𝕋𝕦𝕝𝕚𝕡𝕤 🌷

By meko131

4.9K 304 44

လှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။ More

𝕋𝕦𝕝𝕚𝕡𝕤🌷 1
𝕋𝕦𝕝𝕚𝕡𝕤🌷1 (zg)
𝕋𝕦𝕝𝕚𝕡𝕤🌷 2
𝕋𝕦𝕝𝕚𝕡𝕤🌷 3
𝕋𝕦𝕝𝕚𝕡𝕤🌷2
𝕋𝕦𝕝𝕚𝕡𝕤🌷5
𝕋𝕦𝕝𝕚𝕡𝕤 🌷6
𝕋𝕦𝕝𝕚𝕡𝕤🌷7
𝕋𝕦𝕝𝕚𝕡𝕤🌷8
𝕋𝕦𝕝𝕚𝕡𝕤 🌷9
𝕋𝕦𝕝𝕚𝕡𝕤🌷10
𝕋𝕦𝕝𝕚𝕡𝕤🌷12
𝕋𝕦𝕝𝕚𝕡𝕤🌷13
𝕋𝕦𝕝𝕚𝕡𝕤🌷14

𝕋𝕦𝕝𝕚𝕡𝕤🌷11

228 17 4
By meko131

အများကြီး စဉ်းစားမိတယ်...
ထပ်ခါထပ်ခါပဲ ။
ချစ်ပစ်လိုက်ဖို့ လုံလောက်လားလို့ ။
အင်အားမရှိတာမဟုတ်ပါဘူး ။
ထုတ်ပြဖို့ဝန်လေးနေတာ ။
အချိန်အတိုင်းအတာ တစ်ခုကို ကိုယ်စောင့်နေတာမှန်ပေမယ့်
အဲ့အချိန်က ဘယ်ချိန်မှရောက်မှာလဲ ။
ကိုယ် စောင့်ရင်းစောင့်ရင်း ကျန်ရစ်ဖြစ်မှာကိုမလိုလားဘူး ။
ဒါပေမယ့်...ကိုယ် ဝန်လေးနေတယ်...
အကယ်၍ အကြောင်းပြချက်တစ်ခုခုနဲ့ ကိုယ့်ကို
တွန်းလွှတ်လိုက်ရင်...ကိုယ် နောက်တစ်ခါ
ထပ် ဝန်ခံရဲမှာမဟုတ်ဘူး...အဆိုးဆုံးက ကိုယ်
မင်းအနားမှာ ရှိနေရဲမှာတောင်မဟုတ်တော့ဘူး ။
ကိုယ် ဘယ်လိုလုပ်ရမလဲ ။
အတွေးတွေနဲ့ Jung kook ဟာ ဝေခွဲမရပါ ။

“ အကို "

တခါတည်းမှာ ပင် ကောင်လေးရဲ့ ခေါ်သံကို
ကြားယောင်မိတော့ သူ့စိတ်တွေပိုပြီးပြတ်သားလာသည် ။
အပြုံးချိုချိုတွေကိုပါ တစ်ဆက်ထဲမြင်ယောင်မိလိုက် တော့
ကိုယ် မင်းကိုလက်လွတ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ
သေချာသွားပြီ ။
စိတ်တွေကို သေချာပြင်ဆင်အပြီးမှာတော့
သူကောင်လေးကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည် ။
အနည်းဆုံးတော့ မင်းဟာကိုယ့်အပိုင်ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ အတွေးနဲ့ပေါ့ ။
............................။

အပြာနုရောင်စာအိတ်ကလေးကိုသူ ဒီနေ့မှထူးထူးဆန်းဆန်း
သူထုတ်ကြည့်နေမိသည်။
အထဲမှာဘာစာတွေရေးထားလဲဆိုတာ သူသိချင်ပေမယ့်
စာကကိုယ့်အတွက်မှ မဟုတ်တာ အကို နဲ့ အကို Taehyung
အတွက်ကို ။ ဒါနဲ့ ho-seok hyung က ဘယ်အထိသွားမှာမို့လို့ စာတွေချန်ထားရတာလည်း ။ ထားပါလေ....ဆိုကာ စာအိတ်လေးကို သူ့လွယ်အိတ်ထဲပြန်ထည့်လိုက်သည် ။
ဒီစာအိတ်လေးကိုတော့ သူလွယ်အိတ်ထဲမှာပဲထည့်နေကျ ။
နောက် လွယ်အိတ်လွယ်ကာ အောက်ထပ်သို့ဆင်းခဲ့သည် ။

“ morning appa.."

‌ဧည့်ခန်းရောက်တော့ မနက်စာစားနေတဲ့ အဖေ့ကို
သူနှုတ်ဆက်လိုက်သည် ။

“ morning...သား မနက်စာမစားတော့ဘူးလား "

“ မစားတော့ဘူး appa..."

“ အဖေ မင့်ကို မုန့်ဖိုးလွဲထားပေးတယ်နော်..."

“ ဗျာ.."

သူပျော်သွားကာ ဖုန်းအားချက်ချင်းထုတ်ကြည့်လိုက်သည် ။
ဟုတ်ပါ့ ဖေဖေကသူ့acc ကိုတွင် ဝမ်သန်းတစ်ရာ တောင်လွဲ
ပေးထားတာ ။

“ အဲ့တာကြောင့် appa ကိုချစ်နေရတာ "

အဖေ့ကို သူဖက်ပစ်လိုက်သည် ။

“ မောင် jimin တို့ကတော့ မျက်နှာလုပ်ပြီ "

“ ဟဲ ဟဲ ၊ အဲ့လိုလဲမဟုတ်ပါဘူး appa ကလဲ "

ဆိုကာ မုန့်တစ်ခုကိုကောက်ယူကာ ပါးစပ်ထဲ
ထည့်လိုက်ပြီး ပြောလိုက်သည် ။

“ သား သွားပြီ "

“ အေအေ ဂရုစိုက်အုံး "

နေ့ရက်တွေက သာသာယာယာပါပဲ ။

.................။

ဒီရက်ပိုင်း နှာခေါင်းသွေးတွေ ဆက်တိုက်ကျနေလို့
သူ စိုးရိမ်စိတ်တွေက မြင့်တက်လာသည် ။
ဒီပုံစံအတိုင်းဆို သူဆေးခန်းသွားမှဖြစ်တော့မည် ။
နှာခေါင်းသွေးယိုတဲ့ရက်ကနေစပြီး
သူ့မျက်တွင်းတွေသည် မဲနေသည်မှာ မြင်လို့မကောင်းတော့ ။
သူစိတ်ညစ်လိုက်တာ ဒီရောဂါကြီးကို ။
ကျောင်းလွယ်အိတ်ထဲ လိုအပ်တဲ့စာအုပ်များထည့်ကာ
ကျောင်းသွားဖို့ပြင်ရသည် ။
အခုတလော အဖေနဲ့အမေက ငြိမ်နေကြသည်
ဘာလို့လဲတော့သူလည်းမသိ ။

...........................။

“ hi Beomgu..."

“ hi jimin..."

အပြန်အလှန်နှုတ်ဆက်ကာ ဘေးကခုံမှာဝင်ထိုင်လိုက်သည် ။

“ တစ်ခြားလူတွေရော...မရောက်သေးဘူးလား "

“အင်း.. မရောက်သေးဘူး "

“ နောက်ကျလိုက်တာ..."

jimin သည် စားစရာတစ်ချို့မှာယူလိုက်ပြီး စားနေလိုက်သည် ။သူစောစောလာတဲ့နေ့မှ အားလုံးကနောက်ကျရတယ်လို့ ။

“ hello...."

လာပါပြီ အာဗြဲကြီးနဲ့ van..။

“ လူကမရောက်သေးဘူး အသံကအရင်ကြားရပြီ ငဗန်..."

“ jimin ဘာတွေစား "

မျက်စောင်းနဲ့ကြည့်လိုက်သည် ဒီကောင်တောင်းစားတော့မယ်ဆိုတာကြိုသိနေလို့ ။

“ ဖြည်းဖြည်းကြည့်ပါ...အဲ့တာလေး နည်းနည်းကျွေး..ဟဲဟဲ "

“ သိနေတယ် သိနေတယ်...အင့်..."

ပန်းကန်ထဲက မုန့်တစ်ခုကား ခွန့်ကျွေးလိုက်တော့
ရုပ်ကြီးကိုဖြီးလို့ ။

“ ကောင်းလိုက်တာ..."

“ jimin..."

“ ဗျာ..."

နာမည်ခေါ် သံကြားတော့ သူယောင်ရမ်းကာ ထူးလိုက်မိသည်။

“ အ ကို..."

အကို သည်သူ့နာမည်အား ခေါ်ကာ အရှေ့ထိုင်ခုံမှာဝင်ထိုင်သည် ။

“ jimin...ဒီနေ့စောတယ်နော်.."

“ ဟုတ်...အကိုလည်းစောတယ်နော်...ဒီနေ့ "

“  အင်း ဟုတ်တယ်..."

“ အကို ဘာစားပြီးပြီလဲ တစ်ခုခုစားမလား..."

“ jimin....ဟိုလေ..."

“ ဟုတ် "

ကောင်လေးကို ကြည့်ပြီး သူ့မှာပြောထွက်ဖို့ကို အရမ်းစိုးရိမ်နေမိသည် ။ တကယ်လို့ ကောင်လေးဘက်က အခြေအနေကို သဘောမကျခဲ့ရင် သွားပြီ ။ သူဘယ်လိုမှ တတ်နိုင်တော့မှာမဟုတ်ဘူး ။ တကယ်ပဲပြောလိုက်ရတော့မလား လို့ ကိုယ့်ကိုကိုယ် ခနခန မေးခွန်းထုတ်နေမိသာလဲ အကြိမ်ကြိမ်ပင် ။ ငြင်းလိုက်ရင်တော့လားဆိုပြီး တွေးပူနေမိသည် ။

“ အာ...ဘာမှမဟုတ်ပါဘူး အရင်စားလိုက်ပါအုံး..အကိုပြီးမှပဲပြောတော့မယ် "

“ ပြီးပါပြီ ရပါတယ် ကျွန်တော်က "

“ အာ ဟုတ်လား "

“ ဟုတ်ကဲ့ "

“ အ့‌ဆို ဟိုဘက်ခနသွားရအောင်လေ jimin ပြီးရင်  "

“ ဟုတ်ကဲ့ "

Jeon နဲ့ jimin နှစ်ယောက်အတူ ပန်းခြံအသေးလေးဘက်ကိုထွက်သွားကြသည် ။

“ သူတို့နှစ်‌ယောက်က အစတုန်းက မြင်တာနဲ့ရန်ဖြစ်ကြတာကို ခုတော့ ခွဲတောင်မရတော့ဘူး "

“ အေးနော် "

သူငယ်ချင်းဖြစ်သူနှစ်ယောက်မှာတော့ အတင်းတုတ်ရင်းကျန်ခဲ့ကြလေသည် ။
__________________

“ jimin..."

“ ဗျာ "

ကောင်လေးနာမည်ကို တိုးလျလျလေးခေါ်လိုက်တော့ သူ့ကိုကြည့်ကာ ပြန်ထူးလာသည်က " ဗျာ "တဲ့ ။ ဒါတွေလည်း မြတ်နိုးရတာတွေထဲကတစ်ခုပဲ ။

“ အကို jimin ကိုပြောစရာရှိတယ် ...နားထောင်ပေးမလား "

“ ဟုတ်ကဲ့ "

ကောင်လေးဘက်က သူဘာ‌ပဲပြောလာပြောလာ ဂရုတစိုက်နဲ့ သေချာနားထောင်ပေးမယ့်ပုံစံလိုမျိုး မလုပ်မရှုက်လေး သူ့ရှေ့တွင် ထိုင်နေသည် ။

“ ကိုယ်လေ...."

Jeon ဘယ်ကဘယ်လိုစပြောရမှန်းမသိသလိုမျိုး ရှက်ကန်းကန်းပုံစံဖြင့် လည်ဂုတ်ကို အကြိမ်ကြိမ် ပွတ်မိနေသည် ။ ဖွင့်ပြောတော့မလို့ ကြံရွယ်လိုက်ပေမယ့် မချင့်မရဲ ဖြစ်နေရသည် ။ ဒီစကားတစ်ခွန်းက သူ့ဘဝအတွက် အကြီးမားဆုံးသော သော့ချက်တစ်ခုဖြစ်သောကြောင့် မအောင်မြင်ခဲ့ရင် လက်မခံခဲ့ရင်ဆိုသော စိုးရိမ်မှုကလေးကြောင့် ကောင်လေးရှေ့ သူ့မှာ တွေတွေဝေဝေရယ် ။

“ ကိုယ်....တကယ်တော့ ဖွင့်ပြောချင်တာ ရှိလို့ပါ..."

ဟူးးး။ စိတ်ကို အများကြီးလျော့ချပြီးတဲ့နောက်မှာတော့ သူထိုစကားတစ်ခွန်းတော့ ထွက်ခဲ့ပြီ ။

“ ဖွင့်ပြောချင်တာ...."

ကောင်လေးက သူ့ကို တွေတွေလေးကြည့်နေခဲ့သည် ။

“ ဖွင့်ပြောချင်တာဆိုပေမယ့် ဖွင့်ပြောချင်ရုံလေးပဲ မဟုတ်ပါဘူးးး။ ကိုယ်အလေးနက်ထားပြီးပြောမှာမို့ jimin ဘက်က သေချာလေးနားထောင်ပေး‌စေချင်တယ် ။ ရမလားဟင်? "

“ ဟို...အကို ဘာပြောမယ်မှန်းမသိပေမယ့် ကျွန်တော် အကိုပြောမယ့် အကြောင်းအရာကို အလေးနက်ထားပြီး နားထောင်မှာပါ "

“ ကျေးဇူးတင်ပါတယ် "

ထိုသို့ ကျေးဇူးတင်စကားဆိုတော့ ကောင်လေးက ခေါင်းငြိမ့်ပြသည် ။ ကောင်လေးရဲ့ မျက်လုံးထဲမှာ သူဘာပြောပြော သေသေချာချာ နားထောင်ဖို့ ဂရုတစိုက်နဲ့ ရှိနေခဲ့သည် ။

“ ကိုယ်တကယ် ဒါကိုပြောဖို့ မချင့်မရဲဖြစ်နေခဲ့တာပါ..။ jimin ဘက်ကတစ်မျိုးထင်မှာလဲဆိုးတာကြောင့် အများကြီး စဉ်းစားခဲ့ရတယ် "

“ နှလုံးသားရေးရာမှာ နောက်ဆုံးတော့လည်း မလွန်ဆန်နိုင်ခဲ့ဘူးပေါ့ "

အကိုက ထိုသို့ ရယ်ကျဲကျဲပြောပြီးတဲ့နောက် Jimin မျက်နှာလေး ရဲတက်သွားသည် ။ ဒါဆို အခု အကိုက သူ့ကို ချစ်ခွင့်ပန်မလို့လား ။ ထိုသို့တွေးမိပြန်တော့ နားရွက်ဖျားလေးတွေပါ ရဲလာသည် ။ ရင်ခုန်နေသလိုလို ရင်တုန်နေသလိုလို ခံစားချက်က သူ့လက်ဖျားကလေးပင် တုန်တုန်ရီရီဖြစ်လာသည် အထိ ပြင်းလွန်းနေသည် ။

“ ဒီလောက်ဆိုရင် ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်နဲ့သက်ရောက်မှုကို jimin သဘောပေါက်မယ်ထင်ပါတယ် "

“ ဟုတ် "

ထိုသို့ "ဟုတ်" တစ်လုံးတည်းပြန်ဖြေကာ jimin ခေါင်းငုံ့နေမိသည်။
ထို့နောက် အကိုသည် သူ၏ လက်ကို ဆုပ်ကိုင်လာခဲ့သည် ။ သူ့မျက်လုံးလေးများ ဝိုင်းသွားခဲ့ရသည် ။ အကို့ကို မော့ကြည့်မိတော့ အကြင်နာမျက်လုံး ဝိုင်းဝိုင်းတွေဖြင့် သူ့ကိုစိုက်ကြည့်နေသည်ကိုတွေ့တော့ မျက်နှာက ပန်းရောင်အဆင့်မဟုတ်တော့ဘဲ အနီရောင်အဆင့်သို့ရောက်ရှိနေတော့မည် ။

“ ကိုယ်.... jimin ကိုသဘောကျတယ်...."

Jimin ရဲပြီးသား မျက်နှာ ပိုရဲသထက်ရဲလာသည် ။
ရုတ်တရက် တိုက်ခတ်လာသော လေပြည်တစ်ချို့သည် jimin နှလုံးသားထဲအထိ အေးစိမ့်သွားစေသည် ။ နောက် ပန်းခင်းထဲရောက်သွားသလို မွှေးပျံ့ပျံ့ရနံ့တွေက သင်းခနဲစူးကာ နှာခေါင်းထဲ အလုအယက်တိုးဝင်လာကြသည် ။ မွှေးလိုက်တာ ။ သူဒီရနံ့ကိုကြိုက်လိုက်တာ ။ အင်းးးး သူနှာခေါင်းလေးကို တရှုံ့ရှုံ့နဲ့ရနံ့တွေကိုလောဘကြီးမိတော့ ထိုရနံ့တွေ မရတော့ဘူး ။ ပျောက်သွားပြီ ။သူ...သူ...သေချာခံစားကြည့်တော့ ပန်းခင်းထဲမဟုတ်ပြန်ဘူး ‌။ ရေတံခွန်အောက် ရောက်သွားသလို အေးစိမ့်စိမ့်နဲ့ ။ နှလုံးသားထဲထိကိုအေးသွားတာ ။ သေချာပြန်ခံစားကြည့်တော့ အေးနေရာကနေ ပူလာပြန်သည် ။ ချွေးတွေပင်စို့လာခဲ့သည်မို့ ရေတံခွန်အောက်မဟုတ်ဘဲ နေပူပြင်းပြင်းရှိ ကွင်းပြင်တစ်ခုမှာ ။ ဟင့်အင်းဒါကကွင်းပြင်မဟုတ်ပြန်ဘူး ။ ဒါက ကျောင်း၊ သူကကျောင်းဝန်းထဲက ဥယဉ်အသေးလေးထဲမှာဆိုတာအသေအချာပါပဲ ။ ဒါကတကယ် အသေအချာပါပဲ ။

“ သဘောကျရုံတင် မဟုတ်ပါဘူး...ကိုယ် jimin ကိုမြတ်မြတ်နိုးနိုးနဲ့ကို ချစ်တာပါ "

“ ဗျာ "

အကိုက ကျိုးကျိုးနွံနွံမျက်ဝန်းတွေနဲ့ကြည့်ကာ ဆိုလာတော့
သူ့ရင်ထဲမှာ ကျူးလစ်ပန်းပေါင်း ထောင်သောင်းမက
ဖူးပွင့်ကုန်သည် ။ ဒီခံစားချက်ဟာ ဘယ်လိုမျိုးပါလဲ? ။
တစ်ခါမှ ရင်မခုန်ခဲ့ဖူးသောသူသည် ခုလိုမျိုးရင်အစုံဟာ
ပေါက်ထွက်တော့မလို ခုန်ထွက်လာတော့မလို ခံစားချက်မျိုး
ကြောင့် ဖျားတောင်ဖျားချင်လာသည်အထိပင် ။
ကြည့်ရင်း ကြည့်ရင်း အကို့မျက်ဝန်းတွေက အနက်ရောင်ကနေပန်းရောင်ပြောင်းလာသလို ။ ဝါးးးးအသဲနှလုံးပန်းရောင်လေးတွေပါ ထွက်လို့လာသည် ။
Yeah Park jimin ။ မျက်လုံးထဲကနေ ပန်းရောင်အသဲနှလုံးထွက် လာသည်အထိကတော့ မဟုတ်သေးပါဘူး ။
မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ကြည့်တော့
နဂိုကလို အနက်ရောင်ပါပဲ ။ ဟူးးးး။ ငါကိုကရူးနေပြီထင်တယ် ။

“ jimin "

အကိုက ဆုပ်ကိုင်ထားတဲ့သူ့လက်ကို လှုပ်ခါပြီးပြောမှ
သူအသိပြန်ဝင်လာသည် ။

“ ဗျာ "

“ ကိုယ့်အချစ်ကို လက်ခံတယ်မို့လား "

“ ဟို....အဲ့...တာ...က...လေ...."

“ ငြင်းဖို့တော့မကြိုးစားပါနဲ့...ဒါက ကိုယ့်ဘဝရဲ့ပထမဆုံးနဲ့ နောက်ဆုံးအချစ်မို့ပါ "

“ ဟုတ်ကဲ့ "

“ ဒါဆို jiminက ကိုယ့်အချစ်ကို လက်ခံတယ်ပေါ့နော် "

အကိုက မြန်မြန်ဆန်ဆန်ပင် သူ့အားဖက်ကာပြောလာတော့
သူ့မှာ ယောင်‌ယောင်မှားမှားနဲ့ ခေါင်းငြိမ့်မိတော့မလိုပင် ။
အမယ်လေး စွဲအားတွေများပြင်းထန်လိုက်တာ အကိုရယ် ။

“ ခနနေပါဦး....ချက်ချင်းကြီးတော့ မဟုတ်သေးဘူးလေ ။ရက်နည်းနည်းတော့ စောင့်ပါနော် "

“ အဲ့လိုမလုပ်ပါနဲ့ အချိန်အကြာကြီးယူစဉ်းစားရင် ဦးနှောက်တွေအလုပ်များကုန်မှာပေါ့ ။ ဒီလိုလုပ်ပါလား ခုမပေးချင်ရင် ညကျ ရင်ပေးပါလား ကိုယ်ညထိစောင့်ပေးမယ်လေနော် "

“ ဗျာ...ည....ည....ညကြီးလား? "

“ အင်းညကြီးပေါ့ ။ မကောင်းဘူးလား ။ jimin အဖြေကို ကိုယ်စောင့်နေမယ်နော်..."

အကိုက ချစ်စရာအပြုံးနဲ့ ဆိုလာတော့ သူခေါင်းငြိမ့်လိုက်မိပြီ။ ဖြစ်ချင်ရာတာ ဖြစ်ပါစေတော့ ။ အကို့နောက်ပဲ သူလိုက်ပါတော့မည် ။

___________________

“ ဒီကိစ္စကို တစ်ပတ်အတွင်းဖြစ်ချင်တယ် ရအောင်စီစဉ်ပါ "

“ ဟုတ်ကဲ့ပါ ဘော့စ် "

“ ဒီတစ်ခါတော့ အမှားအယွန်း တကယ်မဖြစ်ချင်ဘူးကွာ "

“ စိတ်ချပါဘော့စ် ဒီတစ်ခါ သေချာလုပ်လိုက်မှာမို့လို့ ဘော့စ်လုံးဝ စိတ်မပျက်စေရပါဘူး "

“ ကောင်းပြီ စိတ်မပျက်စေနဲ့ပေါ့ကွာ...ဒီတစ်ခါ ငါဖြစ်ချင်တိုင်းမဖြစ်ရဘဲ အကုန်ပျက်စီးကုန်ရင် အဲ့ဒီကောင်အစား မင်းတို့ကိုငါ တမလွန်ကို ပို့ပေးမယ်....။ အဲ့စကားသေချာမှတ်ထားလိုက် ။ အဲ့ဒီကောင် မသေရင် မင်းတို့က အစားသေပေးရမယ် "

“ စိတ်ချပါ ဘော့စ် "

ဖုန်းပြောပြီးတာနဲ့ အကွယ်တွင်ရပ်နေသော မတ်စ်အမဲ ဦးထုတ်အမဲနဲ့လူသည် ထွက်သွားတော့သည် ။

_______________________

ညနေခင်း ကျောင်းဆင်းပြီး အိမ်ရောက်တော့ သူ့မှာတွေတွေကြီး ကုတင်ပေါ်မှာ ထိုင်နေမိသည် ။ ညရောက်ဖို့ နာရီပိုင်းသာလိုတော့သာဖြစ်၍ ရင်တွေ ပိုပိုခုန်လာသည် ။ ရည်းစားရတော့မည်ဖြစ်၍ ခံစားချက်တွေဟာ အော်ရယ်ချင်လာသလိုလို ။ အော်ပဲ ငိုပစ်ချင်လာသလိုလို ။ ဆယ်ကျော်သက်ကလေးမို့ ခံစားချက်ဟာ ဘာနဲ့မှမတူ သစ်လွင်နေခဲ့သည် ။ အကို့လို လူမျိုးဟာ သူ့အပိုင်ဖြစ်လာတော့မည်ဟု တွေးမိ၍ မျက်နှာဟာ မှိုရသလို ပြုံးဖြီးလာပြန်သည်။

မဖြစ်သေးပါဘူး ရေအရင်ချိုးမှ ။ အကို့အကြောင်းတွေသာ ဆက်တိုက်တွေးနေမိရင် သူဒီနေ့ရေတောင်ချိုးရမည်မထင် ။ ရေချိုးခန်းထဲလဲ မှန်ကိုကြည့်ကာ ပြုံးနေမိပြန်သည် ။ ဆပ်ပြာတိုက်လဲပြုံး ။ ရေစက်ကလေးတွေ ကြည့်ရင်းလည်းပြုံး ။ ဘာလုပ်လုပ်ပြုံး ။ Park jimin ဟာစိတ်လွတ်နေပြီထင်ပါရဲ့။
ရေချိုးတာ အတော်အတန်ကြာပြီးတဲ့နောက်မှာတော့ အဝတ်စားလဲခြင်းအစီအဉ်ကို မြန်မြန်ဆောင်ရွက်တော့သည် ။ ဒီလိုနဲ့ အကို့ကြောင့် အအေးပတ်ပြီး ဖျားကုန်တော့မှာပဲ ။

“ တိန်"

ဖုန်းမှ ကျလာသော noti အသံကြောင့် စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်ကာဖွင့်ကြည့်လိုက်သည် ။ စာလေးတစ်စောင် ။ စာသည် @JK ‌ဆိုသော ig acc တစ်ခုမှ သူ့အားပေးပို့ခြင်း ။ သူ့ရင်ခုန်သံတွေ မြန်လာသည် ။ ဒါအကိုကလွဲပြီး ဘယ်သူဖြစ်နိုင်ပါ့မလဲ ။

“ ကိုယ့်ကို ချစ်တယ်မလား။ "

ဆိုသော မတ်ဆေ့လေးသည် လူကိုသတ်နေသလို ။ အဲ့အကိုကလေ လူတင်မဟုတ်ဘူး မတ်ဆေ့တစ်ကြောင်းလေးအစ မိုက်နေတာ ။ အဖြေပေးတော့လို့မဟုတ်ဘဲ ကိုယ့်ကိုချစ်တယ်မလားတဲ့၊ ကျွန့်တော့်စိတ်ကို ဖတ်နိုင်စွမ်းတွေများ ရှိနေသလား အကိုရယ် ။

“ ဗျာ "

သူထိုသို့ပြန်ပို့လိုက်တော့ အကိုသည် စိတ်မရှည်စွာပင် video call ခေါ်ချခဲ့သည် ။

“ အမလေး ဘုရား...."

သူအသံလေး ထွက်ရုံမျှရွတ်ဆိုမိလိုက်သည် ။ အကိုကတော့လေ လူကိုသေစေချင်နေပြီလား ။ အဖြေတောင်းတာကို video call ခေါ်ပြီး တောင်းရသလား ။ ကိုင်ရမလား မကိုင်ရဘူးလား စဉ်းစားနေချိန် ongoing call လေးဟာ ကျသွားခဲ့ပြီ ။ သူလက်မလေးကိုက်ကာ စိတ်လှုပ်ရှားနေချိန်~

“ မကိုင်ဘူးလား ကောင်လေး ။ ကိုယ်အိမ်ထိလာပြီး ဖက်နမ်းပစ်ရမလား ။ "

ထပ်မံရောက်လာသော စာတစ်စောင်သည် သူ့စိတ်လှုပ်ရှားမှုအား ပိုမိုမြင့်မားစေလာသည် ။ ဘုရား‌ရေ ဒီအကိုဟာ ဘယ်လိုတောင်လဲ ။  နောက်တစ်ကြိမ် ထပ်ခေါ်လာပြန်သော ongoing call လေးကို သူကိုင်လိုက်တော့သည် ။ အကို့ကို ကြောက်တယ်လေ ။ screen ပေါ် ပေါ်လာသော အကို့မျက်နှာသည် ရေချိုးပြီးစမို့ထင်သည် ကြည်ရှင်းသန့်နေသည် ။ ရေစက်လက် ဆံပင်တွေသည် park jimin ကိုပြုစားနေသလို ။

“ ကောင်လေး ။ အဖြေပေးတော့လေ ချစ်တယ်လို့။ "

အကိုဟာလေဇွတ်တရွတ် ။

“ ဟုတ်။ "

“ ဘာကိုဟုတ်တာလဲ ကောင်လေး။ အချိန်တွေ မဆွဲပါနဲ့တော့ကွာ၊ ကိုယ်မစောင့်နိုင်တော့ဘူး။ ပေးလိုက်ပါတော့ ချစ်တယ်ဆိုပြီး။ "

“ အကိုကလဲ.... "

jiminသည် အတင်းချစ်ပါတယ်လို့ ပြောခိုင်းနေတဲ့ အကိုကြောင့် အရှက်ပိုလာရသည် ။

“ ချစ်လားလို့။ "

“ အင်းလို့။ "

အကို့ကိုမကြည့်ဘဲ ဘေးကိုမျက်နှာလှည့်ကာ  လိုချင်နေသော အဖြေအားပေးလိုက်သည် ။

“ ဟာ တကယ်လား jimin ။ "

ဖုန်း screen ကို ပိုတိုးကပ်လာသော အကိုဟာ screenကနေပေါက်ထွက်ပြီး သူ့ကိုလာနမ်းတော့မလိုပင် ။ သူယောင်၍ ဖုန်းနဲ့ အနည်းငယ်ကွာသွားအောင် မျက်နှာကို နောက်ဆုတ်မိသား။

“ ဟုတ် ။ "

“ ချစ်တယ်လို့ကြားချင်သေးတာ။ ပြောပါအုံး ချစ်တယ်လို့ ။ "

“ နောက်...နေ့မှ...ပြောလို့..."

“ နိုးနော် ။ မရဘူး ဘာနောက်နေ့မှမရဘူး ။ အခုပဲပြော ။ "

“ အကိုကလဲ..."

“ ပြောလို့။ "

“ ချစ်...ချစ်တယ်ကွာ ။ "

ပြောပြီးသည်နှင့် jimin သည် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။

“ တကယ်နော် ကောင်လေး ။ "

ဆိုကာ အကို့ရယ်သံကြီးကိုကြားလိုက်ရပါသည် ။

“ ဘာလို့မျက်နှာကို လက်နဲ့ အုပ်ထားရတာလဲ ကလေးလေး။ "

ကလေးလေးဆိုသော အသုံးအနှုန်းတွင် လူသည် ရှိန်းတိန်းတိန်းဖြစ်လာရသည် ။ အဖြေပေးပြီး နောက်နေ့ဖျားသွားတယ်ဆိုတဲ့ သတင်းကို ကြားချင်နေတာလား အကို ။

“ တကယ် ချစ်တာလား ။ "

“ ဟုတ်။ "

“ တကယ်ချစ်တယ်ဆို အောက်ကိုခန ဆင်းခဲ့ပါအုံးကွာ ကိုယ်တအားအေးနေပြီ ။"

“ ဟင်"

နားမလည်စွာ အကို့ကိုကြည့်လိုက်တော့ အကိုသည် ပြုံးပြနေခဲ့သည် ။

“ ဆင်ခဲ့အုံးလို့ ကိုယ် jimin ရဲ့အိမ်ရှေ့မှာ ။ "

ပြောကာ သူ့အိမ်ဘက်ကို camera လှည့်ပြတော့ ဟုတ်ပါ့ ဖုန်း screen မှာပေါ်လာတာ သူ့အိမ်မှ သူ့အိမ်ကြီးပါ့ ။ ဒီအိမ်ကြီးသည် တောင်ကိုရီးယား တစ်နိုင်ငံလုံးတွင် ဒီလိုအိမ်ပုံစံ ဒီတစ်အိမ်သာရှိသည် ။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အကိုသည် ဆိုင်ကယ်ကို မှီထားကာ သူ့ကို လက်လှမ်းပြနေသည် ။ ပါးစပ်ကလည်း တစ်ခုခုပြောနေသေးသည် ။           “ မြန်မြန်လာ" တဲ့ ။

သူဖုန်းcall လေးကိုချကာ အောက်သို့အလျင်အမြန် ပြေးဆင်းသွားသည် ။ ညအချိန်သည် ခုနစ်နာရီ ကျော်ရုံလေးမို့ သိပ်မမှောင်သေး ။ ခြံတံခါးရှေ့ရောက်တော့ အကိုသည် သူ့ကိုပြုံးပြုံးလေးကြည့်နေသည် ။ ငါနော် ဒီလိုကြည့်နေတော့ ခြံအပြင်ရောက်အောင် ဘယ်လိုလာရပါ့မလဲ ။

“ လာလေ jimin ။ "

အကိုက လက်ကလေး လှမ်းကာခေါ်နေတာမို့ မရှိသော သတ္တိတွေကို ထုတ်သုံးပြီး သွားလိုက်သည် ။ အကိုနဲ့ အနည်းငယ်အကွာတွင် ရပ်လိုက်သည် ။ အကိုသည် ခြေတစ်လှမ်းတိုးလာကာ သူ့လက်အားဆွဲကာ ဖက်ပစ်လိုက်သည် ။

“ အင့်။ "

သူသည် အကို့ရင်ခွင်ကြီးထဲ ကြောင်ကြောင်လေးရယ်။

“ ဒီလိုလေးဖက်ထားချင်နေခဲ့တာ ကြာပြီ ။"

“............ "

“ ကိုယ် jimin ကိုစတွေ့ကတည်းက သဘောကျနေခဲ့တာ။ "

jimin မျက်လုံးလေးတွေ ဝိုင်းခနဲ ။ မဖြစ်နိုင်တာ အကိုနဲ့သူစတွေ့ခဲ့တာက တစ်ယောက်နဲ့ တစ်ယောက်ကြည့်မရချင်းတွေနဲ့စတင်ခဲ့တာကို ။

“ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်မရခဲ့ပေမယ့် အဲ့ကြည့်လို့မရတာ‌တွေကနေ အချစ်သို့ပြောင်းသွားခဲ့တယ်ထင်တယ် ။ "

ဟင်။ အကိုက သူ့စိတ်ကိုဖတ်နိုင်နေသလိုပဲ ။ ရင်တွေခုန်လိုက်တာ အကိုရယ် ။ အကိုသည် သူ့ကိုဖက်ထားရာကနေ သူ့ကိုယ်လုံးလေးအား ကိုင်ကာ ခွာလိုက်ပြန်သည် ။

“ ကိုယ်လေ jimin ကိုအရမ်းချစ်တာပဲ။ "

သူ့ပါးလေးကို ကိုင်ကာပြောလာသော အကိုသည် သူ့ကို ဒီနေရာမှာတင် အသက်ထွက်သွားစေချင်နေတာများလား ။

“ နမ်းလို့ရမလား jimin..."

“ ဟင် ။ "

အကိုသည် ခွင့်တောင်းနေတာလား ။ မဟုတ်ခဲ့ပါ ။ သူနမ်းမယ်ဆိုတာ အသိပေးခဲ့ရုံပါပဲ ။ ကိုယ်ကနမ်းပါလို့ အဖြေတောင်မပေးရသေးဘူး အကိုကတော့ နမ်းနေခဲ့ပြီ ။ အကို့နှုတ်ခမ်းပါးလေးသည် သူ့နှုတ်ခမ်းပေါ်သို့ နူးနူးညံ့ညံ့လေး ထိတွေ့နေခဲ့သည် ။ တစ်ချက်တစ်ချက် လှုပ်ရှားလိုက်တိုင်း သူ့မှာ ကမ္ဘာတွေလည် ။ အကိုသည် သူ့နှုတ်ခမ်းအား ဖိကိုက်လိုက်သည် ။ အနည်းငယ် နာကျင်သွား၍ မကျယ်သော အော်သံသည် ထွက်သွားခဲ့သည် ။

“ အ့..."

ထို့နောက် ဝင်ရောက်လာပါသော ခပ်နွေးနွေးလျှာသည် သူ့ခံတွင်းသို့ အလုအယက် လှုပ်ရှားနေသည် ။ သူ့မျက်လုံးအိမ်ကျဉ်းကျဉ်းကိုတောင် အနည်းငယ်ပြူးသွားစေသည် ။ ဒါဘယ်လို အထိအတွေ့မျိုးပါလိမ့် ။ ဆိုးတာဆိုးခဲ့တာ ထိုကဲ့သို့သော အထိအတွေ့ကိုတော့ သူတစ်ခါမှ ယောင်လို့တောင် မစဉ်းစားဖူးဘူး ။အကိုနဲ့ကြမှ သူ့မှာ အတုန်းတုန်းအရုန်းရုန်း ။
အနည်းငယ်ကြာသည်အထိကို အကိုသည် သူ့နှုတ်ခမ်းအား လွတ်မပေးပါ ။ သူ့မျက်နှာအား လက်နှစ်ဖက်ဖြင့်ကိုင်ယူကာ         အကိုသည် နမ်းလို့ကောင်းတုန်း ။ သူ့မှာလဲ မောလို့ကောင်းတုန်း။ အိမ်ရှေ့မှာမို့ တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူးဆိုသော အသိဖြင့် အကို့ရင်ဘက်ကို ခပ်နာနာရိုက်မှ လွတ်ပေးခဲ့တော့သည် ။ အကိုသည် တော်တော်ဆိုးတာပဲ ။
လွတ်ပေးသွားမှပဲ သူသည် အလကားရသော လေကို အလုအယက်ရှူရတော့သည် ။ အသက်ရှူတွေရပ်လို့ သေတော့မှာပဲဟု ဒေါသစိတ်သေးသေးလေးဖြင့် အကို့အား မျက်စောင်းနဲ့လှမ်းကြည့်တော့ အကိုကရယ်သည် ။

“ အာ....အူယားလိုက်တာ၊ နောက်တစ်ကြိမ်ပြန်နမ်းချင်လာပြန်ပြီ။''

မရဘူးဆိုသော အထာနဲ့  လက်ငါးချောင်းပုံစံဖြင့် ရပ်ဆိုသော လက္ခဏာ ကိုပြရသည်။ ဘယ့်နှယ် ဒီမှာအမောတောင် ကောင်းကောင်းပြေသေးတာမဟုတ်ဘူး ။

“ ကိုယ်မင်းကိုချစ်လိုက်တာ... jimin ရာ..."

ဒီလူကြီး ဒီတစ်နေ့လုံး သူ့ကိုချစ်တယ်ကြီးပြောနေတာ ။ ဒါ့အပြင်မပြောတတ်တော့ဘူးထင်သည် ။ ရည်းစားရော ထားဖူးရဲ့လားပါ့။ မျက်စောင်းလေးနဲ့ပြန်ကြည့်လိုက်တော့~

“ လူကိုမျက်စောင်းနဲ့ပဲကြည့်နေတော့မှာလား..."

ဆိုကာ ဖက်ထားခဲ့ပြန်သည်။ သူလည်း တပြန်ပြန်ဖက်ထားလိုက်သည် ။ထို့နောက် အကို့ ကိုယ်သင်းနံ့လေးကို တဝကြီးရှူရှိုက်လိုက်သည် ။ အကြိုက်နှစ်သက်ဆုံးသော ရေမွှေးပဲ ။

“ Ring-Ring-Ring "

အကို့အိတ်ထဲက ဖုန်းသည်တုန်ခါလာတော့ အကိုသည် သူ့ကိုဖက်ထားရက်ပင် ဖုန်းကိုင်လိုက်သည် ။ သူလည်းအကို့ရင်ဘက်ပေါ် ခေါင်းလေးမှီပြီး နားထောင်နေလိုက်သည် ။

“ ပြော Tae hyung "

“ Jun.g..Jung. ...kook..."

Tae hyung အသံတွေသည် တုန်ယင်နေခဲ့သည် ။ တစ်ချက် တစ်ချက် ရှိုက်သံတွေတောင်ကြားနေရသေးသည် ။ ဘာများဖြစ်နေတာလဲ ။

“ ဘာဖြစ်တာလဲ Tae hyung...၊ မင်းတစ်ခုခုဖြစ်လို့လား..။ "

Jeon သည်စိုးရိမ်တကြီးမေးလိုက်သည် ။ သို့ပေမယ့် Tae hyung သည်ဘာမှပြန်ဖြေမလာပဲ ငိုနေခဲ့သည်  ။ Jeon သည် စိတ်မရှည်တော့စွာ~

“ Kim Tae hyung!! ၊ ဘာဖြစ်နေတာလဲလို့ ၊ ငိုမနေဘဲ ပြောသာပြောပြစမ်း၊ အန်တီနဲ့စကားများလို့လား။ "

“ မ...မ..ဟုတ်ဘူး..."

“ ဒါဆိုဘာလဲ! "

“ ငါ..ငါ..ဘယ်လိုပြော...ရမှန်း မသိဘူးကွာ ။ "

“ ငါစိတ်မရှည်လာတော့ဘူးနော် ၊ ဘာမှမဟုတ်ဘူးဆိုလည်း ဖုန်းချပြီ၊ ဒါပဲ ။ "

“ ho-seok hyung လေ.."

နားနားက ခွာကာ ဖုန်းချခါနီး ကြားလိုက်ရတော့ နာမည်ကြောင့် ဖုန်းကို နားသို့ပြန်ကပ်လိုက်သည် ။ ho-seok hyung ဘာဖြစ်ပြန်ပြီလဲ ။ အရင်တစ်ခါလို ထွက်ပြေးသွားပြန်ပြီလား။

“ ho-seok hyung ဘာဖြစ်လို့လဲ ။ "

ho-seok hyung ဆိုသော နာမည်ကြောင့် ရင်ခွင်ထဲမှာ ငြိမ်နေသော ကောင်လေးသည်လည်း ခေါင်းလေးထောင်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည် ။

“ hyung ကဆေးရုံမှာ....၊ မင်းလာကြည့်ပါလား။ "

စကားဆုံးသည်နှင့် ရှိုက်သံတွေထွက်အောင် ငိုနေသော            Kim Tae hyung ကြောင့် လူက စိုးရိမ်စိတ်မြင့်တက်လာသည် ။ ဘာလို့များ ဆေးရုံထိရောက်သွားရတာလဲ ။ ဘာများဖြစ်လို့လဲကွာ ။

“ ဘယ်ဆေးရုံလဲ ၊ ငါအခုလာခဲ့မယ်..."

“ *********မှာ "

“ အေအေ ။ "

ဖုန်းချကာ အိပ်ထဲပြန်ထည့်လိုက်သည် ။ ခေါင်းတွေပူထူနေလိုက်တာ ။ ဘာများဖြစ်တာပါလဲ ။ Kim Tae hyung ကလည်း နဂိုကနဲ့ကို မတူဘူး၊ အတော်ပြိုလှဲနေသောအသံတွေနှင့်။ သူတကယ် စိတ်ပူလာပါသည် ။

“ အကို ကျွန်တော်ရော လိုက်ခဲ့လို့ရမလား၊ ho-seok hyung ဆီ ။"

Jeon ခေါင်းသာငြိမ့်ပြလိုက်ပြီး ကောင်လေးကို ဆိုင်ကယ်ဦးထုတ်ဆောင်းပေးကာ ထိုမှထွက်ခဲ့လိုက်သည် ။ Jeon စိတ်သည် အရင်ကနဲ့မတူ ထိုညဟာ လေးလံနေခဲ့ပါသည် ။ အနောက်က လိုက်ပါလာသော ကောင်လေးသည်လည်း ho-seok hyung ဘာမှမဖြစ်စေရန် ဆုတောင်းနေလျက် ။


: ဇာတ်လမ်းက မထင်ထားတဲ့ အချိုးအကွေ့ပုံစံမျိုးသွားမှာပါ ။ ဘယ်သူ့ကိုမှလည်း ထိခိုက်နစ်နာလိုစိတ်မရှိပါ ။ ဇာတ်လမ်း သက်သက်သာ 🤍။

: နောက်တစ်ပိုင်းမှာ ဘာတွေဖြစ်မလဲ? ။


########################
########################


( ZG )

//

အမ်ားႀကီး စဥ္းစားမိတယ္...
ထပ္ခါထပ္ခါပဲ ။
ခ်စ္ပစ္လိုက္ဖို႔ လုံေလာက္လားလို႔ ။
အင္အားမရွိတာမဟုတ္ပါဘူး ။
ထုတ္ျပဖို႔ဝန္ေလးေနတာ ။
အခ်ိန္အတိုင္းအတာ တစ္ခုကို ကိုယ္ေစာင့္ေနတာမွန္ေပမယ့္
အဲ့အခ်ိန္က ဘယ္ခ်ိန္မွေရာက္မွာလဲ ။
ကိုယ္ ေစာင့္ရင္းေစာင့္ရင္း က်န္ရစ္ျဖစ္မွာကိုမလိုလားဘူး ။
ဒါေပမယ့္...ကိုယ္ ဝန္ေလးေနတယ္...
အကယ္၍ အေၾကာင္းျပခ်က္တစ္ခုခုနဲ႔ ကိုယ့္ကို
တြန္းလႊတ္လိုက္ရင္...ကိုယ္ ေနာက္တစ္ခါ
ထပ္ ဝန္ခံရဲမွာမဟုတ္ဘူး...အဆိုးဆုံးက ကိုယ္
မင္းအနားမွာ ရွိေနရဲမွာေတာင္မဟုတ္ေတာ့ဘူး ။
ကိုယ္ ဘယ္လိုလုပ္ရမလဲ ။
အေတြးေတြနဲ႔ Jung kook ဟာ ေဝခြဲမရပါ ။

“ အကို "

တခါတည္းမွာ ပင္ ေကာင္ေလးရဲ႕ ေခၚသံကို
ၾကားေယာင္မိေတာ့ သူ႔စိတ္ေတြပိုၿပီးျပတ္သားလာသည္ ။
အၿပဳံးခ်ိဳခ်ိဳေတြကိုပါ တစ္ဆက္ထဲျမင္ေယာင္မိလိုက္ ေတာ့
ကိုယ္ မင္းကိုလက္လြတ္ဖို႔မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ
ေသခ်ာသြားၿပီ ။
စိတ္ေတြကို ေသခ်ာျပင္ဆင္အၿပီးမွာေတာ့
သူေကာင္ေလးကို ဖြင့္ေျပာဖို႔ဆုံးျဖတ္လိုက္သည္ ။
အနည္းဆုံးေတာ့ မင္းဟာကိုယ့္အပိုင္ျဖစ္လာႏိုင္ေသးတယ္ဆိုတဲ့ အေတြးနဲ႔ေပါ့ ။
............................။

အျပာႏုေရာင္စာအိတ္ကေလးကိုသူ ဒီေန႔မွထူးထူးဆန္းဆန္း
သူထုတ္ၾကည့္ေနမိသည္။
အထဲမွာဘာစာေတြေရးထားလဲဆိုတာ သူသိခ်င္ေပမယ့္
စာကကိုယ့္အတြက္မွ မဟုတ္တာ အကို နဲ႔ အကို Taehyung
အတြက္ကို ။ ဒါနဲ႔ ho-seok hyung က ဘယ္အထိသြားမွာမို႔လို႔ စာေတြခ်န္ထားရတာလည္း ။ ထားပါေလ....ဆိုကာ စာအိတ္ေလးကို သူ႔လြယ္အိတ္ထဲျပန္ထည့္လိုက္သည္ ။
ဒီစာအိတ္ေလးကိုေတာ့ သူလြယ္အိတ္ထဲမွာပဲထည့္ေနက် ။
ေနာက္ လြယ္အိတ္လြယ္ကာ ေအာက္ထပ္သို႔ဆင္းခဲ့သည္ ။

“ morning appa.."

‌ဧည့္ခန္းေရာက္ေတာ့ မနက္စာစားေနတဲ့ အေဖ့ကို
သူႏႈတ္ဆက္လိုက္သည္ ။

“ morning...သား မနက္စာမစားေတာ့ဘူးလား "

“ မစားေတာ့ဘူး appa..."

“ အေဖ မင့္ကို မုန႔္ဖိုးလြဲထားေပးတယ္ေနာ္..."

“ ဗ်ာ.."

သူေပ်ာ္သြားကာ ဖုန္းအားခ်က္ခ်င္းထုတ္ၾကည့္လိုက္သည္ ။
ဟုတ္ပါ့ ေဖေဖကသူ႔acc ကိုတြင္ ဝမ္သန္းတစ္ရာ ေတာင္လြဲ
ေပးထားတာ ။

“ အဲ့တာေၾကာင့္ appa ကိုခ်စ္ေနရတာ "

အေဖ့ကို သူဖက္ပစ္လိုက္သည္ ။

“ ေမာင္ jimin တို႔ကေတာ့ မ်က္ႏွာလုပ္ၿပီ "

“ ဟဲ ဟဲ ၊ အဲ့လိုလဲမဟုတ္ပါဘူး appa ကလဲ "

ဆိုကာ မုန႔္တစ္ခုကိုေကာက္ယူကာ ပါးစပ္ထဲ
ထည့္လိုက္ၿပီး ေျပာလိုက္သည္ ။

“ သား သြားၿပီ "

“ ေအေအ ဂ႐ုစိုက္အုံး "

ေန႔ရက္ေတြက သာသာယာယာပါပဲ ။

.................။

ဒီရက္ပိုင္း ႏွာေခါင္းေသြးေတြ ဆက္တိုက္က်ေနလို႔
သူ စိုးရိမ္စိတ္ေတြက ျမင့္တက္လာသည္ ။
ဒီပုံစံအတိုင္းဆို သူေဆးခန္းသြားမွျဖစ္ေတာ့မည္ ။
ႏွာေခါင္းေသြးယိုတဲ့ရက္ကေနစၿပီး
သူ႔မ်က္တြင္းေတြသည္ မဲေနသည္မွာ ျမင္လို႔မေကာင္းေတာ့ ။
သူစိတ္ညစ္လိုက္တာ ဒီေရာဂါႀကီးကို ။
ေက်ာင္းလြယ္အိတ္ထဲ လိုအပ္တဲ့စာအုပ္မ်ားထည့္ကာ
ေက်ာင္းသြားဖို႔ျပင္ရသည္ ။
အခုတေလာ အေဖနဲ႔အေမက ၿငိမ္ေနၾကသည္
ဘာလို႔လဲေတာ့သူလည္းမသိ ။

...........................။

“ hi Beomgu..."

“ hi jimin..."

အျပန္အလွန္ႏႈတ္ဆက္ကာ ေဘးကခုံမွာဝင္ထိုင္လိုက္သည္ ။

“ တစ္ျခားလူေတြေရာ...မေရာက္ေသးဘူးလား "

“အင္း.. မေရာက္ေသးဘူး "

“ ေနာက္က်လိုက္တာ..."

jimin သည္ စားစရာတစ္ခ်ိဳ႕မွာယူလိုက္ၿပီး စားေနလိုက္သည္ ။သူေစာေစာလာတဲ့ေန႔မွ အားလုံးကေနာက္က်ရတယ္လို႔ ။

“ hello...."

လာပါၿပီ အာၿဗဲႀကီးနဲ႔ van..။

“ လူကမေရာက္ေသးဘူး အသံကအရင္ၾကားရၿပီ ငဗန္..."

“ jimin ဘာေတြစား "

မ်က္ေစာင္းနဲ႔ၾကည့္လိုက္သည္ ဒီေကာင္ေတာင္းစားေတာ့မယ္ဆိုတာႀကိဳသိေနလို႔ ။

“ ျဖည္းျဖည္းၾကည့္ပါ...အဲ့တာေလး နည္းနည္းေကြၽး..ဟဲဟဲ "

“ သိေနတယ္ သိေနတယ္...အင့္..."

ပန္းကန္ထဲက မုန႔္တစ္ခုကား ခြန႔္ေကြၽးလိုက္ေတာ့
႐ုပ္ႀကီးကိုၿဖီးလို႔ ။

“ ေကာင္းလိုက္တာ..."

“ jimin..."

“ ဗ်ာ..."

နာမည္ေခၚ သံၾကားေတာ့ သူေယာင္ရမ္းကာ ထူးလိုက္မိသည္။

“ အ ကို..."

အကို သည္သူ႔နာမည္အား ေခၚကာ အေရွ႕ထိုင္ခုံမွာဝင္ထိုင္သည္ ။

“ jimin...ဒီေန႔ေစာတယ္ေနာ္.."

“ ဟုတ္...အကိုလည္းေစာတယ္ေနာ္...ဒီေန႔ "

“  အင္း ဟုတ္တယ္..."

“ အကို ဘာစားၿပီးၿပီလဲ တစ္ခုခုစားမလား..."

“ jimin....ဟိုေလ..."

“ ဟုတ္ "

ေကာင္ေလးကို ၾကည့္ၿပီး သူ႔မွာေျပာထြက္ဖို႔ကို အရမ္းစိုးရိမ္ေနမိသည္ ။ တကယ္လို႔ ေကာင္ေလးဘက္က အေျခအေနကို သေဘာမက်ခဲ့ရင္ သြားၿပီ ။ သူဘယ္လိုမွ တတ္ႏိုင္ေတာ့မွာမဟုတ္ဘူး ။ တကယ္ပဲေျပာလိုက္ရေတာ့မလား လို႔ ကိုယ့္ကိုကိုယ္ ခနခန ေမးခြန္းထုတ္ေနမိသာလဲ အႀကိမ္ႀကိမ္ပင္ ။ ျငင္းလိုက္ရင္ေတာ့လားဆိုၿပီး ေတြးပူေနမိသည္ ။

“ အာ...ဘာမွမဟုတ္ပါဘူး အရင္စားလိုက္ပါအုံး..အကိုၿပီးမွပဲေျပာေတာ့မယ္ "

“ ၿပီးပါၿပီ ရပါတယ္ ကြၽန္ေတာ္က "

“ အာ ဟုတ္လား "

“ ဟုတ္ကဲ့ "

“ အ့‌ဆို ဟိုဘက္ခနသြားရေအာင္ေလ jimin ၿပီးရင္  "

“ ဟုတ္ကဲ့ "

Jeon နဲ႔ jimin ႏွစ္ေယာက္အတူ ပန္းၿခံအေသးေလးဘက္ကိုထြက္သြားၾကသည္ ။

“ သူတို႔ႏွစ္‌ေယာက္က အစတုန္းက ျမင္တာနဲ႔ရန္ျဖစ္ၾကတာကို ခုေတာ့ ခြဲေတာင္မရေတာ့ဘူး "

“ ေအးေနာ္ "

သူငယ္ခ်င္းျဖစ္သူႏွစ္ေယာက္မွာေတာ့ အတင္းတုတ္ရင္းက်န္ခဲ့ၾကေလသည္ ။
__________________

“ jimin..."

“ ဗ်ာ "

ေကာင္ေလးနာမည္ကို တိုးလ်လ်ေလးေခၚလိုက္ေတာ့ သူ႔ကိုၾကည့္ကာ ျပန္ထူးလာသည္က " ဗ်ာ "တဲ့ ။ ဒါေတြလည္း ျမတ္ႏိုးရတာေတြထဲကတစ္ခုပဲ ။

“ အကို jimin ကိုေျပာစရာရွိတယ္ ...နားေထာင္ေပးမလား "

“ ဟုတ္ကဲ့ "

ေကာင္ေလးဘက္က သူဘာ‌ပဲေျပာလာေျပာလာ ဂ႐ုတစိုက္နဲ႔ ေသခ်ာနားေထာင္ေပးမယ့္ပုံစံလိုမ်ိဳး မလုပ္မရႈက္ေလး သူ႔ေရွ႕တြင္ ထိုင္ေနသည္ ။

“ ကိုယ္ေလ...."

Jeon ဘယ္ကဘယ္လိုစေျပာရမွန္းမသိသလိုမ်ိဳး ရွက္ကန္းကန္းပုံစံျဖင့္ လည္ဂုတ္ကို အႀကိမ္ႀကိမ္ ပြတ္မိေနသည္ ။ ဖြင့္ေျပာေတာ့မလို႔ ႀကံ႐ြယ္လိုက္ေပမယ့္ မခ်င့္မရဲ ျဖစ္ေနရသည္ ။ ဒီစကားတစ္ခြန္းက သူ႔ဘဝအတြက္ အႀကီးမားဆုံးေသာ ေသာ့ခ်က္တစ္ခုျဖစ္ေသာေၾကာင့္ မေအာင္ျမင္ခဲ့ရင္ လက္မခံခဲ့ရင္ဆိုေသာ စိုးရိမ္မႈကေလးေၾကာင့္ ေကာင္ေလးေရွ႕ သူ႔မွာ ေတြေတြေဝေဝရယ္ ။

“ ကိုယ္....တကယ္ေတာ့ ဖြင့္ေျပာခ်င္တာ ရွိလို႔ပါ..."

ဟူးးး။ စိတ္ကို အမ်ားႀကီးေလ်ာ့ခ်ၿပီးတဲ့ေနာက္မွာေတာ့ သူထိုစကားတစ္ခြန္းေတာ့ ထြက္ခဲ့ၿပီ ။

“ ဖြင့္ေျပာခ်င္တာ...."

ေကာင္ေလးက သူ႔ကို ေတြေတြေလးၾကည့္ေနခဲ့သည္ ။

“ ဖြင့္ေျပာခ်င္တာဆိုေပမယ့္ ဖြင့္ေျပာခ်င္႐ုံေလးပဲ မဟုတ္ပါဘူးးး။ ကိုယ္အေလးနက္ထားၿပီးေျပာမွာမို႔ jimin ဘက္က ေသခ်ာေလးနားေထာင္ေပး‌ေစခ်င္တယ္ ။ ရမလားဟင္? "

“ ဟို...အကို ဘာေျပာမယ္မွန္းမသိေပမယ့္ ကြၽန္ေတာ္ အကိုေျပာမယ့္ အေၾကာင္းအရာကို အေလးနက္ထားၿပီး နားေထာင္မွာပါ "

“ ေက်းဇူးတင္ပါတယ္ "

ထိုသို႔ ေက်းဇူးတင္စကားဆိုေတာ့ ေကာင္ေလးက ေခါင္းၿငိမ့္ျပသည္ ။ ေကာင္ေလးရဲ႕ မ်က္လုံးထဲမွာ သူဘာေျပာေျပာ ေသေသခ်ာခ်ာ နားေထာင္ဖို႔ ဂ႐ုတစိုက္နဲ႔ ရွိေနခဲ့သည္ ။

“ ကိုယ္တကယ္ ဒါကိုေျပာဖို႔ မခ်င့္မရဲျဖစ္ေနခဲ့တာပါ..။ jimin ဘက္ကတစ္မ်ိဳးထင္မွာလဲဆိုးတာေၾကာင့္ အမ်ားႀကီး စဥ္းစားခဲ့ရတယ္ "

“ ႏွလုံးသားေရးရာမွာ ေနာက္ဆုံးေတာ့လည္း မလြန္ဆန္ႏိုင္ခဲ့ဘူးေပါ့ "

အကိုက ထိုသို႔ ရယ္က်ဲက်ဲေျပာၿပီးတဲ့ေနာက္ Jimin မ်က္ႏွာေလး ရဲတက္သြားသည္ ။ ဒါဆို အခု အကိုက သူ႔ကို ခ်စ္ခြင့္ပန္မလို႔လား ။ ထိုသို႔ေတြးမိျပန္ေတာ့ နား႐ြက္ဖ်ားေလးေတြပါ ရဲလာသည္ ။ ရင္ခုန္ေနသလိုလို ရင္တုန္ေနသလိုလို ခံစားခ်က္က သူ႔လက္ဖ်ားကေလးပင္ တုန္တုန္ရီရီျဖစ္လာသည္ အထိ ျပင္းလြန္းေနသည္ ။

“ ဒီေလာက္ဆိုရင္ ကိုယ္ေျပာခ်င္တဲ့ အဓိပၸာယ္နဲ႔သက္ေရာက္မႈကို jimin သေဘာေပါက္မယ္ထင္ပါတယ္ "

“ ဟုတ္ "

ထိုသို႔ "ဟုတ္" တစ္လုံးတည္းျပန္ေျဖကာ jimin ေခါင္းငုံ႔ေနမိသည္။
ထို႔ေနာက္ အကိုသည္ သူ၏ လက္ကို ဆုပ္ကိုင္လာခဲ့သည္ ။ သူ႔မ်က္လုံးေလးမ်ား ဝိုင္းသြားခဲ့ရသည္ ။ အကို႔ကို ေမာ့ၾကည့္မိေတာ့ အၾကင္နာမ်က္လုံး ဝိုင္းဝိုင္းေတြျဖင့္ သူ႔ကိုစိုက္ၾကည့္ေနသည္ကိုေတြ႕ေတာ့ မ်က္ႏွာက ပန္းေရာင္အဆင့္မဟုတ္ေတာ့ဘဲ အနီေရာင္အဆင့္သို႔ေရာက္ရွိေနေတာ့မည္ ။

“ ကိုယ္.... jimin ကိုသေဘာက်တယ္...."

Jimin ရဲၿပီးသား မ်က္ႏွာ ပိုရဲသထက္ရဲလာသည္ ။
႐ုတ္တရက္ တိုက္ခတ္လာေသာ ေလျပည္တစ္ခ်ိဳ႕သည္ jimin ႏွလုံးသားထဲအထိ ေအးစိမ့္သြားေစသည္ ။ ေနာက္ ပန္းခင္းထဲေရာက္သြားသလို ေမႊးပ်ံ႕ပ်ံ႕ရနံ႔ေတြက သင္းခနဲစူးကာ ႏွာေခါင္းထဲ အလုအယက္တိုးဝင္လာၾကသည္ ။ ေမႊးလိုက္တာ ။ သူဒီရနံ႔ကိုႀကိဳက္လိုက္တာ ။ အင္းးးး သူႏွာေခါင္းေလးကို တရႈံ႕ရႈံ႕နဲ႔ရနံ႔ေတြကိုေလာဘႀကီးမိေတာ့ ထိုရနံ႔ေတြ မရေတာ့ဘူး ။ ေပ်ာက္သြားၿပီ ။သူ...သူ...ေသခ်ာခံစားၾကည့္ေတာ့ ပန္းခင္းထဲမဟုတ္ျပန္ဘူး ‌။ ေရတံခြန္ေအာက္ ေရာက္သြားသလို ေအးစိမ့္စိမ့္နဲ႔ ။ ႏွလုံးသားထဲထိကိုေအးသြားတာ ။ ေသခ်ာျပန္ခံစားၾကည့္ေတာ့ ေအးေနရာကေန ပူလာျပန္သည္ ။ ေခြၽးေတြပင္စို႔လာခဲ့သည္မို႔ ေရတံခြန္ေအာက္မဟုတ္ဘဲ ေနပူျပင္းျပင္းရွိ ကြင္းျပင္တစ္ခုမွာ ။ ဟင့္အင္းဒါကကြင္းျပင္မဟုတ္ျပန္ဘူး ။ ဒါက ေက်ာင္း၊ သူကေက်ာင္းဝန္းထဲက ဥယဥ္အေသးေလးထဲမွာဆိုတာအေသအခ်ာပါပဲ ။ ဒါကတကယ္ အေသအခ်ာပါပဲ ။

“ သေဘာက်႐ုံတင္ မဟုတ္ပါဘူး...ကိုယ္ jimin ကိုျမတ္ျမတ္ႏိုးႏိုးနဲ႔ကို ခ်စ္တာပါ "

“ ဗ်ာ "

အကိုက က်ိဳးက်ိဳးႏြံႏြံမ်က္ဝန္းေတြနဲ႔ၾကည့္ကာ ဆိုလာေတာ့
သူ႔ရင္ထဲမွာ က်ဴးလစ္ပန္းေပါင္း ေထာင္ေသာင္းမက
ဖူးပြင့္ကုန္သည္ ။ ဒီခံစားခ်က္ဟာ ဘယ္လိုမ်ိဳးပါလဲ? ။
တစ္ခါမွ ရင္မခုန္ခဲ့ဖူးေသာသူသည္ ခုလိုမ်ိဳးရင္အစုံဟာ
ေပါက္ထြက္ေတာ့မလို ခုန္ထြက္လာေတာ့မလို ခံစားခ်က္မ်ိဳး
ေၾကာင့္ ဖ်ားေတာင္ဖ်ားခ်င္လာသည္အထိပင္ ။
ၾကည့္ရင္း ၾကည့္ရင္း အကို႔မ်က္ဝန္းေတြက အနက္ေရာင္ကေနပန္းေရာင္ေျပာင္းလာသလို ။ ဝါးးးးအသဲႏွလုံးပန္းေရာင္ေလးေတြပါ ထြက္လို႔လာသည္ ။
Yeah Park jimin ။ မ်က္လုံးထဲကေန ပန္းေရာင္အသဲႏွလုံးထြက္ လာသည္အထိကေတာ့ မဟုတ္ေသးပါဘူး ။
မ်က္လုံးကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ျပန္ၾကည့္ေတာ့
နဂိုကလို အနက္ေရာင္ပါပဲ ။ ဟူးးးး။ ငါကိုက႐ူးေနၿပီထင္တယ္ ။

“ jimin "

အကိုက ဆုပ္ကိုင္ထားတဲ့သူ႔လက္ကို လႈပ္ခါၿပီးေျပာမွ
သူအသိျပန္ဝင္လာသည္ ။

“ ဗ်ာ "

“ ကိုယ့္အခ်စ္ကို လက္ခံတယ္မို႔လား "

“ ဟို....အဲ့...တာ...က...ေလ...."

“ ျငင္းဖို႔ေတာ့မႀကိဳးစားပါနဲ႔...ဒါက ကိုယ့္ဘဝရဲ႕ပထမဆုံးနဲ႔ ေနာက္ဆုံးအခ်စ္မို႔ပါ "

“ ဟုတ္ကဲ့ "

“ ဒါဆို jiminက ကိုယ့္အခ်စ္ကို လက္ခံတယ္ေပါ့ေနာ္ "

အကိုက ျမန္ျမန္ဆန္ဆန္ပင္ သူ႔အားဖက္ကာေျပာလာေတာ့
သူ႔မွာ ေယာင္‌ေယာင္မွားမွားနဲ႔ ေခါင္းၿငိမ့္မိေတာ့မလိုပင္ ။
အမယ္ေလး စြဲအားေတြမ်ားျပင္းထန္လိုက္တာ အကိုရယ္ ။

“ ခနေနပါဦး....ခ်က္ခ်င္းႀကီးေတာ့ မဟုတ္ေသးဘူးေလ ။ရက္နည္းနည္းေတာ့ ေစာင့္ပါေနာ္ "

“ အဲ့လိုမလုပ္ပါနဲ႔ အခ်ိန္အၾကာႀကီးယူစဥ္းစားရင္ ဦးေႏွာက္ေတြအလုပ္မ်ားကုန္မွာေပါ့ ။ ဒီလိုလုပ္ပါလား ခုမေပးခ်င္ရင္ ညက် ရင္ေပးပါလား ကိုယ္ညထိေစာင့္ေပးမယ္ေလေနာ္ "

“ ဗ်ာ...ည....ည....ညႀကီးလား? "

“ အင္းညႀကီးေပါ့ ။ မေကာင္းဘူးလား ။ jimin အေျဖကို ကိုယ္ေစာင့္ေနမယ္ေနာ္..."

အကိုက ခ်စ္စရာအၿပဳံးနဲ႔ ဆိုလာေတာ့ သူေခါင္းၿငိမ့္လိုက္မိၿပီ။ ျဖစ္ခ်င္ရာတာ ျဖစ္ပါေစေတာ့ ။ အကို႔ေနာက္ပဲ သူလိုက္ပါေတာ့မည္ ။

___________________

“ ဒီကိစၥကို တစ္ပတ္အတြင္းျဖစ္ခ်င္တယ္ ရေအာင္စီစဥ္ပါ "

“ ဟုတ္ကဲ့ပါ ေဘာ့စ္ "

“ ဒီတစ္ခါေတာ့ အမွားအယြန္း တကယ္မျဖစ္ခ်င္ဘူးကြာ "

“ စိတ္ခ်ပါေဘာ့စ္ ဒီတစ္ခါ ေသခ်ာလုပ္လိုက္မွာမို႔လို႔ ေဘာ့စ္လုံးဝ စိတ္မပ်က္ေစရပါဘူး "

“ ေကာင္းၿပီ စိတ္မပ်က္ေစနဲ႔ေပါ့ကြာ...ဒီတစ္ခါ ငါျဖစ္ခ်င္တိုင္းမျဖစ္ရဘဲ အကုန္ပ်က္စီးကုန္ရင္ အဲ့ဒီေကာင္အစား မင္းတို႔ကိုငါ တမလြန္ကို ပို႔ေပးမယ္....။ အဲ့စကားေသခ်ာမွတ္ထားလိုက္ ။ အဲ့ဒီေကာင္ မေသရင္ မင္းတို႔က အစားေသေပးရမယ္ "

“ စိတ္ခ်ပါ ေဘာ့စ္ "

ဖုန္းေျပာၿပီးတာနဲ႔ အကြယ္တြင္ရပ္ေနေသာ မတ္စ္အမဲ ဦးထုတ္အမဲနဲ႔လူသည္ ထြက္သြားေတာ့သည္ ။

_______________________

ညေနခင္း ေက်ာင္းဆင္းၿပီး အိမ္ေရာက္ေတာ့ သူ႔မွာေတြေတြႀကီး ကုတင္ေပၚမွာ ထိုင္ေနမိသည္ ။ ညေရာက္ဖို႔ နာရီပိုင္းသာလိုေတာ့သာျဖစ္၍ ရင္ေတြ ပိုပိုခုန္လာသည္ ။ ရည္းစားရေတာ့မည္ျဖစ္၍ ခံစားခ်က္ေတြဟာ ေအာ္ရယ္ခ်င္လာသလိုလို ။ ေအာ္ပဲ ငိုပစ္ခ်င္လာသလိုလို ။ ဆယ္ေက်ာ္သက္ကေလးမို႔ ခံစားခ်က္ဟာ ဘာနဲ႔မွမတူ သစ္လြင္ေနခဲ့သည္ ။ အကို႔လို လူမ်ိဳးဟာ သူ႔အပိုင္ျဖစ္လာေတာ့မည္ဟု ေတြးမိ၍ မ်က္ႏွာဟာ မႈိရသလို ၿပဳံးၿဖီးလာျပန္သည္။

မျဖစ္ေသးပါဘူး ေရအရင္ခ်ိဳးမွ ။ အကို႔အေၾကာင္းေတြသာ ဆက္တိုက္ေတြးေနမိရင္ သူဒီေန႔ေရေတာင္ခ်ိဳးရမည္မထင္ ။ ေရခ်ိဳးခန္းထဲလဲ မွန္ကိုၾကည့္ကာ ၿပဳံးေနမိျပန္သည္ ။ ဆပ္ျပာတိုက္လဲၿပဳံး ။ ေရစက္ကေလးေတြ ၾကည့္ရင္းလည္းၿပဳံး ။ ဘာလုပ္လုပ္ၿပဳံး ။ Park jimin ဟာစိတ္လြတ္ေနၿပီထင္ပါရဲ႕။
ေရခ်ိဳးတာ အေတာ္အတန္ၾကာၿပီးတဲ့ေနာက္မွာေတာ့ အဝတ္စားလဲျခင္းအစီအဥ္ကို ျမန္ျမန္ေဆာင္႐ြက္ေတာ့သည္ ။ ဒီလိုနဲ႔ အကို႔ေၾကာင့္ အေအးပတ္ၿပီး ဖ်ားကုန္ေတာ့မွာပဲ ။

“ တိန္"

ဖုန္းမွ က်လာေသာ noti အသံေၾကာင့္ စားပြဲေပၚက ဖုန္းကို ေကာက္ကိုင္ကာဖြင့္ၾကည့္လိုက္သည္ ။ စာေလးတစ္ေစာင္ ။ စာသည္ @JK ‌ဆိုေသာ ig acc တစ္ခုမွ သူ႔အားေပးပို႔ျခင္း ။ သူ႔ရင္ခုန္သံေတြ ျမန္လာသည္ ။ ဒါအကိုကလြဲၿပီး ဘယ္သူျဖစ္ႏိုင္ပါ့မလဲ ။

“ ကိုယ့္ကို ခ်စ္တယ္မလား။ "

ဆိုေသာ မတ္ေဆ့ေလးသည္ လူကိုသတ္ေနသလို ။ အဲ့အကိုကေလ လူတင္မဟုတ္ဘူး မတ္ေဆ့တစ္ေၾကာင္းေလးအစ မိုက္ေနတာ ။ အေျဖေပးေတာ့လို႔မဟုတ္ဘဲ ကိုယ့္ကိုခ်စ္တယ္မလားတဲ့၊ ကြၽန႔္ေတာ့္စိတ္ကို ဖတ္ႏိုင္စြမ္းေတြမ်ား ရွိေနသလား အကိုရယ္ ။

“ ဗ်ာ "

သူထိုသို႔ျပန္ပို႔လိုက္ေတာ့ အကိုသည္ စိတ္မရွည္စြာပင္ video call ေခၚခ်ခဲ့သည္ ။

“ အမေလး ဘုရား...."

သူအသံေလး ထြက္႐ုံမွ်႐ြတ္ဆိုမိလိုက္သည္ ။ အကိုကေတာ့ေလ လူကိုေသေစခ်င္ေနၿပီလား ။ အေျဖေတာင္းတာကို video call ေခၚၿပီး ေတာင္းရသလား ။ ကိုင္ရမလား မကိုင္ရဘူးလား စဥ္းစားေနခ်ိန္ ongoing call ေလးဟာ က်သြားခဲ့ၿပီ ။ သူလက္မေလးကိုက္ကာ စိတ္လႈပ္ရွားေနခ်ိန္~

“ မကိုင္ဘူးလား ေကာင္ေလး ။ ကိုယ္အိမ္ထိလာၿပီး ဖက္နမ္းပစ္ရမလား ။ "

ထပ္မံေရာက္လာေသာ စာတစ္ေစာင္သည္ သူ႔စိတ္လႈပ္ရွားမႈအား ပိုမိုျမင့္မားေစလာသည္ ။ ဘုရား‌ေရ ဒီအကိုဟာ ဘယ္လိုေတာင္လဲ ။  ေနာက္တစ္ႀကိမ္ ထပ္ေခၚလာျပန္ေသာ ongoing call ေလးကို သူကိုင္လိုက္ေတာ့သည္ ။ အကို႔ကို ေၾကာက္တယ္ေလ ။ screen ေပၚ ေပၚလာေသာ အကို႔မ်က္ႏွာသည္ ေရခ်ိဳးၿပီးစမို႔ထင္သည္ ၾကည္ရွင္းသန႔္ေနသည္ ။ ေရစက္လက္ ဆံပင္ေတြသည္ park jimin ကိုျပဳစားေနသလို ။

“ ေကာင္ေလး ။ အေျဖေပးေတာ့ေလ ခ်စ္တယ္လို႔။ "

အကိုဟာေလဇြတ္တ႐ြတ္ ။

“ ဟုတ္။ "

“ ဘာကိုဟုတ္တာလဲ ေကာင္ေလး။ အခ်ိန္ေတြ မဆြဲပါနဲ႔ေတာ့ကြာ၊ ကိုယ္မေစာင့္ႏိုင္ေတာ့ဘူး။ ေပးလိုက္ပါေတာ့ ခ်စ္တယ္ဆိုၿပီး။ "

“ အကိုကလဲ.... "

jiminသည္ အတင္းခ်စ္ပါတယ္လို႔ ေျပာခိုင္းေနတဲ့ အကိုေၾကာင့္ အရွက္ပိုလာရသည္ ။

“ ခ်စ္လားလို႔။ "

“ အင္းလို႔။ "

အကို႔ကိုမၾကည့္ဘဲ ေဘးကိုမ်က္ႏွာလွည့္ကာ  လိုခ်င္ေနေသာ အေျဖအားေပးလိုက္သည္ ။

“ ဟာ တကယ္လား jimin ။ "

ဖုန္း screen ကို ပိုတိုးကပ္လာေသာ အကိုဟာ screenကေနေပါက္ထြက္ၿပီး သူ႔ကိုလာနမ္းေတာ့မလိုပင္ ။ သူေယာင္၍ ဖုန္းနဲ႔ အနည္းငယ္ကြာသြားေအာင္ မ်က္ႏွာကို ေနာက္ဆုတ္မိသား။

“ ဟုတ္ ။ "

“ ခ်စ္တယ္လို႔ၾကားခ်င္ေသးတာ။ ေျပာပါအုံး ခ်စ္တယ္လို႔ ။ "

“ ေနာက္...ေန႔မွ...ေျပာလို႔..."

“ ႏိုးေနာ္ ။ မရဘူး ဘာေနာက္ေန႔မွမရဘူး ။ အခုပဲေျပာ ။ "

“ အကိုကလဲ..."

“ ေျပာလို႔။ "

“ ခ်စ္...ခ်စ္တယ္ကြာ ။ "

ေျပာၿပီးသည္ႏွင့္ jimin သည္ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္အုပ္လိုက္သည္။

“ တကယ္ေနာ္ ေကာင္ေလး ။ "

ဆိုကာ အကို႔ရယ္သံႀကီးကိုၾကားလိုက္ရပါသည္ ။

“ ဘာလို႔မ်က္ႏွာကို လက္နဲ႔ အုပ္ထားရတာလဲ ကေလးေလး။ "

ကေလးေလးဆိုေသာ အသုံးအႏႈန္းတြင္ လူသည္ ရွိန္းတိန္းတိန္းျဖစ္လာရသည္ ။ အေျဖေပးၿပီး ေနာက္ေန႔ဖ်ားသြားတယ္ဆိုတဲ့ သတင္းကို ၾကားခ်င္ေနတာလား အကို ။

“ တကယ္ ခ်စ္တာလား ။ "

“ ဟုတ္။ "

“ တကယ္ခ်စ္တယ္ဆို ေအာက္ကိုခန ဆင္းခဲ့ပါအုံးကြာ ကိုယ္တအားေအးေနၿပီ ။"

“ ဟင္"

နားမလည္စြာ အကို႔ကိုၾကည့္လိုက္ေတာ့ အကိုသည္ ၿပဳံးျပေနခဲ့သည္ ။

“ ဆင္ခဲ့အုံးလို႔ ကိုယ္ jimin ရဲ႕အိမ္ေရွ႕မွာ ။ "

ေျပာကာ သူ႔အိမ္ဘက္ကို camera လွည့္ျပေတာ့ ဟုတ္ပါ့ ဖုန္း screen မွာေပၚလာတာ သူ႔အိမ္မွ သူ႔အိမ္ႀကီးပါ့ ။ ဒီအိမ္ႀကီးသည္ ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံးတြင္ ဒီလိုအိမ္ပုံစံ ဒီတစ္အိမ္သာရွိသည္ ။ ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ေတာ့ အကိုသည္ ဆိုင္ကယ္ကို မွီထားကာ သူ႔ကို လက္လွမ္းျပေနသည္ ။ ပါးစပ္ကလည္း တစ္ခုခုေျပာေနေသးသည္ ။           “ ျမန္ျမန္လာ" တဲ့ ။

သူဖုန္းcall ေလးကိုခ်ကာ ေအာက္သို႔အလ်င္အျမန္ ေျပးဆင္းသြားသည္ ။ ညအခ်ိန္သည္ ခုနစ္နာရီ ေက်ာ္႐ုံေလးမို႔ သိပ္မေမွာင္ေသး ။ ၿခံတံခါးေရွ႕ေရာက္ေတာ့ အကိုသည္ သူ႔ကိုၿပဳံးၿပဳံးေလးၾကည့္ေနသည္ ။ ငါေနာ္ ဒီလိုၾကည့္ေနေတာ့ ၿခံအျပင္ေရာက္ေအာင္ ဘယ္လိုလာရပါ့မလဲ ။

“ လာေလ jimin ။ "

အကိုက လက္ကေလး လွမ္းကာေခၚေနတာမို႔ မရွိေသာ သတၱိေတြကို ထုတ္သုံးၿပီး သြားလိုက္သည္ ။ အကိုနဲ႔ အနည္းငယ္အကြာတြင္ ရပ္လိုက္သည္ ။ အကိုသည္ ေျခတစ္လွမ္းတိုးလာကာ သူ႔လက္အားဆြဲကာ ဖက္ပစ္လိုက္သည္ ။

“ အင့္။ "

သူသည္ အကို႔ရင္ခြင္ႀကီးထဲ ေၾကာင္ေၾကာင္ေလးရယ္။

“ ဒီလိုေလးဖက္ထားခ်င္ေနခဲ့တာ ၾကာၿပီ ။"

“............ "

“ ကိုယ္ jimin ကိုစေတြ႕ကတည္းက သေဘာက်ေနခဲ့တာ။ "

jimin မ်က္လုံးေလးေတြ ဝိုင္းခနဲ ။ မျဖစ္ႏိုင္တာ အကိုနဲ႔သူစေတြ႕ခဲ့တာက တစ္ေယာက္နဲ႔ တစ္ေယာက္ၾကည့္မရခ်င္းေတြနဲ႔စတင္ခဲ့တာကို ။

“ ကိုယ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္မရခဲ့ေပမယ့္ အဲ့ၾကည့္လို႔မရတာ‌ေတြကေန အခ်စ္သို႔ေျပာင္းသြားခဲ့တယ္ထင္တယ္ ။ "

ဟင္။ အကိုက သူ႔စိတ္ကိုဖတ္ႏိုင္ေနသလိုပဲ ။ ရင္ေတြခုန္လိုက္တာ အကိုရယ္ ။ အကိုသည္ သူ႔ကိုဖက္ထားရာကေန သူ႔ကိုယ္လုံးေလးအား ကိုင္ကာ ခြာလိုက္ျပန္သည္ ။

“ ကိုယ္ေလ jimin ကိုအရမ္းခ်စ္တာပဲ။ "

သူ႔ပါးေလးကို ကိုင္ကာေျပာလာေသာ အကိုသည္ သူ႔ကို ဒီေနရာမွာတင္ အသက္ထြက္သြားေစခ်င္ေနတာမ်ားလား ။

“ နမ္းလို႔ရမလား jimin..."

“ ဟင္ ။ "

အကိုသည္ ခြင့္ေတာင္းေနတာလား ။ မဟုတ္ခဲ့ပါ ။ သူနမ္းမယ္ဆိုတာ အသိေပးခဲ့႐ုံပါပဲ ။ ကိုယ္ကနမ္းပါလို႔ အေျဖေတာင္မေပးရေသးဘူး အကိုကေတာ့ နမ္းေနခဲ့ၿပီ ။ အကို႔ႏႈတ္ခမ္းပါးေလးသည္ သူ႔ႏႈတ္ခမ္းေပၚသို႔ ႏူးႏူးညံ့ညံ့ေလး ထိေတြ႕ေနခဲ့သည္ ။ တစ္ခ်က္တစ္ခ်က္ လႈပ္ရွားလိုက္တိုင္း သူ႔မွာ ကမာၻေတြလည္ ။ အကိုသည္ သူ႔ႏႈတ္ခမ္းအား ဖိကိုက္လိုက္သည္ ။ အနည္းငယ္ နာက်င္သြား၍ မက်ယ္ေသာ ေအာ္သံသည္ ထြက္သြားခဲ့သည္ ။

“ အ့..."

ထို႔ေနာက္ ဝင္ေရာက္လာပါေသာ ခပ္ေႏြးေႏြးလွ်ာသည္ သူ႔ခံတြင္းသို႔ အလုအယက္ လႈပ္ရွားေနသည္ ။ သူ႔မ်က္လုံးအိမ္က်ဥ္းက်ဥ္းကိုေတာင္ အနည္းငယ္ျပဴးသြားေစသည္ ။ ဒါဘယ္လို အထိအေတြ႕မ်ိဳးပါလိမ့္ ။ ဆိုးတာဆိုးခဲ့တာ ထိုကဲ့သို႔ေသာ အထိအေတြ႕ကိုေတာ့ သူတစ္ခါမွ ေယာင္လို႔ေတာင္ မစဥ္းစားဖူးဘူး ။အကိုနဲ႔ၾကမွ သူ႔မွာ အတုန္းတုန္းအ႐ုန္း႐ုန္း ။
အနည္းငယ္ၾကာသည္အထိကို အကိုသည္ သူ႔ႏႈတ္ခမ္းအား လြတ္မေပးပါ ။ သူ႔မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ကိုင္ယူကာ         အကိုသည္ နမ္းလို႔ေကာင္းတုန္း ။ သူ႔မွာလဲ ေမာလို႔ေကာင္းတုန္း။ အိမ္ေရွ႕မွာမို႔ တစ္ေယာက္ေယာက္ျမင္သြားရင္ မေကာင္းဘူးဆိုေသာ အသိျဖင့္ အကို႔ရင္ဘက္ကို ခပ္နာနာ႐ိုက္မွ လြတ္ေပးခဲ့ေတာ့သည္ ။ အကိုသည္ ေတာ္ေတာ္ဆိုးတာပဲ ။
လြတ္ေပးသြားမွပဲ သူသည္ အလကားရေသာ ေလကို အလုအယက္ရႉရေတာ့သည္ ။ အသက္ရႉေတြရပ္လို႔ ေသေတာ့မွာပဲဟု ေဒါသစိတ္ေသးေသးေလးျဖင့္ အကို႔အား မ်က္ေစာင္းနဲ႔လွမ္းၾကည့္ေတာ့ အကိုကရယ္သည္ ။

“ အာ....အူယားလိုက္တာ၊ ေနာက္တစ္ႀကိမ္ျပန္နမ္းခ်င္လာျပန္ၿပီ။''

မရဘူးဆိုေသာ အထာနဲ႔  လက္ငါးေခ်ာင္းပုံစံျဖင့္ ရပ္ဆိုေသာ လကၡဏာ ကိုျပရသည္။ ဘယ့္ႏွယ္ ဒီမွာအေမာေတာင္ ေကာင္းေကာင္းေျပေသးတာမဟုတ္ဘူး ။

“ ကိုယ္မင္းကိုခ်စ္လိုက္တာ... jimin ရာ..."

ဒီလူႀကီး ဒီတစ္ေန႔လုံး သူ႔ကိုခ်စ္တယ္ႀကီးေျပာေနတာ ။ ဒါ့အျပင္မေျပာတတ္ေတာ့ဘူးထင္သည္ ။ ရည္းစားေရာ ထားဖူးရဲ႕လားပါ့။ မ်က္ေစာင္းေလးနဲ႔ျပန္ၾကည့္လိုက္ေတာ့~

“ လူကိုမ်က္ေစာင္းနဲ႔ပဲၾကည့္ေနေတာ့မွာလား..."

ဆိုကာ ဖက္ထားခဲ့ျပန္သည္။ သူလည္း တျပန္ျပန္ဖက္ထားလိုက္သည္ ။ထို႔ေနာက္ အကို႔ ကိုယ္သင္းနံ႔ေလးကို တဝႀကီးရႉရႈိက္လိုက္သည္ ။ အႀကိဳက္ႏွစ္သက္ဆုံးေသာ ေရေမႊးပဲ ။

“ Ring-Ring-Ring "

အကို႔အိတ္ထဲက ဖုန္းသည္တုန္ခါလာေတာ့ အကိုသည္ သူ႔ကိုဖက္ထားရက္ပင္ ဖုန္းကိုင္လိုက္သည္ ။ သူလည္းအကို႔ရင္ဘက္ေပၚ ေခါင္းေလးမွီၿပီး နားေထာင္ေနလိုက္သည္ ။

“ ေျပာ Tae hyung "

“ Jun.g..Jung. ...kook..."

Tae hyung အသံေတြသည္ တုန္ယင္ေနခဲ့သည္ ။ တစ္ခ်က္ တစ္ခ်က္ ရႈိက္သံေတြေတာင္ၾကားေနရေသးသည္ ။ ဘာမ်ားျဖစ္ေနတာလဲ ။

“ ဘာျဖစ္တာလဲ Tae hyung...၊ မင္းတစ္ခုခုျဖစ္လို႔လား..။ "

Jeon သည္စိုးရိမ္တႀကီးေမးလိုက္သည္ ။ သို႔ေပမယ့္ Tae hyung သည္ဘာမွျပန္ေျဖမလာပဲ ငိုေနခဲ့သည္  ။ Jeon သည္ စိတ္မရွည္ေတာ့စြာ~

“ Kim Tae hyung!! ၊ ဘာျဖစ္ေနတာလဲလို႔ ၊ ငိုမေနဘဲ ေျပာသာေျပာျပစမ္း၊ အန္တီနဲ႔စကားမ်ားလို႔လား။ "

“ မ...မ..ဟုတ္ဘူး..."

“ ဒါဆိုဘာလဲ! "

“ ငါ..ငါ..ဘယ္လိုေျပာ...ရမွန္း မသိဘူးကြာ ။ "

“ ငါစိတ္မရွည္လာေတာ့ဘူးေနာ္ ၊ ဘာမွမဟုတ္ဘူးဆိုလည္း ဖုန္းခ်ၿပီ၊ ဒါပဲ ။ "

“ ho-seok hyung ေလ.."

နားနားက ခြာကာ ဖုန္းခ်ခါနီး ၾကားလိုက္ရေတာ့ နာမည္ေၾကာင့္ ဖုန္းကို နားသို႔ျပန္ကပ္လိုက္သည္ ။ ho-seok hyung ဘာျဖစ္ျပန္ၿပီလဲ ။ အရင္တစ္ခါလို ထြက္ေျပးသြားျပန္ၿပီလား။

“ ho-seok hyung ဘာျဖစ္လို႔လဲ ။ "

ho-seok hyung ဆိုေသာ နာမည္ေၾကာင့္ ရင္ခြင္ထဲမွာ ၿငိမ္ေနေသာ ေကာင္ေလးသည္လည္း ေခါင္းေလးေထာင္ကာ လႈပ္လႈပ္ရွားရွားျဖစ္လာသည္ ။

“ hyung ကေဆး႐ုံမွာ....၊ မင္းလာၾကည့္ပါလား။ "

စကားဆုံးသည္ႏွင့္ ရႈိက္သံေတြထြက္ေအာင္ ငိုေနေသာ            Kim Tae hyung ေၾကာင့္ လူက စိုးရိမ္စိတ္ျမင့္တက္လာသည္ ။ ဘာလို႔မ်ား ေဆး႐ုံထိေရာက္သြားရတာလဲ ။ ဘာမ်ားျဖစ္လို႔လဲကြာ ။

“ ဘယ္ေဆး႐ုံလဲ ၊ ငါအခုလာခဲ့မယ္..."

“ *********မွာ "

“ ေအေအ ။ "

ဖုန္းခ်ကာ အိပ္ထဲျပန္ထည့္လိုက္သည္ ။ ေခါင္းေတြပူထူေနလိုက္တာ ။ ဘာမ်ားျဖစ္တာပါလဲ ။ Kim Tae hyung ကလည္း နဂိုကနဲ႔ကို မတူဘူး၊ အေတာ္ၿပိဳလွဲေနေသာအသံေတြႏွင့္။ သူတကယ္ စိတ္ပူလာပါသည္ ။

“ အကို ကြၽန္ေတာ္ေရာ လိုက္ခဲ့လို႔ရမလား၊ ho-seok hyung ဆီ ။"

Jeon ေခါင္းသာၿငိမ့္ျပလိုက္ၿပီး ေကာင္ေလးကို ဆိုင္ကယ္ဦးထုတ္ေဆာင္းေပးကာ ထိုမွထြက္ခဲ့လိုက္သည္ ။ Jeon စိတ္သည္ အရင္ကနဲ႔မတူ ထိုညဟာ ေလးလံေနခဲ့ပါသည္ ။ အေနာက္က လိုက္ပါလာေသာ ေကာင္ေလးသည္လည္း ho-seok hyung ဘာမွမျဖစ္ေစရန္ ဆုေတာင္းေနလ်က္ ။


: ဇာတ္လမ္းက မထင္ထားတဲ့ အခ်ိဳးအေကြ႕ပုံစံမ်ိဳးသြားမွာပါ ။ ဘယ္သူ႔ကိုမွလည္း ထိခိုက္နစ္နာလိုစိတ္မရွိပါ ။ ဇာတ္လမ္း သက္သက္သာ 🤍။

: ေနာက္တစ္ပိုင္းမွာ ဘာေတြျဖစ္မလဲ? ။

Continue Reading

You'll Also Like

75.9K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
160K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
246K 17.7K 88
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others
598K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...