Chapter 8.2 End
လေထုသည် အချိန်အတိုင်းအတာတစ်ခုမျှ ကသိကအောက်ဖြစ်သွားလိုက်၏။ အနားမှာရှိတဲ့ အစိမ်းရောင်ဝတ်ဆင်ထားတဲ့ သခင်ရွှီ သည် ခေတ္တရပ်တန့်လိုက်ခဲ့ကာ ရှေ့သို့ ထွက်လာလိုက်ခဲ့သည်။ "ချန်းယွင် သွားကြမယ်လေ"
ကုချန်းယွင် က ဒါကို သဘောမပေါက်ဘဲ လေးကန်စွာ ပြုံးပြလိုက်ပြီး "ရွှီတု သူ့ကို ဒီအတိုင်းလွှတ်လိုက်လို့ မဖြစ်ဘူးလေ၊ သူက ကြင်စဦးတစ်ယောက်တောင် ဖြစ်နေပြီ၊ ဒါပေမယ့် သူ့ညီအစ်ကို တော်တွေကိုတောင် နှုတ်ဆက်ေဖာ်မရဘူး။ ဒါက ဘယ်လို ကျင့်ဝတ်မျိုးလဲ"
ရွှီတု သည် ကုချန်းယွင်ကို စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ ကြည့်နေရင်းနဲ့ပင် ကုချန်းယွင်က ဟော်ဝူကျုံး ရဲ့ မေးစေ့ကို ဆွဲယူဖို့ကြိုးစားရန် သူ့လက်ကို ဆန့်တန်းနေခဲ့တယ်။
"သူက ချောတာပဲ၊ မင်းရဲ့ခေါင်းကို မော့ပြီး အစ်ကို့ကို ကြည့်ခွင့်ပေးပါဦးလား...."
သူ့အသံက ရုတ်တရက် တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားလိုက်၏။
ဟော်ဝူကျုံး က အောက်ကိုသာ ငုံ့ကြည့်ေနသော်လည်း သူ့နဖူးမှာ မျက်လုံးများ ရှိနေသည့်အတိုင်းပင်။ သတိမပေးပါဘဲ သူ့လက်ကို မြှောက်လိုက်ပြီး ကုချန်းယွင်ရဲ့ လက်ကောက်ဝတ်ကို တိတိကျကျ ဆုပ်ကိုင်လိုက်ပြီး သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ခဲ့တယ်။
နောက်အခိုက်အတန့်တွင် လက်ကောက်ဝတ်အား အားထည့်ကာ ပြင်းပြင်းထန်ထန် လိမ်ချိုးပစ်လိုက် တော့သည်။
သူ့အရိုးတွေကနေ ကျိုးပဲ့ကာ ကွဲအက်တဲ့ အသံတစ်ခု ပေါ်ထွက်လာလိုက်၏။
***
ကျန်းဆွေ့ကျောင်းသည် မူလကတော့ အလေးမထားချင်ခဲ့ပေ။
သူ့အပိုင်ဦးခေါင်းနှင့် အာမ ခံရဲတာကတော့ စစ်သူကြီးဟော်သည် မနာလိုစိတ်ကြောင့် ရန်ဖြစ်ခြင်းကို အစပြုသူ မဟုတ်နိုင်ပေ။ သူ့ကို အရင် ရန်စတဲ့သူက တစ်ဖက်ကသူပဲ သေချာပေါက် ဖြစ်ရမည်။ ဒီလိုဆိုလျှင် ဟော်ဝူကျုံး ကို ဘာလို့ နှောင့်ယှက်ရတာလဲ ထိုသူရဲ့ ရှုးရှုးမိုက်မိုက် ရန်စမှုေကြာင့်ပဲလား။
မင်း ရန်ဖြစ်ချင်ရင် ဖြစ်ပစ်လိုက်ပါ။ ငိုတာက ဘာအသုံးဝင်နိုင်မှာလဲ။ တခြားအိမ်တော်က အမျိုးသမီးတွေတောင် ဆံပင်ဆွဲရမယ်ဆိုတာကို သိပါတယ်။ အရိုက်ခံရရင် ပြန်ရိုက်လိုက်ပါေတာ့လား။ သူသာ အရည်အချင်းရှိရင် ပြန်တိုက်သင့်တယ်မဟုတ်ဘူးလား။
ကျန်းဆွေကျောင်း အစေခံကို ဘာသိဘာသာ တစ်ချက်စိုက်ကြည့်ကာ ပြောလိုက်တယ်။ "ငါ့မှာ အရေးကြီးကိစ္စရှိတယ်" ထိုသို့စကားပြောပြီးနောက် အစေခံကို ကျော်ဖြတ်ကာ ခြံဝင်းထဲသို့ ၀င်ဖို့ ကြိုးစားလိုက်ခဲ့သည်။
မထင်မှတ်ထားတာကတော့ အစေခံက ရှေ့ကိုခြေနှစ်လှမ်းတိုးပြီး သူ့ကို တားမြစ်လိုက်တာပဲဖြစ်၏။
"အရှင် ကျွန်တော်မျိုးမရဲ့ သခင်က တော်တော့်ကိုနာနေလို့ပါ! အိမ်ေတာ်သမားတော်က ပြောတာတော့ အဲဒီလူက ကျွန်တော်မျိုးမ သခင်ရဲ့လက်ကောက်ဝတ်ကို ကျိုးသွားေစဖို့ သီသီကလေးပဲ လိုတော့တာတဲ့"
ဒါက အမှန်တရားနဲ့တောင် မနီးစပ်ေနေချ။
ကျန်းဆွေကျောင်းသည် စိတ်မရှည်စွာ မျက်လုံးများကို လှန်ကြည့်မိလိုက်ပြီး စကားပြောတော့မည်လုပ်လိုက်ပေမဲ့ သူ့ဘေးတွင်ရှိတဲ့ မန်ချန်ရှန်း၏ မျက်နှာအမူအရာကို မြင်သွားလိုက်ခဲ့သည်။
ဒီမိန်းမစိုးေလးက တော်တော်တုံးပြီး ရိုးတာပဲ။ သူ့ခံစားချက်အားလုံးကို သူ့မျက်နှာမှာ ဖော်ပြနေတာပဲ။
ထိုအချိန်အခိုက်အတန့်တွင်၊ မန်ချန်ရှန်းက သူကပဲ မယုံနိုင်စရာတစ်ခုခုကို လုပ်လိုက်သည့်အတိုင်း သူ့အား ဗလာသက်သက်ဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့တာဖြစ်သည်။
ပြီးနောက် သူ့ရှေ့ရှိ မျက်ရည်ရွှဲလဲနဲ့ အစေခံကလည်း သူ ဒေါသထွက်သွားမည်ကို အနည်းငယ်မျှ ကြောက်ရွံ့မှုမရှိဘဲ သူ့အား တားမြစ်နေသေးသည်။
ကျန်းဆွေကျောင်း သူအချိန်ကူးပြောင်းလာတဲ့ မနေ့ညက အေစခံတစ်ဦးက ရေဇလံုကို မှောက်မိသွားတာကြောင့် သူမ သေေတာ့မည့်အတိုင်း ထိတ်လန့်သွားသည်ကို သတိရသွားလိုက်သည်။
သူ့ရှေ့က အစေခံက သူ ပစားပေးထားတာကြောင့်သာ မောက်မာစွာ ပြုမူဝံ့တာဖြစ်ပေမည်။
သူတို့ရည်ညွှန်းတဲ့ "သခင်ကု" ဆိုတဲ့သူသည် မူလပိုင်ရှင်၏ အချစ်တော် ကိုယ်လုပ်တော်ဖြစ်နိုင်သည်ဟု သူယုံကြည်သွားလိုက်၏။
ကျန်းဆွေကျောင်း အံတင်းတင်းကြိတ်လိုက်၏။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မူလပိုင်ရှင်ကို တိတ်တဆိတ် ဆဲဆိုလိုက်မိသည်။
...မင်း အမျိုးသားတစ်ယောက်ကို အလိုလိုက်ချင်တာ အဆင်ပြေပါသေးတယ် ဒါပေမယ့် မင်း အလိုလိုက်ထားတဲ့သူက ပြဿနာလာရှာနေတယ်ဟ!
သူ အသက်ပြင်းပြင်းရှူပြီး သူ့ဘာသာ ကျိတ်ကာ အကြံထုတ်လိုက်သည်။ သူ့အပြစ်ရှိတာကြာင့်နဲ့ သူ ဒီကိုေရာက်လာတယ်လို့ပဲ ထားလိုက်ပါဦး၊ ဘာမတော်တဆမှု မရှိခဲ့ရင်တောင် သူ ဒီမှာ နှစ်အတော်ကြာအောင် နေရဦးမှာပဲ။ ဒါ့ကြောင့်မို့ သူ ပုန်းနေရင်တောင်မှ မူလကိုယ်ခန္ဓာနဲ့ နီးစပ်သူေတွနဲ့အနှေးနှင့်အမြန်ဆိုသလို တွေ့ဆုံရဦးမှာပဲေလ။
...သူ့ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ ကိုယ်လုပ်တော်တွေအပါအဝင်ပေါ့လေ။
အတွင်းစိတ်ထဲက အပူငွေ့ေတွကို လွှတ်ချလိုက်ရင်းနဲ့ ကျန်းဆွေကျောင်း သူ့ခေါင်းကို စောင်းလိုက်ပြီး အေစခံကို ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။"ညနေစားချိန်ကျရင် ငါ သူ့ဆီကို သွားတွေ့လိုက်မယ်"
အစေခံသည် ချက်ချင်းပင်မျက်ရည်ေတွ ကျဆင်းနေကို ရပ်တန့်လိုက်ကာ ပြုံးရွှင်သွားလိုက်သည်။ သူမက ဦးညွှတ်ပြီး သူ့အား ကျေးဇူးတင်လိုက်ခဲ့၏။ မန်ချန်ရှန်းသည်လည်း သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးသွားလိုက်ခဲ့သည်။
လူအားလုံးက ပြုံးပျော်ရွှင်နေကြပေမယ့် ကျန်းဆွေကျောင်းရဲ့ ပါးစပ်ထဲမှာတော့ ထွက်ရှိလာတဲ့ ဒေါသအလိပ်အလိပ်ကို အရသာခံစားလိုက်ရ၏။
သူ နောက်လှည့်လိုက်ကာ သူ့အရှိန်ကို အရှိန်မြှင့်လိုက်ပြီး မူလပိုင်ရှင်ရဲ့ စာကြည့်ခန်းထဲကို သွားလိုက်ခဲ့သည်။
စာကြည့်ခန်းထဲကို သူရောက်ပြီးသည်နှင့်တစ်ပြိုင်နက် မည်သူ့ကိုမျှ ဝင်မလာဖို့ တားမြစ်ထားလိုက်ခဲ့သည်။
ထိနေ့ နေ့လယ်ပိုင်းတစ်ပိုင်းလုံးပဲ သမိုင်းဝင်ပစ္စည်းများကို စစ်ဆေး ခွဲခြမ်းစိတ်ဖြာတဲ့ သူ၏ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုေတွကို ခြစ်ထုတ်ပြီး မူလပိုင်ရှင်၏ စာကြည့်ခန်းထဲမှာရှိတဲ့ ဖိုင်တွဲများနှင့် စာလွှာများအားလုံးကို ရှာဖွေကြည့်ရှုလိုက်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း မူလကိုယ်ခန္ဓာက ပျင်းရိတဲ့မင်းသားတစ်ပါးလို ဟန်ဆောင်နေပေမဲ့လည်း နန်းတွင်းထဲက အမတ်ကြီးများစွာနှင့် လျို့ဝှက်သီးသန့်ဆက်ဆံမှုများရှိခဲ့၏။
သို့သော်လည်း ဖန်းရှောင်သည် လက်ရှိတွင် နန်းတော်တွင် တစ်ဦးတည်းသော အခွင့်အာဏာရှိေနသူဖြစ်ပြီး နောက်လိုက်များစွာရှိသောကြောင့် မူလပိုင်ရှင်၏ ဝီရိယစိုက်ထုတ်မှုကို နန်းတော်တွင် သူ သိရင်ေတာင် ဘာမှအကျိုးမထူးပေ။ ဖန်းရှောင်ကို သာမာန်ညောင်ည ဆန့်ကျင်တဲ့ အစုတ်အပြတ်အဖွဲ့တွင်သာ သူ့မှာ လုပ်ပိုင်ခွင့်ရှိနေလေသည်။
ဒီအကြောင်းအရင်းကြောင့်ပဲ ဖန်းရှောင်က သူ့ကို ဆန့်ကျင်တဲ့အကြံအစည်လုပ်ဖို့ အလုပ်ရှုပ်မခံတာပဲဖြစ်လောက်မည်။
ပြီးတော့လည်း ကျန်းဆွေကျောင်းက သူ့စာရင်းစာအုပ်ထဲမှာ သူ့အပိုင်အနောက်ခြံဝင်းထဲက အမျိုးသားကိုယ်လုပ်တော် နှစ်ယောက်အေကြာင်းကိုလည်း ဖော်ပြထားခဲ့သည်။
ရွှီတုလို့ ခေါ်တဲ့တစ်ယောက်က တောင်ဘက် လင်းအန်းသို့သွားပြီးနောက် အကောင်းဆုံးကြင်ယာဖက် တွေ့ဆုံပွဲတစ်ပွဲမှာ ကျန်းဆွေကျောင်း ဆုံခဲ့တဲ့သူပင်ဖြစ်သည်။ ကျန်တစ်ဦးမှာ ကုချန်းယွင် လို့ အမည်ရှိပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပျော်တော်ဆက်အိမ်တော်တစ်ခုမှ သူ ဝယ်ယူခဲ့သော ပြည့်တန်ဆာတစ်ဦးဖြစ်သည်။
ရွှီတုက မျက်နှာသာပေးခြင်းမခံရေပမဲ့လည်း ကုချန်းယွင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိေန၏။ တစ်ဖက်တွင်မူ မူလပိုင်ရှင်က ကုချန်းယွင်ကို အလွန်ကို နှစ်သက်သည်။ ရက်မကြာမကြာတိုင်း ကုချင်းယွင် ၏အခန်းသို့ သွားပြီး အနားယူတတ်သည်။ သူဝင်သွားလိုက်တိုင်း အခြားသူတွေ သူ့နောက်ကို လိုက်ခွင့်မပေးပေ။
ထို့အပြင် သူ့အိမ်ေတာ်ထဲတွင် ကိုယ်လုပ်တော်တွေ များစွာရှိသည်။ အချို့ကို သူကိုယ်တိုင်ဝယ်ယူခဲ့ပြီး အချို့ကို သူ၏အပေါင်းအသင်းများက ပေးပို့ခဲ့သည်။
သို့သော်လည်း သူတို့ေတွက ဖျားနာမှု သို့မဟုတ်ပါကလည်း ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရတာေကြာင့် သေဆံုးသွားကြရသည်။ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလူနှစ်ယောက်ပဲ ကျန်ရစ်တော့တာဖြစ်သည်။
ကျန်းဆွေကျောင်းက မျက်မှောင်ကြုတ်လိုက်ခဲ့သည်။
မူလပိုင်ရှင်သည် ဒီလောက် ရက်စက်ကြမ်းကြုတ်သူ ဖြစ်လိမ့်မည်ဟု
သူ မထင်ထားခဲ့။ အိမ်ေတာ်ထဲမှာရှိတဲ့အေစခံများသည် သူ့ကိုကြောက်ရသည့် အကြောင်းရင်းရှိသည်ကို သူသိသွားလိုက်သည်။
နေလံုးသည် ကောင်းကင်အလယ်သို့ အနည်းငယ် ရွေ့လျားသွားပြီး တရွေ့ရွေ့ ကျဆင်းသွားလိုက်သည်။ နေဝင်ဆည်းဆာသည် ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ အခန်းအတွင်းအား နွေးထွေးတဲ့ ရွှေရောင်ခြည်များ ဖြန်းပက်လိုက်ခဲ့သည်။
မန်ချန်ရှန်းက အခန်းတံခါးခေါက်ပြီး ညေနစာစားချိန်ရောက်ပြီဆိုတာ ကျန်းဆွေကျောင်းအား လာအကြောင်းကြားလိုက်ခဲ့သည်။
ကျန်းဆွေကျောင်းက စာလွှာတွေကို သူ့အခန်းထဲမှာ သိမ်းဆည်းထားလိုက်ပြီးေနာက် စာကြည့်ခန်းထဲက ထွက်လာလိုက်ပြီး မကြာသေးခင်ကမှ မန်ချန်ရှန်း ပြင်ဆင်ထားတဲ့ ဝေါယာဉ်ပေါ်တက်လိုက်ခဲ့တယ်။
သခင်ကု၏ခြံဝင်းသို့သွားရာလမ်းတစ်ေလျှာက်မှာ သူ ဘယ်လိုဘယ်ပုံတုံ့ပြန်ရမည်ကို တွေးေတာထားလိုက်ပြီးဖြစ်သည်။
မူလပိုင်ရှင်သည် ဂေးတစ်ယောက်ဖြစ်ပေမဲ့ သူကတော့ မဟုတ်ပေ၊ အခြားသူတစ်ယောက်၏ ကိုယ်လုပ်တော်ကိုလည်း ဘယ်လိုအရာကိုမှ သူ မလုပ်နိုင်ပေ။
'ကု'လို့ မျိုးရိုးအမည်ရတဲ့ အမျိုးသားကိုယ်လုပ်ေတာ်က ပျော်တော်ဆက်အိမ်တော်တစ်ခုက ဆိုတော့ သူ့မှာ ကျိန်းသေပေါက် လုပ်ပိုင်ခွင့်အာဏာအများကြီးမရှိေပ။ ဒါ့ကြောင့်မို့ ကျန်းဆွေကျောင်း သူ ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူကို မျက်ရည်လည်ရွဲနှင့် ငိုညည်းရန်ကို ခွင့်ပြုထားစေဖို့ ရည်ရွယ်လိုက်ခဲ့သည်။ ဒါပေမဲ့လည်း သူကတော့ အေးတိေအးစက်မျက်နှာထားအတိုင်းထားရှိကာ ငိုယိုနေသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပုံဖမ်းလိုက်၍ သူ့ကို စကားအနည်းငယ်ဖြင့် ဆိုဆုံးမကာ ထွက်ခွာလိုက်မည်။ အဲဒီနောက်မှာတော့ သူက အဲဒါကို အကြောင်းပြချက်တစ်ခုလိုသံုးပြီး သူ့ အနောက်ခြံဝင်း မှာ ရန်ဖြစ်တာကို မုန်းတီးတယ်လို့ ဟန်ဆောင်လိုက်ကာ တခြားသူကို လျစ်လျူရှုလိုက်တော့မည်၊ အဲဒီနောက် ဒီကိစ္စကို သူ့နောက်မှာ ချန်ထားထားခဲ့လိုက်မည်ဖြစ်၏။
သူ အရာရာကို အစီအစဉ်ဆွဲပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ထားလိုက်ခဲ့၏။ တစ်ဖက်လူက ငိုယိုဖို့ကိုသာ သူ စောင့်ဆိုင်းလိုက်ရံုပါပဲေလ။
မူလပိုင်ရှင်ရဲ့ စံနမူနာကို လိုက်နာပြီး သူ့အေစခံတွေကို ဖယ်ထုတ်ထားပေမယ့် ကုချန်းယွင်ရဲ့ ခြံဝင်းထဲကို လှမ်းဝင်ပြီး သူ့အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါမှာတော့ ဒီလိုမြင်ကွင်းမျိုး တွေ့ဖို့ မမျှော်လင့်ထားခဲ့လိုက်ေပ။
ကုချန်းယွင်က အတွင်းခန်းရှိ ညောင်စောင်းတစ်ခုပေါ်တွင် ပျင်းရိစွာလဲလျောင်းနေပြီး သူ့ရဲ့ပတ်တီးစည်းထားတဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ဖြည်းညှင်းစွာ ပွတ်သပ်နေခဲ့၏။
ရွှီတုကလည်း သူ့ဘေးမှာ ရှိနေခဲ့၏။
ကျန်းဆွေကျောင်း ဝင်လာတာကိုမြင်တော့ ရွှီတုက ထလိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်ခဲ့သည်။
ပျော်တော်ဆက်အိမ်တော်မှ ကျားတစ်ကောင်ဟု ကောလာဟလထွက်နေသော သခက်ကုက ကြည့်ရတာ အကျွမ်းတဝင်ရှိပုံပေါက်ပေမဲ့ အနည်းငယ်လေးတောင်မှ အောက်ကျို့ခံတဲ့ပုံပေါက်မေနခဲ့ေပ။ သူက ထလိုက်ပြီး ပြုံးကာေပြာလိုက်သည်။ "ဒီနေ့ ကျွန်တော်မျိုး အရှင့်သားကိုတွေ့ဖို့ အကြောင်းပြချက်ရှာဖို့အတွက် ဒုက္ခတော်တော်ရောက်လိုက်ရတယ်၊ အဲဒီစစ်သူကြီးေဟာ် သူက တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့သူပဲ"
Chapter 8 End...