"မိုစု ၊ အဒေါ်ဖန်ကို ခဏလောက် အနားယူဖို့ တို့ဥယျာဉ်ကို ဖိတ်ခေါ်လိုက်ပါ။ ဘယ်လောက်ပဲ အရေးတကြီး ကိစ္စဖြစ်နေပါစေ သူ့ဗိုက်ထဲက ကလေးကို မထိခိုက်စေရဘူး ။ အစ်မအကြီးဆုံး၊ မင်း အဲဒီကို သွားကြည့်ချင်သလား။ " မို့ရွှီတုန်းသည် ညင်သာစွာ ပြုံးလိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်ကို ဖြည်းညှင်းစွာ ကော့တက်လိုက်သည် ။
မို့ရွှီတုန်းသည် နာခံမှုရှိပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသည်။
ဤအတောအတွင်း စကားမပြောခဲ့သော ချင်းယွီဖန်သည် သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မကူညီနိုင်သလိုခံစားရသည် ။ သူသည် မို့ရွှီတုန်း၏အကြည့် ဦးတည်ရာအတိုင်း လှည့်ကြည့်လိုက်တော့ သူမမျက်လုံးတွေက စမ်းချောင်းနားက တောင်အတုဆီကို လှည်ံကြည့်နေသည် ။
မို့ရွှမ်မင် ၏မျက်လုံးများသည် မို့ရွှီတုန်း မည်မျှလျင်မြန်စွာသဘောတူသည်ကိုမြင်သောအခါတွင် ပျော်ရွှင်မှု တိုးလာသည်။ သူမက မို့ရွှီတုန်းအား "အဒေါ်က ဘာမှ အရေးတကြီးကိစ္စ မရှိပါဘူး။ ဒီမနက်ပဲ တို့ သူ့မဆီ သွားလည်ခဲ့သေးတယ်။ အခု မင်းရဲ့ နေရာမှာ အဒေါ်ကို ခဏအနားယူပါစေဦး ၊ တို့ ဧည့်သည်တွေကို လိုက်ပြပြီးရင် နောက်မှ လိဟွာဥယျာဥ် ကို သွားလိုက်မယ်။"
"တတိယညီမ၊ မင်းဆေးသောက်ပြီးပြီလား။ မိုဂျင်ကို ဒီကို ဆေးထပ်လာပို့စေချင်လား။ မင်းကျန်းမာရေးမကောင်းလို့ ဖေဖေက မင်းကို ဆေးတွေထပ်ပေးခဲ့တယ်လို့ ကျုပ်ကြားတယ် " မိုယုဖန်က ရှားရှားပါးပါး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ် ၊ မင်း ဆေးတွေကို လိုအပ်တယ် ၊ တို့ မင်းနေရာကနေ ထွက်သွားဖို့ စောစောလာခေါ်ခဲ့တာ တို့မှားသွားတယ် ။ ဒါကြောင့် မင်းဘာမှမယူလာခဲ့ရဘူး ။ မင်းရဲ့ခြံဝင်းမှာရောက်နေတဲ့ အဒေါ်ဖန်ကို အကြောင်းကြားဖို့ မိုစု နဲ့ မိုလန်ကို သွားခိုင်းပြီး မင်းရဲ့ဆေးကို ဒီကို ယူလာခိုင်းလို့ ရပါတယ်။” မို့ရွှမ်မင်က စိုးရိမ်သောကဖြင့် မို့ရွှီတုန်း၏လက်ကို ကိုင်ထားပြီး ရှားရှားပါးပါး ကြင်နာမှုဖြင့် ဆက်ပြောသည်။
“မင်းလက်က အရမ်းအေးနေတယ်။ နောက်မှနေမကောင်းမဖြစ်အောင် အခု ဆေးသောက်တာ ပိုကောင်းတယ်"
မို့ရွှမ်မင်၏ အပြုံးသည် နွေဦး၏ မြစ်ရေကဲ့သို့ နူးညံ့သိမ်မွေ့ကာ စိုးရိမ်ပူပန်မှုရှိပြီး နူးညံ့သည်။
သူမက မို့ရွှီတုန်းကို မိုလန်အားပြန်လာစေလိုကြောင်း အခိုင်အမာပြောဆိုခဲ့သည် ။
မို့ရွှီတုန်းသည် သူမ၏ မျက်ခုံးများကို ပေါ့ပေါ့ပါးပါး မြင့်တင်လိုက်ပြီး မှုန်မှိုင်းစွာ ပြုံးလိုက်သည်။ မို့ရွှမ်မင်ရဲ့ ဇာတ်ကွက်က တကယ့်ကို အသေးစိတ်ကျပါတယ်။ အဒေါ်ဖန်သည် ချင်းဝေ့ဥယျာဥ်သို့သွားပြီးနောက် မို့ရွှမ်မင်သည် မို့ရွှီတုန်း၏ အိမ်အကူများအာ ပြန်ပို့ရန် ပြောဆိုခဲ့သည် ။ ဘာတွေများ ဖြစ်လာနိုင်မလဲ ။ သူမ၏ယခင်ဘဝတွင်လည်း အဒေါ်ဖန်သည် မမွေးသေးသောကလေးကို နောက်ဆုံးတွင် ဆုံးရှုံးခဲ့ရကြောင်း သူမ သတိရမိသည်။
အကြောင်းအရင်းက အဒေါ်ချင်းကြောင့် ဖြစ်သည်လို့ သူမကြားခဲ့ရတယ် ။ဒီဘဝမှာတော့ သူမဒီလိုမထင်တော့ပါဘူး ၊ သူမပြန်လည်မွေးဖွားပြီးနောက် အဒေါ်ဖန်၏ကလေးပျက်ကျခြင်းရလဒ်က သူမကြောင့်ဆိုပြီး ဖြစ်လာမှာသေချာသည် ။
မည်သို့ပင်ဆိုစေကာမူ အဒေါ်ဖန်သည် မမွေးသေးသောကလေးအား သူ့ကိုယ်ပိုင်အကျိုးအတွက် အသုံးချခဲ့သည်လား ၊ ဒီလို ရက်စက်တဲ့ မိန်းမက ကလေးယူဖို့ မထိုက်တန်ပါဘူး။
မို့ရွှီတုန်းသည် အချိန်အတော်ကြာ စကားမပြောသည်ကို မြင်သောအခါ မိုရွှီတုန်း ချီတုံချတုံ ဖြစ်နေသေးသည်ဟု ဝမ်ရီလန်က တွေးလိုက်သည်။
"တတိယမြောက်သခင်မလေးမို ၊ မင်းရဲ့ အိမ်အကူကို လွှတ်လိုက်တာ ပိုကောင်းပါတယ်။ ငါတို့ ဟိုမှာ ဖြည်းညှင်းစွာ လမ်းလျှောက်နေမှာမို့ သူမအမီလိုက်နိုင်ပါလိမ့်မယ်၊ ဒါဆို ငါတို့ကြောင့် မင်း မပင်ပန်းရတော့ဘူး "
သူမတို့သည် ဧည့်သည်များဖြစ်ပြီး သူတို့ကို ဧည့်ခံသည့် မိသားစုမှ အမျိုးသမီးငယ်သည် သူမတို့နှင့် အတူလိုက်ခဲ့၍ နာမကျန်းဖြစ်ခဲ့သည်ဆိုပါက ရှင်းပြရန် ခက်ခဲမည်ဖြစ်သည်။
"မိုလန် ၊ မိုစုနဲ့ လိုက်သွားပြီးတော့ တို့အတွက် ဆေးနည်းနည်း ယူလာပေးဖို့ မေမေ့ကို ပြောလိုက်ပါ။ အဒေါ်ဖန်ကိုလည်း ရောက်ရင် အနားယူဖို့ ဖိတ်ခေါ်လိုက်ပါ။ ရာသီဥတုက အရမ်းဆိုးတယ်၊ သူမ လဲကျမသွားအောင် ဂရုစိုက်ရမယ်။" သူမ လှည့်ကြည့်ကာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသော မိုလန်အား ညင်သာစွာ ပြောလိုက်သည်။
ဘာတွေ ဖြစ်သွားနိုင်မလဲ။ သူမသည် ဒီသားအမိအား စိတ်ကျေနပ်မှုကို ဦးစွာပေးစွမ်းလိုက်မည် ။ သူမနှင့် မို့ရွှမ်မင်တို့က လုပ်ရပ် မတူပေမယ့် ရလဒ်ကတော့ အတူတူပါပဲ။ သို့သော်၊ သူတို့၏ဖခင်သည် ကလေးအား လုံးဝဂရုမစိုက်ကြောင်း တွေ့ရှိသောအခါ မို့ရွှမ်မင် ၏အမူအရာသည် မည်မျှစိတ်ဝင်စားဖွယ်ကောင်းမည်ကို သူမ သိချင်သည် ။
သို့သော်လည်း အမြဲ အဝေးမှပဲ အမြဲ ကြည့်လေ့ရှိသော သူမ၏အစ်ကိုဖြစ်သူသည် အိမ်တွင်းခြံဝင်းကိစ္စများတွင် ပါဝင်ပတ်သက်နေသည်လားဆိုတာကို သူမ မမှတ်မိနိုင်ပေ ။ သေချာတာက သူမ၏ဒုတိယအကိုသည်လည်း မျက်နှာဖုံးအတု ၀တ်ထားပုံရသည်။ သူမ၏အတိတ်ဘဝက ကြေကွဲစရာများတွင် သူလည်းပါဝင်သရုပ်ဆောင်ခဲ့သည်။ စီမာလင်းရန် နှင့် ဆက်ဆံရာတွင် ခြံအတွင်းမှ အမျိုးသမီးတစ်ဦးဖြစ်သော မို့ရွှမ်မင်အတွက် ခက်ခဲလိမ့်မည်။
သူတို့ရဲ့ သခင်မနှစ်ယောက်လိုပဲ အိမ်အကူ အသီးသီးမှာလည်း သူတို့ရဲ့ အစီအစဉ်တွေ ရှိကြတယ်။ အပေါ်ယံတွင် သူတို့သည် ချင်ဝေ့ဥယျာဥ်သို့ ပျော်ရွှင်စွာ အတူသွားနေကြပုံရသည်။
ဧည့်သည်များပါဝင်သောအဖွဲ့သည် ပန်းခြံဘက်သို့ ဆက်သွားကြသည်။ အိမ်ဖော်များနှင့် ကျွန်များသည် ဇီးသီးပွင့်များအနီးရှိ မဏ္ဍပ်တွင် လက်ဖက်ရည်အတွက် ကိရိယာတန်ဆာပလာများကို တပ်ဆင်ထားပြီးဖြစ်သည်။
ဆောင်းရာသီဖြစ်သောကြောင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ဖန်သားပြင်များ ပါရှိပြီး ရှေ့မျက်နှာစာတွင် အမှန်တကယ်လှပသော ပန်းပွင့်များကို အတားအဆီးမရှိ ပြသထားခဲ့သည်။ ထိုအရာသည် လေအေးကို တားဆီးပေးရုံသာမကဘဲ သပ်ရပ်လှပသည်။ ထိုဧရိယာတွင် မီးဖိုတစ်ခုရှိပြီး ၎င်းမှထွက်လာသော ရေနွေးငွေ့သည် မဏ္ဍပ်ကို ပူနွေးပြီး လှပစေပါသည်။
ထိုအဖွဲသည် အထဲသို့ဝင်လိုက်တာနဲ့ နွေးထွေးမှုကို ခံစားလိုက်ရပြီး အအေးမခံစားရဘူး။ မဏ္ဍပ်မှာ စားပွဲတစ်ခု ခင်းထားပြီးသားပင် ။
အသက်ရှစ်နှစ်ထက်ကျော်သော ယောက်ျားနှင့်မိန်းမများသည် သီးခြားထိုင်သင့်သည်ဟု ဆိုကြသော်လည်း ၎င်းတို့အားလုံးသည် မိသားစု သူငယ်ချင်းများ ဆွေမျိုးများဖြစ်ပြီး အလွန်ရင်းနှီးသည်ဟု ယူဆခဲ့ကြသည်။
ထို့အပြင် ၎င်းတို့အဖွဲသည် ခုနစ်ဦး ၊ ရှစ်ဦးလောက်ရှိပြီး စားပွဲနှစ်လုံးတင်ထားရင် မဏ္ဍပ်မှာ နေရာမရှိနိုင်တော့ဘူး။ အတူတူထိုင်ကြတာဆိုတော့ ပိုတောင် ပျော်စရာကောင်းသေးတယ် ။ မည်သို့ပင်ဆိုစေကာမူ လူအများအပြားရှိသောကြောင့် မသင့်လျော်သည်တော့ မဟုတ်ပေ။
“တတိယညီမ ၊ အတွင်းဘက်မှာ ထိုင်တာပိုကောင်းမယ် ။ ဒီမှာက လေတိုက်ပြီး သိပ်မအေးပေမယ့် မီးဖိုနဲ့ နည်းနည်းဝေးတယ်။ ညီမကဖျားတာ အခုမှ ပြန်သက်သာလာလို့ အားနည်းနေသေးတယ် ။ ညီမ ဝင်ပေါက်နားမှာထိုင်ပြီး အအေးမိရင် မကောင်းဘူး"
မို့ရွှမ်မင်သည် မို့ရွှီတုန်းကို အတွင်းဘက် ထိုင်ခုံပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့နောက် သူမသည် ဝမ်ရီလန်ကို မို့ရွီတုန်းအနားတွင်ထားရန် စီစဉ်ပြီးနောက် သူမက ဝမ်ရီလန်အနားတွင် ထိုင်လိုက်သည်။ မို့ရွှမ်ချောင် ၊ မိုယုဖန် ၊ ဝမ်မင်လိ နှင့် ချင်းယွီဖန်တို့လည်း တစ်ဖက်တွင် ထိုင်နေပါသည်။
ချင်းယွီဖန်က မို့ရွှီတုန်းဘေးတွင် ထိုင်နေတယ်။
"ဝမ်းကွဲတုန်း ၊ မင်းနေကောင်းရဲ့လား" ညီလေးရှောင်က မနေ့က မင်းအကြောင်းပြောပြီး လာချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ ကျုပ်တို့ တိုက်ဆိုင်စွာ ဆုံတွေ့မယ်လို့ မမျှော်လင့်ထားဘူး။ ကျုပ်သာ ကြိုသိခဲ့ရင် သူ့ကိုပါ ခေါ်လာခဲ့ပါ့မယ်" ချင်းယွီဖန်က ညင်ညင်သာသာ ပြုံးပြပြီး သူ့မျက်လုံးတွေက ကြည်လင်ကာ ပျော်ရွှင်နေပြီး သူ့အပြုအမူက အလွန်ယဥ်ကျေးလေသည် ။
"ဘာမှမဖြစ်ပါဘူး။ တို့က အရင်တစ်ခေါက်က ဘုရားကျောင်းကို သွားတုန်းက ပြဿနာလေးတွေဖြစ်ခဲ့သေးတယ် ။ အဘွားနဲ့ ဝမ်းကွဲ ရှောင်ကို စိတ်ပူစေမီလို့ တို့ နည်းနည်း ရှက်မီတယ်။" မို့ရွှီတုန်းက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေသည်။
သူမ၏ကြွေပါးပြင်များပေါ်တွင် နီညိုရောင်ဖျော့ဖျော့လေး ပေါ်လာပြီး သူမကို အသက်ဝင်စေပြီး ချစ်စရာကောင်းစေသည်။ သို့သော် သူမ၏ ရှည်လျားသော မျက်တောင်များက သူမ၏ မျက်လုံးများတွင် သတိထားမှုကို ဖုံးကွယ်ထားသည်။
အကယ်၍ မိုရွီတုန်းကို တခဏတာ ကြောက်ရွံစေခဲ့တဲ့သူတစ်ယောက်သာရှိရင် ထိုသူက ချင်းယွီရှောင်သာ ဖြစ်ရမယ်။ ချင်းယွီရှောင်ပေါ်လာတိုင်း သူမသည် သူကို ဂရုတစိုက် စောင့်ကြည့်နေရလိမ့်မယ်။
ချင်းယွီဖန်သည် သည် သူမ၏အတိတ်ဘဝတွင် ရှုံးပွဲမရှိ အောင်နိုင်ခဲ့သူဖြစ်သည် ။ မို့ရွှီတုန်းသည် မို့ရွှမ်မင်ကို ဆက်ဆံပုံကဲ့သို့ ချင်းယွီဖန်ကို ဆက်ဆံ၍ မရပေ။
ဒီလူက အံ့သြစရာကောင်းတဲ့ ဉာဏ်တွေ ရှိတယ်။
သူသည် နက်နဲလွန်းသဖြင့် သူ့ကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပေ ။
ချင်းလျံဘုရားကျောင်း၏ အဖြစ်အပျက်ဖြစ်သွားပြီးနောက်တွင် ယုစီလုံအား တိမ်တိုက်မြို့ရှိ မိသားစုဘုရားကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ သူမသည် ဤဘဝတွင် မြို့တော်၌ တစ်ဖန်ပြန်ပေါ်လာရန် မဖြစ်နိုင်ပေ။ သူမကြောင့် ယုမိသားစု၏ ဂုဏ်သိက္ခာလည်း ကျဆင်းသွားခဲ့သည်။
သခင်မချန်နဲ့ သခင်မယုက အဖြစ်အပျက်ကို ဒီလောက်လွယ်လွယ်နဲ့ လွတ်မပေးနိုင်ပါဘူး ။ ချင်းယွီဖန်သည် လည်း သူ့ဝမ်းကွဲယုစီလုံနှင့် အတော်လေး ရင်းနှီးသည်ဟု သူမကြားသည်။ ချင်းယွီဖန်သည် ငယ်ငယ်တုန်းက ယုမိသားစုတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ကာ ကြီးပြင်းလာခဲ့တယ်။ သူနှင့် ယုစီလုံကို ငယ်စဉ်က ချစ်သူများအဖြစ်တောင် သတ်မှတ်ခဲ့သေးသည် ။
သို့ဖြစ်၍ ယုစီလုံရဲ့ဘေးဒုက္ခအတွက် သူဘယ်လိုမှ ဒီအတိုင်း မနေနိုင်လောက်ပေ ။ သခင်မယုကလည်း သူမအပေါ် အပြစ်ပုံချပြီး သူသားအားပြောပြမည်မှာ သေချာသည် ။ သူ့အမေရော အဒေါ်ရော သက်သေတွေရောကြောင့် ချင်းယွီဖန်က သူမနဲ့ စကားပြောဖို့ အချိန်အတော်ကြာ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်။
"ဝမ်းကွဲတုန်း ၊ မင်းကကျုပ်ကိုတွေ့တာမပျော်ဘူးလား"
ချင်းယွီဖန်က သူ့ခွက်ကို ကောက်ယူလိုက်သည်။ အိမ်အကူတစ်ယောက်က သူ့ရှေ့မှာ စပျစ်ရည်လောင်းဖို့ ထွက်လာသည် ။ သူက သူ့ခွက်ထဲမှာ ဝိုင်ကို ဝေ့ဝဲလိုက်ပြီး မေးခွန်းကို တိုးတိုးလေးမေးရင်း မို့ရွှီတုန်းကို ချောမောစွာ ပြုံးပြကာ ခေါင်းညိတ်လိုက်တယ်။
"အိုက်!"
မို့ရွှိီတုန်းသည် မေးခွန်းကြောင့် ထိတ်လန့်စွာ ငြိမ်သွားသည်။ သူမသည် မျက်လုံးပြူးကျယ်ကြီးနှင့် မျက်တောင်ကော့ကာ ရှုပ်ယှက်ခတ်လျက် သူ့ကိုကြည့်နေသည်။
"ဒါဆို မင်းငါ့ကို ဘာလို့ မရင်းနှီးတာလဲ? မင်းက တို့ညီငယ်ရှောင်နဲ့ အရမ်းရင်းနှီးတယ် ၊ ညီငယ်ရှောင်က မင်းရဲ့ဝမ်းကွဲဖြစ်ပြီး ကျုပ်လည်း ဒီလိုပါပဲ။ မင်း ကျုပ်ကိုမြင်တဲ့အခါ မင်းက ဘာလို့ သူစိမ်းလိုပဲ အမြဲပြောနေရတာလဲ" ချင်းယွီဖန်က ဝမ်းနည်းနေတဲ့ပုံပေါ်ပေမယ့် သူ့မျက်လုံးတွေက ရွှင်မြူးတောက်ပနေတယ်။
သူတို့က ဘယ်လိုလုပ် တူနိုင်မှာလဲ!
ချင်းယွီရှောင်သည် သူမကို အတိတ်ဘဝက ကောင်းကောင်းဆက်ဆံခဲ့ပြီး သူမကို ဒုက္ခမပေးခဲ့ဖူးပေ။ ချင်းယွီဖန်ကတော့ မို့ရွှမ်မင်၏နောက်တွင် ရပ်တည်ခဲ့ပြီး မို့ရွှမ်မင်အား အကြံဥာဏ်မည်မျှပေးခဲ့သည်ကို သူမမသိခဲ့ပေ။
မို့ရွှီတုန်းသည် သူတို့နှစ်ဦး၏ ရန်လိုမှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်ကို တွေ့ရှိပြီး အထူးသဖြင့် မို့ရွှမ်မင် ၏ အကြည့်များကို မြင်သောအခါတွင် သူတို့နှစ်ဦး ဆက်ဆံရေး တစ်မျိုးမျိုး ရှိကြောင်း မို့ရွှီတုန်းသိလိုက်သည်။ မို့ရွှမ်မင်၏ အကြည့်များသည် မနာလို မုန်းတီးမှုများ ရံဖန်ရံခါ သူမဆီသို့ ပျံ့လွင့်သွားသည်ကို မြင်လိုက်ရသည် ။မို့ရွှမ်မင်၏ အပြုအမူသည် ဖန်ယုလန်နှင့် ဆက်ဆံရာတွင် အခြားသူများအား သတိရှိရှိ ဂရုတစိုက်ရှိစေရန် လုံလောက်သည် ။
"ဝမ်းကွဲဖန် ၊ မင်းနောက်နေတာလား။ မင်းနဲ့ဝမ်းကွဲရှောင်ကို ဘယ်လိုလုပ် အတူတူဆက်ဆံလို့ဖြစ်မလဲ ။ တို့ ချင်းအိမ်မှာနေတုန်းက ဝမ်းကွဲရှောင်ကို အမြဲမြင်နေရပေမယ့် မင်းနဲ့တို့က သိပ်မရင်းနှီးဘူး"
မို့ရွှီတုန်း၏ရင်တွင်းမှာ တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူမ၏အပြုံးသည် နူးညံ့ပြီး တောက်ပနေသည်။ သူမ၏ ချိုမြိန်သောအသံသည် နှလုံးသားများကို နူးညံ့စေနိုင်သည်။
သူမသည် နူးညံ့သိမ်မွေ့မှုတို့ဖြင့် ဆွဲဆောင်မှုရှိပြီး သူမ၏ ကျောက်စိမ်းနှင့်တူသော အသားအရည်သည် နှင်းကဲ့သို့ ဖြူစင်ပြီး လှပနေစေသည်။
ဘေးမှာထိုင်နေတဲ့ ဝမ်မင်လိက မကူညီနိုင်ဘဲ သူ့အကြည့်တွေက မို့ရွှီတုန်းဆီကို အထပ်ထပ်အခါခါ ရွေ့လျားကာ ငေးမောနေမိသည် ။
"ကျုပ် တိမ်တိုက်မြို့မှာ ရှိတုန်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြတုန်းပဲလို့ ကျုပ်သတိရမိပါတယ်။ မင်း ညီလေးရှောင်ဆီကနေ ပုန်းကွယ်နိုင်ဖို့ ကျုပ် မင်းကို တစ်ခါခေါ်ထားဖူးတယ် ။ ငါတို့က မရင်းနှီးဘူးလို့ မင်းဘယ်လိုပြောနိုင်ရသလဲ။" ချင်းယွီဖန်က ရယ်မောပြီး သူ့ဝိုင်ကို မော့သောက်လိုက်သည်။ "အဲဒါအတွက် မင်းက ကျုပ်ကို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောခဲ့တာ မှတ်မိသေးတယ် "
ချင်းယွီဖန်ပြောခဲ့တဲ့ ဒီအဖြစ်အပျက်ကို မို့ရွှီတုန်း ရုတ်တရက် သတိရမိသွားတယ်။ မို့ရွှီတုန်းသည် ထိုအချိန်က အသက် ၁၀ နှစ်ခန့်သာရှိသေးသည်။ ထိုအချိန်က သူ့အမေ အသက်ရှင်နေသေးပြီး သူ့အမေက သခင်မကြီးချင်းဆီ သွားရောက်လည်ပတ်ဖို့ သူမကို ချင်းအိမ်တော်သို့ ခေါ်ဆောင်သွားသည် ။ သူမအား အိမ်တော်သိူ့ခေါ်ခဲ့ပြီး သူမအား သူ့ဘာသာသူ ကစားဖို့ ဥယျာဉ်ထဲမှာ ထားခဲ့တယ်။
ချင်းယွီရှောင်သည် ထိုအချိန်က အရွယ်တစ်ဝက် အရွယ်ရောက်နေပြီး ကလေးများထဲတွင် အမိုက်ဆုံး အရွယ်ဖြစ်သည်။ ချင်းယွီရှောင်သည် ပန်းခြံထဲမှာ ဝမ်းကွဲတစ်ယောက် ကိုတွေ့တော့ သူမကို အပြေးခေါ်သွားချင်လွန်းလို့ စိတ်လှုပ်ရှားသွားတယ်။ ချင်းယွီရှောင် လုပ်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ သစ်ပင်တွေနဲ့ နံရံတွေကို တက်ဖို့ သူမကိုခေါ်သွားတာပါပဲ။
သူမသည် ဤအရာများကို မကြိုက်ဘဲ သဘာဝအတိုင်း ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် သူမသည် သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် ပုန်းနေပြီး ချင်းယွီရှောင်သည် သူမကို ရှာတွေ့တော့မည်ဖြစ်သည်။ သူမ ထိတ်လန့်နေချိန်မှာပဲ ချင်းယွီဖန်က နောက်ကနေ ပေါ်လာတယ်။ ချင်းယွီဖန်သည် သူမလက်ကိုဆွဲကာ အခြားသစ်ပင်တစ်ပင်နောက်သို့ လျှောက်သွားကာ ပုန်းနေပြီး ခဏကြာတွင် ဥယျာဉ်မှ ပတ်ပတ်လည် ထွက်ပြေးကြသည် ။
မို့ရွှီတုန်းသည် ခပ်ပြင်းပြင်း ပြေးနေစဥ် ချောမောသော လူငယ်ကို ကြည့်လိုက်သည် ။ သူမ၏ကျေးဇူးတင်ကြောင်းဖော်ပြရန်အတွက်သူမသည် သူ၏ "အကူအညီ" အတွက်ကျေးဇူးဆပ်မည်ဟု ပြောခဲ့သည်။
ချင်းယွီဖန်သည် သူမ မည်မျှ ပျော်ရွှင်နေသည်ကို မြင်လိုက်သည်နှင့် သူမကို သူ့အနားသို့ ခေါ်သွားကာ နေ့ခင်းတစ်ခင်းလုံး သူမနှင့်အတူ ငါးဖမ်းခဲ့သည်။ နောက်ဆုံးတွင်၊ မို့ရွှီတုန်း၏အိမ်တွင် အရာများစွာဖြစ်ခဲ့ပြီး လုရှ သည်သေဆုံးသွားကာ မို့ဟွာဝမ်က မြို့တော်သို့သွားခဲ့သည်။
ချင်း၏အိမ်သို့ သူမပြန်ရောက်သောအခါ ကြင်နာသောအစ်ကိုကြီးချင်းယွီဖန်သည် သူမ၏ဖခင်နှင့်အတူမြို့တော်သို့သွားသည်ကို သူမတွေ့ရှိခဲ့သည်။ ယခု ချင်းယွီဖန်က ထိုအကြောင်းကိုပြောပြသဖြင့် မို့ရွီတုန်းက ထိုအဖြစ်အပျက်ကို ပြန်မှတ်မိလိုက်သည် ။ သို့သော် သူမ၏ အမှတ်ရစရာများတွင် ချင်းယွီဖန်သည် နူးညံ့သိမ်မွေ့ပြီး ပြေပြစ်သော လူငယ်တစ်ဦးဖြစ်ကာ သူမသည် ကလေးသာသာဖြစ်သည်။
သို့သော် ယခုတော့ သူသည်ထင်ထားသည်ထက် လျှိုဝှက်ချက်များ များစွာပိုနေပြီ၊ သူမသည်လည်း ထိုမျှလောက် မသိနားမလည်သော မိန်းကလေး မဟုတ်တော့ပါ။
"ဝမ်းကွဲဖန် ၊ တတိယညီမကို မင်းဘာတွေပြောနေလို့ မင်းကအရမ်းပျော်နေပုံပေါက်နေတာလဲ ၊ တို့ကိုပြောပြပြီး ဇာတ်လမ်းကိုခံစားကြည့်ရအောင်။" မို့ရွှမ်မင်က သူတို့ဘက်လှည့်ပြီး ပြုံးပြီး ပြောလိုက်တယ်။
"တတိယအမ ၊ မင်းက ဝမ်းကွဲဖန်နဲ့ အရမ်းရင်းနှီးတာပဲ ၊ မင်းတို့နှစ်ယောက်က ငယ်ငယ်တုန်းက တို့မသိတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့သေးတာလား ။ တို့ ဒီအခွင့်အရေးကို ရအောင်ယူရပြီး မင်းတို့အကြောင်း ပိုသိအောင်လုပ်ရမယ် " မို့ရွှမ်ချောင်သည် စိတ်ဝင်စားနေသော လေသံဖြင့်မေးသည် ။ သို့သော် သူမ၏လေသံမှာ အထင်လွဲမှားစေလိုခြင်းသာဖြစ်သည်။
မို့ရွှမ်ချောင်သည် ဤမျှလောက် ဒုက္ခပေးတတ်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူမသည် လူတိုင်းကို ကိုက်ချင်ပြီး လူတိုင်းကို အော်ဟစ်ပစ်ချင်နေသည် ။
"ဘာမှတော့ မဟုတ်ပါဘူး။ တို့ ဝမ်းကွဲတုန်းကို ပထမဆုံးတွေ့ဖူးတဲ့အချိန်ကို မှတ်မိသေးတယ်။ အဲဒီတုန်းက သူမ ကိုးနှစ် ၊ ရှစ်နှစ်ပဲရှိဦးမယ်။" ချင်းယွီဖန်က ပေါ့ပေါ့ပါးပါး ပြောတယ်။ သူက ဝိုင်ခွက်ကို တည်တည်ငြိမ်ငြိမ် မြှောက်လိုက်ပြီး မိုယုဖန်နဲ့ ဝမ်မင်လိတို့ကို ကြည့်လိုက်သည် ။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီး ဝမ်မင်လိအား လေ့လာရန်နှင့် စကားပြောရန်အတွက် တစ်ဖက်သို့ လှည့်လိုက်သည်။
"ဒါဆို ဒါက မင်းတို့ ငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာပေါ့် ။ တို့ ဝမ်းကွဲဖန်နဲ့တွေ့တုန်းကလည်း အဲဒီအရွယ်လောက်ကပဲ"
မို့ရွှမ်ချောင်က သူမကိုယ်တိုင်သာဖျော်ဖြေနေရပြီး သူမကို အားလုံးက လျစ်လျူရှုထားသဖြင့် သူမ အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။ သူမသည် အခြားသူများရှေ့တွင် ဂုဏ်သိက္ခာကို မည်သို့ထိန်းသိမ်းရမည်ကို သိသည်။ ထို့အပြင် သူမသည် ချင်းယွီဖန်ကို အနည်းငယ်ကြောက်သည်။ သူမသည် မြို့တော်ကို ရောက်ကတည်းက သူ့ကြောင့် များစွာ ဒုက္ခရောက်ခဲ့ရပြီး သဘာဝအတိုင်း သူ့ကို အတင်းအကြပ် သိပ်မပြောရဲပေ ။
သူတို့ စကားပြောနေချိန်တွင် မိုလန် နဲ့ မိုစုတို့ ပြန်လာခဲ့တယ်။ မိုလန်သည် ဆေးဘက်ဆိုင်ရာအိတ်ကို သူမနှင့်အတူ ယူဆောင်လာခဲ့သည်။ မို့ရွှီတုန်းသည် အနည်းငယ်ပင်ပန်းနေသောကြောင့် သေတ္တာကိုဖွင့်၍ ကြည်လင်သောရေဖြင့် ဆေးကိုယူလိုက်သည်။
သူမသည် သေတ္တာကို ဖွင့်လိုက်သောအခါ အနံတစ်ခုကိုရလိုက်ပြီး အလွန်နှစ်သက်ဖွယ်ကောင်းသော ရနံ့ဖြစ်သည်။