~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]

By BinxRi

6.3K 636 55

ဘယ်အရာကမှကိုကို့ရဲ့မျက်လုံးထဲမှာလှမနေရင်တောင် ယူဂျင်းကကိုကို့အတွက်အလှဆုံးဖြစ်နေမှာ~♡︎ ~~𝗚𝗬𝗨𝗝𝗜𝗡: 규진~~ 𝐒... More

ကိုကိုနဲ့ကျွန်တော်ကလက်ထပ်ရမယ်တဲ့
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၁)
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၂)
ကိုကိုရေ~
ကိုကိုနဲ့ဒိတ်~
အငိုသန်သော ယုန်ပေါက်လေး..
ကျွန်တော်မှားတာပါ ကိုကို
ကိုကိုယူဂျင်းကိုတကယ် မချစ်ဘူး!
Yujinze (ယူဂျင်း၏ဒိုင်ယာရီ)
ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..
Yujinze
ချစ်တယ် ကိုကို့ကလေးငယ်

ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း

556 75 4
By BinxRi

ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း

----

ကျွီ..

""ဟန်ယူဂျင်း?""

"ဟင့်"

ရုတ်တရက် ဟန်ယူဂျင်း ဟူသော ခေါ်သံကြောင့် ယူဂျင်းလန့်သွားသည်။

""မင်းငါ့အခန်းထဲမှာဘာလုပ်နေတာလဲ""

""ဟင် ဒါကို-အဲ့ ခများအခန်းလား?""

ကိုကို ဟုခေါ်ရန်ပါးစပ်ကထွက်လာသော်လည်း ယူဂျင်း ကိုကိုဟုပါးစပ်မှအသံထွက်မလာခင် ခများ ဟုပြောင်းခေါ်လိုက်သည်။

သို့သော် ခများ ဟုခေါ်လိုက်သည် ကို တစ်စုံတ‌ဗင်းက မကျေနပ်သလို မကြိုက်သလို မျက်နှာမျိုးနဲ့ပင်..

ထို့ကြောင့် ခများလို့ခေါ်တာ ကယူဗင်းမကြိုက်မှန်း ယူဂျင်းသိလိုက်ပြီလေ..

""ဟိုစောရီးနော် ကျွန်တော့်ထက်အကြီးကို ခများသုံးလိုက်မိလို့ စောရီး"

ဟုပြောကာ ထွက်သွားရန်ပြင်လိုက်သော်လည်း

""ဘယ်သွားမှာလဲ ဟန်ယူဂျင်း""

ဟူသော စကားသံကြောင့် ယူဂျင်း၏ ခန္ဓာကိုယ်လေးဟာ တုန်တက်သွားသည်။

""ဟို ဒါအစ်ကို့ အခန်းလေ ဖွားဖွားက ဒီမှာ ခဏနားနေပြောလို့ ကျွန်တော်က ခဏ‌အိပ်နေတာ အခု အကိုပြန်ရောက်ပြီဆိုတော့ ကျွန်တော့်ရဲ့ တကယ်အခန်းကိုပြန်လိုက်ပါအုံးမယ် ကောင်းကောင်းအနားယူပါ~""

ဟုပြောကာ ထွက်သွားမည် ပြင်လိုက်သော်လည်း

""အင့်""

ဘယ်အချိန်တည်းက ဆွဲချဖို့ပြင်နေမှန်းမသိတဲ့လက်က ယူဂျင်းကို ကယူဗင်း ပေါင်ပေါ် ဆွဲတင်လိုက်သည်။

""ဟိုအစ်-အစ်ကို ကျွန်-ကျွန်တော့်ကို ပေးသွားပါအုံး""

ရှက်ပြီး စကားတွေထစ်နေတဲ့ သူ့ပေါင်ပေါ်ကအကောင်ပေါက်လေးကိုကြည့်ကာ ခိုးပြုံးမိသည်။

ဘာလို့မှန်းတော့မသိပါ..။

""ကိုယ့်အခန်းကို ဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်း ထွက်လို့ရမယ်ထင်နေလား ဝင်ချင်တိုင်းဝင်လိုတော့ရမယ်နော် ထွက်ချင်တိုင်းထွက်လို့တော့မရဘူးနော် ယူဂျင်း""

""ဟို ကိုကို ကျွန်တော် မသိ အင့်""

တ‌ဖြည်းဖြည်းနဲ့ အနားကပ်လာသော ကိုကို့ မျက်နှာကြောင့် ယူဂျင်း နောက်ဆုတ်ရင်း ကုတင်နဲ့တိုက်ကာ ထိုင်လျှက်လှဲသွားတော့သည်

""ဟို""

စကားထပ်ပြောရန်ပြင်နေသော ယူဂျင်းကိုကယူဗင်းကြည့်မိတော့ နှုတ်ခမ်းလေးဟာ အနည်းဟယ် ဆူနေသည်

အနည်းငယ်ဆူနေသော နှုတ်ခမ်းလေးအားနမ်းချင်စိတ် ဖြစ်လာတာမို့ ကယူဗင်း နမ်းမိသွားသည်

"အွန့်"

"ကိုကို"

ပြွတ်စ့်

ဘာစကားမှပြန်မပြောပဲ ဆက်နမ်းနေသောကိုကိုကြောင့် ယူဂျင်းအသက်ရှူကျပ်ကာ အနေခက်လာတာကြောင့်

ကယူဗင်း၏ရင်ဘတ်ကို လက်သေးသေးလေးနဲ့ရိုက်လေသည်။

ရင်ဘတ်ကိုရိုက်လာသောလက်သေးသေးလေးတွေကြောင့် ကယူဗင်း ဘာပြောချင်မှန်းနားလည်လိုက်သည်

ထိုကြောင့် ယူဂျင်းကိုလွှတ်ပေးလိုက်သည်။

""ဟင်းးး""

အောက်စီဂျင်လိုအပ်နေသော ယူဂျင်းမှာ အောက်စီဂျင်ရမှာ အသဲအသန် အသက်ရှူရတော့သည်။

အသက်ရှူလို့ဝတော့မှ

""ဟိုကျွန်တော်သွားတော့မယ်"" ဆိုကာ ကယူဗင်းအခန်းထဲမှာထွက်လာလိုက်သည်။

---Next Day---
5:00 am

""သား ယူဂျင်း အစောကြီးကို နိုးပြီလား""

ဟု ဖွားဖွားအီ(အီဂျီယွမ်း)မေးလာသောကြောင့် ယူဂျင်း ရိုရိုသေသေ

""ဟုတ် နိုးပါပြီ ဖွားဖွား မနေ့ကခရီးပန်းပြီးအစောကြီး အိပ်ပျှော်သွားလို့ပါ"

ဟုပြန်ဖြေလိုက်သည်။

""ဗိုက်ဆာနေပြီလာ သား မနေ့ညကလည်း ထမင်းစားမယ်ဆိုတာကို ဆင်းလာမစားဘူးဆိုတော့ ထမင်းတော့ အခုမှဖွားဖွားမြန်မြန်ချက်ပေးမယ် ဟင်းတော့ မရှိသေးလို့ ကင်မ်ချီနဲ့စားလိုက်နော်""

""ရပါတယ် ဖွားဖွား ကျွန်တော် မုန့်လေးနည်းနည်းစားလိုက်မယ်""

""အေးအေး သား ပျင်းနေရင် အပေါ်က သားကိုကိုအခန်းထဲကမှာ သားကိုကိုရဲ့ laptop ယူပြီး ဇာတ်ကားဖြစ်ဖြစ်ကြည့်နေလေ သားကိုကိုကတော့မနိုးလောက်သေးဘူး သူ့အခန်းထဲမှာမရှိရင် သူ့စာဖတ်ခန်းထဲသွားယူလှည့်နော် အပြင်မှာအေးနေလို့ TV တော့မကြည့်သေးနဲ့အုံး ဧည့်ခန်းထဲမှာအေးလို့လေ""

""ဟုတ် ဖွားဖွား ကျွန်တော်ကရပါတယ် ဖွားဖွားပဲ အပေါ်မှာသွားနားပါဗျ ဘယ်သူမှနိုးသေးတာလဲ မဟုတ်ပဲဟာ""

""ဟုတ်ပါပြီရှင်""

""Nae""

9:00 am

ဒေါက်! ဒေါက်!

ကျွီ..

""အစ်ကို ဖွားဖွားက ထမင်းစားမယ်တဲ့""

""အင်းအင်း""

ဟုပြန်ပြောသော ကိုကိုကြောင့် သူပြေးဆင်းကာ ကိုကိုပြောလိုက်သည့်စကားကို ဖွားဖွားကိုပြန်ပြောလိုက်သည်။

----

""သား ကယူဗင်း ဘယ်နေ မင်္ဂလာပွဲလုပ်‌မယ် စဉ်းစားထားလဲ ယူဂျင်းကော""

""ဟိုကျွန်တော်ကတော့ အဆင်ပြေပါတယ် ဖွားဖွားတို့အဆင်ပြေသလိုလုပ်ပါ""

""အဲ့တာဆို နောက်တစ်ပတ်ထဲဆိုရင်ကော""

ဟုကယူဗင်းဝင်ပြောလိုက်သည်။

အဟွတ် အဟွတ် (ယူဂျင်း ဟင်းရည်သောက်ရင်း သီး သွားသံ)

""မမြန်ဘူးလားဟင်""

""မမြန်ပါဘူး သားတို့ရယ်""

""ကယူဗင်းပြောသလို နောက်တစ်ပတ်လုပ်တာပေါ့ ဖွားဖွား Hotel မှာလုပ်လိုက်မလား ယူဂျင်း""

""ဟုတ် ရပါတယ်ဖွားဖွား""

--Time skip--


(ကယူဗင်းနဲ့ အီဂျီယွမ်းတို့၏စကားတီးတိုးပြောသံ)

""ကင်မ်ကယူဗင်း မင်းဟို ကင်မ်ယူရီ ဆိုတဲ့တစ်ယောက်နဲ့ ဖြတ်ပြီးပြီလား!!""

""ဟင့်အင်း ဖွားဖွား""

""မြန်မြန်ဖြတ် မဟုတ်ရင် မင်းကိုအမွေဖြတ်မယ်""

""ဖွားဖွားရာ ကျွန်တော့်ကို ယူဂျင်းနဲ့ယူခိုင်းလို့ ယူပြီးပြီလေ ဘာလို့သူနဲ့ပါဖြတ်ခိုင်းနေရတာလဲဗျာ""

""အဲ့တာငါဆုံးဖြတ်မယ် အဲ့ကောင်မလေးနဲ့ဖြတ် မဖြတ်ရင် အမွေဖြတ်ပြီး ယူဂျင်းနဲ့မပေးစားဘူး!!""

""ကျစ်! ဟုတ်ပြီ ဖွားဖွားရာ""

-----

သာသာစာရိုက်ရမှာပျင်းလို့ တိုသွားတယ် စောရီးပါ🐇🤍

-Starလေးနှိပ်ပြီး အာသာကိုအားဆေးကျွေးလို့ရပါတယ်နော်

-Jul,20/2023

-21:51

-988 words

TBC

Continue Reading

You'll Also Like

3.2K 171 3
{Zhanyi version❗❗❗💖} 1. မတော်တဆချစ်မိသွားပြီ "လူနှစ်ဦးကြားက အချစ်ဟာစစ်မှန်ပြီး ဖူးစာမှန်ရင်မတော်တဆချစ်မိသွားနိုင်တယ်" ______________________...
3.1K 245 27
[Both Zawgyi&Unicode] [Start Date-22.6.2022] [End Date-22.7.2022]
2.2K 273 9
"ဒါလင်...ကျွန်တော် ဒါလင့်ကို သိပ်ချစ်တာပဲ"
200K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...