လူဆိုးကောင် (completed)

By AyeMon687

126K 9K 987

ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ More

🤍အပိုင်းတစ်🤍
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းငါး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းရှစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်နှစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍

အချပ်ပိုနှစ်🤎

4.6K 218 4
By AyeMon687

( UNICODE )

( အချပ်ပိုနှစ် )

ေမာင်က မောင့်ဂျီမင်ကိုဆို တစ်ပတ်မှာခုနစ်ရက်လုံး ချစ်ချင်နေတဲ့လူမျိုး...။မဟုတ်သေးဘူး ရှစ်ရက်လောက်ကို ချစ်ပစ်ချင်နေတာ။မောင့်ဂျီမင်ကို ကြောက်လို့သာ မောင်လိမ္မာပေးနေရတာကို ဂျီမင်အား မောင်သိစေချင်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဘိုးဘွားပိုင်လုပ်ငန်းတစ်ချို့ကို မောင်ကိုယ်တိုင်ဦးဆောင်နေပြီဖြစ်လို့ စီးပွားရေးသမားပေါက်စလေးမောင်ဟာ လက်ထပ်ပြီးပိုင်းနောက်ပိုင်းတွင် အရင်လိုဂျစ်တိုက်တတ်တဲ့
ကလေးဆိုးကြီးမဟုတ်တော့ပါဘူး။အဲ့ထက်တစ်ဆင့်မြင့်တဲ့ရာထူးလေးနဲ့ မောင့်ဂျီမင်ရဲ့တွဲလောင်းလေးဖြစ်သွားရပါပြီ။

အလုပ်ကိစ္စတစ်ခုနဲ့နယူးယောက်မြို့ကိုအစောတလျင်သွားလိုက်ရတဲ့မောင့်ကို ဒီနေ့မှာတော့ ဒေါက်တာပတ်ခ်ကိုယ်တိုင်ပဲ သွားကြိုရလေသည်။မောင်က သူနဲ့အတူထိုနိုင်ငံကိုလိုက်ခဲ့ဖို့ခေါ်ခဲ့သော်လည်း မောင့်ဂျီမင်မှာလူနာတွေကြောင့် မလိုက်နိုင်ခဲ့ပေ။

ထို့ကြောင့် မောင့်ခမျာ လွမ်းလွမ်းဆွေးဆွေးမျက်နှာကြီးနဲ့ ညတိုင်းပင် Face Timeပြောဖြစ်တိုင်း " ​ေမာင်ပြန်လာချင်နေပြီ "လို့ လှမ်းလှမ်းချွဲပြနေတာကို မောင့်ဂျီမင်လည်းသဘောတွေကျခဲ့ရ၏။ဒီအချွဲသန်လွန်းတဲ့
ချွဲချွဲပျစ်ပျစ်အချွဲစိန်လေးကိုမှ မောင့်ဂျီမင်
မချစ်ရင် ဘယ်မောင်ကိုချစ်ရပါတော့မလဲ..။

ဆိုတော့ကာ တစ်မြေဆီခြားနေကြပေမယ့်
အချစ်တွေကတော့ပိစိလေးတောင်မလျော့ခဲ့ကြပါဘူး။မောင်ခရီးသွားတုန်းက ဂျူတီချိန်တွေကြောင့်အတူရှိမပေးနိုင်ခဲ့ပေမယ့် မောင်ပြန်လာမယ့်အခိုက်မှာတော့ ရှိရှိသမျှအလုပ်တွေအားလုံးကိုပစ်ချခဲ့ပြီး မောင့်ကိုသွားကြိုမည်။

​ေမာင့်လိုပင် သူလည်းမောင့်ကိုလွမ်းနေပြီ။

ဒီနေ့အတွက် ယာဥ္မောင်းတာဝန်ယူပေးလာတဲ့ မောင့်လက်ရုံးတော် လီဆောင်းဝူကိုကားထဲမှာပင်ထားပစ်ခဲ့လိုက်ပြီး သူသည်လေဆိပ်အတွင်းသို့ ဝင်ခဲ့လိုက်သည်။

ကြက်ဥနှစ်ရောင်စွယ်တာလက်ရှည်လေးနဲ့ လှလှပပလေးခန့်ငြားနေတဲ့ဒေါက်တာလေးကို အမျိုးသမီးငယ်တစ်ချို့မှာဓာတ်ပုံခိုးရိုက်နေကြသလို လည်ပြန်ငေးကာပြုံးနေကြတာကိုမြင်သွားလေတဲ့ ထိုလီဆောင်းဝူမှာ ဒေါက်တာတာတို့အတွဲကိုပင် မကြောက်မလန့် မျက်စောင်းထိုးသွားခဲ့သည်။

မောင့်တပည့်တောင် ဒီလိုဖြစ်နေတာ မောင်ကိုယ်တိုင်သာဆို ဒေါက်တာရဲ့လှနေပုံကိုကြည့်ပြီး နှုတ်ခမ်းတလန်နဲ့ရန်တွေ့မှာသေချာတယ်။အိမ်ထောင်သက်ကြာလာလေ မောင်ဟာပိုပြီးအူတိုတက်လာလေပါပဲ။တစ်ခါတစ်လေဆို ​ပြောမရဆိုမရကလေးဆိုးကြီးလိုပေါ့။

သတ်မှတ်ပေးထားသောနေရာမှာရပ်စောင့်နေစဥ္မှာပဲ ထွက်ပေါက်မှနေထွက်လာတဲ့မောင့်ကိုမြင်မိတော့ သူပြုံးမိပါတယ်။CK brandတွေနဲ့Rapperကြီးတစ်ယောက်လို
အဝတ်တွေနဲ့ဖုံးနေပြီး သူ့ရှိရာတည့်တည့်ကိုပြေးလာနေတဲ့မောင်...။

အသက်တွေသာကြီးလာတယ် မောင့်ပုံစံက ဆယ်ကျော်သက်လူငယ်လေးလို ဘယ်နေရာကမှ မောင့်ရဲ့ချောမောမှုတွေကိုမဖုံးကွယ်နိုင်သေးပါဘူး။မောင့်ကို ဘယ်အချိန်ပဲကြည့်ကြည့်အမြဲလွင့် အမြဲမိုက်နေတာ။

သူကသာ ဆရာဝန်တစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီတည်တည်တံ့တံ့မျိုးတွေဝတ်စားထားရပေမယ့် မောင်ကတော့
သူ့လိုမဟုတ်...။အိန္ဒြေရရSuitတွေအစား ဖိုသီဖတ်သီအထည်တွေနဲ့ဂေါ်ချင်တိုင်းဂေါ်နေတဲ့မောင်ဟာ မောင့်ကိုယ်မောင်အထာကျလှပြီဟုထင်နေသလားပဲ။

မောင့်အကြောင်းလေးကိုတွေးလိုက်မိရုံနဲ့
ပြုံးသွားမိတဲ့နှုတ်ခမ်းလှလှလေးကို မောင့်နှုတ်ခမ်းနဲ့ထိကပ်ခံလိုက်ရတော့မှပဲ သတိကပ်မိတော့တဲ့အဖြစ်...။လူကြားထဲမှာကို
မောင်ဟာလေ အိမ်မှာလိုဆိုးလို့နေဆဲ...!။

* မောင်..!!! *

* ဗျာ *

မောင့်ရင်ဘတ်ကြီးကို လက်တွေဖြင့်ဆောင့်တွန်းထားလိုက်ပြီး ဆိုးသွမ်းချင်နေတဲ့မောင့်နှုတ်ခမ်းပါးလေးရဲ့ရန်မှ သူရှောင်ပုန်းလိုက်ရ၏။ရှက်စိတ်လေးကြောင့် နားရွတ်လေးတွေရဲရဲစွေးလာတာကိုကြည့်ပြီး မောင်ကမြတ်နိုးစိတ်လေးနဲ့တစိမ့်စိမ့်စိုက်ကြည့်နေခဲ့တယ်။

* မောင်ငြိမ်ငြိမ်နေနော် လူဆိုးကောင်မလုပ်ချင်နဲ့ *

* မောင်က လူဆိုးကောင်ပဲလုပ်ချင်တာ *

မောင်ဟာ မျက်လုံးဝိုင်းကြီးတွေနဲ့ရွှန်းရွှန်းစားစားငုံ့ကြည့်လာခဲ့ပြီး သွားတန်းလေးတွေပေါ်တဲ့အထိပြုံးပြလာကာ မောင့်ဂျီမင်ရဲ့ပါးဖောင်းဖောင်းတစ်ဖက်ကို ခိုးနမ်းခဲ့ပြန်သည်။

* မောင်နော်...လူကြားထဲမှာ *

* ချစ်လို့ လွမ်းလို့ အသည်းယားနေလို့ နည်းနည်းလောက် ပေးနမ်းပါလား *

မောင့်ဂျီမင်ကအဲ့လိုပဲ။

* မောင် လွမ်းလိုက်ရတာ ဂျီမင်ရယ် *

အသိပေးခြင်းမပြုပါဘဲနဲ့ မောင့်ဂျီမင်လေးကိုရင်ခွင်ထဲအတင်းဆွဲထည့်ပြန်ပါသည်။

အပွေ့အဖက်လေးနဲ့တင် မောင်မည်မျှလွမ်းနေခဲ့ရသလဲသိစေတာမို့ မောင့်အလိုကျမောင့်ကိုပြန်ဖက်ပေးထားလိုက်တဲ့အခါ မောင့်ထံမှနေ သက်ပြင်းချသံကြီးကိုကြားလိုက်ရပြီး သူ့အားလုယူမခံနိုင်တဲ့အရုပ်လေးလိုမျိုး တင်းတင်းကြပ်ကြပ်ဖက်တွယ်လာခဲ့ပါတယ်။

* လွှတ်ပေးဦး ငါရှက်လာပြီ *

ငြူငြူစူစူအသံလေးကြောင့် ဖက်ထားတာကိုလွှတ်ပေးခဲ့ပေမယ့်လည်း မောင့်လက်တွေဟာတော့ အလုံးစုံမဖယ်ခွာသေးပါဘူး။နားရွက်နုနုလေးတွေကိုအသည်းယားသလိုလေးပွတ်သပ်နေခဲ့သလို ခေါင်းလုံးလုံးလေးကိုလည်း မောင်ငုံ့နမ်းလို့မတင်းတိမ်ခဲ့ပါ။

* အိမ်ကိုရောက်ချင်ပြီမောင့်အသည်းရယ် မြန်မြန်ပြန်ရအောင်ဗျာ မောင် မင်းကိုလွမ်းလှပြီ *

* မောင် ဘယ်လိုဖြစ်...! *

ချက်ချင်းပင် နီရဲတက်လာတဲ့မျက်နှာလေးနဲ့မောင့်ပါးစပ်ကို လက်လေးတွေနဲ့အတင်းပိတ်ပစ်လိုက်ကာ ဘေးကိုလည်းလှည့်ကြည့်လိုက်သေးတာမို့ မောင့်အမူအရာမှာ ​​ခပ်ကြောင်ကြောင်ပင်ဖြစ်သွားရ၏။

* ဟင်...။မောင့်အလွမ်းတွေ​ဖြည်မလို့ပါ။မင်းကိုလွမ်းတဲ့စိတ်တွေကို ထမ်းထားရတာမောင်လေးနေပြီ...မောင့်ဂျီမင်က ကူညီပြီးဖြည်ပေးနော် *

* အရှက်ကိုမရှိဘူး...လူကြားထဲမှာ *

မောင်ဘာတွေပြောလိုက်မိသလဲ မောင့်ကိုယ်မောင်ပင် သတိမထားမိလိုက်တဲ့အချိန်မှာ
ဂျီမင်ကတော့ စိတ်ဆိုးသွားခဲ့ပြီ။လေသံတိုးတိုးလေးနဲ့မောင့်ကိုသတိပေးနေပုံလေးကကြောက်စရာမကောင်းဘဲနဲ့ ဘာကြောင့်များအချစ်ပိုချင်စရာလေးဖြစ်နေတာပါလဲ။

ဒီအဖြေကိုသိဖို့ မောင်ခုနစ်ရက်လောက်အချိန်ယူပြီး မင်းကိုချစ်ရင်းနဲ့အဖြေရှာပါ့မယ်။

* မောင်ဘာပြောမိလို့လဲ *

* မောင် ဘာတွေတွေးနေလဲ မောင်အသိဆုံးဖြစ်မှာပေါ့ *

ဘာတစ်ခုမှကိုနားမလည်ဘူးဆိုတဲ့ဒီဇိုင်းနဲ့ မောင်သည် သူ့မျက်လုံးလှလှလေးတွေကိုတမင်ပြူးကျယ်ထားပြ၏။စိတ်ဆိုးနေလို့ မောင့်ရင်ဘတ်ကြီးကိုပိတ်ထုပစ်တဲ့အခါ မောင်ဟာ ပေတေပြီးငြိမ်ခံပေးရှာပါတယ်။

* ဟင့်အင်း မောင်မသိဘူး။မောင်သိတာ ဂျီမင်ကိုလွမ်းတယ်...... *

မောင်ဘာတွေလျှောက်ပြောဦးမလဲမကြားရဲတော့တာမို့ မောင့်နှုတ်ခမ်းကို လက်ဖဝါးဖြင့်ခပ်ဆတ်ဆတ်ပုတ်ပစ်လိုက်ပြီး အံကြိတ်ပြခဲ့သည်။ထပ်ပြောရင် ဒီနေ့ ငါတို့ကဏ္ဍအပြတ်ပဲ။

* တော်တော့ဆို...!လူညစ်ပတ်ကောင် *

* ဟောဗျာ.။ *

ဘလိုင်းကြီးတွေရန်တွေခံလိုက်ရတာဖြစ်လို့ မောင့်ခမျာ အူတူတူလေးနဲ့ခေါင်းပဲကုတ်နိုင်ခဲ့၏။အကြောင်းပြချက်မပေးဘဲ သပ်သပ်မဲ့အမြင်မကြည်ဖြစ်နေတဲ့ယောကျာ်းသေးသေးလေးကို အဲ့ဒီခဏမှာတကယ်နားမလည်ခဲ့ပါဘူး။အကြာကြီး ခွဲနေရလို့ စိတ်ကောက်ချင်နေတာများလား...?။

* * * * * * * * * * * * * * *

တိုက်ခန်းကိုပြန်ရောက်တဲ့အထိ မောင်ကအပိုးကျိုးလွန်းတဲ့ကလေးလေးလို မျက်စိနောက်ရအောင်ဘာတစ်ခုမှ အကဲမပိုခဲ့သော်လည်း အခန်းတံခါးဖွင့်လိုက်သည်နှင့်
မောင့်ဆီမှ ခစ်ခနဲရယ်သံမြူးမြူးတစ်ချက်ကိုကြားလိုက်ရတာမို့ မျက်စောင်းလှည့်ထိုးပေးလိုက်ရသေးသည်။

ပြီးတော့ မောင့်ဂျီမင်မှာငြင်းဆန်ချိန်တောင်မရလိုက်ဘဲ မောင်ရဲ့ဇွတ်တရွတ်ပွေ့ချီခြင်းကိုခံလိုက်ရတော့သည်။သူ၏ဒူးနှစ်ဖက်နေဆွဲမခြင်းခံလိုက်ရပြီး မောင်နဲ့မျက်နှာခြင်းဆိုင်ပွေ့ချီထားခြင်းခံလိုက်ရကာ မောင့်လက်တွေဟာလည်း သူ့ခြေသလုံးလေးတွေကိုပိုင်စိုးပိုင်နင်းဆုပ်ကိုင်လာပြီး မောင့်ခါးကိုအတင်းခွထားစေ၏။

* မောင်...!ဘယ်လိုဖြစ်နေတာလဲ *

မောင်သည် သူ့တားမြစ်သံကိုနားဝင်ပုံမရပါဘူး။အဲ့ဒီအစား သူ့အား နမ်းဖို့ရန်ပဲအသည်းအမည်း မောင်ရှေ့ဆက်တိုးနေခဲ့တယ်။သူ့ကိုထွေးဖက်ထားရင်း သူ့မျက်နှာတစ်ဝှိုက်ကိုနမ်းမိဖို့အရေးပဲ မောင်က ဆိုးချင်နေခဲ့တာ။

* မောင်...!! *

* အား...!!! *

ဘယ်လိုမှထိန်းမနိုင်တော့တဲ့မောင့်ကို ဆံပင်တွေမှနေ နောက်ပြန်လှန်ဆွဲဆောင့်ပစ်ပြီးမောင့်ခေါင်းကြီးကို အတင်းဆွဲဖယ်လိုက်ရသည်။

မောင်သည် သူ့ကို သနားစရာမျက်လုံးလေးတွေနဲ့မော့ကြည့်လာတာမို့ မောင့်ရင်ဘက်ကိုထုလိုက်ရင်း မျက်လုံးပြူးပြလိုက်ရပြီး မောင့်နောက်ကျောဘက်ခြမ်းကို မျက်လုံးလေးစွေပြလိုက်ကာမှပဲ မောင်ဟာတစ်ခုခုနားလည်သွားပုံနှင့် ချက်ချင်းဆိုသလိုနောက်လှည့်ကြည့်ဖော်ရတော့တယ်လေ။

မောင့်အဝတ်အိတ်တွေကိုသယ်ထားရတဲ့
လီဆောင်းဝူသည် အိတ်တွေကိုပစ်ပဲပစ်ချရတော့မလိုလို...၊ဆက်ပြီးပဲသယ်ထားရမလိုလိုပုံစံနှင့် ဧည့်ခန်းအလယ်မှာ​တောင့်တောင့်ကြီးငြိမ်သက်နေခဲ့သည်။

* ကြည့်လို့ကောင်းနေလား *

မောင့်အသံဟာ အေးစက်စက်နဲ့။မသိရင် ရေခဲတောင်တစ်ခုလုံးမြိုချထားသလားပဲ။
အကြည့်တွေကအစ မျက်လုံးကြီးထဲကနေ ဓားတွေခုန်ထွက်လာတော့မယ့်အတိုင်း...!။

* အာ ..အာ....ဟိုဟာ ဟိုဟာ ဆောရီးဆရာ

* မင်းမသွားသေးဘူးလား တံခါးပိတ်ခဲ့ဖို့မမေ့နဲ့ မင်းနဲ့နောက်မှသပ်သပ်ထပ်ရှင်းမယ် *

* မောင်...စကားကိုဘယ်လိုပြောနေတာလဲ *

အခန်းထဲကမထွက်မချင်း မောင်ဟာ ကျွဲမြှီးတိုနေတဲ့အသံကြီးနဲ့ဟိန်းဟောက်နေတာ တော်တော်လေးကို တရားလွန်ပါတယ်။မြင်မြင်သမျှကို မျက်စောင်းလိုက်ထိုးတတ်တာက အသစ်ထပ်တိုးလာတဲ့မောင့်ဗီဇလေးများဖြစ်နေမလား..။

* ဂျွန်ဂျောင်ကု ဘာဖြစ်နေတာလဲ...မင်းမှာအရှက်ကိုမရှိတော့ဘူး ကမ်းကုန်နေပြီ *

ဂျီမင်စိတ်ဆိုးချင်နေပြီဆိုတာကိုမောင်သိတာမို့ အထာနပ်သူပြီသစွာ ဂျီမင်ရဲ့ကိုယ်လုံးလေးကိုသိုင်းဖက်ပစ်လိုက်ပြီး ရင်အုပ်သေးသေးလေးပေါ်ခေါင်းမှီချလိုက်ကာ မျက်နှာလေးဖြင့်ကပ်ထားလေပြီး ရင်ခွင်ထဲအတင်းဝင်တိုးနေတော့သည်။

* မောင့်ဂျီမင် ဆူချင်နေလည်း နောက်မှဆူပါဗျာ...မောင့်မှာ မောင့်မှာ မင်းကိုလွမ်းနေရတာ
မင်းကိုလွမ်းရလွန်းလို့ မောင့်ရင်ခုန်သံတောင်ဂျီဂျီ ဂျီဂျီနဲ့ပြောင်းနေပြီ...မယုံရင် နားထောင်ကြည့်မလား *

* တော်ပါတော့ လူကောင်ကြီးမှအားမနာ
အရမ်းချွဲလွန်းတာပဲ။တော်ပြီ မဖြစ်တော့ဘူး
မောင်ဒီလိုဆက်ချွဲနေမယ်ဆို.... *

* မောင့်ကိုထပ်ပြီး ထားပစ်ခဲ့ဦးမလို့လား...
မောင်လိမ္မာပါ့မယ် *

မော့ကြည့်လာတဲ့မောင့်မျက်ဝန်းထက်မှာမျက်ရည်တွေဖြင့်အကျဥ္းတန်စေသည်။

* ​ေမာင့်ကို ချစ်ပေးနော်...မောင့်တစ်ယောက်တည်းကိုပဲ ချစ်ပေးပါ *

အစိုးရိမ်လွန်နေတဲ့မောင့်ကို ဘယ်လိုနှစ်သိမ့်ပေးနိုင်မှ မောင်စိတ်အေးနိုင်မလဲ?အမြဲလိုလိုတွေးဖြစ်ပါတယ်။ပြီးတော့ ဘယ်လိုချစ်ပေးရမလဲလည်း ရင်ထဲမှာအမြဲရှိထားပြီးသားပါ။

မောင့်ပါးထက်ကိုမျက်ရည်ဥတွေကြွေကျမလာခင်မှာပဲ မောင့်မျက်ဝန်းတွေကို ကိုယ့်လက်ဖဝါးတွေနဲ့ဖွဖွပွတ်ပေးလိုက်ပြီးမျက်ရည်တွေကိုခြောက်သွေ့စေလိုက်သည်။

* မောင်အဲ့ဒီလိုဆက်ချွဲနေရင် ငါပိုချစ်လာမိတော့မယ်လို့ပြောမလို့ကို ...။မောင်အရမ်းကလေးဆန်တယ် *

မောင်ငိုစရာမလိုပါဘူး။ထပ်ပြီးမငိုအောင် ထားတော့မှာမို့ မောင့်ဘက်က ချစ်ပေးရင်ပဲ
ရပြီ။

* ဟာဗျာ... *

မထိတထိအပြုံးလေးနဲ့မောင့်ဂျီမင်က အခုမောင့်ကို လှောင်ချင်နေမှန်းသိသာစေတယ်။

* မင်းကို မောင်အတည်ချစ်ပစ်မှရတော့မယ် *

* * * * * * * * * * * * * * * * * * * * * * * *

ဂျီမင်နိုးလာတော့ ပထမဆုံးသတိထားမိလိုက်တာက သူတစ်ညလုံးမောင့်လက်မောင်းပေါ်မှာအိပ်နေခဲ့မိတာကိုပါ။
မောင့်လက်မောင်းပေါ်ကနေ ခေါင်းလေးထောင်လိုက်ကာ မောင့်ပါးပြင်လေးကိုမော့နမ်းပြီးမှ မောင့်ရင်အုပ်ပေါ်ခေါင်းစောင်းတင်လိုက်ပြီး မျက်လုံးလေးပြန်မှိတ်ထားကာ တစ်ရေးလောက်ဖြစ်ဖြစ်ပြန်မှေးဖို့ကြိုးစားမိ၏။

ပါးပြင်နဲ့ထိတွေ့နေတဲ့ရင်အုပ်ကျယ်ကြီးသည် သာမာန်ထက်ပိုနွေးနေသလိုခံစားလိုက်ရတာမို့ မောင့်ဂျီမင်မှာအစိုးရိမ်ကြီးစွာ မောင့်မျက်နှာနွမ်းနွမ်းလေးကို မျက်လုံးမှိန်မှိန်လေးတွေနဲ့ပဲ မော့ကြည့်ဖြစ်သည်။

* မောင် ဖျားနေတာလား ...မောင်နဲ့တော့ခက်ပါတယ် *

မောင့်ပါးပြင်လေးနဲ့ သူ့ပါးတစ်ဖက်ထိကပ်ပစ်ကာ အပူချိန်စမ်းလေတော့ သိသိသာသာအပူချိန်တွေတိုးနေတာခံစားလိုက်ရသည်။

မောင်ဖျားနေပြီ။

ရင်ဘတ်အလယ်ထိလျောကျနေသောဂွမ်းစောင်ထူထူကို မောင့်ဖျားလေးပင်ဖုံးသည်အထိဆွဲခြုံပေးလိုက်ပြီးမှ မောင့်အဝတ်ဘီဒိုကိုပြေးဖွင့်ကာ လက်ရှည်အင်္ကျီတစ်ထည်ကိုဆွဲထုတ်လိုက်ရင်း မောင့်အနားပြန်ပြေးရသည်။

မောင့်တီရှပ်ပွပွကြီးနဲ့ ညအိပ်ဘောင်းဘီပွပွရှည်ရှည်ကြီးကို မောင်ကိုယ်တိုင်ဝတ်ပေးထားခဲ့တာမို့ လှုပ်ရှားရတာအဆင်မပြေနေရင်တောင် သူ့မှာ ချွတ်ပစ်ဖို့အစီအစဥ္ရှိမနေဘူး။မောင်သာ နိုးလာပြီီး သူ့ပုံစီကိုမြင်ရင်
သူ့တစ်ကိုယ်လုံးဝါးစားပစ်မလားပဲ။

* မောင် ထဦး...အင်္ကျီဝတ်ရအောင်နော် *

မျက်လုံးလေးတစ်ဖတ်သာဖွင့်ကြည့်လာတာမို့ မောင့်နဖူးကိုဖွဖွငုံနမ်းမိတယ်။

* အိပ်ချင်သေးတယ် *

* မောင်ဖျားနေပြီ မောင်ရဲ့ *

အချွဲသန်လေးက ချော့ချော့မော့မော့အပြောတွေကို သိပ်ကြိုက်တာ။အခုလည်းနဖူးလေးကိုပဲ နမ်းရသေးတယ် ချက်ချင်းအင်္ကျီထဝတ်ပေးတယ် မဟုတ်လား။မောင်က တကယ်လိမ္မာတဲ့ကလေးလေးပါဆို...။

* ခဏနေခဲ့ဦး ဆန်ပြုတ်သွားကျိုလိုက်မယ် *

ခုတင်ပေါ်ကနေ အလောတကြီးထပြေးရန်ကြံရွယ်နေသူလေးကို လက်ဖျားလေးမှနေလှမ်းဆွဲထားလိုက်ကာ မောင်ဟာ ထွက်သွားခွင့်မပြုခဲ့ပေ။မောင်တားလိုက်တော့လည်း
မောင့်ဘေးမှာ ပုံ့ပုံ့ကလေးထိုင်ချလာတဲ့ မောင့်အမျိုးသားလေးဟာ မတော်မရော်အဝတ်တွေကြောင့် အူယားစရာလေးဖြစ်နေခဲ့တယ်။

* မကျိုနဲ့ မောင့်အနားမှာပဲနေ *

မောင့်ထက် ဆန်ပြုတ်ကို ပိုဦးစားပေးမှာမျိုးမောင်မကြိုက်ဘူး။မောင်နဲ့ရှိနေရင် မောင့်ကိုချစ်မယ့်အကြောင်းတွေပဲ တွေးစေချင်တယ်။

* မောင့်ကိုဖက်ထား...မောင့်အနားကနေ ဘယ်မှထွက်မသွားရဘူး *

* ဆန်ပြုတ်ကျိုရုံလေးပါမောင်ရယ် တကယ်ခဏလေးပါ *

အဖျားသွေးကြောင့် အနည်းငယ်ရဲရဲလေးဖြစ်ချင်နေတဲ့ မောင့်နှာခေါင်းထိပ်လေးကိုခပ်ဖွဖွညှစ်ပေးလိုက်ရင်း မောင့်မျက်ခွံလေးကိုပါဖိကပ်နမ်းရှိုက်ပစ်၏။

* ဂျွန်ဂျီမင်ရှိရင်...ဆန်ပြုတ်မသောက်လည်းရတယ်။အခုပဲ မောင်နေကောင်းသွားပြီ *

မောင့်မျက်လုံးတွေဟာ မျက်ရည်များဖြင့်အရောင်မှိုင်းနေခဲ့ပြီမို့ တစ်ခဏလေးထားခဲ့ဖို့ကိုတောင် သူ-မလုပ်နိုင်ခဲ့ဘူး။

ထို့ကြောင့်မောင့်စိတ်တွေအေးသွားစေဖို့
မောင့်အလိုကျတိုင်းဘေးမှာ ဝင်လှဲပေးလိုက်ရပြီး မောင်နဲ့မျက်နှာချင်းဆိုင်လိုက်ကာ သူ့ကိုပဲလိုက်ကြည့်နေတဲ့ မောင့်မျက်ဝန်းတွေကိုသူပြန်ငေးနေလိုက်သည်။

မောင့်ပါးပြင်ကိုလက်တွေနဲ့အုပ်ကိုင်လိုက်ပြီး
ခပ်ဖွဖွလေးပွတ်သပ်ပေးမိတော့ မောင်သည်မျက်လုံးလေးတွေတောင်မှိတ်ချပေးလာပြီး
မောင့်နှုတ်ခမ်းလေးကပြုံးနေခဲ့တယ်လေ။ဒီလိုလေးနေရတာကို မောင်သဘောကျနေတာလား။

သူလှဲနေရာကနေပြန်ထလိုက်တော့ မောင်သည်"ဘာလဲ"ဟူသောမျက်လုံးလေးတွေနဲ့လိုက်ကြည့်နေခဲ့ပြန်တာ။ပြီးတော့လည်း
ဂျီမင်ရဲ့အင်္ကျီအနားစကိုဖမ်းဆွဲလိုက်တာများလွှတ်ပေးလိမ့်မယ်မထင်ဘူး။နေမကောင်းဖြစ်နေတော့ မောင့်ဂျီမင်ကိုမျက်စိရှေ့ကအပျောက်မခံနိုင်တဲ့ပုံပါပဲ။

* မောင်ခဏလေး...ငါဘယ်မှမသွားဘူး ထိုင်ချင်လို့နော် *

ချော့လိုက်တော့လည်း မောင်ကလိမ္မာပေးပါတယ်။ဒါပေမယ့် မျက်လုံးတောက်တောက်လေးတွေနဲ့လိုက်ကြည့်နေတုန်းပါ။မောင့်ကြောင့် ခါးနားထိလိပ်တက်သွားတဲ့အင်္ကျီကိုပြန်ဆွဲချလိုက်ရပြီး ခုတင်ခေါင်းရင်းနားကိုတိုးကပ်သွားလိုက်ကာ ခုတင်ပေါ်တွင် ခြေဆင်းထားတဲ့အနေအထားဖြင့်ထိုင်လိုက်တော့သည်။

* လာ...ပေါင်ပေါ်မှာ လာအိပ် *

ပေါင်တစ်ဖက်ကိုပုတ်ပြလိုက်ပြီး လက်ဆန့်တန်းပေးလိုက်တော့ မောင်ဟာ မှိုရသွားတဲ့မျက်နှာဖြီးဖြီးကြီးနဲ့ ပေါင်ပေါ်ခေါင်းအုံးအိပ်လာခဲ့သည်။အငြိမ်မနေတတ်တဲ့ဗီဇလေးနဲ့မောင်သည် သူ့ဗိုက်သားကိုတရှုံ့ရှုံ့ဖြင့်နမ်းနေခဲ့ပြန်သည်။

သူသည်လည်း မောင့်ဆံသားတွေကိုဖွဖွပွတ်ပေးနေလိုက်ပြီး မောင့်မျက်ခုံးလေးတွေကိုလက်ညိုးနှင့် တို့ထိကာ မောင်စိတ်ပျော်စေဖို့
ကျီစယ်ပေးဖြစ်သည်။မောင့်ရဲ့လက်ချောင်းသွယ်သွယ်တွေသည် သူ့လက်ချောင်းလေးတွေထဲတိုးဝင်လာကာ မြဲမြံနေစွာပဲ မောင်ကဆုပ်ကိုင်လာခဲ့၏။

ယှက်သွယ်ထားတဲ့လက်ချောင်းလေးတွေကို
မောင့်မှာကြည့်လို့မဆုံးတော့သောပုံစံလေးနှင့် ခပ်ပြုံးပြုံးလေးငေးနေခဲ့တာ။ဒီအချိန်မှာမောင့်ရဲ့ဖြစ်တည်မှုလေးကအစ သူသိပ်ချစ်ရတယ်။

မောင်သည် မော့ကြည့်လာခဲ့ပြီး ခေါင်းလေးငုံကြည့်နေခဲ့တဲ့ဂျီမင်ရဲ့ခေါင်းလေးကို
မောင့်လက်တွေနဲ့ထိန်းကိုင်ပေးပြီး မျက်နှာချင်းတွေနီးစေဖို့ မောင်ကြံရွယ်ပြန်လေသည်။
မောင့်နှုတ်ခမ်းပါးရဲ့အလိုရှိရာအတိုင်းဆန္ဒပြုစေမိတော့ နှစ်ဦးသားလုံးရဲ့မျက်ဝန်းတွေမှာ
မှေးမှိတ်သွားခဲ့ကြသည်။

* မောင်တို့ ခရီးထွက်ကြမလား *

* ဘယ်တော့လောက် မောင်ကသွားချင်တာလဲ *

* လာမယ့် July14ဆိုရင်ရော *

* အဲ့နေ့ ငါမအားဘူးမောင်ရဲ့ ဘယ်လိုလုပ်မလဲဟင် နောက်ရက်မှသွားလို့မရဘူးလား *

မောင်စိတ်ဆိုးစေဖို့ မရည်ရွယ်ခဲ့ပါဘူး။

* Silver Dayမှာတောင် မောင့်ဂျီမင်ကအလုပ်လုပ်ဦးမှာလား မောင့်ကိုရော ဂျီမင်ရဲ့အလုပ်ထပ်ပိုပြီးမချစ်ပေးချင်တော့ဘူးလား *

မောင့်ဦးခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးနေဆဲသူ့လက်တွေကို မောင်ကဖမ်းဆုတ်လိုက်ကာ
လှုပ်ရှားမှုတွေကိုရပ်တန့်စေဖို့ မောင်ကသူနဲ့မျက်နှာချင်းဆိုင်ထထိုင်လာခဲ့သည်။ခက်ခက်ထန်ထန်မျက်နှာပေးနှင့်မလိုက်ဖက်စွာ မောင့်မျက်လုံးလေးတွေကတော့ဝမ်းနည်းရိပ်တွေနဲ့စွန်းထင်နေရတယ်။

* မဟုတ်တာမောင်ရယ် အားလုံးထပ်မောင့်ကိုအချစ်ဆုံးဆိုတာ မောင်သိရဲ့နဲ့ *

မောင့်ကိုမဟုတ်တာတွေလျှောက်မတွေးစေချင်ဘူး။ပြီးခဲ့တဲ့အတိတ်တွေထဲကနေ မောင့်ကိုလွတ်မြောက်စေချင်ပြီ။

* ဂျီမင်အဆင်မပြေလည်းနောက်တစ်ရက်ပေါ့ မောင်က ရပါတယ်။မောင့်ဂျီမင် အဆင်ပြေတဲ့နေ့ မောင်နဲ့ဒိတ်မယ်နော်။ *

* မောင့်သဘောပါ *

သူ မောင့်ကိုခပ်တင်းတင်းလေးဖက်ထားပေးလိုက်သည်။မောင့်စိုးရိမ်စိတ်တွေ လွင့်ပြယ်ပါစေတော့ဆိုတဲ့ဆန္ဒတစ်ခုကိုအရင်းပြုရင်း ရှေ့လျှောက်အနာဂတ်တွေမှာလည်း မောင့်အနားမှာပဲရိှနေပေးချင်တယ်။

* တစ်ရက်လောက်လေးဖြစ်ဖြစ် မောင့်ကိုမင်းရဲ့သီးသန့်ခြင်းတွေအတွက်အချိန်ပေးပါ...မောင်တို့တစ်ယောက်ကိုတစ်ယောက်
ချစ်ကြတယ်ဆိုတာသိပေမယ့်... ဂျီမင်မျက်ကွယ်ပြုတိုင်း မောင်နာကျင်ရတယ်။မောင်က မင်းကိုသိပ်ချစ်တာမင်းမျက်နှာလေးကိုပဲ မောင်ငေးကြည့်ချင်နေလို့...တစ်ရက်တော့ မောင်တို့အရာအားလုံးကိုခဏလောက်ထားခဲ့ရအောင် *

သူဖက်ပေးထားတဲ့ကြားကနေ မောင်ဟာ
သူ့ကိုပိုပြီးတင်းကြပ်နေအောင်ဖက်လာခဲ့တယ်။ရင်ခွင်လေးထဲကနေ နှာတရှုံရှုံလုပ်နေသည့်မောင်ကို မသနားမိတဲ့အပြင် သူ့မှာရယ်ပစ်လိုက်ချင်စိတ်ကိုသာ ထိန်းနေရတယ်။

ဂျီမင်နဲ့သက်ဆိုင်လာရင် မောင်ဟာ မျက်ရည်အလွယ်ဆုံးယောကျာ်းတစ်ယောက်ပါ...။

* * * * * * * * * * * * * * * * * * * * * * * *

ဒုတိယမြောက်ဟန်းနီးမွန်းကို နယူးယောက်မြို့မှာကုန်လွန်ဖို့ ရွေးချယ်ခဲ့ကြသည်။
မောင့်ကြောင့်မို့သာ ဒီနိုင်ငံ ဒီမြို့ကိုသူလိုက်လာခဲ့ရတာ။မောင်ဘယ်ကိုသွားမလဲ..?မောင်ဘာတွေအစီအစဥ်ဆွဲထားသလဲ...?ဘာတွေလုပ်ထားဦးမလဲ သူ-မသိပါဘူး။

လေဆိပ်ဝန်းထဲ မောင့်နာမည်ပါတဲ့ဆိုင်းဘုတ်ကိုကိုင်ထားသော လူငယ်လေးတစ်ယောက်ထံမောင်က တန်းတန်းမတ်မတ်လျှောက်သွားပြန်တော့ သူသည်လည်းလိုက်ခဲ့ရပြန်သည်လေ။

မောင့်ကိုမြင်လိုက်သည်နှင့် ထိုကောင်လေးသည်ဝမ်းသာရနှုတ်ဆတ်လာကာ နေကြာပန်းတစ်စည်းကိုကမ်းပေးလာခဲ့သည်။အဲ့ပန်းစည်းက ဘာအတွက်လဲ။မောင့်မျက်နှာကို မှုန်တေတေမော့ကြည့်မိတော့
မောင့်သည် သူ့ကိုပုခုံးမှနေ ဆွဲဖက်လိုက်၏။

* Thank you sir,have a good time *

မောင်ပေးလိုက်တဲ့ ဒေါ်လာတစ်အုပ်ကို ကောင်လေးက ဘောင်းဘီအိတ်ထဲထိုးလျိုလိုက်ရင်းမှ ဖောဖောသီသီအပြုံးတွေနဲ့ထိုသို့ပြောလာသည်။ငွေရှိတဲ့ဘဝက ကောင်းလိုက်တာ။ဒါပေမယ့် မောင့်ကိုအပိုင်ရထားတဲ့ဘဝက ပိုကောင်းတယ်။

* ဒုတိမြောက်ဟန်းနီးမွန်းကနေ ကြိုဆိုပါတယ် မောင့်ဂျီမင် *

ထိုကောင်လေးပေးသွားသော ခုဏကပန်းစည်းအား မောင်သည် သူ့ထံလှမ်းပေးလာခဲ့သည်။

* ငါ့အတွက်လား *

* မောင့်ဂျီမင်ကို မောင်ကပေးတာမို့ ယူပါ *

* ရင်ပဲခုန်ချင်တာနော် ရင်တုန်အောင်တော့မင်းလျှောက်မလုပ်ထားဘူးမလား *

* အာ....ဒါတော့ပြသနာပဲဗျာ မောင်ဘယ်လိုလုပ်ရမလဲ ​ *

နေကြာလေးတွေကိုငုံနမ်းလိုက်တာကြောင့်မှေးစင်းသွားတဲ့မျက်ဝန်းလှလှလေးတွေကို
ဖိကပ်နမ်းပစ်လိုက်ချင်ပေမယ့်လည်း မောင်
မနမ်းခဲ့ပါဘူး။

ပန်းစည်းကိုင်ထားရလို့အနည်းကွေးနေရတဲ့ဂျီမင်လက်မောင်းလေးကို မောင့်လက်ချောင်းသွယ်သွယ်တွေဟာ တွယ်ချိတ်လာခဲ့ရင်း မောင်ဟာဂျီမင်ကိုတစ်နေရာရာခေါ်သွားဖို့လုပ်ပြန်သည်။

* * * * * * * * * * * * * * * * * * * * * * * *

* မောင် ဒီကိုဘာလို့လဲ *

မောင်သူ့ကိုခေါ်လာတာက Modern Koren BBQဆိုင်တစ်ဆိုင်ဖြစ်နေသည်လေ။ဘာလုပ်မလို့လဲ။လေယာဥ္ပေါ်ကဆင်းဆင်းချင်း အသားကင်စားခိုင်းမလို့လား။မောင်အသားကင်ကြိုက်လိုက်ပုံများ အဝတ်အစားလေးတောင်မလဲနိုင်ရှာတော့ဘူး။

ဆိုင်ရဲ့မျက်နှာစာသာမက အတွင်းပိုင်းကိုလည်း ပန်းမျိုးစိတ်များစွာနဲ့အလှဆင်ထားခြင်းဖြစ်တာမို့ မောင်ရွေးထားတဲ့ဆိုင်ဟာခမ်းနားတာထက်ပိုပါတယ်။ရိုမန့်တစ်ဖြစ်လွန်းတဲ့အပြင်အဆင်တွေကြောင့် စုံတွဲတွေကြားမှာတော်တော်လေးရေးပန်းစားနေပါလိမ်မည်။ဒါ့ကြောင့်လည်း မောင်ရွေးချယ်ခဲ့တာပဲဖြစ်မှာ။

မနှစ်ကSiver Dayတုန်းကလည်း Tokyoမြို့ကိုလိုက်ပို့ပေးခဲ့တာ ဒီလိုနည်းနဲ့ပဲလေ။ရင်ခုန်ရအောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့နေရာမှာတော့ မောင်ကတကယ့်ဆရာတစ်ဆူ..။

* မောင့်ဂျီမင် ဗိုက်ဆာနေမှာစိုးလို့ *

သူ့မှာ ဪလို့ပဲ ပြောနိုင်တော့တယ်။အဖက်ဖက်ကစဥ္းစားပေးတတ်လွန်းလို့ အင်္ကျီလေးတောင်လဲခွင့်မပေးဘဲ အသားကင်ဆိုင်တန်းခေါ်လာတာမလား။

* ဆိုင်ကပိတ်ထားတာပဲ *

ဆိုင်ရှေ့မှာချိတ်ဆွဲထားလေတဲ့ဘုတ်ပြားသေးသေးလေးကိုလက်ညိုးထိုးပြလိုက်ပြီး
မောင့်အား မော့ကြည့်လိုက်တော့ သူ့ကိုငုံကြည့်နေခဲ့တဲ့ မောင့်မျက်လုံးလေးတွေနဲ့ဆုံရသည်။

* ဘာမှမဖြစ်ပါဘူး ငါတို့နောက်တစ်ဆိုင်သွားကြတာပေါ့ *

ေမာင် ဝမ်းနည်းသွားလို့မဖြစ်ဘူး။

ဒါပေမယ့် မောင်က သူ့လက်ကိုဆွဲထားရင်းနဲ့ဆိုင်၏မှန်တံခါးကိုတွန်းဖွင့်ဖို့လုပ်နေသည်။

* မောင် ခဏ... ဒီမှာ ဘယ်သူမှမဝင်ရလို့ရေးထားတယ် မောင် ဖတ်ကြည့်ဦး *

* လာပါ အဲ့ဒါသူများတွေအတွက်...အဲ့လူတွေအထဲမှာ မောင့်ဂျီမင်မပါဘူး *

မဟုတ်မှ ထပ်ပြီး..?ထပ်ပြီးတော့ ဒီတစ်ဆိုင်လုံးကို ငှားရမ်းထားတာလား။

* ဟုတ်လို့လား *

* မောင်တို့ ဝင်ကြတေ့ာမလား *

မောင့်နှုတ်ခမ်းပါးထက်မှာတော့ နူးနူးညံ့ညံ့အပြုံးလေးတွေနဲ့။

စားပွဲဝိုင်းတစ်ခုဆီဦးတည်သွားနေတဲ့မောင့်အ​ေနာက်ကို သူလိုက်သွားရပြန်သည်။မောင့်လက်ကိုတွဲထားရတဲ့အချိန်လောက် ဘဝင်မြင့်စရာတွေလည်း သူ့ဘဝမှာထပ်ရှိတော့မယ်မထင်။

သူထိုင်ဖို့အတွက် ခုံရှည်ကိုအဆင်သင့်ဆွဲထုတ်ပေးလာတဲ့မောင်ဟာ သူ့လက်ထဲကပန်းစည်းကိုလည်းဆွဲယူသွားပြီး စားပွဲအလယ်၌ ချထားပေးသည်။

ဆိုင်ဝန်ထမ်းလေးများ လာချပေးလှည့်သော ဟင်းပွဲတွေကိုတစ်ခုချင်းလိုက်မြည်းစမ်းကြည့်နေကာ ဂျီမင်အဖို့ Steakကိုလည်းမောင်ကိုယ်တိုင်ပဲ အသားတုံးသေးသေးလေးတွေလှီးပေးရှာပြီး ဂျီမင်ကိုစားစေခဲ့သည်လေ။

* မောင့်ဂျီမင် စားကြည့်လေ *

အရံသင့်ကလေးလှီးဖြတ်ပေးထားတဲ့အသားတုံးလေးတွေကို ခရင်းနဲ့ထိုးစိုက်လိုက်ကာ
သူမစားမှီ မောင့်ကိုအရင်ခွံကျွေးဖို့ပြင်သည်။

ပြီးတော့မှ သူစစားသည်။သူ့တုံ့ပြန့်ချက်ကိုစောင့်ဆိုင်းနေပုံရတဲ့မောင့်ကြောင့် အသားတုံးလေးကို တမြုံမြုံဝါးနေရင်းနဲ့ပဲ မောင့်ကိုလက်မလေးထောင်ပြလိုက်ရသည်။

* ဝါး...အရမ်း အရမ်းစားကောင်းတယ် တကယ် *

* ကြိုက်လား *

ကလေးလေးလိုစိတ်လှုပ်ရှားနေဟန်လေးနဲ့
မောင်လှီးဖြတ်ပေးသမျှကို လက်မလေးတထောင်ထောင်နဲ့ အားရပါးရလေးစားပြနေတာမို့ မောင့်မှာ ပြုံးပဲပြုံးနေခဲ့မိတော့တယ်။

ဆလပ်နဲ့ထုပ်စားဖို့ အသားကင်တွေချပေးလာတာနဲ့ မောင်တစ်ယောက်တို့များ ခေါင်းလေးကိုအပြီအပြင်ငုံချပြီး စစားနေပြီလေ။
အသားကင်နဲ့ယှဥ္လာရင် သူ့ကိုပါမေ့သွားသလားမပြောတတ်ပါဘူး။

ကျက်ပြီးသားအသားဖတ်တစ်ချို့ကိုမောင့်ပန်းကန်ထဲ လှမ်းလှမ်းထည့်ပေးရသေးတာကလည်း မောင့်ဂျီမင်ရဲ့အလုပ်တစ်ခုလို့ပြောရမလား။

* မောင် ဖြည်းဖြည်းစားလေ နင်မယ် *

မောင့်ကိုအသားကင်တွေမှုတ်ပေးဖို့ အာရုံတစ်ခုသာရှိနေပြီး သူကိုယ်တိုင်ကျ အမြဲနမော်နမဲ့..။

* အ့...ပူတယ် *

နှုတ်ခမ်းလေးကို အုပ်ကိုင်လျက် နာနာကျင်ကျင်လေးအော်ပစ်လိုက်တာမို့ မောင့်ဂျီမင်အသံက စူးလွန်း၏။သို့သော် မောင့်ရဲ့မျက်ဝန်းတွေဟာ သူရှိရာကိုရောက်လာခဲ့ပြီးသူ့ဘေးနားကို ဝုန်းဒုန်းကြဲရင်းရောက်ချလာခဲ့သည်။ဆဆ

* ထွေးထုတ်လိုက် *

မောင့်လက်တွေဟာ သူ့နှုတ်ခမ်းနေမှာတေ့ထိပေးလာရင်း သူ့ခံတွင်းထဲကအသားကင်ပူပူတွေကို မောင့်လက်ခုပ်ထဲထွေးချခိုင်းလာသည်။ပူလွန်းလှတာမို့ သူဘာကိုမှတွေးမနေတော့ဘဲ မောင့်လက်ခုပ်ထဲကိုသာထွေးထုတ်ချပစ်လိုက်တော့သည်။

အလုံးစုံထွေးထုတ်ပြီးသွားတော့မှ မောင့်ကို အားနာမိသွား၍ မောင့်အား စိုးရွံသောမျက်လုံးတွေဖြင့်ကြည့်မိလိုက်သည်။တကယ်ဆို မြိုချပစ်လိုက်သင့်တာကို။

* ဟို... sorryမောင် *

သူ့ရင်ထဲ ဘာတွေဖြစ်နေသလဲကို မောင်သိနေသည့်အလား သူ့နဖူးကို
မောင့်နှုတ်ခမ်းပါးလေးကထိကပ်ပေးလာပြီးမှ ဖယ်ခွာသွားကာ တစ်သျူးစတစ်ခုနဲ့သူ့နှုတ်ခမ်းလေးကိုသုတ်ပေးလာခဲ့တယ်။

* စိတ်ထဲမထားနဲ့ ဂျီမင်ကို မောင်မရွံဘူး *

ဒီလိုတွေပြောခံရတိုင်း မောင့်ဂျီမင်ခမျာ အရှက်သည်းနေမိတုန်း။ပါးနုရောင်လှိုင်းလေးတွေဖြတ်ပြေးလျက်ရှိသော ပါးဖောင်းဖောင်းလေးတွေကိုကြည့်ပြီး မောင့်မှာ ပြုံးပြုံးကြီးနဲ့ထပ်ချစ်မိသွားရပြန်ပြီလေ။

* မောင့်လက်ကိုသွားဆေးလိုက်ပါလား *

* ဘာလို့ဆေးခိုင်းတာလဲ *

* မောင့်လက်မှာ အနံစွဲနေမှာစိုးလို့ *

* မင်းကို မောင်မရွံဖူးလို့ပြောပြီးပြီပဲ *

မျက်လုံးတွေကိုစင်းထားရင်းနဲ့ပဲ မောင်သူ့ကိုစိုက်ကြည့်လာခဲ့ပြီး လိုလိုလားလားပြုံးပြသွားကာ လက်ချောင်းတွေကို တစ်သျှူးဖြင့်သုတ်နေခဲ့သည်။

* အရမ်းပူသွားလား မောင့်ကိုပြကြည့်ဦး *

* ဟင့်အင်းနည်းနည်းလေးပဲ *

မောင်ကထိုင်နေရာမှ ပြန်ထလာကာ သူ့မျက်နာနားထိမျက်နှာကြီးကိုအတင်းကြီးငုံ့ချပစ်ပြီး ဂျီမင်မေးဖျားလေးကိုလက်မလေးနဲ့အသာဆွဲမော့ပစ်လိုက်ကာ အပူလောင်သွားသောနှုတ်ခမ်းလေးတစ်ဝှိုက်ကို စစ်ဆေးမှုပြုလာခဲ့သည်။

* နည်းနည်းလေးလည်းမပူရဘူး..ဒီနှုတ်ခမ်းလေးက မောင့်ကိုပဲနမ်းရမှာကိုဗျာ မောင်ပေါ့ဆမိလို့ဖြစ်ရတာ *

ထိုသို့ စကားလှလှလေးတွေနဲ့ခြွေသွားပြန်ပြီးမောင်က သူ့နေရာမှာသူသွားပြန်ထိုင်နေကာ
ဂျီမင်သောက်ဖို့ရာအတွက် ဟင်းရည်ပူပူတွေကို တဖူးဖူးမှုတ်ပေးပြီးအအေးခံပေးခဲ့သလိုကိုယ်တိုင်ကိုယ်ကျလည်း ခပ်တိုက်နေခဲ့ပြန်၏။

* မောင်ရတယ် ငါ့ဟာငါပဲ သောက်လိုက်ပါ့မယ် *

* မောင့်ကို လွန်ဆန်နေမယ့်အစား ငြိမ်ငြိမ်လေးပဲနေပေး *

စားသောက်ပြီးကြတော့လည်း တော်ရုံနဲ့ဆိုင်ထဲကနေ ပြန်မထွက်ဖြစ်ခဲ့ကြပါ။တစ်မျိုးပြီးတစ်ပြီးလာလာချပေးနေတဲ့ ဆန်းဆန်းပြားပြားအချိုပွဲတွေကို မပျင်းမရိ့ထိုင်စားခဲ့ကြသေးသည်။

ဘဝမှာတစ်ခါလေးတောင်မမြည်စမ်းဖူးသေးတဲ့ ဂျူ့ဖျော်ရည်တစ်ခွက်ကိုအရသာခံနေတဲ့ဒေါက်တာတို့များ တအားကိုလှရက်လွန်းနေပါ၏။လက်သေးသေးလေးတွေနဲ့ကိုင်ထားတာက ဖျော်ရည်ခွက်မဟုတ်ဘူး..!!အဲ့တာမောင့်အသည်းကို ကိုင်ထားတာဗျ။

လက်ထပ်ပြီးသွားလို့Aniversaryဒိတ်တွေ
နှစ်နဲ့ချီကြာနေခဲ့ရင်တောင် မောင်ကတော့ မောင့်ဂျီမင်ကို ကြူးလို့မဝ ငမ်းလို့မဝသေးတဲ့ဘဝကလေးပါ။တစ်ချို့ချစ်ခြင်းတွေက သိပ်မြဲတယ်။အချစ်ပေးရင် အချစ်ပြန်ရတယ်ဆိုတာမျိုးပေါ့။ဒီအချစ်နဲ့အမုန်းကစားပွဲတစ်ခုမှာ မောင်ကတော့နိုင်ရခဲ့တယ်။

* * * * * * * * * * * * * * * * * * * * * * * *

နေ့လယ်ပိုင်းအထိကိုစားသောက်ဆိုင်မှာပဲအချိန်ဖြုန်းခဲ့ကြပြီး မောင်ဟာသူ့လက်ကိုဆွဲရင်း နယူးယောက်မြို့ရဲ့လမ်းမတွေထက်မှာ
အချိန်ကုန်စေခဲ့သေးတာပါ။ဒီလိုတွေလျှောက်လုပ်နေတဲ့မောင့်ကို မောင်ဘာတွေ
အရူးထနေတာလဲဆိုပြီး နာနာထုရိုက်ပစ်ချင်လိုက်တာမှတအားပါပဲ။

တဖြည်းဖြည်းညနေစောင်းရောက်လာတာနဲ့မောင်သူ့ကို တစ်နေရာခေါ်သွားခဲ့ပြန်တယ်လေ။အဲ့နေရာက ရွက်လှေဆိပ်ကမ်းတစ်ခုဖြစ်နေရုံကလွဲရင် ရင်တုန်စရာရှိမနေခဲ့ပါဘူး။

သူတို့လက်တွေချင်းဆုပ်ကိုင်ထားကြလျက် မောင်က ရွက်လှေပေါ်ကိုဦးဆောင်ကာတက်သွားပြန်တာမို့ သူ့မှာစိတ်လှုပ်ရှားရပြန်တယ်။သေချာပြန်တွေးကြည့်လိုက်တော့လည်း ဒီနေ့တစ်နေ့လုံး မောင့်နောက်လျှောက်လိုက်နေရတာနဲ့ပဲ စိတ်လှုပ်ရှားနေရတာပဲမဟုတ်လား။

လှေ၏ဝမ်းဗိုက်ထဲမှာရှိနေခဲ့တဲ့အနောက်တိုင်းသားကြီးသည်မောင့်ကိုတွေ့လိုက်ရတဲ့အခါ ပါးစပ်ကြီးဖြီးနေအောင်ရယ်ပြလာပြီး ရွက်လှေပြင်ကိုထွက်သွားခဲ့တော့သည်။

လှေတစ်စင်းလုံးမှာ ကျန်နေခဲ့တာဆိုလို့ သူနဲ့မောင်နှစ်ယောက်တည်း။မောင်းမယ့်သူကထွက်သွားမှတော့ ဒီလှေကြီးကိုဘယ်သူမောင်းမှာလဲ။ငါတော့ လှေမမောင်းတတ်ဘူးနော်... ခွဲစိတ်ဓားပဲကိုင်တတ်တယ်။

* မောင်းတတ်လို့လား *

ဟာသလည်းမပြောပဲနှင့် မောင်ကခပ်ဟဟလေးရယ်လာခဲ့သည်။ဘာလို့ရယ်တာလဲ။သူတကယ်စိတ်ပူလို့ဟာကို။

* မောင့်ကို အထင်သေးရဲတယ်ပေါ့လေ *

စက်ခလုတ်တွေနဲ့အာရုံများနေတဲ့ကြားက လွတ်နေတဲ့လက်တစ်ဖက်နဲ့ပဲ သူ့ညာဘက်လက်လေးကို မောင့်လက်ချောင်းတွေနဲ့ယှက်သွယ်ပစ်ပြီး ခပ်တင်းတင်းလေးတောင်ဖိညှစ်လာသေးသည်။

* မောင်မောင်းတတ်တာ ဟုတ်ရော ဟုတ်လို့လား *

* မင်းယောကျာ်းပါကွာ မောင့်ကိုယုံ *

* ဟင့်အင်းမယုံဘူး *

မျက်လုံးလေးတွေက မောင့်ကိုမယုံကြည်ကြောင်း တကယ်ကြီးသက်သေခံနေမှတော့
မောင့်မှာ ရယ်ရုံသာရယ်နိုင်ခဲ့ပြီး ပါးဖောင်းဖောင်းလေးတွေကိုလက်ချောင်းထိပ်တွေဖြင့်ဖျစ်ညှစ်လိုက်ရင်း.....!

* အဟက် ဂျွန်ဂျီမင်ကတော့...အာဘွားပေးခံရတော့မယ် *

ရွက်လှေကို အာရုံစိုက်ပြီးမောင်းနှင်နေရှာတဲ့မောင့်ကို အနှောက့်အယှက်ပေးမိမှာစိုး၍ မောင့်နံဘေးမှာပဲ ငြိမ်ငြိမ်လေးဝင်ထိုင်နေလိုက်ပြီး မောင့်လုပ်သမျှကိုစပ်စုနေခဲ့သည်။

မောင် မလုပ်တတ်တာဘာများရှိသေးလဲ။
ဆိုင်ကယ်တွေ ကားတွေစီးတက်ရုံနဲ့အားမရလို့ထင်ပါ့ရဲ့ အခုတော့လှေတွေသဘေင်္ာတွေ
စပြီးမောင်းနေပြီ။နောက်ဆို လေယာဥ္ တွေရထားတွေပါ တက်မောင်းဖို့မောင်လုပ်တော့မှာ။

* * * * * * * * * * * * * * * * * * * * * * * *

ရွက်လှေစက်သတ်လိုက်တဲ့အချိန်မှာတော့ ကျွန်းစွယ်တစ်ခုကိုရောက်နေခဲ့မှန်းသိလိုက်ရတဲ့အဖြစ်။ကျွန်းတော့ကျွန်းပေမယ့် ကျွန်းနဲ့လည်းတူမနေပြန်ပါဘူး။မသိရင် လူနေမှာမို့
သေချာပြင်ဆင်ထားတဲ့ အိမ်ရာဝန်းကြီးတစ်ခုလိုပါပဲ။

မောင်သည်သူ့ပုခုံးကိုဖက်လျက် ကမ်းခြေအိမ်ကြီးတစ်လုံးဆီလျှောက်သွားခဲ့ပါသည်။
မှန်တွေကိုသာ အဓိကထားသုံးထားပြီးအထဲကနေ ကလန်ကာအကြီးကြီးတွေချထားတာမို့ အိမ်ထဲကိုမမြင်ရသော်လည်း အဆင်တန်းမြင့်မြင့်နဲ့လှရက်နေမှန်းတော့ မောင့်ဂျီမင်ခံစားလို့ရနိုင်သည်။

* ဒီအိမ်ကြီးက မောင့်အိမ်လား *

မောင့်ကိုလှည့်ကြည့်လာပြီးမေးလေသောအခါ မောင်က ခေါင်းပဲခါပြလာတယ်။

* ဒါဆိုငှားထားတာပေါ့ *

ဒီတစ်ခါလည်း မောင်က သွားတန်းလေးပေါ်တဲ့အထိပြုံးလိုက်ပြီးတော့မှ ခေါင်းခါပြလာသည်။

* မေးခွန်းတွေထပ်မမေးနဲ့ မောင်မဖြေချင်သေးဘူး ဒီအိမ်ကိုသဘောကျရဲ့လား *

မောင်က အောက်ထပ်တစ်ခုလုံးကိုကာရံထားတဲ့ လိုက်ကာချပ်အကြီးကြီးတွေကို ရီမုကွန်ထရိုးနဲ့ပဲဆွဲဖွင့်စေလိုက်ပြီး ပတ်ဝန်းကျင်ရှု့ခင်းအား မောင့်ဂျီမင်ကိုကြည့်စေခဲ့သည်။

ပင်လယ်ဆိုသိပ်သဘောတကျရှိလှတဲ့ မောင့်ယောကျာ်းသေးသေးလေးသည် ထိုအခါမှာတော့ မှန်ပြင်တွေနားပြေးကပ်သွားသလို နဖူးထိပ်လေးနဲ့မှန်ကိုထိကပ်ထားပြီး အပြင်ကိုသည်းသည်းမည်းမည်းချောင်းနေသည်လေ။

မှန်ပြင်မှတစ်ဆင့် ပင်လယ်ပြင်ကိုငေးကြည့်နေတဲ့အမျိုးသားလှလှလေးရဲ့ခါးသွွယ်သွယ်လေးကို မောင့်လက်တွေက ထွေးဖက်လာခဲ့ရင်း ပုခုံးသားဝင်းဝင်းလေးပေါ် မေးတင်ထားလိုက်ကာ ပါးအိအိလေးကို တဖွဖွနမ်းလာပြန်သည်။

* အနားယူလိုက်ဦး။မောင်တို့အိပ်ခန်းကအပေါ်ထပ်မှာ *

* မောင်ရော ဘာလုပ်နေမှာလဲ ငါနဲ့လိုက်ခဲ့တာမဟုတ်ဘူး *

* မောင်လုပ်စရာတွေရှိသေးလို့ အတူတူလိုက်အိပ်မပေးနိုင်ပေမယ့် မောင့်ကလေးလေးကတော့အနားယူမှဖြစ်မှာ အခန်းထဲသွားနေနော် *

ခေါင်းခါပြလာတဲ့မောင့်ကို နည်းနည်းလေးတော့မကျေမနပ်ဖြစ်ရတယ်။ပြီးတော့ အဲ့လိုပြုံးနေတဲ့မောင့်နှုတ်ခမ်းတွေကိုလည်း အလိုမကျချင်တော့ဘူး။

* * * * * * * * * * * * * *

အနားယူဖို့အပေါ်တက်ခိုင်းလိုက်တာက မောင်ဆိုပေမယ့် သူကမှအနားမယူချင်တာ။
ကျောချပစ်ချင်ကောင်းနေတဲ့ မွေ့ယာအကောင်းဆုံးကြီးပေါ်မှာတစ်ရေးအိပ်ပစ်ပြီး အချိန်ကုန်ခံမယ့်အစားအပေါ်ထပ်တစ်ထပ်လုံးမှာ နေရာပိစိလေးပင်မကျန်စေရ။စေ့စပ်နေအောင်ကို သူလိုက်စပ်စုခဲ့ပါသည်။

* မောင့်ဂျီမင် မအိပ်ဘူးလား...? *

* အမလေး...!မောင်ကလည်း *

နားရွက်ဖျားလေးနား နှုတ်ခမ်းအပ်ခြင်းခံလိုက်ရတာမို့ မောင့်ဂျီမင်မှာ ခန္ဓာကိုယ်လေးပင် သိမ့်ခနဲတုန်သွားရသည်။ဟန်ချက်ပျက်ကာအနည်းငယ်ယိုင်ကျသွားတဲ့ကိုယ်လုံးလေးကို မောင်ကသူ့လက်မောင်းကြီးတွေကြားဆွဲပွေ့ထည့်လိုက်တာမို့ မျက်စောင်းလှည့်ထိုးတာတောင်ခံလိုက်ရသေးတယ်။

* လန့်သွားတာလား... *

* လန့်တာပေါ့ အရူးရဲ့ *

ကျောနဲ့ကပ်နေတဲ့မောင့်ရင်အုပ်ကြီးကို တံတောင်လေးနဲ့တွတ်လိုက်ရှာသေးတာ။

မှုန်ကုပ်ကုပ်လေးမော့ကြည့်နေတာကြောင့်
မောင့်မျက်နှာကြီးမှာအသဲယားနေပုံဖြင့်ငုံ့ကျလာခဲ့ပြီး နှုတ်ခမ်းတွေကိုနွေးစေလိုက်သလို
လူကိုလည်းပွေ့ချီသွားပြီး လေတဟူးဟူးတိုက်နေတဲ့ဝရံတာမှာအနမ်းတွေကိုထပ်ဆက်နေခဲ့သည်။

* တော်သင့်ပြီ လာလာနမ်းမနေနဲ့ *

အလိုမကျတော့သောအသံလေးကြောင့်
မောင့်ထံမှနေ သဘောကျသလိုရယ်သံလေးကြားလိုက်ရပြီးနောက် သူ့ဂုတ်ပိုးပေါ်ကိုမောင့်နှုတ်ခမ်းပါးလေးထိကပ်လာပြီးမှ နားရွက်လေးကိုတတိတိကိုက်နေပြန်သည်။

* ဒီကျွန်းပေါ်မှာလူလည်းမတွေ့ဘူး။ *

ထူးဆန်းစွပဲ အသံတိတ်နေခဲ့တဲ့မောင့်ကို မှေးစင်းထားတဲ့မျက်လုံးလေးတွေနဲ့ပဲ မော့ကြည့်လိုက်၏။မောင့်အနားမှာ သံသယအနံတွေရနေတယ်။

* ဒီကျွန်းမှာလူရောရှိရဲ့လား *

နောက်တစ်ခေါက်ထပ်မေးလာသောမျက်နှာလေးမှာ မဲ့တဲ့တဲ့လေးဖြင့်။

* ရှိပါတယ်.....! မင်းနဲ့မောင်နဲ့လေ *

မောင်ကတိုတိုပြတ်ပြတ်ပဲအဖြေပေးပါတယ်။
မောင်နောက်နေတာများလားလို့ ထင်လိုက်မိသော်လည်း မောင့်ပုံစံဟာ ခပ်အေးအေးပါပဲ။

* တကယ်ကြီးလူတွေမရှိတာလား...!ဒီလိုဆို ဘာလို့ခေါ်လာသေးလဲ *

* မောင်ရှိနေတာတောင် ကြောက်နေရသလားဂျွန်ဂျီမင်ရယ်...။ *

အကြောင်းမသိကြတဲ့သူတွေလည်းမဟုတ်ကြပါဘဲနှင့် သူ့ကိုယ်သူကိုယ်ရည်သွေးနေပြန်တဲ့မောင့်ကို စိတ်ပျက်သလိုပဲကြည့်နေနိုင်ခဲ့တယ်။

* အင်း မောင့်ကိုပဲ ငါကြောက်တာ တစ်လောကလုံးမှာ မင်းကိုအကြောက်ဆုံးပဲ *

* ဟားဟားဟား။အဲ့လောက်ထိတောင်မောင့်ကိုကြောက်တာလား *

ရယ်စရာအကြောင်းလည်းမရှိပဲ အရှက်မရှိအော်ကြီးဟစ်ကျယ်ရယ်နေတဲ့မောင်သည်တကယ့်အရူးလေးလို။

* ဒါပေါ့ ဒါပေါ့ အရမ်းကြောက်တယ် ဒူးတုန်နေအောင်ကိုကြောက်တာ။​ *

* ဂျွန်ဂျီမင်ကတော့ အကြောက်တရားကို
မရှိတော့ဘူး...အဟက်..!မောင့်အကြောင်းလေးသိသွားရအောင် အာဘွားပေးပစ်မှနဲ့တူတယ် *

* ပေါက်ကရတွေ လာမလုပ်နဲ့ *

နှုတ်ခမ်းကြီးစူထားရင်း တဖြည်းဖြည်းလူချင်းပိုကပ်လာတဲ့မောင့်ကို ရင်အုပ်ကြီးမှနေ
ဆောင့်တွန်းပစ်ခဲ့လိုက်ပြီးဂျွန်ဂျီမင်မှာ ထိုမျှသာပြန်ပြောနိုင်လိုက်ပြီး ခုတင်ပေါ်ကိုပြေးတက်သွားတော့သည်။

မျက်နှာနီနီလေးနဲ့နားရွက်ဖျားရဲရဲလေးကို
ကြည့်ရသလောက်ဆို ဒါဟာ ထပ်ပြီးအရှက််သည်းသွားတာပဲဖြစ်ရမယ်။မောင့်ဂျီမင်ကဘယ်လိုလေးပါလိမ့်။

* * * * * * * * * * * * * * *

ကျွန်းကိုစရောက်တဲ့အထိမ်းအမှတ်နေနဲ့
ညဖက်မှာ ဒင်နာဒိတ်လေးလုပ်ချင်တယ်လို့ပြောလာခဲ့တဲ့မောင့်ကြောင့် မောင့်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ သူ့မှာတာဝန်ရှိလာပြန်သည်။သောင်ပြင်ကိုဆင်းမလာရဘူးနော်...!လို့အတန်တန်ကတိတောင်းသွားသေးတာမို့ယောင်၍ပင် ပင်လယ်ရှိရာဘက်ထွက်မကြည့်ခဲ့ရပါဘူး။

စောင့်နေရင်း သိပ်မကြာသောအချိန်တိုအတွင်းမှာ တစ်မနက်ပိုင်းလုံးပုန်းသျှိုးနေခဲ့ကြရတဲ့ ကြယ်စင်တန်းလေးများသည် ကောင်းကင်ထက်၌ဟိုနားတစ်စုဒီနားတစ်စုထွက်လာကြပြီမို့ သူ့မှာ မောင်-ထုတ်ပေးခဲ့တဲ့အဝတ်အစားတွေကိုအမြန်လဲလိုက်ရပြီးခြေလှမ်းခပ်သွက်သွက်နဲ့ပဲ ​ေသာင်ပြင်ဘက်ထွက်ခဲ့လိုက်တော့သည်။

သူပထမဆုံးမြင်လိုက်ရတာက မောင့်ကိုပါ။
မောင်ဟာ ဆံပင်တိုတိုတွေကိုလှန်တင်ထားပြီး ဟာဝိုင်ယီရှပ်လေးပဲဝတ်ထားတာတောင် မိမိုက်လွန်းတာထက်ကိုပိုနေပြီ။ဒီနေ့ညအတွက် ဇာတ်လိုက်ကတော့ မောင်ပဲဖြစ်လိမ့်မယ်။

သောင်ပြင်ပေါ်မှာပဲ စားပွဲဝိုင်းကိုချထားပြီး ညစာအတွက်ကို မောင်ကပြင်ဆင်ပေးထားရှာတယ်။သူ့ကိုမြင်လိုက်တာနဲ့ မောင့်အပြုံးတွေမှာပိုပေါ်လွင်လာခဲ့ပြီး ထိုင်နေရမှထလာကာ မောင့်ရဲ့လက်ဖဝါးတစ်ဖက်သည်သူ့ရှေ့ထံဖြန့်ခင်းပေးလာခဲ့ပါတယ်။

ပင်လယ်ပြာပြာနောက်ခံရယ်...အပြာရောင်ရင့်ရင့်ကောင်းကင်ကြီးရယ်..ညရဲ့လမင်းနှင့်..မောင့်အပြုံးချိုချိုတွေ..။ဘဝမှာကြုံဖူးခဲ့သမျှထဲ ဒီညရဲ့ဒင်နာဟာ အလှပဆုံးပါ။

ကမ်းပေးလိုက်တဲ့သူ့လက်ချောင်းတွေကို လက်ဖျားလေးမှတစ်ဆင့် ခပ်တင်းတင်းကလေး မောင်ဖမ်းဆုပ်ကိုင်လိုက်ပြီး စားပွဲဆီကိုခေါ်သွားပေးပြီး ထိုင်ခုံမှာထိုင်စေပြီးမှ အနားမှာပေါက်နေသောတရုတ်စံကားပင်ကနေ တရုတ်စံကားပန်းလေးတစ်ပွင့်ကိုလည်း မောင်က ခူးလိုက်ပြန်သေးတာ...။

ပြီးတော့ ထိုပန်းကလေးကို မောင်နမ်းရှိုက်လိုက်တော့တယ်။ကော့ညွှတ်နေသောနှုတ်ခမ်းပါးလေးတစ်စုံဟာ မောင့်အပြုံးတွေရဲ့အရင်းခံဆို မောင့်ကိုကြည့်ပြီးပြုံးနေမိတဲ့သူ့နှုတ်ခမ်းတွေကတော့ ကြည်နူးခြင်းရဲ့အတိမ်အနက်တွေပဲဖြစ်လိမ့်မယ်။

* မောင်...!!ပန်းပန်ပေးရအောင် ငါမိန်းကလေးမဟုတ်ဘူး *

နားရွက်ကြားထဲကို ပန်းလေးပန်ထည်ပေးဖို့မောင်လုပ်နေတာမို့ မောင့်လက်ကိုဆွဲဖယ်လိုက်ကာ တားမြစ်လိုက်ရသည်။ဒါပေမယ့်လည်း မောင်ကနောက်မဆုတ်သွားပါဘူး။အက်ရှရှအသံဩဩလေးနဲ့ရယ်နေသေးတာပါ။

* ပန်းပန်ဖို့အတွက် ယောကျာ်းလေး မိန်းကလေးဆိုတဲ့ပစ်ညှက်ချက်တွေမလိုဘူးလေမောင့်ဂျီမင်ရယ်။အဲ့လိုယုတ်ညံ့တဲ့သဘောတရားတွေလည်း မောင့်မှာမရှိဘူး။မောင့်ယောကျာ်းလေးက လှနေလို့ မောင်ကပန်းလေးတစ်ပွင့်နဲ့တင်စားမိရုံပါ...။ပန်းဆိုတာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကိုနာမ်နှိမ်ရလောက်တဲ့အထိ ယုတ်ညံ့နေလို့လား
မောင့်ဂျီမင်ကပြောပြပါဦး...။မောင်ကြားဖူးတယ်...ပန်းလေးတွေကအချစ်နဲ့အတူတူပဲတဲ့။သူတို့ကနူးညံ့ကြတယ် မြင့်မြတ်ကြတယ် ဒါပေမယ့် ယုတ်တော့မညံ့ဘူးမောင့်ဂျီမင် *

* ဒါပေမယ့် ငါမှမကြိုက်တာ *

မျက်လုံးကြည်ကြည်လေးတွေကို ဝိုင်းပြထားပြီးသူလက်မခံမချင်းပူဆာမယ်ပုံမှာရှိတယ်။

* လာပါ...မောင့်ကလေးလေး တစ်ခါလောက်ပန်ကြည့်။ပန်းလေးတွေထက် မင်းကပိုလှနေလို့ မင်းမှာပန်းပန်ကြည့်ဖို့အခွင့်ရှိပါတယ် *

နောက်ဆုံးတော့လည်း မောင်ပန်ပေးတဲ့ပန်းလေးတစ်ပွင့်ဟာ သူ့နားထက်မှာလှလှပပလေးရှိခဲ့ရပါတယ်။ဒီတစ်ဇွတ်ထိုးမောင့်ကိုငါဘယ်တုန်းကများ နိုင်ဖူးလို့လဲ။

* မောင် *

* ဗျာ *

* ဒီကျွန်းနာမည်ကဘာလဲ *

* ဂျွန်ဂျီမင် *

ဝိုင်ငှဲ့ပေးနေရင်း မောင်ကခပ်တည်တည်ပဲဖြေလာသည်။မောင် နောက်နေတယ်လို့သူယူဆလိုက်ရင်း မောင့်စကားကိုအလေးအနက်မထားခဲ့ပေ။

*  ဒီကျွန်းပိုင်ရှင်နဲ့မောင်နဲ့သိတာလား *

* အင်း အရမ်းရင်းနှီးတယ် မောင်နဲ့တအားကိုရင်းနှီးတဲ့လူ *

မောင်နဲ့ရင်းနှီးတယ်လည်းဆိုရော ဂျီမင်ရဲ့မျက်လုံးလေးတွေမှာ အရမ်းတစ်မျိုးပြောင်းသွားလေပြီး စားလတ်စခရင်းကိုပင်ဘေးချထားလိုက်ကာ ခန္ဓာကိုယ်လေးရှေ့တိုးလာသည်။

* ဘယ်သူလဲ ပြောပြလို့မရဘူးလား*

* ဂျွန်ဂျီမင်ပါလို့ မောင်ဖြေနေသားပဲ *

* မောင်!! *

* ဗျာ *

* စကားအကောင်းပြောလေ *

* ဟောဗျာ...!။ပိုင်ရှင်က ဂျွန်ဂျီမင်ပါဆို ဒီကျွန်းကလည်း သူ့နာမည်နဲ့ပဲ *

ကိတ်မုန့်လေးကိုခရမ်းနဲ့ထိုးဖဲ့စားနေရာကနေ မောင့်အကြည့်တွေက ဂျီမင်ထံရောက်လာခဲ့ပြီး ဂျီမင်ကိုလည်းတစ်ဇွန်းလှမ်းကျွေးလိုက်သေးတာပါ။

* ပိုင်ရှင်က ငါလား *

* အင်းလေ ပိုင်ရှင်က မင်းပဲပေါ့ *

* ငါကဘာလို့လဲ *

* သုံးနှစ်ပြည့်Silver Dayအတွက် မောင် ပေးတဲ့လက်ဆောင် *

လက်ဆောင်အဖြစ် ကျွန်းတစ်ကျွန်းလုံးကိုဝယ်ပေးတာတဲ့လား။ဘာတွေပြောရမယ်မှန်းမသိတော့သလို ပြောစရာတွေလည်းမရှိတော့ဘူး။လူတစ်ယောက်ဆီမှာ တန်ဖိုးထားခံရပြီးလယ်လောက်ထိအချစ်ခံရလဲဆိုတာကိုမောင်နဲ့သိကျ သိခွင့်ရခဲ့တာ။

* မောင် မကောင်းဘူး *

* အွန်း မောင်က ဘယ်တုန်းကမှမကောင်းခဲ့ပါဘူး။မောင့်ဂျီမင်ပြောတာ မှန်တယ်*

မျက်ဝန်းထက် ဝဲတက်လာတဲ့မျက်ရည်စတွေကို မလှိမ့်ကျစေဖို့ မျက်တောင်တွေအကူနဲ့
အမြန်သိမ်းဆည်းလိုက်သော်လည်း မောင်ကတော့ ချော့ဖို့မမေ့ခဲ့ပါဘူး။

ယခုထိ မကြွေကျလာသေးတဲ့မျည်ရည်ဥတွေကို လက်မလေးနဲ့ဖွဖွသုတ်ပေးပြီးချော့သလို
ပါးပြင်ကိုလက်ချာင်းလေးတွေနဲ့ပွတ်သပ်ပေးပြီးလည်းချော့ရှာပါတယ်။

* မောင့်ယောကျာ်းလေး ဒီညအရမ်းလှနေတယ် *

* မောင်ချစ်ပေးလို့ဖြစ်မှာပေါ့ *

မငိုစေဖို့ရာ မောင်နည်းမျိုးစုံနဲ့ချော့ပေးခဲ့တယ်။အနမ်းချိုချိုတွေနဲ့ရောလေ။မောင့်စကားလေးတစ်ခွန်းက ဘာမှဟုတ်မနေသည့်တိုင် ဂျီမင်ကိုပြုံးစေဖို့အထိတော့ စွမ်းခဲ့ပါတယ်။

လက်ဆောင်လှလှလေးကိုအပေးခံရလို့မျည်ရည်လည်ခဲ့ရပေမယ့်လည်း မောင့်အနမ်းတွေကြောင့်တော့ ကြာကြာဝမ်းမနည်းခဲ့ရပါ။
ဘဝတစ်လျှောက်လုံးသယ်ယူသွားရမယ့်အမှတ်တရကောင်းအတွက် မောင့်ကို သူ မေတ္တာကြိုးတွေနဲ့ပဲချည်သွားချင်တယ်...။

​ေမာင်ကတော့ အတ္တကြိုးလေးနဲ့ ချည်ပေါ့။
ေမာင်ပြင်ဆင်လှီးဖြတ်ပေးထားတဲ့စားစရာပန်းကန်လေးထဲက အစားအသောက်တွေကို
အရသာခံစားနေရ၏။

မောင်သူ့ကို တစိမ့်စိမ့်ထိုင်ကြည့်နေတာက နည်းနည်းတော့ရှက်သလိုလေးဖြစ်စေရပေမယ့် အဲ့လိုကြည့်နေတဲ့လူကမောင်ပဲမို့လို့ သူ့ရှက်ရွံခြင်းတွေကိုခေါက်သိမ်းထားလိုက်တယ်။

မောင်ကျေနပ်သွားစေရန်ခဏခဏပဲပြုံးပြမိတော့ မောင့်ဆီက ရယ်သံလွင်လွင်လေးကြားလိုက်ရသေးသည်။ဒီညမှာ မောင့်လိုပဲ သူလည်းလက်ဆောင်ပြန်ပေးမယ်ဆို
မောင်လက်ခံပေးမှာလား။

* မောင်ကလေး လိုချင်လား *

မောင်လည်း မထင်ထားဘူးမလား။မောင့်လှုပ်ရှားမှုတွေရပ်သွားတာကို သူမြင်လိုက်ရတယ်လေ။

* မလိုချင်ဘူး မောင့်အတွက် ဘယ်ကလေးမှလည်းမလိုအပ်ဘူး *

ဒီအဖြေအတွက်ခဏလေးတောင် မောင်မစဥ္းစားခဲ့ပါဘူး။မောင်အဖြေပြန်ပေးတာ
မြန်လိုက်တာ။ဒီလောက်ကြီးထိ မြန်ဖို့မလိုဘူးလေ။သူလည်း ဒီစကားပြောထွက်နိုင်ဖို့အတွက် လတွေနဲ့ချီပြီးကြာခဲ့သေးတာကို။မောင့်ကိုလည်း စဥ္းစားစေချင်ပါသေးတယ်။

* ဒါပေမယ့်... *

* တော်တော့ ဂျွန်ဂျီမင်...မဟုတ်တာတွေမတွေးစမ်းနဲ့ကွာ မဖြစ်နိုင်တာတွေနဲ့ မောင်
မရူးမိုက်ချင်ဘူးဂျွန်ဂျီမင် *

ပိတ်အော်လိုက်တော့မှပဲ ဂျွန့်ဂျီမင်ရဲ့ပါးစပ်လေးကပိတ်သွားတော့သည်။မျက်နှာငယ်လေးနဲ့ ပြန်မော့ကြည့်လာတာကိုလည်းမောင်မသနားမိခဲ့ပါဘူး။အလိုလိုက်လွန်းအားကြီးသွားလို့လား မောင်တိတိပပမပြောတတ်ပေမယ့် ဂျွန်ဂျီမင်ကတော့သိပ်ဆိုးလွန်းခဲ့ပါတယ်။

မောင် သိတာတစ်ခုပဲရှိတယ်။အဲ့တာဂျွန်ဂျီမင်ကို မောင်စိတ်ဆိုးတယ်ဆိုတာပဲ။

* ကလေးလေးရှိတော့ မောင်မပျင်းရတော့ဘူးပေါ့ ကလေးသေးသေးလေးလေ... မောင် မလိုချင်ဘူးလား *

အဆုံးထိ ဂျွန်ဂျီမင်က လက်မလျော့ချင်ဘူးပဲ။

* မောင့်ဂျီမင်တော်တော့ဆို...ဘာကလေးလဲ!!သွားဗျာ ။ဂျီမင်ကိုချစ်နေရရင်မောင်မပျင်းဘူး သေတဲ့အထိမပျင်းမရိ့ချစ်သွားမှာ...မောင်ပဲကလေးလုပ်မယ် မောင့်ကိုပဲမင်းတစ်သတ်လုံးချစ်သွားရမယ် *

ဂျီမင်အားပြန်ကြည့်လာခဲ့တဲ့ မောင့်မျက်ဝန်းလေးတွေထဲတွင်မျက်ရည်တွေဟာ လျှံကျလာတော့မယ့် စမ်းရေကြည်တွေလိုမျိုးနှယ်အင်အားက အလုံးလိုက်အရင်းလိုက်ဖြင့်...။
မောင် ငိုရင် သူ့ကမ္ဘာကြီးတစ်ခြမ်းအမှောင်အဖုံးခံလိုက်ရတာနဲ့ ဘာကများကွာခြားပါတော့မလဲ။

* ငါ...ငါ ကလေးမယူတော့ဘူး မောင့်ကိုပဲလိုအပ်တာမို့ ကလေးမရှိလည်းရတယ် *

* တကယ်လား *

မောင့်လက်တွေပေါ်ဆုပ်ကိုင်ထားတဲ့သူ့လက်တွေကို မောင်ကကြပ်သိပ့်နေအောင်ပြန်ဆုပ်ကိုင်လာခဲ့ပြီး နှုတ်ခမ်းပါးလေးကိုလည်း တွန့်ရုံသာ ပြုံးပြလာခဲ့သည်။ဒါပေမယ့်မောင့်ဆီကရနေတဲ့အငွေ့အသက်တွေကဘာလို့ ​ကျောချမ်းစေရတာလဲ။

အဲ့တာကိုတွေးလို့အဖြေမပေါ်ခင်မှာပင် မောင်သူ့ကိုပွေ့ချီသွားပါတော့တယ်။ငြင်းဆန်ချိန်တောင်မရလိုက်ပါဘူး...သူ့ကိုယ်လုံးလေးက မောင့်လက်တွေထဲမှာပါသွားနှင့်ပြီးပြီလေ။
မြန်မြန်သွက်သွက်ကြီးလမ်းလျှောက်နေခဲ့တာဖြစ်လို့ ကြောက်လန့်အားကြီးစွာပဲမောင့်လည်တိုင်ကိုသိုင်းဖက်ထားလိုက်မိပါသည််။

* ကလေးသိပ်လိုချင်နေတဲ့မင်းဆန္ဒ...အဲ့တာကဘယ်လောက်ထိ မှားယွင်းသွားသလဲ မောင်သက်သေပြပေးမယ်...။အိမ်ထောင်တစ်ခုမှာ ရင်သွေးလေးတွေဟာအသုံးချခံမဟုတ်မှန်း မင်းကို မောင်သက်သေပြပေးမယ်...။ကလေးရှိမှအိမ်ထောင်တစ်ခု
ရေရည်ခိုင်မြဲလိမ့်မယ်ဆိုတဲ့ ဆိုရိုးတွေကိုလည်းဒီညမှာ မောင်ပြင်ပေးမယ်။ဂျွန်ဂျီမင်နားလည်ထားရမှာက မောင်က မင်းနဲ့ပဲမြဲချင်တဲ့လူ...မောင့်ကိုဘာနဲ့မှချည်ထားစရာမလိုဘူးမင်းနဲ့ပဲ မောင်အချည်ခံမှာ *

* ငါမောင့်ကိုချစ်တယ် *

* မောင်သိတယ်...မောင်လည်း ပြန်ချစ်ပေးမှာ *

မောင် ဘာကိုပြောသလဲနားလည်ရတာမို့
မောင့်ဂျီမင်သည် ရှက်ပြုံးလေးဖြင့် ခမ်းခမ်းနားနားလေးကို ပြုံးနေခဲ့တာပါပဲ
ထိုညမှာ ကြယ်တွေဟာ သိပ်လှခဲ့သလို...
ညရဲ့လမင်းသည်လည်း အေးအေးချမ်းချမ်းပဲတောက်ပနေခဲ့ပါသည်။

​ေမာင့်အချစ်တွေကြောင့် နွေးထွေးရတယ်ဆိုရင် မောင့်မေတ္တာတွေကြောင့် အေးချမ်းရပါစေ မောင့်ဂျီမင်...။မောင့်ဂျီမင်သာဆန္ဒရှိမယ်ဆို တစ်သက်လုံးသစ္စာကြိုးလှလှလေးနဲ့အချည်ခံပြီး မြဲသွားချင်သူက မောင်ပါ...။

x x x x x x x x x x x x x x x x x x x x

(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။

ကိုကိုးသည် စာရေးရင်နည်းနည်းတစ်မျိုးသမားမို့ ချစ်တာတွေဆိုသေချာမရေးပြတတ်ပါဘူး။လိုတာတွေရှိလည်းနားလည်ပေးကြပါနော်။)

x x x x x x x x x x x x x x x x x x x x x x

,
,
,
,
,

( ZAWGYI)

( အခ်ပ္ပိုႏွစ္ )

​ေမာင္က ေမာင့္ဂ်ီမင္ကိုဆို တစ္ပတ္မွာခုနစ္ရက္လုံး ခ်စ္ခ်င္ေနတဲ့လူမ်ိဳး...။မဟုတ္ေသးဘူး ရွစ္ရက္ေလာက္ကို ခ်စ္ပစ္ခ်င္ေနတာ။ေမာင့္ဂ်ီမင္ကို ေၾကာက္လို႔သာ ေမာင္လိမၼာေပးေနရတာကို ဂ်ီမင္အား ေမာင္သိေစခ်င္တယ္။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဘိုးဘြားပိုင္လုပ္ငန္းတစ္ခ်ိဳ႕ကို ေမာင္ကိုယ္တိုင္ဦးေဆာင္ေနၿပီျဖစ္လို႔ စီးပြားေရးသမားေပါက္စေလးေမာင္ဟာ လက္ထပ္ၿပီးပိုင္းေနာက္ပိုင္းတြင္ အရင္လိုဂ်စ္တိုက္တတ္တဲ့
ကေလးဆိုးႀကီးမဟုတ္ေတာ့ပါဘူး။အဲ့ထက္တစ္ဆင့္ျမင့္တဲ့ရာထူးေလးနဲ႕ ေမာင့္ဂ်ီမင္ရဲ႕တြဲေလာင္းေလးျဖစ္သြားရပါၿပီ။

အလုပ္ကိစၥတစ္ခုနဲ႕နယူးေယာက္ၿမိဳ႕ကိုအေစာတလ်င္သြားလိုက္ရတဲ့ေမာင့္ကို ဒီေန႕မွာေတာ့ ေဒါက္တာပတ္ခ္ကိုယ္တိုင္ပဲ သြားႀကိဳရေလသည္။ေမာင္က သူနဲ႕အတူထိုနိုင္ငံကိုလိုက္ခဲ့ဖို႔ေခၚခဲ့ေသာ္လည္း ေမာင့္ဂ်ီမင္မွာလူနာေတြေၾကာင့္ မလိုက္နိုင္ခဲ့ေပ။

ထို႔ေၾကာင့္ ေမာင့္ခမ်ာ လြမ္းလြမ္းေဆြးေဆြးမ်က္ႏွာႀကီးနဲ႕ ညတိုင္းပင္ Face Timeေျပာျဖစ္တိုင္း " ​ေမာင္ျပန္လာခ်င္ေနၿပီ "လို႔ လွမ္းလွမ္းခြၽဲျပေနတာကို ေမာင့္ဂ်ီမင္လည္းသေဘာေတြက်ခဲ့ရ၏။ဒီအခြၽဲသန္လြန္းတဲ့
ခြၽဲခြၽဲပ်စ္ပ်စ္အခြၽဲစိန္ေလးကိုမွ ေမာင့္ဂ်ီမင္
မခ်စ္ရင္ ဘယ္ေမာင္ကိုခ်စ္ရပါေတာ့မလဲ..။

ဆိုေတာ့ကာ တစ္ေျမဆီျခားေနၾကေပမယ့္
အခ်စ္ေတြကေတာ့ပိစိေလးေတာင္မေလ်ာ့ခဲ့ၾကပါဘူး။ေမာင္ခရီးသြားတုန္းက ဂ်ဴတီခ်ိန္ေတြေၾကာင့္အတူရွိမေပးနိုင္ခဲ့ေပမယ့္ ေမာင္ျပန္လာမယ့္အခိုက္မွာေတာ့ ရွိရွိသမွ်အလုပ္ေတြအားလုံးကိုပစ္ခ်ခဲ့ၿပီး ေမာင့္ကိုသြားႀကိဳမည္။

​ေမာင့္လိုပင္ သူလည္းေမာင့္ကိုလြမ္းေနၿပီ။

ဒီေန႕အတြက္ ယာၪၼောင္းတာဝန္ယူေပးလာတဲ့ ေမာင့္လက္႐ုံးေတာ္ လီေဆာင္းဝူကိုကားထဲမွာပင္ထားပစ္ခဲ့လိုက္ၿပီး သူသည္ေလဆိပ္အတြင္းသို႔ ဝင္ခဲ့လိုက္သည္။

ၾကက္ဥႏွစ္ေရာင္စြယ္တာလက္ရွည္ေလးနဲ႕ လွလွပပေလးခန့္ျငားေနတဲ့ေဒါက္တာေလးကို အမ်ိဳးသမီးငယ္တစ္ခ်ိဳ႕မွာဓာတ္ပုံခိုးရိုက္ေနၾကသလို လည္ျပန္ေငးကာၿပဳံးေနၾကတာကိုျမင္သြားေလတဲ့ ထိုလီေဆာင္းဝူမွာ ေဒါက္တာတာတို႔အတြဲကိုပင္ မေၾကာက္မလန့္ မ်က္ေစာင္းထိုးသြားခဲ့သည္။

ေမာင့္တပည့္ေတာင္ ဒီလိုျဖစ္ေနတာ ေမာင္ကိုယ္တိုင္သာဆို ေဒါက္တာရဲ႕လွေနပုံကိုၾကည့္ၿပီး ႏႈတ္ခမ္းတလန္နဲ႕ရန္ေတြ႕မွာေသခ်ာတယ္။အိမ္ေထာင္သက္ၾကာလာေလ ေမာင္ဟာပိုၿပီးအူတိုတက္လာေလပါပဲ။တစ္ခါတစ္ေလဆို ​ေျပာမရဆိုမရကေလးဆိုးႀကီးလိုေပါ့။

သတ္မွတ္ေပးထားေသာေနရာမွာရပ္ေစာင့္ေနစၪၼွာပဲ ထြက္ေပါက္မွေနထြက္လာတဲ့ေမာင့္ကိုျမင္မိေတာ့ သူၿပဳံးမိပါတယ္။CK brandေတြနဲ႕Rapperႀကီးတစ္ေယာက္လို
အဝတ္ေတြနဲ႕ဖုံးေနၿပီး သူ႕ရွိရာတည့္တည့္ကိုေျပးလာေနတဲ့ေမာင္...။

အသက္ေတြသာႀကီးလာတယ္ ေမာင့္ပုံစံက ဆယ္ေက်ာ္သက္လူငယ္ေလးလို ဘယ္ေနရာကမွ ေမာင့္ရဲ႕ေခ်ာေမာမႈေတြကိုမဖုံးကြယ္နိုင္ေသးပါဘူး။ေမာင့္ကို ဘယ္အခ်ိန္ပဲၾကည့္ၾကည့္အၿမဲလြင့္ အၿမဲမိုက္ေနတာ။

သူကသာ ဆရာဝန္တစ္ေယာက္ဆိုတဲ့ဂုဏ္ပုဒ္နဲ႕အညီတည္တည္တံ့တံ့မ်ိဳးေတြဝတ္စားထားရေပမယ့္ ေမာင္ကေတာ့
သူ႕လိုမဟုတ္...။အိေႏၵျရရSuitေတြအစား ဖိုသီဖတ္သီအထည္ေတြနဲ႕ေဂၚခ်င္တိုင္းေဂၚေနတဲ့ေမာင္ဟာ ေမာင့္ကိုယ္ေမာင္အထာက်လွၿပီဟုထင္ေနသလားပဲ။

ေမာင့္အေၾကာင္းေလးကိုေတြးလိုက္မိ႐ုံနဲ႕
ၿပဳံးသြားမိတဲ့ႏႈတ္ခမ္းလွလွေလးကို ေမာင့္ႏႈတ္ခမ္းနဲ႕ထိကပ္ခံလိုက္ရေတာ့မွပဲ သတိကပ္မိေတာ့တဲ့အျဖစ္...။လူၾကားထဲမွာကို
ေမာင္ဟာေလ အိမ္မွာလိုဆိုးလို႔ေနဆဲ...!။

* ေမာင္..!!! *

* ဗ်ာ *

ေမာင့္ရင္ဘတ္ႀကီးကို လက္ေတြျဖင့္ေဆာင့္တြန္းထားလိုက္ၿပီး ဆိုးသြမ္းခ်င္ေနတဲ့ေမာင့္ႏႈတ္ခမ္းပါးေလးရဲ႕ရန္မွ သူေရွာင္ပုန္းလိုက္ရ၏။ရွက္စိတ္ေလးေၾကာင့္ နား႐ြတ္ေလးေတြရဲရဲေစြးလာတာကိုၾကည့္ၿပီး ေမာင္ကျမတ္နိုးစိတ္ေလးနဲ႕တစိမ့္စိမ့္စိုက္ၾကည့္ေနခဲ့တယ္။

* ေမာင္ၿငိမ္ၿငိမ္ေနေနာ္ လူဆိုးေကာင္မလုပ္ခ်င္နဲ႕ *

* ေမာင္က လူဆိုးေကာင္ပဲလုပ္ခ်င္တာ *

ေမာင္ဟာ မ်က္လုံးဝိုင္းႀကီးေတြနဲ႕႐ႊန္း႐ႊန္းစားစားငုံ႕ၾကည့္လာခဲ့ၿပီး သြားတန္းေလးေတြေပၚတဲ့အထိၿပဳံးျပလာကာ ေမာင့္ဂ်ီမင္ရဲ႕ပါးေဖာင္းေဖာင္းတစ္ဖက္ကို ခိုးနမ္းခဲ့ျပန္သည္။

* ေမာင္ေနာ္...လူၾကားထဲမွာမ႐ြနဲ႕ *

* ခ်စ္လို႔ လြမ္းလို႔ အသည္းယားေနလို႔ နည္းနည္းေလာက္ ေပးနမ္းပါလား *

ေမာင္ဂ်ီမင္ကအဲ့လိုပဲ။ေမာင့္ကိုဆို မ႐ြနဲ႕ပဲေျပာတတ္တာလားမသိ။သူ-မႀကိဳက္တာ ေမာင္လုပ္မိတိုင္း ဟန့္တားတတ္တဲ့စကားလုံးေလးက ​ေမာင္မ႐ြနဲ႕ဆိုပဲ။

ဒီလိုေတြခ်စ္ဖို႔ေကာင္းေနလို႔ ေမာင့္မွာ အခ်စ္လြန္ေနရတာဗ်..။

ေမာင္သည္ ႐ႊတ္ေနာက္ေနာက္ဟန္ေလးနဲ႕ဂုတ္ပိုးေလးကိုဖြဖြကုတ္ေနရင္း ဂ်ီမင္မ်က္ႏွာေလးကိုလည္း အၾကည့္မပ်က္ခဲ့ေပ။အခုလိုေမာင္ခ်စ္စကားေတြ​ေျပာတိုင္း ဂ်ီမင္ၿပဳံးရပါတယ္။ႏႈတ္ခမ္းေလးေတြေကြးတက္လာတာကို ေမာင္ကတစိမ့္စိမ့္ေလးေငးၾကည့္ရင္းၿပဳံးေနခဲ့သည္ေလ။

* ေမာင္ လြမ္းလိုက္ရတာ ဂ်ီမင္ရယ္ *

အသိေပးျခင္းမျပဳပါဘဲနဲ႕ ေမာင့္ဂ်ီမင္ေလးကိုရင္ခြင္ထဲအတင္းဆြဲထည့္ျပန္ပါသည္။
ၿပီးေတာ့ အရိုးႏုေလးေၾကရမလားထင္ရတဲ့အထိကို ေမာင္ဟာဂ်ီမင္ရဲ႕ကိုယ္လုံးေႏြးေႏြးေလးကို အားရပါးရပင္အႏုၾကမ္းစီးသလိုေပြ႕ဖက္ထားခဲ့ပါတယ္။

အေပြ႕အဖက္ေလးနဲ႕တင္ ေမာင္မည္မွ်လြမ္းေနခဲဘရသလဲသိေစတာမို႔ ေမာင့္အလိုက်ေမာင့္ကိုျပန္ဖက္ေပးထားလိုက္တဲ့အခါ ေမာင့္ထံမွေန သက္ျပင္းခ်သံႀကီးကိုၾကားလိုက္ရၿပီး သူ႕အားလုယူမခံနိုင္တဲ့အ႐ုပ္ေလးလိုမ်ိဳး တင္းတင္းၾကပ္ၾကပ္ဖက္တြယ္လာခဲ့ပါတယ္။

​ေမာင္ဟာေလ ပိုလိုက္တာ။

* လႊတ္ေပးပါဦး ငါရွက္လာၿပီ *

ျငဴျငဴစူစူအသံေလးေၾကာင့္ ဖက္ထားတာကိုလႊတ္ေပးခဲ့ေပမယ့္လည္း ေမာင့္လက္ေတြဟာေတာ့ အလုံးစုံမဖယ္ခြာေသးပါဘူး။နား႐ြက္ႏုႏုေလးေတြကိုအသည္းယားသလိုေလးပြတ္သပ္ေနခဲ့သလို ေခါင္းလုံးလုံးေလးကိုလည္း ေမာင္ငုံ႕နမ္းလို႔မတင္းတိမ္ခဲ့ပါ။

* အိမ္ကိုေရာက္ခ်င္ၿပီေမာင့္အသည္းရယ္ ျမန္ျမန္ျပန္ရေအာင္ဗ်ာ ေမာင္ မင္းကိုလြမ္းလွၿပီ *

ေမာင္သေဘာထားကရိုးပါတယ္။ခရီးပန္းလာလို႔ အိမ္ျမန္ျမန္ျပန္ေရာက္ခ်င္ေနတဲ့အရိုးခံစိတ္ေလးနဲ႕ေျပာလိုက္တာ။ၿပီးေတာ့ ဂ်ီမင္ကိုလည္း ေမာင္တကယ္လြမ္းေနခဲ့ရတာေလ။

* ေမာင္ ဘယ္လိုျဖစ္...! *

ခ်က္ခ်င္းပင္ နီရဲတက္လာတဲ့မ်က္ႏွာေလးနဲ႕ေမာင့္ပါးစပ္ကို လက္ေလးေတြနဲ႕အတင္းပိတ္ပစ္လိုက္ကာ ေဘးကိုလည္းလွည့္ၾကည့္လိုက္ေသးတာမို႔ ေမာင့္အမူအရာမွာ ​​ခပ္ေၾကာင္ေၾကာင္ပင္ျဖစ္သြားရ၏။

* ဟင္...။ေမာင့္အလြမ္းေတြ​ျဖည္မလို႔ပါ။မင္းကိုလြမ္းတဲ့စိတ္ေတြကို ထမ္းထားရတာေမာင္ေလးေနၿပီ...ေမာင့္ဂ်ီမင္က ကူညီၿပီးျဖည္ေပးေနာ္ *

* အရွက္ကိုမရွိဘူး...လူၾကားထဲမွာ *

ေမာင္ဘာေတြေျပာလိုက္မိသလဲ ေမာင့္ကိုယ္ေမာင္ပင္ သတိမထားမိလိုက္တဲ့အခ်ိန္မွာ
ဂ်ီမင္ကေတာ့ စိတ္ဆိုးသြားခဲ့ၿပီ။ေလသံတိုးတိုးေလးနဲ႕ေမာင့္ကိုသတိေပးေနပုံေလးကေၾကာက္စရာမေကာင္းဘဲနဲ႕ ဘာေၾကာင့္မ်ားအခ်စ္ပိုခ်င္စရာေလးျဖစ္ေနတာပါလဲ။

ဒီအေျဖကိုသိဖို႔ ေမာင္ခုနစ္ရက္ေလာက္အခ်ိန္ယူၿပီး မင္းကိုခ်စ္ရင္းနဲ႕အေျဖရွာပါ့မယ္။

* ေမာင္ဘာေျပာမိလို႔လဲ *

* ေမာင္ ဘာေတြေတြးေနလဲ ေမာင္အသိဆုံးျဖစ္မွာေပါ့ *

ဘာတစ္ခုမွကိုနားမလည္ဘူးဆိုတဲ့ဒီဇိုင္းနဲ႕ ေမာင္သည္ သူ႕မ်က္လုံးလွလွေလးေတြကိုတမင္ျပဴးက်ယ္ထားျပ၏။စိတ္ဆိုးေနလို႔ ေမာင့္ရင္ဘတ္ႀကီးကိုပိတ္ထုပစ္တဲ့အခါ ေမာင္ဟာ ေပေတၿပီးၿငိမ္ခံေပးရွာပါတယ္။

* ဟင့္အင္း ေမာင္မသိဘူး။ေမာင္သိတာ ဂ်ီမင္ကိုလြမ္းတယ္...... *

ေမာင္ဘာေတြေလွ်ာက္ေျပာဦးမလဲမၾကားရဲေတာ့တာမို႔ ေမာင့္ႏႈတ္ခမ္းကို လက္ဖဝါးျဖင့္ခပ္ဆတ္ဆတ္ပုတ္ပစ္လိုက္ၿပီး အံႀကိတ္ျပခဲ့သည္။ထပ္ေျပာရင္ ဒီေန႕ ငါတို႔က႑အျပတ္ပဲ။

* ေတာ္ေတာ့ဆို...!လူညစ္ပတ္ေကာင္ *

* ေဟာဗ်ာ.။ *

ဘလိုင္းႀကီးေတြရန္ေတြခံလိုက္ရတာျဖစ္လို႔ ေမာင့္ခမ်ာ အူတူတူေလးနဲ႕ေခါင္းပဲကုတ္နိုင္ခဲ့၏။အေၾကာင္းျပခ်က္မေပးဘဲ သပ္သပ္မဲ့အျမင္မၾကည္ျဖစ္ေနတဲ့ေယာက်ာ္းေသးေသးေလးကို အဲ့ဒီခဏမွာတကယ္နားမလည္ခဲ့ပါဘူး။အၾကာႀကီး ခြဲေနရလို႔ စိတ္ေကာက္ခ်င္ေနတာမ်ားလား...?။

ေမာင့္ကိုပင္ မေစာင့္။ေလဆိပ္ထဲမွာထားပစ္ခဲ့ကာ အရင္ဦးေအာင္လွည့္ထြက္သြားသူေလးကို ေမာင့္မွာအသည္းတယားယားနဲ႕။ခ်စ္ေနရတဲ့အခ်ိန္ေတြၾကာလာေလ ဂ်ီမင္ကိုပိုခ်စ္လာရေလဆိုတာ ေမာင္သိလာခဲ့တယ္။

* * * * * * * * * * * * * * *

တိုက္ခန္းကိုျပန္ေရာက္တဲ့အထိ ေမာင္ကအပိုးက်ိဳးလြန္းတဲ့ကေလးေလးလို မ်က္စိေနာက္ရေအာင္ဘာတစ္ခုမွ အကဲမပိုခဲ့ေသာ္လည္း အခန္းတံခါးဖြင့္လိုက္သည္ႏွင့္
ေမာင့္ဆီမွ ခစ္ခနဲရယ္သံျမဴးျမဴးတစ္ခ်က္ကိုၾကားလိုက္ရတာမို႔ မ်က္ေစာင္းလွည့္ထိုးေပးလိုက္ရေသးသည္။

ၿပီးေတာ့ ေမာင့္ဂ်ီမင္မွာျငင္းဆန္ခ်ိန္ေတာင္မရလိုက္ဘဲ ေမာင္ရဲ႕ဇြတ္တ႐ြတ္ေပြ႕ခ်ီျခင္းကိုခံလိုက္ရေတာ့သည္။သူ၏ဒူးႏွစ္ဖက္ေနဆြဲမျခင္းခံလိုက္ရၿပီး ေမာင္နဲ႕မ်က္ႏွာျခင္းဆိုင္ေပြ႕ခ်ီထားျခင္းခံလိုက္ရကာ ေမာင့္လက္ေတြဟာလည္း သူ႕ေျခသလုံးေလးေတြကိုပိုင္စိုးပိုင္နင္းဆုပ္ကိုင္လာၿပီး ေမာင့္ခါးကိုအတင္းခြထားေစ၏။

* ေမာင္...!ဘယ္လိုျဖစ္ေနတာလဲ *

ေမာင္သည္ သူ႕တားျမစ္သံကိုနားဝင္ပုံမရပါဘူး။အဲ့ဒီအစား သူ႕အား နမ္းဖို႔ရန္ပဲအသည္းအမည္း ေမာင္ေရွ႕ဆက္တိုးေနခဲ့တယ္။သူ႕ကိုေထြးဖက္ထားရင္း သူ႕မ်က္ႏွာတစ္ဝွိုက္ကိုနမ္းမိဖို႔အေရးပဲ ေမာင္က ဆိုးခ်င္ေနခဲ့တာ။

* ေမာင္...!! *

* အား...!!! *

ဘယ္လိုမွထိန္းမနိုင္ေတာ့တဲ့ေမာင့္ကို ဆံပင္ေတြမွေန ေနာက္ျပန္လွန္ဆြဲေဆာင့္ပစ္ၿပီးေမာင့္ေခါင္းႀကီးကို အတင္းဆြဲဖယ္လိုက္ရသည္။
အိမ္ထဲဝင္႐ုံပင္ရွိေသးတယ္ အခ်စ္လြန္ခ်င္ေနတဲ့ေမာင့္ေၾကာင့္ နပန္းလုံးေနရၿပီ။

ေမာင္သည္ သူ႕ကို သနားစရာမ်က္လုံးေလးေတြနဲ႕ေမာ့ၾကည့္လာတာမို႔ ေမာင့္ရင္ဘက္ကိုထုလိုက္ရင္း မ်က္လုံးျပဴးျပလိုက္ရၿပီး ေမာင့္ေနာက္ေက်ာဘက္ျခမ္းကို မ်က္လုံးေလးေစြျပလိုက္ကာမွပဲ ေမာင္ဟာတစ္ခုခုနားလည္သြားပုံႏွင့္ ခ်က္ခ်င္းဆိုသလိုေနာက္လွည့္ၾကည့္ေဖာ္ရေတာ့တယ္ေလ။

ေမာင့္အဝတ္အိတ္ေတြကိုသယ္ထားရတဲ့
လီေဆာင္းဝူသည္ အိတ္ေတြကိုပစ္ပဲပစ္ခ်ရေတာ့မလိုလို...၊ဆက္ၿပီးပဲသယ္ထားရမလိုလိုပုံစံႏွင့္ ဧည့္ခန္းအလယ္မွာ​ေတာင့္ေတာင့္ႀကီးၿငိမ္ေနၿပီး ေမာင္တို႔အတြဲကိုရပ္ၾကည့္ေနတာ။ထြက္ေျပးဖို႔ကိုေမ့ရတဲ့အထိ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရတဲ့ပုံ၏။

* ၾကည့္လို႔ေကာင္းေနလား *

ေမာင့္အသံဟာ ေအးစက္စက္နဲ႕။မသိရင္ ေရခဲေတာင္တစ္ခုလုံးၿမိဳခ်ထားသလားပဲ။
အၾကည့္ေတြကအစ မ်က္လုံးႀကီးထဲကေန ဓားေတြခုန္ထြက္လာေတာ့မယ့္အတိုင္း...!။

* အာ ..အာ....ဟိုဟာ ဟိုဟာ ေဆာရီးဆရာ *

အၾကည့္တစ္ခ်က္နဲ႕တင္ ဓားနဲ႕လိုက္ခုတ္ခ်င္ေနမွန္းသိသိသာသာမို႔ သူ႕မွာ စကားေတြထစ္ရင္း အိတ္ေတြကို ၾကမ္းျပင္ထက္ပစ္ခ်ေလကာဟိုဘက္ေျပးမလို ဒီဘက္ေျပးမလိုနဲ႕ေရာက္ယတ္ခတ္ေနတာက ေမာင့္ကို ႐ြဲ႕ေနသလိုျဖစ္ေနၿပီ။

* မင္းမသြားေသးဘူးလား တံခါးပိတ္ခဲ့ဖို႔မေမ့နဲ႕ မင္းနဲ႕ေနာက္မွသပ္သပ္ထပ္ရွင္းမယ္ *

* ေမာင္...စကားကိုဘယ္လိုေျပာေနတာလဲ *

အခန္းထဲကမထြက္မခ်င္း ေမာင္ဟာ ကြၽဲျမႇီးတိုေနတဲ့အသံႀကီးနဲ႕ဟိန္းေဟာက္ေနတာ ေတာ္ေတာ္ေလးကို တရားလြန္ပါတယ္။ျမင္ျမင္သမွ်ကို မ်က္ေစာင္းလိုက္ထိုးတတ္တာက အသစ္ထပ္တိုးလာတဲ့ေမာင့္ဗီဇေလးမ်ားျဖစ္ေနမလား..။

* ဂြၽန္ေဂ်ာင္ကု ဘာျဖစ္ေနတာလဲ...မင္းမွာအရွက္ကိုမရွိေတာ့ဘူး ကမ္းကုန္ေနၿပီ *

ဂ်ီမင္စိတ္ဆိုးခ်င္ေနၿပီဆိုတာကိုေမာင္သိတာမို႔ အထာနပ္သူၿပီသစြာ ဂ်ီမင္ရဲ႕ကိုယ္လုံးေလးကိုသိုင္းဖက္ပစ္လိုက္ၿပီး ရင္အုပ္ေသးေသးေလးေပၚေခါင္းမွီခ်လိဳက္ကာ မ်က္ႏွာေလးျဖင့္ကပ္ထားေလၿပီး ရင္ခြင္ထဲအတင္းဝင္တိုးေနေတာ့သည္။

* ေမာင့္ဂ်ီမင္ ဆူခ်င္ေနလည္း ေနာက္မွဆူပါဗ်ာ...ေမာင့္မွာ ေမာင့္မွာ မင္းကိုလြမ္းေနရတာ
မင္းကိုလြမ္းရလြန္းလို႔ ေမာင့္ရင္ခုန္သံေတာင္ဂ်ီဂ်ီ ဂ်ီဂ်ီနဲ႕ေျပာင္းေနၿပီ...မယုံရင္ နားေထာင္ၾကည့္မလား ဟင္ *

* ေတာ္ပါေတာ့ လူေကာင္ႀကီးမွအားမနာ
အရမ္းခြၽဲလြန္းတာပဲ။ေတာ္ၿပီ မျဖစ္ေတာ့ဘူး
ေမာင္ဒီလိုဆက္ခြၽဲေနမယ္ဆို.... *

* ေမာင့္ကိုထပ္ၿပီး ထားပစ္ခဲ့ဦးမလို႔လား...
ေမာင္လိမၼာပါ့မယ္ ေမာင့္အခ်စ္ေတြကိုေတာ့ စိတ္မကုန္လိုက္ပါနဲ႕ *

ေမာ့ၾကည့္လာတဲ့ေမာင့္မ်က္ဝန္းထက္မွာမ်က္ရည္ေတြျဖင့္အက်ၪ္းတန္​ေနလိုက္တာ။မ်က္ေတာင္ရွည္ေတြအကူနဲ႕ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း မ်က္ရည္စေတြက်မလာေအာင္ထိန္းခ်ဳပ္ထားနိုင္တဲ့ေမာင့္ကိုခ်ီးက်ဴးရမလိုပင္။

မဲ့တဲ့တဲ့မ်က္ႏွာေလးက ဂ်ီမင္သာမခ်စ္ေတာ့ဘူးလို႔ေျပာရင္ ေမာင့္ရဲ႕ကမာၻပ်က္သြားရွာမလားပဲ။ရွိုက္ဖိုတႀကီးေအာ္ငိုခ်င္ေနတဲ့ကေလးေလးလိုမ်ိဳး ေမာင္ငိုခ်ပစ္ခ်င္ေနတာမ်ားလား။

ေမာင့္အေၾကာက္တရားကဂ်ီမင္ထပ္ၿပီးထားသြားမွာဆိုရင္ မၾကားခ်င္ဆုံးစကားက ေမာင့္ကို မခ်စ္ေတာ့ဘူးဆိုတာပဲ။

* ​ေမာင့္ကို ခ်စ္ေပးေနာ္...ေမာင့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေပးပါ *

အစိုးရိမ္လြန္ေနတဲ့ေမာင့္ကို ဘယ္လိုႏွစ္သိမ့္ေပးနိုင္မွ ေမာင္စိတ္ေအးနိုင္မလဲ?အၿမဲလိုလိုေတြးျဖစ္ပါတယ္။ၿပီးေတာ့ ဘယ္လိုခ်စ္ေပးရမလဲလည္း ရင္ထဲမွာအၿမဲရွိထားၿပီးသားပါ။

ေမာင့္ပါးထက္ကိုမ်က္ရည္ဥေတြေႂကြက်မလာခင္မွာပဲ ေမာင့္မ်က္ဝန္းေတြကို ကိုယ့္လက္ဖဝါးေတြနဲ႕ဖြဖြပြတ္ေပးလိုက္ၿပီးမ်က္ရည္ေတြကိုေျခာက္ေသြ႕ေစလိုက္သည္။

ေမာင့္မ်က္ႏွာေလးကို လက္ႏွစ္ဖက္ၾကားမွာညွစ္ကိုင္ထားရင္းဆြဲေမာ့လိုက္တဲ့အခါေၾကေၾကကြဲကြဲမ်က္လုံးေလးေတြနဲ႕တိုးရသည္။ေမာင္စိတ္သာေစဖို႔ ေမာင့္ႏႈတ္ခမ္းပါးေလးကိုျဖတ္ခနဲငုံ႕နမ္းေပးရင္း တိုးတိုးေလးရယ္ခ်လိဳက္ကာ....

* ေမာင္ငိုစရာမလိုပါဘူး ေမာင္ရယ္...။
ေမာင္အဲ့ဒီလိုဆက္ခြၽဲေနရင္ ငါပိုခ်စ္လာမိေတာ့မယ္လို႔ေျပာမလို႔ကို ...။ေမာင္အရမ္းကေလးဆန္တယ္ *

ေမာင္ငိုစရာမလိုပါဘူး။ထပ္ၿပီးမငိုေအာင္ ထားေတာ့မွာမို႔ ေမာင့္ဘက္က ခ်စ္ေပးရင္ပဲ
ရၿပီ။

* ဟာဗ်ာ... *

မထိတထိအၿပဳံးေလးနဲ႕ေမာင့္ဂ်ီမင္က အခုေမာင့္ကို ေလွာင္ခ်င္ေနမွန္းသိသာေစတယ္။
ေတြးခ်င္ေတြေတြးၿပီး ဒရမ္မာေတြမတရားခင္းမိသြားၿပီလား ေမာင္စၪ္းစားမိျပန္ေတာ့
အရွက္တရားေတြက ခႏၶာကိုယ္အႏွံ႕ေလွ်ာက္ေျပးကုန္ၾက၏။

ြေမာင္ရွက္ေနပုံေလးက တစ္မ်ိဳးေလးဆန္းၿပီးခ်စ္စရာေကာင္းေနတာမို႔ ဂ်ီမင္မွာၿပဳံးၿပဳံးႀကီးပဲၾကည့္ေနနိုင္ခဲ့တယ္။ေမာင္ရဲ႕အရွက္ေတြပိုသည္းလာတဲ့အခါမွာေတာ့ ဂ်ီမင္ရင္ခြင္ေလးထဲ အတင္းတိုးေဝွ႕ေနျပန္၏။

* မင္းကို ေမာင္အတည္ခ်စ္ပစ္မွရေတာ့မယ္ *

ရွက္ပဲရွက္တာ ေမာင့္ပါးစပ္ကေတာ့ မေျပာရဲတာဘာမွမရွိဘူး။ရွက္ေၾကာနဲ႕ခ်က္ေၾကာမွားျဖတ္ခံထားရတဲ့ လူဆိုးပါဆို...။

ေမာင္နဲ႕ေမာင့္ဂ်ီမင္ဒီတစ္ေန႕လုံးခ်စ္ေနၾကမွာက အေသအခ်ာပါပဲ။ေမာင့္အခ်စ္ေတြၾကားကေန သူကိုယ္တိုင္ကကိုလြတ္ေျမာက္ခ်င္စိတ္ရွိမေနမွေတာ့ အခ်စ္ေတြျပန္ေပးဖို႔ပဲ သူေ႐ြးခ်ယ္ခဲ့တယ္။

* * * * * * * * * * * * * * * * * * * * * * * *

ဂ်ီမင္နိုးလာေတာ့ ပထမဆုံးသတိထားမိလိုက္တာက သူတစ္ညလုံးေမာင့္လက္ေမာင္းေပၚမွာအိပ္ေနခဲ့မိတာကိုပါ။ဒီလိုမ်ိဳးႀကီးတစ္ညလုံးအိပ္ခဲ့မိလို႔မျဖစ္ဘူးေလေမာင္ လက္ကိုက္ေနေတာ့မွာပဲ။

ေမာင့္လက္ေမာင္းေပၚကေန ေခါင္းေလးေထာင္လိုက္ကာ ေမာင့္ပါးျပင္ေလးကိုေမာ့နမ္းၿပီးမွ ေမာင့္ရင္အုပ္ေပၚေခါင္းေစာင္းတင္လိုက္ၿပီး မ်က္လုံးေလးျပန္မွိတ္ထားကာ တစ္ေရးေလာက္ျဖစ္ျဖစ္ျပန္ေမွးဖို႔ႀကိဳးစားမိ၏။

ပါးျပင္နဲ႕ထိေတြ႕ေနတဲ့ရင္အုပ္က်ယ္ႀကီးသည္ သာမာန္ထက္ပိုေႏြးေနသလိုခံစားလိုက္ရတာမို႔ ေမာင့္ဂ်ီမင္မွာအစိုးရိမ္ႀကီးစြာ ေမာင့္မ်က္ႏွာႏြမ္းႏြမ္းေလးကို မ်က္လုံးမွိန္မွိန္ေလးေတြနဲ႕ပဲ ေမာ့ၾကည့္ျဖစ္သည္။

* ေမာင္ ဖ်ားေနတာလား ...ေမာင္နဲ႕ေတာ့ခက္ပါတယ္ *

ေမာင္ ကိုယ္ေတြေႏြးေနတာလား။သူခ်က္ခ်င္းပဲထထိုင္လိုက္ရၿပီး ေမာင့္ပါးျပင္ေလးနဲ႕ သူ႕ပါးတစ္ဖက္ထိကပ္ပစ္ကာ အပူခ်ိန္စမ္းေလေတာ့ သိသိသာသာအပူခ်ိန္ေတြတိုးေနတာခံစားလိုက္ရေတာ့သည္။

ေမာင္ဖ်ားေနၿပီ။

အေအးမိလြယ္တဲ့ေမာင့္ကိုမွ တစ္ညလုံးသတိလက္လြတ္အိပ္ခိုင္းခဲ့ရတယ္လို႔။အေပၚပိုင္းဗလာက်င္းအတိုင္း ေပေပေတေတအိပ္ပစ္ခဲ့တဲ့ေမာင့္ကိုၾကည့္ၿပီး နည္းနည္းေတာ့စိတ္ဆိုးမိသည္။

ေမာင္က သူ႕ကိုယ္သူလူစြမ္းေကာင္းလို႔ထင္ေနတုန္းပဲလား။ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ဖို႔ေလးေတာင္ ေမာင္မသိေတာ့လား။ေမာင္နဲ႕
ပတ္သတ္ၿပီး သူနားလည္လိုက္တာတစ္ခုက
ေမာင့္ေဘးမွာသူရွိေနမွျဖစ္မယ္ဆိုတဲ့အခ်က္ပါပဲ။

ရင္ဘတ္အလယ္ထိေလ်ာက်ေနေသာဂြမ္းေစာင္ထူထူကို ေမာင့္ဖ်ားေလးပင္ဖုံးသည္အထိဆြဲၿခဳံေပးလိုက္ၿပီးမွ ခုတင္ေပၚကေန
အျမန္ေျပးဆင္းလိုက္ရၿပီး ေမာင့္အဝတ္ဘီဒိုကိုေျပးဖြင့္ကာ လက္ရွည္အကၤ်ီတစ္ထည္ကိုဆြဲထုတ္လိုက္ရင္း ေမာင့္အနားျပန္ေျပးရသည္။

ေမာင့္တီရွပ္ပြပြႀကီးနဲ႕ ညအိပ္ေဘာင္းဘီပြပြရွည္ရွည္ႀကီးကို ေမာင္ကိုယ္တိုင္ဝတ္ေပးထားခဲ့တာမို႔ လႈပ္ရွားရတာအဆင္မေျပေနရင္ေတာင္ သူ႕မွာ ခြၽတ္ပစ္ဖို႔အစီအစၪ္ရွိမေနဘူး။ေမာင့္ဂ်ီမင္မွာ ဒီဝတ္စုံေလးနဲ႕ခ်စ္ဖို႔ေကာင္းလြန္းေနလို႔ ေမာင္သာ နိုးလာၿပီး
ဒီျမင္ကြင္းကိုျမင္ရင္ တစ္ကိုယ္လုံးဝါးစားပစ္မလားပဲ။

* ေမာင္ ထဦး...အကၤ်ီဝတ္ရေအာင္ေနာ္ *

မ်က္လုံးေလးတစ္ဖတ္သာဖြင့္ၾကည့္လာတာမို႔ ေမာင့္နဖူးကိုဖြဖြငုံနမ္းမိတယ္။

* အိပ္ခ်င္ေသးတယ္ *

* ေမာင္ဖ်ားေနၿပီ ေမာင္ရဲ႕ *

အခြၽဲသန္ေလးက ေခ်ာ့ေခ်ာ့ေမာ့ေမာ့အေျပာေတြကို သိပ္ႀကိဳက္တာ။အခုလည္းနဖူးေလးကိုပဲ နမ္းရေသးတယ္ ခ်က္ခ်င္းအကၤ်ီထဝတ္ေပးတယ္ မဟုတ္လား။ေမာင္က တကယ္လိမၼာတဲ့ကေလးေလးပါဆို...။

* ခဏေနခဲ့ဦး ဆန္ျပဳတ္သြားက်ိဳလိုက္မယ္ *

ခုတင္ေပၚကေန အေလာတႀကီးထေျပးရန္ႀကံ႐ြယ္ေနသူေလးကို လက္ဖ်ားေလးမွေနလွမ္းဆြဲထားလိုက္ကာ ေမာင္ဟာ ထြက္သြားခြင့္မျပဳခဲ့ေပ။ေမာင္တားလိုက္ေတာ့လည္း
ေမာင့္ေဘးမွာ ပုံ႕ပုံ႕ကေလးထိုင္ခ်လာတဲ့ ေမာင့္အမ်ိဳးသားေလးဟာ မေတာ္မေရာ္အဝတ္ေတြေၾကာင့္ အူယားစရာေလးျဖစ္ေနခဲ့တယ္။

* မက်ိဳနဲ႕ ေမာင့္အနားမွာပဲေန *

ေမာင့္ထက္ ဆန္ျပဳတ္ကို ပိုဦးစားေပးမွာမ်ိဳးေမာင္မႀကိဳက္ဘူး။ေမာင္နဲ႕ရွိေနရင္ ေမာင့္ကိုခ်စ္မယ့္အေၾကာင္းေတြပဲ ေတြးေစခ်င္တယ္။

* ေမာင့္ကိုဖက္ထား...ေမာင့္အနားကေန ဘယ္မွထြက္မသြားရဘူး *

* ဆန္ျပဳတ္က်ိဳ႐ုံေလးပါေမာင္ရယ္ တကယ္ခဏေလးပါ *

အဖ်ားေသြးေၾကာင့္ အနည္းငယ္ရဲရဲေလးျဖစ္ခ်င္ေနတဲ့ ေမာင့္ႏွာေခါင္းထိပ္ေလးကိုခပ္ဖြဖြညွစ္ေပးလိုက္ရင္း ေမာင့္မ်က္ခြံေလးကိုပါဖိကပ္နမ္းရွိုက္ပစ္၏။ေခါင္းတသြင္သြင္ခါျပေနလိုက္တာမ်ား ေမာင္သည္ တကယ့္ေျပာမရဆိုမရကေလးေလးလို...။

* ဂြၽန္ဂ်ီမင္ရွိရင္...ဆန္ျပဳတ္မေသာက္လည္းရတယ္။အခုပဲ ေမာင္ေနေကာင္းသြားၿပီ *

ေမာင့္မ်က္လုံးေတြဟာ မ်က္ရည္မ်ားျဖင့္အေရာင္မွိုင္းေနခဲ့ၿပီမို႔ တစ္ခဏေလးထားခဲ့ဖို႔ကိုေတာင္ သူ-မလုပ္နိုင္ခဲ့ဘူး။

ထို႔ေၾကာင့္ေမာင့္စိတ္ေတြေအးသြားေစဖို႔
ေမာင့္အလိုက်တိဳင္းေဘးမွာ ဝင္လွဲေပးလိုက္ရၿပီး ေမာင္နဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္ကာ သူ႕ကိုပဲလိုက္ၾကည့္ေနတဲ့ ေမာင့္မ်က္ဝန္းေတြကိုသူျပန္ေငးေနလိုက္သည္။

ေမာင့္ပါးျပင္ကိုလက္ေတြနဲ႕အုပ္ကိုင္လိုက္ၿပီး
ခပ္ဖြဖြေလးပြတ္သပ္ေပးမိေတာ့ ေမာင္သည္မ်က္လုံးေလးေတြေတာင္မွိတ္ခ်ေပးလာၿပီး
ေမာင့္ႏႈတ္ခမ္းေလးကၿပဳံးေနခဲ့တယ္ေလ။ဒီလိုေလးေနရတာကို ေမာင္သေဘာက်ေနတာလား။

သူလွဲေနရာကေနျပန္ထလိုက္ေတာ့ ေမာင္သည္"ဘာလဲ"ဟူေသာမ်က္လုံးေလးေတြနဲ႕လိုက္ၾကည့္ေနခဲ့ျပန္တာ။ၿပီးေတာ့လည္း
ဂ်ီမင္ရဲ႕အကၤ်ီအနားစကိုဖမ္းဆြဲလိုက္တာမ်ားလႊတ္ေပးလိမ့္မယ္မထင္ဘူး။ေနမေကာင္းျဖစ္ေနေတာ့ ေမာင့္ဂ်ီမင္ကိုမ်က္စိေရွ႕ကအေပ်ာက္မခ်င္တဲ့ပုံပါပဲ။

* ေမာင္ခဏေလး...ငါဘယ္မွမသြားဘူး ထိုင္ခ်င္လို႔ေနာ္ *

ေခ်ာ့လိုက္ေတာ့လည္း ေမာင္ကလိမၼာေပးပါတယ္။ဒါေပမယ့္ မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕လိုက္ၾကည့္ေနတုန္းပါ။ေမာင့္ေၾကာင့္ ခါးနားထိလိပ္တက္သြားတဲ့အကၤ်ီကိုျပန္ဆြဲခ်လိဳက္ရၿပီး ခုတင္ေခါင္းရင္းနားကိုတိုးကပ္သြားလိုက္ကာ ခုတင္ေပၚတြင္ ေျခဆင္းထားတဲ့အေနအထားျဖင့္ထိုင္လိုက္ေတာ့သည္။

* လာ...ေပါင္ေပၚမွာ လာအိပ္ *

ေပါင္တစ္ဖက္ကိုပုတ္ျပလိုက္ၿပီး လက္ဆန့္တန္းေပးလိုက္ေတာ့ ေမာင္ဟာ မွိုရသြားတဲ့မ်က္ႏွာၿဖီးၿဖီးႀကီးနဲ႕ ေပါင္ေပၚေခါင္းအုံးအိပ္လာခဲ့တယ္ေလ။အၿငိမ္မေနတတ္တဲ့ဗီဇေလးနဲ႕ေမာင္သည္ သူ႕ဗိုက္သားကိုတရႈံ႕ရႈံ႕ျဖင့္နမ္းေနခဲ့ျပန္သည္။

သူသည္လည္း ေမာင့္ဆံသားေတြကိုဖြဖြပြတ္ေပးေနလိုက္ၿပီး ေမာင့္မ်က္ခုံးေလးေတြကိုလက္ညိုးႏွင့္ တို႔ထိကာ ေမာင္စိတ္ေပ်ာ္ေစဖို႔
က်ီစယ္ေပးျဖစ္သည္။ေမာင့္ရဲ႕လက္ေခ်ာင္းသြယ္သြယ္ေတြသည္ သူ႕လက္ေခ်ာင္းေလးေတြထဲတိုးဝင္လာကာ ၿမဲၿမံေနစြာပဲ ေမာင္ကဆုပ္ကိုင္လာခဲ့၏။

ယွက္သြယ္ထားတဲ့လက္ေခ်ာင္းေလးေတြကို
ေမာင့္မွာၾကည့္လို႔မဆုံးေတာ့ေသာပုံစံေလးႏွင့္ ခပ္ၿပဳံးၿပဳံးေလးေငးေနခဲ့တာ။ဒီအခ်ိန္မွာေမာင့္ရဲ႕ျဖစ္တည္မႈေလးကအစ သူသိပ္ခ်စ္ရတယ္။

ေမာင္သည္ ဂ်ီမင္ေမာ့ၾကည့္လာခဲ့ၿပီး ေခါင္းေလးငုံၾကည့္ေနခဲ့တဲ့ဂ်ီမင္ရဲ႕ေခါင္းေလးကို
ေမာင့္လက္ေတြနဲ႕ထိန္းကိုင္ေပးၿပီး မ်က္ႏွာခ်င္းေတြနီးေစဖို႔ ေမာင္ႀကံ႐ြယ္ျပန္ေလသည္။
ေမာင့္ႏႈတ္ခမ္းပါးရဲ႕အလိုရွိရာအတိုင္းဆႏၵျပဳေစမိေတာ့ ႏွစ္ဦးသားလုံးရဲ႕မ်က္ဝန္းေတြမွာ
ေမွးမွိတ္သြားခဲ့ၾက၏။

ေနမေကာင္းခ်ိန္မွာေတာင္ ေမာင္ဟာ ဘာကိုမွထည့္တြက္မေနဘဲ သူဆိုးလို႔ဝကာမွပင္ ခ်စ္ရတဲ့ေမာင့္ဂ်ီမင္ေလးကိုလြတ္လပ္ခြင့္ေပးဖို႔သတိရေလသတဲ့။ေမာင့္လက္ေခ်ာင္းေတြကေတာ့ ဂ်ီမင္ပါးျပင္ႏုႏုဥဥေလးကိုအစုန္အဆန္ခ်ည္ပြတ္ေပးေနကာ ေမာင္အသားယူလို႔မဆုံးေတာ့..။

* ေမာင္တို႔ ခရီးထြက္ၾကမလား *

* ဘယ္ေတာ့ေလာက္ ေမာင္ကသြားခ်င္တာလဲ *

* လာမယ့္ July14ဆိုရင္ေရာ *

ေမွ်ာ္လင့္ခ်က္အျပည့္နဲ႕ေတာင္းဆိုလာတဲ့ေမာင့္မ်က္ဝန္းေတြကို သူရင္မဆိုင္ရဲစြာပဲ အၾကည့္လႊဲထားလိုက္ရေတာ့သည္။

* အဲ့ေန႕ ငါမအားဘူးေမာင္ရဲ႕ ဘယ္လိုလုပ္မလဲဟင္ ေနာက္ရက္မွသြားလို႔မရဘူးလား *

ေမာင္စိတ္ဆိုးေစဖို႔ မရည္႐ြယ္ခဲ့ပါဘူး။
ေမာင္မွႀကိဳမေျပာထားတာ သူဘာလုပ္တတ္ေတာ့မွာလဲ။တကယ္ဆို ေမာင္ႀကိဳေျပာခဲ့တာကို အခုေတာ့ဘယ္လိုလုပ္မလဲ အဲ့ဒီေန႕မွာသူတကယ္မအားဘူးေလ။

* Silver Dayမွာေတာင္ ေမာင့္ဂ်ီမင္ကအလုပ္လုပ္ဦးမွာလား ေမာင့္ကိုေရာ ဂ်ီမင္ရဲ႕အလုပ္ထပ္ပိုမခ်စ္ေပးခ်င္ေတာ့ဘူးလား *

ေမာင့္ဦးေခါင္းေလးကို ခပ္ဖြဖြပြတ္ေပးေနဆဲသူ႕လက္ေတြကို ေမာင္ကဖမ္းဆုတ္လိုက္ကာ
လႈပ္ရွားမႈေတြကိုရပ္တန့္ေစဖို႔ ေမာင္ကသူနဲ႕မ်က္ႏွာခ်င္းဆိုင္ထထိုင္လာေတာ့သည္ေလ။ခက္ခက္ထန္ထန္မ်က္ႏွာေပးႏွင့္မလိုက္ဖက္စြာ ေမာင့္မ်က္လုံးေလးေတြကေတာ့ဝမ္းနည္းရိပ္ေတြစြန္းထင္လ်က္ ရွိ၏။

* မဟုတ္တာေမာင္ရယ္ အားလုံးထပ္ေမာင့္ကိုအခ်စ္ဆုံးဆိုတာသိရက္နဲ႕ *

ေမာင့္ဂ်ီမင္က ေခါင္းခါျပရင္း ေမာင့္လက္ေတြကိုဆုပ္ကိုင္ေပးလိုက္ကာ ေမာင္နဲ႕မ်က္လုံးခ်င္းစုံေစသည္။ေမာင့္ကိုမဟုတ္တာေတြေလွ်ာက္မေတြးေစခ်င္ဘူး။ၿပီးခဲ့တဲ့အတိတ္ေတြထဲကေန ေမာင့္ကိုလြတ္ေျမာက္ေစခ်င္ၿပီ။

ေမာင့္အေၾကာက္တရားက သူဆို သူကပဲ
အဲ့ဒီအရာေတြကိုေၾကဖ်က္ေပးပါ့မယ္။
သိပ္ခ်စ္ရတယ္ဆိုတဲ့အေၾကာင္း ခဏခဏထုတ္ျပေပးမွာမို႔ ေမာင့္ကိုစိုးရိမ္စိတ္ေတြနဲ႕အထီးက်န္မေနရစ္ေစလိုေတာ့ဘူး။ေမာင္အေတြးသိပ္မ်ားလြန္းေနတာ သိပ္ခက္တယ္။

* ဂ်ီမင္အဆင္မေျပလည္းေနာက္တစ္ရက္ေပါ့ ေမာင္က ရပါတယ္။ေမာင့္ဂ်ီမင္ အဆင္ေျပတဲ့ေန႕ ေမာင္နဲ႕ဒိတ္မယ္ေနာ္။ *

* ေမာင့္သေဘာပါ *

သူ ေမာင့္ကိုခပ္တင္းတင္းေလးဖက္ထားေပးလိုက္တယ္။ေမာင့္စိုးရိမ္စိတ္ေတြ လြင့္ျပယ္ပါေစေတာ့ဆိုတဲ့ဆႏၵတစ္ခုကိုအရင္းျပဳရင္း ေရွ႕ေလွ်ာက္အနာဂတ္ေတြမွာလည္း ေမာင့္မွာအနားရိွေနေပးပါ့မယ္။

* တစ္ရက္ေလာက္ေလးျဖစ္ျဖစ္ ေမာင့္ကိုမင္းရဲ႕သီးသန့္ျခင္းေတြအတြက္အခ်ိန္ေပးပါ...ေမာင္တို႔တစ္ေယာက္ကိုတစ္ေယာက္
ခ်စ္ၾကတယ္ဆိုတာသိေပမယ့္... ဂ်ီမင္မ်က္ကြယ္ျပဳတိုင္း ေမာင္နာက်င္ရတယ္သိလား။ေမာင္က မင္းကိုသိပ္ခ်စ္တာမင္းမ်က္ႏွာေလးကိုပဲ ေမာင္ေငးၾကည့္ခ်င္ေနလို႔...တစ္ရက္ေတာ့ ေမာင္တို႔အရာအားလုံးကိုခဏေလာက္ထားခဲ့ရေအာင္ *

သူဖက္ေပးထားတဲ့ၾကားကေန ေမာင္ဟာ
သူ႕ကိုပိုၿပီးတင္းၾကပ္ေနေအာင္ဖက္ထားခဲ့ပါတယ္။ရင္ခြင္ေလးထဲေန ႏွာတရႈံရႈံလုပ္ေနသည္ကို မသနားတဲ့အျပင္ သူ႕မွာရယ္ပစ္လိုက္ခ်င္စိတ္ကိုသာ ထိန္းေနရတယ္။

ဂ်ီမင္နဲ႕သက္ဆိုင္လာရင္ ေမာင္ဟာ မ်က္ရည္အလြယ္ဆုံးေယာက်ာ္းတစ္ေယာက္ပါ...။

* * * * * * * * * * * * * * * * * * * * * * * *

ဒုတိေျမာက္ဟန္းနီးမြန္းကိ နယူးေယာက္ၿမိဳ႕မွာကုန္လြန္ေစခဲ့၏။ခရီးထြက္ရတာကိုႀကိဳက္တဲ့ေမာင့္ေၾကာင့္ သူလည္းဘဝတစ္ေလွ်ာက္လုံးခရီးေတြေလွ်ာက္ထြက္ရင္းနဲ႕ပဲကုန္ဆုံးရေတာ့မယ္လို႔ ထင္တာပဲ..။

ေလယာၪၥီးေနစၪၱစ္ေလွ်ာက္လုံးမွာလည္းေမာင္ဟာ တစ္ေမွးေလးေတာင္မေမွးခဲ့ဘဲ
ဂ်ီမင္ကိုသာအရိက္တၾကည့္ၾကည့္နဲ႕အျဖစ္သည္းေနေအာင္ဂ႐ုစိုက္ေပးခဲ့သလို ေလယာၪၦိဳက္ေတာ့လည္း ေမာင့္ဂ်ီမင္လက္ကိုက်စ္ေနေအာင္ဆြဲကိုင္ထားၿပီး လူၾကားထဲဝယ္ ေမာင့္မွာဂုဏ္ယူေနတဲ့မ်က္ႏွာႀကီးႏွင့္။

ေမာင့္ေၾကာင့္မို႔သာ ဒီနိုင္ငံ ဒီၿမိဳ႕ကိုသူလိုက္လာခဲ့ရတာ။ေမာင္ဘယ္ကိုသြားမလဲ..?ေမာင္ဘာေတြအစီအစဥ္ဆြဲထားသလဲ...?ဘာေတြလုပ္ထားဦးမလဲ သူ-မသိပါဘူး။

ေလဆိပ္ဝန္းထဲ ေမာင့္နာမည္ပါတဲ့ဆိုင္းဘုတ္ကိုကိုင္ထားေသာ လူငယ္ေလးတစ္ေယာက္ထံေမာင္က တန္းတန္းမတ္မတ္ေလွ်ာက္သြားျပန္ေတာ့ သူသည္လည္းလိုက္ခဲ့ရျပန္သည္ေလ။

ေမာင့္ကိုျမင္လိုက္သည္ႏွင့္ ထိုေကာင္ေလးသည္ဝမ္းသာရႏႈတ္ဆတ္လာကာ ေနၾကာပန္းတစ္စည္းကိုကမ္းေပးလာခဲ့သည္။အဲ့ပန္းစည္းက ဘာအတြက္လဲ။ေမာင့္မ်က္ႏွာကို မႈန္ေတေတေမာ့ၾကည့္မိေတာ့
ေမာင့္သည္ သူ႕ကိုပုခုံးမွေန ဆြဲဖက္လိုက္၏။

* Thank you sir,have a good time *

ေမာင္ေပးလိုက္တဲ့ ေဒၚလာတစ္အုပ္ကို ေကာင္ေလးက ေဘာင္းဘီအိတ္ထဲထိုးလ်ိဳလိုက္ရင္းမွ ေဖာေဖာသီသီအၿပဳံးေတြနဲ႕ထိုသို႔ေျပာလာသည္ေလ။ေငြရွိတဲ့ဘဝက ေကာင္းလိုက္တာ။ဒါေပမယ့္ ေမာင့္ကိုအပိုင္ရထားတဲ့ဘဝက ပိုေကာင္းတယ္။

* ဒုတိေျမာက္ဟန္းနီးမြန္းကေန ႀကိဳဆိုပါတယ္ ေမာင့္ဂ်ီမင္ *

ထိုေကာင္ေလးေပးသြားေသာ ခုဏကပန္းစည္းအား ေမာင္သည္ သူ႕ထံလွမ္းေပးလာခဲ့ပါတယ္။ဘာလဲ ငါ့ကိုေပးဖို႔ႀကိဳစီစၪၳားတာလို႔ေတာ့ မေျပာနဲ႕ေနာ္။

* ငါ့အတြက္လား *

ပန္းစည္းေလးဆီ မ်က္လုံးေလးဝင့္ရင္းေမးမိေတာ့ ေမာင့္မ်က္ဝန္းလွလွေလးေတြက သူ႕ကိုအေလးအနက္ထားကာေငးၾကည့္ေနခဲ့ၿပီးေခါင္းညိတ္ျပရင္း ပန္းစည္းကိုထိုးေပးျပန္သည္။

* ေမာင့္ဂ်ီမင္ကို ေမာင္ကေပးတာမို႔ ယူပါ *

* ရင္ပဲခုန္ခ်င္တာေနာ္ ရင္တုန္ေအာင္ေတာ့မင္းေလွ်ာက္မလုပ္ထားဘူးမလား *

* အာ....ဒါေတာ့ျပသနာပဲဗ်ာ ေမာင္ဘယ္လိုလုပ္ရမလဲ ​ *

မ်က္ေစာင္းလွလွေလးကို ႐ြယ္ျပသည့္ဆရာဝန္ေလးက အရမ္းဆိုးလိုက္တာဗ်ာ။ေမာင့္ဂ်ီမင္နဲ႕သက္ဆိုင္လာရင္ ေမာင္ကမ႐ူးရွာဘူးဆိုေတာ့ ေမာင့္အခ်စ္ေတြကို ​မင္းပဲ သိမ္းပိုက္ေနလိုက္ပါ...။

ေနၾကာေလးေတြကိုငုံနမ္းလိုက္တာေၾကာင့္ေမွးစင္းသြားတဲ့မ်က္ဝန္းလွလွေလးေတြကို
ဖိကပ္နမ္းပစ္လိုက္ခ်င္ေပမယ့္လည္း ေမာင္
မနမ္းခဲ့ပါဘူး။

ပန္းစည္းကိုင္ထားရလို႔အနည္းေကြးေနရတဲ့ဂ်ီမင္လက္ေမာင္းေလးကို ေမာင့္လက္ေခ်ာင္းသြယ္သြယ္ေတြဟာ တြယ္ခ်ိတ္လာခဲ့ရင္း ေမာင္ဟာဂ်ီမင္ကိုတစ္ေနရာရာေခၚသြားဖို႔လုပ္ျပန္သည္။

ေမာင့္ဂ်ီမင္ထင္ခဲ့တာက ေမာင္စီစၪၳားတဲ့ဟိုတယ္တစ္ခုခုကိုေပါ့။ဒါေပမယ့္ အဲ့ဒီလိုလည္းမဟုတ္ခဲ့ျပန္ဘူး။ေမာင့္ရဲ႕ကားသည္ စားေသာက္ဆိုင္ခပ္ႀကီးႀကီးတစ္ခုေရွ႕မွာထိုးရပ္သြားေတာ့တယ္ေလ။ေမာင္ဘာလို႔ဒီကိုလာခ်င္ရသလဲ နားကိုမလည္နိုင္ေတာ့ဘူး။

ေမာင္သူ႕ကိုေခၚလာတာက Modern Koren BBQဆိုင္ျဖစ္ေနတယ္ေလ။ဘာလုပ္မလို႔လဲ။ေလယာၪၸေၚကဆင္းဆင္းခ်င္း အသားကင္ဆင္းခိုင္းမလို႔လား။ေမာင္အသားကင္ႀကိဳက္လိုက္ပုံမ်ား အဝတ္အစားေလးေတာင္မလဲနိုင္ရွာေတာ့ဘူး။

ဆိုင္ရဲ႕မ်က္ႏွာစာသာမက အတြင္းပိုင္းကိုလည္း ပန္းမ်ိဳးစိတ္မ်ားစြာနဲ႕အလွဆင္ထားျခင္းျဖစ္တာမို႔ ေမာင္ေ႐ြးထားတဲ့ဆိုင္ဟာခမ္းနားတာထက္ပိုပါတယ္။ရိုမန့္တစ္ျဖစ္လြန္းတဲ့အျပင္အဆင္ေတြေၾကာင့္ စုံတြဲေတြၾကားမွာေတာ္ေတာ္ေလးေရးပန္းစားေနပါလိမ္မည္။ဒါ့ေၾကာင့္လည္း ေမာင္ေ႐ြးခ်ယ္ခဲ့တာပဲျဖစ္မွာ။

မႏွစ္ကSiver Dayတုန္းကလည္း Tokyoၿမိဳ႕ကိုလိုက္ပို႔ေပးခဲ့တာ ဒီလိုနည္းနဲ႕ပဲေလ။ရင္ခုန္ရေအာင္ စြမ္းေဆာင္နိုင္စြမ္းရွိတဲ့ေနမွာေတာ့ ေမာင္ကဆရာတစ္ဆူ..။

* ေမာင့္ဂ်ီမင္ ဗိုက္ဆာေနမွာစိုးလို႔ *

သူ႕မွာ ဪလို႔ပဲ ေျပာနိုင္ေတာ့တယ္။အဖက္ဖက္ကစၪ္းစားေပးတတ္လြန္းလို႔ အကၤ်ီေလးေတာင္လဲခြင့္မေပးဘဲ အသားကင္ဆိုင္တန္းေခၚလာတာမလား။

မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ သူ႕မ်က္ႏွာကို တစိမ့္စိမ့္စိုက္ၾကည့္ခံေနရတာမို႔
မေနတတ္ေတာ့တဲ့အဆုံး ေမာင့္ပါးျပင္တစ္ဖက္ကို အနမ္းေပးလိုက္ေတာ့မွပဲ ေမာင့္မ်က္ႏွာႀကီးက အေရွ႕တည့္တည့္လွည့္သြားေတာ့တယ္ေလ။ေမာင္ဟာေလ တကယ့္လူဆိုးေကာင္ပါဆို။

* ေမာင္ ဆိုင္ကပိတ္ထားတာပဲ *

ဆိုင္ေရွ႕မွာခ်ိတ္ဆြဲထားေလတဲ့ဘုတ္ျပားေသးေသးေလးကိုလက္ညိုးထိုးျပလိုက္ရၿပီး
ေမာင့္အား ေမာ့ၾကည့္လိုက္ေတာ့ သူ႕ကိုငုံၾကည့္ေနခဲ့တဲ့ ေမာင့္မ်က္လုံးေလးေတြနဲ႕ဆုံရသည္။

* ဘာမွမျဖစ္ပါဘူး ငါတို႔ေနာက္တစ္ဆိုင္သြားၾကတာေပါ့ *

​ေမာင္ ဝမ္းနည္းသြားလို႔မျဖစ္ဘူး။

* ေမာင္ ခဏ... ဒီမွာ ဘယ္သူမွမဝင္ရလို႔ေရးထားတယ္ ေမာင္ ဖတ္ၾကည့္ဦး *

ေမာင္မျမင္ခ်င္ေယာင္ေဆာင္ထားတဲ့ဘုတ္ျပားေလးကို လက္ညိုးေလးျဖင့္ေထာက္ျပလိုက္တဲ့အခါမွပဲ ထိုဘုတ္ျပားကို
ေမာင္ဖတ္ၾကည့္ဖို႔သတိရလိုက္ေတာ့သည္။

သို႔ေသာ္ သူဘာေျပာေျပာေမာင္ဟာဂ႐ုစိုက္ေပးမယ့္ပုံမျမင္။အဲ့ဒီအစား သူ႕လက္ကိုဆြဲထားရင္းနဲ႕သာ ဆိုင္၏မွန္တံခါးကိုတြန္းဖြင့္ဖို႔ ေမာင္ကလုပ္ေနေတာ့သည္။

* လာပါ အဲ့ဒါသူမ်ားေတြအတြက္...အဲ့လူေတြအထဲမွာ ေမာင့္ဂ်ီမင္မပါဘူး *

မဟုတ္မွ ထပ္ၿပီး..?ထပ္ၿပီးေတာ့ ဒီတစ္ဆိုင္လုံးကို ငွားရမ္းထားတာလား။

* ဟမ္..တကယ္ဟုတ္လို႔လား *

ေမာင္းေလးေတြျပဴးရင္း ေမာင့္မ်က္ႏွာကို
မွင္သပ္စြာေမာ့ၾကည့္မိေတာ့ ေမာင္ကလည္းျပန္ၾကည့္လာခဲ့ပါတယ္။သူ႕စြပ္စြဲခ်က္ကို
ေမာင္ကေခါင္းလည္းမညိတ္သလို ေခါင္းလည္းမခါခဲ့ပါ။

* ေမာင္တို႔ ဝင္ၾကေတ့ာမလား *

ေမာင့္ႏႈတ္ခမ္းပါးထက္မွာေတာ့ ႏူးႏူးညံ့ညံ့အၿပဳံးေလးေတြနဲ႕။ျမတ္နိုးခ်ိဳၿမိန္ေသာအၾကည့္ကေလးေတြနဲ႕ ေမာင္သည္ သူ႕ေယာက်ာ္းေလးရဲ႕မ်က္ႏွာဖူးဖူးေလးကို တစိမ့္စ္မ့္ေငးေနလိုက္တာမ်ား ေမာင့္ဂ်ီမင္၏ျဖစ္တည္မႈဟာ ေမာင့္အတြက္ေတာ့တန္ဖိုးႀကီးရတနာတစ္ပါးေလးလိုႏွယ္...။

စားပြဲဝိုင္းတစ္ခုဆီဦးတည္သြားေနတဲ့ေမာင့္အ​ေနာက္ကို သူလိုက္သြားရျပန္သည္။ေမာင့္လက္ကိုတြဲထားရတဲ့အခ်ိန္ေလာက္ ဘဝင္ျမင့္စရာေတြလည္း သူ႕ဘဝမွာထပ္ရွိေတာ့မယ္မထင္။

သူထိုင္ဖို႔အတြက္ ခုံရွည္ကိုအဆင္သင့္ဆြဲထုတ္ေပးလာတဲ့ေမာင္ဟာ သူ႕လက္ထဲကပန္းစည္းကိုလည္းဆြဲယူသြားၿပီး စားပြဲအလယ္၌ ခ်ထားလိုက္၏။ေမာင့္လႈပ္ရွားမႈေတြတစ္ခုခ်င္းဆီကို ဂ်ီမင္ကအၿပဳံးေလးနဲ႕လိုက္ၾကည့္ေနခဲ့တယ္ဆို ေမာင္ကလည္း ေမာင့္ဂ်ီမင္ရဲ႕ခ်စ္စရာေကာင္းမႈေတြေၾကာင့္ၿပဳံးေနခဲ့ရပါသည္။

ၿပီးျပန္ေတာ့လည္း ဆိုင္ဝန္ထမ္းေလးမ်ား လာခ်ေပးလွည့္ေသာ ဟင္းပြဲေတြကိုတစ္ခုခ်င္းလိုက္ျမည္းစမ္းၾကည့္ေနကာ ဂ်ီမင္အဖို႔ Steakကိုလည္းေမာင္ကိုယ္တိုင္ပဲ အသားတုံးေသးေသးေလးေတြလွီးေပးရွာၿပီး ဂ်ီမင္ကိုစားေစခဲ့သည္ေလ။

* ေမာင့္ဂ်ီမင္ စားၾကည့္ေလ *

မ်က္ခုံးေလးတစ္ဖက္အား ပင့္ခနဲလုပ္ျပရင္း
ေမာင္က ဂ်ီမင္ကိုစားၾကည့္ဖို႔တိုက္တြန္းခဲ့၏။
အရံသင့္ကေလးလွီးျဖတ္ေပးထားတဲ့အသားတုံးေလးေတြကို ခရင္းနဲ႕ထိုးစိုက္လိုက္ကာ
သူမစားမွီ ေမာင့္ကိုအရင္ခြံေကြၽးဖို႔ျပင္သည္။

ၿပီးေတာ့မွ သူစစားသည္။သူ႕တုံ႕ျပန့္ခ်က္ကိုေစာင့္ဆိုင္းေနပုံရတဲ့ေမာင့္ေၾကာင့္ အသားတုံးေလးကို တၿမဳံၿမဳံဝါးေနရင္းနဲ႕ပဲ ေမာင့္ကိုလက္မေလးေထာင္ျပလိုက္ရသည္။

* ဝါး...အရမ္း အရမ္းစားေကာင္းတယ္ တကယ္ *

* ႀကိဳက္လား *

ကေလးေလးလိုစိတ္လႈပ္ရွားေနဟန္ေလးနဲ႕
ေမာင္လွီးျဖတ္ေပးသမွ်ကို လက္မေလးတေထာင္ေထာင္နဲ႕ အားရပါးရေလးစားျပေနတာမို႔ ေမာင့္မွာ ၿပဳံးပဲၿပဳံးေနခဲ့မိေတာ့တယ္။

ဆလပ္နဲ႕ထုပ္စားဖို႔ အသားကင္ေတြခ်ေပးလာတာနဲ႕ ေမာင္တစ္ေယာက္တို႔မ်ား ေခါင္းေလးကိုအၿပီအျပင္ငုံခ်ၿပီး စစားေနၿပီေလ။
အသားကင္နဲ႕ယွၪႅာရင္ သူ႕ကိုပါေမ့သြားသလားမေျပာတတ္ပါဘူး။ဥ

က်က္ၿပီးသားအသားဖတ္တစ္ခ်ိဳ႕ကိုေမာင့္ပန္းကန္ထဲ လွမ္းလွမ္းထည့္ေပးရေသးတာကလည္း ေမာင့္ဂ်ီမင္ရဲ႕အလုပ္တစ္ခုေလ။အသားကင္ဆိုင္သြားျဖစ္ၾကတိုင္း လုပ္ေပးျဖစ္ေနၾကအလုပ္တစ္ခုလို႔ေတာင္ေျပာလို႔ရမလားပဲ။

* ေမာင္ ျဖည္းျဖည္းစားေလ နင္မယ္ *

ေမာင့္ကိုအသားကင္ေတြမႈတ္ေပးဖို႔ အာ႐ုံတစ္ခုသာရွိေနၿပီး သူကိုယ္တိုင္က် အၿမဲနေမာ္နမဲ့..။

* အ့...ပူတယ္ *

ႏႈတ္ခမ္းေလးကို အုပ္ကိုင္လ်က္ နာနာက်င္က်င္ေလးေအာ္ပစ္လိုက္တာမို႔ ေမာင့္ဂ်ီမင္အသံက စူးလြန္း၏။သို႔ေသာ္ ေမာင့္ရဲ႕မ်က္ဝန္းေတြဟာ သူရွိရာကိုေရာက္လာခဲ့ၿပီးသူ႕ေဘးနားကို ဝုန္းဒုန္းႀကဲရင္းေရာက္ခ်လာခဲ့သည္။

​ေမာင့္မ်က္လုံးၾကည္ၾကည္ေလးေတြခမ်ာ
မ်က္ဝန္းထဲက ေငြရည့္တစ္ခ်ိဳ႕ေၾကာင့္ ေတာက္ေတာက္ပပကေလးပင္ျဖစ္ေနရ၏။

* ေထြးထုတ္လိုက္ *

ေမာင့္လက္ေတြဟာ သူ႕ႏႈတ္ခမ္းေနမွာေတ့ထိေပးလာရင္း သူ႕ခံတြင္းထဲကအသားကင္ပူပူေတြကို ေမာင့္လက္ခုပ္ထဲေထြးခ်ခိဳင္းလာသည္။ပူလြန္းလွတာမို႔ သူဘာကိုမွေတြးမေနေတာ့ဘဲ ေမာင့္လက္ခုပ္ထဲကိုသာေထြးထုတ္ခ်ပစ္လိုက္ေတာ့သည္။

အလုံးစုံေထြးထုတ္ၿပီးသြားေတာ့မွ ေမာင့္ကို အားနာမိသြား၍ ေမာင့္အား စိုး႐ြံေသာမ်က္လုံးေတြျဖင့္ၾကည့္မိလိုက္သည္။တကယ္ဆို ၿမိဳခ်ပစ္လိုက္သင့္တာကို။

* ဟို... sorryေမာင္ *

သူ႕ရင္ထဲ ဘာေတြျဖစ္ေနသလဲကို ေမာင္သိေနသည့္အလား သူ႕နဖူးကိုေမာင့္ႏႈတ္ခမ္းပါးေလးကထိကပ္ေပးလာၿပီးမွ ဖယ္ခြာသြားကာ တစ္သ်ဴးစတစ္ခုနဲ႕သူ႕ႏႈတ္ခမ္းေလးကိုေမာက္သုတ္ေပးလာပါသည္။

* စိတ္ထဲမထားနဲ႕ ဂ်ီမင္ကို ေမာင္မ႐ြံပါဘူး *

ဒီလိုေတြေျပာခံရတိုင္း ေမာင့္ဂ်ီမင္ခမ်ာ အရွက္သည္းေနမိတုန္း။ပါးေဖာင္းေဖာင္းေလးေတြကိုၾကည့္ၿပီး ေမာင့္မွာ ၿပဳံးၿပဳံးၾကးနဲ႕ခ်စ္မိသြားရျပန္ၿပီေလ။

ဂ်ီမင္ေထြးထုတ္လိုက္တဲ့အသားဖတ္ေလးကို
ေမာင္ကတစ္သ်ဴး႐ြက္ေလးနဲ႕ေသေသခ်ာခ်ာထုပ္လိုက္ၿပီး ပန္းကန္အလြတ္တစ္ခ်ပ္ထဲမွာထည့္ထားလိုက္သည္။သူတို႔ထသြားတာနဲ႕ဆိုင္ဝန္ထမ္းေတြက သန့္ရွင္းေရးလာလုပ္ၾကမွာ။

* လက္သြားေဆးလိုက္မလားဟင္ *

* ဘာလို႔ေဆးခိုင္းတာလဲ *

* ေမာင့္လက္မွာ အနံစြဲေနမွာစိုးလို႔ *

* မင္းကို ေမာင္မ႐ြံဖူးလို႔ေျပာၿပီးၿပီပဲ *

စိုးထင္မိလို႔ ဒီေလာက္ေလးေျပာတာကိုေတာင္ ေမာင္ကမႀကိဳက္ခ်င္တာလား။မ်က္လုံးေတြကိုစင္းထားရင္းနဲ႕ပဲ ေမာင္သူ႕ကိုစိုက္ၾကည့္လာခဲ့ၿပီး လိုလိုလားလားၿပဳံးျပသြားကာ လက္ေခ်ာင္းေတြကို တစ္သ်ႉးျဖင့္သုတ္ေနခဲ့၏။

* အရမ္းပူသြားလား ေမာင့္ကိုျပၾကည့္ဦး *

* ဟင့္အင္းနည္းနည္းေလးပဲ *

ေမာင္ကထိုင္ေနရာမွ ျပန္ထလာကာ ေမာင့္ေနရာမွေန သူ႕မ်က္နာနားထိမ်က္ႏွာႀကီးကိုအတင္းႀကီးငုံ႕ခ်ပစ္ၿပီး ဂ်ီမင္ေမးဖ်ားေလးကိုလက္မေလးနဲ႕အသာဆြဲေမာ့ပစ္လိုက္ကာ
ပါးေဖာင္းေလးႏွစ္ဖက္ကိုဆြဲဖ်စ္ညွစ္လိုက္ၿပီး အပူေလာင္သြားေသာႏႈတ္ခမ္းေလးတစ္ဝွိုက္ကို စစ္ေဆးမႈျပဳလာခဲ့သည္။

* နည္းနည္းေလးလည္းမပူရဘူး..ဒီႏႈတ္ခမ္းေလးက ေမာင့္ကိုပဲနမ္းရမွာကိုဗ်ာ ေမာင္ေပါ့ဆမိလို႔ျဖစ္ရတာ *

ထိုသို႔ စကားလွလွေလးေတြနဲ႕ေႁခြသြားျပန္ၿပီးေမာင္က သူ႕ေနရာမွာသူသြားျပန္ထိုင္ေနကာ
ဂ်ီမင္ေသာက္ဖို႔ရာအတြက္ ဟင္းရည္ပူပူေတြကို တဖူးဖူးမႈတ္ေပးၿပီးအေအးခံေပးခဲ့သလိုကိုယ္တိုင္ကိုယ္က်လည္း ခပ္တိုက္ေနခဲ့ျပန္၏။

* ေမာင္ရတယ္ ငါ့ဟာငါပဲ ေသာက္လိုက္ပါ့မယ္ *

မေနတတ္ေတြျဖစ္ရလို႔ ေမာင္ကိုအိေႏၵျရွိလိုရွိျငားတားလိုက္ရသည့္တိုင္ ေမာင္ကေတာ့အဆုံးထိအိေႏၵၾဆက္မဲ့ဖို႔ပဲ ေတြးထားသလားမေျပာတတ္ေတာ့ပါ။ဟင္းခ်ိဳပန္းကန္လုံးကို
ဇြတ္အတင္းႀကီးဆြဲထားလိုက္တာမ်ား ေၾကာက္ဖို႔လန္ဖို႔ေတာင္ေကာင္းတယ္။

* ေမာင့္ကို လြန္ဆန္ေနမယ့္အစား ၿငိမ္ၿငိမ္ေလးပဲ မင္းေနေပး *

စားေသာက္ၿပီးၾကေတာ့လည္း ေတာ္႐ုံနဲ႕ဆိုင္ထဲကေန ျပန္မထြက္ျဖစ္ခဲ့ၾကပါ။တစ္မ်ိဳးၿပီးတစ္ၿပီးလာလာခ်ေပးေနတဲ့ ဆန္းဆန္းျပားျပားအခ်ိဳပြဲေတြကို မပ်င္းမရိ႕ထိုင္စားခဲ့ၾကေသးတာ။

ရိုမန့္ျဖစ္လြန္းတဲ့ဒီဆိုင္ေလးကိုေမာင္မ်က္စိက်တာလည္းမေျပာနဲ႕ေလ ရင္ခုန္ခ်င္စရာအျပင္အဆင္ႀကီးေတြကိုၾကည့္ၿပီး သူေတာင္အျပင္ျပန္မထြက္ခ်င္ေတာ့တဲ့အထိ။

ဘဝမွာတစ္ခါေလးေတာင္မျမည္စမ္းဖူးေသးတဲ့ ဂ်ဴ႕ေဖ်ာ္ရည္ကိုတစ္ခြက္ကိုအရသာခံေနတဲ့ေဒါက္တာပတ္ခ္တို႔မ်ား တအားကိုလွရက္လြန္းေနပါ၏။လက္ေသးေသးေလးေတြနဲ႕ကိုင္ထားတာက ေဖ်ာ္ရည္ခြက္မဟုတ္ဘူး..!!အဲ့တာေမာင့္အသည္းကို ကိုင္ထားတာဗ်။

ေမာင္ေပးထားတဲ့ေနၾကာေတြကိုငုံနမ္းလိုက္
ေမာင့္ကို မခ်ိဳမခ်ၪ္ရဳပ္ေလးနဲ႕ၾကည့္လိုက္နဲ႕တစ္ေယာက္တည္းအလုပ္ေတြရႈပ္ေနေလတဲ့ေဒါက္တာေသးေသးေလးကို ျမတ္နိုးမဝစြာပဲ
တစိမ့္စိမ့္ေငးေနမိရင္း ေမာင္ၿပဳံးေနခဲ့မိပါတယ္။

လက္ထပ္ၿပီးသြားလို႔Aniversaryဒိတ္ေတြ
ႏွစ္နဲ႕ခ်ီၾကာေနခဲ့ရင္ေတာင္ ေမာင္ကေတာ့ ေမာင့္ဂ်ီမင္ကို ၾကဴးလို႔မဝ ငမ္းလို႔မဝေသးတဲ့ဘဝကေလးပါ။တစ္ခ်ိဳ႕ခ်စ္ျခင္းေတြက သိပ္ၿမဲတယ္။အခ်စ္ေပးရင္ အခ်စ္ျပန္ရတယ္ဆိုတာမ်ိဳးေပါ့။

ဒီအခ်စ္နဲ႕အမုန္းကစားပြဲတစ္ခုမွာ ေမာင္ကေတာ့နိုင္ခဲ့တယ္။ၿပီးေတာ့အခ်ိန္တိုင္းမွာလည္း ေမာင့္ဂ်ီမင္ကိုဘယ္လိုေၾကာင္ရမလဲ..?ဘယ္လိုရည္းစားေျပာရမလဲပဲကို
အၿမဲေတြးေနတတ္တဲ့ပလီပလာလူဆိုးေလးအျဖစ္ပဲ ေမာင္အၿမဲရွိေနေတာ့မွာ။

* * * * * * * * * * * * * * * * * * * * * * * *

ေန႕လယ္ပိုင္းအထိကိုစားေသာက္ဆိုင္မွာပဲအခ်ိန္ျဖဳန္းခဲ့ၾကၿပီး ေမာင္ဟာသူ႕လက္ကိုဆြဲရင္း နယူးေယာက္ၿမိဳ႕ရဲ႕လမ္းမေတြထက္မွာ
အခ်ိန္ကုန္ေစခဲ့ေသးတာပါ။ဒီလိုေတြေလွ်ာက္လုပ္လို႔ေနတဲ့ေမာင့္ကို ေမာင္ဘာေတြအ႐ူးထေနတာလဲဆိုၿပီး နာနာထုရိုက္ပစ္ခ်င္လိုက္တာမွတအားပါပဲ။

တျဖည္းျဖည္းညေနေစာင္းေရာက္လာတာနဲ႕ေမာင္သူ႕ကို တစ္ေနရာေခၚသြားခဲ့ျပန္တယ္ေလ။အဲ့ေနရာက ႐ြက္ေလွဆိပ္ကမ္းတစ္ခုျဖစ္ေန႐ုံကလြဲရင္ ရင္တုန္စရာရွိမေနခဲ့ပါဘူး။ဘာႀကီးတုန္း?ဒီဆိပ္ကမ္းမွာ ေမာင္ဘာလုပ္မလို႔ႀကံေနတာလဲ။

သူတို႔လက္ေတြခ်င္းဆုပ္ကိုင္ထားၾကလ်က္ ေမာင္က ႐ြက္ေလွေပၚကိုဦးေဆာင္ကာတက္သြားျပန္တာမို႔ သူ႕မွာစိတ္လႈပ္ရွားရျပန္တယ္။ေသခ်ာျပန္ေတြးၾကည့္လိုက္ေတာ့လည္း ဒီေန႕တစ္ေန႕လုံး တစ္ေတာက္ေလွ်ာက္လုံးေမာင့္ေနာက္ေလွ်ာက္လိုက္ေနတာနဲ႕ပဲ စိတ္လႈပ္ရွားေနရတာပဲမဟုတ္လား။

ေလွ၏ဝမ္းဗိုက္ထဲမွာရွိေနခဲ့တဲ့အေနာက္တိုင္းသားႀကီးသည္ေမာင့္ကိုလိုက္တဲ့အခါ ပါးစပ္ႀကီးၿဖီးေနေအာင္ရယ္ျပလာၿပီး ႐ြက္ေလွျပင္ကိုထြက္သြားခဲ့ေတာ့သည္။

ေလွတစ္စင္းလုံးမွာ က်န္ေနခဲ့တာဆိုလို႔ သူနဲ႕ေမာင္ႏွစ္ေယာက္တည္း။ေမာင္းမယ့္သူကထြက္သြားေတာ့ ဒီေလွႀကီးကိုဘယ္သူေမာင္းမွာလဲ။ငါေတာ့ ေလွမေမာင္းတတ္ဘူးေနာ္... ခြဲစိတ္ဓားပဲကိုင္တတ္တယ္။

နားမလည္ျခင္းစြာနဲ႕ ေမာင့္မ်က္ႏွာကို အူေၾကာင္ေၾကာင္ေမာ့ၾကည့္မိေတာ့ ေမာင္က သေဘာက်စရာေတြ႕သြားသလိုမ်ိဳး ၿပဳံးရယ္ေနလိုက္တာမ်ား အသံစုံကိုထြက္လို႔။မၾကည္ၾကည့္နဲ႕ထပ္ၾကည့္ေပးလိုက္ေတာ့မွပဲ ေမာင့္စပ္ၿဖီးၿဖီးမ်က္ႏွာႀကီးမွာ မ်က္ႏွာပိုးၿငိမ္သြားေလၿပီး သူ႕ပါးတစ္ဖက္ကိုေမာင္ကခိုးနမ္းျပန္တယ္။

ေသာ့တံေတြပါေကာက္ကိုင္ၿပီး ဟိုလွည္ဒီလွည့္လုပ္ေနပုံအရဆို ေမာတကယ္ပဲဒီေလွကိုေမာင္းမလို႔လား။ေမာင္းေရာေမာင္းတတ္လို႔လား။အလုပ္ရႈပ္ေနၿပီျဖစ္ေသာေမာင့္လက္ေခ်ာင္းေတြကို ဖမ္းဆြဲထားလိုက္ရင္း စိတ္ပူရစြာပဲ ေမာင့္ကိုသူတားျမစ္လိုက္၏။

* ေမာင္းတတ္လို႔လား *

ဟာသလည္းမေျပာပဲႏွင့္ ေမာင္ကခပ္ဟဟေလးရယ္လာခဲ့တယ္။ဘာလို႔ရယ္တာလဲ။သူတကယ္စိတ္ပူလို႔ဟာကို။

* ေမာင့္ကို အထင္ေသးရဲတယ္ေပါ့ေလ *

စက္ခလုတ္ေတြနဲ႕အာ႐ုံမ်ားေနတဲ့ၾကားက လြတ္ေနတဲ့လက္တစ္ဖက္နဲ႕ပဲ သူ႕ညာဘက္လက္ေလးကို ေမာင့္လက္ေခ်ာင္းေတြနဲ႕ယွက္သြယ္ပစ္ၿပီး ခပ္တင္းတင္းေလးေတာင္ဖိညွစ္လာေသး၏။

* ေမာင္ေမာင္းတတ္တာ ဟုတ္ေရာ ဟုတ္လို႔လား *

* မင္းေယာက်ာ္းပါကြာ ေမာင့္ကိုယုံ *

ေမာင္ဟာ ႏႈတ္ခမ္းစြန္းတစ္ဖက္ကိုမဲ့ပစ္ထားၿပီးမ်က္ခုံးေလးေတြလည္းပင့္ျပေနေသးတာ။
ေမာင့္ပုံစံသည္ လမ္းသရဲဒီဇိုင္းနဲ႕ေတာင္တူလြန္း​ေေနပါတယ္။

ေမာင္ရ-ထားတဲ့ရာထူးေတြ ဂုဏ္ပုဒ္ေတြနဲ႕မွမေလ်ာ္ကန္စြာ ဒီေမာင္သည္ အေပအေတးတစ္ေယာက္ဆိုတဲ့ဂုဏ္ပုဒ္ေတြနဲ႕မွပိုလိုက္ဖက္ေနသေယာင္ပါပဲ။

* ဟင့္အင္းမယုံဘူး *

မ်က္လုံးေလးေတြက ေမာင့္ကိုမယုံၾကည္ေၾကာင္း တကယ္ႀကီးသက္ေသခံေနမွေတာ့
ေမာင့္မွာ ရယ္႐ုံသာရယ္နိုင္ခဲ့ၿပီး ပါးေဖာင္းေဖာင္းေလးေတြကိုလက္ေခ်ာင္းထိပ္ေတြျဖင့္ဖ်စ္ညွစ္လိုက္ရင္း.....!

* အဟက္ ဂြၽန္ဂ်ီမင္ကေတာ့...အာဘြားေပးခံရေတာ့မယ္ *

႐ြက္ေလွကို အာ႐ုံစိုက္ၿပီးေမာင္းႏွင္ေနရွာတဲ့ေမာင့္ကို အေႏွာက့္အယွက္ေပးမိမွာစိုး၍ ေမာင့္နံေဘးမွာပဲ ၿငိမ္ၿငိမ္ေလးဝင္ထိုင္ေနလိုက္ၿပီး ေမာင့္လုပ္သမွ်ကိုစပ္စုေနခဲ့သည္။

ေမာင္ မလုပ္တတ္တာဘာမ်ားရွိေသးလဲ။
ဆိုင္ကယ္ေတြ ကားေတြစီးတက္႐ုံနဲ႕အားမရလို႔ထင္ပါ့ရဲ႕ အခုေတာ့ေလွေတြသေဘၤာေတြ
စၿပီးေမာင္းေနၿပီ။ေနာက္ဆို ေလယာၪ္ ေတြရထားေတြပါ တက္ေမာင္းဖို႔ေမာင္လုပ္ေတာ့မွာ။

ကုန္းလမ္းကပဲသြားသြား ေလလမ္းကပဲသြားသြား ေရလမ္းကပဲသြားသြား ေမာင္နဲ႕မတိုးမိေစဖို႔ တကယ္ဆုေတာင္းထားၾကေတာ့ေလ။ဒါနဲ႕ဒီေလွကေရာ ေမာင္ပိုင္တာပဲလား။

* * * * * * * * * * * * * * * * * * * * * * * *

႐ြက္ေလွစက္သတ္လိုက္တဲ့အခ်ိန္မွာေတာ့ ကြၽန္းစြယ္တစ္ခုကိုေရာက္ေနခဲ့မွန္းသိလိုက္ရတဲ့အျဖစ္။ကြၽန္းေတာ့ကြၽန္းေပမယ့္ ကြၽန္းနဲ႕လည္းတူမေနျပန္ပါဘူး။မသိရင္ လူေနမွာမို႔
ေသခ်ာျပင္ဆင္ထားတဲ့ အိမ္ရာဝန္းႀကီးတစ္ခုလိုပါပဲ။

ေမာင့္ကိုပင္မေစာင့္ ေလွေပၚကေနခုန္ဆင္းကာ ကြၽန္းကိုပဲစပ္စုေနမိသည္။တိတ္တိတ္ဆိတ္ဆိတ္ရွိလွတဲ့ကြၽန္းစြယ္ႀကီးဟာ
နည္းနည္းေတာ့ေျခာက္ကပ္ကပ္ျဖစ္ေနေပမယ့္လည္း လွတာေတာ့အတည္လွပါတယ္။

ေရာင္စုံကမ္းေျခပန္းပင္ေလးေတြနဲ႕မို႔ခ်စ္စရာလည္းေကာင္းတယ္ေလ။သူ႕အနားကိုေမာင္ေရာက္လာသည့္တိုင္ ေမာင့္ကိုအဖက္လုပ္ဖို႔သတိမရေတာ့ပါ။ေမာင္သည္သူ႕ပုခုံးကိုဖက္လ်က္ ကမ္းေျခအိမ္ႀကီးတစ္လုံးဆီေလွ်ာက္သြားခဲ့ပါသည္။

မွန္ေတြကိုသာ အဓိကထားသုံးထားၿပီးအထဲကေန ကလန္ကာအႀကီးႀကီးေတြခ်ထားတာမို႔ အိမ္ထဲကိုမျမင္ရေသာ္လည္း အဆင္တန္းျမင့္ျမင့္နဲ႕လွရက္ေနမွန္းေတာ့ ေမာင့္ဂ်ီမင္ခံစားလို႔ရနိုင္မွာပါ။

* ဒီအိမ္ႀကီးကို ေမာင့္အိမ္လား *

ေမာင့္ကိုလွည့္ၾကည့္လာၿပီးေမးေလေသာအခါ ေမာင္က ေခါင္းပဲခါျပလာတယ္။

* ဒါဆိုငွားထားတာေပါ့ *

ဒီတစ္ခါလည္း ေမာင္က သြားတန္းေလးေပၚတဲ့အထိၿပဳံးလိုက္ၿပီးေတာ့မွ ေခါင္းခါျပလာပါတယ္။ေမာင္ဘာျဖစ္ခ်င္ေနမွန္းမသိေတာ့တာမို႔ ႏႈတ္ခမ္းစူထားလိုက္မိသည္။

* ေမးခြန္းေတြထပ္မေမးနဲ႕ ေမာင္မေျဖခ်င္ေသးဘူးဂ်ီမင္ရယ္ ဒီအိမ္ကိုသေဘာက်ရဲ႕လား ၾကည့္ေပးဦးဗ်ာ *

ေမာင္က ေအာက္ထပ္တစ္ခုလုံးကိုကာရံထားတဲ့ လိုက္ကာခ်ပ္အႀကီးႀကီးေတြကို ရီမုကြန္ထရိုးနဲ႕ပဲဆြဲဖြင့္ေစလိုက္ၿပီး ပတ္ဝန္းက်င္ရႈ႕ခင္းအား ေမာင့္ဂ်ီမင္ကိုၾကည့္ေစခဲ့သည္။

ကမ္းေျခနဲ႕အနီးကပ္ဆုံးမွာေဆာက္ထားတဲ့အိမ္မို႔ထင္သည္ ဒီလိုလိုက္ကာဖြင့္လိုက္ေတာ့အျပင္ကပင္လယ္ျပင္ႀကီးကို အိမ္ထဲကေနလွမ္းျမင္ေနရတာဟာ လူကို နည္းနည္းေတာ့စိတ္လႈပ္ရွားမႈကိုျဖစ္ေစပါတယ္။

ပင္လယ္ဆိုသိပ္သေဘာတက်ရွိလွတဲ့ ေမာင့္ေယာက်ာ္းေသးေသးေလးသည္ ထိုအခါမွာေတာ့ မွန္ျပင္ေတြနားေျပးကပ္သြားသလို နဖူးထိပ္ေလးနဲ႕မွန္ကိုထိကပ္ထားၿပီး အျပင္ကိုသည္းသည္းမည္းမည္းေခ်ာင္းေနသည္ေလ။

ေမာင့္ေယာက်ာ္းေလးက အသည္းယားဖို႔ေကာင္းေနတယ္။မ်က္လုံးဝိုင္းေလးေတြနဲ႕ ျမင္ျမင္သမွ်အရာရာကို စိတ္လႈပ္ရွားေနသလိုေလးလိုက္ၾကည့္ေနမိတာမို႔ ေမာင့္မ်က္လုံးထဲေတာ့ ေမာင့္ဂ်ီမင္ဟာခ်စ္ဖို႔အေကာင္းဆုံးေလးေလ။

ပင္လယ္ျပင္ကိုေငးလ်က္ၾကည့္ေနတဲ့အမ်ိဳးသားလွလွေလးရဲ႕ခါးသြြယ္သြယ္ေလးကို ေမာင့္လက္ေတြက ေထြးဖက္လာခဲ့ရင္း
ပုခုံးသားဝင္းဝင္းေလးေပၚ ေမးတင္ထားလိုက္ကာ အေပၚထပ္တစ္ေနရာကိုလက္ညိုးၫႊန္ျပလာၿပီး ပါးအိအိေလးကို တဖြဖြနမ္းလာျပန္သည္။

* အနားယူလိုက္ဦး။ေမာင္တို႔အိပ္ခန္းကအေပၚထပ္မွာ *

* ေမာင္ေရာ ဘာလုပ္ေနမွာလဲ ငါနဲ႕လိုက္ခဲ့တာမဟုတ္ဘူး *

ဂ်ီမင္မွာ ေမာင္နဲ႕အတူမွမဟုတ္ရင္ အေပၚထပ္ကိုတက္ၾကည့္ဖို႔ဆႏၵေသးေသးေလးေတာင္ရွိမေနပါဘူး။ထို႔ေၾကာင့္ ေလွကားေပၚတက္မယ့္အေရး တြန့္ဆုတ္တြန့္ဆုတ္ေလးလုပ္ျပေနခဲ့သည္။ေမာင့္ကိုအသားယားၿပီး ႐ူးသြားရေအာင္လို႔ေပါ့။

* ေမာင္လုပ္စရာေတြရွိေသးလို႔ အတူတူလိုက္အိပ္မေပးနိုင္ေပမယ့္ ေမာင့္ကေလးေလးကေတာ့အနားယူမွျဖစ္မွာ အခန္းထဲသြားေနေနာ္ *

ေခါင္းခါျပလာတဲ့ေမာင့္ကို နည္းနည္းေလးေတာ့မေက်မနပ္ျဖစ္ရတယ္။ၿပီးေတာ့ အဲ့လိုၿပဳံးေနတဲ့ေမာင့္ႏႈတ္ခမ္းေတြကိုလည္း အလိုမက်ခ်င္ေတာ့ဘူး။

* * * * * * * * * * * * * *

အနားယူဖို႔အေပၚတက္ခိုင္းလိုက္တာက ေမာင္ဆိုေပမယ့္ သူကမွအနားမယူခ်င္တာ။အဲ့ဒီေတာ့ ေမာင္လစ္တုန္းေလး အေပၚထပ္ကေနပဲ ကြၽန္းရဲ႕အေျခအေနကို သူသုံးသပ္ေနလိုက္တယ္။

ေက်ာခ်ပစ္ခ်င္ေကာင္းေနတဲ့ ေမြ႕ယာအေကာင္းဆုံးႀကီးေပၚမွာတစ္ေရးအိပ္ပစ္ၿပီး အခ်ိန္ကုန္ခံမယ့္အစားအေပၚထပ္တစ္ထပ္လုံးမွာ ေနရာပိစိေလးပင္မက်န္ေစရ။ေစ့စပ္ေနေအာင္ကို သူလိုက္စပ္စုခဲ့ပါသည္။

* ေမာင့္ဂ်ီမင္ မအိပ္ဘူးလား...? *

* အမေလး...!ေမာင္ကလည္း *

နား႐ြက္ဖ်ားေလးနား ႏႈတ္ခမ္းအပ္ျခင္းခံလိုက္ရတာမို႔ ေမာင့္ဂ်ီမင္မွာ ခႏၶာကိုယ္ေလးပင္ သိမ့္ခနဲတုန္သြားရသည္။ဟန္ခ်က္ျပတ္ကာအနည္းငယ္ယိုင္က်သြားတဲ့ကိုယ္လုံးေလးကို ေမာင္ကသူ႕ေမာင္းႀကီးေတြၾကားဆြဲေပြ႕ထည့္လိုက္တာမို႔ မ်က္ေစာင္းလွည့္ထိုးတာေတာင္ခံလိုက္ရေသးတယ္။

* လန့္သြားတာလား... *

* လန႔္တာေပါ့ အ႐ူးရဲ႕ *

ေက်ာနဲ႕ကပ္ေနတဲ့ေမာင့္ရင္အုပ္ႀကီးကို တံေတာင္ေလးနဲ႕တြတ္လိုက္ရွာေသးတာ။
ေမာင့္ဂ်ီမင္ ဘာပဲလုပ္လုပ္ ခ်စ္ေပးရမွာကေမာင့္တာဝန္ဆိုေသာ ခံယူခ်က္န​ဲ့အညီ
ေမာင့္မွာ အားတိုင္းယားတိုင္းကိုၿပဳံးဖို႔ပဲတတ္တာလားမသိ။ၾကည့္ေလ အခုတင္ေမာင္ၿပဳံးေနခဲ့တာ...။

မႈန္ကုပ္ကုပ္ေလးေမာ့ၾကည့္ေနတာေၾကာင့္
ေမာင့္မ်က္ႏွာႀကီးမွာအသဲယားေနပုံျဖင့္ငုံ႕က်လာခဲ့ၿပီး ႏႈတ္ခမ္းေတြကိုေႏြးေစလိုက္သလို
သူ႕ကိုလည္းေပြ႕ခ်ီသြားၿပီး ေလတဟူးဟူးတိုက္ေနတဲ့ဝရံတာမွာအနမ္းေတြကိုထပ္ဆက္ေနခဲ့သည္ေလ။

* ေမာင္ေနာ္...ေတာ္သင့္ၿပီ လာလာနမ္းမေနနဲ႕ *

အလိုမက်ေတာ့ေသာအသံေလးေၾကာင့္
ေမာင့္ထံမွေန သေဘာက်သလိုရယ္သံေလးၾကားလိုက္ရၿပီးေနာက္ သူ႕ဂုတ္ပိုးေပၚကိုေမာင့္ႏႈတ္ခမ္းပါးေလးထိကပ္လာၿပီးမွ နား႐ြက္ေလးကိုတတိတိကိုက္ေနျပန္သည္။

ေျပာရင္ ပိုကဲျပတတ္တဲ့ေမာင့္အက်င့္ကိုသူ႕ထက္ဘယ္သူကမ်ားသိပါ့ဦးမလဲ။ေမာင့္ကိုနိုင္လည္းမနိုင္ဘူး...လြန္ဆန္လို႔လည္းမရခဲ့ပါဘူး။လူတစ္ကိုယ္လုံးကိုအတင္းဖက္တြယ္ထားၿပီး သူ႕မ်က္ႏွာတစ္ခုျပင္လုံးအႏွံ႕က်ေရာက္လာတ​ဲ့ေမာင့္အနမ္းေႏြးေႏြးေတြကိုသာမ်က္လုံးမွိတ္ရင္းခံယူေပးလိုက္ေတာ့သည္။

အခြင့္အေရးေပးလိုက္တာနဲ႕တဆုံးယူတတ္တဲ့အက်င့္ေလးလည္းေမာင့္မွာရွိေသးတယ္။
သူ႕ကိုနမ္းေနရရင္ေက်နပ္ေနသလားမေျပာတတ္ေျပာေပမယ့္ ေမာင့္ႏႈတ္ခမ္းေတြရဲ႕
အနမ္းဘာသာရပ္ဟာ တစ္ဖတ္ကမ္းခတ္ပဲေလ။

ကြၽမ္းကြၽမ္းက်င္က်င္ရွိလွေသာေမာင့္အနမ္းေတြကို ေခါင္းကေလးေစာင္းရင္း ေရွာင္ေျပးလိုက္ကာ အေပၚစီးကေနျမင္ေနရတဲ့ကြၽန္း၏
ပတ္ပတ္လည္ကို တစ္ခါျပန္ၾကည့္လိုက္ၿပီးမွ
ေမာင့္ရင္ခြင္တြင္း ျပန္တိုးဝင္လိုက္ကာ.....!

* ဒီကြၽန္းေပၚမွာလူေတြလည္းမေတြ႕ဘူး။ *

ေမာင္က ဘာမွျပန္မေျဖလာပါဘူး။ထူးဆန္းစြပဲ အသံတိတ္ေနခဲ့တဲ့ေမာင့္ကို ေမွးစင္းထားတဲ့မ်က္လုံးေလးေတြေမာ့ၾကည့္လိုက္ေတာ့၏။ေမာင့္အနားမွာ သံသယအနံေတြရေနတယ္။

* ဒီကြၽန္းမွာလူေရာရွိရဲ႕လား *

ေနာက္တစ္ေခါက္ထပ္ေမးလာေသာမ်က္ႏွာေလးမွာ မဲ့တဲ့တဲ့ေလးျဖင့္။

* ရွိပါတယ္.....! မင္းနဲ႕ေမာင္နဲ႕ေလ *

ေမာင္ကတိုတိုျပတ္ျပတ္ပဲအေျဖေပးပါတယ္။
ေမာင္ေနာက္ေနတာမ်ားလားလို႔ ထင္လိုက္မိေသာ္လည္း ေမာင့္ပုံစံဟာ ခပ္ေအးေအးပါပဲ။

* တကယ္ႀကီးလူေတြမရွိတာလား...!ဒီလိုဆို ဘာလို႔ေခၚလာေသးလဲလို႔ ငါေၾကာက္တယ္ေလေမာင္ရဲ႕!!! *

* ေမာင္ရွိေနတာေတာင္ ေၾကာက္ေနရသလားဂြၽန္ဂ်ီမင္ရယ္...။ *

အေၾကာင္းမသိၾကတဲ့သူေတြလည္းမဟုတ္ၾကပါဘဲႏွင့္ သူ႕ကိုယ္သူကိုယ္ရည္ေသြးေနျပန္တဲ့ေမာင့္ကို စိတ္ပ်က္သလိုပဲၾကည့္ေနနိုင္ခဲ့တယ္။

* အင္း ေမာင့္ကိုပဲ ငါေၾကာက္တာ တစ္ေလာကလုံးမွာ မင္းကိုအေၾကာက္ဆုံးပဲ *

* ဟားဟားဟား...အဲ့ေလာက္ထိေတာင္ေမာင့္ကိုေၾကာက္တာလား *

ရယ္စရာအေၾကာင္းလည္းမရွိပဲ အရွက္မရွိေအာ္ႀကီးဟစ္က်ယ္ရယ္ေနတဲ့ေမာင္သည္တကယ့္အ႐ူးေလးလို။

သူ႕မ်က္ႏွာအားငုံ႕မိုးထားရင္း စိုက္ၾကည့္ေနခဲ့ျပန္တာမို႔ ေမာင္ျမင္ပါေစဆိုတဲ့စိ္တ္ထားေလးတစ္ခုနဲ႕မ်က္ႏွာကိုမဲ့ပစ္လိုက္ၿပီး လက္ေလးေတြကိုပါ တဆတ္ဆတ္တုန္ယင္ေနဟန္လုပ္ျပကာ သြားေလးေတြကိုလည္းစိျပေပးလိုက္သည္။

သေဘာကေတာ့ ေၾကာက္လြန္းလို႔တစ္ကိုယ္လုံးတုန္ေနရပါတယ္ေပါ့။

* ဒါေပါ့ ဒါေပါ့ အရမ္းေၾကာက္တယ္ ဒူးတုန္ေနေအာင္ကိုေၾကာက္တာ။​ *

* ဂြၽန္ဂ်ီမင္ကေတာ့ အေၾကာက္တရားကို
မရွိေတာ့ဘူး...အဟက္..!ေမာင့္အေၾကာင္းေလးသိသြားရေအာင္ အာဘြားေပးပစ္မွနဲ႕တူတယ္ *

* ေမာင္ေနာ္...ေပါက္ကရေတြ လာမလုပ္နဲ႕ *

ႏႈတ္ခမ္းႀကီးစူထားရင္း တျဖည္းျဖည္းလူခ်င္းပိုကပ္လာတဲ့ေမာင့္ကို ရင္အုပ္ႀကီးမွေန
ေဆာင့္တြန္းပစ္ခဲ့လိုက္ၿပီးဂြၽန္ဂ်ီမင္မွာ ထိုမွ်သာျပန္ေျပာနိုင္လိုက္ၿပီး ခုတင္ေပၚကိုေျပးတက္သြားေတာ့သည္။

မ်က္ႏွာနီနီေလးနဲ႕နား႐ြက္ဖ်ားရဲရဲေလးကို
ၾကည့္ရသေလာက္ဆို ဒါဟာ ထပ္ၿပီးအရွက္္သည္းသြားတာပဲျဖစ္ရမယ္။ေမာင့္ဂ်ီမင္ဘယ္ ိလိုေလးပါလိမ့္။

* * * * * * * * * * * * * * *

ကြၽန္းကိုစေရာက္တဲ့အထိမ္းအမွတ္ေနနဲ႕ညဖက္မွာ ဒင္နာဒိတ္လုပ္ခ်င္တယ္လို႔ေျပာလာခဲ့တဲ့ေမာင့္ေၾကာင့္ ေမာင့္ဆႏၵကိုျဖည့္ဆည္းေပးဖို႔ သူ႕မွာတာဝန္ရွိလာျပန္တယ္။ထို႔အတြက္ေၾကာင့္ ညမိုးခ်ဳပ္မယ့္အခ်ိန္ထိ
သူ႕မွာ အခန္းေလးထဲထိုင္ေစာင့္ေပးေနခဲ့ရတယ္။

ေသာင္ျပင္ကိုဆင္းမလာရဘူးေနာ္...!လို႔အတန္တန္ကတိေတာင္းသြားေသတာမို႔ေယာင္၍ပင္ ပင္လယ္ရွိရာဘက္ထြက္မၾကည့္ခဲ့ရပါဘူး။ဉာဏ္မ်ားလြန္းတဲ့ေမာင္ ဒီတစ္ခါလည္း ဘာေတြခိုးလုပ္ေနျပန္သလဲမသိေတာ့ပါဘူး။

ေစာင့္ေနရင္း သိပ္မၾကာေသာအခ်ိန္တိုအတြင္းမွာ တစ္မနက္ပိုင္းလုံးပုန္းသွ်ိုးေနခဲ့ၾကရတဲ့ ၾကယ္စင္တန္းေလးမ်ားသည္ ေကာင္းကင္ထက္၌ဟိုနားတစ္စုဒီနားတစ္စုထြက္လာၾကၿပီမို႔ သူ႕မွာ ေမာင္-ထုတ္ေပးခဲ့တဲ့အဝတ္အစားေတြကိုအျမန္လဲလိုက္ရၿပီးေျခလွမ္းခပ္သြက္သြက္နဲ႕ပဲ ​ေသာင္ျပင္ဘက္ထြက္ခဲ့လိုက္ေတာ့သည္။

သူပထမဆုံးျမင္လိုက္ရတာက ေမာင့္ကိုပါ။
ေမာင္ဟာ ဆံပင္တိုတိုေတြကိုလွန္တင္ထားၿပီး ဟာဝိုင္ယီရွပ္ေလးပဲဝတ္ထားတာေတာင္ မိမိုက္လြန္းတာထက္ကိုပိုေနၿပီ။ဒီေန႕ညအတြက္ ဇာတ္လိုက္ကေတာ့ ေမာင္ပဲျဖစ္လိမ့္မယ္။

ေသာင္ျပင္ေပၚမွာပဲ စားပြဲဝိုင္းကိုခ်ထားၿပီး ညစာအတြက္ကို ေမာင္ကျပင္ဆင္ေပးထားရွာတယ္။သူ႕ကိုျမင္လိုက္တာနဲ႕ ေမာင့္အၿပဳံးေတြမွာပိုေပၚလြင္လာခဲ့ၿပီး ထိုင္ေနရမွထလာကာ ေမာင့္ရဲ႕လက္ဖဝါးတစ္ဖက္သည္သူ႕ေရွ႕ထံျဖန့္ခင္းေပးလာခဲ့ပါတယ္။

ပင္လယ္ျပာျပာေနာက္ခံရယ္...အျပာေရာင္ရင့္ရင့္ေကာင္းကင္ႀကီးရယ္..ညရဲ႕လမင္းႏွင့္..ေမာင့္အၿပဳံးခ်ိဳခ်ိဳေတြ..။ဘဝမွာႀကဳံဖူးခဲ့သမွ်ထဲ ဒီညရဲ႕ဒင္နာဟာ အလွပဆုံးပါ။

ကမ္းေပးလိုက္တဲ့သူ႕လက္ေခ်ာင္းေတြကို လက္ဖ်ားေလးမွတစ္ဆင့္ ခပ္တင္းတင္းကေလး ေမာင္ဖမ္းဆုပ္ကိုင္လိုက္ၿပီး စားပြဲဆီကိုေခၚသြားေပးၿပီး ထိုင္ခုံမွာထိုင္ေစၿပီးမွ အနားမွာေပါက္ေနေသာတ႐ုတ္စကားပင္ကေန တ႐ုတ္စကားပန္းေလးတစ္ပြင့္ကိုလည္း ေမာင္က ခူးလိုက္ျပန္ေသးတာ...။

ၿပီးေတာ့ ထိုပန္းကေလးကို ေမာင္နမ္းရွိုက္လိုက္ေတာ့တယ္။ေကာ့ၫႊတ္ေနေသာႏႈတ္ခမ္းပါးေလးတစ္စုံဟာ ေမာင့္အၿပဳံးေတြရဲ႕အရင္းခံဆို ေမာင့္ကိုၾကည့္ၿပီးၿပဳံးေနမိတဲ့သူ႕ႏႈတ္ခမ္းေတြကေတာ့ ၾကည္ႏူးျခင္းရဲ႕အတိမ္အနက္ေတြပဲျဖစ္လိမ့္မယ္။

တ႐ုတ္စံကားပြင့္ျဖဴျဖဴေလးနဲ႕ ေမာင္လက္ေခ်ာင္းသြယ္သြယ္ေလးေတြ ဘယ္ေလာက္ေတာင္မ်ား အရိုင္းဆန္ေအာင္လိုက္ဖက္ေနလိုက္သလဲလို႔။သို႔ေသာ္ ေမာင့္လက္ေခ်ာင္းေတြရဲ႕ဦးတည္ရာက သူ႕ဆီကိုပါ။ေမာင္ဘာလုပ္ဖို႔ႀကံ႐ြယ္ေနတာလဲ..။

* ေမာင္...!!ပန္းပန္ေပးရေအာင္ ငါမိန္းကေလးမဟုတ္ဘူး *

နား႐ြက္ၾကားထဲကို ပန္းေလးပန္ထည္ေပးဖို႔ေမာင္လုပ္ေနတာမို႔ ေမာင့္လက္ကိုဆြဲဖယ္လိုက္ကာ တားျမစ္လိုက္ရသည္။ဒါေပမယ့္လည္း ေမာင္ကေနာက္မဆုတ္သြားပါဘူး။အက္ရွရွအသံဩဩေလးနဲ႕ရယ္ေနေသးတာပါ။

* ပန္းပန္ဖို႔အတြက္ ေယာက်ာ္းေလး မိန္းကေလးဆိုတဲ့ပစ္ညွက္ခ်က္ေတြမလိုဘူးေလေမာင့္ဂ်ီမင္ရယ္။အဲ့လိုယုတ္ညံ့တဲ့သေဘာတရားေတြလည္း ေမာင့္မွာမရွိဘူး။ေမာင့္ေယာက်ာ္းေလးက လွေနလို႔ ေမာင္ကပန္းေလးတစ္ပြင့္နဲ႕တင္စားမိ႐ုံပါ...။ပန္းဆိုတာ လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈကိုနာမ္ႏွိမ္ရေလာက္တဲ့အထိ ယုတ္ညံ့ေနလို႔လားဟင္
ေမာင့္ဂ်ီမင္ကေျပာျပပါဦး...။ေမာင္ၾကားဖူးတယ္...ပန္းေလးေတြကအခ်စ္နဲ႕အတူတူပဲတဲ့။သူတို႔ကႏူးညံ့ၾကတယ္ ျမင့္ျမတ္ၾကတယ္ ဒါေပမယ့္ ယုတ္ေတာ့မညံ့ဘူးေမာင့္ဂ်ီမင္ *

* ဒါေပမယ့္ ငါမွမႀကိဳက္တာ *

မ်က္လုံးၾကည္ၾကည္ေလးေတြကို ဝိုင္းျပထားၿပီးသူလက္မခံမခ်င္းပူဆာမယ္ပုံမွာရွိတယ္။
ၾကယ္ေရာင္တန္းေလးေတြစုေနတဲ့ဒီပ်ားရည္အိုင္မ်က္ဝန္းေတြကို ဘယ္တုန္းကမ်ားလြန္ဆန္လို႔ရခဲ့တာရွိလဲ။

* လာပါ...ေမာင့္ကေလးေလး တစ္ခါေလာက္ပန္ၾကည့္။ပန္းေလးေတြထက္ မင္းကပိုလွေနလို႔ မင္းမွာပန္းပန္ၾကည့္ဖို႔အခြင့္ရွိပါတယ္ *

ေနာက္ဆုံးေတာ့လည္း ေမာင္ပန္ေပးတဲ့ပန္းေလးတစ္ပြင့္ဟာ သူ႕နားထက္မွာလွလွပပေလးရွိခဲ့ရပါတယ္။ဒီတစ္ဇြတ္ထိုးေမာင့္ကိုငါဘယ္တုန္းကမ်ား နိုင္ဖူးလို႔လဲ။

* ေမာင္ *

* ဗ်ာ *

ေခၚလိုက္တိုင္းမွာ အေလးအနက္ပဲျပန္ထူးေပးတယ္။ဂ်ီမင္နဲ႕သက္ဆိုင္လာရင္ ေမာင္ဘယ္တုန္းကမွ မေပါ့ဆခဲ့ပါဘူး။ေလသံေတြအစေလးနက္သလို ဂ်ီမင္ကိုၾကည့္ေနခဲ့တဲ့ေမာင့္အၾကည့္ေတြဟာလည္း ေလးေလးနက္နက္ပါပဲ။

* ဒီကြၽန္းနာမည္ကဘာလဲဟင္ *

* ဂြၽန္ဂ်ီမင္ *

ဝိုင္ငွဲ႕ေပးေနရင္း ေမာင္ကခပ္တည္တည္ပဲေျဖလာခဲ့တယ္။႐ုပ္တည္ႀကီးနဲ႕မို႔ ေမာင့္ဂ်ီမင္ပင္
ေမာင့္ကိုေမာ့ၾကည့္လာရတယ္။ေမာင္ေနာက္ေျပာင္ေနတာ အရမ္းသိသာလြန္းေနတယ္။

* ေမာင္ ဒီကြၽန္းပိုင္ရွင္နဲ႕သိတာလား *

* အင္း အရမ္းရင္းႏွီးတယ္ ေမာင္နဲ႕တအားကိုရင္းႏွီးတဲ့လူ *

ေမာင္နဲ႕ရင္းႏွီးတယ္လည္းဆိုေရာ ဂ်ီမင္ရဲ႕မ်က္လုံးေလးေတြမွာ အရမ္းတစ္မ်ိဳးေျပာင္းသြားေလၿပီး စားလတ္စခရင္းကိုပင္ေဘးခ်ထားလိုက္ကာ ခႏၶာကိုယ္ေလးေရွ႕တိုးလာခဲ့ၿပီး အသံတိုးတိုးေလးနဲ႕ေမာင့္ကိုေမးေနရွာ၏။

* ဘယ္သူလဲ ေျပာျပလို႔မရဘူးလား*

* ဂြၽန္ဂ်ီမင္ပါလို႔ ေမာင္ေျဖေနသားပဲ *

* ေမာင္!! *

* ဗ်ာ *

* စကားအေကာင္းေျပာေလ *

* ေဟာဗ်ာ...!။ပိုင္ရွင္က ဂြၽန္ဂ်ီမင္ပါဆို ဒီကြၽန္းကလည္း သူ႕နာမည္နဲ႕ပဲ *

ကိတ္မုန့္ေလးကိုခရမ္းနဲ႕ထိုးဖဲ့စားေနရာကေန ေမာင့္အၾကည့္ေတြက ဂ်ီမင္ထံေရာက္လာခဲ့ၿပီး ဂ်ီမင္ကိုလည္းတစ္ဇြန္းလွမ္းေကြၽးလိုက္ေသးတာပါ။ေမာင့္အတြက္ ဒါႀကီးကေအးေအးလူလူျဖစ္စရာလားမသိေပမယ့္
ဂ်ီမင္အတြက္ကေတာ့ေရွာ့ခ္အႀကီးႀကီးရတဲ့အထိ..။

* ငါက ပိုင္ရွင္လား *

* အင္းေလ ပိုင္ရွင္က မင္းပဲေပါ့ *

* ငါကဘာလို႔လဲ *

* သုံးႏွစ္ျပည့္Silver Dayအတြက္ ေမာင္ ေပးတဲ့လက္ေဆာင္ *

လက္ေဆာင္အျဖစ္ ကြၽန္းတစ္ကြၽန္းလုံးကိုဝယ္ေပးတာတဲ့လား။ဘာေတြေျပာရမယ္မွန္းမသိေတာ့သလို ေျပာစရာေတြလည္းမရွိေတာ့ပါဘူး။လူတစ္ေယာက္ဆီမွာ တန္ဖိုးထားခံရၿပီးလယ္ေလာက္ထိအခ်စ္ခံရလဲဆိုတာကိုေမာင္နဲ႕သိက် သိခြင့္ရခဲ့တာ။

* ေမာင္ မေကာင္းဘူး *

* အြန္း ေမာင္က ဘယ္တုန္းကမွမေကာင္းခဲ့ပါဘူး။ေမာင့္ဂ်ီမင္ေျပာတာ မွန္တယ္*

မ်က္ဝန္းထက္ ဝဲတက္လာတဲ့မ်က္ရည္စေတြကို မလွိမ့္က်ေစဖို႔ မ်က္ေတာင္ေတြအကူနဲ႕
အျမန္သိမ္းဆည္းလိုက္ေသာ္လည္း ေမာင္ကေတာ့ ေခ်ာ့ဖို႔မေမ့ခဲ့ပါဘူး။

ယခုထိ မေႂကြက်လာေသးတဲ့မ်ည္ရည္ဥေတြကို လက္မေလးနဲ႕ဖြဖြသုတ္ေပးၿပီးေခ်ာ့သလို
ပါးျပင္ကိုလက္ခ်ာင္းေလးေတြနဲ႕ပြတ္သပ္ေပးၿပီးလည္းေခ်ာ့ရွာပါတယ္။

* ေမာင့္ေယာက်ာ္းေလး ဒီညအရမ္းလွေနတယ္ *

* ေမာင္ခ်စ္ေပးလို႔ျဖစ္မွာေပါ့ *

မငိုေစဖို႔ရာ ေမာင္နည္းမ်ိဳးစုံနဲ႕ေခ်ာ့ေပးခဲ့တယ္။အနမ္းခ်ိဳခ်ိဳေတြနဲ႕ေရာေလ။ေမာင့္စကားေလးတစ္ခြန္းက ဘာမွဟုတ္မေနသည့္တိုင္ ဂ်ီမင္ကိုၿပဳံးေစဖို႔အထိေတာ့ စြမ္းခဲ့ပါတယ္။

လက္ေဆာင္လွလွေလးကိုအေပးခံရလို႔မ်ည္ရည္လည္ခဲ့ရေပမယ့္လည္း ေမာင့္အနမ္းေတြေၾကာင့္ေတာ့ ၾကာၾကာဝမ္းမနည္းခဲ့ရပါ။
ဘဝတစ္ေလွ်ာက္လုံးသယ္ယူသြားရမယ့္အမွတ္တရေကာင္းအတြက္ ေမာင့္ကို သူ ေမတၱာႀကိဳးေတြနဲ႕ပဲခ်ည္သြားခ်င္တယ္...။

​ေမာင္ကေတာ့ အတၱႀကိဳးေလးနဲ႕ ခ်ည္ေပါ့။
​ေမာင္ျပင္ဆင္လွီးျဖတ္ေပးထားတဲ့စားစရာပန္းကန္ေလးထဲက အစားအေသာက္ေတြကို
အရသာခံစားေနရ၏။

ေမာင္သူ႕ကို တစိမ့္စိမ့္ထိုင္ၾကည့္ေနတာက နည္းနည္းေတာ့ရွက္သလိုေလးျဖစ္ေစရေပမယ့္ အဲ့လိုၾကည့္ေနတဲ့လူကေမာင္ပဲမို႔လို႔ သူ႕ရွက္႐ြံျခင္းေတြကိုေခါက္သိမ္းထားလိုက္တယ္။

ေမာင္ေက်နပ္သြားေစရန္ခဏခဏပဲၿပဳံးျပမိေတာ့ ေမာင့္ဆီက ရယ္သံလြင္လြင္ေလးၾကားလိုက္ရေတာ့တယ္ေလ။ဒီညမွာ ေမာင့္လိုပဲ သူလည္းလက္ေဆာင္ျပန္ေပးမယ္ဆို
ေမာင္လက္ခံေပးမွာလား။

* ေမာင္ကေလး လိုခ်င္လား *

မ်က္လုံးမွိတ္ခ်လိဳက္ရင္း အရဲစြန့္ၿပီးပဲသူထုတ္ေမးခ်လိဳက္ေတာ့တယ္။ေမာင္လညိး
မထင္ထားဘူးမလား။ေမာင့္လႈပ္ရွားမႈေတြ
ရပ္သြားတာကို သူျမင္လိုက္ရတယ္ေလ။

* မလိုခ်င္ဘူး ေမာင့္အတြက္ ဘယ္ကေလးမွလည္းမလိုအပ္ဘူး *

ဒီအေျဖအတြက္ခဏေလးေတာင္ ေမာင္မစၪ္းစားခဲ့ပါဘူး။ေမာင္အေျဖျပန္ေပးတာျမန္လိုက္တာ။ဒီေလာက္ႀကီးထိ ျမန္ဖို႔မလိုဘူးေလ။သူလည္း ဒီစကားေျပာထြက္နိုင္ဖို႔အတြက္ လေတြနဲ႕ခ်ီၿပီးၾကာခဲ့ေသးတာကို။ေမာင့္ကိုလည္း စၪ္းစားေစခ်င္ပါေသးတယ္။

* ဒါေပမယ့္... *

* ေတာ္ေတာ့ ဂြၽန္ဂ်ီမင္...မဟုတ္တာေတြမေတြးစမ္းနဲ႕ကြာ မျဖစ္နိုင္တာေတြနဲ႕ ေမာင္
မ႐ူးမိုက္ခ်င္ဘူးဂြၽန္ဂ်ီမင္ *

ပိတ္ေအာ္လိုက္ေတာ့မွပဲ ဂြၽန့္ဂ်ီမင္ရဲ႕ပါးစပ္ေလးကပိတ္သြားေတာ့တယ္။မ်က္ႏွာငယ္ေလးနဲ႕ ျပန္ေမာ့ၾကည့္လာတာကိုလည္းေမာင္မသနားမိခဲ့ပါဘူး။အလိုလိုက္လြန္းအားႀကီးသြားလို႔လား ေမာင္တိတိပပမေျပာတတ္ေပမယ့္ ဂြၽန္ဂ်ီမင္ကေတာ့သိပ္ဆိုးလြန္းခဲ့ပါတယ္။

အခု သူ႕အမ်ိဳးသားေလးက ဘာေတြကိုေလွ်ာက္ေတြးေနရတာလဲ။အဲ့တာကေၾကာက္ဖို႔ေကာင္းတာထက္ကိုပိုတဲ့အေတြးေတြေလဗ်ာ။ဘယ္လိုစိတ္ကူးနဲ႕ ဘယ္လိုသတၱိနဲ႕ေျပာရဲသလဲ ေမာင့္မွာအေျဖရွိမေနခဲ့ဘူး။

ေမာင္ သိတာတစ္ခုပဲရွိတယ္။အဲ့တာဂြၽန္ဂ်ီမင္ကို ေမာင္စိတ္ဆိုးတယ္ဆိုတာပဲ။ေမာင္ဘယ္ေလာက္ထိခ်စ္ရသလဲ မသိလို႔ ဒီလိုမ်ိဳးေတြ ေမးထြက္ရက္တာလား။ေမာင္႐ူးသြားတာမျမင္ခ်င္ေသးရင္ ေမာင့္ကို႐ူးေအာင္
မင္းမလုပ္ပါနဲ႕။

* ကေလးေလးရွိေတာ့ ေမာင္မပ်င္းရေတာ့ဘူးေပါ့ ကေလးေသးေသးေလးေလ... ေမာင္ မလိုခ်င္ဘူးလား *

အဆုံးထိ ဂြၽန္ဂ်ီမင္က လက္မေလ်ာ့ခ်င္ဘူးပဲ။ကေလးေသးေသးေလးပိုက္ခ်ီထားသလိုႏွယ္ ထိုကဲ့သို႔ပုံစံေလးေတာင္ လုပ္ျပလိုက္ေသးတာပါ။

* ေမာင့္ဂ်ီမင္ေတာ္ေတာ့ဆို...ဘာကေလးလဲ!!သြားဗ်ာ ။ဂ်ီမင္ကိုခ်စ္ေနရရင္ေမာင္မပ်င္းဘူး ေသတဲ့အထိမပ်င္းမရိ႕ခ်စ္သြားမွာ...ေမာင္ပဲကေလးလုပ္မယ္ ေမာင့္ကိုပဲမင္းတစ္သတ္လုံးခ်စ္သြားရမယ္ *

ေမာင္ ပိတ္ေအာ္ပစ္လိုက္ေတာ့မွပဲ အသံစာစာေလးမွာ တိခနဲတိတ္က်သြားေလၿပီး သူ႕ႏႈတ္ခမ္းေလးကိုေတာင္ ျပန္ကိုက္ထားလိုက္ေသးတာ။ဒါက သူ႕စကားေျပာမွားသြားပါတယ္ေပါ့။အမူအရာေလးေတြနဲ႕ေမာင့္ကိုအရည္ေပ်ာ္ေအာင္ လုပ္ျပန္ပါသည္။

ဂ်ီမင္အားျပန္ၾကည့္လာခဲ့တဲ့ ေမာင့္မ်က္ဝန္းေလးေတြထဲတြင္မ်က္ရည္ေတြဟာ လွ်ံက်လာေတာ့မယ့္ စမ္းေရၾကည္ေတြလိုမ်ိဳးႏွယ္အင္အားက အလုံးလိုက္အရင္းလိုက္ျဖင့္...။
ေမာင္ ငိုရင္ သူ႕ကမာၻႀကီးတစ္ျခမ္းအေမွာင္အဖုံးခံလိုက္ရတာနဲ႕ ဘာကမ်ားကြာျခားပါေတာ့မလဲ။

* ငါ...ငါ ကေလးမယူေတာ့ဘူး ေမာင့္ကိုပဲအပ္တာမို႔ ကေလးမရွိလည္းရတယ္ *

* တကယ္လား *

ေမာင့္လက္ေတြေပၚဆုပ္ကိုင္ထားတဲ့သူ႕လက္ေတြကို ေမာင္ကၾကပ္သိပ့္ေနေအာင္ျပန္ဆုပ္ကိုင္လာခဲ့ၿပီး ႏႈတ္ခမ္းပါးေလးကိုလည္း တြန့္႐ုံသာ ၿပဳံးျပလာခဲ့သည္။ဒါေပမယ့္ေမာင့္ဆီကရေနတဲ့အေငြ႕အသက္ေတြကဘာလို႔ ေၾကာခ်မ္းေစရတာလဲ။

အဲ့တာကိုေတြးလို႔အေျဖမေပၚခင္မွာပင္ ေမာင္သူ႕ကိုေပြ႕ခ်ီလာပါေတာ့တယ္။ျငင္းဆန္ခ်ိန္ေတာင္မရလိုက္ပါဘူး...သူ႕ကိုယ္လုံးေလးက ေမာင့္လက္ေတြထဲမွာပါသြားႏွင့္ၿပီးၿပီေလ။

ျမန္ျမန္သြက္သြက္ႀကီးလမ္းေလွ်ာက္ေနခဲ့တာျဖစ္လို႔ ေၾကာက္လန့္အားႀကီးစြာပဲေမာင့္လည္တိုင္ကိုသိုင္းဖက္ထားလိုက္မိတယ္ေလ။ေမာင္ကေတာ့ သေဘာေတြက်ရလြန္းလို႔ၿပဳံးေနမလားပဲ...မေျပာတတ္ဘူးေပါ့။

​ေပြ႕ခ်ီထားတဲ့အတိုင္းပဲလက္ထဲမွာ ၿငိမ္ၿငိမ္ကေလးဖက္တ္ထားၿပီးလိုက္ပါလာတဲ့ေၾကာင္ေပါက္ေလးကို အသည္းယားရလြန္းလို႔ နား႐ြက္ဖ်ားႏုႏုထြတ္ထြတ္ေလးကို ေရွ႕သြားျဖင့္က်ီစယ္သလိုေလး ခပ္ဖြဖြကိုက္ပစ္လိုက္ကာ.....!

* ကေလးသိပ္လိုေနခ်င္တဲ့မင္းဆႏၵ...အဲ့တာကဘယ္ေလာက္ထိ မွားယြင္းသြားသလဲ ေမာင္သက္ေသျပေပးမယ္...။အိမ္ေထာင္တစ္ခုမွာ ရင္ေသြးေလးေတြဟာအသုံးခ်ခံမဟုတ္မွန္း မင္းကို ေမာင္သက္ေသျပေပးမယ္...။ကေလးရွိမွအိမ္ေထာင္တစ္ခုဟာ
ေရရည္ခိုင္ၿမဲလိမ့္မယ္ဆိုတဲ့ ဆိုရိုးေတြကိုလည္းဒီညမွာ ေမာင္ျပင္ေပးမယ္။ဂြၽန္ဂ်ီမင္နားလည္ထားရမွာက ေမာင္က မင္းနဲ႕ပဲၿမဲခ်င္လူ...ေမာင့္ကိုဘာနဲ႕မွခ်ည္ထားစရာမလိုဘူးမင္းနဲ႕ပဲ ေမာင္အခ်ည္ခံမွာ *

ဂ်ီမင္ရဲ႕ႏႈတ္ခမ္းဖူးဖူးေလးမွာ ၿပဳံးရိပ္ေလးသန္းသြားခဲ့ၿပီး ေမာင့္မ်က္ႏွာေလးကိုရီရီေဝေဝမ်က္လုံးေလးေတြနဲ႕ပဲေမာ့ၾကည့္ေနခဲ့ၿပီး
ေမာင့္ရင္ခြင္က်ယ္ထဲကို တိုးနိုင္သမွ်တိုးဝင္လိုက္ေတာ့သည္။ေမာင္က တကယ္အဖိုးမျဖတ္နိုင္တဲ့အမ်ိဳးသားေလးပါပဲ။

* ေမာင့္ကိုခ်စ္တယ္ *

* ေမာင္သိတယ္...ေမာင္လည္း ျပန္ခ်စ္ေပးမွာ *

ေမာင္ ဘာကိုေျပာသလဲ မသိေပမယ့္လည္း
ဂ်ီမင္ကေတာ့ ရွက္ၿပဳံးေလးျဖင့္ ခမ္းခမ္းနားနားေလးကို ၿပဳံးေနခဲ့တာပါပဲ
ထိုညမွာ ၾကယ္ေတြဟာ သိပ္လွခဲ့သလို...
ညရဲ႕လမင္းသည္လည္း ေအးေအးခ်မ္းခ်မ္းပဲေတာက္ပေနခဲ့ပါသည္။

​ေမာင့္အခ်စ္ေတြေၾကာင့္ ေႏြးေထြးရတယ္ဆိုရင္ ေမာင့္ေမတၱာေတေတြေၾကာင့္ ေအးခ်မ္းရပါေစ ေမာင့္ဂ်ီမင္ရယ္...။ေမာင့္ဂ်ီမင္သာဆႏၵရွိမယ္ဆို တစ္သတ္လုံးသစၥာႀကိဳးလွလွေလးနဲ႕အခ်ည္ခံၿပီး ၿမဲသြားခ်င္သူက ေမာင့္ပါ...။

x x x x x x x x x x x x x x x x x x x x

(ဖတ္ေပးၾကသူအားလုံးကို ေက်းဇူးတင္ပါသည္။

ကိုကိုးသည္ စာေရးရင္နည္းနည္းတစ္မ်ိဳးသမားမို႔ ခ်စ္တာေတြဆိုေသခ်ာမေရးျပတတ္ပါဘူး။လိုတာေတြရွိလည္းနားလည္ေပးၾကပါေနာ္။)

x x x x x x x x x x x x x x x x x x x x x x

Continue Reading

You'll Also Like

27K 3.9K 22
သူရှိတဲ့အရပ်က အညိုရောင်တွေဖုံးလွှမ်းနေတဲ့ vintage ရပ်ဝန်းငယ်
504K 30K 23
မင်းကိုငါပိုင်တယ်ဆိုတာ အားလုံး သိအောင်ပြပေးရမလား?????? မင္းကိုငါပိုင္တယ္ဆိုတာ အားလုံး သိေအာင္ျပေပးရမလား??????
854K 19.4K 48
In wich a one night stand turns out to be a lot more than that.
991K 61.3K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...