ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒ...

By Alice_Yizhan_7012

18.4K 1.3K 29

Paid Gp ရှိပါသည်။ Female strong lead ကို ဖတ်ချင်ပါက ဤ novelကိုဖတ်လိုက်ပါ။ တို့mc မမရဲ့ face slapping စကေးတွေန... More

ဇာတ်လမ်း အကျဥ်းချုပ်
စာစဥ် (၁) အခန်း - ၁
စာစဥ် (၁) အခန်း - ၂
စာစဥ် (၁) အခန်း - ၃
စာစဥ် (၁) အခန်း ။ ၄ မှ ၁၀ ထိ
စာစဥ် ၁ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၂ ။ အခန်း ၁ မှ ၅ ထိ ။
စာစဥ် ၂ ။ အခန်း ၆ မှ ၁၀ ထိ။
စာစဥ် ၂ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၃
စာစဥ် ၄ ။ အခန်း ၁ မှ ၅ ။
စာစဥ် ၄ ၊ အခန်း ။ ၆ မှ ၁၅ ထိ။
စာစဥ် ၅ ။ အခန်း ၁ မှ ၇ ထိ
Announcement!!!!!
စာစဥ် ၅ ။ ၈ မှ ၁၅ ။
စာစဥ် ၇ ။
Birthday promotion
စာစဥ် ၈

စာစဥ် ၆ ။

743 58 0
By Alice_Yizhan_7012

Unicode

စာစဥ် ၆ ၊ အခန်း ၁ ။   သူမက အားကိုအသုံးချတာပဲ

နွေးထွေးတဲ့ခံစားမှုက ထုံထိုင်းနေတဲ့အာရုံခံစားမှုနောက်က ဆက်လျက်လိုက်ပါလာသည်။

ခဏတော့ အနည်းငယ်ထုံထိုင်းနေသလို ခံစားရပြီး မကြာခင်မှာပဲ ယားယံသလိုမျိုး ခံစားလာရသည်။ထို့နောက် သူ့လက်ချောင်းဆယ်ချောင်းစလုံး စတင်နာကျင်လာတော့သည်။

ဒီလိုခံစားရတာတွေက အနည်းငယ်မသက်မသာဖြစ်သလို ခံစားရပေမယ့် ကျန့်လီချွမ်တော့ အတော်လေးစိတ်လှုပ်ရှားသလို ခံစားနေရသည်။

ဒီလိုခံစားနေရတာတွေက သေတော့မည်ဟု ကြေညာချက်ထုတ်ပြန်ခံထားရသည့် သူ့ခန္ဓာကိုယ်မှာ ဆန်းကြယ်တဲ့အရာ ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပင်ဖြစ်သည်။

မိနစ်နှစ်ဆယ်လောက်ကြာတော့ ကျင်းချန်က သူ့ခန္ဓာကိုယ်ပေါ်က ငွေအပ်လေးတွေကို ဆွဲနုတ်လိုက်သည်။မနေ့ညကလိုမျိုးပဲ သူမက ကျန့်လီချွမ်၏ကျောကို မှောက်ယက်ဖြစ်နေရာမှ ပြန်လှန်ပေးလိုက်ပြီး အဝတ်အစားများကို ဝတ်ဆင်ပေးလိုက်သည်။ထို့နောက် သူမဟာ သူ့ကို စောင်တစ်ထည်ခြုံပေးလိုက်ကာ အခန်းထဲမှ ပြန်ထွက်သွားလေတော့သည်။

အရင်နေ့ကလိုမျိုးပဲ သူမထွက်သွားသည်နှင့် ကျန့်လီချွမ်က ချက်ချင်း သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

ဟက်ခံထားရပြီး တစ်ခါပြန်ချိန်ညှိထားတဲ့ လုံခြုံရေးမှတ်တမ်းကို သူယူလိုက်လေသည်။

ကျင်းချန်က အခုလေးတင် သူ့ကို တရုတ်အပ်စိုက်ကုသမှုလုပ်ပေးသွားတာကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာဖြစ်၏။

အကြောသေပြီးနောက်ပိုင်းမှာ တရုတ်အပ်စိုက်ကုထုံးများစွာနှင့် သူ ကြိုးစားကုသခဲ့ဖူးသည်။အချိန်အများစုမှာ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် အပ်တွေထိုးစိုက်ခံခဲ့ရသည်။ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိအောင် လျှပ်စစ်ပါ စီးဆင်းစေခဲ့သေး၏။

သို့သော် အပ်ပေါင်းများစွာနှင့် လျပ်စစ်လျှော့တိုက်ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်ကတော့ တုံ့ပြန်မှုမရှိခဲ့ပေ။သူ ဘာမှကို မခံစားခဲ့ရတာဖြစ်၏။

ဒါပေမယ့် ဒီနေ့ညတော့ ကျန့်လီချွမ်မှာ အကြီးအကဲတစ်ယောက်က ကုသပေးသလိုမျိုး တကယ်ကို တွေ့ကြုံလိုက်ရတာဖြစ်သည်။

အစကတော့ သူ့ခန္ဓာကိုယ်ထဲကို ငွေအပ်သုံးချောင်းလေးပဲ ထိုးစိုက်ခဲ့သည်။

အပ်သုံးချောင်းကတော့ အတော်လေးကို ရှည်လျားလှသည်။ပုံမှန်သမားတော်တွေ အသုံးပြုလေ့မရှိတဲ့ အပ်တွေဖြစ်နေ၏။

ကျန့်လီချွမ် အစကတော့ ကျင်းချန်ရဲ့ထူးချွန်ပြောင်မြောက်တဲ့နည်းပညာက သူ့ကို အပူစီးကြောင်းလေးတစ်ခု ခံစားရအောင် လုပ်တာဖြစ်နိုင်တယ်လို့ ထင်နေခဲ့တယ်။သူမလုပ်ခဲ့တဲ့အရာကတော့ သူမလက်တွေနဲ့ ငွေအပ်တွေကို လှိမ့်ပွတ်နေခဲ့ရုံပင်ဖြစ်နေခဲ့လေသည်။

နီးနီးကပ်ကပ်ကြည့်ပြီးတော့မှ ငွေအပ်တွေကို လှိမ့်နေတဲ့လှုပ်ရှားနေပုံက သူထင်ထားသလို ရိုးရှင်းမနေခဲ့ပါချေ။

သူမက အပ်တွေအပေါ် အားသုံးခဲ့တာပင်ဖြစ်သည်။

အတော်လေးကို အင်အားကြီးတဲ့ တွန်းအားတစ်ခုနှင့်တူ၏။သူမက အပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ တွန်းအားသုံးနေခဲ့တာဖြစ်သည်။

ဒီအချက်ကပင် တခြားသမားတော်တွေရဲ့ တရုတ်အပ်စိုက်ကုထုံးက ဘာလို့အလုပ်မဖြစ်တာလဲဆိုသည့် အချက်ပင်ဖြစ်သည်။ဒါပေမယ့် ကျင်းချန်အတွက်ကတော့ အလုပ်ဖြစ်ခဲ့သည်။

သူမရဲ့ကြည့်ကောင်းတဲ့မျက်နှာက ဖျော့တော့လာပြီး နဖူးမှာ ချွေးစက်တွေကျနေတာကို မြင်လိုက်ရတော့ သူ့မျက်ဝန်းထဲတွင် ခပ်ရေးရေး လှိုင်းထသွားခဲ့သည်။

ကျင်းချန်က အရာအားလုံးကို သူ့နေရာနှင့်သူ ဖြည်းဖြည်းချင်း ပြန်ထားပုံနှင့် သူမအိပ်ခန်းဘက်ကို ပြန်သွားပုံတို့ကို သူ မြင်လိုက်ရသည်။ကျန့်လီချွန်မှာ သူမဆီကို သွားချင်လာခဲ့သည်။

ဒါပေမယ့် သူက အမှိုက်လိုမသုံးမဝင်တဲ့သူဖြစ်နေတော့ မဖြစ်နိုင်ဘူးဆိုတာကိုသာ သဘောပေါက်လိုက်၏။

သူမကတော့ သူမအခန်းကို ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

တကယ်တော့ ကျင်းချန်က သူမရဲ့ရန်သူတွေကို တစ်ယောက်မှမမြင်ရသေးသရွေ့ ပင်ပန်းတာကလည်း ကောင်းတဲ့အရာပါပဲဟု တွေးမြင်မိသည်။

ဒါက သက်လုံအားကောင်းအောင် လေ့ကျင့်တာနှင့်တောင် ဆင်တူသေးသည်။ပိုပြီးအဆင့်မြင့်တဲ့ လယ်ဗယ်ကိုရောက်ဖို့အတွက် စုဆောင်းထားသမျှအင်အားတွေကို အရင်ဆုံး ဖြိုခွဲပစ်ရမည်ဖြစ်သည်။သင့်မှာရှိသမျှအတွင်းအားတွေ လုံးဝကုန်ခမ်းသွားပြီး အကန့်အသတ်ပြည့်သွားပြီဆိုတာကို သတိထားမိတာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အဲ့ဒီအဆင့်ကို ကျော်ဖြတ်ရပါသည်။

ချီစွမ်းအားကို စတင်ပျိုးထောင်တာနှင့်ပင် တူလှပေ၏။

သူမအတွက်တော့ အတွင်းအားကုန်ခမ်းသွားဖို့ အခွင့်အရေးများများ ရမယ်ဆိုလျှင် ပိုပြီး မြန်မြန်တိုးတက်လာနိုင်မှာဖြစ်သည်။

ကျန့်လီချွမ်က ယန်ဓာတ်အတော်များသည့်အတွက် ကျန့်မိသားစု၏သခင်မလေးအဖြစ် ကျင်းချန်ကို ရွေးချယ်ခဲ့တာဖြစ်သည်။သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဟန်ချက်ညီအောင် ထိန်းနိုင်တာမို့ သူတို့တွေက နတ်ဖက်တဲ့စုံတွဲပင်ဖြစ်နေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ကျင်းချန်က ညတိုင်း ချီစွမ်းအားကို လေ့ကျင့်ခဲ့တာ သူမကလေးဘဝကတည်းကပင် ဖြစ်သည်။တစ်နည်းပြောရရင် သူမပျိုးထောင်ခဲ့တဲ့ချီဓာတ်တွေကို ယင်ချီလို့ခေါ်ကြသည်။

အရင်ပိုင်ရှင်ရဲ့ဘဝက အတော်လေး ယင်ဓာတ်များတာကြောင့် သူမရဲ့အခြေတည်အဆင့်အတွက် အတော်လေးသင့်လျော်လှသည်။ဒီအချက်ကြောင့်ပဲ သူမ ဒီခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားခဲ့တာဖြစ်မည်။

သူမ လုံးဝကိုမောပန်းခဲ့တာကြောင့် ဒီညတော့ ကောင်းကောင်းအိပ်ပျော်တော့မည်ပင်။

သူမအခန်းကိုပြန်ရောက်တော့ သူမလှဲချလိုက်တာနှင့် အိပ်ပျော်သွားတော့သည်။တစ်ဖက်ခန်းမှ ကျန့်လီချွမ်ကတော့ လုံခြုံရေးမှတ်တမ်းကို နေထွက်လာသည်ထိတိုင်အောင် ကြည့်နေခဲ့လေသည်။

.....

ကျင်းချန် နှိုးစက်ချထားခဲ့ပေမယ့် နောက်ကျနေဆဲဖြစ်သည်။

သူမလို အိပ်မပျော်သောရောဂါနှင့် ရုန်းကန်နေရသည့်လူအတွက်တော့ အိပ်စက်ခြင်းကို ဘယ်တုန်းကမှ ဟန့်တားဖို့မလုပ်ခဲ့ပေ။

ထို့ကြောင့် နိုးစက်မြည်တာတောင် ကျင်းချန်မျှော်လင့်ထားခဲ့သလို နိုးစက်ချထားသည့်အချိန်မှာ မနိုးခဲ့ပေ။ကျုံးပေါ်အန်တာတိန်းမန့်ကို ရောက်လာခဲ့တဲ့အချိန်မှာတော့ ပုံမှန်အစည်းအဝေးတွေက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။လူတိုင်းထွက်သွားတော့ ကျင်းချန်က ဘုရင်မတစ်ပါးလို အခန်းထဲကို လျှောက်လှမ်းလာခဲ့သည်။နောက်ကျနေပြီမို့ သူတို့ရဲ့မျက်လုံးတွေက လှောင်ပြောင်သရော်မှုတွေနဲ့ ပြည့်နှက်နေခဲ့လေသည်။

စာစဥ် ၆ ၊ အခန်း ၂ ။ အဆင့်အတန်းနှစ်ဆ

 

 

အနုပညာဌာနရဲ့ဒါရိုက်တာရှုက အတော်လေးစည်းကမ်းတင်းကြပ်သည်ဟု လူသိများကြသည်။အထူးသဖြင့် နာမည်တက်နေဆဲအနုပညာရှင်များ ရောက်လာသည့်အခါတွင်ဖြစ်၏။

ထို့ကြောင့် ကျင်းချန်၏ရုတ်တရက်ပေါ်ထွက်လာမှုက သူမအတွက် ပြဿနာမီးခွက်ထွန်းရှာသလိုဖြစ်သွားသည်။ သူမဘာတွေဖြစ်လိမ့်မလဲဆိုတာကို လူတိုင်းက စောင့်ကြည့်နေကြသည်။

“ချန်ချန်..ဘာလို့ အရမ်းနောက်ကျနေတာလဲ။”

မနေ့ညတုန်းက ကျင်းချန်နှင့် မကျေပွဲနွှဲခဲ့ကြပေမယ့် ယူနာမှာ တစ်ညလုံးဒီအကြောင်းကို တွေးပြီးတော့ အခုဘာက အရေးကြီးဆုံးလဲဆိုတာကို သူမ နားလည်သဘောပေါက်သွားခဲ့သည်။

ယောကျ်ားတွေက အသုံးမကျဘူး။မိန်းမတွေကသာ သူတို့ကိုယ်တိုင်အားကိုးလို့ရတာ။

ပြီးတော့ ဒီနေ့က အရမ်းအရေးကြီးတဲ့နေ့ဖြစ်သည်။ချင်းရီက ပထမအမျိုးသားဇာတ်ဆောင်ဖြစ်ပြီး ကျင်းလုက ဒုတိယအမျိုးသမီးဇာတ်ဆောင်လုပ်ရန် သဘောတူလိုက်တာနှင့် ကုမ္ပဏီသုံးခုလုံးမှ ဝန်ဆောင်ခကို ရနိုင်မည်ဖြစ်သည်။

သို့သော် မနေ့မနက်တုန်းက ကိစ္စကို မိသွားတာကြောင့် ကျင်းချန်က သူ့ဖုန်းနံပါတ်ကို ဘလော့ထားလိုက်ပြီဖြစ်သည်။ချင်းရီက သူမကို ဘယ်လောက်ပဲ ဖုန်းခေါ်ဖို့ ကြိုးစားပါစေ၊ကျင်းချန်ကတော့ သဘောထားပြောင်းလဲတော့မည် မဟုတ်ပေ။

နောက်ဆုံးတော့ ချင်းရီ၏လွဲချော်မှုကြောင့် သူတို့၏အနာဂတ်ကို သက်ရောက်စေမည့် ကံဆိုးမှုကို သတိပြုမိလိုက်တော့သည်။

တကယ်လို့ကျင်းချန်ကသာ ဒီကိစ္စကြောင့် ချင်းရီကို အပြီးအပိုင် စွန့်လွှတ်လိုက်ရင် သူတို့တွေ ဘယ်တော့မှ ကျန့်မိသားစုကနေ အခွင့်အလမ်းတွေ ရနိုင်တော့မှာ မဟုတ်ပေ။

သူမရဲ့ချောမွေ့နေတဲ့လမ်းလေးလဲ ချက်ချင်းပင် ရွှံ့နွံထူထပ်သွားမည့်အပြင် သေလမ်းသွားမယ့်လမ်းပါ ဖြစ်လာနိုင်တော့ ယူနာမှာ စိုးရိမ်စပြုလာရတော့သည်။ထို့ကြောင့် သူမ၏ဟိတ်ဟန်များသောပုံစံကို ပြောင်းလဲပြီး နွေဦးအတွင်းမှာ တိုက်ခတ်တဲ့လေပြေလေညှင်းလေးကဲ့သို့နှယ် လမ်းလျှောက်လာတဲ့ ကျင်းချန်ကို ကြည့်ပြီး မျက်နှာအရေထူစွာနှင့်ပင် သူမနောက်ကျရခြင်းအကြောင်းကို ဆင်ခြေပေးလိုက်လေသည်။

“ဒီနေ့ ဘာလို့ အရမ်းတွေဖျော့တော့နေရတာလဲ။ နေမကောင်းဘူးလား။”

“အစ်မယူနာ..ကျင်းချန်ရဲ့နှင်းဆီသွေးသန်းနေတဲ့ ပါးမို့မို့လေးတွေကို ကြည့်လိုက်ပါဦး။သူက ပိုပြီးကြည့်ကောင်းနေသလို ခံစားနေရတာပါလိမ့်။ပိုပြီး နေကောင်းနေတာမဟုတ်ဘူးလား။”

အခုစကားပြောနေတဲ့သူက ယန်ယင်းလီဟုခေါ်သည်။သူမသည် အော်ရိုရာ  မိန်းကလေးများဟု လူသိများသည့် မိန်းကလေးအဖွဲ့မှ ခေါင်းဆောင် အကသမားဖြစ်သည်။

သူတို့က အရမ်းမရင်းနှီးပေ။သူမမှာရှိသည့် မှတ်ဉာဏ်အနည်းငယ်ကနေတော့ “Dancing Youth”ဟုခေါ်သည့် ရှိုးပွဲတစ်ခုမှာ အတူပါဖူးတာတော့ မှတ်မိလိုက်ရသည်။

သို့သော် အရင်ကတော့ သူမတို့က ကုမ္ပဏီအတူတူမဟုတ်ခဲ့ပေ။လွန်ခဲ့တဲ့တစ်လတုန်းက သူမ ကျန့်မိသားစုနှင့်လက်ထပ်ပြီး သူတို့၏အကူအညီနှင့်အတူ ကျုံးပေါ်အန်တာတိန့်မန့်နှင့် စာချုပ်ကို အဆုံးသတ်ပစ်ခဲ့သည်။ထို့နောက် သူမက ကျုံးပေါ်အန်တာတိန်းမန့်က အနုပညာရှင်တစ်ယောက်ဆိုတာ အပြီးသတ်သွားပြီဖြစ်သည်။

ခဏလောက် စဉ်းစားပြီးတောင် ဒီမိန်းကလေးက ဘယ်လိုဖြစ်ပြီး ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုဖူးသလဲဆိုတာ သတိမရနိုင်ခဲ့ပေ။

သေနတ်ထဲကိုကျည်ဆံအပြည့်ထည့်ပြီး တရစပ်ပစ်ခတ်သလိုမျိုး အနုပညာဌာနမှ ဒါရိုက်တာရှုက တရစပ်ပြောတော့သည်။

“နေမကောင်းဖြစ်နေတယ်ပေါ့။ဒါပေမဲ့ မသက်မသာဖြစ်နေတာတောင် ကုမ္ပဏီကိုလာဖို့ ဆုံးဖြတ်ခဲ့သေးတယ်။တကယ်ကို ချီးကျူးထိုက်ပါပေတယ်။ဒါပြီးရင် မင်းတက်ရမယ့် တခြားအရေးကြီးတဲ့ ပရောဂျက်အစည်းအဝေးရှိသေးတယ်ဆိုတော့ ပြင်ဆင်ထားပါ။”

လူတိုင်း အံ့ဩသွားခဲ့ရသည်။

တကယ်ပါပဲ အဆင့်အတန်းနှစ်ခုနဲ့ပဲ ပိုပြီး ထင်ရှားနေနိုင်တော့မှာလား။

ယန်ယင်းလီက နှစ်မိနှစ်လောက်ပဲ နောက်ကျခဲ့ပေမယ့် ဒါရိုက်တာရှုဆီကနေ ကြီးကြီးမားမား အဆူခံခဲ့ရသည်။ကျင်းချန်က တစ်နာရီလောက် နောက်ကျတာကိုတော့ ဒီနတ်ဆိုးကြီးက အလွယ်လေးလွှတ်ပေးလိုက်သည်။သူမကို မဆူပူခဲ့ရုံမက ချီးတောင် ချီးကျူးနေသေးသည်။

မျက်လုံးကောင်းကောင်းနဲ့ ကြည့်နေသူတိုင်း ကျင်းချန်မှာ ဘာအမှားမှ မရှိဘူးဆိုတာ မြင်နိုင်ကြလိမ့်မည်။ယူနာကသာ အကြောင်းပြချက်ပေးခဲ့သူဖြစ်၏။

ရှုယန်က သူမကို အလှော်ခံရမှာကနေ ကူညီပေးနေတာမြင်တော့ ကျင်းချန်က ယန်လီကိုယ်တိုင် အလှော်ခံနေရတာကနေ သူမကိုယ်တိုင် ဟန့်တားပစ်လိုက်သည်။သူမ ယန်ယင်းလီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို မော်ချီကာ လျှောက်သွားလေသည်။

အရေးမပါသောသူများကို မေတ္တာထားပြီး သူမစကားပြောနေရသည့် အကြောင်းပြချက်မှာ ကျင်းချန်မှာ ရန်စခံရတာ ဒါမှမဟုတ် စိန်ခေါ်ခံရတာမျိုးကို မုန်းလို့ပင်ဖြစ်သည်။သို့သော် တစ်ယောက်ယောက်က သူမကို ရန်လာစပြီးသားဆိုရင်တော့ ဒီလိုလူတွေနှင့် သူမအချိန်ဖြုန်းစရာမလိုတော့ပေ။

“ချန်ချန်..ဒါရိုက်တာရှုက မင်းနဲ့ သင့်တော်မယ့် ရုံးခန်းတစ်ခန်း စီစဉ်ထားပြီးသွားပြီ။အခုကစပြီး အစ်မတို့ ကိုယ်ပိုင်ရုံးခန်းရှိကြတော့မယ်။လာပါ။အစ်မ မင်းကို ရုံးခန်းအသစ်လိုက်ပြမယ်။”

ဒီနေ့ ယူနာရဲ့အပြုအမူက အတော်လေးကို ကောင်းနေသည်။ယာယီစစ်ပြေငြိမ်းမည့် လမ်းစဖြစ်နိုင်သည်။

မနေ့ညက ကျင်းချန်ပို့လိုက်သည့်ပုံတွေနှင့် ပတ်သက်ပြီး သူမမိသားစုကြားမှာ ဖရိုဖရဲဖြစ်စေခဲ့တာမို့ ဘာမှမပြောခဲ့ပေ။          

စာစဥ် ၆ ၊ အခန်း ၃ ။ သူမအကြောင်းကို ငါသိသင့်တယ်မလား

 

အနုပညာရှင်တွေနဲ့ မန်နေဂျာအုပ်တွေအားလုံး ကျင်းချန်အခန်းထဲကနေ ထွက်သွားတာကို ကြည့်ပြီး အံ့အားသင့်သွားတဲ့ပုံပင်။

“သူ့ကိုယ်သူ ဘာထင်နေသလဲမသိဘူး။ကျုံးဇီကနေ ငါတို့ဆီကို ရောက်လာတဲ့အလှပန်းအိုးလေးသက်သက်ပဲကို။ တိတ်တိတ်လေး ဆက်နေသင့်တာကို။အခုတော့ အရမ်းကို သွေးနားထင်ရောက်ပြနေတယ်။သူ့ကိုသူ အတော်ဆုံးအနုပညာရှင်များမှတ်နေလားပဲ။”

အနုပညာရှင်တွေထဲက တစ်ယောက်က ချိုသာပြမနေနိုင်တော့ဘဲ ကွန်ပလိန်းတက်လာလေသည်။

သို့သော် သူမစကားပြောပြီးသွားနှင့် သူမနောက်မှာရပ်နေတဲ့ သူမမန်နေဂျာရဲ့ တံတောင်ဖြင့်တွက်တာခံလိုက်ရလေသည်။

“ဘာလို့ တံတောင်နဲ့ထိုးနေတာလဲ။ကျွန်မပြောတာ မှားနေလို့လား။ကျုံးဇီအန်တာတိန်းမန့်က ကုမ္ပဏီလေးသေးသေးလေ။ဘယ်လိုလုပ် ကျွန်မတို့နဲ့ ယှဉ်လို့ရမှာလဲ။သူ့မှာရှိတာဆိုလို့ ရုပ်ရည်ပဲရှိတာ။ကျုံးပေါ်က သူ့ကို ကောင်းပေးဖို့ ကြိုးစားနေပေမယ့် သူကတော့ ဘယ်နေရာကနေလာသလဲဆိုတာ မေ့သွားပြီလေ။သူ့ကိုသူ ဘုရင်မတစ်ပါးလို လာလုပ်နေတယ်။

သူ့ကိုကြည့်လိုက်လေ။တကယ်ပဲ သူ့ကိုယ်သူ လူသစ်လေးလို့ တွေးနေမယ်ထင်လို့လား။ဒါရိုက်တာရှုတော့ တစ်ခုခုမှားနေပြီ။ဘာလို့ သူ့ကိုမဟုတ်ဘဲ အစ်မလီကို အော်ရတာလဲ။သူကတော့ အတော်လေး ဘက်လိုက်တာပဲ။”

အနီးမှာရပ်နေတဲ့ ယန်ယင်းလီရဲ့မျက်နှာက အားလုံးကိုကြားပြီးခါမှ ပိုပြီး မည်းမှောင်လာတယ်။သူမ၏နှလုံးသားထဲမှာလည်း  မီးတွေလောင်နေပြီဖြစ်သည်။

သို့သော် အနောက်မှာရပ်နေတဲ့ မဲ့ယောက်တန်ကို မြင်တော့ ယန်ယင်းလီ၏အမူအရာမှာ ပြောင်းလဲသွားပြီး မဲ့ယောက်တန်ကို တလေးတစားနဲ့ နှုတ်ဆက်လိုက်တယ်။

“အစ်မတန်…”

သူမအတွက်ရပ်တည်ပေးခဲ့သော မိန်းကလေးအနုညာရှင်ကို မြင်တာနဲ့ ယန်ယင်းလီ ချက်ချင်းနှုတ်ဆက်လိုက်သည်။

“အစ်မတန်…”

မဲ့ယောက်တန်က ရည်မွန်ပြီး သဘောထားကြီးတဲ့ အပြုံးနဲ့အတူ အသိအမှတ်ပြုတုံ့ပြန်လိုက်သည်။

“အစ်မတန်..ဒီနေ့ ဒီကို ဘာလို့ရောက်နေတာလဲ။ ပရောဂျက်အစည်းအဝေးအတွက်လား။”

ယန်ယင်းလီက သွက်သွက်လက်လက်နဲ့ ထွက်လာပြီး မဲ့ယောက်တန်ရဲ့လက်ကို ကိုင်ပြီး တောက်ပတဲ့အပြုံးလေးနဲ့ ပြုံးပြလိုက်လေသည်။

မဲ့ယောက်တန်ကပြုံးပြီး ပြန်ပြောလိုက်သည်။

“ရှုတင်စတော့မှာလေ။ဒါကြောင့် အစည်းအဝေးကို ရောက်နေတာပါ။”

“ကောင်းလိုက်တာ။ဒီဒရမ်မာအကြောင်းကို ကြားထားတာ တကယ်ကို ဉာဏ်ရည်မြင့်တဲ့ဇာတ်လမ်းမျိုးပဲ။တကယ်လို့ အစ်မတန်သာ ပါရင် လုံးဝကို ပေါက်မှာသေချာတယ်။ပြီးတော့ ဒီကားက ရှေးခေတ်ဒရမ်မာလေ။ကောင်းတဲ့ရလဒ်တွေ ပိုပြီး ရဖို့လွယ်ကူလာမှာပါ။နောက်ကျရင် ဒီဒရမ်မာကို လွှင့်လိုက်တဲ့အချိန်ဆို အစ်မတန်က အတော်ဆုံးမင်းသမီးတစ်ယောက်ဖြစ်လာမှာ သေချာတယ်။”

ယန်ယင်းလီက မဲ့ယောက်တန်နဲ့ စကားပြောနေတာကို မြင်တော့ တခြားမိန်းကလေးအနုပညာရှင်ကလည်း ရောက်လာလေသည်။

“အစ်မတန်က တကယ်ကို အလှလေးပဲ။သရုပ်ဆောင်လည်း တော်တယ်။နောက်ကျရင် ဒရမ်မာရော ဇာတ်ကားဘက်မှာပါ အတော်ဆုံး မင်းသမီးတစ်လက် ဖြစ်လာမှာသေချာတယ်။”

မဲ့ယောက်တန်ရဲ့အဖေက ကျုံးပေါ်အင်တာတိန့်မန့်မှာ ရာထူးမြင့်တဲ့သူတစ်ယောက်ဖြစ်သည်။ဒါကြောင့် သူမက တခြားအနုပညာရှင်များထက် အခွင့်အလမ်းပိုရလေသည်။သူမက ဒီနှစ်မှ နှစ်ဆယ့်ငါးနှစ်ပြည့်တာဖြစ်သည်။သို့သော် သူမက TV ဇာတ်လမ်းတွဲနှစ်ခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ဇာတ်လမ်းတွဲနှစ်ခုစလုံးကလည်း မယုံကြည်နိုင်လောက်အောင် ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။ အတော်ဆုံးမင်းသမီးဆုက သေချာပေါက် သူမအတွက်ပင်။

ထို့ကြောင့် ဘယ်အချိန်မဆို အခွင့်အရေးတွေ ရနေတဲ့ မဲ့ယောက်တန်ကို  ဘယ်အနုပညာရှင်ကမှ အလွဲခံကြမှာ မဟုတ်ပေ။

မဲ့ယောက်တန်က နူးနူးညံ့ညံ့ပြုံးလိုက်ပြလေသည်။သူမ သူတို့နှစ်ယောက်က သူမကိုမျက်နှာချိုသွေးဖို့ ကြိုးစားနေကြတယ်ဆိုတာ မထင်ထားမိလို့ဖြစ်မည်။

သို့သော် သူမက ယုံလွယ်တဲ့သူဖြစ်ပြီး သူမကို စိတ်ကျေနပ်စေတဲ့အရာဖြစ်တယ်ဆိုတာ ယန်ယင်းလီက ကောင်းကောင်းသိနေသည်။

“အဲ့ဒီလူသစ်က ဘယ်သူလဲ။သူကကြည့်ကောင်းလိုက်တာ။”

မဲ့ယောက်တန်က ဆက်ပြီးလမ်းလျှောက်ရင်း မေးလိုက်သည်။ယန်ယင်းလီနဲ့ မျက်နှာချိုတဲ့ မိန်းကလေးတို့က နီးနီးလေး ရပ်နေကြပြီး အကြာကြီး သူမနဲ့စကားပြောနေခဲ့ကြတယ်။

“အစ်မတန် သူ့ကို မသိဘူးလား။”

မျက်နှာချိုတဲ့မိန်းကလေးက တအံ့တဩနဲ့မေးလာလေသည်။

 “ငါလုပ်သင့်…??”

မဲ့ယောက်တန်က လှပပြီး သန့်စင်တဲ့ပုံစံမျိုးဖြစ်သည်။သူမရဲ့အပြုံးက နူးညံ့သည်။နွေဦးမှာတိုက်ခတ်သည့် လေပြေလေညှင်းလေးလိုပင်ဖြစ်သည်။သူမရဲ့ခံစားချက်ကို ပိုပြီးကောင်းသွားစေသည်။သို့သော် သူမက မေးခွန်းကို မေးလိုက်တာကြောင့် သူမရဲ့အသံက ရေခဲလိုအေးစက်နေသည်။

အနုပညာရှင်လေးက ဘာတွေဖြစ်နေသလဲဆိုတာ ချက်ချင်းနားလည်လိုက်ပြီး မြန်မြန်ပြန်ပြောလိုက်သည်။

“အိုး..ငါဒီကို ဘာကိစ္စလာတာပါလိမ့်။သူက ကျုံးဇီကနေလာတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပါးမွှားလေးပါ။လာမယ့် ဒရမ်မာမှာ တတိယမင်းသမီးနေရာမှာ သရုပ်ဆောင်ရမှာလေ။သူက အစ်မတန်သတိရဖို့တောင် မတန်တဲ့သူလေ။”

မဲ့ယောက်တန်က ဆက်ပြီးပြုံးနေရင်းနဲ့ သူမဘေးကမျက်နှာချိုချိုနဲ့တစ်ယောက်ကို ပြောလိုက်သည်။

“ဟုတ်တာပေါ့။ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နေရမှာလေ။အခြားလူတွေအကြောင်းကို သိပြီး စိတ်ရှုပ်မနေသင့်ဘူး။သူက ဘာမှမှ မဟုတ်တာ။သူ့နာမည်ကိုတောင် မသိပါဘူး။”

 

စာစဥ် အခန်း မသွားချင်ဘူး

ဖျော်ဖြေရေးနယ်ပယ်က အရမ်းကို ညစ်ထေးလွန်းလှသည်။နှစ်ပေါင်းများစွာ ဒီနယ်ပယ်ထဲမှာ ကျင်လည်ပြီးတော့ လူတန်းစားပေါင်းစုံကို မြင်ဖူးခဲ့ပြီးပြီဖြစ်သည်။ဒီအမျိုးသမီးက သူမကို ရန်စဖို့ကြိုးစားနေပြီး ကျင်းချန်နဲ့ ရန်ဖြစ်တဲ့အခါ အသုံးချချင်နေခဲ့သည်။သူမက ဘယ်လိုလုပ်မသိဘဲနေမလဲ။

ဒီလိုလူတွေက သူတို့ကိုယ်တိုင် မစွမ်းဆောင်နိုင်ကြပေမယ့် လူတွေကြားမှာတော့ ခလောက်ဆန်အောင် လုပ်ချင်ကြသည်။ သူတို့တွေက မုန်းစရာအကောင်းဆုံးနဲ့ သူတို့နယ်ပယ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးသူတွေပင်ဖြစ်သည်။

ဒါကြောင့် မဲ့ယောက်တန်က သူမနာမည်ကို သိသော်လည်း သူမကို အရှက်ခွဲဖို့ ဆုံးဖြတ်လိုက်တော့သည်။

ပါးဖြတ်ချခံလိုက်ရတဲ့ အမျိုးသမီးအနုပညာရှင်က သဘောပေါက်သွားပြီး သူမရဲ့ဇာတ်ကွက်က အဖော်ခံလိုက်ရတော့ နည်းနည်းတော့ ရှက်သွားသလိုပဲပင်။ဒါပေမယ့် သူမက ချက်ချင်း ပြန်ပြောလာသည်။

“အစ်မတန် ကျွန်မနာမည်က ဖန်မန်ယွီပါ။အစ်မလီနဲ့ တစ်ဖွဲ့တည်းကပါ။”

“အာ အစ်မတန် မန်ယွီကို မသိဘူးလား။အစ်မ သူ့ကို သိမယ်ထင်နေခဲ့တာ။သူက ကျွန်မတို့ အော်ရိုရာ မိန်းကလေးအဖွဲ့က visualလေ။”

“visualဆိုတဲ့ စကားကို ပြောတော့ ဖန်မန်ယွီရဲ့မျက်နှာက  သိမ်မွေ့နေပြီး ရှက်သွေးကြွနေလေသည်။ မဲ့ယောက်တန်ဆီက ချီးကျူးစကားတွေကို မျှော်လင့်နေသလိုပဲပင်။

သို့သော် မဲ့ယောက်တန်က ဒီအကြောင်းကို ဆက်တောင်မပြောတော့ချေ။

သူမက ယန်ယင်းလီဘက်ကို လှည့်လာပြီး ပြောလိုက်သည်။

“အိုး..ဒါနဲ့ ကျွန်မရဲ့နောက်လာမယ့် “စစ်သူကြီး၏ ကြင်သူသက်ထား မိဖုရား” ဒရမ်မာမှာ သိုင်းပညာတော်တဲ့ နန်းတွင်းသူလေးတစ်ယောက်အတွက် အခန်းတစ်ခန်း လွတ်နေတယ်။အဓိကဇာတ်ဆောင်တွေတော့ မဟုတ်ကြပေမယ့် သူက အမျိုးသမီးဇာတ်ဆောင်အတွက်တော့ အရေးပါဆုံးသူပေါ့။ကြော်ငြာကောင်းလေးဖြစ်မှာပါ။ပြီးတော့ မင်းကလည်း အကသမားတစ်ယောက်ပဲလေ။သိုင်းပညာတွေ သင်ယူရတာ လွယ်ကူမှာပဲ။ ဘယ်လိုထင်လဲ။စိတ်ဝင်စားလား။”

ယန်ယင်းလီနဲ့ ဖန်မန်ယွီတို့က ကြက်သေသေသွားတော့လေသည်။

“စစ်သူကြီး၏ ကြင်သူသက်ထားမိဖုရား” ဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အတော်လေး အောင်မြင်ခဲ့တဲ့ ဒရမ်မာတစ်ခုပင်ဖြစ်သည်။ဒရမ်မာရဲ့ ပရိတ်သတ်အခိုင်အမာလည်းရရှိခဲ့သည်။ထို့အပြင် အမျိုးသမီးဇာတ်ဆောင်အဓိက ဒရမ်မာတစ်ခုဖြစ်သည်။တကယ်လို့ သူမရဲ့အခန်းကဏ္ဍက နန်းတွင်းသူတစ်ယောက်ဖြစ်လျှင် သူမက အမျိုးသမီးဇာတ်ဆောင်နှင့် အနီးကပ်ဆုံးနေရမှာဖြစ်သည်။ဒီနေရာမှာသရုပ်ဆောင်ရပြီး ကြော်ငြာခွင့်ရခြင်းက ဘုရင့်ကိုယ်လုပ်တော်နေရာမှာ သရုပ်ဆောင်ရတာထက် ပိုသာမည်ဖြစ်သည်။

မဲ့ယောက်တန်က ယန်ယင်းလီရဲ့မျက်နှာမှာ အံ့အားသင့်နေတာကို မြင်တော့ သူမက ပြုံးပြလာပြီး မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ။မလိုချင်လို့လား။”

“လိုချင်တာပေါ့။ကျေးဇူးအများကြီးတင်ပါတယ်။အစ်မတန်။ဒီလိုအခွင့်အရေးကိုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်”

ယန်ယင်းလီက အရမ်းပျော်သွားပြီး ဦးညွှတ်ကာ သူမကို ကျေးဇူးတင်နေတော့သည်။သူမရဲ့ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပင်ဖြစ်သည်။

သူမက အော်ရိုရာ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပေမယ့် ဒီအဖွဲ့က လူသိမများခဲ့ပေ။သူတို့ပွဲဦးထွက်ပြီးတဲ့နောက်မှာ ဒီလိုအခွင့်အရေးမျိုး မရှိခဲ့ဖူးချေ။သူမက အကမှာပါရမီပါလို့သာ ”Dancing Youth”ထဲကို ပါဝင်ခဲ့တာဖြစ်သည်။

သို့သော် variety showsတွေက ပရိတ်သတ်အများကြီးကိုတော့ ဆွဲဆောင်နိုင်မှာမဟုတ်ပေ။ပြီးတော့ သူမရဲ့အနာဂတ်အတွက်လည်း အကျိုးမရှိဘဲ တိုးတက်လာလိမ့်မည်မဟုတ်ပေ။

အဓိကအမျိုးသမီးဇာတ်ဆောင်၏အစေခံဆိုတဲ့ အခန်းကိုရခဲ့လျှင် သူမမှာ ပရိတ်သတ်အရေအတွက် တိုးလာပြီး မီဒီယာကိုလဲ လွှမ်းမိုးလာနိုင်ပေလိမ့်မည်ပင်။

တကယ်လို့ ဒီဒရမ်မာသာ ပေါက်ခဲ့ရင် သူမလည်း သေချာပေါက် ကျော်ကြားလာမည်ဖြစ်သည်။

“မင်းလိုချင်ရင် မင်းရဲ့အကောင်းဆုံး performanceကို ယူလာခဲ့ရင်ကောင်းမယ်။ကျွန်မကိုတော့ အရှက်မရစေနဲ့ပေါ့။”

“စိတ်ချပါ။အစ်မတန်..။ကျွန်မအကောင်းဆုံး ကြိုးစားမှာပါ။ပြီးတော့ အစ်မကို ဘယ်တော့မှ အရှက်မရစေဖို့ ကတိပေးပါတယ်။”

မဲ့ယောက်တန်က ကျေနပ်သွားပြီး ခေါင်းညိတ်ပြလာတော့သည်။

“ဒါဆိုလည်း ဒီကိစ္စပြီးသွားရင် ပရောဂျက်အစည်းအဝေးအတွက် တွေ့ကြတာပေါ့။”

ပရောဂျက်အစည်းအဝေးပွဲကို တက်ခွင့်ရတဲ့ အနုပညာရှင်တွေက ကုမ္ပဏီရဲ့အလေးပေးခံရသူများသာဖြစ်သည်။ကျင်းချန်က အစည်းအဝေးကို တက်ခွင့်ရတယ်ဆိုတာကို သိသွားတော့ သူမမှာ မနာလိုသဝန်တိုပြီး ရူးသွပ်သွားသည်။

ဒါပေမယ့် အခုတော့ သူမလည်း အစည်းအဝေးကို တက်ခွင့်ရသွားပြီမို့ ဒီထက်ပိုပြီး ခံစားနေတော့မည်မဟုတ်ချေ။

“ကောင်းပါပြီ။အစည်းအဝေးက စတော့မှာလေ။ငါနဲ့အတူငါ့ရုံးခန်းကို သွားကြမယ်လေ။တစ်ခုခုဆို ငါမင်းကို ကြိုပြီး အကြောင်းလိုက်ပါ့မယ်။”

“ရပါတယ်။”

မဲ့ယောက်ထန်က ယန်ယင်းလီနဲ့ ကျန်နေခဲ့လေသည်။ဖန်မန်ယွီထွက်သွားတာကိုတောင် သူတို့က အာရုံမထားပေ။ဖန်မန်ယွီက လုံးဝကို လျစ်လျူခံလိုက်ရတာဖြစ်သည်။

ဖန်မန်ယွီက လုံးဝကို အရှက်ရပြီး ထွက်လာခဲ့အချိန်မှာ သူမက ပစ္စည်းတွေတစ်ထပ်ကြီး ကိုင်လာပြီး ဓာတ်လှေကားကို လမ်းလျှောက်သွားနေတဲ့ ကျွင်းလဲ့ယောင်ကို မြင်လိုက်ရသည်။

“ကျွင်းလဲ့ယောင် ဘယ်ကိုသွားမလို့လဲ။”

“recording စတူဒီယိုကိုပါ”

“မင်းငါနဲ့အတူ အကစတူဒီယိုကိုသွားဖို့ ငါ့ကို အတူလိုက်ပေးမယ်လို့ ကတိပေးခဲ့တာမလား။”

“အာ….အဲ့ဒီနေရာကိုတော့ ထပ်မသွားချင်တော့ပါဘူး။”

“ဘာသဘောကို ပြောတာလဲ။”

ဖန်မန်ယွီက ရှက်သလိုခံစားနေရပြီး ကျွင်းလဲ့ယောင်ကို ရင်ဆိုင်တွေ့ဖို့ စိတ်ဆိုးဆိုးနဲ့ ဓာတ်လှေကားထဲကို ပြေးဝင်သွားတော့လေသည်။

စာစဥ် ၆ ၊ အခန်း ၅ ။   ကျုံးပေါ်အင်တာတိန်းမန့်ရဲ့ အရေးပါသောကဏ္ဍ

“ဘာမှမဟုတ်ပါဘူး။ကျွန်မတို့တွေက သူငယ်ချင်းတွေဖြစ်ကြဖို့ မသင့်တော်ဘူးလို့တွေးမိလိုက်လို့ပါ။ကျွန်မတို့ရဲ့အတွေးအမြင်တွေက မတူကြဘူးလေ။”                                                       

ဓာတ်လှေကားက အောက်ထပ်ကိုရောက်တော့ ရပ်သွားလေသည်။ကျွင်းလဲ့ယောင်က အပြင်ကို ထွက်မလို့လုပ်တော့ ဖန်မန်ယွီက တစ်ခါထပ်ပြီး သူမကို တားပြန်သည်။

“ကျွင်းလဲ့ယောင် မင်း ဘာသဘောလဲ။ငါ့ကို ဘာမှတောင် မရှင်းပြတော့ဘဲ ထွက်သွားရဲတယ်လား။”

ကျွင်းလဲ့ယောင်က သူမကို မနှစ်မြို့စွာနဲ့ ပိတ်ဆို့နေတဲ့သူကို ကြည့်လိုက်သည်။သူမက ခဏရပ်ပြီး ပြန်ပြောလိုက်သည်။

“မင်းကပဲ ငါ့ကို လာမေးတဲ့သူဆိုတော့လည်း ဖြေပေးရမှာပေါ့။ ငါ အော်ရိုရာမိန်းကလေးအဖွဲထဲကိုဝင်ပြီး ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ခဲ့ရတဲ့အကြောင်းအရင်းက သီချင်းဆိုရတာကို ကြိုက်လို့ပဲ။နောက်နောင်မှာ ဘာတွေပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ဆန္ဒရှိရှိနဲ့ကို လက်ခံနိုင်ပါတယ်။ဒါပေမယ့် ဖျော်ဖြေရေးနယ်ပယ်ရဲ့ အစီအစဉ်တွေ ယှဉ်ပြိုင်ရတာကိုတော့ ကြိုက်နေလို့မဟုတ်ဘူး။အထူးသဖြင့် တခြားသူတွေအနှောင့်အယှက်ဖြစ်အောင် ဇာတ်လမ်းဆင်ဖို့ကြိုးစားတတ်တဲ့သူတွေကို အမုန်းဆုံးပဲ။ဒါကြောင့် ထွက်သွားရလိမ့်မယ်။”

ပြောပြီးတာနဲ့ ကျွင်းလဲ့ယောင်က သူမကိုပိတ်တားထားတဲ့သူကို ဘေးသို့တွန်းဖယ်လိုက်ပြီး ဓာတ်လှေကားထဲကနေ ထွက်သွားလေသည်။

သူတို့တွေကြားမှာ အများပိုင်နေရာဆိုတာမရှိချေ။

ဖန်မန်ယွီက ဓာတ်လှေကားထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ပြီး သူမကိုယ်သူမ စိတ်ကုန်နေလေသည်။သူမက ကျင်းချန်လို အထောက်အပံ့လည်းမရှိ၊ယန်ယင်းလီလိုလည်း ကံမကောင်းပေ။သေချာပေါက် ကျွင်းလဲ့ယောင်လိုလည်း သီချင်းဆိုရာမှာ သူမက ပါရမီမပါခဲ့ချေ။

ကျုံးပေါ်အင်တာတိန်းမန့်မှ အနုပညာရှင်များစွာ အစည်းအဝေးခန်းမထဲမှာ စုဝေးနေကြလေသည်။

ထိုအနုပညာရှင်များမှာ လူသစ်များနှင့်အတူ နေ့စဉ်အစည်းအဝေးပွဲများစွာကို တက်ရောက်ရသော အနုပညာရှင်များဖြစ်ကြသည်။သူတို့တွေသည် ကုမ္ပဏီမှ အခွင့်အရေးများဆုံးရသူများဖြစ်ကြပြီး ကုမ္ပဏီ၏လတ်တလော အာရုံစိုက်ခံနေရသည့် အနုပညာရှင်များ သို့မဟုတ် စီနီယာအနုပညာရှင်များ ဖြစ်ကြသည်။

ဒီအစည်းအဝေးအတွက် တာဝန်ရှိသူကတော့ စီမံခန့်ခွဲရေးဌာန၏လက်ထောက်ဒါရိုက်တာ ဟဲကိုင်ဝေ့ဖြစ်သည်။

ဒီနေ့ကျင်းပသည့်အစည်းအဝေးမှာ လတ်တလော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသော ပရောဂျက်များကို အလေးပေးသည့် အစည်းအဝေးပင်ဖြစ်သည်။သူတို့တွေ အနုပညာရှင်တွေကို ဘယ်လိုခွဲဝေပေးမလဲဆိုတာရော အလေးပေးထားသည့် အစည်းအဝေးဖြစ်သည်။

ကျင်းချန်တစ်ယောက် အစည်းအဝေးခန်းထဲကို ဝင်လာသည့်အခါ လူတော်တော်များများက ထိုင်နေကြပြီးပြီဖြစ်သည်။သူမက ဖျော်ဖြေရေးနယ်ပယ်ကို သိပ်ပြီးအာရုံမထားခဲ့တာကြောင့် တကယ်လို့သူတို့တွေက နာမည်ကြီးတဲ့အနုပညာရှင်တွေဖြစ်နေခဲ့ရင်တောင် သူမ သူတို့တွေအကြောင်းကို သိပ်မသိပေ။သူမအတွက်တော့ သူတို့ကိုကြည့်ရတာ ရင်းနှီးနေသလိုတော့ ခံစားရသည်။ဒါပေမယ့် သူတို့နာမည်တွေကိုတော့ မသိပါချေ။တကယ်တော့ သူတို့တွေထဲက တစ်ယောက်ယောက်သာ သူမအရင်ဘဝကလုပ်ခဲ့ပါတီတွေကို တက်ရောက်ခွင့်ရဖို့ အရည်အချင်းပြည့်မီပြီး ရက်အတော်ကြာအောင် စကားပြောဖြစ်ခဲ့ကြရင်တော့ ဒီနေရာမှာရှိတဲ့လူတွေကလည်း ပျော်မြူးဖို့ကောင်းလိမ့်မည်ပင်။

“ချန်ချန်..ဒီကိုလာလေ။”

သူတို့တွေ အစည်းအဝေးခန်းကို ရောက်တာနဲ့ ယူနာက ပထမတန်းမှာရှိနဲ့ အလယ်ဗဟိုကနေရာကို ညွှန်ပြလာသည်။

အခြားခုံများထက် အဲ့ဒီထိုင်ခုံကသာ နေရာလွတ်နေသည်။အခြားအရေးပါသောခုံများက နေရာယူထားပြီးဖြစ်သည်။အခန်းထဲမှာရှိတဲ့ ကျန်သောထိုင်ခုံများမှာ အခန်း၏ဘေးတစ်ဖက်စီမှ ခုံများသာဖြစ်သည်။

ကျန့်မိသားစုက ကျင်းချန်ရဲ့သရုပ်မှန်ကို ထုတ်ပြခွင့်မပြုသော်လည်း ကျင်းချန်၏အနေအထားမှာ သူတို့ထင်ထားတာထက်ကို အများကြီး ပိုမြင့်မားနေတယ်ဆိုတာကိုတော့ အခြားအနုပညာရှင်များအား အသိပေးထားသင့်သည်ဆိုတာကိုတော့ ယူနာသဘောပေါက်ပါသည်။

ကျင်းချန်အတွက်တော့…..

ယူနာမှာ ညွှန်ကြားချက်မပေးခံရရင်တောင်မှ သူမ ဘယ်လိုပဲဖြစ်ဖြစ် အလယ်ကခုံကိုပဲ ရွေးပေးရမှာဖြစ်သည်။

သူမသည် low-keyလေး မဖြစ်ချင်တာ မဟုတ်ပါဘူး။ ပြောရရင် အဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုတောင် သူမ မသိဘူးလေ။

အခုတော့ အလယ်ကခုံမှာပဲ ကျင်းချန်ထိုင်လိုက်ပြီးတာနဲ့ အနုပညာရှင်အားလုံးနဲ့ သူတို့နောက်မှာ ရပ်နေကြတဲ့ မန်နေဂျာများကလည်း သူမကို ထူးထူးဆန်းဆန်း ကြည့်နေကြလေသည်။

အလယ်ကနေရာက ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်လောက်မည်။ထိုင်ခုံမှာ ထိုင်နေရတာတင်မကဘဲ သူတို့တွေဟာ ဓာတ်ပုံလည်း ရိုက်နေခဲ့ကြတာဖြစ်သည်။ပုံရိပ်ကောင်းများ ဖန်တီးနိုင်ထားခဲ့သည့် အနုပညာရှင်များပင် အလယ်က နေရာကိုတော့ မထိုင်ရဲကြပေ။တစ်ဖက်မှာတော့ နှိမ့်ချဟန်ဖြစ်အောင် ကြိုးစားနေကြီး အခြားတစ်ဖက်မှာတော့ သူတို့ကို တခြားသူများက မုန်းတီးကြမှာကို စိုးရိမ်နေကြသည်။

သို့သော် ဖျော်ဖြေရေးနယ်ပယ်မှာ လူကောင်းကောင်းမသိသေးတဲ့ ကျင်းချန်ကတော့ သူမဘေးမှာ စီနီယာအနုပညာရှင်များစွာ ရှိနေကြတာတောင် ထိုနေရာကို ချက်ချင်းထိုင်လိုက်သည်။

“အဲ့ဒါ ဘယ်သူလဲ။”

“မသိပါဘူး။”

“သူ့ကို သိတဲ့သူရှိလား။”

“မသိဘူးလေ။”

ဘေးဘီကို မေးကြည့်ကြပေမယ့် “မသိဘူး”ဆိုတဲ့အဖြေပဲ ထွက်လာကြသည်။

မဲ့ယောက်တန်နှင့်အတူလာသည့် ယန်ယင်းလီက သရော်သလိုပြောလိုက်သည်။

“သူ့နာမည်က ကျင်းချန်လေ။အစကတော့ သူက ကျုံးဇီအင်တာတိန်းမန့်ကပဲ။အရင်က ဆဌမမြောက်အမျိုးသမီးခေါင်းဆောင်နေရာကနေ သရုပ်ဆောင်ခဲ့တာလေ။အခုတော့ ကျုံးဇီနဲ့ စာချုပ်ကို အဆုံးသတ်လိုက်ပြီး ကျွန်မတို့ဆီကို ဝင်လာခဲ့တာ။”

ကုမ္ပဏီနှစ်ခုစလုံးမှာ နာမည်ဆင်ကြသော်လည်း ကျုံးဇီအင်တာတိန်းမန့်ကတော့ တက်သစ်စကြယ်ပွင့်များသာရှိသည့် အင်တာတိန့်မန့်ဖြစ်သည်။ကျုံးပေါ်အင်တာတိန်းမန့်ကတော့ ကျန့်မိသားစု၏စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး Zနိုင်ငံ၏အင်တာတိန်းမန့်များထဲတွင် ထိပ်တန်းအင်တာတိန်းမန့် သုံးခုထဲက တစ်ခုဖြစ်သည်။

“သူက ဘယ်လိုလုပ် ကျုံးဇီနဲ့ စာချုပ်ကို ဖြတ်သိမ်းနိုင်ခဲ့တာလဲ။ကျုံးပေါ်ကိုရော ဘယ်လိုများ ဝင်လာနိုင်ခဲ့တာလဲ။သူ့ရဲ့ပျက်ဆီးသွားတဲ့ဆုံးရှုံးမှုတွေအတွက် ဘယ်သူကများ အလျော်ပေးခဲ့တာလဲ။ သူရဲ့ဘဝဇာတ်ကြောင်းက ဘာများပါလိမ့်။”

မန်နေဂျာတွေထဲက တစ်ယောက်က မနေနိုင်ဘဲ မေးလာခဲ့ခြင်းဖြစ်သည်။

“ကျွန်မလည်း သေချာမသိပါဘူး။သူ့မှာ တကယ့်ကို အင်အားကြီးတဲ့ နောက်ခံရှိကိုရှိလိမ့်မယ်။မဟုတ်ရင် အလယ်မှာ ထိုင်ဖို့သတ္တိက ဘယ်ကရမှာလဲ။သူက အဲ့ဒီနေရာမှာ ထိုင်ဖို့ အရည်အချင်းရှိလို့ ထိုင်ရဲတာနေမှာပေါ့။”

မဲ့ယောက်တန်ရဲ့ရုံးခန်းထဲကို ပြန်ရောက်တော့ အစ်မတန်က သူမကို အသစ်တစ်ခု သင်ပြပေးလိုက်ပြီဖြစ်သည်။အခြားသူတွေကို မျက်နှာချိုသွေးပြီး ဘယ်လိုသတ်ရမလဲဆိုတာပင်ဖြစ်သည်။

စာစဥ် ၆ ၊ အခန်း ၆ ။ ကျွန်မက တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်မှာလား

 

အစကတော့ ကျင်းချန်က အာဏာရှိတဲ့သူတစ်ယောက်လို့ထင်နေတာခဲ့ဖြစ်သည်။ကျုံးပေါ်က ဒရမ်မာအသစ်ဖြစ်တဲ့  “ကြေးမုံကမ္ဘာ”ဟူသော ဒရမ်မာတွင် ကျင်းချန်အား ပထမမင်းသမီးနေရာကို ပေးရန်ပြင်နေသည်ဟု ကြားတော့ သူမမှာ အရမ်းကို မပျော်မရွှင်နဲ့ မနာလိုနေခဲ့တာဖြစ်သည်။သို့သော် အခုတော့ ကျင်းချန်က တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်ရမှာကို အစ်မတန်က  အခုလေးတင်တွေ့လိုက်တာဖြစ်သည်။

ဒရမ်မာတစ်ခုမှာ တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်ရသည်မှာ မျက်စိကျစရာဖြစ်သည်ဟု ယူဆလို့ရသော်လည်း ပထမမင်းသမီးနေရာလို့ ကောလဟာလထွက်နေတာထက်တော့ သာနေသည်။

ထို့အပြင် အစ်မတန်က သူမအဖေကို ဖုန်းခေါ်ပြီး ကျင်းချန်ရဲ့သရုပ်မှန်ကို မေးကြည့်ခဲ့ပေမယ့်လဲ အနုပညာဌာန၏ဒုတိယဒါရိုက်တာဖြစ်သော မဲ့ချန်တန်သည်လည်း မသိခဲ့ချေ။ထို့ကြောင့် ကျင်းချန်မှာ ရှူးဂါးဒယ်ဒီတစ်ယောက် ရှိနေတာဖြစ်လောက်မည်ဟုပဲ ယူဆထားခဲ့သည်။ရှူးဂါးဒယ်ဒီက ကုမ္ပဏီရဲ့အလုပ်အမှုဆောင်တွေထဲက တစ်ယောက်နဲ့ သူငယ်ချင်းတွေဖြစ်လောက်မည်။ဒါကြောင့် သူမဒီroleကို ရခဲ့တာဖြစ်မည်။

ဒါကြောင့်ပဲ အခု သူမအလုပ်မှာ ကျင်းချန်ကို မြှောက်ပင့်ပေးပြီး အမြင့်ကနေ ရိုက်ချမည်ဖြစ်သည်။ရာထူးကကမြင့်လေလေ၊ပြုတ်ကျဖို့ ခက်ခဲလေလေဖြစ်သည်။

မကြာခင်မှာပဲ အစည်းအဝေးစတင်ပြီး စီမံခန့်ခွဲရေးဌာန၏ ဒုတိယဒါရိုက်တာ ဟဲကိုင်ဝေ့က အခုရောက်ရှိနေတဲ့ အနုပညာရှင်အသီးသီးအတွက် ကုမ္ပဏီက ပြုလုပ်ပေးထားသည့် အစီအစဉ်များအကြောင်းကို စတင်ပြောကြားလေသည်။

“စစ်သူကြီး၏ ကြင်သူသက်ထားမိဖုရား”အတွက် ဇာတ်ဆောင်အဖြစ် ရွေးချယ်ခံထားရသည့် မဲ့ယောက်တန်နှင့် “ကြေးမုံကမ္ဘာ”အတွက် ဇာတ်ဆောင်အဖြစ် ရွေးချယ်ခံထားရသည့် ကျင်းချန်တို့ကို အတူတူဖော်ပြထားသည်။ကျုံးပေါ်အင်တာတိန်းမန့်က ဒီပရောဂျက်နှစ်ခုစလုံးမှာ အများဆုံးရင်းနှီးမြှုပ်ထားခြင်းဖြစ်သည်။

“စစ်သူကြီး၏ ကြင်သူသက်ထားမိဖုရား”အကြောင်းကို ဒါရိုက်တာ ဟဲက အတိုချုပ်ပြောပြီးတော့ ကျင်းချန်ကို သတိပေးလာသည်။

“ “ကြေးမုံကမ္ဘာ”ရဲ့တတိယမင်းသမီးနေရာက သရုပ်ဆောင်မယ့် ကျင်းချန်။ပြီးရင် ငါ့ရုံးခန်းကို လာပြီး အတည်ပြုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပါ။မင်းက တတိယမင်းသမီးဖြစ်ချင်ဖြစ်မယ်။ဒါပေမယ့် ရိုက်ကွင်းတော်တော်များများအတွက်တော့ ပြင်ဆင်ထားရမယ်။ဒီမတိုင်ခင်က ကာရိုက်တာတွေအများကြီး သရုပ်မဆောင်ဖူးသေးဘူးလေ။ဒါကြောင့် ရိုက်ကူးနေတဲ့အတောအတွင်းမှာ အဆင်မပြေတာရှိရင်…..”

“ခဏလေးနေပါဦး။”

ဒါရိုက်တာဟဲ ပြောလို့မပြီးသေးခင်မှာပဲ ကျင်းချန်ရဲ့ နှစ်လိုဖွယ်ကောင်းသော အသံက လေးတွဲ့တွဲ့ပြောဟန်နှင့်အတူ အစည်းအဝေးခန်းထဲတွင် ဟိန်းထွက်သွားလေသည်။

ကျင်းချန်က သူ့ကို ဒီလိုရိုင်းပျစွာ ကြားဖြတ်ပြောလိမ့်မည်ဟု ဒါရိုက်တာဟဲ ထင်မထားမိပေ။ ကြားဖြတ်ပြောခံလိုက်ရချိန်မှာ သူ့မှာ အိမ်မွေ့ချခံထားရသလို မိန်းမောနေမိလေသည်။ကျင်းချန်က ထပ်ပြီး ပြောလာပြန်သည်။

“ကျွန်မက တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်ရမယ်လို့ ပြောလိုက်တာလား။”

သူ့ရဲ့စီနီယာစီကနေ ကျင်းချန်းအပေါ် ပိုပြီးကောင်းပေးသင့်တယ်လို့ သတင်းပေးလာခဲ့ပေမယ့်လည်း သူ့ပေါ်ဆက်ဆံသော ကျင်းချန်၏အပြုအမူက သူ၏ဒေါသကို လာဆွသလိုဖြစ်သွားသည်။

“မင်းသရုပ်ဆောင်ရမယ့်ကာရိုက်တာကို မသိဘူးလား။”

ဒါရိုက်တာဟဲ၏အဖြေမလိုသော မေးခွန်းက အခန်းထဲကလူများစုကို ရယ်မောစေခဲ့သည်။သူတို့မှာ သူတို့ပါးစပ်ကိုအုပ်ပြီး မအောင့်အီးနိုင်တော့ဘဲ ရယ်ကြလေတော့သည်။

အေးဆေးတည်ငြိမ်သူများကတော့ မျက်ခုံးပင့်ရုံပင့်လိုက်ကြသည်။

အချုပ်အားဖြင့် အခန်းထဲကလူတိုင်းသည် အနုပညာရှင်အသစ်လေးနှင့်ပတ်သက်၍ အပြန်အလှန်နားလည်သွားကြပြီဖြစ်သည်။

လှပသည်။တုံးအသည်။EQနိမ့်သည်ဟူ၍ပင်။

အိုး…ပြီးတော့ တစ်ခုရှိသေးသည်။စိတ်ကြီးဝင်တတ်သေးသည်။

လူသစ်တစ်ယောက်အနေနဲ့ ကုမ္ပဏီမှများများစားစား ရင်းနှီးမြှုပ်နှံထားသော ကြယ်ပွင့်ဒရမ်မာတစ်ခုမှာ တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်နိုင်သည်ကိုက အောင်ပွဲတစ်ခုဖြစ်နေပြီဖြစ်သည်။သို့သော် သူမကတော့ ဒီလိုroleသေးသေးလေးတစ်ခုကြောင့် သူမ၏အရည်အချင်းများကို ဖြုန်းတီးခံလိုက်ရသလိုလုပ်နေသည်။အခန်းထဲမှ လူတိုင်းကတော့ တကယ်ကို သူမသတ္တိကြောင့် အံ့အားသင့်သွားကြလေသည်။

သို့သော် ကျင်းချန်ကတော့ သူမကို အရှက်ခွဲဖို့ကြိုးစားနေသည့် ဒါရိုက်တာဟဲကို ကြောက်ရွံ့မနေပေ။သူမက ဆက်ပြီးတောင် ပြောလိုက်သေးသည်။

“ရှင်းပါတယ်။ကျွန်မရဲ့roleကို သိတာပေါ့။ပြီးတော့ ကျွန်မက တတိယမင်းသမီးနေရာကနေ သရုပ်ဆောင်မှာမဟုတ်ဘူးလေ။ဒါကြောင့် ဒါရိုက်တာကြီးရှင့် ဒီလောက်ရိုးရှင်းတဲ့အရာတွေကိုတောင် မှန်အောင်မလုပ်ဆောင်နိုင်ရင် အစည်းအဝေးကိုမလာခင် ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာ ဘေးဘီကို အရင်မေးကြည့်ခဲ့တာ ကောင်းမယ်ထင်တယ်။ကျေးဇူးပြုပြီး ကျွန်မရဲ့အချိန်တွေကို မဖြုန်းပါနဲ့လား။”

ဒီတစ်ခါတော့ လူအုပ်ကြီးမှာ ကျင်းချန်ကို စိတ်ကြီးဝင်နေတယ်လို့ ဆက်မတွေးကြတော့ပေ။

ဒီမိန်းကလေးက ရူးသွားပြီပဲ။

ကိုယ်တိုင်က ဘာမှမဟုတ်ဘဲ သူ့ကိုယ်သူ ဘုရင်မတစ်ပါးလို ဟန်ဆောင်နေသည့် ကျင်းချန်ကို ယန်ယင်းလီ မုန်းတီးနေမိသည်။သူမ မနေနိုင်တော့ဘဲ ပါးစပ်ကို ဟတော့မလို့လုပ်ခါရှိသေးသည်။မဲ့ယောက်တန်ဆီမှ သူမကို စိုက်ကြည့်ခံလိုက်ရတော့ ချက်ချင်းပဲ ပါးစပ်ကို ပိတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

သူမ နားမလည်နိုင်ပေ။ဒီလူသစ်မိန်းကလေးမှ ရှူးဂါးဒယ်ဒီတစ်ယောက်ရှိရုံပဲကို ဘာလို့များ သူတို့က သူမကို ကြောက်ပြနေရမှာလဲ။

သို့သော် သူမသည် အစ်မတန်ရဲ့လူအဖြစ်နဲ့ အစ်မတန်အတွက် အလုပ်လုပ်ပေးမည်ဟု မဲ့ယောက်တန်ကို ကတိပေးထားပြီးဖြစ်သည်။ထို့ကြောင့် ဒေါသမီးတွေတောက်လောင်နေသည့် ယန်ယင်းလီမှာ ရွေးချယ်စရာမရှိဘဲ သူမနှလုံးသားထဲမှာပဲ ဒေါသမီးတောက်ကို ဖိနှိပ်ထားရတော့သည်။

“ဟမ့် စိတ်ကြီးဝင်နေတဲ့ အနုပညာရှင်တွေကို တွေ့ဖူးခဲ့ပေမယ့် မင်းလိုသွေးနားထင်ရောက်နေတဲ့သူကိုတော့ မမြင်ဖူးသေးဘူး။မင်းနောက်မှာ ရှိနေတာက မင်းမန်နေဂျာပဲ။ပြီးတော့ ဒီကိစ္စကို သူက တခြားသူတွေထက် ပိုပြီးတော့ ကောင်းကောင်းသိလိမ့်မယ်။”

ဒါရိုက်တာဟဲက သရော်သလို ရယ်သွမ်းပြီးပြောလာလေသည်။

 

 

 

 စာစဥ် ၆  ၊ အခန်း ၇ ။ စိတ်ဆိုးပါနဲ့

 

ဒေါသပေါက်ကွဲထွက်တော့မည့် ကျင်းချန်ကိုမြင်တော့ အနောက်မှာထိုင်နေတဲ့ ယူနာက ချက်ချင်း ကိုယ်ကိုကိုင်းပြီး အရှေ့ကိုတိုးလာလေသည်။သူမ ကျင်းချန်ကိုပြောလိုက်သည်ကတော့

“ချန်ချန် ဒီအစည်းအဝေးပြီးရင် မင်းကို ပြောပြပါ့မယ်။”

သူမထိုင်ခုံကို ပြန်ထိုင်တော့မလို့လုပ်နေချိန်မှာ ကျင်းချန်ရဲ့ အသံက တော်ဝင်အရှင်သခင်တစ်ယောက်လို အခန်းထဲမှာ ဟိန်းထွက်လာပြန်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီဒုတိယဒါရိုက်တာရဲ့ ရှေ့မှာပဲပြောလိုက်စမ်းပါ။ဖြစ်နေတဲ့အရာတွေကို သိနေကြတဲ့ နှစ်ယောက်စလုံးက ဒီအချက်ကို ရှောင်ကျဉ်ကြတာ အကောင်းဆုံးဖြစ်လောက်မယ်ဆိုပေမဲ့ ကျွန်မကတော့ မလုပ်နိုင်ဘူး။ကျွန်မက ပထမမင်းသမီးနေရာကနေ တတိယမင်းသမီးနေရာကို ဘယ်ကနေ ဘယ်လို ပြောင်းသွားသလဲဆိုတာ ကျွန်မကိုတော့ အရင်အသိပေးသင့်တာပေါ့။”

ကျင်းချန်ရဲ့စကားတွေက ယူနာကို ချက်ချင်းအေးခဲသွားစေလေသည်။သူမဘေးကို လှည့်ကြည့်လာတော့ အံ့ဩတုန်လှုပ်နေပြီး ဒီမိန်းမကတော့ သူမကို စိတ်ရှုပ်ခံပြီးတော့တောင် ကြည့်မနေခဲ့ပေ။

“ချန်ချန်..တော်လိုက်ပါတော့။ကုမ္ပဏီက ဒီကိစ္စကို ဆုံးဖြတ်ထားပြီးသားလေ။ဒီအတိုင်းပဲ သဘောတူလိုက်ကြရအောင်။အစ်မတို့ နောက်နောင်မှာ ပိုပြီး အခွင့်အရေးတွေ ရလာနိုင်ပါသေးတယ်။”

ယူနာပြောလိုက်တာတွေက ဘာမှမမှားနေပေ။ကုမ္ပဏီကအများကြီး ရင်းနှီးမြှုပ်နှံပေးထားတဲ့ ဒရမ်မာမှာ အနုပညာရှင်အသစ်လေးကို တတိယမင်းသမီးနေရာကို လက်ဆောင်အဖြစ် ပေးထားခဲ့ပြီးပြီဖြစ်သည်။သူမက သူမကသာ အမြီးအမောက်မတည့်နေတာ။ ပထမမင်းသမီးနေရာတဲ့။သူမက ကျိုးကြောင်းဆီလျော်မနေဘူးမလား။

“ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်တဲ့လား။ဒီအကြောင်းကို သိထားတဲ့သူက ဘယ်လိုလုပ် အစ်မတစ်ယောက်တည်း ဖြစ်နေရတာလဲ။ကျွန်မကတော့ ဘာလို့မသိရတာလဲ။ဒါမှမဟုတ် ကျွန်မ အထင်လွဲနေတာ တစ်ခုခုရှိနေတာများလား။အစ်မက တကယ်ပဲ တခြားတစ်ယောက်ရဲ့မန်နေဂျာများလား။”

ကျန်းချန်က သူမကို ဒီလိုထုတ်ပြောလာလိမ့်မယ်လို့ ယူနာလည်း မမျှော်လင့်ထားခဲ့ပေ။အံ့ဩလွန်းလို့ သူမ၏ ဦးရေပြားထုံသွားတဲ့အထိတောင် ဖြစ်သွားသည်။တကယ်လို့ ကျင်းချန်၏ခွင့်ပြုချက်မရှိဘဲ သူမရဲ့roleကို ပြောင်းလဲပစ်ခဲ့တာသာ ကျန့်မိသားစုသိသွားခဲ့ရင် သေချာပေါက် သူမပဲ ဒုက္ခကြီးကြီးရောက်မှာဖြစ်သည်။

“ကျွန်မကတော့ ဂရုမစိုက်ပါဘူး။ဒီကိစ္စအတွက် ကျွန်မကို ရှင်းပြချက်တစ်ခုခုပေးတာ ကောင်းမယ်ထင်တယ်။ကျွန်မရဲ့ ပထမမင်းသမီးနေရာကို ဘယ်သူက ယူသွားတာလဲ။ဒါက ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ဆိုတော့ အဲ့ဒီဆုံးဖြတ်ချက်ကို ဘယ်သူက ဆုံးဖြတ်ခဲ့တာလဲ။ရှင်လား။”

ကျင်းချန်က ဒါရိုက်တာဟဲကို စိုက်ကြည့်နေလေသည်။သူမမျက်ဝန်းတွေက စူးရှနေပြီး ကြောက်ရွံ့မှုလည်း ရှိမနေပေ။

ထိုအခါ ဒါရိုက်တာဟဲမှာ ဆွံ့အသွားပြီး ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲတောင် မသိတော့ချေ။

အဘယ်ကြောင့်ဆိုသော် အထက်လူကြီးများက “ကြေးမုံကမ္ဘာ”ဇာတ်လမ်းတွဲမှာ ကျင်းချန်အတွက် အထူးသီးသန့်ပြင်ဆင်ထားသည့် ဇာတ်လမ်းတွဲဖြစ်ကြောင်း သူ့ကို သတင်းပေးထားပြီးသားဖြစ်သည်။ထို့ကြောင့် သူမကသာ ရိုက်ကွက်တွေကို ခေါ်ပေးနိုင်တဲ့သူဖြစ်သည်။

သို့သော် ကျင်းချန်၏မန်နေဂျာက ကျင်းချန်ရဲ့ကိစ္စတွေကို သူမတာဝန်ယူပါတယ်လို့ သူ့ကို လာပြောခဲ့တာဖြစ်သည်။

မန်နေဂျာနှင့် ဆွေးနွေးပြီးနောက် သူက အချို့သောကတိကဝတ်များကို ရရှိလိုက်သည်။ထို့ကြောင့် ကျင်းချန်၏နှင့် သူကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်သည်။

သို့ရာတွင် ယခုမူ ကျင်းချန်ကတော့ ငြင်းဆန်နေလေသည်။

သူအရင်က ကျင်းချန်ကို တစ်ခါပဲ မြင်ဖူးခဲ့ပြီး ကျင်းချန်က ယူနာကို အတော်လေး နာခံတတ်တာကို တွေ့ခဲ့ရသည်။ထို့ကြောင့် ယူနာက ကျင်းချန်ကို ထိန်းချုပ်ထားတဲ့သူဟုပင် ထင်ခဲ့သည်။

ဒါပေမဲ့ အခုအခြေအနေကိုကြည့်ရတာတော့ ကျင်းချန်က ထိန်းချုပ်ခံတတ်တဲ့သူမဟုတ်တဲ့ပုံပင်။

တစ်ခုခုမှားနေပြီဆိုတာ သိသွားတဲ့ ဒါရိုက်တာဟဲက ချက်ချင်းပဲ ကျင်းချန်ဘက်ကို လှည့်ပြီး မေးလိုက်လေသည်။

“ဘာတွေဖြစ်ကုန်တာလဲ။ဒီကိစ္စကို မင်းပဲ ကိုယ်တွယ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”

ဒါရိုက်တာဟဲက သူမကို စစ်မေးတဲ့အခါ ယူနာမှာ ကြောက်လွန်းလို့ ဦးရေပြားပါထုံသွားလေသည်။သူမက နေရခက်နေတဲ့ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ချန်ချန်က အရင်ကတော့ ဒီကိစ္စကို ကျွန်မဆီ လွှဲထားတာပါ။ဒါပေမဲ့ လှေကားပေါ်က ပြုတ်ကျပြီး အခုရက်ပိုင်း အတိတ်မေ့သွားပါတယ်။ဒါကြောင့် သူပေးခဲ့တဲ့ကတိတွေကို မေ့သွားတာဖြစ်မယ်။”

ထို့နောက် သူမက ကျင်းချန်ဘက်ကို လှည့်ကာ ပြောလိုက်သည်။

“ချန်ချန် ဒီကိစ္စအတွက် မင်း အစ်မကို လုံးဝ ဆုံးဖြတ်ပိုင်ခွင့်ပေးထားခဲ့ပေမဲ့ အခုရက်ပိုင်း မင်းရဲ့မှတ်ဉာဏ်တွေ ပျောက်နေခဲ့တာလေ။..ကြည့်လေ ဒီကိစ္စဆို ဆုံးဖြတ်ပြီးသားပဲ။အစ်မကို အခက်တွေ့အောင် လုပ်နေတာလား။”

“ဒီတော့ ကျွန်မက ရှင့်ကို အခက်တွေ့အောင် လုပ်နေတယ်ပေါ့လေ။ဒီအခန်းထဲမှာ လူတွေအများကြီးရှိနေတာပဲ။ဘာလို့ သူတို့ကို မမေးလိုက်တာလဲ။တကယ်လို့ သူတို့ရဲ့မှတ်ဉာဏ်တွေ ပျောက်နေခဲ့ရင်တောင် ရှိုးတစ်ခုမှာ ပထမခေါင်းဆောင်ဖြစ်ရမှာကို စွန့်လွှတ်လိုက်ဖို့ သူတို့မန်နေဂျာကို ကတိပေးကြပါ့မလား။သူတို့မှတ်ဉာဏ်တွေ မဆုံးရှုံးခင်မှာပဲလေ။ကျွန်မခေါင်းက ထိခိုက်သွားခဲ့တာမှန်ပါတယ်။ဒါပေမယ့် အရင်ကတည်းက ကျွန်မက အရူးမှမဟုတ်တာ။ဘာလို့ ပထမမင်းသမီးနေရာကို စွန့်လွှတ်ပေးလိုက်ရမှာလဲ။ကျွန်မအတွက် ဘာကောင်းကျိုးများ ရနိုင်မှာမလို့လဲ။”

စကားပြောနေရင်းနဲ့ ကျင်းချန်က သူမထိုင်ခုံကနေ ဖြည်းဖြည်းချင်းချင်းထပြီး လှည့်ကြည့်လာသည်။သူမက ယူနာကို ဖော်ရွေတဲ့အမူအရာလေးနဲ့ ကြည့်နေခဲ့ပေမဲ့ သူမမျက်ဝန်းတွေကတော့ ရေခဲတမျှ အေးစက်နေခဲ့လေသည်။

 

 

စာစဥ် ၆ ၊ အခန်း ၈ ။ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့တာလား

အခန်းထဲမှ လူတိုင်းသည် အံ့အားသင့်သွားကြတော့သည်။

တကယ်ပဲ သူမက အစကတည်းက ရှိုးရဲ့ ပထမမင်းသမီးအဖြစ် ယာထားခံရတာ အမှန်ပဲလား။

ဒါသာ အမှန်ဖြစ်ပြီး သူမမန်နေဂျာကသာ တခြားသူနဲ့ လက်တွဲကာ ကိစ္စတွေကို ရှုပ်ထွေးစေခဲ့ရင် တကယ့်ကို အမှုအခင်းဖြစ်တော့မှာသေချာသည်။

ယူနာ၏မျက်နှာထားမှာ ဆိုးရွားစွာ ပြောင်းလဲနေတာကို မြင်တာနဲ့ သူမ၏မျက်လုံးများမှာ ဆက်ပြီး သတိပေးနေရင်း ကျင်းချန်၏စိတ်အခြေအနေမှာ ခွေးကို ရေထဲမှာ အနိုင်တိုက်ချင်နေသည်မှာ စတင်ပြီး အထိန်းအကွပ်မဲ့နေတဲ့ ကမ္ဘာကြီးကို ကြီးစိုးခြယ်လှယ်သင့်သည့် အောင်နိုင်သူလိုပင်။

“ဘာလို့ ဘာမှ မပြောကြတာလဲ။ဒီအခန်းထဲက လူတွေအားလုံးရဲ့ရှေ့မှာ ပြောလိုက်စမ်းပါ။ကျွန်မရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အကျိုးအမြတ်အတွက် ဘာများ ထည့်သွင်းစဉ်းစားပေးခဲ့ဖူးလဲ။ဘာလို့ ကျွန်မရဲ့roleကို ယူဖို့အတွက် တခြားတစ်ယောက်နဲ့ ပူးပေါင်းလိုက်ရတာလဲ။”

“ချန်ချန် မင်းရဲ့မှတ်ဉာဏ်တွေက ဆုံးရှုံးသွားခဲ့တာလို့ ပြောခဲ့တယ်လေ။”

“ဒီတော့ ကျွန်မရဲ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့တယ်။ပြီးတော့ အခုဆို ရှင်က အပြင်လူနဲ့ပူးပေါင်းပြီး ကိုယ့်ရဲ့အနုပညာရှင်အကျိုးကို ထိခိုက်အောင်လုပ်မလို့လား။ဒီလိုလုပ်တာက ကျွန်မတို့စာချုပ်ကို ချိုးဖောက်တာပဲမလား။”

ယူနာ၏မျက်နှာမှာ စကားလုံးနှင့်ဖော်ပြ၍ မရလောက်အောင် အကျည်းတန်နေတော့သည်။

 သရုပ်ဆောင်အပြောင်းအလဲရှိသည်ဆိုသည့် သတင်းကိုကြားပြီး နောက်တစ်နေ့မှာ ကျင်းချန် ဘာကြောင့် လိုက်လျောညီထွေဖြစ်နေသလဲဆိုတာ နောက်ဆုံးတော့ သိလိုက်ရပြီဖြစ်သည်။သူမက ဒီနေ့လို အခွင့်အရေးမျိုးကို စောင့်နေခဲ့တာဖြစ်မည်။

ယူနာက သူမရဲ့ကိုယ်ပိုင်အနုပညာရှင်ရဲ့အကျိုးကို ထိခိုက်စေတဲ့အကြောင်းနဲ့ စာချုပ်ကို ချိုးဖောက်လိုက်ကြောင်းကို လူတိုင်း သိစေချင်နေခဲ့တာဖြစ်သည်။တကယ်လို့ သူမနှင့် ယူနာကြားမှာ သီးသန့်ချုပ်ဆိုထားသည့် စာချုပ်ကို ပယ်ဖျက်နိုင်မယ်ဆိုရင် ကျင်းချန်က သူမကို တရားစွဲတာပါ လုပ်နိုင်တော့မည်ဖြစ်သည်။

ကျင်းချန်က သူမကို တကယ်ပဲ ထောက်ချောက်ဆင်ထားခဲ့တာဖြစ်ပြီး သူမကလည်း အမှန်တကယ် ထောင်ချောက်ထဲ ကျသွားခဲ့ပြီဆိုတာကို ယူနာခံစားနားလည်လိုက်တော့သည်။

ယူနာလည်း ရွေးချယ်စရာမရှိသောကြောင့် ဖိအားပေးခံရသလို ပြောလာသည်။

“မင်းပြောတာမှန်ပါတယ်။ဒီကိစ္စမှာ မင်းအတွက်အကျိုးအမြတ်တွေကို ကြိုမြင်ခဲ့ပေမဲ့ မင်းကပဲ ဒီကိစ္စတွေကို ငါ့ဆီ တာဝန်လွှဲခဲ့တာပဲလေ။ငါတို့ ကတိပေးခဲ့ကြတယ်။အဲ့ဒါကို စာချုပ်ထဲတောင် ထည့်ရေးခဲ့တယ်လေ။”

“စာချုပ်ထဲမှာ ကျွန်မရေးခဲ့ရတဲ့အကြောင်းက ကျွန်မ ရှင့်ကို ယုံကြည်ခဲ့လို့လေ။ဒါပေမဲ့ ရှင်ကတော့။ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ယုံကြည်မှုကို အသုံးချပြီး တခြားတစ်ယောက်ကို အခွင့်အရေးတွေ ပေးပစ်လိုက်တယ်။တကယ်လို့ ကျွန်မတို့ အရင်က သဘောတူညီထားတာရှိခဲ့ကြရင်တောင် ကျွန်မကို အန္တရာယ်ပေးလာမဲ့ အရာမျိုးတော့ မေးခွန်းထုတ်ခွင့်ပေးနေမှာမဟုတ်ဘူး။ဒါမှမဟုတ် ရှင်က ကျွန်မကို တခြားတစ်ယောက်ဆီ ရောင်းစားလိုက်တယ်ထားပါတော့။အဲ့ဒီလိုဆို ကျွန်မက ဆက်ပြီး ကံကောင်းနေနိုင်ပါ့ဦးမလား။”

ယူနာမှာ ဆွံ့အသွားရလေတော့သည်။

ကျင်းချန်က ဒီကိစ္စကို ဆက်ထိန်းထားပြီး နောက်ဆုံးမှာ ယူနာတစ်ယောက် ကျဉ်းထဲကျပ်ထဲရောက်ရင် ဘယ်လိုခံစားရသလဲဆိုတာ အတွေ့အကြုံရှိသွားပြီဖြစ်သည်။

“ဒီကိစ္စကို ဆက်စပ်ကြည့်တော့ အစ်မ အဲ့ဒီလိုမတွေးခဲ့မိဘူး။အစ်မတောင်းပန်ပါတယ် ချန်ချန်။”

“ကျွန်မက တောင်းပန်တာကို လိုချင်နေတာမဟုတ်ဘူး။တကယ်လို့ တောင်းပန်တာကသာ အသုံးဝင်ရင် ဘာကိစ္စ ရဲတွေကို လိုအပ်နေဦးမှာလဲ။”

“ဒါပေမဲ့ ဆုံးဖြတ်ချက်ကတော့ ချပြီးနေပြီ…ဘာလို့များ အခုတော့ ဒီအတိုင်း မထားလိုက်နိုင်ရတာလဲ။ နောက်နောင်မှာ ငါ့ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကို မင်းနဲ့ အတူ ဆွေးနွေးဖို့ ကတိပေးပါတယ်။”

ယူနာက သူမကိုယ်သူ အနိမ့်ဆုံးထိ မာန်ချထားခဲ့ပြီဖြစ်သည်။

“ဆုံးဖြတ်ခဲ့ပြီးသား??ဆုံးဖြတ်ချက်ချတဲ့သူက ဘယ်သူလဲ။ရှင်လား။ရှင်က ဒီရှိုးထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့သူမို့လို့လား။ရှင့်ကို ဆုံးဖြတ်ပိုင်ခွင့်ထားခဲ့လို့လား။ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့ရပေမဲ့ ရှင် ဆုံးဖြတ်ချက်တစ်ခုမချခင် ကျွန်မနဲ့ ဆွေးနွေးတာက ပိုကောင်းဦးမယ်။အခုတော့ ရှင်သွားပြီး ကျွန်မအတွက်  ပထမမင်းသမီးနေရာကို အရဖမ်းသင့်ပြီ။ကျွန်မ ရှင့်ကို အချိန်တစ်ပတ်ပေးမယ်။တကယ်လို့ မလုပ်နိုင်ရင်တော့ ရှင် ကျွန်မကို လျော်ကြေး ယွမ်တစ်ဘီလီယံ ပေးရလိ့မ်မယ်။”

“တစ်ဘီလီယံ??”

ယူနာ၏မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။

“မင်းက လူသစ်တစ်ယောက်ပဲရှိသေးတာလေ။ပြီးတော့လဲ အပိုင်းတစ်ပိုင်းအတွက် အများဆုံးပေးနိုင်ရင်ဆိုရင်တောင်  ရှစ်သိန်းပဲပေးမှာလေ။ခုဟာက ပိုင်း(၃၅)ပိုင်းပါတဲ့ ဒရမ်မာဆိုတော့ (၂၈)မီလီယံလောက်ပဲ ပေးမှာ။ အဲ့ဒါကိုတောင် မင်းကတော့ တစ်ဘီလီယံလောက်တောင်းနေတာတဲ့လား”

“ဟုတ်တာပေါ့။ဒါဖြင့် လျော်ကြေးက ဘယ်လောက်ဖြစ်သင့်တာလဲ။”

ကျင်းချန်က အပြုံးမျက်နှာလေးနဲ့ ပြန်ပြောလာတယ်။

“ကျွန်မက လူသစ်တစ်ယောက် ဖြစ်ချင်ဖြစ်နေမယ်။ဒါပေမယ့် တစ်ပိုင်းချင်းစီကရတဲ့ ငွေပမာဏကိုတော့ ရှင်ဆုံးဖြတ်လို့မရဘူးလေ။ကျုံးပေါ်နဲ့ စာချုပ်ချုပ်ထားတာ ကျွန်မလေ။သူတို့ကလည်း ကျွန်မကို တစ်ပိုင်းချင်းစီအတွက် သုံးသန်းပေးဖို့ ဆန္ဒရှိနေတာပဲ။(၃၅)ပိုင်းဆို စုစုပေါင်း ကျွန်မ ရရမှာက တစ်သန်းပဲလေ။ရှင်ရဲ့လုပ်ရပ်တွေက ကျွန်မကို တစ်ဘီလီယံ ကုန်သွားစေရုံတင်မဘူး။ဒီဇာတ်လမ်းကနေ ကျွန်မရနိုင်မယ့် အဆုံးမရှိတဲ့ အခွင့်အလမ်းတွေနဲ့အတူ အောင်မြင်ကျော်ကြားမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးသွားစေတယ်။ဒါကြောင့် ရှင်ကို တစ်သန်းမတောင်းလို့ ကျွန်မက ဘယ်လောက်များ ရသင့်တာလဲ။”

သူမပြောသွားတာတွေကို လူတိုင်းက ကြားတော့ အသက်ပြင်းပြင်း မရှူဘဲမနေနိုင်ကြတော့ပေ။

တစ်ပိုင်းကို သုံးသန်းတဲ့လား။

တက်သစ်စခေါင်းဆောင်မင်းသမီးလေးရဲ့ ရရှိမယ့် ငွေပမာဏတဲ့။

ကျင်းချန်နဲ့ ကျုံးပေါ်က ဘယ်လိုဆက်ဆံရေးမျိုးများ ရှိနေကြတာလဲ။

 

 

 စာစဥ် ၆ ၊ အခန်း ၉ ။ လုပ်ရဲရင်လုပ်ကြည့်လိုက်လေ

 

“ကျင်းချန် လုပ်ရဲရင်လုပ်ကြည့်လိုက်လေ။မင်း ဘာလုပ်ခဲ့သလဲဆိုတာ ငါ မဖော်လောက်ဘူးတော့ ထင်မနေနဲ့။”

ယူနာ၏မျက်နှာမှာ ဒေါသကြောင့် အငွေ့ပျံမတတ်ပင်။

“ကျွန်မကို ဖော်ထုတ်မယ်??”

ကျင်းချန်က ရယ်လေသည်။

“ရှင်ပြောနေတာက ကျွန်မကပဲ အရှက်ရစရာ တစ်ခုခု လုပ်ထားသလိုနဲ့။ကျွန်မက သကြားဖေဖေများ ရှာနေလို့လား။ဒါမှမဟုတ် မယားငယ်များ လုပ်နေလို့လား။အမှန်သာဖြစ်နေခဲ့ရင် ရှင်ကြိုက်သလို ပြောလို့ရတယ်။လူတွေကို ပေးသိရမှာ ဘာကိုမှ ကြောက်နေမှာမဟုတ်ဘူး။တကယ်လို့ ကျွန်မအကြောင်းကို သောက်ရေးမပါတာတွေ ဖော်ထုတ်ချင်ရင်တော့ အရင်ဖော်ထုတ်လိုက်စမ်းပါ။တကယ်လို့ လုံလောက်အောင် ပေါက်ကွဲနိုင်ရင်တော့ လျော်ကြေးငွေတစ်ဘီလီယံကို စွန့်လွှတ်ဖို့ ဖြစ်နိုင်ပါတယ်။”

ကျန့်မိသားစုက ကျင်းချန်၏သရုပ်မှန်ကို မကြေညာခဲ့ခြင်းက အရင်ပိုင်ရှင်၏တောင်းဆိုချက်အရ လက်ခံပေးခဲ့တာဖြစ်သည်။သူမ ဒီလို သရုပ်မှန်ကို ဖုံးကွယ်ထားရခြင်းအကြောင်းမှာ ချင်းရီကို ချစ်နေဆဲ ဖြစ်နေခဲ့တာကြောင့်ဖြစ်သည်။သူမ၏အစီအစဉ်မှာ နောင်တွင် စည်းစိမ်ဥစ္စာနှင့် ကျော်ကြားမှုတွေကို ရရှိပြီးတာနဲ့ ချင်းရီနှင့် ပြန်ပေါင်းထုတ်မည်ဖြစ်သည်။ပြီးတော့ သူမ ဘယ်တုန်းကမှ လက်မထပ်ဖူးတဲ့အတိုင်း ဟန်ဆောင်နေနိုင်မှာဖြစ်သည်။

သို့သော် အခုကျင်းချန်က ယခင်ပိုင်ရှင် မဟုတ်တော့ပေ။သူမ၏သရုပ်မှန်ကို လူတွေသိသွားမှာနဲ့ပတ်သက်ပြီး ဘာဖိအားမှ မခံစားရပေ။ဒီအခန်းထဲက လူတိုင်း သူမအကြောင်းကို သိသွားတာနဲ့ သူတို့တွေက သူမကို အတော်လေး လေးစားပြီး မျက်နှာချိုသွေးဖို့ ကြိုးစားလိမ့်ဦးမည်ဟုပင် သူမ ခံစားနေရသည်။

ယူနာသည် သူမစိတ်အတွင်း၌ ဖြစ်ပေါ်နေသည့် ဒေါသနှင့်စပ်လျှဉ်း၍  ဘာမှလုပ်နိုင်တာမရှိပေ။ပြီးတော့ ရုတ်တရက်ကြီး အသုံးမကျသလို ခံစားလိုက်ရသည်။

အခုဆို ကျင်းချန်ကို ထိန်းချုပ်လို့ မရတော့ဘဲ သူမလက်အောက်တွင် ဆက်ထားလို့မရတော့ကြောင်းကို ခံစားနားလည်လိုက်သည်။

ဒါရိုက်တာဟဲရဲ့မျက်နှာမှာလည်း အတော်လေးကိုကြည့်ရဆိုးနေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အမှုဆောင်အဖွဲ့ဝင်များနှင့် ကိစ္စတွေကို အခြေချထားပြီးပြီဖြစ်၍ မနက်ဖြန်တွင်ပင် တရားဝင်ကြေငြာတော့မှာဖြစ်သည်။သို့သော် တတိယမင်းသမီးက မလိုက်နာနိုင်ဘဲ ပထမမင်းသမီးဖြစ်ဖို့ အခွင့်အရေးကို တောင်းဆိုနေလေသည်။

သူက ဒီကိစ္စတွေကို စီစဉ်ပေးခဲ့တဲ့သူဖြစ်လေသည်။ဒါက ဒီအလုပ်ကနေ အကျိုးအမြတ်များ သူရရှိထားပြီ ဖြစ်ကြောင်း သဘောရသည်။

အခုတော့ ကျင်းချန်က ဇာတ်ကွက်တစ်ခုကို ဖန်တီးနေပြီး ယူနာကလည်း ဒုက္ခအသေးစားလေး ရောက်နေလေပြီ။ဒီနေရာတွင် အရေးအကြီးဆုံးအချက်မှာ ဒီကိစ္စကြောင့် သူတကယ်ကို စိတ်သောကရောက်နေရတာပင်။

“တော်လောက်ပြီ။မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်နေသလဲဆိုတာ ငါဂရုမစိုက်ဘူး။ဒါပေမဲ့ ငါကတော့ ယူနာပြောတာပဲ နားထောင်မှာ။ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း သူ့ကို အာဏာကုန်လွှဲထားခဲ့ပြီးသားလေ။ပြီးတော့ သူ့ကို ဒီအကြောင်းမေးတောင်မမေးခဲ့ဘူး။ဒါကြောင့် တစ်ခုခုဖြစ်လာခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံရထိုက်တဲ့သူက မင်းတစ်ယောက်တည်းပဲ။မနက်ဖြန်ကျရင် တရားဝင်ကြေညာမယ်။ဘယ်လိုပဲ အပြောင်းအလဲတွေ ဖြစ်ဖြစ် မင်းအတွက် ပထမမင်းသမီးဖြစ်နိုင်ဖို့က အရမ်းကို နောက်ကျသွားပြီ။ဒီကိစ္စကို နောက်မှ ဆွေးနွေးကြမယ်။မင်းရော ယူနာရော နှစ်ယောက်စလုံး ဒီကိစ္စကို မင်းတို့နှစ်ယောက်ကြားမှာပဲ ဖြေရှင်းသင့်တယ်။”

“ဟမ် ကျုံးပေါ် အင်တာတိန်းမန့်ရဲ့ စီမံခန့်ခွဲရေး ဌာနက ဒုတိယဒါရိုက်တာက ယူနာပြောတာကိုပဲ နားထောင်တယ်ပေါ့။သူက ဘယ်သူမို့လဲ။ရှင့်အမေမို့လား။သူပြောတာကိုပဲ နားထောင်မယ်ဆိုတော့ ဒါကလည်း ရှင့်ကုမ္ပဏီမို့လား။ခုနက ပြောလိုက်တဲ့ အမိုက်စား စကားကြောင့် ရှင့်ကို တမ်းတမ်းစွဲဖြစ်သွားမယ်လို့ ထင်နေတာလား။ဒါမှမဟုတ် ကျုံးပေါ်က ကုမ္ပဏီကို လျစ်လျူရှုပြီး ယူနာရဲ့အမိန့်ကိုပဲ နာခံဖို့ အခွင့်အရေးများ ပေးထားလို့လား။”

ထို့နောက် သူမက မတ်တတ် ထရပ်လိုက်သည်။

“ဒီအစည်းအဝေးမှာ ကျွန်မရှိနေဖို့ မလိုဘူးထင်တယ်။ကျွန်မ မပါဘဲ ဆက်ဆွေးနွေးကြပေါ့။”

ပြီးတာနဲ့ သူမ အစည်းအဝေးခန်းထဲကနေ ထွက်လာခဲ့သည်။

ဒါရိုက်တာဟဲ၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။

သူလည်း ကျင်းချန်က ထောက်ပံ့မှုအချို့ရှိနေလောက်မည်ဟု သတိထားမိခဲ့ပါသည်။မဟုတ်ရင် ဒါရိုက်တာက ကိုယ်တိုင်ကိုယ်ကျ သူမကို ပိုပိုသာသာ ဂရုစိုက်ပေးဖို့ပြောမှာမဟုတ်ချေ။တကယ်လို့ ကျင်းချန်ကသာ ဒါရိုက်တာကို သွားရှာပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးလိုက်ရင် ဘာတွေဖြစ်သွားမလဲ။ဒီအလုပ်ကနေ သူရခဲ့တဲ့အကျိုးအမြတ်တွေကို ရှာတွေ့သွားကြမှာမဟုတ်လား။

“ကျင်းချန် တော်လိုက်တော့။”

ဒါရိုက်တာဟဲက ထိတ်လန့်သွားပြီး ကျင်းချန်နောက်ကို အပြေးအလွှားလိုက်ကာ အော်ဟစ်လေတော့သည်။

ယူနာကတော့ အပြင်ကို အလန့်တကြားနှင့် ပြေးထွက်သွားတော့သည်။

အစည်းအဝေးအခန်းထဲကနေ ထွက်လာတာနဲ့ ဒါက အသုံးမဝင်ဘူးဆိုတာ သူမ သဘောပေါက်သွားတော့သည်။ထို့နောက် သူမသည် ချင်းရီကို ဖုန်းဆက်ကာ အကူအညီတောင်းလေသည်။

ချင်းရီလည်း စိတ်သောက ရောက်လာတော့သည်။သူ၏ပထမဆုံး အမျိုးသားဇာတ်ဆောင်နေရာကို လွဲချော်သွားမှာ စိုးထိတ်နေခဲ့ရသည်။ထို့ကြောင့် သူက ချက်ချင်း တခြားဖုန်းနံပါတ်ကို အသုံးပြုပြီး ကျင်းချန်ကို ခေါ်လိုက်သည်။

 

 

 

စာစဥ် ၆ ၊ အခန်း ၁၀ ချိန်းဆိုထားတာ ရှိပါသလား

 

သူမ တကယ်ကို နားမလည်နိုင်တော့ပေ။ဘာကြောင့် ဒီလူတွေက အရင်ပိုင်ရှင်ကို အလွယ်လေး လှိမ့်ပြီး လွှင့်ပစ်လို့ ရမယ်လို့ ထင်နေကြတာလဲ။ပိုချစ်မိတဲ့သူက အရူးလို ဆက်ဆံခံရထိုက်တာလား။

သူက အရင်ပိုင်ရှင်ရဲ့စည်းစိမ်ဥစ္စာတွေကိုပဲ လိုချင်နေခဲ့တာ။ဒါပေမဲ့ သူက သူမကိုလှည့်စားပြီး အော်တောင် အော်လိုက်သေးတယ်။အခုဆို သူမက ဒီကိစ္စကို ကျော်ချသွားလိမ့်မယ်လို့ ထင်နေကြတယ်လေ။

ဟမ့်…သူမ အမြဲတမ်း တစ်ယောက်တည်း နေဖို့ ဆုံးဖြတ်ခဲ့မိတာ တော်သေးတယ်။

ဒါရိုက်တာဟဲနဲ့ ယူနာတို့က ကျင်းချန်နောက်ကို ပြေးလိုက်ကြလေသည်။အခန်းထဲမှာ ရှိကြတဲ့ အနုပညာရှင်တွေကလည်း တစ်ယောက်ကိုတစ်ယောက် တအံ့တဩကြည့်နေကြလေသည်။

“ကျင်းချန်မှာ ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ။”

လူတစ်ယောက်က ထပ်ပြီး မေးလိုက်သည်။

ဒီအချိန်မှာ လူတိုင်းက ယန်ယင်းလီဘက်ကို လှည့်ကြည့်လာကြသည်။သူမက ဖြေနိုင်လောက်မယ်လို့ မျှော်လင့်နေကြရင်းပင်ဖြစ်သည်။

သို့သော် ယန်ယင်းလီကတော့ ကြက်သေသေနေခဲ့သည်။သူမ ဘယ်တုန်းကမှ ကျင်းချန်ကို ဒီလောက်ထိ အာဏာရှိလိမ့်မည်ဟု စိတ်ကူးတောင် မယဉ်ခဲ့ဖူးပေ။အများကြီးရင်းနှီးမြှုပ်နှံထားရတဲ့ ဇာတ်လမ်းတွဲမှာ ပါမယ့် သရုပ်ဆောင်စာရင်းကိုတောင် အမိန့်ပေးနေသေးသည်။

သူမက ကျုံးဇီကနေရောက်လာတဲ့ အနုပညာရှင်ငယ်လေးပဲ မဟုတ်ဘူးလား။သူမက ဘယ်သူနဲ့ အဆက်အစပ်ရှိနေရတာလဲ။

ကျင်းချန်က အခန်းထဲကနေ အစောဆုံး ထွက်လာခဲ့သူဖြစ်သည်။ထို့ကြောင့် သူမ ဓာတ်လှေကားထဲကို ဝင်လိုက်တာနဲ့ ဒါရိုက်တာဟဲနဲ့ ယူနာတို့လည်း သူမနှင့်အတူ လိုက်ဝင်ရန် မဖြစ်နိုင်တော့ပေ။

ဒါရိုက်တာဟဲကတော့ ကျင်းချန်ဟာ စီမံခန့်ခွဲရေးဌာနက ဒါရိုက်တာကို တိုက်ရိုက်သွားရှာတာဟုပင် တွေးဆမိသည်။

ဓာတ်လှေကားထဲတွင် စီမံခန့်ခွဲရေးဌာနကို သွားချင်နေတဲ့ တခြားတစ်ယောက် ရှိနေတာကြောင့် ကျင်းချန်စီးနေတဲ့ ဓာတ်လှေကားက ထိုအထပ်တွင် အတိအကျ ရပ်တန့်သွားလေသည်။ဒါရိုက်တာဟဲက ဒါကို မြင်တော့ သူ့မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။

သူမ တကယ်ကို သူ့အကြောင်းနဲ့ပတ်သက်ပြီး သွားတိုင်တန်းချင်နေတာပဲ။

ဟမ့်..မင်းလို လူသစ်လေးက စီမံခန့်ခွဲရေးဌာနက ဒုတိယဒါရိုက်တာကို အနိုင်ယူနိုင်မယ်ထင်နေတယ်ပေါ့။

သူ့မှာ ဘာအရည်အချင်းမှ မရှိဘဲနဲ့ ဒီရာထူးကို ရထားတယ်လို့များ တကယ်ကြီး ထင်နေတာလား။

ဒါရိုက်တာဟဲက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ နည်းလမ်းကို စဉ်းစားပြီးတာနဲ့ မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ဒါရိုက်တာရဲ့ ရုံးခန်းထဲကို ဝင်သွားလေသည်။သူ ချက်ချင်း နေရာမှာပင် ထိတ်လန့်သွားရသည်။

ဒါရိုက်တာက မင်းသားရွှီနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောနေပြီး သူ့ကို မြင်တဲ့အခါ မေးလာလေသည်။

“ဒါရိုက်တာဟဲ တစ်ခုခု ဖြစ်နေလို့လား။အစည်းအဝေးက ပြီးသွားပြီမလား။”

ဒါရိုက်တာ ဟဲလည်း ဘာပြောရမှန်းမသိတော့ချေ။သူ့စိတ်ထဲမှာ ကျင်းချန်ဘယ်နေရာမှာလဲဆိုတာကိုပဲ တွေးနေတာမို့ တခြားစိတ်ကူးများ ရှိမနေခဲ့ပေ။

................

 

ကျင်းချန်ကတော့ အဆောက်အအုံ၏ ထိပ်ဆုံးအထပ်တွင် ရောက်နေပြီဖြစ်သည်။

“မမလေး။ဘယ်သူ့ကို ရှာနေတာ သိလို့ရမလား။ချိန်းဆိုထားတာ ရှိပါသလား။”

“ကျင်းချန်ပါ။လက်ထောက် ဒါရိုက်တာကို ရှာနေတာပါ။”

“ဘယ်လက်ထောက်ဒါရိုက်တာပါလဲရှင့်။လက်ထောက်ဒါရိုက်တာ ကျန့်ယွီဟုန်လား။ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာ ကျန့်ယီဟဲလားရှင့်။”

“ကျန့်ယွီဟုန်”

စားပွဲရှေ့က အတွင်းရေးမှူးက “ငါသိသားပဲ”ဟူသော အမူအရာဖြင့် ကြည့်လာလေသည်။

အတွင်းရေးမှူးရဲ့မျက်နှာက ချက်ချင်း ဒုက္ခရောက်နေသလိုမျိုး ဖြစ်သွားလေသည်။သူမက မတ်တတ်ရပ်ပြီး တူညီတဲ့မေးခွန်းကို ထပ်မေးလေသည်။

“ချိန်းဆိုထားတာ ရှိပါသလား။”

“မရှိပါဘူး။ဒါပေမဲ့ ကျွန်မ ကျန့်ယွီဟုန်နဲ့ ရင်းနှီးပါတယ်။သူ့ကို ကျွန်မရောက်နေတယ်လို့သာ ပြောလိုက်ပါ။သူ ကျွန်မကို ဝင်ခွင့်ပြုပါလိမ့်မယ်။”

အတွင်းရေးမှူးခေါင်းဆောင်က ယဉ်ယဉ်ကျေးကျေးလေး ပြုံးပြနေပေမဲ့ သူမ၏အသံမှာ ရွဲ့စောင်းခြင်းများ ပါနေလေသည်။

“တောင်းပန်ပါတယ်။မမလေး..။လော်ဘီထဲကို ဘယ်လိုရောက်လာနိုင်လဲတော့ မသိပါဘူး။ဒါပေမယ့် မမလေးလိုမျိုး ဒါရိုက်တာ ကျန့်ယွီဟုန်ကို ရှာနေကြတဲ့သူတွေ အများကြီးရှိပါတယ်။တကယ်လို့ လူတိုင်းကသာ မမလေးလိုမျိုး တွေ့နေကြရင် ဒါရိုက်တာလည်း ဘယ်အလုပ်လုပ်နိုင်ပါတော့မလဲ။ ကျေးဇူးပြုပြီး သူနဲ့ ချိန်းဆိုပြီးမှ ပြန်လာခဲ့ပါလား။”

“ဒါကြောင့်ပဲ မင်းကို သူ့ဆီ ငါ့အကြောင်း အကြောင်းကြားပေးဖို့ ပြောနေခဲ့တာပဲမလား။”

အတွင်းရေးမှူးက ပြုံးပြရင်း ပြန်ပြောလာသည်။

“တောင်းပန်ပါတယ် မမလေး။ကျွန်မက မမလေးကို ဒီလို ကူညီပေးဖို့ တာဝန်မရှိပါဘူး။”

သူမ၏အရင်ဘဝမှာ အရင်ပိုင်ရှင်လိုမျိုး သူ့ရှေ့မှာ ဒီလိုအမူအရာမျိုး လုပ်ပြဝံ့လောက်သည့် မိန်းမလိုမျိုး ပမွှားလေးတွေ ရှိမနေခဲ့ပေ။သူ ဒါတွေကို အခုထိတိုင် နားလည်သဘောမပေါက်သေးပါ။ဒီမိန်းမ ဘာတွေတွေးနေသလဲဆိုတာ သူမ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။

လက်ထောက်ဒါရိုက်တာအတွက် တာဝန်ကျတဲ့ အတွင်းရေးမှူးအနေနဲ့ တစ်သန်းမှာ တစ်ယောက်သာ ဖြစ်နိုင်သည့် အခွင့်အရေးကို သူမ လိုချင်ခဲ့တာကြောင့် ဒီကိုလာတဲ့ အမျိုးသမီးတိုင်းကို စော်ကားဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့သည်။ကျင်းချန်သည် ကျုံးပေါ်လို ကြီးမားသည့် ကုမ္ပဏီအနေနဲ့ ဒီလိုဝန်ထမ်းတွေနဲ့ ဘယ်လိုများ ကြီးပွားတိုးတက်အောင် လုပ်ခဲ့သလဲဆိုတာကို အမှန်တကယ်ပင် နားမလည်နိုင်ပေ။

သူမ ကျန့်ယွီဟုန်ကို တိုက်ရိုက် ဖုန်းခေါ်မလို့ လုပ်နေတုန်း သူမရှေ့ရှိ ကြီးမားသည့် တံခါးမကြီးမှာ ပွင့်လာလေသည်။အရပ်(၁၉၀)စင်တီမီတာမြင့်သော ဘော်ဒီဂတ်နှစ်ယောက်က အပြင်ကို ထွက်လာပြီး တံခါးနားမှာ မတ်တတ်ရပ်လိုက်ကြသည်။သူတို့နောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းသည့် အမျိုးသမီးတစ်ဦးထွက်လာလေသည်။သူမကို ကြည့်ရတာ အတော်လေးကို ပရော်ဖက်ရှင်နယ်ဆန်လှသည်။

ကျင်းချန် ထိုအမျိုးသမီးကို ကျန့်မိသားစုထဲတွင် တစ်ခါတော့ တွေ့ဖူးသည်။သူမက ဒုတိယကျန့်မိသားစုရဲ့ မြေးမလေး ကျန့်ယီဟဲပင် ဖြစ်သည်။

သခင်ကြီးကျန့်မှာ ကျန့်ရန်မျန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိခဲ့သည်။ကျန့်ယီဟဲက ကျန့်ရန်မျန်၏ မြေးမလေးပင်ဖြစ်သည်။

 

 

 

စာစဥ် ၆ ၊ အခန်း ၁၁ ။ ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ လူတစ်ယောက်

 

တစ်နည်းအားဖြင့် ပြောရလျှင် ကျန့်ယီဟဲက ကျန့်ယွီဟုန်၊ကျွန့်ရှုယွီနဲ့ ကျန့်လီချွမ်တို့၏ ညီအစ်မဝမ်းကွဲပင်ဖြစ်သည်။

ကျန့်ယီဟဲက ကျင်းချန်ဘယ်သူဆိုတာ ကောင်းကောင်းသိပါသည်။

သူမက သခင်ကြီးကျန့်၏တိုက်ရိုက် မြေးအဖြစ်မတော်စပ်သော်လည်း သူမဟာလည်း ကျန့်မိသားစု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်နေသေးသည်။သူမကိုလည်း ချမ်းသာသော မိသားစုမှ တကယ့်မမလေးတစ်ယောက်ဖြစ် မှတ်ယူလို့ရသည်။ထို့ကြောင့် သူမက ဆင်းရဲတဲ့ မိသားစုမှ လာပြီး အခုတော့ ကျန့်မိသားစုထဲမှာ ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တဲ့သူအနေနဲ့ မိသားစုဝင်ဖြစ်လာခဲ့တဲ့ ကျင်းချန်လို မိန်းကလေးတွေကို အမြဲအထင်သေးခဲ့သည်။

သို့သော် သူမအမြင်မှာ ဒီအမျိုးသမီးက ဘာမှမဟုတ်ရင်တောင် သူမက ဦးလေးရဲ့အလိုလိုက်ခံရတဲ့သူတွေထဲက တစ်ယောက်မှန်းတော့ သူမသိပါသေးသည်။ကျင်းချန်က တတိယအစ်ကိုရဲ့ ကံဆိုးမှုတွေကို တွန်းလှန်ပေးနိုင်ဖို့ ခေါ်လာခဲ့တဲ့သူဖြစ်သည်။ကျန့်ယီဟဲက သဘာဝကျကျ သခင်ကြီးကျန့် သဘောကျတဲ့ သူရှေ့မှာ သူမကိုယ်သူမ ပြသဖို့ အခွင့်အရေးကို အသုံးချချင်နေခဲ့တာ ဖြစ်သည်။

“ချန်ချန်…ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ။အစ်ကိုကြီးကို လာရှာတာလား။”

ကျန့်ယီဟဲ က သူမမျက်နှာထက်တွင် ဖော်ရွေတဲ့အပြုံးလေးဖြင့်  ကျင်းချန်၏လက်ကောက်ဝတ်ကို ချစ်ခင်ရင်းနှီးသလို လက်လှမ်းရင်း မေးလာခဲ့သည်။

ကျင်းချန်က သူမလက်ကောက်ဝတ်ကို ရစ်ပတ်ထားတဲ့လက်ကို ကြည့်ပြီး ပြန်ပြုံးပြလိုက်သည်။သူမသည် ကျန့်ယီဟဲ၏လက်ကို မညှာမတာ ပွတ်သပ်ပြီး သူမလက်ကောက်ဝတ်ပေါ်က လက်ကို တွန်းဖယ်လိုက်သည်။

သူမ၏စိတ်ကျရောဂါမှ ပြန်သက်သာလာတာတောင် တခြားသူများ၏ထိတွေ့မှုများနှင့် သူမ အသားမကျသေးပေ။

“ကျွန်မ အာဏာရှိတဲ့သူတစ်ယောက်ကို ရှာနေတာပါ။”

ကျင်းချန်က ကျန့်ယီဟဲ၏ လက်ကို ဖယ်ခံလိုက်ရတော့ ကျန့်ယီဟဲမှာ ရှက်ရွံ့မှုတွေပြည့်သွားလေသည်။သို့သော် သူမမျက်နှာပေါ်တွင်တော့ ပေါ့ပေါ့ပါးပါး နွေးနွေးထွေးထွေး အပြုံးလေးကို ဆက်ထိန်းထားနိုင်ဆဲပင်။

“အစ်ကိုကြီးက အခု အစည်းအဝေးမပြီးသေးဘူး။တကယ်လို့ အရေးကြီးကိစ္စရှိတယ်ဆိုရင် ကျွန်မကို အရင်ဆုံး ပြောပြလို့ ရပါတယ်။အစည်းအဝေးပြီးတဲ့အခါ ကျွန်မ ရှင့်ကိုပါ သူ့ရုံးခန်းထဲကို ခေါ်သွားပေးမယ်လေ။”

“မင်းကို အပြင်သွားတော့မယ်ထင်နေတာ။”

ကျန့်ယီဟဲက ပြုံးရင်းနဲ့ ပြောလိုက်သည်။

“အခု ရှင်က ဒီကိုရောက်နေပြီပဲလေ။ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။ကျွန်မ ရှင့်ကို ဒီနေရာမှာပဲ လက်လွတ်စပယ် ထားခဲ့လို့မဖြစ်ဘူးလေ။အထဲကို လိုက်ခဲ့ပါ။”

အတွင်းရေးမှူးတွေက သူတို့၏လက်ထောက်ဒါရိုက်တာနှင့်အတူ ကျင်းချန်ပါ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရသောအခါတွင်တော့ သူတို့အချင်းချင်း စပ်စုလိုသော အကြည့်များဖြင့် ကြည့်နေလိုက်ကြမိသည်။

“အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။”

“မသိဘူးလေ။ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။”

“လက်ထောက်ဒါရိုက်တာက ဘာလို့ သူ့ကို အရမ်းကောင်းပေးနေရတာလဲ။သူက လက်ထောက်ဒါရိုက်တာဟုန်ကိုတောင် ရှာနေခဲ့တာ သိတယ်မလား။”

“ဖြစ်နိုင်တာတော့…သူကလည်း ချမ်းသာတဲ့မိသားစုကဖြစ်မယ်။ပြီးတော့ သူ့ရဲ့တည်ရှိမှုကို ကျန့်မိသားစုကလူတိုင်း သိနေကြတာလား။”

ကျန့်ယွီဟုန်နှင့် မတွေ့ဖို့ ကျင်းချန်ကို တားခဲ့သည့် အတွင်းရေးမှူး၏မျက်နှာမှာ အတော်လေးကို ဆိုးရွားသည့် အကြည့်ရှိနေလေသည်။

ကျန့်ယီဟဲ၏ရုံးခန်းထဲသို ဝင်ရောက်သွားပြီးနောက် ကျင်းချန်က သူမကို ဇာတ်လမ်းတစ်ခုလုံး ပြောပြလာခဲ့သည်။

အခုဆို သူမက သူမ၏ဘဏ်အကောင့်ထဲတွင် ထောင်ဂဏန်းမျှသာရှိသည့် ဆင်းရဲတဲ့မိန်းမတစ်ယောက်ဖြစ်နေလေသည်။ထို့ကြောင့် ယခုအချိန်တွင် သူမရရှိနိုင်သည့် ယွမ် တစ်ဘီလီယံ၏ ဆွဲဆောင်မှုကို အတော်လေးခံလိုက်ရသည်။သို့သော် သူမ၏ယခင်ဘဝကလိုဆို ချင်းရီလိုမျိုး သောက်လက်ဖက်ရည်ကြမ်းကောင်ကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ချေ။

ကျန့်ယီဟဲက အဖြစ်အပျက်အားလုံးကို ကြားလိုက်ရတော့ ကျင်းချန်က တုံးအတဲ့သူတစ်ယောက်ပဲလို့ ခံစားလိုက်ရသည်။

သူမ၏အဘိုးလေးက သူ့ရဲ့မြေးချွေးမလေး ပထမမင်းသမီးနေရာကိုရအောင် အနည်းဆုံးတော့ မီလီယံအနည်းငယ်လောက်ကို မြှုပ်နှံထားခဲ့သည်။သူမသည် ဟွမ်ရွေ့ အင်တာတိန်းမန့်က အကောင်းဆုံးမင်းသား ယွင်ရှောင်းနှင့် အလုပ်အတူတွဲလုပ်ရဖို့ အခွင့်အရေးရလာခဲ့သည်။

သို့သော် ဒီအမျိုးသမီး က အဲ့ဒီလို အရမ်းကောင်းတဲ့ roleကို လက်လွှတ်ပြီး လက်တစ်ကမ်းတည်းဖြင့် တခြားသူတစ်ဦးကို ပေးအပ်ခဲ့သည်။

ထို့နောက် ဒါရိုက်တာဟဲနှင့် ယူနာတို့ကို ကျန့်ယီဟဲ၏ရုံးခန်းထဲသို့ ခေါ်လိုက်သည်။

ကျင်းချန်က စီမံခန့်ခွဲရေးဌာနက ဒါရိုက်တာကို ကျော်ပြီး ကျုံးပေါ်အင်တာတိန့်မန့်၏ လက်ထောက်ဒါရိုက်တာဖြစ်ပြီး အနုပညာရှင်ဒါရိုက်တာလည်းဖြစ်သည့် ကျန့်ယီဟဲထံသို့ တိုက်ရိုက်သွားလိုက်တာကို ဒါရိုက်တာဟဲ သင်ခန်းစာရလိုက်သည့်အချိန်မှာ ခံစားချက် သိပ်မကောင်းတော့ပေ။

ကျင်းချန်နှင့် ကျန့်ယီဟဲတို့ ဘယ်လိုပတ်သက်ကြသလဲဆိုတာ သူ မစဉ်းစားတတ်တော့ပေမဲ့ ယူနာကို အပြစ်အားလုံး ပုံချရုံပြင် တခြား ဘာများ ရွေးချယ်စရာရှိဦးမလဲ။

“ဒါရိုက်တာယီ တကယ်တော့ ဒါက ကျုပ်အမှားမဟုတ်ပါဘူး။ဒါရိုက်တာက ကျုပ်ကို ကျင်းမိန်းကလေးနဲ့ ဆွေးနွေးပြီး သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့ ပြောလိုက်ပေမဲ့ မိန်းကလေးကျင်းက သူ့ရဲ့မန်နေဂျာနဲ့ ကိုယ်ပိုင်သဘောတူညီမှုတွေထားခဲ့တယ်။သူက ယူနာကို အာဏာကုန်လွှဲပေးဖို့ သဘောတူခဲ့ပြီး ဒီကိစ္စကို ဆုံးဖြတ်ပေးဖို့  အခွင့်ပေးခဲ့ပါတယ်။ယူနာပြောတာတော့ ချင်းရီက တက်သစ်စ ကြယ်ပွင့်ဖြစ်ပြီး သူ့ကို ခေါင်းဆောင်မင်းသားအဖြစ် သုံးဖို့ပြောခဲ့တာပါ။ကျုပ်က ပေးအပ်ခံရတဲ့ အမိန့်တွေကိုပဲ လိုက်နာရတာမဟုတ်လား။

တရားဝင်ကြေညာချက်က မနက်ဖြန်ကျ လုပ်မှာလေ။ပြီးတော့ သရုပ်ဆောင်အားလုံးကလည်း ဒီအတွက် ပြင်ဆင်ပြီးနေကြပါပြီ။တကယ်လို့ ဒီနေ့မှာ သရုပ်ဆောင်တွေကို ပြန်ပြောင်းချင်ရင်တောင် မဖြစ်နိုင်လောက်တော့ပါဘူး။”

ဒါရိုက်တာဟဲက သူ့ကိုယ်သူ ကာကွယ်ဖို့လုပ်နေချိန်မှာ ယူနာက သူတို့နောက်မှာ ရပ်နေခဲ့ပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ကျန့်မိသားစုက သူမကို လျော်ကြေးလာတောင်းမှာကို စိုးထိတ်နေသောကြောင့်ဖြစ်သည်။

 

 

စာစဥ် ၆ ၊ အခန်း ၁၂။ ဘယ်လိုထင်လို့လဲ

 

ကျန့်ယီဟဲက ထစ်ထစ်အအနဲ့ မေးလာလေသည်။

“ကျင်းချန်ရဲ့ကိစ္စတွေကို ယူနာက လုံးဝ ဆုံးဖြတ်ခဲ့ပေမဲ့ တကယ်လို့ ယူနာက ကျင်းချန်ကို ရောင်းစားဖို့ ဆုံးဖြတ်လိုက်ရင်ရော ရှင်က သူ့ကို ကူညီပေးဦးမယ်ဆိုတဲ့ သဘောပဲမလား။သူတို့ကြားမှာ သဘောတူညီမှုတွေရှိနေခဲ့ပေမဲ့ စာချုပ်စာတမ်းမရှိဘူးမလား။တကယ်လို့ မရှိဘူးဆိုရင်  အဲ့ဒါက တရားမဝင်ဘူး။ကျင်းချန်အတွက် သူက ဘာလို့ ဆုံးဖြတ်ပိုင်ခွင့်ရှိရမှာလဲ။”

ဒါကို ကြားတော့ ယူနာမှာ ဖျော့တော့သွားလေ​​တော့သည်။

အရင်ကတော့ ကျင်းချန်က အတော်လေးကို နာခံမှုရှိတဲ့ မိန်းကလေးဖြစ်ခဲ့သည်။ပြီးတော့ ချင်းရီအတွက် သူမက ရုပ်သေးရုပ်လေးလိုပင်။ထို့ကြောင့် သူမက မလိုအပ်တာတွေကို ဘာမှလျှောက်မလုပ်တတ်ပေ။သဘောတူညီချက်ဆိုတာကတော့ ကျင်းချန်က အယုံလွယ်တဲ့သူဖြစ်ပြီး တခြားဘာကိုမှ မသိတာကြောင့် ဒီမိန်းကလေးကို ခြောက်လှန့်ရုံသာ လုပ်ခဲ့ခြင်းဖြစ်သည်။

ကျင်းချန်က အချစ်ရေးကြောင့် လုံးဝပြောင်းလဲသွားတဲ့သူ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။

မန်နေဂျာတစ်ယောက်အနေနဲ့ သူမနှင့် ကျင်းချန်ပြုလုပ်ခဲ့သည့် သဘောတူညီချက်က လုံးဝမမျှတတာကို သူမ ရှင်းရှင်းလင်းလင်း သိပါသည်။သို့သော် ကျင်းချန်က အရင်ကတော့ နာခံမှုရှိခဲ့တာကြောင့် သူမက ပြဿနာတွေ ဖြစ်လာစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော် ဒီတစ်ခါတော့ ကျန့်ယီဟဲပါ ပါလာခဲ့သည်။

ဒါရိုက်တာဟဲက ထိတ်လန့်တုန်လှုပ်နေတာကြောင့် ချွေးအေးတွေထွက်လာခဲ့သည်။

“ဟုတ်ပါတယ်။ဟုတ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံး မလုပ်နိုင်ခဲ့ပါဘူး။ကျုပ် ကျင်းချန်ကို ကိုယ်တိုင်ကိုယ်ကျ မေးခဲ့သင့်တာပါ။

ဒါပေမဲ့ အဲ့ဒီအချိန်က ယူနာပြောတာတော့ “ကြေးမုံကမ္ဘာ”က အမျိုးသားဇာတ်ဆောင်နှစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတဲ့။ပြီးတော့ လူသိများတဲ့ သရုပ်ဆောင် ယွင်ရှန်းနဲ့အတူ တက်သစ်စအိုင်ဒေါ ချင်းရီကို တွဲသုံးရင် ပိုကောင်းပါမယ်တဲ့။ဒါဆို ဇာတ်လမ်းတွဲက ပိုပြီးတော့ ဆွဲဆောင်မှုရှိသွားမယ်။ကျုပ်တို့ ကုမ္ပဏီက ဒီရှိုးအတွက် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတော့ ဒီလိုနည်းနဲ့ ပိုပြီး အကျိုးအမြတ်တွေ ပိုပြီးရနိုင်ပါတယ်။ဒါပေမဲ့ ကျင်းချန်က အနုပညာရှင်အသစ်လေးဖြစ်တာကြောင့် ဖန်တွေမုန်းခံရတာနေ ကာကွယ်ဖို့အတွက်နဲ့ ရှိုးကို မပျက်စီးစေဖို့အတွက် သူ့နေရာကို အစားထိုးလိုက်ဖို့ အကြံပြုလာတာပါ။”

“ယူနာက တက်သစ်စအနုပညာရှင် ချင်းရီရဲ့အဒေါ်ပဲလေ။ဒီတော့ သူ့ကို ခေါင်းဆောင်မင်းသား ဖြစ်ဖို့ မျှော်လင့်နေမှာပေါ့။ဒုတိယမင်းသမီးနေရာမှာ သရုပ်ဆောင်မယ့် မင်းသမီးက ကျင်းချန်ရဲ့ ညီမလေ။သူကလည်း ကျင်းချန်နဲ့ ဆက်စပ်နေတာပဲ။ဒါကြောင့် ဟွမ်ရွေ့က တောင်းဆိုမှု မြှင့်လိုက်တယ်။သူတို့သဘောတူတာက ကျုပ်တို့ဘက် ပထမမင်းသမီးနေရာကို သူတို့ကိုပေးပြီး ဒီရှိုးထဲမှာ ငါ့တို့ရဲ့ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၀)% အလျော့ပေးရမယ်တဲ့။

ယူနာ ပြောတာကတော့ နောက်ဆုံး ဖုန်းခေါ်ခွင့်ပြုခဲ့တဲ့နေရာမှာ ကျင်းချန်က သူနဲ့အတူ သဘောတူညီမှုလုပ်ခဲ့တယ်တဲ့။ဒါကြောင့် ကျုပ်လည်း ချက်ချင်း ဟွမ်ရွေ့နဲ့ သဘောတူညီမှုရခဲ့တယ်။

ဒါရိုက်တာယီ ဒီနေရာမှာ အဓိကပြဿနာကတော့ ကျင်းချန်းက အခုအထိ အနုပညာရှင်အသစ်လေး ဖြစ်နေတုန်းပဲလေ။ပြီးတော့ ကျုပ်လည်း သူ့အကြောင်းကို မသိဘူးလေ။ကျုပ်တို့အတွက် ဒီကိစ္စကို မေ့ထားလို့ ဖြစ်ပါ့မလား။”

ဒါရိုက်တာဟဲက ကျင်းချန်ဘက်ကို လှည့်ပြီး (၉၀)ဒီဂရီပုံစံအထိရောက်အောင် ဦးညွတ်လိုက်သည်။သူက သူမကို တောင်းပန်ပြီး ပြောလိုက်သည်။

“ကျင်းချန် စီမံခန့်ခွဲရေးဌာနက နည်းလမ်းမှန်မှန်နဲ့ မဖြေရှင်းခဲ့တာ အမှန်ပါပဲ။အခုကစပြီး ပြောင်းလဲပါ့မယ်လို့ ကတိပေးပါတယ်။ငါလုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ယူနာက အမြန် ဆက်ပြောလာသည်။

“ချန်ချန် ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်ကို တောင်းပန်ပါတယ်။ဒါပေမဲ့ အရင်က ချင်းရီနဲ့ မင်းရဲ့မိဘတွေကိုတောင် ကတိပေးခဲ့တာပဲလေ။မင်းက သူတို့အပေါ် အရမ်းကို သားသမီးတာဝန်ကျေပွန်တယ်လို့ ထင်နေခဲ့တာ။သူတို့ ခေါ်တဲ့အချိန်ကျတော့ ဒါကြောင့်ပဲ ကျင်းလုကို ဒုတိယမင်းသမီးအဖြစ် ထားဖို့ ချက်ချင်း သဘောတူလိုက်မိတာပါ။ဟွမ်ရွေ့အင်တာတိန်းမန့်ဆိုတာက ဖျော်ဖြေရေးနယ်ပယ်မှာ ကျုံးပေါ်နဲ့ တန်းတူ ထိပ်တန်းကုမ္ပဏီသုံးခုထဲက တစ်ခုပဲလေ။ဟွမ်ရွေ့က ဒီကိစ္စကို သဘောတူထားပြီးသား ဖြစ်တာမို့ ဘာလို့ ဒီအကြောင်းကို မေ့မထားရမှာလဲ။နောက်နောင်မှာ မင်းအတွက် ပိုကောင်းတဲ့ roleကို ရနိုင်ဖို့ ကတိပေးပါတယ်။ဘယ်လိုထင်လဲ။”

“ဒီလိုယူဆတယ်ပေါ့။”လို့ ကျင်းချန်က ယူနာကို လှောင်ရယ်ပြောလေသည်။

“ဟမ်..ဒါဖြင့် ကျွန်မ ဘာလုပ်သင့်လဲ။ရှင်တွေးထားတာတွေက ကျွန်မလိုချင်တာမှ မဟုတ်တာ။တကယ်လို့ ကျွန်မအတွက် ပထမမင်းသမီးနေရာကို ပြန်မရနိုင်တော့ရင် လျော်ကြေးအတွက် ပြင်ဆင်ထားတာက ပိုကောင်းမယ်။”

ဒီနေ့မနက်မှာ ကျင်းချန်က ယူနာကို အကြိမ်များစွာ တိုက်ခိုက်ခံခဲ့ရတာမို့ သူမမှာ အပြုံးတုလေးတောင် မပြုံးပြနိုင်တော့ပေ။ဒီအချိန်မှာ သူမ၏မျက်နှာက မယုံနိုင်လောက်အောင် အကျည်းတန်နေလေတော့သည်။

ကျင်းချန်က ဒါရိုက်တာဟဲဘက်ကို လှည့်ကြည့်လာသည်။

“ဒုတိယ ဒါရိုက်တာလုပ်လာတာ ဘယ်နှစ်နှစ်ရှိနေပြီလဲ။ရှင်စားပြီးထားသမျှကို အမှိုက်ပုံးအဖြစ် ပြောင်းလိုက်တာလား။ရှင် ကျွန်မကို တိုက်ရိုက် ဆက်သွယ်လိုက်ဖို့ မစဉ်းစားခဲ့ဘူးလား။ဒါမှမဟုတ် စိတ်ကိုမဝင်စားခဲ့တာလား။ရှင် ကျွန်မကို အနိုင်ကျင့်လိုက်ရင် ကိစ္စကြီးကြီးမားမား ဖြစ်သွားမှာ မဟုတ်ပါဘူးလို့ တကယ်ကြီး တွေးနေခဲ့တာလား။ကြီးကျယ်မြင့်မြတ်တဲ့ ဒါရိုက်တာဟဲရဲ့မျက်လုံးထဲမှာတော့ ကျွန်မက အနုပညာရှင်အသစ်လေး တစ်ယောက်သာသာပါပဲပေါ့။ဒီလိုဆို လူတိုင်းပျော်နေသရွေ့ ကျွန်မကို စော်ကားရင်တောင် အရေးမပါဘူးပေါ့လေ။ဒါကို လုံးဝ အကြံဉာဏ်ကောင်းလို့ တွေးနေခဲ့တာပဲနော်။”

ကျင်းချန်က ရုတ်တရက် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့တဲ့ ကျန့်ယီဟဲဘက်ကို လှည့်ပြီး မေးလိုက်သည်။

“ဒါရိုက်တာဟဲ ဘယ်လိုထင်လဲ ဒီကိစ္စကို။”

 

 

 

စာစဥ် ၆ ၊ အခန်း ၁၃။ ဒါက မင်းရဲ့ဖြေရှင်းနည်းလား

 

ကျင်းချန်က သူမနာမည်ကို ခပ်မာမာ ခေါ်လိုက်တော့ ကျန့်ယီဟဲက ချက်ချင်း အံ့ဩတဲ့မျက်နှာ ဖြစ်သွားလေသည်။

“ဒီအဖြစ်က လုံးဝကို ဒါရိုက်တာဟဲရော ရှင့်မန်နေဂျာရောရဲ့ အမှားပဲ။စတားဒရမ်မာတစ်ခုမှာ ခေါင်းဆောင်မင်းသမီးဖြစ်မယ့် အခွင့်အရေးကို သူတို့ကြောင့် ယူသွားခံရတာလေ။ဒါကြောင့် ကျွန်မတို့ ဒီကိစ္စကို လုံးဝ စုံစမ်းရမယ်။”

ဒါရိုက်တာဟဲနှင့် ယူနာတို့နှစ်ယောက်စလုံးမှာ ဖြူဖျော့သွားကြလေသည်။

သို့သော် ကျန့်ယီဟဲက ဆက်ပြောလာသည်။

“ဒါပေမဲ့ ….သူတို့ပြောတာကို ကြားလိုက်တာပဲ။ဒီငတုံးတွေက ဒီလိုဖြစ်အောင် လုပ်လိုက်ပြီးပြီလေ။မနက်ဖြန်ပဲ တရားဝင်ကြေငြာတော့မှာ။အခုမှ ပြောင်းပေးဖို့ နည်းလမ်းမရှိတော့ဘူးဆိုတဲ့ သဘောပဲ။တကယ်လို့ ဟွမ်ရွေ့ကို အခုမှ ဒီအကြောင်းသွားပြောလိုက်ရင် ကျွန်မတို့ဘက်က ဆုံးရှုံးမှုတွေ အများကြီး ရှိလာနိုင်တယ်။ဒါကြောင့် ရှင့်မန်နေဂျာကိုပဲ သတိပေးထားသင့်တယ်။မဟုတ်ရင် ဒီလိုပဲ ထပ်ခါထပ်ခါဖြစ်နေလိမ့်မယ်။ရှင်က ခေါင်းဆောင်မင်းသမီးနေရာရမယ်လုပ်လိုက် ဆုံးရှုံးသွားလိုက် ဖြစ်နေမယ်။တကယ်လို့ နောက်နောင် ဒီလိုကိစ္စမျိုး ရှိလာခဲ့ရင် ကျွန်မဆီကို လာခဲ့ပါ။ကျွန်မ ရှင့်အတွက် ဖြေရှင်းပေးပါ့မယ်။”

ကျန့်ယီဟဲရဲ့စကားတွေက ကျင်းချန်ဘက်က ရပ်တည်ပေးတာ သိသာထင်ရှားတယ်လို့ ထင်ရပါ၏။သူမမှာလည်း ရွေးချယ်စရာမရှိတာကြောင့် ရလဒ်ကတော့ အကောင်းဆုံးမဟုတ်ခဲ့ချေ။ဒါကြောင့် ဒါရိုက်တာဟဲက သက်ပြင်းချပြီး ကျင်းချန်ကို တအံ့တဩကြည့်လိုက်လေ၏။သူမရဲ့ သရုပ်မှန်ကို နားလည်နိုင်အောင် ကြိုးစားနေလေသည်။

သူ အရင်ကတည်းက ယူနာကို မေးခဲ့ပြီးသားပင်။သို့သော် သူမက ဘယ်တုန်းကမှ မပြောပြခဲ့ဖူးပေ။

ဒီကိစ္စအပေါ် ကျန့်ယီဟဲ၏ ဖြေရှင်းချက်မှာ ဒါရိုက်တာဟဲရော ယူနာအတွက်ရော ကျေနပ်စရာပင် ဖြစ်သည်။ဒီကိစ္စအပေါ် သူမ၏သဘောထားမှာ ကျိုးကြောင်းသင့်လှပါသည်။ကျင်းချန်မှာ တခြားရွေးစရာမရှိဘဲ လက်ခံလိုက်ဖို့ အကြောင်းသင့်နေလေသည်။ကျန့်ယီဟဲက သူမရဲ့ဖြေရှင်းချက်အတွက် မကောင်းတဲ့ သုံးသပ်ချက်တွေ ရတော့မည်မဟုတ်ပေ။တကယ်လို့ ဒါက အရင်ပိုင်ရှင်ကို ခြောက်လှန့်နိုင်မယ်ဆိုရင်တောင် ဒါက သေချာပေါက် အလုပ်ဖြစ်မှာပင်။ဒါပေမဲ့ အခုကကျတော့ ကျင်းချန်မလား။

“ဟမ့်။”

ကျင်းချန်က ဘာစကားမှ မပြောဘဲ လှောင်ရယ်နေလိုက်တော့၏။ဒါပေမဲ့ ကျန့်ယီဟဲက သူမဆီကနေ အေးစက်စက်ခံစားနေရလေသည်။

ကျန့်ယီဟဲက အံ့အားသင့်သွားတော့၏။ကျန့်ယီဟဲက လုပ်ငန်းခွင်မှာ နှစ်ပေါင်းများစွာကြာအောင် ကျင်လည်နေခဲ့ရပေမဲ့ ကျင်းချန်က သူမကျောရိုးအထိ စိမ့်အေးသွားအောင် ပို့လွှတ်နိုင်သေးသည်။

ဒါက အရမ်းကြောက်ဖို့တဲ့ ဖိအားပင်။

“ဒါဆို…ဒါက မင်းရဲ့ဖြေရှင်းနည်းပေါ့။”

ကျင်းချန်ရဲ့မျက်နှာပေါ်မှာ ရွဲ့စောင်းနေတဲ့အကြည့်ရှိနေတာကို သူမ မြင်လိုက်ရတော့ ကျန့်ယီဟဲ၏မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားလေသည်။

“တကယ်လို့ ကိစ္စတွေက ဒီလိုဆိုရင်လဲ…တဆိတ်လောက်။”

ကျန့်ယီဟဲက ဒီကိစ္စကို ကူညီပေးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားလှသည်။သူမကို အရူးလုပ်ခဲ့တာကြောင့် ကျင်းချန် သူမရုံးခန်းထဲမှာ ဆက်နေစရာ အကြောင်းမရှိတော့ပေ။

သူမ သိပ်ပြီး ဂရုမစိုက်တော့ပေ။ဒါပေမဲ့ သူမ မကြိုက်တဲ့တစ်ခုကတော့ ဆုံးရှုံးမှုကို ခံစားရတာကို မကြိုက်ပေ။လူတစ်ယောက်က ပြောဖူးတယ်။ဆုံးရှုံးမှုကို ခံစားရတာက ကောင်းချီးပေးခြင်းတစ်ခုပဲတဲ့။ ကျင်းချန်ကတော့ တခြားသူတွေဆီ ကောင်းချီးပေးခံရတာကို စိတ်မဝင်စားပါချေ။

ကျင်းချန် ရုတ်ချည်းပြန်သွားတာကို မြင်တော့ ကျန့်ယီဟဲက ထိတ်လန့်သွားလေသည်။

သူမ ဘယ်တုန်းကမှ ကျင်းချန် ဒီလို အကျိုးအကြောင်းမသင့် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။

ကျင်းချန်က သူမမိသားစုအတွက် ပြတ်ပြတ်သားသား လုပ်ခဲ့ပြီး သူမ၏အဘိုးလေးဆီမှ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို ရခဲ့ကြောင်း သူမ ကြားထားသည်။သူမ၏အဆင့်အတန်းက အခုဆို အစ်ကိုကြီးရဲ့အဆင့်ထက်တောင် ပိုပြီးမြင့်နေပြီဖြစ်သည်။

ဒီဇာတ်လမ်းတွဲက သူမကို ကျော်ကြားစေဖို့အတွက် ကျန့်မိသားစုက အထူးတလည် စီစဉ်ပေးထားတာဖြစ်သည်။တကယ်လို့ ဒီကိစ္စသာ မဖြစ်ခဲ့ဘဲ ကျန့်ယီဟဲက ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးဆိုတာ အဘိုးလေးကို တိုင်လိုက်ရင် အဘိုးလေးက သူမလည်း အရည်အချင်း မပြည့်မီဘူးလို့ ထင်သွားလောက်မှာမလား။

“ချန်ချန်…နေပါဦး။”

ကျင်းချန်က ထွက်သွားတော့မဲ့အချိန်မှာ ကျန့်ယီဟဲက ချက်ချင်း သူမကို တားလိုက်သည်။

ဒီနေရာမှာ ကျင်းချန်ရဲ့တစ်ခုတည်းသော ပန်းတိုင်က ဒီကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့ပင်။အဲ့ဒီနောက်မှာ သူတို့ ဒီထက်ပိုပြီး စကားပြောနိုင်မှာဖြစ်သည်။ထို့ကြောင့် ကျန့်ယီဟဲက သူမကို တားတော့ သူမ ရပ်ခဲ့တာဖြစ်သည်။ကျင်းချန်က သူမ၏လှပသောမျက်နှာ‌ပေါ်တွင် ဆော့ကစားနေသယောင်ထင်ရတဲ့ ထူးခြားတဲ့ ချစ်စရာ အပြုံးလေး ပြုံးလိုက်သည်။

“ဒါဆို..ဒါရိုက်တာယီ တခြား ဖြေရှင်းနည်းကိုများ စဉ်းစားမိလို့လား။”

သူမက ကျင်းချန်းနဲ့ ဆွေးနွေးရတော့သည်။သူမရော ဟွမ်ရွေ့ဘက်ရော ကျေနပ်စေမယ့် သဘောတူညီမှုတစ်ခုကို လုပ်ကြမည်ဖြစ်သည်။ပြီးတော့ အများကြီး မဆုံးရှုံးကြအောင် လုပ်နိုင်ရန်ဖြစ်သည်။ထိုအချိန်တွင် အင်တာနယ်ဖုန်းက မြည်လာခဲ့သည်။

ကျန့်ယီဟဲ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတော့လေသည်။

တခြားသူတွေက ဒီအကြောင်းကို သိချင်မှ သိမည်။ဒါပေမဲ့ သူမကတော့ သိပါသည်။ဒီဖုန်းကောက …CEOဆီကပင်။

 

Ops corporate ၏ CEO ဖြစ်သော သူမ၏ဝမ်းကွဲအစ်ကိုသည် အကြောသေသွားသော်လည်း အတော်လေးကို အရည်အချင်းရှိပြီး ကြောက်စရာကောင်းလှပေသည်။

 

 

 

စာစဥ် ၆ ၊ အခန်း ၁၄။ သူ့ဇနီးအား ကူညီပေးခြင်း

 

သူက ဒီလက်ထပ်ပွဲကို သဘောမတူခဲ့ဘူးမဟုတ်လား။

အဘိုးလေးကသာ သူ့ကို ငိုယိုပြီး မတောင်းပန်ခဲ့ရင် ဒီမိန်းမကို လက်ထပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။

သူက ဘာလို့ ဒီအချိန်ကြီး ကုမ္ပဏီရဲ့ စီနီယာအမှုဆောင်တွေအားလုံးကို ဗီဒီယိုကောလ် ခေါ်ရတာလဲ။

…တိုက်ဆိုင်မှုများလား။

သူက အကြောသေသွားပြီးကတည်းက ကုမ္ပဏီထဲက စိတ်ရှုပ်စရာကိစ္စတွေ ဝင်မပါတော့ဘူးလေ။အဘိုးလေးကပဲ ကုမ္ပဏီရဲ့ကိစ္စတွေကို စီမံခန့်ခွဲနေတဲ့သူလေ။

ကျန့်ယီဟဲက သူမကိုယ်သူမ စိတ်အေးအောင် ပြုလုပ်ပြီး ကျင်းချန်ကို ပြောလိုက်လေသည်။

“တောင်းပန်ပါတယ်။အခု အစည်းအဝေးတစ်ခုရှိနေလို့ပါ။ဒီနေရာကနေပဲ စောင့်နေလို့ရပါတယ်။ဒါပေမယ့် အစည်းအဝေးစရင်တော့ ကျေးဇူးပြုပြီး ပေါ်မလာပါနဲ့။ဒီကိစ္စကို အစည်းအဝေးပြီးတာနဲ့ ချက်ချင်း ဖြေရှင်းပေးပါ့မယ်။”

ပြီးတာနဲ့ သူမက ဖုန်းကောလ်ကို ဖြေလိုက်သည်။

သူမ ချိတ်ဆက်လိုက်တာနှင့် ကျန့်ယီဟဲ၏လက်ပ်တော့မျက်နှာပြင်ပေါ်တွင် အင်တာဖရန့်ကလည်း ချိတ်ဆက်မိသွားလေသည်။

သူမသည် ပရိုဂျက်တာစခရင်ကို ဆက်သွယ်မှု ဖြတ်တောက်ထားပြီးသားဖြစ်ပေမဲ့ သူမ ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်တာနှင့် အလိုအလျောက် ချက်ချင်း စခရင်ပေါ်တွင် ပေါ်လာလေသည်။

ကျန့်ယီဟဲမှာ အံ့အားသင့်သွားလေသည်။သူမက ချက်ချင်း လက်လှမ်းပြီး ပရိုဂျက်တာကို ပိတ်ဖို့ပြင်လေသည်။

“မလုပ်နဲ့။”

ကျန့်လီချွမ်၏အသံက ရုတ်တရက်ပေါ်ထွက်လာပြီး ထိုနေရာမှာတင် ကျန့်ယီဟဲတစ်ယောက် အေးခဲ့တောင့်တင်းသွားရတော့သည်။

သူက ရုပ်ပေါ်မလာခဲ့ပေမဲ့ အသံကတော့ ပေါ်ထွက်လာခဲ့သည်။သူမ စောင့်ကြည့်ခံနေရတာ သိသာလှသည်။

ကျန့်ယီဟဲရဲ့မျက်နှာအရောင်က တဖြည်းဖြည်း အားအင်ကုန်ခမ်းသွားသလိုပင်။

စခရင်က လင်းထိန်နေပြီး ကျန့်မိသားစု၏ အိမ်တော်အကြောင်း လေ့လာမှုကို ပြသထားသည်။

ဒါက အရှေ့ပိုင်း ရှေးဟောင်းလေ့လာမှုဖြစ်ပြီး စခရင်အလယ်တွင် ခေတ်ပေါ်ဝှီးချဲတစ်ခု ရှိနေလေသည်။

ထို့နောက် ဝှီးချဲက လှည့်လာပြီး ရင်သပ်ရှုမောဖွယ် မျက်နှာအသွင်အပြင်နှင့် အတော်လေး ခံ့ညားသည့် အမျိုးသားတစ်ဦး စခရင်ပေါ်တွင် ပေါ်လာလေသည်။သူ့ခေါင်းပေါ်တွင် သံလိုက်ခလုတ်တချို့ ရှိနေသည်။

“သခင်လေး..”

“CEO မင်္ဂလာနံနက်ခင်းပါ။”

“သခင်လေး နေကောင်းပါရဲ့လား။”

…..

တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြလေသည်။

မကြာမီတွင် စခရင်ပေါ်တွင် ဝင်းဒိုးငယ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ကျုံးပေါ်အင်တာတိန်းမန့်၏ အကြီးတန်း အမှုဆောင် အရာရှိများ တစ်ယောက်ချင်းစီ ဝင်းဒိုးတစ်ခုစီတွင် ပြည့်နေလေသည်။

သုံးလကြာပြီးနောက် နောက်ဆုံးတွင် ကျန့်လီချွမ် ပေါ်ထွက်လာခဲ့ပေမဲ့ သူ့ရဲ့ပထမဆုံး ပေါ်ထွက်လာမှုက OPS Cporporatesနှင့် အစည်းအဝေးတစ်ခုအတွက် မဟုတ်ကြောင်းကို ကျန့်ယီဟဲ နားလည်ပါသည်။ထိုအစား Corporateလက်အောက်ခံဖြစ်သော ကျုံးပေါ် အင်တာတိန်းမန့်ရဲ့ စီနီယာအမှုဆောင်တွေနဲ့ အစည်းအဝေးစလေသည်။

“တတိယညီလေး ဘာလို့ အိပ်ရာကနေ ထလာရတာလဲ။အရေးကြီးကိစ္စ ဆွေးနွေးစရာများ ရှိလို့လား။”

အခြားအစည်းအဝေးတစ်ခုကို လုပ်နေခဲ့ ကျန့်ယွီဟုန်ကတော့ သူ့ရဲ့အစည်းအဝေးကို ရုတ်တရက် ရပ်တန့်ကာ ကျန့်လီချွမ် စတင်နေတဲ့ဆီကို ဝင်ချိတ်လိုက်ရသည်။

တကယ်တော့ Ops corporate၏ CEOအနေနဲ့ တရားဝင် နှုတ်ထွက်ခြင်းမရှိသေးသရွေ့ သူဟာ လက်အောက်ခံ ကုမ္ပဏီ၏လက်ထောက် ဒါရိုက်တာ တစ်ယောက်သာဖြစ်သည်။

ဒါကပဲ ကျန့်လီချွမ်နှင့် သူ့ကြားက ကွာခြားမှုပင်ဖြစ်သည်။

သူတို့တွေဟာ ညီအစ်ကိုတွေ ဖြစ်ကြပေမဲ့ အဘိုးရဲ့မျက်နှာသာပေးမှု၊ခြားနားစွာဆက်ဆံခံရမှုတို့သည် ဂလက်စီတန်းလိုမျိုး ကြီးမားစွာ ရရှိခဲ့ကြသည်။

ကျန့်ယီဟုန်က သူ့ကို တတိယညီလေးလို့ ရည်ညွှန်းလိုက်ပေမဲ့ တစ်ဖက်မှာတော့ ကျန့်လီချွမ်ကတော့ သူ့မိသားစုအဖြစ် ကျန့်ယွီဟုန်ကို ဂရုမထားခဲ့ပေ။သူက ခက်တန်းတန်းပဲ မေးလိုက်သည်။

“လက်ထောက်ဒါရိုက်တာ ဟုန်..ကျွန်တော်တို့ရဲ့ စတားဒရမ်မာ “ကြေးမုံကမ္ဘာ”အကြောင်းကို သိလား။”

ကျန့်ယီဟဲက ကျန့်လီချွမ်ရဲ့မေးခွန်းကို ကြားတော့ သူမမျက်နှာမှာ အတော်လေးကို စိတ်မသက်အသာဖြစ်သွားပုံပင်။

“သိပါတယ်။သခင်လေး။”ကြေးမုံကမ္ဘာ”က ကုမ္ပဏီက ဒီနှစ်မှာ အလုပ်လုပ်မယ့် အဓိကပရောဂျက်တွေထဲက တစ်ခုပါ။အမျိုးသမီးဇာတ်ဆောင်က ကုမ္ပဏီက အနုပညာရှင်အသစ် ကျင်းချန်ပါ။ပြဿနာ တစ်ခုခုများ ရှိလို့လား။”

အစကတော့ ကျင်းချန်က ဒီကိစ္စကို သူမအတွက် ကျန့်ယီဟဲကို ဖြေရှင်းခိုင်းဖို့ စီစဉ်ထားခဲ့တာဖြစ်သည်။တကယ်လို့ သဘောတူညီမှုရခဲ့ရင် ညစာစားချိန်ရောက်တဲ့အထိတော့ သူမ ဒီနေရာမှာ ဆက်နေဖို့ စိတ်ထဲထားမနေတော့ပါ။

သို့သော် ကျန့်လီချွမ်၏ခံစားချက်မဲ့သော အသံကို ရုတ်တရက် ကြားလိုက်ရပြီး သူ့ဆီမှ “ကြေးမုံကမ္ဘာ”အကြောင်းကိုပါ ကြားလိုက်ရတော့ ကျင်းချန်မှာ စခရင်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။

ယခု ကျန့်လီချွမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက Ops Corporate၏အမှုဆောင် ဒါရိုက်တာ ရာထူးကို လွှဲယူစဉ်က ကျန့်လီချွမ်ထက်တောင် ပိုပြီးတော့ ခံ့ညားထည်ဝါနေသေးသည်။

သူက ထိုင်နေတဲ့အချိန်မှာတောင် သူ့ရဲ့ရောင်ဝါတွေက သုံးမီတာအမြင့်ရှိသော ဘီလူးတစ်ကောင်နှင့်ပင် တူနေလေသည်။

သူ၏ရက်စက်တတ်သော ပင်ကိုယ် သဘာဝနှင့်အတူ သူ့ရဲ့စိတ်အေးသက်သာမှု၊မတုန်လှုပ်သော တည်ငြိမ်မှုနှင့် အထိန်းအကွပ်မရှိသော အကြည့်တို့က သူ့ကို ရောင်ဝါလက္ခဏာများ ပေးစွမ်းနေသည်။ထိုရောင်ဝါက တကယ်လို့ သူက ဝှီးချဲပေါ်မှာ ထိုင်နေရရင်တောင် အခု ရှိနေကြတဲ့လူတိုင်းကို လွှမ်းမိုးနိုင်လှသည်။

 

 

 

 စာဥ် အခန်း၅။ ငါလိုချင်တဲ့ရလဒ်

 

သူက အနက်ရောင် ဖက်ရှင်ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားလေသည်။သူဟာ လက်ချောင်းထိပ်ဖျားများအထိ လုံးလုံးလျားလျားကို အကြောသေနေပေမဲ့လည်း မတ်မတ် ထိုင်နေသေးသည်။ဝတ်စုံ၏ချောမွေ့မှုက လုံးဝတွန့်ရာမရှိဘဲ သူထိုင်နေသော အနေအထားကြောင့်ဖြစ်ပေါ်လာသော တွန့်ရာခေါက်ရာများလည်း ရှိမနေပေ။

မွေးရာပါဂုဏ်သိက္ခာနှင့် ကျက်သရေရှိမှုသည် သူနှင့် သူ့အစ်ကိုကြီးကြားတွင် သိသာမြင်သာသော ကွာခြားမှုကို ဖန်တီးခဲ့သည်။

ကျုံးပေါ်အင်တာတိန်းမန့်ဆိုသည်မှာ ကျန့်လီချွမ်တစ်ယောက်တည်း လက်ဗလာနှင့် တည်ထောင်ခဲ့တာဖြစ်သည်။ထို့ကြောင့် သခင်ကြီးကျန့်အစား သူက ဥက္ကဌဖြစ်ခဲ့သည်။ကျန့်ယီဟုန်က ကုမ္ပဏီအတွက် ယာယီတာဝန်ရှိသူဖြစ်ပေမဲ့ တကယ့်ပိုင်ရှင်အစစ် ပေါ်လာခဲ့ရင် ဘယ်အချိန်ဖြစ်ဖြစ် ကုမ္ပဏီထဲက လူတိုင်းက အလိုအလျောက် ကျန့်လီချွမ်ကို ဦးညွှတ်ကြမှာဖြစ်သည်။

ထိုအထဲတွင် ကျန့်ယွီဟုန် အပါအဝင်ပင်ဖြစ်သည်။

“ဒါရိုက်တာ ယီ “ကြေးမုံကမ္ဘာ”အကြောင်းကို သိထားခဲ့လား။”

ကျန့်ယီဟဲက သူမဦးရေပြား ထုံကျင်သွားသည်ကို ခံစားရနိုင်သည်။အထူးသဖြင့် ကျင်းချန် သူမ ရုံးခန်းထဲကို ရောက်နေသည့် အခါတွင်ဖြစ်သည်။စခရင်က ချိတ်ဆက်ထားတာကြောင့် ကျင်းချန်၊ဒါရိုက်တာဟဲနှင့် ယူနာတို့သည်လည်း အစည်းအဝေးခေါ်ဆိုမှုတွင် မဖြစ်မနေ ပေါ်လာကြရလေသည်။

“သခင်လေး “ကြေးမုံကမ္ဘာ”အကြောင်းကို တကယ်သိထားပြီးပါပြီ။ဒါပေမဲ့ ဒီပရောဂျက်နဲ့ ပတ်သက်တဲ့ ပြဿနာကို ရှာတွေ့ခဲ့ပါတယ်။ကျင်းချန်က သတင်းပေးခဲ့တာပါ။အဲ့ဒါက သူ့ရဲ့မန်နေဂျာနဲ့ စီမံခန့်ခွဲရေး  ဒုတိယဒါရိုက်တာတို့က သူတို့ကြားမှာ ကိုယ်ပိုင် သဘောတူညီချက်တစ်ခုအတွက် နှစ်ကိုယ်ကြား ဆွေးနွေးခဲ့ကြပါတယ်။သူတို့တွေက ကျင်းချန်ရဲ့ ပထမ မင်းသမီးနေရာမှာ မန်နေဂျာရဲ့တူ တက်သစ်စအိုင်ဒေါဖြစ်တဲ့ ချင်းရီအတွက် လဲလှယ်ပေးလိုက်ပါတယ်။ ပြီးတော့ ဒုတိယမင်းသမီးနေရာမှာလည်း ကျင်းချန်ရဲ့ညီမလေး ကျင်းလုအတွက် လဲလှယ်လိုက်ပါသေးတယ် အလဲအလှယ်အနေနဲ့ ဟွမ်ရွေ့အင်တာတိန်းမန့်ကို ပထမမင်းသမီးနေရာနဲ့အတူ အမြတ်နှစ်ဆယ်ရာခိုင်နှုန်းကိုလည်း ပေးခဲ့ရပါသေးတယ်။”

ကျန့်ယီဟဲက ဘာဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြပြီးတာနဲ့ စီနီယာအလုပ်အမှုဆာင်များနှင့် ရှယ်ယာရှင်များ၏ မျက်နှာများမှာ သိသိသာသာကို ပြောင်းလဲသွားကြသည်။

ကျင်းချန်လား။

ဒါက ဘာလဲဟ။

ကျုံးပေါ်က အမည်မသိသေးတဲ့ လူသစ်လေးတစ်ယောက် ဒီလောက်ပိုက်ဆံတွေအများကြီးက ဒရမ်မာမှာ ရင်းနှီး မြှုပ်နှံတယ်ပေါ့။

အဓိကအချက်ကတော့ သူတို့ဘက်က (၂၀)%ဆုံးရှုံးရပြီး တခြားမင်းသမီးတစ်ယောက်၏ ပထမမင်းသမီးနေရာကို ဆုံးရှုံးလိုက်ရတာပင်ဖြစ်သည်။

“ယီဟဲ ဘာလို့ ဒီကိစ္စကို ငါဆီ အစီရင်မခံခဲ့တာလဲ။”

ကျန့်ယီဟုန်၏မျက်နှာမှာ အတော်လေးကို စိတ်မသက်မသာဖြစ်နေပြီဖြစ်သည်။

ဒီကိစ္စက တော်တော်ကြီးမားနေပေမဲ့ လက်ထောက်ဒါရိုက်တာဖြစ်တဲ့ သူကတော့ အိပ်ရာပေါ်မှာ လှဲနေရသည့် အကြောသေနေတဲ့လူလောက်တောင် ဒီကိစ္စအပေါ် အခုအထိ အာရုံမထားမိခဲ့ပေ။

ပြီးတော့ ဒီကိစ္စက ကျင်းချန်နှင့် သက်ဆိုင်နေသည်။

အဘိုးက ဒီမိန်းကလေးကို ဘယ်လောက်တောင် တန်ဖိုးထားတယ်ဆိုတာ ကျန့်ယီဟဲက မသိဘူးလား။

“အစ်ကိုကြီး ဒီအကြောင်းကို ကျွန်မလည်း သိတာ မကြာသေးပါဘူး။အစ်ကိုကြီးက အစည်းအဝေးရှိနေတော့ ချန်ချန်ကို ကျွန်မရုံးခန်းထဲကိုပဲ ဝင်လာဖို့ ပြောလိုက်တာပါ။”

“ဒီတော့ မင်းရဲ့ ပြဿနာကို ဖြေရှင်းနည်းက ဘယ်လိုမျိုးလဲ။”

ကျန့်လီချွမ်က မေးလိုက်လေသည်။

“ဒီပြဿနာက ဒါရိုက်တာဟဲနဲ့ သူ့ရဲ့မန်နေဂျာ ယူနာတို့က ဖန်တီးခဲ့တာကြောင့် သူတို့တွေ ဒီအတွက် တာဝန်ယူသင့်ပါတယ်။ကျုံးပေါ် အင်တာတိန်းမန့်က လျော်ကြေးငွေနဲ့အတူ တရားစွဲသင့်ပါတယ်။”

ကျန့်ယီဟဲက တမင်သက်သက် ပြဿနာရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းကို တမင်ရှောင်ပြီး ဒါရိုက်တာဟဲနှင့် ယူနာကိုတော့ စက္ကန့်မလပ် အပြစ်တင်လိုက်တော့သည်။သူတို့နှစ်ယောက်စလုံးမှာ စာရွက်လေးဖြူလေးလို ဖြစ်သွားကြသည်။

လျော်ကြေးငွေနဲ့ ပတ်သက်ပြီးတော့ သူတို့တာဝန်ယူရမည်ဖြစ်ကြောင်းကိုတော့ သူမ မပြောခဲ့ပေ။

ယူနာက ကျန့်မိသားစုနှင့် ထိတ်တိုက် တွေ့ရမည်ကို ကြောက်သောကြောင့် သူမက ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လေသည်။

“ကျွန်မမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝဥဿုံ ကိုယ်တွယ်ခွင့်ရထားတာပါ။ကျင်းချန်က ကျွန်မကို အစောကတည်းက ကတိပေးပြီးသွားပါပြီ။ ဖျော်ဖြေရေးနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့  သူရဲ့ကိစ္စတွေကို ကျွန်မတာဝန်ယူပေးသွားမှာပါ။ ပြီးတော့ သူနဲ့ကျွန်မ လက်မှတ်ထိုးထားပြီးသားပါ။ဒါကြောင့် ဒီပရောဂျက်အတွက် သူ့ကိုယ်စား ကျွန်မမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသွားပြီလေ။”

ယူနာက ကျင်းချန်ကို ခပ်မာမာ လှည့်ကြည့်လိုက်ပြီး သူမကို သတိပေးလိုက်သည်။

“ကျင်းချန်  ဒီကိစ္စတွေအားလုံးက အထင်လွဲနေတာပါလို့ သူတို့ကို မြန်မြန်လေး ပြောလိုက်ပါ။မင်းကပဲ ချင်းရီနဲ့ ကျင်းလုကို ကောင်းကောင်း ဖော်ပြခံရမှာကို လိုချင်နေခဲ့တာဆို။မင်းရဲ့အိမ်မက်တွေကို မေ့သွားပြီလို့တော့ မပြောလိုက်နဲ့နော်။”

အဲ့ဒီစကားက နောက်ဆုံးစကားလား။

ကျင်းချန်ကို ခြိမ်းခြောက်နေတာ အသိသာကြီးပင်။

ကျင်းချန်ရဲ့ အရင်က အိမ်မက်တွေက ချင်းရီကို အတော်ဆုံးသရုပ်ဆောင် ဖြစ်စေချင်ခဲ့တာဖြစ်သည်။

တကယ်လို့ ကျင်းချန်က သူကို ဒီကိစ္စနှင့်ပတ်သက်ပြီး မကူညီပေးလျှင် သူမက ကျင်းချန်က ကျန့်မိသားစုအပေါ်ကို ချင်းရီနှင့်ဖောက်ပြီး သစ္စာဖောက်တဲ့အချက်ကို ဖော်ထုတ်လိမ့်မည်ဖြစ်သည်။ထို့နောက် ပိုက်ကွန်သာပြဲရင် ဒီအထဲက ငါးတွေအားလုံးက သေတော့မှာ ဖြစ်သည်။ဒီကံဆိုးမှုကနေ ဘယ်သူမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

 

...

စာစဥ် ၆လေးလည်းတင်ပြီးသွားပြီဆိုတော့ paid gp 1လေးတစ်ခုလုံးကို free တင်ပေးပြီးသွားပါပြီရှင့်။ paid လေးမှာ အပိုင်း 340 ကျော်ထိ တင်ပြီးနေပြီနော်။

ခုဆို paid gp 4 လေးကနေစပြီးတော့ paid အပိုင်းရေကို 90ကနေ 120 ထိတိုးလိုက်တာဆိုတော့ အပိုင်းရေ၃၀ကြီးတောင်ထပ်တိုးလာတဲ့အပြင်စာစဥ်အရဆိုလည်း paid gp 1 ခုမှာစာစဥ် ၈ခုထိ တိုးလာတာကြောင့် 2500 ကျပ်တည်းနဲ့ဝင်ရမယ်ဆို တန်မှတန်နော်။

Paid gp1 လေးထိတင်ပြီးပြီဆိုတော့

Paid gp 2 ကနေ 4ထိ ၂၅၀၀ကျပ်စီနဲ့ ဝင်လို့ရပါပြီရှင့်။ paid လေးဝင်ချင်ရင် cbလေးကိုလာခဲ့နော်။ 😘😘😘😘

Zawgyi

စာစဥ္ ၆ ၊ အခန္း ၁ ။   သူမက အားကိုအသုံးခ်တာပဲ

ေႏြးေထြးတဲ့ခံစားမႈက ထုံထိုင္းေနတဲ့အာ႐ုံခံစားမႈေနာက္က ဆက္လ်က္လိုက္ပါလာသည္။

ခဏေတာ့ အနည္းငယ္ထုံထိုင္းေနသလို ခံစားရၿပီး မၾကာခင္မွာပဲ ယားယံသလိုမ်ိဳး ခံစားလာရသည္။ထို႔ေနာက္ သူ႕လက္ေခ်ာင္းဆယ္ေခ်ာင္းစလုံး စတင္နာက်င္လာေတာ့သည္။

ဒီလိုခံစားရတာေတြက အနည္းငယ္မသက္မသာျဖစ္သလို ခံစားရေပမယ့္ က်န႔္လီခြၽမ္ေတာ့ အေတာ္ေလးစိတ္လႈပ္ရွားသလို ခံစားေနရသည္။

ဒီလိုခံစားေနရတာေတြက ေသေတာ့မည္ဟု ေၾကညာခ်က္ထုတ္ျပန္ခံထားရသည့္ သူ႕ခႏၶာကိုယ္မွာ ဆန္းၾကယ္တဲ့အရာ ျဖစ္လာေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ပင္ျဖစ္သည္။

မိနစ္ႏွစ္ဆယ္ေလာက္ၾကာေတာ့ က်င္းခ်န္က သူ႕ခႏၶာကိုယ္ေပၚက ေငြအပ္ေလးေတြကို ဆြဲႏုတ္လိုက္သည္။မေန႕ညကလိုမ်ိဳးပဲ သူမက က်န႔္လီခြၽမ္၏ေက်ာကို ေမွာက္ယက္ျဖစ္ေနရာမွ ျပန္လွန္ေပးလိုက္ၿပီး အဝတ္အစားမ်ားကို ဝတ္ဆင္ေပးလိုက္သည္။ထို႔ေနာက္ သူမဟာ သူ႕ကို ေစာင္တစ္ထည္ၿခဳံေပးလိုက္ကာ အခန္းထဲမွ ျပန္ထြက္သြားေလေတာ့သည္။

အရင္ေန႕ကလိုမ်ိဳးပဲ သူမထြက္သြားသည္ႏွင့္ က်န႔္လီခြၽမ္က ခ်က္ခ်င္း သူ႕မ်က္လုံးမ်ားကို ဖြင့္လိုက္သည္။

ဟက္ခံထားရၿပီး တစ္ခါျပန္ခ်ိန္ညွိထားတဲ့ လုံၿခဳံေရးမွတ္တမ္းကို သူယူလိုက္ေလသည္။

က်င္းခ်န္က အခုေလးတင္ သူ႕ကို တ႐ုတ္အပ္စိုက္ကုသမႈလုပ္ေပးသြားတာကို သူကိုယ္တိုင္ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရတာျဖစ္၏။

အေၾကာေသၿပီးေနာက္ပိုင္းမွာ တ႐ုတ္အပ္စိုက္ကုထုံးမ်ားစြာႏွင့္ သူ ႀကိဳးစားကုသခဲ့ဖူးသည္။အခ်ိန္အမ်ားစုမွာ မေရမတြက္နိုင္ေလာက္ေအာင္ မ်ားျပားလွသည့္ အပ္ေတြထိုးစိုက္ခံခဲ့ရသည္။ပိုၿပီးေတာ့ အက်ိဳးသက္ေရာက္မႈရွိေအာင္ လွ်ပ္စစ္ပါ စီးဆင္းေစခဲ့ေသး၏။

သို႔ေသာ္ အပ္ေပါင္းမ်ားစြာႏွင့္ လ်ပ္စစ္ေလွ်ာ့တိုက္ခဲ့ေပမယ့္ သူ႕ခႏၶာကိုယ္ကေတာ့ တုံ႕ျပန္မႈမရွိခဲ့ေပ။သူ ဘာမွကို မခံစားခဲ့ရတာျဖစ္၏။

ဒါေပမယ့္ ဒီေန႕ညေတာ့ က်န႔္လီခြၽမ္မွာ အႀကီးအကဲတစ္ေယာက္က ကုသေပးသလိုမ်ိဳး တကယ္ကို ေတြ႕ႀကဳံလိုက္ရတာျဖစ္သည္။

အစကေတာ့ သူ႕ခႏၶာကိုယ္ထဲကို ေငြအပ္သုံးေခ်ာင္းေလးပဲ ထိုးစိုက္ခဲ့သည္။

အပ္သုံးေခ်ာင္းကေတာ့ အေတာ္ေလးကို ရွည္လ်ားလွသည္။ပုံမွန္သမားေတာ္ေတြ အသုံးျပဳေလ့မရွိတဲ့ အပ္ေတြျဖစ္ေန၏။

က်န႔္လီခြၽမ္ အစကေတာ့ က်င္းခ်န္ရဲ႕ထူးခြၽန္ေျပာင္ေျမာက္တဲ့နည္းပညာက သူ႕ကို အပူစီးေၾကာင္းေလးတစ္ခု ခံစားရေအာင္ လုပ္တာျဖစ္နိုင္တယ္လို႔ ထင္ေနခဲ့တယ္။သူမလုပ္ခဲ့တဲ့အရာကေတာ့ သူမလက္ေတြနဲ႕ ေငြအပ္ေတြကို လွိမ့္ပြတ္ေနခဲ့႐ုံပင္ျဖစ္ေနခဲ့ေလသည္။

နီးနီးကပ္ကပ္ၾကည့္ၿပီးေတာ့မွ ေငြအပ္ေတြကို လွိမ့္ေနတဲ့လႈပ္ရွားေနပုံက သူထင္ထားသလို ရိုးရွင္းမေနခဲ့ပါေခ်။

သူမက အပ္ေတြအေပၚ အားသုံးခဲ့တာပင္ျဖစ္သည္။

အေတာ္ေလးကို အင္အားႀကီးတဲ့ တြန္းအားတစ္ခုႏွင့္တူ၏။သူမက အပ္ေတြကို ကြၽမ္းကြၽမ္းက်င္က်င္နဲ႕ တြန္းအားသုံးေနခဲ့တာျဖစ္သည္။

ဒီအခ်က္ကပင္ တျခားသမားေတာ္ေတြရဲ႕ တ႐ုတ္အပ္စိုက္ကုထုံးက ဘာလို႔အလုပ္မျဖစ္တာလဲဆိုသည့္ အခ်က္ပင္ျဖစ္သည္။ဒါေပမယ့္ က်င္းခ်န္အတြက္ကေတာ့ အလုပ္ျဖစ္ခဲ့သည္။

သူမရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာက ေဖ်ာ့ေတာ့လာၿပီး နဖူးမွာ ေခြၽးစက္ေတြက်ေနတာကို ျမင္လိုက္ရေတာ့ သူ႕မ်က္ဝန္းထဲတြင္ ခပ္ေရးေရး လွိုင္းထသြားခဲ့သည္။

က်င္းခ်န္က အရာအားလုံးကို သူ႕ေနရာႏွင့္သူ ျဖည္းျဖည္းခ်င္း ျပန္ထားပုံႏွင့္ သူမအိပ္ခန္းဘက္ကို ျပန္သြားပုံတို႔ကို သူ ျမင္လိုက္ရသည္။က်န႔္လီခြၽန္မွာ သူမဆီကို သြားခ်င္လာခဲ့သည္။

ဒါေပမယ့္ သူက အမွိုက္လိုမသုံးမဝင္တဲ့သူျဖစ္ေနေတာ့ မျဖစ္နိုင္ဘူးဆိုတာကိုသာ သေဘာေပါက္လိုက္၏။

သူမကေတာ့ သူမအခန္းကို ျပန္ေရာက္လာခဲ့ၿပီျဖစ္သည္။

တကယ္ေတာ့ က်င္းခ်န္က သူမရဲ႕ရန္သူေတြကို တစ္ေယာက္မွမျမင္ရေသးသေ႐ြ႕ ပင္ပန္းတာကလည္း ေကာင္းတဲ့အရာပါပဲဟု ေတြးျမင္မိသည္။

ဒါက သက္လုံအားေကာင္းေအာင္ ေလ့က်င့္တာႏွင့္ေတာင္ ဆင္တူေသးသည္။ပိုၿပီးအဆင့္ျမင့္တဲ့ လယ္ဗယ္ကိုေရာက္ဖို႔အတြက္ စုေဆာင္းထားသမွ်အင္အားေတြကို အရင္ဆုံး ၿဖိဳခြဲပစ္ရမည္ျဖစ္သည္။သင့္မွာရွိသမွ်အတြင္းအားေတြ လုံးဝကုန္ခမ္းသြားၿပီး အကန႔္အသတ္ျပည့္သြားၿပီဆိုတာကို သတိထားမိတာနဲ႕ ေနာက္တစ္ဆင့္ကို တက္လွမ္းနိုင္ဖို႔ အဲ့ဒီအဆင့္ကို ေက်ာ္ျဖတ္ရပါသည္။

ခ်ီစြမ္းအားကို စတင္ပ်ိဳးေထာင္တာႏွင့္ပင္ တူလွေပ၏။

သူမအတြက္ေတာ့ အတြင္းအားကုန္ခမ္းသြားဖို႔ အခြင့္အေရးမ်ားမ်ား ရမယ္ဆိုလွ်င္ ပိုၿပီး ျမန္ျမန္တိုးတက္လာနိုင္မွာျဖစ္သည္။

က်န႔္လီခြၽမ္က ယန္ဓာတ္အေတာ္မ်ားသည့္အတြက္ က်န႔္မိသားစု၏သခင္မေလးအျဖစ္ က်င္းခ်န္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။သူတို႔ႏွစ္ေယာက္က တစ္ေယာက္ႏွင့္တစ္ေယာက္ ဟန္ခ်က္ညီေအာင္ ထိန္းနိုင္တာမို႔ သူတို႔ေတြက နတ္ဖက္တဲ့စုံတြဲပင္ျဖစ္ေနေတာ့သည္။

တိုက္တိုက္ဆိုင္ဆိုင္ က်င္းခ်န္က ညတိုင္း ခ်ီစြမ္းအားကို ေလ့က်င့္ခဲ့တာ သူမကေလးဘဝကတည္းကပင္ ျဖစ္သည္။တစ္နည္းေျပာရရင္ သူမပ်ိဳးေထာင္ခဲ့တဲ့ခ်ီဓာတ္ေတြကို ယင္ခ်ီလို႔ေခၚၾကသည္။

အရင္ပိုင္ရွင္ရဲ႕ဘဝက အေတာ္ေလး ယင္ဓာတ္မ်ားတာေၾကာင့္ သူမရဲ႕အေျခတည္အဆင့္အတြက္ အေတာ္ေလးသင့္ေလ်ာ္လွသည္။ဒီအခ်က္ေၾကာင့္ပဲ သူမ ဒီခႏၶာကိုယ္ထဲမွာ ျပန္လည္ေမြးဖြားခဲ့တာျဖစ္မည္။

သူမ လုံးဝကိုေမာပန္းခဲ့တာေၾကာင့္ ဒီညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ေတာ့မည္ပင္။

သူမအခန္းကိုျပန္ေရာက္ေတာ့ သူမလွဲခ်လိဳက္တာႏွင့္ အိပ္ေပ်ာ္သြားေတာ့သည္။တစ္ဖက္ခန္းမွ က်န႔္လီခြၽမ္ကေတာ့ လုံၿခဳံေရးမွတ္တမ္းကို ေနထြက္လာသည္ထိတိုင္ေအာင္ ၾကည့္ေနခဲ့ေလသည္။

.....

က်င္းခ်န္ ႏွိုးစက္ခ်ထားခဲ့ေပမယ့္ ေနာက္က်ေနဆဲျဖစ္သည္။

သူမလို အိပ္မေပ်ာ္ေသာေရာဂါႏွင့္ ႐ုန္းကန္ေနရသည့္လူအတြက္ေတာ့ အိပ္စက္ျခင္းကို ဘယ္တုန္းကမွ ဟန႔္တားဖို႔မလုပ္ခဲ့ေပ။

ထို႔ေၾကာင့္ နိုးစက္ျမည္တာေတာင္ က်င္းခ်န္ေမွ်ာ္လင့္ထားခဲ့သလို နိုးစက္ခ်ထားသည့္အခ်ိန္မွာ မနိုးခဲ့ေပ။က်ဳံးေပၚအန္တာတိန္းမန႔္ကို ေရာက္လာခဲ့တဲ့အခ်ိန္မွာေတာ့ ပုံမွန္အစည္းအေဝးေတြက ၿပီးဆုံးသြားခဲ့ၿပီျဖစ္သည္။လူတိုင္းထြက္သြားေတာ့ က်င္းခ်န္က ဘုရင္မတစ္ပါးလို အခန္းထဲကို ေလွ်ာက္လွမ္းလာခဲ့သည္။ေနာက္က်ေနၿပီမို႔ သူတို႔ရဲ႕မ်က္လုံးေတြက ေလွာင္ေျပာင္သေရာ္မႈေတြနဲ႕ ျပည့္ႏွက္ေနခဲ့ေလသည္။

စာစဥ္ ၆ ၊ အခန္း ၂ ။ အဆင့္အတန္းႏွစ္ဆ

 

 

အႏုပညာဌာနရဲ႕ဒါရိုက္တာရႈက အေတာ္ေလးစည္းကမ္းတင္းၾကပ္သည္ဟု လူသိမ်ားၾကသည္။အထူးသျဖင့္ နာမည္တက္ေနဆဲအႏုပညာရွင္မ်ား ေရာက္လာသည့္အခါတြင္ျဖစ္၏။

ထို႔ေၾကာင့္ က်င္းခ်န္၏႐ုတ္တရက္ေပၚထြက္လာမႈက သူမအတြက္ ျပႆနာမီးခြက္ထြန္းရွာသလိုျဖစ္သြားသည္။ သူမဘာေတြျဖစ္လိမ့္မလဲဆိုတာကို လူတိုင္းက ေစာင့္ၾကည့္ေနၾကသည္။

“ခ်န္ခ်န္..ဘာလို႔ အရမ္းေနာက္က်ေနတာလဲ။”

မေန႕ညတုန္းက က်င္းခ်န္ႏွင့္ မေက်ပြဲႏႊဲခဲ့ၾကေပမယ့္ ယူနာမွာ တစ္ညလုံးဒီအေၾကာင္းကို ေတြးၿပီးေတာ့ အခုဘာက အေရးႀကီးဆုံးလဲဆိုတာကို သူမ နားလည္သေဘာေပါက္သြားခဲ့သည္။

ေယာက်္ားေတြက အသုံးမက်ဘဴး။မိန္းမေတြကသာ သူတို႔ကိုယ္တိုင္အားကိုးလို႔ရတာ။

ၿပီးေတာ့ ဒီေန႕က အရမ္းအေရးႀကီးတဲ့ေန႕ျဖစ္သည္။ခ်င္းရီက ပထမအမ်ိဳးသားဇာတ္ေဆာင္ျဖစ္ၿပီး က်င္းလုက ဒုတိယအမ်ိဳးသမီးဇာတ္ေဆာင္လုပ္ရန္ သေဘာတူလိုက္တာႏွင့္ ကုမၸဏီသုံးခုလုံးမွ ဝန္ေဆာင္ခကို ရနိုင္မည္ျဖစ္သည္။

သို႔ေသာ္ မေန႕မနက္တုန္းက ကိစၥကို မိသြားတာေၾကာင့္ က်င္းခ်န္က သူ႕ဖုန္းနံပါတ္ကို ဘေလာ့ထားလိုက္ၿပီျဖစ္သည္။ခ်င္းရီက သူမကို ဘယ္ေလာက္ပဲ ဖုန္းေခၚဖို႔ ႀကိဳးစားပါေစ၊က်င္းခ်န္ကေတာ့ သေဘာထားေျပာင္းလဲေတာ့မည္ မဟုတ္ေပ။

ေနာက္ဆုံးေတာ့ ခ်င္းရီ၏လြဲေခ်ာ္မႈေၾကာင့္ သူတို႔၏အနာဂတ္ကို သက္ေရာက္ေစမည့္ ကံဆိုးမႈကို သတိျပဳမိလိုက္ေတာ့သည္။

တကယ္လို႔က်င္းခ်န္ကသာ ဒီကိစၥေၾကာင့္ ခ်င္းရီကို အၿပီးအပိုင္ စြန႔္လႊတ္လိုက္ရင္ သူတို႔ေတြ ဘယ္ေတာ့မွ က်န႔္မိသားစုကေန အခြင့္အလမ္းေတြ ရနိုင္ေတာ့မွာ မဟုတ္ေပ။

သူမရဲ႕ေခ်ာေမြ႕ေနတဲ့လမ္းေလးလဲ ခ်က္ခ်င္းပင္ ႐ႊံ႕ႏြံထူထပ္သြားမည့္အျပင္ ေသလမ္းသြားမယ့္လမ္းပါ ျဖစ္လာနိုင္ေတာ့ ယူနာမွာ စိုးရိမ္စျပဳလာရေတာ့သည္။ထို႔ေၾကာင့္ သူမ၏ဟိတ္ဟန္မ်ားေသာပုံစံကို ေျပာင္းလဲၿပီး ေႏြဦးအတြင္းမွာ တိုက္ခတ္တဲ့ေလေျပေလညွင္းေလးကဲ့သို႔ႏွယ္ လမ္းေလွ်ာက္လာတဲ့ က်င္းခ်န္ကို ၾကည့္ၿပီး မ်က္ႏွာအေရထူစြာႏွင့္ပင္ သူမေနာက္က်ရျခင္းအေၾကာင္းကို ဆင္ေျခေပးလိုက္ေလသည္။

“ဒီေန႕ ဘာလို႔ အရမ္းေတြေဖ်ာ့ေတာ့ေနရတာလဲ။ ေနမေကာင္းဘူးလား။”

“အစ္မယူနာ..က်င္းခ်န္ရဲ႕ႏွင္းဆီေသြးသန္းေနတဲ့ ပါးမို႔မို႔ေလးေတြကို ၾကည့္လိုက္ပါဦး။သူက ပိုၿပီးၾကည့္ေကာင္းေနသလို ခံစားေနရတာပါလိမ့္။ပိုၿပီး ေနေကာင္းေနတာမဟုတ္ဘူးလား။”

အခုစကားေျပာေနတဲ့သူက ယန္ယင္းလီဟုေခၚသည္။သူမသည္ ေအာ္ရိုရာ  မိန္းကေလးမ်ားဟု လူသိမ်ားသည့္ မိန္းကေလးအဖြဲ႕မွ ေခါင္းေဆာင္ အကသမားျဖစ္သည္။

သူတို႔က အရမ္းမရင္းႏွီးေပ။သူမမွာရွိသည့္ မွတ္ဉာဏ္အနည္းငယ္ကေနေတာ့ “Dancing Youth”ဟုေခၚသည့္ ရွိုးပြဲတစ္ခုမွာ အတူပါဖူးတာေတာ့ မွတ္မိလိုက္ရသည္။

သို႔ေသာ္ အရင္ကေတာ့ သူမတို႔က ကုမၸဏီအတူတူမဟုတ္ခဲ့ေပ။လြန္ခဲ့တဲ့တစ္လတုန္းက သူမ က်န႔္မိသားစုႏွင့္လက္ထပ္ၿပီး သူတို႔၏အကူအညီႏွင့္အတူ က်ဳံးေပၚအန္တာတိန႔္မန႔္ႏွင့္ စာခ်ဳပ္ကို အဆုံးသတ္ပစ္ခဲ့သည္။ထို႔ေနာက္ သူမက က်ဳံးေပၚအန္တာတိန္းမန႔္က အႏုပညာရွင္တစ္ေယာက္ဆိုတာ အၿပီးသတ္သြားၿပီျဖစ္သည္။

ခဏေလာက္ စဥ္းစားၿပီးေတာင္ ဒီမိန္းကေလးက ဘယ္လိုျဖစ္ၿပီး ဘာေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ျပဳဖူးသလဲဆိုတာ သတိမရနိုင္ခဲ့ေပ။

ေသနတ္ထဲကိုက်ည္ဆံအျပည့္ထည့္ၿပီး တရစပ္ပစ္ခတ္သလိုမ်ိဳး အႏုပညာဌာနမွ ဒါရိုက္တာရႈက တရစပ္ေျပာေတာ့သည္။

“ေနမေကာင္းျဖစ္ေနတယ္ေပါ့။ဒါေပမဲ့ မသက္မသာျဖစ္ေနတာေတာင္ ကုမၸဏီကိုလာဖို႔ ဆုံးျဖတ္ခဲ့ေသးတယ္။တကယ္ကို ခ်ီးက်ဴးထိုက္ပါေပတယ္။ဒါၿပီးရင္ မင္းတက္ရမယ့္ တျခားအေရးႀကီးတဲ့ ပေရာဂ်က္အစည္းအေဝးရွိေသးတယ္ဆိုေတာ့ ျပင္ဆင္ထားပါ။”

လူတိုင္း အံ့ဩသြားခဲ့ရသည္။

တကယ္ပါပဲ အဆင့္အတန္းႏွစ္ခုနဲ႕ပဲ ပိုၿပီး ထင္ရွားေနနိုင္ေတာ့မွာလား။

ယန္ယင္းလီက ႏွစ္မိႏွစ္ေလာက္ပဲ ေနာက္က်ခဲ့ေပမယ့္ ဒါရိုက္တာရႈဆီကေန ႀကီးႀကီးမားမား အဆူခံခဲ့ရသည္။က်င္းခ်န္က တစ္နာရီေလာက္ ေနာက္က်တာကိုေတာ့ ဒီနတ္ဆိုးႀကီးက အလြယ္ေလးလႊတ္ေပးလိုက္သည္။သူမကို မဆူပူခဲ့႐ုံမက ခ်ီးေတာင္ ခ်ီးက်ဴးေနေသးသည္။

မ်က္လုံးေကာင္းေကာင္းနဲ႕ ၾကည့္ေနသူတိုင္း က်င္းခ်န္မွာ ဘာအမွားမွ မရွိဘူးဆိုတာ ျမင္နိုင္ၾကလိမ့္မည္။ယူနာကသာ အေၾကာင္းျပခ်က္ေပးခဲ့သူျဖစ္၏။

ရႈယန္က သူမကို အေလွာ္ခံရမွာကေန ကူညီေပးေနတာျမင္ေတာ့ က်င္းခ်န္က ယန္လီကိုယ္တိုင္ အေလွာ္ခံေနရတာကေန သူမကိုယ္တိုင္ ဟန႔္တားပစ္လိုက္သည္။သူမ ယန္ယင္းလီကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေခါင္းကို ေမာ္ခ်ီကာ ေလွ်ာက္သြားေလသည္။

အေရးမပါေသာသူမ်ားကို ေမတၱာထားၿပီး သူမစကားေျပာေနရသည့္ အေၾကာင္းျပခ်က္မွာ က်င္းခ်န္မွာ ရန္စခံရတာ ဒါမွမဟုတ္ စိန္ေခၚခံရတာမ်ိဳးကို မုန္းလို႔ပင္ျဖစ္သည္။သို႔ေသာ္ တစ္ေယာက္ေယာက္က သူမကို ရန္လာစၿပီးသားဆိုရင္ေတာ့ ဒီလိုလူေတြႏွင့္ သူမအခ်ိန္ျဖဳန္းစရာမလိုေတာ့ေပ။

“ခ်န္ခ်န္..ဒါရိုက္တာရႈက မင္းနဲ႕ သင့္ေတာ္မယ့္ ႐ုံးခန္းတစ္ခန္း စီစဥ္ထားၿပီးသြားၿပီ။အခုကစၿပီး အစ္မတို႔ ကိုယ္ပိုင္႐ုံးခန္းရွိၾကေတာ့မယ္။လာပါ။အစ္မ မင္းကို ႐ုံးခန္းအသစ္လိုက္ျပမယ္။”

ဒီေန႕ ယူနာရဲ႕အျပဳအမူက အေတာ္ေလးကို ေကာင္းေနသည္။ယာယီစစ္ေျပၿငိမ္းမည့္ လမ္းစျဖစ္နိုင္သည္။

မေန႕ညက က်င္းခ်န္ပို႔လိုက္သည့္ပုံေတြႏွင့္ ပတ္သက္ၿပီး သူမမိသားစုၾကားမွာ ဖရိုဖရဲျဖစ္ေစခဲ့တာမို႔ ဘာမွမေျပာခဲ့ေပ။          

စာစဥ္ ၆ ၊ အခန္း ၃ ။ သူမအေၾကာင္းကို ငါသိသင့္တယ္မလား

 

အႏုပညာရွင္ေတြနဲ႕ မန္ေနဂ်ာအုပ္ေတြအားလုံး က်င္းခ်န္အခန္းထဲကေန ထြက္သြားတာကို ၾကည့္ၿပီး အံ့အားသင့္သြားတဲ့ပုံပင္။

“သူ႕ကိုယ္သူ ဘာထင္ေနသလဲမသိဘူး။က်ဳံးဇီကေန ငါတို႔ဆီကို ေရာက္လာတဲ့အလွပန္းအိုးေလးသက္သက္ပဲကို။ တိတ္တိတ္ေလး ဆက္ေနသင့္တာကို။အခုေတာ့ အရမ္းကို ေသြးနားထင္ေရာက္ျပေနတယ္။သူ႕ကိုသူ အေတာ္ဆုံးအႏုပညာရွင္မ်ားမွတ္ေနလားပဲ။”

အႏုပညာရွင္ေတြထဲက တစ္ေယာက္က ခ်ိဳသာျပမေနနိုင္ေတာ့ဘဲ ကြန္ပလိန္းတက္လာေလသည္။

သို႔ေသာ္ သူမစကားေျပာၿပီးသြားႏွင့္ သူမေနာက္မွာရပ္ေနတဲ့ သူမမန္ေနဂ်ာရဲ႕ တံေတာင္ျဖင့္တြက္တာခံလိုက္ရေလသည္။

“ဘာလို႔ တံေတာင္နဲ႕ထိုးေနတာလဲ။ကြၽန္မေျပာတာ မွားေနလို႔လား။က်ဳံးဇီအန္တာတိန္းမန႔္က ကုမၸဏီေလးေသးေသးေလ။ဘယ္လိုလုပ္ ကြၽန္မတို႔နဲ႕ ယွဥ္လို႔ရမွာလဲ။သူ႕မွာရွိတာဆိုလို႔ ႐ုပ္ရည္ပဲရွိတာ။က်ဳံးေပၚက သူ႕ကို ေကာင္းေပးဖို႔ ႀကိဳးစားေနေပမယ့္ သူကေတာ့ ဘယ္ေနရာကေနလာသလဲဆိုတာ ေမ့သြားၿပီေလ။သူ႕ကိုသူ ဘုရင္မတစ္ပါးလို လာလုပ္ေနတယ္။

သူ႕ကိုၾကည့္လိုက္ေလ။တကယ္ပဲ သူ႕ကိုယ္သူ လူသစ္ေလးလို႔ ေတြးေနမယ္ထင္လို႔လား။ဒါရိုက္တာရႈေတာ့ တစ္ခုခုမွားေနၿပီ။ဘာလို႔ သူ႕ကိုမဟုတ္ဘဲ အစ္မလီကို ေအာ္ရတာလဲ။သူကေတာ့ အေတာ္ေလး ဘက္လိုက္တာပဲ။”

အနီးမွာရပ္ေနတဲ့ ယန္ယင္းလီရဲ႕မ်က္ႏွာက အားလုံးကိုၾကားၿပီးခါမွ ပိုၿပီး မည္းေမွာင္လာတယ္။သူမ၏ႏွလုံးသားထဲမွာလည္း  မီးေတြေလာင္ေနၿပီျဖစ္သည္။

သို႔ေသာ္ အေနာက္မွာရပ္ေနတဲ့ မဲ့ေယာက္တန္ကို ျမင္ေတာ့ ယန္ယင္းလီ၏အမူအရာမွာ ေျပာင္းလဲသြားၿပီး မဲ့ေယာက္တန္ကို တေလးတစားနဲ႕ ႏႈတ္ဆက္လိုက္တယ္။

“အစ္မတန္…”

သူမအတြက္ရပ္တည္ေပးခဲ့ေသာ မိန္းကေလးအႏုညာရွင္ကို ျမင္တာနဲ႕ ယန္ယင္းလီ ခ်က္ခ်င္းႏႈတ္ဆက္လိုက္သည္။

“အစ္မတန္…”

မဲ့ေယာက္တန္က ရည္မြန္ၿပီး သေဘာထားႀကီးတဲ့ အၿပဳံးနဲ႕အတူ အသိအမွတ္ျပဳတုံ႕ျပန္လိုက္သည္။

“အစ္မတန္..ဒီေန႕ ဒီကို ဘာလို႔ေရာက္ေနတာလဲ။ ပေရာဂ်က္အစည္းအေဝးအတြက္လား။”

ယန္ယင္းလီက သြက္သြက္လက္လက္နဲ႕ ထြက္လာၿပီး မဲ့ေယာက္တန္ရဲ႕လက္ကို ကိုင္ၿပီး ေတာက္ပတဲ့အၿပဳံးေလးနဲ႕ ၿပဳံးျပလိုက္ေလသည္။

မဲ့ေယာက္တန္ကၿပဳံးၿပီး ျပန္ေျပာလိုက္သည္။

“ရႈတင္စေတာ့မွာေလ။ဒါေၾကာင့္ အစည္းအေဝးကို ေရာက္ေနတာပါ။”

“ေကာင္းလိုက္တာ။ဒီဒရမ္မာအေၾကာင္းကို ၾကားထားတာ တကယ္ကို ဉာဏ္ရည္ျမင့္တဲ့ဇာတ္လမ္းမ်ိဳးပဲ။တကယ္လို႔ အစ္မတန္သာ ပါရင္ လုံးဝကို ေပါက္မွာေသခ်ာတယ္။ၿပီးေတာ့ ဒီကားက ေရွးေခတ္ဒရမ္မာေလ။ေကာင္းတဲ့ရလဒ္ေတြ ပိုၿပီး ရဖို႔လြယ္ကူလာမွာပါ။ေနာက္က်ရင္ ဒီဒရမ္မာကို လႊင့္လိုက္တဲ့အခ်ိန္ဆို အစ္မတန္က အေတာ္ဆုံးမင္းသမီးတစ္ေယာက္ျဖစ္လာမွာ ေသခ်ာတယ္။”

ယန္ယင္းလီက မဲ့ေယာက္တန္နဲ႕ စကားေျပာေနတာကို ျမင္ေတာ့ တျခားမိန္းကေလးအႏုပညာရွင္ကလည္း ေရာက္လာေလသည္။

“အစ္မတန္က တကယ္ကို အလွေလးပဲ။သ႐ုပ္ေဆာင္လည္း ေတာ္တယ္။ေနာက္က်ရင္ ဒရမ္မာေရာ ဇာတ္ကားဘက္မွာပါ အေတာ္ဆုံး မင္းသမီးတစ္လက္ ျဖစ္လာမွာေသခ်ာတယ္။”

မဲ့ေယာက္တန္ရဲ႕အေဖက က်ဳံးေပၚအင္တာတိန႔္မန႔္မွာ ရာထူးျမင့္တဲ့သူတစ္ေယာက္ျဖစ္သည္။ဒါေၾကာင့္ သူမက တျခားအႏုပညာရွင္မ်ားထက္ အခြင့္အလမ္းပိုရေလသည္။သူမက ဒီႏွစ္မွ ႏွစ္ဆယ့္ငါးႏွစ္ျပည့္တာျဖစ္သည္။သို႔ေသာ္ သူမက TV ဇာတ္လမ္းတြဲႏွစ္ခုမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီျဖစ္ၿပီး ဇာတ္လမ္းတြဲႏွစ္ခုစလုံးကလည္း မယုံၾကည္နိုင္ေလာက္ေအာင္ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သည္။ အေတာ္ဆုံးမင္းသမီးဆုက ေသခ်ာေပါက္ သူမအတြက္ပင္။

ထို႔ေၾကာင့္ ဘယ္အခ်ိန္မဆို အခြင့္အေရးေတြ ရေနတဲ့ မဲ့ေယာက္တန္ကို  ဘယ္အႏုပညာရွင္ကမွ အလြဲခံၾကမွာ မဟုတ္ေပ။

မဲ့ေယာက္တန္က ႏူးႏူးညံ့ညံ့ၿပဳံးလိုက္ျပေလသည္။သူမ သူတို႔ႏွစ္ေယာက္က သူမကိုမ်က္ႏွာခ်ိဳေသြးဖို႔ ႀကိဳးစားေနၾကတယ္ဆိုတာ မထင္ထားမိလို႔ျဖစ္မည္။

သို႔ေသာ္ သူမက ယုံလြယ္တဲ့သူျဖစ္ၿပီး သူမကို စိတ္ေက်နပ္ေစတဲ့အရာျဖစ္တယ္ဆိုတာ ယန္ယင္းလီက ေကာင္းေကာင္းသိေနသည္။

“အဲ့ဒီလူသစ္က ဘယ္သူလဲ။သူကၾကည့္ေကာင္းလိုက္တာ။”

မဲ့ေယာက္တန္က ဆက္ၿပီးလမ္းေလွ်ာက္ရင္း ေမးလိုက္သည္။ယန္ယင္းလီနဲ႕ မ်က္ႏွာခ်ိဳတဲ့ မိန္းကေလးတို႔က နီးနီးေလး ရပ္ေနၾကၿပီး အၾကာႀကီး သူမနဲ႕စကားေျပာေနခဲ့ၾကတယ္။

“အစ္မတန္ သူ႕ကို မသိဘူးလား။”

မ်က္ႏွာခ်ိဳတဲ့မိန္းကေလးက တအံ့တဩနဲ႕ေမးလာေလသည္။

 “ငါလုပ္သင့္…??”

မဲ့ေယာက္တန္က လွပၿပီး သန့္စင္တဲ့ပုံစံမ်ိဳးျဖစ္သည္။သူမရဲ႕အၿပဳံးက ႏူးညံ့သည္။ေႏြဦးမွာတိုက္ခတ္သည့္ ေလေျပေလညွင္းေလးလိုပင္ျဖစ္သည္။သူမရဲ႕ခံစားခ်က္ကို ပိုၿပီးေကာင္းသြားေစသည္။သို႔ေသာ္ သူမက ေမးခြန္းကို ေမးလိုက္တာေၾကာင့္ သူမရဲ႕အသံက ေရခဲလိုေအးစက္ေနသည္။

အႏုပညာရွင္ေလးက ဘာေတြျဖစ္ေနသလဲဆိုတာ ခ်က္ခ်င္းနားလည္လိုက္ၿပီး ျမန္ျမန္ျပန္ေျပာလိုက္သည္။

“အိုး..ငါဒီကို ဘာကိစၥလာတာပါလိမ့္။သူက က်ဳံးဇီကေနလာတဲ့ နာမည္ဆိုးနဲ႕ေက်ာ္ၾကားတဲ့ ပါးမႊားေလးပါ။လာမယ့္ ဒရမ္မာမွာ တတိယမင္းသမီးေနရာမွာ သ႐ုပ္ေဆာင္ရမွာေလ။သူက အစ္မတန္သတိရဖို႔ေတာင္ မတန္တဲ့သူေလ။”

မဲ့ေယာက္တန္က ဆက္ၿပီးၿပဳံးေနရင္းနဲ႕ သူမေဘးကမ်က္ႏွာခ်ိဳခ်ိဳနဲ႕တစ္ေယာက္ကို ေျပာလိုက္သည္။

“ဟုတ္တာေပါ့။ကိုယ့္ကိုယ္ကိုယ္ပဲ ဂ႐ုစိုက္ေနရမွာေလ။အျခားလူေတြအေၾကာင္းကို သိၿပီး စိတ္ရႈပ္မေနသင့္ဘူး။သူက ဘာမွမွ မဟုတ္တာ။သူ႕နာမည္ကိုေတာင္ မသိပါဘူး။”

 

စာစဥ္ ၆ ၊ အခန္း ၄ ။ မသြားခ်င္ဘူး

ေဖ်ာ္ေျဖေရးနယ္ပယ္က အရမ္းကို ညစ္ေထးလြန္းလွသည္။ႏွစ္ေပါင္းမ်ားစြာ ဒီနယ္ပယ္ထဲမွာ က်င္လည္ၿပီးေတာ့ လူတန္းစားေပါင္းစုံကို ျမင္ဖူးခဲ့ၿပီးၿပီျဖစ္သည္။ဒီအမ်ိဳးသမီးက သူမကို ရန္စဖို႔ႀကိဳးစားေနၿပီး က်င္းခ်န္နဲ႕ ရန္ျဖစ္တဲ့အခါ အသုံးခ်ခ်င္ေနခဲ့သည္။သူမက ဘယ္လိုလုပ္မသိဘဲေနမလဲ။

ဒီလိုလူေတြက သူတို႔ကိုယ္တိုင္ မစြမ္းေဆာင္နိုင္ၾကေပမယ့္ လူေတြၾကားမွာေတာ့ ခေလာက္ဆန္ေအာင္ လုပ္ခ်င္ၾကသည္။ သူတို႔ေတြက မုန္းစရာအေကာင္းဆုံးနဲ႕ သူတို႔နယ္ပယ္ထဲမွာ စိတ္အေႏွာင့္အယွက္ျဖစ္စရာ အေကာင္းဆုံးသူေတြပင္ျဖစ္သည္။

ဒါေၾကာင့္ မဲ့ေယာက္တန္က သူမနာမည္ကို သိေသာ္လည္း သူမကို အရွက္ခြဲဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

ပါးျဖတ္ခ်ခံလိုက္ရတဲ့ အမ်ိဳးသမီးအႏုပညာရွင္က သေဘာေပါက္သြားၿပီး သူမရဲ႕ဇာတ္ကြက္က အေဖာ္ခံလိုက္ရေတာ့ နည္းနည္းေတာ့ ရွက္သြားသလိုပဲပင္။ဒါေပမယ့္ သူမက ခ်က္ခ်င္း ျပန္ေျပာလာသည္။

“အစ္မတန္ ကြၽန္မနာမည္က ဖန္မန္ယြီပါ။အစ္မလီနဲ႕ တစ္ဖြဲ႕တည္းကပါ။”

“အာ အစ္မတန္ မန္ယြီကို မသိဘူးလား။အစ္မ သူ႕ကို သိမယ္ထင္ေနခဲ့တာ။သူက ကြၽန္မတို႔ ေအာ္ရိုရာ မိန္းကေလးအဖြဲ႕က visualေလ။”

“visualဆိုတဲ့ စကားကို ေျပာေတာ့ ဖန္မန္ယြီရဲ႕မ်က္ႏွာက  သိမ္ေမြ႕ေနၿပီး ရွက္ေသြးႂကြေနေလသည္။ မဲ့ေယာက္တန္ဆီက ခ်ီးက်ဴးစကားေတြကို ေမွ်ာ္လင့္ေနသလိုပဲပင္။

သို႔ေသာ္ မဲ့ေယာက္တန္က ဒီအေၾကာင္းကို ဆက္ေတာင္မေျပာေတာ့ေခ်။

သူမက ယန္ယင္းလီဘက္ကို လွည့္လာၿပီး ေျပာလိုက္သည္။

“အိုး..ဒါနဲ႕ ကြၽန္မရဲ႕ေနာက္လာမယ့္ “စစ္သူႀကီး၏ ၾကင္သူသက္ထား မိဖုရား” ဒရမ္မာမွာ သိုင္းပညာေတာ္တဲ့ နန္းတြင္းသူေလးတစ္ေယာက္အတြက္ အခန္းတစ္ခန္း လြတ္ေနတယ္။အဓိကဇာတ္ေဆာင္ေတြေတာ့ မဟုတ္ၾကေပမယ့္ သူက အမ်ိဳးသမီးဇာတ္ေဆာင္အတြက္ေတာ့ အေရးပါဆုံးသူေပါ့။ေၾကာ္ျငာေကာင္းေလးျဖစ္မွာပါ။ၿပီးေတာ့ မင္းကလည္း အကသမားတစ္ေယာက္ပဲေလ။သိုင္းပညာေတြ သင္ယူရတာ လြယ္ကူမွာပဲ။ ဘယ္လိုထင္လဲ။စိတ္ဝင္စားလား။”

ယန္ယင္းလီနဲ႕ ဖန္မန္ယြီတို႔က ၾကက္ေသေသသြားေတာ့ေလသည္။

“စစ္သူႀကီး၏ ၾကင္သူသက္ထားမိဖုရား” ဆိုတာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္က အေတာ္ေလး ေအာင္ျမင္ခဲ့တဲ့ ဒရမ္မာတစ္ခုပင္ျဖစ္သည္။ဒရမ္မာရဲ႕ ပရိတ္သတ္အခိုင္အမာလည္းရရွိခဲ့သည္။ထို႔အျပင္ အမ်ိဳးသမီးဇာတ္ေဆာင္အဓိက ဒရမ္မာတစ္ခုျဖစ္သည္။တကယ္လို႔ သူမရဲ႕အခန္းက႑က နန္းတြင္းသူတစ္ေယာက္ျဖစ္လွ်င္ သူမက အမ်ိဳးသမီးဇာတ္ေဆာင္ႏွင့္ အနီးကပ္ဆုံးေနရမွာျဖစ္သည္။ဒီေနရာမွာသ႐ုပ္ေဆာင္ရၿပီး ေၾကာ္ျငာခြင့္ရျခင္းက ဘုရင့္ကိုယ္လုပ္ေတာ္ေနရာမွာ သ႐ုပ္ေဆာင္ရတာထက္ ပိုသာမည္ျဖစ္သည္။

မဲ့ေယာက္တန္က ယန္ယင္းလီရဲ႕မ်က္ႏွာမွာ အံ့အားသင့္ေနတာကို ျမင္ေတာ့ သူမက ၿပဳံးျပလာၿပီး ေမးလိုက္ေလသည္။

“ဘာျဖစ္လို႔လဲ။မလိုခ်င္လို႔လား။”

“လိုခ်င္တာေပါ့။ေက်းဇူးအမ်ားႀကီးတင္ပါတယ္။အစ္မတန္။ဒီလိုအခြင့္အေရးကိုေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္”

ယန္ယင္းလီက အရမ္းေပ်ာ္သြားၿပီး ဦးၫႊတ္ကာ သူမကို ေက်းဇူးတင္ေနေတာ့သည္။သူမရဲ႕ေပ်ာ္႐ႊင္မႈက ေျပာမျပတတ္ေအာင္ပင္ျဖစ္သည္။

သူမက ေအာ္ရိုရာ အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္ေပမယ့္ ဒီအဖြဲ႕က လူသိမမ်ားခဲ့ေပ။သူတို႔ပြဲဦးထြက္ၿပီးတဲ့ေနာက္မွာ ဒီလိုအခြင့္အေရးမ်ိဳး မရွိခဲ့ဖူးေခ်။သူမက အကမွာပါရမီပါလို႔သာ ”Dancing Youth”ထဲကို ပါဝင္ခဲ့တာျဖစ္သည္။

သို႔ေသာ္ variety showsေတြက ပရိတ္သတ္အမ်ားႀကီးကိုေတာ့ ဆြဲေဆာင္နိုင္မွာမဟုတ္ေပ။ၿပီးေတာ့ သူမရဲ႕အနာဂတ္အတြက္လည္း အက်ိဳးမရွိဘဲ တိုးတက္လာလိမ့္မည္မဟုတ္ေပ။

အဓိကအမ်ိဳးသမီးဇာတ္ေဆာင္၏အေစခံဆိုတဲ့ အခန္းကိုရခဲ့လွ်င္ သူမမွာ ပရိတ္သတ္အေရအတြက္ တိုးလာၿပီး မီဒီယာကိုလဲ လႊမ္းမိုးလာနိုင္ေပလိမ့္မည္ပင္။

တကယ္လို႔ ဒီဒရမ္မာသာ ေပါက္ခဲ့ရင္ သူမလည္း ေသခ်ာေပါက္ ေက်ာ္ၾကားလာမည္ျဖစ္သည္။

“မင္းလိုခ်င္ရင္ မင္းရဲ႕အေကာင္းဆုံး performanceကို ယူလာခဲ့ရင္ေကာင္းမယ္။ကြၽန္မကိုေတာ့ အရွက္မရေစနဲ႕ေပါ့။”

“စိတ္ခ်ပါ။အစ္မတန္..။ကြၽန္မအေကာင္းဆုံး ႀကိဳးစားမွာပါ။ၿပီးေတာ့ အစ္မကို ဘယ္ေတာ့မွ အရွက္မရေစဖို႔ ကတိေပးပါတယ္။”

မဲ့ေယာက္တန္က ေက်နပ္သြားၿပီး ေခါင္းညိတ္ျပလာေတာ့သည္။

“ဒါဆိုလည္း ဒီကိစၥၿပီးသြားရင္ ပေရာဂ်က္အစည္းအေဝးအတြက္ ေတြ႕ၾကတာေပါ့။”

ပေရာဂ်က္အစည္းအေဝးပြဲကို တက္ခြင့္ရတဲ့ အႏုပညာရွင္ေတြက ကုမၸဏီရဲ႕အေလးေပးခံရသူမ်ားသာျဖစ္သည္။က်င္းခ်န္က အစည္းအေဝးကို တက္ခြင့္ရတယ္ဆိုတာကို သိသြားေတာ့ သူမမွာ မနာလိုသဝန္တိုၿပီး ႐ူးသြပ္သြားသည္။

ဒါေပမယ့္ အခုေတာ့ သူမလည္း အစည္းအေဝးကို တက္ခြင့္ရသြားၿပီမို႔ ဒီထက္ပိုၿပီး ခံစားေနေတာ့မည္မဟုတ္ေခ်။

“ေကာင္းပါၿပီ။အစည္းအေဝးက စေတာ့မွာေလ။ငါနဲ႕အတူငါ့႐ုံးခန္းကို သြားၾကမယ္ေလ။တစ္ခုခုဆို ငါမင္းကို ႀကိဳၿပီး အေၾကာင္းလိုက္ပါ့မယ္။”

“ရပါတယ္။”

မဲ့ေယာက္ထန္က ယန္ယင္းလီနဲ႕ က်န္ေနခဲ့ေလသည္။ဖန္မန္ယြီထြက္သြားတာကိုေတာင္ သူတို႔က အာ႐ုံမထားေပ။ဖန္မန္ယြီက လုံးဝကို လ်စ္လ်ဴခံလိုက္ရတာျဖစ္သည္။

ဖန္မန္ယြီက လုံးဝကို အရွက္ရၿပီး ထြက္လာခဲ့အခ်ိန္မွာ သူမက ပစၥည္းေတြတစ္ထပ္ႀကီး ကိုင္လာၿပီး ဓာတ္ေလွကားကို လမ္းေလွ်ာက္သြားေနတဲ့ ကြၽင္းလဲ့ေယာင္ကို ျမင္လိုက္ရသည္။

“ကြၽင္းလဲ့ေယာင္ ဘယ္ကိုသြားမလို႔လဲ။”

“recording စတူဒီယိုကိုပါ”

“မင္းငါနဲ႕အတူ အကစတူဒီယိုကိုသြားဖို႔ ငါ့ကို အတူလိုက္ေပးမယ္လို႔ ကတိေပးခဲ့တာမလား။”

“အာ….အဲ့ဒီေနရာကိုေတာ့ ထပ္မသြားခ်င္ေတာ့ပါဘူး။”

“ဘာသေဘာကို ေျပာတာလဲ။”

ဖန္မန္ယြီက ရွက္သလိုခံစားေနရၿပီး ကြၽင္းလဲ့ေယာင္ကို ရင္ဆိုင္ေတြ႕ဖို႔ စိတ္ဆိုးဆိုးနဲ႕ ဓာတ္ေလွကားထဲကို ေျပးဝင္သြားေတာ့ေလသည္။

စာစဥ္ ၆ ၊ အခန္း ၅ ။   က်ဳံးေပၚအင္တာတိန္းမန႔္ရဲ႕ အေရးပါေသာက႑

“ဘာမွမဟုတ္ပါဘူး။ကြၽန္မတို႔ေတြက သူငယ္ခ်င္းေတြျဖစ္ၾကဖို႔ မသင့္ေတာ္ဘူးလို႔ေတြးမိလိုက္လို႔ပါ။ကြၽန္မတို႔ရဲ႕အေတြးအျမင္ေတြက မတူၾကဘူးေလ။”                                                       

ဓာတ္ေလွကားက ေအာက္ထပ္ကိုေရာက္ေတာ့ ရပ္သြားေလသည္။ကြၽင္းလဲ့ေယာင္က အျပင္ကို ထြက္မလို႔လုပ္ေတာ့ ဖန္မန္ယြီက တစ္ခါထပ္ၿပီး သူမကို တားျပန္သည္။

“ကြၽင္းလဲ့ေယာင္ မင္း ဘာသေဘာလဲ။ငါ့ကို ဘာမွေတာင္ မရွင္းျပေတာ့ဘဲ ထြက္သြားရဲတယ္လား။”

ကြၽင္းလဲ့ေယာင္က သူမကို မႏွစ္ၿမိဳ႕စြာနဲ႕ ပိတ္ဆို႔ေနတဲ့သူကို ၾကည့္လိုက္သည္။သူမက ခဏရပ္ၿပီး ျပန္ေျပာလိုက္သည္။

“မင္းကပဲ ငါ့ကို လာေမးတဲ့သူဆိုေတာ့လည္း ေျဖေပးရမွာေပါ့။ ငါ ေအာ္ရိုရာမိန္းကေလးအဖြဲထဲကိုဝင္ၿပီး ေဖ်ာ္ေျဖေရးနယ္ပယ္ထဲကို ဝင္ခဲ့ရတဲ့အေၾကာင္းအရင္းက သီခ်င္းဆိုရတာကို ႀကိဳက္လို႔ပဲ။ေနာက္ေနာင္မွာ ဘာေတြပဲျဖစ္ျဖစ္ ကိစၥမရွိပါဘူး။ဆႏၵရွိရွိနဲ႕ကို လက္ခံနိုင္ပါတယ္။ဒါေပမယ့္ ေဖ်ာ္ေျဖေရးနယ္ပယ္ရဲ႕ အစီအစဥ္ေတြ ယွဥ္ၿပိဳင္ရတာကိုေတာ့ ႀကိဳက္ေနလို႔မဟုတ္ဘူး။အထူးသျဖင့္ တျခားသူေတြအေႏွာင့္အယွက္ျဖစ္ေအာင္ ဇာတ္လမ္းဆင္ဖို႔ႀကိဳးစားတတ္တဲ့သူေတြကို အမုန္းဆုံးပဲ။ဒါေၾကာင့္ ထြက္သြားရလိမ့္မယ္။”

ေျပာၿပီးတာနဲ႕ ကြၽင္းလဲ့ေယာင္က သူမကိုပိတ္တားထားတဲ့သူကို ေဘးသို႔တြန္းဖယ္လိုက္ၿပီး ဓာတ္ေလွကားထဲကေန ထြက္သြားေလသည္။

သူတို႔ေတြၾကားမွာ အမ်ားပိုင္ေနရာဆိုတာမရွိေခ်။

ဖန္မန္ယြီက ဓာတ္ေလွကားထဲမွာ တစ္ေယာက္တည္း က်န္ေနခဲ့ၿပီး သူမကိုယ္သူမ စိတ္ကုန္ေနေလသည္။သူမက က်င္းခ်န္လို အေထာက္အပံ့လည္းမရွိ၊ယန္ယင္းလီလိုလည္း ကံမေကာင္းေပ။ေသခ်ာေပါက္ ကြၽင္းလဲ့ေယာင္လိုလည္း သီခ်င္းဆိုရာမွာ သူမက ပါရမီမပါခဲ့ေခ်။

က်ဳံးေပၚအင္တာတိန္းမန႔္မွ အႏုပညာရွင္မ်ားစြာ အစည္းအေဝးခန္းမထဲမွာ စုေဝးေနၾကေလသည္။

ထိုအႏုပညာရွင္မ်ားမွာ လူသစ္မ်ားႏွင့္အတူ ေန႕စဥ္အစည္းအေဝးပြဲမ်ားစြာကို တက္ေရာက္ရေသာ အႏုပညာရွင္မ်ားျဖစ္ၾကသည္။သူတို႔ေတြသည္ ကုမၸဏီမွ အခြင့္အေရးမ်ားဆုံးရသူမ်ားျဖစ္ၾကၿပီး ကုမၸဏီ၏လတ္တေလာ အာ႐ုံစိုက္ခံေနရသည့္ အႏုပညာရွင္မ်ား သို႔မဟုတ္ စီနီယာအႏုပညာရွင္မ်ား ျဖစ္ၾကသည္။

ဒီအစည္းအေဝးအတြက္ တာဝန္ရွိသူကေတာ့ စီမံခန႔္ခြဲေရးဌာန၏လက္ေထာက္ဒါရိုက္တာ ဟဲကိုင္ေဝ့ျဖစ္သည္။

ဒီေန႕က်င္းပသည့္အစည္းအေဝးမွာ လတ္တေလာ ကုမၸဏီက ရင္းႏွီးျမႇုပ္ႏွံထားေသာ ပေရာဂ်က္မ်ားကို အေလးေပးသည့္ အစည္းအေဝးပင္ျဖစ္သည္။သူတို႔ေတြ အႏုပညာရွင္ေတြကို ဘယ္လိုခြဲေဝေပးမလဲဆိုတာေရာ အေလးေပးထားသည့္ အစည္းအေဝးျဖစ္သည္။

က်င္းခ်န္တစ္ေယာက္ အစည္းအေဝးခန္းထဲကို ဝင္လာသည့္အခါ လူေတာ္ေတာ္မ်ားမ်ားက ထိုင္ေနၾကၿပီးၿပီျဖစ္သည္။သူမက ေဖ်ာ္ေျဖေရးနယ္ပယ္ကို သိပ္ၿပီးအာ႐ုံမထားခဲ့တာေၾကာင့္ တကယ္လို႔သူတို႔ေတြက နာမည္ႀကီးတဲ့အႏုပညာရွင္ေတြျဖစ္ေနခဲ့ရင္ေတာင္ သူမ သူတို႔ေတြအေၾကာင္းကို သိပ္မသိေပ။သူမအတြက္ေတာ့ သူတို႔ကိုၾကည့္ရတာ ရင္းႏွီးေနသလိုေတာ့ ခံစားရသည္။ဒါေပမယ့္ သူတို႔နာမည္ေတြကိုေတာ့ မသိပါေခ်။တကယ္ေတာ့ သူတို႔ေတြထဲက တစ္ေယာက္ေယာက္သာ သူမအရင္ဘဝကလုပ္ခဲ့ပါတီေတြကို တက္ေရာက္ခြင့္ရဖို႔ အရည္အခ်င္းျပည့္မီၿပီး ရက္အေတာ္ၾကာေအာင္ စကားေျပာျဖစ္ခဲ့ၾကရင္ေတာ့ ဒီေနရာမွာရွိတဲ့လူေတြကလည္း ေပ်ာ္ျမဴးဖို႔ေကာင္းလိမ့္မည္ပင္။

“ခ်န္ခ်န္..ဒီကိုလာေလ။”

သူတို႔ေတြ အစည္းအေဝးခန္းကို ေရာက္တာနဲ႕ ယူနာက ပထမတန္းမွာရွိနဲ႕ အလယ္ဗဟိုကေနရာကို ၫႊန္ျပလာသည္။

အျခားခုံမ်ားထက္ အဲ့ဒီထိုင္ခုံကသာ ေနရာလြတ္ေနသည္။အျခားအေရးပါေသာခုံမ်ားက ေနရာယူထားၿပီးျဖစ္သည္။အခန္းထဲမွာရွိတဲ့ က်န္ေသာထိုင္ခုံမ်ားမွာ အခန္း၏ေဘးတစ္ဖက္စီမွ ခုံမ်ားသာျဖစ္သည္။

က်န႔္မိသားစုက က်င္းခ်န္ရဲ႕သ႐ုပ္မွန္ကို ထုတ္ျပခြင့္မျပဳေသာ္လည္း က်င္းခ်န္၏အေနအထားမွာ သူတို႔ထင္ထားတာထက္ကို အမ်ားႀကီး ပိုျမင့္မားေနတယ္ဆိုတာကိုေတာ့ အျခားအႏုပညာရွင္မ်ားအား အသိေပးထားသင့္သည္ဆိုတာကိုေတာ့ ယူနာသေဘာေပါက္ပါသည္။

က်င္းခ်န္အတြက္ေတာ့…..

ယူနာမွာ ၫႊန္ၾကားခ်က္မေပးခံရရင္ေတာင္မွ သူမ ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ကခုံကိုပဲ ေ႐ြးေပးရမွာျဖစ္သည္။

သူမသည္ low-keyေလး မျဖစ္ခ်င္တာ မဟုတ္ပါဘူး။ ေျပာရရင္ အဲ့စကားလုံးရဲ႕အဓိပၸါယ္ကိုေတာင္ သူမ မသိဘူးေလ။

အခုေတာ့ အလယ္ကခုံမွာပဲ က်င္းခ်န္ထိုင္လိုက္ၿပီးတာနဲ႕ အႏုပညာရွင္အားလုံးနဲ႕ သူတို႔ေနာက္မွာ ရပ္ေနၾကတဲ့ မန္ေနဂ်ာမ်ားကလည္း သူမကို ထူးထူးဆန္းဆန္း ၾကည့္ေနၾကေလသည္။

အလယ္ကေနရာက ေဖ်ာ္ေျဖေရးနယ္ပယ္ထဲတြင္ ေၾကာက္စရာေကာင္းတာ တစ္ခုခုျဖစ္ေလာက္မည္။ထိုင္ခုံမွာ ထိုင္ေနရတာတင္မကဘဲ သူတို႔ေတြဟာ ဓာတ္ပုံလည္း ရိုက္ေနခဲ့ၾကတာျဖစ္သည္။ပုံရိပ္ေကာင္းမ်ား ဖန္တီးနိုင္ထားခဲ့သည့္ အႏုပညာရွင္မ်ားပင္ အလယ္က ေနရာကိုေတာ့ မထိုင္ရဲၾကေပ။တစ္ဖက္မွာေတာ့ ႏွိမ့္ခ်ဟန္ျဖစ္ေအာင္ ႀကိဳးစားေနႀကီး အျခားတစ္ဖက္မွာေတာ့ သူတို႔ကို တျခားသူမ်ားက မုန္းတီးၾကမွာကို စိုးရိမ္ေနၾကသည္။

သို႔ေသာ္ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ လူေကာင္းေကာင္းမသိေသးတဲ့ က်င္းခ်န္ကေတာ့ သူမေဘးမွာ စီနီယာအႏုပညာရွင္မ်ားစြာ ရွိေနၾကတာေတာင္ ထိုေနရာကို ခ်က္ခ်င္းထိုင္လိုက္သည္။

“အဲ့ဒါ ဘယ္သူလဲ။”

“မသိပါဘူး။”

“သူ႕ကို သိတဲ့သူရွိလား။”

“မသိဘူးေလ။”

ေဘးဘီကို ေမးၾကည့္ၾကေပမယ့္ “မသိဘူး”ဆိုတဲ့အေျဖပဲ ထြက္လာၾကသည္။

မဲ့ေယာက္တန္ႏွင့္အတူလာသည့္ ယန္ယင္းလီက သေရာ္သလိုေျပာလိုက္သည္။

“သူ႕နာမည္က က်င္းခ်န္ေလ။အစကေတာ့ သူက က်ဳံးဇီအင္တာတိန္းမန႔္ကပဲ။အရင္က ဆဌမေျမာက္အမ်ိဳးသမီးေခါင္းေဆာင္ေနရာကေန သ႐ုပ္ေဆာင္ခဲ့တာေလ။အခုေတာ့ က်ဳံးဇီနဲ႕ စာခ်ဳပ္ကို အဆုံးသတ္လိုက္ၿပီး ကြၽန္မတို႔ဆီကို ဝင္လာခဲ့တာ။”

ကုမၸဏီႏွစ္ခုစလုံးမွာ နာမည္ဆင္ၾကေသာ္လည္း က်ဳံးဇီအင္တာတိန္းမန႔္ကေတာ့ တက္သစ္စၾကယ္ပြင့္မ်ားသာရွိသည့္ အင္တာတိန႔္မန႔္ျဖစ္သည္။က်ဳံးေပၚအင္တာတိန္းမန႔္ကေတာ့ က်န႔္မိသားစု၏စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ၿပီး Zနိုင္ငံ၏အင္တာတိန္းမန႔္မ်ားထဲတြင္ ထိပ္တန္းအင္တာတိန္းမန႔္ သုံးခုထဲက တစ္ခုျဖစ္သည္။

“သူက ဘယ္လိုလုပ္ က်ဳံးဇီနဲ႕ စာခ်ဳပ္ကို ျဖတ္သိမ္းနိုင္ခဲ့တာလဲ။က်ဳံးေပၚကိုေရာ ဘယ္လိုမ်ား ဝင္လာနိုင္ခဲ့တာလဲ။သူ႕ရဲ႕ပ်က္ဆီးသြားတဲ့ဆုံးရႈံးမႈေတြအတြက္ ဘယ္သူကမ်ား အေလ်ာ္ေပးခဲ့တာလဲ။ သူရဲ႕ဘဝဇာတ္ေၾကာင္းက ဘာမ်ားပါလိမ့္။”

မန္ေနဂ်ာေတြထဲက တစ္ေယာက္က မေနနိုင္ဘဲ ေမးလာခဲ့ျခင္းျဖစ္သည္။

“ကြၽန္မလည္း ေသခ်ာမသိပါဘူး။သူ႕မွာ တကယ့္ကို အင္အားႀကီးတဲ့ ေနာက္ခံရွိကိုရွိလိမ့္မယ္။မဟုတ္ရင္ အလယ္မွာ ထိုင္ဖို႔သတၱိက ဘယ္ကရမွာလဲ။သူက အဲ့ဒီေနရာမွာ ထိုင္ဖို႔ အရည္အခ်င္းရွိလို႔ ထိုင္ရဲတာေနမွာေပါ့။”

မဲ့ေယာက္တန္ရဲ႕႐ုံးခန္းထဲကို ျပန္ေရာက္ေတာ့ အစ္မတန္က သူမကို အသစ္တစ္ခု သင္ျပေပးလိုက္ၿပီျဖစ္သည္။အျခားသူေတြကို မ်က္ႏွာခ်ိဳေသြးၿပီး ဘယ္လိုသတ္ရမလဲဆိုတာပင္ျဖစ္သည္။

စာစဥ္ ၆ ၊ အခန္း ၆ ။ ကြၽန္မက တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္ရမွာလား

 

အစကေတာ့ က်င္းခ်န္က အာဏာရွိတဲ့သူတစ္ေယာက္လို႔ထင္ေနတာခဲ့ျဖစ္သည္။က်ဳံးေပၚက ဒရမ္မာအသစ္ျဖစ္တဲ့  “ေၾကးမုံကမာၻ”ဟူေသာ ဒရမ္မာတြင္ က်င္းခ်န္အား ပထမမင္းသမီးေနရာကို ေပးရန္ျပင္ေနသည္ဟု ၾကားေတာ့ သူမမွာ အရမ္းကို မေပ်ာ္မ႐ႊင္နဲ႕ မနာလိုေနခဲ့တာျဖစ္သည္။သို႔ေသာ္ အခုေတာ့ က်င္းခ်န္က တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္ရမွာကို အစ္မတန္က  အခုေလးတင္ေတြ႕လိုက္တာျဖစ္သည္။

ဒရမ္မာတစ္ခုမွာ တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္ရသည္မွာ မ်က္စိက်စရာျဖစ္သည္ဟု ယူဆလို႔ရေသာ္လည္း ပထမမင္းသမီးေနရာလို႔ ေကာလဟာလထြက္ေနတာထက္ေတာ့ သာေနသည္။

ထို႔အျပင္ အစ္မတန္က သူမအေဖကို ဖုန္းေခၚၿပီး က်င္းခ်န္ရဲ႕သ႐ုပ္မွန္ကို ေမးၾကည့္ခဲ့ေပမယ့္လဲ အႏုပညာဌာန၏ဒုတိယဒါရိုက္တာျဖစ္ေသာ မဲ့ခ်န္တန္သည္လည္း မသိခဲ့ေခ်။ထို႔ေၾကာင့္ က်င္းခ်န္မွာ ရႉးဂါးဒယ္ဒီတစ္ေယာက္ ရွိေနတာျဖစ္ေလာက္မည္ဟုပဲ ယူဆထားခဲ့သည္။ရႉးဂါးဒယ္ဒီက ကုမၸဏီရဲ႕အလုပ္အမႈေဆာင္ေတြထဲက တစ္ေယာက္နဲ႕ သူငယ္ခ်င္းေတြျဖစ္ေလာက္မည္။ဒါေၾကာင့္ သူမဒီroleကို ရခဲ့တာျဖစ္မည္။

ဒါေၾကာင့္ပဲ အခု သူမအလုပ္မွာ က်င္းခ်န္ကို ျမႇောက္ပင့္ေပးၿပီး အျမင့္ကေန ရိုက္ခ်မည္ျဖစ္သည္။ရာထူးကကျမင့္ေလေလ၊ျပဳတ္က်ဖိဳ႕ ခက္ခဲေလေလျဖစ္သည္။

မၾကာခင္မွာပဲ အစည္းအေဝးစတင္ၿပီး စီမံခန႔္ခြဲေရးဌာန၏ ဒုတိယဒါရိုက္တာ ဟဲကိုင္ေဝ့က အခုေရာက္ရွိေနတဲ့ အႏုပညာရွင္အသီးသီးအတြက္ ကုမၸဏီက ျပဳလုပ္ေပးထားသည့္ အစီအစဥ္မ်ားအေၾကာင္းကို စတင္ေျပာၾကားေလသည္။

“စစ္သူႀကီး၏ ၾကင္သူသက္ထားမိဖုရား”အတြက္ ဇာတ္ေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံထားရသည့္ မဲ့ေယာက္တန္ႏွင့္ “ေၾကးမုံကမာၻ”အတြက္ ဇာတ္ေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံထားရသည့္ က်င္းခ်န္တို႔ကို အတူတူေဖာ္ျပထားသည္။က်ဳံးေပၚအင္တာတိန္းမန႔္က ဒီပေရာဂ်က္ႏွစ္ခုစလုံးမွာ အမ်ားဆုံးရင္းႏွီးျမႇုပ္ထားျခင္းျဖစ္သည္။

“စစ္သူႀကီး၏ ၾကင္သူသက္ထားမိဖုရား”အေၾကာင္းကို ဒါရိုက္တာ ဟဲက အတိုခ်ဳပ္ေျပာၿပီးေတာ့ က်င္းခ်န္ကို သတိေပးလာသည္။

“ “ေၾကးမုံကမာၻ”ရဲ႕တတိယမင္းသမီးေနရာက သ႐ုပ္ေဆာင္မယ့္ က်င္းခ်န္။ၿပီးရင္ ငါ့႐ုံးခန္းကို လာၿပီး အတည္ျပဳသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးပါ။မင္းက တတိယမင္းသမီးျဖစ္ခ်င္ျဖစ္မယ္။ဒါေပမယ့္ ရိုက္ကြင္းေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ ျပင္ဆင္ထားရမယ္။ဒီမတိုင္ခင္က ကာရိုက္တာေတြအမ်ားႀကီး သ႐ုပ္မေဆာင္ဖူးေသးဘူးေလ။ဒါေၾကာင့္ ရိုက္ကူးေနတဲ့အေတာအတြင္းမွာ အဆင္မေျပတာရွိရင္…..”

“ခဏေလးေနပါဦး။”

ဒါရိုက္တာဟဲ ေျပာလို႔မၿပီးေသးခင္မွာပဲ က်င္းခ်န္ရဲ႕ ႏွစ္လိုဖြယ္ေကာင္းေသာ အသံက ေလးတြဲ႕တြဲ႕ေျပာဟန္ႏွင့္အတူ အစည္းအေဝးခန္းထဲတြင္ ဟိန္းထြက္သြားေလသည္။

က်င္းခ်န္က သူ႕ကို ဒီလိုရိုင္းပ်စြာ ၾကားျဖတ္ေျပာလိမ့္မည္ဟု ဒါရိုက္တာဟဲ ထင္မထားမိေပ။ ၾကားျဖတ္ေျပာခံလိုက္ရခ်ိန္မွာ သူ႕မွာ အိမ္ေမြ႕ခ်ခံထားရသလို မိန္းေမာေနမိေလသည္။က်င္းခ်န္က ထပ္ၿပီး ေျပာလာျပန္သည္။

“ကြၽန္မက တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္ရမယ္လို႔ ေျပာလိုက္တာလား။”

သူ႕ရဲ႕စီနီယာစီကေန က်င္းခ်န္းအေပၚ ပိုၿပီးေကာင္းေပးသင့္တယ္လို႔ သတင္းေပးလာခဲ့ေပမယ့္လည္း သူ႕ေပၚဆက္ဆံေသာ က်င္းခ်န္၏အျပဳအမူက သူ၏ေဒါသကို လာဆြသလိုျဖစ္သြားသည္။

“မင္းသ႐ုပ္ေဆာင္ရမယ့္ကာရိုက္တာကို မသိဘူးလား။”

ဒါရိုက္တာဟဲ၏အေျဖမလိုေသာ ေမးခြန္းက အခန္းထဲကလူမ်ားစုကို ရယ္ေမာေစခဲ့သည္။သူတို႔မွာ သူတို႔ပါးစပ္ကိုအုပ္ၿပီး မေအာင့္အီးနိုင္ေတာ့ဘဲ ရယ္ၾကေလေတာ့သည္။

ေအးေဆးတည္ၿငိမ္သူမ်ားကေတာ့ မ်က္ခုံးပင့္႐ုံပင့္လိုက္ၾကသည္။

အခ်ဳပ္အားျဖင့္ အခန္းထဲကလူတိုင္းသည္ အႏုပညာရွင္အသစ္ေလးႏွင့္ပတ္သက္၍ အျပန္အလွန္နားလည္သြားၾကၿပီျဖစ္သည္။

လွပသည္။တုံးအသည္။EQနိမ့္သည္ဟူ၍ပင္။

အိုး…ၿပီးေတာ့ တစ္ခုရွိေသးသည္။စိတ္ႀကီးဝင္တတ္ေသးသည္။

လူသစ္တစ္ေယာက္အေနနဲ႕ ကုမၸဏီမွမ်ားမ်ားစားစား ရင္းႏွီးျမႇုပ္ႏွံထားေသာ ၾကယ္ပြင့္ဒရမ္မာတစ္ခုမွာ တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္နိုင္သည္ကိုက ေအာင္ပြဲတစ္ခုျဖစ္ေနၿပီျဖစ္သည္။သို႔ေသာ္ သူမကေတာ့ ဒီလိုroleေသးေသးေလးတစ္ခုေၾကာင့္ သူမ၏အရည္အခ်င္းမ်ားကို ျဖဳန္းတီးခံလိုက္ရသလိုလုပ္ေနသည္။အခန္းထဲမွ လူတိုင္းကေတာ့ တကယ္ကို သူမသတၱိေၾကာင့္ အံ့အားသင့္သြားၾကေလသည္။

သို႔ေသာ္ က်င္းခ်န္ကေတာ့ သူမကို အရွက္ခြဲဖို႔ႀကိဳးစားေနသည့္ ဒါရိုက္တာဟဲကို ေၾကာက္႐ြံ႕မေနေပ။သူမက ဆက္ၿပီးေတာင္ ေျပာလိုက္ေသးသည္။

“ရွင္းပါတယ္။ကြၽန္မရဲ႕roleကို သိတာေပါ့။ၿပီးေတာ့ ကြၽန္မက တတိယမင္းသမီးေနရာကေန သ႐ုပ္ေဆာင္မွာမဟုတ္ဘူးေလ။ဒါေၾကာင့္ ဒါရိုက္တာႀကီးရွင့္ ဒီေလာက္ရိုးရွင္းတဲ့အရာေတြကိုေတာင္ မွန္ေအာင္မလုပ္ေဆာင္နိုင္ရင္ အစည္းအေဝးကိုမလာခင္ ဘာေတြျဖစ္ပ်က္ေနၿပီလဲဆိုတာ ေဘးဘီကို အရင္ေမးၾကည့္ခဲ့တာ ေကာင္းမယ္ထင္တယ္။ေက်းဇူးျပဳၿပီး ကြၽန္မရဲ႕အခ်ိန္ေတြကို မျဖဳန္းပါနဲ႕လား။”

ဒီတစ္ခါေတာ့ လူအုပ္ႀကီးမွာ က်င္းခ်န္ကို စိတ္ႀကီးဝင္ေနတယ္လို႔ ဆက္မေတြးၾကေတာ့ေပ။

ဒီမိန္းကေလးက ႐ူးသြားၿပီပဲ။

ကိုယ္တိုင္က ဘာမွမဟုတ္ဘဲ သူ႕ကိုယ္သူ ဘုရင္မတစ္ပါးလို ဟန္ေဆာင္ေနသည့္ က်င္းခ်န္ကို ယန္ယင္းလီ မုန္းတီးေနမိသည္။သူမ မေနနိုင္ေတာ့ဘဲ ပါးစပ္ကို ဟေတာ့မလို႔လုပ္ခါရွိေသးသည္။မဲ့ေယာက္တန္ဆီမွ သူမကို စိုက္ၾကည့္ခံလိုက္ရေတာ့ ခ်က္ခ်င္းပဲ ပါးစပ္ကို ပိတ္ထားဖို႔ ဆုံးျဖတ္လိုက္သည္။

သူမ နားမလည္နိုင္ေပ။ဒီလူသစ္မိန္းကေလးမွ ရႉးဂါးဒယ္ဒီတစ္ေယာက္ရွိ႐ုံပဲကို ဘာလို႔မ်ား သူတို႔က သူမကို ေၾကာက္ျပေနရမွာလဲ။

သို႔ေသာ္ သူမသည္ အစ္မတန္ရဲ႕လူအျဖစ္နဲ႕ အစ္မတန္အတြက္ အလုပ္လုပ္ေပးမည္ဟု မဲ့ေယာက္တန္ကို ကတိေပးထားၿပီးျဖစ္သည္။ထို႔ေၾကာင့္ ေဒါသမီးေတြေတာက္ေလာင္ေနသည့္ ယန္ယင္းလီမွာ ေ႐ြးခ်ယ္စရာမရွိဘဲ သူမႏွလုံးသားထဲမွာပဲ ေဒါသမီးေတာက္ကို ဖိႏွိပ္ထားရေတာ့သည္။

“ဟမ့္ စိတ္ႀကီးဝင္ေနတဲ့ အႏုပညာရွင္ေတြကို ေတြ႕ဖူးခဲ့ေပမယ့္ မင္းလိုေသြးနားထင္ေရာက္ေနတဲ့သူကိုေတာ့ မျမင္ဖူးေသးဘူး။မင္းေနာက္မွာ ရွိေနတာက မင္းမန္ေနဂ်ာပဲ။ၿပီးေတာ့ ဒီကိစၥကို သူက တျခားသူေတြထက္ ပိုၿပီးေတာ့ ေကာင္းေကာင္းသိလိမ့္မယ္။”

ဒါရိုက္တာဟဲက သေရာ္သလို ရယ္သြမ္းၿပီးေျပာလာေလသည္။

 

 

 

 စာစဥ္ ၆  ၊ အခန္း ၇ ။ စိတ္မဆိုးပါနဲ႕

 

ေဒါသေပါက္ကြဲထြက္ေတာ့မည့္ က်င္းခ်န္ကိုျမင္ေတာ့ အေနာက္မွာထိုင္ေနတဲ့ ယူနာက ခ်က္ခ်င္း ကိုယ္ကိုကိုင္းၿပီး အေရွ႕ကိုတိုးလာေလသည္။သူမ က်င္းခ်န္ကိုေျပာလိုက္သည္ကေတာ့

“ခ်န္ခ်န္ ဒီအစည္းအေဝးၿပီးရင္ မင္းကို ေျပာျပပါ့မယ္။”

သူမထိုင္ခုံကို ျပန္ထိုင္ေတာ့မလို႔လုပ္ေနခ်ိန္မွာ က်င္းခ်န္ရဲ႕ အသံက ေတာ္ဝင္အရွင္သခင္တစ္ေယာက္လို အခန္းထဲမွာ ဟိန္းထြက္လာျပန္သည္။

“ဘယ္လိုပဲျဖစ္ျဖစ္ ဒီဒုတိယဒါရိုက္တာရဲ႕ ေရွ႕မွာပဲေျပာလိုက္စမ္းပါ။ျဖစ္ေနတဲ့အရာေတြကို သိေနၾကတဲ့ ႏွစ္ေယာက္စလုံးက ဒီအခ်က္ကို ေရွာင္က်ဥ္ၾကတာ အေကာင္းဆုံးျဖစ္ေလာက္မယ္ဆိုေပမဲ့ ကြၽန္မကေတာ့ မလုပ္နိုင္ဘူး။ကြၽန္မက ပထမမင္းသမီးေနရာကေန တတိယမင္းသမီးေနရာကို ဘယ္ကေန ဘယ္လို ေျပာင္းသြားသလဲဆိုတာ ကြၽန္မကိုေတာ့ အရင္အသိေပးသင့္တာေပါ့။”

က်င္းခ်န္ရဲ႕စကားေတြက ယူနာကို ခ်က္ခ်င္းေအးခဲသြားေစေလသည္။သူမေဘးကို လွည့္ၾကည့္လာေတာ့ အံ့ဩတုန္လႈပ္ေနၿပီး ဒီမိန္းမကေတာ့ သူမကို စိတ္ရႈပ္ခံၿပီးေတာ့ေတာင္ ၾကည့္မေနခဲ့ေပ။

“ခ်န္ခ်န္..ေတာ္လိုက္ပါေတာ့။ကုမၸဏီက ဒီကိစၥကို ဆုံးျဖတ္ထားၿပီးသားေလ။ဒီအတိုင္းပဲ သေဘာတူလိုက္ၾကရေအာင္။အစ္မတို႔ ေနာက္ေနာင္မွာ ပိုၿပီး အခြင့္အေရးေတြ ရလာနိုင္ပါေသးတယ္။”

ယူနာေျပာလိုက္တာေတြက ဘာမွမမွားေနေပ။ကုမၸဏီကအမ်ားႀကီး ရင္းႏွီးျမႇုပ္ႏွံေပးထားတဲ့ ဒရမ္မာမွာ အႏုပညာရွင္အသစ္ေလးကို တတိယမင္းသမီးေနရာကို လက္ေဆာင္အျဖစ္ ေပးထားခဲ့ၿပီးၿပီျဖစ္သည္။သူမက သူမကသာ အၿမီးအေမာက္မတည့္ေနတာ။ ပထမမင္းသမီးေနရာတဲ့။သူမက က်ိဳးေၾကာင္းဆီေလ်ာ္မေနဘူးမလား။

“ကုမၸဏီရဲ႕ဆုံးျဖတ္ခ်က္တဲ့လား။ဒီအေၾကာင္းကို သိထားတဲ့သူက ဘယ္လိုလုပ္ အစ္မတစ္ေယာက္တည္း ျဖစ္ေနရတာလဲ။ကြၽန္မကေတာ့ ဘာလို႔မသိရတာလဲ။ဒါမွမဟုတ္ ကြၽန္မ အထင္လြဲေနတာ တစ္ခုခုရွိေနတာမ်ားလား။အစ္မက တကယ္ပဲ တျခားတစ္ေယာက္ရဲ႕မန္ေနဂ်ာမ်ားလား။”

က်န္းခ်န္က သူမကို ဒီလိုထုတ္ေျပာလာလိမ့္မယ္လို႔ ယူနာလည္း မေမွ်ာ္လင့္ထားခဲ့ေပ။အံ့ဩလြန္းလို႔ သူမ၏ ဦးေရျပားထုံသြားတဲ့အထိေတာင္ ျဖစ္သြားသည္။တကယ္လို႔ က်င္းခ်န္၏ခြင့္ျပဳခ်က္မရွိဘဲ သူမရဲ႕roleကို ေျပာင္းလဲပစ္ခဲ့တာသာ က်န႔္မိသားစုသိသြားခဲ့ရင္ ေသခ်ာေပါက္ သူမပဲ ဒုကၡႀကီးႀကီးေရာက္မွာျဖစ္သည္။

“ကြၽန္မကေတာ့ ဂ႐ုမစိုက္ပါဘူး။ဒီကိစၥအတြက္ ကြၽန္မကို ရွင္းျပခ်က္တစ္ခုခုေပးတာ ေကာင္းမယ္ထင္တယ္။ကြၽန္မရဲ႕ ပထမမင္းသမီးေနရာကို ဘယ္သူက ယူသြားတာလဲ။ဒါက ကုမၸဏီရဲ႕ဆုံးျဖတ္ခ်က္ဆိုေတာ့ အဲ့ဒီဆုံးျဖတ္ခ်က္ကို ဘယ္သူက ဆုံးျဖတ္ခဲ့တာလဲ။ရွင္လား။”

က်င္းခ်န္က ဒါရိုက္တာဟဲကို စိုက္ၾကည့္ေနေလသည္။သူမမ်က္ဝန္းေတြက စူးရွေနၿပီး ေၾကာက္႐ြံ႕မႈလည္း ရွိမေနေပ။

ထိုအခါ ဒါရိုက္တာဟဲမွာ ဆြံ႕အသြားၿပီး ဒီေမးခြန္းကို ဘယ္လိုေျဖရမလဲေတာင္ မသိေတာ့ေခ်။

အဘယ္ေၾကာင့္ဆိုေသာ္ အထက္လူႀကီးမ်ားက “ေၾကးမုံကမာၻ”ဇာတ္လမ္းတြဲမွာ က်င္းခ်န္အတြက္ အထူးသီးသန႔္ျပင္ဆင္ထားသည့္ ဇာတ္လမ္းတြဲျဖစ္ေၾကာင္း သူ႕ကို သတင္းေပးထားၿပီးသားျဖစ္သည္။ထို႔ေၾကာင့္ သူမကသာ ရိုက္ကြက္ေတြကို ေခၚေပးနိုင္တဲ့သူျဖစ္သည္။

သို႔ေသာ္ က်င္းခ်န္၏မန္ေနဂ်ာက က်င္းခ်န္ရဲ႕ကိစၥေတြကို သူမတာဝန္ယူပါတယ္လို႔ သူ႕ကို လာေျပာခဲ့တာျဖစ္သည္။

မန္ေနဂ်ာႏွင့္ ေဆြးေႏြးၿပီးေနာက္ သူက အခ်ိဳ႕ေသာကတိကဝတ္မ်ားကို ရရွိလိုက္သည္။ထို႔ေၾကာင့္ က်င္းခ်န္၏ႏွင့္ သူကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္သည္။

သို႔ရာတြင္ ယခုမူ က်င္းခ်န္ကေတာ့ ျငင္းဆန္ေနေလသည္။

သူအရင္က က်င္းခ်န္ကို တစ္ခါပဲ ျမင္ဖူးခဲ့ၿပီး က်င္းခ်န္က ယူနာကို အေတာ္ေလး နာခံတတ္တာကို ေတြ႕ခဲ့ရသည္။ထို႔ေၾကာင့္ ယူနာက က်င္းခ်န္ကို ထိန္းခ်ဳပ္ထားတဲ့သူဟုပင္ ထင္ခဲ့သည္။

ဒါေပမဲ့ အခုအေျခအေနကိုၾကည့္ရတာေတာ့ က်င္းခ်န္က ထိန္းခ်ဳပ္ခံတတ္တဲ့သူမဟုတ္တဲ့ပုံပင္။

တစ္ခုခုမွားေနၿပီဆိုတာ သိသြားတဲ့ ဒါရိုက္တာဟဲက ခ်က္ခ်င္းပဲ က်င္းခ်န္ဘက္ကို လွည့္ၿပီး ေမးလိုက္ေလသည္။

“ဘာေတြျဖစ္ကုန္တာလဲ။ဒီကိစၥကို မင္းပဲ ကိုယ္တြယ္နိုင္တယ္လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား။”

ဒါရိုက္တာဟဲက သူမကို စစ္ေမးတဲ့အခါ ယူနာမွာ ေၾကာက္လြန္းလို႔ ဦးေရျပားပါထုံသြားေလသည္။သူမက ေနရခက္ေနတဲ့ အၿပဳံးေလးျဖင့္ ေျပာလိုက္ေလသည္။

“ဟုတ္ကဲ့ပါ။ဟုတ္ကဲ့ပါ။ခ်န္ခ်န္က အရင္ကေတာ့ ဒီကိစၥကို ကြၽန္မဆီ လႊဲထားတာပါ။ဒါေပမဲ့ ေလွကားေပၚက ျပဳတ္က်ၿပီး အခုရက္ပိုင္း အတိတ္ေမ့သြားပါတယ္။ဒါေၾကာင့္ သူေပးခဲ့တဲ့ကတိေတြကို ေမ့သြားတာျဖစ္မယ္။”

ထို႔ေနာက္ သူမက က်င္းခ်န္ဘက္ကို လွည့္ကာ ေျပာလိုက္သည္။

“ခ်န္ခ်န္ ဒီကိစၥအတြက္ မင္း အစ္မကို လုံးဝ ဆုံးျဖတ္ပိုင္ခြင့္ေပးထားခဲ့ေပမဲ့ အခုရက္ပိုင္း မင္းရဲ႕မွတ္ဉာဏ္ေတြ ေပ်ာက္ေနခဲ့တာေလ။..ၾကည့္ေလ ဒီကိစၥဆို ဆုံးျဖတ္ၿပီးသားပဲ။အစ္မကို အခက္ေတြ႕ေအာင္ လုပ္ေနတာလား။”

“ဒီေတာ့ ကြၽန္မက ရွင့္ကို အခက္ေတြ႕ေအာင္ လုပ္ေနတယ္ေပါ့ေလ။ဒီအခန္းထဲမွာ လူေတြအမ်ားႀကီးရွိေနတာပဲ။ဘာလို႔ သူတို႔ကို မေမးလိုက္တာလဲ။တကယ္လို႔ သူတို႔ရဲ႕မွတ္ဉာဏ္ေတြ ေပ်ာက္ေနခဲ့ရင္ေတာင္ ရွိုးတစ္ခုမွာ ပထမေခါင္းေဆာင္ျဖစ္ရမွာကို စြန႔္လႊတ္လိုက္ဖို႔ သူတို႔မန္ေနဂ်ာကို ကတိေပးၾကပါ့မလား။သူတို႔မွတ္ဉာဏ္ေတြ မဆုံးရႈံးခင္မွာပဲေလ။ကြၽန္မေခါင္းက ထိခိုက္သြားခဲ့တာမွန္ပါတယ္။ဒါေပမယ့္ အရင္ကတည္းက ကြၽန္မက အ႐ူးမွမဟုတ္တာ။ဘာလို႔ ပထမမင္းသမီးေနရာကို စြန႔္လႊတ္ေပးလိုက္ရမွာလဲ။ကြၽန္မအတြက္ ဘာေကာင္းက်ိဳးမ်ား ရနိုင္မွာမလို႔လဲ။”

စကားေျပာေနရင္းနဲ႕ က်င္းခ်န္က သူမထိုင္ခုံကေန ျဖည္းျဖည္းခ်င္းခ်င္းထၿပီး လွည့္ၾကည့္လာသည္။သူမက ယူနာကို ေဖာ္ေ႐ြတဲ့အမူအရာေလးနဲ႕ ၾကည့္ေနခဲ့ေပမဲ့ သူမမ်က္ဝန္းေတြကေတာ့ ေရခဲတမွ် ေအးစက္ေနခဲ့ေလသည္။

 

 

စာစဥ္ ၆ ၊ အခန္း ၈ ။ မွတ္ဉာဏ္ေတြ ဆုံးရႈံးသြားခဲ့တာလား

အခန္းထဲမွ လူတိုင္းသည္ အံ့အားသင့္သြားၾကေတာ့သည္။

တကယ္ပဲ သူမက အစကတည္းက ရွိုးရဲ႕ ပထမမင္းသမီးအျဖစ္ ယာထားခံရတာ အမွန္ပဲလား။

ဒါသာ အမွန္ျဖစ္ၿပီး သူမမန္ေနဂ်ာကသာ တျခားသူနဲ႕ လက္တြဲကာ ကိစၥေတြကို ရႈပ္ေထြးေစခဲ့ရင္ တကယ့္ကို အမႈအခင္းျဖစ္ေတာ့မွာေသခ်ာသည္။

ယူနာ၏မ်က္ႏွာထားမွာ ဆိုး႐ြားစြာ ေျပာင္းလဲေနတာကို ျမင္တာနဲ႕ သူမ၏မ်က္လုံးမ်ားမွာ ဆက္ၿပီး သတိေပးေနရင္း က်င္းခ်န္၏စိတ္အေျခအေနမွာ ေခြးကို ေရထဲမွာ အနိုင္တိုက္ခ်င္ေနသည္မွာ စတင္ၿပီး အထိန္းအကြပ္မဲ့ေနတဲ့ ကမာၻႀကီးကို ႀကီးစိုးျခယ္လွယ္သင့္သည့္ ေအာင္နိုင္သူလိုပင္။

“ဘာလို႔ ဘာမွ မေျပာၾကတာလဲ။ဒီအခန္းထဲက လူေတြအားလုံးရဲ႕ေရွ႕မွာ ေျပာလိုက္စမ္းပါ။ကြၽန္မရဲ႕မန္ေနဂ်ာတစ္ေယာက္အေနနဲ႕ ကြၽန္မရဲ႕ အက်ိဳးအျမတ္အတြက္ ဘာမ်ား ထည့္သြင္းစဥ္းစားေပးခဲ့ဖူးလဲ။ဘာလို႔ ကြၽန္မရဲ႕roleကို ယူဖို႔အတြက္ တျခားတစ္ေယာက္နဲ႕ ပူးေပါင္းလိုက္ရတာလဲ။”

“ခ်န္ခ်န္ မင္းရဲ႕မွတ္ဉာဏ္ေတြက ဆုံးရႈံးသြားခဲ့တာလို႔ ေျပာခဲ့တယ္ေလ။”

“ဒီေတာ့ ကြၽန္မရဲ႕မွတ္ဉာဏ္ေတြ ဆုံးရႈံးသြားခဲ့တယ္။ၿပီးေတာ့ အခုဆို ရွင္က အျပင္လူနဲ႕ပူးေပါင္းၿပီး ကိုယ့္ရဲ႕အႏုပညာရွင္အက်ိဳးကို ထိခိုက္ေအာင္လုပ္မလို႔လား။ဒီလိုလုပ္တာက ကြၽန္မတို႔စာခ်ဳပ္ကို ခ်ိဳးေဖာက္တာပဲမလား။”

ယူနာ၏မ်က္ႏွာမွာ စကားလုံးႏွင့္ေဖာ္ျပ၍ မရေလာက္ေအာင္ အက်ည္းတန္ေနေတာ့သည္။

 သ႐ုပ္ေဆာင္အေျပာင္းအလဲရွိသည္ဆိုသည့္ သတင္းကိုၾကားၿပီး ေနာက္တစ္ေန႕မွာ က်င္းခ်န္ ဘာေၾကာင့္ လိုက္ေလ်ာညီေထြျဖစ္ေနသလဲဆိုတာ ေနာက္ဆုံးေတာ့ သိလိုက္ရၿပီျဖစ္သည္။သူမက ဒီေန႕လို အခြင့္အေရးမ်ိဳးကို ေစာင့္ေနခဲ့တာျဖစ္မည္။

ယူနာက သူမရဲ႕ကိုယ္ပိုင္အႏုပညာရွင္ရဲ႕အက်ိဳးကို ထိခိုက္ေစတဲ့အေၾကာင္းနဲ႕ စာခ်ဳပ္ကို ခ်ိဳးေဖာက္လိုက္ေၾကာင္းကို လူတိုင္း သိေစခ်င္ေနခဲ့တာျဖစ္သည္။တကယ္လို႔ သူမႏွင့္ ယူနာၾကားမွာ သီးသန႔္ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္ကို ပယ္ဖ်က္နိုင္မယ္ဆိုရင္ က်င္းခ်န္က သူမကို တရားစြဲတာပါ လုပ္နိုင္ေတာ့မည္ျဖစ္သည္။

က်င္းခ်န္က သူမကို တကယ္ပဲ ေထာက္ေခ်ာက္ဆင္ထားခဲ့တာျဖစ္ၿပီး သူမကလည္း အမွန္တကယ္ ေထာင္ေခ်ာက္ထဲ က်သြားခဲ့ၿပီဆိုတာကို ယူနာခံစားနားလည္လိုက္ေတာ့သည္။

ယူနာလည္း ေ႐ြးခ်ယ္စရာမရွိေသာေၾကာင့္ ဖိအားေပးခံရသလို ေျပာလာသည္။

“မင္းေျပာတာမွန္ပါတယ္။ဒီကိစၥမွာ မင္းအတြက္အက်ိဳးအျမတ္ေတြကို ႀကိဳျမင္ခဲ့ေပမဲ့ မင္းကပဲ ဒီကိစၥေတြကို ငါ့ဆီ တာဝန္လႊဲခဲ့တာပဲေလ။ငါတို႔ ကတိေပးခဲ့ၾကတယ္။အဲ့ဒါကို စာခ်ဳပ္ထဲေတာင္ ထည့္ေရးခဲ့တယ္ေလ။”

“စာခ်ဳပ္ထဲမွာ ကြၽန္မေရးခဲ့ရတဲ့အေၾကာင္းက ကြၽန္မ ရွင့္ကို ယုံၾကည္ခဲ့လို႔ေလ။ဒါေပမဲ့ ရွင္ကေတာ့။ရွင့္အေပၚထားတဲ့ ကြၽန္မရဲ႕ယုံၾကည္မႈကို အသုံးခ်ၿပီး တျခားတစ္ေယာက္ကို အခြင့္အေရးေတြ ေပးပစ္လိုက္တယ္။တကယ္လို႔ ကြၽန္မတို႔ အရင္က သေဘာတူညီထားတာရွိခဲ့ၾကရင္ေတာင္ ကြၽန္မကို အႏၲရာယ္ေပးလာမဲ့ အရာမ်ိဳးေတာ့ ေမးခြန္းထုတ္ခြင့္ေပးေနမွာမဟုတ္ဘူး။ဒါမွမဟုတ္ ရွင္က ကြၽန္မကို တျခားတစ္ေယာက္ဆီ ေရာင္းစားလိုက္တယ္ထားပါေတာ့။အဲ့ဒီလိုဆို ကြၽန္မက ဆက္ၿပီး ကံေကာင္းေနနိုင္ပါ့ဦးမလား။”

ယူနာမွာ ဆြံ႕အသြားရေလေတာ့သည္။

က်င္းခ်န္က ဒီကိစၥကို ဆက္ထိန္းထားၿပီး ေနာက္ဆုံးမွာ ယူနာတစ္ေယာက္ က်ဥ္းထဲက်ပ္ထဲေရာက္ရင္ ဘယ္လိုခံစားရသလဲဆိုတာ အေတြ႕အႀကဳံရွိသြားၿပီျဖစ္သည္။

“ဒီကိစၥကို ဆက္စပ္ၾကည့္ေတာ့ အစ္မ အဲ့ဒီလိုမေတြးခဲ့မိဘူး။အစ္မေတာင္းပန္ပါတယ္ ခ်န္ခ်န္။”

“ကြၽန္မက ေတာင္းပန္တာကို လိုခ်င္ေနတာမဟုတ္ဘူး။တကယ္လို႔ ေတာင္းပန္တာကသာ အသုံးဝင္ရင္ ဘာကိစၥ ရဲေတြကို လိုအပ္ေနဦးမွာလဲ။”

“ဒါေပမဲ့ ဆုံးျဖတ္ခ်က္ကေတာ့ ခ်ၿပီးေနၿပီ…ဘာလို႔မ်ား အခုေတာ့ ဒီအတိုင္း မထားလိုက္နိုင္ရတာလဲ။ ေနာက္ေနာင္မွာ ငါ့ရဲ႕ဆုံးျဖတ္ခ်က္ေတြအားလုံးကို မင္းနဲ႕ အတူ ေဆြးေႏြးဖို႔ ကတိေပးပါတယ္။”

ယူနာက သူမကိုယ္သူ အနိမ့္ဆုံးထိ မာန္ခ်ထားခဲ့ၿပီျဖစ္သည္။

“ဆုံးျဖတ္ခဲ့ၿပီးသား??ဆုံးျဖတ္ခ်က္ခ်တဲ့သူက ဘယ္သူလဲ။ရွင္လား။ရွင္က ဒီရွိုးထဲမွာ ရင္းႏွီးျမႇုပ္ႏွံထားတဲ့သူမို႔လို႔လား။ရွင့္ကို ဆုံးျဖတ္ပိုင္ခြင့္ထားခဲ့လို႔လား။ဒီကိစၥကို ဒီအတိုင္းထားလိုက္လို႔ရေပမဲ့ ရွင္ ဆုံးျဖတ္ခ်က္တစ္ခုမခ်ခင္ ကြၽန္မနဲ႕ ေဆြးေႏြးတာက ပိုေကာင္းဦးမယ္။အခုေတာ့ ရွင္သြားၿပီး ကြၽန္မအတြက္  ပထမမင္းသမီးေနရာကို အရဖမ္းသင့္ၿပီ။ကြၽန္မ ရွင့္ကို အခ်ိန္တစ္ပတ္ေပးမယ္။တကယ္လို႔ မလုပ္နိုင္ရင္ေတာ့ ရွင္ ကြၽန္မကို ေလ်ာ္ေၾကး ယြမ္တစ္ဘီလီယံ ေပးရလိ့မ္မယ္။”

“တစ္ဘီလီယံ??”

ယူနာ၏မ်က္လုံးမ်ားမွာ ျပဴးက်ယ္သြားေလသည္။

“မင္းက လူသစ္တစ္ေယာက္ပဲရွိေသးတာေလ။ၿပီးေတာ့လဲ အပိုင္းတစ္ပိုင္းအတြက္ အမ်ားဆုံးေပးနိုင္ရင္ဆိုရင္ေတာင္  ရွစ္သိန္းပဲေပးမွာေလ။ခုဟာက ပိုင္း(၃၅)ပိုင္းပါတဲ့ ဒရမ္မာဆိုေတာ့ (၂၈)မီလီယံေလာက္ပဲ ေပးမွာ။ အဲ့ဒါကိုေတာင္ မင္းကေတာ့ တစ္ဘီလီယံေလာက္ေတာင္းေနတာတဲ့လား”

“ဟုတ္တာေပါ့။ဒါျဖင့္ ေလ်ာ္ေၾကးက ဘယ္ေလာက္ျဖစ္သင့္တာလဲ။”

က်င္းခ်န္က အၿပဳံးမ်က္ႏွာေလးနဲ႕ ျပန္ေျပာလာတယ္။

“ကြၽန္မက လူသစ္တစ္ေယာက္ ျဖစ္ခ်င္ျဖစ္ေနမယ္။ဒါေပမယ့္ တစ္ပိုင္းခ်င္းစီကရတဲ့ ေငြပမာဏကိုေတာ့ ရွင္ဆုံးျဖတ္လို႔မရဘူးေလ။က်ဳံးေပၚနဲ႕ စာခ်ဳပ္ခ်ဳပ္ထားတာ ကြၽန္မေလ။သူတို႔ကလည္း ကြၽန္မကို တစ္ပိုင္းခ်င္းစီအတြက္ သုံးသန္းေပးဖို႔ ဆႏၵရွိေနတာပဲ။(၃၅)ပိုင္းဆို စုစုေပါင္း ကြၽန္မ ရရမွာက တစ္သန္းပဲေလ။ရွင္ရဲ႕လုပ္ရပ္ေတြက ကြၽန္မကို တစ္ဘီလီယံ ကုန္သြားေစ႐ုံတင္မဘူး။ဒီဇာတ္လမ္းကေန ကြၽန္မရနိုင္မယ့္ အဆုံးမရွိတဲ့ အခြင့္အလမ္းေတြနဲ႕အတူ ေအာင္ျမင္ေက်ာ္ၾကားမယ့္ အခြင့္အေရးကိုလည္း ဆုံးရႈံးသြားေစတယ္။ဒါေၾကာင့္ ရွင္ကို တစ္သန္းမေတာင္းလို႔ ကြၽန္မက ဘယ္ေလာက္မ်ား ရသင့္တာလဲ။”

သူမေျပာသြားတာေတြကို လူတိုင္းက ၾကားေတာ့ အသက္ျပင္းျပင္း မရႉဘဲမေနနိုင္ၾကေတာ့ေပ။

တစ္ပိုင္းကို သုံးသန္းတဲ့လား။

တက္သစ္စေခါင္းေဆာင္မင္းသမီးေလးရဲ႕ ရရွိမယ့္ ေငြပမာဏတဲ့။

က်င္းခ်န္နဲ႕ က်ဳံးေပၚက ဘယ္လိုဆက္ဆံေရးမ်ိဳးမ်ား ရွိေနၾကတာလဲ။

 

 

 စာစဥ္ ၆ ၊ အခန္း ၉ ။ လုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ

 

“က်င္းခ်န္ လုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ။မင္း ဘာလုပ္ခဲ့သလဲဆိုတာ ငါ မေဖာ္ေလာက္ဘူးေတာ့ ထင္မေနနဲ႕။”

ယူနာ၏မ်က္ႏွာမွာ ေဒါသေၾကာင့္ အေငြ႕ပ်ံမတတ္ပင္။

“ကြၽန္မကို ေဖာ္ထုတ္မယ္??”

က်င္းခ်န္က ရယ္ေလသည္။

“ရွင္ေျပာေနတာက ကြၽန္မကပဲ အရွက္ရစရာ တစ္ခုခု လုပ္ထားသလိုနဲ႕။ကြၽန္မက သၾကားေဖေဖမ်ား ရွာေနလို႔လား။ဒါမွမဟုတ္ မယားငယ္မ်ား လုပ္ေနလို႔လား။အမွန္သာျဖစ္ေနခဲ့ရင္ ရွင္ႀကိဳက္သလို ေျပာလို႔ရတယ္။လူေတြကို ေပးသိရမွာ ဘာကိုမွ ေၾကာက္ေနမွာမဟုတ္ဘူး။တကယ္လို႔ ကြၽန္မအေၾကာင္းကို ေသာက္ေရးမပါတာေတြ ေဖာ္ထုတ္ခ်င္ရင္ေတာ့ အရင္ေဖာ္ထုတ္လိုက္စမ္းပါ။တကယ္လို႔ လုံေလာက္ေအာင္ ေပါက္ကြဲနိုင္ရင္ေတာ့ ေလ်ာ္ေၾကးေငြတစ္ဘီလီယံကို စြန႔္လႊတ္ဖို႔ ျဖစ္နိုင္ပါတယ္။”

က်န႔္မိသားစုက က်င္းခ်န္၏သ႐ုပ္မွန္ကို မေၾကညာခဲ့ျခင္းက အရင္ပိုင္ရွင္၏ေတာင္းဆိုခ်က္အရ လက္ခံေပးခဲ့တာျဖစ္သည္။သူမ ဒီလို သ႐ုပ္မွန္ကို ဖုံးကြယ္ထားရျခင္းအေၾကာင္းမွာ ခ်င္းရီကို ခ်စ္ေနဆဲ ျဖစ္ေနခဲ့တာေၾကာင့္ျဖစ္သည္။သူမ၏အစီအစဥ္မွာ ေနာင္တြင္ စည္းစိမ္ဥစၥာႏွင့္ ေက်ာ္ၾကားမႈေတြကို ရရွိၿပီးတာနဲ႕ ခ်င္းရီႏွင့္ ျပန္ေပါင္းထုတ္မည္ျဖစ္သည္။ၿပီးေတာ့ သူမ ဘယ္တုန္းကမွ လက္မထပ္ဖူးတဲ့အတိုင္း ဟန္ေဆာင္ေနနိုင္မွာျဖစ္သည္။

သို႔ေသာ္ အခုက်င္းခ်န္က ယခင္ပိုင္ရွင္ မဟုတ္ေတာ့ေပ။သူမ၏သ႐ုပ္မွန္ကို လူေတြသိသြားမွာနဲ႕ပတ္သက္ၿပီး ဘာဖိအားမွ မခံစားရေပ။ဒီအခန္းထဲက လူတိုင္း သူမအေၾကာင္းကို သိသြားတာနဲ႕ သူတို႔ေတြက သူမကို အေတာ္ေလး ေလးစားၿပီး မ်က္ႏွာခ်ိဳေသြးဖို႔ ႀကိဳးစားလိမ့္ဦးမည္ဟုပင္ သူမ ခံစားေနရသည္။

ယူနာသည္ သူမစိတ္အတြင္း၌ ျဖစ္ေပၚေနသည့္ ေဒါသႏွင့္စပ္လွ်ဥ္း၍  ဘာမွလုပ္နိုင္တာမရွိေပ။ၿပီးေတာ့ ႐ုတ္တရက္ႀကီး အသုံးမက်သလို ခံစားလိုက္ရသည္။

အခုဆို က်င္းခ်န္ကို ထိန္းခ်ဳပ္လို႔ မရေတာ့ဘဲ သူမလက္ေအာက္တြင္ ဆက္ထားလို႔မရေတာ့ေၾကာင္းကို ခံစားနားလည္လိုက္သည္။

ဒါရိုက္တာဟဲရဲ႕မ်က္ႏွာမွာလည္း အေတာ္ေလးကိုၾကည့္ရဆိုးေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ အမႈေဆာင္အဖြဲ႕ဝင္မ်ားႏွင့္ ကိစၥေတြကို အေျခခ်ထားၿပီးၿပီျဖစ္၍ မနက္ျဖန္တြင္ပင္ တရားဝင္ေၾကျငာေတာ့မွာျဖစ္သည္။သို႔ေသာ္ တတိယမင္းသမီးက မလိုက္နာနိုင္ဘဲ ပထမမင္းသမီးျဖစ္ဖို႔ အခြင့္အေရးကို ေတာင္းဆိုေနေလသည္။

သူက ဒီကိစၥေတြကို စီစဥ္ေပးခဲ့တဲ့သူျဖစ္ေလသည္။ဒါက ဒီအလုပ္ကေန အက်ိဳးအျမတ္မ်ား သူရရွိထားၿပီ ျဖစ္ေၾကာင္း သေဘာရသည္။

အခုေတာ့ က်င္းခ်န္က ဇာတ္ကြက္တစ္ခုကို ဖန္တီးေနၿပီး ယူနာကလည္း ဒုကၡအေသးစားေလး ေရာက္ေနေလၿပီ။ဒီေနရာတြင္ အေရးအႀကီးဆုံးအခ်က္မွာ ဒီကိစၥေၾကာင့္ သူတကယ္ကို စိတ္ေသာကေရာက္ေနရတာပင္။

“ေတာ္ေလာက္ၿပီ။မင္းတို႔ႏွစ္ေယာက္ၾကားမွာ ဘာေတြျဖစ္ေနသလဲဆိုတာ ငါဂ႐ုမစိုက္ဘူး။ဒါေပမဲ့ ငါကေတာ့ ယူနာေျပာတာပဲ နားေထာင္မွာ။ဒီကိစၥနဲ႕ပတ္သက္ၿပီး မင္း သူ႕ကို အာဏာကုန္လႊဲထားခဲ့ၿပီးသားေလ။ၿပီးေတာ့ သူ႕ကို ဒီအေၾကာင္းေမးေတာင္မေမးခဲ့ဘူး။ဒါေၾကာင့္ တစ္ခုခုျဖစ္လာခဲ့ရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို ခံရထိုက္တဲ့သူက မင္းတစ္ေယာက္တည္းပဲ။မနက္ျဖန္က်ရင္ တရားဝင္ေၾကညာမယ္။ဘယ္လိုပဲ အေျပာင္းအလဲေတြ ျဖစ္ျဖစ္ မင္းအတြက္ ပထမမင္းသမီးျဖစ္နိုင္ဖို႔က အရမ္းကို ေနာက္က်သြားၿပီ။ဒီကိစၥကို ေနာက္မွ ေဆြးေႏြးၾကမယ္။မင္းေရာ ယူနာေရာ ႏွစ္ေယာက္စလုံး ဒီကိစၥကို မင္းတို႔ႏွစ္ေယာက္ၾကားမွာပဲ ေျဖရွင္းသင့္တယ္။”

“ဟမ္ က်ဳံးေပၚ အင္တာတိန္းမန႔္ရဲ႕ စီမံခန႔္ခြဲေရး ဌာနက ဒုတိယဒါရိုက္တာက ယူနာေျပာတာကိုပဲ နားေထာင္တယ္ေပါ့။သူက ဘယ္သူမို႔လဲ။ရွင့္အေမမို႔လား။သူေျပာတာကိုပဲ နားေထာင္မယ္ဆိုေတာ့ ဒါကလည္း ရွင့္ကုမၸဏီမို႔လား။ခုနက ေျပာလိုက္တဲ့ အမိုက္စား စကားေၾကာင့္ ရွင့္ကို တမ္းတမ္းစြဲျဖစ္သြားမယ္လို႔ ထင္ေနတာလား။ဒါမွမဟုတ္ က်ဳံးေပၚက ကုမၸဏီကို လ်စ္လ်ဴရႈၿပီး ယူနာရဲ႕အမိန႔္ကိုပဲ နာခံဖို႔ အခြင့္အေရးမ်ား ေပးထားလို႔လား။”

ထို႔ေနာက္ သူမက မတ္တတ္ ထရပ္လိုက္သည္။

“ဒီအစည္းအေဝးမွာ ကြၽန္မရွိေနဖို႔ မလိုဘူးထင္တယ္။ကြၽန္မ မပါဘဲ ဆက္ေဆြးေႏြးၾကေပါ့။”

ၿပီးတာနဲ႕ သူမ အစည္းအေဝးခန္းထဲကေန ထြက္လာခဲ့သည္။

ဒါရိုက္တာဟဲ၏မ်က္ႏွာမွာ မည္းေမွာင္သြားေတာ့သည္။

သူလည္း က်င္းခ်န္က ေထာက္ပံ့မႈအခ်ိဳ႕ရွိေနေလာက္မည္ဟု သတိထားမိခဲ့ပါသည္။မဟုတ္ရင္ ဒါရိုက္တာက ကိုယ္တိုင္ကိုယ္က် သူမကို ပိုပိုသာသာ ဂ႐ုစိုက္ေပးဖို႔ေျပာမွာမဟုတ္ေခ်။တကယ္လို႔ က်င္းခ်န္ကသာ ဒါရိုက္တာကို သြားရွာၿပီး ဒီကိစၥကို စုံစမ္းစစ္ေဆးလိုက္ရင္ ဘာေတြျဖစ္သြားမလဲ။ဒီအလုပ္ကေန သူရခဲ့တဲ့အက်ိဳးအျမတ္ေတြကို ရွာေတြ႕သြားၾကမွာမဟုတ္လား။

“က်င္းခ်န္ ေတာ္လိုက္ေတာ့။”

ဒါရိုက္တာဟဲက ထိတ္လန႔္သြားၿပီး က်င္းခ်န္ေနာက္ကို အေျပးအလႊားလိုက္ကာ ေအာ္ဟစ္ေလေတာ့သည္။

ယူနာကေတာ့ အျပင္ကို အလန႔္တၾကားႏွင့္ ေျပးထြက္သြားေတာ့သည္။

အစည္းအေဝးအခန္းထဲကေန ထြက္လာတာနဲ႕ ဒါက အသုံးမဝင္ဘူးဆိုတာ သူမ သေဘာေပါက္သြားေတာ့သည္။ထို႔ေနာက္ သူမသည္ ခ်င္းရီကို ဖုန္းဆက္ကာ အကူအညီေတာင္းေလသည္။

ခ်င္းရီလည္း စိတ္ေသာက ေရာက္လာေတာ့သည္။သူ၏ပထမဆုံး အမ်ိဳးသားဇာတ္ေဆာင္ေနရာကို လြဲေခ်ာ္သြားမွာ စိုးထိတ္ေနခဲ့ရသည္။ထို႔ေၾကာင့္ သူက ခ်က္ခ်င္း တျခားဖုန္းနံပါတ္ကို အသုံးျပဳၿပီး က်င္းခ်န္ကို ေခၚလိုက္သည္။

 

 

 

စာစဥ္ ၆ ၊ အခန္း ၁၀ ။ ခ်ိန္းဆိုထားတာ ရွိပါသလား

 

သူမ တကယ္ကို နားမလည္နိုင္ေတာ့ေပ။ဘာေၾကာင့္ ဒီလူေတြက အရင္ပိုင္ရွင္ကို အလြယ္ေလး လွိမ့္ၿပီး လႊင့္ပစ္လို႔ ရမယ္လို႔ ထင္ေနၾကတာလဲ။ပိုခ်စ္မိတဲ့သူက အ႐ူးလို ဆက္ဆံခံရထိုက္တာလား။

သူက အရင္ပိုင္ရွင္ရဲ႕စည္းစိမ္ဥစၥာေတြကိုပဲ လိုခ်င္ေနခဲ့တာ။ဒါေပမဲ့ သူက သူမကိုလွည့္စားၿပီး ေအာ္ေတာင္ ေအာ္လိုက္ေသးတယ္။အခုဆို သူမက ဒီကိစၥကို ေက်ာ္ခ်သြားလိမ့္မယ္လို႔ ထင္ေနၾကတယ္ေလ။

ဟမ့္…သူမ အၿမဲတမ္း တစ္ေယာက္တည္း ေနဖို႔ ဆုံးျဖတ္ခဲ့မိတာ ေတာ္ေသးတယ္။

ဒါရိုက္တာဟဲနဲ႕ ယူနာတို႔က က်င္းခ်န္ေနာက္ကို ေျပးလိုက္ၾကေလသည္။အခန္းထဲမွာ ရွိၾကတဲ့ အႏုပညာရွင္ေတြကလည္း တစ္ေယာက္ကိုတစ္ေယာက္ တအံ့တဩၾကည့္ေနၾကေလသည္။

“က်င္းခ်န္မွာ ဘယ္လို ေနာက္ခံမ်ိဳး ရွိေနတာလဲ။”

လူတစ္ေယာက္က ထပ္ၿပီး ေမးလိုက္သည္။

ဒီအခ်ိန္မွာ လူတိုင္းက ယန္ယင္းလီဘက္ကို လွည့္ၾကည့္လာၾကသည္။သူမက ေျဖနိုင္ေလာက္မယ္လို႔ ေမွ်ာ္လင့္ေနၾကရင္းပင္ျဖစ္သည္။

သို႔ေသာ္ ယန္ယင္းလီကေတာ့ ၾကက္ေသေသေနခဲ့သည္။သူမ ဘယ္တုန္းကမွ က်င္းခ်န္ကို ဒီေလာက္ထိ အာဏာရွိလိမ့္မည္ဟု စိတ္ကူးေတာင္ မယဥ္ခဲ့ဖူးေပ။အမ်ားႀကီးရင္းႏွီးျမႇုပ္ႏွံထားရတဲ့ ဇာတ္လမ္းတြဲမွာ ပါမယ့္ သ႐ုပ္ေဆာင္စာရင္းကိုေတာင္ အမိန႔္ေပးေနေသးသည္။

သူမက က်ဳံးဇီကေနေရာက္လာတဲ့ အႏုပညာရွင္ငယ္ေလးပဲ မဟုတ္ဘူးလား။သူမက ဘယ္သူနဲ႕ အဆက္အစပ္ရွိေနရတာလဲ။

က်င္းခ်န္က အခန္းထဲကေန အေစာဆုံး ထြက္လာခဲ့သူျဖစ္သည္။ထို႔ေၾကာင့္ သူမ ဓာတ္ေလွကားထဲကို ဝင္လိုက္တာနဲ႕ ဒါရိုက္တာဟဲနဲ႕ ယူနာတို႔လည္း သူမႏွင့္အတူ လိုက္ဝင္ရန္ မျဖစ္နိုင္ေတာ့ေပ။

ဒါရိုက္တာဟဲကေတာ့ က်င္းခ်န္ဟာ စီမံခန႔္ခြဲေရးဌာနက ဒါရိုက္တာကို တိုက္ရိုက္သြားရွာတာဟုပင္ ေတြးဆမိသည္။

ဓာတ္ေလွကားထဲတြင္ စီမံခန႔္ခြဲေရးဌာနကို သြားခ်င္ေနတဲ့ တျခားတစ္ေယာက္ ရွိေနတာေၾကာင့္ က်င္းခ်န္စီးေနတဲ့ ဓာတ္ေလွကားက ထိုအထပ္တြင္ အတိအက် ရပ္တန႔္သြားေလသည္။ဒါရိုက္တာဟဲက ဒါကို ျမင္ေတာ့ သူ႕မ်က္ႏွာမွာ ခ်က္ခ်င္း မည္းေမွာင္သြားေတာ့သည္။

သူမ တကယ္ကို သူ႕အေၾကာင္းနဲ႕ပတ္သက္ၿပီး သြားတိုင္တန္းခ်င္ေနတာပဲ။

ဟမ့္..မင္းလို လူသစ္ေလးက စီမံခန႔္ခြဲေရးဌာနက ဒုတိယဒါရိုက္တာကို အနိုင္ယူနိုင္မယ္ထင္ေနတယ္ေပါ့။

သူ႕မွာ ဘာအရည္အခ်င္းမွ မရွိဘဲနဲ႕ ဒီရာထူးကို ရထားတယ္လို႔မ်ား တကယ္ႀကီး ထင္ေနတာလား။

ဒါရိုက္တာဟဲက သူ႕ကိုယ္သူ ခုခံကာကြယ္ဖို႔ နည္းလမ္းကို စဥ္းစားၿပီးတာနဲ႕ မည္းေမွာင္ေနတဲ့ မ်က္ႏွာထားနဲ႕ ဒါရိုက္တာရဲ႕ ႐ုံးခန္းထဲကို ဝင္သြားေလသည္။သူ ခ်က္ခ်င္း ေနရာမွာပင္ ထိတ္လန႔္သြားရသည္။

ဒါရိုက္တာက မင္းသား႐ႊီနဲ႕ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ စကားေျပာေနၿပီး သူ႕ကို ျမင္တဲ့အခါ ေမးလာေလသည္။

“ဒါရိုက္တာဟဲ တစ္ခုခု ျဖစ္ေနလို႔လား။အစည္းအေဝးက ၿပီးသြားၿပီမလား။”

ဒါရိုက္တာ ဟဲလည္း ဘာေျပာရမွန္းမသိေတာ့ေခ်။သူ႕စိတ္ထဲမွာ က်င္းခ်န္ဘယ္ေနရာမွာလဲဆိုတာကိုပဲ ေတြးေနတာမို႔ တျခားစိတ္ကူးမ်ား ရွိမေနခဲ့ေပ။

................

 

က်င္းခ်န္ကေတာ့ အေဆာက္အအုံ၏ ထိပ္ဆုံးအထပ္တြင္ ေရာက္ေနၿပီျဖစ္သည္။

“မမေလး။ဘယ္သူ႕ကို ရွာေနတာ သိလို႔ရမလား။ခ်ိန္းဆိုထားတာ ရွိပါသလား။”

“က်င္းခ်န္ပါ။လက္ေထာက္ ဒါရိုက္တာကို ရွာေနတာပါ။”

“ဘယ္လက္ေထာက္ဒါရိုက္တာပါလဲရွင့္။လက္ေထာက္ဒါရိုက္တာ က်န႔္ယြီဟုန္လား။ဒါမွမဟုတ္ လက္ေထာက္ဒါရိုက္တာ က်န႔္ယီဟဲလားရွင့္။”

“က်န႔္ယြီဟုန္”

စားပြဲေရွ႕က အတြင္းေရးမႉးက “ငါသိသားပဲ”ဟူေသာ အမူအရာျဖင့္ ၾကည့္လာေလသည္။

အတြင္းေရးမႉးရဲ႕မ်က္ႏွာက ခ်က္ခ်င္း ဒုကၡေရာက္ေနသလိုမ်ိဳး ျဖစ္သြားေလသည္။သူမက မတ္တတ္ရပ္ၿပီး တူညီတဲ့ေမးခြန္းကို ထပ္ေမးေလသည္။

“ခ်ိန္းဆိုထားတာ ရွိပါသလား။”

“မရွိပါဘူး။ဒါေပမဲ့ ကြၽန္မ က်န႔္ယြီဟုန္နဲ႕ ရင္းႏွီးပါတယ္။သူ႕ကို ကြၽန္မေရာက္ေနတယ္လို႔သာ ေျပာလိုက္ပါ။သူ ကြၽန္မကို ဝင္ခြင့္ျပဳပါလိမ့္မယ္။”

အတြင္းေရးမႉးေခါင္းေဆာင္က ယဥ္ယဥ္ေက်းေက်းေလး ၿပဳံးျပေနေပမဲ့ သူမ၏အသံမွာ ႐ြဲ႕ေစာင္းျခင္းမ်ား ပါေနေလသည္။

“ေတာင္းပန္ပါတယ္။မမေလး..။ေလာ္ဘီထဲကို ဘယ္လိုေရာက္လာနိုင္လဲေတာ့ မသိပါဘူး။ဒါေပမယ့္ မမေလးလိုမ်ိဳး ဒါရိုက္တာ က်န႔္ယြီဟုန္ကို ရွာေနၾကတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။တကယ္လို႔ လူတိုင္းကသာ မမေလးလိုမ်ိဳး ေတြ႕ေနၾကရင္ ဒါရိုက္တာလည္း ဘယ္အလုပ္လုပ္နိုင္ပါေတာ့မလဲ။ ေက်းဇူးျပဳၿပီး သူနဲ႕ ခ်ိန္းဆိုၿပီးမွ ျပန္လာခဲ့ပါလား။”

“ဒါေၾကာင့္ပဲ မင္းကို သူ႕ဆီ ငါ့အေၾကာင္း အေၾကာင္းၾကားေပးဖို႔ ေျပာေနခဲ့တာပဲမလား။”

အတြင္းေရးမႉးက ၿပဳံးျပရင္း ျပန္ေျပာလာသည္။

“ေတာင္းပန္ပါတယ္ မမေလး။ကြၽန္မက မမေလးကို ဒီလို ကူညီေပးဖို႔ တာဝန္မရွိပါဘူး။”

သူမ၏အရင္ဘဝမွာ အရင္ပိုင္ရွင္လိုမ်ိဳး သူ႕ေရွ႕မွာ ဒီလိုအမူအရာမ်ိဳး လုပ္ျပဝံ့ေလာက္သည့္ မိန္းမလိုမ်ိဳး ပမႊားေလးေတြ ရွိမေနခဲ့ေပ။သူ ဒါေတြကို အခုထိတိုင္ နားလည္သေဘာမေပါက္ေသးပါ။ဒီမိန္းမ ဘာေတြေတြးေနသလဲဆိုတာ သူမ ဘယ္လိုလုပ္ နားလည္နိုင္မွာလဲ။

လက္ေထာက္ဒါရိုက္တာအတြက္ တာဝန္က်တဲ့ အတြင္းေရးမႉးအေနနဲ႕ တစ္သန္းမွာ တစ္ေယာက္သာ ျဖစ္နိုင္သည့္ အခြင့္အေရးကို သူမ လိုခ်င္ခဲ့တာေၾကာင့္ ဒီကိုလာတဲ့ အမ်ိဳးသမီးတိုင္းကို ေစာ္ကားဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။က်င္းခ်န္သည္ က်ဳံးေပၚလို ႀကီးမားသည့္ ကုမၸဏီအေနနဲ႕ ဒီလိုဝန္ထမ္းေတြနဲ႕ ဘယ္လိုမ်ား ႀကီးပြားတိုးတက္ေအာင္ လုပ္ခဲ့သလဲဆိုတာကို အမွန္တကယ္ပင္ နားမလည္နိုင္ေပ။

သူမ က်န႔္ယြီဟုန္ကို တိုက္ရိုက္ ဖုန္းေခၚမလို႔ လုပ္ေနတုန္း သူမေရွ႕ရွိ ႀကီးမားသည့္ တံခါးမႀကီးမွာ ပြင့္လာေလသည္။အရပ္(၁၉၀)စင္တီမီတာျမင့္ေသာ ေဘာ္ဒီဂတ္ႏွစ္ေယာက္က အျပင္ကို ထြက္လာၿပီး တံခါးနားမွာ မတ္တတ္ရပ္လိုက္ၾကသည္။သူတို႔ေနာက္တြင္ အျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ၾကည့္ေကာင္းသည့္ အမ်ိဳးသမီးတစ္ဦးထြက္လာေလသည္။သူမကို ၾကည့္ရတာ အေတာ္ေလးကို ပေရာ္ဖက္ရွင္နယ္ဆန္လွသည္။

က်င္းခ်န္ ထိုအမ်ိဳးသမီးကို က်န႔္မိသားစုထဲတြင္ တစ္ခါေတာ့ ေတြ႕ဖူးသည္။သူမက ဒုတိယက်န႔္မိသားစုရဲ႕ ေျမးမေလး က်န႔္ယီဟဲပင္ ျဖစ္သည္။

သခင္ႀကီးက်န႔္မွာ က်န့္ရန္မ်န္ဆိုတဲ့ ညီေလးတစ္ေယာက္ရွိခဲ့သည္။က်န႔္ယီဟဲက က်န့္ရန္မ်န္၏ ေျမးမေလးပင္ျဖစ္သည္။

 

 

 

စာစဥ္ ၆ ၊ အခန္း ၁၁ ။ ဆုံးျဖတ္ခ်က္ခ်ေပးနိုင္တဲ့ လူတစ္ေယာက္

 

တစ္နည္းအားျဖင့္ ေျပာရလွ်င္ က်န႔္ယီဟဲက က်န႔္ယြီဟုန္၊ကြၽန႔္ရႈယြီနဲ႕ က်န႔္လီခြၽမ္တို႔၏ ညီအစ္မဝမ္းကြဲပင္ျဖစ္သည္။

က်န႔္ယီဟဲက က်င္းခ်န္ဘယ္သူဆိုတာ ေကာင္းေကာင္းသိပါသည္။

သူမက သခင္ႀကီးက်န႔္၏တိုက္ရိုက္ ေျမးအျဖစ္မေတာ္စပ္ေသာ္လည္း သူမဟာလည္း က်န႔္မိသားစု၏ တစ္စိတ္တစ္ပိုင္းပင္ ျဖစ္ေနေသးသည္။သူမကိုလည္း ခ်မ္းသာေသာ မိသားစုမွ တကယ့္မမေလးတစ္ေယာက္ျဖစ္ မွတ္ယူလို႔ရသည္။ထို႔ေၾကာင့္ သူမက ဆင္းရဲတဲ့ မိသားစုမွ လာၿပီး အခုေတာ့ က်န႔္မိသားစုထဲမွာ ကံေကာင္းျခင္းေတြ ယူေဆာင္လာနိုင္တဲ့သူအေနနဲ႕ မိသားစုဝင္ျဖစ္လာခဲ့တဲ့ က်င္းခ်န္လို မိန္းကေလးေတြကို အၿမဲအထင္ေသးခဲ့သည္။

သို႔ေသာ္ သူမအျမင္မွာ ဒီအမ်ိဳးသမီးက ဘာမွမဟုတ္ရင္ေတာင္ သူမက ဦးေလးရဲ႕အလိုလိုက္ခံရတဲ့သူေတြထဲက တစ္ေယာက္မွန္းေတာ့ သူမသိပါေသးသည္။က်င္းခ်န္က တတိယအစ္ကိုရဲ႕ ကံဆိုးမႈေတြကို တြန္းလွန္ေပးနိုင္ဖို႔ ေခၚလာခဲ့တဲ့သူျဖစ္သည္။က်န႔္ယီဟဲက သဘာဝက်က် သခင္ႀကီးက်န႔္ သေဘာက်တဲ့ သူေရွ႕မွာ သူမကိုယ္သူမ ျပသဖို႔ အခြင့္အေရးကို အသုံးခ်ခ်င္ေနခဲ့တာ ျဖစ္သည္။

“ခ်န္ခ်န္…ဘယ္လိုလုပ္ ဒီမွာရွိေနတာလဲ။အစ္ကိုႀကီးကို လာရွာတာလား။”

က်န႔္ယီဟဲ က သူမမ်က္ႏွာထက္တြင္ ေဖာ္ေ႐ြတဲ့အၿပဳံးေလးျဖင့္  က်င္းခ်န္၏လက္ေကာက္ဝတ္ကို ခ်စ္ခင္ရင္းႏွီးသလို လက္လွမ္းရင္း ေမးလာခဲ့သည္။

က်င္းခ်န္က သူမလက္ေကာက္ဝတ္ကို ရစ္ပတ္ထားတဲ့လက္ကို ၾကည့္ၿပီး ျပန္ၿပဳံးျပလိုက္သည္။သူမသည္ က်န႔္ယီဟဲ၏လက္ကို မညွာမတာ ပြတ္သပ္ၿပီး သူမလက္ေကာက္ဝတ္ေပၚက လက္ကို တြန္းဖယ္လိုက္သည္။

သူမ၏စိတ္က်ေရာဂါမွ ျပန္သက္သာလာတာေတာင္ တျခားသူမ်ား၏ထိေတြ႕မႈမ်ားႏွင့္ သူမ အသားမက်ေသးေပ။

“ကြၽန္မ အာဏာရွိတဲ့သူတစ္ေယာက္ကို ရွာေနတာပါ။”

က်င္းခ်န္က က်န႔္ယီဟဲ၏ လက္ကို ဖယ္ခံလိုက္ရေတာ့ က်န႔္ယီဟဲမွာ ရွက္႐ြံ႕မႈေတြျပည့္သြားေလသည္။သို႔ေသာ္ သူမမ်က္ႏွာေပၚတြင္ေတာ့ ေပါ့ေပါ့ပါးပါး ေႏြးေႏြးေထြးေထြး အၿပဳံးေလးကို ဆက္ထိန္းထားနိုင္ဆဲပင္။

“အစ္ကိုႀကီးက အခု အစည္းအေဝးမၿပီးေသးဘူး။တကယ္လို႔ အေရးႀကီးကိစၥရွိတယ္ဆိုရင္ ကြၽန္မကို အရင္ဆုံး ေျပာျပလို႔ ရပါတယ္။အစည္းအေဝးၿပီးတဲ့အခါ ကြၽန္မ ရွင့္ကိုပါ သူ႕႐ုံးခန္းထဲကို ေခၚသြားေပးမယ္ေလ။”

“မင္းကို အျပင္သြားေတာ့မယ္ထင္ေနတာ။”

က်န႔္ယီဟဲက ၿပဳံးရင္းနဲ႕ ေျပာလိုက္သည္။

“အခု ရွင္က ဒီကိုေရာက္ေနၿပီပဲေလ။ဘယ္လိုလုပ္ ထြက္သြားနိုင္မွာလဲ။ကြၽန္မ ရွင့္ကို ဒီေနရာမွာပဲ လက္လြတ္စပယ္ ထားခဲ့လို႔မျဖစ္ဘူးေလ။အထဲကို လိုက္ခဲ့ပါ။”

အတြင္းေရးမႉးေတြက သူတို႔၏လက္ေထာက္ဒါရိုက္တာႏွင့္အတူ က်င္းခ်န္ပါ ျပန္ဝင္သြားသည္ကို ေတြ႕လိုက္ရေသာအခါတြင္ေတာ့ သူတို႔အခ်င္းခ်င္း စပ္စုလိုေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနလိုက္ၾကမိသည္။

“အဲ့ဒီမိန္းကေလးက ဘယ္သူလဲ။”

“မသိဘူးေလ။ဘယ္တုန္းကမွ မျမင္ဖူးပါဘူး။”

“လက္ေထာက္ဒါရိုက္တာက ဘာလို႔ သူ႕ကို အရမ္းေကာင္းေပးေနရတာလဲ။သူက လက္ေထာက္ဒါရိုက္တာဟုန္ကိုေတာင္ ရွာေနခဲ့တာ သိတယ္မလား။”

“ျဖစ္နိုင္တာေတာ့…သူကလည္း ခ်မ္းသာတဲ့မိသားစုကျဖစ္မယ္။ၿပီးေတာ့ သူ႕ရဲ႕တည္ရွိမႈကို က်န႔္မိသားစုကလူတိုင္း သိေနၾကတာလား။”

က်န႔္ယြီဟုန္ႏွင့္ မေတြ႕ဖို႔ က်င္းခ်န္ကို တားခဲ့သည့္ အတြင္းေရးမႉး၏မ်က္ႏွာမွာ အေတာ္ေလးကို ဆိုး႐ြားသည့္ အၾကည့္ရွိေနေလသည္။

က်န႔္ယီဟဲ၏႐ုံးခန္းထဲသို ဝင္ေရာက္သြားၿပီးေနာက္ က်င္းခ်န္က သူမကို ဇာတ္လမ္းတစ္ခုလုံး ေျပာျပလာခဲ့သည္။

အခုဆို သူမက သူမ၏ဘဏ္အေကာင့္ထဲတြင္ ေထာင္ဂဏန္းမွ်သာရွိသည့္ ဆင္းရဲတဲ့မိန္းမတစ္ေယာက္ျဖစ္ေနေလသည္။ထို႔ေၾကာင့္ ယခုအခ်ိန္တြင္ သူမရရွိနိုင္သည့္ ယြမ္ တစ္ဘီလီယံ၏ ဆြဲေဆာင္မႈကို အေတာ္ေလးခံလိုက္ရသည္။သို႔ေသာ္ သူမ၏ယခင္ဘဝကလိုဆို ခ်င္းရီလိုမ်ိဳး ေသာက္လက္ဖက္ရည္ၾကမ္းေကာင္ကို ဘယ္ေတာ့မွ လႊတ္ေပးမွာမဟုတ္ေခ်။

က်န႔္ယီဟဲက အျဖစ္အပ်က္အားလုံးကို ၾကားလိုက္ရေတာ့ က်င္းခ်န္က တုံးအတဲ့သူတစ္ေယာက္ပဲလို႔ ခံစားလိုက္ရသည္။

သူမ၏အဘိုးေလးက သူ႕ရဲ႕ေျမးေခြၽးမေလး ပထမမင္းသမီးေနရာကိုရေအာင္ အနည္းဆုံးေတာ့ မီလီယံအနည္းငယ္ေလာက္ကို ျမႇုပ္ႏွံထားခဲ့သည္။သူမသည္ ဟြမ္ေ႐ြ႕ အင္တာတိန္းမန႔္က အေကာင္းဆုံးမင္းသား ယြင္ေရွာင္းႏွင့္ အလုပ္အတူတြဲလုပ္ရဖို႔ အခြင့္အေရးရလာခဲ့သည္။

သို႔ေသာ္ ဒီအမ်ိဳးသမီး က အဲ့ဒီလို အရမ္းေကာင္းတဲ့ roleကို လက္လႊတ္ၿပီး လက္တစ္ကမ္းတည္းျဖင့္ တျခားသူတစ္ဦးကို ေပးအပ္ခဲ့သည္။

ထို႔ေနာက္ ဒါရိုက္တာဟဲႏွင့္ ယူနာတို႔ကို က်န႔္ယီဟဲ၏႐ုံးခန္းထဲသို႔ ေခၚလိုက္သည္။

က်င္းခ်န္က စီမံခန႔္ခြဲေရးဌာနက ဒါရိုက္တာကို ေက်ာ္ၿပီး က်ဳံးေပၚအင္တာတိန႔္မန႔္၏ လက္ေထာက္ဒါရိုက္တာျဖစ္ၿပီး အႏုပညာရွင္ဒါရိုက္တာလည္းျဖစ္သည့္ က်န႔္ယီဟဲထံသို႔ တိုက္ရိုက္သြားလိုက္တာကို ဒါရိုက္တာဟဲ သင္ခန္းစာရလိုက္သည့္အခ်ိန္မွာ ခံစားခ်က္ သိပ္မေကာင္းေတာ့ေပ။

က်င္းခ်န္ႏွင့္ က်န႔္ယီဟဲတို႔ ဘယ္လိုပတ္သက္ၾကသလဲဆိုတာ သူ မစဥ္းစားတတ္ေတာ့ေပမဲ့ ယူနာကို အျပစ္အားလုံး ပုံခ်႐ုံျပင္ တျခား ဘာမ်ား ေ႐ြးခ်ယ္စရာရွိဦးမလဲ။

“ဒါရိုက္တာယီ တကယ္ေတာ့ ဒါက က်ဳပ္အမွားမဟုတ္ပါဘူး။ဒါရိုက္တာက က်ဳပ္ကို က်င္းမိန္းကေလးနဲ႕ ေဆြးေႏြးၿပီး သူ႕ရဲ႕ဆုံးျဖတ္ခ်က္အတိုင္းလုပ္ဖို႔ ေျပာလိုက္ေပမဲ့ မိန္းကေလးက်င္းက သူ႕ရဲ႕မန္ေနဂ်ာနဲ႕ ကိုယ္ပိုင္သေဘာတူညီမႈေတြထားခဲ့တယ္။သူက ယူနာကို အာဏာကုန္လႊဲေပးဖို႔ သေဘာတူခဲ့ၿပီး ဒီကိစၥကို ဆုံးျဖတ္ေပးဖို႔  အခြင့္ေပးခဲ့ပါတယ္။ယူနာေျပာတာေတာ့ ခ်င္းရီက တက္သစ္စ ၾကယ္ပြင့္ျဖစ္ၿပီး သူ႕ကို ေခါင္းေဆာင္မင္းသားအျဖစ္ သုံးဖို႔ေျပာခဲ့တာပါ။က်ဳပ္က ေပးအပ္ခံရတဲ့ အမိန႔္ေတြကိုပဲ လိုက္နာရတာမဟုတ္လား။

တရားဝင္ေၾကညာခ်က္က မနက္ျဖန္က် လုပ္မွာေလ။ၿပီးေတာ့ သ႐ုပ္ေဆာင္အားလုံးကလည္း ဒီအတြက္ ျပင္ဆင္ၿပီးေနၾကပါၿပီ။တကယ္လို႔ ဒီေန႕မွာ သ႐ုပ္ေဆာင္ေတြကို ျပန္ေျပာင္းခ်င္ရင္ေတာင္ မျဖစ္နိုင္ေလာက္ေတာ့ပါဘူး။”

ဒါရိုက္တာဟဲက သူ႕ကိုယ္သူ ကာကြယ္ဖို႔လုပ္ေနခ်ိန္မွာ ယူနာက သူတို႔ေနာက္မွာ ရပ္ေနခဲ့ၿပီး စကားတစ္ခြန္းမွ ဝင္မေျပာခဲ့ေပ။က်န႔္မိသားစုက သူမကို ေလ်ာ္ေၾကးလာေတာင္းမွာကို စိုးထိတ္ေနေသာေၾကာင့္ျဖစ္သည္။

 

 

စာစဥ္ ၆ ၊ အခန္း ၁၂။ ဘယ္လိုထင္လို႔လဲ

 

က်န႔္ယီဟဲက ထစ္ထစ္အအနဲ႕ ေမးလာေလသည္။

“က်င္းခ်န္ရဲ႕ကိစၥေတြကို ယူနာက လုံးဝ ဆုံးျဖတ္ခဲ့ေပမဲ့ တကယ္လို႔ ယူနာက က်င္းခ်န္ကို ေရာင္းစားဖို႔ ဆုံးျဖတ္လိုက္ရင္ေရာ ရွင္က သူ႕ကို ကူညီေပးဦးမယ္ဆိုတဲ့ သေဘာပဲမလား။သူတို႔ၾကားမွာ သေဘာတူညီမႈေတြရွိေနခဲ့ေပမဲ့ စာခ်ဳပ္စာတမ္းမရွိဘူးမလား။တကယ္လို႔ မရွိဘူးဆိုရင္  အဲ့ဒါက တရားမဝင္ဘူး။က်င္းခ်န္အတြက္ သူက ဘာလို႔ ဆုံးျဖတ္ပိုင္ခြင့္ရွိရမွာလဲ။”

ဒါကို ၾကားေတာ့ ယူနာမွာ ေဖ်ာ့ေတာ့သြားေလ​​ေတာ့သည္။

အရင္ကေတာ့ က်င္းခ်န္က အေတာ္ေလးကို နာခံမႈရွိတဲ့ မိန္းကေလးျဖစ္ခဲ့သည္။ၿပီးေတာ့ ခ်င္းရီအတြက္ သူမက ႐ုပ္ေသး႐ုပ္ေလးလိုပင္။ထို႔ေၾကာင့္ သူမက မလိုအပ္တာေတြကို ဘာမွေလွ်ာက္မလုပ္တတ္ေပ။သေဘာတူညီခ်က္ဆိုတာကေတာ့ က်င္းခ်န္က အယုံလြယ္တဲ့သူျဖစ္ၿပီး တျခားဘာကိုမွ မသိတာေၾကာင့္ ဒီမိန္းကေလးကို ေျခာက္လွန႔္႐ုံသာ လုပ္ခဲ့ျခင္းျဖစ္သည္။

က်င္းခ်န္က အခ်စ္ေရးေၾကာင့္ လုံးဝေျပာင္းလဲသြားတဲ့သူ ျဖစ္သြားလိမ့္မယ္လို႔ ဘယ္သူသိမွာလဲ။

မန္ေနဂ်ာတစ္ေယာက္အေနနဲ႕ သူမႏွင့္ က်င္းခ်န္ျပဳလုပ္ခဲ့သည့္ သေဘာတူညီခ်က္က လုံးဝမမွ်တတာကို သူမ ရွင္းရွင္းလင္းလင္း သိပါသည္။သို႔ေသာ္ က်င္းခ်န္က အရင္ကေတာ့ နာခံမႈရွိခဲ့တာေၾကာင့္ သူမက ျပႆနာေတြ ျဖစ္လာေစလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ေပ။

သို႔ေသာ္ ဒီတစ္ခါေတာ့ က်န႔္ယီဟဲပါ ပါလာခဲ့သည္။

ဒါရိုက္တာဟဲက ထိတ္လန႔္တုန္လႈပ္ေနတာေၾကာင့္ ေခြၽးေအးေတြထြက္လာခဲ့သည္။

“ဟုတ္ပါတယ္။ဟုတ္ပါတယ္။ဒီကိစၥနဲ႕ပတ္သက္ၿပီး အေကာင္းဆုံး မလုပ္နိုင္ခဲ့ပါဘူး။က်ဳပ္ က်င္းခ်န္ကို ကိုယ္တိုင္ကိုယ္က် ေမးခဲ့သင့္တာပါ။

ဒါေပမဲ့ အဲ့ဒီအခ်ိန္က ယူနာေျပာတာေတာ့ “ေၾကးမုံကမာၻ”က အမ်ိဳးသားဇာတ္ေဆာင္ႏွစ္ေယာက္ပါတဲ့ ဇာတ္လမ္းတြဲတဲ့။ၿပီးေတာ့ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ ယြင္ရွန္းနဲ႕အတူ တက္သစ္စအိုင္ေဒါ ခ်င္းရီကို တြဲသုံးရင္ ပိုေကာင္းပါမယ္တဲ့။ဒါဆို ဇာတ္လမ္းတြဲက ပိုၿပီးေတာ့ ဆြဲေဆာင္မႈရွိသြားမယ္။က်ဳပ္တို႔ ကုမၸဏီက ဒီရွိုးအတြက္ သန္းေပါင္းမ်ားစြာ ရင္းႏွီးျမႇုပ္ႏွံထားေတာ့ ဒီလိုနည္းနဲ႕ ပိုၿပီး အက်ိဳးအျမတ္ေတြ ပိုၿပီးရနိုင္ပါတယ္။ဒါေပမဲ့ က်င္းခ်န္က အႏုပညာရွင္အသစ္ေလးျဖစ္တာေၾကာင့္ ဖန္ေတြမုန္းခံရတာေန ကာကြယ္ဖို႔အတြက္နဲ႕ ရွိုးကို မပ်က္စီးေစဖို႔အတြက္ သူ႕ေနရာကို အစားထိုးလိုက္ဖို႔ အႀကံျပဳလာတာပါ။”

“ယူနာက တက္သစ္စအႏုပညာရွင္ ခ်င္းရီရဲ႕အေဒၚပဲေလ။ဒီေတာ့ သူ႕ကို ေခါင္းေဆာင္မင္းသား ျဖစ္ဖို႔ ေမွ်ာ္လင့္ေနမွာေပါ့။ဒုတိယမင္းသမီးေနရာမွာ သ႐ုပ္ေဆာင္မယ့္ မင္းသမီးက က်င္းခ်န္ရဲ႕ ညီမေလ။သူကလည္း က်င္းခ်န္နဲ႕ ဆက္စပ္ေနတာပဲ။ဒါေၾကာင့္ ဟြမ္ေ႐ြ႕က ေတာင္းဆိုမႈ ျမႇင့္လိုက္တယ္။သူတို႔သေဘာတူတာက က်ဳပ္တို႔ဘက္ ပထမမင္းသမီးေနရာကို သူတို႔ကိုေပးၿပီး ဒီရွိုးထဲမွာ ငါ့တို႔ရဲ႕ရင္းႏွီးျမႇုပ္ႏွံမႈရဲ႕ (၂၀)% အေလ်ာ့ေပးရမယ္တဲ့။

ယူနာ ေျပာတာကေတာ့ ေနာက္ဆုံး ဖုန္းေခၚခြင့္ျပဳခဲ့တဲ့ေနရာမွာ က်င္းခ်န္က သူနဲ႕အတူ သေဘာတူညီမႈလုပ္ခဲ့တယ္တဲ့။ဒါေၾကာင့္ က်ဳပ္လည္း ခ်က္ခ်င္း ဟြမ္ေ႐ြ႕နဲ႕ သေဘာတူညီမႈရခဲ့တယ္။

ဒါရိုက္တာယီ ဒီေနရာမွာ အဓိကျပႆနာကေတာ့ က်င္းခ်န္းက အခုအထိ အႏုပညာရွင္အသစ္ေလး ျဖစ္ေနတုန္းပဲေလ။ၿပီးေတာ့ က်ဳပ္လည္း သူ႕အေၾကာင္းကို မသိဘူးေလ။က်ဳပ္တို႔အတြက္ ဒီကိစၥကို ေမ့ထားလို႔ ျဖစ္ပါ့မလား။”

ဒါရိုက္တာဟဲက က်င္းခ်န္ဘက္ကို လွည့္ၿပီး (၉၀)ဒီဂရီပုံစံအထိေရာက္ေအာင္ ဦးၫြတ္လိုက္သည္။သူက သူမကို ေတာင္းပန္ၿပီး ေျပာလိုက္သည္။

“က်င္းခ်န္ စီမံခန႔္ခြဲေရးဌာနက နည္းလမ္းမွန္မွန္နဲ႕ မေျဖရွင္းခဲ့တာ အမွန္ပါပဲ။အခုကစၿပီး ေျပာင္းလဲပါ့မယ္လို႔ ကတိေပးပါတယ္။ငါလုပ္ခဲ့တဲ့ အမွားေတြကို ခြင့္လႊတ္ေပးနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ယူနာက အျမန္ ဆက္ေျပာလာသည္။

“ခ်န္ခ်န္ ဒီကိစၥနဲ႕ပတ္သက္ၿပီး တကယ္ကို ေတာင္းပန္ပါတယ္။ဒါေပမဲ့ အရင္က ခ်င္းရီနဲ႕ မင္းရဲ႕မိဘေတြကိုေတာင္ ကတိေပးခဲ့တာပဲေလ။မင္းက သူတို႔အေပၚ အရမ္းကို သားသမီးတာဝန္ေက်ပြန္တယ္လို႔ ထင္ေနခဲ့တာ။သူတို႔ ေခၚတဲ့အခ်ိန္က်ေတာ့ ဒါေၾကာင့္ပဲ က်င္းလုကို ဒုတိယမင္းသမီးအျဖစ္ ထားဖို႔ ခ်က္ခ်င္း သေဘာတူလိုက္မိတာပါ။ဟြမ္ေ႐ြ႕အင္တာတိန္းမန႔္ဆိုတာက ေဖ်ာ္ေျဖေရးနယ္ပယ္မွာ က်ဳံးေပၚနဲ႕ တန္းတူ ထိပ္တန္းကုမၸဏီသုံးခုထဲက တစ္ခုပဲေလ။ဟြမ္ေ႐ြ႕က ဒီကိစၥကို သေဘာတူထားၿပီးသား ျဖစ္တာမို႔ ဘာလို႔ ဒီအေၾကာင္းကို ေမ့မထားရမွာလဲ။ေနာက္ေနာင္မွာ မင္းအတြက္ ပိုေကာင္းတဲ့ roleကို ရနိုင္ဖို႔ ကတိေပးပါတယ္။ဘယ္လိုထင္လဲ။”

“ဒီလိုယူဆတယ္ေပါ့။”လို႔ က်င္းခ်န္က ယူနာကို ေလွာင္ရယ္ေျပာေလသည္။

“ဟမ္..ဒါျဖင့္ ကြၽန္မ ဘာလုပ္သင့္လဲ။ရွင္ေတြးထားတာေတြက ကြၽန္မလိုခ်င္တာမွ မဟုတ္တာ။တကယ္လို႔ ကြၽန္မအတြက္ ပထမမင္းသမီးေနရာကို ျပန္မရနိုင္ေတာ့ရင္ ေလ်ာ္ေၾကးအတြက္ ျပင္ဆင္ထားတာက ပိုေကာင္းမယ္။”

ဒီေန႕မနက္မွာ က်င္းခ်န္က ယူနာကို အႀကိမ္မ်ားစြာ တိုက္ခိုက္ခံခဲ့ရတာမို႔ သူမမွာ အၿပဳံးတုေလးေတာင္ မၿပဳံးျပနိုင္ေတာ့ေပ။ဒီအခ်ိန္မွာ သူမ၏မ်က္ႏွာက မယုံနိုင္ေလာက္ေအာင္ အက်ည္းတန္ေနေလေတာ့သည္။

က်င္းခ်န္က ဒါရိုက္တာဟဲဘက္ကို လွည့္ၾကည့္လာသည္။

“ဒုတိယ ဒါရိုက္တာလုပ္လာတာ ဘယ္ႏွစ္ႏွစ္ရွိေနၿပီလဲ။ရွင္စားၿပီးထားသမွ်ကို အမွိုက္ပုံးအျဖစ္ ေျပာင္းလိုက္တာလား။ရွင္ ကြၽန္မကို တိုက္ရိုက္ ဆက္သြယ္လိုက္ဖို႔ မစဥ္းစားခဲ့ဘူးလား။ဒါမွမဟုတ္ စိတ္ကိုမဝင္စားခဲ့တာလား။ရွင္ ကြၽန္မကို အနိုင္က်င့္လိုက္ရင္ ကိစၥႀကီးႀကီးမားမား ျဖစ္သြားမွာ မဟုတ္ပါဘူးလို႔ တကယ္ႀကီး ေတြးေနခဲ့တာလား။ႀကီးက်ယ္ျမင့္ျမတ္တဲ့ ဒါရိုက္တာဟဲရဲ႕မ်က္လုံးထဲမွာေတာ့ ကြၽန္မက အႏုပညာရွင္အသစ္ေလး တစ္ေယာက္သာသာပါပဲေပါ့။ဒီလိုဆို လူတိုင္းေပ်ာ္ေနသေ႐ြ႕ ကြၽန္မကို ေစာ္ကားရင္ေတာင္ အေရးမပါဘူးေပါ့ေလ။ဒါကို လုံးဝ အႀကံဉာဏ္ေကာင္းလို႔ ေတြးေနခဲ့တာပဲေနာ္။”

က်င္းခ်န္က ႐ုတ္တရက္ တစ္ေလွ်ာက္လုံး တိတ္ဆိတ္ေနခဲ့တဲ့ က်န႔္ယီဟဲဘက္ကို လွည့္ၿပီး ေမးလိုက္သည္။

“ဒါရိုက္တာဟဲ ဘယ္လိုထင္လဲ ဒီကိစၥကို။”

 

 

 

စာစဥ္ ၆ ၊ အခန္း ၁၃။ ဒါက မင္းရဲ႕ေျဖရွင္းနည္းလား

 

က်င္းခ်န္က သူမနာမည္ကို ခပ္မာမာ ေခၚလိုက္ေတာ့ က်န့္ယီဟဲက ခ်က္ခ်င္း အံ့ဩတဲ့မ်က္ႏွာ ျဖစ္သြားေလသည္။

“ဒီအျဖစ္က လုံးဝကို ဒါရိုက္တာဟဲေရာ ရွင့္မန္ေနဂ်ာေရာရဲ႕ အမွားပဲ။စတားဒရမ္မာတစ္ခုမွာ ေခါင္းေဆာင္မင္းသမီးျဖစ္မယ့္ အခြင့္အေရးကို သူတို႔ေၾကာင့္ ယူသြားခံရတာေလ။ဒါေၾကာင့္ ကြၽန္မတို႔ ဒီကိစၥကို လုံးဝ စုံစမ္းရမယ္။”

ဒါရိုက္တာဟဲႏွင့္ ယူနာတို႔ႏွစ္ေယာက္စလုံးမွာ ျဖဴေဖ်ာ့သြားၾကေလသည္။

သို႔ေသာ္ က်န့္ယီဟဲက ဆက္ေျပာလာသည္။

“ဒါေပမဲ့ ….သူတို႔ေျပာတာကို ၾကားလိုက္တာပဲ။ဒီငတုံးေတြက ဒီလိုျဖစ္ေအာင္ လုပ္လိုက္ၿပီးၿပီေလ။မနက္ျဖန္ပဲ တရားဝင္ေၾကျငာေတာ့မွာ။အခုမွ ေျပာင္းေပးဖို႔ နည္းလမ္းမရွိေတာ့ဘူးဆိုတဲ့ သေဘာပဲ။တကယ္လို႔ ဟြမ္ေ႐ြ႕ကို အခုမွ ဒီအေၾကာင္းသြားေျပာလိုက္ရင္ ကြၽန္မတို႔ဘက္က ဆုံးရႈံးမႈေတြ အမ်ားႀကီး ရွိလာနိုင္တယ္။ဒါေၾကာင့္ ရွင့္မန္ေနဂ်ာကိုပဲ သတိေပးထားသင့္တယ္။မဟုတ္ရင္ ဒီလိုပဲ ထပ္ခါထပ္ခါျဖစ္ေနလိမ့္မယ္။ရွင္က ေခါင္းေဆာင္မင္းသမီးေနရာရမယ္လုပ္လိုက္ ဆုံးရႈံးသြားလိုက္ ျဖစ္ေနမယ္။တကယ္လို႔ ေနာက္ေနာင္ ဒီလိုကိစၥမ်ိဳး ရွိလာခဲ့ရင္ ကြၽန္မဆီကို လာခဲ့ပါ။ကြၽန္မ ရွင့္အတြက္ ေျဖရွင္းေပးပါ့မယ္။”

က်န့္ယီဟဲရဲ႕စကားေတြက က်င္းခ်န္ဘက္က ရပ္တည္ေပးတာ သိသာထင္ရွားတယ္လို႔ ထင္ရပါ၏။သူမမွာလည္း ေ႐ြးခ်ယ္စရာမရွိတာေၾကာင့္ ရလဒ္ကေတာ့ အေကာင္းဆုံးမဟုတ္ခဲ့ေခ်။ဒါေၾကာင့္ ဒါရိုက္တာဟဲက သက္ျပင္းခ်ၿပီး က်င္းခ်န္ကို တအံ့တဩၾကည့္လိုက္ေလ၏။သူမရဲ႕ သ႐ုပ္မွန္ကို နားလည္နိုင္ေအာင္ ႀကိဳးစားေနေလသည္။

သူ အရင္ကတည္းက ယူနာကို ေမးခဲ့ၿပီးသားပင္။သို႔ေသာ္ သူမက ဘယ္တုန္းကမွ မေျပာျပခဲ့ဖူးေပ။

ဒီကိစၥအေပၚ က်န့္ယီဟဲ၏ ေျဖရွင္းခ်က္မွာ ဒါရိုက္တာဟဲေရာ ယူနာအတြက္ေရာ ေက်နပ္စရာပင္ ျဖစ္သည္။ဒီကိစၥအေပၚ သူမ၏သေဘာထားမွာ က်ိဳးေၾကာင္းသင့္လွပါသည္။က်င္းခ်န္မွာ တျခားေ႐ြးစရာမရွိဘဲ လက္ခံလိုက္ဖို႔ အေၾကာင္းသင့္ေနေလသည္။က်န႔္ယီဟဲက သူမရဲ႕ေျဖရွင္းခ်က္အတြက္ မေကာင္းတဲ့ သုံးသပ္ခ်က္ေတြ ရေတာ့မည္မဟုတ္ေပ။တကယ္လို႔ ဒါက အရင္ပိုင္ရွင္ကို ေျခာက္လွန႔္နိုင္မယ္ဆိုရင္ေတာင္ ဒါက ေသခ်ာေပါက္ အလုပ္ျဖစ္မွာပင္။ဒါေပမဲ့ အခုကက်ေတာ့ က်င္းခ်န္မလား။

“ဟမ့္။”

က်င္းခ်န္က ဘာစကားမွ မေျပာဘဲ ေလွာင္ရယ္ေနလိုက္ေတာ့၏။ဒါေပမဲ့ က်န႔္ယီဟဲက သူမဆီကေန ေအးစက္စက္ခံစားေနရေလသည္။

က်န႔္ယီဟဲက အံ့အားသင့္သြားေတာ့၏။က်န႔္ယီဟဲက လုပ္ငန္းခြင္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ က်င္လည္ေနခဲ့ရေပမဲ့ က်င္းခ်န္က သူမေက်ာရိုးအထိ စိမ့္ေအးသြားေအာင္ ပို႔လႊတ္နိုင္ေသးသည္။

ဒါက အရမ္းေၾကာက္ဖို႔တဲ့ ဖိအားပင္။

“ဒါဆို…ဒါက မင္းရဲ႕ေျဖရွင္းနည္းေပါ့။”

က်င္းခ်န္ရဲ႕မ်က္ႏွာေပၚမွာ ႐ြဲ႕ေစာင္းေနတဲ့အၾကည့္ရွိေနတာကို သူမ ျမင္လိုက္ရေတာ့ က်န႔္ယီဟဲ၏မ်က္ႏွာေပၚက အၿပဳံးကလည္း ေပ်ာက္ကြယ္သြားေလသည္။

“တကယ္လို႔ ကိစၥေတြက ဒီလိုဆိုရင္လဲ…တဆိတ္ေလာက္။”

က်န႔္ယီဟဲက ဒီကိစၥကို ကူညီေပးမွာ မဟုတ္ဘူးဆိုတာ ထင္ရွားလွသည္။သူမကို အ႐ူးလုပ္ခဲ့တာေၾကာင့္ က်င္းခ်န္ သူမ႐ုံးခန္းထဲမွာ ဆက္ေနစရာ အေၾကာင္းမရွိေတာ့ေပ။

သူမ သိပ္ၿပီး ဂ႐ုမစိုက္ေတာ့ေပ။ဒါေပမဲ့ သူမ မႀကိဳက္တဲ့တစ္ခုကေတာ့ ဆုံးရႈံးမႈကို ခံစားရတာကို မႀကိဳက္ေပ။လူတစ္ေယာက္က ေျပာဖူးတယ္။ဆုံးရႈံးမႈကို ခံစားရတာက ေကာင္းခ်ီးေပးျခင္းတစ္ခုပဲတဲ့။ က်င္းခ်န္ကေတာ့ တျခားသူေတြဆီ ေကာင္းခ်ီးေပးခံရတာကို စိတ္မဝင္စားပါေခ်။

က်င္းခ်န္ ႐ုတ္ခ်ည္းျပန္သြားတာကို ျမင္ေတာ့ က်န႔္ယီဟဲက ထိတ္လန႔္သြားေလသည္။

သူမ ဘယ္တုန္းကမွ က်င္းခ်န္ ဒီလို အက်ိဳးအေၾကာင္းမသင့္ ျဖစ္လိမ့္မယ္လို႔ မထင္ခဲ့ဖူးဘူး။

က်င္းခ်န္က သူမမိသားစုအတြက္ ျပတ္ျပတ္သားသား လုပ္ခဲ့ၿပီး သူမ၏အဘိုးေလးဆီမွ ယုံၾကည္မႈႏွင့္ အသိအမွတ္ျပဳမႈကို ရခဲ့ေၾကာင္း သူမ ၾကားထားသည္။သူမ၏အဆင့္အတန္းက အခုဆို အစ္ကိုႀကီးရဲ႕အဆင့္ထက္ေတာင္ ပိုၿပီးျမင့္ေနၿပီျဖစ္သည္။

ဒီဇာတ္လမ္းတြဲက သူမကို ေက်ာ္ၾကားေစဖို႔အတြက္ က်န႔္မိသားစုက အထူးတလည္ စီစဥ္ေပးထားတာျဖစ္သည္။တကယ္လို႔ ဒီကိစၥသာ မျဖစ္ခဲ့ဘဲ က်န႔္ယီဟဲက ဒီကိစၥကို မကိုင္တြယ္နိုင္ဘူးဆိုတာ အဘိုးေလးကို တိုင္လိုက္ရင္ အဘိုးေလးက သူမလည္း အရည္အခ်င္း မျပည့္မီဘူးလို႔ ထင္သြားေလာက္မွာမလား။

“ခ်န္ခ်န္…ေနပါဦး။”

က်င္းခ်န္က ထြက္သြားေတာ့မဲ့အခ်ိန္မွာ က်န႔္ယီဟဲက ခ်က္ခ်င္း သူမကို တားလိုက္သည္။

ဒီေနရာမွာ က်င္းခ်န္ရဲ႕တစ္ခုတည္းေသာ ပန္းတိုင္က ဒီကိစၥကို အရင္ဆုံး ေျဖရွင္းဖို႔ပင္။အဲ့ဒီေနာက္မွာ သူတို႔ ဒီထက္ပိုၿပီး စကားေျပာနိုင္မွာျဖစ္သည္။ထို႔ေၾကာင့္ က်န႔္ယီဟဲက သူမကို တားေတာ့ သူမ ရပ္ခဲ့တာျဖစ္သည္။က်င္းခ်န္က သူမ၏လွပေသာမ်က္ႏွာ‌ေပၚတြင္ ေဆာ့ကစားေနသေယာင္ထင္ရတဲ့ ထူးျခားတဲ့ ခ်စ္စရာ အၿပဳံးေလး ၿပဳံးလိုက္သည္။

“ဒါဆို..ဒါရိုက္တာယီ တျခား ေျဖရွင္းနည္းကိုမ်ား စဥ္းစားမိလို႔လား။”

သူမက က်င္းခ်န္းနဲ႕ ေဆြးေႏြးရေတာ့သည္။သူမေရာ ဟြမ္ေ႐ြ႕ဘက္ေရာ ေက်နပ္ေစမယ့္ သေဘာတူညီမႈတစ္ခုကို လုပ္ၾကမည္ျဖစ္သည္။ၿပီးေတာ့ အမ်ားႀကီး မဆုံးရႈံးၾကေအာင္ လုပ္နိုင္ရန္ျဖစ္သည္။ထိုအခ်ိန္တြင္ အင္တာနယ္ဖုန္းက ျမည္လာခဲ့သည္။

က်န႔္ယီဟဲ၏မ်က္ႏွာက ႐ုတ္တရက္ ေျပာင္းလဲသြားေတာ့ေလသည္။

တျခားသူေတြက ဒီအေၾကာင္းကို သိခ်င္မွ သိမည္။ဒါေပမဲ့ သူမကေတာ့ သိပါသည္။ဒီဖုန္းေကာက …CEOဆီကပင္။

 

Ops corporate ၏ CEO ျဖစ္ေသာ သူမ၏ဝမ္းကြဲအစ္ကိုသည္ အေၾကာေသသြားေသာ္လည္း အေတာ္ေလးကို အရည္အခ်င္းရွိၿပီး ေၾကာက္စရာေကာင္းလွေပသည္။

 

 

 

စာစဥ္ ၆ ၊ အခန္း ၁၄။ သူ႕ဇနီးအား ကူညီေပးျခင္း

 

သူက ဒီလက္ထပ္ပြဲကို သေဘာမတူခဲ့ဘူးမဟုတ္လား။

အဘိုးေလးကသာ သူ႕ကို ငိုယိုၿပီး မေတာင္းပန္ခဲ့ရင္ ဒီမိန္းမကို လက္ထပ္မွာမဟုတ္ဘူးလို႔ ေျပာခဲ့တာ မဟုတ္ဘူးလား။

သူက ဘာလို႔ ဒီအခ်ိန္ႀကီး ကုမၸဏီရဲ႕ စီနီယာအမႈေဆာင္ေတြအားလုံးကို ဗီဒီယိုေကာလ္ ေခၚရတာလဲ။

…တိုက္ဆိုင္မႈမ်ားလား။

သူက အေၾကာေသသြားၿပီးကတည္းက ကုမၸဏီထဲက စိတ္ရႈပ္စရာကိစၥေတြ ဝင္မပါေတာ့ဘူးေလ။အဘိုးေလးကပဲ ကုမၸဏီရဲ႕ကိစၥေတြကို စီမံခန႔္ခြဲေနတဲ့သူေလ။

က်န႔္ယီဟဲက သူမကိုယ္သူမ စိတ္ေအးေအာင္ ျပဳလုပ္ၿပီး က်င္းခ်န္ကို ေျပာလိုက္ေလသည္။

“ေတာင္းပန္ပါတယ္။အခု အစည္းအေဝးတစ္ခုရွိေနလို႔ပါ။ဒီေနရာကေနပဲ ေစာင့္ေနလို႔ရပါတယ္။ဒါေပမယ့္ အစည္းအေဝးစရင္ေတာ့ ေက်းဇူးျပဳၿပီး ေပၚမလာပါနဲ႕။ဒီကိစၥကို အစည္းအေဝးၿပီးတာနဲ႕ ခ်က္ခ်င္း ေျဖရွင္းေပးပါ့မယ္။”

ၿပီးတာနဲ႕ သူမက ဖုန္းေကာလ္ကို ေျဖလိုက္သည္။

သူမ ခ်ိတ္ဆက္လိုက္တာႏွင့္ က်န႔္ယီဟဲ၏လက္ပ္ေတာ့မ်က္ႏွာျပင္ေပၚတြင္ အင္တာဖရန႔္ကလည္း ခ်ိတ္ဆက္မိသြားေလသည္။

သူမသည္ ပရိုဂ်က္တာစခရင္ကို ဆက္သြယ္မႈ ျဖတ္ေတာက္ထားၿပီးသားျဖစ္ေပမဲ့ သူမ ေခၚဆိုမႈကို ခ်ိတ္ဆက္လိုက္တာႏွင့္ အလိုအေလ်ာက္ ခ်က္ခ်င္း စခရင္ေပၚတြင္ ေပၚလာေလသည္။

က်န႔္ယီဟဲမွာ အံ့အားသင့္သြားေလသည္။သူမက ခ်က္ခ်င္း လက္လွမ္းၿပီး ပရိုဂ်က္တာကို ပိတ္ဖို႔ျပင္ေလသည္။

“မလုပ္နဲ႕။”

က်န႔္လီခြၽမ္၏အသံက ႐ုတ္တရက္ေပၚထြက္လာၿပီး ထိုေနရာမွာတင္ က်န႔္ယီဟဲတစ္ေယာက္ ေအးခဲ့ေတာင့္တင္းသြားရေတာ့သည္။

သူက ႐ုပ္ေပၚမလာခဲ့ေပမဲ့ အသံကေတာ့ ေပၚထြက္လာခဲ့သည္။သူမ ေစာင့္ၾကည့္ခံေနရတာ သိသာလွသည္။

က်န႔္ယီဟဲရဲ႕မ်က္ႏွာအေရာင္က တျဖည္းျဖည္း အားအင္ကုန္ခမ္းသြားသလိုပင္။

စခရင္က လင္းထိန္ေနၿပီး က်န႔္မိသားစု၏ အိမ္ေတာ္အေၾကာင္း ေလ့လာမႈကို ျပသထားသည္။

ဒါက အေရွ႕ပိုင္း ေရွးေဟာင္းေလ့လာမႈျဖစ္ၿပီး စခရင္အလယ္တြင္ ေခတ္ေပၚဝွီးခ်ဲတစ္ခု ရွိေနေလသည္။

ထို႔ေနာက္ ဝွီးခ်ဲက လွည့္လာၿပီး ရင္သပ္ရႈေမာဖြယ္ မ်က္ႏွာအသြင္အျပင္ႏွင့္ အေတာ္ေလး ခံ့ညားသည့္ အမ်ိဳးသားတစ္ဦး စခရင္ေပၚတြင္ ေပၚလာေလသည္။သူ႕ေခါင္းေပၚတြင္ သံလိုက္ခလုတ္တခ်ိဳ႕ ရွိေနသည္။

“သခင္ေလး..”

“CEO မဂၤလာနံနက္ခင္းပါ။”

“သခင္ေလး ေနေကာင္းပါရဲ႕လား။”

…..

တစ္ေယာက္ၿပီးတစ္ေယာက္ ႏႈတ္ဆက္ၾကေလသည္။

မၾကာမီတြင္ စခရင္ေပၚတြင္ ဝင္းဒိုးငယ္ေပါင္းမ်ားစြာ ေပၚလာခဲ့သည္။က်ဳံးေပၚအင္တာတိန္းမန႔္၏ အႀကီးတန္း အမႈေဆာင္ အရာရွိမ်ား တစ္ေယာက္ခ်င္းစီ ဝင္းဒိုးတစ္ခုစီတြင္ ျပည့္ေနေလသည္။

သုံးလၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ က်န႔္လီခြၽမ္ ေပၚထြက္လာခဲ့ေပမဲ့ သူ႕ရဲ႕ပထမဆုံး ေပၚထြက္လာမႈက OPS Cporporatesႏွင့္ အစည္းအေဝးတစ္ခုအတြက္ မဟုတ္ေၾကာင္းကို က်န႔္ယီဟဲ နားလည္ပါသည္။ထိုအစား Corporateလက္ေအာက္ခံျဖစ္ေသာ က်ဳံးေပၚ အင္တာတိန္းမန႔္ရဲ႕ စီနီယာအမႈေဆာင္ေတြနဲ႕ အစည္းအေဝးစေလသည္။

“တတိယညီေလး ဘာလို႔ အိပ္ရာကေန ထလာရတာလဲ။အေရးႀကီးကိစၥ ေဆြးေႏြးစရာမ်ား ရွိလို႔လား။”

အျခားအစည္းအေဝးတစ္ခုကို လုပ္ေနခဲ့ က်န႔္ယြီဟုန္ကေတာ့ သူ႕ရဲ႕အစည္းအေဝးကို ႐ုတ္တရက္ ရပ္တန႔္ကာ က်န႔္လီခြၽမ္ စတင္ေနတဲ့ဆီကို ဝင္ခ်ိတ္လိုက္ရသည္။

တကယ္ေတာ့ Ops corporate၏ CEOအေနနဲ႕ တရားဝင္ ႏႈတ္ထြက္ျခင္းမရွိေသးသေ႐ြ႕ သူဟာ လက္ေအာက္ခံ ကုမၸဏီ၏လက္ေထာက္ ဒါရိုက္တာ တစ္ေယာက္သာျဖစ္သည္။

ဒါကပဲ က်န႔္လီခြၽမ္ႏွင့္ သူ႕ၾကားက ကြာျခားမႈပင္ျဖစ္သည္။

သူတို႔ေတြဟာ ညီအစ္ကိုေတြ ျဖစ္ၾကေပမဲ့ အဘိုးရဲ႕မ်က္ႏွာသာေပးမႈ၊ျခားနားစြာဆက္ဆံခံရမႈတို႔သည္ ဂလက္စီတန္းလိုမ်ိဳး ႀကီးမားစြာ ရရွိခဲ့ၾကသည္။

က်န႔္ယီဟုန္က သူ႕ကို တတိယညီေလးလို႔ ရည္ၫႊန္းလိုက္ေပမဲ့ တစ္ဖက္မွာေတာ့ က်န႔္လီခြၽမ္ကေတာ့ သူ႕မိသားစုအျဖစ္ က်န႔္ယြီဟုန္ကို ဂ႐ုမထားခဲ့ေပ။သူက ခက္တန္းတန္းပဲ ေမးလိုက္သည္။

“လက္ေထာက္ဒါရိုက္တာ ဟုန္..ကြၽန္ေတာ္တို႔ရဲ႕ စတားဒရမ္မာ “ေၾကးမုံကမာၻ”အေၾကာင္းကို သိလား။”

က်န႔္ယီဟဲက က်န႔္လီခြၽမ္ရဲ႕ေမးခြန္းကို ၾကားေတာ့ သူမမ်က္ႏွာမွာ အေတာ္ေလးကို စိတ္မသက္အသာျဖစ္သြားပုံပင္။

“သိပါတယ္။သခင္ေလး။”ေၾကးမုံကမာၻ”က ကုမၸဏီက ဒီႏွစ္မွာ အလုပ္လုပ္မယ့္ အဓိကပေရာဂ်က္ေတြထဲက တစ္ခုပါ။အမ်ိဳးသမီးဇာတ္ေဆာင္က ကုမၸဏီက အႏုပညာရွင္အသစ္ က်င္းခ်န္ပါ။ျပႆနာ တစ္ခုခုမ်ား ရွိလို႔လား။”

အစကေတာ့ က်င္းခ်န္က ဒီကိစၥကို သူမအတြက္ က်န႔္ယီဟဲကို ေျဖရွင္းခိုင္းဖို႔ စီစဥ္ထားခဲ့တာျဖစ္သည္။တကယ္လို႔ သေဘာတူညီမႈရခဲ့ရင္ ညစာစားခ်ိန္ေရာက္တဲ့အထိေတာ့ သူမ ဒီေနရာမွာ ဆက္ေနဖို႔ စိတ္ထဲထားမေနေတာ့ပါ။

သို႔ေသာ္ က်န႔္လီခြၽမ္၏ခံစားခ်က္မဲ့ေသာ အသံကို ႐ုတ္တရက္ ၾကားလိုက္ရၿပီး သူ႕ဆီမွ “ေၾကးမုံကမာၻ”အေၾကာင္းကိုပါ ၾကားလိုက္ရေတာ့ က်င္းခ်န္မွာ စခရင္ကို ျပန္လွည့္မၾကည့္ဘဲ မေနနိုင္ေတာ့ေပ။

ယခု က်န႔္လီခြၽမ္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာတုန္းက Ops Corporate၏အမႈေဆာင္ ဒါရိုက္တာ ရာထူးကို လႊဲယူစဥ္က က်န႔္လီခြၽမ္ထက္ေတာင္ ပိုၿပီးေတာ့ ခံ့ညားထည္ဝါေနေသးသည္။

သူက ထိုင္ေနတဲ့အခ်ိန္မွာေတာင္ သူ႕ရဲ႕ေရာင္ဝါေတြက သုံးမီတာအျမင့္ရွိေသာ ဘီလူးတစ္ေကာင္ႏွင့္ပင္ တူေနေလသည္။

သူ၏ရက္စက္တတ္ေသာ ပင္ကိုယ္ သဘာဝႏွင့္အတူ သူ႕ရဲ႕စိတ္ေအးသက္သာမႈ၊မတုန္လႈပ္ေသာ တည္ၿငိမ္မႈႏွင့္ အထိန္းအကြပ္မရွိေသာ အၾကည့္တို႔က သူ႕ကို ေရာင္ဝါလကၡဏာမ်ား ေပးစြမ္းေနသည္။ထိုေရာင္ဝါက တကယ္လို႔ သူက ဝွီးခ်ဲေပၚမွာ ထိုင္ေနရရင္ေတာင္ အခု ရွိေနၾကတဲ့လူတိုင္းကို လႊမ္းမိုးနိုင္လွသည္။

 

 

 

 စာစဥ္ ၆ ၊ အခန္း ၁၅။ ငါလိုခ်င္တဲ့ရလဒ္

 

သူက အနက္ေရာင္ ဖက္ရွင္ဝတ္စုံအျပည့္ကို ဝတ္ဆင္ထားေလသည္။သူဟာ လက္ေခ်ာင္းထိပ္ဖ်ားမ်ားအထိ လုံးလုံးလ်ားလ်ားကို အေၾကာေသေနေပမဲ့လည္း မတ္မတ္ ထိုင္ေနေသးသည္။ဝတ္စုံ၏ေခ်ာေမြ႕မႈက လုံးဝတြန႔္ရာမရွိဘဲ သူထိုင္ေနေသာ အေနအထားေၾကာင့္ျဖစ္ေပၚလာေသာ တြန႔္ရာေခါက္ရာမ်ားလည္း ရွိမေနေပ။

ေမြးရာပါဂုဏ္သိကၡာႏွင့္ က်က္သေရရွိမႈသည္ သူႏွင့္ သူ႕အစ္ကိုႀကီးၾကားတြင္ သိသာျမင္သာေသာ ကြာျခားမႈကို ဖန္တီးခဲ့သည္။

က်ဳံးေပၚအင္တာတိန္းမန႔္ဆိုသည္မွာ က်န႔္လီခြၽမ္တစ္ေယာက္တည္း လက္ဗလာႏွင့္ တည္ေထာင္ခဲ့တာျဖစ္သည္။ထို႔ေၾကာင့္ သခင္ႀကီးက်န႔္အစား သူက ဥကၠဌျဖစ္ခဲ့သည္။က်န႔္ယီဟုန္က ကုမၸဏီအတြက္ ယာယီတာဝန္ရွိသူျဖစ္ေပမဲ့ တကယ့္ပိုင္ရွင္အစစ္ ေပၚလာခဲ့ရင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ ကုမၸဏီထဲက လူတိုင္းက အလိုအေလ်ာက္ က်န႔္လီခြၽမ္ကို ဦးၫႊတ္ၾကမွာျဖစ္သည္။

ထိုအထဲတြင္ က်န႔္ယြီဟုန္ အပါအဝင္ပင္ျဖစ္သည္။

“ဒါရိုက္တာ ယီ “ေၾကးမုံကမာၻ”အေၾကာင္းကို သိထားခဲ့လား။”

က်န႔္ယီဟဲက သူမဦးေရျပား ထုံက်င္သြားသည္ကို ခံစားရနိုင္သည္။အထူးသျဖင့္ က်င္းခ်န္ သူမ ႐ုံးခန္းထဲကို ေရာက္ေနသည့္ အခါတြင္ျဖစ္သည္။စခရင္က ခ်ိတ္ဆက္ထားတာေၾကာင့္ က်င္းခ်န္၊ဒါရိုက္တာဟဲႏွင့္ ယူနာတို႔သည္လည္း အစည္းအေဝးေခၚဆိုမႈတြင္ မျဖစ္မေန ေပၚလာၾကရေလသည္။

“သခင္ေလး “ေၾကးမုံကမာၻ”အေၾကာင္းကို တကယ္သိထားၿပီးပါၿပီ။ဒါေပမဲ့ ဒီပေရာဂ်က္နဲ႕ ပတ္သက္တဲ့ ျပႆနာကို ရွာေတြ႕ခဲ့ပါတယ္။က်င္းခ်န္က သတင္းေပးခဲ့တာပါ။အဲ့ဒါက သူ႕ရဲ႕မန္ေနဂ်ာနဲ႕ စီမံခန႔္ခြဲေရး  ဒုတိယဒါရိုက္တာတို႔က သူတို႔ၾကားမွာ ကိုယ္ပိုင္ သေဘာတူညီခ်က္တစ္ခုအတြက္ ႏွစ္ကိုယ္ၾကား ေဆြးေႏြးခဲ့ၾကပါတယ္။သူတို႔ေတြက က်င္းခ်န္ရဲ႕ ပထမ မင္းသမီးေနရာမွာ မန္ေနဂ်ာရဲ႕တူ တက္သစ္စအိုင္ေဒါျဖစ္တဲ့ ခ်င္းရီအတြက္ လဲလွယ္ေပးလိုက္ပါတယ္။ ၿပီးေတာ့ ဒုတိယမင္းသမီးေနရာမွာလည္း က်င္းခ်န္ရဲ႕ညီမေလး က်င္းလုအတြက္ လဲလွယ္လိုက္ပါေသးတယ္ အလဲအလွယ္အေနနဲ႕ ဟြမ္ေ႐ြ႕အင္တာတိန္းမန႔္ကို ပထမမင္းသမီးေနရာနဲ႕အတူ အျမတ္ႏွစ္ဆယ္ရာခိုင္ႏႈန္းကိုလည္း ေပးခဲ့ရပါေသးတယ္။”

က်န႔္ယီဟဲက ဘာျဖစ္ခဲ့တယ္ဆိုတာကို ရွင္းျပၿပီးတာနဲ႕ စီနီယာအလုပ္အမႈဆာင္မ်ားႏွင့္ ရွယ္ယာရွင္မ်ား၏ မ်က္ႏွာမ်ားမွာ သိသိသာသာကို ေျပာင္းလဲသြားၾကသည္။

က်င္းခ်န္လား။

ဒါက ဘာလဲဟ။

က်ဳံးေပၚက အမည္မသိေသးတဲ့ လူသစ္ေလးတစ္ေယာက္ ဒီေလာက္ပိုက္ဆံေတြအမ်ားႀကီးက ဒရမ္မာမွာ ရင္းႏွီး ျမႇုပ္ႏွံတယ္ေပါ့။

အဓိကအခ်က္ကေတာ့ သူတို႔ဘက္က (၂၀)%ဆုံးရႈံးရၿပီး တျခားမင္းသမီးတစ္ေယာက္၏ ပထမမင္းသမီးေနရာကို ဆုံးရႈံးလိုက္ရတာပင္ျဖစ္သည္။

“ယီဟဲ ဘာလို႔ ဒီကိစၥကို ငါဆီ အစီရင္မခံခဲ့တာလဲ။”

က်န႔္ယီဟုန္၏မ်က္ႏွာမွာ အေတာ္ေလးကို စိတ္မသက္မသာျဖစ္ေနၿပီျဖစ္သည္။

ဒီကိစၥက ေတာ္ေတာ္ႀကီးမားေနေပမဲ့ လက္ေထာက္ဒါရိုက္တာျဖစ္တဲ့ သူကေတာ့ အိပ္ရာေပၚမွာ လွဲေနရသည့္ အေၾကာေသေနတဲ့လူေလာက္ေတာင္ ဒီကိစၥအေပၚ အခုအထိ အာ႐ုံမထားမိခဲ့ေပ။

ၿပီးေတာ့ ဒီကိစၥက က်င္းခ်န္ႏွင့္ သက္ဆိုင္ေနသည္။

အဘိုးက ဒီမိန္းကေလးကို ဘယ္ေလာက္ေတာင္ တန္ဖိုးထားတယ္ဆိုတာ က်န႔္ယီဟဲက မသိဘူးလား။

“အစ္ကိုႀကီး ဒီအေၾကာင္းကို ကြၽန္မလည္း သိတာ မၾကာေသးပါဘူး။အစ္ကိုႀကီးက အစည္းအေဝးရွိေနေတာ့ ခ်န္ခ်န္ကို ကြၽန္မ႐ုံးခန္းထဲကိုပဲ ဝင္လာဖို႔ ေျပာလိုက္တာပါ။”

“ဒီေတာ့ မင္းရဲ႕ ျပႆနာကို ေျဖရွင္းနည္းက ဘယ္လိုမ်ိဳးလဲ။”

က်န႔္လီခြၽမ္က ေမးလိုက္ေလသည္။

“ဒီျပႆနာက ဒါရိုက္တာဟဲနဲ႕ သူ႕ရဲ႕မန္ေနဂ်ာ ယူနာတို႔က ဖန္တီးခဲ့တာေၾကာင့္ သူတို႔ေတြ ဒီအတြက္ တာဝန္ယူသင့္ပါတယ္။က်ဳံးေပၚ အင္တာတိန္းမန႔္က ေလ်ာ္ေၾကးေငြနဲ႕အတူ တရားစြဲသင့္ပါတယ္။”

က်န႔္ယီဟဲက တမင္သက္သက္ ျပႆနာရဲ႕အေရးႀကီးတဲ့ အစိတ္အပိုင္းကို တမင္ေရွာင္ၿပီး ဒါရိုက္တာဟဲႏွင့္ ယူနာကိုေတာ့ စကၠန႔္မလပ္ အျပစ္တင္လိုက္ေတာ့သည္။သူတို႔ႏွစ္ေယာက္စလုံးမွာ စာ႐ြက္ေလးျဖဴေလးလို ျဖစ္သြားၾကသည္။

ေလ်ာ္ေၾကးေငြနဲ႕ ပတ္သက္ၿပီးေတာ့ သူတို႔တာဝန္ယူရမည္ျဖစ္ေၾကာင္းကိုေတာ့ သူမ မေျပာခဲ့ေပ။

ယူနာက က်န႔္မိသားစုႏွင့္ ထိတ္တိုက္ ေတြ႕ရမည္ကို ေၾကာက္ေသာေၾကာင့္ သူမက ခ်က္ခ်င္း ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ေလသည္။

“ကြၽန္မမွာ ဒီကိစၥနဲ႕ ပတ္သက္ၿပီး လုံးဝဥႆုံ ကိုယ္တြယ္ခြင့္ရထားတာပါ။က်င္းခ်န္က ကြၽန္မကို အေစာကတည္းက ကတိေပးၿပီးသြားပါၿပီ။ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ အသက္ေမြးဝမ္းေၾကာင္းနဲ႕ပတ္သက္တဲ့  သူရဲ႕ကိစၥေတြကို ကြၽန္မတာဝန္ယူေပးသြားမွာပါ။ ၿပီးေတာ့ သူနဲ႕ကြၽန္မ လက္မွတ္ထိုးထားၿပီးသားပါ။ဒါေၾကာင့္ ဒီပေရာဂ်က္အတြက္ သူ႕ကိုယ္စား ကြၽန္မမွာ ဆုံးျဖတ္ပိုင္ခြင့္ရွိသြားၿပီေလ။”

ယူနာက က်င္းခ်န္ကို ခပ္မာမာ လွည့္ၾကည့္လိုက္ၿပီး သူမကို သတိေပးလိုက္သည္။

“က်င္းခ်န္  ဒီကိစၥေတြအားလုံးက အထင္လြဲေနတာပါလို႔ သူတို႔ကို ျမန္ျမန္ေလး ေျပာလိုက္ပါ။မင္းကပဲ ခ်င္းရီနဲ႕ က်င္းလုကို ေကာင္းေကာင္း ေဖာ္ျပခံရမွာကို လိုခ်င္ေနခဲ့တာဆို။မင္းရဲ႕အိမ္မက္ေတြကို ေမ့သြားၿပီလို႔ေတာ့ မေျပာလိုက္နဲ႕ေနာ္။”

အဲ့ဒီစကားက ေနာက္ဆုံးစကားလား။

က်င္းခ်န္ကို ၿခိမ္းေျခာက္ေနတာ အသိသာႀကီးပင္။

က်င္းခ်န္ရဲ႕ အရင္က အိမ္မက္ေတြက ခ်င္းရီကို အေတာ္ဆုံးသ႐ုပ္ေဆာင္ ျဖစ္ေစခ်င္ခဲ့တာျဖစ္သည္။

တကယ္လို႔ က်င္းခ်န္က သူကို ဒီကိစၥႏွင့္ပတ္သက္ၿပီး မကူညီေပးလွ်င္ သူမက က်င္းခ်န္က က်န႔္မိသားစုအေပၚကို ခ်င္းရီႏွင့္ေဖာက္ၿပီး သစၥာေဖာက္တဲ့အခ်က္ကို ေဖာ္ထုတ္လိမ့္မည္ျဖစ္သည္။ထို႔ေနာက္ ပိုက္ကြန္သာၿပဲရင္ ဒီအထဲက ငါးေတြအားလုံးက ေသေတာ့မွာ ျဖစ္သည္။ဒီကံဆိုးမႈကေန ဘယ္သူမွ လြတ္ေျမာက္နိုင္မည္မဟုတ္ေပ။

 

...

စာစဥ္ ၆ေလးလည္းတင္ၿပီးသြားၿပီဆိုေတာ့ paid gp 1ေလးတစ္ခုလုံးကို free တင္ေပးၿပီးသြားပါၿပီရွင့္။ paid ေလးမွာ အပိုင္း 340 ေက်ာ္ထိ တင္ၿပီးေနၿပီေနာ္။

ခုဆို paid gp 4 ေလးကေနစၿပီးေတာ့ paid အပိုင္းေရကို 90ကေန 120 ထိတိုးလိုက္တာဆိုေတာ့ အပိုင္းေရ၃၀ႀကီးေတာင္ထပ္တိုးလာတဲ့အျပင္စာစဥ္အရဆိုလည္း paid gp 1 ခုမွာစာစဥ္ ၈ခုထိ တိုးလာတာေၾကာင့္ 2500 က်ပ္တည္းနဲ႕ဝင္ရမယ္ဆို တန္မွတန္ေနာ္။

Paid gp1 ေလးထိတင္ၿပီးၿပီဆိုေတာ့

Paid gp 2 ကေန 4ထိ ၂၅၀၀က်ပ္စီနဲ႕ ဝင္လို႔ရပါၿပီရွင့္။ paid ေလးဝင္ခ်င္ရင္ cbေလးကိုလာခဲ့ေနာ္။ 😘😘😘😘

Continue Reading

You'll Also Like

56.1K 3.4K 62
Letters - Unicode 📌📌📌 Ongoing 🖋️ ဂျန်းမိန်သည် မင်္ဂလာပွဲအခမ်းအနားမှ အိမ်အပြန်လမ်း ကားတိုက်မှုတွင် ပါဝင်ခဲ့ပြီး ဝတ္ထုတစ်ပုဒ်ထဲတွင် အဆုံးသတ...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
12.4K 1.1K 17
Original name - 陪你十三年 English Title- With you for thirteen years Original author - 淡味风 English Translator - Stattuce (Novel updates) Chapters- Prolog...
46.9K 7.9K 112
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...