Zawgyi
ေဂ်ာ့ဖေရးက သူ႕ေကာင္ေလးအေပၚ သိပ္ခ်စ္တာကို ရိပ္မိသြားေတာ့ သူတို႔လည္း ခ်ဲလ္နဲ႕ပတ္သတ္ၿပီးသိပ္မေျပာရဲေတာ့ေပ၊ၿပီးေတာ့ ေဂ်ာ့ဖေရးကိုယ္တိုင္က ခ်ဲလ္ကိုသေဘာမက်ေၾကာင္းသူတို႔သိလိုက္ရၿပီပဲမလား၊
"အဆင့္သတ္မွတ္ခ်က္ထဲ ဝင္ရင္ ဘာေတြထူးျခားလဲ"ဒန္နာရီက ေဂ်ာ့ဖေရးကိုေမးလိုက္ေတာ့သည္၊
"အဆင့္သတ္မွတ္ခ်က္ထဲဝင္ရင္ ေမွာ္အမွတ္ေတြရတယ္၊ေမွာ္အမွတ္ေတြက ေက်ာင္းေတာ္မွာေကာ၊ေမွာ္စစ္တပ္မွာေကာ အေတာ္ကိုအသုံးဝင္တယ္"
"ဒန္က ေ႐ႊအဆင့္ဆိုေတာ့ စိန္အဆင့္ကိုေရာက္ခ်င္ရင္ ေမွာ္အမွတ္နဲ႕ျမႇင့္တင္လို႔ရတယ္ တကယ္လို႔ မတင္ခ်င္ဘူးဆိုရင္ေတာ့ ေမွာ္ပစၥည္းေတြဝယ္ယူ႐ုံေပါ့"
"ကိုယ္က အဆင့္တစ္ဆယ္တန္းဝင္တာေၾကာင့္ လတိုင္း ေမွာ္အမွတ္တစ္ေသာင္းရတယ္၊တကယ္လို႔ အဆင့္တစ္ကေန ငါးအတြင္းဆိုရင္ ႏွစ္ေသာင္း၊အဆင့္သုံးအတြင္းဆိုရင္ သုံးေသာင္း၊အဆင့္ႏွစ္ဆိုရင္ ေျခာက္ေသာင္း နဲ႕ အဆင့္တစ္ဆိုရင္တစ္သိန္း" ေဂ်ာ့ဖေရးေျပာတာေတြနားေထာင္ၿပီးေတာ့ အဆင့္တစ္ေနရာက အေတာ္ကိုခက္ခဲမည္ျဖစ္ေၾကာင္း ခန့္မွန္းမိလိုက္သည္၊
"ကြၽန္ေတာ္လည္း ႀကိဳးစားၾကည့္ရမလား..." ဒန္နာရီက ၿပိဳင္ပြဲေတြကို စိတ္ဝင္တစားၾကည့္ရင္းေမးလိုက္သည္၊
"ဒန္ ဝင္ၿပိဳင္ခ်င္ရင္... လာ စာရင္းသြားသြင္းရေအာင္" ေဂ်ာ့ဖေရးက ဒန္ရဲ႕လက္ကိုဆုပ္ကိုင္ရင္း အေဆာက္အဦးငယ္ဆီေခၚသြားေတာ့သည္၊ေဂ်ာ့ဖေရးက အနီးနားကလူေတြကို လုံးဝဂ႐ုမစိုက္ခဲ့ေပ၊ဒန္နာရီကေတာ့ အစတည္းက စိတ္ကိုမဝင္စားတာေၾကာင့္ က်န္ခဲ့တဲ့သူေတြကို လွည့္ကိုမၾကည့္ပဲ ေဂ်ာ့ဖေရးရဲ႕ေက်ာျပင္ကိုသာစိုက္ၾကည့္ရင္းပါသြားေတာ့သည္၊
"ငါက ခ်ဲလ္ကို ေဂ်ာ့ဖေရးကလက္ခံမယ္ထင္ခဲ့တာ..."
"ဟုတ္ပ မထင္ခဲ့ဘူး ေဂ်ာ့ဖေရးက ငယ္ငယ္တည္းကခ်စ္တဲ့သူရွိေနတာပဲ ဒါေၾကာင့္ ေဂ်ာ့ဖေရးရဲ႕ႏွလုံးသားကို ေက်ာင္းေတာ္မွာ ဘယ္သူမွယူမရတာကိုး..."
"ခ်ဲလ္က ေခ်ာေပမယ့္ ေဂ်ာ့ဖေရးရဲ႕ေကာင္ေလးကလည္း အလွေလးပါေနာ္၊ နင္တို႔မသိလို႔ အဲ့ေကာင္ေလးရဲ႕မ်က္လုံးေတြက ေတာ္ေတာ္လွတယ္...ၿပီးေတာ့ သူ႕ရဲ႕ဆံပင္အေရာင္ေတြက ထူးျခားတယ္ အနက္ေရာင္ေလ... "
"ဟုတ္သားပဲ အနက္ေရာင္ဆံႏြယ္ေတြပဲ အဲ့တာ ဟိုတစ္ေယာက္နဲ႕မတူေနဘူးလား...ေက်ာင္းေတာ္မွာ ေနာက္ထပ္အနက္ေရာင္ဆံႏြယ္ပိုင္ရွင္ေပၚလာၿပီပဲ"
အကုန္လုံးက ဒန္နာရီအေၾကာင္းကိုစိတ္ဝင္စားဖြယ္ေျပာေနၾကေတာ့သည္၊သူတို႔ေတြ ေျပာေနတဲ့ကာယကံရွင္ကေတာ့ အဆင့္သတ္မွတ္ထဲဝင္ရန္အတြက္ စာရင္းသြင္းေနေတာ့သည္၊
"ပထမႏွစ္ရဲ႕ပထမတန္းပဲရွိေသးတယ္" အႀကီးအမႉးက ဒန္နာရီအခ်က္အလက္ေတြဖတ္ရင္း မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊
"အသက္ဆယ့္ေလးႏွစ္ပဲရွိေသးတယ္...မင္းရဲ႕ေမွာ္စြမ္းအားနဲ႕ပတ္သတ္ၿပီး မဆိုးပါဘူး တကယ္တိုက္ခိုက္ခ်င္တာ ေသခ်ာလား" အႀကီးအမႉးရဲ႕ေမးခြန္းေၾကာင့္ ဒန္နာရီကေခါင္းညိတ္လိုက္သည္၊
"တစ္ခုခုျဖစ္ခဲ့ရင္ ကြၽန္ေတာ့္ဘာသာ တာဝန္အျပည့္အဝယူေပးပါမယ္ အႀကီးအမႉး"
"ေကာင္းၿပီ ေရာ့...လက္ရွိမင္းအဆင့္ကသုညပဲရွိေနအုံးမယ္ တစ္ပတ္အတြင္းမွာ လူငါးေယာက္ကိုစိန္ေခၚရမယ္ သုံးပြဲရႉံးရင္ ေျခာက္လနားရမယ္ ၾကားလား"
"ဟုတ္ နားလည္ပါၿပီ အႀကီးအမႉး"
ဒန္နာရီက သူ႕လက္ထဲက ေၾကးေရာင္တံဆိပ္ကိုၾကည့္ရင္း ေဂ်ာ့ဖေရးကိုေမာ့ၾကည့္လိုက္သည္၊
"ဒီေန႕က နည္းနည္းေနာက္က်ေနၿပီထင္တယ္...ကြၽန္ေတာ္မနက္ျဖန္မွ ျပန္လာရင္ေကာင္းမယ္ထင္တယ္" ေနဝင္ခါနီးၿပီးျဖစ္တာေၾကာင့္ ဒန္နာရီကေျပာလိုက္သည္၊ေဂ်ာ့ဖေရးရဲ႕အကၤ်ီကိုလည္း ျပန္လည္ေရးဆြဲေပးရအုံးမွာပဲေလ၊
"မင္းရဲ႕အေဆာင္ကို ကိုကိုလိုက္ပို႔ေပးမယ္"
"ဟုတ္ ကိုကို"
ဒန္နာရီနဲ႕ေဂ်ာ့ဖေရးက ေက်ာင္းေတာ္ရဲ႕ပန္းခင္းထားတဲ့ဥယ်ာဥ္လမ္းကေနေစာင့္ရင္း ေဂ်ာ့ဖေရးက ႏွင္းဆီပန္းခင္းမွာ ရပ္တန့္သြားေတာ့သည္၊ဒန္နာရီလည္း ေဂ်ာ့ဖေရးနဲ႕ရပ္လိုက္ၿပီး လွပတဲ့ပန္းခင္းႀကီးကို ေငးေမာၾကည့္ေနေတာ့သည္၊
သူတို႔စေတြ႕တုန္းကလည္း ပန္းေရာင္ႏွင္းဆီပန္းေတြရဲ႕အသိအမွတ္ျပဳျခင္းကို ခံခဲ့ရသည္၊ၿပီးေတာ့ သူတို႔ရဲ႕စိတ္ထဲမွာလည္း သူတို႔ရဲ႕စိတ္ဝိညာဥ္ေတြဟာ ကံစပ္ေနခဲ့သည္၊
ႏွင္းဆီပန္းေတြက သူတို႔ကို ကိုယ္စားမျပဳနိုင္ေပမယ့္ ပန္းေရာင္ႏွင္းဆီပန္းေတြကေတာ့ သူတို႔အခ်စ္ကိုကိုယ္စားျပဳေပးနိုင္သည္၊
"ကိုယ္ မင္းကိုခ်စ္တယ္..." ေဂ်ာ့ဖေရးက ဒန္နာရီရဲ႕နားအနားကပ္ေျပာလိုက္ၿပီး နဖူးေလးကိုနမ္းလိုက္သည္၊ေဂ်ာ့ဖေရးရဲ႕ေ႐ႊအိုေရာင္မ်က္ဝန္းမ်ားဟာ ႏူးညံ့ေနၿပီး ခ်စ္ရိ္ပ္မ်ားျပည့္သိပ္ေနေတာ့သည္၊
ဒန္နာရီကလည္း ၿပဳံးလိုက္ၿပီး ေဂ်ာ့ဖေရးရဲ႕လက္ေမာင္းကိုဖက္ကာေအာက္နိမ့္ဆြဲလိုက္ၿပီး ေဂ်ာ့ဖေရးရဲ႕ပါးကို နမ္းလိုက္သည္၊
"သြားရေအာင္" ဒန္နာရီရဲ႕နားထိပ္ေလးေတြကရဲေနၿပီး အနည္းငယ္ရွက္ေနပုံရတာေၾကာင့္ ေဂ်ာ့ဖေရးမွာ စခ်င္စိတ္ကို မ်ိဳသိပ္လိုက္ၿပီး ဒန္နာရီရဲ႕အိပ္ေဆာင္ကိုလိုက္ပို႔ေပးေတာ့သည္၊
"ကိုကို႔ရဲ႕အေပၚကုတ္ေပးခဲ့အုံး" ေဂ်ာ့ဖေရးက ဒန္နာရီစကားေၾကာင့္ သူ႕ရဲ႕အေပၚကုတ္ကို ခြၽတ္ေပးလိုက္ၿပီး ေပးလိုက္သည္၊ထို႔ေနာက္မွာ ပါးေလးကိုပြတ္သပ္ေပးလိုက္ၿပီး "good night ကိုယ္ရဲ႕ဒန္" လို႔ေျပာကာထြက္သြားေတာ့သည္၊ဒန္နာရီလည္း ေဂ်ာ့ဖေရးထြက္သြားတဲ့အထိၾကည့္ေနၿပီးေနာက္မွာ အခန္းထဲဝင္သြားၿပီး လန္းဆန္းသြားေအာင္ ေရအရင္ခ်ိဳးလိုက္သည္၊
ထို႔ေနာက္မွာေတာ့ ေဂ်ာ့ဖေရးရဲ႕ကုတ္အကၤ်ီေပၚက အစီအရင္ကို တစ္ခ်က္ၾကည့္လိုက္သည္၊ထို႔ေနာက္မွာေတာ့ သူဟာ ေမွာ္အစီအရင္ကို ျပန္လည္ျပဳျပင္ရင္ ေမွာ္မွင္တံကို ထုတ္လိုက္သည္၊
"အလင္းကာကြယ္ေရးေမွာ္အင္းကြက္ေပမယ့္ ကိုကို႔ကိုေတာင္ အျခားရန္ေတြကပါ ကာကြယ္နိုင္ေအာင္ လုပ္ေပးရမွာပဲ"
ဒန္နာရီဟာ ေမွာ္အစီအရင္ေပၚက 'အလင္း'ဆုိတဲ့စကားစုကို ဖ်က္လိုက္ၿပီး 'မည္သည့္ေမွာ္မဆို'ဆိုတဲ့စကားစုကိုထည့္သြင္းလိုက္သည္၊ထိုေနာက္မွာေတာ့ သူဟာ မူရင္းေမွာ္အင္းကြက္တည္ေဆာက္ထားသလို ထပ္မံတည္ေဆာက္လိုက္ေတာ့သည္၊
ေမွာ္အင္းကြက္အစီအရင္ဟာ အျပာေရာင္ကေန ေ႐ႊေရာင္ေျပာင္းလဲသြားၿပီး အနက္ေရာင္သန္းလာေတာ့သည္၊ထို႔ေနာက္မွာေတာ့ အနက္ေရာင္ေမွာ္အစီအရင္အဆင့္သို႔ကူးေျပာင္းသြားသည္၊
"ေမွာ္အင္းကြက္ဆြဲေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္စ်ာန္ဝင္သြားၿပီး စိတ္မထိန္းနိုင္ခဲ့ဘူးပဲ"
*ဟုတ္တယ္ ...ဒါေပမယ့္ ငါအတတ္နိုင္ဆုံး မင္းရဲ႕ေမွာ္စြမ္းအားေတြ မယိုဖိတ္ေအာင္လုပ္ေပးထားတယ္* ဇီနိုကလည္းေျပာလိုက္သည္၊ဇီနိုစကားေၾကာင့္ ဒန္နာရီက စိတ္သက္သာစြာ သက္ျပင္းခ်လိဳက္ေတာ့သည္၊
"ေက်ာင္းေတာ္မွာ အစြမ္းထက္တဲ့ေမွာ္ဆရာေတြပုန္းေအာင္းေနတာ...သတိထားတာပိုေကာင္းမယ္ထင္တာပဲ"
ဒန္နာရီစကားကို ဇီနိုကလည္းေထာက္ခံလွသည္၊သူေတာင္ အၿမဲတေစ ဒန္နာရီနဲ႕စိတ္ခ်င္းမဆက္သြယ္ရဲေပ၊ေက်ာင္းေတာ္ကိုစဝင္တည္းက ႀကီးမားတဲ့ေမွာ္စြမ္းအားသုံး၊ေလးခုက ဒန္နာရီကိုေစာင့္ၾကည့္ေနသလိုပင္၊
ဇီနိုက သူ႕ေခတ္သူကာလမွာ စြမ္းအားႀကီးခဲ့ေသာ္လည္း ထူးခြၽန္တဲ့သူေတြက ေနရာတိုင္းမွာရွိၿမဲေပ၊ဒန္နာရီရဲ႕ေမွာ္စြမ္းအားကို ေက်ာင္းေတာ္ရဲ႕တခ်ိဳ႕ေသာအႀကီးအကဲေတြက တန္းရိပ္မိသြားၾကသည္၊သူတို႔ဟာ ခ်က္ခ်င္း ေရာက္လာၾကေပမယ့္ ေက်ာင္းသားတစ္ေယာက္ရဲ႕ကိုယ္ေရးကိုယ္တာကို ဝင္မႏွောင့္ယွက္ေပ၊
ပထမႏွစ္ေတြအတြက္ ေပးထားတဲ့အိမ္ေတာ္ရဲ႕အျပင္ဘက္မွာ အသက္ႀကီးႀကီးလူအိုသုံးဦးဟာ ရပ္ေနေတာ့သည္၊
"ဒါက မင္းရွာေနတဲ့သူမလား" ဝတ္စုံအနက္ေရာင္နဲ႕အဘိုးအိုက သူ႕ေဘးကအဘိုးအိုကိုေမးလိုက္သည္၊
"ဟုတ္တယ္ ဟိုတစ္ေခါက္က ခံစားမိတဲ့အရာပဲ...ထင္တဲ့အတိုင္းပဲ ဒီတစ္ေခါက္ငါတို႔ႀကိဳးစားမႈက အလဟသမျဖစ္ဘူးပဲ" ထိုအဘိုးအိုက ေမွာ္အဖြဲ႕အစည္းရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး ေဘးက အနက္ေရာင္ဝတ္စုံနဲ႕သူကေတာ့ ဒီေက်ာင္းေတာ္ရဲ႕ေက်ာင္းအုပ္ျဖစ္သည္၊
တတိယတစ္ေယာက္ကေတာ့ ေမွာ္စစ္တပ္ရဲ႕စစ္သူႀကီးျဖစ္သည္၊
သူတို႔ဟာ ကုန္းတိုက္ႀကီးရဲ႕အင္အားႀကီးဆုံးနဲ႕အသန္မာဆုံးဟု မွတ္တမ္းတင္ခံရတဲ့ထဲမွာ ပါသူမ်ားသာျဖစ္ၾကသည္၊
"ဒန္နာရီ ရိုစဲဆလပ္က ဟိုမေကာင္းဆိုးဝါးေလးနဲ႕ေစ့စပ္ထားတဲ့သူမလား" စစ္သူႀကီးက ရယ္ေမာကာေျပာလာေတာ့သည္၊
"သူတို႔က တကယ္လိုက္ဖက္တယ္...မေကာင္းဆိုးဝါေလး ငါ့ဆီေရာက္လာတည္းက ငါ့ကို ဘယ္ေတာ့မွစိတ္ပ်က္ေအာင္ မလုပ္ခဲ့ဘူး သူ႕ရဲ႕ဓားကြၽမ္းက်င္မႈေတြက အံ့မခန္းပဲ ၿပီးေတာ့ ျပတ္သားၿပီးရက္စက္တယ္..."
"သူက မင္းရဲ႕တပည့္ကိုး..." ေက်ာင္းအုပ္ကၿပဳံးရင္းေျပာလိုက္ေတာ့ စစ္သူႀကီးကလည္း ဂုဏ္ယူစြာေခါင္းညိတ္လိုက္သည္၊
သူတို႔ဟာ ဒန္နာရီနဲ႕ေဂ်ာ့ဖေရးအေၾကာင္းကိုေျပာၿပီးေနာက္မွာ ဒန္နာရီကိုမႏွောင့္ယွက္ေတာ့ပဲ ျပန္သြားၾကေတာ့သည္၊
ဒန္နာရီကေတာ့ သူ႕ကို အျခားသူေတြရိပ္မိသြားမွန္းမသိလိုက္ပဲ ေဂ်ာ့ဖေရးအတြက္ျပင္ဆင္လို႔ၿပီးတာနဲ႕ အိပ္လိုက္ေတာ့သည္၊
-*-*-*-*-*-*-*-*-*
Chapter -93ေမွ်ာ္
-*-*-*-*-*-*-*-*-
Unicode
ဂျော့ဖရေးက သူ့ကောင်လေးအပေါ် သိပ်ချစ်တာကို ရိပ်မိသွားတော့ သူတို့လည်း ချဲလ်နဲ့ပတ်သတ်ပြီးသိပ်မပြောရဲတော့ပေ၊ပြီးတော့ ဂျော့ဖရေးကိုယ်တိုင်က ချဲလ်ကိုသဘောမကျကြောင်းသူတို့သိလိုက်ရပြီပဲမလား၊
"အဆင့်သတ်မှတ်ချက်ထဲ ဝင်ရင် ဘာတွေထူးခြားလဲ"ဒန်နာရီက ဂျော့ဖရေးကိုမေးလိုက်တော့သည်၊
"အဆင့်သတ်မှတ်ချက်ထဲဝင်ရင် မှော်အမှတ်တွေရတယ်၊မှော်အမှတ်တွေက ကျောင်းတော်မှာကော၊မှော်စစ်တပ်မှာကော အတော်ကိုအသုံးဝင်တယ်"
"ဒန်က ေရွှအဆင့်ဆိုတော့ စိန်အဆင့်ကိုရောက်ချင်ရင် မှော်အမှတ်နဲ့မြှင့်တင်လို့ရတယ် တကယ်လို့ မတင်ချင်ဘူးဆိုရင်တော့ မှော်ပစ္စည်းတွေဝယ်ယူရုံပေါ့"
"ကိုယ်က အဆင့်တစ်ဆယ်တန်းဝင်တာကြောင့် လတိုင်း မှော်အမှတ်တစ်သောင်းရတယ်၊တကယ်လို့ အဆင့်တစ်ကနေ ငါးအတွင်းဆိုရင် နှစ်သောင်း၊အဆင့်သုံးအတွင်းဆိုရင် သုံးသောင်း၊အဆင့်နှစ်ဆိုရင် ခြောက်သောင်း နဲ့ အဆင့်တစ်ဆိုရင်တစ်သိန်း" ဂျော့ဖရေးပြောတာတွေနားထောင်ပြီးတော့ အဆင့်တစ်နေရာက အတော်ကိုခက်ခဲမည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်၊
"ကျွန်တော်လည်း ကြိုးစားကြည့်ရမလား..." ဒန်နာရီက ပြိုင်ပွဲတွေကို စိတ်ဝင်တစားကြည့်ရင်းမေးလိုက်သည်၊
"ဒန် ဝင်ပြိုင်ချင်ရင်... လာ စာရင်းသွားသွင်းရအောင်" ဂျော့ဖရေးက ဒန်ရဲ့လက်ကိုဆုပ်ကိုင်ရင်း အဆောက်အဦးငယ်ဆီခေါ်သွားတော့သည်၊ဂျော့ဖရေးက အနီးနားကလူတွေကို လုံးဝဂရုမစိုက်ခဲ့ပေ၊ဒန်နာရီကတော့ အစတည်းက စိတ်ကိုမဝင်စားတာကြောင့် ကျန်ခဲ့တဲ့သူတွေကို လှည့်ကိုမကြည့်ပဲ ဂျော့ဖရေးရဲ့ကျောပြင်ကိုသာစိုက်ကြည့်ရင်းပါသွားတော့သည်၊
"ငါက ချဲလ်ကို ဂျော့ဖရေးကလက်ခံမယ်ထင်ခဲ့တာ..."
"ဟုတ်ပ မထင်ခဲ့ဘူး ဂျော့ဖရေးက ငယ်ငယ်တည်းကချစ်တဲ့သူရှိနေတာပဲ ဒါကြောင့် ဂျော့ဖရေးရဲ့နှလုံးသားကို ကျောင်းတော်မှာ ဘယ်သူမှယူမရတာကိုး..."
"ချဲလ်က ချောပေမယ့် ဂျော့ဖရေးရဲ့ကောင်လေးကလည်း အလှလေးပါနော်၊ နင်တို့မသိလို့ အဲ့ကောင်လေးရဲ့မျက်လုံးတွေက တော်တော်လှတယ်...ပြီးတော့ သူ့ရဲ့ဆံပင်အရောင်တွေက ထူးခြားတယ် အနက်ရောင်လေ... "
"ဟုတ်သားပဲ အနက်ရောင်ဆံနွယ်တွေပဲ အဲ့တာ ဟိုတစ်ယောက်နဲ့မတူနေဘူးလား...ကျောင်းတော်မှာ နောက်ထပ်အနက်ရောင်ဆံနွယ်ပိုင်ရှင်ပေါ်လာပြီပဲ"
အကုန်လုံးက ဒန်နာရီအကြောင်းကိုစိတ်ဝင်စားဖွယ်ပြောနေကြတော့သည်၊သူတို့တွေ ပြောနေတဲ့ကာယကံရှင်ကတော့ အဆင့်သတ်မှတ်ထဲဝင်ရန်အတွက် စာရင်းသွင်းနေတော့သည်၊
"ပထမနှစ်ရဲ့ပထမတန်းပဲရှိသေးတယ်" အကြီးအမှူးက ဒန်နာရီအချက်အလက်တွေဖတ်ရင်း မျက်မှောင်ကြုတ်သွားတော့သည်၊
"အသက်ဆယ့်လေးနှစ်ပဲရှိသေးတယ်...မင်းရဲ့မှော်စွမ်းအားနဲ့ပတ်သတ်ပြီး မဆိုးပါဘူး တကယ်တိုက်ခိုက်ချင်တာ သေချာလား" အကြီးအမှူးရဲ့မေးခွန်းကြောင့် ဒန်နာရီကခေါင်းညိတ်လိုက်သည်၊
"တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော့်ဘာသာ တာဝန်အပြည့်အဝယူပေးပါမယ် အကြီးအမှူး"
"ကောင်းပြီ ရော့...လက်ရှိမင်းအဆင့်ကသုညပဲရှိနေအုံးမယ် တစ်ပတ်အတွင်းမှာ လူငါးယောက်ကိုစိန်ခေါ်ရမယ် သုံးပွဲရှူံးရင် ခြောက်လနားရမယ် ကြားလား"
"ဟုတ် နားလည်ပါပြီ အကြီးအမှူး"
ဒန်နာရီက သူ့လက်ထဲက ကြေးရောင်တံဆိပ်ကိုကြည့်ရင်း ဂျော့ဖရေးကိုမော့ကြည့်လိုက်သည်၊
"ဒီနေ့က နည်းနည်းနောက်ကျနေပြီထင်တယ်...ကျွန်တော်မနက်ဖြန်မှ ပြန်လာရင်ကောင်းမယ်ထင်တယ်" နေဝင်ခါနီးပြီးဖြစ်တာကြောင့် ဒန်နာရီကပြောလိုက်သည်၊ဂျော့ဖရေးရဲ့အင်္ကျီကိုလည်း ပြန်လည်ရေးဆွဲပေးရအုံးမှာပဲလေ၊
"မင်းရဲ့အဆောင်ကို ကိုကိုလိုက်ပို့ပေးမယ်"
"ဟုတ် ကိုကို"
ဒန်နာရီနဲ့ဂျော့ဖရေးက ကျောင်းတော်ရဲ့ပန်းခင်းထားတဲ့ဥယျာဥ်လမ်းကနေစောင့်ရင်း ဂျော့ဖရေးက နှင်းဆီပန်းခင်းမှာ ရပ်တန့်သွားတော့သည်၊ဒန်နာရီလည်း ဂျော့ဖရေးနဲ့ရပ်လိုက်ပြီး လှပတဲ့ပန်းခင်းကြီးကို ငေးမောကြည့်နေတော့သည်၊
သူတို့စတွေ့တုန်းကလည်း ပန်းရောင်နှင်းဆီပန်းတွေရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်၊ပြီးတော့ သူတို့ရဲ့စိတ်ထဲမှာလည်း သူတို့ရဲ့စိတ်ဝိညာဥ်တွေဟာ ကံစပ်နေခဲ့သည်၊
နှင်းဆီပန်းတွေက သူတို့ကို ကိုယ်စားမပြုနိုင်ပေမယ့် ပန်းရောင်နှင်းဆီပန်းတွေကတော့ သူတို့အချစ်ကိုကိုယ်စားပြုပေးနိုင်သည်၊
"ကိုယ် မင်းကိုချစ်တယ်..." ဂျော့ဖရေးက ဒန်နာရီရဲ့နားအနားကပ်ပြောလိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်၊ဂျော့ဖရေးရဲ့ရွှေအိုရောင်မျက်ဝန်းများဟာ နူးညံ့နေပြီး ချစ်ရိ်ပ်များပြည့်သိပ်နေတော့သည်၊
ဒန်နာရီကလည်း ပြုံးလိုက်ပြီး ဂျော့ဖရေးရဲ့လက်မောင်းကိုဖက်ကာအောက်နိမ့်ဆွဲလိုက်ပြီး ဂျော့ဖရေးရဲ့ပါးကို နမ်းလိုက်သည်၊
"သွားရအောင်" ဒန်နာရီရဲ့နားထိပ်လေးတွေကရဲနေပြီး အနည်းငယ်ရှက်နေပုံရတာကြောင့် ဂျော့ဖရေးမှာ စချင်စိတ်ကို မျိုသိပ်လိုက်ပြီး ဒန်နာရီရဲ့အိပ်ဆောင်ကိုလိုက်ပို့ပေးတော့သည်၊
"ကိုကို့ရဲ့အပေါ်ကုတ်ပေးခဲ့အုံး" ဂျော့ဖရေးက ဒန်နာရီစကားကြောင့် သူ့ရဲ့အပေါ်ကုတ်ကို ချွတ်ပေးလိုက်ပြီး ပေးလိုက်သည်၊ထို့နောက်မှာ ပါးလေးကိုပွတ်သပ်ပေးလိုက်ပြီး "good night ကိုယ်ရဲ့ဒန်" လို့ပြောကာထွက်သွားတော့သည်၊ဒန်နာရီလည်း ဂျော့ဖရေးထွက်သွားတဲ့အထိကြည့်နေပြီးနောက်မှာ အခန်းထဲဝင်သွားပြီး လန်းဆန်းသွားအောင် ရေအရင်ချိုးလိုက်သည်၊
ထို့နောက်မှာတော့ ဂျော့ဖရေးရဲ့ကုတ်အင်္ကျီပေါ်က အစီအရင်ကို တစ်ချက်ကြည့်လိုက်သည်၊ထို့နောက်မှာတော့ သူဟာ မှော်အစီအရင်ကို ပြန်လည်ပြုပြင်ရင် မှော်မှင်တံကို ထုတ်လိုက်သည်၊
"အလင်းကာကွယ်ရေးမှော်အင်းကွက်ပေမယ့် ကိုကို့ကိုတောင် အခြားရန်တွေကပါ ကာကွယ်နိုင်အောင် လုပ်ပေးရမှာပဲ"
ဒန်နာရီဟာ မှော်အစီအရင်ပေါ်က 'အလင်း'ဆုိတဲ့စကားစုကို ဖျက်လိုက်ပြီး 'မည်သည့်မှော်မဆို'ဆိုတဲ့စကားစုကိုထည့်သွင်းလိုက်သည်၊ထိုနောက်မှာတော့ သူဟာ မူရင်းမှော်အင်းကွက်တည်ဆောက်ထားသလို ထပ်မံတည်ဆောက်လိုက်တော့သည်၊
မှော်အင်းကွက်အစီအရင်ဟာ အပြာရောင်ကနေ ရွှေရောင်ပြောင်းလဲသွားပြီး အနက်ရောင်သန်းလာတော့သည်၊ထို့နောက်မှာတော့ အနက်ရောင်မှော်အစီအရင်အဆင့်သို့ကူးပြောင်းသွားသည်၊
"မှော်အင်းကွက်ဆွဲနေတဲ့အချိန်မှာ ကျွန်ေတာ်စျာန်ဝင်သွားပြီး စိတ်မထိန်းနိုင်ခဲ့ဘူးပဲ"
*ဟုတ်တယ် ...ဒါပေမယ့် ငါအတတ်နိုင်ဆုံး မင်းရဲ့မှော်စွမ်းအားတွေ မယိုဖိတ်အောင်လုပ်ပေးထားတယ်* ဇီနိုကလည်းပြောလိုက်သည်၊ဇီနိုစကားကြောင့် ဒန်နာရီက စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့သည်၊
"ကျောင်းတော်မှာ အစွမ်းထက်တဲ့မှော်ဆရာတွေပုန်းအောင်းနေတာ...သတိထားတာပိုကောင်းမယ်ထင်တာပဲ"
ဒန်နာရီစကားကို ဇီနိုကလည်းထောက်ခံလှသည်၊သူတောင် အမြဲတစေ ဒန်နာရီနဲ့စိတ်ချင်းမဆက်သွယ်ရဲပေ၊ကျောင်းတော်ကိုစဝင်တည်းက ကြီးမားတဲ့မှော်စွမ်းအားသုံး၊လေးခုက ဒန်နာရီကိုစောင့်ကြည့်နေသလိုပင်၊
ဇီနိုက သူ့ခေတ်သူကာလမှာ စွမ်းအားကြီးခဲ့သော်လည်း ထူးချွန်တဲ့သူတွေက နေရာတိုင်းမှာရှိမြဲပေ၊ဒန်နာရီရဲ့မှော်စွမ်းအားကို ကျောင်းတော်ရဲ့တချို့သောအကြီးအကဲတွေက တန်းရိပ်မိသွားကြသည်၊သူတို့ဟာ ချက်ချင်း ရောက်လာကြပေမယ့် ကျောင်းသားတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို ဝင်မနှောင့်ယှက်ပေ၊
ပထမနှစ်တွေအတွက် ပေးထားတဲ့အိမ်တော်ရဲ့အပြင်ဘက်မှာ အသက်ကြီးကြီးလူအိုသုံးဦးဟာ ရပ်နေတော့သည်၊
"ဒါက မင်းရှာနေတဲ့သူမလား" ဝတ်စုံအနက်ရောင်နဲ့အဘိုးအိုက သူ့ဘေးကအဘိုးအိုကိုမေးလိုက်သည်၊
"ဟုတ်တယ် ဟိုတစ်ခေါက်က ခံစားမိတဲ့အရာပဲ...ထင်တဲ့အတိုင်းပဲ ဒီတစ်ခေါက်ငါတို့ကြိုးစားမှုက အလဟသမဖြစ်ဘူးပဲ" ထိုအဘိုးအိုက မှော်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်ပြီး ဘေးက အနက်ရောင်ဝတ်စုံနဲ့သူကတော့ ဒီကျောင်းတော်ရဲ့ကျောင်းအုပ်ဖြစ်သည်၊
တတိယတစ်ယောက်ကတော့ မှော်စစ်တပ်ရဲ့စစ်သူကြီးဖြစ်သည်၊
သူတို့ဟာ ကုန်းတိုက်ကြီးရဲ့အင်အားကြီးဆုံးနဲ့အသန်မာဆုံးဟု မှတ်တမ်းတင်ခံရတဲ့ထဲမှာ ပါသူများသာဖြစ်ကြသည်၊
"ဒန်နာရီ ရိုစဲဆလပ်က ဟိုမကောင်းဆိုးဝါးလေးနဲ့စေ့စပ်ထားတဲ့သူမလား" စစ်သူကြီးက ရယ်မောကာပြောလာတော့သည်၊
"သူတို့က တကယ်လိုက်ဖက်တယ်...မကောင်းဆိုးဝါလေး ငါ့ဆီရောက်လာတည်းက ငါ့ကို ဘယ်တော့မှစိတ်ပျက်အောင် မလုပ်ခဲ့ဘူး သူ့ရဲ့ဓားကျွမ်းကျင်မှုတွေက အံ့မခန်းပဲ ပြီးတော့ ပြတ်သားပြီးရက်စက်တယ်..."
"သူက မင်းရဲ့တပည့်ကိုး..." ကျောင်းအုပ်ကပြုံးရင်းပြောလိုက်တော့ စစ်သူကြီးကလည်း ဂုဏ်ယူစွာခေါင်းညိတ်လိုက်သည်၊
သူတို့ဟာ ဒန်နာရီနဲ့ဂျော့ဖရေးအကြောင်းကိုပြောပြီးနောက်မှာ ဒန်နာရီကိုမနှောင့်ယှက်တော့ပဲ ပြန်သွားကြတော့သည်၊
ဒန်နာရီကတော့ သူ့ကို အခြားသူတွေရိပ်မိသွားမှန်းမသိလိုက်ပဲ ဂျော့ဖရေးအတွက်ပြင်ဆင်လို့ပြီးတာနဲ့ အိပ်လိုက်တော့သည်၊
-*-*-*-*-*-*-*-*-*
Chapter -93မျှော်