Zawgyi
"လုံေလာက္လား..."
ဒန္နာရီဟာ အန္ဒီးယားကို ၾကည့္ရင္းေမးလိုက္သည္၊အန္ဒီးယားရဲ႕မ်က္ႏွာဟာ ဆူပုတ္သြားၿပီး ဒန္နာရီကို စိုက္ၾကည့္လိုက္သည္၊
"ဒါက Kingအဆင့္ spiritသားရဲေတြမလား"ေက်ာင္းသားေတြကလည္း အားက်စြာေျပာလာေတာ့သည္၊ေက်ာင္းေတာ္မွာ spiritထိန္းေက်ာင္းသူဟာ အရမ္းမေပါမ်ားေပမယ့္ ရွားပါးတဲ့ထဲလည္း မပါဝင္ေနေခ်၊ဒါေပမယ့္ လူအေယာက္တစ္ေထာင္မွ တစ္ေယာက္သာ ထိုစြမ္းအားတဲ့ေမြးဖြားေပးလာတတ္ၾကသည္၊
အန္ဒီးယားဟာ လက္မခံခ်င္ေပမယ့္ သူဟာ စိတ္ကိုေလ်ာ့လိုက္ၿပီး အျပစ္ရွိသလိုအမူအရာမ်ိဳးနဲ႕ဒန္နာရီကိုၾကည့္လိုက္ၿပီး ေတာင္းပန္လိုက္သည္၊
"ေတာင္းပန္ပါတယ္ ကိုကိုဒန္နာရီ...ကြၽန္ေတာ္က ကိုကို႔ကို စိုးရိမ္လို႔ပါ...ေတာ္ၾကာ မေကာင္းတဲ့လုပ္ရပ္ေတြကို မိခဲ့ရင္ ကိုကိုေရာအိမ္ေတာ္ေရာအတြက္ မေကာင္းျဖစ္မွာစိုးလို႔ပါဗ်"အန္ဒီးယားစကားေၾကာင့္ အီရွဟာ ေလွာင္ရယ္သလို ၿပဳံးတက္သြားေတာ့သည္၊သူဟာ ဒန္နာရီဘက္ကိုၾကည့္လိုက္ၿပီး ဒန္နာရီဘာေျပာမလဲ ေစာင့္လိုက္သည္၊
ဒန္နာရီဟာ အန္ဒီးယားစကားေၾကာင့္ အန္ဒီးယားကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေမးလိုက္သည္၊
"ငါ့ရဲ႕အင္အားက ငါ့ရဲ႕အိမ္ေတာ္ကို သိကၡာက်ေစမွန္းမသိခဲ့ဘူး...မင္းက အရမ္းေတြးေပးတတ္တာပဲ...ညီငယ္ေလး"
"ဒါေပမယ့္... မင္းေျပာၾကည့္ေလ ငါက ဘယ္လိုမေကာင္းတဲ့လုပ္ရပ္ေတြ လုပ္မိနိုင္လို႔လဲ...ၿပီးေတာ့ ငါ့ညီငယ္ေလးမွာ ေမွာ္စြမ္းအင္နဲ႕ပတ္သတ္ၿပီး အေျခခံဗဟုသုတမရွိဘူးထင္တယ္..." ဒန္နာရီစကားေၾကာင့္ အန္ဒီးယားဟာ ေဒါသထြက္သြားေတာ့သည္၊သူဟာ အခုခ်က္ခ်င္း ဒန္နာရီမ်က္ႏွာကိုဆြဲကုတ္လိုက္ခ်င္ေပမယ့္ အျခားသူေတြလည္းရွိေနတာေၾကာင့္ ေခါင္းကိုငုံ႕လိုက္ၿပီး ထပ္ေတာင္းပန္လိုက္သည္၊
"ကြၽန္ေတာ္က တကယ္စိတ္ပူၿပီး ေျပာမိလိုက္တာပါ အစ္ကိုက ကြၽန္ေတာ့္အေပၚ အဲ့လိုေတြးလိမ့္မယ္ မထင္မိဘူး"
အန္ဒီးယားစကားေၾကာင့္ ေဘးရွိ အီရွတို႔ပင္ ေအာ့အန္ခ်င္လြန္းလို႔ ရႈပ္မဲ့သြားေတာ့သည္၊အန္ဒီးယားရဲ႕ေျခလွမ္းေတြကိုသာ မသိရင္ေတာ့ သူတို႔က တကယ္ေမ်ာမိမွာေသခ်ာတာေတာ့ အမွန္ေပ၊
"မင္းက ေမွာ္ဆရာလုပ္မဲ့အစား ေဖ်ာ္ေျဖသူလုပ္သင့္တယ္ ဒါဆို အေတာ္ကိုေအာင္ျမင္မွာေသခ်ာတယ္" အီရွဟာ အန္ဒီးယားကိုၾကည့္ရင္း ထပ္မံေျပာဆိုလိုက္သည္၊အန္ဒီးယားကလည္း အီရွကိုၾကည့္လိုက္သည္၊အီရွဟာ အန္ဒီးယားထက္ပင္ အရပ္နိမ့္ေပမယ့္ ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးပိုင္ဆိုင္ထားသည္၊ဒါေပမယ့္ ဂ်စ္ကန္ကန္အၿပဳံးေလးရွိၿပီး ပါးစပ္ဟလိုက္တာနဲ႕ အဆိပ္ျပင္းျပင္းေႁမြတစ္ေကာင္ထြက္လာသလို တစ္ဖက္သားကို တိုက္ရိုက္ေျပာဆိုတတ္သည္၊
"မင္းက ငါတို႔အေၾကာင္းသိရဲ႕လား..." အန္ဒီးယားဟာ အီရွကို အံ့ႀကိတ္ကာေမးလိုက္သည္၊အီရွဟာ ပခုံးတြန့္လိုက္ၿပီးေျပာလိုက္သည္၊
"မင္းအေၾကာင္း ငါက ဘာလို႔သိရမွာလဲ"
"ငါက ဇီရာလ္အင္ပါယာရဲ႕ေနာက္တက္မဲ့အင္ပါယာမင္းနဲ႕ေစ့စပ္ထားသူပဲ တစ္ခ်ိန္က်ရင္ ငါက ဧကရီျဖစ္လာလိမ့္မယ္" အန္ဒီးယားဟာ ဂုဏ္ယူစြာေျပာလိုက္သည္၊ဒါေၾကာင့္ ဒန္နာရီလို လူမ်ိဳးက သူေျပာသမွ်လက္ခံသင့္ၿပီး မင္းသားေဂ်ာ့ဖေရးကလည္း သူ႕ကိုသာခစားသင့္သည္၊အခုေတာ့ သူ႕လို အနာဂတ္မွာေအာင္ျမင္မဲ့သူတစ္ေယာက္ကို ဖိႏွိပ္ရန္ႀကိဳးစားေနေတာ့သည္၊ေက်ာင္းေတာ္ကေတာင္ သူ႕ကို အေလးထားသင့္သည္၊
အန္ဒီးယားစကားေၾကာင့္ ရွီရယ္က ထရယ္ေတာ့သည္၊သူဟာ အန္ဒီးယားကို သနားစရာသတၱဝါလိုၾကည့္လိုက္ၿပီး ဝင္ေျပာလိုက္သည္၊
"ဇီရာလ္အင္ပါယာဆိုတာ အင္ပါယာႀကီးဆယ္အင္ပါယာထဲမွာေတာင္ မပါဝင္တဲ့အင္ပါယာေလးမလား...မင္းက ဘဝင္ေလဟပ္လိုက္လြန္းတယ္..."
ရွီရယ္စကားေၾကာင့္ အန္ဒီးယားက နားမလည္သလိုျဖစ္သြားေတာ့သည္၊အန္ဒီးယားဟာ သူ႕အေမရဲ႕အုပ္ထိန္းမႈေအာက္မွာ ေမွာ္အင္းကြက္ေရးဆြဲမႈနဲ႕အင္ပါယာအတြင္းရွိေက်ာ္ၾကားသူေတြအေၾကာင္းေတာင္ ေလ့လာထားတာေၾကာင့္ က်န္တဲ့အေျခခံဗဟုသုတေတာ့ မရွိေပ၊ဒါျပင္ အိမ္ေရွ႕စံမင္းသားရဲ႕အေရးေပးမႈေတြေၾကာင့္ေရာ၊ဧကရီရဲ႕အေလးထားမႈေတြေၾကာင့္ လူတိုင္းဟာ အန္ဒီးယားကို မင္းသားတစ္ပါးလို ဆက္ဆံၾကတာေၾကာင့္ အခုလိုဝိုင္းေလွာင္ခံရတဲ့အေျခအေနကို ႀကဳံေတြ႕ခ်ိန္မွာ အန္ဒီးယားဟာ လက္မခံနိုင္ျဖစ္သြားေတာ့သည္၊
ၿပီးေတာ့ အရင္ကဆိုရင္ သူေတာင္းပန္လိုက္တာနဲ႕ လူတိုင္းဟာ သူ႕ကိုအျပစ္မတင္ေတာ့ပဲ အျခားသူေတာင္ အျပစ္ဝိုင္းတင္ၾကေတာ့သည္၊ဘာလို႔ ဒန္နာရီကို ဝိုင္းၿပီးအျပစ္မတင္ရတာလဲ၊ဒန္နာရီကသာ အျပစ္ရွိရမွာေလ ၊သူက အျပစ္ကင္းသူပဲေလ၊
"မင္းသာ စိတ္ပူမယ္ဆိုရင္ လူၾကားထဲမွာ ဒန္ကို အရွက္ရေအာင္ မေျပာသင့္ဘူး မင္းက ဒန္ကို မသမာတဲ့လုပ္ရပ္မ်ိဳးလုပ္ထားသလိုေျပာဆိုတဲ့အျပင္ ငါ့ကိုေတာင္ စစ္ကူေတာင္းလိုက္ေသးတယ္..." ေဂ်ာ့ဖေရးဟာ ကိုယ့္အမွားကိုယ္မသိတဲ့အန္ဒီးယားကို ၾကည့္ရင္း ေျပာလိုက္သည္၊ထို႔ေနာက္မွာ သူဟာ ဒန္နာရီလက္ကိုဆုပ္ကိုင္လိုက္ၿပီး
"မင္းေမ့ေနတာေတာ့ မဟုတ္ဘူးမလား ဒန္နာရီက ငါနဲ႕ေစ့စပ္ထားတဲ့သူဆိုတာ...ငါ့အတြက္ ဒန္နာရီရိုစဲဆလပ္ ဘာလုပ္လုပ္မွန္ကန္တယ္၊ၿပီးေတာ့ ကိုကိုေဂ်ာ့ဖေရးတဲ့လား...သခင္ေလးရိုစဲဆလပ္ မင္းနဲ႕ငါ ဘယ္တုန္းက သိခဲ့ဖူးလို႔လဲဗ်" အန္ဒီးယားကို စိုက္ၾကည့္ရင္း ေျပာဆိုလိုက္သည္၊ထို႔ေနာက္မွာ်ေတာ့ ဆရာေမာက္ဘက္ကို လွည့္လိုက္ၿပီး ေျပာလိုက္သည္၊
"ဒန္နဲ႕ပတ္သတ္ၿပီး ဆရာေမာက္က အထင္လြဲတာေတြရွိလားဗ်"
"လူတစ္ေယာက္ေၾကာင့္ ငါတို႔အခ်ိန္ေတြကို ျဖဳန္းတီးမိသြားတာပဲ..." ဆရာေမာက္ဟာ အန္ဒီးယားကို တင္းမာခက္ထန္စြာစိုက္ၾကည့္ရင္းေျပာလိုက္သည္၊ထို႔ေနာက္မွာ သူဟာသက္ျပင္းခ်လိဳက္ၿပီး ေဂ်ာ့ဖေရးနဲ႕ဒန္နာရီကို ၾကည့္ရင္း ေျပာလိုက္သည္၊
"ဒန္နာရီက ငါျမင္ဖူးသမွ် ဝိညာဥ္ထိန္းေက်ာင္းသူေတြထဲမွာ ပါရမီရွင္ပဲ... မသိရင္ သူက ဒီအတြက္ေမြးဖြားလာသလိုပဲ... ၿပီးေတာ့ ငါ့ရဲ႕ေမွာ္စစ္ေဆးမႈကို ဘယ္သူက လွည့္ကြက္သုံးနိုင္မလဲ"
ထို႔ေနာက္မွာေတာ့ ဆရာမုရွီကလည္း သူ႕ေက်ာင္းသားေတြကို ေခၚေဆာင္သြားေတာ့သည္၊သူဟာ ထြက္မသြားခင္မွာ အန္ဒီးယားကို ၾကည့္ၿပီး ေျပာသြားေသးသည္၊
"ဒါက ေက်ာင္းေတာ္ မင္းရဲ႕ေနရပ္မဟုတ္ဘူး၊ေက်ာင္းေတာ္မွာ ေက်ာင္းေတာ္ရဲ႕စည္းမ်ဥ္းပဲရွိတယ္...မင္းက သူတစ္ပါးကို ေခ်ာက္ခ်ၿပီး အသုံးမက်ရင္ ထြက္သြားလိုက္၊ငါတို႔ေက်ာင္းေတာ္က အသုံးမက်တဲ့သူေတြကို မလိုအပ္ဘူး"
အန္ဒီးယားက ထြက္သြားတဲ့သူေတြကိုၾကည့္ရင္း ေခါင္းငုံ႕ေနမိသည္၊ဆရာႏွစ္ေယာက္ကလည္း သူ႕ကိုအျပစ္လာတင္သလို လူတိုင္းကလည္း သူ႕အေပၚ ေရွာင္ဖယ္ေနသလိုပင္၊ အဲ့တာက ဒန္နာရီေၾကာင့္ပဲ၊
ထို႔ေနာက္မွာေတာ့ အန္ဒီးယားဟာ မ်က္ႏွာေျပာင္တိုက္တိုက္နဲ႕ေမွာ္စစ္ေဆးမႈကို စစ္ေဆးၿပီးေနာက္မွာ ဆရာမဂ်ဴယာက သူမေက်ာင္းသားေတြကို ဦးေဆာင္ေခၚေဆာင္သြားတာေၾကာင့္ သူလည္းလိုက္သြားေတာ့သည္၊သူဟာ ေၾကးတံဆိပ္ ေက်ာင္းသားကဒ္ကိုၾကည့္ရင္း ေဒါသထြက္ေနေတာ့သည္၊ဒန္နာရီရဲ႕ေက်ာင္းသားတံဆိပ္က သူ႕ထက္ အဆမ်ားစြာသာေသးသည္၊အင္ပါယာမွာေနတုန္းက သူက လူတိုင္းထက္သာခဲ့ၿပီး ေက်ာင္းေတာ္ေရာက္မွ အႏွိမ္ခံေနရေတာ့သည္၊
'ေက်ာင္းေတာ္က ငါ့လို ပါရမီရွင္ကို မျမင္ရေအာင္ မ်က္စိကန္းေနတာပဲ!ငါက ဒန္နာရီထက္ေတာင္ ပိုသာေသးတယ္'အန္ဒီးယားဟာ စိတ္ထဲကေန မေက်မနပ္ေျပာခ်ိန္မွာ အသံနက္နက္ႀကီးတစ္သံကထြက္ေပၚလာေတာ့သည္၊
*ဒါေပါ့ မင္းက သူ႕ထက္ပိုသာတယ္...အဲ့လိုျဖစ္ေအာင္ ငါလုပ္ေပးနိုင္တယ္*
"ဘယ္သူလဲ!!" အန္ဒီးယားဟာ အလန့္တၾကားေဘးေတြကိုလွည့္ၾကည့္လိုက္ၿပီး ေအာ္လိုက္မိသည္၊ေဘးရွိေက်ာင္းသားဟာ အန္ဒီးယားေအာ္သံေၾကာင့္ လန့္သြားၿပီး အန္ဒီးယားကို ျပန္ႀကိမ္းေမာင္းကာ ေရွ႕ကို အလ်င္အျမန္ေလွ်ာက္ထြက္သြားေတာ့သည္၊
*ငါ့ကို မင္းျမင္ရမွာမဟုတ္ဘူး...*
'ခင္ဗ်ားက ဘယ္သူလဲ' တစ္ဖက္က သူ႕စိတ္ထဲကအေတြးမ်ားကိုပါသိေနတာေၾကာင့္ အန္ဒီးယားက စိတ္ထဲကေနေမးလိုက္သည္၊
*ငါက ေက်ာင္းေတာ္ရဲ႕ေျမေအာက္မွာ ခ်ဳပ္ခံထားရတဲ့ နတ္ဆိုးဘုရင္ႀကီးခုႏွစ္ပါးထဲက တစ္ဦးပဲ*
'ခင္ဗ်ားက နတ္ဆိုးလား...' အန္ဒီးယားက ေၾကာက္လန့္တၾကားေမးလိုက္သည္၊
*ဒန္နာရီဆိုတဲ့ေကာင္ေလးထက္ မင္းအင္အားႀကီးခ်င္တယ္မလား...ငါမင္းကို ကူညီနိုင္တယ္*
'ခင္ဗ်ားလို နတ္ဆိုးတစ္ပါးကို က်ေနာ္ကယုံရမွာလား'
*ဟားဟား ဒီခ်ိန္မွာ မင္းအကူအညီမဲ့ေနတာမဟုတ္ဘူးလား မင္းမွာေရခဲစြမ္းအင္ရွိေပမယ့္ ပိတ္ဆို႔ခံထားရတာေၾကာင့္ သူမ်ားေတြလို အသုံးမျပဳနိုင္ဘူး ၿပီးေတာ့ ဆယ့္ႏွစ္ရာသီခြင္ရဲ႕ေကာင္းခ်ီးေပးမႈကလည္း ယာယီသာသာပဲ... ရွင္းရွင္းေျပာရရင္ မင္းက ဘာမွမဟုတ္ဘူးေလ* အန္ဒီးယားဟာ သူ႕အေၾကာင္းကို ေသခ်ာသိေနတဲ့နတ္ဆိုးေၾကာင့္ ႏူတ္ခမ္းကိုက္မိလိုက္သည္၊နတ္ဆိုးစကားေတြဟာ မွန္ကန္လွသည္၊
'ကြၽန္ေတာ္က တကယ္အင္အားႀကီးနိုင္မွာလား'
*ဒါေပါ့ ဒါေပမယ့္ အလကားရတဲ့ေန႕လည္စာဆိုတာမရွိဘူးေလ...* နတ္ဆိုးရဲ႕ၫုတုတုအသံေၾကာင့္ အန္ဒီးယားက လက္ခံစြာျဖင့္ေမးလိုက္သည္၊
'ကြၽန္ေတာ္အင္အားႀကီးဖို႔ ခင္ဗ်ားဆီ ဘာေပးဆပ္ရမလဲ'
*ငါ့ကို လြတ္ေအာင္ ကူညီေပးရမယ္* နတ္ဆိုးစကားေၾကာင့္ အန္ဒီးယားဟာ ထိတ္လန့္သြားေတာ့သည္၊
'ခင္ဗ်ားေတာင္ မထြက္နိုင္ခ်ိန္မွာ ကြၽန္ေတာ္က ဘယ္လိုလုပ္ေပးနိုင္မွာလဲ'
*ဟားဟား ငါက မျဖစ္နိုင္ပဲ မခိုင္းပါဘူး... မင္းက ငါ့အတြက္ အကိုက္ညီဆုံးပဲ မင္းလုပ္ရမွာက ေက်ာင္းေတာ္ကထိန္းသိမ္းထားတဲ့ငါ့ႏွလုံးသားေက်ာက္ကို သြားယူေပး႐ုံပဲ...*
*အဲ့အတြက္ မင္းကို ေ႐ႊအဆင့္ေက်ာင္းသားေတြလို အဆင့္အတန္းျဖစ္ေအာင္ ငါကူညီေပးနိုင္တယ္ ဘယ္လိုလဲ သေဘာတူလား...*
'ေ႐ႊအဆင့္ေက်ာင္းသား...' အန္ဒီးယားရဲ႕မ်က္လုံးမ်ားဟာ ေလာဘေရာင္ေတာက္သြားေတာၾသည္၊သူဟာ ခ်က္ခ်င္းေခါင္းညိတ္ကာ သေဘာတူလိုက္သည္၊
*ဂါထာ႐ြတ္ဆိုသံ* ထို႔ေနာက္မွာေတာ့ နတ္ဆိုးဟာ ဂါထာတစ္ပုဒ္႐ြတ္ဆိုၿပီး အန္ဒီးယားကိုယ္ေပၚမွာ တံဆိပ္ခတ္ေပးလိုက္သည္၊
*မင္းရဲ႕စြမ္းအားေတြက တျဖည္းျဖည္းတိုးတက္လာလိမ့္မယ္ ဘယ္သူကမွ မင္းကို သံသယဝင္မွာမဟုတ္ဘူး ၿပီးေတာ့ ငါခတ္ထားတဲ့တံဆိပ္က နတ္ဆိုးေမွာ္ေတြကို ဖုံးကြယ္ေပးထားတာပဲ မင္းက ေရခဲစြမ္းအားကိုေကာင္းေကာင္းအသုံးခ်နိဳင္ၿပီပဒ*
အန္ဒီးယားဟာ နတ္ဆိုးစကားေၾကာင့္ေပ်ာ္႐ႊင္သြားၿပီး သူဟာ နတ္ဆိုးကိုကတိေပးလိုက္သည္၊နတ္ဆိုးကလည္း မၾကာခင္မွာ အသံတိတ္သြားတာေၾကာင့္ အန္ဒီးယားဟာ ေစာနက ျဖစ္ခဲ့သမွ်ျပႆနာေတြေမ့ပစ္လိုက္ၿပီး သူဟာ ေပ်ာ္႐ႊင္စြာ ဆရာမဂ်ဴယာတို႔ေနာက္ကိုလိုက္သြားေတာ့သည္၊
'ဒန္နာရီ မင္းကို ဖိႏွိပ္ျပခ်ိန္မွာ မင္းရဲ႕စိတ္ပ်က္စရာေကာင္းတဲ့မ်က္ႏွာကို ငါျမင္ခ်င္ေသးတယ္'
-*-*-*-*-*-
Chapter -90ေမွ်ာ္
-*-*-*-*-*-*-*
Unicode
"လုံလောက်လား..."
ဒန်နာရီဟာ အန်ဒီးယားကို ကြည့်ရင်းမေးလိုက်သည်၊အန်ဒီးယားရဲ့မျက်နှာဟာ ဆူပုတ်သွားပြီး ဒန်နာရီကို စိုက်ကြည့်လိုက်သည်၊
"ဒါက Kingအဆင့် spiritသားရဲတွေမလား"ကျောင်းသားတွေကလည်း အားကျစွာပြောလာတော့သည်၊ကျောင်းတော်မှာ spiritထိန်းကျောင်းသူဟာ အရမ်းမပေါများပေမယ့် ရှားပါးတဲ့ထဲလည်း မပါဝင်နေချေ၊ဒါပေမယ့် လူအယောက်တစ်ထောင်မှ တစ်ယောက်သာ ထိုစွမ်းအားတဲ့မွေးဖွားပေးလာတတ်ကြသည်၊
အန်ဒီးယားဟာ လက်မခံချင်ပေမယ့် သူဟာ စိတ်ကိုလျော့လိုက်ပြီး အပြစ်ရှိသလိုအမူအရာမျိုးနဲ့ဒန်နာရီကိုကြည့်လိုက်ပြီး တောင်းပန်လိုက်သည်၊
"ေတာင်းပန်ပါတယ် ကိုကိုဒန်နာရီ...ကျွန်တော်က ကိုကို့ကို စိုးရိမ်လို့ပါ...တော်ကြာ မကောင်းတဲ့လုပ်ရပ်တွေကို မိခဲ့ရင် ကိုကိုရောအိမ်တော်ရောအတွက် မကောင်းဖြစ်မှာစိုးလို့ပါဗျ"အန်ဒီးယားစကားကြောင့် အီရှဟာ လှောင်ရယ်သလို ပြုံးတက်သွားတော့သည်၊သူဟာ ဒန်နာရီဘက်ကိုကြည့်လိုက်ပြီး ဒန်နာရီဘာပြောမလဲ စောင့်လိုက်သည်၊
ဒန်နာရီဟာ အန်ဒီးယားစကားကြောင့် အန်ဒီးယားကိုတစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်၊
"ငါ့ရဲ့အင်အားက ငါ့ရဲ့အိမ်တော်ကို သိက္ခာကျစေမှန်းမသိခဲ့ဘူး...မင်းက အရမ်းတွေးပေးတတ်တာပဲ...ညီငယ်လေး"
"ဒါပေမယ့်... မင်းပြောကြည့်လေ ငါက ဘယ်လိုမကောင်းတဲ့လုပ်ရပ်တွေ လုပ်မိနိုင်လို့လဲ...ပြီးတော့ ငါ့ညီငယ်လေးမှာ မှော်စွမ်းအင်နဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတမရှိဘူးထင်တယ်..." ဒန်နာရီစကားကြောင့် အန်ဒီးယားဟာ ဒေါသထွက်သွားတော့သည်၊သူဟာ အခုချက်ချင်း ဒန်နာရီမျက်နှာကိုဆွဲကုတ်လိုက်ချင်ပေမယ့် အခြားသူတွေလည်းရှိနေတာကြောင့် ခေါင်းကိုငုံ့လိုက်ပြီး ထပ်တောင်းပန်လိုက်သည်၊
"ကျွန်တော်က တကယ်စိတ်ပူပြီး ပြောမိလိုက်တာပါ အစ်ကိုက ကျွန်တော့်အပေါ် အဲ့လိုတွေးလိမ့်မယ် မထင်မိဘူး"
အန်ဒီးယားစကားကြောင့် ဘေးရှိ အီရှတို့ပင် အော့အန်ချင်လွန်းလို့ ရှုပ်မဲ့သွားတော့သည်၊အန်ဒီးယားရဲ့ခြေလှမ်းတွေကိုသာ မသိရင်တော့ သူတို့က တကယ်မျောမိမှာသေချာတာတော့ အမှန်ပေ၊
"မင်းက မှော်ဆရာလုပ်မဲ့အစား ဖျော်ဖြေသူလုပ်သင့်တယ် ဒါဆို အတော်ကိုအောင်မြင်မှာသေချာတယ်" အီရှဟာ အန်ဒီးယားကိုကြည့်ရင်း ထပ်မံပြောဆိုလိုက်သည်၊အန်ဒီးယားကလည်း အီရှကိုကြည့်လိုက်သည်၊အီရှဟာ အန်ဒီးယားထက်ပင် အရပ်နိမ့်ပေမယ့် ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားသည်၊ဒါပေမယ့် ဂျစ်ကန်ကန်အပြုံးလေးရှိပြီး ပါးစပ်ဟလိုက်တာနဲ့ အဆိပ်ပြင်းပြင်းမြွေတစ်ကောင်ထွက်လာသလို တစ်ဖက်သားကို တိုက်ရိုက်ပြောဆိုတတ်သည်၊
"မင်းက ငါတို့အေကြာင်းသိရဲ့လား..." အန်ဒီးယားဟာ အီရှကို အံ့ကြိတ်ကာမေးလိုက်သည်၊အီရှဟာ ပခုံးတွန့်လိုက်ပြီးပြောလိုက်သည်၊
"မင်းအကြောင်း ငါက ဘာလို့သိရမှာလဲ"
"ငါက ဇီရာလ်အင်ပါယာရဲ့နောက်တက်မဲ့အင်ပါယာမင်းနဲ့စေ့စပ်ထားသူပဲ တစ်ချိန်ကျရင် ငါက ဧကရီဖြစ်လာလိမ့်မယ်" အန်ဒီးယားဟာ ဂုဏ်ယူစွာပြောလိုက်သည်၊ဒါကြောင့် ဒန်နာရီလို လူမျိုးက သူပြောသမျှလက်ခံသင့်ပြီး မင်းသားဂျော့ဖရေးကလည်း သူ့ကိုသာခစားသင့်သည်၊အခုတော့ သူ့လို အနာဂတ်မှာအောင်မြင်မဲ့သူတစ်ယောက်ကို ဖိနှိပ်ရန်ကြိုးစားနေတော့သည်၊ကျောင်းတော်ကတောင် သူ့ကို အလေးထားသင့်သည်၊
အန်ဒီးယားစကားကြောင့် ရှီရယ်က ထရယ်တော့သည်၊သူဟာ အန်ဒီးယားကို သနားစရာသတ္တဝါလိုကြည့်လိုက်ပြီး ဝင်ပြောလိုက်သည်၊
"ဇီရာလ်အင်ပါယာဆိုတာ အင်ပါယာကြီးဆယ်အင်ပါယာထဲမှာတောင် မပါဝင်တဲ့အင်ပါယာလေးမလား...မင်းက ဘဝင်လေဟပ်လိုက်လွန်းတယ်..."
ရှီရယ်စကားကြောင့် အန်ဒီးယားက နားမလည်သလိုဖြစ်သွားတော့သည်၊အန်ဒီးယားဟာ သူ့အမေရဲ့အုပ်ထိန်းမှုအောက်မှာ မှော်အင်းကွက်ရေးဆွဲမှုနဲ့အင်ပါယာအတွင်းရှိကျော်ကြားသူတွေအကြောင်းတောင် လေ့လာထားတာကြောင့် ကျန်တဲ့အခြေခံဗဟုသုတတော့ မရှိပေ၊ဒါပြင် အိမ်ရှေ့စံမင်းသားရဲ့အရေးပေးမှုတွေကြောင့်ရော၊ဧကရီရဲ့အလေးထားမှုတွေကြောင့် လူတိုင်းဟာ အန်ဒီးယားကို မင်းသားတစ်ပါးလို ဆက်ဆံကြတာကြောင့် အခုလိုဝိုင်းလှောင်ခံရတဲ့အခြေအနေကို ကြုံတွေ့ချိန်မှာ အန်ဒီးယားဟာ လက်မခံနိုင်ဖြစ်သွားတော့သည်၊
ပြီးတော့ အရင်ကဆိုရင် သူတောင်းပန်လိုက်တာနဲ့ လူတိုင်းဟာ သူ့ကိုအပြစ်မတင်တော့ပဲ အခြားသူတောင် အပြစ်ဝိုင်းတင်ကြတော့သည်၊ဘာလို့ ဒန်နာရီကို ဝိုင်းပြီးအပြစ်မတင်ရတာလဲ၊ဒန်နာရီကသာ အပြစ်ရှိရမှာလေ ၊သူက အပြစ်ကင်းသူပဲလေ၊
"မင်းသာ စိတ်ပူမယ်ဆိုရင် လူကြားထဲမှာ ဒန်ကို အရှက်ရအောင် မပြောသင့်ဘူး မင်းက ဒန်ကို မသမာတဲ့လုပ်ရပ်မျိုးလုပ်ထားသလိုပြောဆိုတဲ့အပြင် ငါ့ကိုတောင် စစ်ကူတောင်းလိုက်သေးတယ်..." ေဂျာ့ဖရေးဟာ ကိုယ့်အမှားကိုယ်မသိတဲ့အန်ဒီးယားကို ကြည့်ရင်း ပြောလိုက်သည်၊ထို့နောက်မှာ သူဟာ ဒန်နာရီလက်ကိုဆုပ်ကိုင်လိုက်ပြီး
"မင်းမေ့နေတာတော့ မဟုတ်ဘူးမလား ဒန်နာရီက ငါနဲ့စေ့စပ်ထားတဲ့သူဆိုတာ...ငါ့အတွက် ဒန်နာရီရိုစဲဆလပ် ဘာလုပ်လုပ်မှန်ကန်တယ်၊ပြီးတော့ ကိုကိုဂျော့ဖရေးတဲ့လား...သခင်လေးရိုစဲဆလပ် မင်းနဲ့ငါ ဘယ်တုန်းက သိခဲ့ဖူးလို့လဲဗျ" အန်ဒီးယားကို စိုက်ကြည့်ရင်း ေပြာဆိုလိုက်သည်၊ထို့နောက်မှာျေတာ့ ဆရာမောက်ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်၊
"ဒန်နဲ့ပတ်သတ်ပြီး ဆရာမောက်က အထင်လွဲတာတွေရှိလားဗျ"
"လူတစ်ယောက်ကြောင့် ငါတို့အချိန်တွေကို ဖြုန်းတီးမိသွားတာပဲ..." ဆရာမောက်ဟာ အန်ဒီးယားကို တင်းမာခက်ထန်စွာစိုက်ကြည့်ရင်းပြောလိုက်သည်၊ထို့နောက်မှာ သူဟာသက်ပြင်းချလိုက်ပြီး ဂျော့ဖရေးနဲ့ဒန်နာရီကို ကြည့်ရင်း ပြောလိုက်သည်၊
"ဒန်နာရီက ငါမြင်ဖူးသမျှ ဝိညာဥ်ထိန်းကျောင်းသူတွေထဲမှာ ပါရမီရှင်ပဲ... မသိရင် သူက ဒီအတွက်မွေးဖွားလာသလိုပဲ... ပြီးတော့ ငါ့ရဲ့မှော်စစ်ဆေးမှုကို ဘယ်သူက လှည့်ကွက်သုံးနိုင်မလဲ"
ထို့နောက်မှာတော့ ဆရာမုရှီကလည်း သူ့ကျောင်းသားတွေကို ခေါ်ဆောင်သွားတော့သည်၊သူဟာ ထွက်မသွားခင်မှာ အန်ဒီးယားကို ကြည့်ပြီး ပြောသွားသေးသည်၊
"ဒါက ကျောင်းတော် မင်းရဲ့နေရပ်မဟုတ်ဘူး၊ကျောင်းတော်မှာ ကျောင်းတော်ရဲ့စည်းမျဥ်းပဲရှိတယ်...မင်းက သူတစ်ပါးကို ချောက်ချပြီး အသုံးမကျရင် ထွက်သွားလိုက်၊ငါတို့ကျောင်းတော်က အသုံးမကျတဲ့သူတွေကို မလိုအပ်ဘူး"
အန်ဒီးယားက ထွက်သွားတဲ့သူတွေကိုကြည့်ရင်း ခေါင်းငုံ့နေမိသည်၊ဆရာနှစ်ယောက်ကလည်း သူ့ကိုအပြစ်လာတင်သလို လူတိုင်းကလည်း သူ့အပေါ် ေရှာင်ဖယ်နေသလိုပင်၊ အဲ့တာက ဒန်နာရီကြောင့်ပဲ၊
ထို့နောက်မှာတော့ အန်ဒီးယားဟာ မျက်နှာပြောင်တိုက်တိုက်နဲ့မှော်စစ်ဆေးမှုကို စစ်ဆေးပြီးနောက်မှာ ဆရာမဂျူယာက သူမကျောင်းသားတွေကို ဦးဆောင်ခေါ်ဆောင်သွားတာကြောင့် သူလည်းလိုက်သွားတော့သည်၊သူဟာ ကြေးတံဆိပ် ကျောင်းသားကဒ်ကိုကြည့်ရင်း ဒေါသထွက်နေတော့သည်၊ဒန်နာရီရဲ့ကျောင်းသားတံဆိပ်က သူ့ထက် အဆများစွာသာသေးသည်၊အင်ပါယာမှာနေတုန်းက သူက လူတိုင်းထက်သာခဲ့ပြီး ကျောင်းတော်ရောက်မှ အနှိမ်ခံနေရတော့သည်၊
'ကျောင်းတော်က ငါ့လို ပါရမီရှင်ကို မမြင်ရအောင် မျက်စိကန်းနေတာပဲ!ငါက ဒန်နာရီထက်တောင် ပိုသာသေးတယ်'အန်ဒီးယားဟာ စိတ်ထဲကနေ မကျေမနပ်ပြောချိန်မှာ အသံနက်နက်ကြီးတစ်သံကထွက်ပေါ်လာတော့သည်၊
*ဒါပေါ့ မင်းက သူ့ထက်ပိုသာတယ်...အဲ့လိုဖြစ်အောင် ငါလုပ်ပေးနိုင်တယ်*
"ဘယ်သူလဲ!!" အန်ဒီးယားဟာ အလန့်တကြားဘေးတွေကိုလှည့်ကြည့်လိုက်ပြီး အော်လိုက်မိသည်၊ဘေးရှိကျောင်းသားဟာ အန်ဒီးယားအော်သံကြောင့် လန့်သွားပြီး အန်ဒီးယားကို ပြန်ကြိမ်းမောင်းကာ ရှေ့ကို အလျင်အမြန်လျှောက်ထွက်သွားတော့သည်၊
*ငါ့ကို မင်းမြင်ရမှာမဟုတ်ဘူး...*
'ခင်ဗျားက ဘယ်သူလဲ' တစ်ဖက်က သူ့စိတ်ထဲကအတွေးများကိုပါသိနေတာကြောင့် အန်ဒီးယားက စိတ်ထဲကနေမေးလိုက်သည်၊
*ငါက ေကျာင်းတော်ရဲ့မြေအောက်မှာ ချုပ်ခံထားရတဲ့ နတ်ဆိုးဘုရင်ကြီးခုနှစ်ပါးထဲက တစ်ဦးပဲ*
'ခင်ဗျားက နတ်ဆိုးလား...' အန်ဒီးယားက ကြောက်လန့်တကြားမေးလိုက်သည်၊
*ဒန်နာရီဆိုတဲ့ကောင်လေးထက် မင်းအင်အားကြီးချင်တယ်မလား...ငါမင်းကို ကူညီနိုင်တယ်*
'ခင်ဗျားလို နတ်ဆိုးတစ်ပါးကို ကျနော်ကယုံရမှာလား'
*ဟားဟား ဒီချိန်မှာ မင်းအကူအညီမဲ့နေတာမဟုတ်ဘူးလား မင်းမှာရေခဲစွမ်းအင်ရှိပေမယ့် ပိတ်ဆို့ခံထားရတာကြောင့် သူများတွေလို အသုံးမပြုနိုင်ဘူး ပြီးတော့ ဆယ့်နှစ်ရာသီခွင်ရဲ့ကောင်းချီးပေးမှုကလည်း ယာယီသာသာပဲ... ရှင်းရှင်းပြောရရင် မင်းက ဘာမှမဟုတ်ဘူးလေ* အန်ဒီးယားဟာ သူ့အကြောင်းကို သေချာသိနေတဲ့နတ်ဆိုးကြောင့် နူတ်ခမ်းကိုက်မိလိုက်သည်၊နတ်ဆိုးစကားတွေဟာ မှန်ကန်လှသည်၊
'ကျွန်တော်က တကယ်အင်အားကြီးနိုင်မှာလား'
*ဒါပေါ့ ဒါပေမယ့် အလကားရတဲ့နေ့လည်စာဆိုတာမရှိဘူးလေ...* နတ်ဆိုးရဲ့ညုတုတုအသံကြောင့် အန်ဒီးယားက လက်ခံစွာဖြင့်မေးလိုက်သည်၊
'ကျွန်တော်အင်အားကြီးဖို့ ခင်ဗျားဆီ ဘာပေးဆပ်ရမလဲ'
*ငါ့ကို လွတ်အောင် ကူညီပေးရမယ်* နတ်ဆိုးစကားကြောင့် အန်ဒီးယားဟာ ထိတ်လန့်သွားတော့သည်၊
'ခင်ဗျားတောင် မထွက်နိုင်ချိန်မှာ ကျွန်တော်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ'
*ဟားဟား ငါက မဖြစ်နိုင်ပဲ မခိုင်းပါဘူး... မင်းက ငါ့အတွက် အကိုက်ညီဆုံးပဲ မင်းလုပ်ရမှာက ကျောင်းတော်ကထိန်းသိမ်းထားတဲ့ငါ့နှလုံးသားကျောက်ကို သွားယူပေးရုံပဲ...*
*အဲ့အတွက် မင်းကို ရွှေအဆင့်ကျောင်းသားတွေလို အဆင့်အတန်းဖြစ်အောင် ငါကူညီပေးနိုင်တယ် ဘယ်လိုလဲ သဘောတူလား...*
'ရွှေအဆင့်ကျောင်းသား...' အန်ဒီးယားရဲ့မျက်လုံးများဟာ လောဘရောင်တောက်သွားတောသြည်၊သူဟာ ချက်ချင်းခေါင်းညိတ်ကာ သဘောတူလိုက်သည်၊
*ဂါထာရွတ်ဆိုသံ* ထို့နောက်မှာတော့ နတ်ဆိုးဟာ ဂါထာတစ်ပုဒ်ရွတ်ဆိုပြီး အန်ဒီးယားကိုယ်ပေါ်မှာ တံဆိပ်ခတ်ပေးလိုက်သည်၊
*မင်းရဲ့စွမ်းအားတွေက တဖြည်းဖြည်းတိုးတက်လာလိမ့်မယ် ဘယ်သူကမှ မင်းကို သံသယဝင်မှာမဟုတ်ဘူး ပြီးတော့ ငါခတ်ထားတဲ့တံဆိပ်က နတ်ဆိုးမှော်တွေကို ဖုံးကွယ်ပေးထားတာပဲ မင်းက ရေခဲစွမ်းအားကိုကောင်းကောင်းအသုံးချနိုင်ပြီပဒ*
အန်ဒီးယားဟာ နတ်ဆိုးစကားကြောင့်ပျော်ရွှင်သွားပြီး သူဟာ နတ်ဆိုးကိုကတိပေးလိုက်သည်၊နတ်ဆိုးကလည်း မကြာခင်မှာ အသံတိတ်သွားတာကြောင့် အန်ဒီးယားဟာ စောနက ဖြစ်ခဲ့သမျှပြဿနာတွေမေ့ပစ်လိုက်ပြီး သူဟာ ပျော်ရွှင်စွာ ဆရာမဂျူယာတို့နောက်ကိုလိုက်သွားတော့သည်၊
'ဒန်နာရီ မင်းကို ဖိနှိပ်ပြချိန်မှာ မင်းရဲ့စိတ်ပျက်စရာကောင်းတဲ့မျက်နှာကို ငါမြင်ချင်သေးတယ်'
-*-*-*-*-*-
Chapter -90မျှော်