๐˜๐จ๐ฎ ๐๐ž๐ฅโ™ก๏ธŽ๐ง๐  ๐–๐ข๐ญ๐ก...

By haruhmue_03

5.6K 1K 169

๐–๐š๐ญ๐š๐ง๐š๐›๐ž ๐‡๐š๐ซ๐ฎ๐ญ๐จ ร— ๐Š๐ข๐ฆ ๐‰๐ฎ๐ง ๐Š๐ฒ๐ฎ More

Part - 1|U+Z
Part - 2|U+Z
Part - 4|U+Z
Part - 5 |U+Z
Part - 3|U+Z
Part - 6|U+Z
Part -7 |U+Z
Part -8|U+Z
Part -9|U+Z
Part -10|U+Z
PART -11|U+Z
Part -13|U+Z
Part -14|U+Z
Part -15|U+Z
Part - 16|U+Z
Part - 17|U+Z
Part - 18|U+Z
Part -19|U+Z
Part -20|U+Z
Part -21|U+Z
Part -22 FINAL|U+Z

Part 12|U+Z

267 52 8
By haruhmue_03

“ကျွန်တော့်အမျိုးသား အဆင်ပြေရဲ့လား ဒေါက်တာ”

ဟာရူတို လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းသာ အရေးပေါ်အခန်းထဲက ထွက်လာတဲ့ တာဝန်ခံဆရာဝန်ကို မေးလိုက်၏။ကင်မ်ဂျွန်ကယူ၏ တွေးခေါ်နိုင်စွမ်းကို လိုက်မမှီသူမို့ ဟာရူတို အခုလို ပြိုလဲနေရတာ။

“ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိလို့ စိတ်ချနိုင်ပါတယ်။ဒါပေမယ့် မူလရောဂါကြောင့်တော့ သတိပြန်ရဖို့ ခက်ခဲလိမ့်မယ်”

“မူလရောဂါ...ဒေါက်တာ ဘာကိုဆိုလိုတာလဲ”

“နှလုံးဆေးကို နှစ်ရှည်လများ စွဲသောက်ထားတဲ့ လူနာတစ်ယောက်မို့ အစစအရာရာ ဂရုစိုက်ပေးသင့်ပါတယ်။မူလဖြစ်စဉ်က နှလုံးကြီးတာ...အခုတော့ နည်းနည်းအဆင်ပြေနေပါတယ်”

နှလုံးကြီးတာ...သူဘာတစ်ခုမှ မသိရပါလား။အမြဲတစ်စေ ကန့်လန့်တိုက် အနိုင်ကျင့်နေလို့ ကင်မ်ဂျွန်ကယူ ဘာဖြစ်နေလဲဆိုတာကိုတောင် မသိရတဲ့ ဘဝ။အခုတောင် သူပြေးပြီး မဖက်လိုက်ရင် ကင်မ်ဂျွန်ကယူက သူ့ဘဝထဲက အပြီးတိုင် ထွက်သွားတော့မှာ။

အရှုံးသမားတစ်ယောက်လို ဝါတာနာဘယ်ဟာရူတိုရှေ့မှာ မြင်ရတာ သိပ်ကို အသည်းပေါက်ရတယ်။ကင်မ်ဂျွန်ကယူကိုတော့ ဒီ့ထက်ပိုပြီး တင်းကြပ်ရတော့မယ့် ပုံပဲ။
ဝါတာနာဘယ် ဟာရူတိုဘဝမှာ အထိခိုက်ဆုံး အခိုက်အတန့်က အခုချိန်ပင် ဖြစ်လိမ့်မည်။

“သူပြနေကျ ဆရာဝန်နဲ့ ကျွန်တော် တွေ့ချင်တယ် ဒေါက်တာ”

“သမားတော်ကြီး ဒေါက်တာ ချွဲဟွန်းဆော့နဲ့ ပြသထားတယ် ထင်ပါတယ်၊တစ်ချက်လောက် စုံစမ်းကြည့်လိုက်ပါ”

ဟာရူတို အရုပ်ကြိုးပျက် လူနာစောင့် ခုံတန်းလျားပေါ်ကို ထိုင်ချလိုက်မိသည်။ကင်မ်ဂျွန်ကယူသည် သိပ်ကို ဟန်ဆောင်ကောင်းသည်မဟုတ်လား။ဟာရူတိုကိုဆိုရင် မြွေတစ်ကောင်လို ရန်မူပြီး တကယ်တကယ်တော့ အစွယ်ကျိုးပြီး ဘာမှ မလုပ်နိုင်တဲ့ သူ။

အခုလည်း ဟာရူတို မသိအောင် လုပ်ထားတဲ့ အရာတွေက ဒီတစ်ခုတည်း မဟုတ်လောက်ဘူး။သေမယ့်သူက သေမယ်လို့ မပြောတက်ဘူးတဲ့ ၊ဒါပေမယ့် ကင်မ်ဂျွန်ကယူကတော့ ကြည်ကြည်ဖြူဖြူကို ဟာရူတိုအတွက် သေပေးချင်နေတာပဲ။

ကင်မ်ဂျွန်ကယူသာ ဟာရူတို ဘဝထဲကနေ ပျောက်ကွယ်သွားရင် အမှောင်ကျသွားလောက်မှာ။နေနိုင်မယ် ထင်လား...ဆုံးဖြတ်ချက်ချဖို့တောင် ခက်ခဲနေပြီ။ကင်မ်ဂျွန်ကယူ သူ့ဘဝထဲက ဘယ်တော့မှ ထွက်မသွားရဘူး။

“အစ်ကို ...”

“သမားတော်ဒေါက်တာ ချွဲဟျွန်းဆော့ ဆိုတဲ့ တစ်ယောက်ကို စုံစမ်းပေး ဂျောင်ဟွမ်း”

“အစ်ကို မပျော်ဘူးလား အစ်ကိုဖြစ်ချင်သလို ဖြစ်သွားပြီလေ...ကင်မ်ဂျွန်ကယူက သူ့အကုသိုလ်က သူ့ကို ဒဏ်ခတ်သွားတာ”

နာကျည်းမှုတွေ အထင်းသားပြနေတဲ့ ဂျောင်ဟွမ်းစကားကြောင့် ဟာရူတို ခေါင်းခါလိုက်မိသည်။ဂျောင်ဟွမ်းအတွေးကို သူနားလည်သည်။ဒါပေမယ့် ကင်မ်ဂျွန်ကယူ ကို ဒီလို မဖြစ်စေချင်ဘူး။

“ကင်မ်ဂျွန်ကယူသာ ပြန်မနိုးလာဘူးဆိုရင် ငါသေလိမ့်မယ် ဂျောင်ဟွမ်း”

“အစ်ကိုက တကယ်ပျော့ညံ့တာပဲ ... ကင်မ်ဂျွန်ကယူမှာ မက်မောစရာ ဘာမှ ရှိမနေဘူး”

“ကင်မ်ဂျွန်ကယူဖြစ်နေလို့ကို ငါမက်မောတာ”

ဟာရူတို ပြောလိုက်ရင်း ဆံပင်ရှည်တွေကို ဆွဲဖွပစ်လိုက်သည်။အရူးတစ်ယောက်လို ခံစားနေရသည်မှာ နှစ်ဆယ့်လေးနာရီပြည့်ဖို့ နာရီပိုင်းပဲ လိုတော့သည်။ဒါကို ကင်မ်ဂျွန်ကယူက နိုးမလာသေးဘူးတဲ့။

ပုခုံးပေါ်ကို ရောက်လာတဲ့ ဂျောင်ဟွမ်း၏ လက်တစ်ဖက်။ပြီးတော့ သက်ပြင်းချသံတစ်ခုနှင့်အတူ ဟာရူတို၏ ဘေးမှာ ဝင်ထိုင်လေ၏။သူလည်း စိတ်ထိခိုက်နေမှာ သေချာပေါက်။

“အခုမှ နောင်တရနေလို့ ဘာမှ ပြောင်းလဲမသွားဘူး၊အခုလို ဖြစ်နေတာက အစ်ကို့ကြောင့်မဟုတ်ဘူး။အကုန်လုံးက ကင်မ်ဂျွန်ကယူကြောင့်...”

“ကင်မ်ဂျွန်ကယူ့ကြောင့်လို့ မပြောနဲ့ ဂျောင်ဟွမ်း ၊ဒီကိစ္စကို ငါစခဲ့တာ။အရင်ဆုံး ကင်မ်ဂျွန်ကယူကို လက်ထပ်ဖို့ ဒယ်ဒီ့ကို ချုပ်ကိုင်ခဲ့တာ ငါ...ငါကပဲ ကင်မ်ဂျွန်ကယူကို ငါ့အရိပ်ထဲ ဆွဲသွင်းခဲ့တာ”

“ဒါကို ဘာလို့ ခုမှ-”

“ကင်မ်ဂျွန်ကယူကို ငါလက်မလွှတ်နိုင်ဘူးလေ။ငါ့အပိုင်ဖြစ်နေသ၍ ငါ့လောင်းရိပ်အောက်မှာ သူနေရမှာ။နောက်ဆုံးတော့လည်း ငါ့ဆီကထွက်သွားဖို့ ကြိုးစားခဲ့တာပဲ”

မျက်ရည်ကျနေသလား ဟာရူတို မပြောတက်။အနည်းငယ် ညှို့မှိုင်းနေတဲ့ ဂျောင်ဟွမ်းကတော့ နားမလည်စွာပင် ခေါင်းခါယမ်းလေသည်။ဂျောင်ဟွမ်းရဲ့ စိတ်အစဉ်ကို သူခန့်မှန်းပြီးသား။

“ငါ့ကြောင့် ကင်မ်ဂျွန်ကယူကို လက်စားချေမယ်ဆိုရင် အခုကတည်းက လက်လျှော့လိုက်တော့ ဂျောင်ဟွမ်း”

“အစ်ကို့ကြောင့်လို့ ပြောရင် လက်ခံမှာ မဟုတ်လို့ လက်မလျှော့နိုင်ဘူး အစ်ကို”

“လိမ္မာစမ်းပါ ဆိုးဂျောင်ဟွမ်း၊မင်းပြောတော့ ငါပျော်ရင် မင်းပျော်ရတယ်ဆို။အခု ငါ့ပျော်ရွှင်မှုက ကင်မ်ဂျွန်ကယူ၊သေချာပေါက် မင်းပျော်ရွှင်မှုက ကင်မ်ဂျွန်ကယူ ဖြစ်ရလိမ့်မယ်”

ရက်စက်တယ်လို့ မဆိုသာတဲ့ ဟာရူတို၏ စကားတစ်ခွန်း။ဂျောင်ဟွမ်းကို ဦးစားပေးဖို့ မဖြစ်နိုင်တဲ့အရာတွေ ရှေ့မှာ ရှိနေသေးတယ်။အခုလောက်အနေအထားဆိုရင် ဂျောင်ဟွမ်းအတွက် အနည်းငယ်လောက် စိတ်ကျေနပ်စေမှာပါ။

“အစ်ကို !”

“ငါ့သဘောထားကို မင်းသိပြီးသားမလား ဂျောင်ဟွမ်း၊ငါ့ဆီမှာ ကင်မ်ဂျွန်ကယူရှိနေပြီးပြီ၊ငါထပ်ပြီးတော့ သူများရဲ့ ရင်ခွင်အလွတ်ထဲကို ဓားကိုင်ပြီး မခိုဝင်ချင်ဘူး”

“ဓားကိုင်ပြီး ဝင်လာတဲ့သူက အစ်ကိုဖြစ်နေသ၍ ကျွန်တော် လက်ခံမှာ၊ဒါပေမယ့် ကျွန်တော်က ဘာမှမသိတဲ့ နုံအနေတဲ့ကောင်မဟုတ်တော့ သူများအိမ်ထောင်ရေးကို စွက်ဖက်မှာ မဟုတ်ဘူး။အဲ့တာကြောင့် ကင်မ်ဂျွန်ကယူကို အစ်ကိုချစ်သလို ကျွန်တော်ချစ်ပေးမိမှာ"

ပြုံးလိုက်တဲ့အပြုံးတစ်ပွင့်ဟာ အေးချမ်းဖွယ်။နောက်ကျမှ တွေ့ခဲ့ပေမယ့် နွေးထွေးတဲ့ ရပ်ဝန်းတစ်ခုဖြစ်ခဲ့လို့ ဟာရူတို အေးချမ်းခဲ့ရသေးတယ်။ပုခုံးပေါ်ကို ပြိုကျလာတဲ့ ဦးခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်ရင်း ဟာရူတို သက်ပြင်းချလိုက်မိတယ်။

ဆိုးဂျောင်ဟွမ်းက ကင်မ်ဂျွန်ကယူပြီးရင် ဟာရူတို ဒုတိယမြောက် သဘောကျဖူးတဲ့ ဖြစ်တည်မှုလေး။

>>>။

တိတ်ဆိတ်စွာ ဖြစ်တည်နေတဲ့ အခန်းလေး။ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသည့် ကင်မ်ဂျွန်ကယူဟာ အသက်ရှူသံပုံမှန်ဖြစ်တည်နေ၏။ဟာရူတို သက်ပြင်းတစ်ချက်ချလိုက်ရင်း မျက်နှာလှလှလေးကို မျက်တောင် မခတ်ငေးကြည့်လိုက်မိသည်။

အနည်းငယ် ဖျော့တော့နေသည့် နှုတ်ခမ်းပါးတို့ဟာ ဟာရူတို စိတ်ရှိတိုင်း မရေတွက်နိုင်အောင် နမ်းရှိုက်ခဲ့ဖူးသည်။အိပ်ပျော်နေသည့်အတိုင်း ပါးပြင်အိအိကိုလည်း ပိုင်ဆိုင်မှုအဖြစ် နစ်ဝင်သွားအောင် မွှေးကြူဖူးသည်။

လွန်ခဲ့သော အတိတ်တွေဆီမှာလည်း အကြိမ်တစ်ရာမက နမ်းရှိုက်ဖူးတာကို ထိုအမျိုးသားလှလှလေးက သိရှိမည်မထင်။သဘောကျတာလား ၊မကျသလားဆိုတာ မဝေခွဲတက်ခင်ကတည်းက ကင်မ်ဂျွန်ကယူဆိုသည့် အမျိုးသားကို ဟာရူတို အပိုင်လိုချင်ခဲ့တာ။

အခုလည်း မပြောမဆိုနဲ့ နဖူးပြင်ပြေပြေလေးကို ငုံ့မိုးကာ နမ်းရှိုက်နေပြန်ပြီ။ဟာရူတို၏ အသိစိတ်တွေကို ထိန်းချုပ်နေတာနဲ့တင် မလုံလောက်လို့ ရူးသွားအောင်များ တမင်သက်သက် စေခိုင်းနေသလား မသိပါ။

“ဟာရူတို...”

ဆယ်ကျော်သက်အရွယ်မှာတောင် ကင်မ်ဂျွန်ကယူဟာ နှစ်ခါ သုံးခါ ပြန်ငေးကြည့်ရလောက်တဲ့အထိ သိပ်ကို ကြည့်ကောင်းခဲ့တာ။နှုတ်ခမ်းဖျားကနေ ဟာရူတို့ နာမည် ထွက်ပေါ်လာရင် ရင်ခုန်သံတွေဟာ ဝုန်းဒိုင်းကြဲလို့။

ဆယ့်လေးနှစ်သား သူ့အဖို့ကို ဖရိုဖရဲဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အမျိုးသားဟာ ကင်မ်ဂျွန်ကယူတစ်ယောက်တည်းသာ ဖြစ်ပါသည်။စန္ဒယားတီးသံတွေကို ကင်မ်ဂျွန်ကယူနဲ့ တွဲဖက်ပြီး နှစ်ခြိုက်ခဲ့သလိုပဲ ရင်ခုန်သံတွေဟာလည်း ထိုအမျိုးသားနဲ့မှ ဖြစ်တည်လာတာ။

“ဂျီဟွန်း ...ဒါ ငါ့ညီလေး ဝါတာနာဘယ် ဟာရူတို”

ပထမဆုံးအကြိမ် မနာလိုဖြစ်မိသည့် အခိုက်အတန့်။ကင်မ်ဂျွန်ကယူ၏ လက်ချောင်းသွယ်သွယ်လေးတွေဟာ ပတ်ခ်ဂျီဟွန်းဆိုတဲ့လူတဲ့ လက်တွေဆီမှာ။ပါးချိုင့်တွေခွက်ဝင်နေအောင် ပြုံးနေတဲ့ ကင်မ်ဂျွန်ကယူဟာ ဝါတာနာဘယ်ဟာရူတိုကို ရင်ကွဲအောင်လုပ်နေသလိုပင်။

ဒါပေမယ့် ကလေးအရွယ်လေးမို့ ဘာကိုမှ အံတုနိုင်စွမ်း ရှိမနေခဲ့ပါ။အချိန်ဆိုတာ စောင့်နိုင်ရမယ်တဲ့။ဟာရူတို အံကြိတ်ရင်းသာ မသိချင်ယောင်ဆောင်လိုက်မိသည်အထိ။ရက်တွေ နှစ်တွေဟာ ပြောင်းသွားတာနဲ့အမျှ ဟာရူတိုက အရွယ်ရောက်တဲ့ ယောင်္ကျားတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့တယ်။

ကင်မ်ဂျွန်ကယူကို အပိုင်ယူဖို့ ကြိုးစားမိတဲ့ အချိန်တွေဟာ စောလွန်းနေတာလား မပြောတက်။အရာအားလုံးဟာ ကနေဒါဆီမှာ အခြေချရသည်အထိ ဆိုးရွားသွားခဲ့ရသည်။ထိုအချိန်ကနေ သဘောကျတာ မကျတာ မကွဲပြားတော့ပဲ ကင်မ်ဂျွန်ကယူကိုသာ အနိုင်ကျင့်ပြီး ဖျက်ဆီးပစ်ချင်စိတ်တွေ ကိန်းအောင်းလာခဲ့တာ။

တကယ်တော့ ကင်မ်ဂျွန်ကယူက ရူးနေတာ။ဟာရူတိုကို လှေကားပေါ်ကနေ တွန်းချပစ်ရလောက်တဲ့အထိ မုန်းနေခဲ့တယ်ဆိုတဲ့အသိကလေ တကယ့်အရူးလို ခံစားရတယ်။ကင်မ်ဂျွန်ကယူက ဟာရူတိုကို သတ်ပစ်ချင်လောက်တဲ့အထိ မုန်းခဲ့တာ။

“ငုတ်တုတ်ကြီး အိပ်ပျော်နေတာလား ဟာရူတို”

ပုခုံး‌ကို ပုတ်ကာ ပြောလာသည့် ကင်မ်ဒိုယောင်းကြောင့် ဟာရူတို၏ အတွေးစတို့ ပြတ်တောက်သွားရသည်။မလှုပ်မယှက်အိပ်ပျော်နေသူက ဟာရူတိုကြည့်နေတာကို သိမည်မထင်။

“မင်းမြင်တဲ့အတိုင်းပဲ ကင်မ်ဒိုယောင်း!”

“ငါ့အစ်ကိုက ဆေးပြနေတာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ... မင်းကြောင့်နဲ့ အကုန်သည်းခံနေခဲ့တာ”

“ငါ့ကြောင့်နဲ့...ကင်မ်ဂျွန်ကယူပြောရင်တောင် ငါယုံမှာ မဟုတ်ဘူး ကင်မ်ဒိုယောင်း”

“မင်းကို လှေကားကနေ တွန်းချပြီးတဲ့နောက်ပိုင်း အရူးလိုပဲ ဖြစ်နေခဲ့တာ။နောက်ဆက်တွဲရောဂါတွေအပြင် နှလုံးရောဂါပါ ထပ်တိုး ပေါ်လာတာ။အရမ်းကြီး စိုးရိမ်ရတဲ့ လက္ခဏာ မပြပေမယ့် မင်းနဲ့ လက်ထပ်ပြီးတဲ့ နောက်ပိုင်း ရောဂါက ပိုဆိုးလာတယ်။အဲ့တာကြောင့် စိတ်ထွက်ပေါက်ရအောင် ငါ ကြင်ဖက်တွေ့ခိုင်းတာ”

“ဘာလို့ အခုမှ ဒါတွေကို ငါ့ကိုပြောတာလဲ ”

လွန်ခဲ့တဲ့ ငါးနှစ် ကနေဒါကို သူရောက်ပြီးတဲ့နောက်ပိုင်းမှ ဒီရောဂါကို စတင်ခံစားရခဲ့တယ်တဲ့။ဒါဆိုရင် အရင်ကတည်းက ဟာရူတိုကို လှေကားပေါ်က မတွန်းချသင့်ခဲ့ဘူး။အဲ့တာဆိုရင် အခုလိုမျိုး နောက်ဆက်တွဲတွေ ဖြစ်လာမှာ မဟုတ်ဘူး။

“ငါ့အစ်ကို အချစ်ဆုံးယောင်္ကျားက မင်းဖြစ်နေလို့ ပြောပြရမယ်ထင်လို့ ပြောပြတာ”

“မင်းပြောတဲ့အချိန်က နောက်ကျသွားပြီလို့ မထင်ဘူးလား ကင်မ်ဒိုယောင်း”

“မင်း ငါ့အစ်ကိုရဲ့ နှလုံးသားထဲကိုဝင်ကြည့်ရင် နားလည်လိမ့်မယ်။သူက မင်းကို သူ့ရဲ့ သန်မာတဲ့ ဘက်ခြမ်းကိုပဲ အမြဲတစေ မီးမောင်းထိုးပြခဲ့တာ။တစ်ဖက်က အားနည်းတဲ့ အပိုင်းကို မင်းကို မပြချင်ဘူး။ဘာလို့လဲ သိလား သူက မင်းကို သန်မာစေချင်လို့”

သန်မာစေချင်လို့...၊ဟာရူတို လုံလောက်တဲ့အထိ သန်မာပြီးသွားပြီ။ဆက်ပြီး သန်မာဖို့အတွက် ကင်မ်ဂျွန်ကယူကို အသုံးချရမယ် မဟုတ်လား။နာကျင်ရမယ် ဆက်နာကျင်ရမယ်။

ဝါတာနာဘယ် ဟာရူတိုကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ယိမ်းယိုင်သွားမယ့်အထဲမှာ သူမပါဘူး။ပြစ်ဒဏ်ဆိုတာ မလွတ်မချင်းခံရမှာ သဘာဝပဲ။နည်းနည်းလေးတောင် လျှော့ပေးဖို့ စိတ်ကူးမရှိဘူး။

“ငါက မင်းအစ်ကိုလို မနုံအဘူး ကင်မ်ဒိုယောင်း။နာကျင်စေတာချင်း အတူတူ ၊အတူတူ နာကျင်လိုက်တာ ပိုမကောင်းဘူးလား။ငါ ဘယ်တော့မှ ကင်မ်ဂျွန်ကယူကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်သလို နာကျင်ပြီးရင်း နာကျင်စေရမယ်”

“ကင်မ်ဂျွန်ကယူက မင်းထင်ထားသလို မသန်မာဘူး ဟာရူတို”

“ငါသိတဲ့ ကင်မ်ဂျွန်ကယူက ငါ့ထက် အဆတစ်ရာ ပိုသန်မာတယ်။ပျော့ညံ့နေလို့ရှိရင် သူပဲ ငါ့ကို ရှုံးရမှာ”

ခံစားချက်တွေကို လိမ်လည်ထားပြီး အခြားသူတစ်ယောက်က လာပြီး တရားချတာလောက် မုန်းတာ မရှိဘူး။အစကတော့ နည်းနည်းလောက် လျှော့ပေးမလိုပဲ အခုတော့ ပြန်တင်းရမယ့်ပုံပဲ။

“ငါ့အစ်ကိုက မင်းအတွက်ဆိုရင် သူ့အသက်ကိုတောင်ပေးရဲတယ်”

“ဒီစကားကို ကင်မ်ဂျွန်ကယူပြောတာ မဟုတ်လို့ ငါမယုံဘူး ကင်မ်ဒိုယောင်း။မင်းပြောခဲ့တဲ့ စကားတွေ အကုန်လုံး သူ့နှုတ်ခမ်းကနေ ငါ့ကို ဝန်ခံတဲ့တစ်နေ့ ငါ့အတ္တတွေကို အကုန်ခဝါချပြီး သူ့ခြေရင်းမှာ ပြားပြားဝပ်ပေးမယ်။အဓိကက ကင်မ်ဂျွန်ကယူ ဖြစ်ဖို့လိုတယ်။”

ဟာရူတိုအတွက် ကင်မ်ဂျွန်ကယူလောက် ဘယ်အရာမှ အရေးမကြီးဘူး။အဓိကက ကင်မ်ဂျွန်ကယူဆိုတဲ့ သူ့ယောင်္ကျားဖြစ်ဖို့ လိုတာပေါ့။အရာအားလုံးကို လိမ်လည်ထားပြီး စိတ်ပြေဖို့လောက် ကားရှေ့တိုးဝင်တဲ့သူကို ခွင့်လွှတ်စရာလား။

ဟာရူတိုရဲ့ ယိမ်းယိုင်သွားတဲ့ နှလုံးသားကို ပြန်တည့်မတ်ဖို့ ကင်မ်ဂျွန်ကယူကို ပိုပြီး ထိန်းသိမ်းရတော့မယ်။မဟုတ်ရင် သူကိုယ်တိုင် ပြိုလဲပြီးရင်း ပြိုလဲတော့မှာ။

>>>။
HMUE<3

(A/N - နောက်ထပ် ဟာရူကယူ ပုံဖော်ဖြစ်ဦးမယ်)

ZAWGYI

“ကြၽန္ေတာ့္အမ်ိဳးသား အဆင္ေျပရဲ႕လား ေဒါက္တာ”

ဟာ႐ူတို လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ရင္းသာ အေရးေပၚအခန္းထဲက ထြက္လာတဲ့ တာဝန္ခံဆရာဝန္ကို ေမးလိုက္၏။ကင္မ္ဂြၽန္ကယူ၏ ေတြးေခၚႏိုင္စြမ္းကို လိုက္မမွီသူမို႔ ဟာ႐ူတို အခုလို ၿပိဳလဲေနရတာ။

“ႀကီးႀကီးမားမား ထိခိုက္တာမ်ိဳးမ႐ွိလို႔ စိတ္ခ်ႏိုင္ပါတယ္။ဒါေပမယ့္ မူလေရာဂါေၾကာင့္ေတာ့ သတိျပန္ရဖို႔ ခက္ခဲလိမ့္မယ္”

“မူလေရာဂါ...ေဒါက္တာ ဘာကိုဆိုလိုတာလဲ”

“ႏွလုံးေဆးကို ႏွစ္႐ွည္လမ်ား စြဲေသာက္ထားတဲ့ လူနာတစ္ေယာက္မို႔ အစစအရာရာ ဂ႐ုစိုက္ေပးသင့္ပါတယ္။မူလျဖစ္စဥ္က ႏွလုံးႀကီးတာ...အခုေတာ့ နည္းနည္းအဆင္ေျပေနပါတယ္”

ႏွလုံးႀကီးတာ...သူဘာတစ္ခုမွ မသိရပါလား။အၿမဲတစ္ေစ ကန္႔လန္႔တိုက္ အႏိုင္က်င့္ေနလို႔ ကင္မ္ဂြၽန္ကယူ ဘာျဖစ္ေနလဲဆိုတာကိုေတာင္ မသိရတဲ့ ဘဝ။အခုေတာင္ သူေျပးၿပီး မဖက္လိုက္ရင္ ကင္မ္ဂြၽန္ကယူက သူ႕ဘဝထဲက အၿပီးတိုင္ ထြက္သြားေတာ့မွာ။

အ႐ႈံးသမားတစ္ေယာက္လို ဝါတာနာဘယ္ဟာ႐ူတိုေ႐ွ႕မွာ ျမင္ရတာ သိပ္ကို အသည္းေပါက္ရတယ္။ကင္မ္ဂြၽန္ကယူကိုေတာ့ ဒီ့ထက္ပိုၿပီး တင္းၾကပ္ရေတာ့မယ့္ ပုံပဲ။
ဝါတာနာဘယ္ ဟာ႐ူတိုဘဝမွာ အထိခိုက္ဆုံး အခိုက္အတန္႔က အခုခ်ိန္ပင္ ျဖစ္လိမ့္မည္။

“သူျပေနက် ဆရာဝန္နဲ႔ ကြၽန္ေတာ္ ေတြ႕ခ်င္တယ္ ေဒါက္တာ”

“သမားေတာ္ႀကီး ေဒါက္တာ ခြၽဲဟြန္းေဆာ့နဲ႔ ျပသထားတယ္ ထင္ပါတယ္၊တစ္ခ်က္ေလာက္ စုံစမ္းၾကည့္လိုက္ပါ”

ဟာ႐ူတို အ႐ုပ္ႀကိဳးပ်က္ လူနာေစာင့္ ခုံတန္းလ်ားေပၚကို ထိုင္ခ်လိုက္မိသည္။ကင္မ္ဂြၽန္ကယူသည္ သိပ္ကို ဟန္ေဆာင္ေကာင္းသည္မဟုတ္လား။ဟာ႐ူတိုကိုဆိုရင္ ေႁမြတစ္ေကာင္လို ရန္မူၿပီး တကယ္တကယ္ေတာ့ အစြယ္က်ိဳးၿပီး ဘာမွ မလုပ္ႏိုင္တဲ့ သူ။

အခုလည္း ဟာ႐ူတို မသိေအာင္ လုပ္ထားတဲ့ အရာေတြက ဒီတစ္ခုတည္း မဟုတ္ေလာက္ဘူး။ေသမယ့္သူက ေသမယ္လို႔ မေျပာတက္ဘူးတဲ့ ၊ဒါေပမယ့္ ကင္မ္ဂြၽန္ကယူကေတာ့ ၾကည္ၾကည္ျဖဴျဖဴကို ဟာ႐ူတိုအတြက္ ေသေပးခ်င္ေနတာပဲ။

ကင္မ္ဂြၽန္ကယူသာ ဟာ႐ူတို ဘဝထဲကေန ေပ်ာက္ကြယ္သြားရင္ အေမွာင္က်သြားေလာက္မွာ။ေနႏိုင္မယ္ ထင္လား...ဆုံးျဖတ္ခ်က္ခ်ဖို႔ေတာင္ ခက္ခဲေနၿပီ။ကင္မ္ဂြၽန္ကယူ သူ႕ဘဝထဲက ဘယ္ေတာ့မွ ထြက္မသြားရဘူး။

“အစ္ကို ...”

“သမားေတာ္ေဒါက္တာ ခြၽဲဟြၽန္းေဆာ့ ဆိုတဲ့ တစ္ေယာက္ကို စုံစမ္းေပး ေဂ်ာင္ဟြမ္း”

“အစ္ကို မေပ်ာ္ဘူးလား အစ္ကိုျဖစ္ခ်င္သလို ျဖစ္သြားၿပီေလ...ကင္မ္ဂြၽန္ကယူက သူ႕အကုသိုလ္က သူ႕ကို ဒဏ္ခတ္သြားတာ”

နာက်ည္းမႈေတြ အထင္းသားျပေနတဲ့ ေဂ်ာင္ဟြမ္းစကားေၾကာင့္ ဟာ႐ူတို ေခါင္းခါလိုက္မိသည္။ေဂ်ာင္ဟြမ္းအေတြးကို သူနားလည္သည္။ဒါေပမယ့္ ကင္မ္ဂြၽန္ကယူ ကို ဒီလို မျဖစ္ေစခ်င္ဘူး။

“ကင္မ္ဂြၽန္ကယူသာ ျပန္မႏိုးလာဘူးဆိုရင္ ငါေသလိမ့္မယ္ ေဂ်ာင္ဟြမ္း”

“အစ္ကိုက တကယ္ေပ်ာ့ညံ့တာပဲ ... ကင္မ္ဂြၽန္ကယူမွာ မက္ေမာစရာ ဘာမွ ႐ွိမေနဘူး”

“ကင္မ္ဂြၽန္ကယူျဖစ္ေနလို႔ကို ငါမက္ေမာတာ”

ဟာ႐ူတို ေျပာလိုက္ရင္း ဆံပင္႐ွည္ေတြကို ဆြဲဖြပစ္လိုက္သည္။အ႐ူးတစ္ေယာက္လို ခံစားေနရသည္မွာ ႏွစ္ဆယ့္ေလးနာရီျပည့္ဖို႔ နာရီပိုင္းပဲ လိုေတာ့သည္။ဒါကို ကင္မ္ဂြၽန္ကယူက ႏိုးမလာေသးဘူးတဲ့။

ပုခုံးေပၚကို ေရာက္လာတဲ့ ေဂ်ာင္ဟြမ္း၏ လက္တစ္ဖက္။ၿပီးေတာ့ သက္ျပင္းခ်သံတစ္ခုႏွင့္အတူ ဟာ႐ူတို၏ ေဘးမွာ ဝင္ထိုင္ေလ၏။သူလည္း စိတ္ထိခိုက္ေနမွာ ေသခ်ာေပါက္။

“အခုမွ ေနာင္တရေနလို႔ ဘာမွ ေျပာင္းလဲမသြားဘူး၊အခုလို ျဖစ္ေနတာက အစ္ကို႔ေၾကာင့္မဟုတ္ဘူး။အကုန္လုံးက ကင္မ္ဂြၽန္ကယူေၾကာင့္...”

“ကင္မ္ဂြၽန္ကယူ႕ေၾကာင့္လို႔ မေျပာနဲ႔ ေဂ်ာင္ဟြမ္း ၊ဒီကိစၥကို ငါစခဲ့တာ။အရင္ဆုံး ကင္မ္ဂြၽန္ကယူကို လက္ထပ္ဖို႔ ဒယ္ဒီ့ကို ခ်ဳပ္ကိုင္ခဲ့တာ ငါ...ငါကပဲ ကင္မ္ဂြၽန္ကယူကို ငါ့အရိပ္ထဲ ဆြဲသြင္းခဲ့တာ”

“ဒါကို ဘာလို႔ ခုမွ-”

“ကင္မ္ဂြၽန္ကယူကို ငါလက္မလႊတ္ႏိုင္ဘူးေလ။ငါ့အပိုင္ျဖစ္ေနသ၍ ငါ့ေလာင္းရိပ္ေအာက္မွာ သူေနရမွာ။ေနာက္ဆုံးေတာ့လည္း ငါ့ဆီကထြက္သြားဖို႔ ႀကိဳးစားခဲ့တာပဲ”

မ်က္ရည္က်ေနသလား ဟာ႐ူတို မေျပာတက္။အနည္းငယ္ ညိႇဳ႕မိႈင္းေနတဲ့ ေဂ်ာင္ဟြမ္းကေတာ့ နားမလည္စြာပင္ ေခါင္းခါယမ္းေလသည္။ေဂ်ာင္ဟြမ္းရဲ႕ စိတ္အစဥ္ကို သူခန္႔မွန္းၿပီးသား။

“ငါ့ေၾကာင့္ ကင္မ္ဂြၽန္ကယူကို လက္စားေခ်မယ္ဆိုရင္ အခုကတည္းက လက္ေလွ်ာ့လိုက္ေတာ့ ေဂ်ာင္ဟြမ္း”

“အစ္ကို႔ေၾကာင့္လို႔ ေျပာရင္ လက္ခံမွာ မဟုတ္လို႔ လက္မေလွ်ာ့ႏိုင္ဘူး အစ္ကို”

“လိမၼာစမ္းပါ ဆိုးေဂ်ာင္ဟြမ္း၊မင္းေျပာေတာ့ ငါေပ်ာ္ရင္ မင္းေပ်ာ္ရတယ္ဆို။အခု ငါ့ေပ်ာ္႐ႊင္မႈက ကင္မ္ဂြၽန္ကယူ၊ေသခ်ာေပါက္ မင္းေပ်ာ္႐ႊင္မႈက ကင္မ္ဂြၽန္ကယူ ျဖစ္ရလိမ့္မယ္”

ရက္စက္တယ္လို႔ မဆိုသာတဲ့ ဟာ႐ူတို၏ စကားတစ္ခြန္း။ေဂ်ာင္ဟြမ္းကို ဦးစားေပးဖို႔ မျဖစ္ႏိုင္တဲ့အရာေတြ ေ႐ွ႕မွာ ႐ွိေနေသးတယ္။အခုေလာက္အေနအထားဆိုရင္ ေဂ်ာင္ဟြမ္းအတြက္ အနည္းငယ္ေလာက္ စိတ္ေက်နပ္ေစမွာပါ။

“အစ္ကို !”

“ငါ့သေဘာထားကို မင္းသိၿပီးသားမလား ေဂ်ာင္ဟြမ္း၊ငါ့ဆီမွာ ကင္မ္ဂြၽန္ကယူ႐ွိေနၿပီးၿပီ၊ငါထပ္ၿပီးေတာ့ သူမ်ားရဲ႕ ရင္ခြင္အလြတ္ထဲကို ဓားကိုင္ၿပီး မခိုဝင္ခ်င္ဘူး”

“ဓားကိုင္ၿပီး ဝင္လာတဲ့သူက အစ္ကိုျဖစ္ေနသ၍ ကြၽန္ေတာ္ လက္ခံမွာ၊ဒါေပမယ့္ ကြၽန္ေတာ္က ဘာမွမသိတဲ့ ႏုံအေနတဲ့ေကာင္မဟုတ္ေတာ့ သူမ်ားအိမ္ေထာင္ေရးကို စြက္ဖက္မွာ မဟုတ္ဘူး။အဲ့တာေၾကာင့္ ကင္မ္ဂြၽန္ကယူကို အစ္ကိုခ်စ္သလို ကြၽန္ေတာ္ခ်စ္ေပးမိမွာ"

ျပဳံးလိုက္တဲ့အျပဳံးတစ္ပြင့္ဟာ ေအးခ်မ္းဖြယ္။ေနာက္က်မွ ေတြ႕ခဲ့ေပမယ့္ ေႏြးေထြးတဲ့ ရပ္ဝန္းတစ္ခုျဖစ္ခဲ့လို႔ ဟာ႐ူတို ေအးခ်မ္းခဲ့ရေသးတယ္။ပုခုံးေပၚကို ၿပိဳက်လာတဲ့ ဦးေခါင္းေလးကို ခပ္ဖြဖြ ပြတ္သပ္လိုက္ရင္း ဟာ႐ူတို သက္ျပင္းခ်လိုက္မိတယ္။

ဆိုးေဂ်ာင္ဟြမ္းက ကင္မ္ဂြၽန္ကယူၿပီးရင္ ဟာ႐ူတို ဒုတိယေျမာက္ သေဘာက်ဖူးတဲ့ ျဖစ္တည္မႈေလး။

>>>။

တိတ္ဆိတ္စြာ ျဖစ္တည္ေနတဲ့ အခန္းေလး။ကုတင္ေပၚမွာ ၿငိမ္သက္စြာ လဲေလ်ာင္းေနသည့္ ကင္မ္ဂြၽန္ကယူဟာ အသက္႐ွဴသံပုံမွန္ျဖစ္တည္ေန၏။ဟာ႐ူတို သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း မ်က္ႏွာလွလွေလးကို မ်က္ေတာင္ မခတ္ေငးၾကည့္လိုက္မိသည္။

အနည္းငယ္ ေဖ်ာ့ေတာ့ေနသည့္ ႏႈတ္ခမ္းပါးတို႔ဟာ ဟာ႐ူတို စိတ္႐ွိတိုင္း မေရတြက္ႏိုင္ေအာင္ နမ္း႐ိႈက္ခဲ့ဖူးသည္။အိပ္ေပ်ာ္ေနသည့္အတိုင္း ပါးျပင္အိအိကိုလည္း ပိုင္ဆိုင္မႈအျဖစ္ နစ္ဝင္သြားေအာင္ ေမႊးၾကဴဖူးသည္။

လြန္ခဲ့ေသာ အတိတ္ေတြဆီမွာလည္း အႀကိမ္တစ္ရာမက နမ္း႐ိႈက္ဖူးတာကို ထိုအမ်ိဳးသားလွလွေလးက သိ႐ွိမည္မထင္။သေဘာက်တာလား ၊မက်သလားဆိုတာ မေဝခြဲတက္ခင္ကတည္းက ကင္မ္ဂြၽန္ကယူဆိုသည့္ အမ်ိဳးသားကို ဟာ႐ူတို အပိုင္လိုခ်င္ခဲ့တာ။

အခုလည္း မေျပာမဆိုနဲ႔ နဖူးျပင္ေျပေျပေလးကို ငုံ႔မိုးကာ နမ္း႐ိႈက္ေနျပန္ၿပီ။ဟာ႐ူတို၏ အသိစိတ္ေတြကို ထိန္းခ်ဳပ္ေနတာနဲ႔တင္ မလုံေလာက္လို႔ ႐ူးသြားေအာင္မ်ား တမင္သက္သက္ ေစခိုင္းေနသလား မသိပါ။

“ဟာ႐ူတို...”

ဆယ္ေက်ာ္သက္အ႐ြယ္မွာေတာင္ ကင္မ္ဂြၽန္ကယူဟာ ႏွစ္ခါ သုံးခါ ျပန္ေငးၾကည့္ရေလာက္တဲ့အထိ သိပ္ကို ၾကည့္ေကာင္းခဲ့တာ။ႏႈတ္ခမ္းဖ်ားကေန ဟာ႐ူတို႔ နာမည္ ထြက္ေပၚလာရင္ ရင္ခုန္သံေတြဟာ ဝုန္းဒိုင္းႀကဲလို႔။

ဆယ့္ေလးႏွစ္သား သူ႕အဖို႔ကို ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အမ်ိဳးသားဟာ ကင္မ္ဂြၽန္ကယူတစ္ေယာက္တည္းသာ ျဖစ္ပါသည္။စႏၵယားတီးသံေတြကို ကင္မ္ဂြၽန္ကယူနဲ႔ တြဲဖက္ၿပီး ႏွစ္ၿခိဳက္ခဲ့သလိုပဲ ရင္ခုန္သံေတြဟာလည္း ထိုအမ်ိဳးသားနဲ႔မွ ျဖစ္တည္လာတာ။

“ဂ်ီဟြန္း ...ဒါ ငါ့ညီေလး ဝါတာနာဘယ္ ဟာ႐ူတို”

ပထမဆုံးအႀကိမ္ မနာလိုျဖစ္မိသည့္ အခိုက္အတန္႔။ကင္မ္ဂြၽန္ကယူ၏ လက္ေခ်ာင္းသြယ္သြယ္ေလးေတြဟာ ပတ္ခ္ဂ်ီဟြန္းဆိုတဲ့လူတဲ့ လက္ေတြဆီမွာ။ပါးခ်ိဳင့္ေတြခြက္ဝင္ေနေအာင္ ျပဳံးေနတဲ့ ကင္မ္ဂြၽန္ကယူဟာ ဝါတာနာဘယ္ဟာ႐ူတိုကို ရင္ကြဲေအာင္လုပ္ေနသလိုပင္။

ဒါေပမယ့္ ကေလးအ႐ြယ္ေလးမို႔ ဘာကိုမွ အံတုႏိုင္စြမ္း ႐ွိမေနခဲ့ပါ။အခ်ိန္ဆိုတာ ေစာင့္ႏိုင္ရမယ္တဲ့။ဟာ႐ူတို အံႀကိတ္ရင္းသာ မသိခ်င္ေယာင္ေဆာင္လိုက္မိသည္အထိ။ရက္ေတြ ႏွစ္ေတြဟာ ေျပာင္းသြားတာနဲ႔အမွ် ဟာ႐ူတိုက အ႐ြယ္ေရာက္တဲ့ ေယာက်ၤားတစ္ေယာက္အျဖစ္ ေျပာင္းလဲလာခဲ့တယ္။

ကင္မ္ဂြၽန္ကယူကို အပိုင္ယူဖို႔ ႀကိဳးစားမိတဲ့ အခ်ိန္ေတြဟာ ေစာလြန္းေနတာလား မေျပာတက္။အရာအားလုံးဟာ ကေနဒါဆီမွာ အေျခခ်ရသည္အထိ ဆိုး႐ြားသြားခဲ့ရသည္။ထိုအခ်ိန္ကေန သေဘာက်တာ မက်တာ မကြဲျပားေတာ့ပဲ ကင္မ္ဂြၽန္ကယူကိုသာ အႏိုင္က်င့္ၿပီး ဖ်က္ဆီးပစ္ခ်င္စိတ္ေတြ ကိန္းေအာင္းလာခဲ့တာ။

တကယ္ေတာ့ ကင္မ္ဂြၽန္ကယူက ႐ူးေနတာ။ဟာ႐ူတိုကို ေလွကားေပၚကေန တြန္းခ်ပစ္ရေလာက္တဲ့အထိ မုန္းေနခဲ့တယ္ဆိုတဲ့အသိကေလ တကယ့္အ႐ူးလို ခံစားရတယ္။ကင္မ္ဂြၽန္ကယူက ဟာ႐ူတိုကို သတ္ပစ္ခ်င္ေလာက္တဲ့အထိ မုန္းခဲ့တာ။

“ငုတ္တုတ္ႀကီး အိပ္ေပ်ာ္ေနတာလား ဟာ႐ူတို”

ပုခုံး‌ကို ပုတ္ကာ ေျပာလာသည့္ ကင္မ္ဒိုေယာင္းေၾကာင့္ ဟာ႐ူတို၏ အေတြးစတို႔ ျပတ္ေတာက္သြားရသည္။မလႈပ္မယွက္အိပ္ေပ်ာ္ေနသူက ဟာ႐ူတိုၾကည့္ေနတာကို သိမည္မထင္။

“မင္းျမင္တဲ့အတိုင္းပဲ ကင္မ္ဒိုေယာင္း!”

“ငါ့အစ္ကိုက ေဆးျပေနတာ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကတည္းက ... မင္းေၾကာင့္နဲ႔ အကုန္သည္းခံေနခဲ့တာ”

“ငါ့ေၾကာင့္နဲ႔...ကင္မ္ဂြၽန္ကယူေျပာရင္ေတာင္ ငါယုံမွာ မဟုတ္ဘူး ကင္မ္ဒိုေယာင္း”

“မင္းကို ေလွကားကေန တြန္းခ်ၿပီးတဲ့ေနာက္ပိုင္း အ႐ူးလိုပဲ ျဖစ္ေနခဲ့တာ။ေနာက္ဆက္တြဲေရာဂါေတြအျပင္ ႏွလုံးေရာဂါပါ ထပ္တိုး ေပၚလာတာ။အရမ္းႀကီး စိုးရိမ္ရတဲ့ လကၡဏာ မျပေပမယ့္ မင္းနဲ႔ လက္ထပ္ၿပီးတဲ့ ေနာက္ပိုင္း ေရာဂါက ပိုဆိုးလာတယ္။အဲ့တာေၾကာင့္ စိတ္ထြက္ေပါက္ရေအာင္ ငါ ၾကင္ဖက္ေတြ႕ခိုင္းတာ”

“ဘာလို႔ အခုမွ ဒါေတြကို ငါ့ကိုေျပာတာလဲ ”

လြန္ခဲ့တဲ့ ငါးႏွစ္ ကေနဒါကို သူေရာက္ၿပီးတဲ့ေနာက္ပိုင္းမွ ဒီေရာဂါကို စတင္ခံစားရခဲ့တယ္တဲ့။ဒါဆိုရင္ အရင္ကတည္းက ဟာ႐ူတိုကို ေလွကားေပၚက မတြန္းခ်သင့္ခဲ့ဘူး။အဲ့တာဆိုရင္ အခုလိုမ်ိဳး ေနာက္ဆက္တြဲေတြ ျဖစ္လာမွာ မဟုတ္ဘူး။

“ငါ့အစ္ကို အခ်စ္ဆုံးေယာက်ၤားက မင္းျဖစ္ေနလို႔ ေျပာျပရမယ္ထင္လို႔ ေျပာျပတာ”

“မင္းေျပာတဲ့အခ်ိန္က ေနာက္က်သြားၿပီလို႔ မထင္ဘူးလား ကင္မ္ဒိုေယာင္း”

“မင္း ငါ့အစ္ကိုရဲ႕ ႏွလုံးသားထဲကိုဝင္ၾကည့္ရင္ နားလည္လိမ့္မယ္။သူက မင္းကို သူ႕ရဲ႕ သန္မာတဲ့ ဘက္ျခမ္းကိုပဲ အၿမဲတေစ မီးေမာင္းထိုးျပခဲ့တာ။တစ္ဖက္က အားနည္းတဲ့ အပိုင္းကို မင္းကို မျပခ်င္ဘူး။ဘာလို႔လဲ သိလား သူက မင္းကို သန္မာေစခ်င္လို႔”

သန္မာေစခ်င္လို႔...၊ဟာ႐ူတို လုံေလာက္တဲ့အထိ သန္မာၿပီးသြားၿပီ။ဆက္ၿပီး သန္မာဖို႔အတြက္ ကင္မ္ဂြၽန္ကယူကို အသုံးခ်ရမယ္ မဟုတ္လား။နာက်င္ရမယ္ ဆက္နာက်င္ရမယ္။

ဝါတာနာဘယ္ ဟာ႐ူတိုေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ ယိမ္းယိုင္သြားမယ့္အထဲမွာ သူမပါဘူး။ျပစ္ဒဏ္ဆိုတာ မလြတ္မခ်င္းခံရမွာ သဘာဝပဲ။နည္းနည္းေလးေတာင္ ေလွ်ာ့ေပးဖို႔ စိတ္ကူးမ႐ွိဘူး။

“ငါက မင္းအစ္ကိုလို မႏုံအဘူး ကင္မ္ဒိုေယာင္း။နာက်င္ေစတာခ်င္း အတူတူ ၊အတူတူ နာက်င္လိုက္တာ ပိုမေကာင္းဘူးလား။ငါ ဘယ္ေတာ့မွ ကင္မ္ဂြၽန္ကယူကို လြတ္ေျမာက္ခြင့္ေပးမွာ မဟုတ္သလို နာက်င္ၿပီးရင္း နာက်င္ေစရမယ္”

“ကင္မ္ဂြၽန္ကယူက မင္းထင္ထားသလို မသန္မာဘူး ဟာ႐ူတို”

“ငါသိတဲ့ ကင္မ္ဂြၽန္ကယူက ငါ့ထက္ အဆတစ္ရာ ပိုသန္မာတယ္။ေပ်ာ့ညံ့ေနလို႔႐ွိရင္ သူပဲ ငါ့ကို ႐ႈံးရမွာ”

ခံစားခ်က္ေတြကို လိမ္လည္ထားၿပီး အျခားသူတစ္ေယာက္က လာၿပီး တရားခ်တာေလာက္ မုန္းတာ မ႐ွိဘူး။အစကေတာ့ နည္းနည္းေလာက္ ေလွ်ာ့ေပးမလိုပဲ အခုေတာ့ ျပန္တင္းရမယ့္ပုံပဲ။

“ငါ့အစ္ကိုက မင္းအတြက္ဆိုရင္ သူ႕အသက္ကိုေတာင္ေပးရဲတယ္”

“ဒီစကားကို ကင္မ္ဂြၽန္ကယူေျပာတာ မဟုတ္လို႔ ငါမယုံဘူး ကင္မ္ဒိုေယာင္း။မင္းေျပာခဲ့တဲ့ စကားေတြ အကုန္လုံး သူ႕ႏႈတ္ခမ္းကေန ငါ့ကို ဝန္ခံတဲ့တစ္ေန႔ ငါ့အတၱေတြကို အကုန္ခဝါခ်ၿပီး သူ႕ေျခရင္းမွာ ျပားျပားဝပ္ေပးမယ္။အဓိကက ကင္မ္ဂြၽန္ကယူ ျဖစ္ဖို႔လိုတယ္။”

ဟာ႐ူတိုအတြက္ ကင္မ္ဂြၽန္ကယူေလာက္ ဘယ္အရာမွ အေရးမႀကီးဘူး။အဓိကက ကင္မ္ဂြၽန္ကယူဆိုတဲ့ သူ႕ေယာက်ၤားျဖစ္ဖို႔ လိုတာေပါ့။အရာအားလုံးကို လိမ္လည္ထားၿပီး စိတ္ေျပဖို႔ေလာက္ ကားေ႐ွ႕တိုးဝင္တဲ့သူကို ခြင့္လႊတ္စရာလား။

ဟာ႐ူတိုရဲ႕ ယိမ္းယိုင္သြားတဲ့ ႏွလုံးသားကို ျပန္တည့္မတ္ဖို႔ ကင္မ္ဂြၽန္ကယူကို ပိုၿပီး ထိန္းသိမ္းရေတာ့မယ္။မဟုတ္ရင္ သူကိုယ္တိုင္ ၿပိဳလဲၿပီးရင္း ၿပိဳလဲေတာ့မွာ။

>>>။
HMUE<3

(A/N - ေနာက္ထပ္ ဟာ႐ူကယူ ပုံေဖာ္ျဖစ္ဦးမယ္)

Continue Reading

You'll Also Like

323K 7.1K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.2M 48.3K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
300K 9.7K 56
When he denied his own baby calling her a cheater. "This baby is not mine." But why god planned them to meet again? "I would like you to transfer in...