TOXIC

By KommyRam

3K 421 109

" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊... More

EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15

EPISODE 8

191 26 4
By KommyRam

အပြင်မှာမိုးတွေရွာနေပြီ ကိုကိုကခုထိအိမ်ကို ပြန်မလာသေး၊ Jay ကိုကို့ကိုမျှော်နေမိသည် ကိုကို့ကို တွေ့ချင်နေပေမယ့် ကိုကိုနဲ့တွေ့ရင် သူဘယ်လိုနေရမလဲဆိုတာ မသိ၊ ကိုကို့ကို သူဘယ်လိုမျိုးဆက်ဆံရမလဲ ဆိုတာကို သူတစ်ယောက်တည်း မျိုးစုံတွေးနေမိသည်၊

အဲ့ဒီကိစ္စဖြစ်ပြီးကတည်းက သူခုထိ ကိုကိုနဲ့မ‌တွေ့ရသေး၊ ကိုကို ခရီးသွားတဲ့ရက်‌တွေမှာ သူအမျိုးမျိုး စဉ်းစားခဲ့ပြီးပြီ၊ သူအဖြေကို ကောင်းကောင်းသိသွားပြီ၊ ကိုကိုနဲ့သူရဲ့ဆက်ဆံရေးက ဘယ်လိုဖြစ်သွားမလဲ၊

Jayတစ်ယောက်တည်းမျိုးစုံတွေးရင်းရင်ခုန်နေမိ သည်၊ ကိုကိုဒီနေ့ခရီးကပြန်လာမည်၊ တဖြေးဖြေး ကုန်လာတဲ့အချိန်တွေလိုသူ့ရဲ့ရင်ခုန်သံတွေကလည်း တဖြေး‌ဖြေးပိုလို့ မြန်လာပါသည်၊

အိမ်ရှေ့မှာထိုးရပ်သွားသော ကားတစ်စီးကိုတွေ့လိုက်ရသည်၊ ဒီအချိန်အိမ်ကိုလာသည်ဆိုတာ ကိုကိုတစ်ယောက်ပဲရှိတာမို့ Jayအပျော်လွန်သွားရသည်၊ သူ့ရဲ့ကိုကိုပြန်လာပြီ ကိုကို့ကိုသွားကြိုရမည်၊

Jayအမြန်ပဲအိမ်အောက်ကိုပြေးဆင်းလိုက်သည်၊ ‌ထီးယူကာ ကိုကို့ဆီသူမြန်မြန်သွားရပါမည်၊တွေ့ပါပြီ ကားထဲကထွက်လာသောသူ့ကိုကို၊ ကိုကို့ကိုလိုက်ပို့သောတစ်ယောက်လည်းကားပေါ်က ဆင်းလာတယ်၊ ထို့နောက်သူတို့စကားပြောနေရတာကို Jay မြင်နေရပါသည်၊

တ‌ဖြေးဖြေးနဲ့ Jayခြေလှမ်းတွေကခပ်သွက်သွက် ဖြစ်လာပါသည်၊ ဒီနေ့မှအိမ်ကနေ ခြံတံခါးဆီက အနည်းငယ် ပိုဝေးနေသယောင် လမ်းလျှောက်ရတာ ပိုပြီး ကြာနေသယောင်ရှိပါသည်၊

" ကိုကို "

ဒီလူကိုအပြေးလေး လာကြိုကာမှ မြင်လိုက်ရသည့် မြင်ကွင်းက Jay ရဲ့ရင်ခွင်ကို ဓားနဲ့ခွဲခံလိုက်ရသလို၊ ကိုကိုက သူ့ရဲ့ကိုကိုကလေ အဲ့ဒီလူနဲ့ နမ်းနေတယ်၊ အဲ့ဒီလူရဲ့လက်တွေက ကိုကို့ရဲ့ခါးပေါ်မှာ၊

မနာလိုလိုက်တာ ကျွန်တော့်အတွက်မဟုတ်တဲ့ ကိုကို့ကို တစ်ယောက်တည်း စိတ်ကူးနဲ့ရူးနေခဲ့တာပဲ၊ အသိတရားမရှိလိုက်ပုံများ တကယ်ရယ်ရတယ်၊ ကိုကိုကဘယ်တော့မှ ကျွန်တော့်ကိုလိုချင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်မေ့နေလိုက်ပုံများ၊

ကိုကို့ကို မိုးပေးဖို့ ကိုကိုမိုးရေစိုမှာဆိုးလို့၊ ကိုကိုနဲ့ အတူတူဆောင်းဖို့အတွက်ယူလာပေးတဲ့ ထီးလေးက မလိုအပ်တော့ဘူးမလား၊ ကိုကို့အတွက် အဲ့ဒီလူရဲ့ထီးရှိနေပြီမလား၊ ကျွန်တော်ယူလာပေးလဲ အပိုဖြစ်သွားပြီမလား၊Jayသူ့လက်ထဲကထီးလေးကို ဆက်ထိန်းမထားတော့ဘဲ မြေပြင်ပေါ်သို့လွှတ်ချလိုက်တော့သည်၊

မိုးတွေကသည်းသည်းမည်းမည်းရွာနေသလို အဲ့ဒီလူနဲ့ကိုကိုကလည်း၊ ကျွန်တော်ရင်တွေနာလိုက်တာ

" Jay "

Jongwoo မျက်လုံးများကိုဖွင့်လိုက်တဲ့ အချိန်မှာပဲ မိုးရေထဲမှာရပ်နေတဲ့ Jay ကိုတွေ့လိုက်ရတယ်၊
ဒီကလေးကတော့ အဲ့မှာဘာလုပ်နေရတာလဲ နေမကောင်းတာကို၊

" Hyung ကျွန်တော်သွားတော့မယ်ဂရုစိုက်ပြန်ဦး"

" အင်း မနက်ဖန်တွေ့မယ် ချစ်တယ်နော် "

" ထီးယူသွား Hyung "

" ဟင့်အင်း မင်းမိုး‌ရေတွေစိုကုန်မှာပေါ့ "

" အဆင်ပြေတယ် ကျွန်တော့်ညီလေးဆီမှာ ထီးပါတယ် Hyung သွားတော့နော် "

Hyung ကိုနှုတ်ဆက်ပြီးတာနဲ့ Jongwoo မြန်မြန်လေး Jay ဆီကိုပြေးလာလိုက်တယ်၊ ဒီ့ထက်ကြာရင် ဒီကောင်လေး ထပ်ဖျားနေဦးမှာဆိုးလို့၊

" မင်းရူးနေတာလား မိုးရွာနေတာရော သိလား "

မိုးရေထဲမှာ မလှုပ်မယှက်ရပ်နေသော Jay ကို သူအလိုမကျစွာ ဆူပူမိပါသည်၊

" မထိနဲ့ ကျွန်တော့်ကို "

" ဘာ "

Jongwoo ကိုပြောပြီးပြီးချင်း Jay ဟာအိမ်ထဲကို တန်းသွားတော့သည်၊ ကြည့်ထီးကမဆောင်းပြန်ဘူး၊ Jongwoo အောက်မှာကျနေတဲ့ ထီးကိုယူပြီး Jay နောက်ကို အမြန်လိုက်ရတော့သည်၊

" Jay နေဦး မိုးရေတွေစိုကုန်‌ပြီ ဒီကလေးကွာ "

အိမ်ထဲကိုရောက်တော့လည်း အပေါ်ထပ်ကိုအမြန်တက်သွားသောကောင်လေး၊ တကယ်ပဲ ဒီကောင်လေး ဘာဖြစ်နေတာလဲ၊

" သား ဘာဖြစ်တာလဲ "

Jongwoo အိမ်ပြန်လာတာနောက်ကျပြီမို့ မေမေလည်း အိပ်နေလောက်ပြီ၊ အိမ်ထဲကို ဒုန်းဆိုင်းဝင်လာပြီး အပေါ်ကိုထပ်သွားတဲ့ Jay ကြောင့် နှိုးသွားပုံရသည်၊

" Jay မိုးရွာထဲကို ထီးမဆောင်းဘဲ ဘာထွက်လုပ်တယ် မသိဘူး မေမေ၊ ခုတော့ စိုရွဲနေတာပဲ "

" နေလည်းကောင်းတာမဟုတ်ဘူးကို ဒီကောင်းလေးနဲ့ သားညီလေးကိုအင်္ကျီလဲပြီးနွေးနွေးထွေးထွေး နေဖို့ပြောလိုက်ပါဦး သားရယ် "

" ဟုတ် မေမေ "

Jongwoo မေမေ့ကိုပြန်ပြောပြီး အပေါ်ထပ်ကို တန်းတက်လာလိုက်သည်၊ ထင်တဲ့အတိုင်း Jay က အခန်းတံခါးကို လော့ချထားတယ်၊

" Jay တံခါးဖွင့်ပေး "

" Jay ငါပြောတာကြားလား တံခါးလာဖွင့်လို့ "

Jongwoo တစ်‌ယောက် ဘယ်လောက်ပဲ တံခါးကိုထုရိုက်ပြီး အော်ပြောနေပါစေ Jay ကတံခါးကိုဖွင့်ပေးခြင်းမရှိ၊

" ငါသော့ဖွင့်ပြီး ဝင်လာမှာနော် Jay "

Jongwoo ဘယ်လိုမှ ပြောမရတဲ့အဆုံးသော့ယူပြီး Jay အခန်းတံခါးကို ဖွင့်လိုက်ရတော့သည်၊ အခန်းထဲကိုရောက်တော့ Jay က အိပ်ယာမှာ ရှိမနေ၊ ဒီကောင်လေး ဘယ်မှာလဲ

" Jay "

" မင်း ဘယ်မှာလဲ Jay "

နောက်ဆုံးတော့ တွေ့လိုက်ရပြီ၊ ရေချိုးခန်းထဲမှာ ရှိနေတဲ့ Jay၊ ဒူးခေါင်းကိုပိုက်ပြီး ရေပန်းအောက်မှာထိုင်နေတဲ့ Jay ကိုမြင်လိုက်ရတော့ သူ့ရင်ထဲမှာ လုံးဝအဆင်မပြေ၊ ဘယ်လိုမျိုးဖော်ပြရမှန်း မသိပေမယ့်လို့ သူတကယ်အဆင်မပြေပါ

" Jay မင်းရူးနေတာလား "

Jongwoo ရဲ့စိတ်ပူတဲ့ခံစားချက်ကို ညွှန်းဖော်ပြတဲ့စကားလုံးများဟာ နူးညံ့ခြင်းမရှိပါ၊ သို့ပေမယ့်လို့ တကယ် စိတ်ရင်းနဲ့စိတ်ပူနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်တယ်၊

" ခုထ အဲ့မှာဘာထိုင်လုပ်နေတာလဲ "

ရေပန်းကို အရင်ပိတ်လိုက်ပြီး ထိုင်နေသော Jay ကို သူအတင်းဆွဲထူရတော့သည်၊

" မထိနဲ့ ကျွန်တော့်ကို "

" မင်းဘာဖြစ်နေတာလဲ Jay "

" ကျွန်တော့်လက်ကိုလွှတ် မကိုင်နဲ့ "

ဘာကြောင့်ဒီကောင်းလေးကသူ့ကိုခါးခါးသီးသီးနဲ့ ဆက်ဆံနေရတာလဲ၊ တစ်ခုခုကို စိတ်ဆိုးနေလို့လား၊ ပုံမှန်ဆို Jay က ဒီလိုမျိုးမှ မဟုတ်ဘဲ၊ သူ့ကို ဒီလိုမျိုး တစ်ခါမှ မဆက်ဆံခဲ့ဖူးပါ၊ ခုမှဘာလို့

" မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြော "

" Jay !! "

ရုတ်တရပ် လဲကျသွားသော Jay ကြောင့် သူရင်ထဲ ပူလောင်ရသွားရသည်၊ Jay သတိလစ်သွားပုံရပါသည်၊ နေမကောင်းတာကို မိုးရေထဲမှာရော အခုဒီမှာအထိပါ ရေနဲ့ထိတွေ့နေရကြောင့်ရော

" Jay Jay ငါခေါ်နေတာကြားလား "

သူ့အမေးတွေကို ပြန်ဖြေခြင်းမရှိတဲ့ တုံ့ပြန်ခြင်းမရှိတဲ့၊ နှုတ်ခမ်းတစ်ခုလုံးပြာနေပြီး ဖြူဖက်ဖြူရော်ဖြစ်နေတဲ့ Jay ကိုမြင်ရတာ သူ့ရင်ကိုမီးမြိုက်လိုက်သလိုပင်၊

သူ Jay ကိုပွေ့ချီလိုက်ပြီး အိပ်ယာပေါ်ကို မြန်မြန်ချလိုက်တယ်၊ အရင်ဆုံး စိုရွှဲနေတဲ့ အဝတ်အစားတွေကို လဲပစ်ရမယ်၊ နောက်ပြီး မေမေ့ကို သတိ ပေးရမယ် ဆရာဝန်ခေါ်ဖို့ရာ အတွက်၊

Jay ရဲ့အင်္ကျီကိုချွတ်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့အရာကြောင့် Jongwoo နေရာမှာတင် မလှုပ်မယှက် ရပ်တန့်သွားတော့သည်၊ သူချောက်အနက်ကြီးထဲကို ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရသည်၊

အနည်းငယ်အရောင်ဖျော့နေပြီဖြစ်တဲ့ အနီကွက်တစ်ချို့ရှိနေတယ်၊ ဒါတွေကဘယ်လိုလုပ်Jay ရဲ့ကိုယ်ပေါ်မှာ ရှိနေရတာလဲ၊ အဲ့ဒီနေ့ကအိပ်မက်မဟုတ်ခဲ့ဘဲ သူ Jay အပေါ်ကိုကျူးလွန်ခဲ့မိတာ၊

ဒီအချိန်မှာတော့ Jongwoo တကယ်အသက်မရှိတော့သလိုမျိုး၊ သူဘယ်လိုလုပ် ဒီကလေးလေးအပေါ် ဒီလိုမျိုးကျူးလွန်နိုင်ရတာလဲ၊ သူတကယ် သေသင့်တဲ့အပြစ်ကိုကျူးလွန်လိုက်မိပြီထင်ပါရဲ့

သို့ပေမယ့်လို့ သူစိတ်အာရုံကို ပြန်စုစည်းပြီး အခုအချိန်ကိုပဲ အာရုံစိုက်ရပါမည်၊ Jay ကို မြန်မြန်အဝတ်အစားလဲပေးလိုက်ပြီး မေမေ့ကို ဆရာဝန်ခေါ်ပေးဖို့ရာ ပြောလိုက်တော့သည်၊

ခဏအကြာဆရာဝန်ရောက်လာပြီး Jayရဲ့အခြေ အနေကို စစ်မေးပေးတော့ဘာမှစိုးရိမ်စရာမရှိဘူးဆိုမှ သူစိတ်အေးရတော့သည်၊လောလောဆယ် တော့ ခန္ဓာကိုယ်က အားနည်း‌နေ သေးတာမို့ ဆေးချိတ်ပေးသွားတယ်၊ မေမေ့ကိုတော့ နားခိုင်းလိုက်ပြီး Jay အနားမှာသူပဲစောင့်နေလိုက်တော့တယ်၊

Jay နှိုးလာရင်သူတောင်းပန်ရပါမည် သူတကယ်မှားခဲ့တာကို ဒီကလေးပေါ်မှာ သူဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်ရက်ရတာလဲ သူကိုယ်သူ ယူကျိုးမရဖြစ်နေမိတယ်၊

၅ နှစ်အရွယ်ကတည်းက သူ့မျက်စိရှေ့မှာပဲ တစ်ချိန်လုံးရှိလာတဲ့ကလေး၊ သူရှေ့မှာတင်အရွယ် ရောက်လာတဲ့ကလေးကို သူဖျက်ဆီးလိုက်မိပြီထင်ပါရဲ့။ ဆွေမျိုးမရှိတော့သူ့အတွက်၊ မိဘ၊ မောင်နှမသားချင်းအရင်းအချာမရှိတဲ့သူအတွက် Jay ကသူ့ရဲ့တစ်ဦးတည်းသောညီလေးမဟုတ်လား

" Jay နိုးပြီလား သက်သာရဲ့လား "

" ဖယ် ကျွန်တော့်အသားကို မထိနဲ့ "

Jay သူ့ကိုဘာလို့ခါးခါးသီးသီး ဆက်ဆံနေလဲဆိုတာ သူသိပါပြီ၊ အဲ့အတွက်လည်း သူတောင်းပန်မှာပါ Jay ခွင့်လွှတ်တဲ့အထိ သူတောင်းပန်မှာပါ၊

" ငါတောင်းပန်ပါတယ်၊ ငါမှားသွားတာပါ "

" မှားသွားတယ် ? "

ကိုကိုက အဲ့တာကို အမှားလို့သတ်မှတ်လိုက်တာလား၊ ကိုကို့အတွက်အမှားလား ကျွန်တော်ကဖြင့် ဘယ်လောက်တောင် ပျော်ခဲ့ရလဲ၊ ဘယ်လိုမျိုး ရှေ့ရေးကိုတွေးပြီး ကြည်နူးခဲ့ရတာလဲ ကိုကိုမို့ ကိုကိုမို့လို့ အမှားလို့ သတ်မှတ်ရက်တယ်ဗျာ၊

" ကိုကို့အတွက် အမှားလား "

" ငါပြောတာက "

" ထွက်သွားလိုက်တော့ ကျွန်တော့်အခန်းထဲကနေ အခုထွက်သွားလိုက်တော့ "

" Jay ငါတောင်းပန်ပါတယ် ဒီလိုမျိုး ဒူးထောက်ပြီး မင်းကိုတောင်းပန်ပါတယ်ကွာ "

ကိုကိုက သူ့ကိုဒူးထောက်ပြီးတောင်းပန်တယ်၊ မလိုပါဘူး ကိုကို အဲ့ထိလောက်လုပ်ဖို့ရာမလိုပါဘူး ကိုကို့တစ်ယောက်တည်းအတွက် အမှားမို့လို့ ကိုကိုအဆင်ပြေနေရင် ရပြီ၊ ကျွန်တော့်အတွက် ထည့်စဉ်းစားဖို့ မလိုဘူး

" ကျွန်တော့်အခန်းထဲက အခုထွက်သွားပေးလို့ရမလား ကျွန်တော်တောင်းပန်ပါတယ် ကိုကိုမမှားဘူး ကျွန်တော်ကပဲမှားခဲ့တာ၊ကျွန်တော်တစ်ယောက် တည်း အတွေးတွေလွန်ပြီး ကျွန်တော်ကပဲမှားတာမို့ မတောင်းပန်လဲဖြစ်တယ် "

" Jay "

" ကျွန်တော်တစ်ယောက်တည်း နေခွင့်ပေးပါ "

" အင်း မင်းသဘောပါပဲ ဒါပေမယ့် ငါမင်းကိုထပ်ပြီး တောင်းပန်ပါတယ် "

Jongwoo စကားထပ်ပြောက်လိုက်ပေမယ့်Jay က သူ့ကိုဘာမှမပြန်မပြောတော့ပါ၊ တစ်ဖက်သို့လှည့်သွားပါသည်၊ သူ့ကိုကျောပေးကာ အိပ်ယာပေါ်မှာအိပ်နေတော့သည်၊

" နွေးနွေးထွေးထွေးနေ "

ပြောပြီးတာနဲ့ သူJay အခန်းထဲကနေ ထွက်လာလိုက်တော့သည်၊ အချိန်လိုဦးမယ်ထင်တယ် Jay အတွက် တကယ်ကိုအချိန်လိုပါဦးမည်၊

ရင်နာလိုက်တာ ကိုကိုရယ်၊ ဘာလို့ ကျွန်တော့်ကို မချစ်နိုင်ရတာလဲ ဘာကြောင့်ကျွန်တော့်ကို လက်မခံနိုင်ရတာလဲ၊ ကျွန်တော်က ကိုကို့အတွက် အရေးမပါတဲ့ဖြစ်တည်မှုလား၊ ကိုကိုဘယ်တော့မှ ကျွန်တော့်အချစ်တွေကို မြင်မှာလဲ၊

ကိုကိုက အသိစိတ်မရှိခဲ့ပေမယ့် ဒီကလူက ဒီက ကျွန်တော်က အသိစိတ်ရှိရက်နဲ့ ကိုကို့ကို ဘာလို့လက်ခံခဲ့တယ်ထင်လဲ၊ ကိုကိုရဲ့ဦးနှောက်ကနည်းနည်းလေးမှ အလုပ်မလုပ်ဘူးလား မစဉ်းစားတတ်ဘူးလား ကိုကိုရာ

ကျွန်တော့်အတွက်က စဉ်းစားလေနာကျင်ရလေပဲ ကိုကို၊ တဖြေးဖြေးနဲ့ Jay ရဲ့ခေါင်းအုံးလေးက စတင်စိုစွတ်စဖြစ်လာခဲ့ပါပြီ၊ ဘာကြောင့်လဲဆိုတာ မမေးလဲသိမယ်ထင်၊ မဖြေလည်း အဖြေကိုသိမယ်ထင်၊ နာကျင်ခြင်းရဲ့ သက်သေဖြစ်ပါလိမ့်မယ်၊

Flash Back To Their Precious Time

‌တော်တော်လေးညဉ့်နက်တဲ့အထိကိုကို့ကို ဆက်သွယ်လို့မရတာကြောင့် Jay စိတ်ပူနေရပါသည်၊ခုချိန်ထိလည်း သူမအိပ်နိုင်သေး၊ အိပ်လို့လည်း မပျော်ပါ၊ သိပ်မကြာခင်ပဲ ခြံရှေ့ကိုကားတစ်စီးရောက်လို့လာတယ်၊ ကိုကိုဖြစ်ပါလိမ့်မယ်၊ သူမြန်မြန်ပဲ အောက်ကိုပြေးဆင်းလိုက်မိသည်၊

ကားထဲကထွက်လာတဲ့သူက ကိုကိုမဟုတ်ဘဲ ကိုကို့ရဲ့ သူငယ်ချင်း Seung Hwan Hyung ဖြစ်နေပါသည်၊ နောက်မှ သူကိုကို့ကိုတွေ့သည်၊ ‌တကယ်ပဲခေါင်းမထောင်‌နိုင်အောင် မူးနေတဲ့ ကိုကို၊ ဘာလို့ ဒီလိုမျိုး သောက်လာရတာလဲ၊ ဖေဖေတွေ့ရင်တော့ အဆူခံရတော့မှာပဲလို့ သူတွေးလိုက်မိသည်

" Hyung "

" Jay မင်းအစ်ကိုကိုလာခေါ်ပါဦး "

" ဟုတ် "

Jay ခပ်သွက်သွက်ပဲ Seung Hwan Hyung ဆီကိုသွားလိုက်သည်၊

" အိမ်ထဲထိလိုက်ပို့ပေးရဦးမလားမင်းတစ်ယောက် တည်း ဖြစ်ရဲ့လား "

" ရတယ် Hyung ကျွန်တော်နိုင်တယ် "

သူကိုကို့ကို တစ်ယောက်တည်းလည်း ထိန်းလို့နိုင်တာမို့ Hyungကို အကူအညီမတောင်းတော့၊ ကိုကို့ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်တဲ့အကြောင်းပြောပြီးအိမ်ထဲကိုမြန်မြန်ဝင်လာလိုက်တော့တယ်၊

မေမေတို့အိပ်ရာကနိုးလာမှာကြောက်လို့ အသံမထွက်အောင်သတိထားပြီး အိမ်ပေါ်ကိုရောက်အောင် မနည်းတွဲခေါ်လာရတယ်၊ ကိုကိုကတော့တကယ်ပဲ ဘာလို့ဒီလောက်ထိသောက်လာရတာလဲ မသိဘူး၊

အခန်းထဲရောက်မှသာ သူသက်ပြင်းချနိုင်တော့တယ်၊ တစ်ယောက်တည်းနိုင်တယ်သာပြောတာ တကယ်တမ်းမူးနေတဲ့သူတစ်ယောက်ကို တွဲပြီးအပေါ်ထပ်ကိုတက်လာဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စ၊

" ကိုကို "

ကိုကို့ကို ဒီလိုမျိုးဘေးချင်းယှဉ်တွဲပြီးမြင်နေရတဲ့အခိုက်အတန့်ကတကယ်ကို ရင်ခုန်ဖို့ကောင်းပါတယ်၊ ကိုကိုကတစိမ့်စိမ့်ကြည့်ပြီး မြတ်နိုးချင်စရာသက်ရှိကလေးလေ၊

Jay ကိုကို့ကိုငေးနေတုန်းမှာပဲ ကိုကို့မျက်လုံးပွင့်လာပါတယ်၊ အခုတော့အမူးသမားလေးက နိုးလာပြီပေါ့၊

" Hyung "

" ဘာလို့ တအားသောက်လာတာလဲ "

" ကိုကိုတအားဆိုး "

Jay ကိုကို့ကိုဆူဖို့ပြင်လိုက်ပေမယ့် ကိုကိုကတော့ Jay မထင်မှတ်ထားတာကိုပြုမူလိုက်ပါသည်၊

ကိုကိုက သူ့ကိုနမ်းလိုက်တာတဲ့လေ မဟုတ်သေးဘူး တိတိကျကျဆိုရင် အခုချိန်ထိကိုကိုကသူ့ကိုနမ်းနေသေးတာ၊ ကိုကို့ရဲ့ရုတ်တရက်ဆန်တဲ့အပြုအမူ တွေက သူ့အတွက်မဟုတ်တဲ့ ထိုနာမ်စားကို မေ့ပြစ်ဖို့ရာလုံလောက်ပါသည်၊

သူ့ရဲ့ဦးနှောက်ကဆဲလ်တွေက အလုပ်လုပ်သေးပေမယ့်လို့ ကိုကို့ရဲ့အနမ်းတွေကို တုန့်ပြန်ဖို့ရာအထိတော့လှုံ့ဆော်မပေးနိုင်ပါ၊ နူးညံ့ခြင်းနဲ့စတင်ခဲ့တဲ့ကိုကို့ရဲ့အနမ်းတွေကအရိုင်းဆန်လို့လာတယ်၊ တဖြေးဖြေးနဲ့သူအသက်ရှူကြပ်လာရသည်၊

သူကိုကို့ရင်ဘတ်ကိုထုရိုက်ပြီး လွှတ်ပေးဖို့ရာ‌ တောင်းဆိုနေပေမယ့် နောက်ဆုံးတော့ ကိုကို့ဆီက ချုပ်ထားခြင်းကိုပဲ ခံလိုက်ရပါသည်၊ ကိုကို့ရဲ့လက်တစ်ဖက်က သူ့ခေါင်းကိုထိန်းကိုင်လို့ထားပါသည်၊

အခုချိန်မှာတော့ ရုန်းကန်ဖို့ရာစိတ်ကူးမရှိတော့ဘဲ ကိုကို့ရဲ့ဦးဆောင်မှုအတိုင်းသူလိုက်ပါမိတော့သည်၊ သူ့ရဲ့တွန်းလှန်နိုင်ရည်စွမ်းကလည်း ဒီလောက်ပဲရှိ‌ခဲ့လို့လေ၊ကိုကိုနဲ့ပတ်သတ်ရင် သူကအားနည်းတဲ့သူမို့၊

အရှိန်းပြင်းပြင်းနဲ့ နမ်းရှိုက်နေရင်းသူတို့ကုတင်သို့ ရောက်လာခဲ့တယ်၊ ကိုကိုဘယ်ကိုဦးတည်နေလဲဆိုတာသူသိနေသည့်တိုင် သူရုန်းကန်ခြင်း၊ငြင်းဆန်ခြင်းမရှိခဲ့ပါ၊ ကိုကို့ကိုသူထိန်းချုပ်နိုင်စွမ်းမရှိသလို ကိုယ့်ကိုကိုယ်လည်း မထိန်းချုပ်နိုင်ပါ

ကိုကို့ရဲ့လက်တွေက သူ့အင်္ကျီအောက်မှာယှက်ပြေးလို့နေတယ်၊ နောက်ပြီးကိုကို့ရဲ့နှုတ်ခမ်းတွေက သူ့ရဲ့ညှပ်ရိုးတစ်လျှောက် စိတ်ကြိုက်ချယ်လှယ်နေ‌သည်၊ တဖြေးဖြေးနဲ့ ကိုကို့ရဲ့လက်တွေက သူ့ရဲ့ခါးထက်ကို‌ရောက်လာပါသည်၊

" ချစ်တယ် "

တကယ် ကိုကိုဆီက သူကြားလိုက်ရတဲ့စကားပါ၊ ကိုကိုဟာမောဟိုက်နေတဲ့အသံနဲ့ ထိုသို့ဆိုလာတယ်၊ ကိုကို့ရဲ့မျက်ဝန်းတွေကတော့ ‌ရီဝေဝေဖြစ်လို့နေတယ်၊ ထိုစကားက သူ့အတွက်ရည်ရွယ်သည်လား တခြားသူအတွက် ရည်ရွယ်သည်လား သူမသိပေမယ့်လို့ သူရင်ခုန်နေမိပါသည်၊

သူသိလည်းမသိချင်ပါ၊ ဒီအချိန်မှာ ကိုကိုဟာသူတစ်ယောက်တည်းအတွက်သူတစ်ယောက်တည်း အပိုင်သာဖြစ်တယ်၊

" ချစ်တယ် ကိုကို "

ပထမဆုံးအကြိမ်သူဝန်ခံခြင်းပါ၊ ဒါကို ကိုကို့နားနဲ့ ဆက်ဆက်ကြားမယ်ဆိုတာ သူသေချာပေါက်ယုံပါတယ်၊ ဒီစကားက ကျွန်တော့်ဘက်ကပြောတဲ့ တစ်ရာရာခိုင်နှုန်း မုသားကင်းတဲ့စကားပါ ကျွန်တော့်တစ်ဘဝလုံးနဲ့ လောင်းကြေးထပ်ပြီးတော့ ကိုကိုကို့ ချစ်ပါတယ်၊

ထပ်ပြီးပူးကပ်လိုက်တဲ့နှုတ်ခမ်းတို့ကအလိုရမက်ကြီးစွာ၊ သူနဲ့ကိုကိုတို့ နောက်တစ်ကြိမ်‌နှုတ်ခမ်းခြင်း ထိတွေ့ရခြင်းပါ၊ တဖြေးဖြေးနဲ့ ပြင်းရှလာသော အသက်ရှုသံတို့အပြင်၊ နှုတ်ခမ်းချင်းထိရာကထွက်လာတဲ့ အသံတို့ကအခန်းထဲမှာကျယ်လောင်စွာ ကြားနေရသည်၊ သူ့ဆီက ခပ်တိုးတိုး ညဉ်းသံလေးရောပေါ့၊

" ကိုကိုတို့ အတူတူ တိမ်ပေါ်ကိုသွားကြမလား "

သူ့အတွက်ကတော့ ဖြေစရာမလိုတဲ့မေးခွန်းဖြစ်ပါလိမ့်မယ်၊ တွေဝေခြင်းမရှိ YES ပါ၊ နောက်ပြီး ဒါက ဒီနေ့အတွက် ပထမဆုံးအကြိမ် ကိုကို့ဆီက ကိုကိုဆိုတဲ့စကားကို ကြားရခြင်းပါ၊ ဒီစကားက သူ့ရဲ့ရင်ခုန်သံကို နှစ်ဆမြန်စေပါတယ်၊

" ကိုကိုနဲ့ဆို တိမ်တွေပေါ်ထိ ကျွန်တော်လိုက်ရဲပါတယ် "

ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖို့ ကိုကိုဆိုရင်ဖြစ်ပါသည်၊ သူ့အတွက် ကိုကိုဆိုတဲ့အသိနဲ့တင်အရာရာစွန့်စားဖို့ သတ္တိရှိနေပြီမို့၊

" ကိုကိုမင်းကို ချစ်တယ် ကလေးလေး "

_____________________________________________

AN // ALERT PREPARE FOR __SOMETHING~

Continue Reading

You'll Also Like

469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
6.2K 177 12
The daughter of pervy sage Jiraiya becomes a genin, top of her class. She gets put into team 7 along with Naruto, Sakura, and Sasuke. She looks up fr...
219K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
31.9K 707 20
Katniss was dating Gale her best friend who was a player. He was cheating on her and she goes to Peeta for comfort. Prim was not reaped so Katniss di...