26(uni)

1.3K 46 1
                                    

ဒီနေ့နဲ့ဆို မြူခိုး သူ နဲ့မတွေ့ရတာ တစ်ပတ်နီးပါးရှိပြီ။ သူ အရင်ခေါ်
မှ မြူခိုးစိတ်ဆိုးပြေမှာလို့ တွေးထားပေမဲ့ လက်တွေ့မှာတော့အဲ့လို
မဟုတ်၊ သူ ဟာ တကယ်နေနိုင်တဲ့လူကြီး၊ အိပ်ယာပေါ်လူးလှိမ့်နေ
ရင်း ကြံရာမရတဲ့အဆုံး မြူခိုး ဖုန်းထဲက contact တခုကို
နှိပ်လိုက်သည်။

''ဟဲလို''

တဖက်က ဖုန်းချက်ချင်းကိုင်လာသည်မို့ ဝသုဏ် တယောက်သောသူ
ကိုမြင်ယောင်လာသည်၊ ထိုသူဟာဆိုလျှင်လည်း ဝသုဏ်ခေါ်ရင်
ချက်ချင်းကိုင်သည်။

''ဘုန်းသွန်းလား''

''ဟုတ်တယ်ဗျ ကိုမြူခိုး''

''မင်းတို့တွေနေကောင်းတယ်မလား...ဟို မတွေ့တာကြာတော့လေ..
ဟိုကောင် ညီသွန်းရော...ဟိုမမကြီးရော ဘယ်လိုလဲ..ဒီတိုင်းသတိရ
လို့ဆက်လိုက်တာ''

''နေ..နေကောင်းတယ် သားတို့တွေ၊ မမကြီးရော၊ညီလေးရော ဒေါင်ဒေါင်
မြည်ဘဲ..ဟို ကိုကိုကြီးလည်းဘဲနေကောင်းပါတယ်''

''ငါမင်းကို မမေးမိပါဘူး...မပြောနဲ့ အဲဲ့လူအကြောင်း''

''အကိုနဲ့ ကိုကိုကြီး ဘယ်လိုပြသနာဖြစိထားတယ် သားမသိပါဘူး
ဒါ..ဒါမဲ့..သားကတော့ပြန်အဆင်ပြေစေချင်တယ်.. အကိုမြူခိုးလည်း
ကိုကိုကြီးကို ချစ်ရဲ့သားနဲ့ကို''

''........''

''ကိုကိုကြီးက နေသာကောင်းပေမဲ့ သူ့စိတ်ထဲမကောင်းနေဘူးဆိုတာ
သား အတပ်သိတယ်..ဒါ..ဒါကြောင့်...

''တော်တော့ ဘုန်းသွန်းရာ..ငါမသိချင်တော့ဘူး..မင်းအကို ကိုယ်တိုင်
က ကိုငါ့ကိုမချော့တာလေ..ငါဘာဆက်လုပ်ရမလဲ''

''ကိုကြီးက တကယ် အကိုမြူခိုးကို ချစ်တာပါ..အဲ့တာ သားအာမခံ
ရဲတယ်...နောက်ပြီး ဒီရက်ပိုင်းတွေမှာ အကိုမြူခိုးကို ဖုန်းတဂွမ်ဂွမ်
မဆက်ရဘူး တဲ့..အေးဆေးအနာယူပါစေ ဆိုပြီး သားကိုမှာထား
တာ..အဲ့..အဲ့ဒါကြောင့် သားအကိုမြူခိုးဖုန်းဆက်လာမှာကိုဘဲမျှော်နေတာ''

''........''

''ပြန်အဆင်ပြေလိုက်ပါတော့နော် အကိုမြူခိုး..သား..သားက ပြန်အဆင်
ပြေစေချင်တာ...သား ဒီလိုမျိုးဖြစ်ကြတာကို သားမကြည့်ရက်ဘူး''

ကိုယ့်မှိုဏ်းWhere stories live. Discover now