ခရစ်စတန်နဲ့ဂျိုလိုဒေးဗစ်ကို မဖြစ်မနေ မင်္ဂလာပွဲ စီစဉ်ရတော့မယ့်အခြေအနေရောက်လာပြီမို့ မြို့တော်ဝန်က ခေါင်းခြောက်နေရသည်။
သားနုနုထွတ်ထွတ်လေးက အဖေအရွယ်ရှိတဲ့ လူတစ်ယောက်နဲ့ လက်ထပ်မတဲ့။
စဉ်းစားကြည့်ပါ ။
မင်းတို့စဉ်းစားကြည့်လေ ။
" ကျွန်မတို့က သားလေးအတွက်တွေးပေးရမယ်လေ ၊ ရှင်ဘာမှ စိတ်ပူမနေပါနဲ့တော့ ''
" အင်း ကိုယ်သိပြီ ''
မစ္စတာဂါဘရီရယ်တို့ဇနီးမောင်နှံက ကိုယ်စီသက်ပြင်းချလျက် မျက်နှာချင်းဆိုင်ကခုံမှာ ထိုင်နေသော လူသားနှစ်ယောက်ကို ကြည့်လိုက်သည်။
" ဒယ်ဒီ ၊ မာမီ ''
ခရစ်စတန်လေးရဲ့ချွဲနွဲ့နွဲ့ခေါ်သံလေးမှာ သူတို့မိဘနှစ်ယောက်သားမှာ အရည်ပျော်ရစမြဲ။
" တောင်းပန်ပါတယ် ၊ သားက သူကလွဲရင် ဘယ်သူ့ကိုမှ မချစ်နိုင်တော့လို့ပါ ''
" ခရစ်စတန် ၊ မင်း သူ့ကို အဲ့ဒီလောက်တောင် ချစ်သလား''
" ဟုတ် ''
" ကောင်းပြီ ၊ မင်္ဂလာပွဲအတွက် တိုင်ပင်ကြတာပေါ့ ဂျိုလိုဒေးဗစ် ''
ခရစ်စတန်က မျက်နှာလေးမြူးထူးသွားသလို ဂျိုလိုကလည်း ဝမ်းသာအားရ ဖြစ်သွားလေသည်။
ဒီလူသားက သူ့ရဲ့ တရားဝင်အပိုင်လေးဖြစ်လာတော့မယ်တဲ့။
" သခင်ကြီး မာလီကာဆေးရုံက ဖုန်းဆက်လာပါတယ် ၊ မမလေးဇိုဝီ အက်ဆီးဒန့် ဖြစ်လို့ ဆေးရုံရောက်နေပါတယ် တဲ့ ''
အိမ်ထိန်းကြီးရဲ့ တုန်လှုပ်ခြောက်ခြားစွာပြောဆိုလာသော စကားကြောင့် ဂါဘရီရယ် မိသားစုဝင်သုံးဦးနဲ့သားမက်တို့မှာ ချက်ချင်းထရပ်လိုက်မိကြသည်။
မာလီကာ ဆေးရုံဆီသို့ လေးယောက်သားအတူထွက်လာခဲ့ကြသည်။
" ဂျိုလို.. ကျွန်တော့်အစ်မ ဘာမှ မဖြစ်လောက်ပါဘူးနော် ၊ မနက်ကတောင် သူမအလုပ်သွားခါနီးမှာ ဖုန်းဆက်ပြီး စကားတွေပြောနေကြသေးတာလေ ''
" အသည်း..စိတ်အေးအေးထားပါ ၊ သူဘာမှဖြစ်မှာမဟုတ်ဘူးနော် ၊ အသည်း စိတ်အေးအေးထားပါ ''
......
ထို့နေ့တွင် ဇိုဝီဂါဘရီရယ်လ်က သူမရဲ့မိသားစုကိုလည်း ပစ်ထားခဲ့ပြီး သူမကိုသဘောကျနေတဲ့ မိန်းကလေးကိုလည်း ပစ်ထားခဲ့သည်။
ဂျက်စီကာက ဇိုဝီရဲ့ ဓာတ်ပုံလေးကို ငေးကြည့်ပြီး ကလေးတစ်ယောက်လို ငိုကျွေးကာ ဘေးနားရှိ စတိဗ်ကိုလည်း တဘုန်းဘုန်းနဲ့ထုရိုက်နေသေးသည်။
သူမချစ်ရတဲ့အမျိုးသမီးက ဓာတ်ပုံထဲကလိုချစ်စရာအမျိုးသမီးလေးမဟုတ်ဘဲ စုတ်ပြတ်သတ်သွားသည့် မျက်နှာတစ်ခြမ်းနဲ့ ထွက်သွားရပြီ။
" စတိဗ်.. ငါ သူမကို သိပ်ချစ်တာလေ ၊ သူမအဲ့လိုထွက်သွားလို့မရဘူးလေ ''
" ဂျက်စီကာ စိတ်လျှော့ပါ ၊ မငိုနဲ့လေ မင်းကသန်မာတဲ့မိန်းကလေးပါ ''
" သန်မာတဲ့မိန်းကလေး?..သန်မာတဲ့ မိန်းကလေးက မျက်ရည်မကျတတ်တော့ဘူးလား စတိဗ် ''
" ဒါဆို ဂျက်စီကာ ကြိုက်သလိုငိုပါ ''
...............
ခရစ်စတန်က သူ့အစ်မကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပူဆွေးပင်ပန်းနေသည်မို့ ဂျိုလိုကမနှောင့်ယှက်ဘဲ ငြိမ်ငြိမ်လေးအကဲခတ်နေမိသည်။
ခရစ်စတန်က တစ်ခုခုကို တွေးတောပြီး တွေတွေလေးရှိနေသည်။
တကယ်တော့ ခရစ်စတန်က system kitty နဲ့ စကားပြောနေကြတာ ဖြစ်သည်။
' kitty ငါ့ရင်ထဲမှာ တစ်မျိုးကြီးစို့စို့နင့်နင့်နဲ့အောင့်သက်သက်ကြီး '
'...'
' အရင်ကမ္ဘာတွေမှာ ငါအဲ့လိုမဖြစ်ဖူးဘူး၊ အခုက ငါ့ရင်ထဲမှာ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ် '
' .....'
' side mission မအောင်ဘူး ၊ ဘယ်လိုပြစ်ဒဏ်ပေးမှာလဲ'
' Host အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ဒီကမ္ဘာကနေထွက်ရပါမယ် '
' .....'
' လုပ်ရမယ့် mission ဟာ ပျက်စီးသွားပြီမို့ အခုပဲ ဒီကမ္ဘာကနေ ထွက်ရပါမယ် Host '
' ဂျိုလိုနဲ့က '
' Sorry ! Host ! ကျွန်တော် စိတ်မကောင်းပါဘူး''
ဘယ်လိုကြီးလဲ ၊ ဒီကမ္ဘာက ဒီလိုကြီး အဆုံးသတ်ရမှာလား၊၊
ခရစ်စတန်က မျက်ရည်တွေဝေ့ပြီး ဘေးနားက အရိပ်တကြည့်ကြည့် ကြည့်နေသော ဂျိုလိုဒေးဗစ်ကို ကြည့်လိုက်သည် ။
" ဂျိုလို ''
" ကိုယ်ဘာလုပ်ပေးရမလဲ ၊ အသည်း ''
" ကျွန်တော် ဂျိုလိုကိုချစ်တယ် ၊ ပြီးတော့ ထာဝရ ချစ်နေမှာ၊ တစ်ဘဝပြီးတစ်ဘဝ ကျွန်တော် ချစ်နေမယ့်သူက ခင်ဗျားပဲနော် ''
" ကိုယ်ယုံတယ် အသည်း ၊ ကိုယ်လည်း အသည်းနဲ့ပဲ ဘဝအဆက်ဆက် ချစ်ခင်စုံမက်သွားမှာ ''
" ကျွန်တော် ယုံတယ် ၊ ဂျိုလို ''
" အင်း ''
" ကျွန်တော် ရေသောက်ချင်တယ် ''
" ကိုယ်သွားယူချေမယ်နော် ''
ဂျိုလိုကို ခရစ်စတန်က ခေါင်းညိတ်ပြသည်။
ဂျိုလိုအတွက် ခရစ်စတန်က တအားထူးဆန်းနေသလိုခံစားရသည်။
ဒါပေမယ့် အများကြီး တွေးတောမနေတော့ဘဲ အခန်းထဲက ထွက်ခဲ့လိုက်သည် ။
"Kitty ငါ့ကို ချက်ချင်း အသက်ထွက်စေမယ့်ဆေးရှိရင် ပေးပါကွာ "
" ရှိတယ် Host ၊ ရော့ ရော့ ''
အရမ်းတက်ကြွနေတဲ့ kitty ကိုမျက်စောင်းထိုးပြီး ဆေးအဖြူပြားလေးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ထို့နောက် ကုတင်ပေါ်မှာ လှဲချလိုက်ရင်း ငြိမ်ငြိမ်လေးနေကာ အသက်ထွက်မယ့်အချိန်ကိုစောင့်နေလိုက်သည်။
အသက်ရှုနူန်းတွေက မွန်းကျပ်လာပြီး ရင်ဘတ်ထဲက တင်းကျပ်သော ဝေဒနာကို ခဏတာခံစားလိုက်ရသည်။
" အသည်း ..ခရစ်စတန် ''
ခွမ်းခနဲကျကွဲသွားသောဖန်ခွက်လေးနဲ့အတူ အနားကိုပြေးလာပြီး ခေါ်နေတဲ့ အသံဟာ သူနောက်ဆုံး ကြားလိုက်ရတဲ့ ချစ်ရသူရဲ့ ကြေကွဲ စွာအော်ဟစ်နေတဲ့အသံပဲ။
............
" ပြလို့.. ပြပါဆို ''
" ဘယ်လိုဖြစ်နေတာလဲ Host ''
" ကြည့်ချင်တာကို မင်းကမှ မပြတာ''
ရှောင်းကျန့်က kitty ထံမှ သူ့ချစ်သူ၏ အဆုံးသတ်က ဘယ်လိုလဲဆိုတာ သိရဖို့ ပူဆာနေတာပင်။
Kitty မှာလည်း အရှင်မင်းကြီးက ချမှတ်လိုက်သည့် စည်းကမ်းအရမို့ လုံးဝငြင်းနေရတာပင်။
" kitty ''
" Host ပြန်ဖို့အချိန်ကျပြီ ''
" နေအုန်း ၊ ငါက ဂျိုလိုရဲ့.. ''
" Host ကို Pescually system မှ ပထမကမ္ဘာအမှန်သို့ပြန်လည်ပို့ဆောင့်နေပါပြီ ''
" နေအုံး.. ဟာ..''
စကားဆုံးအောင် မပြောလိုက်နိုင်ဘဲ Space ထဲကနေ ပျောက်ကွယ်သွားတဲ့ Host ကိုကြည့်နေတုန်း.. နောက်နားကျကျမှ အသံတစ်သံကြားလိုက်ရသည်။
" တော်တယ် လီမုရုံ ''
" အရှင်ချီးကျူးနေပါပြီ ''
" ငါကိုယ်တော် သွားပြီးမကြာခင် ဒီ Space ကို ဖျက်စီးပစ်လိုက်တော့ မုရုံ ၊ ပြီးတော့ ရှိန်ရှန်းပြည်တော်ကို ပြန်ပြီး မော့ယွဲ့ဖေးကို အကူအညီပေးလိုက်ပါအုန်း ''
" ဟုတ်ကဲ့ပါ အရှင် ''
" ကိုယ်တော်သွားတော့မယ် ''
" မုရုံက အရှင့်ကို ပို့ဆောင်ပါတယ် ''
ထွက်သွားတဲ့ အရှင်ရဲ့ကျောပြင်က မှုန်ဝါးပျောက်ကွယ်သွားမှ မုရုံသည် ကစားစရာနယ်မြေလေးအား ဖျောက်ဖျက်ပစ်လိုက်တော့သည်။
A.N/ အကြိုက်မတွေ့ရင် တောင်းပန်ပါတယ် ။
ဒီ Arc(13) ကို ဒီလိုအဆုံးသတ်ဖို့ တွေးထားတာမို့ပါ။ Real Life မှာလည်း မင်းတို့ကို ရှိစေချင်ပါတယ် ။ အတူလိုက်ခဲ့ကြပါအုံး။
######
Zawgyi
ခရစ္စတန္နဲ႕ဂ်ိဳလိုေဒးဗစ္ကို မျဖစ္မေန မဂၤလာပြဲ စီစဥ္ရေတာ့မယ့္အေျခအေနေရာက္လာၿပီမို႔ ၿမိဳ႕ေတာ္ဝန္က ေခါင္းေျခာက္ေနရသည္။
သားႏုႏုထြတ္ထြတ္ေလးက အေဖအ႐ြယ္ရွိတဲ့ လူတစ္ေယာက္နဲ႕ လက္ထပ္မတဲ့။
စဥ္းစားၾကည့္ပါ ။
မင္းတို႔စဥ္းစားၾကည့္ေလ ။
" ကြၽန္မတို႔က သားေလးအတြက္ေတြးေပးရမယ္ေလ ၊ ရွင္ဘာမွ စိတ္ပူမေနပါနဲ႕ေတာ့ ''
" အင္း ကိုယ္သိၿပီ ''
မစၥတာဂါဘရီရယ္တို႔ဇနီးေမာင္ႏွံက ကိုယ္စီသက္ျပင္းခ်လ်က္ မ်က္ႏွာခ်င္းဆိုင္ကခုံမွာ ထိုင္ေနေသာ လူသားႏွစ္ေယာက္ကို ၾကည့္လိုက္သည္။
" ဒယ္ဒီ ၊ မာမီ ''
ခရစ္စတန္ေလးရဲ႕ခြၽဲႏြဲ႕ႏြဲ႕ေခၚသံေလးမွာ သူတို႔မိဘႏွစ္ေယာက္သားမွာ အရည္ေပ်ာ္ရစၿမဲ။
" ေတာင္းပန္ပါတယ္ ၊ သားက သူကလြဲရင္ ဘယ္သူ႕ကိုမွ မခ်စ္နိုင္ေတာ့လို႔ပါ ''
" ခရစ္စတန္ ၊ မင္း သူ႕ကို အဲ့ဒီေလာက္ေတာင္ ခ်စ္သလား''
" ဟုတ္ ''
" ေကာင္းၿပီ ၊ မဂၤလာပြဲအတြက္ တိုင္ပင္ၾကတာေပါ့ ဂ်ိဳလိုေဒးဗစ္ ''
ခရစ္စတန္က မ်က္ႏွာေလးျမဴးထူးသြားသလို ဂ်ိဳလိုကလည္း ဝမ္းသာအားရ ျဖစ္သြားေလသည္။
ဒီလူသားက သူ႕ရဲ႕ တရားဝင္အပိုင္ေလးျဖစ္လာေတာ့မယ္တဲ့။
" သခင္ႀကီး မာလီကာေဆး႐ုံက ဖုန္းဆက္လာပါတယ္ ၊ မမေလးဇိုဝီ အက္ဆီးဒန့္ ျဖစ္လို႔ ေဆး႐ုံေရာက္ေနပါတယ္ တဲ့ ''
အိမ္ထိန္းႀကီးရဲ႕ တုန္လႈပ္ေျခာက္ျခားစြာေျပာဆိုလာေသာ စကားေၾကာင့္ ဂါဘရီရယ္ မိသားစုဝင္သုံးဦးနဲ႕သားမက္တို႔မွာ ခ်က္ခ်င္းထရပ္လိုက္မိၾကသည္။
မာလီကာ ေဆး႐ုံဆီသို႔ ေလးေယာက္သားအတူထြက္လာခဲ့ၾကသည္။
" ဂ်ိဳလို.. ကြၽန္ေတာ့္အစ္မ ဘာမွ မျဖစ္ေလာက္ပါဘူးေနာ္ ၊ မနက္ကေတာင္ သူမအလုပ္သြားခါနီးမွာ ဖုန္းဆက္ၿပီး စကားေတြေျပာေနၾကေသးတာေလ ''
" အသည္း..စိတ္ေအးေအးထားပါ ၊ သူဘာမွျဖစ္မွာမဟုတ္ဘူးေနာ္ ၊ အသည္း စိတ္ေအးေအးထားပါ ''
......
ထို႔ေန႕တြင္ ဇိုဝီဂါဘရီရယ္လ္က သူမရဲ႕မိသားစုကိုလည္း ပစ္ထားခဲ့ၿပီး သူမကိုသေဘာက်ေနတဲ့ မိန္းကေလးကိုလည္း ပစ္ထားခဲ့သည္။
ဂ်က္စီကာက ဇိုဝီရဲ႕ ဓာတ္ပုံေလးကို ေငးၾကည့္ၿပီး ကေလးတစ္ေယာက္လို ငိုေကြၽးကာ ေဘးနားရွိ စတိဗ္ကိုလည္း တဘုန္းဘုန္းနဲ႕ထုရိုက္ေနေသးသည္။
သူမခ်စ္ရတဲ့အမ်ိဳးသမီးက ဓာတ္ပုံထဲကလိုခ်စ္စရာအမ်ိဳးသမီးေလးမဟုတ္ဘဲ စုတ္ျပတ္သတ္သြားသည့္ မ်က္ႏွာတစ္ျခမ္းနဲ႕ ထြက္သြားရၿပီ။
" စတိဗ္.. ငါ သူမကို သိပ္ခ်စ္တာေလ ၊ သူမအဲ့လိုထြက္သြားလို႔မရဘူးေလ ''
" ဂ်က္စီကာ စိတ္ေလွ်ာ့ပါ ၊ မငိုနဲ႕ေလ မင္းကသန္မာတဲ့မိန္းကေလးပါ ''
" သန္မာတဲ့မိန္းကေလး?..သန္မာတဲ့ မိန္းကေလးက မ်က္ရည္မက်တတ္ေတာ့ဘူးလား စတိဗ္ ''
" ဒါဆို ဂ်က္စီကာ ႀကိဳက္သလိုငိုပါ ''
...............
ခရစ္စတန္က သူ႕အစ္မကို ဆုံးရႈံးလိုက္ရတဲ့အတြက္ ပူေဆြးပင္ပန္းေနသည္မို႔ ဂ်ိဳလိုကမႏွောင့္ယွက္ဘဲ ၿငိမ္ၿငိမ္ေလးအကဲခတ္ေနမိသည္။
ခရစ္စတန္က တစ္ခုခုကို ေတြးေတာၿပီး ေတြေတြေလးရွိေနသည္။
တကယ္ေတာ့ ခရစ္စတန္က system kitty နဲ႕ စကားေျပာေနၾကတာ ျဖစ္သည္။
' kitty ငါ့ရင္ထဲမွာ တစ္မ်ိဳးႀကီးစို႔စို႔နင့္နင့္နဲ႕ေအာင့္သက္သက္ႀကီး '
'...'
' အရင္ကမၻာေတြမွာ ငါအဲ့လိုမျဖစ္ဖူးဘူး၊ အခုက ငါ့ရင္ထဲမွာ တစ္ခုခုကို ဆုံးရႈံးလိုက္ရသလို ခံစားရတယ္ '
' .....'
' side mission မေအာင္ဘူး ၊ ဘယ္လိုျပစ္ဒဏ္ေပးမွာလဲ'
' Host အေနနဲ႕ ကိုယ့္ကိုယ္ကို အဆုံးစီရင္ၿပီး ဒီကမၻာကေနထြက္ရပါမယ္ '
' .....'
' လုပ္ရမယ့္ mission ဟာ ပ်က္စီးသြားၿပီမို႔ အခုပဲ ဒီကမၻာကေန ထြက္ရပါမယ္ Host '
' ဂ်ိဳလိုနဲ႕က '
' Sorry ! Host ! ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး''
ဘယ္လိုႀကီးလဲ ၊ ဒီကမၻာက ဒီလိုႀကီး အဆုံးသတ္ရမွာလား၊၊
ခရစ္စတန္က မ်က္ရည္ေတြေဝ့ၿပီး ေဘးနားက အရိပ္တၾကည့္ၾကည့္ ၾကည့္ေနေသာ ဂ်ိဳလိုေဒးဗစ္ကို ၾကည့္လိုက္သည္ ။
" ဂ်ိဳလို ''
" ကိုယ္ဘာလုပ္ေပးရမလဲ ၊ အသည္း ''
" ကြၽန္ေတာ္ ဂ်ိဳလိုကိုခ်စ္တယ္ ၊ ၿပီးေတာ့ ထာဝရ ခ်စ္ေနမွာ၊ တစ္ဘဝၿပီးတစ္ဘဝ ကြၽန္ေတာ္ ခ်စ္ေနမယ့္သူက ခင္ဗ်ားပဲေနာ္ ''
" ကိုယ္ယုံတယ္ အသည္း ၊ ကိုယ္လည္း အသည္းနဲ႕ပဲ ဘဝအဆက္ဆက္ ခ်စ္ခင္စုံမက္သြားမွာ ''
" ကြၽန္ေတာ္ ယုံတယ္ ၊ ဂ်ိဳလို ''
" အင္း ''
" ကြၽန္ေတာ္ ေရေသာက္ခ်င္တယ္ ''
" ကိုယ္သြားယူေခ်မယ္ေနာ္ ''
ဂ်ိဳလိုကို ခရစ္စတန္က ေခါင္းညိတ္ျပသည္။
ဂ်ိဳလိုအတြက္ ခရစ္စတန္က တအားထူးဆန္းေနသလိုခံစားရသည္။
ဒါေပမယ့္ အမ်ားႀကီး ေတြးေတာမေနေတာ့ဘဲ အခန္းထဲက ထြက္ခဲ့လိုက္သည္ ။
"Kitty ငါ့ကို ခ်က္ခ်င္း အသက္ထြက္ေစမယ့္ေဆးရွိရင္ ေပးပါကြာ "
" ရွိတယ္ Host ၊ ေရာ့ ေရာ့ ''
အရမ္းတက္ႂကြေနတဲ့ kitty ကိုမ်က္ေစာင္းထိုးၿပီး ေဆးအျဖဴျပားေလးကို ပါးစပ္ထဲ ပစ္ထည့္လိုက္သည္။
ထို႔ေနာက္ ကုတင္ေပၚမွာ လွဲခ်လိဳက္ရင္း ၿငိမ္ၿငိမ္ေလးေနကာ အသက္ထြက္မယ့္အခ်ိန္ကိုေစာင့္ေနလိုက္သည္။
အသက္ရႈႏူန္းေတြက မြန္းက်ပ္လာၿပီး ရင္ဘတ္ထဲက တင္းက်ပ္ေသာ ေဝဒနာကို ခဏတာခံစားလိုက္ရသည္။
" အသည္း ..ခရစ္စတန္ ''
ခြမ္းခနဲက်ကြဲသြားေသာဖန္ခြက္ေလးနဲ႕အတူ အနားကိုေျပးလာၿပီး ေခၚေနတဲ့ အသံဟာ သူေနာက္ဆုံး ၾကားလိုက္ရတဲ့ ခ်စ္ရသူရဲ႕ ေၾကကြဲ စြာေအာ္ဟစ္ေနတဲ့အသံပဲ။
............
" ျပလို႔.. ျပပါဆို ''
" ဘယ္လိုျဖစ္ေနတာလဲ Host ''
" ၾကည့္ခ်င္တာကို မင္းကမွ မျပတာ''
ေရွာင္းက်န့္က kitty ထံမွ သူ႕ခ်စ္သူ၏ အဆုံးသတ္က ဘယ္လိုလဲဆိုတာ သိရဖို႔ ပူဆာေနတာပင္။
Kitty မွာလည္း အရွင္မင္းႀကီးက ခ်မွတ္လိုက္သည့္ စည္းကမ္းအရမို႔ လုံးဝျငင္းေနရတာပင္။
" kitty ''
" Host ျပန္ဖို႔အခ်ိန္က်ၿပီ ''
" ေနအုန္း ၊ ငါက ဂ်ိဳလိုရဲ႕.. ''
" Host ကို Pescually system မွ ပထမကမၻာအမွန္သို႔ျပန္လည္ပို႔ေဆာင့္ေနပါၿပီ ''
" ေနအုံး.. ဟာ..''
စကားဆုံးေအာင္ မေျပာလိုက္နိုင္ဘဲ Space ထဲကေန ေပ်ာက္ကြယ္သြားတဲ့ Host ကိုၾကည့္ေနတုန္း.. ေနာက္နားက်က်မွ အသံတစ္သံၾကားလိုက္ရသည္။
" ေတာ္တယ္ လီမု႐ုံ ''
" အရွင္ခ်ီးက်ဴးေနပါၿပီ ''
" ငါကိုယ္ေတာ္ သြားၿပီးမၾကာခင္ ဒီ Space ကို ဖ်က္စီးပစ္လိုက္ေတာ့ မု႐ုံ ၊ ၿပီးေတာ့ ရွိန္ရွန္းျပည္ေတာ္ကို ျပန္ၿပီး ေမာ့ယြဲ႕ေဖးကို အကူအညီေပးလိုက္ပါအုန္း ''
" ဟုတ္ကဲ့ပါ အရွင္ ''
" ကိုယ္ေတာ္သြားေတာ့မယ္ ''
" မု႐ုံက အရွင့္ကို ပို႔ေဆာင္ပါတယ္ ''
ထြက္သြားတဲ့ အရွင္ရဲ႕ေက်ာျပင္က မႈန္ဝါးေပ်ာက္ကြယ္သြားမွ မု႐ုံသည္ ကစားစရာနယ္ေျမေလးအား ေဖ်ာက္ဖ်က္ပစ္လိုက္ေတာ့သည္။
A.N/ အႀကိဳက္မေတြ႕ရင္ ေတာင္းပန္ပါတယ္ ။
ဒီ Arc(13) ကို ဒီလိုအဆုံးသတ္ဖို႔ ေတြးထားတာမို႔ပါ။ Real Life မွာလည္း မင္းတို႔ကို ရွိေစခ်င္ပါတယ္ ။ အတူလိုက္ခဲ့ၾကပါအုံး။
######