်သည်၊ဒီနေ့
ကတော့ ဝသုဏ်မထည့်ဖြစ်၊ ဆေးသောက်ရမှာ မကြောက်အောင်
ကျင့်ပေးချင်တာဖြစ်သည်။
''မျက်လုံးပြူးမကြည့်နဲ့ ချာတိတ်..ဆေးလုံးကြီးရင် ကိုယ်
ပိုင်းပေးမှာ ..ကြောက်စရာမဟုတ်လို့မကြောက်ရဘူး ကြားလား''
''ဟွန့်''
အသံသေးသေးလေးကို ဝသုဏ်ကြားဖြစ်အောင်ကြားလိုက်ရ
သေးသည်၊ ဒါဟာ သူမသောက်ချင်ဘဲသောက်ရလို့ အလိုမကျတဲ့
အသံလေး..တကယ်ပါ ချာတိတ်ဟာ ဝသုဏ်ပြောရင် မလုပ်ဘူး
လည်းမဟုတ်၊ ထိုသို့ အမူအရာလေးတွေနဲ့တော့ မလုပ်ချင်ကြောင်း
ပြတက်နေတာ ဗိုက်ကလေး လပို့ရင့်လာကတည်းက...
တခေတ်//
တိုသွားပါတယ်ကွယ် နောက်ပိုင်းတွေကျ အတိုးချပြီး ရေးပေးပါ့မယ်