EPISODE 14

180 26 6
                                    

" Jay အတန်းသွားတော့မှာလား ကိုကိုလိုက်ပို့ပေးမယ်လေ "

" မလိုဘူး "

မနက်စောစောစီးစီး လက်ခံရရှိလိုက်တာကတော့ Jayဆီကငြင်းပယ်ခြင်းပါ၊တကယ်သုံးရက်အတွင်းမှာ ဒီကလေးဆီက သူဘယ်နှခါလောက် ငြင်းခံနေရပြီလဲ၊ Jay ကတော့ သူ့ကိုရှိတယ်လို့ မထင်ဘဲ မနက်စာကို အေးအေးဆေးဆေးစားနေပါသည်၊ သူ့ဘက်ကိုတစ်ချက်လေးတောင် လှည့်မကြည့် တကယ်ကိုနေနိုင်လွန်းတဲ့ကောင်လေးပဲ၊

" ညနေကျရင်ရော ကိုကို လာကြိုပေးရမလား " 

" မလိုဘူး "

" ဒါဆို ကိုကိုတို့ ညကျရင် ရုပ်ရှင်သွားကြည့်ကြမလား "

"နားငြီးလိုက်တာ ပါးစပ်ပိတ်ပြီးစားလို့မရဘူးလား"

သူ့ဘက်ကနေ ဆက်တိုက်မေးခွန်းတွေမေးနေပေမယ့်လို့ Jay ဘက်ကတော့ သူ့ကိုတန်ပြန်အငြင်းတွေပဲ ပေးနေဆဲပါ၊

" ကိုကိုကဘယ်လိုစားရမှာလဲ၊ပါးစပ်ပိတ်ပြီး စားလို့မှမရတာကို ကလေးလေးကလဲ "

သူဒီလိုပြောတော့ Jay ကသူ့ကိုစိတ်ကုန်နေပြီဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်လာသည်၊သူကတော့ရယ်ချင်နေမိပါသည်၊ Jay ကိုစရတာ တကယ်ပျော်ဖို့ကောင်းတယ်၊ နောက်ပြီး သူစလိုက်တဲ့အချိန် ဖြစ် လာတဲ့ Jay ရဲ့အမူအရာတွေက အရမ်းကိုချစ်ဖို့ကောင်းနေတာပဲလို့ တွေးမိတယ်၊ တကယ်ချစ်ဖို့ကောင်းလွန်းလို့ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာသာ ဖွက်ထားလိုက်ချင်တော့တယ်၊

" မေမေ ကျွန်တော် သွားတော့မယ် "

Jay က မနက်စာစားပြီးတာနဲ့ မေမေ့ကိုနှုတ်ဆက်ပြီး အတန်းသွားဖို့ပြင်တော့တယ်၊

" သားငယ်လေး ဂရုစိုက်သွားနော် "

" ဟုတ် မေမေ ချစ်တယ်နော် "

" ကိုကို့ကိုရော "

သူ့စကားကြောင့်မနက်စာစားပွဲကနေထွက်သွားဖို့ပြင်နေသူဆီကမျက်စောင်းတစ်ချက်လက်ခံရရှိလိုက်ပါတော့သည်၊

" သားကြီးလဲ အလုပ်သွားတော့မှာမလား "

" ဟုတ် မေမေ ကျွန်တော်လဲသွားတော့မယ်နော် "

TOXIC Where stories live. Discover now