Ships

By mannshane

750 77 20

SKZ's real life ver; but just for entertainment only. minsung & hyunlix fanfiction. collaboration with @Danni... More

Part 1
Part 2
Part 3
Part 4
part 6
part 7

part 5

95 11 5
By mannshane

lee know ကုမ္မဏီကိုရောက်သွားတော့ မီးတချို့တောင်ပိတ်လို့ထားပြီးဖြစ်နေသည်။ ကြီးမားလှတဲ့အဆောက်အဦးထဲမှာအလွှာတချို့ကအမှောင်အတိကျနေပြီ။ အချိန်ကနေ သန်းခေါင်ကျော်ပြီမို့ လုံခြုံရေးဝန်ထမ်းအနည်းငယ်နှင့် အလုပ်မပြတ်သေးသောဝန်ထမ်းသုံးလေးယောက်သာရှိသည့် တိတ်ဆိတ်နေတဲ့အဆောက်အဦးကြီးကအနည်းငယ်တော့ခြောက်ခြားစရာကောင်းနေသည်။ သူဒီကိုလာတုန်းက မုန့်တချို့ဝယ်ဖို့စဥ်းစားခဲ့ပေမယ့် jisungစားနေကျကိတ်ဆိုင်ကပိတ်နေပြီမို့ တစ်ခါတည်းပဲတန်းလာခဲ့လိုက်သည်။ပြီးတော့မှ hannieနဲ့အတူ တစ်ခုခုသွားစားလည်းဖြစ်တာပဲ။

သူ dance practice လုပ်တဲ့အလွှာကိုရောက်တော့ ထောင့်ဆုံးကသူတို့အကလေ့ကျင့်တဲ့အခန်းလေးတစ်ခုတည်းမီးလင်းနေတာတွေ့ရသည်။ ညဥ့်နက်နေပြီမို့ တိတ်ဆိတ်နေတဲ့အလွှာမှာ သီချင်းသံခပ်သဲ့သဲ့ကတိုးထွက်နေသည်။ lee know တံခါးဝ၌ရပ်နေပြီး တံခါးမှန်မှတစ်ဆင့်အထဲကိုလှမ်းကြည့်လိုက်တော့ စိတ်ရှုပ်နေသည့်မျက်နှာလေးကိုမြင်လိုက်ရသည်။ စီးချက်မိပြန်တော့လည်း ကကွက်တချို့မှားနေပြန်ပြီ ။လေ့ကျင့်ရင်း လေ့ကျင့်ရင်းအများတွေပဲထပ်လုပ်မိနေတဲ့ hanjisung ကစိတ်ပျက်စွာပဲ သူဆောင်းထားသည့်ဦးထုပ်ဝိုင်းတွေကိုဆွဲချွတ်ကာ လွှတ်ပစ်လိုက်သည်။

ကြမ်းပြင်ပေါ်ခြေဆင်းထိုင်ကာ တစ်ကိုယ်လုံးချွေးတွေစိုရွဲနေပြီးခေါင်းငိုက်စိုက်ကျနေတဲ့ကျောပြင်လေးကို lee know ရပ်ပြီးကြည့်မနေနိုင်တော့ပေ။ ဒါကြောင့် တံခါးဖွင့်ကာ အထဲသို့ဝင်လိုက်သည်နှင့် သူ့အားကျောပေးထိုင်နေသောကောင်လေးက နောက်ပြန်လှည့်ကြည့်ကာ မျက်လုံးဝိုင်းလေးများအနည်းငယ်ကျယ်သွားသည်။

"lee know hyung ! ! "

မထင်မှတ်ထားချိန်မှာ lee know ကိုမြင်လိုက်ရတော့ အံ့သြသွားတဲ့ jisungက မတ်တပ်ထရပ်ကာ lee know အားကြည့်၍​ရေရွတ်လိုက်ပြီးနောက် ဖွင့်ထားသည့်သီချင်းကို ကပျာကယာသွားပိတ်လိုက်သည်။ jisung ကသီချင်းပိတ်ပြီးနောက် lee know ကိုဘယ်လိုဖြစ်ပြီးဒီရောက်လာတာလဲလို့မေးချင်ပေမယ့် မနက်ကသူတို့ရန်ဖြစ်ထားတဲ့အခြေအနေကိုသတိရမိလိုက်ပြီး lee know နဲ့စကားမပြောချင်တော့ပေ။ အမှန်တကယ်ဆို သူထပ်ကာထပ်ကာမှားနေတာကြောင့်စိတ်အခြေအနေကလည်းသိပ်ကောင်းသည်တော့မဟုတ်။ ဒါကြောင့်သီချင်းပိတ်ပြီးသာ ဆိုဖာပေါ်ကရေဘူးကိုလှမ်းယူ၍မော့သောက်လိုက်သည်။

lee know က သူ့ကိုမြင်တော့​အံ့သြသွားတဲ့ကောင်လေးက သူ့နာမည်ခေါ်ပြီးဘာစကားမှမပြောဘဲ မျက်နှာထားတည်တည်နှင့်ရေသွားသောက်နေတာကြောင့် jisung သူ့ကိုစိတ်ဆိုးနေတုန်းဆိုတာသဘောပေါက်လိုက်သည်။ ဆိုဖာပေါ်ကိုကြည့်လိုက်တော့  chan hyung ပေးထားခဲ့သည့်ရေဘူးနဲ့မုန့်က ဒီအတိုင်းပဲရှိနေသေးသည်မို့ ဒီခေါင်းမာတဲ့ကောင်လေးဟာ အစာမစားဘဲလေ့ကျင့်နေတာကိုသိလိုက်ရ၏။

" မင်းတစ်ယောက်တည်း ဒီမှာကျန်ခဲ့တယ်ဆိုလို့ ငါလာကြည့်တာ "

lee know ဘက်ကစကားစလိုက်ပေမယ့် jisung ကရေဘူးအဖုံးကိုပြန်ပိတ်ကာ သူ့အကြည့်ကိုရှောင်ပြီးခေါင်းငြိမ့်ပြသည်။ မဖြစ်တော့ဘူး ချော့မှရတော့မှာပဲ။

" hanna hyung နဲ့စကားပြောကြမလား "

lee know ကနူးညံ့တဲ့အသံနဲ့​ဂရုတစိုက်မေးကာ ဆိုဖာနား၌မတ်တပ်ရပ်နေသော jisungဆီလျှောက်သွားသည်။ ထိုအခါ ချွေးတွေစိုရွဲနေတဲ့ကောင်လေးက သူ့ရဲ့နဖူးမှာကပ်နေတဲ့ဆံပင်ချောင်းတွေလှုပ်ခပ်သွားအောင် ခေါင်းငြိမ့်လိုက်သည်ကိုမြင်လိုက်ရသည်။ အခုချိန်ထိတော့သူ့ကိုမကြည့်သေး။

" ရော့ ချွေးတွေသုတ်လိုက်အုံး "

lee know ကပြောရင်းဆိုရင်းပင် ဆိုဖာလက်တန်းပေါ်ကသဘက်ကိုယူကာ han jisungရဲ့ ပါးဖောင်းဖောင်းလေးပေါ်သို့ဖိကပ်ပေးလိုက်၏။ ပူနွေးသောပါးပြင်နှင့် အေးစက်တဲ့လက်ထိပ်တို့မတော်တဆပွတ်တိုက်မိသွားသည့်အခါ ဆက်ခနဲဖြစ်သော jisung ရဲ့ မျက်နှာလေးက lee know ကိုပြုံးမိသွားစေသည်။

jisung ကသူပေးတဲ့ သဘက်ကိုယူလိုက်ပြီးမျက်နှာပေါ်မှချွေးစက်လေးများကိုခေါင်းငုံ့ကာသုတ်နေပြီးနောက် lee know ပြောမည့်စကားများကိုနားစွင့်နေသည်။ ထို့နောက် lee know ကဆိုဖာမှာထိုင်ချလိုက်ပြီး jisung ကိုလည်းထိုင်စေလိုက်သည်။

" မနက်ကကိစ္စအတွက် hyung တောင်းပန်ပါတယ်။ စိတ်ရှုပ်စရာလေးနည်းနည်းရှိလို့ မင်းအပေါ်ပုံချမိသလိုဖြစ်သွားတယ်။ စိတ်ဆက်နေတဲ့အချိန်ဆိုတော့ hyung လွန်သွားတယ် "

" ဟုတ် "

မျက်နှာကိုဂရုတစိုက်ကြည့်ပြီးတောင်းပန်နေတာတောင် ကောင်လေးကမလှုပ်မယှက် ဆူပုတ်ပုတ်လေးဖြင့် " ဟုတ် " တစ်လုံးပဲပြန်ဖြေလိုက်တာကြောင့် lee know ထပ်ပြုံးလိုက်မိသည်။ ဒီကလေးက သူ့ကိုစိတ်ဆိုးနေတာလား စိတ်ကောက်နေတာလား။

" hyungတို့ ပြန်ပြီးပြေလည်ရအောင်လေ ဟင် hannieya ...hyung မင်းမှားနေတဲ့နေရာတွေကိုသေချာပြန်သင်ပေးမှာပါ  "

ထိုသို့ပြောလိုက်တော့မှ ခေါင်းငုံ့ပြီးမျက်လွှာချထားတဲ့မျက်တောင်လေးတွေကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အောက်နှုတ်ခမ်းလေးကိုကိုက်ကာ lee know အားမရဲတရဲကြည့်လာသည်။ ထို့နောက် မဝံ့မရဲအသံလေးနှင့်

" တ..တကယ်လား...ဟို...ကျွန်တော်လည်း တောင်းပန်ပါတယ် hyung ကိုပြန်အော်မိတဲ့အတွက်ရော ပြီးတော့ အမှားတွေဆက်တိုက်လုပ်မိလို့ရော "

မဝံ့မရဲဖြစ်နေတဲ့ han jisungက အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာမဟုတ်ဘူးလား။ lee know ကသူ့အတွေးကိုသူမပြုံးဘဲမနေနိုင်ဘူး။

" ဒါဆို ငါတို့ပြန်အဆင်ပြေသွားပြီနော် "

" အင်း "

lee know ကမျက်လုံးချင်းစုံကာပြုံးပြီးမေးလိုက်တော့ ပါးဖောင်းဖောင်းလေးမို့တက်သွားအောင်ပြုံးပြီးပြန်ဖြေလိုက်တဲ့ han jisung ကတကယ့်ကိုရှဥ့်ပေါက်လေးလိုပဲ။

" ကဲ...ထ...ငါတို့ ကုမ္မဏီရှေ့ကဆိုင်မှာ ခေါက်ဆွဲတစ်ပွဲလောက်သွားစားရအောင် မင်းဘာမှမစားရသေးဘူးဆို ကိတ်မုန့်ဝယ်လာပေးမလို့ပဲ ဒါပေမဲ့ဆိုင်တွေပိတ်ကုန်တော့ "

lee know က ပြောလည်းပြော 24 နာရီဖွင့်တဲ့စားနေကြခေါက်ဆွဲဆိုင်ကိုသွားရန် jisung ရဲ့လက်ကောက်ဝတ်ကိုဆွဲကာ ထရပ်လိုက်တော့ jisung ကမထဘဲ lee know ကိုအူကြောင်ကြောင်မျက်နှာလေးဖြင့်မော့ကြည့်ကာမေးလာသည်။

" ဟို....ကျွန်တော့်ကိုသင်ပေးမယ်ဆို "

" အချိန်လည်းကြည့်အုံးလေ မနက် schedule မစခင် ခပ်စောစောမှပဲပြန်ပြပေးတော့မယ် ငါလည်းပင်ပန်းပြီးအိပ်ချင်နေပြီ မြန်မြန်လာ han jisung "

lee know ကခါးကျောကိုဆန့်ထုတ်လိုက်ကာ အသံခပ်ကျယ်ကျယ်ဖြင့် နောက်လှည့်မကြည့်ဘဲ တံခါးနားကိုလျှောက်သွားနေတာကြောင့် jisung တစ်ယောက် ကပျာကယာဖြင့် သူပစ္စည်းတွေကိုသိမ်းလိုက်ပြီးအိတ်နဲ့ဦးထုပ်ကိုယူကာ ဖုန်းကိုလည်းအိတ်ထဲသို့အတင်းထိုးထည့်လိုက်သည်။

" ဟမ့် ဒါဖြင့်လည်းအဆောင်မှာအိပ်နေပေါ့ ဘာလို့ဒီအထိလာပြီးပြောနေသေးလဲ တကယ်ထူးဆန်းတဲ့လူ "

jisung တစ်ယောက် သူ့ရှေ့မှထွက်သွားသည့် lee know ၏ကျောပြင်ကိုမျက်စောင်းဖြင့်ကြည့်ကာ ပွစိပွစိဖြင့်ရေရွတ်လိုက်ပြီး အခန်းမီးများပိတ်ကာ lock ချလိုက်သည်။ ထို့နောက် မှောင်မဲနေသည့်အလွှာ၏ လျှောက်လမ်း၌ ခြေလှမ်းကျဲဖြင့်ဦးဆောင်သွားနေသည့် lee know ကျောပြင်အားကြည့်၍ အော်ပြောလိုက်သည်မှာ

" hyung ခဏစောင့်အုံး အတူတူသွားမယ်လေ "

........................................
#shanemann
#12/7/23

Continue Reading