" ကျွန်တော် Hyung ကိုချစ်တယ် "
" ငါတော့မင်းကိုမချစ်ဘူး "
သူအကြိမ်ကြိမ်စဉ်းစားပြီး ပြောဖို့ရာတွန့်ဆုတ်နေခဲ့တဲ့ စကားကို Hyung က စဉ်းစားချိန်တောင်မရှိဘဲ ချက်ချင်းငြင်းဆိုလိုက်တယ်၊
" Hyung "
" အထင်မမှားနဲ့ ငါမင်းကို မချစ်ဘူး Jongwoo "
ဒီစကားကိုကြားလိုက်တဲ့အချိန်ကစလို့သူကမ္ဘာ ပြိုပါပြီ၊ သူကပဲတစ်ဖက်သတ် အထင်မှားနေခဲ့တာလား၊ Hyung ကသူ့အပေါ်မှာ ဘာခံစားချက်မှမရှိဘူးလား၊ ညာနေတာ Hyung သူ့ကိုညာနေတာ ဖြစ်မှာပါ၊
" Hyung ညာနေတာ "
" ငါကဘာလို့ညာရမှာလဲ "
" ဒါဆိုဘာလို့ ကျွန်တော့်ကိုအလုပ်ပေးလဲ၊ ကျွန်တော့်ကို Hyung အနားမှာကောင်းကောင်းထားပြီး ဆက်ဆံပေးလဲ အဲ့တာတွေက ဘာလို့လဲ "
" Sorry မင်းထင်ချင်သလိုထင် "
" Hyung "
" စာရင်းတွေစစ်ပြီးပြီမဟုတ်လားငါလက်မှတ် ထိုးမလို့ ဒီကိုလာပေး "
" Hyung "
Hyung ကတော့ သူမဟုတ်တဲ့အတိုင်း တည်ငြိမ်နေလိုက်တာ၊ သူကတော့ဒီအခြေအနေကိုရောက်ဖို့အတွက်ဘယ်လောက်တောင် အားယူခဲ့ရလဲ၊ သူဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ Hyung မသိဘူး၊ Hyung ကတော့အချိန်ခဏလေးအတွင်းမှာ သူ့ကိုငြင်းရက်လိုက်တာ၊
" Jongwoo "
သူဒီမှာဆက်မနေနိုင်တော့ပါ၊ သူခံနိင်ရည်မရှိတော့ ဘယ်လိုမှ Hyung မျက်နှာကိုဆက်ကြည့်နိုင်မယ်မထင်ဘူး၊
" မင်းတစ်ယောက်တည်းပဲ ခံစားရတာလား "
ထွက်သွားသော သူ့နည်းတူ အခန်းထဲမှာ ကျန်ခဲ့သောသူသည်လည်း အလုပ်ဆက်မလုပ်နိုင်တော့ပါ၊ သူ့အားအင်တွေ အကုန်လုံး ကုန်ခမ်းသွားပြီမို့ပါ ကြိုတင်ခန့်မှန်းထားပြီးသားကိစ္စဖြစ်ပေမယ့် တကယ်တမ်းရင်ဆိုင်လိုက်ရတော့ ခက်ခဲလိုက်တာ၊
" နေပါဦး ငါကတကယ်ကြီးအငြင်းခံလိုက်ရတာလား "
Jongwoo တစ်ယောက်ထွက်လာပြီးမှ သူ့ဘာသာပြန်စဉ်းစားနေမိသည်၊ တကယ်ကြီးHyungက သူ့ကို ငြင်းလိုက်တာပေါ့၊ မတတ်နိုင်ဘူး ငြင်းတော့လည်း ခံလိုက်ပေါ့ဆိုပြီး ပြောထားတဲ့သူငယ်ချင်းဆီသွားဖို့ပြင်လိုက်တော့သည်၊
•••••••••
" သောက်လိုက် "
" တော်ပြီ "
" မင်းကလဲ ငြင်းခံရတာလေးကို "
" မင်းမခံရတိုင်းလာမပြောနဲ့ "
Jongwoo ပါးစပ်ကသာမသောက်ဘူးပြောနေပေမယ့် လက်ကတော့Seung Hwan ငှဲ့ပေးတဲ့ခွက်ကိုယူပြီး သောက်ပြီးနေပြီဖြစ်သည်၊
" အဲ့တာမင်းမြှောက်ပေးလို့ "
" ဘာဆိုင်လို့လဲ "
ဟုတ်ပါတယ် အဲ့တာSeung Hwanမြှောက်ပေးလို့ဖြစ်ရတာ၊ သူ့ဘာသာဖွင့်မပြောဘဲနေရင်ဒီလိုမျိုး ငြင်းခံရမှာမဟုတ်ဘူး၊
" ငါမြှောက်ပေးတိုင်းပြောစရာလား မင်းငါကချီးစားလို့ ပြောရင်စားမှာလား "
" ရွံ့စရာတွေလာမပြောနဲ့ "
Seung Hwan ပြောတာလည်း မှန်သလိုပင်၊ ဒါပေမယ့် သူ့ကိုယုံလို့သူ့ဆီလာတိုင်ပင်ပြီး အကြံဉာဏ်တောင်းတာကို သူ့ကြောင့်ဖြစ်တာ သူတာဝန်ယူရမှာ မဟုတ်ဘူးလား၊
" မရဘူး ဒီကိစ္စကို မင်းတာဝန်ယူရမယ် "
" ...... "
" ပြော ငါရှေ့ဆက်ဘယ်လိုလုပ်ရမှာလဲ "
Seung Hwan ခဏတိတ်ဆိတ်နေပြီးမှ တစ်ခုခုကို စဉ်းစားမိဟန်နဲ့ စကားပြန်ပြောလာသည်၊
" ငါကူညီပေးမယ် ခဏစောင့် "
ပြောပြီးတာနဲ့ Seung Hwan ချက်ချင်းထားတော့တယ်၊
" ညီလေး အစ်ကို့ကိုဒီကတကယ့်အပြင်းစားနှစ်ခွက်လောက်ပေး "
" အစ်ကို့သူငယ်ချင်းက အသည်းကွဲနေတာလေ အဲ့တာမို့ သူအဆင်ပြေသွားအောင် "
Seung Hwan ကတော့ ဘယ်သူမှမမေးလဲသူ့ဘာသာတစ်ယောက်တည်း ရှင်းပြနေလိုက်တယ်၊
" မပူနဲ့ အစ်ကိုကျွန်တော်လုပ်ပေးမယ် အစ်ကို့သူငယ်ချင်း လုံးဝအဆင်ပြေသွားစေရမယ် "
ခဏစောင့်ပြီး သူတောင်းထားသော အရက်နှစ်ခွက်ရလာပါပြီ၊
" အစ်ကိုမသောက်နဲ့နော် ဒါကအစ်ကို့သူငယ်ချင်းအတွက် သီးသန့် "
" အိုကေဗျာ "
Seung Hwan တစ်ယောက် ယမကာစပ်ပေးတဲ့ကောင်လေးနဲ့လုံးဝကို အတိုင်ဖောက်ညီနေခဲ့တယ်၊ ကောင်လေးစပ်ပေးတဲ့နှစ်ခွက်ကိုယူပြီး ပြန်လာခဲ့လိုက်တယ်၊
ခဏကြာတော့ Seung Hwan ကအရက်ခွက်နှစ်ခွက်ယူပြီး ပြန်လာတယ်၊ တကယ် အားကိုးလို့ရမလားမှတ်တယ်၊ အလကား လူကိုအရက်တိုက်ဖို့ပဲသိတယ်၊ ကောင်းလိုက်တဲ့သူငယ်ချင်း၊ ဒီနေရာမှာတော့ သုံးစားလို့ကို မရဘူး၊ ငါကိုကမှားတာပါ တကယ်Yoon Jong Wooတို့ လူရွေးမှားသွားတာ၊ ရည်းစားတောင်မရှိတဲ့သူကိုဆရာတင်လိုက်မိတာ
" ရော့ သောက်လိုက် "
" တော်ပြီ ငါအိမ်ပြန်ရဦးမှာ "
" သောက်ပါဆို "
Jongwoo တစ်ယောက် Seung Hwan ပေးတဲ့နှစ်ခွက်ကိုကုန်အောင်သောက်လိုက်တဲ့အပြင် ရှိသမျှ အရက်တွေကိုပါ ကုန်အောင်သောက်ပစ်လိုက်တော့သည်၊ လူမှန်းသူမှန်းမသိအောင်မူးနေပြီဖြစ်သော သူငယ်ချင်းကို Seung Hwan အိမ်ပြန်ပို့ရတော့မည်၊
" သွားမယ် ထ ငါပြန်လိုက်ပို့ပေးမယ် "
" မလိုဘူး ငါ့ဘာသာသွားနိုင်တယ် ငါ Hyung ဆီသွားမယ် "
" လမ်းတောင်မလျှောက်နိုင်ဘဲ ဘာတွေလာပြောနေတာလဲ "
အတင်းရုန်းနေတဲ့သူငယ်ချင်းကို ကားပေါ်ကိုမရ မကဆွဲခေါ်ပြီး သူလိုက်ပို့ရတော့သည်၊
" ရောက်ပြီ "
•••••••
" Hyung "
" ဘာလို့ တအားသောက်လာတာလဲ "
" မင်းတအားဆိုး "
စကားတွေများနေတဲ့ Hyung ကိုစိတ်မထိန်းနိုင်ဘဲသူနမ်းလိုက်မိသည်၊ စိတ်ဆိုးရင်လည်း ဆိုးပါစေတော့၊ ဒီအချိန်မှာ သူခေါင်းထဲမှာ စိုးမိုးနေတဲ့စိတ်က တစ်ခုတည်းပါ၊
" Hyung ကိုချစ်ချင်တယ် "
Hyungရဲ့နှုတ်ခမ်းတွေက နူးညံ့လွန်းလို့ လွှတ်မပေးချင်လောက်အောင်ထိ ဖြစ်နေမိသည်၊ ဒါကဘယ်လောက်တောင်တောင်းတခဲ့ရတဲ့ အချိန်လေးမို့လဲ၊ ဒီအချိန်လေးမှာပဲ သူရပ်တန့်ထားချင်မိတယ်၊
သူ့ရင်ဘတ်ကိုထုရိုက်နေတဲ့လက်တွေကို သူအားသုံးပြီး ချုပ်ထားလိုက်သည်၊ခေါင်းကိုထိန်းကိုင်လိုက်ပြီးအနမ်းတွေကိုရှေ့ဆက်လိုက်တော့သည်၊ ခဏကြာတော့ Hyung ရုန်းကန်ခြင်းမရှိတော့ဘဲ သူ့ဦးဆောင်မှုအတိုင်း လိုက်ပါစီးမျောလာသည်၊
သူ့စိတ်တွေကဘယ်လိုမှရပ်တန့်လို့ မရတော့ပါ၊တစ်စုံတစ်ခုကို ရယူချင်နေသယောင်၊ သူဒါတွေကို မထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ၊
သူ့စိတ်တို့၏စေရာက •••••••
သူ့ရဲ့လက်တွေက Hyungရဲ့အင်္ကျီအောက်မှာယှက်ပြေးလို့နေသည်၊သူ့ရဲ့နှုတ်ခမ်းတွေကတော့ Hyung ရဲ့ညှပ်ရိုးတစ်လျှောက်ကျီစားကာ အလုပ်ရှုတ်နေမိသည်၊
တဖြေးဖြေးနဲ့ အောက်ကိုဆင်းသက်မိတော့ သွယ်လျနေတဲ့ခါးမှာရပ်တန့်နေမိသည်၊ယောက်ျားတစ်ယောက်က ဒီလိုမျိုးအရာတွေကို ပိုင်ဆိုင်သင့်ရဲ့လား မသိပေမယ့် Hyung ကသူ့ရဲ့မျက်လုံးထဲမှာတော့ သိပ်ကိုလှပါသည်၊ ဘယ်သူ့မှမပေးနိုင်ဘဲသူ့အပိုင်အဖြစ် သိမ်းထားချင်လောက်အောင်ထိကို လှပါသည်၊
" ချစ်တယ် "
မောဟိုက်နေတဲ့အသံဖြင့်ဆိုလာတဲ့စကားကို ဒီအချိန်မှာတော့ Hyung မငြင်းတော့ပါ၊ သူအမြင်မမှားဘူးဆိုရင် အသံထွက်မလာပေမယ့် Hyung လည်း သူ့ကိုချစ်ကြောင်း နှုတ်အမူအရာဖြင့် ပြောလိုက်သလိုပါပင်၊
ထပ်ပြီးပူးကပ်လိုက်တဲ့နှုတ်ခမ်းတို့ကအလိုရမက်ကြီးစွာ၊ တဖြေးဖြေးနဲ့ ပြင်းရှလာသော အသက်ရှုသံတို့အပြင်၊ နှုတ်ခမ်းချင်းထိရာကထွက်လာတဲ့ အသံတို့ကအခန်းထဲမှာကျယ်လောင်စွာ ကြားနေရသည်၊
" Hyung ကျွန်တော်တို့ အတူတူ တိမ်ပေါ်ကိုသွားကြမလား "
လှိုက်ဖိုနေတဲ့ရင်ဘတ်နှစ်ခုဟာပူးကပ်နေပြီးတစ်ယောက်အသက်ရှူသံခပ်ပြင်းပြင်းကိုတစ်ယောက်က ကြားနေရတဲ့ဒီလိုအချိန်မျိုးမှာထွက်လာတဲ့ခပ် တိုးတိုးဖြေဆိုသံကိုသူသေချာပေါက်ရှင်းရှင်းလင်း လင်းကြားရပါသည်၊
မနက်မိုးမလင်းခင်အထိတော့ သူ့အတွက်ဒီညကအလှဆုံးညကလေးဖြစ်မယ်ထင်တယ်၊ Hyung ကို သူပိုင်ဆိုင်လိုက်ရလို့လေ၊ Hyung နဲ့အတူတူ သူတိမ်တွေပေါ်ကို ရောက်အောင်သွားနိုင်ခဲ့လို့လေ၊
•••••••••
Ring Ring Ring ~~~~
နှိုးစက်အသံကြောင့် Jongwoo အိပ်ရာမှနှိုးလာခဲ့သည်၊ သူ့ရဲ့ခေါင်းကတကယ် ပေါက်ကွဲထွက်မတတ်ကိုက်ခဲနေတယ်၊
ဘေးကိုကြည့်လိုက်တော့ Hyung ကရှိမနေတော့၊ အလုပ်သွားပြီလား သူ့ကိုမနှိုးဘဲထားခဲ့တာလား၊ ရုတ်တရက် အခန်းကိုလှည့်ပတ်ကြည့်လိုက်တော့ ကိုက်နေတော့ခေါင်းဟာချာချာလည်သွားရသည်
အခုသူက Hyung အခန်းမှာမဟုတ်ဘဲ သူ့အခန်းမှာသာ ရှိနေသည်၊ သူကဘယ်လိုလုပ် ဒီမှာရှိနေရတာလဲ၊ ခဏလောက် သူဦးနှောက်ကိုအလုပ်ပေး လိုက်တဲ့အခါမှတော့ သူနှဖူးသူရိုက်လိုက်မိသည်၊ နောက်ပြီး သူအားရပါးရရယ်လိုက်မိတော့သည်၊
" အိပ်မက်၊ အိပ်မက်ကိုးး Yoon Jong Woo ရူးနေလို့ ဒီလိုမျိုး အိပ်မက်မက်ရတာလား "
အိပ်မက်လို့တွေးမိပေမယ့် သူပြုံးတာကိုမရပ်တန့်နိုင်တော့၊အဲ့ဒီအကြောင်းကိုပဲပြန်တွေးပြီး ပြုံးနေမိသည်၊ တစ်ဆက်တည်း Hyung ကိုတွေးမိရင်း သူအပြုံးတွေပျောက်ကွယ်သွားရပြန်သည်၊
အခုမှသတိရတယ် Hyung က သူ့ကိုငြင်းလိုက်တာပဲ၊ ပိုဆိုးတာက သူစိတ်ဆိုးပြီးတောင် ထွက်လာလိုက်သေးတယ်၊ အခုသူအလုပ်ဘယ်လိုသွားရမလဲ အချိန်ကလည်း ၉ နာရီကျော်နေပြီ၊ ဒါပေမယ့် သူဒီထက်ပိုပြီး အချိန်ဆွဲနေလို့ မဖြစ်တော့၊ အလုပ်ကိုသွားရပါမည် Hyung ကိုလည်းတောင်းပန်ရမယ်၊ အခုမချစ်လည်း နောက်ကျချစ်လာနိုင်တာပဲ သူကြိုးစားလို့ရသေးတယ်၊
ဒါပေမယ့် သူခံစားမိပါသည် Hyung လည်း သူ့အပေါ်မှာ ခံစားချက်ရှိနေတယ်လို့၊ သူဘက်က စိတ်ရှည်ရှည်နဲ့ Hyung ထုတ်ပြောလာတဲ့နေ့ကို စောင့်ယုံပါပဲ၊
အချိန်မဆွဲတော့ဘဲ သူမြန်မြန်ပြင်ဆင်ပြီး အလုပ်ကိုသွားလိုက်တော့သည်၊
" Hyung "
" Jongwoo ရောက်လာပြီလား "
" ဟုတ် "
သူနည်းနည်းတစ်မျိုးဖြစ်နေမိသည်၊ မနေ့ကကိစ္စရော အိပ်မက်ကိစ္စရောကြောင့်ခံစားချက်တွေက ရောထွေးနေမိသည်၊
" ငါမင်းမလာတော့ဘူးထင်နေတာ "
" မဟုတ်တာ ဟို .... ကျွန်တော်တောင်းပန်ပါတယ် စိတ်လက်မာန်ပါ လုပ်မိသလိုဖြစ်သွားတယ် "
" ရတယ် ကိစ္စမရှိဘူး "
" ဒါပေမယ့် ကျွန်တော်လက်မလျှော့သေးဘူး "
" ဘယ်လို "
" Hyung ကျွန်တော့်ကိုချစ်လာအောင်လုပ်မှာ "
သူဒီစကားကိုပြောလိုက်တော့ Hyungက အံ့ဩသွားတဲ့ ပုံစံဖြစ်နေတယ်၊ နောက်ပြီး Hyung ပြုံးလိုက်ပါသေးတယ်၊ မနေ့ကလိုမျိုး မဟုတ်တော့ဘဲ တင်းမာခြင်းမရှိတော့ဘဲHyung ပြုံးပြီးခေါင်းရမ်းလိုက်တာကို သူတွေ့လိုက်ရပါသည်၊
အခုမှသူ့စိတ်တွေ အတော်လေးပေါ့ပါးသလိုပင်၊ သူနဲ့ Hyung ရဲ့ခြားမှာအနေခက်တာတွေမရှိတော့ဘဲအရင်ကအတိုင်းပြန်ဖြစ်လာပြီထင်ပါသည်၊ ဒါပေမယ့်လို့ Hyung စကားပြောလိုက်တိုင်း Hyung ရဲ့နှုတ်ခမ်းတွေကိုပဲသူအကြည့်ရောက်နေမိသည်
နောက်ပြီးမနေ့ညကသူစိတ်ကြိုက်ချယ်လှယ်ခဲ့တဲ့ Hyung ရဲ့ညှပ်ရိုးလှလှလေးကိုလည်းခဏတိုင်း ကြည့်နေမိသည်၊ ဘာကြောင့်ဆို ဒီနေ့မှ Hyung ကထူးထူးခြားခြား ဆွယ်တာအင်္ကျီဝယ်လာတာမို့၊ အိပ်မက်လို့ပိုသေချာစေတဲ့အရာက Hyung ဆီမှာသူ့ရဲ့အချစ်အမှတ်အသားတွေရှိမနေပါ၊
သူဒါကိုနှမြောတသနဲ့ ပိုကြည့်မိသည်၊ တကယ်လို့အနီရောင် အမှတ်အသားများသာရှိနေလျှင် ပိုပြီးတော့ လှနေမှာမဟုတ်လား၊
" Jongwoo "
" Jongwoo ငါ့ခေါ်နေတာကြားလား "
တစ်ယောက်တည်းအတွေးတွေနဲ့ အလင်းရောင်မရှိတဲ့ကမ္ဘာထဲကိုရောက်နေတဲ့ Jongwooလေးကတော့ ခေါ်မကြားအော်မကြားဖြစ်လို့နေပါသည်၊
" ဗျာ "
" ဘာတွေတွေးနေတာလဲ "
" ဘာမှမဟုတ်ပါဘူး "
ကိုယ့်အတွေးနဲ့ကိုယ်နဲ့ သူဒါတွေကိုထုတ်မပြောရဲပါ၊ သူသာပြောလိုက်ရင် အခုပဲသူ့ကိုကုမ္မဏီကနေ ဆွဲထုတ်မလားဆိုတာ မသေချာ၊
" မနက်ဖန် Japan သွားရမယ် "
" ဗျာ "
" ၃ရက်လောက်တော့နေရမယ်လိုအပ်တာတွေကိုတစ်ခါတည်းပြင်ဆင်ထား၊ဒါမှမဟုတ် ဒီညအိမ်မပြန်နဲ့တော့ ငါ့ဆီမှာပဲအိပ်လိုက် မဟုတ်ရင် မင်းကိုသပ်သပ်အိမ်ဝင်ခေါ်နေရလိမ့်မယ် "
" ဟုတ် "
မြန်မြန်ဆန်ဆန်ပဲပြောသွားတော့ Hyung စကားတွေကို သူစဉ်းစားချိန်တောင်မရတော့ဘဲ ခေါင်းငြိမ့်လိုက်တော့သည်၊
သူ ညနေခင်းပိုင်း လိုအပ်တာတွေအိမ်ပြန်ယူပြီး Hyung အိမ်ကိုပဲ တန်းထွက်လာလိုက်တော့သည်၊ မေမေ့ကိုတော့ခရီးသွားရမယ့်အကြောင်းသူပြောခဲ့လိုက်ပါသည်၊
တစ်ခါရောက်ဖူးပြီးသားဖြစ်တဲ့ Hyung ရဲ့အိမ်ကသူအတွက် စိမ်းသက်မနေတော့ပါ၊ သူလုပ်စရာရှိတာ လုပ်ပြီး အိပ်ရာဝင်ဖို့ပြင်လိုက်တော့သည်၊သူ အိပ်ရာမဝင်ခင် Hyung ဆီခဏသွားလိုက်သည်၊
" ဘာလဲ Jongwoo တစ်ခုခု လိုလို့လား "
Hyung တံခါးဖွင့်ပေးသည့်တိုင် ဘာမှမပြောဘဲကြည့်နေသောကြောင့် Hyungကိုသူ့ကိုတစ်ခုခုလိုတယ် ထင်နေပုံပါ၊
" မဟုတ်ဘူး "
" ဒါဆိုဘာလဲ "
" Hyung ချစ်တယ်နော် "
ကလေးတွေမဟုတ်တော့ပေမယ့် ကလေးတွေလိုမျိုးပြောပြီးတာနဲ့ သူအခန်းထဲကိုချက်ချင်းပြေးလာလိုက်သည်၊ ဘေးချင်းကပ်အခန်းဖြစ်တာမို့ ဘယ်လောက်မှမကြာဘဲ Jongwoo အခန်းထဲကိုပြန်ရောက်လာခဲ့သည်၊ Hyung ဘယ်လိုကျန်နေခဲ့လဲ မသိပမယ့် သေချာတာတော့ Hyung ပြုံးနေမယ်ဆိုတာပါပဲ၊
••••••••
" မေမေ ကိုကိုပြန်မလာသေးဘူးလား "
ည၁၁နာရီထိ ပြန်လာမသေးတဲ့ကိုကိုကြောင့် Jay မေမေ့ကို လာမေးရခြင်းဖြစ်သည်၊
" Japan ကိုအလုပ်ကိစ္စနဲ့သွားရမယ်ပြောတယ် သားငယ် ကိုကို့ကိုပြောစရာရှိလို့လား "
ကိုကိုကJapan ကိုသွားတာပေါ့၊ သူ့ကိုလည်း ဘာမှ ပြောမသွားဘူး၊
" မဟုတ်ပါဘူး ပြန်မလာသေးလို့ မေးကြည့်တာ၊ မေမေအိပ်တော့နော် "
Jay မေမေကိုပြောပြီးတာနဲ့ အခန်းကိုပဲပြန်လာ
လိုက်တော့သည်၊ ကိုကို့ကိုဖုန်းဆက်ကြည့်ရမယ်၊ ပထမတစ်ခါခေါ်တော့ကိုကိုဖုန်းမကိုင်ပါ၊ဒုတိယတစ်ခါထပ်ခေါ်လိုက်တော့ကိုကိုဖုန်းကိုင်လာသည်
" Hello ကိုကိုဘယ်တော့ပြန်လာမှာလဲ "
" ငါဘယ်မှမသွားရသေးဘူးလေ Jay "
" ကျွန်တော်ပြောတာ ဘယ်နေ့ပြန်လာမှာလဲလို့ "
" မသိသေးဘူး "
" ကိုကို "
သူ့ကိုခေါ်ပြီး ဘာမှဆက်မပြောတဲ့ကောင်လေး၊ ဘာဖြစ်နေလဲ မသိဘူး၊ Jay အသံသိပ်မကောင်းတာကို သူသတိထားမိပါသည်၊ မဟုတ်မှ သူ့ကိုပြောမသွားလို့ စိတ်မကောင်းဖြစ်နေတာလား၊
" ဘာပြောမလို့လဲ Jay "
" ဘာမှမဟုတ်တော့ဘူး ကျွန်တော်ဖုန်းချလိုက်တော့မယ် "
" ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ် "
" အင်း မြန်မြန်ပြန်လာခဲ့ "
တကယ်ကလေးလေးလိုပဲ၊အခုချိန်ထိ သူနဲ့မခွဲနိုင်တာတော့ မဟုတ်ဘူးမလား၊ ခဏလေးသွားမှာကို မြန်မြန်ပြန်လာခဲ့လုပ်နေတယ် ဒီကလေးကတော့၊
Jongwoo တဖြေးဖြေးနဲ့ Jay အပေါ်ကို အရင်ကလို မဟုတ်ဘဲ အကောင်းမြင်လာသလိုပင်၊ အရင်ကလို မနာလိုခြင်းလည်းမရှိတော့၊ ငြိုငြင်တာမျိုးလည်းမရှိတော့ဘဲသူ့အပေါ်တွယ်တာတာကိုလည်း အနည်းငယ်နားလည်ပြီး အဆင်ပြေလာသလိုပင်၊
ခုနောက်ပိုင်းမှ ခံစားမိတာက သူတကယ်ညီလေးတစ်ယောက်ရှိနေသလိုပင်၊ Jay ကိုသူ့ညီလေးအဖြစ်လက်ခံလာနိုင်သလိုပင်ဖြစ်သည်၊အရင်က မသိစိတ်က လက်ခံနေခဲ့ပေမယ့် အခုတော့ သူ့ရဲ့သိစိတ်ကပါလက်ခံလာနိုင်သည်အထိဖြစ်နေပါပြီ၊
ပြန်လာရင်တော့ သူ့အတွက်လက်ဆောင်ကောင်း ကောင်းဝယ်ခဲ့ရမယ်လို့သူစဉ်းစားထားလိုက်သည်၊
๑˙ Jay's Pov ; ๑˙
ကိုကိုက အခုလည်းသူ့သူဌေးအိမ်မှာ အိပ်ပြန်ပြီထင်တယ်၊ သူကိုကို့ကိုစိတ်မချပါအဲ့ဒီအိမ်မှာအိပ်လည်း မအိပ်စေချင်ပါ၊ မနေ့ကလိုမျိုးကိုကိုမူးနေရင် ဘယ်လိုလုပ်မလဲ၊ မနက်မှသွားလဲရတာပဲလို့ တွေးမိပေမယ့် ကိုကိုပဲပင်ပန်းရမှာမို့ သူမဖြစ်စေချင်ပါ၊
Jay သူရွေးချယ်ခဲ့မိတာ မှားနေပြီလားလို့တောင် တွေးနေပါသည်၊ကိုကို့ကိုအလုပ်ရစေချင်ပေမယ့်လို့ ကိုကိုအခုလိုမျိုးအဆင်ပြေတာကို မြင်ချင်ပေမယ့်လို့ ကိုကို့ကို သူစိတ်မချနိုင်ပါ၊ သူ့ဆီကကိုကို့ကို လုယူသွားမှာကြောက်ပါသည်၊
ကိုကိုကောင်းဖို့အတွက်တွေးခဲ့ပေမယ့်လို့ သူကိုကို့ကို စိတ်မချနိုင်ဘူးဖြစ်နေတဲ့အတွေးတွေကို သူဘယ်လိုအဆုံးသတ်ရပါ့မလဲ၊ ဖြစ်နိုင်ရင် သူမြန်မြန်အရွယ်ရောက်ချင်နေပါပြီ၊ သူကျောင်းမြန်မြန်ပြီးပြီး အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်ပြီး ကိုကို့ကိုဘယ်သူ့ဆီမှာမှ အလုပ်မလုပ်ခိုင်းဘဲ သူကပဲစောင့်ရှောက်ထားချင်ပါသည်၊
ကိုကို့ရဲ့နားခိုရာက သူတစ်ယောက်တည်းပဲဖြစ်ချင်ပါသည်၊ ကိုကိုအားကိုးရတဲ့သူ၊ ကိုကို့ကိုအထောက်အပံ့ပေးနိုင်တဲ့သူမျိုး သူဖြစ်ချင်ပါသည်၊ ကိုကို့ကိုစောင့်ရှောက်ပေးပါ့မယ်ဆိုတဲ့ကတိကို သူမြန်မြန်အကောင်အထည်ဖော်ချင်နေလှပါပြီ၊
" သိပ်မလိုတော့ဘူးထင်တယ် ကိုကို၊ ကျွန်တော်တို့ နှစ်ယောက်ရဲ့အချိန်တွေကိုရောက်ဖို့လေ "
_____________________________________________
19 July - 10:16 pm
AN // စောင့်နေပေးကြလို့ ကျေးဇူးပါဗျာ၊တစ်ပတ်တစ်ပိုင်း Updateပေးဖို့ကိုအနိုင်နိုင်ဖြစ်နေလို့ အားလုံးကပဲ နားလည်ပြီး ခွင့်လွတ်ပေးကြပါဦး၊ ပိတ်ရက်လေးရတုန်း မြန်မြန်ရေးထားရတာမို့ လိုအပ်ချက်တွေရှိရင်လည်းသည်းခံပေးပါဦး 🙇🏻♀️