နေရာသစ်၊ကျောင်းသစ်မှာ ကျောင်းသားသစ်အဖြစ် 'ည'ရှိနေခဲ့တာ နှစ်ပတ်မြောက်ဖြစ်လာခဲ့ပြီ။
နေသားတကျနဲ့ ပျော်နေပြီလားဆိုရင်တော့ 'ဟင့်အင်း'လို့ပဲ 'ည'ဖြေရလိမ့်မည်။
မခွဲစဖူးခွဲနေရတဲ့ ဖေဖေနဲ့မေမေကိုလည်း သူနေ့တိုင်းလွမ်းနေရသည်။အရင်ကဆို ကျောင်းဖယ်ရီကဆင်းတာနဲ့ သူ့ကိုအသင့်ကြိုနေတဲ့ မေမေ့ရင်ခွင်ထဲပြေးဝင်နေကျမို့ ကျောင်းကနေအိမ်ကိုပြန်တိုင်း မေမေ့ကိုသတိရစိတ်က ပိုသည်းနေရသည်။အဘွားအပါအဝင်၊ဦးလေးတွေ၊အဒေါ်တွေက သူ့ကိုချစ်ကြ၊ဂရုစိုက်ပေးကြပေမဲ့ မိဘနဲ့ဝေးနေရစိတ်က အလိုလိုအားငယ်စေတာမျိုးပင်။
နောက်ပြီး ကျောင်းမှာလည်း သူအခုထိနေသားမကျ၊အားလုံးက ကြိုသိနှင့်ပြီးသားတွေဖြစ်ပြီး သူတစ်ယောက်ပဲ သင်းကွဲဖြစ်နေရတာကလည်း ရန်ကုန်ကျောင်းက သူငယ်ချင်းတွေကို အလွမ်းပိုစေတာပင်။ပိုဆိုးတာက ကိုယ့်ဘေးမှာနေပြီး ကိုယ့်ကိုမရှိသလိုဆက်ဆံခံနေရခြင်းလည်းပါသည်။ထက်လင်းနဲ့ကျော်ထက်က စကားတွေလည်းပြောကြသလို၊အတူကစားဖို့ပါခေါ်ပေမဲ့ သူတို့နဲ့လိုက်မှာကို စိတ်ရှုပ်သလိုဖြစ်ပြနေတဲ့ တာရာ့ကြောင့် သူလည်း ခပ်ကင်းကင်းသာနေဖြစ်သည်။နေရာသစ်မို့ ဘယ်လိုပဲအားငယ်ရတယ်ပြောပြော 'ည'မှာ မာနစိတ်တော့အပြည့်ရှိပါသေးသည်။ကိုယ့်ကိုတမင်တကာ မလိုလားပြနေတာကိုတော့ မျက်နှာပြောင်တိုက်ပြီး လိုက်ခေါ်နေမှာမဟုတ်။
နေ့လည်ကစားကျောင်းဆင်းချိန်မို့ အခန်းထဲမှာ ဘယ်သူမှမရှိကြတော့။အားလုံးက အပြင်မှာကစားနေကြ၊မုန့်ဝယ်စားကြနဲ့ ကျောင်းကွင်းပြင်တစ်ခုလုံး အသံတွေစီစီညံနေကြသည်။
'ည'တစ်ယောက်တည်းပဲ စာသင်ခုံမှာထိုင်ရင်း ပုံဆွဲ၊ဆေးခြယ်လုပ်နေတာဖြစ်သည်။
တစ်ယောက်တည်းထိုင်နေရင်း ပျင်းပျင်းရှိတာမို့ မုန့်စျေးတန်းမှာ မုန့်သွားစားဖို့တွေးရင်း မနေ့ကမှ စာတိုက်ကနေရောက်လာသည့် အသစ်စက်စက်ကွန်ပါဘူးထဲကနေ မုန့်ဖိုးကိုထုတ်ပြီး ကျန်တာတွေကို ကျောပိုးအိတ်ထဲမှာ သေချာပြန်သိမ်းလိုက်သည်။
တစ်နေ့ကို မုန့်ဖိုးငါးဆယ်ရပေမဲ့ 'ည'က အခန်းထဲတင်အနေများတာမို့ ပိုက်ဆံမကုန်။အိမ်ကထည့်ပေးလိုက်တဲ့မုန့်ကိုစားရင်း မုန့်ဖိုးတွေကိုတော့ ကွန်ပါဘူးထဲမှာ စုရင်းသိမ်းထားဖြစ်သည်။
ဒီနေ့တော့ မုန့်ဝယ်စားချင်တာမို့ ပိုက်ဆံလေးကိုလက်ထဲဆုပ်ရင်း သူတို့နှစ်တန်းအခန်းနဲ့ ခပ်ဝေးဝေးမှာရှိသည့် မုန့်ဆိုင်လေးတွေဆီသို့ ခြေလှမ်းတွေဦးတည်လိုက်သည်။
မုန့်စျေးတန်းဆိုပေမဲ့ ရန်ကုန်ကျောင်းမှာလို ဆိုင်ကြီးတွေ၊မုန့်မျိုးစုံတွေနဲ့ ရွေးစရာတွေများနေတာမျိုးတော့မဟုတ်။
သက်ကယ်မိုး၊ဝါးကွပ်ပျစ်တဲဆိုင်လေး ၅ခုမှာ ဒန်အိုးလေးတွေစီချထားတဲ့ဆိုင်တွေနဲ့ မုန့်ထုပ်တွေကို ချိတ်တွေနဲ့ဆွဲထားပြီး ရောင်းကြတဲ့ ဆိုင်လေးတွေဖြစ်သည်။
လင်ဗန်းပေါ်မှာ အရောင်တွေရဲစိုနေသည့် အချဉ်ပေါင်းတွေကတော့ သူ့အကြိုက်မဟုတ်။
ဖန်ခွက်လေးထဲမှာ တုတ်လေးထည့်၊ရေခဲတွေကို တဂျစ်ဂျစ်မြည်အောင်ခြစ်ချပြီး အပေါ်ကနေ နို့ဆီတွေ၊အချိုရည်တွေစမ်းပေးတဲ့ ရေခဲခြစ်နဲ့ ဒန်အိုးထဲကနေ ဆွဲယူရင်ူ တုတ်ပေါ်မှာရစ်ပတ်ပေးသည့် ကပ်စေးနှဲကိုတော့ သူအကြိုက်ဆုံးပင်။
ဒီနေ့ကတော့ နောက်ကျနေပြီမို့ အဲဒါတွေလည်း ရမှာမဟုတ်တော့။ခုထိ ရောင်းနေသေးသည့် သာကူကျို၊နို့ထမင်းအရောကိုသာ ၅၀ဖိုးဝယ်စားလိုက်သည်။
ကော်ဇလုံပေါက်စလေးနဲ့ ပြည့်လုနီးပါးရတဲ့ ဒီသာကူကျိုနို့ထမင်းကိုလည်း သူအတော်ကြိုက်သည်။ရွာမှာကျောင်းတက်ရတဲ့အထဲမှာ ဒီတစ်ခုတော့ သူသဘောကျသည်။စားစရာတွေက တနေကုန်၅၀ဆိုရင်ကို လုံလောက်နေတာပဲဖြစ်သည်။
'ကောင်လေး၊သူငယ်ချင်းတွေနဲ့ မဆော့ဘူးလား' လို့မေးလာတဲ့ စျေးသည်အန်တီကြီးကို 'ဟုတ်ကဲ့ဗျ'လို့ ဖြေပြီးနောက် သူ့ပန်းကန်လုံးလေးကို စားပွဲဝိုင်းပေါ်တင်၊ခွေးခြေခုံပုလေးမှာထိုင်ရင်း သာကူကျိုနို့ထမင်းအရသာကို တစိမ့်စိမ့်ခံစားလိုက်သည်။
တဟေးဟေးအော်နေတဲ့ ဘောလုံးပွဲမှာတော့ ၄တန်းကအစ်ကိုကြီးတွေနဲ့အပြိုင် ဘောလုံကန်နေတဲ့ တာရာ့ကို သူမြင်နေရသည်။
သူမြင်ရသလောက် တာရာက ဘောလုံးကိုတော်တော်ရူးသလို၊ကောင်းကောင်းလည်းကစားနိုင်သည်။ကျောင်းလာရင်လည်း လက်ထဲမှာ ဘောလုံးပိုက်ထားသလို၊အတန်းထဲက သူ့ခုံအောက်မှာလည်း ထိုဘောလုံးက အမြဲရှိသည်။တစ်ခါတလေ စာလိုက်ဆိုနေရင်းနဲ့တောင် ခြေထောက်ကအငြိမ်မနေဘဲ ထိုဘောလုံးကို ခြေထောက်နဲ့ မသိမသာလှိမ့်နေတတ်တာကို သူသတိထားမိသည်။
အခုလည်း တာရာဂိုးသွင်းတာကိုပဲ သူတို့အဖွဲ့တွေ ဝိုင်းအော်နေကြတာဖြစ်သည်။
နေပူထဲမှာ ဒီလောက်ကစားတာတောင် တာရာ့အသားက အညိုရောင်ပဲဖြစ်နေတာ အံ့ဩစရာပါပဲ။သူဆို ကျောင်းလာရင်တောင် လက်ရှည်အင်္ကျီကို ထပ်ဝတ်လာဖြစ်သည်။မတော်တဆ ရန်ကုန်ပြန်ရသည်ရှိသော် သူငယ်ချင်းတွေနဲ့ပြန်တွေ့ရင် သူ့အသားတွေမဲမနေချင်ပေ။
"တာရာ...ဘယ်လဲ၊ကန်ဦးမယ်လေကွာ"
"ကျွန်တော် ရေဆာနေပြီဗျ၊ရေသွားသောက်ပြီး ပြန်လာခဲ့မယ် ကိုကြီးအေးမင်း"
ဘောလုံးကွင်းထဲရောက်ရင် သူ့ကိုပြန်မလွှတ်ချင်တော့တဲ့ လေးတန်းကအစ်ကိုတွေကို လက်ကာပြပြီး ၂တန်းခန်းရှိရာကို ခပ်မြန်မြန်ပဲပြေးသွားလိုက်သည်။တစ်ချိန်လုံးပြေနေရတာ သူရေဆာနေပြီလေ။ရေဘူးကို ကွင်းထဲထိသယ်ရင်လည်း အားလုံးကယူသောက်ပစ်ကြတာကို တာရာမကြိုက်။တာရာက ချွေးသံတရွှဲရွှဲနဲ့ ဘောလုံးကန်ရတာကိုကြိုက်ပေမဲ့ သူမတူအောင်လည်း ရွံတတ်သေးသည်။သူ့ရေဘူးကို တခြားသူတွေနှုတ်ခမ်းနဲ့ထိသောက်ရင် အဲ့ရေဘူးကို ပြန်ကိုမထိတော့။ဒါကြောင့်လည်း အားလုံးရန်ကလွတ်အောင် ရေဘူးကို ခုံထဲတင်ထည့်ထားခဲ့တာပင်။
'ဝုန်း ဝုန်း'
တာရာ အခန်းထဲရောက်ရောက်ချင်း အသံကြားလိုက်ရတာမို့ အသံလာရာကိုကြည့်လိုက်တော့ ၂တန်းပေမဲ့ သူတို့ထက်၅နှစ်လောက်ကြီးတဲ့ကျောင်းသားတွေထိုင်ရာ နောက်ဆုံးအတန်းကဖြစ်သည်။စာရေးတဲ့ခုံတွေပေါ်ကနေ ခြေထောက်နဲ့ဖြတ်ပြေးတဲ့ အဲ့ကောင်တွေကို တာရာကြည့်မရ။သူတို့တွေက အပြင်မှာအနေကြာနေသည့်လူတွေ၊ရပ်ရွာလူကြီးတွေက ၄တန်းအထိ အတန်းပညာသင်ဖူးရမယ်ဆိုပြီး ထောက်ပံ့ကြေးတွေပေးပြီး ကျောင်းတက်ခိုင်းကြတာ၊နောက်လလောက်ဆို သူတို့ကျောင်းလာကြမှမဟုတ်တော့၊
ဒီလိုနဲ့ ဒီအတန်းမှာတင် နှစ်ချို့နေကြတာဖြစ်သည်။ဆင်းရဲချို့တဲ့တာထက် စာရိတ္တပျက်စီးတာက အများကြီးပိုဆိုးသည်ဟု တာရာထင်သည်။ဒီလူတွေက အဲ့လိုလူတွေပင်။လူကောင်ကြီး၊အသက်ကြီးတယ်ဆိုပြီး တခြားကလေးတွေကို အနိုင်ကျင့်သည်၊မုန့်ဖိုးတွေလုသည်၊ပစ္စည်းတွေခိုးသည်။ဆရာ၊ဆရာမတွေက မိသွားလို့ ဆုံးမရင်၊ရိုက်ရင်လည်း ခဏပေ။ပြီးရင် ပြန်ဆိုးသွမ်းကြတဲ့လူတွေဖြစ်တာမို့ တာရာ သူတို့ကို လုံးဝမကြိုက်။
ထိုအဖွဲ့ကိုလျစ်လျူရှုပြီး တာရာ ကိုယ့်နေရာကိုယ်သွားပြီးသာ ရေဘူးထုတ်၍ ရေသောက်နေလိုက်သည်။သူရေသောက်နေတုန်း ဖြူလွှလွှအရိပ်က တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ အခန်းထဲဝင်လာတာကို မျက်လုံးထောင့်ကနေမြင်နေရသည်။
တာရာကသာ တနေကုန်ဆော့ကစားပြီး အင်္ကျီအဖြူက အမဲရောင်ပြောင်းလို့ အိမ်ရောက်ရင် အမေဆူတာကိုခံနေရတာ၊အဲ့တစ်ယောက်ကတော့ ညနေရောက်တာတောင် မျက်နှာက သနပ်ခါးမပျက်။တာရာဆို လမ်းမှာကတည်းက အမေလိမ်းပေးလိုက်တဲ့ သနပ်ခါး အကုန်ဖျက်ပစ်လို့ အမေ့လက်ဝါးစာမိတာ ခဏခဏ။
ပြီးတော့ တစ်ချိန်လုံး 'ည'ကို ခေါ်နော်၊ဂရုစိုက်နော်ဆိုတာက ပြောသေးသည်။
တကယ်တော့ အဲ့ကောင်ကမှ အမေ့သားဖြစ်ရမှာ။
တာရာရေသောက်ပြီး ပြန်ထွက်မယ်လုပ်တော့ ဟိုဘဲဥကောင် လွယ်အိတ်ထဲကို ခေါင်းစိုက်ပြီး ဘာတွေနှိုက်နေမှန်းမသိ။တာရာကတော့ ကျောင်းပြန်မတက်ခင်လေး ဘောလုံးကွင်းရှိရာကိုသာ အပြေးအလွှားသွားလိုက်တော့သည်။
သိပ်မကြာခင်မှာပဲ ခေါင်းလောင်းသံနဲ့အတူ အားလုံးလည်း ကိုယ်စီ ကိုယ့်အခန်းရှိရာကို ပြန်ပြေးကြရသည်။
ဒီလိုပဲ ၂တန်းခန်းထဲမှာလည်း အသံတွေကဆူညံနေတာပင်။ကျောင်းသူတွေကလည်း မပြီးပြတ်လိုက်တဲ့ ကြိုးခုန်ခြင်း၊ဇယ်တောက်ခြင်းတွေကို ဆက်ငြင်းခုန်နေကြသလို ကျောင်းသားတွေကလည်း ကျောင်းဆင်းအိမ်ပြန်ရင် ကြာကန်ထဲ ကြာဆင်းခူးဖို့၊တောထဲမှာ ရွှံ့သွားခွာပြီး အရုပ်လုပ်ကြဖို့တွေနဲ့ စကားတွေက အမျှင်မပြတ်နိုင်ကြ။
တာရာတို့အတန်းမှာလည်း ထက်လင်းနဲ့ကျော်ထက်ရဲ့ ပါးစပ်ကချနေတဲ့ သိုင်းသံတွေက တညံညံပင်။ထိုနှစ်ကောင်ကို တာရာစိတ်ပျက်လက်ပျက်ကြည့်နေရင်း အလယ်ကတစ်ယောက်ဆီကို အကြည့်ရောက်မိတော့ တာရာကြောင်အသွားရသည်။
လွယ်အိတ်ထဲကို လက်နှိုက်ပြီး ခေါင်းစိုက်လျက် ငြိမ်နေတဲ့သူက နှုတ်ခမ်းတွေကိုဖိကိုက်ထားပြီး ပါးမှာ မျက်ရည်စီးကြောင်းတွေက တလှိမ့်လှိမ့်စီးကျနေတာမို့ တာရာမျက်လုံးအပြူးသားနဲ့ ဘဲဥရဲ့ပခုံးကို ကိုင်ပြီးလှုပ်လိုက်မိတော့၏။
"မင်း ဘာဖြစ်လို့လဲ ည"
"ဟင့် ဟင့်"
"ဟင် ည ဘာဖြစ်နေတာလဲ၊တာရာ မင်း ဘာလုပ်လိုက်တာလဲ"
"ခွေးနှစ်ကောင် ငါက ဘာလုပ်ရမှာလဲ၊ သူငိုနေတာမြင်လို့ မေးနေတာ"
ဘေးက၃ယောက်၏ ပျာပျာသလဲဂရုစိုက်မှုတွေကို မြင်ရလေ 'ည'တစ်ယောက် ဝမ်းနည်းစိတ်တွေတလှိုက်လှိုက်တက်လာပြီး ပိုငိုချင်လာလေပင်။အစက ငါယောက်ျားလေးပဲ၊မငိုရဘူးဆိုပြီး အံကြိတ်ထားသမျှဟာ ကိုယ့်ကိုအမြဲရန်လိုနေတဲ့ တာရာ့ဆီက 'ဘာဖြစ်လို့လဲ၊ည'ဆိုတာကို ကြားရုံနဲ့တင် ဝမ်းနည်းစိတ်တွေမထိန်းနိုင်ဘဲ ငိုမိတာပင်။
"ဘာဖြစ်လို့ငိုတာလဲ၊ပြောဦးလေ 'ည'ရ၊ ဆရာကြီးကို သွားခေါ်ပေးရမလား"
"အင့် ဟင့် ငါ့ ငါ့ကွန်ပါဘူးအသစ်လေး မရှိတော့ဘူး၊အဟင့် မေမေက အဝေးကြီးကနေ ပို့ပေးလိုက်တာ အင့်၊ငါစုထားတဲ့ ပိုက်ဆံလေးတွေရော အင့်၊အီ ဟီး"
"ဟာ အဲဒါဆို အခိုးခံရတာပေါ့၊ကွန်ပါဘူးက ကျောင်းကိုပါလာတာရော သေချာလား ည"
"ပါတယ် ထက်လင်း၊ကစားကျောင်းမဆင်းခင်ကထိ 'ည'ကိုင်နေတာ ငါတွေ့တယ်"
ကျော်ထက်နဲ့ထက်လင်းက အချင်းချင်း အမေးအဖြေလုပ်နေကြပြီး 'ည'ကလည်း ခုံပေါ်ခေါင်းမှောက်ပြီး တသိမ့်သိမ့်နဲ့ရှိုက်ငိုနေတော့သည်။
အခန်းထဲက တခြားကျောင်းသားတွေလည်း ဆူညံနေရာမှ ငြိမ်ကုန်ကာ ဘာဖြစ်တာလဲဆိုပြီး စူးစမ်းကြလေရဲ့။တာရာကတော့ နံရံမှာကျောကပ်၊လက်နှစ်ဖက်ကိုယှက်ထားရင်း တလှုပ်လှုပ်ဖြစ်နေတဲ့ကျောပြင်လေးကိုကြည့်လိုက်၊နောက်ဆုံးတန်းတွေစီ ဝေ့ကြည့်လိုက်နဲ့ အတွေးများနေသည်။ပြီးနောက် အတန်းထဲကနေ ထပြီးအပြင်သို့ထွက်သွားလေ၏။
"ဆရာကြီး"
"ဟေ တာရာ၊ဘာလို့လဲ"
ရုံးခန်းတံခါးမှာ လက်လေးပိုက်ရပ်ရင်း တာရာခေါ်တော့ အတန်းပိုင်ဆရာ ဦးသိန်းထွန်းက ထလို့လာသည်။
ဒီဆရာက တာရာ့အဖေသူငယ်ချင်းမို့ အပြင်မှာလည်း သူနဲ့ရင်းနှီးမှုရှိတာမို့ တာရာ ပြောချင်တာပြောလို့အဆင်ပြေသည်။
"ဆရာကြီး အတန်းထဲမှာ 'ည'ငိုနေတယ်၊ကွန်ပါဘူး ပျောက်လို့တဲ့"
"ဟေ၊ဟုတ်လား
သူ့အိတ်ထဲရော သေချာရှာပြီးပြီလား"
"ရှာပြီးပါပြီ ဆရာကြီး၊မရှိပါဘူး
အဲ့ကွန်ပါဘူးကို ကစားကျောင်းဆင်းတဲ့အထိ သူကိုင်နေတာ သားတွေ့ပါတယ်"
"အင်း ဒါဆိုအခိုးခံရတာသေချာနေပြီပေါ့၊ လာလာ ဆရာလိုက်ခဲ့မယ်၊သွားစို့"
"ဟို ဆရာကြီး...ယူတဲ့သူကို သားသိနေသလိုပဲ"
တာရာ့စကားကြောင့် အတန်းဆီသွားဖို့ပြင်နေသည့် ဆရာကြီးခြေလှမ်းတွေရပ်ပြီး တာရာ့ကို ပြန်ငုံ့ကြည့်လာသည်။
"တာရာက ဘယ်သူလို့ထင်လို့လဲ၊ပြီးတော့ ဘယ်လိုသိတာလဲ"
"ဟို နောက်ဆုံးတန်းကကောင်တွေ ဖြစ်နိုင်ပါတယ်၊သား အခန်းထဲရေသောက်ပြန်လာတော့ သားတို့ခုံတွေနားကနေ သူတို့ပြေးသွားတာကို မြင်လိုက်တယ်၊ပြီးတော့ သူတို့ပုံစံကြည့်ရတာ ခေါင်းချင်းတွေဆိုင်ပြီး တစ်ခုခုလုပ်နေသလိုပဲ"
တာရာ့စကားကြောင့် ဆရာဦးသိန်းထွန်း တွေဝေမိသွားသည်။ဆရာတစ်ယောက်အနေနဲ့ အကြောင်းစုံမသိဘဲ ဒီလိုမှတ်ချက်မချသင့်ပေမဲ့ ကျောင်းမှာရှိတဲ့ ပစ္စည်းပျောက်မှုတွေရဲ့ တရားခံတွေဟာ ထိုကောင်လေးတွေဖြစ်နေတာပင်။နှစ်တိုင်းလည်း ကျောင်းပြီးအောင်မတက်၊တက်နေတဲ့အချိန်တွေမှာလည်း ဒီလိုပဲ လစ်ရင်လစ်သလိုခိုးတာ၊ကလေးတွေဆီကနေ အနိုင်ကျင့်ပြီးယူတာတွေက အမြဲရှိနေကျပင်။ဒါပေမဲ့လည်း ဆရာအနေနဲ့ ဘယ်တပည့်ကိုမှ တစ်ဖက်သတ်မစွပ်စွဲသင့်တာရော၊တာရာ့စိတ်ထဲမှာ ဘယ်လိုရှိလဲသိချင်တာရောကြောင့် သူဆက်မေးမိသည်။
"သူတို့ယူတာလို့ တာရာက ဘာလို့အတိအကျပြောနိုင်တာလဲ၊သူတို့က ဆင်းရဲတဲ့လူတွေမို့ တာရာက အဲ့လိုထင်တာလား"
ဆရာ့မေးခွန်းကြောင့် မော့ကြည့်လိုက်တဲ့ တာရာ့အကြည့်တွေဟာ စူးခနဲ
တာရာ့မှာ အဲ့လိုခွဲခြားတဲ့စိတ်မရှိတာ အားလုံးသိနေတာပဲကို။
"မဟုတ်ပါဘူး ဆရာကြီး၊ဆင်းရဲလို့ ခိုးတယ်ထင်ရမယ်ဆို အတန်းထဲက တခြားသူတွေကိုလည်း သား ထင်လို့ရပါတယ်၊
ဒါက သားတို့ခုံနားကနေ ပြေးသွားတာကို သားကိုယ်တိုင်မြင်လိုက်လို့ပါ"
"အင်း၊ဟုတ်ပါပြီ
ကဲ ဒါဆို ဆရာကြီးတို့သွားကြည့်ကြတာပေါ့"
ဆရာကြီးဝင်လာတာမြင်တော့ အခန်းထဲကလူတွေအားလုံး ဆူညံနေရာမှ ငြိမ်ကုန်ပြီး နှုတ်ဆက်ကြသည်။
'ည'ကတော့ ခုနကလောက်မငိုတော့ပေမဲ့ ရှိုက်နေတုန်းပင်၊ဖြူဖွေးနေတဲ့မျက်နှာမှာ သနပ်ခါးလည်းမရှိတော့ဘဲ ငိုထားတဲ့အရှိန်ကြောင့် နီရဲစပ်နေတော့သည်။
"သား ည၊ကွန်ပါဘူး ပျောက်လို့ဆို"
"ဟုတ် ဆရာကြီး၊သား ကျောပိုးအိတ်ထဲမှာထည့်ခဲ့ပြီး မုန့်သွားဝယ်စားတာ၊ခုမရှိတော့ဘူး"
"ကဲ အားလုံးပဲ၊မင်းတို့ရဲ့သူငယ်ချင်း 'ည'က ကွန်ပါဘူးပျောက်သွားလို့တဲ့
ကွန်ပါဘူးက လှလို့ယူကိုင်ကြည့်ပြီး ပြန်မထားဖြစ်ဘဲ သိမ်းထားတာမျိုး လုပ်မိကြလားဟေး"
"မလုပ်ပါဘူး ဆရာကြီး"
"မယူကြည့်ပါဘူး ဆရာကြီး"
သံပြိုင်ပြန်ဖြေကြတဲ့ ကလေးတွေရဲ့မျက်နှာကို ဦးသိန်းထွန်း လိုက်ပြီးအကဲခတ်ကြည့်ရသလောက် အားလုံးဟာ ဘာမှမသိကြတဲ့ပုံတွေပင်။
ရှေ့က ကလေးတွေနဲ့မတူတာကတော့ နောက်ဆုံးခုံမှာထိုင်နေတဲ့ ၃ယောက်၊ ဆယ်စုနှစ်တစ်ခုကျော် ဆရာလုပ်လာတဲ့ အတွေ့အကြုံအရ ကျောင်းသားတွေရဲ့ မျက်နှာအရိပ်အကဲ၊မျက်လုံးအရိပ်အကဲကို သူ အေးဆေးစွာဖတ်နိုင်ပါသည်။
"ဟာ ဒီလိုဆို ကွန်ပါဘူးက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားတာပေါ့၊'ည'နဲ့မနေချင်လို့ ထင်တယ်ကွ နော် ဟားဟား"
ဟာသနှောရင်းနဲ့ ဆရာပြောတော့ အားလုံးလိုက်ရယ်ကြသည်။အမြဲ ဟာသတွေနဲ့စာသင်တဲ့ဆရာကြီးကို သူတို့အားလုံး ချစ်ကြသည်လေ။
"ကဲ ကဲ၊ အားလုံးလွယ်အိတ်တွေ ခုံပေါ်တင်ထားကြဟေး၊ ဒီကွန်ပါဘူး ဘယ်သူ့ဆီကိုအလည်သွားနေလဲ ဆရာကြီး လိုက်ရှာမယ်"
ဆရာကြီးပြောလိုက်တာနဲ့ ကိုယ်စီ လွယ်အိတ်လေးတွေ ခုံပေါ်တင်လိုက်ကြသည်။ယူတဲ့လူကို သူတို့အားလုံးလည်း သိချင်နေဟန်တွေက အထင်းသား။
ရှေ့ဆုံးက ကျောင်းသူလေးရဲ့ လွယ်အိတ်ကို ခေါင်းငုံ့ပြီးအရှာ မျက်လုံးအရိပ်မှာ ဖျတ်ခနဲတွေ့လိုက်ရတဲ့အရိပ်၊ဒီလောက်မှမလျင်ရင် သူဆရာ လုပ်နေစရာအကြောင်းမရှိ။
"ကျောင်းသား နိုင်မင်း၊ မင်း အပြင်ကိုပစ်ချလိုက်တာ ဘာလဲ"
"ဗျာ ဆရာကြီး၊အမှိုက်ပစ်တာပါ"
"အမှိုက်ကို အဲ့လိုလက်လွတ်စပယ်ပစ်ရမယ်လို့ သင်ထားလားကွ"
"မသင်ထားပါဘူး"
ရှေ့အတန်းမှာ ဆက်မရှာတော့ဘဲ ဆရာဦးသိန်းထွန်း နောက်ဆုံးထိလျှောက်သွားလိုက်သည်။ပြီးနောက် အနောက်နံရံမှာ တစ်ခုတည်းရှိသည့် ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ ခြုံပုတ်ပေါ်မှာတင်နေတဲ့ ကွန်ပါဘူးနီရဲရဲကို သူမြင်နေရပြီ။
"ကဲ ထ၊သွား မင်းပစ်လိုက်တဲ့အမှိုက်ကို မင်း သွားပြန်ကောက်ခဲ့"
နိုင်မင်းကို အပြင်ထွက်ခိုင်းလိုက်ပြီး ပြတင်းပေါက်မှာ လက်တင်ရင်း သူကြည့်နေလိုက်သည်။ပြောင်ရှင်းနေတဲ့ တလင်းပြင်မှာ အမှိုက်ရယ်လို့ တစ်စတလေတောင်ရှိမနေတာကတော့ ဒီကောင်လေး ကံဆိုးတာပေါ့။
"ဟို ဆရာကြီး၊အမှိုက်က လေနောက်ပါသွားပြီလားမသိဘူး၊မတွေ့တော့ဘူး"
"ဟေ ဟုတ်လား၊ကွန်ပါဘူးက လေနောက်ပါရအောင် မပေါ့ပါဘူးကွ နိုင်မင်းရ"
"ဗျာ ဆရာကြီး"
"မင်း ပစ်လိုက်တဲ့ကွန်ပါဘူးလေ၊ဟို ခြုံပုတ်ပေါ်မှာ တင်နေတာ တွေ့လား၊လေနောက်ပါမသွားဘူး
ပြန်ယူခဲ့ ဒီကို"
ဆရာကြီးရဲ့ အဖြေအတိအကျမှာ နိုင်မင်းအပါအဝင် အထဲက သူ့ညီအစ်ကိုနှစ်ယောက်လည်း မျက်နှာတွေပျက်ကုန်ကြလေပြီ။တခြားကလေးတွေကတော့ ထင်သားပဲဆိုတဲ့ပုံလေးတွေနဲ့ မျက်လုံးအပြူးသား၊ 'ည'တစ်ယောက်ကတော့ မျှော်လင့်ချက်တွေပြန်ရှိလာပြီး မျက်နှာလေးက ပြန်ဝင်းပလို့လာလေပြီ။
တာရာကတော့ 'ည'ပုံကိုကြည့်ပြီး ခုမှသက်ပြင်းချမိသွားရတာဖြစ်သည်။ဒီကောင် ငိုနေတာ တက်သွားမှာတောင်စိုးရသည်လေ။
ဒီလိုနဲ့ 'ည'လက်ထဲကို စပိုက်ဒါမန်းပုံပါတဲ့ ကွန်ပါဘူးက ပြန်ရောက်လို့လာပြီး ဟို၃ယောက်ကိုလည်း ဆရာကြီးက ရုံးခန်းခေါ်သွားလေပြီ။
"ည နောက်တစ်ခါကျရင် သတိထားသိလား၊အဲ့ကောင်ကြီးတွေက အဲ့လိုပဲခိုးနေကျ"
"အင်းပါ ထက်လင်း၊ ငါ ဂရုစိုက်ပါ့မယ်"
ဘေးက ထက်လင်းကို ပြန်ဖြေလိုက်ပြီး 'ည'ရဲ့ ညာဘက်မှာထိုင်နေတဲ့သူကို ကြည့်လိုက်တော့ ဘာမှမဖြစ်သလို စာတွေကုန်းရေးနေတဲ့ တာရာ
ဘာပဲဖြစ်ဖြစ် 'ည'ကို ဂရုစိုက်ပေးလို့ရော၊ဆရာကြီးကိုသွားတိုင်ပေးလို့ရော တာရာ့ကို 'ည'ကျေးဇူးတင်မိပါသည်။
"အတာ...ဆရာကြီးကိုခေါ်ပေးလို့ မင်းကိုကျေးဇူးတင်ပါတယ်"
တစ်ခါမှမကြားဖူးတဲ့နာမည်မို့ တာရာအံ့ဩသွားရသည်။သူ့ကို ဘယ်သူမှ ဒီလိုမခေါ်ဖူးပါဘူး။
"မင်း ငါ့ကို အတာလို့ခေါ်တာလား"
"ဟို မင်းအမေခေါ်တာကို ကြားမိလို့လေ၊မင်း အိမ်နာမည်ထင်လို့"
"ဟမ် ငါ့အမေကလား၊မခေါ်ပါဘူး"
"ဟို ငါတို့လာတဲ့နေ့ကလေ၊မင်းကို အဲ့လိုအော်ခေါ်လိုက်တာ ငါကြားမိသလိုပဲ"
"ဪ အဲဒါ ကိုတာလို့ခေါ်တာပါကွ"
"ဪ ဟုတ်လား၊ငါ အတာလို့ခေါ်တယ်ထင်လိုက်တာ၊ စိတ်မဆိုးနဲ့နော် ငါ ငါမသိလို့"
"မဆိုးပါဘူး၊ခေါ်ချင်သလိုခေါ် ရတယ်"
"အဲဒါဆို ငါ အတာလို့ပဲ ဆက်ခေါ်မယ်နော်"
"အေးအေး ရတယ်"
ဘေးချင်းကပ်ပြီး စကားမပြောဖြစ်ကြဘဲ ရှိနေခဲ့တာမို့ ခုလိုခင်ခင်မင်မင်ဖြစ်သွားရတာကို နှစ်ယောက်လုံး ပျော်ရွှင်နေမိသည်။
တကယ်ဆို တာရာလည်း တဖြည်းဖြည်းစိတ်ပြေနေပါပြီ၊အမြဲ အချော့ခံရသူမို့ ဒီတစ်ခါလည်း 'ည'ဘက်ကနေ သူ့ကိုစကားစပြော၊စခေါ်မှာကို လိုချင်ရုံသာ။
ညနေကျောင်းဆင်းတော့ တာရာက သူငယ်တန်းကသူ့ညီမလေးကိုသွားခေါ်ပြီး ထက်လင်း၊ကျော်ထက်တို့နဲ့ အတူတူပြန်သည်။
'ည'ကတော့ ဦးလေးဦးမိုးဝေက ဆိုင်ကယ်နဲ့လာကြိုနှင့်တာမို့ ထုံးစံအတိုင်း ဆိုင်ကယ်နဲ့ပြန်ရသည်။
နောက်ရက်တွေကျရင်တော့ အတာတို့နဲ့ပဲ အုပ်စုလိုက်လမ်းလျှောက်သွားတော့မယ်လို့လည်း 'ည'တွေးထားပြီးဖြစ်သည်။အခုဆို အတာက သူ့ကိုစကားပြောပြီမို့ သူငယ်ချင်းတွေနဲ့ သူတရင်းတနှီး နေရတော့မည်လေ။
"ည....ကလေး ဦးမိုးဝေတို့ မစန္ဒာတို့အိမ် အရင်သွားကြမယ်နော်
သား ဖေဖေနဲ့မေမေက သား ကျောင်းဆင်းရင် ဖုန်းပြောချင်လို့တဲ့"
"ဟုတ်ဟုတ် ဦးမိုးဝေ"
ခေါင်းကို အတွင်ညိတ်ပြပြီး 'ည'ပျော်ရွှင်သွားရသည်။ဖေဖေတို့နဲ့ သူစကားမပြောရတာကြာပြီလေ။
"မစန္ဒာရေ"
"ဟေး မိုးဝေရေ၊ လာ လာ
သား 'ည'လေးပါ ပါပြီဆို ငါ မနှင်းကို ဖုန်းခေါ်လိုက်တော့မယ်"
အတာ့အမေဖြစ်သူ အန်တီစန္ဒာက သူ့မြင်တာနဲ့ ပြုံးရွှင်ပြီး စကားပြောတော့သည်။
'တာရာနဲ့အတူ အိမ်လိုက်ခဲ့ဆိုတာကို လိုက်မလာဘူး'ဆိုတော့ သူသွားစိလို့သာ ပြန်ပြုံးပြလိုက်မိသည်။တာရာက သူ့ကိုအမြင်မှမကြည်နေခဲ့တာ၊အိမ် ဘယ်လိုခေါ်မလဲလေ။
'ည'တို့က ဆိုင်ကယ်နဲ့မို့ အိမ်ရောက်နှင့်နေပေမဲ့ တာရာတို့က ပြန်မရောက်သေး။သူတို့တွေအဖွဲ့လိုက် လမ်းလျှောက်ပြီး တစ်ခါတလေ ကြာပန်းတွေပါ ဆင်းခူးတတ်သည်ကို ထက်လင်းပြောပြလို့ သူသိပြီးဖြစ်သည်။
သိပ်မကြာခင်ပဲ ကြိုးဖုန်းကနေတဆင့် မေမေနဲ့သူ ဖုန်းပြောရသည်။မေမေ့ကို လွမ်းနေရတာမို့ အသံကြားတာနဲ့ 'ည'မှာ ငိုမဲ့မဲ့။
ပြီးနောက် ဖေဖေပါရောက်လာတာမို့ မေးသမျှဖြေပြီး သူစိတ်ပျော်လာသလိုပင်။
"သားလေး အဲဒီမှာ ကျောင်းတက်ရတာပျော်လား၊အဆင်မပြေတာရှိလား"
"ဟုတ် ဖေဖေ၊ပြေပါတယ်"
"အင်း၊ သား ဖေဖေတို့နဲ့လိုက်နေချင်လား
ဒီဘက်ကို ကျောင်းပြောင်းလာချင်လား သား"
"အမေရေ သားတို့ပြန်လာပြီ၊ဗိုက်ဆာတယ်"
ဖေဖေ့ဆီကအသံနဲ့ အပြင်ကအသံနှစ်ခုက 'ည'နားထဲ ပြိုင်တူဝင်လာသည်။
ပြီးတော့ အိမ်ထဲထိ ပြေးဝင်လာတဲ့ တာရာက သူဖုန်းပြောနေတာမြင်တော့ ရပ်သွားသည်။
"ည သူ့မေမေတို့နဲ့ ဖုန်းပြောနေတာသားရဲ့၊သွား အဝတ်အစားလဲ၊အမေ ခေါက်ဆွဲကြော်ထားတယ်
ပြီးရင် စားလိုက်
သမီးငယ် လာ၊အမေ အဝတ်အစားလဲပေးမယ်"
"ဟဲလို သား ဖေဖေပြောတာကြားလား၊ သား ဖေဖေတို့ဆီ ပြောင်းလာချင်လားလို့"
ဖုန်းထဲကအသံခပ်ကျယ်ကျယ်ကို 'ည'တင်မက အဲ့နားမှာရပ်နေတဲ့ တာရာပါကြားလိုက်တာမို့ 'ည'အဖြေကို သူရပ်နားထောင်နေမိသည်။
"ဖေဖေ သားဒီမှာပဲ ကျောင်းဆက်တက်မယ်၊သား ဒီမှာတာရာတို့နဲ့သူငယ်ချင်းဖြစ်ပြီး ပျော်နေပြီ"
"ဟုတ်လား၊အေးပါ သားရာ
ဖေဖေ့သား ပျော်နေရင်ပြီးရောဗျာ
ဟားဟား"
တစ်ဖက်က ဖေဖေရယ်နေတာမို့ သူပါလိုက်ရယ်ရင်း အတာ့ကိုသူမော့ကြည့်မိသည်။
အတာက ပြုံးပြနေခဲ့သည်၊စတွေ့ကတည်းက တစ်ခါမှပြုံးမပြဖူးတဲ့အတာက 'ည'ကို ပြုံးရယ်ပြနေပုံက သူငယ်ချင်းလုပ်ကြရအောင်ဆိုတဲ့ အဓိပ္ပါယ်လို့ 'ည' မှတ်ယူရင်း အတာ့ကို မျက်လုံးတွေမှိတ်ကျသည်အထိ သူပြန်ပြုံးလိုက်မိတော့သည်။
A/N သူတို့ ငြိမ်းချမ်းရေးရသွားပါပြီချင်^_^
အိုင်လိုနေတာ cmtတွေပါချင်၊cmtတွေပါ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ေနရာသစ္၊ေက်ာင္းသစ္မွာ ေက်ာင္းသားသစ္အျဖစ္ 'ည'႐ွိေနခဲ့တာ ႏွစ္ပတ္ေျမာက္ျဖစ္လာခဲ့ၿပီ။
ေနသားတက်နဲ႔ ေပ်ာ္ေနၿပီလားဆိုရင္ေတာ့ 'ဟင့္အင္း'လို႔ပဲ 'ည'ေျဖရလိမ့္မည္။
မခြဲစဖူးခြဲေနရတဲ့ ေဖေဖနဲ႔ေမေမကိုလည္း သူေန႔တိုင္းလြမ္းေနရသည္။အရင္ကဆို ေက်ာင္းဖယ္ရီကဆင္းတာနဲ႔ သူ႕ကိုအသင့္ႀကိဳေနတဲ့ ေမေမ့ရင္ခြင္ထဲေျပးဝင္ေနက်မို႔ ေက်ာင္းကေနအိမ္ကိုျပန္တိုင္း ေမေမ့ကိုသတိရစိတ္က ပိုသည္းေနရသည္။အဘြားအပါအဝင္၊ဦးေလးေတြ၊အေဒၚေတြက သူ႕ကိုခ်စ္ၾက၊ဂ႐ုစိုက္ေပးၾကေပမဲ့ မိဘနဲ႔ေဝးေနရစိတ္က အလိုလိုအားငယ္ေစတာမ်ိဳးပင္။
ေနာက္ၿပီး ေက်ာင္းမွာလည္း သူအခုထိေနသားမက်၊အားလုံးက ႀကိဳသိႏွင့္ၿပီးသားေတြျဖစ္ၿပီး သူတစ္ေယာက္ပဲ သင္းကြဲျဖစ္ေနရတာကလည္း ရန္ကုန္ေက်ာင္းက သူငယ္ခ်င္းေတြကို အလြမ္းပိုေစတာပင္။ပိုဆိုးတာက ကိုယ့္ေဘးမွာေနၿပီး ကိုယ့္ကိုမ႐ွိသလိုဆက္ဆံခံေနရျခင္းလည္းပါသည္။ထက္လင္းနဲ႔ေက်ာ္ထက္က စကားေတြလည္းေျပာၾကသလို၊အတူကစားဖို႔ပါေခၚေပမဲ့ သူတို႔နဲ႔လိုက္မွာကို စိတ္႐ႈပ္သလိုျဖစ္ျပေနတဲ့ တာရာ့ေၾကာင့္ သူလည္း ခပ္ကင္းကင္းသာေနျဖစ္သည္။ေနရာသစ္မို႔ ဘယ္လိုပဲအားငယ္ရတယ္ေျပာေျပာ 'ည'မွာ မာနစိတ္ေတာ့အျပည့္႐ွိပါေသးသည္။ကိုယ့္ကိုတမင္တကာ မလိုလားျပေနတာကိုေတာ့ မ်က္ႏွာေျပာင္တိုက္ၿပီး လိုက္ေခၚေနမွာမဟုတ္။
ေန႔လည္ကစားေက်ာင္းဆင္းခ်ိန္မို႔ အခန္းထဲမွာ ဘယ္သူမွမ႐ွိၾကေတာ့။အားလုံးက အျပင္မွာကစားေနၾက၊မုန္႔ဝယ္စားၾကနဲ႔ ေက်ာင္းကြင္းျပင္တစ္ခုလုံး အသံေတြစီစီညံေနၾကသည္။
'ည'တစ္ေယာက္တည္းပဲ စာသင္ခုံမွာထိုင္ရင္း ပုံဆြဲ၊ေဆးျခယ္လုပ္ေနတာျဖစ္သည္။
တစ္ေယာက္တည္းထိုင္ေနရင္း ပ်င္းပ်င္း႐ွိတာမို႔ မုန္႔ေစ်းတန္းမွာ မုန္႔သြားစားဖို႔ေတြးရင္း မေန႔ကမွ စာတိုက္ကေနေရာက္လာသည့္ အသစ္စက္စက္ကြန္ပါဘူးထဲကေန မုန္႔ဖိုးကိုထုတ္ၿပီး က်န္တာေတြကို ေက်ာပိုးအိတ္ထဲမွာ ေသခ်ာျပန္သိမ္းလိုက္သည္။
တစ္ေန႔ကို မုန္႔ဖိုးငါးဆယ္ရေပမဲ့ 'ည'က အခန္းထဲတင္အေနမ်ားတာမို႔ ပိုက္ဆံမကုန္။အိမ္ကထည့္ေပးလိုက္တဲ့မုန္႔ကိုစားရင္း မုန္႔ဖိုးေတြကိုေတာ့ ကြန္ပါဘူးထဲမွာ စုရင္းသိမ္းထားျဖစ္သည္။
ဒီေန႔ေတာ့ မုန္႔ဝယ္စားခ်င္တာမို႔ ပိုက္ဆံေလးကိုလက္ထဲဆုပ္ရင္း သူတို႔ႏွစ္တန္းအခန္းနဲ႔ ခပ္ေဝးေဝးမွာ႐ွိသည့္ မုန္႔ဆိုင္ေလးေတြဆီသို႔ ေျခလွမ္းေတြဦးတည္လိုက္သည္။
မုန္႔ေစ်းတန္းဆိုေပမဲ့ ရန္ကုန္ေက်ာင္းမွာလို ဆိုင္ႀကီးေတြ၊မုန္႔မ်ိဳးစုံေတြနဲ႔ ေ႐ြးစရာေတြမ်ားေနတာမ်ိဳးေတာ့မဟုတ္။
သက္ကယ္မိုး၊ဝါးကြပ္ပ်စ္တဲဆိုင္ေလး ၅ခုမွာ ဒန္အိုးေလးေတြစီခ်ထားတဲ့ဆိုင္ေတြနဲ႔ မုန္႔ထုပ္ေတြကို ခ်ိတ္ေတြနဲ႔ဆြဲထားၿပီး ေရာင္းၾကတဲ့ ဆိုင္ေလးေတြျဖစ္သည္။
လင္ဗန္းေပၚမွာ အေရာင္ေတြရဲစိုေနသည့္ အခ်ဥ္ေပါင္းေတြကေတာ့ သူ႕အႀကိဳက္မဟုတ္။
ဖန္ခြက္ေလးထဲမွာ တုတ္ေလးထည့္၊ေရခဲေတြကို တဂ်စ္ဂ်စ္ျမည္ေအာင္ျခစ္ခ်ၿပီး အေပၚကေန ႏို႔ဆီေတြ၊အခ်ိဳရည္ေတြစမ္းေပးတဲ့ ေရခဲျခစ္နဲ႔ ဒန္အိုးထဲကေန ဆြဲယူရင္ူ တုတ္ေပၚမွာရစ္ပတ္ေပးသည့္ ကပ္ေစးႏွဲကိုေတာ့ သူအႀကိဳက္ဆုံးပင္။
ဒီေန႔ကေတာ့ ေနာက္က်ေနၿပီမို႔ အဲဒါေတြလည္း ရမွာမဟုတ္ေတာ့။ခုထိ ေရာင္းေနေသးသည့္ သာကူက်ိဳ၊ႏို႔ထမင္းအေရာကိုသာ ၅၀ဖိုးဝယ္စားလိုက္သည္။
ေကာ္ဇလုံေပါက္စေလးနဲ႔ ျပည့္လုနီးပါးရတဲ့ ဒီသာကူက်ိဳႏို႔ထမင္းကိုလည္း သူအေတာ္ႀကိဳက္သည္။႐ြာမွာေက်ာင္းတက္ရတဲ့အထဲမွာ ဒီတစ္ခုေတာ့ သူသေဘာက်သည္။စားစရာေတြက တေနကုန္၅၀ဆိုရင္ကို လုံေလာက္ေနတာပဲျဖစ္သည္။
'ေကာင္ေလး၊သူငယ္ခ်င္းေတြနဲ႔ မေဆာ့ဘူးလား' လို႔ေမးလာတဲ့ ေစ်းသည္အန္တီႀကီးကို 'ဟုတ္ကဲ့ဗ်'လို႔ ေျဖၿပီးေနာက္ သူ႕ပန္းကန္လုံးေလးကို စားပြဲဝိုင္းေပၚတင္၊ေခြးေျခခုံပုေလးမွာထိုင္ရင္း သာကူက်ိဳႏို႔ထမင္းအရသာကို တစိမ့္စိမ့္ခံစားလိုက္သည္။
တေဟးေဟးေအာ္ေနတဲ့ ေဘာလုံးပြဲမွာေတာ့ ၄တန္းကအစ္ကိုႀကီးေတြနဲ႔အၿပိဳင္ ေဘာလုံကန္ေနတဲ့ တာရာ့ကို သူျမင္ေနရသည္။
သူျမင္ရသေလာက္ တာရာက ေဘာလုံးကိုေတာ္ေတာ္႐ူးသလို၊ေကာင္းေကာင္းလည္းကစားႏိုင္သည္။ေက်ာင္းလာရင္လည္း လက္ထဲမွာ ေဘာလုံးပိုက္ထားသလို၊အတန္းထဲက သူ႕ခုံေအာက္မွာလည္း ထိုေဘာလုံးက အၿမဲ႐ွိသည္။တစ္ခါတေလ စာလိုက္ဆိုေနရင္းနဲ႔ေတာင္ ေျခေထာက္ကအၿငိမ္မေနဘဲ ထိုေဘာလုံးကို ေျခေထာက္နဲ႔ မသိမသာလွိမ့္ေနတတ္တာကို သူသတိထားမိသည္။
အခုလည္း တာရာဂိုးသြင္းတာကိုပဲ သူတို႔အဖြဲ႕ေတြ ဝိုင္းေအာ္ေနၾကတာျဖစ္သည္။
ေနပူထဲမွာ ဒီေလာက္ကစားတာေတာင္ တာရာ့အသားက အညိဳေရာင္ပဲျဖစ္ေနတာ အံ့ဩစရာပါပဲ။သူဆို ေက်ာင္းလာရင္ေတာင္ လက္႐ွည္အက်ႌကို ထပ္ဝတ္လာျဖစ္သည္။မေတာ္တဆ ရန္ကုန္ျပန္ရသည္႐ွိေသာ္ သူငယ္ခ်င္းေတြနဲ႔ျပန္ေတြ႕ရင္ သူ႕အသားေတြမဲမေနခ်င္ေပ။
"တာရာ...ဘယ္လဲ၊ကန္ဦးမယ္ေလကြာ"
"ကြၽန္ေတာ္ ေရဆာေနၿပီဗ်၊ေရသြားေသာက္ၿပီး ျပန္လာခဲ့မယ္ ကိုႀကီးေအးမင္း"
ေဘာလုံးကြင္းထဲေရာက္ရင္ သူ႕ကိုျပန္မလႊတ္ခ်င္ေတာ့တဲ့ ေလးတန္းကအစ္ကိုေတြကို လက္ကာျပၿပီး ၂တန္းခန္း႐ွိရာကို ခပ္ျမန္ျမန္ပဲေျပးသြားလိုက္သည္။တစ္ခ်ိန္လုံးေျပေနရတာ သူေရဆာေနၿပီေလ။ေရဘူးကို ကြင္းထဲထိသယ္ရင္လည္း အားလုံးကယူေသာက္ပစ္ၾကတာကို တာရာမႀကိဳက္။တာရာက ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ ေဘာလုံးကန္ရတာကိုႀကိဳက္ေပမဲ့ သူမတူေအာင္လည္း ႐ြံတတ္ေသးသည္။သူ႕ေရဘူးကို တျခားသူေတြႏႈတ္ခမ္းနဲ႔ထိေသာက္ရင္ အဲ့ေရဘူးကို ျပန္ကိုမထိေတာ့။ဒါေၾကာင့္လည္း အားလုံးရန္ကလြတ္ေအာင္ ေရဘူးကို ခုံထဲတင္ထည့္ထားခဲ့တာပင္။
'ဝုန္း ဝုန္း'
တာရာ အခန္းထဲေရာက္ေရာက္ခ်င္း အသံၾကားလိုက္ရတာမို႔ အသံလာရာကိုၾကည့္လိုက္ေတာ့ ၂တန္းေပမဲ့ သူတို႔ထက္၅ႏွစ္ေလာက္ႀကီးတဲ့ေက်ာင္းသားေတြထိုင္ရာ ေနာက္ဆုံးအတန္းကျဖစ္သည္။စာေရးတဲ့ခုံေတြေပၚကေန ေျခေထာက္နဲ႔ျဖတ္ေျပးတဲ့ အဲ့ေကာင္ေတြကို တာရာၾကည့္မရ။သူတို႔ေတြက အျပင္မွာအေနၾကာေနသည့္လူေတြ၊ရပ္႐ြာလူႀကီးေတြက ၄တန္းအထိ အတန္းပညာသင္ဖူးရမယ္ဆိုၿပီး ေထာက္ပံ့ေၾကးေတြေပးၿပီး ေက်ာင္းတက္ခိုင္းၾကတာ၊ေနာက္လေလာက္ဆို သူတို႔ေက်ာင္းလာၾကမွမဟုတ္ေတာ့၊
ဒီလိုနဲ႔ ဒီအတန္းမွာတင္ ႏွစ္ခ်ိဳ႕ေနၾကတာျဖစ္သည္။ဆင္းရဲခ်ိဳ႕တဲ့တာထက္ စာရိတၱပ်က္စီးတာက အမ်ားႀကီးပိုဆိုးသည္ဟု တာရာထင္သည္။ဒီလူေတြက အဲ့လိုလူေတြပင္။လူေကာင္ႀကီး၊အသက္ႀကီးတယ္ဆိုၿပီး တျခားကေလးေတြကို အႏိုင္က်င့္သည္၊မုန္႔ဖိုးေတြလုသည္၊ပစၥည္းေတြခိုးသည္။ဆရာ၊ဆရာမေတြက မိသြားလို႔ ဆုံးမရင္၊႐ိုက္ရင္လည္း ခဏေပ။ၿပီးရင္ ျပန္ဆိုးသြမ္းၾကတဲ့လူေတြျဖစ္တာမို႔ တာရာ သူတို႔ကို လုံးဝမႀကိဳက္။
ထိုအဖြဲ႕ကိုလ်စ္လ်ဴ႐ႈၿပီး တာရာ ကိုယ့္ေနရာကိုယ္သြားၿပီးသာ ေရဘူးထုတ္၍ ေရေသာက္ေနလိုက္သည္။သူေရေသာက္ေနတုန္း ျဖဴလႊလႊအရိပ္က တည္ၿငိမ္တဲ့ေျခလွမ္းေတြနဲ႔ အခန္းထဲဝင္လာတာကို မ်က္လုံးေထာင့္ကေနျမင္ေနရသည္။
တာရာကသာ တေနကုန္ေဆာ့ကစားၿပီး အက်ႌအျဖဴက အမဲေရာင္ေျပာင္းလို႔ အိမ္ေရာက္ရင္ အေမဆူတာကိုခံေနရတာ၊အဲ့တစ္ေယာက္ကေတာ့ ညေနေရာက္တာေတာင္ မ်က္ႏွာက သနပ္ခါးမပ်က္။တာရာဆို လမ္းမွာကတည္းက အေမလိမ္းေပးလိုက္တဲ့ သနပ္ခါး အကုန္ဖ်က္ပစ္လို႔ အေမ့လက္ဝါးစာမိတာ ခဏခဏ။
ၿပီးေတာ့ တစ္ခ်ိန္လုံး 'ည'ကို ေခၚေနာ္၊ဂ႐ုစိုက္ေနာ္ဆိုတာက ေျပာေသးသည္။
တကယ္ေတာ့ အဲ့ေကာင္ကမွ အေမ့သားျဖစ္ရမွာ။
တာရာေရေသာက္ၿပီး ျပန္ထြက္မယ္လုပ္ေတာ့ ဟိုဘဲဥေကာင္ လြယ္အိတ္ထဲကို ေခါင္းစိုက္ၿပီး ဘာေတြႏိႈက္ေနမွန္းမသိ။တာရာကေတာ့ ေက်ာင္းျပန္မတက္ခင္ေလး ေဘာလုံးကြင္း႐ွိရာကိုသာ အေျပးအလႊားသြားလိုက္ေတာ့သည္။
သိပ္မၾကာခင္မွာပဲ ေခါင္းေလာင္းသံနဲ႔အတူ အားလုံးလည္း ကိုယ္စီ ကိုယ့္အခန္း႐ွိရာကို ျပန္ေျပးၾကရသည္။
ဒီလိုပဲ ၂တန္းခန္းထဲမွာလည္း အသံေတြကဆူညံေနတာပင္။ေက်ာင္းသူေတြကလည္း မၿပီးျပတ္လိုက္တဲ့ ႀကိဳးခုန္ျခင္း၊ဇယ္ေတာက္ျခင္းေတြကို ဆက္ျငင္းခုန္ေနၾကသလို ေက်ာင္းသားေတြကလည္း ေက်ာင္းဆင္းအိမ္ျပန္ရင္ ၾကာကန္ထဲ ၾကာဆင္းခူးဖို႔၊ေတာထဲမွာ ႐ႊံ႕သြားခြာၿပီး အ႐ုပ္လုပ္ၾကဖို႔ေတြနဲ႔ စကားေတြက အမွ်င္မျပတ္ႏိုင္ၾက။
တာရာတို႔အတန္းမွာလည္း ထက္လင္းနဲ႔ေက်ာ္ထက္ရဲ႕ ပါးစပ္ကခ်ေနတဲ့ သိုင္းသံေတြက တညံညံပင္။ထိုႏွစ္ေကာင္ကို တာရာစိတ္ပ်က္လက္ပ်က္ၾကည့္ေနရင္း အလယ္ကတစ္ေယာက္ဆီကို အၾကည့္ေရာက္မိေတာ့ တာရာေၾကာင္အသြားရသည္။
လြယ္အိတ္ထဲကို လက္ႏိႈက္ၿပီး ေခါင္းစိုက္လ်က္ ၿငိမ္ေနတဲ့သူက ႏႈတ္ခမ္းေတြကိုဖိကိုက္ထားၿပီး ပါးမွာ မ်က္ရည္စီးေၾကာင္းေတြက တလွိမ့္လွိမ့္စီးက်ေနတာမို႔ တာရာမ်က္လုံးအျပဴးသားနဲ႔ ဘဲဥရဲ႕ပခုံးကို ကိုင္ၿပီးလႈပ္လိုက္မိေတာ့၏။
"မင္း ဘာျဖစ္လို႔လဲ ည"
"ဟင့္ ဟင့္"
"ဟင္ ည ဘာျဖစ္ေနတာလဲ၊တာရာ မင္း ဘာလုပ္လိုက္တာလဲ"
"ေခြးႏွစ္ေကာင္ ငါက ဘာလုပ္ရမွာလဲ၊ သူငိုေနတာျမင္လို႔ ေမးေနတာ"
ေဘးက၃ေယာက္၏ ပ်ာပ်ာသလဲဂ႐ုစိုက္မႈေတြကို ျမင္ရေလ 'ည'တစ္ေယာက္ ဝမ္းနည္းစိတ္ေတြတလိႈက္လိႈက္တက္လာၿပီး ပိုငိုခ်င္လာေလပင္။အစက ငါေယာက်္ားေလးပဲ၊မငိုရဘူးဆိုၿပီး အံႀကိတ္ထားသမွ်ဟာ ကိုယ့္ကိုအၿမဲရန္လိုေနတဲ့ တာရာ့ဆီက 'ဘာျဖစ္လို႔လဲ၊ည'ဆိုတာကို ၾကား႐ုံနဲ႔တင္ ဝမ္းနည္းစိတ္ေတြမထိန္းႏိုင္ဘဲ ငိုမိတာပင္။
"ဘာျဖစ္လို႔ငိုတာလဲ၊ေျပာဦးေလ 'ည'ရ၊ ဆရာႀကီးကို သြားေခၚေပးရမလား"
"အင့္ ဟင့္ ငါ့ ငါ့ကြန္ပါဘူးအသစ္ေလး မ႐ွိေတာ့ဘူး၊အဟင့္ ေမေမက အေဝးႀကီးကေန ပို႔ေပးလိုက္တာ အင့္၊ငါစုထားတဲ့ ပိုက္ဆံေလးေတြေရာ အင့္၊အီ ဟီး"
"ဟာ အဲဒါဆို အခိုးခံရတာေပါ့၊ကြန္ပါဘူးက ေက်ာင္းကိုပါလာတာေရာ ေသခ်ာလား ည"
"ပါတယ္ ထက္လင္း၊ကစားေက်ာင္းမဆင္းခင္ကထိ 'ည'ကိုင္ေနတာ ငါေတြ႕တယ္"
ေက်ာ္ထက္နဲ႔ထက္လင္းက အခ်င္းခ်င္း အေမးအေျဖလုပ္ေနၾကၿပီး 'ည'ကလည္း ခုံေပၚေခါင္းေမွာက္ၿပီး တသိမ့္သိမ့္နဲ႔႐ိႈက္ငိုေနေတာ့သည္။
အခန္းထဲက တျခားေက်ာင္းသားေတြလည္း ဆူညံေနရာမွ ၿငိမ္ကုန္ကာ ဘာျဖစ္တာလဲဆိုၿပီး စူးစမ္းၾကေလရဲ႕။တာရာကေတာ့ နံရံမွာေက်ာကပ္၊လက္ႏွစ္ဖက္ကိုယွက္ထားရင္း တလႈပ္လႈပ္ျဖစ္ေနတဲ့ေက်ာျပင္ေလးကိုၾကည့္လိုက္၊ေနာက္ဆုံးတန္းေတြစီ ေဝ့ၾကည့္လိုက္နဲ႔ အေတြးမ်ားေနသည္။ၿပီးေနာက္ အတန္းထဲကေန ထၿပီးအျပင္သို႔ထြက္သြားေလ၏။
"ဆရာႀကီး"
"ေဟ တာရာ၊ဘာလို႔လဲ"
႐ုံးခန္းတံခါးမွာ လက္ေလးပိုက္ရပ္ရင္း တာရာေခၚေတာ့ အတန္းပိုင္ဆရာ ဦးသိန္းထြန္းက ထလို႔လာသည္။
ဒီဆရာက တာရာ့အေဖသူငယ္ခ်င္းမို႔ အျပင္မွာလည္း သူနဲ႔ရင္းႏွီးမႈ႐ွိတာမို႔ တာရာ ေျပာခ်င္တာေျပာလို႔အဆင္ေျပသည္။
"ဆရာႀကီး အတန္းထဲမွာ 'ည'ငိုေနတယ္၊ကြန္ပါဘူး ေပ်ာက္လို႔တဲ့"
"ေဟ၊ဟုတ္လား
သူ႕အိတ္ထဲေရာ ေသခ်ာ႐ွာၿပီးၿပီလား"
"႐ွာၿပီးပါၿပီ ဆရာႀကီး၊မ႐ွိပါဘူး
အဲ့ကြန္ပါဘူးကို ကစားေက်ာင္းဆင္းတဲ့အထိ သူကိုင္ေနတာ သားေတြ႕ပါတယ္"
"အင္း ဒါဆိုအခိုးခံရတာေသခ်ာေနၿပီေပါ့၊ လာလာ ဆရာလိုက္ခဲ့မယ္၊သြားစို႔"
"ဟို ဆရာႀကီး...ယူတဲ့သူကို သားသိေနသလိုပဲ"
တာရာ့စကားေၾကာင့္ အတန္းဆီသြားဖို႔ျပင္ေနသည့္ ဆရာႀကီးေျခလွမ္းေတြရပ္ၿပီး တာရာ့ကို ျပန္ငုံ႔ၾကည့္လာသည္။
"တာရာက ဘယ္သူလို႔ထင္လို႔လဲ၊ၿပီးေတာ့ ဘယ္လိုသိတာလဲ"
"ဟို ေနာက္ဆုံးတန္းကေကာင္ေတြ ျဖစ္ႏိုင္ပါတယ္၊သား အခန္းထဲေရေသာက္ျပန္လာေတာ့ သားတို႔ခုံေတြနားကေန သူတို႔ေျပးသြားတာကို ျမင္လိုက္တယ္၊ၿပီးေတာ့ သူတို႔ပုံစံၾကည့္ရတာ ေခါင္းခ်င္းေတြဆိုင္ၿပီး တစ္ခုခုလုပ္ေနသလိုပဲ"
တာရာ့စကားေၾကာင့္ ဆရာဦးသိန္းထြန္း ေတြေဝမိသြားသည္။ဆရာတစ္ေယာက္အေနနဲ႔ အေၾကာင္းစုံမသိဘဲ ဒီလိုမွတ္ခ်က္မခ်သင့္ေပမဲ့ ေက်ာင္းမွာ႐ွိတဲ့ ပစၥည္းေပ်ာက္မႈေတြရဲ႕ တရားခံေတြဟာ ထိုေကာင္ေလးေတြျဖစ္ေနတာပင္။ႏွစ္တိုင္းလည္း ေက်ာင္းၿပီးေအာင္မတက္၊တက္ေနတဲ့အခ်ိန္ေတြမွာလည္း ဒီလိုပဲ လစ္ရင္လစ္သလိုခိုးတာ၊ကေလးေတြဆီကေန အႏိုင္က်င့္ၿပီးယူတာေတြက အၿမဲ႐ွိေနက်ပင္။ဒါေပမဲ့လည္း ဆရာအေနနဲ႔ ဘယ္တပည့္ကိုမွ တစ္ဖက္သတ္မစြပ္စြဲသင့္တာေရာ၊တာရာ့စိတ္ထဲမွာ ဘယ္လို႐ွိလဲသိခ်င္တာေရာေၾကာင့္ သူဆက္ေမးမိသည္။
"သူတို႔ယူတာလို႔ တာရာက ဘာလို႔အတိအက်ေျပာႏိုင္တာလဲ၊သူတို႔က ဆင္းရဲတဲ့လူေတြမို႔ တာရာက အဲ့လိုထင္တာလား"
ဆရာ့ေမးခြန္းေၾကာင့္ ေမာ့ၾကည့္လိုက္တဲ့ တာရာ့အၾကည့္ေတြဟာ စူးခနဲ
တာရာ့မွာ အဲ့လိုခြဲျခားတဲ့စိတ္မ႐ွိတာ အားလုံးသိေနတာပဲကို။
"မဟုတ္ပါဘူး ဆရာႀကီး၊ဆင္းရဲလို႔ ခိုးတယ္ထင္ရမယ္ဆို အတန္းထဲက တျခားသူေတြကိုလည္း သား ထင္လို႔ရပါတယ္၊
ဒါက သားတို႔ခုံနားကေန ေျပးသြားတာကို သားကိုယ္တိုင္ျမင္လိုက္လို႔ပါ"
"အင္း၊ဟုတ္ပါၿပီ
ကဲ ဒါဆို ဆရာႀကီးတို႔သြားၾကည့္ၾကတာေပါ့"
ဆရာႀကီးဝင္လာတာျမင္ေတာ့ အခန္းထဲကလူေတြအားလုံး ဆူညံေနရာမွ ၿငိမ္ကုန္ၿပီး ႏႈတ္ဆက္ၾကသည္။
'ည'ကေတာ့ ခုနကေလာက္မငိုေတာ့ေပမဲ့ ႐ိႈက္ေနတုန္းပင္၊ျဖဴေဖြးေနတဲ့မ်က္ႏွာမွာ သနပ္ခါးလည္းမ႐ွိေတာ့ဘဲ ငိုထားတဲ့အ႐ွိန္ေၾကာင့္ နီရဲစပ္ေနေတာ့သည္။
"သား ည၊ကြန္ပါဘူး ေပ်ာက္လို႔ဆို"
"ဟုတ္ ဆရာႀကီး၊သား ေက်ာပိုးအိတ္ထဲမွာထည့္ခဲ့ၿပီး မုန္႔သြားဝယ္စားတာ၊ခုမ႐ွိေတာ့ဘူး"
"ကဲ အားလုံးပဲ၊မင္းတို႔ရဲ႕သူငယ္ခ်င္း 'ည'က ကြန္ပါဘူးေပ်ာက္သြားလို႔တဲ့
ကြန္ပါဘူးက လွလို႔ယူကိုင္ၾကည့္ၿပီး ျပန္မထားျဖစ္ဘဲ သိမ္းထားတာမ်ိဳး လုပ္မိၾကလားေဟး"
"မလုပ္ပါဘူး ဆရာႀကီး"
"မယူၾကည့္ပါဘူး ဆရာႀကီး"
သံၿပိဳင္ျပန္ေျဖၾကတဲ့ ကေလးေတြရဲ႕မ်က္ႏွာကို ဦးသိန္းထြန္း လိုက္ၿပီးအကဲခတ္ၾကည့္ရသေလာက္ အားလုံးဟာ ဘာမွမသိၾကတဲ့ပုံေတြပင္။
ေ႐ွ႕က ကေလးေတြနဲ႔မတူတာကေတာ့ ေနာက္ဆုံးခုံမွာထိုင္ေနတဲ့ ၃ေယာက္၊ ဆယ္စုႏွစ္တစ္ခုေက်ာ္ ဆရာလုပ္လာတဲ့ အေတြ႕အၾကဳံအရ ေက်ာင္းသားေတြရဲ႕ မ်က္ႏွာအရိပ္အကဲ၊မ်က္လုံးအရိပ္အကဲကို သူ ေအးေဆးစြာဖတ္ႏိုင္ပါသည္။
"ဟာ ဒီလိုဆို ကြန္ပါဘူးက ေျခေထာက္ေပါက္ၿပီး ထြက္ေျပးသြားတာေပါ့၊'ည'နဲ႔မေနခ်င္လို႔ ထင္တယ္ကြ ေနာ္ ဟားဟား"
ဟာသေႏွာရင္းနဲ႔ ဆရာေျပာေတာ့ အားလုံးလိုက္ရယ္ၾကသည္။အၿမဲ ဟာသေတြနဲ႔စာသင္တဲ့ဆရာႀကီးကို သူတို႔အားလုံး ခ်စ္ၾကသည္ေလ။
"ကဲ ကဲ၊ အားလုံးလြယ္အိတ္ေတြ ခုံေပၚတင္ထားၾကေဟး၊ ဒီကြန္ပါဘူး ဘယ္သူ႕ဆီကိုအလည္သြားေနလဲ ဆရာႀကီး လိုက္႐ွာမယ္"
ဆရာႀကီးေျပာလိုက္တာနဲ႔ ကိုယ္စီ လြယ္အိတ္ေလးေတြ ခုံေပၚတင္လိုက္ၾကသည္။ယူတဲ့လူကို သူတို႔အားလုံးလည္း သိခ်င္ေနဟန္ေတြက အထင္းသား။
ေ႐ွ႕ဆုံးက ေက်ာင္းသူေလးရဲ႕ လြယ္အိတ္ကို ေခါင္းငုံ႔ၿပီးအ႐ွာ မ်က္လုံးအရိပ္မွာ ဖ်တ္ခနဲေတြ႕လိုက္ရတဲ့အရိပ္၊ဒီေလာက္မွမလ်င္ရင္ သူဆရာ လုပ္ေနစရာအေၾကာင္းမ႐ွိ။
"ေက်ာင္းသား ႏိုင္မင္း၊ မင္း အျပင္ကိုပစ္ခ်လိုက္တာ ဘာလဲ"
"ဗ်ာ ဆရာႀကီး၊အမိႈက္ပစ္တာပါ"
"အမိႈက္ကို အဲ့လိုလက္လြတ္စပယ္ပစ္ရမယ္လို႔ သင္ထားလားကြ"
"မသင္ထားပါဘူး"
ေ႐ွ႕အတန္းမွာ ဆက္မ႐ွာေတာ့ဘဲ ဆရာဦးသိန္းထြန္း ေနာက္ဆုံးထိေလွ်ာက္သြားလိုက္သည္။ၿပီးေနာက္ အေနာက္နံရံမွာ တစ္ခုတည္း႐ွိသည့္ ျပတင္းေပါက္ကေန အျပင္ကိုလွမ္းၾကည့္လိုက္ေတာ့ ျခဳံပုတ္ေပၚမွာတင္ေနတဲ့ ကြန္ပါဘူးနီရဲရဲကို သူျမင္ေနရၿပီ။
"ကဲ ထ၊သြား မင္းပစ္လိုက္တဲ့အမိႈက္ကို မင္း သြားျပန္ေကာက္ခဲ့"
ႏိုင္မင္းကို အျပင္ထြက္ခိုင္းလိုက္ၿပီး ျပတင္းေပါက္မွာ လက္တင္ရင္း သူၾကည့္ေနလိုက္သည္။ေျပာင္႐ွင္းေနတဲ့ တလင္းျပင္မွာ အမိႈက္ရယ္လို႔ တစ္စတေလေတာင္႐ွိမေနတာကေတာ့ ဒီေကာင္ေလး ကံဆိုးတာေပါ့။
"ဟို ဆရာႀကီး၊အမိႈက္က ေလေနာက္ပါသြားၿပီလားမသိဘူး၊မေတြ႕ေတာ့ဘူး"
"ေဟ ဟုတ္လား၊ကြန္ပါဘူးက ေလေနာက္ပါရေအာင္ မေပါ့ပါဘူးကြ ႏိုင္မင္းရ"
"ဗ်ာ ဆရာႀကီး"
"မင္း ပစ္လိုက္တဲ့ကြန္ပါဘူးေလ၊ဟို ျခဳံပုတ္ေပၚမွာ တင္ေနတာ ေတြ႕လား၊ေလေနာက္ပါမသြားဘူး
ျပန္ယူခဲ့ ဒီကို"
ဆရာႀကီးရဲ႕ အေျဖအတိအက်မွာ ႏိုင္မင္းအပါအဝင္ အထဲက သူ႕ညီအစ္ကိုႏွစ္ေယာက္လည္း မ်က္ႏွာေတြပ်က္ကုန္ၾကေလၿပီ။တျခားကေလးေတြကေတာ့ ထင္သားပဲဆိုတဲ့ပုံေလးေတြနဲ႔ မ်က္လုံးအျပဴးသား၊ 'ည'တစ္ေယာက္ကေတာ့ ေမွ်ာ္လင့္ခ်က္ေတြျပန္႐ွိလာၿပီး မ်က္ႏွာေလးက ျပန္ဝင္းပလို႔လာေလၿပီ။
တာရာကေတာ့ 'ည'ပုံကိုၾကည့္ၿပီး ခုမွသက္ျပင္းခ်မိသြားရတာျဖစ္သည္။ဒီေကာင္ ငိုေနတာ တက္သြားမွာေတာင္စိုးရသည္ေလ။
ဒီလိုနဲ႔ 'ည'လက္ထဲကို စပိုက္ဒါမန္းပုံပါတဲ့ ကြန္ပါဘူးက ျပန္ေရာက္လို႔လာၿပီး ဟို၃ေယာက္ကိုလည္း ဆရာႀကီးက ႐ုံးခန္းေခၚသြားေလၿပီ။
"ည ေနာက္တစ္ခါက်ရင္ သတိထားသိလား၊အဲ့ေကာင္ႀကီးေတြက အဲ့လိုပဲခိုးေနက်"
"အင္းပါ ထက္လင္း၊ ငါ ဂ႐ုစိုက္ပါ့မယ္"
ေဘးက ထက္လင္းကို ျပန္ေျဖလိုက္ၿပီး 'ည'ရဲ႕ ညာဘက္မွာထိုင္ေနတဲ့သူကို ၾကည့္လိုက္ေတာ့ ဘာမွမျဖစ္သလို စာေတြကုန္းေရးေနတဲ့ တာရာ
ဘာပဲျဖစ္ျဖစ္ 'ည'ကို ဂ႐ုစိုက္ေပးလို႔ေရာ၊ဆရာႀကီးကိုသြားတိုင္ေပးလို႔ေရာ တာရာ့ကို 'ည'ေက်းဇူးတင္မိပါသည္။
"အတာ...ဆရာႀကီးကိုေခၚေပးလို႔ မင္းကိုေက်းဇူးတင္ပါတယ္"
တစ္ခါမွမၾကားဖူးတဲ့နာမည္မို႔ တာရာအံ့ဩသြားရသည္။သူ႕ကို ဘယ္သူမွ ဒီလိုမေခၚဖူးပါဘူး။
"မင္း ငါ့ကို အတာလို႔ေခၚတာလား"
"ဟို မင္းအေမေခၚတာကို ၾကားမိလို႔ေလ၊မင္း အိမ္နာမည္ထင္လို႔"
"ဟမ္ ငါ့အေမကလား၊မေခၚပါဘူး"
"ဟို ငါတို႔လာတဲ့ေန႔ကေလ၊မင္းကို အဲ့လိုေအာ္ေခၚလိုက္တာ ငါၾကားမိသလိုပဲ"
"ဪ အဲဒါ ကိုတာလို႔ေခၚတာပါကြ"
"ဪ ဟုတ္လား၊ငါ အတာလို႔ေခၚတယ္ထင္လိုက္တာ၊ စိတ္မဆိုးနဲ႔ေနာ္ ငါ ငါမသိလို႔"
"မဆိုးပါဘူး၊ေခၚခ်င္သလိုေခၚ ရတယ္"
"အဲဒါဆို ငါ အတာလို႔ပဲ ဆက္ေခၚမယ္ေနာ္"
"ေအးေအး ရတယ္"
ေဘးခ်င္းကပ္ၿပီး စကားမေျပာျဖစ္ၾကဘဲ ႐ွိေနခဲ့တာမို႔ ခုလိုခင္ခင္မင္မင္ျဖစ္သြားရတာကို ႏွစ္ေယာက္လုံး ေပ်ာ္႐ႊင္ေနမိသည္။
တကယ္ဆို တာရာလည္း တျဖည္းျဖည္းစိတ္ေျပေနပါၿပီ၊အၿမဲ အေခ်ာ့ခံရသူမို႔ ဒီတစ္ခါလည္း 'ည'ဘက္ကေန သူ႕ကိုစကားစေျပာ၊စေခၚမွာကို လိုခ်င္႐ုံသာ။
ညေနေက်ာင္းဆင္းေတာ့ တာရာက သူငယ္တန္းကသူ႕ညီမေလးကိုသြားေခၚၿပီး ထက္လင္း၊ေက်ာ္ထက္တို႔နဲ႔ အတူတူျပန္သည္။
'ည'ကေတာ့ ဦးေလးဦးမိုးေဝက ဆိုင္ကယ္နဲ႔လာႀကိဳႏွင့္တာမို႔ ထုံးစံအတိုင္း ဆိုင္ကယ္နဲ႔ျပန္ရသည္။
ေနာက္ရက္ေတြက်ရင္ေတာ့ အတာတို႔နဲ႔ပဲ အုပ္စုလိုက္လမ္းေလွ်ာက္သြားေတာ့မယ္လို႔လည္း 'ည'ေတြးထားၿပီးျဖစ္သည္။အခုဆို အတာက သူ႕ကိုစကားေျပာၿပီမို႔ သူငယ္ခ်င္းေတြနဲ႔ သူတရင္းတႏွီး ေနရေတာ့မည္ေလ။
"ည....ကေလး ဦးမိုးေဝတို႔ မစႏၵာတို႔အိမ္ အရင္သြားၾကမယ္ေနာ္
သား ေဖေဖနဲ႔ေမေမက သား ေက်ာင္းဆင္းရင္ ဖုန္းေျပာခ်င္လို႔တဲ့"
"ဟုတ္ဟုတ္ ဦးမိုးေဝ"
ေခါင္းကို အတြင္ညိတ္ျပၿပီး 'ည'ေပ်ာ္႐ႊင္သြားရသည္။ေဖေဖတို႔နဲ႔ သူစကားမေျပာရတာၾကာၿပီေလ။
"မစႏၵာေရ"
"ေဟး မိုးေဝေရ၊ လာ လာ
သား 'ည'ေလးပါ ပါၿပီဆို ငါ မႏွင္းကို ဖုန္းေခၚလိုက္ေတာ့မယ္"
အတာ့အေမျဖစ္သူ အန္တီစႏၵာက သူ႕ျမင္တာနဲ႔ ျပဳံး႐ႊင္ၿပီး စကားေျပာေတာ့သည္။
'တာရာနဲ႔အတူ အိမ္လိုက္ခဲ့ဆိုတာကို လိုက္မလာဘူး'ဆိုေတာ့ သူသြားစိလို႔သာ ျပန္ျပဳံးျပလိုက္မိသည္။တာရာက သူ႕ကိုအျမင္မွမၾကည္ေနခဲ့တာ၊အိမ္ ဘယ္လိုေခၚမလဲေလ။
'ည'တို႔က ဆိုင္ကယ္နဲ႔မို႔ အိမ္ေရာက္ႏွင့္ေနေပမဲ့ တာရာတို႔က ျပန္မေရာက္ေသး။သူတို႔ေတြအဖြဲ႕လိုက္ လမ္းေလွ်ာက္ၿပီး တစ္ခါတေလ ၾကာပန္းေတြပါ ဆင္းခူးတတ္သည္ကို ထက္လင္းေျပာျပလို႔ သူသိၿပီးျဖစ္သည္။
သိပ္မၾကာခင္ပဲ ႀကိဳးဖုန္းကေနတဆင့္ ေမေမနဲ႔သူ ဖုန္းေျပာရသည္။ေမေမ့ကို လြမ္းေနရတာမို႔ အသံၾကားတာနဲ႔ 'ည'မွာ ငိုမဲ့မဲ့။
ၿပီးေနာက္ ေဖေဖပါေရာက္လာတာမို႔ ေမးသမွ်ေျဖၿပီး သူစိတ္ေပ်ာ္လာသလိုပင္။
"သားေလး အဲဒီမွာ ေက်ာင္းတက္ရတာေပ်ာ္လား၊အဆင္မေျပတာ႐ွိလား"
"ဟုတ္ ေဖေဖ၊ေျပပါတယ္"
"အင္း၊ သား ေဖေဖတို႔နဲ႔လိုက္ေနခ်င္လား
ဒီဘက္ကို ေက်ာင္းေျပာင္းလာခ်င္လား သား"
"အေမေရ သားတို႔ျပန္လာၿပီ၊ဗိုက္ဆာတယ္"
ေဖေဖ့ဆီကအသံနဲ႔ အျပင္ကအသံႏွစ္ခုက 'ည'နားထဲ ၿပိဳင္တူဝင္လာသည္။
ၿပီးေတာ့ အိမ္ထဲထိ ေျပးဝင္လာတဲ့ တာရာက သူဖုန္းေျပာေနတာျမင္ေတာ့ ရပ္သြားသည္။
"ည သူ႕ေမေမတို႔နဲ႔ ဖုန္းေျပာေနတာသားရဲ႕၊သြား အဝတ္အစားလဲ၊အေမ ေခါက္ဆြဲေၾကာ္ထားတယ္
ၿပီးရင္ စားလိုက္
သမီးငယ္ လာ၊အေမ အဝတ္အစားလဲေပးမယ္"
"ဟဲလို သား ေဖေဖေျပာတာၾကားလား၊ သား ေဖေဖတို႔ဆီ ေျပာင္းလာခ်င္လားလို႔"
ဖုန္းထဲကအသံခပ္က်ယ္က်ယ္ကို 'ည'တင္မက အဲ့နားမွာရပ္ေနတဲ့ တာရာပါၾကားလိုက္တာမို႔ 'ည'အေျဖကို သူရပ္နားေထာင္ေနမိသည္။
"ေဖေဖ သားဒီမွာပဲ ေက်ာင္းဆက္တက္မယ္၊သား ဒီမွာတာရာတို႔နဲ႔သူငယ္ခ်င္းျဖစ္ၿပီး ေပ်ာ္ေနၿပီ"
"ဟုတ္လား၊ေအးပါ သားရာ
ေဖေဖ့သား ေပ်ာ္ေနရင္ၿပီးေရာဗ်ာ
ဟားဟား"
တစ္ဖက္က ေဖေဖရယ္ေနတာမို႔ သူပါလိုက္ရယ္ရင္း အတာ့ကိုသူေမာ့ၾကည့္မိသည္။
အတာက ျပဳံးျပေနခဲ့သည္၊စေတြ႕ကတည္းက တစ္ခါမွျပဳံးမျပဖူးတဲ့အတာက 'ည'ကို ျပဳံးရယ္ျပေနပုံက သူငယ္ခ်င္းလုပ္ၾကရေအာင္ဆိုတဲ့ အဓိပၸါယ္လို႔ 'ည' မွတ္ယူရင္း အတာ့ကို မ်က္လုံးေတြမွိတ္က်သည္အထိ သူျပန္ျပဳံးလိုက္မိေတာ့သည္။
A/N သူတို႔ ၿငိမ္းခ်မ္းေရးရသြားပါၿပီခ်င္^_^
အိုင္လိုေနတာ cmtေတြပါခ်င္၊cmtေတြပါ