ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

122K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111

Part 34

1K 148 1
By Swae_Nyoe

Unicode

အပိုင်း ၃၄ ငါ့ရဲ့အဘွားက သင်ပေးခဲ့တာ။ 

ပြတင်းပေါက် အဟကြားဟာ ကြီးသထက်ကြီးလာပြီးနောက် ထိုသရဲငယ်၏ ပိန်ပါးသောကိုယ်ကို ရှေ့နောက် တတွန့်တွန့် သွားနိုင်အောင် ခွင့်ပြုပေးသလို ဖြစ်သွားသည်။ 

နင်မုန့်ဟာ ကြားနေရသော ဆူညံသံများကြောင့် တုန်ယင်နေသည်။ သို့ရာတွင် သူမကိုယ်တိုင်လည်း သိချင်စိတ် ပြင်းပြနေသည်။ ကိုယ်ပေါ် စောင်ခြုံထားရင်းမှ ကြည့်ချင်စိတ် ပြင်းပြလာသည့်အတွက် မျက်လုံးတစ်ဝက်ကိုသာ ဖော်ပြီး ချောင်းကြည့်လိုက်သည်။ 

သရဲငယ်၏ ကိုယ်ဟာ ထူးခြားစွာ သေးငယ်ပြီး သူမလက်မောင်း အရှည်လောက်ပင် မရှိချေ။ ထို့အပြင် ပြားကပ်နေသေးသည်။ သုံးဖက်မြင် အမြင်နှင့်သာ မကြည့်လျှင် သူမက စက္ကူရုပ်ဟုသာ ထင်မိလောက်သည်။ သူမက စနစ်ကို မေးလိုက်သည်။ 

“ဒါက ဘာလုပ်ချင်တာလဲ။ ငါ့ကို လာစားမလို့လား”

စနစ်က တစ်ခဏခန့် တွေးတောပြီးနောက် ပြန်ဖြေသည်။ 

“သူက သိချင်စိတ် ပြင်းပြလို့ တစ်ချက် လာကြည့်တာ ဖြစ်လောက်ပါတယ်”

နင်မုန့်ဟာလည်း ထိုတုံ့ပြန်မှုကြောင့် ကြောင်သွားသည်။ 

“ဘာကို သိချင်စိတ် ပြင်းပြစရာ ရှိနေလို့လဲ။ ငါက ကြောင်တောင်တောင် လူလည်း မဟုတ်ပါဘူး။ ဘာများ ကြည့်စရာ ရှိလဲ”

သူတို့ စကားပြောနေစဉ်တွင် ထိုသရဲငယ်လေးဟာ နောက်ဆုံးတွင် အခန်းထဲသို့ အပြည့်အဝ တိုးဝင်နိုင်သွားသည်။ 

နင်မုန့်ဟာ ထိုသရဲငယ်လေး ပေါ်လာကြောင်း မြင်သောအခါ ပြုံးလိုက်သည်။ သူဟာ အရုပ်ဆိုးသော အိုဟောင်းနေသည့် အရုပ်တစ်ရုပ်နှင့် တူသည်။ ကြောင်တောင်တောင် အဝတ်များကို ဝတ်ဆင်ထားပြီး မျက်စိစူးစေသေးသည်။ 

ပြတင်းပေါက်မှ ထိုသရဲလေးဟာ ခုန်ချလာကာ အခန်းထဲတွင် ပတ်လျှောက်တော့သည်။ သူ၏ နဂိုက ပြားကပ်နေသော ကိုယ်ဟာလည်း အသားပြန်ပြည့်လာပြီး လုံးဝိုင်းသည့် ခပ်ဝဝ အရုပ်ကလေးကဲ့သို့ ဖြစ်သွားသည်။ သို့ရာတွင် ရုပ်ဆိုးနေသေးသည်။ အသားအရေဟာလည်း သရဲမှန်း သိသာအောင် ဖြူစုတ်လွန်းနေသည်။ 

နင်မုန့်ဟာ သူမကိုပင် ဂရုမစိုက်ဘဲ အခန်းထဲ လျှောက်ပတ်ပြေးနေကြောင်း မြင်သောအခါ သူမ နှလုံးသားထဲမှ ထိတ်လန့်မှုကို တွန်းဖယ်လိုက်နိုင်သွားသည်။ ကိုယ်တိုင်ပင် ပဟေဠိဖြစ်လာသလို ခံစားလိုက်ရသည်။ 

“ဘယ်လိုသရဲမျိုးက ဒီလို ပုံစံရှိတာလဲ”

စနစ်က ရှင်းပြသည်။ 

“ဒါက အရိုးရှင်းဆုံး အနိမ့်ဆုံး သရဲငယ်လေးပါပဲ။ သူ့မှာ ကိုယ်ပိုင်အသိစိတ် မရှိတော့ တခြားသူတွေရဲ့ အမိန့်အတိုင်း နာခံကြတယ်”

ဆိုလိုသည်မှာ သူဝတ်ထားသော ဝတ်စုံများကို တခြားသူများက ပြင်ဆင်ထားပေးခြင်း ဖြစ်လောက်လေသည်။ နင်မုန့်က အလွန်အံ့ဩသွားသည်။ မည်သို့သော လူမျိုးက သရဲများကို ဝါဂွမ်းအပေါ်ထပ်အင်္ကျီနှင့် ကြောင်တောင်တောင် အရောင်မျိုးကို တွဲဆက်ကာ ချုပ်ဝတ်ပေးထားပြီး ပါးပြင်ကို နီရဲသောပန်းသီးနှင့် တူအောင် လုပ်ပေးထားကြောင်း နားမလည်နိုင်တော့ချေ။ 

တကယ်ကို မတွေးမိလောက်အောင်ပါပဲ။ 

ထိုသရဲငယ်လေးက အခန်းထဲတွင် ခဏတဖြုတ် ပတ်ပြေးနေပြီး သူ၏လုံးဝိုင်းသော ကိုယ်လေးက ဆက်တိုက်ပင် ရွေ့လျားနေသည်။ ထို့နောက် သူ၏ခြေလက်များဖြင့် ကုလားထိုင်ပေါ် ကုန်းတက်ပြီးနောက် စားပွဲပေါ် လဲချကာ ထိုပေါ်တွင် တင်ထားသော ပစ္စည်းများကို လှမ်းကြည့်သည်။ နင်မုန့်ဟာ သူမ၏ ဂူငယ်လေးအထဲမှ ထွက်လာပြီးနောက် ဂရုတစိုက်ဖြင့် တံခါးထံသို့ လျှောက်သွားလိုက်ကာ လျန်ဖုန်းမိန်နှင့် ဒီညအတူအိပ်ရန် ဆုံးဖြတ်လိုက်သည်။ 

သို့သော် သူမ မမျှော်လင့်ထားသည်မှာ ထို့နောက် တစ်ခဏတွင် ထိုသရဲငယ်လေးဟာ ရုတ်တရက် သူမဘက် လှည့်ကြည့်လာခြင်း ဖြစ်သည်။ 

တံခါးဝတွင် ပုန်းနေသော နင်မုန့်က မည်သည့်ကြွက်သားကိုမျှ မရွေ့ရဲတော့ချေ။ ထိုသရဲငယ်လေး သူမထံ လှမ်းလာသော ခြေလှမ်းတိုင်းက သူမ၏ခြေထောက်များကို ပျော့ကျသွားစေပြီး ကြမ်းပြင်ပေါ် ပုံကျမတတ် ဖြစ်သွားစေသည်။ ထိုသရဲငယ်လေးဟာ လက်မောင်းလေးကို ဆန့်လျက် သူမကို တွန်းလာသည်။ 

နင်မုန့်က တံထွေးမျိုချလိုက်သည်။ သူ လုပ်ချင်သည့်အတိုင်း လုပ်ခွင့်ပြုထားသည့်အတွက် သူမ၏ညဝတ်ဝတ်စုံကိုပင် မ,လုနီးပါး ဖြစ်သွားသည်။ အဆုံးတွင် သူမက ကိုယ့်ကိုယ်ကိုယ် ထိန်းမထားနိုင်တော့ဘဲ လက်ညှိုးသုံးကာ ပြန်တို့လိုက်သည်။ 

ထိုသို့အတို့ခံရသောကြောင့် ဖြစ်နိုင်သည်။ ထိုသရဲငယ်လေးဟာ ရုတ်တရက် လှုပ်ရှားမှုကို ရပ်တန့်သွားသည်။ သူ၏ပန်းသီးကဲ့သို့ ဖြစ်နေသော ပါးပြင်များဟာ ပြားကပ်သွားလေရာ ပို၍ပင် အရုပ်ဆိုးသွားသည်။ စနစ်က ရုတ်တရက် ပြောလာသည်။ 

“မင်း သူ့ကို ခြောက်လိုက်ပြီ”

နင်မုန့် “…” 

ဒီမှာ ကြောက်လွန်းလို့ ငိုချင်နေတာ ငါပါ။ 

သရဲငယ်လေးဟာ အနည်းငယ် သိချင်စိတ် ပြင်းပြလွန်းပြီး ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်သူ တစ်ယောက်ဖြစ်သည်။ သူဟာ ငယ်ရွယ်ချိန်ကတည်းက ထိုသို့ အဝတ်အောက်များ လိုက်ချောင်းကြည့်ရခြင်းကို သဘောကျနှစ်ခြိုက်နေလျှင် အရွယ်ရောက်လာသည့်အခါ ဆိုးရွားသွားပေလိမ့်မည်။ 

သို့သော် သူမက မမျှော်လင့်ထားသည်မှာ ကြောင်အသွားသော သရဲငယ်လေးက ရုတ်တရက် သူ၏နီရဲနေသော နှုတ်ခမ်းများကို ရှုံ့မဲ့ပြီး သူမထံမှ ထွက်ပြေးကာ ကုတင်အနောက်တွင် သွားပုန်းလျက် လျှို့ဝှက်စွာဖြင့် ပြန်ချောင်း ကြည့်လာခြင်း ဖြစ်သည်။ 

စိတ်ဝင်တစား လိုက်ကြည့်မိသော နင်မုန့်ကပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ 

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိအောင် ကြာညောင်းသွားပြီးနောက် သရဲလေးဟာ နောက်ဆုံးတွင် ပြန်လျှောက်ထွက်လာကာ ပြတင်းပေါက်ပေါ် တစ်ဖန်ကုန်းတက်သည်။ သူ၏ကိုယ်ဟာ လေထဲတွင် တောက်လျှောက် ပြားကပ်သွားပြီးနောက်တွင် ပြတင်းပေါက် အဟကြားမှ တိုးဝင်ကာ အပြင်သို့ အသားကုန်ထွက်လျက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

နင်မုန့်ဟာ နောက်ဆုံးတွင် စိတ်အေးသွားသည်။ 

ဘယ်မိသားစုက သရဲက ငါ့ဆီ လာလည်တာလဲ။ ငါ့မှာသာ လုံလောက်တဲ့သတ္တိမရှိရင် ဒါကြောင့် ကြောက်လွန်းလို့ သေသွားလောက်ပြီ။ ကံကောင်းစွာနဲ့ ဒီသရဲလေးက လူတွေကို မခြောက်တတ်ဘူးပဲ။ 

သူမဟာ သူမ၏ထုံထိုင်းနေသော ခြေထောက်ကို တစ်ချက် ဆိတ်လိုက်ပြီးနောက် ပြတင်းပေါက်ကို ခပ်တင်းတင်း ပိတ်လိုက်ပြီး လိုက်ကာများကို ဆွဲချလိုက်ကာ ပင်ပန်းနွမ်းနယ်သော မျက်နှာ တုန်ယင်နေသော ကိုယ်ဖြင့် အိပ်စက်ရန် ကြံစည်လိုက်သည်။ သူမ မနက်ဖြန် အတန်းတွင် ငိုက်နေလောက်လေပြီ။ 

ပြတင်းပေါက်ပေါ်မှ ခုန်ချလိုက်သည့် သရဲလေးဟာ မြေပြင်သို့ ပြုတ်ကျသွားသည်။ သို့သော် သူ ခြေပြန်ရပ်လိုက်ချိန်တွင် ဘာမှမဖြစ်ပျက်ခဲ့သည့်အတိုင်း ဖြစ်သွားသည်။ တစ်ခဏခန့် ကြောင်အနေပြီးနောက်တွင် ဖြည်းညင်းစွာဖြင့် အပြန်လမ်းကို ဦးတည်တော့သည်။ 

ကောင်းကင်က မှောင်မဲနေသည်။ လမ်းပေါ်တွင် လူတစ်ယောက်သာ လမ်းလျှောက်နေသေးလျှင် မီတာဝက်ခန့် ရှိသော ကလေးငယ်လေးတစ်ယောက်ဟာ လူရှင်းနေသော လမ်းတွင် လျှောက်သွားနေခြင်းကို မြင်နိုင်လောက်လေသည်။ လရောင်ဟာ လမ်းပေါ် ဖြာကျနေသည်။ သူ၏အိမ်ပြန်လမ်းဟာ ထင်ရှားနေတော့သည်။ 

စံအိမ်မှ ပြတင်းပေါက်က ပွင့်သွားသည်။ စားပွဲပေါ်တွင် တင်ထားသော ညမီးအိမ်ဟာ ပြတင်းဘောင်နားတွင် ရပ်နေသော မျက်နှာတစ်ခုအပေါ် ရောင်ပြန်ဟပ်နေသည်။ ထိုမျက်နှာတွင် နီရဲသော ပါးလေးများနှင့် နီရဲသော နှုတ်ခမ်းရှိပြီး အသားအရေဟာလည်း ဖြူဆုတ်နေသည်။ 

သရဲငယ်လေးဟာ ပြတင်းပေါက် ဘောင်ပေါ် ကုပ်တက်ရန် မနည်းရုန်းကန်ရရှာသည်။ ထို့နောက် အောက်သို့ တစ်ဖန် ပြန်ခုန်ချလိုက်သည်။ သူက အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ နေရာတွင်သာ မှင်တက်စွာဖြင့် ထိုင်နေမိသွားသည်။ 

လက်တစ်စုံဟာ သူ့ကို ထူမလာသည်။ သရဲလေးဟာ ပျော်ရွှင်စွာဖြင့် ထိုလက်ကို ပွတ်သပ်လိုက်ကာ တစ်ချိန်တည်းတွင် မကျေမနပ် ဖြစ်သလို ခံစားလိုက်ရသည်။ သူ့ကို ကိုင်လာသော ထိုလက်က လက်အိတ်ကို ချွတ်ထားလိုက်လျှင် ပိုကောင်းပေလိမ့်မည်။ 

ရှီချီဟာ သူ့လက်ကို ထိုသရဲက ပွတ်သပ်နေခြင်းကို ခွင့်ပြုထားလိုက်ပြီးနောက် အသံတိုးတိုးဖြင့် မေးသည်။ 

“မင်း ဘာမြင်ခဲ့လဲ”

ထိုစကားကို ကြားသောအခါ သရဲလေးဟာ ပါးစပ်ကို ဖွင့်ပြီးနောက် ရှေ့လျှောက်နောက်လျှောက် လျှောက်ပြန်သည်။ ဘာအသံမှ မထွက်လာသော်လည်း နားထောင်နေသောသူကမူ နားလည်သော အမူအရာမျိုးကို ပြလာသည်။ 

မြွေပါလေးက အသိုက်ထဲမှ ထွက်လာပြီးနောက်တွင် ထိုသရဲလေးကို ဝိုင်းပတ်ကာ ခုန်နေသည်။ ထိုသရဲလေးဟာ တူညီသော အမူအရာသာ ရှိနေသေးပြီး သူ လုပ်ခဲ့သော အကြောင်းအရာအားလုံးကို ပြန်လည်ပြောပြနေကာ သူ၏ပါးစပ်ပုံသဏ္ဌာန်ကမူ အမျိုးမျိုး ပြောင်းလဲနေတော့သည်။ 

ရှီချီ၏ အမူအရာက ပြောင်းလဲလာပြီးနောက် ခုတင်ဘေးတွင် သွားထိုင်ကာ ပြောသည်။ 

“မင်းရဲ့ခက်ခဲတဲ့ အလုပ်အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ မင်းအခု ပြန်ပြီး အနားယူလို့ရပြီ”

သရဲလေးဟာ လက်ကလေးကို ပွတ်ကာ တံခါးဝမှ တွန့်ဆုတ်စွာဖြင့် တိုးထွက်သွားတော့သည်။ ရှီချီဟာ မြွေပါကို ပွတ်သပ်ပြီးမှသာ သူ၏လက်အိတ်ကို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ မြွေပါ၏အမွေးများဟာ ရှည်နေပြီဖြစ်ပြီး အနီးကပ် ကြည့်လိုက်မည် ဆိုလျှင် အရင်းနားမှ အကွက်များကို ထင်ရှားစွာ မြင်နိုင်နေသေးသည်။ ထိုဖြစ်စဉ်က တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သော အခြေအနေကို သတိရမိစေပြီး တစ်စုံတစ်ယောက်ကို သတိရမိသွားစေသည်။ 

“ရှောင်ဟွမ်.. မင်းလည်း သူမကို မမြင်ချင်ဘူးလား”

ရှီချီက ဘာတွေးနေသည်မသိ ရုတ်တရက် လက်မောင်းထဲတွင် မြွေပါလေးကို ပွေ့လျက် အမြှီးလေးကို ပွတ်သပ်လိုက်သည်။ မြွေပါဟာ သူ ပြောနေသော စကားအကြောင်း မသိလေဘဲ ပွေ့ဖက်မှုကြားမှ ခုန်ထွက်သွားပြီး အသိုက်ထဲသို့ ပြန်ဝင်ကာ ဆက်အိပ်တော့သည်။ ရှီချီက လက်အိတ်ကို ချွတ်ပြီး စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ရင်းနှီးကျွမ်းဝင်သော စာမျက်နှာတစ်ခုသို့ လှန်လိုက်ပြီးနောက်တွင် စာရွက်တစ်ရွက်ဟာ ပေါ်လာသည်။ ထိုစာရွက်ပေါ်တွင် စကားလုံး ရှစ်လုံးကို ရေးထားသည်။ 

.. ဆယ့်ခုနှစ်နှစ်… စာကြိုးစားရမယ်။ နေ့တိုင်း တိုးတက်အောင် လုပ်ရမယ်။ 

အခြားလူတစ်ယောက်သာ ထိုစာကို မြင်လျှင် ခေါင်းပြုတ်ကျလုမတတ် ရယ်လောက်သည်။ ထိုကဲ့သို့သော စာမျိုးကို သိမ်းထားခြင်းက ကြောင်တောင်တောင် နိုင်လောက်လေသည်။ သဘာဝကျကျပင် ရှီချီက ထိုအကြောင်းကို မတွေးပေ။ ရှီချီက ကျယ်လောင်စွာ အော်ဖတ်ပြီးနောက် သရဲငယ်လေး ဖော်ပြသော တုံ့ပြန်မှုအပါအဝင် တစ်နေ့တာလုံး၏ အဖြစ်အပျက်များအားလုံးကို ပြန်တွေးလိုက်ကာ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကော့တက်သွားသည်။ 

သူဟာ မတ်တပ်ထရပ်ပြီးနောက် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ခုကို ထုတ်ကာ မနက်ဖြန် ကျောင်းသို့ ယူသွားရန်အတွက် ထင်သာမြင်သာရှိသော နေရာတွင် ထားလိုက်သည်။ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များက သိပ်မကြာခင်တွင် ပေါ်လာပေလိမ့်မည်။ 

ကျောင်း၏ဒုတိယမြောက် တက်ရက်တွင် နင်မုန့်ဟာ မျက်ကွင်းညိုနေတော့သည်။ 

လျန်ဖုန်းမိန်ဟာ သူမတစ်ညလုံး နီးပါး ဂိမ်းထိုင်ဆော့နေသည်ဟု ထင်ပြီး နားရွက်ကိုပင် ဆွဲလုမတတ် ဆူပူတော့သည်။ 

“ကျောင်းက စနေပြီ။ နင်က တစ်ညလုံး နေနေတုန်းလား။ အတန်းထဲမှာ အိပ်ငိုက်နေရင် ဘယ်လိုလုပ်မလဲ ငါနင့်ကို သတိပေးထားမယ်နော်၊ ဒါကို အခုချိန်ထိ နားမထောင်ဘူး”

နင်မုန့်ဟာ သူမ၏ဆန်ပြုတ်ကို ကုန်အောင်သောက်ပြီးနောက်တွင် ကျောင်းလွယ်အိတ်ကို ဆွဲကိုင်လိုက်ကာ ထွက်ပြေးတော့သည်။ လမ်းတွင် သူမက ကျောင်းသို့ ဦးတည်နေသော ကျောင်းသူကျောင်းသားအချို့နှင့် ဆုံသည်။ အချို့က တစ်ယောက်တည်း လာပြီး အချို့ကမူ နှစ်ယောက် သုံးယောက် အစုလိုက် ဖြစ်သည်။ အမျိုးမျိုးသော အစာသွပ်မုန့်များ ရောင်းသည့် မုန့်ဆိုင်များကလည်း လမ်းတစ်လျှောက်တွင် ရှိသည်။ သူမက အတန်းသို့ ရောက်ချိန်တွင် လူတိုင်းနီးပါး ရောက်နေကြပြီဖြစ်သည်။ 

အမှန်အတိုင်း ဆိုရသော်.. လူအများစုဟာ ကျောင်းသို့ စောစောလာပြီး ကိုယ်တိုင် စာလေ့လာရန်၊ စာစောစောဖတ်ထားရန် ကြိုးစားကြလေသည်။ သူမကဲ့သို့ မနက်ခင်း အအိပ်လွန်သည့် အခြေအနေမျိုး မရှိချေ။ 

သူမ၏ထိုင်ခုံဖက် ရှီချီက စောစောရောက်နေသည်။ သူဟာ စာရွက်ပေါ်တွင် တစ်စုံတစ်ရာကို ရေးနေဟန်ရသည်။ နင်မုန့်ဟာ နေရာတွင် ဝင်ထိုင်ပြီးနောက် လမ်းကြည့်လိုက်ချိန်တွင် လူတစ်ယောက်၏ပုံကို တောက်ပစွာ ရေးဆွဲထားကြောင်း မြင်လိုက်ရသည်။ နေရာမှ ကွဲထွက်နေရမည့်အစား အသက်ရှုမှားလောက်အောင် လှပလွန်းနေသည်။ ဝိုး ဝိုး.. ဝိုး.. သူမရဲ့ဒီမြေးလေးက အနုပညာမှာ ဒီလောက်ပါရမီရှိမယ်လို့ မထင်ထားမိဘူး။ 

သို့ရာတွင် သူမဟာ သူ ငယ်ရွယ်ချိန်ကတည်းက အဆောင်လက်ဖွဲ့ ရေးဆွဲနည်းကို သင်ကြားခဲ့ကြောင်း ပြန်တွေးမိသောအခါ ယခုအခါ ပုံဆွဲခြင်းကို လေ့လာနေခြင်းက ဖြစ်သင့်သည်ဟု ထင်သည်။ ဒါက ကို့ရို့ကားယား နိုင်သည်ဟုလည်း မခံစားရချေ။ ထို့အပြင် မိန်းမငယ်လေးများအတွက် ကျေနပ်စရာ နောက်ထပ်တစ်ချက် ဖြစ်သွားသည်။ 

မနက်ပိုင်း စာဖတ်ချိန်က မစတင်သေးသည့်အတွက် သူမသည် မနေ့ညက ရေးဆွဲမှု မပြီးဆုံးသေးသည့် ပိုစတာကို ထုတ်လိုက်ပြီးနောက် စကားလုံးအကြီးဖြင့် စာများရေးရန် ပြင်ဆင်လိုက်ကာ မိနစ်တိုင်းကို ကောင်းကောင်း အသုံးချတော့သည်။

ရှီချီက ရုတ်တရက် ဘောပင်ကို ရပ်တန့်ပြီးနောက် ခေါင်းလှည့်လာကာ သူမ တစ်စုံတစ်ရာ ရေးနေခြင်းကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။ 

“ဒါက ဘာအတွက်လဲ”

နင်မုန့်၏ အာရုံက ဆွဲဆောာင်ခံရပြီးနောက် သူ၏လက်အောက်မှ လက်ရာမြောက်သော အရာကိုပင် လျှို့ဝှက်စွာ ချောင်းကြည့်လိုက်သည်။ 

သူမ ခေါင်းငုံ့ပြီးနောက် သူမရေးဆွဲနေသော အရာကို ပြန်တွေ့မိသောအခါ လက်ရာချင်း ကွာခြားမှုကြောင့် စိတ်ဓာတ်ကျသွားသည်။ သို့တိုင်အောင် ဂရုမစိုက်သော လေသံမျိုးဖြင့် ပြန်ဖြေလိုက်သည်။ 

“ပိုစတာပါ..”

ထို့နောက် သူမက သူမ၏ထိုင်ခုံဖက် ပြောသောစကားကို ကြားလိုက်ရသည်။ 

“အိုး.. တကယ်ကို မတူဘူးပဲ”

နင်မုန့် “…”

ပိုစတာက ဘာကိုများ မတူနေတာလဲ။ သေချာပေါက် ငါ့မှာလည်း အရမ်းတော်တဲ့ ပုံဆွဲစွမ်းရည် ရှိတာပါ။ 

ရှီချီ၏ မျက်လုံးများက ကွေးညွှတ်သွားသည်။ သူက မေးလိုက်သည်။ 

“မင်း မနေ့ညက မအိပ်ခဲ့ရဘူးလား”

ထိုမေးခွန်းကို ကြားသောအခါ နင်မုန့်ဟာ တောကြိုအုံကြား ဝတုတ်သရဲကို ပြန်သတိရသွားပြီးနောက် မျက်လုံးကို အုပ်လိုက်သည်။ 

“ငါ့ရဲ့မျက်ကွင်းညိုတာက အရမ်းသိသာနေလို့လား”

သူမဟာ သရဲငယ်လေးကြောင့် ထိတ်လန့်ခဲ့ကြောင်း သူ့ကို သိစေ၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့၏အတန်းဖော် ခင်မင်မှုကို ပျက်ယွင်းသွားပေလိမ့်မည်။ မည်သို့ပင် ဆိုစေ သူဟာလည်း သရဲဖမ်းသူတစ်ယောက် ဖြစ်နေသေးသည်။ နင်မုန့်ဟာ တစ်ခဏခန့် တွေးတောပြီးနောက်တွင် တောင့်တင်းနေသော လည်ပင်းကို တစ်ချက် စောင်းလိုက်ကာ ပြောလိုက်သည်။ 

“ပိုစတာတွေ ထိုင်ဆွဲနေလို့လေ”

ရုတ်တရက် လေထုက တိတ်ဆိတ်သွားပြီး အချိန်အတန်ကြာမှသာ ရှီချီက ပြန်ဖြေလိုက်သည်။ 

“အို.. အဲဒါကြောင့်လား”

“ဟုတ်တယ် ဟုတ်တယ်”

နင်မုန့်က အကြောင်းအရာကို ခပ်မြန်မြန် ပြောင်းကာ ခေါင်းညိတ်လိုက်သည်။ 

“အတန်းဖော် နင်ဆွဲတာ အရမ်းတော်တာပဲ။ ငါ့ကို ပိုစတာလေး ကူဆွဲပေးလို့ ရမလား”

သူမဟာ သူ့ကိုသာ အကူအညီ တောင်းလိုက်ရင် ရလဒ်ဟာ သူမကိုယ်တိုင် လုပ်ခြင်းထက် ပိုကောင်းသွားပေလိမ့်မည်။ ပို၍ ဆိုးသည်မှာ သူမဟာ ရှီချီဆိုသော စကားလုံးကို ထည့်နိုင်မည် ဆိုလျှင် မိန်းကလေးအများစုဟာ သူမတို့၏ဆိုင်သို့ မုန့်များ သေချာပေါက် လာဝယ်ကြပေလိမ့်မည်။ သိပ်မကြာခင်မှာပင် သူမတို့၏ စီးပွားရေးဝင်ငွေဟာ မိုးထိုးတက်သွားတော့မည်။ 

သူမက ထိုအကြံရသည်နှင့် နင်မုန့်က အတွေးကို အကောင်အထည်ဖော်ရန် ကြိုးစားတော့သည်။ သူမ၏ စိတ်ကူးယဉ်မှုများကလည်း ပြင်းထန်လာသည်။ သူမ၏တံထွေးကပင် ပါးစပ်မှ ထွက်ကျလုမတတ် ဖြစ်သွားပြီး နားထဲတွင်ပင် ပိုက်ဆံရေတွက်သံများကို ကြားယောင်လာသည်။ 

နင်မုန့်၏မျက်လုံးထဲတွင် မရေမတွက်နိုင်သော ရွှေပြားများကိုပင် ရှီချီက မြင်ရလုနီးပါး ဖြစ်သွားသည်။ သူက ပြောလိုက်သည်။ 

“ကောင်းပြီလေ”

သူ၏တုံ့ပြန်သံက နင်မုန့်၏နားထဲတွင် ကောင်းကင်ခေါင်းလောင် မြည်ဟီးသွားသကဲ့သို့ ဖြစ်သွားပြီး သူမ၏မျက်နှာတွင် တောက်ပသော အပြုံးကို ပေါ်ထွက်လာစေသည်။ သူမ၏မျက်ဝန်းများကပင် လခြမ်းသဖွယ် ကွေးညွှတ်သွားတော့သည်။ 

“တကယ်လား ကျေးဇူးအများကြီး တင်ပါတယ် ရှီချီ”

ရှီချီက ကြောင်တောင်တောင် ဖြစ်သွားသည်။ လေသံက အတူတူပါပဲ။ နာမည်ကလည်း အတူတူပဲ။ ဘာလို့ သူမပါးစပ်က ထွက်လာတော့ ကွာခြားတယ်လို့ ခံစားရတာလဲ။ လီရှားက သူ့အား ပြောခဲ့သည်။ သူ့အဘွားဖြစ်သူက အမြဲတစေ သူ၏နာမည်က ဆယ့်ခုနှစ်ဆိုသည့် ရှစ်ချီးဖြစ်ပြီး ရှီချီမဟုတ်ဟု မကြာခဏ ရေရွတ်နေတတ်ကြောင်း ပြောသည်။ သူ တစ်ခဏခန့် ကြောင်အပြီးနောက်တွင် အကြည့်ကို လွဲလိုက်ပြီး ပြောသည်။ 

“အမ်း..”

သူ၏အသံ ထွက်လိုက်ချိန်မှာပင် ကျောင်းတက်ခေါင်းလောင်းက မြည်လာသည်။ အင်္ဂလိပ်ဆရာမက စာသင်ခန်းထဲသို့ ဝင်လာပြီးသည်နှင့် ကျောင်းသားများ၏ အသံများက တစ်ခန်းလုံး ပြည့်သွားတော့သည်။ 

နင်မုန့်ဟာ တစ်ဖန်ထပ်ပြီး လှည့်စားလိုသော အတွေးဖြင့် မေးလိုက်သည်။ 

“ငါ နင့်ရဲ့နာမည်ကို အဲဒီမှာ ရေးလို့ ရတယ် မဟုတ်လား”

ရှီချီက မေးသည်။ 

“မင်း ဘာတွေ ကြံစည်နေတာလဲ”

နင်မုန့်ဟာ သူမ လုပ်ချင်နေသည့် ကိစ္စကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ထိုအကြောင်းကို တွေးမိသောအခါ သူမဟာ အတန်းဖော်၏ ရုပ်ရည်ချောမောမှုကို သုံးပြီး ဈေးဝယ်သူများကို ဆွဲဆောင်မည့် အခြေအနေ ဖြစ်သဖြင့် ရှက်သွားမိသည်။ 

ရှီချီ၏ မျက်ဝန်းထဲတွင် ဖော်ပြ၍ မရနိုင်သော အလင်းက လက်သွားပြီးနောက် သူမကို စိုက်ကြည့်ကာ ပြောသည်။ 

“မင်းက ငါ့နာမည်ကို သုံးပြီး ငွေရှာချင်ရင် ငါကလည်း ဝေစု လိုအပ်တယ်”

နင်မုန့်၏ မျက်လုံးဟာ ပြူးကျယ်သွားသည်။ ဒီကောင်စုတ်လေးက လာလို့ ဝေစု လိုအပ်တာလဲ။ သူ့ရဲ့မိသားစုက လုံလောက်အောင် ချမ်းသာပြီးသားလေ။ သူ့အတွက် ဒီပမာက အရမ်းနည်းပါးလွန်းတယ် ဆိုရင်တောင်မှ အများကြီးတော့ မတောင်းဆိုသင့်ဘူး မဟုတ်လား။ 

သူမဟာ တစ်ခဏခန့် တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။ 

“ကောင်းပြီ ကောင်းပြီ ငါ နင့်ကို ဝေစုပေးမယ်။ နင်သာ စိတ်မရှိဘူးဆိုရင် ငါ နင့်နာမည်ကို ခပ်ကြီးကြီး ရေးလိုက်မယ်”

သူမက သူ၏ပုံကိုလည်း ကပ်ရန် ကြိုးစားလိုက်ပါက ပို၍ သက်ရောက်မှု ကောင်းမွန်သွားပေလိမ့်မည်။ နှမြောစရာကောင်းသည်မှာ ထိုသို့လုပ်၍ မရလောက်ပေ။ နင်မုန့်က အတန်းထဲ ဆူညံနေချိန်တွင် ခပ်တိုးတိုး ရေရွတ်နေသည်။ 

“ဘာလို့ ဒီကောင်စုတ်လေးက အမြင်ကျဉ်းတာလဲ။ သူ့ကို ဒီလိုဖြစ်အောင် ဘယ်သူက သင်ပေးထားတာလဲ”

အပြင်ဘက်နေက မြင့်လာသည်။ သို့သော် အလွန်ပူပြင်းခြင်း မရှိသေး၍ ထိုအစား ပြတင်းပေါက်မှ ဖြာကျလာပြီး အနည်းငယ် နွေးထွေးမှုကို ခံစားရသည်။ 

ရှီချီ၏ မျက်နှာပေါ် ခမ်းနားသော အလင်းရောင်က ကျရောက်လာပြီး သူ၏နက်ရှိုင်းတိကျသော ပုံပန်းသွင်ပြင်နှင့် ရှည်လျားသော နှာခေါင်းစသည်တို့ကို မီးမောင်းထိုးပြထားသလိုမျိုး ဘောင်တွင် အရိပ်က ပေါ်လာသည်။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည့်တိုင်အောင် အနားရှိလူဟာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ 

ရှီချီက တစ်ခဏခန့် တုံ့ဆိုင်းသွားပြီးနောက်တွင် နှုတ်ခမ်းများဟာ ကော့တက်သွားသဖြင့် ပို၍ပင် ကြည့်ကောင်းချောမောသွားသည်။ ထို့နောက် မျက်ဝန်းထောင့်မှ ကြည့်ကာ အလျင်မလိုဟန်ဖြင့် ပြောသည်။ 

“ငါ့ရဲ့အဘွား သင်ပေးထားတာ”

သူ၏အသံဟာ သူမထက် အနည်းငယ် ကျယ်သည်။ 

ချောင်းနားထောင်နေသော နင်မုန့် “…”

ငါ သူ့ကို ဒီအကြောင်း အရင်က ပြောဖူးသလိုလို…

ဒါပေမဲ့ ဒီအတိုင်း တရားသေ မှတ်ထားလို့တော့ မရဘူးလေ ဟုတ်တယ် မဟုတ်လား။


Zawgyi

အပိုင္း ၃၄ ငါ့ရဲ႕အဘြားက သင္ေပးခဲ့တာ။ 

ျပတင္းေပါက္ အဟၾကားဟာ ႀကီးသထက္ႀကီးလာၿပီးေနာက္ ထိုသရဲငယ္၏ ပိန္ပါးေသာကိုယ္ကို ေရွ႕ေနာက္ တတြန႔္တြန႔္ သြားနိုင္ေအာင္ ခြင့္ျပဳေပးသလို ျဖစ္သြားသည္။ 

နင္မုန႔္ဟာ ၾကားေနရေသာ ဆူညံသံမ်ားေၾကာင့္ တုန္ယင္ေနသည္။ သို႔ရာတြင္ သူမကိုယ္တိုင္လည္း သိခ်င္စိတ္ ျပင္းျပေနသည္။ ကိုယ္ေပၚ ေစာင္ၿခဳံထားရင္းမွ ၾကည့္ခ်င္စိတ္ ျပင္းျပလာသည့္အတြက္ မ်က္လုံးတစ္ဝက္ကိုသာ ေဖာ္ၿပီး ေခ်ာင္းၾကည့္လိုက္သည္။ 

သရဲငယ္၏ ကိုယ္ဟာ ထူးျခားစြာ ေသးငယ္ၿပီး သူမလက္ေမာင္း အရွည္ေလာက္ပင္ မရွိေခ်။ ထို႔အျပင္ ျပားကပ္ေနေသးသည္။ သုံးဖက္ျမင္ အျမင္ႏွင့္သာ မၾကည့္လွ်င္ သူမက စကၠဴ႐ုပ္ဟုသာ ထင္မိေလာက္သည္။ သူမက စနစ္ကို ေမးလိုက္သည္။ 

“ဒါက ဘာလုပ္ခ်င္တာလဲ။ ငါ့ကို လာစားမလို႔လား”

စနစ္က တစ္ခဏခန႔္ ေတြးေတာၿပီးေနာက္ ျပန္ေျဖသည္။ 

“သူက သိခ်င္စိတ္ ျပင္းျပလို႔ တစ္ခ်က္ လာၾကည့္တာ ျဖစ္ေလာက္ပါတယ္”

နင္မုန႔္ဟာလည္း ထိုတုံ႕ျပန္မႈေၾကာင့္ ေၾကာင္သြားသည္။ 

“ဘာကို သိခ်င္စိတ္ ျပင္းျပစရာ ရွိေနလို႔လဲ။ ငါက ေၾကာင္ေတာင္ေတာင္ လူလည္း မဟုတ္ပါဘူး။ ဘာမ်ား ၾကည့္စရာ ရွိလဲ”

သူတို႔ စကားေျပာေနစဥ္တြင္ ထိုသရဲငယ္ေလးဟာ ေနာက္ဆုံးတြင္ အခန္းထဲသို႔ အျပည့္အဝ တိုးဝင္နိုင္သြားသည္။ 

နင္မုန႔္ဟာ ထိုသရဲငယ္ေလး ေပၚလာေၾကာင္း ျမင္ေသာအခါ ၿပဳံးလိုက္သည္။ သူဟာ အ႐ုပ္ဆိုးေသာ အိုေဟာင္းေနသည့္ အ႐ုပ္တစ္႐ုပ္ႏွင့္ တူသည္။ ေၾကာင္ေတာင္ေတာင္ အဝတ္မ်ားကို ဝတ္ဆင္ထားၿပီး မ်က္စိစူးေစေသးသည္။ 

ျပတင္းေပါက္မွ ထိုသရဲေလးဟာ ခုန္ခ်လာကာ အခန္းထဲတြင္ ပတ္ေလွ်ာက္ေတာ့သည္။ သူ၏ နဂိုက ျပားကပ္ေနေသာ ကိုယ္ဟာလည္း အသားျပန္ျပည့္လာၿပီး လုံးဝိုင္းသည့္ ခပ္ဝဝ အ႐ုပ္ကေလးကဲ့သို႔ ျဖစ္သြားသည္။ သို႔ရာတြင္ ႐ုပ္ဆိုးေနေသးသည္။ အသားအေရဟာလည္း သရဲမွန္း သိသာေအာင္ ျဖဴစုတ္လြန္းေနသည္။ 

နင္မုန႔္ဟာ သူမကိုပင္ ဂ႐ုမစိုက္ဘဲ အခန္းထဲ ေလွ်ာက္ပတ္ေျပးေနေၾကာင္း ျမင္ေသာအခါ သူမ ႏွလုံးသားထဲမွ ထိတ္လန႔္မႈကို တြန္းဖယ္လိုက္နိုင္သြားသည္။ ကိုယ္တိုင္ပင္ ပေဟဠိျဖစ္လာသလို ခံစားလိုက္ရသည္။ 

“ဘယ္လိုသရဲမ်ိဳးက ဒီလို ပုံစံရွိတာလဲ”

စနစ္က ရွင္းျပသည္။ 

“ဒါက အရိုးရွင္းဆုံး အနိမ့္ဆုံး သရဲငယ္ေလးပါပဲ။ သူ႕မွာ ကိုယ္ပိုင္အသိစိတ္ မရွိေတာ့ တျခားသူေတြရဲ႕ အမိန႔္အတိုင္း နာခံၾကတယ္”

ဆိုလိုသည္မွာ သူဝတ္ထားေသာ ဝတ္စုံမ်ားကို တျခားသူမ်ားက ျပင္ဆင္ထားေပးျခင္း ျဖစ္ေလာက္ေလသည္။ နင္မုန႔္က အလြန္အံ့ဩသြားသည္။ မည္သို႔ေသာ လူမ်ိဳးက သရဲမ်ားကို ဝါဂြမ္းအေပၚထပ္အကၤ်ီႏွင့္ ေၾကာင္ေတာင္ေတာင္ အေရာင္မ်ိဳးကို တြဲဆက္ကာ ခ်ဳပ္ဝတ္ေပးထားၿပီး ပါးျပင္ကို နီရဲေသာပန္းသီးႏွင့္ တူေအာင္ လုပ္ေပးထားေၾကာင္း နားမလည္နိုင္ေတာ့ေခ်။ 

တကယ္ကို မေတြးမိေလာက္ေအာင္ပါပဲ။ 

ထိုသရဲငယ္ေလးက အခန္းထဲတြင္ ခဏတျဖဳတ္ ပတ္ေျပးေနၿပီး သူ၏လုံးဝိုင္းေသာ ကိုယ္ေလးက ဆက္တိုက္ပင္ ေ႐ြ႕လ်ားေနသည္။ ထို႔ေနာက္ သူ၏ေျခလက္မ်ားျဖင့္ ကုလားထိုင္ေပၚ ကုန္းတက္ၿပီးေနာက္ စားပြဲေပၚ လဲခ်ကာ ထိုေပၚတြင္ တင္ထားေသာ ပစၥည္းမ်ားကို လွမ္းၾကည့္သည္။ နင္မုန႔္ဟာ သူမ၏ ဂူငယ္ေလးအထဲမွ ထြက္လာၿပီးေနာက္ ဂ႐ုတစိုက္ျဖင့္ တံခါးထံသို႔ ေလွ်ာက္သြားလိုက္ကာ လ်န္ဖုန္းမိန္ႏွင့္ ဒီညအတူအိပ္ရန္ ဆုံးျဖတ္လိုက္သည္။ 

သို႔ေသာ္ သူမ မေမွ်ာ္လင့္ထားသည္မွာ ထို႔ေနာက္ တစ္ခဏတြင္ ထိုသရဲငယ္ေလးဟာ ႐ုတ္တရက္ သူမဘက္ လွည့္ၾကည့္လာျခင္း ျဖစ္သည္။ 

တံခါးဝတြင္ ပုန္းေနေသာ နင္မုန႔္က မည္သည့္ႂကြက္သားကိုမွ် မေ႐ြ႕ရဲေတာ့ေခ်။ ထိုသရဲငယ္ေလး သူမထံ လွမ္းလာေသာ ေျခလွမ္းတိုင္းက သူမ၏ေျခေထာက္မ်ားကို ေပ်ာ့က်သြားေစၿပီး ၾကမ္းျပင္ေပၚ ပုံက်မတတ္ ျဖစ္သြားေစသည္။ ထိုသရဲငယ္ေလးဟာ လက္ေမာင္းေလးကို ဆန႔္လ်က္ သူမကို တြန္းလာသည္။ 

နင္မုန႔္က တံေထြးမ်ိဳခ်လိဳက္သည္။ သူ လုပ္ခ်င္သည့္အတိုင္း လုပ္ခြင့္ျပဳထားသည့္အတြက္ သူမ၏ညဝတ္ဝတ္စုံကိုပင္ မ,လုနီးပါး ျဖစ္သြားသည္။ အဆုံးတြင္ သူမက ကိုယ့္ကိုယ္ကိုယ္ ထိန္းမထားနိုင္ေတာ့ဘဲ လက္ညွိုးသုံးကာ ျပန္တို႔လိုက္သည္။ 

ထိုသို႔အတို႔ခံရေသာေၾကာင့္ ျဖစ္နိုင္သည္။ ထိုသရဲငယ္ေလးဟာ ႐ုတ္တရက္ လႈပ္ရွားမႈကို ရပ္တန႔္သြားသည္။ သူ၏ပန္းသီးကဲ့သို႔ ျဖစ္ေနေသာ ပါးျပင္မ်ားဟာ ျပားကပ္သြားေလရာ ပို၍ပင္ အ႐ုပ္ဆိုးသြားသည္။ စနစ္က ႐ုတ္တရက္ ေျပာလာသည္။ 

“မင္း သူ႕ကို ေျခာက္လိုက္ၿပီ”

နင္မုန႔္ “…” 

ဒီမွာ ေၾကာက္လြန္းလို႔ ငိုခ်င္ေနတာ ငါပါ။ 

သရဲငယ္ေလးဟာ အနည္းငယ္ သိခ်င္စိတ္ ျပင္းျပလြန္းၿပီး ဆန႔္က်င္ဘက္လိင္ကို စိတ္ဝင္စားတတ္သူ တစ္ေယာက္ျဖစ္သည္။ သူဟာ ငယ္႐ြယ္ခ်ိန္ကတည္းက ထိုသို႔ အဝတ္ေအာက္မ်ား လိုက္ေခ်ာင္းၾကည့္ရျခင္းကို သေဘာက်ႏွစ္ၿခိဳက္ေနလွ်င္ အ႐ြယ္ေရာက္လာသည့္အခါ ဆိုး႐ြားသြားေပလိမ့္မည္။ 

သို႔ေသာ္ သူမက မေမွ်ာ္လင့္ထားသည္မွာ ေၾကာင္အသြားေသာ သရဲငယ္ေလးက ႐ုတ္တရက္ သူ၏နီရဲေနေသာ ႏႈတ္ခမ္းမ်ားကို ရႈံ႕မဲ့ၿပီး သူမထံမွ ထြက္ေျပးကာ ကုတင္အေနာက္တြင္ သြားပုန္းလ်က္ လွ်ို႔ဝွက္စြာျဖင့္ ျပန္ေခ်ာင္း ၾကည့္လာျခင္း ျဖစ္သည္။ 

စိတ္ဝင္တစား လိုက္ၾကည့္မိေသာ နင္မုန႔္ကပင္ ခ်စ္စရာေကာင္းသည္ဟု ခံစားလိုက္ရသည္။ 

အခ်ိန္မည္မွ် ကုန္လြန္သြားမွန္း မသိေအာင္ ၾကာေညာင္းသြားၿပီးေနာက္ သရဲေလးဟာ ေနာက္ဆုံးတြင္ ျပန္ေလွ်ာက္ထြက္လာကာ ျပတင္းေပါက္ေပၚ တစ္ဖန္ကုန္းတက္သည္။ သူ၏ကိုယ္ဟာ ေလထဲတြင္ ေတာက္ေလွ်ာက္ ျပားကပ္သြားၿပီးေနာက္တြင္ ျပတင္းေပါက္ အဟၾကားမွ တိုးဝင္ကာ အျပင္သို႔ အသားကုန္ထြက္လ်က္ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္။

နင္မုန႔္ဟာ ေနာက္ဆုံးတြင္ စိတ္ေအးသြားသည္။ 

ဘယ္မိသားစုက သရဲက ငါ့ဆီ လာလည္တာလဲ။ ငါ့မွာသာ လုံေလာက္တဲ့သတၱိမရွိရင္ ဒါေၾကာင့္ ေၾကာက္လြန္းလို႔ ေသသြားေလာက္ၿပီ။ ကံေကာင္းစြာနဲ႕ ဒီသရဲေလးက လူေတြကို မေျခာက္တတ္ဘူးပဲ။ 

သူမဟာ သူမ၏ထုံထိုင္းေနေသာ ေျခေထာက္ကို တစ္ခ်က္ ဆိတ္လိုက္ၿပီးေနာက္ ျပတင္းေပါက္ကို ခပ္တင္းတင္း ပိတ္လိုက္ၿပီး လိုက္ကာမ်ားကို ဆြဲခ်လိဳက္ကာ ပင္ပန္းႏြမ္းနယ္ေသာ မ်က္ႏွာ တုန္ယင္ေနေသာ ကိုယ္ျဖင့္ အိပ္စက္ရန္ ႀကံစည္လိုက္သည္။ သူမ မနက္ျဖန္ အတန္းတြင္ ငိုက္ေနေလာက္ေလၿပီ။ 

ျပတင္းေပါက္ေပၚမွ ခုန္ခ်လိဳက္သည့္ သရဲေလးဟာ ေျမျပင္သို႔ ျပဳတ္က်သြားသည္။ သို႔ေသာ္ သူ ေျချပန္ရပ္လိုက္ခ်ိန္တြင္ ဘာမွမျဖစ္ပ်က္ခဲ့သည့္အတိုင္း ျဖစ္သြားသည္။ တစ္ခဏခန႔္ ေၾကာင္အေနၿပီးေနာက္တြင္ ျဖည္းညင္းစြာျဖင့္ အျပန္လမ္းကို ဦးတည္ေတာ့သည္။ 

ေကာင္းကင္က ေမွာင္မဲေနသည္။ လမ္းေပၚတြင္ လူတစ္ေယာက္သာ လမ္းေလွ်ာက္ေနေသးလွ်င္ မီတာဝက္ခန႔္ ရွိေသာ ကေလးငယ္ေလးတစ္ေယာက္ဟာ လူရွင္းေနေသာ လမ္းတြင္ ေလွ်ာက္သြားေနျခင္းကို ျမင္နိုင္ေလာက္ေလသည္။ လေရာင္ဟာ လမ္းေပၚ ျဖာက်ေနသည္။ သူ၏အိမ္ျပန္လမ္းဟာ ထင္ရွားေနေတာ့သည္။ 

စံအိမ္မွ ျပတင္းေပါက္က ပြင့္သြားသည္။ စားပြဲေပၚတြင္ တင္ထားေသာ ညမီးအိမ္ဟာ ျပတင္းေဘာင္နားတြင္ ရပ္ေနေသာ မ်က္ႏွာတစ္ခုအေပၚ ေရာင္ျပန္ဟပ္ေနသည္။ ထိုမ်က္ႏွာတြင္ နီရဲေသာ ပါးေလးမ်ားႏွင့္ နီရဲေသာ ႏႈတ္ခမ္းရွိၿပီး အသားအေရဟာလည္း ျဖဴဆုတ္ေနသည္။ 

သရဲငယ္ေလးဟာ ျပတင္းေပါက္ ေဘာင္ေပၚ ကုပ္တက္ရန္ မနည္း႐ုန္းကန္ရရွာသည္။ ထို႔ေနာက္ ေအာက္သို႔ တစ္ဖန္ ျပန္ခုန္ခ်လိဳက္သည္။ သူက အခ်ိန္အေတာ္ၾကာသည္အထိ မတုံ႕ျပန္နိုင္ဘဲ ေနရာတြင္သာ မွင္တက္စြာျဖင့္ ထိုင္ေနမိသြားသည္။ 

လက္တစ္စုံဟာ သူ႕ကို ထူမလာသည္။ သရဲေလးဟာ ေပ်ာ္႐ႊင္စြာျဖင့္ ထိုလက္ကို ပြတ္သပ္လိုက္ကာ တစ္ခ်ိန္တည္းတြင္ မေက်မနပ္ ျဖစ္သလို ခံစားလိုက္ရသည္။ သူ႕ကို ကိုင္လာေသာ ထိုလက္က လက္အိတ္ကို ခြၽတ္ထားလိုက္လွ်င္ ပိုေကာင္းေပလိမ့္မည္။ 

ရွီခ်ီဟာ သူ႕လက္ကို ထိုသရဲက ပြတ္သပ္ေနျခင္းကို ခြင့္ျပဳထားလိုက္ၿပီးေနာက္ အသံတိုးတိုးျဖင့္ ေမးသည္။ 

“မင္း ဘာျမင္ခဲ့လဲ”

ထိုစကားကို ၾကားေသာအခါ သရဲေလးဟာ ပါးစပ္ကို ဖြင့္ၿပီးေနာက္ ေရွ႕ေလွ်ာက္ေနာက္ေလွ်ာက္ ေလွ်ာက္ျပန္သည္။ ဘာအသံမွ မထြက္လာေသာ္လည္း နားေထာင္ေနေသာသူကမူ နားလည္ေသာ အမူအရာမ်ိဳးကို ျပလာသည္။ 

ေႁမြပါေလးက အသိုက္ထဲမွ ထြက္လာၿပီးေနာက္တြင္ ထိုသရဲေလးကို ဝိုင္းပတ္ကာ ခုန္ေနသည္။ ထိုသရဲေလးဟာ တူညီေသာ အမူအရာသာ ရွိေနေသးၿပီး သူ လုပ္ခဲ့ေသာ အေၾကာင္းအရာအားလုံးကို ျပန္လည္ေျပာျပေနကာ သူ၏ပါးစပ္ပုံသဏၭာန္ကမူ အမ်ိဳးမ်ိဳး ေျပာင္းလဲေနေတာ့သည္။ 

ရွီခ်ီ၏ အမူအရာက ေျပာင္းလဲလာၿပီးေနာက္ ခုတင္ေဘးတြင္ သြားထိုင္ကာ ေျပာသည္။ 

“မင္းရဲ႕ခက္ခဲတဲ့ အလုပ္အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ မင္းအခု ျပန္ၿပီး အနားယူလို႔ရၿပီ”

သရဲေလးဟာ လက္ကေလးကို ပြတ္ကာ တံခါးဝမွ တြန႔္ဆုတ္စြာျဖင့္ တိုးထြက္သြားေတာ့သည္။ ရွီခ်ီဟာ ေႁမြပါကို ပြတ္သပ္ၿပီးမွသာ သူ၏လက္အိတ္ကို ခပ္တင္းတင္း ဆုပ္လိုက္မိသည္။ ေႁမြပါ၏အေမြးမ်ားဟာ ရွည္ေနၿပီျဖစ္ၿပီး အနီးကပ္ ၾကည့္လိုက္မည္ ဆိုလွ်င္ အရင္းနားမွ အကြက္မ်ားကို ထင္ရွားစြာ ျမင္နိုင္ေနေသးသည္။ ထိုျဖစ္စဥ္က တစ္စုံတစ္ရာ ျဖစ္ပ်က္ခဲ့ေသာ အေျခအေနကို သတိရမိေစၿပီး တစ္စုံတစ္ေယာက္ကို သတိရမိသြားေစသည္။ 

“ေရွာင္ဟြမ္.. မင္းလည္း သူမကို မျမင္ခ်င္ဘူးလား”

ရွီခ်ီက ဘာေတြးေနသည္မသိ ႐ုတ္တရက္ လက္ေမာင္းထဲတြင္ ေႁမြပါေလးကို ေပြ႕လ်က္ အျမႇီးေလးကို ပြတ္သပ္လိုက္သည္။ ေႁမြပါဟာ သူ ေျပာေနေသာ စကားအေၾကာင္း မသိေလဘဲ ေပြ႕ဖက္မႈၾကားမွ ခုန္ထြက္သြားၿပီး အသိုက္ထဲသို႔ ျပန္ဝင္ကာ ဆက္အိပ္ေတာ့သည္။ ရွီခ်ီက လက္အိတ္ကို ခြၽတ္ၿပီး စားပြဲေပၚမွ စာအုပ္တစ္အုပ္ကို ယူလိုက္သည္။ ရင္းႏွီးကြၽမ္းဝင္ေသာ စာမ်က္ႏွာတစ္ခုသို႔ လွန္လိုက္ၿပီးေနာက္တြင္ စာ႐ြက္တစ္႐ြက္ဟာ ေပၚလာသည္။ ထိုစာ႐ြက္ေပၚတြင္ စကားလုံး ရွစ္လုံးကို ေရးထားသည္။ 

.. ဆယ့္ခုႏွစ္ႏွစ္… စာႀကိဳးစားရမယ္။ ေန႕တိုင္း တိုးတက္ေအာင္ လုပ္ရမယ္။ 

အျခားလူတစ္ေယာက္သာ ထိုစာကို ျမင္လွ်င္ ေခါင္းျပဳတ္က်လဳမတတ္ ရယ္ေလာက္သည္။ ထိုကဲ့သို႔ေသာ စာမ်ိဳးကို သိမ္းထားျခင္းက ေၾကာင္ေတာင္ေတာင္ နိုင္ေလာက္ေလသည္။ သဘာဝက်က်ပင္ ရွီခ်ီက ထိုအေၾကာင္းကို မေတြးေပ။ ရွီခ်ီက က်ယ္ေလာင္စြာ ေအာ္ဖတ္ၿပီးေနာက္ သရဲငယ္ေလး ေဖာ္ျပေသာ တုံ႕ျပန္မႈအပါအဝင္ တစ္ေန႕တာလုံး၏ အျဖစ္အပ်က္မ်ားအားလုံးကို ျပန္ေတြးလိုက္ကာ ႏႈတ္ခမ္းေထာင့္စြန္းမ်ားက အနည္းငယ္ ေကာ့တက္သြားသည္။ 

သူဟာ မတ္တပ္ထရပ္ၿပီးေနာက္ စာ႐ြက္တစ္႐ြက္ႏွင့္ ေဘာပင္တစ္ခုကို ထုတ္ကာ မနက္ျဖန္ ေက်ာင္းသို႔ ယူသြားရန္အတြက္ ထင္သာျမင္သာရွိေသာ ေနရာတြင္ ထားလိုက္သည္။ ဖုံးကြယ္ထားေသာ လွ်ို႔ဝွက္ခ်က္မ်ားက သိပ္မၾကာခင္တြင္ ေပၚလာေပလိမ့္မည္။ 

ေက်ာင္း၏ဒုတိယေျမာက္ တက္ရက္တြင္ နင္မုန႔္ဟာ မ်က္ကြင္းညိုေနေတာ့သည္။ 

လ်န္ဖုန္းမိန္ဟာ သူမတစ္ညလုံး နီးပါး ဂိမ္းထိုင္ေဆာ့ေနသည္ဟု ထင္ၿပီး နား႐ြက္ကိုပင္ ဆြဲလုမတတ္ ဆူပူေတာ့သည္။ 

“ေက်ာင္းက စေနၿပီ။ နင္က တစ္ညလုံး ေနေနတုန္းလား။ အတန္းထဲမွာ အိပ္ငိုက္ေနရင္ ဘယ္လိုလုပ္မလဲ ငါနင့္ကို သတိေပးထားမယ္ေနာ္၊ ဒါကို အခုခ်ိန္ထိ နားမေထာင္ဘူး”

နင္မုန႔္ဟာ သူမ၏ဆန္ျပဳတ္ကို ကုန္ေအာင္ေသာက္ၿပီးေနာက္တြင္ ေက်ာင္းလြယ္အိတ္ကို ဆြဲကိုင္လိုက္ကာ ထြက္ေျပးေတာ့သည္။ လမ္းတြင္ သူမက ေက်ာင္းသို႔ ဦးတည္ေနေသာ ေက်ာင္းသူေက်ာင္းသားအခ်ိဳ႕ႏွင့္ ဆုံသည္။ အခ်ိဳ႕က တစ္ေယာက္တည္း လာၿပီး အခ်ိဳ႕ကမူ ႏွစ္ေယာက္ သုံးေယာက္ အစုလိုက္ ျဖစ္သည္။ အမ်ိဳးမ်ိဳးေသာ အစာသြပ္မုန႔္မ်ား ေရာင္းသည့္ မုန႔္ဆိုင္မ်ားကလည္း လမ္းတစ္ေလွ်ာက္တြင္ ရွိသည္။ သူမက အတန္းသို႔ ေရာက္ခ်ိန္တြင္ လူတိုင္းနီးပါး ေရာက္ေနၾကၿပီျဖစ္သည္။ 

အမွန္အတိုင္း ဆိုရေသာ္.. လူအမ်ားစုဟာ ေက်ာင္းသို႔ ေစာေစာလာၿပီး ကိုယ္တိုင္ စာေလ့လာရန္၊ စာေစာေစာဖတ္ထားရန္ ႀကိဳးစားၾကေလသည္။ သူမကဲ့သို႔ မနက္ခင္း အအိပ္လြန္သည့္ အေျခအေနမ်ိဳး မရွိေခ်။ 

သူမ၏ထိုင္ခုံဖက္ ရွီခ်ီက ေစာေစာေရာက္ေနသည္။ သူဟာ စာ႐ြက္ေပၚတြင္ တစ္စုံတစ္ရာကို ေရးေနဟန္ရသည္။ နင္မုန႔္ဟာ ေနရာတြင္ ဝင္ထိုင္ၿပီးေနာက္ လမ္းၾကည့္လိုက္ခ်ိန္တြင္ လူတစ္ေယာက္၏ပုံကို ေတာက္ပစြာ ေရးဆြဲထားေၾကာင္း ျမင္လိုက္ရသည္။ ေနရာမွ ကြဲထြက္ေနရမည့္အစား အသက္ရႈမွားေလာက္ေအာင္ လွပလြန္းေနသည္။ ဝိုး ဝိုး.. ဝိုး.. သူမရဲ႕ဒီေျမးေလးက အႏုပညာမွာ ဒီေလာက္ပါရမီရွိမယ္လို႔ မထင္ထားမိဘူး။ 

သို႔ရာတြင္ သူမဟာ သူ ငယ္႐ြယ္ခ်ိန္ကတည္းက အေဆာင္လက္ဖြဲ႕ ေရးဆြဲနည္းကို သင္ၾကားခဲ့ေၾကာင္း ျပန္ေတြးမိေသာအခါ ယခုအခါ ပုံဆြဲျခင္းကို ေလ့လာေနျခင္းက ျဖစ္သင့္သည္ဟု ထင္သည္။ ဒါက ကို႔ရို႔ကားယား နိုင္သည္ဟုလည္း မခံစားရေခ်။ ထို႔အျပင္ မိန္းမငယ္ေလးမ်ားအတြက္ ေက်နပ္စရာ ေနာက္ထပ္တစ္ခ်က္ ျဖစ္သြားသည္။ 

မနက္ပိုင္း စာဖတ္ခ်ိန္က မစတင္ေသးသည့္အတြက္ သူမသည္ မေန႕ညက ေရးဆြဲမႈ မၿပီးဆုံးေသးသည့္ ပိုစတာကို ထုတ္လိုက္ၿပီးေနာက္ စကားလုံးအႀကီးျဖင့္ စာမ်ားေရးရန္ ျပင္ဆင္လိုက္ကာ မိနစ္တိုင္းကို ေကာင္းေကာင္း အသုံးခ်ေတာ့သည္။

ရွီခ်ီက ႐ုတ္တရက္ ေဘာပင္ကို ရပ္တန႔္ၿပီးေနာက္ ေခါင္းလွည့္လာကာ သူမ တစ္စုံတစ္ရာ ေရးေနျခင္းကို ျမင္လိုက္ရသျဖင့္ ေမးလိုက္သည္။ 

“ဒါက ဘာအတြက္လဲ”

နင္မုန႔္၏ အာ႐ုံက ဆြဲေဆာာင္ခံရၿပီးေနာက္ သူ၏လက္ေအာက္မွ လက္ရာေျမာက္ေသာ အရာကိုပင္ လွ်ို႔ဝွက္စြာ ေခ်ာင္းၾကည့္လိုက္သည္။ 

သူမ ေခါင္းငုံ႕ၿပီးေနာက္ သူမေရးဆြဲေနေသာ အရာကို ျပန္ေတြ႕မိေသာအခါ လက္ရာခ်င္း ကြာျခားမႈေၾကာင့္ စိတ္ဓာတ္က်သြားသည္။ သို႔တိုင္ေအာင္ ဂ႐ုမစိုက္ေသာ ေလသံမ်ိဳးျဖင့္ ျပန္ေျဖလိုက္သည္။ 

“ပိုစတာပါ..”

ထို႔ေနာက္ သူမက သူမ၏ထိုင္ခုံဖက္ ေျပာေသာစကားကို ၾကားလိုက္ရသည္။ 

“အိုး.. တကယ္ကို မတူဘူးပဲ”

နင္မုန႔္ “…”

ပိုစတာက ဘာကိုမ်ား မတူေနတာလဲ။ ေသခ်ာေပါက္ ငါ့မွာလည္း အရမ္းေတာ္တဲ့ ပုံဆြဲစြမ္းရည္ ရွိတာပါ။ 

ရွီခ်ီ၏ မ်က္လုံးမ်ားက ေကြးၫႊတ္သြားသည္။ သူက ေမးလိုက္သည္။ 

“မင္း မေန႕ညက မအိပ္ခဲ့ရဘူးလား”

ထိုေမးခြန္းကို ၾကားေသာအခါ နင္မုန႔္ဟာ ေတာႀကိဳအုံၾကား ဝတုတ္သရဲကို ျပန္သတိရသြားၿပီးေနာက္ မ်က္လုံးကို အုပ္လိုက္သည္။ 

“ငါ့ရဲ႕မ်က္ကြင္းညိုတာက အရမ္းသိသာေနလို႔လား”

သူမဟာ သရဲငယ္ေလးေၾကာင့္ ထိတ္လန႔္ခဲ့ေၾကာင္း သူ႕ကို သိေစ၍ မျဖစ္ေပ။ မဟုတ္လွ်င္ သူတို႔၏အတန္းေဖာ္ ခင္မင္မႈကို ပ်က္ယြင္းသြားေပလိမ့္မည္။ မည္သို႔ပင္ ဆိုေစ သူဟာလည္း သရဲဖမ္းသူတစ္ေယာက္ ျဖစ္ေနေသးသည္။ နင္မုန႔္ဟာ တစ္ခဏခန႔္ ေတြးေတာၿပီးေနာက္တြင္ ေတာင့္တင္းေနေသာ လည္ပင္းကို တစ္ခ်က္ ေစာင္းလိုက္ကာ ေျပာလိုက္သည္။ 

“ပိုစတာေတြ ထိုင္ဆြဲေနလို႔ေလ”

႐ုတ္တရက္ ေလထုက တိတ္ဆိတ္သြားၿပီး အခ်ိန္အတန္ၾကာမွသာ ရွီခ်ီက ျပန္ေျဖလိုက္သည္။ 

“အို.. အဲဒါေၾကာင့္လား”

“ဟုတ္တယ္ ဟုတ္တယ္”

နင္မုန႔္က အေၾကာင္းအရာကို ခပ္ျမန္ျမန္ ေျပာင္းကာ ေခါင္းညိတ္လိုက္သည္။ 

“အတန္းေဖာ္ နင္ဆြဲတာ အရမ္းေတာ္တာပဲ။ ငါ့ကို ပိုစတာေလး ကူဆြဲေပးလို႔ ရမလား”

သူမဟာ သူ႕ကိုသာ အကူအညီ ေတာင္းလိုက္ရင္ ရလဒ္ဟာ သူမကိုယ္တိုင္ လုပ္ျခင္းထက္ ပိုေကာင္းသြားေပလိမ့္မည္။ ပို၍ ဆိုးသည္မွာ သူမဟာ ရွီခ်ီဆိုေသာ စကားလုံးကို ထည့္နိုင္မည္ ဆိုလွ်င္ မိန္းကေလးအမ်ားစုဟာ သူမတို႔၏ဆိုင္သို႔ မုန႔္မ်ား ေသခ်ာေပါက္ လာဝယ္ၾကေပလိမ့္မည္။ သိပ္မၾကာခင္မွာပင္ သူမတို႔၏ စီးပြားေရးဝင္ေငြဟာ မိုးထိုးတက္သြားေတာ့မည္။ 

သူမက ထိုအႀကံရသည္ႏွင့္ နင္မုန႔္က အေတြးကို အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားေတာ့သည္။ သူမ၏ စိတ္ကူးယဥ္မႈမ်ားကလည္း ျပင္းထန္လာသည္။ သူမ၏တံေထြးကပင္ ပါးစပ္မွ ထြက္က်လဳမတတ္ ျဖစ္သြားၿပီး နားထဲတြင္ပင္ ပိုက္ဆံေရတြက္သံမ်ားကို ၾကားေယာင္လာသည္။ 

နင္မုန႔္၏မ်က္လုံးထဲတြင္ မေရမတြက္နိုင္ေသာ ေ႐ႊျပားမ်ားကိုပင္ ရွီခ်ီက ျမင္ရလုနီးပါး ျဖစ္သြားသည္။ သူက ေျပာလိုက္သည္။ 

“ေကာင္းၿပီေလ”

သူ၏တုံ႕ျပန္သံက နင္မုန႔္၏နားထဲတြင္ ေကာင္းကင္ေခါင္းေလာင္ ျမည္ဟီးသြားသကဲ့သို႔ ျဖစ္သြားၿပီး သူမ၏မ်က္ႏွာတြင္ ေတာက္ပေသာ အၿပဳံးကို ေပၚထြက္လာေစသည္။ သူမ၏မ်က္ဝန္းမ်ားကပင္ လျခမ္းသဖြယ္ ေကြးၫႊတ္သြားေတာ့သည္။ 

“တကယ္လား ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ရွီခ်ီ”

ရွီခ်ီက ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္။ ေလသံက အတူတူပါပဲ။ နာမည္ကလည္း အတူတူပဲ။ ဘာလို႔ သူမပါးစပ္က ထြက္လာေတာ့ ကြာျခားတယ္လို႔ ခံစားရတာလဲ။ လီရွားက သူ႕အား ေျပာခဲ့သည္။ သူ႕အဘြားျဖစ္သူက အၿမဲတေစ သူ၏နာမည္က ဆယ့္ခုႏွစ္ဆိုသည့္ ရွစ္ခ်ီးျဖစ္ၿပီး ရွီခ်ီမဟုတ္ဟု မၾကာခဏ ေရ႐ြတ္ေနတတ္ေၾကာင္း ေျပာသည္။ သူ တစ္ခဏခန႔္ ေၾကာင္အၿပီးေနာက္တြင္ အၾကည့္ကို လြဲလိုက္ၿပီး ေျပာသည္။ 

“အမ္း..”

သူ၏အသံ ထြက္လိုက္ခ်ိန္မွာပင္ ေက်ာင္းတက္ေခါင္းေလာင္းက ျမည္လာသည္။ အဂၤလိပ္ဆရာမက စာသင္ခန္းထဲသို႔ ဝင္လာၿပီးသည္ႏွင့္ ေက်ာင္းသားမ်ား၏ အသံမ်ားက တစ္ခန္းလုံး ျပည့္သြားေတာ့သည္။ 

နင္မုန႔္ဟာ တစ္ဖန္ထပ္ၿပီး လွည့္စားလိုေသာ အေတြးျဖင့္ ေမးလိုက္သည္။ 

“ငါ နင့္ရဲ႕နာမည္ကို အဲဒီမွာ ေရးလို႔ ရတယ္ မဟုတ္လား”

ရွီခ်ီက ေမးသည္။ 

“မင္း ဘာေတြ ႀကံစည္ေနတာလဲ”

နင္မုန႔္ဟာ သူမ လုပ္ခ်င္ေနသည့္ ကိစၥကို အၾကမ္းဖ်င္း ရွင္းျပလိုက္သည္။ ထိုအေၾကာင္းကို ေတြးမိေသာအခါ သူမဟာ အတန္းေဖာ္၏ ႐ုပ္ရည္ေခ်ာေမာမႈကို သုံးၿပီး ေဈးဝယ္သူမ်ားကို ဆြဲေဆာင္မည့္ အေျခအေန ျဖစ္သျဖင့္ ရွက္သြားမိသည္။ 

ရွီခ်ီ၏ မ်က္ဝန္းထဲတြင္ ေဖာ္ျပ၍ မရနိုင္ေသာ အလင္းက လက္သြားၿပီးေနာက္ သူမကို စိုက္ၾကည့္ကာ ေျပာသည္။ 

“မင္းက ငါ့နာမည္ကို သုံးၿပီး ေငြရွာခ်င္ရင္ ငါကလည္း ေဝစု လိုအပ္တယ္”

နင္မုန႔္၏ မ်က္လုံးဟာ ျပဴးက်ယ္သြားသည္။ ဒီေကာင္စုတ္ေလးက လာလို႔ ေဝစု လိုအပ္တာလဲ။ သူ႕ရဲ႕မိသားစုက လုံေလာက္ေအာင္ ခ်မ္းသာၿပီးသားေလ။ သူ႕အတြက္ ဒီပမာက အရမ္းနည္းပါးလြန္းတယ္ ဆိုရင္ေတာင္မွ အမ်ားႀကီးေတာ့ မေတာင္းဆိုသင့္ဘူး မဟုတ္လား။ 

သူမဟာ တစ္ခဏခန႔္ ေတြးေတာၿပီးေနာက္ ျပန္ေျဖလိုက္သည္။ 

“ေကာင္းၿပီ ေကာင္းၿပီ ငါ နင့္ကို ေဝစုေပးမယ္။ နင္သာ စိတ္မရွိဘူးဆိုရင္ ငါ နင့္နာမည္ကို ခပ္ႀကီးႀကီး ေရးလိုက္မယ္”

သူမက သူ၏ပုံကိုလည္း ကပ္ရန္ ႀကိဳးစားလိုက္ပါက ပို၍ သက္ေရာက္မႈ ေကာင္းမြန္သြားေပလိမ့္မည္။ ႏွေျမာစရာေကာင္းသည္မွာ ထိုသို႔လုပ္၍ မရေလာက္ေပ။ နင္မုန႔္က အတန္းထဲ ဆူညံေနခ်ိန္တြင္ ခပ္တိုးတိုး ေရ႐ြတ္ေနသည္။ 

“ဘာလို႔ ဒီေကာင္စုတ္ေလးက အျမင္က်ဥ္းတာလဲ။ သူ႕ကို ဒီလိုျဖစ္ေအာင္ ဘယ္သူက သင္ေပးထားတာလဲ”

အျပင္ဘက္ေနက ျမင့္လာသည္။ သို႔ေသာ္ အလြန္ပူျပင္းျခင္း မရွိေသး၍ ထိုအစား ျပတင္းေပါက္မွ ျဖာက်လာၿပီး အနည္းငယ္ ေႏြးေထြးမႈကို ခံစားရသည္။ 

ရွီခ်ီ၏ မ်က္ႏွာေပၚ ခမ္းနားေသာ အလင္းေရာင္က က်ေရာက္လာၿပီး သူ၏နက္ရွိုင္းတိက်ေသာ ပုံပန္းသြင္ျပင္ႏွင့္ ရွည္လ်ားေသာ ႏွာေခါင္းစသည္တို႔ကို မီးေမာင္းထိုးျပထားသလိုမ်ိဳး ေဘာင္တြင္ အရိပ္က ေပၚလာသည္။ သူမက အသံတိုးတိုးျဖင့္ ေျပာလိုက္သည့္တိုင္ေအာင္ အနားရွိလူဟာ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။ 

ရွီခ်ီက တစ္ခဏခန႔္ တုံ႕ဆိုင္းသြားၿပီးေနာက္တြင္ ႏႈတ္ခမ္းမ်ားဟာ ေကာ့တက္သြားသျဖင့္ ပို၍ပင္ ၾကည့္ေကာင္းေခ်ာေမာသြားသည္။ ထို႔ေနာက္ မ်က္ဝန္းေထာင့္မွ ၾကည့္ကာ အလ်င္မလိုဟန္ျဖင့္ ေျပာသည္။ 

“ငါ့ရဲ႕အဘြား သင္ေပးထားတာ”

သူ၏အသံဟာ သူမထက္ အနည္းငယ္ က်ယ္သည္။ 

ေခ်ာင္းနားေထာင္ေနေသာ နင္မုန႔္ “…”

ငါ သူ႕ကို ဒီအေၾကာင္း အရင္က ေျပာဖူးသလိုလို…

ဒါေပမဲ့ ဒီအတိုင္း တရားေသ မွတ္ထားလို႔ေတာ့ မရဘူးေလ ဟုတ္တယ္ မဟုတ္လား။

Continue Reading

You'll Also Like

55.2K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...
305K 14.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
290K 55.7K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.