𝕋𝕦𝕝𝕚𝕡𝕤 🌷

By meko131

4.9K 304 44

လှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။ More

𝕋𝕦𝕝𝕚𝕡𝕤🌷 1
𝕋𝕦𝕝𝕚𝕡𝕤🌷1 (zg)
𝕋𝕦𝕝𝕚𝕡𝕤🌷 2
𝕋𝕦𝕝𝕚𝕡𝕤🌷 3
𝕋𝕦𝕝𝕚𝕡𝕤🌷2
𝕋𝕦𝕝𝕚𝕡𝕤🌷5
𝕋𝕦𝕝𝕚𝕡𝕤 🌷6
𝕋𝕦𝕝𝕚𝕡𝕤🌷7
𝕋𝕦𝕝𝕚𝕡𝕤🌷8
𝕋𝕦𝕝𝕚𝕡𝕤 🌷9
𝕋𝕦𝕝𝕚𝕡𝕤🌷10
𝕋𝕦𝕝𝕚𝕡𝕤🌷11
𝕋𝕦𝕝𝕚𝕡𝕤🌷13
𝕋𝕦𝕝𝕚𝕡𝕤🌷14

𝕋𝕦𝕝𝕚𝕡𝕤🌷12

255 18 2
By meko131

သူတို့ဆေးရုံကို ရောက်တော့ ကောင်တာမှာ ho-seok hyung အခန်းနံပါတ်ကို မေးလိုက်သည် ။ ကောင်တာက nurse တွေသည် သူတို့အား ဝမ်းနည်းသလိုလို၊ သနားသလိုလိုကြည့်လာကြသည် ။

“ သုံးလွှာက အခန်း (107) ပါ ။ "

အခန်းကို သိပြီဖြစ်၍ နီးစပ်ရာ ဓာတ်‌လေကားထဲသို့ မြန်မြန်သွားလိုက်သည် ။ ဒီနေ့မှ ဓာတ်လေကားစီးရတာလည်း ကြာနေသလိုပင်။ မိနစ်အနည်းငယ်ကြာတော့ ဓာတ်လေကားသည် ပွင့်သွားခဲ့သည် ။ ထို့နောက် အပြေးအလွှားပင် အခန်းနံပါတ် (107) ကိုရှာကာ ဝင်သွားလိုက်သည် ။

/ ROOM-107/

ကုတင်ပေါ်တွင် ho-seok hyung ရှိနေကာ ၊ ကုတင်ဘေးတွင်    Tae hyung ကထိုင်နေသည် ။ ဆရာဝန်တစ်ချို့နဲ့ ho-seok hyung မိဘတွေသည် ကုတင်နဲ့ အနည်းငယ်အကွာတွင် စကားတစ်ချို့ပြောနေကြသည် ။ Tae hyung ကျောပြင်သည် တစ်ခါတစ်ခါ လှုပ်ခါသွားခဲ့‌သေးသည် ။
ဘာလဲ၊ ဘာတွေဖြစ်နေကြတာလဲ?။

တစ်ခါးပွင့်သံကြားလို့နဲ့တူသည် Tae hyung သည် သူတို့နှစ်ယောက်အား ငိုထား၍ နီရဲနေပြီဖြစ်သော မျက်လုံးတွေနဲ့အတူလှည့်ကြည့်လာသည် ။

“ Jung ..kook.."

“ Tae hyung.. "

Tae hyung သည် မတ်တပ်ထရပ်ကာ သူ့နားလာဖို့လုပ်ပေမယ့် ခန္ဓာကိုယ်သည် ယိုင်နဲ့သွားခဲ့သည် ။ သူအပြေးလေးပင်           Tae hyung  နားသွားလိုက်သည်။ Tae hyung သည် ပြိုပြိုလဲလဲပင် သူ့ကိုဖက်၍ ရှိုက်ကာ ငိုနေခဲ့သည် ။ Jung kook သည်  ကုတင်ပေါ်က ho-seok hyung ကိုတလှည့်၊ Tae hyung ကိုတလှည့် ၊နောက် အခန်းထဲက လူတွေကို တလှည့်ကြည့်ကာ ဘာမှရေရေရာရာ နားမလည်သေး ။ သူ့နောက်ကပါလာသော ကောင်လေးကို ကြည့်လိုက်တော့ အင်္ကျီစလေးလုံးချေကာ ကြည့်နေခဲ့သည် ။ ကောင်လေးနည်း နားမလည်သေးပုံပဲ ။ သူကောင်လေးကို သူ့နားသို့ လှမ်းခေါ်လိုက်တော့ အပြေးလေးရောက်လာခဲ့သည် ။ အသိမရှိတဲ့ အခန်းထဲ ကောင်လေးအားငယ်နေမှာဆိုးလို့ပါ ။

“ Tae hyung.... ho-seok hyung ကဘာဖြစ်တာလဲ ၊ မစိုးရိမ်ရဘူးမလား ။ "

ထိုသို့မေး‌လိုက်တော့ Tae hyung သည်ပိုလို့ပင်ငိုလာခဲ့သည်။

“ ဘာဖြစ်တာလဲကွာ ၊ မင်းကဘာမှမဖြေတော့ ငါဘာမှနားမလည်တော့ဘူး Tae hyung ရာ ၊ hyung က ဘယ်လိုဖြစ်ရတာလဲလို့ ငါမေးနေတယ်လေ "

“ hyung...က... hyung..ကလေ..."

ထိုမျှသာ ပြောပြီး ဆက်ငိုနေပြန်သည် ။ သူတကယ် စိတ်ပူပန်လာပြီ ။

“ hyung...ကဘာဖြစ်လဲ "

“ ho-seok hyung..ကလေ...နှ...နှလုံးရောဂါတဲ့...."

“ ဘာ! နှလုံးရောဂါဟုတ်လား။ ဘယ်ကတည်းကလည်းကွာ...ငါဘာမှမသိရပါလား ။ "

Jung Kook တကယ်စိတ်တိုမိသည် ။ ဘာပဲဖြစ်ဖြစ် ထုတ်မပြောဘဲ ကြိတ်မိတ်ကာ ခံစားတတ်သူ ho-seok hyung သည် အခုလည်း သူတို့ကို မပြောဘဲဝှက်ထားခဲ့ပြန်ပြီ ။ ဒါဝှက်စရာ ကိစ္စလား hyung ရယ် ။ သူတို့ကိုတိုင်ပင်သင့်တာကို ။

“ အခုတော့....အခုတော့...ငါတို့နောက်ကျသွားခဲ့ပြီ Jung kook ..."

ကြမ်းပြင်ပေါ်ထိုင်ချကာ အသည်းအသန်ငိုနေသော Tae hyung ကိုကြည့်ပြီး Jung kook ကြောင်နေခဲ့သည် ။ ခန.... ခနက Tae hyung ဘာပြောသွားခဲ့တာလဲ ။ နောက်ကျသွားပြီဆိုတာ ဘာကိုဆိုလိုချင်တာလဲ ။

“ ဘာကိုပြောချင်တာလဲ နောက်ကျသွားပြီဆိုတာ။ ဟမ်!!။ "
Tae hyung နား သူထိုင်ချကာ Tae hyung ပုခုံးအား လှုပ်ကာမေးလိုက်သည် ။ ဘာတွေပြောနေတာလဲ ။

“ hyung...မရှိတော့ဘူး...Jung kook...ရ...၊ hyung  ငါတို့အားလုံးကိုထားပြီး ထွက်သွားခဲ့ပြီ.... "

Jung kook သည် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ချလျက် လှဲကျသွားခဲ့သည် ။ ဘယ်လိုဖြစ်နိုင်မှာလဲ ရုတ်တရက်ကြီး၊ hyung ကဘာလို့ထွက်သွားရမှာလဲ ။ ဘာတွေလဲ၊ ဘာတွေဖြစ်နေကြတာလဲကွာ။ ကုတင်ပေါ်က hyung သည် ကြည့်လိုက်ရုံနဲ့တင် ဝမ်းနည်းစရာကောင်းလွန်းနေခဲ့သည် ။ အခုက ဘာတွေဖြစ်ပျက်သွားခဲ့တာလဲ ။ Jung kook သည်ကြားသမျှ စကားတွေကို မယုံနိုင်ကာ ငိုင်နေခဲ့သည် ။

hyung က အေးအေးချမ်းချမ်းလေးပါဆို ၊ hyung က သာသာယာယာလေး နေချင်ခဲ့ရုံလေးကို ။ ဆိုးရွားတဲ့ မိသားစုကနေ မွေးဖွားလာခဲ့တဲ့ hyung က ၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ပိုင်ဆိုင်ချင်ခဲ့ရုံကို ။ အမြဲတမ်း ပြုံးပျော်နေတဲ့ နေရောင်ခြည်လေးလို hyung က ဒီလိုဝေဒနာတွေကို ခံစားနေခဲ့ရတာလား။ သူ့တို့နားကနေ hyung က ထာဝရထွက်ခွာသွားတော့မှာလား။

hyung မှာဘာ၀ဋ်ကြွေးတွေများရှိခဲ့လို့လဲ ။ ဒီဘဝမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ခံစားနေခဲ့ရတာ ။ hyung က လူတိုင်းအပေါ် ကြင်ကြင်နာနာလေးကို ။ ဘာလို့ hyung လိုလူမျိုးကိုမှ ထိခိုက်နေကြတာလဲ ။ Jung kook သည် ဆရာဝန်တစ်ချို့နဲ့စကားပြောနေခဲ့သော hyungမိဘတွေထံ စိုက်စိုက်မြိုက်မြိုက်ကြည့်နေခဲ့သည် ။ ပြဿနာ အရင်းအမြစ်သည် hyung ရဲ့ မိဘ၊ အဲ့ဒီလူနှစ်ယောက်ပင်။ Jung kook သည် ချက်ချင်းပင် ထကာ ထိုနေရာသို့သွားလိုက်သည် ။

“ ခဗျားကြီးကြောင့် သေရတာ!!.... ခဗျားကြီးတို့ နှိပ်စက်လို့သေသွားရတာ!! ။ "

Jung kook သည် တောင်ကိုရီးယားနိုင်ငံတော် စည်းလုံးရေး ဗဟိုပြု ဝန်ကြီးချုပ် Jung Suu-Gum ၏ ကော်လံစကား ဆွဲကိုင်ကာ အော်ဟစ်တော့သည်။ ‌ဆရာဝန်များနှင့် hyung အမေတို့လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ Jimin သည် အလောပင်ပြေးလာကာ လက်မလွန်စေရန် ဆွဲရသည် ။ Tae hyung ကထိုင်ရာကနေ ထကာ မတ်တပ်ရပ်ကြည့်နေခဲ့သည် ။ jimin နားမလည်နိုင်ပါ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး နိုင်ငံတော်ဝန်ကြီးကို ဆွဲလား ရမ်းလားလုပ်နေသည်ကို အကို Tae hyung ကဟန်ပင်မပျက် ရပ်ကြည့်လို့နေသည်ကို ။

“ ပြောစမ်းပါအုံး!! အာဏာတွေ သိပ်လိုချင်ခဲ့တာမလား...!!! အာဏာတွေကို သိပ်မက်မောနေခဲ့တာမလား!!! အဲ့အာဏာက ဘာမဆိုလုပ်နိုင်တယ်၊ ဘာမဆိုဖန်ဆင်းနိုင်တယ်မလား!!!! အခုချက်ချင်း ခင်ဗျားသား ကျွန်တော့်သူငယ်ချင်းကို ပြန်ရှင်အောင်လုပ်ပေး!!! အသက်ပြန်သွင်းပေးစမ်း အဲ့အာဏာတွေနဲ့!!!!! "

Jung kook သည် Jung Suu-Gum ၏ကော်လံစအား လွှတ်လိုက်ကာ ထိုစကားများကို ပြောဆိုနေခဲ့သည် ။ လည်ပင်းကြောများထောင်လာသည်အထိလည်း အော်ဟစ်နေခဲ့သည်။

Jimin သည် အကိုTae hyung ကို အကူအညီတောင်းသော ပုံစံဖြင့် မျက်စပစ်ပြလျှင်လည်း အကို Tae hyung သည် တုတ်တုတ်မှမလုပ်ပါ။ သူ့ကိုပါ ထိုနေရာမှဆွဲခေါ်လာကာ ဘေးနားတွင်ရပ်ကြည့်စေသည် ။ အကို့ကို တားရမှာမဟုတ်ဘူးလား။ ဘာလို့လဲ။

“ အကို Tae hyung....ကျွန်တော်တို့ ဆွဲသင့်တယ်မလား။ "

“ လွှတ်ထားလိုက် ။ "

“ ............."

jimin အကို Tae hyung ရဲ့မျက်နှာကို အံ့ဩစွာကြည့်နေမိသည် ။ တစ်ယောက်က ဝန်ကြီးချုပ်အား ဆွဲလားရမ်းလား လုပ်နေသည်ကို နောက်တစ်ယောက်သည် ထိုအရာကို ကျေနပ်နေခဲ့သည် ။ သို့ပေမယ့် သူတို့သည် ကြေကွဲနေခဲ့ကြသည် ။ တစ်ယောက်က ရင်ကွဲမတတ်ငိုကာ တစ်ယောက်ကတော့ ရင်ကွဲမတတ်သောင်းကျန်းနေခဲ့သည်  ။ သူတို့သည် ဘယ်လိုမှ လက်မခံနိုင်ပါ..။

ဘယ်တော့မှ နိုးထလာတော့မှာ မဟုတ်တဲ့ လူတစ်ယောက်အဖြစ် သူတို့သည် မသတ်မှတ်နိုင်ခဲ့ပါ ။ အကောင်းဆုံး အဖော်မွန် သည် ထာဝရပျောက်ကွယ်သွားတော့မည်ဆိုသော အသိသည် နှလုံးသားအား ထိုးနက်နေခဲ့သည်။ အတူတူ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေသည် နည်းမှမနည်း။ ရုတ်တရက်ဆန်ဆန် ပြဇာတ်သည် သူတို့အတွက် ရင်ခုန်စရာမကောင်းဘဲ တုန်လှုပ်စရာကောင်းနေခဲ့ပါသည် ။

ကုတင်ပေါ်က ဖြူဖတ်ဖတ် မျက်နှာလေးကို ကြည့်မိလျှင် သူတို့နှလုံးသားတွေသည် မခံနိုင်စွာ အော်ဟစ်ငိုယိုနေခဲ့သည် ။ တောက်ပတဲ့ အပြုံးတွေ ၊ ခပ်လွင့်လွင့် အသံတွေ ၊ အေးချမ်းတဲ့ အမူအရာတွေဟာ ကုတင်ပေါ်က လူနဲ့အတူ အကုန်ပျောက်ကွယ်သွားတော့မည် ။ဘယ်လို ဖြေသိမ့်ရပါမည်နည်း။

Jimin သည်နားလည်သွားကာ ခပ်တွေတွေလေးသာ ကြည့်နေခဲ့သည် ။

“ Jeon Jung kook မင်းလွန်မလာနဲ့နော်၊ ငါ့သားသေဆုံးမှုကို ငါက ဘာမှမဖြစ်ဘူးများထင်နေတာလား၊ မင်းတို့က သူငယ်ချင်း၊ ငါက မွေးထားရတာ၊ Jung ho-seok က ငါ့သားပါကွ!! "

“ မွေးပဲမွေးပြီး ပစ်ထားတာလေ၊ ခင်များတို့က မွေးရုံတစ်ခုတည်းပါ ကျွန်တော်တို့က ရင်ဘက်နဲ့ပေါင်းလာခဲ့တာ ၊ ဘဝတစ်လျှောက်လုံး ခင်များတို့ပေးတာဆိုလို့ ဒဏ်ရာတွေ၊ စိတ်အားငယ်မှုတွေပဲရှိတာ!!!! "

“ ဂရုစိုက်ဖူးသလား ၊ ဘာလိုချင်သလဲမေးဖူးသလား။ ဟက်..ခင်များတို့က လိုအပ်တာထင်သမျှအကုန်ဖြည့်ဆည်းပေးကြတယ် ဒါပေမယ့်မေးဖူးသလား...ဘာကြိုက်တတ်သလဲ ၊ ဘာလိုနေခဲ့တာလဲဆိုတာ။ ဒါဝယ်ပေးတယ် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေသုံး။ အခုကြည့်!!! ခင်ဗျားသား ကုတင်ပေါ်မှာ အသက်မရှိတော့ဘူး!!! "

“ Jeon Jung kook!!!! "

“ အခုလိုဖြစ်တာ ခင်များတို့ကြောင့်ပဲ မိဘဖြစ်ပြီး ကိုယ့်သားဘာဖြစ်နေလဲ ၊ ဘာခံစားနေရသလဲ မသိဘူးလားဟမ်!! မိဘတွေဖြစ်ပြီး ကိုယ့်သားကို ထွေးပွေ့မယ်မရှိဘူး တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ပြီး ရန်ပဲဖြစ်နေကျတာ၊ ခများတို့မရှက်ကြဘူးလား။!!!! "

“ တကယ်တမ်း Broken family တစ်ခုမှာ ထိခိုက်နစ်နာသူအစစ်က သားသမီးတွေပဲ...။ အခုကြည့် ခများတို့နှစ်ယောက်ကြောင့် သားဖြစ်သူ သေသွားရပြီ။ "

“ သိပ်ကိုနော်။ ဝန်ကြီးချုပ်လုပ်ပြီး ပြည်သူတွေကို  ကြည့်နေမဲ့အစား ကိုယ့်သားသမီးကိုသာ ဂရုစိုက်စမ်းပါ ။ ကိုယ့်သားတစ်ယောက်တောင် ဖြစ်ဖြစ်မြောက်မြောက် ဂရုမစိုက်နိုင်ဘဲနဲ့ ပြည်သူတွေကို အုပ်ချုပ်အုံးမယ်တဲ့။ "

“ မင်းအတော် လွန်လာပြီနော်။ မင်းဟာ ငါ့သားသူငယ်ချင်းမို့ ငါသည်းခံနေတာ ။ မင်းအခု ဘယ်သူ့ကိုလာပြီး စော်ကားနေလဲဆိုတာ သိရဲ့လား။ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာ မင်းမသိဘူးလား။ !! "

“ စွဲစမ်းပါ!! အခုခေတ်မှာ ငွေရှိရင် ရပြီ။ ငွေကမှ တကယ့်အာဏာ။ ကြိုက်တဲ့ နေရာမှာ ကြိုက်သလိုစွဲလိုက် ။ ငွေနဲ့ပေါက်ပြီး ဖြေရှင်းပစ်မယ်။....ခများတောင် ငွေရချင်လို့ ဒီအလုပ်တွေလုပ်နေတာမလား! ။ "

Jimin သည် အကို့ကို ကြောင်ပြီးကြည့်နေမိသည် ။ ဝန်ကြီးချုပ်တစ်ယောက်ကို အကိုပြောသော စကားများသည် သိပ်ကို အန္တရာယ်များလွန်းပါသည် ။

“ ခွပ်! "

Jung Suu-Gum သည် အကို့အားထိုးလိုက်သည် ။ အကိုသည် အနောက်သို့ အနည်းငယ်ယိုင်နဲ့သွားသည်။ ထို့နောက် jimin သည် အကို့ကို အသာလေးပြေးထိန်းပေးလိုက်သည် ။ နှုတ်ခမ်းထောင့်မှာ သွေးအနည်းငယ်စို့သွားသည် ။ ဒီလူကြီး သူများ အကိုကို ဒီလိုပဲ ထိုးလို့ရရိုးလား ။ jimin စိတ်တိုစွာ အရှေ့က ဝန်ကြီးကို ကြည့်လိုက်သည်။

“ Mr-Jung Suu-Gum shii....လက်မပါဘဲ စကားနဲ့‌ပဲပြောပါ လက်မပါပါနဲ့ ။"

“ ဘာကွ!! မင့်လူရိုင်းနေတာ မင်းမမြင်လို့လား။ မင်းကရောဘယ်သူလဲ၊ ဘယ်က ကလေကချေလဲ!!! "

Jung kook သည် ကောင်လေးအား ကလေကချေဟု သုံးနှုန်းလိုက်တာကြောင့် ဒေါသထွက်စွာ ပြန်ပြောမည်အလုပ် ကောင်လေးသည် သူ့ထက်ဦးစွာ ပြောနေခဲ့သည် ။

“ ကျွန်တော်က Park GP / PJ-CP / PJ Diamond လုပ်ငန်းစု ပိုင်ရှင် Park-Min Joo ရဲ့သား ၊ တစ်ဦးတည်းသော အမွေဆက်ခံသူ Park jimin ပါ။ "

Jimin သည် ထိုဝန်ကြီး မျက်နှာအားကြည့်ကာ ဖြေလိုက်တာကြောင့် ထိုဝန်ကြီးသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည် ။

“ ကျွန်တော့ အဖေကိုသိတယ်မလား ၊ ကျွန်တော့်အဖေကိုမသိစရာအကြောင်းလဲ မရှိပါဘူး..တောင်ကိုရီးယားနိုင်ငံရဲ့ရွေးကောက်ပွဲကို အဓိက ဆုံးဖြတ်‌ပေးရတဲ့ အရေးပါဆုံး ဘုတ်အဖွဲ့အဝင်လေ...။ "

“ မင်းးး "

Jung Suu-Gum သည် အခန်းထဲမှ ထွက်သွားခဲ့သည် ။ သူ့မိန်းမသည်လည်း နောက်မှ အော်ကာ လိုက်သွားခဲ့သည် ။ ဘာများပြောရဲမှာလဲ Park-Min Joo ရဲ့သားဆိုတာ သိသွားတော့ ။ ထိတောင်ထိရဲမှာ မဟုတ်ဘူး။

အကိုသည် Jung Suu-Gum ထွက်သွားသည်နှင့် နောက်နံရံကို မှီချကာ မျက်လုံးမှိတ်ထားခဲ့သည် ။ သေချာပါသည် အကိုထိုသို့ပြောထွက်ဖို့အတွက် စိတ်တင်းထားခဲ့ရတယ်ဆိုတာ ။ အကိုသည် မျက်ရည်မကျခဲ့ပါ သို့ပေမယ့် မျက်အိမ်တွေတော့ နီရဲနေခဲ့သည် ။ ဒါသည် အကို့ ကြေကွဲခြင်းတွေပင်  ။

“ Tae hyung..."

“ အွန်းး "

“ ဈာပနပွဲအတွက် ပြင်ဆင်ကြရအောင်...."

အကိုသည် ထိုစကားကို မျက်လုံးတင်းတင်းမှိတ်ထားပြီး အားယူကာ ပြောနေခဲ့ပုံရသည် ။ အကို Tae hyung သည် ခေါင်းလေးငြိမ့်ပြကာ ho-seok hyung လက်ကလေးတစ်ဖက်ကို ကိုင်၍ ငိုနေခဲ့ပြန်သည် ။

“ တော်တော့ Kim Tae hyung..ငိုမနေတော့နဲ့ ၊ မင်းပါအိပ်ရာထဲလှဲသွားမယ်....ငါတို့ hyung ရဲ့နောက်ဆုံးအချိန်ကို အကောင်းဆုံးပို့ဆောင် ကြရအောင်...။ "

“ ငါ...ငါ...ခုထိ လက်မခံနိုင်သေးဘူး..။ တစ်သက်လုံး ငါတို့အနားကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့အသိက...ဘယ်လိုမှကို မနေသာဘူး...။ "

“ Kim Tae hyung ရာ..."

Jung kook အသံသည် အဖျား၌တုန်ရီသွားခဲ့သည် ။

“ ဘယ်လိုလုပ်ရမလဲ....ငါတို့ hyung ကိုသနားလွန်းလို့.......ဘယ်လိုလုပ်ရပါ့မလဲ....အမြဲတမ်းဆုံးမပေးပါမယ်ဆို...ဘာလို့ အခုတော့....အရင်ဆုံးထွက်သွားရတာလဲ....ပြော တော့ မင်းတို့မရှိရင် ငါမနေနိုင်ပါဘူးဆို.... hyung ကကျွန်တော်တို့မရှိတဲ့ အဲ့ဒီနေရာမှာတော့ နေနိုင်တယ်ပေါ့....ဘာလို့လဲ ကျွန်တော်တို့က hyung မရှိရင် မနေနိုင်ပါဘူးလို့မပြောမိလို့လား hyung အခုလို ထွက်သွားတာ။ အဲ့လိုဆိုရင်လဲ ကျွန်တော်ခုပြောမယ် ...ကျွန်တော်နဲ့ Jung kook က hyung  မရှိရင် မနေနိုင်ဘူးဗျ။ hyung ရှိနေမှကိုဖြစ်မှာပါဆို...ပြန်လာခဲ့ပါ ကျွန်တော့်ငိုသံတွေကိုကြားရင် ရောက်တဲ့နေရာကနေပြန်လာခဲ့ပေးပါ....။ "

“ hyung က နိုင်ငံကျော်    ဒီဇိုင်နာ လုပ်မှာမို့လို့ ကျွန်တော်က hyung ရဲ့မော်ဒယ်လုပ်ပေးရမယ်ဆို ကျွန်တော်အရင်က ငြင်းခဲ့ပေမယ့်၊ ကျွန်တော် မော်ဒယ်မလုပ်ချင်ခဲ့ပေမယ့် ခုလုပ်ပေးမှာမို့လို့...ပြန်လာပြီး သင်တန်းတွေတက်ပါအုံး....Jung ho-seok ကြီးရယ်..."

“ တော်ပါတော့ "

Jung kook သည်အော်ငိုနေသော Tae hyung အား ဆွဲလှည့်လိုက်ကာ ထပ်မငိုတော့ရန်ပြောသည် ။

“ ရပြီလေ Tae hyung....၊ hyung...ထွက်သွားပြီလေ...ငါတို့ဘာမှလုပ်လို့မရတော့ဘူး...ဘာမှလည်း မတတ်နိုင်တော့ဘူး...ခုချိန် ငါတို့လုပ်ပေးနိုင်တာက hyung ရဲ့နောက်ဆုံးခရီးမှာ ကောင်းကောင်းသွားနိုင်ဖို့ပဲ ၊ hyung လိုရာကိုသွားပါစေ....၊ ဒီလိုထပ်ပြီး ‌ငိုနေရင် hyung ကောင်းကောင်းမွန်မွန်သွားနိုင်မှာမဟုတ်ဘူး... hyung နောက်စံတင်းစေရမယ့် အလုပ်မျိုး ငါတို့မလုပ်ကြရအောင်...။ ခရီးအရှည်ကြီးတစ်ခု ထွက်သွားတယ်လို့ပဲ သဘောထားလိုက်ကြရအောင် ။ "

ဟင်။ ခရီးအရှည်ကြီးတစ်ခု ။                                                Jimin သည်ထိုစကားကိုကြားတော့ တစ်ခုခုကို သတိရသွားသည်။ သွားစရာရှိလို့ဆိုပြီး ho-seok hyung သူ့ဆီ အပ်သွားခဲ့တဲ့ အပြာရောင်စာအိတ်လေး ။ သူထွက်သွားရင် ပေးပေးပါဆိုပြီး ပြောခဲ့တဲ့ စာအိပ်ပြာလေး ။ သူ့ဆီ သေသေချာချာအပ်သွားခဲ့တာ။ ထွက်သွားမယ် ၊ ခရီး ၊ ဆိုတာတွေဟာ ဒီလိုထွက်သွားခြင်းမျိုးကို ညွှန်ပြနေခဲ့တာလား ။ တုံးလိုက်တာ Park jimin ရာ။ အစကတည်းက စပ်စပ်စုစုစိတ်နဲ့သာ ဖွင့်ဖတ်ခဲ့ရင် ဒီလိုအခြေနေမျိုးရောက်မှာမဟုတ်ဘူး ။ ဘာလို့များ ဒီလိုကိစ္စတွေမှာ သူ့ရဲ့စပ်စုတတ်တဲ့စိတ်က ပေါ်မလာရတာလဲ ။ ဆိုးရွားလိုက်တာဟာ ။

“ အကို..ကျွန်တော် အိမ်ခနပြန်အုံးမယ်.."

“ တစ်ယောက်ထဲ ဖြစ်ရဲ့လား  အကိုလိုက်ပို့ပေးရမလား.."
အကိုသည်သူ့အား ခပ်ဖျော့ဖျော့ မျက်လုံးအရောင်တွေနဲ့သာ ကြည့်လာသည် ။

“ ရတယ်အကို ဖြစ်တယ် ။ ခနပဲ ကျွန်တော်ပြန်လာမှာ။ "

“ အင်း။ ဂရုစိုက်သွားနော် jimin။ "

“ ဟုတ် "

သူသည် အခန်းထဲက ပြေးထွက်လာကာ ဆေးရုံးပေါက်ဝကို အလျင်အမြန်ရောက်အောင်ပြေးဆင်းလာခဲ့သည် ။ ဓာတ်လေးကားတွေလည်း မစီးတော့။ ရိုးရိုးလေးကားကနေပင် ပြေးဆင်းခဲ့သည် ။ အခုချိန်သူ့မှာ တံခါးအဖွင့်အပိတ် စောင့်နေဖို့နဲ့ ခလုတ်နိတ်ဖို့အတွက် အချိန်လည်းရှိမနေပါ ။

အိမ်ကိုမြန်မြန်သွားပြီး အပြာရောင်စာ အိတ်ကလေးကိုင်ကာ ဆေးရုံကို အပြေးပြန်လာရမည်။ ဒါတွေသာ သူ့စိတ်ထဲရှိနေခဲ့သည် ။ နာရီဝက်လောက်ကြာတော့ အိမ်ကိုရောက်သွားသည်။ ငှားခဲ့သော Taxi ကားထဲမှ အမြန်ပြေးဆင်းကာ...အိမ်ပေါ်သို့အမြန်ပြေးတက်သွားခဲ့သည် ။

“ သားငယ်...ဘာဖြစ်လာတာလဲ!! "

ဧည့်ခန်းမှ အော်ခေါ်နေသော အဖေ့အသံတွေအား သူမဖြေအားခဲ့။ အခန်းထဲရောက်တော့ လွယ်အိတ်ထဲမှ အပြာရောင်စာအိတ်ကလေးအား ခပ်မြန်မြန်ပင်ယူလိုက်သည် ။ အခုချိန်မှာ အရောင်လှလှ စာအိတ်လေးသည် သူ့စိတ်ထဲတွင် ညို့မှိုင်းနေခဲ့သလိုလို ဆွေးမြေ့မြေ့လေးရှိနေခဲ့သည် ။

အလျင်အမြန်ပင် စာအိပ်ကို ဖောက်လိုက်ကာ သူဖတ်ကြည့်လိုက်မိသည်  ။ စာလုံးညီညီလှလှလေးတွေနဲ့ ရေးထားသော လက်ရေးလှလှလေးတွေသည် ပုံမှန်ဆို လှလိုက်တဲ့လက်ရေးဟု မှတ်ချက်ပေးနိုင်ကောင်းပေးနိုင်လိမ့်မည် ။ သို့ပေမယ့် ယခုချိန်စာအိတ် အပြာရောင်လွင်လွင်လေးထဲက လက်ရေးလေးသည် ဝမ်းနည်းစရာ‌ကောင်းစွာ အကျည်းတန်နေခဲ့သည်။

စဖတ်လိုက်ကတည်းက ဝမ်းနည်းစရာကောင်းနေသော စာကြောင့် ခနကအထိ မျက်ရည်ပင်မကျခဲ့သော jimin သည် ထိုစာလေးစဖတ်ကာရှိသေး ပါးပေါ်သို့ မျက်ရည်များ ကျဆင်းလာခဲ့ပါသည် ။ တစ်ကြောင်းပြီးတစ်ကြောင်းဖတ်ကာ မျက်ရည်တွေသည် တာဆူနေခဲ့သည် ။ ထို့နောက် ဆက်မဖတ်နိုင်တော့ကာ...စာရွက်လေးကို မျက်နှာလွှဲ၍ ငိုမိသည် ။ သူဆက်မဖတ်နိုင်တော့ဘူး....။ ဖတ်ဖို့လည်း အင်အားမရှိတော့ဘူး ။ ဆေးရုံကိုလည်း ထပ်မသွားချင်တော့ဘူး ။ ho-seok hyung ကို ဒီလိုပုံစံနဲ့ထပ်မြင်ရဖို့ အင်အားတွေ မ‌လုံလောက်နေတော့ဘူး ။ ဒါပေမယ့်လည်း hyung ရဲ့ပေးပေးပါနော် ဆိုတဲ့ ဆန္ဒလေးကို နောက်ဆုံးအနေနဲ့ ဖြည့်ပေးရမည် ။

ပါးပေါ်က မျက်ရည်စများကို သုတ်လိုက်ကာ စာရွက်လေးကိုကိုင်လို့ သူအောက်ထပ်ကိုဆင်းခဲ့သည် ။ ခြေလှမ်းတွေဟာ အလာတုန်းကနဲ့မတူ လေးလံနေခဲ့သည် ။ အိမ်အောက်ရောက်ဖို့တောင်မနည်း အားယူနေရသည် ။ အဖေသည် သူ့ကိုမမေးခဲ့ပါ ။ ဘာလို့ငိုလဲဆိုပြီး။ ဒီတိုင်းလေးသာကြည့်နေခဲ့သည် ။ သူလည်းဖြေဖို့ အင်အားမရှိပါ ။

Taxi ငှားလိုက်ပြီး ကားပေါ်‌တွင်သူ ငြိမ်ငြိမ်လေးလိုက်ပါခဲ့သည် ။ ခုချိန် ကိုယ်တိုင် ကားမောင်းဖို့လည်း မဖြစ်နိုင်ပါ ၊ တစ်ယောက်ကနေ နှစ်ယောက်ဖြစ်သွားနိုင်သည် ။

မိုးတွေ တဖွဲဖွဲကျနေခဲ့သည် ။ ကားမှန်အပြင်ပေါ်မှာ ကပ်တွယ်နေသော မိုးရေစက်တွေအား jimin လက်နဲ့ တို့ထိမိနေသည် ။ တရွေ့ရွေ့သွားနေကြသော ယာဉ်များကို တွေတွေလေး ငေးကြည့်နေမိခဲ့သည် ။ ဒီနေ့ဟာဆိုရင် သူတို့နဲ့အတူ..ကောင်ကင်ကြီးကပါ ဝမ်းနည်းပေးနေခဲ့သယောင် ။ မသည်း‌သော မိုးတွေသည် ဝမ်းနည်းမှုအား ပိုထင်ဟပ်စေခဲ့သည်  ။

လောကမှာ ဘယ်အရာမှမတည်မြဲနိုင်ခဲ့ပါ ။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျေက်ကွယ်သွားခဲ့တာချည်း ။ လှည့်ဖျားတတ်တဲ့ ကံကြမ္မာ ၊ ရက်စက်တတ်တဲ့ ကံကြမ္မာ ဘယ်သူ့အပေါ်မှာမှ ညှာတာမနေခဲ့ပါ ။ အပြစ်တင်လို့လည်း မရခဲ့ပါဘူး။ အရာရာက ဖန်ဆင်းရှင် အလိုအတိုင်းသာ ။
ဒီနေ့ဟာ ဝမ်းအနည်းရဆုံးနေ့ဟု သူတို့သတ်မှတ်ခဲ့ကြသည် ။

: sorry ပါ အတန်းချိန်လေးတွေရှိနေတော့ နောက်ကျနေခဲ့တာ။ လောလော‌ လောလောနဲ့ ရေးထားရတာမို့ အမှားပါရင် နားလည်ပေးဖို့ ဂျီ့ဘက်က တောင်းဆိုပါတယ်🤍။

: ဒီအပိုင်းမှာ ကိုယ့်ကိုကိုယ်လုံးဝအားမရဘူး။ အရေးအသားတွေ မပေါ်လွင်ခဲ့ရင်လည်း နားလည်ပေးကြပါ။ နောက်ထပ်ကြိုးစားပါ့မယ်🤍။

: အခုတော့ မောင်ရဲ့ ( seven ) သီချင်းနဲ့ လွင့်လိုက်ပါအုံးမယ် ဒါဒါတို့🤍။


#####################


( ZG )


သူတို႔ေဆး႐ုံကို ေရာက္ေတာ့ ေကာင္တာမွာ ho-seok hyung အခန္းနံပါတ္ကို ေမးလိုက္သည္ ။ ေကာင္တာက nurse ေတြသည္ သူတို႔အား ဝမ္းနည္းသလိုလို၊ သနားသလိုလိုၾကည့္လာၾကသည္ ။

“ သုံးလႊာက အခန္း (107) ပါ ။ "

အခန္းကို သိၿပီျဖစ္၍ နီးစပ္ရာ ဓာတ္‌ေလကားထဲသို႔ ျမန္ျမန္သြားလိုက္သည္ ။ ဒီေန႔မွ ဓာတ္ေလကားစီးရတာလည္း ၾကာေနသလိုပင္။ မိနစ္အနည္းငယ္ၾကာေတာ့ ဓာတ္ေလကားသည္ ပြင့္သြားခဲ့သည္ ။ ထို႔ေနာက္ အေျပးအလႊားပင္ အခန္းနံပါတ္ (107) ကိုရွာကာ ဝင္သြားလိုက္သည္ ။

/ ROOM-107/

ကုတင္ေပၚတြင္ ho-seok hyung ရွိေနကာ ၊ ကုတင္ေဘးတြင္    Tae hyung ကထိုင္ေနသည္ ။ ဆရာဝန္တစ္ခ်ိဳ႕နဲ႔ ho-seok hyung မိဘေတြသည္ ကုတင္နဲ႔ အနည္းငယ္အကြာတြင္ စကားတစ္ခ်ိဳ႕ေျပာေနၾကသည္ ။ Tae hyung ေက်ာျပင္သည္ တစ္ခါတစ္ခါ လႈပ္ခါသြားခဲ့‌ေသးသည္ ။
ဘာလဲ၊ ဘာေတြျဖစ္ေနၾကတာလဲ?။

တစ္ခါးပြင့္သံၾကားလို႔နဲ႔တူသည္ Tae hyung သည္ သူတို႔ႏွစ္ေယာက္အား ငိုထား၍ နီရဲေနၿပီျဖစ္ေသာ မ်က္လုံးေတြနဲ႔အတူလွည့္ၾကည့္လာသည္ ။

“ Jung ..kook.."

“ Tae hyung.. "

Tae hyung သည္ မတ္တပ္ထရပ္ကာ သူ႔နားလာဖို႔လုပ္ေပမယ့္ ခႏၶာကိုယ္သည္ ယိုင္နဲ႔သြားခဲ့သည္ ။ သူအေျပးေလးပင္           Tae hyung  နားသြားလိုက္သည္။ Tae hyung သည္ ၿပိဳၿပိဳလဲလဲပင္ သူ႔ကိုဖက္၍ ရႈိက္ကာ ငိုေနခဲ့သည္ ။ Jung kook သည္  ကုတင္ေပၚက ho-seok hyung ကိုတလွည့္၊ Tae hyung ကိုတလွည့္ ၊ေနာက္ အခန္းထဲက လူေတြကို တလွည့္ၾကည့္ကာ ဘာမွေရေရရာရာ နားမလည္ေသး ။ သူ႔ေနာက္ကပါလာေသာ ေကာင္ေလးကို ၾကည့္လိုက္ေတာ့ အက်ႌစေလးလုံးေခ်ကာ ၾကည့္ေနခဲ့သည္ ။ ေကာင္ေလးနည္း နားမလည္ေသးပုံပဲ ။ သူေကာင္ေလးကို သူ႔နားသို႔ လွမ္းေခၚလိုက္ေတာ့ အေျပးေလးေရာက္လာခဲ့သည္ ။ အသိမရွိတဲ့ အခန္းထဲ ေကာင္ေလးအားငယ္ေနမွာဆိုးလို႔ပါ ။

“ Tae hyung.... ho-seok hyung ကဘာျဖစ္တာလဲ ၊ မစိုးရိမ္ရဘူးမလား ။ "

ထိုသို႔ေမး‌လိုက္ေတာ့ Tae hyung သည္ပိုလို႔ပင္ငိုလာခဲ့သည္။

“ ဘာျဖစ္တာလဲကြာ ၊ မင္းကဘာမွမေျဖေတာ့ ငါဘာမွနားမလည္ေတာ့ဘူး Tae hyung ရာ ၊ hyung က ဘယ္လိုျဖစ္ရတာလဲလို႔ ငါေမးေနတယ္ေလ "

“ hyung...က... hyung..ကေလ..."

ထိုမွ်သာ ေျပာၿပီး ဆက္ငိုေနျပန္သည္ ။ သူတကယ္ စိတ္ပူပန္လာၿပီ ။

“ hyung...ကဘာျဖစ္လဲ "

“ ho-seok hyung..ကေလ...ႏွ...ႏွလုံးေရာဂါတဲ့...."

“ ဘာ! ႏွလုံးေရာဂါဟုတ္လား။ ဘယ္ကတည္းကလည္းကြာ...ငါဘာမွမသိရပါလား ။ "

Jung Kook တကယ္စိတ္တိုမိသည္ ။ ဘာပဲျဖစ္ျဖစ္ ထုတ္မေျပာဘဲ ႀကိတ္မိတ္ကာ ခံစားတတ္သူ ho-seok hyung သည္ အခုလည္း သူတို႔ကို မေျပာဘဲဝွက္ထားခဲ့ျပန္ၿပီ ။ ဒါဝွက္စရာ ကိစၥလား hyung ရယ္ ။ သူတို႔ကိုတိုင္ပင္သင့္တာကို ။

“ အခုေတာ့....အခုေတာ့...ငါတို႔ေနာက္က်သြားခဲ့ၿပီ Jung kook ..."

ၾကမ္းျပင္ေပၚထိုင္ခ်ကာ အသည္းအသန္ငိုေနေသာ Tae hyung ကိုၾကည့္ၿပီး Jung kook ေၾကာင္ေနခဲ့သည္ ။ ခန.... ခနက Tae hyung ဘာေျပာသြားခဲ့တာလဲ ။ ေနာက္က်သြားၿပီဆိုတာ ဘာကိုဆိုလိုခ်င္တာလဲ ။

“ ဘာကိုေျပာခ်င္တာလဲ ေနာက္က်သြားၿပီဆိုတာ။ ဟမ္!!။ "
Tae hyung နား သူထိုင္ခ်ကာ Tae hyung ပုခုံးအား လႈပ္ကာေမးလိုက္သည္ ။ ဘာေတြေျပာေနတာလဲ ။

“ hyung...မရွိေတာ့ဘူး...Jung kook...ရ...၊ hyung  ငါတို႔အားလုံးကိုထားၿပီး ထြက္သြားခဲ့ၿပီ.... "

Jung kook သည္ ၾကမ္းျပင္ေပၚသို႔ ဖင္ထိုင္ခ်လ်က္ လွဲက်သြားခဲ့သည္ ။ ဘယ္လိုျဖစ္ႏိုင္မွာလဲ ႐ုတ္တရက္ႀကီး၊ hyung ကဘာလို႔ထြက္သြားရမွာလဲ ။ ဘာေတြလဲ၊ ဘာေတြျဖစ္ေနၾကတာလဲကြာ။ ကုတင္ေပၚက hyung သည္ ၾကည့္လိုက္႐ုံနဲ႔တင္ ဝမ္းနည္းစရာေကာင္းလြန္းေနခဲ့သည္ ။ အခုက ဘာေတြျဖစ္ပ်က္သြားခဲ့တာလဲ ။ Jung kook သည္ၾကားသမွ် စကားေတြကို မယုံႏိုင္ကာ ငိုင္ေနခဲ့သည္ ။

hyung က ေအးေအးခ်မ္းခ်မ္းေလးပါဆို ၊ hyung က သာသာယာယာေလး ေနခ်င္ခဲ့႐ုံေလးကို ။ ဆိုး႐ြားတဲ့ မိသားစုကေန ေမြးဖြားလာခဲ့တဲ့ hyung က ၊ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလး ပိုင္ဆိုင္ခ်င္ခဲ့႐ုံကို ။ အၿမဲတမ္း ၿပဳံးေပ်ာ္ေနတဲ့ ေနေရာင္ျခည္ေလးလို hyung က ဒီလိုေဝဒနာေတြကို ခံစားေနခဲ့ရတာလား။ သူ႔တို႔နားကေန hyung က ထာဝရထြက္ခြာသြားေတာ့မွာလား။

hyung မွာဘာ၀ဋ္ေႂကြးေတြမ်ားရွိခဲ့လို႔လဲ ။ ဒီဘဝမွာ ဆိုး႐ြားတဲ့ အျဖစ္အပ်က္ေတြ ခံစားေနခဲ့ရတာ ။ hyung က လူတိုင္းအေပၚ ၾကင္ၾကင္နာနာေလးကို ။ ဘာလို႔ hyung လိုလူမ်ိဳးကိုမွ ထိခိုက္ေနၾကတာလဲ ။ Jung kook သည္ ဆရာဝန္တစ္ခ်ိဳ႕နဲ႔စကားေျပာေနခဲ့ေသာ hyungမိဘေတြထံ စိုက္စိုက္ၿမိဳက္ၿမိဳက္ၾကည့္ေနခဲ့သည္ ။ ျပႆနာ အရင္းအျမစ္သည္ hyung ရဲ႕ မိဘ၊ အဲ့ဒီလူႏွစ္ေယာက္ပင္။ Jung kook သည္ ခ်က္ခ်င္းပင္ ထကာ ထိုေနရာသို႔သြားလိုက္သည္ ။

“ ခဗ်ားႀကီးေၾကာင့္ ေသရတာ!!.... ခဗ်ားႀကီးတို႔ ႏွိပ္စက္လို႔ေသသြားရတာ!! ။ "

Jung kook သည္ ေတာင္ကိုရီးယားႏိုင္ငံေတာ္ စည္းလုံးေရး ဗဟိုျပဳ ဝန္ႀကီးခ်ဳပ္ Jung Suu-Gum ၏ ေကာ္လံစကား ဆြဲကိုင္ကာ ေအာ္ဟစ္ေတာ့သည္။ ‌ဆရာဝန္မ်ားႏွင့္ hyung အေမတို႔လည္း လႈပ္လႈပ္ရွားရွားျဖစ္သြားရသည္။ Jimin သည္ အေလာပင္ေျပးလာကာ လက္မလြန္ေစရန္ ဆြဲရသည္ ။ Tae hyung ကထိုင္ရာကေန ထကာ မတ္တပ္ရပ္ၾကည့္ေနခဲ့သည္ ။ jimin နားမလည္ႏိုင္ပါ ကိုယ့္သူငယ္ခ်င္းတစ္ေယာက္လုံး ႏိုင္ငံေတာ္ဝန္ႀကီးကို ဆြဲလား ရမ္းလားလုပ္ေနသည္ကို အကို Tae hyung ကဟန္ပင္မပ်က္ ရပ္ၾကည့္လို႔ေနသည္ကို ။

“ ေျပာစမ္းပါအုံး!! အာဏာေတြ သိပ္လိုခ်င္ခဲ့တာမလား...!!! အာဏာေတြကို သိပ္မက္ေမာေနခဲ့တာမလား!!! အဲ့အာဏာက ဘာမဆိုလုပ္ႏိုင္တယ္၊ ဘာမဆိုဖန္ဆင္းႏိုင္တယ္မလား!!!! အခုခ်က္ခ်င္း ခင္ဗ်ားသား ကြၽန္ေတာ့္သူငယ္ခ်င္းကို ျပန္ရွင္ေအာင္လုပ္ေပး!!! အသက္ျပန္သြင္းေပးစမ္း အဲ့အာဏာေတြနဲ႔!!!!! "

Jung kook သည္ Jung Suu-Gum ၏ေကာ္လံစအား လႊတ္လိုက္ကာ ထိုစကားမ်ားကို ေျပာဆိုေနခဲ့သည္ ။ လည္ပင္းေၾကာမ်ားေထာင္လာသည္အထိလည္း ေအာ္ဟစ္ေနခဲ့သည္။

Jimin သည္ အကိုTae hyung ကို အကူအညီေတာင္းေသာ ပုံစံျဖင့္ မ်က္စပစ္ျပလွ်င္လည္း အကို Tae hyung သည္ တုတ္တုတ္မွမလုပ္ပါ။ သူ႔ကိုပါ ထိုေနရာမွဆြဲေခၚလာကာ ေဘးနားတြင္ရပ္ၾကည့္ေစသည္ ။ အကို႔ကို တားရမွာမဟုတ္ဘူးလား။ ဘာလို႔လဲ။

“ အကို Tae hyung....ကြၽန္ေတာ္တို႔ ဆြဲသင့္တယ္မလား။ "

“ လႊတ္ထားလိုက္ ။ "

“ ............."

jimin အကို Tae hyung ရဲ႕မ်က္ႏွာကို အံ့ဩစြာၾကည့္ေနမိသည္ ။ တစ္ေယာက္က ဝန္ႀကီးခ်ဳပ္အား ဆြဲလားရမ္းလား လုပ္ေနသည္ကို ေနာက္တစ္ေယာက္သည္ ထိုအရာကို ေက်နပ္ေနခဲ့သည္ ။ သို႔ေပမယ့္ သူတို႔သည္ ေၾကကြဲေနခဲ့ၾကသည္ ။ တစ္ေယာက္က ရင္ကြဲမတတ္ငိုကာ တစ္ေယာက္ကေတာ့ ရင္ကြဲမတတ္ေသာင္းက်န္းေနခဲ့သည္  ။ သူတို႔သည္ ဘယ္လိုမွ လက္မခံႏိုင္ပါ..။

ဘယ္ေတာ့မွ ႏိုးထလာေတာ့မွာ မဟုတ္တဲ့ လူတစ္ေယာက္အျဖစ္ သူတို႔သည္ မသတ္မွတ္ႏိုင္ခဲ့ပါ ။ အေကာင္းဆုံး အေဖာ္မြန္ သည္ ထာဝရေပ်ာက္ကြယ္သြားေတာ့မည္ဆိုေသာ အသိသည္ ႏွလုံးသားအား ထိုးနက္ေနခဲ့သည္။ အတူတူ ျဖတ္သန္းလာခဲ့တဲ့ အခ်ိန္ေတြသည္ နည္းမွမနည္း။ ႐ုတ္တရက္ဆန္ဆန္ ျပဇာတ္သည္ သူတို႔အတြက္ ရင္ခုန္စရာမေကာင္းဘဲ တုန္လႈပ္စရာေကာင္းေနခဲ့ပါသည္ ။

ကုတင္ေပၚက ျဖဴဖတ္ဖတ္ မ်က္ႏွာေလးကို ၾကည့္မိလွ်င္ သူတို႔ႏွလုံးသားေတြသည္ မခံႏိုင္စြာ ေအာ္ဟစ္ငိုယိုေနခဲ့သည္ ။ ေတာက္ပတဲ့ အၿပဳံးေတြ ၊ ခပ္လြင့္လြင့္ အသံေတြ ၊ ေအးခ်မ္းတဲ့ အမူအရာေတြဟာ ကုတင္ေပၚက လူနဲ႔အတူ အကုန္ေပ်ာက္ကြယ္သြားေတာ့မည္ ။ဘယ္လို ေျဖသိမ့္ရပါမည္နည္း။

Jimin သည္နားလည္သြားကာ ခပ္ေတြေတြေလးသာ ၾကည့္ေနခဲ့သည္ ။

“ Jeon Jung kook မင္းလြန္မလာနဲ႔ေနာ္၊ ငါ့သားေသဆုံးမႈကို ငါက ဘာမွမျဖစ္ဘူးမ်ားထင္ေနတာလား၊ မင္းတို႔က သူငယ္ခ်င္း၊ ငါက ေမြးထားရတာ၊ Jung ho-seok က ငါ့သားပါကြ!! "

“ ေမြးပဲေမြးၿပီး ပစ္ထားတာေလ၊ ခင္မ်ားတို႔က ေမြး႐ုံတစ္ခုတည္းပါ ကြၽန္ေတာ္တို႔က ရင္ဘက္နဲ႔ေပါင္းလာခဲ့တာ ၊ ဘဝတစ္ေလွ်ာက္လုံး ခင္မ်ားတို႔ေပးတာဆိုလို႔ ဒဏ္ရာေတြ၊ စိတ္အားငယ္မႈေတြပဲရွိတာ!!!! "

“ ဂ႐ုစိုက္ဖူးသလား ၊ ဘာလိုခ်င္သလဲေမးဖူးသလား။ ဟက္..ခင္မ်ားတို႔က လိုအပ္တာထင္သမွ်အကုန္ျဖည့္ဆည္းေပးၾကတယ္ ဒါေပမယ့္ေမးဖူးသလား...ဘာႀကိဳက္တတ္သလဲ ၊ ဘာလိုေနခဲ့တာလဲဆိုတာ။ ဒါဝယ္ေပးတယ္ ႀကိဳက္ခ်င္ႀကိဳက္ မႀကိဳက္ခ်င္ေနသုံး။ အခုၾကည့္!!! ခင္ဗ်ားသား ကုတင္ေပၚမွာ အသက္မရွိေတာ့ဘူး!!! "

“ Jeon Jung kook!!!! "

“ အခုလိုျဖစ္တာ ခင္မ်ားတို႔ေၾကာင့္ပဲ မိဘျဖစ္ၿပီး ကိုယ့္သားဘာျဖစ္ေနလဲ ၊ ဘာခံစားေနရသလဲ မသိဘူးလားဟမ္!! မိဘေတြျဖစ္ၿပီး ကိုယ့္သားကို ေထြးေပြ႕မယ္မရွိဘူး တစ္ေယာက္နဲ႔တစ္ေယာက္ အားၿပိဳင္ၿပီး ရန္ပဲျဖစ္ေနက်တာ၊ ခမ်ားတို႔မရွက္ၾကဘူးလား။!!!! "

“ တကယ္တမ္း Broken family တစ္ခုမွာ ထိခိုက္နစ္နာသူအစစ္က သားသမီးေတြပဲ...။ အခုၾကည့္ ခမ်ားတို႔ႏွစ္ေယာက္ေၾကာင့္ သားျဖစ္သူ ေသသြားရၿပီ။ "

“ သိပ္ကိုေနာ္။ ဝန္ႀကီးခ်ဳပ္လုပ္ၿပီး ျပည္သူေတြကို  ၾကည့္ေနမဲ့အစား ကိုယ့္သားသမီးကိုသာ ဂ႐ုစိုက္စမ္းပါ ။ ကိုယ့္သားတစ္ေယာက္ေတာင္ ျဖစ္ျဖစ္ေျမာက္ေျမာက္ ဂ႐ုမစိုက္ႏိုင္ဘဲနဲ႔ ျပည္သူေတြကို အုပ္ခ်ဳပ္အုံးမယ္တဲ့။ "

“ မင္းအေတာ္ လြန္လာၿပီေနာ္။ မင္းဟာ ငါ့သားသူငယ္ခ်င္းမို႔ ငါသည္းခံေနတာ ။ မင္းအခု ဘယ္သူ႔ကိုလာၿပီး ေစာ္ကားေနလဲဆိုတာ သိရဲ႕လား။ မင္းကို အသေရဖ်က္မႈနဲ႔ တရားစြဲလို႔ရတယ္ဆိုတာ မင္းမသိဘူးလား။ !! "

“ စြဲစမ္းပါ!! အခုေခတ္မွာ ေငြရွိရင္ ရၿပီ။ ေငြကမွ တကယ့္အာဏာ။ ႀကိဳက္တဲ့ ေနရာမွာ ႀကိဳက္သလိုစြဲလိုက္ ။ ေငြနဲ႔ေပါက္ၿပီး ေျဖရွင္းပစ္မယ္။....ခမ်ားေတာင္ ေငြရခ်င္လို႔ ဒီအလုပ္ေတြလုပ္ေနတာမလား! ။ "

Jimin သည္ အကို႔ကို ေၾကာင္ၿပီးၾကည့္ေနမိသည္ ။ ဝန္ႀကီးခ်ဳပ္တစ္ေယာက္ကို အကိုေျပာေသာ စကားမ်ားသည္ သိပ္ကို အႏၲရာယ္မ်ားလြန္းပါသည္ ။

“ ခြပ္! "

Jung Suu-Gum သည္ အကို႔အားထိုးလိုက္သည္ ။ အကိုသည္ အေနာက္သို႔ အနည္းငယ္ယိုင္နဲ႔သြားသည္။ ထို႔ေနာက္ jimin သည္ အကို႔ကို အသာေလးေျပးထိန္းေပးလိုက္သည္ ။ ႏႈတ္ခမ္းေထာင့္မွာ ေသြးအနည္းငယ္စို႔သြားသည္ ။ ဒီလူႀကီး သူမ်ား အကိုကို ဒီလိုပဲ ထိုးလို႔ရ႐ိုးလား ။ jimin စိတ္တိုစြာ အေရွ႕က ဝန္ႀကီးကို ၾကည့္လိုက္သည္။

“ Mr-Jung Suu-Gum shii....လက္မပါဘဲ စကားနဲ႔‌ပဲေျပာပါ လက္မပါပါနဲ႔ ။"

“ ဘာကြ!! မင့္လူ႐ိုင္းေနတာ မင္းမျမင္လို႔လား။ မင္းကေရာဘယ္သူလဲ၊ ဘယ္က ကေလကေခ်လဲ!!! "

Jung kook သည္ ေကာင္ေလးအား ကေလကေခ်ဟု သုံးႏႈန္းလိုက္တာေၾကာင့္ ေဒါသထြက္စြာ ျပန္ေျပာမည္အလုပ္ ေကာင္ေလးသည္ သူ႔ထက္ဦးစြာ ေျပာေနခဲ့သည္ ။

“ ကြၽန္ေတာ္က Park GP / PJ-CP / PJ Diamond လုပ္ငန္းစု ပိုင္ရွင္ Park-Min Joo ရဲ႕သား ၊ တစ္ဦးတည္းေသာ အေမြဆက္ခံသူ Park jimin ပါ။ "

Jimin သည္ ထိုဝန္ႀကီး မ်က္ႏွာအားၾကည့္ကာ ေျဖလိုက္တာေၾကာင့္ ထိုဝန္ႀကီးသည္ အနည္းငယ္ မ်က္ႏွာပ်က္သြားခဲ့သည္ ။

“ ကြၽန္ေတာ့ အေဖကိုသိတယ္မလား ၊ ကြၽန္ေတာ့္အေဖကိုမသိစရာအေၾကာင္းလဲ မရွိပါဘူး..ေတာင္ကိုရီးယားႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲကို အဓိက ဆုံးျဖတ္‌ေပးရတဲ့ အေရးပါဆုံး ဘုတ္အဖြဲ႕အဝင္ေလ...။ "

“ မင္းးး "

Jung Suu-Gum သည္ အခန္းထဲမွ ထြက္သြားခဲ့သည္ ။ သူ႔မိန္းမသည္လည္း ေနာက္မွ ေအာ္ကာ လိုက္သြားခဲ့သည္ ။ ဘာမ်ားေျပာရဲမွာလဲ Park-Min Joo ရဲ႕သားဆိုတာ သိသြားေတာ့ ။ ထိေတာင္ထိရဲမွာ မဟုတ္ဘူး။

အကိုသည္ Jung Suu-Gum ထြက္သြားသည္ႏွင့္ ေနာက္နံရံကို မွီခ်ကာ မ်က္လုံးမွိတ္ထားခဲ့သည္ ။ ေသခ်ာပါသည္ အကိုထိုသို႔ေျပာထြက္ဖို႔အတြက္ စိတ္တင္းထားခဲ့ရတယ္ဆိုတာ ။ အကိုသည္ မ်က္ရည္မက်ခဲ့ပါ သို႔ေပမယ့္ မ်က္အိမ္ေတြေတာ့ နီရဲေနခဲ့သည္ ။ ဒါသည္ အကို႔ ေၾကကြဲျခင္းေတြပင္  ။

“ Tae hyung..."

“ အြန္းး "

“ ဈာပနပြဲအတြက္ ျပင္ဆင္ၾကရေအာင္...."

အကိုသည္ ထိုစကားကို မ်က္လုံးတင္းတင္းမွိတ္ထားၿပီး အားယူကာ ေျပာေနခဲ့ပုံရသည္ ။ အကို Tae hyung သည္ ေခါင္းေလးၿငိမ့္ျပကာ ho-seok hyung လက္ကေလးတစ္ဖက္ကို ကိုင္၍ ငိုေနခဲ့ျပန္သည္ ။

“ ေတာ္ေတာ့ Kim Tae hyung..ငိုမေနေတာ့နဲ႔ ၊ မင္းပါအိပ္ရာထဲလွဲသြားမယ္....ငါတို႔ hyung ရဲ႕ေနာက္ဆုံးအခ်ိန္ကို အေကာင္းဆုံးပို႔ေဆာင္ ၾကရေအာင္...။ "

“ ငါ...ငါ...ခုထိ လက္မခံႏိုင္ေသးဘူး..။ တစ္သက္လုံး ငါတို႔အနားကေန ထြက္ခြာသြားေတာ့မယ္ဆိုတဲ့အသိက...ဘယ္လိုမွကို မေနသာဘူး...။ "

“ Kim Tae hyung ရာ..."

Jung kook အသံသည္ အဖ်ား၌တုန္ရီသြားခဲ့သည္ ။

“ ဘယ္လိုလုပ္ရမလဲ....ငါတို႔ hyung ကိုသနားလြန္းလို႔.......ဘယ္လိုလုပ္ရပါ့မလဲ....အၿမဲတမ္းဆုံးမေပးပါမယ္ဆို...ဘာလို႔ အခုေတာ့....အရင္ဆုံးထြက္သြားရတာလဲ....ေျပာ ေတာ့ မင္းတို႔မရွိရင္ ငါမေနႏိုင္ပါဘူးဆို.... hyung ကကြၽန္ေတာ္တို႔မရွိတဲ့ အဲ့ဒီေနရာမွာေတာ့ ေနႏိုင္တယ္ေပါ့....ဘာလို႔လဲ ကြၽန္ေတာ္တို႔က hyung မရွိရင္ မေနႏိုင္ပါဘူးလို႔မေျပာမိလို႔လား hyung အခုလို ထြက္သြားတာ။ အဲ့လိုဆိုရင္လဲ ကြၽန္ေတာ္ခုေျပာမယ္ ...ကြၽန္ေတာ္နဲ႔ Jung kook က hyung  မရွိရင္ မေနႏိုင္ဘူးဗ်။ hyung ရွိေနမွကိုျဖစ္မွာပါဆို...ျပန္လာခဲ့ပါ ကြၽန္ေတာ့္ငိုသံေတြကိုၾကားရင္ ေရာက္တဲ့ေနရာကေနျပန္လာခဲ့ေပးပါ....။ "

“ hyung က ႏိုင္ငံေက်ာ္    ဒီဇိုင္နာ လုပ္မွာမို႔လို႔ ကြၽန္ေတာ္က hyung ရဲ႕ေမာ္ဒယ္လုပ္ေပးရမယ္ဆို ကြၽန္ေတာ္အရင္က ျငင္းခဲ့ေပမယ့္၊ ကြၽန္ေတာ္ ေမာ္ဒယ္မလုပ္ခ်င္ခဲ့ေပမယ့္ ခုလုပ္ေပးမွာမို႔လို႔...ျပန္လာၿပီး သင္တန္းေတြတက္ပါအုံး....Jung ho-seok ႀကီးရယ္..."

“ ေတာ္ပါေတာ့ "

Jung kook သည္ေအာ္ငိုေနေသာ Tae hyung အား ဆြဲလွည့္လိုက္ကာ ထပ္မငိုေတာ့ရန္ေျပာသည္ ။

“ ရၿပီေလ Tae hyung....၊ hyung...ထြက္သြားၿပီေလ...ငါတို႔ဘာမွလုပ္လို႔မရေတာ့ဘူး...ဘာမွလည္း မတတ္ႏိုင္ေတာ့ဘူး...ခုခ်ိန္ ငါတို႔လုပ္ေပးႏိုင္တာက hyung ရဲ႕ေနာက္ဆုံးခရီးမွာ ေကာင္းေကာင္းသြားႏိုင္ဖို႔ပဲ ၊ hyung လိုရာကိုသြားပါေစ....၊ ဒီလိုထပ္ၿပီး ‌ငိုေနရင္ hyung ေကာင္းေကာင္းမြန္မြန္သြားႏိုင္မွာမဟုတ္ဘူး... hyung ေနာက္စံတင္းေစရမယ့္ အလုပ္မ်ိဳး ငါတို႔မလုပ္ၾကရေအာင္...။ ခရီးအရွည္ႀကီးတစ္ခု ထြက္သြားတယ္လို႔ပဲ သေဘာထားလိုက္ၾကရေအာင္ ။ "

ဟင္။ ခရီးအရွည္ႀကီးတစ္ခု ။                                                Jimin သည္ထိုစကားကိုၾကားေတာ့ တစ္ခုခုကို သတိရသြားသည္။ သြားစရာရွိလို႔ဆိုၿပီး ho-seok hyung သူ႔ဆီ အပ္သြားခဲ့တဲ့ အျပာေရာင္စာအိတ္ေလး ။ သူထြက္သြားရင္ ေပးေပးပါဆိုၿပီး ေျပာခဲ့တဲ့ စာအိပ္ျပာေလး ။ သူ႔ဆီ ေသေသခ်ာခ်ာအပ္သြားခဲ့တာ။ ထြက္သြားမယ္ ၊ ခရီး ၊ ဆိုတာေတြဟာ ဒီလိုထြက္သြားျခင္းမ်ိဳးကို ၫႊန္ျပေနခဲ့တာလား ။ တုံးလိုက္တာ Park jimin ရာ။ အစကတည္းက စပ္စပ္စုစုစိတ္နဲ႔သာ ဖြင့္ဖတ္ခဲ့ရင္ ဒီလိုအေျခေနမ်ိဳးေရာက္မွာမဟုတ္ဘူး ။ ဘာလို႔မ်ား ဒီလိုကိစၥေတြမွာ သူ႔ရဲ႕စပ္စုတတ္တဲ့စိတ္က ေပၚမလာရတာလဲ ။ ဆိုး႐ြားလိုက္တာဟာ ။

“ အကို..ကြၽန္ေတာ္ အိမ္ခနျပန္အုံးမယ္.."

“ တစ္ေယာက္ထဲ ျဖစ္ရဲ႕လား  အကိုလိုက္ပို႔ေပးရမလား.."
အကိုသည္သူ႔အား ခပ္ေဖ်ာ့ေဖ်ာ့ မ်က္လုံးအေရာင္ေတြနဲ႔သာ ၾကည့္လာသည္ ။

“ ရတယ္အကို ျဖစ္တယ္ ။ ခနပဲ ကြၽန္ေတာ္ျပန္လာမွာ။ "

“ အင္း။ ဂ႐ုစိုက္သြားေနာ္ jimin။ "

“ ဟုတ္ "

သူသည္ အခန္းထဲက ေျပးထြက္လာကာ ေဆး႐ုံးေပါက္ဝကို အလ်င္အျမန္ေရာက္ေအာင္ေျပးဆင္းလာခဲ့သည္ ။ ဓာတ္ေလးကားေတြလည္း မစီးေတာ့။ ႐ိုး႐ိုးေလးကားကေနပင္ ေျပးဆင္းခဲ့သည္ ။ အခုခ်ိန္သူ႔မွာ တံခါးအဖြင့္အပိတ္ ေစာင့္ေနဖို႔နဲ႔ ခလုတ္နိတ္ဖို႔အတြက္ အခ်ိန္လည္းရွိမေနပါ ။

အိမ္ကိုျမန္ျမန္သြားၿပီး အျပာေရာင္စာ အိတ္ကေလးကိုင္ကာ ေဆး႐ုံကို အေျပးျပန္လာရမည္။ ဒါေတြသာ သူ႔စိတ္ထဲရွိေနခဲ့သည္ ။ နာရီဝက္ေလာက္ၾကာေတာ့ အိမ္ကိုေရာက္သြားသည္။ ငွားခဲ့ေသာ Taxi ကားထဲမွ အျမန္ေျပးဆင္းကာ...အိမ္ေပၚသို႔အျမန္ေျပးတက္သြားခဲ့သည္ ။

“ သားငယ္...ဘာျဖစ္လာတာလဲ!! "

ဧည့္ခန္းမွ ေအာ္ေခၚေနေသာ အေဖ့အသံေတြအား သူမေျဖအားခဲ့။ အခန္းထဲေရာက္ေတာ့ လြယ္အိတ္ထဲမွ အျပာေရာင္စာအိတ္ကေလးအား ခပ္ျမန္ျမန္ပင္ယူလိုက္သည္ ။ အခုခ်ိန္မွာ အေရာင္လွလွ စာအိတ္ေလးသည္ သူ႔စိတ္ထဲတြင္ ညိဳ႕မႈိင္းေနခဲ့သလိုလို ေဆြးေျမ့ေျမ့ေလးရွိေနခဲ့သည္ ။

အလ်င္အျမန္ပင္ စာအိပ္ကို ေဖာက္လိုက္ကာ သူဖတ္ၾကည့္လိုက္မိသည္  ။ စာလုံးညီညီလွလွေလးေတြနဲ႔ ေရးထားေသာ လက္ေရးလွလွေလးေတြသည္ ပုံမွန္ဆို လွလိုက္တဲ့လက္ေရးဟု မွတ္ခ်က္ေပးႏိုင္ေကာင္းေပးႏိုင္လိမ့္မည္ ။ သို႔ေပမယ့္ ယခုခ်ိန္စာအိတ္ အျပာေရာင္လြင္လြင္ေလးထဲက လက္ေရးေလးသည္ ဝမ္းနည္းစရာ‌ေကာင္းစြာ အက်ည္းတန္ေနခဲ့သည္။

စဖတ္လိုက္ကတည္းက ဝမ္းနည္းစရာေကာင္းေနေသာ စာေၾကာင့္ ခနကအထိ မ်က္ရည္ပင္မက်ခဲ့ေသာ jimin သည္ ထိုစာေလးစဖတ္ကာရွိေသး ပါးေပၚသို႔ မ်က္ရည္မ်ား က်ဆင္းလာခဲ့ပါသည္ ။ တစ္ေၾကာင္းၿပီးတစ္ေၾကာင္းဖတ္ကာ မ်က္ရည္ေတြသည္ တာဆူေနခဲ့သည္ ။ ထို႔ေနာက္ ဆက္မဖတ္ႏိုင္ေတာ့ကာ...စာ႐ြက္ေလးကို မ်က္ႏွာလႊဲ၍ ငိုမိသည္ ။ သူဆက္မဖတ္ႏိုင္ေတာ့ဘူး....။ ဖတ္ဖို႔လည္း အင္အားမရွိေတာ့ဘူး ။ ေဆး႐ုံကိုလည္း ထပ္မသြားခ်င္ေတာ့ဘူး ။ ho-seok hyung ကို ဒီလိုပုံစံနဲ႔ထပ္ျမင္ရဖို႔ အင္အားေတြ မ‌လုံေလာက္ေနေတာ့ဘူး ။ ဒါေပမယ့္လည္း hyung ရဲ႕ေပးေပးပါေနာ္ ဆိုတဲ့ ဆႏၵေလးကို ေနာက္ဆုံးအေနနဲ႔ ျဖည့္ေပးရမည္ ။

ပါးေပၚက မ်က္ရည္စမ်ားကို သုတ္လိုက္ကာ စာ႐ြက္ေလးကိုကိုင္လို႔ သူေအာက္ထပ္ကိုဆင္းခဲ့သည္ ။ ေျခလွမ္းေတြဟာ အလာတုန္းကနဲ႔မတူ ေလးလံေနခဲ့သည္ ။ အိမ္ေအာက္ေရာက္ဖို႔ေတာင္မနည္း အားယူေနရသည္ ။ အေဖသည္ သူ႔ကိုမေမးခဲ့ပါ ။ ဘာလို႔ငိုလဲဆိုၿပီး။ ဒီတိုင္းေလးသာၾကည့္ေနခဲ့သည္ ။ သူလည္းေျဖဖို႔ အင္အားမရွိပါ ။

Taxi ငွားလိုက္ၿပီး ကားေပၚ‌တြင္သူ ၿငိမ္ၿငိမ္ေလးလိုက္ပါခဲ့သည္ ။ ခုခ်ိန္ ကိုယ္တိုင္ ကားေမာင္းဖို႔လည္း မျဖစ္ႏိုင္ပါ ၊ တစ္ေယာက္ကေန ႏွစ္ေယာက္ျဖစ္သြားႏိုင္သည္ ။

မိုးေတြ တဖြဲဖြဲက်ေနခဲ့သည္ ။ ကားမွန္အျပင္ေပၚမွာ ကပ္တြယ္ေနေသာ မိုးေရစက္ေတြအား jimin လက္နဲ႔ တို႔ထိမိေနသည္ ။ တေ႐ြ႕ေ႐ြ႕သြားေနၾကေသာ ယာဥ္မ်ားကို ေတြေတြေလး ေငးၾကည့္ေနမိခဲ့သည္ ။ ဒီေန႔ဟာဆိုရင္ သူတို႔နဲ႔အတူ..ေကာင္ကင္ႀကီးကပါ ဝမ္းနည္းေပးေနခဲ့သေယာင္ ။ မသည္း‌ေသာ မိုးေတြသည္ ဝမ္းနည္းမႈအား ပိုထင္ဟပ္ေစခဲ့သည္  ။

ေလာကမွာ ဘယ္အရာမွမတည္ၿမဲႏိုင္ခဲ့ပါ ။ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ေပ်က္ကြယ္သြားခဲ့တာခ်ည္း ။ လွည့္ဖ်ားတတ္တဲ့ ကံၾကမၼာ ၊ ရက္စက္တတ္တဲ့ ကံၾကမၼာ ဘယ္သူ႔အေပၚမွာမွ ညႇာတာမေနခဲ့ပါ ။ အျပစ္တင္လို႔လည္း မရခဲ့ပါဘူး။ အရာရာက ဖန္ဆင္းရွင္ အလိုအတိုင္းသာ ။
ဒီေန႔ဟာ ဝမ္းအနည္းရဆုံးေန႔ဟု သူတို႔သတ္မွတ္ခဲ့ၾကသည္ ။

: sorry ပါ အတန္းခ်ိန္ေလးေတြရွိေနေတာ့ ေနာက္က်ေနခဲ့တာ။ ေလာေလာ‌ ေလာေလာနဲ႔ ေရးထားရတာမို႔ အမွားပါရင္ နားလည္ေပးဖို႔ ဂ်ီ႕ဘက္က ေတာင္းဆိုပါတယ္🤍။

: ဒီအပိုင္းမွာ ကိုယ့္ကိုကိုယ္လုံးဝအားမရဘူး။ အေရးအသားေတြ မေပၚလြင္ခဲ့ရင္လည္း နားလည္ေပးၾကပါ။ ေနာက္ထပ္ႀကိဳးစားပါ့မယ္🤍။

: အခုေတာ့ ေမာင္ရဲ႕ ( seven ) သီခ်င္းနဲ႔ လြင့္လိုက္ပါအုံးမယ္ ဒါဒါတို႔🤍။


Continue Reading

You'll Also Like

376K 13.4K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
177K 4.7K 40
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
1.1M 37.9K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...