​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

Oleh Autumn_Aster

29.6K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... Lebih Banyak

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၂
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း ၁၁

891 121 0
Oleh Autumn_Aster

UNICODE

လွမ်စန်းညန်၏ ပေါက်ကွဲလာသည့် စကားသံက အမတ်ချန်းယီအပေါ် အေးစက်သည့်ရေတွေပါသည့် ဇလားနှင့် တိုက်ရိုက်လောင်းချလိုက်သလိုပင်။ သူမစကားတွေထဲမှာ သိုဝှက်ထားသည့် အဓိပ္ပါယ်က အမတ်ချန်းယီက အကျိုးအမြတ်တစ်ခုအတွက်သာ တွေးသည်ဆိုပြီး ဝေဖန်တာဖြစ်သည်။

ကနဦးတုန်းကတော့ ကျန်းရှီက လုံးဝကို မခံမရပ်နိုင်ဖြစ်နေပေမယ့် သူမသမီး ပြဿနာထရှာပြီးနောက်မှာ သူမခင်ပွန်းက သူမသမီးကို မနှစ်မြို့ပြီး ပယ်ချမှာကို ပိုစိုးရိမ်လာသည်။

ဘေးအခန်းရှိ အစေခံများက ထွက်ခွါသွားတာကိုပဲ သူမ တိတ်တိတ်လေး ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူမသမီးရဲ့ ဒီလိုအပြုအမူမျိုးကို မြင်သွားမှာဖြစ်သည်။

သူမသမီးနှင့် ယှဉ်လျှင် သူမက သူမခင်ပွန်းသည်၏ ပန်းတိုင်၊ ဆန္ဒနှင့် စိတ်ကူးတွေကို ပိုနားလည်သည်။

စစ်ညန်ကို သေလုနီးပါး လုပ်မိသည့်အတွက် လောင်ထိုက်ထိုက်က သူမကို ပြင်းထန်စွာ ဆုံးမခံရပြီးနောက် သူမခင်ပွန်းသည်ရဲ့ လက်ရှိမင်းမှုထမ်းနေရာက ဩဇာအာဏာရှိသည့်အုပ်စုထဲမှာ လုံးပန်းနေရကြောင်း သူမ သိရသည်။ သူမခင်ပွန်းသည်မှာ နောက်ခံမရှိရင် သူတို့က အမှားတွေ ထောက်ပြလာနိုင်သည်။ သူက အလုပ်ရေးရာ ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးနေရာရဲ့ အစားထိုးသာ ဖြစ်သည်။ အချိန်မရွေး သူ့ရဲ့ မူလ မင်းမှုထမ်းနေရာကို ပြန်ရောက်သွားနိုင်သည်။

သူမခင်ပွန်းရဲ့ ကောင်းမွန်သည့် နေရာကို သူမ ဖျက်ဆီးလုနီးပါးဖြစ်သွားကြောင်း ကျန်းရှီတွေးမိချိန်မှာ ချွေးအေးတွေ ချက်ချင်းထွက်လာသည်။ သူမသားနှင့် သမီးကိုတောင် ဒီအကြောင်းမပြောပြခဲ့ပေ။

ယခုလက်ရှိအချိန်မှာတော့ အမတ်ချန်းယီ၏ မျက်နှာက ဒယ်အိုးဖင်လို ချက်ချင်း မည်းတက်လာသည်။ သူက ဘက်လိုက်တာတော့ အမှန်ပင်။ သူ့သားတွေအပေါ်မှာ သူ့ဘက်လိုက်မှုက သူ့သားတွေက မျိုးနွယ်စုတိုးတက်လာဖို့ အတွက်ဖြစ်သည်။ အထူးသဖြင့် သူ့တရားဝင်သား အမွေဆက်ခံသူဖြစ်သည်။ သူက စန်းညန်အပေါ် ဘက်လိုက်တာက စန်းညန်က ဉာဏ်ကောင်းပြီး တရားဝင်သမီးဖြစ်လို့ဖြစ်သည်။ သူမအတွက် ထိမ်းမြားမှုကို ဒီလို သတ်မှတ်ပေးခဲ့လို့ နောက်ကွယ်မှာ သူမအမေက သူမကို ပိုအလိုလိုက်တာကို ခွင့်ပြုခဲ့တာဖြစ်သည်။ အခု စစ်ညန်ကို ဘက်လိုက်တာက စစ်ညန်က ဝမ်ကုန်းဇီ၏ အကြည့်ထဲ ဝင်ရောက်သွားလို့ဖြစ်သည်။ ဆိုလိုတာက သူမက တကယ့်ကို အမတ်စံအိမ်အတွက် အကျိုးအမြတ်တွေ ပိုသယ်ဆောင်ပေးလာနိုင်လို့ဖြစ်သည်။

အမတ်ချန်းယီကတော့ သူ့အနေနှင့် ဘယ်လိုမှ မှားတယ်လို့ မခံစားရပေ။ စန်းညန်က အမတ်စံအိမ်၏ တရားဝင်သမီးဖြစ်လို့ ငယ်စဉ်ကတည်းက အကောင်းဆုံးဆိုသောအရာတွေကို ခံစားခဲ့ရသည်။ သူမအစားအသောက်၊ အဝတ်အစားနှင့် အသုံးစရိတ်တွေ သဘာဝကျစွာနှင့် ကောင်းမွန်ပြီး သူမကို သင်ကြားပေးဖို့ အကောင်းဆုံးသောဆိုတဲ့ ဆရာတွေကိုတောင် သူ ဖိတ်ကြားပေးခဲ့သည်။ ခြုံပြောရရင် သူ့သမီးကို ပျိုးထောင်ဖို့ ခက်ခဲစွာ ရထားသည့် ငွေကြေးတွေကို အများကြီး သုံးခဲ့တာဖြစ်သည်။

တစ်ဖက်မှာတော့ စစ်ညန်က ကိုယ်လုပ်တော်ဖွားသမီးတွေအတွက်သာ ရှိသည့် ခံစားမှုမျိုးကို ခံစားခဲ့ရသည်။ တညန်နှင့် အာ့ညန်လည်း အတူတူဆိုပေမယ့် သူတို့ရဲ့ တရားဝင်မိခင်တွေက ရှိနေလို့ သူတို့နေ့ရက်တွေက စစ်ညန်ထက် အနည်းငယ် ပိုကောင်းလေသည်။

大娘 (pinyin: da niang) – ပထမဆုံးသော သမီး

二娘 (pinyin: er niang) – ဒုတိယသမီး

အခု သူက စစ်ညန်ကို ပိုအလေးပေးလာတော့ စန်းညန်က မားမားတစ်ယောက်ပဲရတာကြောင့် သူ့ကို ဘက်လိုက်တယ်ဆိုပြီး ဝေဖန်မှုကို ခံရသည်။ သူ့အပေါ် ရေအေးနှင့် ပက်ဖြန်းလိုက်သလိုပင်။ ထို့ကြောင့် အမတ်ချန်းယီက မျက်မှောင်ပိုကျုံ့လာပြီး သုန်မှုန်သည့် အမူအရာနှင့် မေးလာသည်။ "စန်းညန် သမီးက အဖေ့ကို ဘက်လိုက်တယ်လို့ပြောပေမယ့် သမီးကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်လိုက်ဦး အဖေက သမီးကို ကောင်းကောင်းမဆက်ဆံခဲ့ဖူးလို့လား?"

အမတ်ချန်းယီရဲ့ အသံထဲမှာ စိတ်ပျက်မှုတွေရှိနေသည်။ သူ့အမေ၊ ကျန်းရှီနှင့် ဆရာတွေ ချီးကျူးတာခံရတဲ့ ဒီသမီးရော ဟုတ်ရဲ့လား?

ရုတ်တရက်ဆိုသလို အမတ်ချန်းယီက စွမ်းရည်နှင့် အရည်အချင်းတွေကို မပြတာကြောင့် သာမန်ညောင်ညလို့ သတ်မှတ်ထားသည့် သမီးကို သတိရသွားသည်။ သူ့အမြင်ကို သူ သံသယဝင်လာမိသည်။

သူ့အဖေဖြစ်သူ၏ ခံစားချက်ပြောင်းလဲသွားတာကို သတိထားမိလို့ လွမ်ယွီဝမ်ရဲ့ နှလုံးသားက တဆတ်ဆတ်တုန်သွားရင်း အလျင်အမြန်ပြောလာသည်။ "အဖေ ညီမလေးက အမြဲ ဂုဏ်ယူတတ်တဲ့သူလေ အခြေအနေကို ခဏလောက် လက်မခံနိုင်ဖြစ်နေတာပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ညီမလေးက ဒါကို သေချာတွေးပြီးရင် အဆင်ပြေသွားမှာပါ"

"ပေါ်ယဲ့ တလန်ပြောတာ မှန်တယ်။ စိတ်မဆိုးနဲ့။ စန်းညန်ကို အရမ်းအလိုလိုက်မိတဲ့ ကျွန်မ အမှားပါ။ နည်းနည်းလေး နစ်နာတာကိုတောင် သညးမခံနိုင်တဲ့ အကျင့်ဖြစ်အောင် အလိုလိုက်မိတဲ့ ကျွန်မအမှားပါ" ကျန်းရှီလည်း ကမန်းကတန်းဝင်ပြောလာသည်။ သူမသမီးကို သူမခင်ပွန်းက စိတ်ပျက်သွားပြီး စစ်ညန်ဘက်ကို ယိမ်းသွားမှာကို သူမ မလိုချင်ပေ။

သူမသမီးက မသိပေမယ့် ကျန်းရှီကတော့ လောင်ထိုက်ထိုက်က တကယ်တော့ မြေးယောကျာ်းလေးတွေကို ပိုတန်ဖိုးထားတာကို ရှင်းရှင်းလင်းလင်းသိသည်။ သူမသမီးကို အလိုလိုက်ရတဲ့အကြောင်းရင်းက စံအိမ်၏ သမီးလေးယောက်မှာ သူမသမီးက ဉာဏ်အကောင်းဆုံးမို့လို့ဖြစ်ကာ သူမခင်ပွန်းလည်း တန်ဖိုးထားတာဖြစ်သည်။

လောင်ထိုက်ထိုက်ရဲ့ ကိုယ်ပိုင်ဆိုင်တွေမှာ ပစ္စည်းကောင်းတွေ တော်တော်လေးရှိ၏။ သူမသမီးလက်ထပ်သည့်အခါကျရင် တစ်ပုံရမှာဖြစ်သည်။ အခု သူမက လောင်ထိုက်ထိုက်၏ ချစ်မြတ်နိုးခြင်းကို ဆုံးရှုံးသွားလိုက်ရရင် အမြတ်ထက် အရှုံးက ပိုများနေမှာဖြစ်သည်။ သူမသမီးက ပုံမှန်ဆို လိမ္မာပါးနပ်သည်။ ပြီးခဲ့တဲ့ရက်အတွင်းမှာ ဘာလို့များ ပြောင်းလဲသွားပါလိမ့်?

ကျန်းရှီရဲ့ ဒေါသက လှိုက်တက်လာပြီး ပိုပြီးတည်ငြိမ်သည့် စစ်ညန်ကို မကျေမနပ်ဖြစ်လာသည်။

သို့တိုင်အောင် လွမ်စန်းညန်က သူမအမေနှင့် အစ်ကိုကြီးတို့ရဲ့ အားထုတ်မှုကို နည်းနည်းလေးတောင် ကျေးဇူးမတင် နားမလည်ပေ။ ဝမ်ကုန်းဇီဆီက ပိုအကျိုးအမြတ်ကို လိုချင်လို့ သူမအစ်ကိုကြီးနှင့် အဖေက အတူတူပဲလို့ ခံစားရပြီး သူမအမေရဲ့မျက်လုံးထဲမှာတော့ သူမအစ်ကိုကြီးတစ်ယောက်သာရှိသည်လို့ တွေး၏။ သူမက အေးစက်စွာ ရယ်လိုက်သည်။ "သမီးက အမတ်စံအိမ်ရဲ့ ဂုဏ်ရှိတဲ့တရားဝင်သမီးတစ်ယောက် အဲဒါတောင် အဖေနဲ့ အမတ်ကြီးဟွေယန်တို့ရဲ့ လောင်းကစားကြောင့် စုတ်ပြတ်နေတဲ့ လက်ထပ််မှုကို ရလာတယ်။ သမီးဘဝရဲ့ ကျန်တစ်ဝက်ရဲ့ ပျော်ရွှင်မှုက ပျက်ဆီးသွားပြီ။ အဖေက သမီးကို ပိုပြီးကောင်းကောင်းဆက်ဆံသင့်တယ်မလား?"

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ အမတ်ဖခင်က ချီယွဲ့အမ်၏ အနာဂတ်က အကန့်အသတ်မဲ့နေတယ်ဆိုတဲ့အချက်ကို သိမှ မသိတာ။ အဲ့တော့ လွမ်စန်းညန်က စိတ်အေးစွာနှင့် သူမအမတ်ဖခင်အပေါ် ဒေါသတကြီးမေးခွန်းထုတ်တာဖြစ်သည်။

လွမ်စန်းညန်က အရာတိုင်းကို ကိစ္စတစ်ခုလို လုပ်နေလို့ ကျန်းရှီနှင့် လွမ်ယွီဝမ်ကို ထိတ်လန့်သွားစေသည်။

ကျန်းရှီက မေ့လဲကျလုမတတ်ပင်။

"စန်းညန် မင်း.... မင်းဘယ်လိုလုပ် ဒီလိုပြောနိုင်တာလဲ?" အမတ်ချန်းယီက အစပိုင်းတုန်းက စိတ်ပျက်ရုံလေးတင်။ ဒါပေမယ့် အခုတော့ တကယ်ဒေါသထွက်နေပြီဖြစ်သည်။

"လွမ်နင်း မင်းအဖေအနေဲ့ မင်းအတွက် ငါသတ်မှတ်ပေးတဲ့ လက်ထပ်ပွဲကို မင်း မကျေမနပ်ဖြစ်နေတုန်းလို့ ငါမထင်ခဲ့ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းပဲ စေ့စပ်ပွဲဖျက်သိမ်းချင်တယ်ပြောလို့ ငါ့မျက်နှာအပျက်ခံပြီး အမတ်ကြီးဟွေးယန်ဆီသွားပြီးတော့ ဒီကိစ္စညှိနှိုင်းခဲ့တယ်။ ဒီလက်ထပ်ပွဲနေရာမှာ မင်းအစား စစ်ညန်ကို ထည့်ဖို့ အမတ်ကြီးဟွေးယန်ရဲ့ သဘောတူမှုရဖို့ ငါခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ တစ်ဖက်ကျတော့ မင်းက မင်းစိတ်ပြောင်းသွားပြန်တယ်. ဒီကိစ္စကြောင့် အမတ်ကြီးဟွေးယန်က အရမ်းကို စိတ်ဆိုးလို့ ငါ့မှာ တောင်းပန်တဲ့အနေနဲ့ လက်ဆောင်တွေ အများကြီး ပေးပြီးတော့ ဒီကိစ္စကို ကျေအေးစေခဲ့တယ်"

အမတ်ချန်းယီက ပေးလိုက်ရသည့် တန်ဖိုးရှိတဲ့ လက်ရေးလှ ပန်းချီကားချပ်တွေနှင့် ရှေးဟောင်းပစ္စည်းတွေကို တွေးမိချိန်တိုင်း သူ့အသားထဲကပါနာသည်။

သို့တိုင်အောင် သူ့တရားဝင်သမီးဖြစ်သူက ထိုကဲ့သို့တွေးနေခဲ့သည်။ အမတ်ချန်းယီခံစားရသည့် ခါးသက်တဲ့ စိတ်ပျက်မှုက အဆုံးမရှိပေ။

အမတ်ချန်းယီစကားက သတင်းအချက်အလက်တွေ အများကြီးဖော်ပြလာလို့ ကျန်းရှီနှင့် လွမ်ယွီဝမ်တို့နှစ်ယောက်လုံး လုံးဝ မယုံနိုင်ဖြစ်သွားသည်။

လွမ်စန်းညန်က ထိုစကားကြားတော့ အပြစ်ရှိသည့်စိတ်ဖြစ်လာသည်။ စေ့စပ်ပွဲဖြတ်ဖို့ သောင်းကျန်းတဲ့သူက ကူးပြောင်းလာကာစ သူမဆိုတာ ဘယ်သူမှ မသိလို့ ကံကောင်းတယ်လို့တိတ်တိတ်လေး တွေးလိုက်မိသည်။ ကူးပြောင်းလာကာစ သူမက သောင်းကျန်းသင့်တယ်လို့ သူမကိုယ်သူမယုံကြည်ထားတာဖြစ်သည်။ သူမက အချိန်ကိုက် ပြန်မမွေးဖွားလာရင် လက်ထပ်ထိမ်းမြားမည့် ကတိကဝတ်က သူမရဲ့ စတုတ္ထညီမလေးဆီ ရောက်သွားမှာဖြစ်သည်။

သူမရဲ့ အပြစ်ရှိစိတ်ကျော်လွန်သွားပြီးနောက် သူမရဲ့ အကျင့်မကောင်းသည့်အဖေ၏ မူလအစီအစဥ◌်ကို လွမ်စန်းညန်က အမှတ်ရသွားပြီး ပိုပြီးရဲတင်း ယုံကြည်မှုရှိလာကာ တရားမျှတမှုက သူမဘက်မှာ ရှိနေတယ်လို့ ခံစားသွားရသည်။ သူမရဲ့အကျင့်မကောင်းသည့်အဖေရဲ့ စကားကို ကောင်းမွန်စွာ ပြောရရင် ချီယွဲ့အမ်က မိသားစုအတွက် အကျိုးအမြတ်တွေ မသယ်လာနိုင်ဘဲ အရမ်းကို အသုံးအဖြုန်းကြီးတယ်လို့ပဲ ခံစားရကာ သူ့တရားဝင်သမီးနှင့် မထိုက်တန်လို့ ခံစားရရုံသာဖြစ်သည်။ ကောင်းမွန်တဲ့ လက်ထပ်ထိမ်းမြားမှုအတွက် သူမကို သူအသုံးချချင်တာဖြစ်၏။

ကိစ္စရဲ့အရင်းမြစ်ကို ကြည့်မယ်ဆိုရင် အရာတိုင်းက သူ့ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာဖြစ်နေပြီး တကယ့်ကို ကြောင်သူတော်ပဲ။

ထိုအကြောင်းကိုတွေးမိတော့ လွမ်စန်းညန်၏ ဒေါသက ပိုမြင့်တက်လာပြီး သူမစကားကိုတောင် လက်လွတ်စပယ်ပြောလာ၏။

"ရပါတယ် အဖေက အရမ်းကို နားထောင်ကောင်းအောင်လုပ်ပေမယ့် ဒီလက်ထပ်တာကို ဖျက်သိမ်းရင် သမီးအတွက် အမတ်စံအိမ်အတွက် ပိုပြီးအကျိုးအမြတ်ရစေမယ့် လက်ထပ်ပွဲကို အဖေ မရှာနိုင်ဘူးလား?"

"သမီးက အဖေ့သမီး သွေးစုပ်ဖို့သုံးတဲ့ ပစ္စည်းမဟုတ်ဘူး။ ဒီမိသားစုထဲက ယောကျာ်းတွေအကုန်လုံးက အပျင်းတွေလား။ မျိုးနွယ်စုရဲ့ ဩဇာအာဏာ ကြီးမားဖို့ သမီးတွေရဲ့ လက်ထပ်ပွဲတွေကို မှီခိုရအောင်လောက်လေ။ အဖေ့လုပ်ရပ်တွေက အဖေ့ကို လူတွေကပဲ ပိုအထင်သေးစေမှာ"

လွမ်စန်းညန်က စကားပြောလိုက်တိုင်း ပိုပိုပြီး ခံစားချက်ပါလာကာ သူမအမူအရာကလည်း ပိုပိုပြီး စိတ်လှုပ်ရှားလာသည။

သူမအရင်ဘဝတုန်းကလိုပဲ။ အစပိုင်းမှာ အမတ်စံအိမ်၏ ဩဇာအာဏာ သန်မာလာစေဖို့ သူမကို မြှောက်စားကြသည်။ သူမကွယ်လွန်ပြီး ဧကရာဇ်အသစ် နန်းတက်လာချိန်မှာ သူတို့က စစ်မေ့ကို မှီခိုကြသည်။

ဒီအမတ်စံအိမ်ရဲ့ ယောကျာ်းတွေကတော့... ဟီးဟီး

သူမအတိတ်ဘဝမှာပဲ ဖြစ်ဖြစ် ဒီဘဝမှာပဲဖြစ်ဖြစ် လွမ်စန်းညန်က အောင့်သက်သက်ဖြစ်မှုကို ခံစားရသည်။ သူမရဲ့ အသုံးအဖြုန်းကြီးသည့် ခင်ပွန်းလောင်းကို စွန့်ပစ်တာကြောင့် သူမအမတ်အဖေက သူမက အသုံးမဝင်ဘူးလို့ ခံစားရလို့ သူမရဲ့ စတုတ္ထညီမလေးကို ဘက်လိုက်သည့်အတွက် သူမက ဖန်ပြုလုပ်သည့် ဖော်မြူလာကို စိတ်မရှည်စွာ ထုတ်ပြလာသည့် အရင်ဘဝနှင့်မတူပေ။

သူမမှာ ရွှေလက်ချောင်းရော ရှေ့ဖြစ်မှတွေရော သိလို့ ဒီအရည်အချင်းတွေကို သူမ မဖော်ထုတ်သရွေ့ သူမက ဧကရာဇ်အိုရဲ့ အာရုံကို ဆွဲဆောင်မိမှာမဟုတ်ဘဲ သူမက အမတ်စံအိမ်အပေါ် မှီခိုစရာမလိုဘဲ ကောင်းမွန်စွာ နေနိုင်မှာဖြစ်သည်။ သို့ပေမယ့် အမတ်စံအိမ်မှာ သူမ မရှိရင်... ဟီးဟီး

ထို့ကြောင့် လွန်စန်းညန်က ယုံကြည်မှုအပြည့်နှင့် သူမရဲ့ အမတ်အဖေကို မကြောက်တာဖြစ်သည်။

သူမ သတိမပြုမိတာက အတိတ်ဘဝတုန်းက သူမသာ အမတ်စံအိမ်ရဲ့ မျိုးရိုးမြင့်သမီးဆိုသည့် ဂုဏ်ပုဒ်မရှိနေရင် ဧကရာဇ်နှင့် နန်းတော်ထဲ ဝင်တွေ့ခွင့်ရှိသည့် အကျင့်မကောင်းသည့်အဖေနှင့်ဆို သူ့ကာကွယ်မှုကို မပေးဘဲ ဧကရာဇ်ကို သတင်းပို့မှာဖြစ်သည်။ အဲ့ကျရင် သူမက ဖန်နှင့် ဘိလပ်မြေလုပ်သည့် ဖော်မြူလာကို ထုတ်ပြီးသည်နှင့် အချက်အလက်မပေါက်ကြားအောင် သူမကို အကျဉ်းချရင်ချ မချရင် ကွပ်မျက်မှာဖြစ်သည်။ သူ့ကာကွယ်မှုကြောင့်သာမဟုတ်ရင် သူမက မျက်နှာသာပေးခံရပြီး လေနှင့်မိုးကို ဘယ်လိုလုပ် ဆင့်ခေါ်နိုင်မည်လဲ ကောင်းကင်ဘုံထိ သူမနာမည်ကို ဘယ်လိုလုပ်မြှင့်တင်နိုင်မည်လဲ?

ပြောရရင် လွမ်စန်းညန်က တအားကို တုံးအတာဖြစ်သည်။ သူမအတွေးတွေက အရမ်းကို ရိုးရှင်းပြီး သူမသာလျှင် အရေးကြီးဆုံးလို့ အလွန်အကျွံတွေးနေတာဖြစ်သည်။ ဒါက တော်ဝင်မျိုးနွယ်အင်အားတောင့်တင်းသည့် သက်ဦးဆံပိုင်ခေတ်ဖြစ်ပြီး သူမက ဇာတ်လိုက်မအတွက် အနင်းခံကျောက်တုံးသက်သက်ဆိုတာ သူမ နားမလည်ပေ။

ကျန်းရှီက ဒေါသကြောင့် သွေးအန်လုမတတ်ဖြစ်သွားသည်။ သူမသမီးရဲ့ခေါင်းထဲမှာ ဘာတွေရောက်နေလို့ ဒီလိုလွန်ကျွံတဲ့စကားတွေကို ဘယ်လိုလုပ်ပြောထွက်နိုင်တာလဲ?

လွမ်ယွီဝမ်ရဲ့ အမူအရာလည်း အရမ်းကို ရုပ်ဆိုးသွားသည်။ သူ့ညီမလေးက သူ့ကိုလည်း ငပျင်းလို့ ပြောလိုက်တာလား? သူ့ညီမလေးရဲ့ နှလုံးသားထဲမှာ မျိုးနွယ်စု၏ ကြီးပွားတိုးတက်မှုက မိသားစုရဲ့ အမျိုးသားတွေမှာသာ တာဝန်ရှိပြီး အမျိုးသမီးတွေကတော့ ဘာမှမလုပ်ဘဲ မိသားစုရဲ့တောက်ပမှုကို ခံစားဖို့ပဲ တာဝန်ရှိတယ်ဆိုတဲ့သဘောလား? သူမအတွက်တော့ မျိုးနွယ်စုရဲ့ ကြီးပွားတိုးတက်မှုက သွေးစုပ်တယ်လို့ ထင်တာလား?

သူက ခေါင်းမော့ပြီး သူ့အဖေကို ကြည့်လိုက်တော့ သူ့အဖေရဲ့ မျက်နှာအမူအရာက မုန်တိုင်းလာတော့မည့်အလား ဖြစ်နေသည်။

2023 July 19

ZAWGYI

လြမ္စန္းညန္၏ ေပါက္ကြဲလာသည့္ စကားသံက အမတ္ခ်န္းယီအေပၚ ေအးစက္သည့္ေရေတြပါသည့္ ဇလားႏွင့္ တိုက္႐ိုက္ေလာင္းခ်လိုက္သလိုပင္။ သူမစကားေတြထဲမွာ သိုဝွက္ထားသည့္ အဓိပၸါယ္က အမတ္ခ်န္းယီက အက်ိဳးအျမတ္တစ္ခုအတြက္သာ ေတြးသည္ဆိုၿပီး ေဝဖန္တာျဖစ္သည္။

ကနဦးတုန္းကေတာ့ က်န္း႐ွီက လုံးဝကို မခံမရပ္ႏိုင္ျဖစ္ေနေပမယ့္ သူမသမီး ျပႆနာထ႐ွာၿပီးေနာက္မွာ သူမခင္ပြန္းက သူမသမီးကို မႏွစ္ၿမိဳ႕ၿပီး ပယ္ခ်မွာကို ပိုစိုးရိမ္လာသည္။

ေဘးအခန္း႐ွိ အေစခံမ်ားက ထြက္ခြါသြားတာကိုပဲ သူမ တိတ္တိတ္ေလး ေက်းဇူးတင္ရမည္။ မဟုတ္ရင္ သူမသမီးရဲ႕ ဒီလိုအျပဳအမူမ်ိဳးကို ျမင္သြားမွာျဖစ္သည္။

သူမသမီးႏွင့္ ယွဥ္လွ်င္ သူမက သူမခင္ပြန္းသည္၏ ပန္းတိုင္၊ ဆႏၵႏွင့္ စိတ္ကူးေတြကို ပိုနားလည္သည္။

စစ္ညန္ကို ေသလုနီးပါး လုပ္မိသည့္အတြက္ ေလာင္ထိုက္ထိုက္က သူမကို ျပင္းထန္စြာ ဆုံးမခံရၿပီးေနာက္ သူမခင္ပြန္းသည္ရဲ႕ လက္႐ွိမင္းမႈထမ္းေနရာက ဩဇာအာဏာ႐ွိသည့္အုပ္စုထဲမွာ လုံးပန္းေနရေၾကာင္း သူမ သိရသည္။ သူမခင္ပြန္းသည္မွာ ေနာက္ခံမ႐ွိရင္ သူတို႔က အမွားေတြ ေထာက္ျပလာႏိုင္သည္။ သူက အလုပ္ေရးရာ ဝန္ႀကီးဌာန၏ လက္ေထာက္ဝန္ႀကီးေနရာရဲ႕ အစားထိုးသာ ျဖစ္သည္။ အခ်ိန္မေ႐ြး သူ႕ရဲ႕ မူလ မင္းမႈထမ္းေနရာကို ျပန္ေရာက္သြားႏိုင္သည္။

သူမခင္ပြန္းရဲ႕ ေကာင္းမြန္သည့္ ေနရာကို သူမ ဖ်က္ဆီးလုနီးပါးျဖစ္သြားေၾကာင္း က်န္း႐ွီေတြးမိခ်ိန္မွာ ေခြၽးေအးေတြ ခ်က္ခ်င္းထြက္လာသည္။ သူမသားႏွင့္ သမီးကိုေတာင္ ဒီအေၾကာင္းမေျပာျပခဲ့ေပ။

ယခုလက္႐ွိအခ်ိန္မွာေတာ့ အမတ္ခ်န္းယီ၏ မ်က္ႏွာက ဒယ္အိုးဖင္လို ခ်က္ခ်င္း မည္းတက္လာသည္။ သူက ဘက္လိုက္တာေတာ့ အမွန္ပင္။ သူ႕သားေတြအေပၚမွာ သူ႕ဘက္လိုက္မႈက သူ႕သားေတြက မ်ိဳးႏြယ္စုတိုးတက္လာဖို႔ အတြက္ျဖစ္သည္။ အထူးသျဖင့္ သူ႕တရားဝင္သား အေမြဆက္ခံသူျဖစ္သည္။ သူက စန္းညန္အေပၚ ဘက္လိုက္တာက စန္းညန္က ဉာဏ္ေကာင္းၿပီး တရားဝင္သမီးျဖစ္လို႔ျဖစ္သည္။ သူမအတြက္ ထိမ္းျမားမႈကို ဒီလို သတ္မွတ္ေပးခဲ့လို႔ ေနာက္ကြယ္မွာ သူမအေမက သူမကို ပိုအလိုလိုက္တာကို ခြင့္ျပဳခဲ့တာျဖစ္သည္။ အခု စစ္ညန္ကို ဘက္လိုက္တာက စစ္ညန္က ဝမ္ကုန္းဇီ၏ အၾကည့္ထဲ ဝင္ေရာက္သြားလို႔ျဖစ္သည္။ ဆိုလိုတာက သူမက တကယ့္ကို အမတ္စံအိမ္အတြက္ အက်ိဳးအျမတ္ေတြ ပိုသယ္ေဆာင္ေပးလာႏိုင္လို႔ျဖစ္သည္။

အမတ္ခ်န္းယီကေတာ့ သူ႕အေနႏွင့္ ဘယ္လိုမွ မွားတယ္လို႔ မခံစားရေပ။ စန္းညန္က အမတ္စံအိမ္၏ တရားဝင္သမီးျဖစ္လို႔ ငယ္စဥ္ကတည္းက အေကာင္းဆုံးဆိုေသာအရာေတြကို ခံစားခဲ့ရသည္။ သူမအစားအေသာက္၊ အဝတ္အစားႏွင့္ အသုံးစရိတ္ေတြ သဘာဝက်စြာႏွင့္ ေကာင္းမြန္ၿပီး သူမကို သင္ၾကားေပးဖို႔ အေကာင္းဆုံးေသာဆိုတဲ့ ဆရာေတြကိုေတာင္ သူ ဖိတ္ၾကားေပးခဲ့သည္။ ျခဳံေျပာရရင္ သူ႕သမီးကို ပ်ိဳးေထာင္ဖို႔ ခက္ခဲစြာ ရထားသည့္ ေငြေၾကးေတြကို အမ်ားႀကီး သုံးခဲ့တာျဖစ္သည္။

တစ္ဖက္မွာေတာ့ စစ္ညန္က ကိုယ္လုပ္ေတာ္ဖြားသမီးေတြအတြက္သာ ႐ွိသည့္ ခံစားမႈမ်ိဳးကို ခံစားခဲ့ရသည္။ တညန္ႏွင့္ အာ့ညန္လည္း အတူတူဆိုေပမယ့္ သူတို႔ရဲ႕ တရားဝင္မိခင္ေတြက ႐ွိေနလို႔ သူတို႔ေန႔ရက္ေတြက စစ္ညန္ထက္ အနည္းငယ္ ပိုေကာင္းေလသည္။

大娘 (pinyin: da niang) – ပထမဆုံးေသာ သမီး

二娘 (pinyin: er niang) – ဒုတိယသမီး

အခု သူက စစ္ညန္ကို ပိုအေလးေပးလာေတာ့ စန္းညန္က မားမားတစ္ေယာက္ပဲရတာေၾကာင့္ သူ႕ကို ဘက္လိုက္တယ္ဆိုၿပီး ေဝဖန္မႈကို ခံရသည္။ သူ႕အေပၚ ေရေအးႏွင့္ ပက္ျဖန္းလိုက္သလိုပင္။ ထို႔ေၾကာင့္ အမတ္ခ်န္းယီက မ်က္ေမွာင္ပိုက်ံဳ႕လာၿပီး သုန္မႈန္သည့္ အမူအရာႏွင့္ ေမးလာသည္။ "စန္းညန္ သမီးက အေဖ့ကို ဘက္လိုက္တယ္လို႔ေျပာေပမယ့္ သမီးကိုယ့္ကိုကိုယ္ျပန္ဆန္းစစ္ၾကည့္လိုက္ဦး အေဖက သမီးကို ေကာင္းေကာင္းမဆက္ဆံခဲ့ဖူးလို႔လား?"

အမတ္ခ်န္းယီရဲ႕ အသံထဲမွာ စိတ္ပ်က္မႈေတြ႐ွိေနသည္။ သူ႕အေမ၊ က်န္း႐ွီႏွင့္ ဆရာေတြ ခ်ီးက်ဴးတာခံရတဲ့ ဒီသမီးေရာ ဟုတ္ရဲ႕လား?

႐ုတ္တရက္ဆိုသလို အမတ္ခ်န္းယီက စြမ္းရည္ႏွင့္ အရည္အခ်င္းေတြကို မျပတာေၾကာင့္ သာမန္ေညာင္ညလို႔ သတ္မွတ္ထားသည့္ သမီးကို သတိရသြားသည္။ သူ႕အျမင္ကို သူ သံသယဝင္လာမိသည္။

သူ႕အေဖျဖစ္သူ၏ ခံစားခ်က္ေျပာင္းလဲသြားတာကို သတိထားမိလို႔ လြမ္ယြီဝမ္ရဲ႕ ႏွလုံးသားက တဆတ္ဆတ္တုန္သြားရင္း အလ်င္အျမန္ေျပာလာသည္။ "အေဖ ညီမေလးက အၿမဲ ဂုဏ္ယူတတ္တဲ့သူေလ အေျခအေနကို ခဏေလာက္ လက္မခံႏိုင္ျဖစ္ေနတာပါ။ ေက်းဇူးျပဳၿပီး စိတ္မဆိုးပါနဲ႔။ ညီမေလးက ဒါကို ေသခ်ာေတြးၿပီးရင္ အဆင္ေျပသြားမွာပါ"

"ေပၚယဲ့ တလန္ေျပာတာ မွန္တယ္။ စိတ္မဆိုးနဲ႔။ စန္းညန္ကို အရမ္းအလိုလိုက္မိတဲ့ ကြၽန္မ အမွားပါ။ နည္းနည္းေလး နစ္နာတာကိုေတာင္ သညးမခံႏိုင္တဲ့ အက်င့္ျဖစ္ေအာင္ အလိုလိုက္မိတဲ့ ကြၽန္မအမွားပါ" က်န္း႐ွီလည္း ကမန္းကတန္းဝင္ေျပာလာသည္။ သူမသမီးကို သူမခင္ပြန္းက စိတ္ပ်က္သြားၿပီး စစ္ညန္ဘက္ကို ယိမ္းသြားမွာကို သူမ မလိုခ်င္ေပ။

သူမသမီးက မသိေပမယ့္ က်န္း႐ွီကေတာ့ ေလာင္ထိုက္ထိုက္က တကယ္ေတာ့ ေျမးေယာက်ာ္းေလးေတြကို ပိုတန္ဖိုးထားတာကို ႐ွင္း႐ွင္းလင္းလင္းသိသည္။ သူမသမီးကို အလိုလိုက္ရတဲ့အေၾကာင္းရင္းက စံအိမ္၏ သမီးေလးေယာက္မွာ သူမသမီးက ဉာဏ္အေကာင္းဆုံးမို႔လို႔ျဖစ္ကာ သူမခင္ပြန္းလည္း တန္ဖိုးထားတာျဖစ္သည္။

ေလာင္ထိုက္ထိုက္ရဲ႕ ကိုယ္ပိုင္ဆိုင္ေတြမွာ ပစၥည္းေကာင္းေတြ ေတာ္ေတာ္ေလး႐ွိ၏။ သူမသမီးလက္ထပ္သည့္အခါက်ရင္ တစ္ပုံရမွာျဖစ္သည္။ အခု သူမက ေလာင္ထိုက္ထိုက္၏ ခ်စ္ျမတ္ႏိုးျခင္းကို ဆုံး႐ႈံးသြားလိုက္ရရင္ အျမတ္ထက္ အ႐ႈံးက ပိုမ်ားေနမွာျဖစ္သည္။ သူမသမီးက ပုံမွန္ဆို လိမၼာပါးနပ္သည္။ ၿပီးခဲ့တဲ့ရက္အတြင္းမွာ ဘာလို႔မ်ား ေျပာင္းလဲသြားပါလိမ့္?

က်န္း႐ွီရဲ႕ ေဒါသက လိႈက္တက္လာၿပီး ပိုၿပီးတည္ၿငိမ္သည့္ စစ္ညန္ကို မေက်မနပ္ျဖစ္လာသည္။

သို႔တိုင္ေအာင္ လြမ္စန္းညန္က သူမအေမႏွင့္ အစ္ကိုႀကီးတို႔ရဲ႕ အားထုတ္မႈကို နည္းနည္းေလးေတာင္ ေက်းဇူးမတင္ နားမလည္ေပ။ ဝမ္ကုန္းဇီဆီက ပိုအက်ိဳးအျမတ္ကို လိုခ်င္လို႔ သူမအစ္ကိုႀကီးႏွင့္ အေဖက အတူတူပဲလို႔ ခံစားရၿပီး သူမအေမရဲ႕မ်က္လုံးထဲမွာေတာ့ သူမအစ္ကိုႀကီးတစ္ေယာက္သာ႐ွိသည္လို႔ ေတြး၏။ သူမက ေအးစက္စြာ ရယ္လိုက္သည္။ "သမီးက အမတ္စံအိမ္ရဲ႕ ဂုဏ္႐ွိတဲ့တရားဝင္သမီးတစ္ေယာက္ အဲဒါေတာင္ အေဖနဲ႔ အမတ္ႀကီးေဟြယန္တို႔ရဲ႕ ေလာင္းကစားေၾကာင့္ စုတ္ျပတ္ေနတဲ့ လက္ထပ္္မႈကို ရလာတယ္။ သမီးဘဝရဲ႕ က်န္တစ္ဝက္ရဲ႕ ေပ်ာ္႐ႊင္မႈက ပ်က္ဆီးသြားၿပီ။ အေဖက သမီးကို ပိုၿပီးေကာင္းေကာင္းဆက္ဆံသင့္တယ္မလား?"

ဘယ္လိုပဲျဖစ္ျဖစ္ သူမရဲ႕ အမတ္ဖခင္က ခ်ီယြဲ႕အမ္၏ အနာဂတ္က အကန္႔အသတ္မဲ့ေနတယ္ဆိုတဲ့အခ်က္ကို သိမွ မသိတာ။ အဲ့ေတာ့ လြမ္စန္းညန္က စိတ္ေအးစြာႏွင့္ သူမအမတ္ဖခင္အေပၚ ေဒါသတႀကီးေမးခြန္းထုတ္တာျဖစ္သည္။

လြမ္စန္းညန္က အရာတိုင္းကို ကိစၥတစ္ခုလို လုပ္ေနလို႔ က်န္း႐ွီႏွင့္ လြမ္ယြီဝမ္ကို ထိတ္လန္႔သြားေစသည္။

က်န္း႐ွီက ေမ့လဲက်လုမတတ္ပင္။

"စန္းညန္ မင္း.... မင္းဘယ္လိုလုပ္ ဒီလိုေျပာႏိုင္တာလဲ?" အမတ္ခ်န္းယီက အစပိုင္းတုန္းက စိတ္ပ်က္႐ုံေလးတင္။ ဒါေပမယ့္ အခုေတာ့ တကယ္ေဒါသထြက္ေနၿပီျဖစ္သည္။

"လြမ္နင္း မင္းအေဖအေနဲ႔ မင္းအတြက္ ငါသတ္မွတ္ေပးတဲ့ လက္ထပ္ပြဲကို မင္း မေက်မနပ္ျဖစ္ေနတုန္းလို႔ ငါမထင္ခဲ့ဘူး။ ၿပီးခဲ့တဲ့ရက္ပိုင္းက မင္းပဲ ေစ့စပ္ပြဲဖ်က္သိမ္းခ်င္တယ္ေျပာလို႔ ငါ့မ်က္ႏွာအပ်က္ခံၿပီး အမတ္ႀကီးေဟြးယန္ဆီသြားၿပီးေတာ့ ဒီကိစၥညႇိႏိႈင္းခဲ့တယ္။ ဒီလက္ထပ္ပြဲေနရာမွာ မင္းအစား စစ္ညန္ကို ထည့္ဖို႔ အမတ္ႀကီးေဟြးယန္ရဲ႕ သေဘာတူမႈရဖို႔ ငါခက္ခက္ခဲခဲႀကိဳးစားခဲ့ရတယ္။ တစ္ဖက္က်ေတာ့ မင္းက မင္းစိတ္ေျပာင္းသြားျပန္တယ္. ဒီကိစၥေၾကာင့္ အမတ္ႀကီးေဟြးယန္က အရမ္းကို စိတ္ဆိုးလို႔ ငါ့မွာ ေတာင္းပန္တဲ့အေနနဲ႔ လက္ေဆာင္ေတြ အမ်ားႀကီး ေပးၿပီးေတာ့ ဒီကိစၥကို ေက်ေအးေစခဲ့တယ္"

အမတ္ခ်န္းယီက ေပးလိုက္ရသည့္ တန္ဖိုး႐ွိတဲ့ လက္ေရးလွ ပန္းခ်ီကားခ်ပ္ေတြႏွင့္ ေ႐ွးေဟာင္းပစၥည္းေတြကို ေတြးမိခ်ိန္တိုင္း သူ႕အသားထဲကပါနာသည္။

သို႔တိုင္ေအာင္ သူ႕တရားဝင္သမီးျဖစ္သူက ထိုကဲ့သို႔ေတြးေနခဲ့သည္။ အမတ္ခ်န္းယီခံစားရသည့္ ခါးသက္တဲ့ စိတ္ပ်က္မႈက အဆုံးမ႐ွိေပ။

အမတ္ခ်န္းယီစကားက သတင္းအခ်က္အလက္ေတြ အမ်ားႀကီးေဖာ္ျပလာလို႔ က်န္း႐ွီႏွင့္ လြမ္ယြီဝမ္တို႔ႏွစ္ေယာက္လုံး လုံးဝ မယုံႏိုင္ျဖစ္သြားသည္။

လြမ္စန္းညန္က ထိုစကားၾကားေတာ့ အျပစ္႐ွိသည့္စိတ္ျဖစ္လာသည္။ ေစ့စပ္ပြဲျဖတ္ဖို႔ ေသာင္းက်န္းတဲ့သူက ကူးေျပာင္းလာကာစ သူမဆိုတာ ဘယ္သူမွ မသိလို႔ ကံေကာင္းတယ္လို႔တိတ္တိတ္ေလး ေတြးလိုက္မိသည္။ ကူးေျပာင္းလာကာစ သူမက ေသာင္းက်န္းသင့္တယ္လို႔ သူမကိုယ္သူမယုံၾကည္ထားတာျဖစ္သည္။ သူမက အခ်ိန္ကိုက္ ျပန္မေမြးဖြားလာရင္ လက္ထပ္ထိမ္းျမားမည့္ ကတိကဝတ္က သူမရဲ႕ စတုတၳညီမေလးဆီ ေရာက္သြားမွာျဖစ္သည္။

သူမရဲ႕ အျပစ္႐ွိစိတ္ေက်ာ္လြန္သြားၿပီးေနာက္ သူမရဲ႕ အက်င့္မေကာင္းသည့္အေဖ၏ မူလအစီအစဥ◌္ကို လြမ္စန္းညန္က အမွတ္ရသြားၿပီး ပိုၿပီးရဲတင္း ယုံၾကည္မႈ႐ွိလာကာ တရားမွ်တမႈက သူမဘက္မွာ ႐ွိေနတယ္လို႔ ခံစားသြားရသည္။ သူမရဲ႕အက်င့္မေကာင္းသည့္အေဖရဲ႕ စကားကို ေကာင္းမြန္စြာ ေျပာရရင္ ခ်ီယြဲ႕အမ္က မိသားစုအတြက္ အက်ိဳးအျမတ္ေတြ မသယ္လာႏိုင္ဘဲ အရမ္းကို အသုံးအျဖဳန္းႀကီးတယ္လို႔ပဲ ခံစားရကာ သူ႕တရားဝင္သမီးႏွင့္ မထိုက္တန္လို႔ ခံစားရ႐ုံသာျဖစ္သည္။ ေကာင္းမြန္တဲ့ လက္ထပ္ထိမ္းျမားမႈအတြက္ သူမကို သူအသုံးခ်ခ်င္တာျဖစ္၏။

ကိစၥရဲ႕အရင္းျမစ္ကို ၾကည့္မယ္ဆိုရင္ အရာတိုင္းက သူ႕ကိုယ္ပိုင္အက်ိဳးအျမတ္အတြက္သာျဖစ္ေနၿပီး တကယ့္ကို ေၾကာင္သူေတာ္ပဲ။

ထိုအေၾကာင္းကိုေတြးမိေတာ့ လြမ္စန္းညန္၏ ေဒါသက ပိုျမင့္တက္လာၿပီး သူမစကားကိုေတာင္ လက္လြတ္စပယ္ေျပာလာ၏။

"ရပါတယ္ အေဖက အရမ္းကို နားေထာင္ေကာင္းေအာင္လုပ္ေပမယ့္ ဒီလက္ထပ္တာကို ဖ်က္သိမ္းရင္ သမီးအတြက္ အမတ္စံအိမ္အတြက္ ပိုၿပီးအက်ိဳးအျမတ္ရေစမယ့္ လက္ထပ္ပြဲကို အေဖ မ႐ွာႏိုင္ဘူးလား?"

"သမီးက အေဖ့သမီး ေသြးစုပ္ဖို႔သုံးတဲ့ ပစၥည္းမဟုတ္ဘူး။ ဒီမိသားစုထဲက ေယာက်ာ္းေတြအကုန္လုံးက အပ်င္းေတြလား။ မ်ိဳးႏြယ္စုရဲ႕ ဩဇာအာဏာ ႀကီးမားဖို႔ သမီးေတြရဲ႕ လက္ထပ္ပြဲေတြကို မွီခိုရေအာင္ေလာက္ေလ။ အေဖ့လုပ္ရပ္ေတြက အေဖ့ကို လူေတြကပဲ ပိုအထင္ေသးေစမွာ"

လြမ္စန္းညန္က စကားေျပာလိုက္တိုင္း ပိုပိုၿပီး ခံစားခ်က္ပါလာကာ သူမအမူအရာကလည္း ပိုပိုၿပီး စိတ္လႈပ္႐ွားလာသည။

သူမအရင္ဘဝတုန္းကလိုပဲ။ အစပိုင္းမွာ အမတ္စံအိမ္၏ ဩဇာအာဏာ သန္မာလာေစဖို႔ သူမကို ေျမႇာက္စားၾကသည္။ သူမကြယ္လြန္ၿပီး ဧကရာဇ္အသစ္ နန္းတက္လာခ်ိန္မွာ သူတို႔က စစ္ေမ့ကို မွီခိုၾကသည္။

ဒီအမတ္စံအိမ္ရဲ႕ ေယာက်ာ္းေတြကေတာ့... ဟီးဟီး

သူမအတိတ္ဘဝမွာပဲ ျဖစ္ျဖစ္ ဒီဘဝမွာပဲျဖစ္ျဖစ္ လြမ္စန္းညန္က ေအာင့္သက္သက္ျဖစ္မႈကို ခံစားရသည္။ သူမရဲ႕ အသုံးအျဖဳန္းႀကီးသည့္ ခင္ပြန္းေလာင္းကို စြန္႔ပစ္တာေၾကာင့္ သူမအမတ္အေဖက သူမက အသုံးမဝင္ဘူးလို႔ ခံစားရလို႔ သူမရဲ႕ စတုတၳညီမေလးကို ဘက္လိုက္သည့္အတြက္ သူမက ဖန္ျပဳလုပ္သည့္ ေဖာ္ျမဴလာကို စိတ္မ႐ွည္စြာ ထုတ္ျပလာသည့္ အရင္ဘဝႏွင့္မတူေပ။

သူမမွာ ေ႐ႊလက္ေခ်ာင္းေရာ ေ႐ွ႕ျဖစ္မွေတြေရာ သိလို႔ ဒီအရည္အခ်င္းေတြကို သူမ မေဖာ္ထုတ္သေ႐ြ႕ သူမက ဧကရာဇ္အိုရဲ႕ အာ႐ုံကို ဆြဲေဆာင္မိမွာမဟုတ္ဘဲ သူမက အမတ္စံအိမ္အေပၚ မွီခိုစရာမလိုဘဲ ေကာင္းမြန္စြာ ေနႏိုင္မွာျဖစ္သည္။ သို႔ေပမယ့္ အမတ္စံအိမ္မွာ သူမ မ႐ွိရင္... ဟီးဟီး

ထို႔ေၾကာင့္ လြန္စန္းညန္က ယုံၾကည္မႈအျပည့္ႏွင့္ သူမရဲ႕ အမတ္အေဖကို မေၾကာက္တာျဖစ္သည္။

သူမ သတိမျပဳမိတာက အတိတ္ဘဝတုန္းက သူမသာ အမတ္စံအိမ္ရဲ႕ မ်ိဳး႐ိုးျမင့္သမီးဆိုသည့္ ဂုဏ္ပုဒ္မ႐ွိေနရင္ ဧကရာဇ္ႏွင့္ နန္းေတာ္ထဲ ဝင္ေတြ႕ခြင့္႐ွိသည့္ အက်င့္မေကာင္းသည့္အေဖႏွင့္ဆို သူ႕ကာကြယ္မႈကို မေပးဘဲ ဧကရာဇ္ကို သတင္းပို႔မွာျဖစ္သည္။ အဲ့က်ရင္ သူမက ဖန္ႏွင့္ ဘိလပ္ေျမလုပ္သည့္ ေဖာ္ျမဴလာကို ထုတ္ၿပီးသည္ႏွင့္ အခ်က္အလက္မေပါက္ၾကားေအာင္ သူမကို အက်ဥ္းခ်ရင္ခ် မခ်ရင္ ကြပ္မ်က္မွာျဖစ္သည္။ သူ႕ကာကြယ္မႈေၾကာင့္သာမဟုတ္ရင္ သူမက မ်က္ႏွာသာေပးခံရၿပီး ေလႏွင့္မိုးကို ဘယ္လိုလုပ္ ဆင့္ေခၚႏိုင္မည္လဲ ေကာင္းကင္ဘုံထိ သူမနာမည္ကို ဘယ္လိုလုပ္ျမႇင့္တင္ႏိုင္မည္လဲ?

ေျပာရရင္ လြမ္စန္းညန္က တအားကို တုံးအတာျဖစ္သည္။ သူမအေတြးေတြက အရမ္းကို ႐ိုး႐ွင္းၿပီး သူမသာလွ်င္ အေရးႀကီးဆုံးလို႔ အလြန္အကြၽံေတြးေနတာျဖစ္သည္။ ဒါက ေတာ္ဝင္မ်ိဳးႏြယ္အင္အားေတာင့္တင္းသည့္ သက္ဦးဆံပိုင္ေခတ္ျဖစ္ၿပီး သူမက ဇာတ္လိုက္မအတြက္ အနင္းခံေက်ာက္တုံးသက္သက္ဆိုတာ သူမ နားမလည္ေပ။

က်န္း႐ွီက ေဒါသေၾကာင့္ ေသြးအန္လုမတတ္ျဖစ္သြားသည္။ သူမသမီးရဲ႕ေခါင္းထဲမွာ ဘာေတြေရာက္ေနလို႔ ဒီလိုလြန္ကြၽံတဲ့စကားေတြကို ဘယ္လိုလုပ္ေျပာထြက္ႏိုင္တာလဲ?

လြမ္ယြီဝမ္ရဲ႕ အမူအရာလည္း အရမ္းကို ႐ုပ္ဆိုးသြားသည္။ သူ႕ညီမေလးက သူ႕ကိုလည္း ငပ်င္းလို႔ ေျပာလိုက္တာလား? သူ႕ညီမေလးရဲ႕ ႏွလုံးသားထဲမွာ မ်ိဳးႏြယ္စု၏ ႀကီးပြားတိုးတက္မႈက မိသားစုရဲ႕ အမ်ိဳးသားေတြမွာသာ တာဝန္႐ွိၿပီး အမ်ိဳးသမီးေတြကေတာ့ ဘာမွမလုပ္ဘဲ မိသားစုရဲ႕ေတာက္ပမႈကို ခံစားဖို႔ပဲ တာဝန္႐ွိတယ္ဆိုတဲ့သေဘာလား? သူမအတြက္ေတာ့ မ်ိဳးႏြယ္စုရဲ႕ ႀကီးပြားတိုးတက္မႈက ေသြးစုပ္တယ္လို႔ ထင္တာလား?

သူက ေခါင္းေမာ့ၿပီး သူ႕အေဖကို ၾကည့္လိုက္ေတာ့ သူ႕အေဖရဲ႕ မ်က္ႏွာအမူအရာက မုန္တိုင္းလာေတာ့မည့္အလား ျဖစ္ေနသည္။

Lanjutkan Membaca

Kamu Akan Menyukai Ini

1.5M 136K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
590K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
264K 25.8K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
4.7M 294K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...