မိုးဖွဲဖွဲရွာကျနေသည်။
ကားလမ်းတွေကပုံမှန်ထက်ပိုပိတ်နေသည်။
''တီ... တီ...တီ''
လမ်းပိတ်နေကာမှ အနောက်က ကားဟွန်းသံက တညံညံ။
''လမ်းပိတ်နေတာကို ဘယ်လို လူလဲမသိဘူး''
''ရှေ့ကကားက ချီးလိုမောင်းနေတာလား''
ကားနှစ်စီးပေါ်မှလူနှစ်ယောက်ရဲ့တပြိုင်နက်ပြောဆိုသံ။
ဘေးက ကားတန်းလွတ်သွားတော့ နောက်က ကားလေးသည် သူ့ကားကိုလွှားခနဲကျော်တက်သွားတော့သည်။သူလည်းထိုကားနောက်မှရှေ့ဆင့်နောက်ဆင့်လိုက်သွားတော့သည်။
ကျောင်းဝင်းထဲဝင်တော့ မိုးသည် တိတ်သွားသည်။ကားပါကင်ထဲကားတွေအပြည့်နှင့်။သူပါကင်ထိုးရန်တစ်နေရာသာရှိတော့သည်။အတာကဟိုအဆိုးအဆာနေရာပင်။
''အဲ့မှာသွားထားလို့မဖြစ်ဘူး အထိုးခံနေရမယ်''
''တီ...တီ''
နောက်မှကားဟွန်းသံကြောင့်ပုခုံးတွန့်သည်အထိလန့်သွားသည်။သူ့ရှေ့မှကားလေးတစ်စီးသည်ထွက်သွားတော့သည်။ဟုတ်တယ် အဲ့နေရာသူယူရမည်။ထောင့်ဆုံးကျကျနေရာတွင် ပါကင်ကို ခက်ခက်ခဲခဲထိုးလိုက်ရသည်။အနောက်မှကားသည်လည်းသူ့ဘေးနားလာရပ်သည်။
သေချာတာကတော့ဟိုလူဆိုးကားဖြစ်သည်။
သူကားထဲမှမထွက်သေးပဲစောင့်နေလိုက်သည်။ဟိုလူဝေးဝေးလံလံရောက်မှဆင်းတာအကောင်းဆုံးပဲလေ။ခါးပတ်ဖြုတ်နေတုန်းကားတံခါးကိုတစ်စုံတစ်ယောက်ကလာခေါက်သည်။
ဟော....မတွေ့ချင်တဲ့လူ။
''တံခါးဖွင့်...တံခါးဖွင့်''
တလမ်းလုံးလည်းရှေ့မှာပိတ်ရက်နေတာဒီကားအဖြူလေးပင်။ကော်ဖီခနဝင်ဝယ်နေတာမို့ကျောင်းကိုနောက်ကျမှရောက်လာခဲ့သည်။
ဟော..ဒီရောက်တော့လည်း လမ်းလယ်ခေါင်မှာ ပိတ်ရက်နေတာလည်းဒီကားဖြစ်သည်။သေချာကြည့်မိမှဟိုတလောကသူ့နေရာမှာလာထားခဲ့ဖူးတဲ့ကားဖြစ်နေသည်။
ဒီလောက်တံခါးခေါက်နေတာတောင်ထွက်မလာသူ။ကားမီးလောင်ချင်နေပြီနဲ့တူတယ်။
''မဆင်းလာသေးဘူးလားခင်များ...နာတော့မယ်''
တံခါးအပြင်ဘက်မှအမြင်ကပ်စရာလူသည်ပွစိပွစိနှင့်။ဒီထဲမှာဒီတိုင်းထိုင်နေလို့မဖြစ်တော့။ဆင်းမှရတော့မည်။တံခါးဖွင့်ပြီးဆင်းလိုက်တာနဲ့ဒေါသမျက်ဝန်းတစ်စုံနှင့်တန်းတိုးတော့သည်။
''ခင်များ တစ်လမ်းလုံးနှောင့်ယှက်နေတာလား''
ဘာတစ်ခွန်းမှမဖြေပဲမျက်နှာလွှဲလိုက်သူ။
''လမ်းထဲမှာလည်း ခင်များ ကားပဲ အော့.. ေကျာင်းရောက်တော့လည်း ခင်များကားပဲ ဟိုနေ့ကလည်းခင်များပဲ ခင်များဘာဖြစ်ချင်နေတာလဲ''
တစ်ခုချင်းဆီကိုအသေချာကိုပြောပြနေသည်။ဒါကတမင်လုပ်ခဲ့တာမျိုးမဟုတ်မှန်းသူသာသိသည်။သူ့လိုလူကိုဝေးဝေးနေနေပါတယ်ဆိုမှဘာဖြစ်ချင်ရမှာလဲ။
''ခင်များ စကားမပြောတတ်ဘူးလား''
ဘာမှမပြောပဲ ကားထဲက အိတ်ကို ခပ်တည်တည်ပင်ဝင်ယူနေသည်။အမြင်ကပ်စရာလေး။
''တောင်းပန်တယ် ငါအတန်းချိန်ရှိသေးလို့ ဘေးဖယ်''
''မဖယ်ပါဘူး''
''အာ့ဆိုဘာလုပ်ပေးရမှာလဲ အကုန်လုံးကမတော်တဆဖြစ်တာလေ တမင်မှမဟုတ်တာ''
သူ့စိတ်ထင်ရန်ရှာပြီးအသံကြမ်းမယ်ထင်ထားတာ။တကယ်တမ်းတော့နူးညံ့ပြီးသာသာယာယာလေးဆိုနေသည်။သေချာကြည့်လိုက်မှမြင်ဖူးသလိုရှိနေကာကန်တင်းက ခပ်လှလှလေးပင်။
အနီးကပ်လေးကပိုလှသည်။
မျက်ဝန်းကျဥ်းကျဥ်းလေးတွေကသူ့အားစိုက်မကြည့်ပဲလွှဲထားသည်။ခုနကအုံလိုက်ခဲလိုက်ဒေါသတွေကနူးညံ့စွာဆိုလာတဲ့စကားတွေအောက်ကြက်ပျောက်ငှက်ပျောက်။
''အာ့ဆို နာမည်ပြောပြ''
''ဟမ်''
အမြဲပြဿနာရှာ ရန်လုပ်နေသူက သူ့နာမည်မေးသည်တဲ့။နည်းနည်းတော့ရယ်ချင်မိသည်။သိတဲ့အတိုင်းPark Jiminကစိတ်ထဲတွင်သာရယ်နေသည်အပြင်မှာတော့ခပ်တည်တည်ပင်။
''တွေ့ရာလူကိုနာမည်မပြောတတ်ဘူး''
''ကိုယ့်နာမည်က Jeon Jung Kook''
''သိတယ် မင်းအားနေတယ်ဆိုလည်းနေခဲ့တော့ ကိုယ်လည်းတောင်းပန်ပြီးပြီမို့ သွားပီ ''
''နေဦးလေ''
လက်တစ်ဖက်အားဖမ်းဆွဲလာသည်။လက်ကTattooတွေနဲ့ကြောက်စရာကြီး။
သူ့လက်ကိုကြည့်ကာ မဲ့မဲ့လေးဖြစ်သွားသော မျက်နှာအား ဖြစ်နိုင်ရင် သိမ်းထားလိုက်ချင်ပါသည်။တကယ်ချစ်စရာ။
လက်ကိုခါချရင်း
''ဘာလဲ''
''နောက်ခါကားဘယ်နားထားထားရတယ်''
ဘာတွေလာပြောနေမှန်းမသိ။
သူပဲဟိုတစ်ခါကသူ့နေရာထားမိလို့သတ်တော့မလိုပင်။မထားရဲပါ။
''ငါသွားပြီ''
စကားစဖြတ်ကာ Jiminကပဲထွက်လာခဲ့တော့သည်။အတန်းကနောက်ကျနေပါသည်ဆိုကာမှအဆိုးနဲ့ကလာတိုးနေသေးသည်။တော်သေးတာပေါ့သူ့ကိုဘာမှမလုပ်လိုက်လို့အနည်းဆုံးတော့ထိုးပြီထင်နေခဲ့တာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>♥
အမြဲလိုလိုပြဿနာရှာနေသူ Jeonအတွက် မနက်ကအကြောင်းအရာမျိုးသာဆို အနည်းဆုံးတော့ တဖက်က ကား အစုတ်အပျက်ကိန်းပေ။
သို့ပေမယ့် အသံလေးတစ်ခုကိုအကြောင်းပြုပြီး သူ့စိတ်တို့ဝေဝါးသွားရသည်။
ချောပေ့လှပေ့ကောင်မလေးတွေနှင့်အများကြီးတွေ့ဖူးသည်။အများကြီးလည်းတွဲဖူးသည်။
စိတ်ကိုချုပ်ကိုင်နိုင်လောက်တဲ့အထိသူတို့ကJeonအပေါ်မသက်ရောက်ပေ။
တစ်ယောက်သောသူကတော့ အသံလေးဖြင့်ပင် လှလှပပလေးနိုင်စားသွားခဲ့သည်။
ပထမဆုံးရှုံးနှိမ့်မှုတစ်ခုပင်ဖြစ်လေသည်။
''Tae တစ်ယောက်ယောက်အကြောင်း စုံစမ်းပေးမလား''
''ဘယ်ကောင်မလေးအကြောင်းလဲ နာမည်ကရောဘယ်သူလဲ ဘယ်နှစ်ကလဲ ဘယ်မေဂျာလဲ ပြော''
Taeကသူ့အကြောင်းသိသူပီပီစေ့စပ်သေချာစွာမေးနေတော့သည်။ခက်တာက ဘာမှမသိ။
''မသိဘူး''
''အာ...မသိပဲကိုယ်ကဘယ်လိုစုံစမ်းမလဲ''
Taeကပြောပြောဆိုဆိုကော်ဖီတစ်ငုံသောက်လိုက်သည်။Taeကသူနဲ့စတွေ့ထဲကကော်ဖီသိပ်ကြိုက်သူမှန်းရိပ်မိသည်အထိကော်ဖီသောက်နိုင်လွန်းသည်။
''ဟိုတစ်ခါက ကန်တင်းမှာတွေ့တဲ့တစ်ယောက်လေ''
''ကန်တင်းမှာတွေ့တာတစ်ယောက်မကဘူးလေJeon''
''မိန်းကလေး မဟုတ်ပဲ ယောက်ျားလေးလေ''
''ယောက်ျားလေးတိုင်းကန်တင်းလာတာပဲလေ ဘယ်သူနဲ့ပြဿနာဖြစ်ထားလို့လဲ ''
''မဟုတ်ဘူးလေ ကွာ ကောင်လေးလှလှလေးကိုပြောတာ''
Taeရုတ်တရက်ငြိမ်သက်သွားသည်။သေချာပြန်စဥ်းစားကြည့်မိတော့အဖြေကထွက်လာသည်။
''အော်..ရင်တောင်ခုန်သွားတယ်ဆိုတဲ့တစ်ယောက်လား''
Taeအသံသည်အဖျားနားလေးတွင်လှိုင်းခတ်သွားတော့သည်။
''ကိုယ်သူ့ကိုစိတ်ဝင်စားလို့''
''သူကယောက်ျားလေးလေJeon''
သူ့အပြောကိုသူသံသယဝင်မိသည်။သူတကယ်သဘောကျတာလည်းယောက်ျားတစ်ယောက်ပင်ဖြစ်နေသည်။အနည်းဆုံးတော့Jeonကယောက်ျားလေးတစ်ယောက်ကိုစိတ်ဝင်စားပါတယ်လို့ဆိုလာပေမယ့် သူဖြစ်မနေခဲ့ပါ။
ဝမ်းနည်းမိပါတယ်Jeon။
''ဘယ်လိုလဲ စုံစမ်းပေးမလား ကျောင်းပိတ်တဲ့နှစ်ရက်Taeကြိုက်တာလိုက်ကျွေးမယ်''
ပျက်နေတဲ့မျက်နှာကိုပြန်ထိန်းရင်းအနည်းငယ်ပြုံးလိုက်သည်။
''Ok လေ ကတိသာပေး''
''ကတိဗျာ... ကတိ အခုတော့ ကောင်မလေး နဲ့ချိန်းထားတယ်''
''ဟာ... Jeon မင်းအဲ့လောက်မရှုပ်နဲ့လေ''
''Tae ကလည်း...အပျော်ပဲကို''
''အင်း...ကြွကြွ''
Taeဆံနွယ်လေးကိုဖွကာထွက်သွားတော့သည်။ဒါကJeonရဲ့ရိုးရာတစ်မျိုးပင်ဖြစ်သည်။သူTaeနဲ့အတူရှိပြီးချိန်တစ်နေရာရာသွားပါက ကျန်ခဲ့သူ Taeကိုနှစ်သိမ့်ပေးတတ်တဲ့ရိုးရာဖြစ်သည်။
Taeနဲ့Jeonက ဟိုးငယ်စဥ်ကလေးဘဝထဲက တစ်ကျောင်းထဲအတူနေ အိမ်နီးချင်းတွေဖြစ်သည်။TaeကJeonထပ်အသက်နှစ်နှစ်ပိုကြီးပေမယ့် အကြောင်းအမျိုးမျိူးကြောင့် ကျောင်းနှစ်နှစ်မတတ်ရပဲ အလယ်တန်းပထမနှစ်မှာJeonနှင့်အတန်းလာတူသည်။
အသက်ကြီးတယ်ဆိုပြီးဘယ်တုန်းကမှအကိုတစ်ယောက်လိုမဆက်ဆံတတ်။အမြဲတမ်းရွယ်တူလိုပုခုံးဖက်ကာပေါင်းသင်းခဲ့သည်။
Taeကအကြီးဖြစ်သူပီပီ အမြဲအလျှော့ပေးသည်။
Jeonကလည်းအငယ်ဖြစ်သူပီပီ အနိုင်ယူစတတ်မြဲ။သို့ပေမယ့် အတော်လေး ခင်ရှာသည်။ရှားရှားပါးပါးဆိုလို့Taeတစ်ယောက်ပဲသူ့အနားရှိတာဖြစ်သည်။
ရန်ဖြစ်လို့ကျောင်းရုံးခန်းရောက်လည်းTaeကအနောက်ကလိုက်ရသည်။မဆိုင်သည့်Taeကပါ အပြစ်တဝက်ကိုခံရသည်။ပြီးရင်ပြန်ချော့သည့်အနေဖြင့်Taeကြိုက်သမျှလိုက်ဝယ်ပေးသည်။
Jeonဟာအထက်တန်းကျောင်းသားဘဝထဲကပွေရှူပ်တဲ့သူတစ်ယောက်ဖြစ်နေခဲ့သည်။မိဘများနှင့်အဘွားဖြစ်သူကအလိုလိုက်ထားတာကြောင့်ကျောင်းမှာခပ်ဆိုးဆိုးဖြတ်သန်းသည်။
သို့ပေမယ့် Jeonကစာတော်သောကျောင်းသားတစ်ဦးပင်။ရုပ်ရည်လေးကလည်းအပြစ်ပြောစရာမရှိအောင်ချောသည်။မိဘအရှိန်နဲ့ချမ်းသာမှုကလည်းJeonဆယ်သက်စားမကုန်နိူင်။ဥစ္စာပေါရုပ်ချောစာတော်တဲ့Jeonကိုပြန်မကြိုက်တဲ့သူကလည်းခပ်ရှားရှားရယ်ပါ။
Jeonမှာအပြစ်ပြောစရာဆိုလို့ရန်ဖြစ်ပြဿနာရှာတာပဲရှိသည်။အသားလွတ်ကြီးရန်ဖြစ်တာတော့မဟုတ်ပေ။
သူနဲ့ဆိုင်သည့်အရာမှန်သမျှကိုလာထိသူတိုင်းJeonကပညာပေးရုံသာ။
Jeonတွင်အရောင်စုံသော ကားရောင်စုံများစွာလည်းရှိသည်။ဥစ္စာခြောက်JeonကTaeကိုတော့ကြိုက်တဲ့ကားယူစီးဟူ၍အမိန့်ထုတ်ထားသည်။
Taeကတော့Jeonမောင်းတဲ့ကားသာ ေ' သသည့်အထိလိုက်စီးမည့်သူပင်။
ဆယ်ကျော်သက်အရွယ်ကောင်လေးများဖြစ်လာတော့Jeonဟာ သိသိသာသာ ချောမောလာသည်။Taeသည်လည်းပြည့်စုံတဲ့ချောမောမှူပိူင်ဆိူင်ကာ ကောင်မလေး များ အသဲစွဲ ဖြစ်လာသည်။
Jeonကမိန်းကလေးပေါင်းထဲလဲတွဲနိုင်ပေမယ့်Taeကတစ်ယောက်လေးတောင်မတွဲခဲ့ပေ။
တစ်နေ့Taeဟာ သူ့ရဲ့ထူးခြားမှူတစ်ခုကိုသတိထားမိလာသည်။သူဟာJeonအနားရောက်ရင်အလိုလိုပျော်ကာရင်တွေခုန်လာတတ်သည်။Jeonပြုံးနေရင်သူလည်းပျော်ကာJeonမဲ့နေရင်သူလည်းငိုတတ်လာခဲ့သည်။ပထမတော့သံယောဇဥ်ကြောင့်ဟုထင်ထားပေမယ့်အချိန်ကြာတော့Taeတစ်ယောက်ကွဲကွဲပြားပြားသိလာသည်။Jeonကောင်မလေးတွေနဲ့တွဲသွားတာမြင်တိုင်းသူဝမ်းနည်းတတ်လာသည်။အမှန်တိုင်းဝန်ခံရရင်သူသဝန်တိုနေခြင်းသာ။သေချာပါသည်။Jeonအနားနေရချိန်ပျော်သလိုJeonနဲ့ဝေးတာနှင့်ရင်ကွဲသလိုခံစားမှုတွေ။
ဝန်ခံပါသည်။သူယောက်ျားတစ်ယောက်ကိုပထမဆုံးချစ်မိခြင်း။
အဲ့ဒီယောက်ျားသည်Jeonဖြစ်နေခဲ့သည်။
သိပ်ချစ်ရပါသည်Jeon...။
>>>>>>>>>>>>>>>>>>>>>>>♥
''ဘယ်လိုလဲ သိရပြီလား သူ့အကြောင်း''
''မင်းလည်းနော် အိမ်ထိလိုက်လာတယ်''
''သိပ်သိချင်လွန်းလို့ပါ''
ရယ်ကျဲကျဲလုပ်ကာ Taeဘေးတွင်ဝင်ထိုင်သည်။
Taeကဆွဲလက်စပန်းချီကားကိုအိမ်ထဲသယ်သွားတော့သည်။
''ဘယ်လဲ ဒါက''
''ဒါသွားထားမလို့....ဘာဖြစ်နေလဲ အသည်းအသန်''
''ဟီး...''
''မေမေ ဟိုဘက်အိမ်က နွားလေးကို ကော်ဖီတစ်ခွက်လောက်ဖျော်ခဲ့ပေးပါဦး''
''ကိုယ်ကော်ဖီမကြိုက်ဘူး''
''Park Jiminကတော့ Favပဲတဲ့''
''Park Jiminကဘယ်သူ''
''သိချင်ရင် ရှေ့ကFileကို ကြည့်ပေါ့''
Taeကပစ္စည်းထားရင်းအခန်းထဲမှလှမ်းလှမ်းအော်ပြောသည်။စားပွဲတင်ထားသောFileလေးထဲဝယ်ဓာတ်ပုံအစီအရီနဲ့စာရွက်ခေါက်လေးတစ်ခု။
ကလေးသေးသေးအရွယ်လေးမှစကာ နောက်ဆုံးသူ့အရွယ်ထိ။
"ဒါ ဟိုကောင်လေးပဲ''
''ဟုတ်တယ် သူ့နာမည်က Park Jimin''
Taeကကော်ဖီနှစ်ခွက်ကိုချရင်းပြောသည်။ကော်ဖီတစ်ခွက်ကိုသူ့ရှေ့သို့အသာတိုးပေးသည်။
''စီးပွားရေးတတိယနှစ်ပဲ 1995ခုနှစ်ဖွား ဒါဆိုTaeနဲ့တူတာပဲ''
Taeကခေါင်းအသာညိမ့်ပြသည်။
''သူ့မိဘတွေကနိုင်ငံခြားမှာ သူကအကိုနဲ့တူတူနေတာ အံ့သြမိတာက No Friတဲ့ bro''
''ဖြစ်နိုင်ပါတယ် သူ့ပုံကအေးတိအေးစက်နဲ့''
''သူ့မေဂျာမှာသူကRoll 1နော်''
''တော်သားပဲ ကိုကိုက''
သောက်လက်စကော်ဖီတောင်အလိုလိုပြန်ကန်ထွက်လာသည်။
''ဘာ...ကိုကို ဟုတ်လား ''
''အင်းလေ သူကကိုယ့်ထက် ကြီးတာပဲ''
''ကိုယ်လည်းကြီးတာပဲ ကိုယ့်လည်းခေါ်ပေါ့''
''ဘယ်တူမလဲ Taeကလည်း''
''ထားပါ သူကကျောင်းပီးတာနဲ့ PJM Companyကို အုပ်ချုပ်မှာ ကျောင်းပိတ်ရက်တိုင်း အလုပ်သင်အနေနဲ့ Part timeလုပ်တယ်''
''Park Jiminလေးက မဆိုးပါဘူး ''
''ဒါနဲ့နေပါဦး မင်းကတကယ်ရောဟုတ်ရဲ့လား''
''Tae ရယ် ကိုယ့်အကြောင်း သိသားနဲ့ သိချင်ရုံလေးနဲ့စုံစမ်းတာတော့ ဘယ်ဟုတ်ပါ့မလဲ''
Jeonကစကားကိုအလေးနက်ပြောကာကော်ဖီတစ်ငုံသောက်လိုက်သည်။လက်ထဲမှဓာတ်ပုံလေးတွေကိုကြည့်နေသည့်မျက်ဝန်းလေးများမှာ သိပ်အသဲယားစရာ။ရေချိူးပြီးကာစမို့Jeonကိုယ်သင်းနံ့က တမင်တကာရှူစရာမလိုအောင် နှာဖျားထက်ဝယ်တင်ကျန်နေသည်။
မေးပါရစေJeonရယ်။
ခဏလေးနဲ့တွေ့ဆုံခဲ့တဲ့လူတစ်ယောက်ရဲ့အလှကိုကျမင်းမြင်ပြီး တစ်ချိန်လုံးမင်းဘေးနားမှာ အမြဲလှလာခဲ့တဲ့ ကိုယ့်နှလုံးသားကို ဘာကြောင့်မမြင်ရတာလဲကွာ။
နာကျင်ရပါတယ်Jeon...။
14.7.2023🤍