𝑽𝒊𝒄𝒕𝒊𝒎 𝑩𝒖𝒕 𝑷𝒆𝒓𝒑�...

By choyee6

97.3K 7.4K 905

Intro လေးဖတ်ပေးပါရှင်။ More

Intro
Vincent Horton
Elijah Rome
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
သေချာပေါက်ဖတ်ပေးပါ
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Adrian Rome
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Announcement
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 58
Chapter - 59
Chapter - 61
Chapter - 62 (Final)
ခဏတာ နှုတ်ဆက်စာ

Chapter - 57

804 82 13
By choyee6

အနည်းငယ် မူးနေသည့်ခေါင်းကို အသာကိုင်၍ မျက်လုံးဖွင့်ကြည့်လိုက်သော အခါတွင်တော့ ထထိုင်မိမတတ် အီလိုင်ဂျာလန့်သွားရဧ။် တခါမှမမြင်ဖူးသည့်၊  မရင်းနှီးသည့် နေရာတခုဧ။် အိပ်ရာထက်တွင်ရောက်နေကာ လှည့်ပတ်ကြည့်လိုက်သည့်ခဏ နေအိမ်တခုရဲ့အိပ်ခန်းတခန်းဟု ထင်ရပြီး အခန်းထဲတွင် စားပွဲတစ်လုံး၊ ရေချိုးခန်းအိမ်သာဖြစ်ဟန်တူသည့် အခန်းငယ်တစ်ခု ၊ မိမိထထိုင်နေရာ မွေ့ယာနှင့် အတော်လေး အေးစိမ့်နေလေတော့ မြေအောက်ခန်းလားဟုပင် တွေးမိလာသည်။

အတန်ကြာကြောင်ငေးနေရာက အခန်းတံခါးရှိရာပြေး၍ ​ထွက်ရန်ပြင်လိုက်သော်ငြား အပြင်က သော့ခတ်ထားခြင်းကြောင့် လက်လျော့ကာ ပြတင်းပေါက်ရှိနေရာဆီ သွားဖွင့်တော့လည်း ပြတင်းပေါက်ကိုပါ အပြင်က သစ်သားတွေနှင့် ရိုက်ပိတ်ထားသလားမသိ၊ အလင်းရောင်တောင် အထဲကိုမဖောက်ပေ။ ဒီကို ဘယ်လိုရောက်လာသလဲ အသည်းအသန်စဉ်းစားသော်လည်း စိတ်လှုပ်ရှားနေခြင်းကြောင့် ရုတ်တရက် ဘာကိုမှ မစဉ်းစားမိ၊

တော်တော်ကြာကြာစဉ်းစားပြီးကာမှ ခေါင်းထဲပေါ်လာသည်မှာ ဗင်းန်တို့ အိမ်ကထွက်လာပြီး ကားဌားရန် လမ်းမကြီးဆီထွက်လာစဉ် ဟွန်းတီးသံနှင့်အတူ ရောက်လာသည့် Z နှင့်ကားတစ်စီး၊ အထဲ၀င်ရန်အချက်ပြနေခြင်းကြောင့် ကားထဲ၀င်ထိုင်ပြီး ဘာမှ​တာင်စမပြောရသေးခင်မှာပင် မျက်နှာကို တစုံတခုထြင့် လာအုပ်တာခံလိုက်ရပြီးနောက် ဘာမှ မသိတော့။

ဒါဆို ဒီနေရာကိို Z ခေါ်လာတာလား။ ဘာအတွက်လဲ။  တံခါးကို သွားလှည့်ဖွင့်လိုက်မိလို့ထင်ဧ။် အခန်းအပြင်က သော့ဖွင့်သံကို ကြားလိုက်ရခြင်းကြောင့် ကြောက်စိတ်က တိုး၀င်လာကာ အခန်းထောင့်တစ်ထောင့်သို့ ပြေးကပ်ထားကာ ပွင့်လာမည့် တံခါး၀ကိုသာ မမှိတ်မသုတ်ကြည့်နေမိသည်။

"နိုးပြီလား အီလိုင်ဂျာ ။ ခေါင်းမူးနေလား မင်း မေ့ဆေးမသုံးလို့ မဖြစ်လို့ပါ"

အသင့်စားထမင်းဘူးနဲ့ ရေတစ်ဘူးကို ခုံပေါ်တင်ပေးလာရင်း Z စကားဆိုလာပေမယ့် မိမိကတော့ ကြောက်စိတ်မွှန်ကာ တစ်ခွန်းမှ ပြန်မပြောမိပေ။

"ဘာကျွေးရမယ်မှန်းမသိလို့ အသင့်စားထမင်းဘူးတွေပဲ ရှိတယ်။ ပြီးတော့ မင်း မဖြစ်မနေ သောက်ရမယ့်ဆေးတွေရှိရင် ငါ့ကို ရေးပေး။ ​ခဏနေ ငါ သွား၀ယ်စရာရှိတာတွေ ၀ယ်ရမယ် နောက်ရက်တွေ အပြင် မထွက်တော့ဘူး"

"............"

"ငါ့ကို စကားမပြောတော့ဘူးလား အီလိုင်ဂျာ"

"ကျွန်...ကျွန်တော့်ကို..ဘာ...ဘာလို့ ဖမ်း ဖမ်းထားတာလဲ"

အသံက ကိုယ်တိုင်ပင် မမှတ်မိလောက်အောင် တုန်ခါနေတာကြောင့် Z ကရယ်သည်။

"ငါလဲ မလုပ်ချင်ပါဘူး ။ ဒီလိုမျိုးလဲ ဖမ်းမခေါ်ထားချင်ဘူး။ မလွှဲသာလို့...."

"အဲ့..အဲ့ဒါကြောင့်..မလွှဲသာတာက..ဘာ..ဘာလဲ...Z "

"မင်း မဖြစ်မနေေသောက်ရမယ့် ဆေးရှိရင် ပြော အီလိုင်ဂျာ"

"............"

"မပြောတော့ဘူးလား"

အမှန်တကယ်က ပုံမှန်သောက်ရတဲ့ ဆေး ရှိနေသော်ငြား နာမည်မမှတ်မိသလို မသောက်လဲ ဖြစ်သည်ထင်သည့်အတွက် မပြောပြလိုတော့။ ဘာကြောင့်ဖမ်းလာရသလဲ ဆိုသည်ကိုသာ စိတ်ထဲရောက်နေသည်။

"ဒါဆိုလဲ ငါ အပြင်ခဏသွားမယ်။ ၀ယ်စရာရှိတာတွေ ၀ယ်ပြီး ပြန်လာမယ်။ မသွားခင်...."

မသွားခင်ဟုဆိုကာ ကြိုးတချောင်းယူပြီး အနားကပ်လာတော့ ဆံပင်မွှေးတွေထောင်သွားအောင်ကို ကြောက်စိတ်ကြီးစိုးလာကာ  အခန်းထောင့်ကို ကပ်သထက်ကပ်ရင်း အလန့်တကြားမေးမိတော့သည်။

"ဘာလုပ်မလို့လဲ Z "

"အခန်းကို သော့ခတ်ခဲ့ရုံနဲ့ မရမှာဆိုးလို့ ငါမင်းကို ခုံမှာ ခဏကြိုးတုပ်ခဲ့မယ်။ မကြာပါဘူး ပြန်လာတာနဲ့ အကုန်ပြန်ဖြည်ပေးမယ်..."

ပြောပြောဆိုဆိုနှင့်ပင် မိမိကို ခုံဆီဆွဲကာထိုင်စေပြီး ကြိုးနဲ့တုပ်တော့သည်။ ဘယ်လောက်တောင် ကျွမ်းကျင်နေသည်မသိ နည်းနည်းလေးမှတောင် လှုပ်မရအောင် ခိုင်မာလွန်းပြီး ပါးစပ်ကိုပါ တိတ်နဲ့ ပိတ်တော့မည်ဆိုတော့ လက်တွေ ခြေတွေ အေးလာကာ ချွေးတွေတောင်စို့လာသည်။

"လန့်သွားတာလား စိတ်ကိုလျှော့ထား ဘာမှမဖြစ်ဘူး။ သိပ်မကြာဘူး..ပြန်လာခဲ့မယ်..."

ဟုတ်ကဲ့လို့လဲပြောလို့မရသလို ဟင့်အင်းဟုလဲ ပြောခွင့်မသာတော့ Z က ထွက်သွားခဲ့ပြီဖြစ်သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဗင်းဆင့်အိမ်မှ ပြန်လာပြီးနောက် ကတ်သရင်းကို ချော့မော့ကာ အိမ်ပြန်ပို့၍ တဖက်က Z ကို စုံစမ်းခိုင်းကာ၊ စာကြည့်ခန်းထဲရှိ မီးခံသေတ္တာထဲမှ ပစ္စည်းကို သေချာပြန်စစ်ရသည်။ တစ်ခါမှမသုံးဖူးသေးသော်လည်း အခုကတော့သုံးကိုသုံးရတော့မည်။

သားကို ဟိုကောင်ဖမ်းထားတယ်ဟုတွေးမိလိုက်ရင်ကို တဆစ်ဆစ်နဲ့ မခံမရပ်နိုင်လွန်းလို့ Z ကို လုံး၀ အရှင်ထားဖို့ စိတ်ကူးမရှိ။ မိမိအစားအစားထောင်ထဲ၀င်ပေးဖို့တွေ ဘာတွေကိုလည်း ဂရုမစိုက်ချင်တော့ပေ။ အတွေးထဲမှာ Z ကိုရှင်းပြီး အီလိုင်ဂျာကို ပြန်ရဖို့ အတွေးသာရှိနေသည်။

"ဆရာ Z ကို ဖုန်းဆက်လို့ မရဘူး။ ပိတ်ထားတယ်..."

"သူစီးနေကျကားရော။ အဲ့ဒီကား ဘယ်နားရောက်နေလဲ ဘယ်တွေကိုသွားခဲ့လဲ စုံစမ်းကြည့်.."

"သူစီးနေကျကားက ဒီနေ့ မနက်ကတည်းက ဂိုဒေါင်မှာ ရပ်ထားတာ။ အီလိုင်ဂျာကို လိုက်ရှာဖို့ ဆရာလှမ်းခေါ်မှ အဲ့ဒီကားကို မောင်းလာခဲ့တာတဲ့။ အခု ကားကို ဆရာတို့ အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်လို့ ပြောတယ်..."

သူ့ကိုပေးထားသည့်ကား ဘယ်တွေသွားခဲ့သလဲ စစ်မှာစိုး၍ ပေးထားသည့်ကားကို မသုံးပဲ တခြားကားကို သုံးခဲ့ပုံရသည်။ ယုံကြည်ရတဲ့ တပည့်အဖြစ် နှစ်ပေါင်းနှစ်ဆယ်ကျော် လုပ်ခဲ့မှတော့ ရှောင်တိမ်းနည်းတွေအကုန်သိထားမည်ဆိုတာ သေချာ​​ပြီး အဆိုးဆုံးက မိမိ ဘယ်လိုလိုက်လိမ့်မလဲ လှုပ်ရှားလိမ့်မလဲဆိုတာတွေကို ကြိုတင် အကွက်မြင်နေတာပင်ဖြစ်သည်။ ကိုယ့်နောက်ကျော ဓားနဲ့ထိုးမည့်သူကိုမှ နှစ်ပေါင်းများစွာ လက်သပ်မွေးခဲ့သလို အဖြစ်မျိုး။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လိုအပ်မယ်ထင်သည့် အရာမှန်သမျှ အကုန်ဝယ်ခဲ့ပြီးနောက် Z ဧ။်ခြေလှမ်းများက ဆေးဆိုင်ရှိရာသို့ ဦးတည်ခဲ့သည်။

"ကျွန်တော့်ညီလေးတစ်ယောက်က သိပ်နေမကောင်းလို့ ဘာဆေးတိုက်ရမလဲမသိလို့...."

"ဆရာဝန်ဆေးစာပါလားဗျ"

"ကျွန်တော်တို့ကခရီးသွားတွေပါ ဆရာဝန်လဲမပြရသေးသလို အဲ့ဒီလောက်လဲမဟုတ်လို့ ရောင်းပေးခွင့်ရှိတာလေးကိုပဲ အဆောင်သဘောမျိုး ဝယ်ချင်လို့"

"လူနာကဘယ်လိုလက္ခဏတွေရှိလဲ "

"အစားသိပ်မစားဘူး အားမရှိသလို ဖြူဖပ်ဖြူလျော်နဲ့မို့လို့ ​ ေလူနာကလေ နှလုံးကြီးတာဆိုလား အဲ့ဒီရောဂါအခံရှိတယ်။ ခရီးထွက်လာတာမို့ မှတ်တမ်းတွေလဲမပါလို့ပါ"

"အဲ့ဒီလိုရောဂါအခံရှိရင်တော့ ဆေးတွေကအရမ်းပေးလို့မပြေလို့ နေမကောင်းဘူးဆို ဆေးရုံခေါ်သွားတာ အကောင်းဆုံးပါပဲ..."

"အခုက ဆေးရုံသွားလို့မရသေးလို့ပါ။ သူနေရထိုင်ရခက်လာရင် အသက်ရှုကြပ်လာရင် နေသာအောင်တိုက်လို့ရမယ့် ဆေးတမျိုးမျိုးဆိုရပါပြိ နောက်မှဆေးရုံသွားပါ့မယ်"

"အင်း ဟုတ်ပါပြီ ဒါဆို ဒီဆေးတစ်ဘူးပေးလိုက်မယ်နော် သူ မအီမသာဖြစ်တယ် မောတယ်ဆိုရင် တစ်လုံးသောက်ပေးပါ။ ဒါပေမဲ့ သောက်ပြီးရင်တော့ ဆေးရုံကိုပဲသွားပေးပါ။ ဆေးရဲ့အာနိသင်က ခဏတာထိန်းထားတာမျိုးပဲရပါမယ်"

"ကျေးဇူးပါ"

အီလိုင်ဂျာ့ကိုထားထားရာ နေရာသည် အေဒရီယန်ဧ။် ဂိုဒေါင်ရှိရာနေရာရဲ့၂မိုင်ကျော်ခန့်သာဝေးသည့် အိမ်တော်တော်များများတွင် လူမနေသော ဟိုတစ်အိမ်ဒီတစ်အိမ် ကွက်ကြားအိမ်လေးတွေ ရှိတဲ့နေရာဖြစ်သလို မိမိပိုင်ဆိုင်သမျှ ပိုက်ဆံငွေသားအားလုံးကို မြေအောက်ခန်းထဲ သေချာထည့်သိမ်းထားရာနေရာဖြစ်ပြီး ထိုအိမ်လေးရထားခဲ့သည့် ဆယ်နှစ်လုံးလုံး အေဒရီယန်အပါအဝင်မည်သူမှမသိသော နေရာလေးတခုလဲ ဖြစ်သည်။

မိမိကိုထိုးကျွေးရန် ပြောလာသည့်နေ့ကတည်းက အဲ့ဒီအိမ်ရဲ့အခန်းကို ပြန်လည်ပြင်ဆင်ကာ တံခါးသော့တွေတပ်၍ ပြတင်းပေါက်ကို အပြင်ကနေ သစ်သားတွေနဲ့ရိုက်ပိတ်ကာ ကုတင်တစ်လုံးနဲ့ မွေ့ယာပစ္စည်းတွေပါဝယ်ထားခဲ့သည်။ တနည်းအားဖြင့်ဆိုရသော် အီလိုင်ဂျာကိုဖမ်းပြီးလျှင် ဝှက်ထားဖို့ အကုန်ပြန်ပြင်ဆင်ခဲ့ခြင်းပင်။

မိမိလိုချင်သည့် အဆုံးသတ်က ဒါမျိုးမဟုတ်၊ ရွေးချယ်စရာမရှိလို့ သေသည့်အထိ ဒီအလုပ်တွေ တစိုက်မက်မက်လုပ်သွားတာမျိုး ဒါမှမဟုတ် အီလိုင်ဂျာပြောသလို အပြစ်ဝန်ခံပြီး ချမှတ်ထားသည့် အပြစ်ဒဏ်ခံယူတာမျိုးသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် မိမိကစေခိုင်းသူရဲ့ခိုင်းစေမှုအရ လုပ်ရတာဖြစ်သည့်အတွက် အေဒရီယန်ထက် အပြစ်ပေါ့မှာပင်။ ယခုတော့ လုပ်သမျှအပြစ်အားလုံး တစ်ယောက်တည်းခံခိုင်းကာ သူကတော့ မိသားစုနှင့် ကိုယ်လွတ်ရုန်းပြေးဖို့ကြံစည်နေသည်။

အီလိုင်ဂျာကတော့ အပြစ်ကင်းသူလေးဖြစ်သည့်အပြင် ကျန်းမာရေးမကောင်းခြင်းကိုပါ ကိုယ်တိုင်မြင်ထားခြင်းကြောင့် အခုလိုဖမ်းမထားချင်သော်ငြား မိမိမှာ ​အေဒရီယန်နှင့် အပေးအယူလုပ်နိုင်သော တစ်ခုတည်းသောအရာက ထိုကောင်လေးသာ ဖြစ်နေတာကြောင့် ရှောင်လွှဲလို့မရခဲ့။ အခုလောက်ဆိုအေဒရီယန်လဲ သူ့သားကို မိမိခေါ်သွားမှန်းသိပြီး တောနင်းရှာနေလောက်ပြီဖြစ်၍ ကိုယ့်ဘက်က အဆင့်သင့်မဖြစ်သရွေ့ အိမ်တွင်းအောင်းနေမှရလိမ့်မည်....

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"ငါရူးတော့မယ်ထင်တယ် ဘာမှထူးခြားတာမတွေ့ဘူးလား"

မနေ့ည အေဒရီယန်တို့ပြန်သွားသည့်တိုင်အောင် တစ်ညလုံးအိပ်မရအောင် နီးစပ်ရာလိုက်စုံစမ်းနေခဲ့ပြီး နောက်တစ်နေ့ နေ့လည်ဖြစ်လာတောင် တစ်ချက်မှမနားနိုင်သေး။ ထို့အတူဘာမှလဲမစားနိုင်ပေ။

"မတွေ့ဘူး ဗင်းဆင့် သူသာကားကိုသုံးခဲ့မယ်ဆိုရင် အဲ့ဒီကားနဲ့ဘယ်တွေသွားခဲ့သလဲ စစ်လို့ရပေမယ့် အေဒရီယန်တပည့်လို့မပြောရဘူး ပိရိတယ်။ အီလိုင်ဂျာကိုခေါ်သွားတဲ့နေ့က အဲ့ဒီကားကိုသူမသုံးခဲ့ဘူး..."

"လက်ကိုင်ဖုန်းကရော ရိုင်ယန်"

"လက်ကိုင်ဖုန်းကလဲ အီလိုင်ဂျာ့ဖုန်းနဲ့မရှေးမနှောင်းပဲ စက်ပိတ်သွားတာ..."

"ဒါဆို CCTV တွေစစ်ရင်ရော"

"သူက ဘယ်လမ်းကြောင်းကနေ ဘယ်ကိုသွားတယ် ဘာလုပ်တယ်ဆိုတာမသိပဲနဲ့ ဘယ်က CCTV ကိုသွားစစ်ရမှာလဲ ဗင်းဆင့်ရယ်"

"ငါ အရမ်းစိတ်ပူနေပြီကွာ တခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"အေဒရီယန်နဲ့ အပေးအယူလုပ်စရာရှိလို့ ခေါ်သွားတဲ့ပုံပါ မလုပ်လောက်ပါဘူး"

"ဒါပေမဲ့ သူကခေါ်သွားပြီးရင် နှိပ်စက်နေမှာလား။ ဘာမှမကျွေးပဲ ပိတ်ထားမှာလား မသိရဘူးလေ။ အီလိုင်ဂျာ အရမ်းကြောက်နေရှာမှာပဲကွာ။ ကင်မရွန်းဆီကရော အဆက်အသွယ်ရလား"

"သူလဲ လက်လှမ်းမှီသလောက် လိုက်ကြည့်နေတာပဲ။ ၅မိနစ်ခြားတစ်ခါလောက် တိုင်လာဆီ ဖုန်းဆက်ပြီးတွေ့ပြီလား သတင်းရပြီလားပဲမေးနေတာတဲ့။ စိတ်အရမ်းမလှုပ်ရှားပဲ ငါတို့တွေ သေချာပြန်စဉ်းစားကြည့်ကြမယ်လေနော် ဗင်းဆင့်"

"အေဒရီယန်ကို ငါတို့စောင့်ကြည့်ရမယ်။ သူက ငါတို့လိုအမှုစစ်တွေထက်တောင်ပေါက်ရောက်သေးတာ။ သူ့သားပျောက်လို့မြေလှန်ရှာမှာအမှန်ပဲ။ အဲ့ဒါကြောင့် သူလှုပ်ရှားသမျှကို နေ့နေ့ညည စောင့်ကြည့်မှရမယ်။ အဲ့ဒီနည်းလမ်းကအမြန်ဆုံးပဲ"

Z က ဘယ်လောက်တောင်ရက်စက်တတ်သူလဲဆိုတာ၊ သွေးအေးလဲဆိုတာ ကောင်းကောင်းသိထားခြင်းကြောင့် ရတက်တကယ် မအေးလှပေ။ အေဒရီယန်ကို အပိုင်ကိုင်ဖို့ရာ အီလိုင်ဂျာကိုခေါ်သွားခြင်းဆိုပါက သိပ်ပြသာနာမရှိသောငြား အေဒရီယန်ကို ပြိုလဲစေချင်၍ ခေါ်သွားခြင်းဆိုပါက နှိပ်စက်ရိုက်နှက်ခြင်း၊ ပိတ်လှောင်ခြင်းများ ပြုလုပ်မည်ကို ပူပန်နေရသည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ကြိုးဖြေပေးလိုက်တဲ့အချိန် လက်မှာပွန်းပဲ့ရာအချို့ကို Z ကလှမ်းကြည့်လာ​ပြီး သက်ပြင်းချလိုက်သော်ငြား ဘာမှတော့ပြောမလာပေ။

"ထမင်းစားတော့မလား...."

"ကျွန်တော့်ကို ဘာလို့ဖမ်းထားတာလဲ"

"ကြက်ကြော်တော့ဝယ်လာတယ် အဲ့ဒါစားမလား"

"ကျွန်တော်မေးနေတယ်လေ ဘာဖြစ်လို့ဖမ်းထားတာလဲလို့...."

"ငါ မင်းကိုခေါ်လာတဲ့အပေါ်မှာ မင်းကြောက်စိတ်ဝင်နေသေးတယ် အီလိုင်ဂျာ။ မင်းစိတ်နည်းနည်းငြိမ်သွားမှပဲ စကားပြောတာပေါ့..."

"အဖမ်းခံထားရတာကို စိတ်ငြိမ်မှပြောမယ်ဆိုရင်တော့ တစ်သက်လုံးငြိမ်မှာမဟုတ်ဘူး။ ဘာကြောင့်မှန်းမသိ ဒီကိုရောက်နေရတာလေ Z ဆိုရင်ရော ငြိမ်မှာလား...."

ထိုစကားကြောင့် Z က စားဖို့ပြင်ဆင်နေရာမှရပ်လိုက်ကာ မိမိကိုစိုက်ကြည့်လာသည်။ သို့သော် ခဏမျှသာ

"မင်းအဖေကပြောတယ် ဒီအလုပ်တွေကိုစွန့်လွှတ်တော့မယ်တဲ့"

ဟု ဆိုလာတော့ ထိတ်ခနဲပျော်သွားသည့် စိတ်နှင့် လက်ခနဲဖြစ်သွားရသည့် မိမိမျက်နှာက Z ဧ။် ခပ်တိုးတိုးရယ်သံကြောင့် ပျက်ပြယ်သွားရသည်။

"မင်းလဲ ငါတွေးခဲ့တဲ့အတိုင်းတွေးတယ်မဟုတ်လား။ ဒါပေမဲ့ သူကအဲ့ဒီလိုမဟုတ်ဘူး အီလိုင်ဂျာ။ ကိစ္စအားလုံးက သူကခိုင်းတာပေမယ့် ငါကတကယ်လုပ်ပေးရတာ။ အဲ့ဒါကြောင့် သက်သေတွေအားလုံးက ငါ့ဆီတည်ပြီးလာတယ်။ ပြီးမှ ငါ့ကိုခိုင်းတဲ့ သူ့ဆီကိုသွားမှာ။ သူ့စိတ်ကူးက သူ့ဆီတက်အလာမခံတော့ပဲ ငါက ငါ့သဘောနဲ့လုပ်တယ် သူမသိရပါဘူးဆိုတဲ့ ပုံစံလုပ်မယ်တဲ့။ ဆိုလိုချင်တာကသူ့အစား ငါ့ကိုထောင်ထဲဝင်ပေးပေါ့။"

"............"

"အထဲမှာ အကောင်းဆုံးနေနိုင်အောင် ပြစ်ဒဏ်အပေါ့ဆုံးဖြစ်အောင် လုပ်ပေးမယ်တဲ့။ သူကတော့ မင်းနဲ့မင်းအမေကိုခေါ်ပြီး နိုင်ငံခြားမှာ အပြီးသွားနေမယ်တဲ့။ ငါလိုချင်တဲ့အဆုံးသတ်က ဒီလိုပုံစံမဟုတ်ဘူး။ ငါ့မှာမိသားစုမရှိပေမယ့် ငါ့ရဲ့အနာဂတ်ဆိုတာ ရှိသေးတယ်။ ရွေးချယ်စရာလမ်းမရှိလို့ ဒီအလုပ်ကိုပဲ တစ်သက်လုံး ရူးရူးမိုက်မိုက်လုပ်ရမယ် ဆိုလဲဖြစ်တယ်။ ဒါပေမဲ့ မလုပ်တော့ဘူးလို့ဆုံးဖြတ်ရင်တော့ မင်းပြောသလို အပြစ်ဝန်ခံပြီး ပြန်လွတ်လာတဲ့အချိန် ခဏလေးပဲနေရနေရ အေးချမ်းချင်တယ်။ အခုတော့ မင်းအဖေက ငါ့ကိုထိုးကျွေးခဲ့ပြီးကိုယ်လွတ်ရုန်းတဲ့ပုံစံဖြစ်နေတာ။ နှစ်၂ဝ ကျော် ငါ သစ္စာရှိစွာနေခဲ့ပါတယ်။ အဲ့ဒါတွေအတွက်ပြန်ရမှာက ဒီလိုပုံစံကြီးလား"

Z စကားတွေနားထောင်ရင်း အီလိုင်ဂျာမှာ မျက်နှာပူသလိုလိုတောင်ဖြစ်လာရသည်။ ဒယ်ဒီကတကယ့်ကို ဆိုးသွမ်းလိုက်တာ၊ လုပ်ခဲ့သမျှတွေကို နောင်တမရသည့်အပြင် ထပ်ထပ်ပြီးအပြစ်တွေလုပ်နေတုန်းပင်။ နှစ်၂ဝကျော် သူ့ဘေးရှိခဲ့သည့် သူအပေါ်မှာတောင် ဒီလိုချနင်းဖို့ကြိုးစားနေသည့် ဒယ်ဒီရဲ့ လုပ်ရပ်က ပြောမထွက်ချင်လောက်အောင်  ရွံရှာဖို့ကောင်းလိုက်တာ။ ကိုယ့်အတွေးနဲ့ကိုယ် တခွန်းမှပြန်မပြောမိပဲ သူ့မျက်နှာကိုပဲ စိုက်ကြည့်နေတော့ Z က မနေတတ်တော့ဟန်ဖြင့် စကားဆက်လာသည်။

"အဲ့ဒါကြောင့် မင်းကိုဒီလိုခေါ်လာမိတာပါ။ အဲ့ဒီအတွက်တောင်းပန်တယ်။ မင်း ကျန်းမာရေးသိပ်မကောင်းတာ ငါသိပါတယ်။ ဒါကြောင့် အခန်းကိုလုံခြုံခိုင်ခန့်အောင်ပြင်ရင်းနဲ့ မွေ့ယာစောင်တွေခေါင်းအုံးတွေကအစ ငါအကောင်းစားတွေဝယ်ပေးထားတယ်။ ပြတင်းပေါက်ပိတ်ထားလို့ မင်းအသက်ရှုကြပ်မှာစိုးလို့ လေထုသန့်စင်တဲ့စက်လေးလဲ ငါတပ်ပေးထားတယ်။ ငါက လူဆိုးပေမယ့် ငါ့အပေါ်မှာ ဂရုတစိုက်ပြောပေးတဲ့၊ ငါ့ကို စိတ်ရင်းနဲ့ဆက်ဆံတဲ့ မင်းကိုတော့ မထိခိုက်စေချင်ဘူး။ မင်းက ငါ့မိဘ​တွေမရှိတော့တဲ့နောက်ပိုင်း ငါ့ကိုနွေးထွေးမှု ဂရုဏာစတာတွေကို ပြန်ပေးစွမ်းခဲ့တာ.။ ငါခေါ်ထားတဲ့အချိန်မှာ မင်းနေမကောင်းဖြစ်လာရင် ငါ့အစီအစဉ်တွေပျက်မယ် ဆိုရင်တောင် ငါဆေးရုံလိုက်ပို့ပေးမှာပါ။ အခုလောလောဆယ်တော့ ငါဆုပ်ကိုင်လို့ရတဲ့အခွင့်အရေးကို ငါဆုပ်ကိုင်ထားချင်မိလို့..."

"Z အခုဘယ်လိုစဉ်းစားထားတာလဲ။ ဘာလုပ်ချင်တာလဲ"

"ငါဒီနိုင်ငံကနေ ထွက်သွားချင်ရုံပါ။ ဒါပေမယ့် ငါထွက်သွားဖို့လှုပ်ရှားလိုက်တာနဲ့ မင်းအဖေသိမှာ။ ပြီးတော့ ဒါတွေအားလုံး ငါတယောက်တည်း လုပ်တာမဟုတ်ဘူးဆိုတဲ့ ထွက်ဆိုချက်လေးလဲ လိုချင်တယ်"

"Z ကျွန်တော့်ကို ခေါ်လာတာမှားတယ်။ အဲ့ဒီနေ့က အိမ်ပြန်ရောက်ရင် ကျွန်တော် ဒယ်ဒီ့ကိုနောက်ဆုံးအကြိမ်အဖြစ်နားချမှာ။ သူလက်မခံရင် ရဲလက်ထဲကို ကျွန်တော်ရှာဖွေထားသမျှအပ်ပြီး ဒယ်ဒီ့ကိုပါ ရဲလက်ထဲအပ်တော့မလို့.။ အဲ့ဒီထဲမှာ ဟိုတခါ Z ပြောပြထားတဲ့ အသံဖိုင်ပါ ပါလို့ အပြစ်လျော့မှာပါ။ အခုကျွန်တော့ကို ဒီခေါ်လာတော့ ဘယ်လိုဆက်လုပ်မလဲ။ ပြီးတော့ Zစဉ်းစားပါဦး။ ဒီနိုင်ငံကနေထွက်သွားနိုင်ရင်တောင် အခြားနေရာမှာ လုံခြုံနိုင်ပါ့မလား..."

ထိုစကားကတော့ အီလိုင်ဂျာမပြောလဲ Z ကိုယ်တိုင်သိနေသည်။ အေဒရီယန် အဖမ်းမခံရပါက မိမိလွတ်မြောက်သွားရင်တောင် သူ့စိတ်နဲ့ဆို ရေဆုံးမြေဆုံးလိုက်သတ်မှာ အသေအချာဖြစ်သလို နောက်ဆုံး အေဒရီယန်အဖမ်းခံရလဲ ရဲတွေကလိုက်လာမှာ ဖြစ်သည်။ ထိုသို့ဆိုပါက တစ်သက်လုံးဝရမ်းပြေးဘဝနှင့်သာ အဆုံးသတ်ရတော့မည်။

"ဒါပေမဲ့ အခုမှတော့ ဘယ်လိုလုပ်လို့ရတော့မှာလဲ ။ မင်းကိုငါ ပြန်ပေးဆွဲထားမှတော့ အခုလောက်ဆို မင်းအဖေ ငါ့ကိုသတ်ဖို့ကြံနေလောက်ပြီ။ လောလောဆယ် ထွက်ပြေးတာကလွဲလို့ ဘာမှမရှိဘူး...."

"တစ်နည်းတော့ရှိပါသေးတယ်။ Z မှာ အပြစ်ဝန်ခံချင်စိတ်ရှိလား"

"............"

"အခုလုပ်သမျှအပြစ်တွေကို ကိုယ်တိုင်ဝန်ခံပါတယ်ဆိုပြီး ​ထောင်အကျခံနိုင်လား။ အဲ့ဒါဆို အပြစ်ဒဏ်ကလွတ်လာရင် ​အေးအေးချမ်းချမ်းနေဖို့ အခွင့်အ​ရေးတွေ ရနိုင်ပါ​​သေးတယ်"

"ဒါဆို မင်းအဖေကရော ဒီလို ငါက ဖွင့်ချရင် မင်းအ​ဖေပါ ပါလာမှာနော်။ ကိုယ်တိုင်ထောင်ထဲပို့သလို့ဖြစ်မှာကို မင်းတကယ်ခံစားနိုင်လို့လား....."

"ဘယ်ခံစားနိုင်မှာလဲ ခံစားနိုင်ဘူး။ ဒါ​ပေမဲ့ ကျွန်တော့်မှာ အခြားနည်းလမ်းလဲမရှိဘူး။ ဒါ​တွေကိုရပ်တန့်ပစ်ဖို့ ဒီတစ်နည်းပဲရှိ​တော့တယ်။ အဲ့ဒီ​တော့ Z ဘယ်လိုသဘောရလဲ ဝန်ခံချင်လား...."

"အင်း...."

"ဒါဆို ဒယ်ဒီကိုဖုန်းဆက်လိုက်။ ကျွန်တော့်ကွန်ပြူတာထဲက File တခုထဲ သိမ်းထားတဲ့ အချက်အလက်မှန်သမျှနဲ့ ကျွန်တော့်ကိုလာလဲဖို့ပြောလိုက်...."

"အဲ့ဒါတွေ့ပြီးဖွင့်ကြည့်လို့ သူ့အချက်အလက်တွေ မင်းယူထားတယ်ဆိုတာသိပြီး မင်းအဖေက အဲ့ဒါတွေဖျက်စီးပစ်ရင်ရော"

"ကျွန်တော့ သူငယ်ချင်းကို အကူအညီတောင်းပြီး stick နဲ့တစ်ခုကူးပြီး နောက်တစ်ခုကို တနေရာရာမှာသိမ်းမယ်။ ဒါကိုမပူပါနဲ့ ဒယ်ဒီ့ကိုတစ်ယောက်တည်းပဲလာခိုင်း..."

"မင်းအဖေက တစ်ယောက်တည်းလာမှာမဟုတ်ဘူးလေ။ ငါသိနေတယ် သူ့အ​​ကြောင်းကို...."

"ဟုတ်တယ် ကျွန်တော်လဲသိနေတယ်။ အဲ့ဒါကြောင့် ဒယ်ဒီ့ဆီအကြောင်းကြားပြီးရင် ရဲတွေကိုလဲ အကြောင်းကြားရမယ်။ ရဲတွေပါရောက်လာမှ ကိစ္စတွေအားလုံးကပြတ်မှာ။ Z အဖမ်းခံရမှာဖြစ်သလို ဒယ်ဒီလဲ.... အင်း... ဒယ်ဒီလဲ ကျွန်တော့်မျက်စိရှေ့တင် အဖမ်းခံရမှာပေါ့လေ။ တကယ်ရင်နာဖို့ကောင်းမှာပဲ...."

မျက်ရည်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းနှင့် နာနာကျင်ကျင် မချိပြုံးပြုံး၍ ဖြေနေ​သည့် အီလိုင်ဂျာထံမှ Z အကြည့်လွှဲလိုက်သည်။

"မိုးချုပ်နေပြီ တခုခုစားပြီးအိပ်လိုက်ပါ...."

"ကျွန်တော်ဘယ်မှ မထွက်သွားတာသေချာနေပေမယ့် Z စိတ်မချရင် ကြိုးတုပ်ထားလိုက်ပါ...."

"မင်းကိုတော့ငါယုံပါတယ်။ ကဲ...နားလိုက် ဟိုဆေးဘူးလေးက မင်းနေရထိုင်ရမပြေရင် သောက်လို့ရအောင်ဝယ်ထားပေမယ့် တကယ် နေရထိုင်ရမပြေရင်တော့ ငါ့ကိုပြော...."

" Z "

"အင်း...."

"ကျွန်တော် ဒီရောက်နေတာဘယ်လောက်ကြာပြီလဲ"

"မနေ့က ည​နေ၅နာရီကျော်ကတည်းက မင်းကိုခေါ်လာခဲ့တာ ။ မေ့ဆေးအရှိန်ကြောင့်ထင်တယ် မင်းမနက်ထိအိပ်နေခဲ့တယ်။ အခုက ညပြန်ရောက်လာပြီ အိပ်ချိန်ရောက်ပြီ...."

"ဒီအခန်းကမြေအောက်ခန်းလား"

"မဟုတ်ဘူး ရိုးရိုးအခန်းတခန်းပါပဲ..."

"ပြီးတော့...."

"အင်း "

"ကျွန်တော့်မာမီငိုနေလားဟင်။ စိတ်ပူနေမှာပေါ့"

ဒီမေးခွန်းကိုတော့ ထိုကောင်လေး ပိုစိတ်မကောင်းမှာဆိုးလို့ Z မဖြေခဲ့။ အီလိုင်ဂျာ ရှိနေရာ အခန်းရှေ့ကခုံမှာပင်  အိပ်ခဲ့ပြီး တစ်ရေးနိုးတိုင်း သူ့ရဲ့လှုပ်ရှားသံ ရှိမရှိနားထောင်နေရသည်။ စိတ်ချမ်းသာကိုယ်ကျန်းမာမှ အဆင်ပြေသော နှလုံးရောဂါသယ်က ကိုယ်လဲမကျန်းမာ စိတ်လဲမချမ်းသာနေတဲ့အချိန်မှာ အချိန်မရွေးထဖောက်နိုင်သည်လေ။

(AN - သောကြာနေ့မှာ ထပ်တင်ပေးပါမည်။ ဇတ်သိမ်းရန် ၅ပိုင်းသာလိုပါတော့တယ်နော်။ ဖုန်းလဲထားလို့ ဖောင့်တွေမမှန်ရင် တစ်ချက်လောက်ပြောပေးပါ)

3800 words

Zawgyi

အနည္းငယ္ မူးေနသည့္ေခါင္းကို အသာကိုင္၍ မ်က္လုံးဖြင့္ၾကည့္လိုက္ေသာ အခါတြင္ေတာ့ ထထိုင္မိမတတ္ အီလိုင္ဂ်ာလန႔္သြားရဧ။္ တခါမွမျမင္ဖူးသည့္၊  မရင္းႏွီးသည့္ ေနရာတခုဧ။္ အိပ္ရာထက္တြင္ေရာက္ေနကာ လွည့္ပတ္ၾကည့္လိုက္သည့္ခဏ ေနအိမ္တခုရဲ႕အိပ္ခန္းတခန္းဟု ထင္ရၿပီး အခန္းထဲတြင္ စားပြဲတစ္လုံး၊ ေရခ်ိဳးခန္းအိမ္သာျဖစ္ဟန္တူသည့္ အခန္းငယ္တစ္ခု ၊ မိမိထထိုင္ေနရာ ေမြ႕ယာႏွင့္ အေတာ္ေလး ေအးစိမ့္ေနေလေတာ့ ေျမေအာက္ခန္းလားဟုပင္ ေတြးမိလာသည္။

အတန္ၾကာေၾကာင္ေငးေနရာက အခန္းတံခါးရွိရာေျပး၍ ​ထြက္ရန္ျပင္လိုက္ေသာ္ျငား အျပင္က ေသာ့ခတ္ထားျခင္းေၾကာင့္ လက္ေလ်ာ့ကာ ျပတင္းေပါက္ရွိေနရာဆီ သြားဖြင့္ေတာ့လည္း ျပတင္းေပါက္ကိုပါ အျပင္က သစ္သားေတြႏွင့္ ရိုက္ပိတ္ထားသလားမသိ၊ အလင္းေရာင္ေတာင္ အထဲကိုမေဖာက္ေပ။ ဒီကို ဘယ္လိုေရာက္လာသလဲ အသည္းအသန္စဥ္းစားေသာ္လည္း စိတ္လႈပ္ရွားေနျခင္းေၾကာင့္ ႐ုတ္တရက္ ဘာကိုမွ မစဥ္းစားမိ၊

ေတာ္ေတာ္ၾကာၾကာစဥ္းစားၿပီးကာမွ ေခါင္းထဲေပၚလာသည္မွာ ဗင္းန္တို႔ အိမ္ကထြက္လာၿပီး ကားဌားရန္ လမ္းမႀကီးဆီထြက္လာစဥ္ ဟြန္းတီးသံႏွင့္အတူ ေရာက္လာသည့္ Z ႏွင့္ကားတစ္စီး၊ အထဲ၀င္ရန္အခ်က္ျပေနျခင္းေၾကာင့္ ကားထဲ၀င္ထိုင္ၿပီး ဘာမွ​တာင္စမေျပာရေသးခင္မွာပင္ မ်က္ႏွာကို တစုံတခုၾထင့္ လာအုပ္တာခံလိုက္ရၿပီးေနာက္ ဘာမွ မသိေတာ့။

ဒါဆို ဒီေနရာကိို Z ေခၚလာတာလား။ ဘာအတြက္လဲ။  တံခါးကို သြားလွည့္ဖြင့္လိုက္မိလို႔ထင္ဧ။္ အခန္းအျပင္က ေသာ့ဖြင့္သံကို ၾကားလိုက္ရျခင္းေၾကာင့္ ေၾကာက္စိတ္က တိုး၀င္လာကာ အခန္းေထာင့္တစ္ေထာင့္သို႔ ေျပးကပ္ထားကာ ပြင့္လာမည့္ တံခါး၀ကိုသာ မမွိတ္မသုတ္ၾကည့္ေနမိသည္။

"နိုးၿပီလား အီလိုင္ဂ်ာ ။ ေခါင္းမူးေနလား မင္း ေမ့ေဆးမသုံးလို႔ မျဖစ္လို႔ပါ"

အသင့္စားထမင္းဘူးနဲ႕ ေရတစ္ဘူးကို ခုံေပၚတင္ေပးလာရင္း Z စကားဆိုလာေပမယ့္ မိမိကေတာ့ ေၾကာက္စိတ္မႊန္ကာ တစ္ခြန္းမွ ျပန္မေျပာမိေပ။

"ဘာေကြၽးရမယ္မွန္းမသိလို႔ အသင့္စားထမင္းဘူးေတြပဲ ရွိတယ္။ ၿပီးေတာ့ မင္း မျဖစ္မေန ေသာက္ရမယ့္ေဆးေတြရွိရင္ ငါ့ကို ေရးေပး။ ​ခဏေန ငါ သြား၀ယ္စရာရွိတာေတြ ၀ယ္ရမယ္ ေနာက္ရက္ေတြ အျပင္ မထြက္ေတာ့ဘူး"

"............"

"ငါ့ကို စကားမေျပာေတာ့ဘူးလား အီလိုင္ဂ်ာ"

"ကြၽန္...ကြၽန္ေတာ့္ကို..ဘာ...ဘာလို႔ ဖမ္း ဖမ္းထားတာလဲ"

အသံက ကိုယ္တိုင္ပင္ မမွတ္မိေလာက္ေအာင္ တုန္ခါေနတာေၾကာင့္ Z ကရယ္သည္။

"ငါလဲ မလုပ္ခ်င္ပါဘူး ။ ဒီလိုမ်ိဳးလဲ ဖမ္းမေခၚထားခ်င္ဘူး။ မလႊဲသာလို႔...."

"အဲ့..အဲ့ဒါေၾကာင့္..မလႊဲသာတာက..ဘာ..ဘာလဲ...Z "

"မင္း မျဖစ္မေနေေသာက္ရမယ့္ ေဆးရွိရင္ ေျပာ အီလိုင္ဂ်ာ"

"............"

"မေျပာေတာ့ဘူးလား"

အမွန္တကယ္က ပုံမွန္ေသာက္ရတဲ့ ေဆး ရွိေနေသာ္ျငား နာမည္မမွတ္မိသလို မေသာက္လဲ ျဖစ္သည္ထင္သည့္အတြက္ မေျပာျပလိုေတာ့။ ဘာေၾကာင့္ဖမ္းလာရသလဲ ဆိုသည္ကိုသာ စိတ္ထဲေရာက္ေနသည္။

"ဒါဆိုလဲ ငါ အျပင္ခဏသြားမယ္။ ၀ယ္စရာရွိတာေတြ ၀ယ္ၿပီး ျပန္လာမယ္။ မသြားခင္...."

မသြားခင္ဟုဆိုကာ ႀကိဳးတေခ်ာင္းယူၿပီး အနားကပ္လာေတာ့ ဆံပင္ေမႊးေတြေထာင္သြားေအာင္ကို ေၾကာက္စိတ္ႀကီးစိုးလာကာ  အခန္းေထာင့္ကို ကပ္သထက္ကပ္ရင္း အလန့္တၾကားေမးမိေတာ့သည္။

"ဘာလုပ္မလို႔လဲ Z "

"အခန္းကို ေသာ့ခတ္ခဲ့႐ုံနဲ႕ မရမွာဆိုးလို႔ ငါမင္းကို ခုံမွာ ခဏႀကိဳးတုပ္ခဲ့မယ္။ မၾကာပါဘူး ျပန္လာတာနဲ႕ အကုန္ျပန္ျဖည္ေပးမယ္..."

ေျပာေျပာဆိုဆိုႏွင့္ပင္ မိမိကို ခုံဆီဆြဲကာထိုင္ေစၿပီး ႀကိဳးနဲ႕တုပ္ေတာ့သည္။ ဘယ္ေလာက္ေတာင္ ကြၽမ္းက်င္ေနသည္မသိ နည္းနည္းေလးမွေတာင္ လႈပ္မရေအာင္ ခိုင္မာလြန္းၿပီး ပါးစပ္ကိုပါ တိတ္နဲ႕ ပိတ္ေတာ့မည္ဆိုေတာ့ လက္ေတြ ေျခေတြ ေအးလာကာ ေခြၽးေတြေတာင္စို႔လာသည္။

"လန႔္သြားတာလား စိတ္ကိုေလွ်ာ့ထား ဘာမွမျဖစ္ဘူး။ သိပ္မၾကာဘူး..ျပန္လာခဲ့မယ္..."

ဟုတ္ကဲ့လို႔လဲေျပာလို႔မရသလို ဟင့္အင္းဟုလဲ ေျပာခြင့္မသာေတာ့ Z က ထြက္သြားခဲ့ၿပီျဖစ္သည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဗင္းဆင့္အိမ္မွ ျပန္လာၿပီးေနာက္ ကတ္သရင္းကို ေခ်ာ့ေမာ့ကာ အိမ္ျပန္ပို႔၍ တဖက္က Z ကို စုံစမ္းခိုင္းကာ၊ စာၾကည့္ခန္းထဲရွိ မီးခံေသတၱာထဲမွ ပစၥည္းကို ေသခ်ာျပန္စစ္ရသည္။ တစ္ခါမွမသုံးဖူးေသးေသာ္လည္း အခုကေတာ့သုံးကိုသုံးရေတာ့မည္။

သားကို ဟိုေကာင္ဖမ္းထားတယ္ဟုေတြးမိလိုက္ရင္ကို တဆစ္ဆစ္နဲ႕ မခံမရပ္နိုင္လြန္းလို႔ Z ကို လုံး၀ အရွင္ထားဖို႔ စိတ္ကူးမရွိ။ မိမိအစားအစားေထာင္ထဲ၀င္ေပးဖို႔ေတြ ဘာေတြကိုလည္း ဂ႐ုမစိုက္ခ်င္ေတာ့ေပ။ အေတြးထဲမွာ Z ကိုရွင္းၿပီး အီလိုင္ဂ်ာကို ျပန္ရဖို႔ အေတြးသာရွိေနသည္။

"ဆရာ Z ကို ဖုန္းဆက္လို႔ မရဘူး။ ပိတ္ထားတယ္..."

"သူစီးေနက်ကားေရာ။ အဲ့ဒီကား ဘယ္နားေရာက္ေနလဲ ဘယ္ေတြကိုသြားခဲ့လဲ စုံစမ္းၾကည့္.."

"သူစီးေနက်ကားက ဒီေန႕ မနက္ကတည္းက ဂိုေဒါင္မွာ ရပ္ထားတာ။ အီလိုင္ဂ်ာကို လိုက္ရွာဖို႔ ဆရာလွမ္းေခၚမွ အဲ့ဒီကားကို ေမာင္းလာခဲ့တာတဲ့။ အခု ကားကို ဆရာတို႔ အိမ္ေရွ႕မွာ ရပ္ထားခဲ့တယ္လို႔ ေျပာတယ္..."

သူ႕ကိုေပးထားသည့္ကား ဘယ္ေတြသြားခဲ့သလဲ စစ္မွာစိုး၍ ေပးထားသည့္ကားကို မသုံးပဲ တျခားကားကို သုံးခဲ့ပုံရသည္။ ယုံၾကည္ရတဲ့ တပည့္အျဖစ္ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ လုပ္ခဲ့မွေတာ့ ေရွာင္တိမ္းနည္းေတြအကုန္သိထားမည္ဆိုတာ ေသခ်ာ​​ၿပီး အဆိုးဆုံးက မိမိ ဘယ္လိုလိုက္လိမ့္မလဲ လႈပ္ရွားလိမ့္မလဲဆိုတာေတြကို ႀကိဳတင္ အကြက္ျမင္ေနတာပင္ျဖစ္သည္။ ကိုယ့္ေနာက္ေက်ာ ဓားနဲ႕ထိုးမည့္သူကိုမွ ႏွစ္ေပါင္းမ်ားစြာ လက္သပ္ေမြးခဲ့သလို အျဖစ္မ်ိဳး။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လိုအပ္မယ္ထင္သည့္ အရာမွန္သမွ် အကုန္ဝယ္ခဲ့ၿပီးေနာက္ Z ဧ။္ေျခလွမ္းမ်ားက ေဆးဆိုင္ရွိရာသို႔ ဦးတည္ခဲ့သည္။

"ကြၽန္ေတာ့္ညီေလးတစ္ေယာက္က သိပ္ေနမေကာင္းလို႔ ဘာေဆးတိုက္ရမလဲမသိလို႔...."

"ဆရာဝန္ေဆးစာပါလားဗ်"

"ကြၽန္ေတာ္တို႔ကခရီးသြားေတြပါ ဆရာဝန္လဲမျပရေသးသလို အဲ့ဒီေလာက္လဲမဟုတ္လို႔ ေရာင္းေပးခြင့္ရွိတာေလးကိုပဲ အေဆာင္သေဘာမ်ိဳး ဝယ္ခ်င္လို႔"

"လူနာကဘယ္လိုလကၡဏေတြရွိလဲ "

"အစားသိပ္မစားဘူး အားမရွိသလို ျဖဴဖပ္ျဖဴေလ်ာ္နဲ႕မို႔လို႔ ​ ေလူနာကေလ ႏွလုံးႀကီးတာဆိုလား အဲ့ဒီေရာဂါအခံရွိတယ္။ ခရီးထြက္လာတာမို႔ မွတ္တမ္းေတြလဲမပါလို႔ပါ"

"အဲ့ဒီလိုေရာဂါအခံရွိရင္ေတာ့ ေဆးေတြကအရမ္းေပးလို႔မေျပလို႔ ေနမေကာင္းဘူးဆို ေဆး႐ုံေခၚသြားတာ အေကာင္းဆုံးပါပဲ..."

"အခုက ေဆး႐ုံသြားလို႔မရေသးလို႔ပါ။ သူေနရထိုင္ရခက္လာရင္ အသက္ရႈၾကပ္လာရင္ ေနသာေအာင္တိုက္လို႔ရမယ့္ ေဆးတမ်ိဳးမ်ိဳးဆိုရပါၿပိ ေနာက္မွေဆး႐ုံသြားပါ့မယ္"

"အင္း ဟုတ္ပါၿပီ ဒါဆို ဒီေဆးတစ္ဘူးေပးလိုက္မယ္ေနာ္ သူ မအီမသာျဖစ္တယ္ ေမာတယ္ဆိုရင္ တစ္လုံးေသာက္ေပးပါ။ ဒါေပမဲ့ ေသာက္ၿပီးရင္ေတာ့ ေဆး႐ုံကိုပဲသြားေပးပါ။ ေဆးရဲ႕အာနိသင္က ခဏတာထိန္းထားတာမ်ိဳးပဲရပါမယ္"

"ေက်းဇူးပါ"

အီလိုင္ဂ်ာ့ကိုထားထားရာ ေနရာသည္ ေအဒရီယန္ဧ။္ ဂိုေဒါင္ရွိရာေနရာရဲ႕၂မိုင္ေက်ာ္ခန႔္သာေဝးသည့္ အိမ္ေတာ္ေတာ္မ်ားမ်ားတြင္ လူမေနေသာ ဟိုတစ္အိမ္ဒီတစ္အိမ္ ကြက္ၾကားအိမ္ေလးေတြ ရွိတဲ့ေနရာျဖစ္သလို မိမိပိုင္ဆိုင္သမွ် ပိုက္ဆံေငြသားအားလုံးကို ေျမေအာက္ခန္းထဲ ေသခ်ာထည့္သိမ္းထားရာေနရာျဖစ္ၿပီး ထိုအိမ္ေလးရထားခဲ့သည့္ ဆယ္ႏွစ္လုံးလုံး ေအဒရီယန္အပါအဝင္မည္သူမွမသိေသာ ေနရာေလးတခုလဲ ျဖစ္သည္။

မိမိကိုထိုးေကြၽးရန္ ေျပာလာသည့္ေန႕ကတည္းက အဲ့ဒီအိမ္ရဲ႕အခန္းကို ျပန္လည္ျပင္ဆင္ကာ တံခါးေသာ့ေတြတပ္၍ ျပတင္းေပါက္ကို အျပင္ကေန သစ္သားေတြနဲ႕ရိုက္ပိတ္ကာ ကုတင္တစ္လုံးနဲ႕ ေမြ႕ယာပစၥည္းေတြပါဝယ္ထားခဲ့သည္။ တနည္းအားျဖင့္ဆိုရေသာ္ အီလိုင္ဂ်ာကိုဖမ္းၿပီးလွ်င္ ဝွက္ထားဖို႔ အကုန္ျပန္ျပင္ဆင္ခဲ့ျခင္းပင္။

မိမိလိုခ်င္သည့္ အဆုံးသတ္က ဒါမ်ိဳးမဟုတ္၊ ေ႐ြးခ်ယ္စရာမရွိလို႔ ေသသည့္အထိ ဒီအလုပ္ေတြ တစိုက္မက္မက္လုပ္သြားတာမ်ိဳး ဒါမွမဟုတ္ အီလိုင္ဂ်ာေျပာသလို အျပစ္ဝန္ခံၿပီး ခ်မွတ္ထားသည့္ အျပစ္ဒဏ္ခံယူတာမ်ိဳးသာ ျဖစ္သည္။ ထိုသို႔ဆိုလွ်င္ မိမိကေစခိုင္းသူရဲ႕ခိုင္းေစမႈအရ လုပ္ရတာျဖစ္သည့္အတြက္ ေအဒရီယန္ထက္ အျပစ္ေပါ့မွာပင္။ ယခုေတာ့ လုပ္သမွ်အျပစ္အားလုံး တစ္ေယာက္တည္းခံခိုင္းကာ သူကေတာ့ မိသားစုႏွင့္ ကိုယ္လြတ္႐ုန္းေျပးဖို႔ႀကံစည္ေနသည္။

အီလိုင္ဂ်ာကေတာ့ အျပစ္ကင္းသူေလးျဖစ္သည့္အျပင္ က်န္းမာေရးမေကာင္းျခင္းကိုပါ ကိုယ္တိုင္ျမင္ထားျခင္းေၾကာင့္ အခုလိုဖမ္းမထားခ်င္ေသာ္ျငား မိမိမွာ ​ေအဒရီယန္ႏွင့္ အေပးအယူလုပ္နိုင္ေသာ တစ္ခုတည္းေသာအရာက ထိုေကာင္ေလးသာ ျဖစ္ေနတာေၾကာင့္ ေရွာင္လႊဲလို႔မရခဲ့။ အခုေလာက္ဆိုေအဒရီယန္လဲ သူ႕သားကို မိမိေခၚသြားမွန္းသိၿပီး ေတာနင္းရွာေနေလာက္ၿပီျဖစ္၍ ကိုယ့္ဘက္က အဆင့္သင့္မျဖစ္သေ႐ြ႕ အိမ္တြင္းေအာင္းေနမွရလိမ့္မည္....

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"ငါ႐ူးေတာ့မယ္ထင္တယ္ ဘာမွထူးျခားတာမေတြ႕ဘူးလား"

မေန႕ည ေအဒရီယန္တို႔ျပန္သြားသည့္တိုင္ေအာင္ တစ္ညလုံးအိပ္မရေအာင္ နီးစပ္ရာလိုက္စုံစမ္းေနခဲ့ၿပီး ေနာက္တစ္ေန႕ ေန႕လည္ျဖစ္လာေတာင္ တစ္ခ်က္မွမနားနိုင္ေသး။ ထို႔အတူဘာမွလဲမစားနိုင္ေပ။

"မေတြ႕ဘူး ဗင္းဆင့္ သူသာကားကိုသုံးခဲ့မယ္ဆိုရင္ အဲ့ဒီကားနဲ႕ဘယ္ေတြသြားခဲ့သလဲ စစ္လို႔ရေပမယ့္ ေအဒရီယန္တပည့္လို႔မေျပာရဘူး ပိရိတယ္။ အီလိုင္ဂ်ာကိုေခၚသြားတဲ့ေန႕က အဲ့ဒီကားကိုသူမသုံးခဲ့ဘူး..."

"လက္ကိုင္ဖုန္းကေရာ ရိုင္ယန္"

"လက္ကိုင္ဖုန္းကလဲ အီလိုင္ဂ်ာ့ဖုန္းနဲ႕မေရွးမေႏွာင္းပဲ စက္ပိတ္သြားတာ..."

"ဒါဆို CCTV ေတြစစ္ရင္ေရာ"

"သူက ဘယ္လမ္းေၾကာင္းကေန ဘယ္ကိုသြားတယ္ ဘာလုပ္တယ္ဆိုတာမသိပဲနဲ႕ ဘယ္က CCTV ကိုသြားစစ္ရမွာလဲ ဗင္းဆင့္ရယ္"

"ငါ အရမ္းစိတ္ပူေနၿပီကြာ တခုခုလုပ္လိုက္ရင္ ဘယ္လိုလုပ္မလဲ"

"ေအဒရီယန္နဲ႕ အေပးအယူလုပ္စရာရွိလို႔ ေခၚသြားတဲ့ပုံပါ မလုပ္ေလာက္ပါဘူး"

"ဒါေပမဲ့ သူကေခၚသြားၿပီးရင္ ႏွိပ္စက္ေနမွာလား။ ဘာမွမေကြၽးပဲ ပိတ္ထားမွာလား မသိရဘူးေလ။ အီလိုင္ဂ်ာ အရမ္းေၾကာက္ေနရွာမွာပဲကြာ။ ကင္မ႐ြန္းဆီကေရာ အဆက္အသြယ္ရလား"

"သူလဲ လက္လွမ္းမွီသေလာက္ လိုက္ၾကည့္ေနတာပဲ။ ၅မိနစ္ျခားတစ္ခါေလာက္ တိုင္လာဆီ ဖုန္းဆက္ၿပီးေတြ႕ၿပီလား သတင္းရၿပီလားပဲေမးေနတာတဲ့။ စိတ္အရမ္းမလႈပ္ရွားပဲ ငါတို႔ေတြ ေသခ်ာျပန္စဥ္းစားၾကည့္ၾကမယ္ေလေနာ္ ဗင္းဆင့္"

"ေအဒရီယန္ကို ငါတို႔ေစာင့္ၾကည့္ရမယ္။ သူက ငါတို႔လိုအမႈစစ္ေတြထက္ေတာင္ေပါက္ေရာက္ေသးတာ။ သူ႕သားေပ်ာက္လို႔ေျမလွန္ရွာမွာအမွန္ပဲ။ အဲ့ဒါေၾကာင့္ သူလႈပ္ရွားသမွ်ကို ေန႕ေန႕ညည ေစာင့္ၾကည့္မွရမယ္။ အဲ့ဒီနည္းလမ္းကအျမန္ဆုံးပဲ"

Z က ဘယ္ေလာက္ေတာင္ရက္စက္တတ္သူလဲဆိုတာ၊ ေသြးေအးလဲဆိုတာ ေကာင္းေကာင္းသိထားျခင္းေၾကာင့္ ရတက္တကယ္ မေအးလွေပ။ ေအဒရီယန္ကို အပိုင္ကိုင္ဖို႔ရာ အီလိုင္ဂ်ာကိုေခၚသြားျခင္းဆိုပါက သိပ္ျပသာနာမရွိေသာျငား ေအဒရီယန္ကို ၿပိဳလဲေစခ်င္၍ ေခၚသြားျခင္းဆိုပါက ႏွိပ္စက္ရိုက္ႏွက္ျခင္း၊ ပိတ္ေလွာင္ျခင္းမ်ား ျပဳလုပ္မည္ကို ပူပန္ေနရသည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ႀကိဳးေျဖေပးလိုက္တဲ့အခ်ိန္ လက္မွာပြန္းပဲ့ရာအခ်ိဳ႕ကို Z ကလွမ္းၾကည့္လာ​ၿပီး သက္ျပင္းခ်လိဳက္ေသာ္ျငား ဘာမွေတာ့ေျပာမလာေပ။

"ထမင္းစားေတာ့မလား...."

"ကြၽန္ေတာ့္ကို ဘာလို႔ဖမ္းထားတာလဲ"

"ၾကက္ေၾကာ္ေတာ့ဝယ္လာတယ္ အဲ့ဒါစားမလား"

"ကြၽန္ေတာ္ေမးေနတယ္ေလ ဘာျဖစ္လို႔ဖမ္းထားတာလဲလို႔...."

"ငါ မင္းကိုေခၚလာတဲ့အေပၚမွာ မင္းေၾကာက္စိတ္ဝင္ေနေသးတယ္ အီလိုင္ဂ်ာ။ မင္းစိတ္နည္းနည္းၿငိမ္သြားမွပဲ စကားေျပာတာေပါ့..."

"အဖမ္းခံထားရတာကို စိတ္ၿငိမ္မွေျပာမယ္ဆိုရင္ေတာ့ တစ္သက္လုံးၿငိမ္မွာမဟုတ္ဘူး။ ဘာေၾကာင့္မွန္းမသိ ဒီကိုေရာက္ေနရတာေလ Z ဆိုရင္ေရာ ၿငိမ္မွာလား...."

ထိုစကားေၾကာင့္ Z က စားဖို႔ျပင္ဆင္ေနရာမွရပ္လိုက္ကာ မိမိကိုစိုက္ၾကည့္လာသည္။ သို႔ေသာ္ ခဏမွ်သာ

"မင္းအေဖကေျပာတယ္ ဒီအလုပ္ေတြကိုစြန႔္လႊတ္ေတာ့မယ္တဲ့"

ဟု ဆိုလာေတာ့ ထိတ္ခနဲေပ်ာ္သြားသည့္ စိတ္ႏွင့္ လက္ခနဲျဖစ္သြားရသည့္ မိမိမ်က္ႏွာက Z ဧ။္ ခပ္တိုးတိုးရယ္သံေၾကာင့္ ပ်က္ျပယ္သြားရသည္။

"မင္းလဲ ငါေတြးခဲ့တဲ့အတိုင္းေတြးတယ္မဟုတ္လား။ ဒါေပမဲ့ သူကအဲ့ဒီလိုမဟုတ္ဘူး အီလိုင္ဂ်ာ။ ကိစၥအားလုံးက သူကခိုင္းတာေပမယ့္ ငါကတကယ္လုပ္ေပးရတာ။ အဲ့ဒါေၾကာင့္ သက္ေသေတြအားလုံးက ငါ့ဆီတည္ၿပီးလာတယ္။ ၿပီးမွ ငါ့ကိုခိုင္းတဲ့ သူ႕ဆီကိုသြားမွာ။ သူ႕စိတ္ကူးက သူ႕ဆီတက္အလာမခံေတာ့ပဲ ငါက ငါ့သေဘာနဲ႕လုပ္တယ္ သူမသိရပါဘူးဆိုတဲ့ ပုံစံလုပ္မယ္တဲ့။ ဆိုလိုခ်င္တာကသူ႕အစား ငါ့ကိုေထာင္ထဲဝင္ေပးေပါ့။"

"............"

"အထဲမွာ အေကာင္းဆုံးေနနိုင္ေအာင္ ျပစ္ဒဏ္အေပါ့ဆုံးျဖစ္ေအာင္ လုပ္ေပးမယ္တဲ့။ သူကေတာ့ မင္းနဲ႕မင္းအေမကိုေခၚၿပီး နိုင္ငံျခားမွာ အၿပီးသြားေနမယ္တဲ့။ ငါလိုခ်င္တဲ့အဆုံးသတ္က ဒီလိုပုံစံမဟုတ္ဘူး။ ငါ့မွာမိသားစုမရွိေပမယ့္ ငါ့ရဲ႕အနာဂတ္ဆိုတာ ရွိေသးတယ္။ ေ႐ြးခ်ယ္စရာလမ္းမရွိလို႔ ဒီအလုပ္ကိုပဲ တစ္သက္လုံး ႐ူး႐ူးမိုက္မိုက္လုပ္ရမယ္ ဆိုလဲျဖစ္တယ္။ ဒါေပမဲ့ မလုပ္ေတာ့ဘူးလို႔ဆုံးျဖတ္ရင္ေတာ့ မင္းေျပာသလို အျပစ္ဝန္ခံၿပီး ျပန္လြတ္လာတဲ့အခ်ိန္ ခဏေလးပဲေနရေနရ ေအးခ်မ္းခ်င္တယ္။ အခုေတာ့ မင္းအေဖက ငါ့ကိုထိုးေကြၽးခဲ့ၿပီးကိုယ္လြတ္႐ုန္းတဲ့ပုံစံျဖစ္ေနတာ။ ႏွစ္၂ဝ ေက်ာ္ ငါ သစၥာရွိစြာေနခဲ့ပါတယ္။ အဲ့ဒါေတြအတြက္ျပန္ရမွာက ဒီလိုပုံစံႀကီးလား"

Z စကားေတြနားေထာင္ရင္း အီလိုင္ဂ်ာမွာ မ်က္ႏွာပူသလိုလိုေတာင္ျဖစ္လာရသည္။ ဒယ္ဒီကတကယ့္ကို ဆိုးသြမ္းလိုက္တာ၊ လုပ္ခဲ့သမွ်ေတြကို ေနာင္တမရသည့္အျပင္ ထပ္ထပ္ၿပီးအျပစ္ေတြလုပ္ေနတုန္းပင္။ ႏွစ္၂ဝေက်ာ္ သူ႕ေဘးရွိခဲ့သည့္ သူအေပၚမွာေတာင္ ဒီလိုခ်နင္းဖို႔ႀကိဳးစားေနသည့္ ဒယ္ဒီရဲ႕ လုပ္ရပ္က ေျပာမထြက္ခ်င္ေလာက္ေအာင္  ႐ြံရွာဖို႔ေကာင္းလိုက္တာ။ ကိုယ့္အေတြးနဲ႕ကိုယ္ တခြန္းမွျပန္မေျပာမိပဲ သူ႕မ်က္ႏွာကိုပဲ စိုက္ၾကည့္ေနေတာ့ Z က မေနတတ္ေတာ့ဟန္ျဖင့္ စကားဆက္လာသည္။

"အဲ့ဒါေၾကာင့္ မင္းကိုဒီလိုေခၚလာမိတာပါ။ အဲ့ဒီအတြက္ေတာင္းပန္တယ္။ မင္း က်န္းမာေရးသိပ္မေကာင္းတာ ငါသိပါတယ္။ ဒါေၾကာင့္ အခန္းကိုလုံၿခဳံခိုင္ခန႔္ေအာင္ျပင္ရင္းနဲ႕ ေမြ႕ယာေစာင္ေတြေခါင္းအုံးေတြကအစ ငါအေကာင္းစားေတြဝယ္ေပးထားတယ္။ ျပတင္းေပါက္ပိတ္ထားလို႔ မင္းအသက္ရႈၾကပ္မွာစိုးလို႔ ေလထုသန႔္စင္တဲ့စက္ေလးလဲ ငါတပ္ေပးထားတယ္။ ငါက လူဆိုးေပမယ့္ ငါ့အေပၚမွာ ဂ႐ုတစိုက္ေျပာေပးတဲ့၊ ငါ့ကို စိတ္ရင္းနဲ႕ဆက္ဆံတဲ့ မင္းကိုေတာ့ မထိခိုက္ေစခ်င္ဘူး။ မင္းက ငါ့မိဘ​ေတြမရွိေတာ့တဲ့ေနာက္ပိုင္း ငါ့ကိုေႏြးေထြးမႈ ဂ႐ုဏာစတာေတြကို ျပန္ေပးစြမ္းခဲ့တာ.။ ငါေခၚထားတဲ့အခ်ိန္မွာ မင္းေနမေကာင္းျဖစ္လာရင္ ငါ့အစီအစဥ္ေတြပ်က္မယ္ ဆိုရင္ေတာင္ ငါေဆး႐ုံလိုက္ပို႔ေပးမွာပါ။ အခုေလာေလာဆယ္ေတာ့ ငါဆုပ္ကိုင္လို႔ရတဲ့အခြင့္အေရးကို ငါဆုပ္ကိုင္ထားခ်င္မိလို႔..."

"Z အခုဘယ္လိုစဥ္းစားထားတာလဲ။ ဘာလုပ္ခ်င္တာလဲ"

"ငါဒီနိုင္ငံကေန ထြက္သြားခ်င္႐ုံပါ။ ဒါေပမယ့္ ငါထြက္သြားဖို႔လႈပ္ရွားလိုက္တာနဲ႕ မင္းအေဖသိမွာ။ ၿပီးေတာ့ ဒါေတြအားလုံး ငါတေယာက္တည္း လုပ္တာမဟုတ္ဘူးဆိုတဲ့ ထြက္ဆိုခ်က္ေလးလဲ လိုခ်င္တယ္"

"Z ကြၽန္ေတာ့္ကို ေခၚလာတာမွားတယ္။ အဲ့ဒီေန႕က အိမ္ျပန္ေရာက္ရင္ ကြၽန္ေတာ္ ဒယ္ဒီ့ကိုေနာက္ဆုံးအႀကိမ္အျဖစ္နားခ်မွာ။ သူလက္မခံရင္ ရဲလက္ထဲကို ကြၽန္ေတာ္ရွာေဖြထားသမွ်အပ္ၿပီး ဒယ္ဒီ့ကိုပါ ရဲလက္ထဲအပ္ေတာ့မလို႔.။ အဲ့ဒီထဲမွာ ဟိုတခါ Z ေျပာျပထားတဲ့ အသံဖိုင္ပါ ပါလို႔ အျပစ္ေလ်ာ့မွာပါ။ အခုကြၽန္ေတာ့ကို ဒီေခၚလာေတာ့ ဘယ္လိုဆက္လုပ္မလဲ။ ၿပီးေတာ့ Zစဥ္းစားပါဦး။ ဒီနိုင္ငံကေနထြက္သြားနိုင္ရင္ေတာင္ အျခားေနရာမွာ လုံၿခဳံနိုင္ပါ့မလား..."

ထိုစကားကေတာ့ အီလိုင္ဂ်ာမေျပာလဲ Z ကိုယ္တိုင္သိေနသည္။ ေအဒရီယန္ အဖမ္းမခံရပါက မိမိလြတ္ေျမာက္သြားရင္ေတာင္ သူ႕စိတ္နဲ႕ဆို ေရဆုံးေျမဆုံးလိုက္သတ္မွာ အေသအခ်ာျဖစ္သလို ေနာက္ဆုံး ေအဒရီယန္အဖမ္းခံရလဲ ရဲေတြကလိုက္လာမွာ ျဖစ္သည္။ ထိုသို႔ဆိုပါက တစ္သက္လုံးဝရမ္းေျပးဘဝႏွင့္သာ အဆုံးသတ္ရေတာ့မည္။

"ဒါေပမဲ့ အခုမွေတာ့ ဘယ္လိုလုပ္လို႔ရေတာ့မွာလဲ ။ မင္းကိုငါ ျပန္ေပးဆြဲထားမွေတာ့ အခုေလာက္ဆို မင္းအေဖ ငါ့ကိုသတ္ဖို႔ႀကံေနေလာက္ၿပီ။ ေလာေလာဆယ္ ထြက္ေျပးတာကလြဲလို႔ ဘာမွမရွိဘူး...."

"တစ္နည္းေတာ့ရွိပါေသးတယ္။ Z မွာ အျပစ္ဝန္ခံခ်င္စိတ္ရွိလား"

"............"

"အခုလုပ္သမွ်အျပစ္ေတြကို ကိုယ္တိုင္ဝန္ခံပါတယ္ဆိုၿပီး ​ေထာင္အက်ခံနိုင္လား။ အဲ့ဒါဆို အျပစ္ဒဏ္ကလြတ္လာရင္ ​ေအးေအးခ်မ္းခ်မ္းေနဖို႔ အခြင့္အ​ေရးေတြ ရနိုင္ပါ​​ေသးတယ္"

"ဒါဆို မင္းအေဖကေရာ ဒီလို ငါက ဖြင့္ခ်ရင္ မင္းအ​ေဖပါ ပါလာမွာေနာ္။ ကိုယ္တိုင္ေထာင္ထဲပို႔သလို႔ျဖစ္မွာကို မင္းတကယ္ခံစားနိုင္လို႔လား....."

"ဘယ္ခံစားနိုင္မွာလဲ ခံစားနိုင္ဘူး။ ဒါ​ေပမဲ့ ကြၽန္ေတာ့္မွာ အျခားနည္းလမ္းလဲမရွိဘူး။ ဒါ​ေတြကိုရပ္တန႔္ပစ္ဖို႔ ဒီတစ္နည္းပဲရွိ​ေတာ့တယ္။ အဲ့ဒီ​ေတာ့ Z ဘယ္လိုသေဘာရလဲ ဝန္ခံခ်င္လား...."

"အင္း...."

"ဒါဆို ဒယ္ဒီကိုဖုန္းဆက္လိုက္။ ကြၽန္ေတာ့္ကြန္ျပဴတာထဲက File တခုထဲ သိမ္းထားတဲ့ အခ်က္အလက္မွန္သမွ်နဲ႕ ကြၽန္ေတာ့္ကိုလာလဲဖို႔ေျပာလိုက္...."

"အဲ့ဒါေတြ႕ၿပီးဖြင့္ၾကည့္လို႔ သူ႕အခ်က္အလက္ေတြ မင္းယူထားတယ္ဆိုတာသိၿပီး မင္းအေဖက အဲ့ဒါေတြဖ်က္စီးပစ္ရင္ေရာ"

"ကြၽန္ေတာ့ သူငယ္ခ်င္းကို အကူအညီေတာင္းၿပီး stick နဲ႕တစ္ခုကူးၿပီး ေနာက္တစ္ခုကို တေနရာရာမွာသိမ္းမယ္။ ဒါကိုမပူပါနဲ႕ ဒယ္ဒီ့ကိုတစ္ေယာက္တည္းပဲလာခိုင္း..."

"မင္းအေဖက တစ္ေယာက္တည္းလာမွာမဟုတ္ဘူးေလ။ ငါသိေနတယ္ သူ႕အ​​ေၾကာင္းကို...."

"ဟုတ္တယ္ ကြၽန္ေတာ္လဲသိေနတယ္။ အဲ့ဒါေၾကာင့္ ဒယ္ဒီ့ဆီအေၾကာင္းၾကားၿပီးရင္ ရဲေတြကိုလဲ အေၾကာင္းၾကားရမယ္။ ရဲေတြပါေရာက္လာမွ ကိစၥေတြအားလုံးကျပတ္မွာ။ Z အဖမ္းခံရမွာျဖစ္သလို ဒယ္ဒီလဲ.... အင္း... ဒယ္ဒီလဲ ကြၽန္ေတာ့္မ်က္စိေရွ႕တင္ အဖမ္းခံရမွာေပါ့ေလ။ တကယ္ရင္နာဖို႔ေကာင္းမွာပဲ...."

မ်က္ရည္ေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ရင္းႏွင့္ နာနာက်င္က်င္ မခ်ိၿပဳံးၿပဳံး၍ ေျဖေန​သည့္ အီလိုင္ဂ်ာထံမွ Z အၾကည့္လႊဲလိုက္သည္။

"မိုးခ်ဳပ္ေနၿပီ တခုခုစားၿပီးအိပ္လိုက္ပါ...."

"ကြၽန္ေတာ္ဘယ္မွ မထြက္သြားတာေသခ်ာေနေပမယ့္ Z စိတ္မခ်ရင္ ႀကိဳးတုပ္ထားလိုက္ပါ...."

"မင္းကိုေတာ့ငါယုံပါတယ္။ ကဲ...နားလိုက္ ဟိုေဆးဘူးေလးက မင္းေနရထိုင္ရမေျပရင္ ေသာက္လို႔ရေအာင္ဝယ္ထားေပမယ့္ တကယ္ ေနရထိုင္ရမေျပရင္ေတာ့ ငါ့ကိုေျပာ...."

" Z "

"အင္း...."

"ကြၽန္ေတာ္ ဒီေရာက္ေနတာဘယ္ေလာက္ၾကာၿပီလဲ"

"မေန႕က ည​ေန၅နာရီေက်ာ္ကတည္းက မင္းကိုေခၚလာခဲ့တာ ။ ေမ့ေဆးအရွိန္ေၾကာင့္ထင္တယ္ မင္းမနက္ထိအိပ္ေနခဲ့တယ္။ အခုက ညျပန္ေရာက္လာၿပီ အိပ္ခ်ိန္ေရာက္ၿပီ...."

"ဒီအခန္းကေျမေအာက္ခန္းလား"

"မဟုတ္ဘူး ရိုးရိုးအခန္းတခန္းပါပဲ..."

"ၿပီးေတာ့...."

"အင္း "

"ကြၽန္ေတာ့္မာမီငိုေနလားဟင္။ စိတ္ပူေနမွာေပါ့"

ဒီေမးခြန္းကိုေတာ့ ထိုေကာင္ေလး ပိုစိတ္မေကာင္းမွာဆိုးလို႔ Z မေျဖခဲ့။ အီလိုင္ဂ်ာ ရွိေနရာ အခန္းေရွ႕ကခုံမွာပင္  အိပ္ခဲ့ၿပီး တစ္ေရးနိုးတိုင္း သူ႕ရဲ႕လႈပ္ရွားသံ ရွိမရွိနားေထာင္ေနရသည္။ စိတ္ခ်မ္းသာကိုယ္က်န္းမာမွ အဆင္ေျပေသာ ႏွလုံးေရာဂါသယ္က ကိုယ္လဲမက်န္းမာ စိတ္လဲမခ်မ္းသာေနတဲ့အခ်ိန္မွာ အခ်ိန္မေ႐ြးထေဖာက္နိုင္သည္ေလ။

(AN - ေသာၾကာေန႕မွာ ထပ္တင္ေပးပါမည္။ ဇတ္သိမ္းရန္ ၅ပိုင္းသာလိုပါေတာ့တယ္ေနာ္။ ဖုန္းလဲထားလို႔ ေဖာင့္ေတြမမွန္ရင္ တစ္ခ်က္ေလာက္ေျပာေပးပါ)

3800 words

Continue Reading

You'll Also Like

20.2K 49 5
ကျောင်းသူလေးကို မုဒိမ်း ကျင်တာ အများအပါး ပါသောကြောင့် ကျောင်းသူ.ကျောင်းသားများ ကျော်သွားပေးပါ 21++
358K 26.3K 50
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
125K 25.6K 77
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
65.4K 2.4K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...