အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အ...

Od Hnine-Wai

18.3K 2.9K 183

စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေ... Více

ဒုတိယပိုင်း
Chapter 200: They were Embarrassed
Chapter 201: Why Are You Here?
Chapter 202: The Test of the Heaven World
Chapter 203: One Cannot Avoid His Enemy
Chapter 204 The Conflict
Chapter 205 F**k Your Duel!
Chapter 206 Mo Feihan the Prince
Chapter 207 Just Use This Excuse
Chapter 208 Make her Unable to Attend the Banquet
Chapter 209 An Imposing Appearance
Chapter 210: The True Pig Head
Chapter 211: The Cunning Feng Xi
Chapter 212: Why Can't You Change Your Ways of Thinking?
Chapter 213: I'm Not Here to Sabotage
Chapter 214: Disgust Me
Chapter 215: I'm Your Papa
Chapter 216: A Yellowish Book
Chapter 217. You're Mine
Chapter 218. More Handsome than You?
Chapter 219. You Can't Replace Him
Chapter 220. Perform In Her True Colors
Chapter 221. Two Priceless Treasures
Chapter 222. This is Not My Room
Chapter 223. Uncle White Coming Around
Chapter 224. A Sleep Overnight
Chapter 225. This Was The Truth
Chapter 226. Eliminating the Flaws
Chapter 227. Aren't you fighting?
Chapter 228. The Troublesome Feature
Chapter 229. You're Worse Than a Nobody
Chapter 230. The Auction Began
Chapter 231. Cut Down a Bit
Chapter 232. King of the Netherworld Took Action
Chapter 233. Identity Was Exposed

Chapter 199: Ming Qingyu was Tricked

1.6K 129 5
Od Hnine-Wai

အပိုင်း ၁၉၉။ မင်ချင်းယွိ အလှည့်စားခံလိုက်ရသည်

"မင်ချင်းယွိ? တကယ်ကို မင်းပဲ!"

ဖုန့်ရှီက သူရောက်လာတာကို တွေ့လိုက်ရတော့ အရမ်းဝမ်းသာသွား၏။ အရင်တုန်းက သူတို့နှစ်ယောက်ကြား ပွတ်တိုက်မှုလေးတွေ (ကတောက်ကဆလေးတွေ)ကို သူ ဂရုမစိုက်ပေ။ ထို့အပြင် ကျော်ကစိမ်းပြာမိသားစုပိုင် တောင်၏ အနောက်တွင် တွေ့ကြတုန်းက မင်ချင်းယွိက သူ့ကို ကယ်တင်ခဲ့သည်။ သူ နောက်ဆုံး ထွက်သွားတုန်းက ဖုန့်ရှီ နောင်တရသွားမိသည်။

ဒါပေမယ့် မင်ချင်းယွိက သိပ်မဟန်သည့်ပုံ။ ဖုန့်ရှီ သူ့ထံ ပြေးလာတာကိုမြင်တော့ သူ ကိုယ်ကို အနည်းငယ်လေးပဲ ကုန်း(ရို့)လိုက်ပေမဲ့ ချောမောသည့်မျက်နှာထက်ဝယ်တော့ အေးစက်မှုအရိပ်အငွေ့တို့က ရှိနေဆဲပင်၊ အထူးသဖြင့် ယင်းမျန်ကို ကြည့်သည့်အခါတွင် သူ့မျက်လုံးများထဲ ဒေါသမီး တောက်လောင်နေသည့်နှယ်။

"မင်း အဆင်ပြေရဲ့လား?" ဖုန့်ရှီက မင်ချင်းယွိ၏ ကြောက်စရာကောင်းသော အကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်းပဲ အပျော်သဘောဖြင့် မေးလိုက်သည်။

"ငါအဆင်ပြေပါတယ်။" မင်ချင်းယွိသည် ဖုန့်ရှီကို ရန်သူအဖြစ် ဆက်ဆံခဲ့ဖူးသော်လည်း ထိုခံစားချက်တို့ကို ကျော်လွှားသွားနိုင်ပြီးကတည်းက ဖုန့်ရှီအပေါ် ရန်လိုမှု မရှိတော့ချေ။ မျှော်လင့်ချက်မရှိတော့မှန်း သူသိသော်လည်း အခြားသူများကဲ့သို့ သူ့ကို နှောင့်ယှက်မည်မဟုတ်ပါ။ ထိုအစား သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့သာ အစွမ်းကုန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ဖုန့်ရှီ သူ့အတွက် စိုးရိမ်မှုပြသည်ကို မြင်သောအခါ တောင့်တင်းနေသော သူ့နှုတ်ခမ်းထောင့်တို့က အပြုံးတစ်ပွင့် ပြုလုပ်ရန်အတွက် အနည်းငယ် မလှုပ်ရှားသွားဘဲ မနေနိုင်တော့ပေ။ ကံမကောင်းစွာနှင့်ပဲ သူပြုံးဖို့ရန်ကျရှုံးခဲ့တာကြောင့် သူ့မျက်နှာက ကို့ယို့ကားယား ဖြစ်သွားပုံရသည်။

ဖုန့်ရှီက သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး "မင်းက ဘာလို့ ဒီလူနဲ့ တူတူရှိနေတာလဲ?"

မင်ချင်းယွိိ၏ မျက်လုံးများက မှုန်မှိုင်းသွားသော်လည်း မေးခွန်းကို သူဖြေလိုက်သေးသည်၊ "ငါက သူနဲ့ လောင်းကြေးတစ်ခုထပ်ခဲ့ပေမယ့် ရှုံးသွားခဲ့တာကြောင့် သူ့ရဲ့အစေခံအဖြစ် ငါးလလောက်နေရမှာ"

သူအရမ်းဒေါသထွက်နေပုံရကာ အံကြိတ်ပြီး ပြန်ဖြေလိုက်တာကိုမြင်တော့ ဖုန့်ရှီက တစ်စုံတစ်ခုကို တွေးမိသွားပြီး၊ "သူက မင်းကို လိမ်ညာလိုက်တာကြောင့် မင်းက အလောင်းအစားမှာ ရှုံးသွားခဲ့တာ၊ ဟုတ်တယ်ဟုတ်?"

"ဘယ်လိုသိတာလဲ?" မင်ချင်းယွိက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဖုန့်ရှီ၏ မျက်လုံးများ တလက်လက် ဖြစ်နေသည်ကို မြင်လိုက်ရတော့မှ သူ ခပ်မြန်မြန် ပြန်တုံ့ပြန်လိုက်မိသည့်အတွက် နောင်တရသွားရကာ ရုတ်ချည်းပဲ မျက်လွှာချလိုက်တော့သည်။ လူငယ်လေးက သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကို စိတ်ဝင်စားနေမှန်း သူသိသည်၊ ဒါပေမဲ့ သူ ထောင်ချောက်ထဲသို့ ဖြားယောင်းခံကျရောက်သွားခဲ့ရသည့်အချိန်မှစပြီး သူ ခံစားလွယ်လာရကာ ထိုသို့ဖြစ်ခြင်းက ကောင်းသောလက္ခဏာမဟုတ်မှန်းတော့ သူလည်း သဘောပေါက်သည်။

ဖုန့်ရှီက အကြီးတစ်ယောက်လိုမျိုး တုပပြီး သူ့ကို နှစ်သိမ့်ပေးဖို့ ပုခုံးကို ပုတ်လိုက်ကာ "အရှုံးနဲ့ အနိုင်က စစ်သူကြီးတစ်ယောက်အတွက် သာမာန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သိပ်ကြီး ဂရုမစိုက်နဲ့။ မင်း သူ့ကို ပြန်လိမ်ညာပြီး နောက်တစ်ကြိမ် နိုင်အောင်လုပ်နိုင်တယ်လေ၊ ဒါမှမဟုတ် ငါမင်းကို ကူပေးရမလား?"

မင်ချင်းယွိက ဆိတ်ဆိတ်နေခဲ့သည်။ ဖုန့်ရှီက သူ့ကို ကူညီပေးချင်တယ်ဆိုရင်တောင်မှ သူကတော့ ယင်းမျန်အရှေ့မှာ ပြောမည်မဟုတ်။

ယင်းမျန်သည် ဖုန့်ရှီ၏ စကားတို့ကို လုံးဝ သတိမမူမိသလိုမျိုး တောက်ပသော အပြုံးဖြင့် သူတို့အနားတွင် ရပ်နေလေသည်။ ပြုလဲကွဲအက်နေသော မင်ချင်းယွိကို စူးစူးရဲရဲ နီမြန်းနေသော မျက်လုံးအစုံဖြင့် သူ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အခြားအရာတစ်ခုခု ရှိနေပုံရသော်လည်း မင်ချင်းယွိက မျက်နှာငုံ့ထားသည့်အတွက် သတိမပြုမိလိုက်ချေ။

ငရဲမင်းကြီး၏ မျက်ခုံးအစုံက တွန့်သွားပြီး ယခုက နွေဥိးရာသီဖြစ်သည့် မတ်လသို့ ရောက်ပြီဆိုသည်ကို သတိရသွားတော့သည်။

ယင်းမျန်သည် ကုလားထိုင်နှစ်လုံးကို ဆွဲယူလိုက်ပြီး တုံ့ဆိုင်းနေသည့် မင်ချင်းယွိကို ထိုင်ခုံပေါ် ဆွဲထိုင်ခိုင်းလိုက်သည်။ သူက ပေါ့ပေါ့ပါးပါးလေထုဖြစ်ရန် အားထုတ်လိုက်ပြီး သူ့ကိုယ်ဟန်အနေအထားတောင်မှ ခပ်ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရသည်။ တောက်ပနေသော အနီရောင်ဆံပင်များက သူ၏ ထက်မြက်ပြီး နှစ်လိုဖွယ်ဖြစ်မှုကို အလေးပေးနေသော်ငြား ဤနေရာတွင်တော့ မည်သူမျှ အသိအမှတ်ပြု မချီးမွမ်းကြသေးပါ။

"ငါ့ကို ဒီအချိန်ကြီး ဒီကို ခေါ်လိုက်တာက မင်း အဝေးသွားနေတုန်း တစ္ဆေလောက၊ အပလောကနဲ့ ငရဲပြည်ကို ဂရုစိုက်ပေးစေချင်လို့မှတ်လား? စိတ်မပူပါနဲ့၊ မင်းကို ကတိပေးခဲ့တဲ့အတိုင်း ငါ့ပြီးမြောက်အောင် လုပ်ပေးမယ်။ အိုး၊ ငါ မင်းအတွက် သတင်းအချို့ ပါလာသေးတယ်။ မင်း သီနိုမိသားစုကို မမေ့သေးဘူးလို့တော့ ငါယုံတယ်။ ချင်းထျန်လို့ခေါ်တဲ့ သီနိုမိသားစုခေါင်းဆောင်က အလယ်ပိုင်းဒေသက နတ်ဘုရားမိစ္ဆာမျှော်စင်ဆီ ထွက်သွားခဲ့ပြီး ကောင်းကင်ဘုံနတ်ဘုရားကိုးပါးထဲ ဝင်ရောက်ဖို့ အရည်အချင်းအတွက် တရားဝင် သွားလျှောက်ထားခဲ့တယ်၊ သဘောကတော့..."

"အဲဒါက မင်းကို ထုတ်ပယ်လိုက်ပြီလို့ ဆိုလိုတာ" ဟု ငရဲမင်းကြီးက သူ့ကိုယ်စား တည်ငြိမ်စွာ ပြောလိုက်၏။

ယင်းမျန်က ရီလိုက်ကာ၊ "အဲလို မပြောနဲ့။ ငါက အစကတည်းက အဲ့ရာထူးကို စိတ်ကိုမဝင်စားတာ။ ငါ အထုတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက လူအိုကြီးတွေတစ်စုက တွေ့ဆုံကြပြီး ဆွေးနွေးကြတာပဲလေ။ အရိုးသားဆုံးပြောရရင် အရမ်းနားညီးပြီး ငြီးငွေ့စရာကြီးလို့ ထင်တယ်"

မင်ချင်းယွိက တုံ့ပြန်ဖို့ ကြိုးစားချင်ခဲ့သော်ငြား သူက နန်းတော်ထဲမှာ ထိုင်နေတာဖြစ်ခြင်းကြောင့် သူ့လျှာသူကိုက်နေရုံသာ တတ်နိုင်တော့သည်။

အပြုံးတို့ မှေးမှိန်မသွားသော ယင်းမျန်သည် မင်ချင်းယွိ၏စိတ်ကို ဖတ်မိလိုက်သလိုမျိုး သူ့ကို လှည့်ကြည့်လိုက်သည်။ သို့သော် မင်ချင်းယွိက သူ့ကို အကြည့်တစ်ချက်တောင် မပေးဘဲ နံရံဆီသို့သာ တိုက်ရိုက် မျက်နှာမူလိုက်သည်။

"မင်းကိုယ်၌ကိုက ဆူညံပူညံလုပ်သူတွေရဲ့ ကိုယ်စားလှယ်ပဲ" ဟု ငရဲမင်းကြီးက အေးစက်စက် ထောက်ပြလိုက်သည်။

ပေါက်ပန်းလေးဆယ် လျှောက်ပြောနေလျက်နှင့်ပင် ယင်မျန်းကတော့ သူအပြောခံရသည့်အပေါ် အရှက်ရမှု မရှိဘဲ၊ "ဟုတ်ပါပြီ၊ ငါ့မှာ အမှားတွေနဲ့ချည်း ပြည့်နေတာကို ငါသိပါတယ်။ ငါ့လိုလူက ပျင်းစရာကောင်းတဲ့အရာတွေကို မလုပ်နိုင်ဘူး၊ ဒါပေမဲ့ သီနိုမိသားစုက ချင်းထျန်ကရော? သူ့ကို ကြိုးလွတ်နေတဲ့ နွားသိုးလို လျှောက်ပြေးခွင့် ပေးထားတော့မလို့လား? အဲ့လူက အရမ်း တွက်တတ်ချက်တတ်တယ်လို့ ငါတော့ ထင်တယ်၊ ပြီးတော့ သူက အရမ်းလည်း စိတ်ရှည်တယ်"

"သီနိုမိသားစုကသူတစ်ယောက်ပါပဲ" ငရဲမင်းကြီးက ထိုမိသားစုကို လုံးဝကို ဂရုမစိုက်မှန်း သိသာစွာ ပြလိုက်သည်။

ယင်းမျန်က သူ့မျက်လုံးကြောတွေကို ကြုံ့လိုက်ကာ "သီနိုမိသားစုက မင်းအတွက် မပြောပလောက်မှန်း ငါသိပါတယ်၊ ဒါပေမယ့် အခု မင်းရှေ့မှာ ယှဉ်လို့မရတဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်။ မင်းမဆုပ်ကိုင်ထားရင် မင်း ကိုယ့်ကိုကိုယ် သနားသွားရလိမ့်မယ်။ မင်းမှာ ဘာရည်မှန်းချက်မှ မရှိဘူးဆိုတာ ငါသိပါတယ်၊ တခြားသူတွေထက် မင်းလက်ထဲမှာ တစ်ခုခုကို ကိုင်ထားရင်တော့ ပိုကောင်းတာပေါ့၊ အခု ဖုန့်ယွင်က ထောက်ခံပေးနိုင်မယ့်အခွင့်အရေးတစ်ခု ရှိပြီ၊ ဒါပေမဲ့ သူတို့မှာက သင့်တော်တဲ့ အဆိုတင်သွင်းသင့်တဲ့သူ ရှိမနေဘူး။ မင်း အဲ့ဒီ့ကို မင်းလိုရာဆွဲနိုင်မယ့် လက်အောက်ငယ်သားတစ်ယောက်ယောက် ပို့လိုက်ရုံနဲ့ကို ချင်းထျန်လိုမျိုး ဘာမှမဟုတ်တဲ့သူတစ်ယောက်က ပြိုင်ဘက်ကို ဟုတ်မနေမှာ။"

ငရဲမင်းကြီးက သူ့ကို ကြည့်နေရာမှနေ သလင်းကျောက်စားပွဲပေါ် အကြည့်ပြောင်းလိုက်ပြီး "ငါသိပြီ"

ယင်းမျန်က ပြုံးလိုက်သည်။ ငရဲမင်းကြီးကို သူ သိမ်းသွင်းနိုင်လိုက်ပြီမှန်း သူသိသည်။ အမှန်တော့၊ သူ့အချစ်ကလေးနဲ့ပတ်သက်တဲ့ တစ်ခုခုကို အရိပ်အမြွက်မပြောခဲ့ဘူးဆိုရင် သူ့ကို သိမ်းသွင်းနိုင်မည်မဟုတ်။

"စကားမစပ် ဦးလေးဖြူ ဘယ်မှာလဲ" ယင်းမျန်က ဒီမှာထိုင်နေတာကြာနေပြီဖြစ်ပေမယ့် ဦးလေးဖြူကို မတွေ့ရသေးတာကြောင့် ထူးဆန်းသလို မခံစားရဘဲ မနေနိုင်တော့ချေ။ သူ ဒီကိုရောက်တိုင်း ဦးလေးဖြူက အမွှေးတိုင်တစ်တိုင်စာထွန်းချိန်လောက်အတွင်းမှာပဲကို သူ့ရှေ့ပေါ်လာမှာဖြစ်သည်။ အဲ့နောက် ဦးလေးဖြူက သူ့ကို ယဉ်ကျေးစွာနဲ့ကို ကြိုဆိုမှာဖြစ်သည်၊ မဟုတ်သေးဘူး၊ တကယ်တော့ အတော်ကြီးကို ယဉ်ကျေးလွန်းပြီး မရင်းမနှီးဖြစ်ရလောက်အောင်ကို ကြိုဆိုမှာဖြစ်သည်။

ဖုန့်ရှီက "ဦးလေးဖြူက ရေခဲလေးနဲ့ တိုက်ခိုက်နေပြီ" လို့ ပြန်ဖြေလိုက်သည်။

"တိုက်ခိုက်နေတယ်? ရေခဲလေးက ဘယ်သူတုန်း?" သူ့စကားကြားတော့ ယင်းမျန် ချက်ချင်းပဲ အံ့အားသင့်သွားရသည်။ 'အဲဒီအဘိုးကြီးက တခြားတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်! အဲဒါ တကယ်ကို ရှားပါတာပဲ!'

ဖုန့်ရှီက သူ့ကို ဘာမှမထူးခြားဟန် အကြည့်တစ်ချက်ပေးလိုက်ကာ "ရေခဲလေးက ရေခဲလေးပဲ၊ ငါတို့ဖုန့်မိသားစုရဲ့ ကြီးမြတ်တဲ့ စစ်သူကြီးတစ်ယောက်"

ယင်းမျန်က ရုတ်တရက် ပြုံးလိုက်ကာ၊ 'ဖုန့်မိသားစုဆိုတာ ဘာလဲ? ငါဘာလို့ အရင်က မကြားဖူးရတာလဲ။ ပြီးတော့ အခု ငါ့မျက်လုံးတွေသာ မညာဘူးဆိုရင် အဲ့သောက်ကလေးရဲ့မျက်နှာပေါ်က မထီမဲ့မြင်အမူအယာကြီး ငါမြင်လိုက်ရသလိုပဲ။ ရေခဲလေး ဘယ်သူမှန်းမသိတာက အဲ့လောက်ကြီးတောင် ခေတ်နောက်ကျသွားနေလို့လား?'

"ငါမင်းကိုပြောပြရင်တောင် မင်းနားလည်မှာမဟုတ်ဘူး" ဖုန့်ရှီက သူ့ကိုရှင်းပြဖို့ စိတ်ကူးရှိမနေမှန်း သိသာသည်။ ထို့ကြောင့် သူက ပေါ့ပေါ့တန်တန်ပဲ စကားတစ်ခွန်းပြောပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

ယင်းမျန်က မူလတုန်းက 'မင်း မပြောရင် ငါဘယ်လိုလုပ် နားလည်မှာလဲ' လို့ ပြောလိုက်ချင်ပေမယ့် တွေးကြည့်လိုက်တော့ သူပြန်ရမယ့် အဖြေက သိပ်ပြီး ကျေနပ်စရာ မဟုတ်လောက်ဘူးလို့ ခံစားလိုက်ရတော့ ပါးစပ်ပဲပိတ်လိုက်ပြီး မမေးတော့ချေ။ ဘာပဲဖြစ်ဖြစ် သူတို့ တိုက်ပွဲပြီးသွားလို့ ပြန်လာကြရင် အဲ့ဒီ့ 'ရေခဲလေး' ကို သူတွေ့ရမှာပဲလေ။

ဖုန့်ရှီက ယင်းမျန်ကို အရှက်ရအောင် လုပ်လိုက်နိုင်တာကို မြင်တော့ မင်ချင်းယွိ ကျေနပ်သွားရသည်။

"ဦးလေးဖြူက ဒီမှာမရှိဘူးဆိုတော့ ငါတို့ဘာသာ ငါတို့ပဲ ဧည့်ခန်းထဲ ကိုယ်တိုင်သွားလိုက်တော့မယ်။ မင်း ငါတို့ကို ဧည့်ခံစရာ မလိုဘူး" ယင်းမျန်က သူ့လက်ကို ဝှေ့ယမ်းပြီး နားဖို့ နေရာရှာမလို့ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းလိုက်ရုံရှိသေး မင်ချင်းယွိက သူ့နောက် လိုက်မလာတာကို သူ တွေ့လိုက်ရတာကြောင့် ချက်ချင်းပဲ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ကာ၊ "ငါနဲ့ ဘာလို့ လိုက်မလာတာလဲ? မင်းကျောက ခုံနဲ့ ကပ်နေလို့လား?"

မင်ချင်းယွိက သူဘယ်တော့မှ ချိုချိုသာသာစကားမျိုး မပြောနိုင်ဘူးဆိုတာကို သိသည့်အတွက် ကျင့်သားရနေပြီဖြစ်သည်။ သူက ဖုန့်ရှီကို ကြည့်လိုက်ချိန်မှာတော့ ဖုန့်ရှီက စိတ်ကူးတစ်ခုရသွားပုံရကာ သူ့ကို ချက်ချင်းပဲ ပြုံးပြလာသည်။

ဖုန့်ရှီက "မင်ချင်းယွိကို ပြောစရာရှိသေးလို့၊ ခင်များ အရင်သွားနှင့်လိုက်!"

ယင်းမျန်က သူ့ရှေ့ထားပြီး ဖုန့်ရှီနဲ့ မင်ချင်းယွိတို့ အပြုံးချင်းဖလှယ်ပြီး မျက်လုံးချင်း စကားပြောနေတာကို မမြင်ဘဲ ဘယ်နေမည်နည်း? သူ့အပြုံးတို့ ချက်ချင်းပဲ ကျယ်ပြန့်သွားကာ၊ "ငါ အလျင်လိုမနေဘူးဆိုတာကို ချက်ချင်းပဲ သတိရသွားတယ်။ အေးဆေးလုပ်ပါ၊ ငါ စောင့်နိုင်ပါတယ်။" သူသာ ကြိုသိခဲ့မယ်ဆိုရင် မင်ချင်းယွိကို သူ ခေါ်မလာပါဘူး။ သူတို့တွေက အချင်းချင်း သိနေကြရုံတင်မကဘူး၊ အရမ်းလည်း ရင်းနှီးနေကြတာပဲ။ ခေါ်လာမိတာ အတော်ကြီး ပညာမဲ့တဲ့ အကွက်ပဲ!

မင်ချင်းယွိက အေးစက်စက်နှင့် ပြန်ပြောလိုက်သည်၊ "ဘယ်သူ့ဂရုစိုက်လို့"

ယင်းမျန်က သည်လောက်သေးငယ်သည့် ထိုးနှက်ချက်လောက်တော့ မျက်တောင်တောင် မလှုပ်ဘူးဆိုတာ သိသည့်အတွက် မင်ချင်းယွိပြောလာတာကို ကြားသောအခါ လုံးလုံးကြီးကို မအံ့ဩသွားပေ။ ဒါပေမဲ့ ဖုန့်ရှီကတော့ ယင်းမျန်ကို တအံ့တဩနှင့် ကြည့်လိုက်ပြီး တစ်ခုခုကို တွေးနေသလိုမျိုး အစုန်အဆန် အကဲခတ်လိုက်သည်။

ယင်းမျန်က ပြုံးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပြောင်ပြောင်တင်းတင်း အလှည့်စားခံခဲ့လိုက်ရပြီးပြီလေ၊၊ သူ ဖုန့်ရှီသဘောကျလာအောင် လုပ်လာနိုင်မည်ဆိုသ၍ ဘယ်နည်းလမ်းပဲ သုံးရသုံးရ သူ ဂရုစိုက်မည်မဟုတ်။ အလှတရားက ဘယ်လောက်အေးစက်ပြီး ကြမ်းတမ်းနေပါစေ ဇွဲနပဲနဲ့ကို နူးညံ့သိမ်မွေ့လာအောင် ပြောင်းလဲပစ်ရမည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်တွေ အများကြီးရှိသည်လေ။ တစ်ရက်အတွင်း မအောင်မြင်နိုင်ရင် တစ်လ၊ အဲ့ဒါမှ မအောင်မြင်သေးရင် တစ်နှစ်ကျော်ကြာအောင် သူ လုပ်သွားမှာ။ အကယ်၍ မအောင်မြင်သေးပါက အောင်နိုင်မှုတစ်ခုပြုလုပ်ရန် ရာစုနှစ်တစ်ခုကြာမှဆိုလည်း အဆင်ပြေသည်။ တစ်နေ့နေ့ သူအောင်မြင်လာလိမ့်မည်!
(MM T/N: ရေးရင်းနဲ့ပဲ ဖတ်တာမို့ ဒီနား ဇာတ်ကွက်က ဘာလှည့်ကွက်ရှိနေလည်း ကိုယ်သိပ်နားမလည်ဘူး)

ဖုန့်ရှီက မင်ချင်းယွိထံ လျှောက်သွားလိုက်ကာ သူ့အား ကမ္ဘာ့သစ်သီးတစ်လုံး ပေးလိုက်ပြီး "ဒါက မင်းအတွက်ပဲ၊ နောက်ဆုံးအကြိမ်တုန်းက မင်းငါ့ကို ကယ်တင်ခဲ့ပေမဲ့ ငါ မင်းကို ကျေးဇူးမတင်ရသေးဘူး!"

မင်ချင်းယွိက ဖုန့်ရှီ သူ့ကို ကျေးဇူးတင်လာမည်ဟု မမျှော်လင့်ထားခဲ့သည့်အတွက် သူ ငြင်းတော့မည့်အချိန်မှာပဲ ယင်းမျန်၏ အသံကို ကြားလိုက်ရသည်၊ "ဝိုး၊ ဒါက ကမ္ဘာ့သစ်ပင်အစစ်ကနေ ခူးလာတဲ့ ကမ္ဘာ့သစ်သီးပဲ၊ အဲ့အသီးကို စားရင် ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ ကျင့်ကြံဆင့်ကို တက်သွားစေနိုင်တယ်လို့ ပြောကြတယ်။ မင်းရဲ့ လက်ရှိခွန်အားနဲ့ဆို မင်း အဲ့ဒါကို စားပြီး ကျင့်ကြံလိုက်ရင် နတ်ဘုရားခေါင်ချုပ် ကြယ်ငါးပွင့်အဆင့်ကို တန်းရောက်သွားနိုင်တယ်။"

သူ့စကားကြောင့် မင်ချင်းယွိ  ချက်ခြင်း တုံ့ဆိုင်းသွားရတော့သည်။ အမှန်တော့ ကမ္ဘာ့သစ်သီး တည်ရှိမှုကို သူ ကြားဖူးသော်လည်း ၎င်းကို တစ်ခါမှ မမြင်ဖူးပေ။ ဒါပေမဲ့လည်း သူ့ကို လုံးလုံးကြီး သဘောကျသွားစေတာကတော့ ယင်းမျန်၏ နောက်ဆုံးစကားပဲဖြစ်သည်။ သူ၏လက်ရှိအဆင့်က နတ်ဘုရားခေါင်ချုပ် ကြယ်နှစ်ပွင့်အဆင့် ဖြစ်သောကြောင့် ကြယ်သုံးပွင့်ခုန်သွားဖို့ဆို သူ့ကို အတော်ကြီး အချိန်ကုန်သက်သာသွားစေမည်သာ။ ဒါပေမဲ့ သူက သူတပါးရဲ့ပစ္စည်းကို ဘာအကြောင်းပြချက်မှ မရှိဘဲ မယူချင်သူတစ်ယောက်ဖြစ်သည့်အပြင် အလွန့်အလွန်ကို အဖိုးထိုက်တန်သည့် ကမ္ဘာ့သစ်သီးတစ်လုံးလည်း ဖြစ်နေသည်မို့ သူ လက်မခံသင့်။ ထို့အပြင် နောက်ဆုံးအခေါက်တုန်းက ဖုန့်ရှီကို သူ ကယ်ခဲ့တာကလည်း ဖုန့်ရှီအပေါ် သူ အပစ်ကျူးလွန်မိသလို ခံစားရလို့သာဖြစ်သည်။ သူ့အကူအညီက ဖုန့်ရှီ၏ ကျေးဇူးတင်မှုနှင့် ထိုက်တန်မနေပေ။

ဖုန့်ရှီက သစ်သီးတစ်လုံးက အရမ်းကြီး သေးနုပ်နေသလို ခံစားရတာကြောင့် လက်စွပ်ထဲမှ နောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး သူ့လက်ထဲသို့ ထည့်လာပေးသည်အထိ မင်ချင်းယွိ စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။

ယင်းမျန်တောင်မှ ထိုအခြေအနေအပေါ် အံ့အားတသင့် ဖြစ်သွားရ၏။

မင်ချင်းယွိက သူ့လက်ထဲမှ ကမ္ဘာ့သစ်သီး နှစ်လုံးကို ကြည့်လိုက်ပြီး သူ့အမူအယာက အလွန်အမင်း ရှုပ်ထွေးသွားဟန်ပေါက်သွားတော့သည်။ သူက ခဏလေးပဲ တုံ့ဆိုင်းသွားခဲ့တာပေမဲ့ အဲ့တာက အရမ်းသေးနုပ်တယ်လို့ တွေးနေလို့မဟုတ်ဘူးလေ။

ယင်းမျန်က သူ့အတွေးကို ဖတ်မိသွားဟန်တူကာ သူ့ကို လှောင်ပြုံးတစ်ပွင့်နှင့်အတူ စိတ်တွင်းကနေ အသံပို့လွှတ်ပြီး လျို့ဝှက်စွာ ပြောလိုက်သည်၊ "သူ အဲ့လောက် ရက်ရောမယ်လို့ ငါ ထင်မထားဘူး။ ငါ့အမြင်အရကတော့ မင်း တွန့်ဆုတ်နေသင့်တယ်၊ အဲ့လိုမှမဟုတ်လည်း နည်းနည်းလောက် ထပ်ပေးဖို့ သူ့ကို တောင်းဆိုလိုက်ပါလား။ အဲ့တာဆို အဲ့နည်းနဲ့ မင်း ကံအကြီးကြီး ကောင်းသွားမှာ။"

မင်ချင်းယွိက သူ့ကို နှာခေါင်းရှုတ်ကာ မျက်စောင်းထိုးလိုက်ပြီး 'တော်တော် အရှက်မဲ့တဲ့သူ!'

အဲ့နောက်မှာတော့ သူတို့နှစ်ယောက် နန်းတော်ထဲ နားနေဆောင်မှာ သွားရောက်နားနေကြစဉ်မှာပဲ ဦးလေးဖြူနှင့် ရေခဲချီလင်တို့ကတော့ လဟာပြင်စကြ်ာဝဠာမှာ အချင်းချင်း တိုက်ခိုက်နေကြသည်မှာ နေ့နေ့ညည သုံးရက်တိုက်ခဲ့ပြီဖြစ်သည်။ နောက်ဆုံးတော့ ကောင်းကင်ဘုံမင်းသမီး၏ နှစ်တစ်ရာပြည့် မွေးနေ့ရောက်လာတော့မည်မို့ သူတို့ တိုက်ခိုက်နေခြင်းမှ ရပ်လိုက်ကြတော့သည်။ ရေခဲချီလင်က ဖုန့်ရှီ၏ မိစ္ဆာသားရဲဖြစ်သည်မို့ ဖုန့်ရှီနှင့် လိုက်သွားရမည်ဖြစ်သည်။ သူက ဦးလေးဖြူနှင့် ထပ်တိုက်ဦးမည်ဟု ပြောသော်လည်း ဦးလေးဖြူ၏ လျစ်လျူရှုခြင်းကိုသာ ခံလိုက်ရပြီး သူ့ထံမှ ရေခဲနှင့်မီး နန်နွယ်ဘူးပြားက ဦးလေးဖြူယူဆောင်သွားခြင်းကို ခံလိုက်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့ ကောင်းကင်ဘုံသို့ ခရီးထွက်ရန် ငရဲပြည်မှ ထွက်ခွါသွားကြလေတော့သည်။

20230812; 1012
Stay tuned for the next chapter:
Chapter 200: They were Embarrassed

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၉၉။ မင္ခ်င္းယြိ အလွည့္စားခံလိုက္ရသည္

"မင္ခ်င္းယြိ? တကယ္ကို မင္းပဲ!"

ဖုန့္ရွီက သူေရာက္လာတာကို ေတြ႕လိုက္ရေတာ့ အရမ္းဝမ္းသာသြား၏။ အရင္တုန္းက သူတို႔ႏွစ္ေယာက္ၾကား ပြတ္တိုက္မွုေလးေတြ (ကေတာက္ကဆေလးေတြ)ကို သူ ဂ႐ုမစိုက္ေပ။ ထို႔အျပင္ ေက်ာ္ကစိမ္းျပာမိသားစုပိုင္ ေတာင္၏ အေနာက္တြင္ ေတြ႕ၾကတုန္းက မင္ခ်င္းယြိက သူ႔ကို ကယ္တင္ခဲ့သည္။ သူ ေနာက္ဆုံး ထြက္သြားတုန္းက ဖုန့္ရွီ ေနာင္တရသြားမိသည္။

ဒါေပမယ့္ မင္ခ်င္းယြိက သိပ္မဟန္သည့္ပုံ။ ဖုန့္ရွီ သူ႔ထံ ေျပးလာတာကိုျမင္ေတာ့ သူ ကိုယ္ကို အနည္းငယ္ေလးပဲ ကုန္း(ရို႔)လိုက္ေပမဲ့ ေခ်ာေမာသည့္မ်က္ႏွာထက္ဝယ္ေတာ့ ေအးစက္မွုအရိပ္အေငြ႕တို႔က ရွိေနဆဲပင္၊ အထူးသျဖင့္ ယင္းမ်န္ကို ၾကည့္သည့္အခါတြင္ သူ႔မ်က္လုံးမ်ားထဲ ေဒါသမီး ေတာက္ေလာင္ေနသည့္ႏွယ္။

"မင္း အဆင္ေျပရဲ့လား?" ဖုန႔္ရွီက မင္ခ်င္းယြိ၏ ေၾကာက္စရာေကာင္းေသာ အၾကည့္ကို ျမင္လိုက္ရေသာအခါ ခ်က္ခ်င္းပဲ အေပ်ာ္သေဘာျဖင့္ ေမးလိုက္သည္။

"ငါအဆင္ေျပပါတယ္။" မင္ခ်င္းယြိသည္ ဖုန့္ရွီကို ရန္သူအျဖစ္ ဆက္ဆံခဲ့ဖူးေသာ္လည္း ထိုခံစားခ်က္တို႔ကို ေက်ာ္လႊားသြားနိုင္ၿပီးကတည္းက ဖုန့္ရွီအေပၚ ရန္လိုမွု မရွိေတာ့ေခ်။ ေမၽွာ္လင့္ခ်က္မရွိေတာ့မွန္း သူသိေသာ္လည္း အျခားသူမ်ားကဲ့သို႔ သူ႔ကို ေႏွာင့္ယွက္မည္မဟုတ္ပါ။ ထိုအစား သူ၏ က်င့္ႀကံဆင့္ကို ျမႇင့္တင္ဖို႔သာ အစြမ္းကုန္ ႀကိဳးစားခဲ့သည္။ ထို႔ေၾကာင့္ ဖုန့္ရွီ သူ႔အတြက္ စိုးရိမ္မွုျပသည္ကို ျမင္ေသာအခါ ေတာင့္တင္းေနေသာ သူ႔ႏွုတ္ခမ္းေထာင့္တို႔က အျပဳံးတစ္ပြင့္ ျပဳလုပ္ရန္အတြက္ အနည္းငယ္ မလွုပ္ရွားသြားဘဲ မေနနိုင္ေတာ့ေပ။ ကံမေကာင္းစြာႏွင့္ပဲ သူျပဳံးဖို႔ရန္က်ရွုံးခဲ့တာေၾကာင့္ သူ႔မ်က္ႏွာက ကို႔ယို႔ကားယား ျဖစ္သြားပုံရသည္။

ဖုန့္ရွီက သူ႔မ်က္လုံးေတြကို လွိမ့္လိုက္ၿပီး "မင္းက ဘာလို႔ ဒီလူနဲ႔ တူတူရွိေနတာလဲ?"

မင္ခ်င္းယြိိ၏ မ်က္လုံးမ်ားက မွုန္မွိုင္းသြားေသာ္လည္း ေမးခြန္းကို သူေျဖလိုက္ေသးသည္၊ "ငါက သူနဲ႔ ေလာင္းေၾကးတစ္ခုထပ္ခဲ့ေပမယ့္ ရွုံးသြားခဲ့တာေၾကာင့္ သူ႔ရဲ့အေစခံအျဖစ္ ငါးလေလာက္ေနရမွာ"

သူအရမ္းေဒါသထြက္ေနပုံရကာ အံႀကိတ္ၿပီး ျပန္ေျဖလိုက္တာကိုျမင္ေတာ့ ဖုန့္ရွီက တစ္စုံတစ္ခုကို ေတြးမိသြားၿပီး၊ "သူက မင္းကို လိမ္ညာလိုက္တာေၾကာင့္ မင္းက အေလာင္းအစားမွာ ရွုံးသြားခဲ့တာ၊ ဟုတ္တယ္ဟုတ္?"

"ဘယ္လိုသိတာလဲ?" မင္ခ်င္းယြိက သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။ ဖုန႔္ရွီ၏ မ်က္လုံးမ်ား တလက္လက္ ျဖစ္ေနသည္ကို ျမင္လိုက္ရေတာ့မွ သူ ခပ္ျမန္ျမန္ ျပန္တုံ႔ျပန္လိုက္မိသည့္အတြက္ ေနာင္တရသြားရကာ ႐ုတ္ခ်ည္းပဲ မ်က္လႊာခ်လိုက္ေတာ့သည္။ လူငယ္ေလးက သူ႔ရဲ့ ကိုယ္ေရးကိုယ္တာကိစၥရပ္ေတြကို စိတ္ဝင္စားေနမွန္း သူသိသည္၊ ဒါေပမဲ့ သူ ေထာင္ေခ်ာက္ထဲသို႔ ျဖားေယာင္းခံက်ေရာက္သြားခဲ့ရသည့္အခ်ိန္မွစၿပီး သူ ခံစားလြယ္လာရကာ ထိုသို႔ျဖစ္ျခင္းက ေကာင္းေသာလကၡဏာမဟုတ္မွန္းေတာ့ သူလည္း သေဘာေပါက္သည္။

ဖုန့္ရွီက အႀကီးတစ္ေယာက္လိုမ်ိဳး တုပၿပီး သူ႔ကို ႏွစ္သိမ့္ေပးဖို႔ ပုခုံးကို ပုတ္လိုက္ကာ "အရွုံးနဲ႔ အနိုင္က စစ္သူႀကီးတစ္ေယာက္အတြက္ သာမာန္ျဖစ္ရိုးျဖစ္စဥ္ပါပဲ။ သိပ္ႀကီး ဂ႐ုမစိုက္နဲ႔။ မင္း သူ႔ကို ျပန္လိမ္ညာၿပီး ေနာက္တစ္ႀကိမ္ နိုင္ေအာင္လုပ္နိုင္တယ္ေလ၊ ဒါမွမဟုတ္ ငါမင္းကို ကူေပးရမလား?"

မင္ခ်င္းယြိက ဆိတ္ဆိတ္ေနခဲ့သည္။ ဖုန့္ရွီက သူ႔ကို ကူညီေပးခ်င္တယ္ဆိုရင္ေတာင္မွ သူကေတာ့ ယင္းမ်န္အေရွ႕မွာ ေျပာမည္မဟုတ္။

ယင္းမ်န္သည္ ဖုန့္ရွီ၏ စကားတို႔ကို လုံးဝ သတိမမူမိသလိုမ်ိဳး ေတာက္ပေသာ အျပဳံးျဖင့္ သူတို႔အနားတြင္ ရပ္ေနေလသည္။ ျပဳလဲကြဲအက္ေနေသာ မင္ခ်င္းယြိကို စူးစူးရဲရဲ နီျမန္းေနေသာ မ်က္လုံးအစုံျဖင့္ သူ စိုက္ၾကည့္ေန၏။ သူ႔မ်က္လုံးထဲတြင္ အျခားအရာတစ္ခုခု ရွိေနပုံရေသာ္လည္း မင္ခ်င္းယြိက မ်က္ႏွာငုံ႔ထားသည့္အတြက္ သတိမျပဳမိလိုက္ေခ်။

ငရဲမင္းႀကီး၏ မ်က္ခုံးအစုံက တြန့္သြားၿပီး ယခုက ေႏြဥိးရာသီျဖစ္သည့္ မတ္လသို႔ ေရာက္ၿပီဆိုသည္ကို သတိရသြားေတာ့သည္။

ယင္းမ်န္သည္ ကုလားထိုင္ႏွစ္လုံးကို ဆြဲယူလိုက္ၿပီး တုံ႔ဆိုင္းေနသည့္ မင္ခ်င္းယြိကို ထိုင္ခုံေပၚ ဆြဲထိုင္ခိုင္းလိုက္သည္။ သူက ေပါ့ေပါ့ပါးပါးေလထုျဖစ္ရန္ အားထုတ္လိုက္ၿပီး သူ႔ကိုယ္ဟန္အေနအထားေတာင္မွ ခပ္ေပါ့ေပါ့ပါးပါး ျဖစ္ေနပုံရသည္။ ေတာက္ပေနေသာ အနီေရာင္ဆံပင္မ်ားက သူ၏ ထက္ျမက္ၿပီး ႏွစ္လိုဖြယ္ျဖစ္မွုကို အေလးေပးေနေသာ္ျငား ဤေနရာတြင္ေတာ့ မည္သူမၽွ အသိအမွတ္ျပဳ မခ်ီးမြမ္းၾကေသးပါ။

"ငါ့ကို ဒီအခ်ိန္ႀကီး ဒီကို ေခၚလိုက္တာက မင္း အေဝးသြားေနတုန္း တေစၧေလာက၊ အပေလာကနဲ႔ ငရဲျပည္ကို ဂ႐ုစိုက္ေပးေစခ်င္လို႔မွတ္လား? စိတ္မပူပါနဲ႔၊ မင္းကို ကတိေပးခဲ့တဲ့အတိုင္း ငါ့ၿပီးေျမာက္ေအာင္ လုပ္ေပးမယ္။ အိုး၊ ငါ မင္းအတြက္ သတင္းအခ်ိဳ႕ ပါလာေသးတယ္။ မင္း သီနိုမိသားစုကို မေမ့ေသးဘူးလို႔ေတာ့ ငါယုံတယ္။ ခ်င္းထ်န္လို႔ေခၚတဲ့ သီနိုမိသားစုေခါင္းေဆာင္က အလယ္ပိုင္းေဒသက နတ္ဘုရားမိစၧာေမၽွာ္စင္ဆီ ထြက္သြားခဲ့ၿပီး ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးထဲ ဝင္ေရာက္ဖို႔ အရည္အခ်င္းအတြက္ တရားဝင္ သြားေလၽွာက္ထားခဲ့တယ္၊ သေဘာကေတာ့..."

"အဲဒါက မင္းကို ထုတ္ပယ္လိုက္ၿပီလို႔ ဆိုလိုတာ" ဟု ငရဲမင္းႀကီးက သူ႔ကိုယ္စား တည္ၿငိမ္စြာ ေျပာလိုက္၏။

ယင္းမ်န္က ရီလိုက္ကာ၊ "အဲလို မေျပာနဲ႔။ ငါက အစကတည္းက အဲ့ရာထူးကို စိတ္ကိုမဝင္စားတာ။ ငါ အထုတ္ခံရသည္ျဖစ္ေစ၊ မခံရသည္ျဖစ္ေစ ကိစၥမရွိဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့တာက လူအိုႀကီးေတြတစ္စုက ေတြ႕ဆုံၾကၿပီး ေဆြးေႏြးၾကတာပဲေလ။ အရိုးသားဆုံးေျပာရရင္ အရမ္းနားညီးၿပီး ၿငီးေငြ႕စရာႀကီးလို႔ ထင္တယ္"

မင္ခ်င္းယြိက တုံ႔ျပန္ဖို႔ ႀကိဳးစားခ်င္ခဲ့ေသာ္ျငား သူက နန္းေတာ္ထဲမွာ ထိုင္ေနတာျဖစ္ျခင္းေၾကာင့္ သူ႔လၽွာသူကိုက္ေန႐ုံသာ တတ္နိုင္ေတာ့သည္။

အျပဳံးတို႔ ေမွးမွိန္မသြားေသာ ယင္းမ်န္သည္ မင္ခ်င္းယြိ၏စိတ္ကို ဖတ္မိလိုက္သလိုမ်ိဳး သူ႔ကို လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ မင္ခ်င္းယြိက သူ႔ကို အၾကည့္တစ္ခ်က္ေတာင္ မေပးဘဲ နံရံဆီသို႔သာ တိုက္ရိုက္ မ်က္ႏွာမူလိုက္သည္။

"မင္းကိုယ္၌ကိုက ဆူညံပူညံလုပ္သူေတြရဲ့ ကိုယ္စားလွယ္ပဲ" ဟု ငရဲမင္းႀကီးက ေအးစက္စက္ ေထာက္ျပလိုက္သည္။

ေပါက္ပန္းေလးဆယ္ ေလၽွာက္ေျပာေနလ်က္ႏွင့္ပင္ ယင္မ်န္းကေတာ့ သူအေျပာခံရသည့္အေပၚ အရွက္ရမွု မရွိဘဲ၊ "ဟုတ္ပါၿပီ၊ ငါ့မွာ အမွားေတြနဲ႔ခ်ည္း ျပည့္ေနတာကို ငါသိပါတယ္။ ငါ့လိုလူက ပ်င္းစရာေကာင္းတဲ့အရာေတြကို မလုပ္နိုင္ဘူး၊ ဒါေပမဲ့ သီနိုမိသားစုက ခ်င္းထ်န္ကေရာ? သူ႔ကို ႀကိဳးလြတ္ေနတဲ့ ႏြားသိုးလို ေလၽွာက္ေျပးခြင့္ ေပးထားေတာ့မလို႔လား? အဲ့လူက အရမ္း တြက္တတ္ခ်က္တတ္တယ္လို႔ ငါေတာ့ ထင္တယ္၊ ၿပီးေတာ့ သူက အရမ္းလည္း စိတ္ရွည္တယ္"

"သီနိုမိသားစုကသူတစ္ေယာက္ပါပဲ" ငရဲမင္းႀကီးက ထိုမိသားစုကို လုံးဝကို ဂ႐ုမစိုက္မွန္း သိသာစြာ ျပလိုက္သည္။

ယင္းမ်န္က သူ႔မ်က္လုံးေၾကာေတြကို ၾကဳံ႕လိုက္ကာ "သီနိုမိသားစုက မင္းအတြက္ မေျပာပေလာက္မွန္း ငါသိပါတယ္၊ ဒါေပမယ့္ အခု မင္းေရွ႕မွာ ယွဥ္လို႔မရတဲ့ အခြင့္အေရးတစ္ခု ရွိေနတယ္။ မင္းမဆုပ္ကိုင္ထားရင္ မင္း ကိုယ့္ကိုကိုယ္ သနားသြားရလိမ့္မယ္။ မင္းမွာ ဘာရည္မွန္းခ်က္မွ မရွိဘူးဆိုတာ ငါသိပါတယ္၊ တျခားသူေတြထက္ မင္းလက္ထဲမွာ တစ္ခုခုကို ကိုင္ထားရင္ေတာ့ ပိုေကာင္းတာေပါ့၊ အခု ဖုန့္ယြင္က ေထာက္ခံေပးနိုင္မယ့္အခြင့္အေရးတစ္ခု ရွိၿပီ၊ ဒါေပမဲ့ သူတို႔မွာက သင့္ေတာ္တဲ့ အဆိုတင္သြင္းသင့္တဲ့သူ ရွိမေနဘူး။ မင္း အဲ့ဒီ့ကို မင္းလိုရာဆြဲနိုင္မယ့္ လက္ေအာက္ငယ္သားတစ္ေယာက္ေယာက္ ပို႔လိုက္႐ုံနဲ႔ကို ခ်င္းထ်န္လိုမ်ိဳး ဘာမွမဟုတ္တဲ့သူတစ္ေယာက္က ၿပိဳင္ဘက္ကို ဟုတ္မေနမွာ။"

ငရဲမင္းႀကီးက သူ႔ကို ၾကည့္ေနရာမွေန သလင္းေက်ာက္စားပြဲေပၚ အၾကည့္ေျပာင္းလိုက္ၿပီး "ငါသိၿပီ"

ယင္းမ်န္က ျပဳံးလိုက္သည္။ ငရဲမင္းႀကီးကို သူ သိမ္းသြင္းနိုင္လိုက္ၿပီမွန္း သူသိသည္။ အမွန္ေတာ့၊ သူ႔အခ်စ္ကေလးနဲ႔ပတ္သက္တဲ့ တစ္ခုခုကို အရိပ္အႁမြက္မေျပာခဲ့ဘူးဆိုရင္ သူ႔ကို သိမ္းသြင္းနိုင္မည္မဟုတ္။

"စကားမစပ္ ဦးေလးျဖဴ ဘယ္မွာလဲ" ယင္းမ်န္က ဒီမွာထိုင္ေနတာၾကာေနၿပီျဖစ္ေပမယ့္ ဦးေလးျဖဴကို မေတြ႕ရေသးတာေၾကာင့္ ထူးဆန္းသလို မခံစားရဘဲ မေနနိုင္ေတာ့ေခ်။ သူ ဒီကိုေရာက္တိုင္း ဦးေလးျဖဴက အေမႊးတိုင္တစ္တိုင္စာထြန္းခ်ိန္ေလာက္အတြင္းမွာပဲကို သူ႔ေရွ႕ေပၚလာမွာျဖစ္သည္။ အဲ့ေနာက္ ဦးေလးျဖဴက သူ႔ကို ယဥ္ေက်းစြာနဲ႔ကို ႀကိဳဆိုမွာျဖစ္သည္၊ မဟုတ္ေသးဘူး၊ တကယ္ေတာ့ အေတာ္ႀကီးကို ယဥ္ေက်းလြန္းၿပီး မရင္းမႏွီးျဖစ္ရေလာက္ေအာင္ကို ႀကိဳဆိုမွာျဖစ္သည္။

ဖုန့္ရွီက "ဦးေလးျဖဴက ေရခဲေလးနဲ႔ တိုက္ခိုက္ေနၿပီ" လို႔ ျပန္ေျဖလိုက္သည္။

"တိုက္ခိုက္ေနတယ္? ေရခဲေလးက ဘယ္သူတုန္း?" သူ႔စကားၾကားေတာ့ ယင္းမ်န္ ခ်က္ခ်င္းပဲ အံ့အားသင့္သြားရသည္။ 'အဲဒီအဘိုးႀကီးက တျခားတစ္ေယာက္နဲ႔ တိုက္ခိုက္ေနတယ္! အဲဒါ တကယ္ကို ရွားပါတာပဲ!'

ဖုန့္ရွီက သူ႔ကို ဘာမွမထူးျခားဟန္ အၾကည့္တစ္ခ်က္ေပးလိုက္ကာ "ေရခဲေလးက ေရခဲေလးပဲ၊ ငါတို႔ဖုန့္မိသားစုရဲ့ ႀကီးျမတ္တဲ့ စစ္သူႀကီးတစ္ေယာက္"

ယင္းမ်န္က ႐ုတ္တရက္ ျပဳံးလိုက္ကာ၊ 'ဖုန့္မိသားစုဆိုတာ ဘာလဲ? ငါဘာလို႔ အရင္က မၾကားဖူးရတာလဲ။ ၿပီးေတာ့ အခု ငါ့မ်က္လုံးေတြသာ မညာဘူးဆိုရင္ အဲ့ေသာက္ကေလးရဲ့မ်က္ႏွာေပၚက မထီမဲ့ျမင္အမူအယာႀကီး ငါျမင္လိုက္ရသလိုပဲ။ ေရခဲေလး ဘယ္သူမွန္းမသိတာက အဲ့ေလာက္ႀကီးေတာင္ ေခတ္ေနာက္က်သြားေနလို႔လား?'

"ငါမင္းကိုေျပာျပရင္ေတာင္ မင္းနားလည္မွာမဟုတ္ဘူး" ဖုန့္ရွီက သူ႔ကိုရွင္းျပဖို႔ စိတ္ကူးရွိမေနမွန္း သိသာသည္။ ထို႔ေၾကာင့္ သူက ေပါ့ေပါ့တန္တန္ပဲ စကားတစ္ခြန္းေျပာၿပီး သူ႔ကို လ်စ္လ်ဴရွုလိုက္သည္။

ယင္းမ်န္က မူလတုန္းက 'မင္း မေျပာရင္ ငါဘယ္လိုလုပ္ နားလည္မွာလဲ' လို႔ ေျပာလိုက္ခ်င္ေပမယ့္ ေတြးၾကည့္လိုက္ေတာ့ သူျပန္ရမယ့္ အေျဖက သိပ္ၿပီး ေက်နပ္စရာ မဟုတ္ေလာက္ဘူးလို႔ ခံစားလိုက္ရေတာ့ ပါးစပ္ပဲပိတ္လိုက္ၿပီး မေမးေတာ့ေခ်။ ဘာပဲျဖစ္ျဖစ္ သူတို႔ တိုက္ပြဲၿပီးသြားလို႔ ျပန္လာၾကရင္ အဲ့ဒီ့ 'ေရခဲေလး' ကို သူေတြ႕ရမွာပဲေလ။

ဖုန့္ရွီက ယင္းမ်န္ကို အရွက္ရေအာင္ လုပ္လိုက္နိုင္တာကို ျမင္ေတာ့ မင္ခ်င္းယြိ ေက်နပ္သြားရသည္။

"ဦးေလးျဖဴက ဒီမွာမရွိဘူးဆိုေတာ့ ငါတို႔ဘာသာ ငါတို႔ပဲ ဧည့္ခန္းထဲ ကိုယ္တိုင္သြားလိုက္ေတာ့မယ္။ မင္း ငါတို႔ကို ဧည့္ခံစရာ မလိုဘူး" ယင္းမ်န္က သူ႔လက္ကို ေဝွ႕ယမ္းၿပီး နားဖို႔ ေနရာရွာမလို႔ ေျခလွမ္း ႏွစ္လွမ္းေလာက္ လွမ္းလိုက္႐ုံရွိေသး မင္ခ်င္းယြိက သူ႔ေနာက္ လိုက္မလာတာကို သူ ေတြ႕လိုက္ရတာေၾကာင့္ ခ်က္ခ်င္းပဲ ရပ္လိုက္ၿပီး လွည့္ၾကည့္လိုက္ကာ၊ "ငါနဲ႔ ဘာလို႔ လိုက္မလာတာလဲ? မင္းေက်ာက ခုံနဲ႔ ကပ္ေနလို႔လား?"

မင္ခ်င္းယြိက သူဘယ္ေတာ့မွ ခ်ိဳခ်ိဳသာသာစကားမ်ိဳး မေျပာနိုင္ဘူးဆိုတာကို သိသည့္အတြက္ က်င့္သားရေနၿပီျဖစ္သည္။ သူက ဖုန့္ရွီကို ၾကည့္လိုက္ခ်ိန္မွာေတာ့ ဖုန့္ရွီက စိတ္ကူးတစ္ခုရသြားပုံရကာ သူ႔ကို ခ်က္ခ်င္းပဲ ျပဳံးျပလာသည္။

ဖုန့္ရွီက "မင္ခ်င္းယြိကို ေျပာစရာရွိေသးလို႔၊ ခင္မ်ား အရင္သြားႏွင့္လိုက္!"

ယင္းမ်န္က သူ႔ေရွ႕ထားၿပီး ဖုန့္ရွီနဲ႔ မင္ခ်င္းယြိတို႔ အျပဳံးခ်င္းဖလွယ္ၿပီး မ်က္လုံးခ်င္း စကားေျပာေနတာကို မျမင္ဘဲ ဘယ္ေနမည္နည္း? သူ႔အျပဳံးတို႔ ခ်က္ခ်င္းပဲ က်ယ္ျပန့္သြားကာ၊ "ငါ အလ်င္လိုမေနဘူးဆိုတာကို ခ်က္ခ်င္းပဲ သတိရသြားတယ္။ ေအးေဆးလုပ္ပါ၊ ငါ ေစာင့္နိုင္ပါတယ္။" သူသာ ႀကိဳသိခဲ့မယ္ဆိုရင္ မင္ခ်င္းယြိကို သူ ေခၚမလာပါဘူး။ သူတို႔ေတြက အခ်င္းခ်င္း သိေနၾက႐ုံတင္မကဘူး၊ အရမ္းလည္း ရင္းႏွီးေနၾကတာပဲ။ ေခၚလာမိတာ အေတာ္ႀကီး ပညာမဲ့တဲ့ အကြက္ပဲ!

မင္ခ်င္းယြိက ေအးစက္စက္ႏွင့္ ျပန္ေျပာလိုက္သည္၊ "ဘယ္သူ႔ဂ႐ုစိုက္လို႔"

ယင္းမ်န္က သည္ေလာက္ေသးငယ္သည့္ ထိုးႏွက္ခ်က္ေလာက္ေတာ့ မ်က္ေတာင္ေတာင္ မလွုပ္ဘူးဆိုတာ သိသည့္အတြက္ မင္ခ်င္းယြိေျပာလာတာကို ၾကားေသာအခါ လုံးလုံးႀကီးကို မအံ့ဩသြားေပ။ ဒါေပမဲ့ ဖုန့္ရွီကေတာ့ ယင္းမ်န္ကို တအံ့တဩႏွင့္ ၾကည့္လိုက္ၿပီး တစ္ခုခုကို ေတြးေနသလိုမ်ိဳး အစုန္အဆန္ အကဲခတ္လိုက္သည္။

ယင္းမ်န္က ျပဳံးလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူက ေျပာင္ေျပာင္တင္းတင္း အလွည့္စားခံခဲ့လိုက္ရၿပီးၿပီေလ၊၊ သူ ဖုန့္ရွီသေဘာက်လာေအာင္ လုပ္လာနိုင္မည္ဆိုသ၍ ဘယ္နည္းလမ္းပဲ သုံးရသုံးရ သူ ဂ႐ုစိုက္မည္မဟုတ္။ အလွတရားက ဘယ္ေလာက္ေအးစက္ၿပီး ၾကမ္းတမ္းေနပါေစ ဇြဲနပဲနဲ႔ကို ႏူးညံ့သိမ္ေမြ႕လာေအာင္ ေျပာင္းလဲပစ္ရမည္။ ဘာပဲျဖစ္ျဖစ္ သူ႔မွာ အခ်ိန္ေတြ အမ်ားႀကီးရွိသည္ေလ။ တစ္ရက္အတြင္း မေအာင္ျမင္နိုင္ရင္ တစ္လ၊ အဲ့ဒါမွ မေအာင္ျမင္ေသးရင္ တစ္ႏွစ္ေက်ာ္ၾကာေအာင္ သူ လုပ္သြားမွာ။ အကယ္၍ မေအာင္ျမင္ေသးပါက ေအာင္နိုင္မွုတစ္ခုျပဳလုပ္ရန္ ရာစုႏွစ္တစ္ခုၾကာမွဆိုလည္း အဆင္ေျပသည္။ တစ္ေန႔ေန႔ သူေအာင္ျမင္လာလိမ့္မည္!
(MM T/N: ေရးရင္းနဲ႔ပဲ ဖတ္တာမို႔ ဒီနား ဇာတ္ကြက္က ဘာလွည့္ကြက္ရွိေနလည္း ကိုယ္သိပ္နားမလည္ဘူး)

ဖုန႔္ရွီက မင္ခ်င္းယြိထံ ေလၽွာက္သြားလိုက္ကာ သူ႔အား ကမၻာ့သစ္သီးတစ္လုံး ေပးလိုက္ၿပီး "ဒါက မင္းအတြက္ပဲ၊ ေနာက္ဆုံးအႀကိမ္တုန္းက မင္းငါ့ကို ကယ္တင္ခဲ့ေပမဲ့ ငါ မင္းကို ေက်းဇူးမတင္ရေသးဘူး!"

မင္ခ်င္းယြိက ဖုန့္ရွီ သူ႔ကို ေက်းဇူးတင္လာမည္ဟု မေမၽွာ္လင့္ထားခဲ့သည့္အတြက္ သူ ျငင္းေတာ့မည့္အခ်ိန္မွာပဲ ယင္းမ်န္၏ အသံကို ၾကားလိုက္ရသည္၊ "ဝိုး၊ ဒါက ကမၻာ့သစ္ပင္အစစ္ကေန ခူးလာတဲ့ ကမၻာ့သစ္သီးပဲ၊ အဲ့အသီးကို စားရင္ ေဘးထြက္ဆိုးက်ိဳးေတြ မရွိဘဲ က်င့္ႀကံဆင့္ကို တက္သြားေစနိုင္တယ္လို႔ ေျပာၾကတယ္။ မင္းရဲ့ လက္ရွိခြန္အားနဲ႔ဆို မင္း အဲ့ဒါကို စားၿပီး က်င့္ႀကံလိုက္ရင္ နတ္ဘုရားေခါင္ခ်ဳပ္ ၾကယ္ငါးပြင့္အဆင့္ကို တန္းေရာက္သြားနိုင္တယ္။"

သူ႔စကားေၾကာင့္ မင္ခ်င္းယြိ  ခ်က္ျခင္း တုံ႔ဆိုင္းသြားရေတာ့သည္။ အမွန္ေတာ့ ကမၻာ့သစ္သီး တည္ရွိမွုကို သူ ၾကားဖူးေသာ္လည္း ၎ကို တစ္ခါမွ မျမင္ဖူးေပ။ ဒါေပမဲ့လည္း သူ႔ကို လုံးလုံးႀကီး သေဘာက်သြားေစတာကေတာ့ ယင္းမ်န္၏ ေနာက္ဆုံးစကားပဲျဖစ္သည္။ သူ၏လက္ရွိအဆင့္က နတ္ဘုရားေခါင္ခ်ဳပ္ ၾကယ္ႏွစ္ပြင့္အဆင့္ ျဖစ္ေသာေၾကာင့္ ၾကယ္သုံးပြင့္ခုန္သြားဖို႔ဆို သူ႔ကို အေတာ္ႀကီး အခ်ိန္ကုန္သက္သာသြားေစမည္သာ။ ဒါေပမဲ့ သူက သူတပါးရဲ့ပစၥည္းကို ဘာအေၾကာင္းျပခ်က္မွ မရွိဘဲ မယူခ်င္သူတစ္ေယာက္ျဖစ္သည့္အျပင္ အလြန့္အလြန္ကို အဖိုးထိုက္တန္သည့္ ကမၻာ့သစ္သီးတစ္လုံးလည္း ျဖစ္ေနသည္မို႔ သူ လက္မခံသင့္။ ထို႔အျပင္ ေနာက္ဆုံးအေခါက္တုန္းက ဖုန့္ရွီကို သူ ကယ္ခဲ့တာကလည္း ဖုန့္ရွီအေပၚ သူ အပစ္က်ဴးလြန္မိသလို ခံစားရလို႔သာျဖစ္သည္။ သူ႔အကူအညီက ဖုန့္ရွီ၏ ေက်းဇူးတင္မွုႏွင့္ ထိုက္တန္မေနေပ။

ဖုန့္ရွီက သစ္သီးတစ္လုံးက အရမ္းႀကီး ေသးႏုပ္ေနသလို ခံစားရတာေၾကာင့္ လက္စြပ္ထဲမွ ေနာက္တစ္လုံးကို ထုတ္ယူလိုက္ၿပီး သူ႔လက္ထဲသို႔ ထည့္လာေပးသည္အထိ မင္ခ်င္းယြိ စိတ္ရွုပ္ေထြးေနဆဲျဖစ္သည္။

ယင္းမ်န္ေတာင္မွ ထိုအေျခအေနအေပၚ အံ့အားတသင့္ ျဖစ္သြားရ၏။

မင္ခ်င္းယြိက သူ႔လက္ထဲမွ ကမၻာ့သစ္သီး ႏွစ္လုံးကို ၾကည့္လိုက္ၿပီး သူ႔အမူအယာက အလြန္အမင္း ရွုပ္ေထြးသြားဟန္ေပါက္သြားေတာ့သည္။ သူက ခဏေလးပဲ တုံ႔ဆိုင္းသြားခဲ့တာေပမဲ့ အဲ့တာက အရမ္းေသးႏုပ္တယ္လို႔ ေတြးေနလို႔မဟုတ္ဘူးေလ။

ယင္းမ်န္က သူ႔အေတြးကို ဖတ္မိသြားဟန္တူကာ သူ႔ကို ေလွာင္ျပဳံးတစ္ပြင့္ႏွင့္အတူ စိတ္တြင္းကေန အသံပို႔လႊတ္ၿပီး လ်ိဳ႕ဝွက္စြာ ေျပာလိုက္သည္၊ "သူ အဲ့ေလာက္ ရက္ေရာမယ္လို႔ ငါ ထင္မထားဘူး။ ငါ့အျမင္အရကေတာ့ မင္း တြန႔္ဆုတ္ေနသင့္တယ္၊ အဲ့လိုမွမဟုတ္လည္း နည္းနည္းေလာက္ ထပ္ေပးဖို႔ သူ႔ကို ေတာင္းဆိုလိုက္ပါလား။ အဲ့တာဆို အဲ့နည္းနဲ႔ မင္း ကံအႀကီးႀကီး ေကာင္းသြားမွာ။"

မင္ခ်င္းယြိက သူ႔ကို ႏွာေခါင္းရွုတ္ကာ မ်က္ေစာင္းထိုးလိုက္ၿပီး 'ေတာ္ေတာ္ အရွက္မဲ့တဲ့သူ!'

အဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ နန္းေတာ္ထဲ နားေနေဆာင္မွာ သြားေရာက္နားေနၾကစဥ္မွာပဲ ဦးေလးျဖဴႏွင့္ ေရခဲခ်ီလင္တို႔ကေတာ့ လဟာျပင္စၾက္ာဝဠာမွာ အခ်င္းခ်င္း တိုက္ခိုက္ေနၾကသည္မွာ ေန႔ေန႔ညည သုံးရက္တိုက္ခဲ့ၿပီျဖစ္သည္။ ေနာက္ဆုံးေတာ့ ေကာင္းကင္ဘုံမင္းသမီး၏ ႏွစ္တစ္ရာျပည့္ ေမြးေန႔ေရာက္လာေတာ့မည္မို႔ သူတို႔ တိုက္ခိုက္ေနျခင္းမွ ရပ္လိုက္ၾကေတာ့သည္။ ေရခဲခ်ီလင္က ဖုန႔္ရွီ၏ မိစၧာသားရဲျဖစ္သည္မို႔ ဖုန့္ရွီႏွင့္ လိုက္သြားရမည္ျဖစ္သည္။ သူက ဦးေလးျဖဴႏွင့္ ထပ္တိုက္ဦးမည္ဟု ေျပာေသာ္လည္း ဦးေလးျဖဴ၏ လ်စ္လ်ဴရွုျခင္းကိုသာ ခံလိုက္ရၿပီး သူ႔ထံမွ ေရခဲႏွင့္မီး နန္ႏြယ္ဘူးျပားက ဦးေလးျဖဴယူေဆာင္သြားျခင္းကို ခံလိုက္ရသည္။

ရက္အနည္းငယ္ၾကာၿပီးေနာက္ ဖုန့္ရွီႏွင့္ ငရဲမင္းႀကီးတို႔ ေကာင္းကင္ဘုံသို႔ ခရီးထြက္ရန္ ငရဲျပည္မွ ထြက္ခြါသြားၾကေလေတာ့သည္။

20230812; 1012
Stay tuned for the next chapter:
Chapter 200: They were Embarrassed

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

Pokračovat ve čtení

Mohlo by se ti líbit

1.6M 108K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
116K 3.3K 23
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
18.2K 1.6K 38
Book 1 ကို wall ထဲမှာကြည့်ပါရန်။ 201 ကနေစပြီးတင်ပါ့မယ်ရှင့်။
1.2K 174 5
පෙම් පූජාසනේ මේ ඔබේ...... ආදර මල් වැල් තබා..... ඇයි පලිගන්න හිත වියරුවෙන්.... මිරිගුවක් සේ තැන තැනා..... ...