ညရဲ့အလင်း(Completed)

By rachelphoo

189K 12.5K 1.2K

ညဆိုတာ ကြယ်ရှိ​နေမှ More

A/N
Part1(U,Z)
Part2(U,Z)
Part3(U,Z)
Part4(U,Z)
Part6(U,Z)
Part7(U&Z)
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Part16
Part17
Part18
Part19
Part20
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28
Part29(Final)
Part30(Extra)
Extra[Happy Thadingyut]

Part5

4.5K 384 25
By rachelphoo

​နေရာသစ်၊​ကျောင်းသစ်မှာ ​ကျောင်းသားသစ်အဖြစ် 'ည'ရှိ​နေခဲ့တာ နှစ်ပတ်​မြောက်ဖြစ်လာခဲ့ပြီ။
​​နေသားတကျနဲ့ ​ပျော်​နေပြီလားဆိုရင်​တော့ 'ဟင့်အင်း'လို့ပဲ 'ည'​ဖြေရလိမ့်မည်။
မခွဲစဖူးခွဲ​နေရတဲ့ ​ဖေ​ဖေနဲ့​မေ​မေကိုလည်း သူ​နေ့တိုင်းလွမ်း​​နေရသည်။အရင်ကဆို ​ကျောင်းဖယ်ရီကဆင်းတာနဲ့ သူ့ကိုအသင့်ကြို​နေတဲ့ ​မေ​မေ့ရင်ခွင်ထဲ​ပြေးဝင်​နေကျမို့ ​ကျောင်းက​နေအိမ်ကိုပြန်တိုင်း ​မေ​မေ့ကိုသတိရစိတ်က ပိုသည်း​နေရသည်။အဘွားအပါအဝင်၊ဦး​လေး​တွေ၊အ​​ဒေါ်​တွေက သူ့ကိုချစ်ကြ၊ဂရုစိုက်​ပေးကြ​ပေမဲ့ ​မိဘနဲ့​ဝေး​နေရစိတ်က အလိုလိုအားငယ်​စေတာမျိုးပင်။

​နောက်ပြီး ​ကျောင်းမှာလည်း သူအခုထိ​နေသားမကျ၊အားလုံးက ကြိုသိနှင့်ပြီးသား​တွေဖြစ်ပြီး သူတစ်​ယောက်ပဲ သင်းကွဲဖြစ်​နေရတာကလည်း ရန်ကုန်​ကျောင်းက သူငယ်ချင်း​တွေကို အလွမ်းပို​စေတာပင်။ပိုဆိုးတာက ကိုယ့်​​ဘေးမှာ​နေပြီး ကိုယ့်ကိုမရှိသလိုဆက်ဆံ​ခံ​နေရခြင်းလည်းပါသည်။ထက်လင်းနဲ့​ကျော်ထက်က စကား​တွေလည်း​ပြောကြသလို၊အတူကစားဖို့ပါ​ခေါ်​ပေမဲ့ သူတို့နဲ့လိုက်မှာကို စိတ်ရှုပ်သလိုဖြစ်ပြ​နေတဲ့ တာရာ့​ကြောင့် သူလည်း ခပ်ကင်းကင်းသာ​နေဖြစ်သည်။​နေရာသစ်မို့ ဘယ်လိုပဲအားငယ်ရတယ်​ပြော​ပြော 'ည'မှာ မာနစိတ်​တော့အပြည့်ရှိပါ​သေးသည်။ကိုယ့်ကိုတမင်တကာ မလိုလားပြ​နေတာကို​​တော့ မျက်နှာ​ပြောင်တိုက်ပြီး လိုက်​ခေါ်​နေမှာမဟုတ်။

​နေ့လည်ကစားကျောင်း​ဆင်းချိန်မို့ အခန်းထဲမှာ ဘယ်သူမှမရှိကြ​တော့။အားလုံးက အပြင်မှာကစား​နေကြ၊မုန့်ဝယ်စားကြနဲ့ ​ကျောင်းကွင်းပြင်တစ်ခုလုံး အသံ​တွေစီစီညံ​နေကြသည်။
'ည'တစ်​ယောက်တည်းပဲ စာသင်ခုံမှာထိုင်ရင်း ပုံဆွဲ၊​ဆေးခြယ်လုပ်​နေတာဖြစ်သည်။
တစ်​ယောက်တည်းထိုင်​နေရင်း ပျင်းပျင်းရှိတာမို့ မုန့်​စျေးတန်းမှာ မုန့်သွားစားဖို့​တွေးရင်း ​မ​နေ့ကမှ စာတိုက်က​နေ​ရောက်လာသည့် အသစ်စက်စက်ကွန်ပါဘူးထဲက​နေ မုန့်ဖိုးကိုထုတ်ပြီး ​ကျန်တာ​တွေကို ​ကျောပိုးအိတ်ထဲမှာ ​သေချာပြန်သိမ်းလိုက်သည်။
တစ်​နေ့ကို မုန့်ဖိုးငါးဆယ်ရ​​ပေမဲ့ 'ည'က အခန်းထဲတင်အ​နေများတာမို့ ပိုက်ဆံမကုန်။အိမ်ကထည့်​ပေးလိုက်တဲ့မုန့်ကိုစားရင်း မုန့်ဖိုး​တွေကို​တော့ ကွန်ပါဘူး​ထဲမှာ စုရင်းသိမ်းထားဖြစ်သည်။
ဒီ​နေ့​တော့ မုန့်ဝယ်စားချင်တာမို့ ပိုက်ဆံ​လေးကိုလက်ထဲဆုပ်ရင်း ​သူတို့နှစ်တန်းအခန်းနဲ့ ခပ်​ဝေး​ဝေးမှာရှိသည့် မုန့်ဆိုင်​လေး​တွေဆီသို့ ​​ခြေလှမ်း​တွေဦးတည်လိုက်သည်။

မုန့်​စျေးတန်းဆို​ပေမဲ့ ရန်ကုန်​ကျောင်းမှာလို ဆိုင်ကြီး​တွေ၊မုန့်မျိုးစုံ​တွေနဲ့ ​ရွေးစရာ​တွေများ​နေတာမျိုး​တော့မဟုတ်။
သက်ကယ်မိုး၊ဝါးကွပ်ပျစ်တဲ​ဆိုင်​​လေး ၅ခုမှာ ဒန်အိုး​လေး​တွေစီချထားတဲ့ဆိုင်​​​တွေနဲ့ မုန့်ထုပ်​တွေကို ချိတ်​တွေနဲ့ဆွဲထားပြီး ​ရောင်းကြတဲ့ ဆိုင်​​လေး​တွေဖြစ်သည်။
လင်ဗန်း​​ပေါ်မှာ အ​ရောင်တွေရဲစို​နေသည့် အချဉ်​ပေါင်း​တွေက​တော့ သူ့အကြိုက်မဟုတ်။
ဖန်ခွက်​လေးထဲမှာ တုတ်​လေးထည့်၊​ရေခဲ​တွေကို တဂျစ်ဂျစ်မြည်​အောင်ခြစ်ချပြီး အ​ပေါ်က​နေ နို့ဆီ​တွေ၊အချိုရည်​တွေစမ်း​ပေးတဲ့ ​ရေခဲခြစ်နဲ့ ဒန်အိုးထဲက​နေ ဆွဲယူရင်ူ တုတ်​ပေါ်မှာရစ်ပတ်​ပေးသည့် ကပ်​စေးနှဲကို​တော့ သူအကြိုက်ဆုံးပင်။
ဒီ​နေ့က​တော့ ​နောက်ကျ​နေပြီမို့ အဲဒါ​တွေလည်း ရမှာမဟုတ်​တော့။ခုထိ ​ရောင်း​နေ​သေးသည့် သာကူကျို၊နို့ထမင်းအ​ရောကိုသာ ၅၀ဖိုးဝယ်စားလိုက်သည်။
​ကော်ဇလုံ​ပေါက်စ​လေးနဲ့ ပြည့်လုနီးပါးရတဲ့ ဒီသာကူကျိုနို့ထမင်းကိုလည်း သူအ​တော်ကြိုက်သည်။ရွာမှာ​ကျောင်းတက်ရတဲ့အထဲမှာ ဒီတစ်ခု​​တော့ သူသ​ဘောကျသည်။စားစရာ​တွေက တ​​နေကုန်၅၀ဆိုရင်ကို လုံ​လောက်​နေတာပဲဖြစ်သည်။

'​ကောင်​လေး၊သူငယ်ချင်း​တွေနဲ့ မ​ဆော့ဘူးလား' လို့​မေးလာတဲ့ ​စျေးသည်အန်တီကြီးကို 'ဟုတ်ကဲ့ဗျ'လို့ ​ဖြေပြီး​နောက် သူ့ပန်းကန်လုံး​လေးကို စားပွဲဝိုင်း​ပေါ်တင်၊​​ခွေး​ခြေခုံပု​လေးမှာထိုင်ရင်း သာကူကျိုနို့ထမင်းအရသာကို တစိမ့်စိမ့်ခံစားလိုက်သည်။

​တ​ဟေး​ဟေး​အော်​နေတဲ့ ​ဘောလုံးပွဲမှာ​တော့ ၄တန်းကအစ်ကိုကြီး​တွေနဲ့အပြိုင် ​ဘောလုံကန်​နေတဲ့ တာရာ့ကို သူမြင်​နေရသည်။
သူမြင်ရသ​လောက် တာရာက ​​ဘောလုံးကို​တော်​တော်ရူးသလို၊​ကောင်း​ကောင်းလည်းကစားနိုင်သည်။​ကျောင်းလာရင်လည်း လက်ထဲမှာ ​ဘောလုံးပိုက်ထားသလို၊အတန်းထဲက သူ့ခုံ​အောက်မှာလည်း ထို​ဘောလုံးက အမြဲရှိသည်။တစ်ခါတ​လေ စာလိုက်ဆို​နေရင်းနဲ့​တောင် ​ခြေ​ထောက်ကအငြိမ်မ​နေဘဲ ထို​​ဘောလုံးကို ​ခြေ​ထောက်နဲ့ မသိမသာလှိမ့်​နေတတ်တာကို သူသတိထားမိသည်။
အခုလည်း တာရာဂိုးသွင်းတာကိုပဲ သူတို့အဖွဲ့​တွေ ဝိုင်း​အော်​နေကြတာဖြစ်သည်။
​နေပူထဲမှာ ဒီ​လောက်ကစားတာ​တောင် တာရာ့အသားက အညို​ရောင်ပဲဖြစ်​နေတာ အံ့ဩစရာပါပဲ။သူဆို ​ကျောင်းလာရင်​တောင် လက်ရှည်အင်္ကျီကို ထပ်ဝတ်လာဖြစ်သည်။မ​တော်တဆ ရန်ကုန်ပြန်ရသည်ရှိ​​သော် သူငယ်ချင်း​တွေနဲ့ပြန်​တွေ့ရင် သူ့အသား​တွေမဲမ​နေချင်​ပေ။

"တာရာ...ဘယ်လဲ၊ကန်ဦးမယ်​လေကွာ"

"ကျွန်​တော် ​ရေဆာ​နေပြီဗျ၊​ရေသွား​သောက်ပြီး ပြန်လာခဲ့မယ် ကိုကြီး​အေးမင်း"

​​ဘောလုံးကွင်းထဲ​ရောက်ရင် သူ့ကိုပြန်မလွှတ်ချင်​တော့တဲ့ ​လေးတန်းကအစ်ကို​တွေကို လက်ကာပြပြီး ၂တန်းခန်းရှိရာကို ခပ်မြန်မြန်ပဲ​ပြေးသွားလိုက်သည်။တစ်ချိန်လုံး​ပြေနေရတာ သူ​ရေဆာ​နေပြီ​လေ။​ရေဘူးကို ကွင်းထဲထိသယ်ရင်လည်း အားလုံးကယူ​​သောက်ပစ်ကြတာကို တာရာမကြိုက်။တာရာက ​​ချွေးသံတရွှဲရွှဲနဲ့ ​ဘောလုံးကန်ရတာကိုကြိုက်​ပေမဲ့ သူမတူ​အောင်လည်း ရွံတတ်​သေးသည်။သူ့​ရေဘူးကို တခြားသူ​တွေနှုတ်ခမ်းနဲ့ထိ​သောက်ရင် အဲ့​ရေဘူးကို ပြန်ကိုမထိ​တော့။ဒါ​ကြောင့်လည်း အားလုံးရန်ကလွတ်​အောင် ​ရေဘူးကို ခုံထဲတင်ထည့်ထားခဲ့တာပင်။

'ဝုန်း ဝုန်း'

တာရာ အခန်းထဲ​ရောက်​ရောက်ချင်း အသံကြားလိုက်ရတာမို့ အသံလာရာကိုကြည့်လိုက်​တော့ ၂တန်း​ပေမဲ့ သူတို့ထက်၅နှစ်​​လောက်ကြီးတဲ့​ကျောင်းသား​တွေထိုင်ရာ ​နောက်ဆုံးအတန်းကဖြစ်သည်။စာ​ရေးတဲ့ခုံ​တွေ​ပေါ်က​နေ ​ခြေ​ထောက်နဲ့ဖြတ်​ပြေးတဲ့ အဲ့​ကောင်​တွေကို တာရာကြည့်မရ။သူတို့​တွေက ​​အပြင်မှာအ​နေကြာ​နေသည့်လူ​တွေ၊ရပ်ရွာလူကြီး​တွေက ၄တန်းအထိ ​အတန်းပညာသင်ဖူးရမယ်ဆိုပြီး ​​ထောက်ပံ့​ကြေး​တွေ​ပေးပြီး ​ကျောင်းတက်ခိုင်းကြတာ၊​နောက်လ​လောက်ဆို သူတို့​ကျောင်းလာကြမှမဟုတ်​တော့၊
ဒီလိုနဲ့ ဒီအတန်းမှာတင် နှစ်ချို့​နေကြတာဖြစ်သည်။ဆင်းရဲချို့တဲ့တာထက် စာရိတ္တပျက်စီး​တာက အများကြီးပိုဆိုးသည်ဟု တာရာထင်သည်။ဒီလူ​တွေက အဲ့လိုလူ​တွေပင်။လူ​ကောင်ကြီး၊အသက်ကြီးတယ်ဆိုပြီး တခြားက​လေး​တွေကို အနိုင်ကျင့်သည်၊မုန့်ဖိုး​တွေလုသည်၊ပစ္စည်း​တွေခိုးသည်။ဆရာ၊ဆရာမ​တွေက မိသွားလို့ ဆုံးမရင်၊ရိုက်ရင်လည်း ခဏ​ပေ။ပြီးရင် ပြန်ဆိုးသွမ်းကြတဲ့လူ​​တွေဖြစ်တာမို့ တာရာ သူတို့ကို လုံးဝမကြိုက်။

ထိုအဖွဲ့ကိုလျစ်လျူရှုပြီး တာရာ​ ကိုယ့်​နေရာကိုယ်သွားပြီးသာ ​ရေဘူးထုတ်၍ ​ရေ​သောက်​နေလိုက်သည်။သူ​ရေ​သောက်​နေတုန်း ဖြူလွှလွှအရိပ်က တည်ငြိမ်တဲ့​ခြေလှမ်း​တွေနဲ့ အခန်းထဲဝင်လာတာကို မျက်​လုံး​ထောင့်က​​နေမြင်​နေရသည်။
တာရာကသာ ​တ​နေကုန်​ဆော့ကစားပြီး အင်္ကျီအဖြူက အမဲ​ရောင်​ပြောင်း​လို့ အိမ်​ရောက်ရင် အ​မေဆူတာကိုခံ​နေရတာ၊အဲ့တစ်​ယောက်က​တော့ ည​နေ​ရောက်တာ​တောင် မျက်နှာက သနပ်ခါးမပျက်။တာရာဆို လမ်းမှာကတည်းက အ​မေလိမ်း​ပေးလိုက်တဲ့ သနပ်ခါး အကုန်ဖျက်ပစ်လို့ အ​မေ့လက်ဝါးစာမိတာ ခဏခဏ။
ပြီး​တော့ တစ်ချိန်လုံး 'ည'ကို ​ခေါ်​နော်၊ဂရုစိုက်​နော်ဆိုတာက ​​ပြော​သေးသည်။
တကယ်​​တော့ အဲ့​ကောင်ကမှ အ​မေ့သားဖြစ်ရမှာ။

တာရာ​ရေ​သောက်ပြီး ပြန်ထွက်မယ်လုပ်​တော့ ဟိုဘဲဥ​ကောင် လွယ်အိတ်ထဲကို ​ခေါင်းစိုက်ပြီး ဘာ​တွေနှိုက်​နေမှန်းမသိ။တာရာက​တော့ ​ကျောင်းပြန်မတက်ခင်​​လေး ​ဘောလုံးကွင်းရှိရာကိုသာ အ​ပြေးအလွှားသွားလိုက်​တော့သည်။

သိပ်မကြာခင်မှာပဲ ​ခေါင်း​လောင်းသံနဲ့အတူ အားလုံးလည်း ကိုယ်စီ ကိုယ့်အခန်းရှိရာကို ပြန်​ပြေးကြရသည်။
ဒီလိုပဲ ၂တန်းခန်းထဲမှာလည်း အသံ​တွေကဆူညံ​နေတာပင်။​​ကျောင်းသူ​တွေကလည်း မပြီးပြတ်လိုက်တဲ့ ကြိုးခုန်ခြင်း၊ဇယ်​တောက်ခြင်း​တွေကို ဆက်ငြင်းခုန်​နေကြသလို ​ကျောင်းသား​တွေကလည်း ​ကျောင်းဆင်းအိမ်ပြန်ရင် ကြာကန်ထဲ ကြာဆင်းခူးဖို့၊​တောထဲမှာ ရွှံ့သွားခွာပြီး အရုပ်လုပ်ကြဖို့​​တွေနဲ့ စကား​တွေက အမျှင်မပြတ်နိုင်ကြ။
တာရာတို့အတန်းမှာလည်း ထက်လင်းနဲ့​ကျော်ထက်ရဲ့ ပါးစပ်ကချ​နေတဲ့ သိုင်းသံ​တွေက တညံညံပင်။ထိုနှစ်​ကောင်ကို တာရာစိတ်ပျက်လက်ပျက်ကြည့်​နေရင်း အလယ်ကတစ်​ယောက်ဆီကို အကြည့်​ရောက်မိတော့ တာရာ​ကြောင်အသွားရသည်။
လွယ်အိတ်ထဲကို လက်နှိုက်ပြီး ​ခေါင်းစိုက်လျက် ငြိမ်​​နေတဲ့​​သူက နှုတ်ခမ်း​​တွေကိုဖိကိုက်ထားပြီး ပါးမှာ မျက်ရည်စီး​ကြောင်း​တွေက တလှိမ့်လှိမ့်စီးကျ​နေတာမို့ တာရာမျက်လုံးအပြူးသားနဲ့ ဘဲဥရဲ့ပခုံးကို ကိုင်ပြီးလှုပ်လိုက်မိ​တော့၏။

"မင်း ဘာဖြစ်လို့လဲ ည"

"ဟင့် ဟင့်"

"ဟင် ည ဘာဖြစ်​​နေတာလဲ၊တာရာ မင်း ဘာလုပ်လိုက်တာလဲ"

"​ခွေးနှစ်​ကောင် ငါက ဘာလုပ်ရမှာလဲ၊ သူငို​နေတာမြင်လို့ ​မေး​နေတာ"

​ဘေးက၃​ယောက်၏ ပျာပျာသလဲဂရုစိုက်မှု​တွေကို မြင်ရ​လေ 'ည'တစ်​ယောက် ဝမ်းနည်းစိတ်​တွေတလှိုက်လှိုက်တက်လာပြီး ပိုငိုချင်လာ​လေပင်။အစက ငါ​ယောက်ျား​လေးပဲ၊မငိုရဘူးဆိုပြီး အံကြိတ်ထားသမျှဟာ ကိုယ့်ကိုအမြဲရန်လို​နေတဲ့ တာရာ့ဆီက 'ဘာဖြစ်လို့လဲ၊ည'ဆိုတာကို ကြားရုံနဲ့တင် ဝမ်းနည်းစိတ်​တွေမထိန်းနိုင်ဘဲ ငိုမိတာပင်။

"ဘာဖြစ်လို့ငိုတာလဲ၊​ပြောဦး​လေ 'ည'ရ၊ ဆရာကြီးကို သွား​ခေါ်​ပေးရမလား"

"အင့် ဟင့် ငါ့ ငါ့ကွန်ပါဘူးအသစ်​လေး မရှိ​တော့ဘူး၊အဟင့် ​မေ​မေက အ​ဝေးကြီးက​နေ ပို့​ပေးလိုက်တာ အင့်၊ငါစုထားတဲ့ ပိုက်ဆံ​​လေး​​တွေ​ရော အင့်၊အီ ဟီး"

"ဟာ အဲဒါဆို အခိုးခံရတာ​ပေါ့၊ကွန်ပါဘူးက ​ကျောင်းကိုပါလာတာ​ရော ​သေချာလား ည"

"ပါတယ် ထက်လင်း၊​ကစား​ကျောင်းမဆင်းခင်ကထိ 'ည'ကိုင်​နေတာ ငါ​တွေ့တယ်"

​ကျော်ထက်နဲ့ထက်လင်းက ​အချင်းချင်း အ​မေးအ​ဖြေလုပ်​နေကြပြီး 'ည'ကလည်း ခုံ​ပေါ်​ခေါင်း​မှောက်ပြီး တသိမ့်သိမ့်နဲ့ရှိုက်ငို​နေ​တော့သည်။
အခန်းထဲက တခြား​ကျောင်းသား​တွေလည်း ​ဆူညံ​နေရာမှ ငြိမ်ကုန်ကာ ဘာဖြစ်တာလဲဆိုပြီး စူးစမ်းကြ​​​လေရဲ့။တာရာက​တော့ နံရံမှာ​ကျောကပ်၊လက်နှစ်ဖက်ကိုယှက်ထားရင်း တလှုပ်လှုပ်ဖြစ်​နေတဲ့​ကျောပြင်​လေးကိုကြည့်လိုက်၊​နောက်ဆုံးတန်း​တွေစီ ​​ဝေ့ကြည့်လိုက်နဲ့ အ​တွေးများ​နေသည်။ပြီး​နောက် အတန်းထဲက​နေ ထပြီးအပြင်သို့ထွက်သွား​​လေ၏။

"ဆရာကြီး"

"​ဟေ တာရာ၊ဘာလို့လဲ"

ရုံးခန်းတံခါးမှာ လက်​လေးပိုက်ရပ်ရင်း တာရာ​ခေါ်​တော့ အတန်းပိုင်ဆရာ ဦးသိန်းထွန်းက ထလို့လာသည်။
ဒီဆရာက တာရာ့အ​ဖေသူငယ်ချင်းမို့ အပြင်မှာလည်း သူနဲ့ရင်းနှီးမှုရှိတာမို့ တာရာ ​ပြောချင်တာ​ပြောလို့အဆင်​ပြေသည်။

"ဆရာကြီး အတန်းထဲမှာ 'ည'ငို​နေတယ်၊ကွန်ပါဘူး ​ပျောက်လို့တဲ့"

"​ဟေ၊ဟုတ်လား
သူ့အိတ်ထဲ​ရော ​သေချာရှာပြီးပြီလား"

"ရှာပြီးပါပြီ ဆရာကြီး၊မရှိပါဘူး
အဲ့ကွန်ပါဘူးကို ကစား​ကျောင်းဆင်းတဲ့အထိ သူကိုင်​နေတာ သား​တွေ့ပါတယ်"

"အင်း ဒါဆိုအခိုးခံရတာ​သေချာ​နေပြီ​ပေါ့၊ လာလာ ဆရာလိုက်ခဲ့မယ်၊သွားစို့"

"ဟို ဆရာကြီး...ယူတဲ့သူကို သားသိ​နေသလိုပဲ"

တာရာ့စကား​ကြောင့် အတန်းဆီသွားဖို့ပြင်​နေသည့် ​ဆရာကြီး​ခြေလှမ်း​တွေရပ်ပြီး တာရာ့ကို ပြန်ငုံ့ကြည့်လာသည်။

"တာရာက ဘယ်သူလို့ထင်လို့လဲ၊ပြီး​တော့ ဘယ်လိုသိတာလဲ"

"ဟို ​နောက်ဆုံးတန်းက​ကောင်​တွေ ဖြစ်နိုင်ပါတယ်၊သား အခန်းထဲ​ရေ​သောက်ပြန်လာ​တော့ သားတို့ခုံ​​တွေနားက​နေ သူတို့​ပြေးသွားတာကို မြင်လိုက်တယ်၊ပြီး​တော့ သူတို့ပုံစံကြည့်ရတာ ​​ခေါင်းချင်း​တွေဆိုင်ပြီး တစ်ခုခုလုပ်​နေသလိုပဲ"

တာရာ့စကား​ကြောင့် ဆရာဦးသိန်းထွန်း ​​တွေ​ဝေမိသွားသည်။ဆရာတစ်​ယောက်အ​နေနဲ့ အ​ကြောင်းစုံမသိဘဲ ဒီလိုမှတ်ချက်မချသင့်​ပေမဲ့ ​ကျောင်းမှာရှိတဲ့ ပစ္စည်း​ပျောက်မှု​တွေရဲ့ တရားခံ​တွေဟာ ထို​ကောင်​လေး​တွေဖြစ်​နေတာပင်။နှစ်တိုင်းလည်း ​ကျောင်းပြီး​အောင်မတက်၊တက်​နေတဲ့အချိန်​တွေမှာလည်း ဒီလိုပဲ လစ်ရင်လစ်သလိုခိုးတာ၊က​လေး​တွေဆီက​နေ အနိုင်ကျင့်ပြီးယူတာ​တွေက အမြဲရှိ​နေကျပင်။ဒါ​ပေမဲ့လည်း ဆရာအ​နေနဲ့ ဘယ်တပည့်ကိုမှ တစ်ဖက်သတ်မစွပ်စွဲသင့်တာ​ရော၊တာရာ့စိတ်ထဲမှာ ဘယ်လိုရှိလဲသိချင်တာ​ရော​ကြောင့် သူဆက်​မေးမိသည်။

"သူတို့ယူတာလို့ တာရာက ဘာလို့​အတိအကျ​ပြောနိုင်တာလဲ၊သူတို့က ဆင်းရဲတဲ့လူ​တွေမို့ တာရာက အဲ့လိုထင်တာလား"

ဆရာ့​မေးခွန်း​ကြောင့် ​မော့ကြည့်လိုက်တဲ့ တာရာ့အကြည့်​တွေဟာ စူးခနဲ
တာရာ့မှာ အဲ့လိုခွဲခြားတဲ့စိတ်မရှိတာ အားလုံးသိ​နေတာပဲကို။

"မဟုတ်ပါဘူး ဆရာကြီး၊ဆင်းရဲလို့ ခိုးတယ်ထင်ရမယ်ဆို အတန်းထဲက တခြားသူ​တွေကိုလည်း သား ထင်လို့ရပါတယ်၊
ဒါက သားတို့ခုံနားက​နေ ​ပြေးသွားတာကို သားကိုယ်တိုင်မြင်လိုက်လို့ပါ"

"​အင်း၊ဟုတ်ပါပြီ
ကဲ ဒါဆို ဆရာကြီးတို့သွားကြည့်ကြတာ​ပေါ့"

ဆရာကြီးဝင်လာတာမြင်​တော့ အခန်းထဲကလူ​တွေအားလုံး ဆူညံ​နေရာမှ ငြိမ်ကုန်ပြီး နှုတ်ဆက်ကြသည်။
'ည'က​တော့ ခုနက​လောက်မငို​တော့​ပေမဲ့ ရှိုက်​နေတုန်းပင်၊ဖြူ​ဖွေး​နေတဲ့မျက်နှာမှာ သနပ်ခါးလည်းမရှိ​တော့ဘဲ ငိုထားတဲ့အရှိန်​ကြောင့် နီရဲစပ်​နေ​တော့သည်။

"သား ည၊ကွန်ပါဘူး ​ပျောက်လို့ဆို"

"ဟုတ် ဆရာကြီး၊သား ​​ကျောပိုးအိတ်ထဲမှာထည့်ခဲ့ပြီး မုန့်သွားဝယ်စားတာ၊​ခုမရှိ​တော့ဘူး"

"ကဲ အားလုံးပဲ၊မင်းတို့ရဲ့သူငယ်ချင်း 'ည'က ကွန်ပါဘူး​ပျောက်သွားလို့တဲ့
ကွန်ပါဘူးက လှ​လို့ယူကိုင်ကြည့်ပြီး ပြန်မထားဖြစ်ဘဲ သိမ်းထားတာမျိုး လုပ်မိကြလား​ဟေး"

"မလုပ်ပါဘူး ဆရာကြီး"

"မယူကြည့်ပါဘူး ဆရာကြီး"

သံပြိုင်ပြန်​ဖြေကြတဲ့ က​လေး​တွေရဲ့မျက်နှာကို ဦးသိန်းထွန်း လိုက်ပြီးအကဲခတ်ကြည့်ရသ​လောက် အားလုံးဟာ ဘာမှမသိကြတဲ့ပုံ​တွေပင်။
​​ရှေ့က က​လေး​တွေနဲ့မတူတာက​တော့ ​နောက်ဆုံးခုံမှာထိုင်​နေတဲ့ ၃​ယောက်၊ ဆယ်စုနှစ်တစ်ခု​ကျော် ဆရာလုပ်လာတဲ့ အ​တွေ့အကြုံအရ ​ကျောင်းသား​တွေရဲ့ မျက်နှာအရိပ်အကဲ၊မျက်လုံးအရိပ်အကဲကို သူ ​အေး​​ဆေးစွာဖတ်နိုင်ပါသည်။

"ဟာ ဒီလိုဆို ကွန်ပါဘူးက ​ခြေ​ထောက်​ပေါက်ပြီး ထွက်​ပြေးသွားတာ​ပေါ့၊'ည'နဲ့မ​နေချင်လို့ ထင်တယ်ကွ ​နော် ဟားဟား"

ဟာသ​နှောရင်းနဲ့ ဆရာ​ပြော​တော့ အားလုံးလိုက်ရယ်ကြသည်။အမြဲ ဟာသ​တွေနဲ့စာသင်တဲ့ဆရာကြီးကို သူတို့အားလုံး ချစ်ကြသည်​လေ။

"ကဲ ကဲ၊ အားလုံးလွယ်အိတ်​တွေ ခုံ​ပေါ်တင်ထားကြ​ဟေး၊ ဒီကွန်ပါဘူး ဘယ်သူ့ဆီကိုအလည်သွား​နေလဲ ဆရာကြီး လိုက်ရှာမယ်"

ဆရာကြီး​ပြောလိုက်တာနဲ့ ကိုယ်စီ လွယ်အိတ်​လေး​တွေ ခုံ​​ပေါ်တင်လိုက်ကြသည်။ယူတဲ့လူကို သူတို့အားလုံးလည်း သိချင်​နေဟန်​တွေက အထင်းသား။
​ရှေ့ဆုံးက ​ကျောင်းသူ​လေးရဲ့ လွယ်အိတ်ကို ​ခေါင်းငုံ့ပြီးအရှာ မျက်လုံးအရိပ်မှာ ဖျတ်ခနဲ​တွေ့လိုက်ရတဲ့အရိပ်၊​ဒီ​လောက်မှမလျင်ရင် သူဆရာ လုပ်​နေစရာအ​ကြောင်းမရှိ။

"​ကျောင်းသား နိုင်မင်း၊ မင်း အပြင်ကိုပစ်ချလိုက်တာ ဘာလဲ"

"ဗျာ ဆရာကြီး၊အမှိုက်ပစ်တာပါ"

"အမှိုက်ကို အဲ့လိုလက်လွတ်စပယ်ပစ်ရမယ်လို့ သင်ထားလားကွ"

"မသင်ထားပါဘူး"

​ရှေ့အတန်းမှာ ဆက်မရှာ​တော့ဘဲ ဆရာဦးသိန်းထွန်း ​နောက်ဆုံးထိ​လျှောက်သွားလိုက်သည်။ပြီး​နောက် ​အ​နောက်နံရံမှာ တစ်ခုတည်းရှိသည့် ပြတင်း​ပေါက်က​နေ အပြင်ကိုလှမ်းကြည့်လိုက်​တော့ ​ခြုံ​ပုတ်​ပေါ်မှာတင်​နေတဲ့ ကွန်ပါဘူးနီရဲရဲကို သူမြင်​နေရပြီ။

"ကဲ ထ၊သွား မင်းပစ်လိုက်တဲ့အမှိုက်ကို မင်း သွားပြန်​​ကောက်ခဲ့"

​နိုင်မင်းကို အပြင်ထွက်ခိုင်းလိုက်ပြီး ပြတင်း​ပေါက်မှာ လက်တင်ရင်း သူကြည့်​နေလိုက်သည်။​ပြောင်ရှင်း​နေတဲ့ တလင်းပြင်မှာ အမှိုက်ရယ်လို့ တစ်စတ​လေ​တောင်ရှိမ​နေတာက​တော့ ဒီ​ကောင်​လေး ကံဆိုးတာ​ပေါ့။

"ဟို ဆရာကြီး၊အမှိုက်က ​လေ​နောက်ပါသွားပြီလားမသိဘူး၊မ​တွေ့​တော့ဘူး"

"​ဟေ ဟုတ်လား၊ကွန်ပါဘူးက ​​လေ​နောက်ပါရ​အောင် မ​ပေါ့ပါဘူးကွ နိုင်မင်းရ"

"ဗျာ ဆရာကြီး"

"မင်း ပစ်လိုက်တဲ့ကွန်ပါဘူး​လေ၊ဟို ခြုံပုတ်​ပေါ်မှာ တင်​နေတာ ​တွေ့လား၊​လေ​​နောက်ပါမသွားဘူး
ပြန်ယူခဲ့ ​ဒီကို"

ဆရာကြီးရဲ့ အ​ဖြေအတိအကျမှာ နိုင်မင်းအပါအဝင် အထဲက သူ့ညီအစ်ကိုနှစ်​ယောက်လည်း မျက်နှာ​တွေပျက်ကုန်ကြ​လေပြီ။တခြားက​လေး​တွေက​တော့ ထင်သားပဲဆိုတဲ့ပုံ​လေး​တွေနဲ့ မျက်လုံးအပြူးသား၊ 'ည'တစ်​ယောက်က​တော့ ​မျှော်လင့်ချက်​တွေပြန်ရှိလာပြီး မျက်နှာ​လေးက ပြန်ဝင်းပလို့လာ​လေပြီ။
တာရာက​တော့ 'ည'ပုံကိုကြည့်ပြီး ခုမှသက်ပြင်းချမိသွားရတာဖြစ်သည်။ဒီ​ကောင် ငို​နေတာ တက်သွားမှာ​တောင်စိုးရသည်​လေ။

ဒီလိုနဲ့ 'ည'လက်ထဲကို စပိုက်ဒါမန်းပုံပါတဲ့ ကွန်ပါဘူးက ပြန်​ရောက်လို့လာပြီး ဟို၃​ယောက်ကိုလည်း ဆရာကြီးက ရုံးခန်း​ခေါ်သွား​လေပြီ။

"​ည ​နောက်တစ်ခါကျရင် သတိထားသိလား၊အဲ့​ကောင်ကြီး​တွေက အဲ့လိုပဲခိုး​နေကျ"

"အင်းပါ ထက်လင်း၊ ငါ ဂရုစိုက်ပါ့မယ်"

​ဘေးက ထက်လင်းကို ပြန်​ဖြေလိုက်ပြီး 'ည'ရဲ့ ညာဘက်မှာထိုင်​နေတဲ့သူကို ကြည့်လိုက်​တော့ ဘာမှမဖြစ်သလို စာ​တွေ​ကုန်း​ရေး​နေတဲ့ တာရာ
ဘာပဲဖြစ်ဖြစ် 'ည'ကို ဂရုစိုက်​ပေးလို့​ရော၊ဆရာကြီးကိုသွားတိုင်​ပေးလို့​ရော တာရာ့ကို 'ည'​ကျေးဇူးတင်မိပါသည်။

"အတာ...ဆရာကြီးကို​ခေါ်​ပေးလို့ မင်းကို​ကျေးဇူးတင်ပါတယ်"

တစ်ခါမှမကြားဖူးတဲ့နာမည်မို့ တာရာ​အံ့ဩသွားရသည်။သူ့ကို ဘယ်သူမှ ဒီလိုမ​ခေါ်ဖူးပါဘူး။

"မင်း ငါ့ကို အတာလို့​ခေါ်တာလား"

"ဟို မင်းအ​မေ​ခေါ်တာကို ကြားမိလို့​လေ၊မင်း အိမ်နာမည်ထင်လို့"

"ဟမ် ငါ့အ​မေကလား၊မ​ခေါ်ပါဘူး"

"ဟို ငါတို့လာတဲ့​နေ့က​လေ၊မင်းကို အဲ့လို​​အော်​ခေါ်လိုက်တာ ငါကြားမိသလိုပဲ"

"ဪ အဲဒါ ကိုတာလို့​ခေါ်တာပါကွ"

"ဪ ဟုတ်လား၊ငါ အတာလို့​ခေါ်တယ်ထင်လိုက်တာ၊ စိတ်မဆိုးနဲ့​နော် ငါ ငါမသိလို့"

"မဆိုးပါဘူး၊​ခေါ်ချင်သလို​ခေါ် ရတယ်"

"အဲဒါဆို ငါ အတာလို့ပဲ ဆက်​ခေါ်မယ်​နော်"

"​အေး​​အေး ရတယ်"

​ဘေးချင်းကပ်ပြီး စကားမ​​ပြောဖြစ်ကြဘဲ ရှိ​နေခဲ့တာမို့ ခုလိုခင်ခင်မင်မင်ဖြစ်သွားရတာကို နှစ်​ယောက်လုံး ​ပျော်ရွှင်​နေမိသည်။
တကယ်ဆို တာရာလည်း တဖြည်းဖြည်းစိတ်​ပြေ​​နေပါပြီ၊အမြဲ အ​ချော့ခံရသူမို့ ဒီတစ်ခါလည်း 'ည'ဘက်က​နေ သူ့ကိုစကားစ​ပြော၊စ​ခေါ်မှာကို လိုချင်ရုံသာ။

ည​နေ​ကျောင်းဆင်း​တော့ တာရာက သူငယ်တန်းကသူ့ညီမ​လေးကိုသွား​ခေါ်ပြီး ထက်လင်း၊​ကျော်ထက်တို့နဲ့ အတူတူပြန်သည်။
'ည'က​တော့ ဦး​လေးဦးမိုး​ဝေက ဆိုင်ကယ်နဲ့လာကြိုနှင့်တာမို့ ထုံးစံအတိုင်း ဆိုင်ကယ်နဲ့ပြန်ရသည်။
​နောက်ရက်​တွေကျရင်​တော့ အတာတို့နဲ့ပဲ အုပ်စုလိုက်လမ်း​လျှောက်သွား​တော့မယ်လို့လည်း 'ည'​တွေးထားပြီးဖြစ်သည်။အခုဆို အတာက သူ့ကိုစကား​ပြောပြီမို့ သူငယ်ချင်း​တွေနဲ့ သူတရင်းတနှီး ​နေရ​တော့မည်​​လေ။

"ည....က​လေး ဦး​မိုး​ဝေတို့ မစန္ဒာတို့အိမ် အရင်သွားကြမယ်​​နော်
သား ​ဖေ​ဖေနဲ့​မေ​မေက သား ​​ကျောင်းဆင်းရင် ဖုန်း​ပြောချင်လို့တဲ့"

"ဟုတ်ဟုတ် ဦးမိုး​ဝေ"

​ခေါင်းကို အတွင်ညိတ်ပြပြီး 'ည'​ပျော်ရွှင်သွားရသည်။​ဖေ​ဖေတို့နဲ့ သူစကားမ​ပြောရတာကြာပြီ​​လေ။

"မစန္ဒာ​ရေ"

"​ဟေး မိုး​ဝေ​ရေ၊ လာ လာ
သား 'ည'​လေးပါ ပါပြီဆို ငါ မနှင်းကို ဖုန်း​ခေါ်လိုက်​တော့မယ်"

အတာ့အ​မေဖြစ်သူ အန်တီစန္ဒာက သူ့မြင်တာနဲ့ ပြုံးရွှင်ပြီး စကား​ပြော​တော့သည်။
'တာရာနဲ့အတူ အိမ်လိုက်ခဲ့ဆိုတာကို လိုက်မလာဘူး'ဆို​တော့ သူသွားစိလို့သာ ပြန်ပြုံးပြလိုက်မိသည်။တာရာက သူ့ကိုအမြင်မှမကြည်​နေခဲ့တာ၊အိမ် ဘယ်လို​ခေါ်မလဲ​လေ။
'ည'တို့က ဆိုင်ကယ်နဲ့မို့ အိမ်​ရောက်နှင့်​နေ​ပေမဲ့ တာရာတို့က ပြန်မ​ရောက်​သေး။သူတို့​တွေအဖွဲ့လိုက် လမ်း​လျှောက်ပြီး တစ်ခါတ​လေ ကြာပန်း​တွေပါ ​ဆင်းခူးတတ်သည်ကို ထက်လင်း​ပြောပြလို့ သူသိပြီးဖြစ်သည်။

သိပ်မကြာခင်ပဲ ကြိုးဖုန်းက​နေတဆင့် ​မေ​မေနဲ့သူ ဖုန်း​ပြောရသည်။​​​မေ​မေ့ကို လွမ်း​နေရတာမို့ အသံကြားတာနဲ့ 'ည'မှာ ငိုမဲ့မဲ့။
ပြီး​နောက် ​ဖေ​ဖေပါ​ရောက်လာတာမို့ ​မေးသမျှ​ဖြေပြီး သူစိတ်​ပျော်လာသလိုပင်။

"သား​လေး အဲဒီမှာ ​​ကျောင်းတက်ရတာ​ပျော်လား၊အဆင်မ​ပြေတာရှိလား"

"ဟုတ် ​ဖေ​ဖေ၊​ပြေပါတယ်"

"အင်း၊ သား ​ဖေ​ဖေတို့နဲ့လိုက်​နေချင်လား
​ဒီဘက်ကို ​ကျောင်း​ပြောင်းလာချင်လား သား"

"အ​မေ​ရေ သားတို့ပြန်လာပြီ၊ဗိုက်ဆာတယ်"

​ဖေ​ဖေ့ဆီကအသံနဲ့ အပြင်ကအသံနှစ်ခုက 'ည'နားထဲ ပြိုင်တူဝင်လာသည်။
ပြီး​တော့ အိမ်ထဲထိ ​ပြေးဝင်လာတဲ့ တာရာက သူဖုန်း​ပြော​နေတာမြင်​​တော့ ရပ်သွားသည်။

"ည သူ့​မေ​မေတို့နဲ့ ဖုန်း​ပြော​နေတာသားရဲ့၊သွား အဝတ်အစားလဲ၊​အ​မေ ​ခေါက်ဆွဲ​ကြော်ထားတယ်
ပြီးရင် စားလိုက်
သမီးငယ် လာ၊​အ​မေ အဝတ်အစားလဲ​ပေးမယ်"

"ဟဲလို သား ​ဖေ​ဖေ​ပြောတာကြားလား၊ ​သား ​ဖေ​ဖေတို့ဆီ ​ပြောင်းလာချင်လားလို့"

ဖုန်းထဲကအသံခပ်ကျယ်ကျယ်ကို 'ည'တင်မက အဲ့နားမှာရပ်​နေတဲ့ တာရာပါကြားလိုက်တာမို့ 'ည'အ​ဖြေကို သူရပ်နား​ထောင်​နေမိသည်။

"​ဖေ​ဖေ သားဒီမှာပဲ ​ကျောင်းဆက်တက်မယ်၊သား ဒီမှာတာရာတို့နဲ့သူငယ်ချင်းဖြစ်ပြီး ​ပျော်​နေပြီ"

"ဟုတ်လား၊​အေးပါ သားရာ
​ဖေ​ဖေ့သား ​ပျော်​နေရင်ပြီး​ရောဗျာ
ဟားဟား"

တစ်ဖက်က ​ဖေ​ဖေရယ်​နေတာမို့ သူပါလိုက်ရယ်ရင်း အတာ့ကိုသူ​မော့ကြည့်မိသည်။
အတာက ပြုံးပြ​နေခဲ့သည်၊စ​တွေ့ကတည်းက တစ်ခါမှပြုံးမပြဖူးတဲ့အတာက 'ည'ကို ပြုံးရယ်ပြ​နေပုံက သူငယ်ချင်းလုပ်ကြရ​အောင်ဆိုတဲ့ အဓိပ္ပါယ်လို့ 'ည' မှတ်ယူရင်း အတာ့ကို မျက်လုံး​တွေမှိတ်ကျသည်အထိ သူပြန်ပြုံးလိုက်မိ​တော့သည်။

A/N သူတို့ ငြိမ်းချမ်း​ရေးရသွားပါပြီချင်^_^
အိုင်လို​နေတာ cmt​တွေပါချင်၊cmt​တွေပါ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

​ေနရာသစ္၊​ေက်ာင္းသစ္မွာ ​ေက်ာင္းသားသစ္အျဖစ္ 'ည'႐ွိ​ေနခဲ့တာ ႏွစ္ပတ္​ေျမာက္ျဖစ္လာခဲ့ၿပီ။
​​ေနသားတက်နဲ႔ ​ေပ်ာ္​ေနၿပီလားဆိုရင္​ေတာ့ 'ဟင့္အင္း'လို႔ပဲ 'ည'​ေျဖရလိမ့္မည္။
မခြဲစဖူးခြဲ​ေနရတဲ့ ​ေဖ​ေဖနဲ႔​ေမ​ေမကိုလည္း သူ​ေန႔တိုင္းလြမ္း​​ေနရသည္။အရင္ကဆို ​ေက်ာင္းဖယ္ရီကဆင္းတာနဲ႔ သူ႕ကိုအသင့္ႀကိဳ​ေနတဲ့ ​ေမ​ေမ့ရင္ခြင္ထဲ​ေျပးဝင္​ေနက်မို႔ ​ေက်ာင္းက​ေနအိမ္ကိုျပန္တိုင္း ​ေမ​ေမ့ကိုသတိရစိတ္က ပိုသည္း​ေနရသည္။အဘြားအပါအဝင္၊ဦး​ေလး​ေတြ၊အ​​ေဒၚ​ေတြက သူ႕ကိုခ်စ္ၾက၊ဂ႐ုစိုက္​ေပးၾက​ေပမဲ့ ​မိဘနဲ႔​ေဝး​ေနရစိတ္က အလိုလိုအားငယ္​ေစတာမ်ိဳးပင္။

​ေနာက္ၿပီး ​ေက်ာင္းမွာလည္း သူအခုထိ​ေနသားမက်၊အားလုံးက ႀကိဳသိႏွင့္ၿပီးသား​ေတြျဖစ္ၿပီး သူတစ္​ေယာက္ပဲ သင္းကြဲျဖစ္​ေနရတာကလည္း ရန္ကုန္​ေက်ာင္းက သူငယ္ခ်င္း​ေတြကို အလြမ္းပို​ေစတာပင္။ပိုဆိုးတာက ကိုယ့္​​ေဘးမွာ​ေနၿပီး ကိုယ့္ကိုမ႐ွိသလိုဆက္ဆံ​ခံ​ေနရျခင္းလည္းပါသည္။ထက္လင္းနဲ႔​ေက်ာ္ထက္က စကား​ေတြလည္း​ေျပာၾကသလို၊အတူကစားဖို႔ပါ​ေခၚ​ေပမဲ့ သူတို႔နဲ႔လိုက္မွာကို စိတ္႐ႈပ္သလိုျဖစ္ျပ​ေနတဲ့ တာရာ့​ေၾကာင့္ သူလည္း ခပ္ကင္းကင္းသာ​ေနျဖစ္သည္။​ေနရာသစ္မို႔ ဘယ္လိုပဲအားငယ္ရတယ္​ေျပာ​ေျပာ 'ည'မွာ မာနစိတ္​ေတာ့အျပည့္႐ွိပါ​ေသးသည္။ကိုယ့္ကိုတမင္တကာ မလိုလားျပ​ေနတာကို​​ေတာ့ မ်က္ႏွာ​ေျပာင္တိုက္ၿပီး လိုက္​ေခၚ​ေနမွာမဟုတ္။

​ေန႔လည္ကစားေက်ာင္း​ဆင္းခ်ိန္မို႔ အခန္းထဲမွာ ဘယ္သူမွမ႐ွိၾက​ေတာ့။အားလုံးက အျပင္မွာကစား​ေနၾက၊မုန္႔ဝယ္စားၾကနဲ႔ ​ေက်ာင္းကြင္းျပင္တစ္ခုလုံး အသံ​ေတြစီစီညံ​ေနၾကသည္။
'ည'တစ္​ေယာက္တည္းပဲ စာသင္ခုံမွာထိုင္ရင္း ပုံဆြဲ၊​ေဆးျခယ္လုပ္​ေနတာျဖစ္သည္။
တစ္​ေယာက္တည္းထိုင္​ေနရင္း ပ်င္းပ်င္း႐ွိတာမို႔ မုန္႔​ေစ်းတန္းမွာ မုန္႔သြားစားဖို႔​ေတြးရင္း ​မ​ေန႔ကမွ စာတိုက္က​ေန​ေရာက္လာသည့္ အသစ္စက္စက္ကြန္ပါဘူးထဲက​ေန မုန္႔ဖိုးကိုထုတ္ၿပီး ​က်န္တာ​ေတြကို ​ေက်ာပိုးအိတ္ထဲမွာ ​ေသခ်ာျပန္သိမ္းလိုက္သည္။
တစ္​ေန႔ကို မုန္႔ဖိုးငါးဆယ္ရ​​ေပမဲ့ 'ည'က အခန္းထဲတင္အ​ေနမ်ားတာမို႔ ပိုက္ဆံမကုန္။အိမ္ကထည့္​ေပးလိုက္တဲ့မုန္႔ကိုစားရင္း မုန္႔ဖိုး​ေတြကို​ေတာ့ ကြန္ပါဘူး​ထဲမွာ စုရင္းသိမ္းထားျဖစ္သည္။
ဒီ​ေန႔​ေတာ့ မုန္႔ဝယ္စားခ်င္တာမို႔ ပိုက္ဆံ​ေလးကိုလက္ထဲဆုပ္ရင္း ​သူတို႔ႏွစ္တန္းအခန္းနဲ႔ ခပ္​ေဝး​ေဝးမွာ႐ွိသည့္ မုန္႔ဆိုင္​ေလး​ေတြဆီသို႔ ​​ေျခလွမ္း​ေတြဦးတည္လိုက္သည္။

မုန္႔​ေစ်းတန္းဆို​ေပမဲ့ ရန္ကုန္​ေက်ာင္းမွာလို ဆိုင္ႀကီး​ေတြ၊မုန္႔မ်ိဳးစုံ​ေတြနဲ႔ ​ေ႐ြးစရာ​ေတြမ်ား​ေနတာမ်ိဳး​ေတာ့မဟုတ္။
သက္ကယ္မိုး၊ဝါးကြပ္ပ်စ္တဲ​ဆိုင္​​ေလး ၅ခုမွာ ဒန္အိုး​ေလး​ေတြစီခ်ထားတဲ့ဆိုင္​​​ေတြနဲ႔ မုန္႔ထုပ္​ေတြကို ခ်ိတ္​ေတြနဲ႔ဆြဲထားၿပီး ​ေရာင္းၾကတဲ့ ဆိုင္​​ေလး​ေတြျဖစ္သည္။
လင္ဗန္း​​ေပၚမွာ အ​ေရာင္ေတြရဲစို​ေနသည့္ အခ်ဥ္​ေပါင္း​ေတြက​ေတာ့ သူ႕အႀကိဳက္မဟုတ္။
ဖန္ခြက္​ေလးထဲမွာ တုတ္​ေလးထည့္၊​ေရခဲ​ေတြကို တဂ်စ္ဂ်စ္ျမည္​ေအာင္ျခစ္ခ်ၿပီး အ​ေပၚက​ေန ႏို႔ဆီ​ေတြ၊အခ်ိဳရည္​ေတြစမ္း​ေပးတဲ့ ​ေရခဲျခစ္နဲ႔ ဒန္အိုးထဲက​ေန ဆြဲယူရင္ူ တုတ္​ေပၚမွာရစ္ပတ္​ေပးသည့္ ကပ္​ေစးႏွဲကို​ေတာ့ သူအႀကိဳက္ဆုံးပင္။
ဒီ​ေန႔က​ေတာ့ ​ေနာက္က်​ေနၿပီမို႔ အဲဒါ​ေတြလည္း ရမွာမဟုတ္​ေတာ့။ခုထိ ​ေရာင္း​ေန​ေသးသည့္ သာကူက်ိဳ၊ႏို႔ထမင္းအ​ေရာကိုသာ ၅၀ဖိုးဝယ္စားလိုက္သည္။
​ေကာ္ဇလုံ​ေပါက္စ​ေလးနဲ႔ ျပည့္လုနီးပါးရတဲ့ ဒီသာကူက်ိဳႏို႔ထမင္းကိုလည္း သူအ​ေတာ္ႀကိဳက္သည္။႐ြာမွာ​ေက်ာင္းတက္ရတဲ့အထဲမွာ ဒီတစ္ခု​​ေတာ့ သူသ​ေဘာက်သည္။စားစရာ​ေတြက တ​​ေနကုန္၅၀ဆိုရင္ကို လုံ​ေလာက္​ေနတာပဲျဖစ္သည္။

'​ေကာင္​ေလး၊သူငယ္ခ်င္း​ေတြနဲ႔ မ​ေဆာ့ဘူးလား' လို႔​ေမးလာတဲ့ ​ေစ်းသည္အန္တီႀကီးကို 'ဟုတ္ကဲ့ဗ်'လို႔ ​ေျဖၿပီး​ေနာက္ သူ႕ပန္းကန္လုံး​ေလးကို စားပြဲဝိုင္း​ေပၚတင္၊​​ေခြး​ေျခခုံပု​ေလးမွာထိုင္ရင္း သာကူက်ိဳႏို႔ထမင္းအရသာကို တစိမ့္စိမ့္ခံစားလိုက္သည္။

​တ​ေဟး​ေဟး​ေအာ္​ေနတဲ့ ​ေဘာလုံးပြဲမွာ​ေတာ့ ၄တန္းကအစ္ကိုႀကီး​ေတြနဲ႔အၿပိဳင္ ​ေဘာလုံကန္​ေနတဲ့ တာရာ့ကို သူျမင္​ေနရသည္။
သူျမင္ရသ​ေလာက္ တာရာက ​​ေဘာလုံးကို​ေတာ္​ေတာ္႐ူးသလို၊​ေကာင္း​ေကာင္းလည္းကစားႏိုင္သည္။​ေက်ာင္းလာရင္လည္း လက္ထဲမွာ ​ေဘာလုံးပိုက္ထားသလို၊အတန္းထဲက သူ႕ခုံ​ေအာက္မွာလည္း ထို​ေဘာလုံးက အၿမဲ႐ွိသည္။တစ္ခါတ​ေလ စာလိုက္ဆို​ေနရင္းနဲ႔​ေတာင္ ​ေျခ​ေထာက္ကအၿငိမ္မ​ေနဘဲ ထို​​ေဘာလုံးကို ​ေျခ​ေထာက္နဲ႔ မသိမသာလွိမ့္​ေနတတ္တာကို သူသတိထားမိသည္။
အခုလည္း တာရာဂိုးသြင္းတာကိုပဲ သူတို႔အဖြဲ႕​ေတြ ဝိုင္း​ေအာ္​ေနၾကတာျဖစ္သည္။
​ေနပူထဲမွာ ဒီ​ေလာက္ကစားတာ​ေတာင္ တာရာ့အသားက အညိဳ​ေရာင္ပဲျဖစ္​ေနတာ အံ့ဩစရာပါပဲ။သူဆို ​ေက်ာင္းလာရင္​ေတာင္ လက္႐ွည္အက်ႌကို ထပ္ဝတ္လာျဖစ္သည္။မ​ေတာ္တဆ ရန္ကုန္ျပန္ရသည္႐ွိ​​ေသာ္ သူငယ္ခ်င္း​ေတြနဲ႔ျပန္​ေတြ႕ရင္ သူ႕အသား​ေတြမဲမ​ေနခ်င္​ေပ။

"တာရာ...ဘယ္လဲ၊ကန္ဦးမယ္​ေလကြာ"

"ကြၽန္​ေတာ္ ​ေရဆာ​ေနၿပီဗ်၊​ေရသြား​ေသာက္ၿပီး ျပန္လာခဲ့မယ္ ကိုႀကီး​ေအးမင္း"

​​ေဘာလုံးကြင္းထဲ​ေရာက္ရင္ သူ႕ကိုျပန္မလႊတ္ခ်င္​ေတာ့တဲ့ ​ေလးတန္းကအစ္ကို​ေတြကို လက္ကာျပၿပီး ၂တန္းခန္း႐ွိရာကို ခပ္ျမန္ျမန္ပဲ​ေျပးသြားလိုက္သည္။တစ္ခ်ိန္လုံး​ေျပေနရတာ သူ​ေရဆာ​ေနၿပီ​ေလ။​ေရဘူးကို ကြင္းထဲထိသယ္ရင္လည္း အားလုံးကယူ​​ေသာက္ပစ္ၾကတာကို တာရာမႀကိဳက္။တာရာက ​​ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ ​ေဘာလုံးကန္ရတာကိုႀကိဳက္​ေပမဲ့ သူမတူ​ေအာင္လည္း ႐ြံတတ္​ေသးသည္။သူ႕​ေရဘူးကို တျခားသူ​ေတြႏႈတ္ခမ္းနဲ႔ထိ​ေသာက္ရင္ အဲ့​ေရဘူးကို ျပန္ကိုမထိ​ေတာ့။ဒါ​ေၾကာင့္လည္း အားလုံးရန္ကလြတ္​ေအာင္ ​ေရဘူးကို ခုံထဲတင္ထည့္ထားခဲ့တာပင္။

'ဝုန္း ဝုန္း'

တာရာ အခန္းထဲ​ေရာက္​ေရာက္ခ်င္း အသံၾကားလိုက္ရတာမို႔ အသံလာရာကိုၾကည့္လိုက္​ေတာ့ ၂တန္း​ေပမဲ့ သူတို႔ထက္၅ႏွစ္​​ေလာက္ႀကီးတဲ့​ေက်ာင္းသား​ေတြထိုင္ရာ ​ေနာက္ဆုံးအတန္းကျဖစ္သည္။စာ​ေရးတဲ့ခုံ​ေတြ​ေပၚက​ေန ​ေျခ​ေထာက္နဲ႔ျဖတ္​ေျပးတဲ့ အဲ့​ေကာင္​ေတြကို တာရာၾကည့္မရ။သူတို႔​ေတြက ​​အျပင္မွာအ​ေနၾကာ​ေနသည့္လူ​ေတြ၊ရပ္႐ြာလူႀကီး​ေတြက ၄တန္းအထိ ​အတန္းပညာသင္ဖူးရမယ္ဆိုၿပီး ​​ေထာက္ပံ့​ေၾကး​ေတြ​ေပးၿပီး ​ေက်ာင္းတက္ခိုင္းၾကတာ၊​ေနာက္လ​ေလာက္ဆို သူတို႔​ေက်ာင္းလာၾကမွမဟုတ္​ေတာ့၊
ဒီလိုနဲ႔ ဒီအတန္းမွာတင္ ႏွစ္ခ်ိဳ႕​ေနၾကတာျဖစ္သည္။ဆင္းရဲခ်ိဳ႕တဲ့တာထက္ စာရိတၱပ်က္စီး​တာက အမ်ားႀကီးပိုဆိုးသည္ဟု တာရာထင္သည္။ဒီလူ​ေတြက အဲ့လိုလူ​ေတြပင္။လူ​ေကာင္ႀကီး၊အသက္ႀကီးတယ္ဆိုၿပီး တျခားက​ေလး​ေတြကို အႏိုင္က်င့္သည္၊မုန္႔ဖိုး​ေတြလုသည္၊ပစၥည္း​ေတြခိုးသည္။ဆရာ၊ဆရာမ​ေတြက မိသြားလို႔ ဆုံးမရင္၊႐ိုက္ရင္လည္း ခဏ​ေပ။ၿပီးရင္ ျပန္ဆိုးသြမ္းၾကတဲ့လူ​​ေတြျဖစ္တာမို႔ တာရာ သူတို႔ကို လုံးဝမႀကိဳက္။

ထိုအဖြဲ႕ကိုလ်စ္လ်ဴ႐ႈၿပီး တာရာ​ ကိုယ့္​ေနရာကိုယ္သြားၿပီးသာ ​ေရဘူးထုတ္၍ ​ေရ​ေသာက္​ေနလိုက္သည္။သူ​ေရ​ေသာက္​ေနတုန္း ျဖဴလႊလႊအရိပ္က တည္ၿငိမ္တဲ့​ေျခလွမ္း​ေတြနဲ႔ အခန္းထဲဝင္လာတာကို မ်က္​လုံး​ေထာင့္က​​ေနျမင္​ေနရသည္။
တာရာကသာ ​တ​ေနကုန္​ေဆာ့ကစားၿပီး အက်ႌအျဖဴက အမဲ​ေရာင္​ေျပာင္း​လို႔ အိမ္​ေရာက္ရင္ အ​ေမဆူတာကိုခံ​ေနရတာ၊အဲ့တစ္​ေယာက္က​ေတာ့ ည​ေန​ေရာက္တာ​ေတာင္ မ်က္ႏွာက သနပ္ခါးမပ်က္။တာရာဆို လမ္းမွာကတည္းက အ​ေမလိမ္း​ေပးလိုက္တဲ့ သနပ္ခါး အကုန္ဖ်က္ပစ္လို႔ အ​ေမ့လက္ဝါးစာမိတာ ခဏခဏ။
ၿပီး​ေတာ့ တစ္ခ်ိန္လုံး 'ည'ကို ​ေခၚ​ေနာ္၊ဂ႐ုစိုက္​ေနာ္ဆိုတာက ​​ေျပာ​ေသးသည္။
တကယ္​​ေတာ့ အဲ့​ေကာင္ကမွ အ​ေမ့သားျဖစ္ရမွာ။

တာရာ​ေရ​ေသာက္ၿပီး ျပန္ထြက္မယ္လုပ္​ေတာ့ ဟိုဘဲဥ​ေကာင္ လြယ္အိတ္ထဲကို ​ေခါင္းစိုက္ၿပီး ဘာ​ေတြႏိႈက္​ေနမွန္းမသိ။တာရာက​ေတာ့ ​ေက်ာင္းျပန္မတက္ခင္​​ေလး ​ေဘာလုံးကြင္း႐ွိရာကိုသာ အ​ေျပးအလႊားသြားလိုက္​ေတာ့သည္။

သိပ္မၾကာခင္မွာပဲ ​ေခါင္း​ေလာင္းသံနဲ႔အတူ အားလုံးလည္း ကိုယ္စီ ကိုယ့္အခန္း႐ွိရာကို ျပန္​ေျပးၾကရသည္။
ဒီလိုပဲ ၂တန္းခန္းထဲမွာလည္း အသံ​ေတြကဆူညံ​ေနတာပင္။​​ေက်ာင္းသူ​ေတြကလည္း မၿပီးျပတ္လိုက္တဲ့ ႀကိဳးခုန္ျခင္း၊ဇယ္​ေတာက္ျခင္း​ေတြကို ဆက္ျငင္းခုန္​ေနၾကသလို ​ေက်ာင္းသား​ေတြကလည္း ​ေက်ာင္းဆင္းအိမ္ျပန္ရင္ ၾကာကန္ထဲ ၾကာဆင္းခူးဖို႔၊​ေတာထဲမွာ ႐ႊံ႕သြားခြာၿပီး အ႐ုပ္လုပ္ၾကဖို႔​​ေတြနဲ႔ စကား​ေတြက အမွ်င္မျပတ္ႏိုင္ၾက။
တာရာတို႔အတန္းမွာလည္း ထက္လင္းနဲ႔​ေက်ာ္ထက္ရဲ႕ ပါးစပ္ကခ်​ေနတဲ့ သိုင္းသံ​ေတြက တညံညံပင္။ထိုႏွစ္​ေကာင္ကို တာရာစိတ္ပ်က္လက္ပ်က္ၾကည့္​ေနရင္း အလယ္ကတစ္​ေယာက္ဆီကို အၾကည့္​ေရာက္မိေတာ့ တာရာ​ေၾကာင္အသြားရသည္။
လြယ္အိတ္ထဲကို လက္ႏိႈက္ၿပီး ​ေခါင္းစိုက္လ်က္ ၿငိမ္​​ေနတဲ့​​သူက ႏႈတ္ခမ္း​​ေတြကိုဖိကိုက္ထားၿပီး ပါးမွာ မ်က္ရည္စီး​ေၾကာင္း​ေတြက တလွိမ့္လွိမ့္စီးက်​ေနတာမို႔ တာရာမ်က္လုံးအျပဴးသားနဲ႔ ဘဲဥရဲ႕ပခုံးကို ကိုင္ၿပီးလႈပ္လိုက္မိ​ေတာ့၏။

"မင္း ဘာျဖစ္လို႔လဲ ည"

"ဟင့္ ဟင့္"

"ဟင္ ည ဘာျဖစ္​​ေနတာလဲ၊တာရာ မင္း ဘာလုပ္လိုက္တာလဲ"

"​ေခြးႏွစ္​ေကာင္ ငါက ဘာလုပ္ရမွာလဲ၊ သူငို​ေနတာျမင္လို႔ ​ေမး​ေနတာ"

​ေဘးက၃​ေယာက္၏ ပ်ာပ်ာသလဲဂ႐ုစိုက္မႈ​ေတြကို ျမင္ရ​ေလ 'ည'တစ္​ေယာက္ ဝမ္းနည္းစိတ္​ေတြတလိႈက္လိႈက္တက္လာၿပီး ပိုငိုခ်င္လာ​ေလပင္။အစက ငါ​ေယာက်္ား​ေလးပဲ၊မငိုရဘူးဆိုၿပီး အံႀကိတ္ထားသမွ်ဟာ ကိုယ့္ကိုအၿမဲရန္လို​ေနတဲ့ တာရာ့ဆီက 'ဘာျဖစ္လို႔လဲ၊ည'ဆိုတာကို ၾကား႐ုံနဲ႔တင္ ဝမ္းနည္းစိတ္​ေတြမထိန္းႏိုင္ဘဲ ငိုမိတာပင္။

"ဘာျဖစ္လို႔ငိုတာလဲ၊​ေျပာဦး​ေလ 'ည'ရ၊ ဆရာႀကီးကို သြား​ေခၚ​ေပးရမလား"

"အင့္ ဟင့္ ငါ့ ငါ့ကြန္ပါဘူးအသစ္​ေလး မ႐ွိ​ေတာ့ဘူး၊အဟင့္ ​ေမ​ေမက အ​ေဝးႀကီးက​ေန ပို႔​ေပးလိုက္တာ အင့္၊ငါစုထားတဲ့ ပိုက္ဆံ​​ေလး​​ေတြ​ေရာ အင့္၊အီ ဟီး"

"ဟာ အဲဒါဆို အခိုးခံရတာ​ေပါ့၊ကြန္ပါဘူးက ​ေက်ာင္းကိုပါလာတာ​ေရာ ​ေသခ်ာလား ည"

"ပါတယ္ ထက္လင္း၊​ကစား​ေက်ာင္းမဆင္းခင္ကထိ 'ည'ကိုင္​ေနတာ ငါ​ေတြ႕တယ္"

​ေက်ာ္ထက္နဲ႔ထက္လင္းက ​အခ်င္းခ်င္း အ​ေမးအ​ေျဖလုပ္​ေနၾကၿပီး 'ည'ကလည္း ခုံ​ေပၚ​ေခါင္း​ေမွာက္ၿပီး တသိမ့္သိမ့္နဲ႔႐ိႈက္ငို​ေန​ေတာ့သည္။
အခန္းထဲက တျခား​ေက်ာင္းသား​ေတြလည္း ​ဆူညံ​ေနရာမွ ၿငိမ္ကုန္ကာ ဘာျဖစ္တာလဲဆိုၿပီး စူးစမ္းၾက​​​ေလရဲ႕။တာရာက​ေတာ့ နံရံမွာ​ေက်ာကပ္၊လက္ႏွစ္ဖက္ကိုယွက္ထားရင္း တလႈပ္လႈပ္ျဖစ္​ေနတဲ့​ေက်ာျပင္​ေလးကိုၾကည့္လိုက္၊​ေနာက္ဆုံးတန္း​ေတြစီ ​​ေဝ့ၾကည့္လိုက္နဲ႔ အ​ေတြးမ်ား​ေနသည္။ၿပီး​ေနာက္ အတန္းထဲက​ေန ထၿပီးအျပင္သို႔ထြက္သြား​​ေလ၏။

"ဆရာႀကီး"

"​ေဟ တာရာ၊ဘာလို႔လဲ"

႐ုံးခန္းတံခါးမွာ လက္​ေလးပိုက္ရပ္ရင္း တာရာ​ေခၚ​ေတာ့ အတန္းပိုင္ဆရာ ဦးသိန္းထြန္းက ထလို႔လာသည္။
ဒီဆရာက တာရာ့အ​ေဖသူငယ္ခ်င္းမို႔ အျပင္မွာလည္း သူနဲ႔ရင္းႏွီးမႈ႐ွိတာမို႔ တာရာ ​ေျပာခ်င္တာ​ေျပာလို႔အဆင္​ေျပသည္။

"ဆရာႀကီး အတန္းထဲမွာ 'ည'ငို​ေနတယ္၊ကြန္ပါဘူး ​ေပ်ာက္လို႔တဲ့"

"​ေဟ၊ဟုတ္လား
သူ႕အိတ္ထဲ​ေရာ ​ေသခ်ာ႐ွာၿပီးၿပီလား"

"႐ွာၿပီးပါၿပီ ဆရာႀကီး၊မ႐ွိပါဘူး
အဲ့ကြန္ပါဘူးကို ကစား​ေက်ာင္းဆင္းတဲ့အထိ သူကိုင္​ေနတာ သား​ေတြ႕ပါတယ္"

"အင္း ဒါဆိုအခိုးခံရတာ​ေသခ်ာ​ေနၿပီ​ေပါ့၊ လာလာ ဆရာလိုက္ခဲ့မယ္၊သြားစို႔"

"ဟို ဆရာႀကီး...ယူတဲ့သူကို သားသိ​ေနသလိုပဲ"

တာရာ့စကား​ေၾကာင့္ အတန္းဆီသြားဖို႔ျပင္​ေနသည့္ ​ဆရာႀကီး​ေျခလွမ္း​ေတြရပ္ၿပီး တာရာ့ကို ျပန္ငုံ႔ၾကည့္လာသည္။

"တာရာက ဘယ္သူလို႔ထင္လို႔လဲ၊ၿပီး​ေတာ့ ဘယ္လိုသိတာလဲ"

"ဟို ​ေနာက္ဆုံးတန္းက​ေကာင္​ေတြ ျဖစ္ႏိုင္ပါတယ္၊သား အခန္းထဲ​ေရ​ေသာက္ျပန္လာ​ေတာ့ သားတို႔ခုံ​​ေတြနားက​ေန သူတို႔​ေျပးသြားတာကို ျမင္လိုက္တယ္၊ၿပီး​ေတာ့ သူတို႔ပုံစံၾကည့္ရတာ ​​ေခါင္းခ်င္း​ေတြဆိုင္ၿပီး တစ္ခုခုလုပ္​ေနသလိုပဲ"

တာရာ့စကား​ေၾကာင့္ ဆရာဦးသိန္းထြန္း ​​ေတြ​ေဝမိသြားသည္။ဆရာတစ္​ေယာက္အ​ေနနဲ႔ အ​ေၾကာင္းစုံမသိဘဲ ဒီလိုမွတ္ခ်က္မခ်သင့္​ေပမဲ့ ​ေက်ာင္းမွာ႐ွိတဲ့ ပစၥည္း​ေပ်ာက္မႈ​ေတြရဲ႕ တရားခံ​ေတြဟာ ထို​ေကာင္​ေလး​ေတြျဖစ္​ေနတာပင္။ႏွစ္တိုင္းလည္း ​ေက်ာင္းၿပီး​ေအာင္မတက္၊တက္​ေနတဲ့အခ်ိန္​ေတြမွာလည္း ဒီလိုပဲ လစ္ရင္လစ္သလိုခိုးတာ၊က​ေလး​ေတြဆီက​ေန အႏိုင္က်င့္ၿပီးယူတာ​ေတြက အၿမဲ႐ွိ​ေနက်ပင္။ဒါ​ေပမဲ့လည္း ဆရာအ​ေနနဲ႔ ဘယ္တပည့္ကိုမွ တစ္ဖက္သတ္မစြပ္စြဲသင့္တာ​ေရာ၊တာရာ့စိတ္ထဲမွာ ဘယ္လို႐ွိလဲသိခ်င္တာ​ေရာ​ေၾကာင့္ သူဆက္​ေမးမိသည္။

"သူတို႔ယူတာလို႔ တာရာက ဘာလို႔​အတိအက်​ေျပာႏိုင္တာလဲ၊သူတို႔က ဆင္းရဲတဲ့လူ​ေတြမို႔ တာရာက အဲ့လိုထင္တာလား"

ဆရာ့​ေမးခြန္း​ေၾကာင့္ ​ေမာ့ၾကည့္လိုက္တဲ့ တာရာ့အၾကည့္​ေတြဟာ စူးခနဲ
တာရာ့မွာ အဲ့လိုခြဲျခားတဲ့စိတ္မ႐ွိတာ အားလုံးသိ​ေနတာပဲကို။

"မဟုတ္ပါဘူး ဆရာႀကီး၊ဆင္းရဲလို႔ ခိုးတယ္ထင္ရမယ္ဆို အတန္းထဲက တျခားသူ​ေတြကိုလည္း သား ထင္လို႔ရပါတယ္၊
ဒါက သားတို႔ခုံနားက​ေန ​ေျပးသြားတာကို သားကိုယ္တိုင္ျမင္လိုက္လို႔ပါ"

"​အင္း၊ဟုတ္ပါၿပီ
ကဲ ဒါဆို ဆရာႀကီးတို႔သြားၾကည့္ၾကတာ​ေပါ့"

ဆရာႀကီးဝင္လာတာျမင္​ေတာ့ အခန္းထဲကလူ​ေတြအားလုံး ဆူညံ​ေနရာမွ ၿငိမ္ကုန္ၿပီး ႏႈတ္ဆက္ၾကသည္။
'ည'က​ေတာ့ ခုနက​ေလာက္မငို​ေတာ့​ေပမဲ့ ႐ိႈက္​ေနတုန္းပင္၊ျဖဴ​ေဖြး​ေနတဲ့မ်က္ႏွာမွာ သနပ္ခါးလည္းမ႐ွိ​ေတာ့ဘဲ ငိုထားတဲ့အ႐ွိန္​ေၾကာင့္ နီရဲစပ္​ေန​ေတာ့သည္။

"သား ည၊ကြန္ပါဘူး ​ေပ်ာက္လို႔ဆို"

"ဟုတ္ ဆရာႀကီး၊သား ​​ေက်ာပိုးအိတ္ထဲမွာထည့္ခဲ့ၿပီး မုန္႔သြားဝယ္စားတာ၊​ခုမ႐ွိ​ေတာ့ဘူး"

"ကဲ အားလုံးပဲ၊မင္းတို႔ရဲ႕သူငယ္ခ်င္း 'ည'က ကြန္ပါဘူး​ေပ်ာက္သြားလို႔တဲ့
ကြန္ပါဘူးက လွ​လို႔ယူကိုင္ၾကည့္ၿပီး ျပန္မထားျဖစ္ဘဲ သိမ္းထားတာမ်ိဳး လုပ္မိၾကလား​ေဟး"

"မလုပ္ပါဘူး ဆရာႀကီး"

"မယူၾကည့္ပါဘူး ဆရာႀကီး"

သံၿပိဳင္ျပန္​ေျဖၾကတဲ့ က​ေလး​ေတြရဲ႕မ်က္ႏွာကို ဦးသိန္းထြန္း လိုက္ၿပီးအကဲခတ္ၾကည့္ရသ​ေလာက္ အားလုံးဟာ ဘာမွမသိၾကတဲ့ပုံ​ေတြပင္။
​​ေ႐ွ႕က က​ေလး​ေတြနဲ႔မတူတာက​ေတာ့ ​ေနာက္ဆုံးခုံမွာထိုင္​ေနတဲ့ ၃​ေယာက္၊ ဆယ္စုႏွစ္တစ္ခု​ေက်ာ္ ဆရာလုပ္လာတဲ့ အ​ေတြ႕အၾကဳံအရ ​ေက်ာင္းသား​ေတြရဲ႕ မ်က္ႏွာအရိပ္အကဲ၊မ်က္လုံးအရိပ္အကဲကို သူ ​ေအး​​ေဆးစြာဖတ္ႏိုင္ပါသည္။

"ဟာ ဒီလိုဆို ကြန္ပါဘူးက ​ေျခ​ေထာက္​ေပါက္ၿပီး ထြက္​ေျပးသြားတာ​ေပါ့၊'ည'နဲ႔မ​ေနခ်င္လို႔ ထင္တယ္ကြ ​ေနာ္ ဟားဟား"

ဟာသ​ေႏွာရင္းနဲ႔ ဆရာ​ေျပာ​ေတာ့ အားလုံးလိုက္ရယ္ၾကသည္။အၿမဲ ဟာသ​ေတြနဲ႔စာသင္တဲ့ဆရာႀကီးကို သူတို႔အားလုံး ခ်စ္ၾကသည္​ေလ။

"ကဲ ကဲ၊ အားလုံးလြယ္အိတ္​ေတြ ခုံ​ေပၚတင္ထားၾက​ေဟး၊ ဒီကြန္ပါဘူး ဘယ္သူ႕ဆီကိုအလည္သြား​ေနလဲ ဆရာႀကီး လိုက္႐ွာမယ္"

ဆရာႀကီး​ေျပာလိုက္တာနဲ႔ ကိုယ္စီ လြယ္အိတ္​ေလး​ေတြ ခုံ​​ေပၚတင္လိုက္ၾကသည္။ယူတဲ့လူကို သူတို႔အားလုံးလည္း သိခ်င္​ေနဟန္​ေတြက အထင္းသား။
​ေ႐ွ႕ဆုံးက ​ေက်ာင္းသူ​ေလးရဲ႕ လြယ္အိတ္ကို ​ေခါင္းငုံ႔ၿပီးအ႐ွာ မ်က္လုံးအရိပ္မွာ ဖ်တ္ခနဲ​ေတြ႕လိုက္ရတဲ့အရိပ္၊​ဒီ​ေလာက္မွမလ်င္ရင္ သူဆရာ လုပ္​ေနစရာအ​ေၾကာင္းမ႐ွိ။

"​ေက်ာင္းသား ႏိုင္မင္း၊ မင္း အျပင္ကိုပစ္ခ်လိုက္တာ ဘာလဲ"

"ဗ်ာ ဆရာႀကီး၊အမိႈက္ပစ္တာပါ"

"အမိႈက္ကို အဲ့လိုလက္လြတ္စပယ္ပစ္ရမယ္လို႔ သင္ထားလားကြ"

"မသင္ထားပါဘူး"

​ေ႐ွ႕အတန္းမွာ ဆက္မ႐ွာ​ေတာ့ဘဲ ဆရာဦးသိန္းထြန္း ​ေနာက္ဆုံးထိ​ေလွ်ာက္သြားလိုက္သည္။ၿပီး​ေနာက္ ​အ​ေနာက္နံရံမွာ တစ္ခုတည္း႐ွိသည့္ ျပတင္း​ေပါက္က​ေန အျပင္ကိုလွမ္းၾကည့္လိုက္​ေတာ့ ​ျခဳံ​ပုတ္​ေပၚမွာတင္​ေနတဲ့ ကြန္ပါဘူးနီရဲရဲကို သူျမင္​ေနရၿပီ။

"ကဲ ထ၊သြား မင္းပစ္လိုက္တဲ့အမိႈက္ကို မင္း သြားျပန္​​ေကာက္ခဲ့"

​ႏိုင္မင္းကို အျပင္ထြက္ခိုင္းလိုက္ၿပီး ျပတင္း​ေပါက္မွာ လက္တင္ရင္း သူၾကည့္​ေနလိုက္သည္။​ေျပာင္႐ွင္း​ေနတဲ့ တလင္းျပင္မွာ အမိႈက္ရယ္လို႔ တစ္စတ​ေလ​ေတာင္႐ွိမ​ေနတာက​ေတာ့ ဒီ​ေကာင္​ေလး ကံဆိုးတာ​ေပါ့။

"ဟို ဆရာႀကီး၊အမိႈက္က ​ေလ​ေနာက္ပါသြားၿပီလားမသိဘူး၊မ​ေတြ႕​ေတာ့ဘူး"

"​ေဟ ဟုတ္လား၊ကြန္ပါဘူးက ​​ေလ​ေနာက္ပါရ​ေအာင္ မ​ေပါ့ပါဘူးကြ ႏိုင္မင္းရ"

"ဗ်ာ ဆရာႀကီး"

"မင္း ပစ္လိုက္တဲ့ကြန္ပါဘူး​ေလ၊ဟို ျခဳံပုတ္​ေပၚမွာ တင္​ေနတာ ​ေတြ႕လား၊​ေလ​​ေနာက္ပါမသြားဘူး
ျပန္ယူခဲ့ ​ဒီကို"

ဆရာႀကီးရဲ႕ အ​ေျဖအတိအက်မွာ ႏိုင္မင္းအပါအဝင္ အထဲက သူ႕ညီအစ္ကိုႏွစ္​ေယာက္လည္း မ်က္ႏွာ​ေတြပ်က္ကုန္ၾက​ေလၿပီ။တျခားက​ေလး​ေတြက​ေတာ့ ထင္သားပဲဆိုတဲ့ပုံ​ေလး​ေတြနဲ႔ မ်က္လုံးအျပဴးသား၊ 'ည'တစ္​ေယာက္က​ေတာ့ ​ေမွ်ာ္လင့္ခ်က္​ေတြျပန္႐ွိလာၿပီး မ်က္ႏွာ​ေလးက ျပန္ဝင္းပလို႔လာ​ေလၿပီ။
တာရာက​ေတာ့ 'ည'ပုံကိုၾကည့္ၿပီး ခုမွသက္ျပင္းခ်မိသြားရတာျဖစ္သည္။ဒီ​ေကာင္ ငို​ေနတာ တက္သြားမွာ​ေတာင္စိုးရသည္​ေလ။

ဒီလိုနဲ႔ 'ည'လက္ထဲကို စပိုက္ဒါမန္းပုံပါတဲ့ ကြန္ပါဘူးက ျပန္​ေရာက္လို႔လာၿပီး ဟို၃​ေယာက္ကိုလည္း ဆရာႀကီးက ႐ုံးခန္း​ေခၚသြား​ေလၿပီ။

"​ည ​ေနာက္တစ္ခါက်ရင္ သတိထားသိလား၊အဲ့​ေကာင္ႀကီး​ေတြက အဲ့လိုပဲခိုး​ေနက်"

"အင္းပါ ထက္လင္း၊ ငါ ဂ႐ုစိုက္ပါ့မယ္"

​ေဘးက ထက္လင္းကို ျပန္​ေျဖလိုက္ၿပီး 'ည'ရဲ႕ ညာဘက္မွာထိုင္​ေနတဲ့သူကို ၾကည့္လိုက္​ေတာ့ ဘာမွမျဖစ္သလို စာ​ေတြ​ကုန္း​ေရး​ေနတဲ့ တာရာ
ဘာပဲျဖစ္ျဖစ္ 'ည'ကို ဂ႐ုစိုက္​ေပးလို႔​ေရာ၊ဆရာႀကီးကိုသြားတိုင္​ေပးလို႔​ေရာ တာရာ့ကို 'ည'​ေက်းဇူးတင္မိပါသည္။

"အတာ...ဆရာႀကီးကို​ေခၚ​ေပးလို႔ မင္းကို​ေက်းဇူးတင္ပါတယ္"

တစ္ခါမွမၾကားဖူးတဲ့နာမည္မို႔ တာရာ​အံ့ဩသြားရသည္။သူ႕ကို ဘယ္သူမွ ဒီလိုမ​ေခၚဖူးပါဘူး။

"မင္း ငါ့ကို အတာလို႔​ေခၚတာလား"

"ဟို မင္းအ​ေမ​ေခၚတာကို ၾကားမိလို႔​ေလ၊မင္း အိမ္နာမည္ထင္လို႔"

"ဟမ္ ငါ့အ​ေမကလား၊မ​ေခၚပါဘူး"

"ဟို ငါတို႔လာတဲ့​ေန႔က​ေလ၊မင္းကို အဲ့လို​​ေအာ္​ေခၚလိုက္တာ ငါၾကားမိသလိုပဲ"

"ဪ အဲဒါ ကိုတာလို႔​ေခၚတာပါကြ"

"ဪ ဟုတ္လား၊ငါ အတာလို႔​ေခၚတယ္ထင္လိုက္တာ၊ စိတ္မဆိုးနဲ႔​ေနာ္ ငါ ငါမသိလို႔"

"မဆိုးပါဘူး၊​ေခၚခ်င္သလို​ေခၚ ရတယ္"

"အဲဒါဆို ငါ အတာလို႔ပဲ ဆက္​ေခၚမယ္​ေနာ္"

"​ေအး​​ေအး ရတယ္"

​ေဘးခ်င္းကပ္ၿပီး စကားမ​​ေျပာျဖစ္ၾကဘဲ ႐ွိ​ေနခဲ့တာမို႔ ခုလိုခင္ခင္မင္မင္ျဖစ္သြားရတာကို ႏွစ္​ေယာက္လုံး ​ေပ်ာ္႐ႊင္​ေနမိသည္။
တကယ္ဆို တာရာလည္း တျဖည္းျဖည္းစိတ္​ေျပ​​ေနပါၿပီ၊အၿမဲ အ​ေခ်ာ့ခံရသူမို႔ ဒီတစ္ခါလည္း 'ည'ဘက္က​ေန သူ႕ကိုစကားစ​ေျပာ၊စ​ေခၚမွာကို လိုခ်င္႐ုံသာ။

ည​ေန​ေက်ာင္းဆင္း​ေတာ့ တာရာက သူငယ္တန္းကသူ႕ညီမ​ေလးကိုသြား​ေခၚၿပီး ထက္လင္း၊​ေက်ာ္ထက္တို႔နဲ႔ အတူတူျပန္သည္။
'ည'က​ေတာ့ ဦး​ေလးဦးမိုး​ေဝက ဆိုင္ကယ္နဲ႔လာႀကိဳႏွင့္တာမို႔ ထုံးစံအတိုင္း ဆိုင္ကယ္နဲ႔ျပန္ရသည္။
​ေနာက္ရက္​ေတြက်ရင္​ေတာ့ အတာတို႔နဲ႔ပဲ အုပ္စုလိုက္လမ္း​ေလွ်ာက္သြား​ေတာ့မယ္လို႔လည္း 'ည'​ေတြးထားၿပီးျဖစ္သည္။အခုဆို အတာက သူ႕ကိုစကား​ေျပာၿပီမို႔ သူငယ္ခ်င္း​ေတြနဲ႔ သူတရင္းတႏွီး ​ေနရ​ေတာ့မည္​​ေလ။

"ည....က​ေလး ဦး​မိုး​ေဝတို႔ မစႏၵာတို႔အိမ္ အရင္သြားၾကမယ္​​ေနာ္
သား ​ေဖ​ေဖနဲ႔​ေမ​ေမက သား ​​ေက်ာင္းဆင္းရင္ ဖုန္း​ေျပာခ်င္လို႔တဲ့"

"ဟုတ္ဟုတ္ ဦးမိုး​ေဝ"

​ေခါင္းကို အတြင္ညိတ္ျပၿပီး 'ည'​ေပ်ာ္႐ႊင္သြားရသည္။​ေဖ​ေဖတို႔နဲ႔ သူစကားမ​ေျပာရတာၾကာၿပီ​​ေလ။

"မစႏၵာ​ေရ"

"​ေဟး မိုး​ေဝ​ေရ၊ လာ လာ
သား 'ည'​ေလးပါ ပါၿပီဆို ငါ မႏွင္းကို ဖုန္း​ေခၚလိုက္​ေတာ့မယ္"

အတာ့အ​ေမျဖစ္သူ အန္တီစႏၵာက သူ႕ျမင္တာနဲ႔ ျပဳံး႐ႊင္ၿပီး စကား​ေျပာ​ေတာ့သည္။
'တာရာနဲ႔အတူ အိမ္လိုက္ခဲ့ဆိုတာကို လိုက္မလာဘူး'ဆို​ေတာ့ သူသြားစိလို႔သာ ျပန္ျပဳံးျပလိုက္မိသည္။တာရာက သူ႕ကိုအျမင္မွမၾကည္​ေနခဲ့တာ၊အိမ္ ဘယ္လို​ေခၚမလဲ​ေလ။
'ည'တို႔က ဆိုင္ကယ္နဲ႔မို႔ အိမ္​ေရာက္ႏွင့္​ေန​ေပမဲ့ တာရာတို႔က ျပန္မ​ေရာက္​ေသး။သူတို႔​ေတြအဖြဲ႕လိုက္ လမ္း​ေလွ်ာက္ၿပီး တစ္ခါတ​ေလ ၾကာပန္း​ေတြပါ ​ဆင္းခူးတတ္သည္ကို ထက္လင္း​ေျပာျပလို႔ သူသိၿပီးျဖစ္သည္။

သိပ္မၾကာခင္ပဲ ႀကိဳးဖုန္းက​ေနတဆင့္ ​ေမ​ေမနဲ႔သူ ဖုန္း​ေျပာရသည္။​​​ေမ​ေမ့ကို လြမ္း​ေနရတာမို႔ အသံၾကားတာနဲ႔ 'ည'မွာ ငိုမဲ့မဲ့။
ၿပီး​ေနာက္ ​ေဖ​ေဖပါ​ေရာက္လာတာမို႔ ​ေမးသမွ်​ေျဖၿပီး သူစိတ္​ေပ်ာ္လာသလိုပင္။

"သား​ေလး အဲဒီမွာ ​​ေက်ာင္းတက္ရတာ​ေပ်ာ္လား၊အဆင္မ​ေျပတာ႐ွိလား"

"ဟုတ္ ​ေဖ​ေဖ၊​ေျပပါတယ္"

"အင္း၊ သား ​ေဖ​ေဖတို႔နဲ႔လိုက္​ေနခ်င္လား
​ဒီဘက္ကို ​ေက်ာင္း​ေျပာင္းလာခ်င္လား သား"

"အ​ေမ​ေရ သားတို႔ျပန္လာၿပီ၊ဗိုက္ဆာတယ္"

​ေဖ​ေဖ့ဆီကအသံနဲ႔ အျပင္ကအသံႏွစ္ခုက 'ည'နားထဲ ၿပိဳင္တူဝင္လာသည္။
ၿပီး​ေတာ့ အိမ္ထဲထိ ​ေျပးဝင္လာတဲ့ တာရာက သူဖုန္း​ေျပာ​ေနတာျမင္​​ေတာ့ ရပ္သြားသည္။

"ည သူ႕​ေမ​ေမတို႔နဲ႔ ဖုန္း​ေျပာ​ေနတာသားရဲ႕၊သြား အဝတ္အစားလဲ၊​အ​ေမ ​ေခါက္ဆြဲ​ေၾကာ္ထားတယ္
ၿပီးရင္ စားလိုက္
သမီးငယ္ လာ၊​အ​ေမ အဝတ္အစားလဲ​ေပးမယ္"

"ဟဲလို သား ​ေဖ​ေဖ​ေျပာတာၾကားလား၊ ​သား ​ေဖ​ေဖတို႔ဆီ ​ေျပာင္းလာခ်င္လားလို႔"

ဖုန္းထဲကအသံခပ္က်ယ္က်ယ္ကို 'ည'တင္မက အဲ့နားမွာရပ္​ေနတဲ့ တာရာပါၾကားလိုက္တာမို႔ 'ည'အ​ေျဖကို သူရပ္နား​ေထာင္​ေနမိသည္။

"​ေဖ​ေဖ သားဒီမွာပဲ ​ေက်ာင္းဆက္တက္မယ္၊သား ဒီမွာတာရာတို႔နဲ႔သူငယ္ခ်င္းျဖစ္ၿပီး ​ေပ်ာ္​ေနၿပီ"

"ဟုတ္လား၊​ေအးပါ သားရာ
​ေဖ​ေဖ့သား ​ေပ်ာ္​ေနရင္ၿပီး​ေရာဗ်ာ
ဟားဟား"

တစ္ဖက္က ​ေဖ​ေဖရယ္​ေနတာမို႔ သူပါလိုက္ရယ္ရင္း အတာ့ကိုသူ​ေမာ့ၾကည့္မိသည္။
အတာက ျပဳံးျပ​ေနခဲ့သည္၊စ​ေတြ႕ကတည္းက တစ္ခါမွျပဳံးမျပဖူးတဲ့အတာက 'ည'ကို ျပဳံးရယ္ျပ​ေနပုံက သူငယ္ခ်င္းလုပ္ၾကရ​ေအာင္ဆိုတဲ့ အဓိပၸါယ္လို႔ 'ည' မွတ္ယူရင္း အတာ့ကို မ်က္လုံး​ေတြမွိတ္က်သည္အထိ သူျပန္ျပဳံးလိုက္မိ​ေတာ့သည္။

A/N သူတို႔ ၿငိမ္းခ်မ္း​ေရးရသြားပါၿပီခ်င္^_^
အိုင္လို​ေနတာ cmt​ေတြပါခ်င္၊cmt​ေတြပါ

Continue Reading

You'll Also Like

35.3K 1.1K 49
ဤဇာတ်လမ်း‌တွင် ပါဝင်သော အပြောဆို၊အပြုအမူ၊နေရာ၊အဖြစ်ပျက်၊အကြောင်းအရာများ အားလုံးသည် ကိုယ့်ရဲ့စိတ်ကူးယဉ်မှု သပ်သပ်သာဖြစ်သည်☘️ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထ...
565K 33.8K 61
အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥
24.2K 1.4K 21
မြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11...
266K 12.9K 67
Golden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ...
Wattpad App - Unlock exclusive features