part 6

123 13 4
                                    

a few days later....

Hyunjin's Pov :

“Hhh..!”

မနက်သုံးနာရီတောင်ကျော်ပြီ။ အိပ်ပျော်မယ်ကြံကာရှိသေး ရုတ်တရက်လန့်နိုးလာတဲ့အကြောင်းတရားက ကျွန်တော့်ရဲ့ထူးဆန်းတဲ့အိပ်မက်ကြောင့်ပဲ။ ဒီရက်ပိုင်းအတွင်း ဒီလိုအိပ်မက်တွေချည်းပဲမက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ။ အိပ်ရေးပျက်ရတဲ့ ညတွေတောင်ဆက်နေပြီ။

‌လက်တစ်ကမ်းက ရေဘူးကိုယူလိုက်ရင်း ရင်ထဲကတုန်လှုပ်မှုတွေ ပြေပျောက်သွားစေဖို့ အကုန်မော့ချပစ်မိတယ်။

ပြတင်းပေါက်တစ်ဖက်ခြမ်းကို လှမ်းကြည့်မိတော့ အပြင်ဘက်မှာ မိုးတွေသဲကြီးမဲကြီးနဲ့ကိုရွာနေပြီး အခန်းတွင်းကနေတောင် အေးစိမ့်စိမ့်အငွေ့အသက်ကို ခံစားရတယ်။ ဒါပေမဲ့ကျွန်တော့်ရင်ထဲမှာတော့ ပူလောင်နေတယ်။ တော်တော်လေးမောဟိုက်သလိုခံစားချက်မျိုးနဲ့ နေမထိထိုင်မသာပဲ။ 

“တစ်ခုခုတော့မှားယွင်းနေပြီထင်တယ် ..”

အိပ်ရာပေါ်ပြန်မလှဲချမိဘဲ မျက်လုံးနှစ်ဖက်ကို အရင်ဆုံးမှိတ်ချပြီး စိတ်ငြိမ်အောင်ထားကြည့်တယ်။ ထင်သလိုတော့ အလုပ်မဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ပြန်အိပ်ဖို့ကို ခက်ခက်ခဲခဲနဲ့ကြိုးစားလိုက်ရတယ်။

.

.

.

.

Author's Pov :

အခန်းထဲထိတိုးဖြတ်ဝင်လာတဲ့ ခပ်မွှေးမွှေးအနံ့တစ်ခုကြောင့် သူ့မျက်ခွံတွေ အလိုအလျောက်လှုပ်ရှားလာတယ်။ မျက်လုံးကိုတော့ သေချာဖွင့်နိုင်ခြင်းမရှိဘဲ စိတ်အာရုံကို‌တော့ကောင်းကောင်းအသုံးချနိုင်သလိုမျိုး အခန်းအပြင်ဘက်သို့လျှောက်သွားတယ်။ အချိန်ကြာကြာနေလာတဲ့ dorm ရဲ့ဖွဲ့စည်းပုံကိုမသိဘူးဆို သူညံ့ရာကျလိုက်မယ်။ သူ့ခြေထောက်တွေက တိကျတဲ့ဦးတည်ရာဖြစ်တဲ့ အောက်ထပ်ကမီးဖိုချောင်ဆီ တည့်တည့်မတ်မတ်ပဲရောက်လာတယ်။

ပိုနီးကပ်တဲ့အတိုင်းအတာတစ်ခုကြောင့် ထိုအနံ့ကသူ့နှာခေါင်းထဲသို့ တိုက်ရိုက်နှုန်းနဲ့ဝင်ရောက်လာတယ်။ ညထဲကဆာလောင်နေတဲ့ဗိုက်ကလည်း အသံပေါင်းစုံနဲ့အသိပေးလာတယ်။

ShipsWhere stories live. Discover now