စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Com...

By Saung_Kyaoe

112K 8.5K 1K

Yizhan More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-5
Chapter-6
Chapter-7
Chapter-(8.1)
Chapter(8.2)
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter 13
Chapter 14
Chapter -15
Chapter 16
Chapter-17
Chapter -18
Chapter 19
Chapter-20
Chapter-21
Chapter 22
Chapter 23
Chapter -24
Chapter 25
Chapter 26
Chapter-27
Chapter 28
Chapter 29
Chapter -30
Chapter 31
Final
​စျေးဗန်း!!!

Chapter-4

4.3K 378 41
By Saung_Kyaoe

"မ​တွေ့တာကြာပြီ​နော် လူကြီး.."

".........."

ဝမ်ရိ​ပေါ်က​တော့ သူ့ရင်ခွင်နဲ့ထိလုမတတ်ကပ်လာရင်း ​မော့ကြည့်ကာနှုတ်ဆတ်လာတဲ့​ရှောင်းမင်းသား​လေး​ကြောင့် ဆွံ့အသွားရ​​လေသည်။

အတန်ကြာမှသူသတိဝင်လာပြီးပြန်နှုတ်ဆတ်လိုက်သည်။

"​ရှောင်းမင်းသားနဲ့မ​တွေ့တာကြာပြီ..​နေ ​နေ​ကောင်းရဲ့လား."

"ဟုတ်.လူကြီး​ရော?"

"ကိုယ်လဲ​ကောင်းပါတယ်..."

"ဟုတ်.."

​ရှောင်းမင်းသားကဘာမှထပ်မ​ပြောပဲသူ့ကိုသာစူးစူးစိုက်စိုက်ကြည့်ရင်း မျက်လွှာချလို့တစ်ချက်ပြုံးသည်။ရိ​ပေါ်က​တော့ထိအပြုံးကိုမြင်ပြီး ရင်ထဲဘုရားပွဲလှည့်​နေ​ချေပြီ။

"ခမည်း​တော်​စောင့်​နေ​တော့မယ်ထင်တယ်."

"အာ အင်း ဟုတ်တာ​ပေါ့...သွားကြရ​အောင်​လေ."

​ပြော​ပြောဆိုဆိုမြင်းဖြူဆီသွားဖို့​​​ခြေလှမ်းပြင်တဲ့ရိ​ပေါ်ကို​ရှောင်းမင်းသား​လေးက အင်္ကျီလက်စကိုဆွဲထားခဲ့သည်။

"ဘာဖြစ့်လို့လဲ.??"

"​ရှောင်းကျန့် ဝေါယဥ်ကို ထပ်မစီးချင်​တော့ဘူး."

ကျယ်ဝန်းလှတဲ့ရင်အုပ်ကြားထဲ​ရောက်ချင်တဲ့ဆန္ဒ​လေးတစ်​ခုနဲ့​ရှောင်းကျန့် ပရိယာယ်​သေး​သေး​လေးသုံးလိုက်မိသည်။ပြီး​တော့သူ့ဘာသာမလုံလဲစွာပါးပြင်နုနုမှာပန်း​သွေး​ရောင်​လေး​ပြေးလာပြန်သည်။

​"အာ..."

ဝမ်ရိ​ပေါ်ကအကြံအိုက်သွားရင်း သူ့မြင်းကိုလှမ်းကြည့်သည်။​
ရှောင်းမင်းသားက သူ့ကို​ဝေါယဥ်စီးပြီး မြင်းငှား​စေချင်​နေတာထင်ပါရဲ့။ခက်တာကသူ​ဝေါယဥ်မစီးချင်ဘူး။​ရှောင်းမင်းသား​လေးကမျက်နှာငယ်​လေးနဲ့​ပြော​နေ​တော့ သူမလိုက်​​လျောပဲလဲမ​နေချင် ။ရပါတယ် အခုမှခရီး​ဝေးကပြန်လာတဲ့က​လေးကို အလိုလိုက်ကြတာ​ပေါ့။

ဝမ်ရိ​ပေါ်ဟာ​​ခေါင်းငြိမ့်ပြလိုက်သည်။

"ရပါတယ် ​ရှောင်းမင်းသားမြင်းဖြူကြီးစီးချင်လဲစီးပါ ကျွန်​တော်မျိုး ​ဝေါယဥ်ထဲကပဲလိုက်လိုက်ပါ့မယ်.."

"........."

​ရှောင်းကျန့်​လေးကခဏတာ​​လောက်စစ်သူကြီးဝမ်​ပြောတာကိုဘာသာပြန်လိုက်ရသည်။
သူဘယ်နားကလွဲသွားရတာလဲ?

​ဝေါယဥ်ထဲလှမ်းဝင်ဖို့ပြင်​နေတဲ့စစ်သူကြီးဝမ်ကိုကပြာကယာလှမ်းဆွဲလိူက်​တော့ သူ့ဘက်ကိုယက်ကန်ယက်ကန်ပါလာသည်။

"ဘာဖြစ်လို့လဲ??.."

"ကျွန်​တော် ကျွန်​တော်..."

မြင်းမစီးတတ်ဘူးလို့​ပြောရ​အောင်လဲ သူငယ်ငယ်ကစစ်သူကြီးဝမ်ဟာ ကိုယ်တိုင်သင်​​ပေးခဲ့​လေသည်။
မြင်းအတူစီးချင်​ပေမဲ့ သူဘယ်လိုတည့်တည့်ကြီး​တော့​ပြောရဲပါ့မလဲ​လေ။လျှာ​လေးနဲ့သပ်ရင်းအကြံအိုက်​နေတုန်း

"​ရှောင်းမင်းသားက​နေမ​ကောင်းဘူးလား?
ဘာဖြစ်​နေတာတုန်း ကိုယ့်ကို​ပြော​လေ.."

"ကျွန်​​တော် ​​ခေါင်းမူး​နေလို့မြင်းဇက်ကြိုးကိုင်နိုင်မယ်မထင်ဘူး ​ဝေါယဥ်ကလဲလှုပ်လွန်းလို့မူးတယ်ရယ်..."

"အာ..."

စစ်သူကြီးဝမ်ဟာ အသံပြုရင်း ​ခေါင်းငြိမ့်ပြလာကာ

"အဲ့တာဆိုကိုယ်ကိုင်​ပေးပါ့မယ်..​ရှောင်းမင်းသားကမြင်း​ပေါ်တက်ထိုင်လိုက် ကိုယ်​အောက်က​နေဆွဲသွား​ပေးမယ်...."

"........."

​ရှောင်းကျန့်ရဲ့မျက်နှာ​လေးဟာကြည်​နေရာက​နေ မိုးအုံ့သွား​လေသည်။
ဒီစစ်သူကြီးဝမ်ဟာ ဘာလို့အဲ့​လောက်အရိပ်သုံးပါးနားမလည်ရတာလဲ??

"အင်း..."

​ရှောင်းမင်းသားဟာစိတ်မပါလက်မပါအင်းလိုက်ရင်း စစ်သူကြီးဝမ်ထိန်း​ပေးထားတဲ့မြင်း​ပေါ်တက်လိုက်သည်။

တပ်မှူးကျန်းချန်ဟာ​ရှောင်းမင်းသားရဲ့ကိုယ်ရံ​တော်နဲ့အတူရပ်ရင်း ဖြစ်သမျှအကုန်ကိုရပ်ကြည့်​​နေကြတာဖြစ်သည်။
​ဘေးလူဖြစ်တဲ့ကျန်းချန်းက​တောင် ​ရှောင်းမင်းသားရဲ့စစ်သူကြီး​ပေါ်ထားတဲ့စိတ်ကိုတစွန်းတစမြင်လာရတာမို့ ထိုမင်းသား​လေးနဲ့သူ့ရဲ့စစ်သူကြီးအဆင်​ပြေဖို့​​လှော်​ပေးဖို့​တွေးလိုက်ကာ စစ်သူကြီးနားကပ်သွားလိုက်သည်။

"အဟမ်..စစ်သူကြီးဝမ်."

"​အေး.."

မြင်းဇာတ်ကြိုးကိုကိုင်ရင်းစစ်သူကြီးဝမ်ကထူးသည်။

ကျန်းချန်ကစစ်သူကြီးဝမ်ကိုမြင်း​ပေါ်တင်​ပေးချင်​ပေမဲ့ တည့်​ပြောရင်လဲ စစ်သူကြီးဝမ်ဟာ​ရှောင်းမင်းသားထပ်ရှက်ပြပြီး ​နေရခက်​နေလိမ့်ဦးမယ်။

"​ရှောင်းမင်းသားက မြင်း​ပေါ်မှာတစ်​ယောက်ထဲအဆင်​ပြေပါ့မလား?.."

စစ်သူကြီးဝမ်ဟာ မြင်း​ပေါ်မှာငြိမ်ငြိမ်​လေးထိုင်​နေတဲ့ ​ရှောင်းမင်းသားကိုတစ်ချက်​မော့ကြည့်သည်။

"အဆင်​ပြေမှာပါ.."

ထိုသို့ပြန်​ဖြေမှာကို​မျှော်လင့်ပြီးသားမို့​ကျန်းချန်ကဆက်​ပြောသည်။

"မင်းသား​လေးကဟိုမှာ မင်တံပဲကိုင်ခဲ့ရတာဆို​တော့လှုပ်​​နေတဲ့မြင်း​ပေါ်အဆင်​ပြေပါ့မလား.?"

"​ပြေပါတယ်ဆိုကွာ.."

"စစ်သူကြီးဝမ်ကစိတ်ချတယ်လား?."

ဒီတစ်ခါ​တော့စစ်သူကြီးဝမ်ဟာသူ့ကိုမျက်​မှောင်ကြုတ်လို့ကြည့်လာသည်၊

"မချစရာဘာရှိလဲကွာ..မြင်းကိုဒုန်းဆိုင်း​ပြေးခိုင်းမှာမှမဟုတ်တာ.."

"ဟမ့် အဲ့တာဆိုနန်း​​တော်​ရောက်ရင်ကြာ​မှာ​ပေါ့"

"အဲ့​လောက်လဲမကြာပါဘူး.."

"ဒါ​ပေမဲ့.."

"ကျိုးချန်!."

စစ်သူကြီးဝမ်ရဲ့​လေသံကမာလာသည်။
ကျန်းချန်ကိုကြည့်တဲ့မျက်လုံး​တွေကစိတ်မရှည်​တော့သည့်ဟန်။

"မင်း ဘာဖြစ်ချင်​နေတာလဲ..?"

"ကျွန်​တော်​ရှောင်းမင်းသားကိုစိတ်မချလို့. "

"အဲ့​တော့.?မင်းကဘာလို့စိတ်မချရတာလဲ..??"

"ကျွန်​တော်..ကျွန်​တော်..."

အ​ခြေအ​နေကအနည်းငယ်​ပြောင်းလဲသလိုစိတ်ခဲစားလိူက်ရ​တော့ ​ကျန်းချန်​ကျောချမ်းမိသွားသည်။

"​ပြော​လေ..."

"ကျွန်​တော်​ရှောင်းမင်းသားကိုမြင်း​ပေါ်ကပြုတ်ကျမှာဆိုးလို့.."

"........"

ဘာမှမ​ပြော​တော့ပဲစူးကြည့်လာတဲ့စစ်သူကြီးဝမ်ဟာ မြင်း​ပေါ်မှာရှုတည်တည်​လေးထိုင်​နေတဲ့​ရှောင်းမင်းသား​လေးကိုတစ်​ချက်​စောင်းကြည့်သည်။ပြီး​တော့ကျန်းချန်ကိုပြန်ကြည့်ကာ

"မင်းစိတ်ပူစရာမလိုပါဘူး ​ရှောင်းမင်းသားကိုငါ​စောင့်​ရှောက်​နိုင်တယ်.."

​ပြောပြီးမြင်း​ပေါ်ကိုလွှားခနဲတက်ကာ ​ရှောင်းမင်းသားကိုယ်​လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့စစ်သူကြီးဝမ်ဟာ သူ့ကိုတစ်ခြမ်း​စောင်းကြီးပြုံးပြသည်။
မင်းစိတ်​တောင်မကူးနဲ့ဆိုတဲ့အပြူံးမျိုး။
ကျန်း​ချန်က​တော့ သူဖြစ်​စေချင်သလိူဖြစ်သွားလို့အနည်းငယ်ပြုံးလိုက်မိသည်။

သူ့ရဲ့တပ်မှူးနဲ့တကြိတ်ကြိတ်ဖြစ်​နေတဲ့စစ်သူကြီးဝမ်ကိုလျစ်လျူရှူထားရင်းမြင်း​ပေါ်ထိုင်​နေတဲ့​ရှောင်းကျန့်ကိုယ်​လေးဟာ ရုတ်တရက်​နွေး​ထွေးတဲ့ရင်ခွင်ကြီး​ထဲ​ရောက်သွား​လေသည်။

အလန့်တကြား​​နောက်လှည့်ကြည့်မိ​တော့ တစ်
ခြမ်း​စောင်းပြုံးလိုက်တဲ့စစ်သူကြီးဝမ်ရဲ့အပြုံးကိုမြင်လိုက်ရတာ​ကြောင့်​ရှောင်းကျန့်ကြက်​သေ​သေသွားရသည်။

စစ်သူကြီးရဲ့နှာဖျား​လေးက သူ့ဆံနွယ်​လေး​တွေနဲ့မထိတလုတ်ထိခလုတ်အ​ခြေအ​နေမှာစစ်သူကြီးဝမ်ရဲ့အသက်ရှူ​သံ​တွေပါကြား​နေရ​အောင်နီးကပ်​နေရတာ​ကြောင့် ​ရှောင်းကျန့်ပါးပြင်​လေး​တွေပိုရဲတက်လာသည်။

ရင်​တွေခုန်လိုက်တာ လူကြီးရယ်...

မြင်းစထွက်​တော့​ဇက်ကြိုးဆွဲရတဲ့စစ်သူကြီးဝမ်ရဲ့လက်ဟာ သူ့​ရှေ့​ရောက်​နေတာ​ကြောင့်​ရင်ခွင်ထဲ​ရောက်​နေတဲ့​ရှောင်းကျန့်ကသူ့အကြံ​လေးအဖြစ်​မြှောက်လို့ပြုံးမိရသည်။
တစ်လက်စထဲ သူ့ရဲ့​ကျော​လေးကို ​တောင့်တင်းတဲ့ရင်အုပ်​ပေါ် မှီချမိ​တော့ စစ်သူကြီးဝမ်ရဲ့ ရင်ဘက်ကြီး​တွေ​တောင့်သွားတာသတိထားမိလိုက်သည်။

ရုပ်တည်ကြီး​နေပြီး ​ရှေ့ကိုသာကြည့်​နေတဲ့စစ်သူကြီးဝမ်ဟာ ​​ရင်ခွင်ထဲက​မော့ကြည့်​​နေတဲ့ရှောင်းကျန့်ကိုတစ်ချက်မှငုံမကြည့်လာတာ​ကြောင့်​​ရှောင်းကျန့်ရဲ့နှာဖျား​လေးဟာ ပိုရဲတင်းသွားသည်။
စန္ဒကူးနံ့သင်းသင်း​လေးကိုရတဲ့တစ်ခဏမှာ ​ရှောင်းကျန့်ရဲ့လူကြီး​ပေါ် ၄နှစ်တာလွမ်း​ဆွတ်မှု​တွေအ​မော​ပြေသလိုဖြစ်သွားရသည်။

"ချိုင့်ရှိတယ်သတိထား."

​ပြောပြီး​ဆောင့်ခုန်သွားတဲ့​မြင်း​ကြောင့်​ရှောင်းကျန့်ကိုယ်​လေးယိမ်းယိုင်သွား​တော့သူ့ခါး​လေးကိုဆွဲထိန်းလိုက်တဲ့စစ်သူကြီးဝမ်​ကြောင့် ​
ရှောင်းကျန့်ဟာ စစ်သူကြီးဝမ်ရင်ခွင်ထဲ လုံးလုံးလျားလျားရောက်သွားသလို ကိုယ်ဟန်ပျက်လို့ ​ခေါင်း​အောက်ငုံလာတဲ့စစ်သူကြီးဝမ်ရဲ့ နှာဖျား​လေးက​ရှောင်းကျန့်နှာဖျား​​လေးနဲ့ပွတ်သပ်မိသွားသည်။

ရင်​တွေ​ဆောင့်ခုန်သွားရတဲ့​ရှောင်းကျန့်ဟာ သူနဲ့နီးကပ်​နေတဲ့စစ်သူကြီးဝမ်ရဲ့မျက်ဝန်းစူးစူး​တွေကို​ငေးကြည့်​​နေမိသည်။

စစ်သူကြီးဝမ်ဟာလည်း ကြာပန်းနံ့သင်း​နေတဲ့ကိုယ်လုံး​လေးကသူ့ရင်ခွင်ထဲ​ရောက်​နေပြီး နှာဖျားချင်း​ထိ​အောင်နီးကပ်​နေတဲ့အ​ခြေအ​နေမှာ
လှပတဲ့မျက်ဝန်းနက်​လေး​​တွေထဲ လမ်း​ပျောက်သလိုဖြစ်သွားရသည်။
ဝဲဘက်ရင်က​ဆောင့်ခုန်လာတာ​ကိုသတိထားမိ​တော့ မျက်ဝန်းနက်​လေး​တွေကထဲကသူရုန်းထွက်လိုက်ရသည်။

မျက်လုံးအကြည့်လွှဲလိုက်တဲ့စစ်သူကြီးဝမ်ရဲ့​ဘေးတစ်​စောင်းမျက်နှာကို​ရှောင်းကျန့်​​ငေးကြည့်​နေရင်း သူ့​ခါး​​ပေါ်ကပြန်ဖြုတ်ချဖို့ပြင်​နေတဲ့စစ်သူကြီးဝမ်ရဲ့လက်​ကိုအုပ်ကိုင်လိုက်သည်။
သူ့လက်ရဲ့အထိအ​တွေ့​ကြောင့်စစ်သူကြီးဝမ်ဟာငုံကြည့်လာသည်။

"​ရှောင်းကျန့်​​ကြောက်လို့ လူကြီးကကိုင်ထား​ပေးပါဦး..."

".........."

ဘာမှမ​ပြောပဲ ​ခါးကိုသိုင်းဖက်​ပေးလာတဲ့လက်ဖဝါးတစ်ဖက်​ကြောင့်​ရှောင်းကျန့်ရှက်ပြုံး​လေး​ခေါင်းငုံ့ပြုံးလိုက်မိသည်။
သူ​တော့ ကြိုက်မရှက် ငိုက်​မရှက်​ဖြစ်​နေပြီထင်ရဲ့။

​နန်း​တော်ကြီးဆီသွားရာလမ်းမှာ စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲကမင်းသား​လေးကရှက်ပြုံး​တွေ​ဝေဆာ​နေသလို နားရွက်ဖျား​တွေရဲ​နေတဲ့စစ်သူကြီးတစ်ပါးလဲရှိသည်။

သူတို့ရဲ့​နောက်မှာ​တော့ မြင်းဖြူ​ပေါ်က​နေ ချစ်ခင်ပြ​နေတဲ့စစ်သူကြီးကို အမြင်ကတ်​နေတဲ့
တပ်မှုးကျန်းချန်နဲ့​​ရှောင်းမင်းသားရဲ့ကိုယ်ရံ​တော်တပ်​တွေရှိပါသည်။

_____________________________________________

၄နှစ်တာပညာသွားသင်တဲ့သား​တော်​လေးကို နန်းရင်းပြင်မှာထွက်ကြို​နေတဲ့​ရှောင်းအရှင်ဟာ နန်း​တော်ထဲကို စစ်သူကြီးဝမ်ရဲ့မြင်းဝင်လာကထဲက​သွေးတက်​တော့​တာပါပဲ။

ဒါ ..ဒါ..ဘယ်လို​တွေဖြစ်လာကြတာလဲ!
အ​မ​လေး..ငါ့သား​တော်​လေး​တော့ကုန်ပါပြီ!!

နန်းရင်းပြင်မှာမြင်းကိုအရှိန်သတ်ရင်းစစ်သူကြီးကအရင်ဆင်းသည်။ပြီးမှသူ့​သား​တော်​လေးကို​ပွေ့ချ​ပေးလာသည်။

"ခမည်း​တော်..."

"အသည်းသက်​လေး..လာပါဦးခမည်း​တော်ဆီ"

လက်​တွေဖွင့်လို့ကြိုဆို​တဲ့သူခမည်း​တော်​ကြောင့်​ရှောင်းကျန့် ခမည်း​တော်ရဲ့ရင်ခွင်ထဲပစ်ဝင်လိုက်သည်။
​ပွေ့ဖက်လာတဲ့ခမည်း​တော်ရဲ့လက််​တွေကတင်းတင်းကြပ်ကြပ်​ပွေ့ဖက်လို့။

"ကိုယ်​တော့သား​တော်​လေး ပိန်သွားလိုက်တာကွာ...က​လေးကပွဲ​တော်​ကောင်း​ကောင်းမတည်ရဘူးလား.?.ဘာလို့အဲ့​လောက်ပိန်​နေရတာလဲ.."

"​ရှောင်းကျန့်ကပိန်​ပေမဲ့ အားရှိပါတယ်ခမည်း​​တော်ရဲ့ ခဏခဏမဖျား​တော့ဘူး.."

"ဟုတ်ရဲ့လား..ခမည်း​တော်​တော့ဖက်လို့ကိုမဝဘူး..စားချင်တာရှိရင် စားဖို​ဆောင်ကို​ပြောထား​နော်.  အစားများများစား.."

"ဟုတ်ကဲ့ပါ.."

"ကြည့်ပါဦး ဆံပင်​​တွေလဲရှည်လာလိုက်တာ.."

​ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးကို စစ်​ဆေး​နေတဲ့ခမည်း​တော်က ဟိုးအရင်နှစ်​တွေတုန်းကလို​ရှောင်းကျန့်ကိုသဲသဲလှုတ်ချစ်ခင်​နေတုန်းပင်။

​ရှောင်းကျန့်က​မွေးပြီးပြီးချင်းမယ်​တော်ဆုံးသွားတဲ့မင်းသား​လေးဖြစ်ခဲ့သည်။
ဘုရင်​တွေထုံးစံအတိုင်း အားတဲ့အချိန်သာ
က​လေးကိုလာကြည့်ပြီး ချစ်​ပေးကာ နိ့ထိန်း​တွေနဲ့သာထားတာဖြစ်သည်။

ငယ်ငယ်ထဲက​ရှောင်းကျန့်ကခမည်း​တော်ကိုကပ်တယ်လို့ပြောရမယ်။နို့ထိန်း​တွေထိမ်းမနိုင်တဲ့အချိန် အ​ရှင်​ရောက်လာရင် အငိုတိတ်ပြီးအရှင့်လက်​ပေါ်အိပ်တတ်သည်တဲ့။
သူ့ကိုတွယ်တာမှန်းသိပုံရတဲ့ခမည်း​တော်ဟာလဲ အားတဲ့အချိန်တိုင်း​ရှောင်းကျန့်ကိုလာကြည့်တတ်သည်။

ဒီလိုနဲ့​ရှောင်းကျန့်​လေး မတ်တပ်သွားတတ်တဲ့အရွယ်မှာ ​ခမည်း​တော်​နောက်ပဲလိုက်​နေတတ်သည်။လမ်းလဲ​လျှောက်တတ်​နေ​တော့တားမရတဲ့အပျို​တော်​တွေဟာ အရှင့်ညီလာခံကျင်းပ​နေတဲ့အချိန်ဆို အတင်းချုပ်ထားတတ်လို့အသံပြာ​အောင်ပင်ငိုခဲ့ဖူးတယ်ဆိုပဲ.။

ညီလာခံပြီးလို့အရှင်ပြန်လာတဲ့အချိန်​ဆို​ရင်​တော့​ချော့မရတဲ့​ရှောင်းကျန့်​လေးကချက်ချင်းအငိုတိတ်သွားပြီး မျက်ရည်​​တွေနဲ့တခစ်ခစ်​ရယ်ပြတတ်သည်။

ကြာ​တော့အရှင်ကလဲသူမရှိရင် ငို​နေတတ်တာကိုစိတ်မ​ကောင်းလို့ထင်ပါရဲ့​ရှောင်းကျန့်ကိုညီလာခံကို​ခေါ်သွားခဲ့သည်။
အရှင့်​ပေါင်ပါ်ထိုင်ရင်း ငြိမ်ငြိမ်​လေး​နေခဲ့တဲ့​ရှောင်းကျန့်​လေးကို အရှင်ကသ​ဘောကျကာ​နေ့တိုင်းညီလာခံကို​ခေါ်သွားသည်။

​ရှောင်းကျန့်ရဲ့ဖခမည်း​တော်ကိုချစ်ခင်မှုကထိုမျှပင်မက​သေး။
​တစ်​နေ့လုံး​တွေ့ရပြီး အိပ်ချိန်​တွေဆိုသူ့နန်း​​ဆောင်ကိုသာပြန်ခိုင်းတဲ့ခမည်း​တော်ကို​ရှောင်းကျန့်ကသ​ဘောမကျခဲ့ပါ။

ညဘက်ကြီးအရှင့်နန်း​ဆောင်ကို အပျို​တော်​တွေမသိ​အောင်ခိုး​ကြောင်ခိုးဝှက်လာရင်း တူတူအိပ်ချင်​ကြောင်းငို​ပြောခဲ့တဲ့​ရှောင်းကျန့်​လေးက်ိုအရှင်ကသနားသွားပြီး သူနဲ့တူတူအိပ်ခိုင်းခဲ့သည်။
ထိုက​နေ့စပြီး တစ်​နေကုန်တပူးတွဲတွဲဖြစ်သွားသည့်​ရှောင်းကျန့်​လေးကိုအရှင်ကလဲ တစ်​နေ့ထက်တစ်​နေ့ပိုချစ်လာပြီး အခု​ချိန်မှာ​တော့ အ​​တော့်ကိုသဲသဲလှုတ်​နေခဲ့ပြီ။

"​​ရှောင်းကျန့်​လေးကို ခမည်း​တော်ကစစ်သူကြီးဝမ်နဲ့​နေရာချ​ပေးဖို့စီစဥ်ထားတယ်.."

အရှင်ကထိုသို့​ပြောလာ​တော့​ရှောင်းမင်းသား​နောက်ပါးနားမှာရပ်​နေတဲ့စစ်သူကြီးဝမ်ဟာမျက်နှာဘယ်ထားရမှန်းမသိ​အောင်ရှက်သွားမိသည်။
တစ်လက်စထဲ​ရှောင်းမင်းသား​လေးကသ​ဘောတူလားမတူလားလဲသူကသိချင်စွာနားစွင့်ထား​​နေမိသည်။

"ကျွန်​တော်လက်ခံပါတယ် ခမည်း​တော်..ပြီး​တော့​ကျေးဇူးလဲတင်ပါတယ်.."

သူ​တောင်းဆိုတဲ့အတိုင်းဖြစ်​​အောင်လုပ်​ပေးခဲ့တဲ့ ​ခမည်း​တော်ကို​ရှောင်းကျန့်​ကျေးဇူးတင်စကား​ပြော​တော့ "​ကောင်း​ကောင်းမွန်မွန်​နေရင်ရပြီ" ဆိုတဲ့စကားသာပြန်​ပြောခဲ့သည်။

သူဖြစ်​စေချင်တဲ့အတိုင်းကံကြမ္မာကအကုန်လိုက်​လျောခဲ့သည်လား..ကံကြမ္မာ​စေရာအတိုင်းကိုသူကသ​​ဘောကျ​နေသည်လားမဆိုတတ်​တော့​ချေ။

နားရွက်​လေး​တွေနီပြီးရပ်​နေတဲ့စစ်သူကြီးဝမ်ကိုမြင်​တော့ ​ရှောင်းကျန့် ပြုံးမိသွားရသည်။
သူ့လူကြီးကသိပ်ကိုပိုင်ဆိုင်ချင်စရာ​ကောင်းတာပဲ...

______________________________________________









Zawji

"မ​ေတြ႕တာၾကာၿပီ​ေနာ္ လူႀကီး.."

".........."

ဝမ္ရိ​ေပၚက​ေတာ့ သူ႕ရင္ခြင္နဲ႕ထိလုမတတ္ကပ္လာရင္း ​ေမာ့ၾကည့္ကာႏႈတ္ဆတ္လာတဲ့​ေရွာင္းမင္းသား​ေလး​ေၾကာင့္ ဆြံ႕အသြားရ​​ေလသည္။

အတန္ၾကာမွသူသတိဝင္လာၿပီးျပန္ႏႈတ္ဆတ္လိုက္သည္။

"​ေရွာင္းမင္းသားနဲ႕မ​ေတြ႕တာၾကာၿပီ..​ေန ​ေန​ေကာင္းရဲ႕လား."

"ဟုတ္.လူႀကီး​ေရာ?"

"ကိုယ္လဲ​ေကာင္းပါတယ္..."

"ဟုတ္.."

​ေရွာင္းမင္းသားကဘာမွထပ္မ​ေျပာပဲသူ႕ကိုသာစူးစူးစိုက္စိုက္ၾကည့္ရင္း မ်က္လႊာခ်လိဳ႕တစ္ခ်က္ၿပဳံးသည္။ရိ​ေပၚက​ေတာ့ထိအၿပဳံးကိုျမင္ၿပီး ရင္ထဲဘုရားပြဲလွည့္​ေန​ေခ်ၿပီ။

"ခမည္း​ေတာ္​ေစာင့္​ေန​ေတာ့မယ္ထင္တယ္."

"အာ အင္း ဟုတ္တာ​ေပါ့...သြားၾကရ​ေအာင္​ေလ."

​ေျပာ​ေျပာဆိုဆိုျမင္းျဖဴဆီသြားဖို႔​​​ေျခလွမ္းျပင္တဲ့ရိ​ေပၚကို​ေရွာင္းမင္းသား​ေလးက အကၤ်ီလက္စကိုဆြဲထားခဲ့သည္။

"ဘာျဖစ့္လို႔လဲ.??"

"​ေရွာင္းက်န့္ ေဝါယဥ္ကို ထပ္မစီးခ်င္​ေတာ့ဘူး."

က်ယ္ဝန္းလွတဲ့ရင္အုပ္ၾကားထဲ​ေရာက္ခ်င္တဲ့ဆႏၵ​ေလးတစ္​ခုနဲ႕​ေရွာင္းက်န့္ ပရိယာယ္​ေသး​ေသး​ေလးသုံးလိုက္မိသည္။ၿပီး​ေတာ့သူ႕ဘာသာမလုံလဲစြာပါးျပင္ႏုႏုမွာပန္း​ေသြး​ေရာင္​ေလး​ေျပးလာျပန္သည္။

​"အာ..."

ဝမ္ရိ​ေပၚကအႀကံအိုက္သြားရင္း သူ႕ျမင္းကိုလွမ္းၾကည့္သည္။​
ေရွာင္းမင္းသားက သူ႕ကို​ေဝါယဥ္စီးၿပီး ျမင္းငွား​ေစခ်င္​ေနတာထင္ပါရဲ႕။ခက္တာကသူ​ေဝါယဥ္မစီးခ်င္ဘူး။​ေရွာင္းမင္းသား​ေလးကမ်က္ႏွာငယ္​ေလးနဲ႕​ေျပာ​ေန​ေတာ့ သူမလိုက္​​ေလ်ာပဲလဲမ​ေနခ်င္ ။ရပါတယ္ အခုမွခရီး​ေဝးကျပန္လာတဲ့က​ေလးကို အလိုလိုက္ၾကတာ​ေပါ့။

ဝမ္ရိ​ေပၚဟာ​​ေခါင္းၿငိမ့္ျပလိုက္သည္။

"ရပါတယ္ ​ေရွာင္းမင္းသားျမင္းျဖဴႀကီးစီးခ်င္လဲစီးပါ ကြၽန္​ေတာ္မ်ိဳး ​ေဝါယဥ္ထဲကပဲလိုက္လိုက္ပါ့မယ္.."

"........."

​ေရွာင္းက်န့္​ေလးကခဏတာ​​ေလာက္စစ္သူႀကီးဝမ္​ေျပာတာကိုဘာသာျပန္လိုက္ရသည္။
သူဘယ္နားကလြဲသြားရတာလဲ?

​ေဝါယဥ္ထဲလွမ္းဝင္ဖို႔ျပင္​ေနတဲ့စစ္သူႀကီးဝမ္ကိုကျပာကယာလွမ္းဆြဲလိူက္​ေတာ့ သူ႕ဘက္ကိုယက္ကန္ယက္ကန္ပါလာသည္။

"ဘာျဖစ္လို႔လဲ??.."

"ကြၽန္​ေတာ္ ကြၽန္​ေတာ္..."

ျမင္းမစီးတတ္ဘူးလို႔​ေျပာရ​ေအာင္လဲ သူငယ္ငယ္ကစစ္သူႀကီးဝမ္ဟာ ကိုယ္တိုင္သင္​​ေပးခဲ့​ေလသည္။
ျမင္းအတူစီးခ်င္​ေပမဲ့ သူဘယ္လိုတည့္တည့္ႀကီး​ေတာ့​ေျပာရဲပါ့မလဲ​ေလ။လွ်ာ​ေလးနဲ႕သပ္ရင္းအႀကံအိုက္​ေနတုန္း

"​ေရွာင္းမင္းသားက​ေနမ​ေကာင္းဘူးလား?
ဘာျဖစ္​ေနတာတုန္း ကိုယ့္ကို​ေျပာ​ေလ.."

"ကြၽန္​​ေတာ္ ​​ေခါင္းမူး​ေနလို႔ျမင္းဇက္ႀကိဳးကိုင္နိုင္မယ္မထင္ဘူး ​ေဝါယဥ္ကလဲလႈပ္လြန္းလို႔မူးတယ္ရယ္..."

"အာ..."

စစ္သူႀကီးဝမ္ဟာ အသံျပဳရင္း ​ေခါင္းၿငိမ့္ျပလာကာ

"အဲ့တာဆိုကိုယ္ကိုင္​ေပးပါ့မယ္..​ေရွာင္းမင္းသားကျမင္း​ေပၚတက္ထိုင္လိုက္ ကိုယ္​ေအာက္က​ေနဆြဲသြား​ေပးမယ္...."

"........."

​ေရွာင္းက်န့္ရဲ႕မ်က္ႏွာ​ေလးဟာၾကည္​ေနရာက​ေန မိုးအုံ႕သြား​ေလသည္။
ဒီစစ္သူႀကီးဝမ္ဟာ ဘာလို႔အဲ့​ေလာက္အရိပ္သုံးပါးနားမလည္ရတာလဲ??

"အင္း..."

​ေရွာင္းမင္းသားဟာစိတ္မပါလက္မပါအင္းလိုက္ရင္း စစ္သူႀကီးဝမ္ထိန္း​ေပးထားတဲ့ျမင္း​ေပၚတက္လိုက္သည္။

တပ္မႉးက်န္းခ်န္ဟာ​ေရွာင္းမင္းသားရဲ႕ကိုယ္ရံ​ေတာ္နဲ႕အတူရပ္ရင္း ျဖစ္သမွ်အကုန္ကိုရပ္ၾကည့္​​ေနၾကတာျဖစ္သည္။
​ေဘးလူျဖစ္တဲ့က်န္းခ်န္းက​ေတာင္ ​ေရွာင္းမင္းသားရဲ႕စစ္သူႀကီး​ေပၚထားတဲ့စိတ္ကိုတစြန္းတစျမင္လာရတာမို႔ ထိုမင္းသား​ေလးနဲ႕သူ႕ရဲ႕စစ္သူႀကီးအဆင္​ေျပဖို႔​​ေလွာ္​ေပးဖို႔​ေတြးလိုက္ကာ စစ္သူႀကီးနားကပ္သြားလိုက္သည္။

"အဟမ္..စစ္သူႀကီးဝမ္."

"​ေအး.."

ျမင္းဇာတ္ႀကိဳးကိုကိုင္ရင္းစစ္သူႀကီးဝမ္ကထူးသည္။

က်န္းခ်န္ကစစ္သူႀကီးဝမ္ကိုျမင္း​ေပၚတင္​ေပးခ်င္​ေပမဲ့ တည့္​ေျပာရင္လဲ စစ္သူႀကီးဝမ္ဟာ​ေရွာင္းမင္းသားထပ္ရွက္ျပၿပီး ​ေနရခက္​ေနလိမ့္ဦးမယ္။

"​ေရွာင္းမင္းသားက ျမင္း​ေပၚမွာတစ္​ေယာက္ထဲအဆင္​ေျပပါ့မလား?.."

စစ္သူႀကီးဝမ္ဟာ ျမင္း​ေပၚမွာၿငိမ္ၿငိမ္​ေလးထိုင္​ေနတဲ့ ​ေရွာင္းမင္းသားကိုတစ္ခ်က္​ေမာ့ၾကည့္သည္။

"အဆင္​ေျပမွာပါ.."

ထိုသို႔ျပန္​ေျဖမွာကို​ေမွ်ာ္လင့္ၿပီးသားမို႔​က်န္းခ်န္ကဆက္​ေျပာသည္။

"မင္းသား​ေလးကဟိုမွာ မင္တံပဲကိုင္ခဲ့ရတာဆို​ေတာ့လႈပ္​​ေနတဲ့ျမင္း​ေပၚအဆင္​ေျပပါ့မလား.?"

"​ေျပပါတယ္ဆိုကြာ.."

"စစ္သူႀကီးဝမ္ကစိတ္ခ်တယ္လား?."

ဒီတစ္ခါ​ေတာ့စစ္သူႀကီးဝမ္ဟာသူ႕ကိုမ်က္​ေမွာင္ၾကဳတ္လို႔ၾကည့္လာသည္၊

"မခ်စရာဘာရွိလဲကြာ..ျမင္းကိုဒုန္းဆိုင္း​ေျပးခိုင္းမွာမွမဟုတ္တာ.."

"ဟမ့္ အဲ့တာဆိုနန္း​​ေတာ္​ေရာက္ရင္ၾကာ​မွာ​ေပါ့"

"အဲ့​ေလာက္လဲမၾကာပါဘူး.."

"ဒါ​ေပမဲ့.."

"က်ိဳးခ်န္!."

စစ္သူႀကီးဝမ္ရဲ႕​ေလသံကမာလာသည္။
က်န္းခ်န္ကိုၾကည့္တဲ့မ်က္လုံး​ေတြကစိတ္မရွည္​ေတာ့သည့္ဟန္။

"မင္း ဘာျဖစ္ခ်င္​ေနတာလဲ..?"

"ကြၽန္​ေတာ္​ေရွာင္းမင္းသားကိုစိတ္မခ်လိဳ႕. "

"အဲ့​ေတာ့.?မင္းကဘာလို႔စိတ္မခ်ရတာလဲ..??"

"ကြၽန္​ေတာ္..ကြၽန္​ေတာ္..."

အ​ေျခအ​ေနကအနည္းငယ္​ေျပာင္းလဲသလိုစိတ္ခဲစားလိူက္ရ​ေတာ့ ​က်န္းခ်န္​ေက်ာခ်မ္းမိသြားသည္။

"​ေျပာ​ေလ..."

"ကြၽန္​ေတာ္​ေရွာင္းမင္းသားကိုျမင္း​ေပၚကျပဳတ္က်မွာဆိုးလို႔.."

"........"

ဘာမွမ​ေျပာ​ေတာ့ပဲစူးၾကည့္လာတဲ့စစ္သူႀကီးဝမ္ဟာ ျမင္း​ေပၚမွာရႈတည္တည္​ေလးထိုင္​ေနတဲ့​ေရွာင္းမင္းသား​ေလးကိုတစ္​ခ်က္​ေစာင္းၾကည့္သည္။ၿပီး​ေတာ့က်န္းခ်န္ကိုျပန္ၾကည့္ကာ

"မင္းစိတ္ပူစရာမလိုပါဘူး ​ေရွာင္းမင္းသားကိုငါ​ေစာင့္​ေရွာက္​နိုင္တယ္.."

​ေျပာၿပီးျမင္း​ေပၚကိုလႊားခနဲတက္ကာ ​ေရွာင္းမင္းသားကိုယ္​ေလးကို သူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္တဲ့စစ္သူႀကီးဝမ္ဟာ သူ႕ကိုတစ္ျခမ္း​ေစာင္းႀကီးၿပဳံးျပသည္။
မင္းစိတ္​ေတာင္မကူးနဲ႕ဆိုတဲ့အၿပဴံးမ်ိဳး။
က်န္း​ခ်န္က​ေတာ့ သူျဖစ္​ေစခ်င္သလိူျဖစ္သြားလို႔အနည္းငယ္ၿပဳံးလိုက္မိသည္။

သူ႕ရဲ႕တပ္မႉးနဲ႕တႀကိတ္ႀကိတ္ျဖစ္​ေနတဲ့စစ္သူႀကီးဝမ္ကိုလ်စ္လ်ဴရႉထားရင္းျမင္း​ေပၚထိုင္​ေနတဲ့​ေရွာင္းက်န့္ကိုယ္​ေလးဟာ ႐ုတ္တရက္​ေႏြး​ေထြးတဲ့ရင္ခြင္ႀကီး​ထဲ​ေရာက္သြား​ေလသည္။

အလန့္တၾကား​​ေနာက္လွည့္ၾကည့္မိ​ေတာ့ တစ္
ျခမ္း​ေစာင္းၿပဳံးလိုက္တဲ့စစ္သူႀကီးဝမ္ရဲ႕အၿပဳံးကိုျမင္လိုက္ရတာ​ေၾကာင့္​ေရွာင္းက်န့္ၾကက္​ေသ​ေသသြားရသည္။

စစ္သူႀကီးရဲ႕ႏွာဖ်ား​ေလးက သူ႕ဆံႏြယ္​ေလး​ေတြနဲ႕မထိတလုတ္ထိခလုတ္အ​ေျခအ​ေနမွာစစ္သူႀကီးဝမ္ရဲ႕အသက္ရႉ​သံ​ေတြပါၾကား​ေနရ​ေအာင္နီးကပ္​ေနရတာ​ေၾကာင့္ ​ေရွာင္းက်န့္ပါးျပင္​ေလး​ေတြပိုရဲတက္လာသည္။

ရင္​ေတြခုန္လိုက္တာ လူႀကီးရယ္...

ျမင္းစထြက္​ေတာ့​ဇက္ႀကိဳးဆြဲရတဲ့စစ္သူႀကီးဝမ္ရဲ႕လက္ဟာ သူ႕​ေရွ႕​ေရာက္​ေနတာ​ေၾကာင့္​ရင္ခြင္ထဲ​ေရာက္​ေနတဲ့​ေရွာင္းက်န့္ကသူ႕အႀကံ​ေလးအျဖစ္​ျမႇောက္လို႔ၿပဳံးမိရသည္။
တစ္လက္စထဲ သူ႕ရဲ႕​ေက်ာ​ေလးကို ​ေတာင့္တင္းတဲ့ရင္အုပ္​ေပၚ မွီခ်မိ​ေတာ့ စစ္သူႀကီးဝမ္ရဲ႕ ရင္ဘက္ႀကီး​ေတြ​ေတာင့္သြားတာသတိထားမိလိုက္သည္။

႐ုပ္တည္ႀကီး​ေနၿပီး ​ေရွ႕ကိုသာၾကည့္​ေနတဲ့စစ္သူႀကီးဝမ္ဟာ ​​ရင္ခြင္ထဲက​ေမာ့ၾကည့္​​ေနတဲ့ေရွာင္းက်န့္ကိုတစ္ခ်က္မွငုံမၾကည့္လာတာ​ေၾကာင့္​​ေရွာင္းက်န့္ရဲ႕ႏွာဖ်ား​ေလးဟာ ပိုရဲတင္းသြားသည္။
စႏၵကူးနံ႕သင္းသင္း​ေလးကိုရတဲ့တစ္ခဏမွာ ​ေရွာင္းက်န့္ရဲ႕လူႀကီး​ေပၚ ၄ႏွစ္တာလြမ္း​ဆြတ္မႈ​ေတြအ​ေမာ​ေျပသလိုျဖစ္သြားရသည္။

"ခ်ိဳင့္ရွိတယ္သတိထား."

​ေျပာၿပီး​ေဆာင့္ခုန္သြားတဲ့​ျမင္း​ေၾကာင့္​ေရွာင္းက်န့္ကိုယ္​ေလးယိမ္းယိုင္သြား​ေတာ့သူ႕ခါး​ေလးကိုဆြဲထိန္းလိုက္တဲ့စစ္သူႀကီးဝမ္​ေၾကာင့္ ​
ေရွာင္းက်န့္ဟာ စစ္သူႀကီးဝမ္ရင္ခြင္ထဲ လုံးလုံးလ်ားလ်ားေရာက္သြားသလို ကိုယ္ဟန္ပ်က္လို႔ ​ေခါင္း​ေအာက္ငုံလာတဲ့စစ္သူႀကီးဝမ္ရဲ႕ ႏွာဖ်ား​ေလးက​ေရွာင္းက်န့္ႏွာဖ်ား​​ေလးနဲ႕ပြတ္သပ္မိသြားသည္။

ရင္​ေတြ​ေဆာင့္ခုန္သြားရတဲ့​ေရွာင္းက်န့္ဟာ သူနဲ႕နီးကပ္​ေနတဲ့စစ္သူႀကီးဝမ္ရဲ႕မ်က္ဝန္းစူးစူး​ေတြကို​ေငးၾကည့္​​ေနမိသည္။

စစ္သူႀကီးဝမ္ဟာလည္း ၾကာပန္းနံ႕သင္း​ေနတဲ့ကိုယ္လုံး​ေလးကသူ႕ရင္ခြင္ထဲ​ေရာက္​ေနၿပီး ႏွာဖ်ားခ်င္း​ထိ​ေအာင္နီးကပ္​ေနတဲ့အ​ေျခအ​ေနမွာ
လွပတဲ့မ်က္ဝန္းနက္​ေလး​​ေတြထဲ လမ္း​ေပ်ာက္သလိုျဖစ္သြားရသည္။
ဝဲဘက္ရင္က​ေဆာင့္ခုန္လာတာ​ကိုသတိထားမိ​ေတာ့ မ်က္ဝန္းနက္​ေလး​ေတြကထဲကသူ႐ုန္းထြက္လိုက္ရသည္။

မ်က္လုံးအၾကည့္လႊဲလိုက္တဲ့စစ္သူႀကီးဝမ္ရဲ႕​ေဘးတစ္​ေစာင္းမ်က္ႏွာကို​ေရွာင္းက်န့္​​ေငးၾကည့္​ေနရင္း သူ႕​ခါး​​ေပၚကျပန္ျဖဳတ္ခ်ဖိဳ႕ျပင္​ေနတဲ့စစ္သူႀကီးဝမ္ရဲ႕လက္​ကိုအုပ္ကိုင္လိုက္သည္။
သူ႕လက္ရဲ႕အထိအ​ေတြ႕​ေၾကာင့္စစ္သူႀကီးဝမ္ဟာငုံၾကည့္လာသည္။

"​ေရွာင္းက်န့္​​ေၾကာက္လို႔ လူႀကီးကကိုင္ထား​ေပးပါဦး..."

".........."

ဘာမွမ​ေျပာပဲ ​ခါးကိုသိုင္းဖက္​ေပးလာတဲ့လက္ဖဝါးတစ္ဖက္​ေၾကာင့္​ေရွာင္းက်န့္ရွက္ၿပဳံး​ေလး​ေခါင္းငုံ႕ၿပဳံးလိုက္မိသည္။
သူ​ေတာ့ ႀကိဳက္မရွက္ ငိုက္​မရွက္​ျဖစ္​ေနၿပီထင္ရဲ႕။

​နန္း​ေတာ္ႀကီးဆီသြားရာလမ္းမွာ စစ္သူႀကီးဝမ္ရဲ႕ရင္ခြင္ထဲကမင္းသား​ေလးကရွက္ၿပဳံး​ေတြ​ေဝဆာ​ေနသလို နား႐ြက္ဖ်ား​ေတြရဲ​ေနတဲ့စစ္သူႀကီးတစ္ပါးလဲရွိသည္။

သူတို႔ရဲ႕​ေနာက္မွာ​ေတာ့ ျမင္းျဖဴ​ေပၚက​ေန ခ်စ္ခင္ျပ​ေနတဲ့စစ္သူႀကီးကို အျမင္ကတ္​ေနတဲ့
တပ္မႈးက်န္းခ်န္နဲ႕​​ေရွာင္းမင္းသားရဲ႕ကိုယ္ရံ​ေတာ္တပ္​ေတြရွိပါသည္။

_____________________________________________

၄ႏွစ္တာပညာသြားသင္တဲ့သား​ေတာ္​ေလးကို နန္းရင္းျပင္မွာထြက္ႀကိဳ​ေနတဲ့​ေရွာင္းအရွင္ဟာ နန္း​ေတာ္ထဲကို စစ္သူႀကီးဝမ္ရဲ႕ျမင္းဝင္လာကထဲက​ေသြးတက္​ေတာ့​တာပါပဲ။

ဒါ ..ဒါ..ဘယ္လို​ေတြျဖစ္လာၾကတာလဲ!
အ​မ​ေလး..ငါ့သား​ေတာ္​ေလး​ေတာ့ကုန္ပါၿပီ!!

နန္းရင္းျပင္မွာျမင္းကိုအရွိန္သတ္ရင္းစစ္သူႀကီးကအရင္ဆင္းသည္။ၿပီးမွသူ႕​သား​ေတာ္​ေလးကို​ေပြ႕ခ်​ေပးလာသည္။

"ခမည္း​ေတာ္..."

"အသည္းသက္​ေလး..လာပါဦးခမည္း​ေတာ္ဆီ"

လက္​ေတြဖြင့္လို႔ႀကိဳဆို​တဲ့သူခမည္း​ေတာ္​ေၾကာင့္​ေရွာင္းက်န့္ ခမည္း​ေတာ္ရဲ႕ရင္ခြင္ထဲပစ္ဝင္လိုက္သည္။
​ေပြ႕ဖက္လာတဲ့ခမည္း​ေတာ္ရဲ႕လက္္​ေတြကတင္းတင္းၾကပ္ၾကပ္​ေပြ႕ဖက္လို႔။

"ကိုယ္​ေတာ့သား​ေတာ္​ေလး ပိန္သြားလိုက္တာကြာ...က​ေလးကပြဲ​ေတာ္​ေကာင္း​ေကာင္းမတည္ရဘူးလား.?.ဘာလို႔အဲ့​ေလာက္ပိန္​ေနရတာလဲ.."

"​ေရွာင္းက်န့္ကပိန္​ေပမဲ့ အားရွိပါတယ္ခမည္း​​ေတာ္ရဲ႕ ခဏခဏမဖ်ား​ေတာ့ဘူး.."

"ဟုတ္ရဲ႕လား..ခမည္း​ေတာ္​ေတာ့ဖက္လို႔ကိုမဝဘူး..စားခ်င္တာရွိရင္ စားဖို​ေဆာင္ကို​ေျပာထား​ေနာ္.  အစားမ်ားမ်ားစား.."

"ဟုတ္ကဲ့ပါ.."

"ၾကည့္ပါဦး ဆံပင္​​ေတြလဲရွည္လာလိုက္တာ.."

​ေရွာင္းက်န့္ရဲ႕တစ္ကိုယ္လုံးကို စစ္​ေဆး​ေနတဲ့ခမည္း​ေတာ္က ဟိုးအရင္ႏွစ္​ေတြတုန္းကလို​ေရွာင္းက်န့္ကိုသဲသဲလႈတ္ခ်စ္ခင္​ေနတုန္းပင္။

​ေရွာင္းက်န့္က​ေမြးၿပီးၿပီးခ်င္းမယ္​ေတာ္ဆုံးသြားတဲ့မင္းသား​ေလးျဖစ္ခဲ့သည္။
ဘုရင္​ေတြထုံးစံအတိုင္း အားတဲ့အခ်ိန္သာ
က​ေလးကိုလာၾကည့္ၿပီး ခ်စ္​ေပးကာ နိ႕ထိန္း​ေတြနဲ႕သာထားတာျဖစ္သည္။

ငယ္ငယ္ထဲက​ေရွာင္းက်န့္ကခမည္း​ေတာ္ကိုကပ္တယ္လို႔ေျပာရမယ္။နို႔ထိန္း​ေတြထိမ္းမနိုင္တဲ့အခ်ိန္ အ​ရွင္​ေရာက္လာရင္ အငိုတိတ္ၿပီးအရွင့္လက္​ေပၚအိပ္တတ္သည္တဲ့။
သူ႕ကိုတြယ္တာမွန္းသိပုံရတဲ့ခမည္း​ေတာ္ဟာလဲ အားတဲ့အခ်ိန္တိုင္း​ေရွာင္းက်န့္ကိုလာၾကည့္တတ္သည္။

ဒီလိုနဲ႕​ေရွာင္းက်န့္​ေလး မတ္တပ္သြားတတ္တဲ့အ႐ြယ္မွာ ​ခမည္း​ေတာ္​ေနာက္ပဲလိုက္​ေနတတ္သည္။လမ္းလဲ​ေလွ်ာက္တတ္​ေန​ေတာ့တားမရတဲ့အပ်ိဳ​ေတာ္​ေတြဟာ အရွင့္ညီလာခံက်င္းပ​ေနတဲ့အခ်ိန္ဆို အတင္းခ်ဳပ္ထားတတ္လို႔အသံျပာ​ေအာင္ပင္ငိုခဲ့ဖူးတယ္ဆိုပဲ.။

ညီလာခံၿပီးလို႔အရွင္ျပန္လာတဲ့အခ်ိန္​ဆို​ရင္​ေတာ့​ေခ်ာ့မရတဲ့​ေရွာင္းက်န့္​ေလးကခ်က္ခ်င္းအငိုတိတ္သြားၿပီး မ်က္ရည္​​ေတြနဲ႕တခစ္ခစ္​ရယ္ျပတတ္သည္။

ၾကာ​ေတာ့အရွင္ကလဲသူမရွိရင္ ငို​ေနတတ္တာကိုစိတ္မ​ေကာင္းလို႔ထင္ပါရဲ႕​ေရွာင္းက်န့္ကိုညီလာခံကို​ေခၚသြားခဲ့သည္။
အရွင့္​ေပါင္ပၚထိုင္ရင္း ၿငိမ္ၿငိမ္​ေလး​ေနခဲ့တဲ့​ေရွာင္းက်န့္​ေလးကို အရွင္ကသ​ေဘာက်ကာ​ေန႕တိုင္းညီလာခံကို​ေခၚသြားသည္။

​ေရွာင္းက်န့္ရဲ႕ဖခမည္း​ေတာ္ကိုခ်စ္ခင္မႈကထိုမွ်ပင္မက​ေသး။
​တစ္​ေန႕လုံး​ေတြ႕ရၿပီး အိပ္ခ်ိန္​ေတြဆိုသူ႕နန္း​​ေဆာင္ကိုသာျပန္ခိုင္းတဲ့ခမည္း​ေတာ္ကို​ေရွာင္းက်န့္ကသ​ေဘာမက်ခဲ့ပါ။

ညဘက္ႀကီးအရွင့္နန္း​ေဆာင္ကို အပ်ိဳ​ေတာ္​ေတြမသိ​ေအာင္ခိုး​ေၾကာင္ခိုးဝွက္လာရင္း တူတူအိပ္ခ်င္​ေၾကာင္းငို​ေျပာခဲ့တဲ့​ေရွာင္းက်န့္​ေလးက္ိုအရွင္ကသနားသြားၿပီး သူနဲ႕တူတူအိပ္ခိုင္းခဲ့သည္။
ထိုက​ေန႕စၿပီး တစ္​ေနကုန္တပူးတြဲတြဲျဖစ္သြားသည့္​ေရွာင္းက်န့္​ေလးကိုအရွင္ကလဲ တစ္​ေန႕ထက္တစ္​ေန႕ပိုခ်စ္လာၿပီး အခု​ခ်ိန္မွာ​ေတာ့ အ​​ေတာ့္ကိုသဲသဲလႈတ္​ေနခဲ့ၿပီ။

"​​ေရွာင္းက်န့္​ေလးကို ခမည္း​ေတာ္ကစစ္သူႀကီးဝမ္နဲ႕​ေနရာခ်​ေပးဖို႔စီစဥ္ထားတယ္.."

အရွင္ကထိုသို႔​ေျပာလာ​ေတာ့​ေရွာင္းမင္းသား​ေနာက္ပါးနားမွာရပ္​ေနတဲ့စစ္သူႀကီးဝမ္ဟာမ်က္ႏွာဘယ္ထားရမွန္းမသိ​ေအာင္ရွက္သြားမိသည္။
တစ္လက္စထဲ​ေရွာင္းမင္းသား​ေလးကသ​ေဘာတူလားမတူလားလဲသူကသိခ်င္စြာနားစြင့္ထား​​ေနမိသည္။

"ကြၽန္​ေတာ္လက္ခံပါတယ္ ခမည္း​ေတာ္..ၿပီး​ေတာ့​ေက်းဇူးလဲတင္ပါတယ္.."

သူ​ေတာင္းဆိုတဲ့အတိုင္းျဖစ္​​ေအာင္လုပ္​ေပးခဲ့တဲ့ ​ခမည္း​ေတာ္ကို​ေရွာင္းက်န့္​ေက်းဇူးတင္စကား​ေျပာ​ေတာ့ "​ေကာင္း​ေကာင္းမြန္မြန္​ေနရင္ရၿပီ" ဆိုတဲ့စကားသာျပန္​ေျပာခဲ့သည္။

သူျဖစ္​ေစခ်င္တဲ့အတိုင္းကံၾကမၼာကအကုန္လိုက္​ေလ်ာခဲ့သည္လား..ကံၾကမၼာ​ေစရာအတိုင္းကိုသူကသ​​ေဘာက်​ေနသည္လားမဆိုတတ္​ေတာ့​ေခ်။

နား႐ြက္​ေလး​ေတြနီၿပီးရပ္​ေနတဲ့စစ္သူႀကီးဝမ္ကိုျမင္​ေတာ့ ​ေရွာင္းက်န့္ ၿပဳံးမိသြားရသည္။
သူ႕လူႀကီးကသိပ္ကိုပိုင္ဆိုင္ခ်င္စရာ​ေကာင္းတာပဲ...

______________________________________________

Continue Reading

You'll Also Like

677K 24.7K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
876 96 10
အလျင်လိုနေတဲ့ host တစ်ယောက်က mission တွေကိုအလွယ်နည်းမည်သို့လုပ်မည်နည်း... Start date -8.6.2024 End date -8.6.2024 အလ်င္လိုေနတဲ့ host တစ္ေယာက္က missi...
ZERO °C By .

Fanfiction

18.1K 2.5K 13
start ( 21 December , 2021 )
864K 19.7K 48
In wich a one night stand turns out to be a lot more than that.